Final 💙

Final

" တောက်! Kim Sunoo... ဒါ ဘာအချိုး ချိုးသွားတာလဲ ... ငါ လာအောင်တောင် မစောင့်နိုင်ရအောင်.. ဟက်! သူ့အကောင်ကို ပြန်တွေ့လိုက်ရလို့ ကြေကွဲနေတာလား ... ငါ့ကို ဒီလို လုပ်သွားလို့ ရမယ် ထင်နေလား Kim Sunoo "

လီဗာကို ဖိနင်း၍ ကားကို အရှိန်မြှင့်လိုက်ရင်း ညစာစားပွဲကနေ သူ့ကို မစောင့်ဘဲ ပြန်သွားတဲ့ Kim Sunoo ကို ကြိတ်မနိုင်ခဲမရ ဒေါသတွေနဲ့ Jay မှာ အံတကြိတ်ကြိတ်။

မီးဝါတွေကို ဖြတ်မောင်းကာ လမ်းကြောင်းတွေ တစ်ခုပြီးတစ်ခု ပြောင်း၍ ရှိသမျှကား ကျော်တက်ခဲ့ပြီး Kim Sunoo ကိုခေါ်၍ ရှေ့က သွားနှင့်တဲ့ အတွင်းရေးမှူး Lee ရဲ့ ကားကို မှီအောင် လိုက်နေမိသည်။

Park Sunghoon နဲ့ ဆွေးနွေးမှုအပြီး သီးသန့်ခန်းရှိရာကို ပြန်လာခဲ့တော့ အခန်းထဲမှာက ဘွားနဲ့ Mr. Park သာ ကျန်ရစ်သည်။

Kim Sunoo က အရင်ပြန်လိုပါသဖြင့် အတွင်းရေးမှူး Lee ကားနှင့် ပြန်သွားပါသတဲ့လေ။

ဘွား ပြောပြလို့ သိရလျှင် သိရချင်း Jay ချက်ချင်းပင် ဒေါသစိတ်တို့က ထောင်းခနဲ။

အမူအရာတွေပျက်နေပြီး မစားနိုင် မသောက်နိုင်ဖြစ်နေတဲ့ Kim Sunoo...

အခုချိန်အထိတောင် ဒီကောင်ကို စိတ်ထဲက မထုတ်နိုင် ဖြစ်နေရသလား...

စိတ်တွေ တည်ငြိမ်ပါစေတော့ဆိုပြီးလဲ သူ ဘာဖိအားမှ မပေးဘဲ လွှတ်ပေးထားပြီးပြီ။

သူ့ဘေးနားမှာ ရှိနေရမယ့် လူတစ်ယောက်က ဒီလို တခြားလူတစ်ယောက်ကို စိတ်ထဲမှာ သိမ်းဝှက်ထားမှာမျိုးကိုတော့ သူ လက်မခံနိုင်ပါ။

ဒီကိစ္စကို Kim Sunoo နဲ့ ဒီနေ့ည အပြတ်ရှင်းရမယ်။

ကားဘရိတ်သံ တကျွီကျွီနှင့် တရိပ်ရိပ် ပြေးနေတဲ့ ကားလေးဟာ မောင်းနှင်သူ သခင်ရဲ့ အလိုကျ လိုရာကို ရောက်ဖို့ မိုင်ကုန်ဖွင့်လျှက်။

.
.
.

Sunoo အိမ်ကို ရောက်ရောက်ချင်း ပြေးဝင်မိတာက ရေချိုးခန်းထဲကို။

ရေပန်းကို အလျှင်အမြန် ဖွင့်၍ ခေါင်းတိုးဝင်လိုက်တဲ့အချိန်မှာ တဖျောဖျောကျလာတဲ့ ရေစက်ရေမွှားတွေဟာ ကနဦး ဆံပင်တွေကို တိုးတိုက်စိမ့်ဝင်၍ မျက်နှာပေါ်မှ တဆင့် မျက်ရည်ပူတွေနဲ့အတူ ခန္ဓာကိုယ်ပေါ်သို့ စီးဆင်းသွားလေသည်။
ခ

ျမ်းအေးလှတဲ့ ဆောင်းညတွေထဲက တစ်ညမို့ အပြင်က ရာသီဥတုရဲ့ အအေးဒဏ်ဟာ အရိုးထဲထိ စိမ့်လို့ပေါ့။

ဒါပေမယ့် ဒီအအေးဓာတ်ဟာ သူ့ရင်တွင်းက အပူမီး ကိုတော့ဖြင့် ငြိမ်းအေးအောင် မစွမ်းသာခဲ့ပါ။

စိတ်တွေကို ဘယ်လိုပဲ အနည်ထိုင်ဖို့ ကြိုးစား ကြိုးစား၊ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ နေသားတကျ နေထိုင်နိုင်ဖို့ သူ့စိတ်တွေကို ပြုပြင်နေလည်းပဲ မောင့်အသံကို ကြားရရုံ မောင့်အရိပ်လေးကို မြင်လိုက်ရရုံမျှနဲ့ သူ့မှာ မတည်မငြိမ်တွေဖြစ်ကာ လှုပ်ခတ်နေဆဲ။

မောင့်ရဲ့ လျစ်လျူရှုမှုတွေနဲ့ နေသားမကျခဲ့တော့လည်း အသိအမှတ်ပြုရုံလောက်တောင် အကြည့်လေး ဝေ့မလာခဲ့တဲ့ မောင့်ကို သူ အပြစ်လေးတော့ တင်ချင်မိသည်။

ဒါပေမယ့်လည်းလေ...Jay ရဲ့ စူးစမ်းနေတဲ့ အကြည့်တွေကလည်း တဝဲဝဲနဲ့မလား...

ဒါကြောင့် မောင်က အခုလို လျစ်လျူရှုတယ် ထင်ပါရဲ့...

ဘာပဲဖြစ်ဖြစ် မောင်မမှားပါဘူးလေ...

ဒီနေရာမှာ မောင် ဒီလိုပဲ ပြုမူသင့်ပါတယ်။

မောင်နဲ့အဆောက ဘာမှ မသက်ဆိုင်ကြတော့တဲ့ လူတွေပဲ... ဒီလိုပဲ တမင် တစိမ်းဆန်ပြကြရတော့မှာပေါ့။

မောင် လုပ်တာမှန်ပါတယ်။

အဆောကသာ... အဆောကသာ... မောင့်ကို...

အင့်~~

ခံစားချက်တွေကို လွှတ်ပေးလိုက်တဲ့အခါ ခြေထောက်တွေက မခိုင်ချင်တော့...

အေးစက်စက် ကြမ်းပြင်ပေါ် ခွေခနဲ ပြိုကျသွားပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိတော့သည်။

ထိန်းချုပ်နေရတာ တကယ်ကြီးကို ပင်ပန်းနေပါပြီလေ...

ရင်ဘတ်ကအင်္ကျီစကို ဆုတ်ချေ၍ မွန်းကြပ် ပင်ပန်းနေမှုတွေကို မျက်ရည်တွေအဖြစ်
အရည်ဖျော်ပစ်ကာ ငိုနေမိတာ အားပါးတရ။

ခွေခွေလေး လဲနေတဲ့အတိုင်း ကြမ်းပြင်စိုရွှဲရွှဲပေါ် လက်လေးတစ်ဖက် ထောက်ထားရင်း ငိုကြွေးနေတဲ့ ကောင်ငယ်လေးရဲ့ ကျောပြင်လေးဟာ တသိမ့်သိမ့်တုန်ခါလို့ပေါ့။

ဒုန်းးး ဒုန်းးး ဒုန်းးး

" Kim Sunoo!!!

ရားးး Kim Sunoo!!!

ထွက်ခဲ့စမ်း!!!

အဲ့ထဲက အခု ချက်ချင်း ထွက်လာခဲ့စမ်း!!! "

ရေချိုးခန်းတံခါးထုသံ တဒုန်းဒုန်းနဲ့ အတူ ကြားလိုက်ရတဲ့ Jay ရဲ့ ဒေါသတကြီး အော်ဟစ်လိုက်သံဟာ ဟိန်းခနဲ။

ရုတ်တရက် ငိုနေတဲ့ ကောင်ငယ်လေးရဲ့ ငိုကြွေးနေမှုတွေ ရပ်တန့်သွားကာ တံခါးရှိရာဘက်ကို လှည့်ကြည့်လိုက်မိသည်။

ဘာဖြစ်ရပြန်ပြီလဲ Jay ရယ်...

ဒီအခန်းကျဉ်းလေးထဲမှာတောင် ကျွန်တော်က လွတ်လပ်ခွင့် မရှိဘူးလား...

ဒုန်းးး!!!

" ထွက်ခဲ့လို့ ငါပြောနေတယ်နော်... ပြီးမှ ငါ့အဆိုး မဆိုနဲ့... ရားးး Kim Sunoo!!! "

ဒုန်းးး!!!

လက်နဲ့ထုရုံနဲ့ အားမရလို့ ခြေထောက်တွေနဲ့ပါ ကန်နေပုံရရဲ့...

ထုရိုက်သံတဒုန်းဒုန်းနဲ့ အော်ဟစ်နေတဲ့ Jay ကြောင့် သူ မထွက်ဘဲ နေလို့မရတော့။

မျက်နှာပေါ်က မျက်ရည်တို့နဲ့ စိုလူးနေတဲ့ ရေစက်တွေကို သပ်ချလိုက်ကာ ရှိသမျှ အားကုန်သုံးပြီး ကြမ်းပြင်ပေါ်မှ ကျုံးရုန်းထလိုက်သည်။

ရေချိုးခန်းတံခါးကို lock ဖြုတ်လိုက်တယ်ဆိုရင်ပဲ အကြမ်းပတမ်း ဆွဲဖွင့်ခံလိုက်ရကာ မြင်လိုက်ရတာက ဒေါသကြောင့် ခက်ထန်နေတဲ့ Jay ရဲ့ မျက်နှာကြီးကို။

" မင်း ဒါ ဘာလုပ်သွားတာလဲ Kim Sunoo!!... ငါ့ ခွင့်ပြုချက်မရှိဘဲ ပြန်သွားရလောက်အောင် မင်း သတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့ ဟုတ်လား "

" ကိုယ့်အိမ်ကို ပြန်တာလေ Jay.. ပြီးတော့ အတွင်းရေးမှူး Lee လဲ ပါတယ်... ကျွန်တော် တခြားနေရာတွေ သွားနေတာလဲ မဟုတ်ဘဲ... ဘာလို့ ပြဿနာ ရှာနေရတာလဲ "

" ဘာ!! ငါက ပြဿနာရှာတယ် ဟုတ်လား... အေး မင်းက ပြဿနာရှာတယ်ထင်ရင်လဲ ရှာတယ်ပေါ့ကွာ.... ဒါပေမယ့် မင်း စဉ်းစားကြည့်စမ်း အဲ့ဒီ့ ပြဿနာတွေတိုင်းရဲ့ အရင်းမြစ်က ဘယ်က လာသလဲ ဆိုတာ... "

" ကျွန်တော် ဘယ်နေရာက မှားနေပြန်တာလဲ Jay ရယ်... ပြဿနာဖြစ်အောင် ကျွန်တော် ဘာ အမှားတွေ လုပ်မိလိုက်ပြန်တာလဲ ''

အပြင်က ပြန်လာတဲ့ အဝတ်အစားတွေအတိုင်း ရေချိုးခန်းထဲ ပြေးဝင်ငိုနေပုံရတဲ့ ဘေဘီဟာ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေကာ ခေါင်းမှ ရေတွေဟာလဲ ကြမ်းပြင်ပေါ် တစက်စက်။

" မင်း ဒီလို ဖြစ်နေတာကိုက မှားနေတာ Kim Sunoo... တပါးသူအတွက် မျက်ရည်တွေကို ငါ့ရှေ့မှာ ကျပြနေတာကိုက မင်းရဲ့ အမှားရဲ့... ဒါ ဘာတွေလဲ... မင်း ပြောလေ... ဒီအဝတ်တွေ မလဲနိုင်ရလောက်အောင် အရမ်းကြေကွဲပြီး ဒီထဲ ဝင်ငိုနေတာကိုက မင်း အမှားတွေ လုပ်နေတာ... dinner မှာ ကတည်းက မူမမှန်နေတဲ့ မင်းရဲ့ ပုံစံကိုက အမှားပဲ... အေး! အမှားပေါ် အမှားဆင့်နေတဲ့ မင်းက ငါ့ခွင့်ပြုချက်မရဘဲ တပါးသူအတွက် မငိုရဘူး Kim Sunoo "

သူ့ ခန္ဓာကိုယ်ပေါ်က အဝတ်စိုတွေကို ဆွဲချွတ်ရင်း ဒေါသတကြီးနဲ့ ကြမ်းရမ်းနေတဲ့ Jay ကို ကြည့်ပြီး Sunoo နားမလည်နိုင်တော့။

ငိုတာတောင် အပြစ်တဲ့လား...

သူ့အင်္ကျီတွေကို ဆွဲချွတ်နေတဲ့ Jay ရဲ့ လက်တွေကို Sunoo ဖြုတ်ချလိုက်ပြီး

" ဘာလို့လဲ Jay.. ကျွန်တော် ငိုလို့မရဘူးလား...ကျွန်တော့်မျက်ရည်တွေနဲ့ ကျွန်တော် ငိုတာတောင်လေ... Jay မမြင်တဲ့ နေရာမှာ ငိုနေတာတောင် လား... ဘာလို့ မရ ရတာလဲ... ကျွန်တော် Jay ထားတဲ့အတိုင်း နေ နေတယ်လေ ... Jay မမြင်နိုင်တဲ့ နေရာမှာ တိတ်တဆိတ် ငိုနေမိတာကိုတောင် အပြစ်တင်ချင်နေသေးတာလား... ခံစားချက်တွေ အထိအောင်တော့ မထိန်းချုပ်ပါနဲ့လား Jay ရယ်... ကျွန်တော် ကျွန်တော်က ခံစားချက် မရှိတဲ့ အရုပ်တစ်ရုပ် မဟုတ်ဘူးလေ... ကျွန်တော့်ကို အရုပ်တစ်ရုပ်လို ဆက်ဆံနေတာတွေ တော်လိုက်ပါတော့... "

" မငိုရဘူး!!... ငါ့ရှေ့မှာလဲ မငိုရသလို ငါ့မမြင်ကွယ်ရာမှာလဲ အဲ့ စောက် မျက်ရည်တွေ မကျရဘူး Kim Sunoo.. မင်း မျက်ရည်တွေက ဟိုအကောင့်ကြောင့် ကျတဲ့ မျက်ရည်တွေ ဖြစ်နေလို့ကို ကျဖို့ ငါ ခွင့်မပြုတာ ရှင်းလား!!.. အစတည်းက မင်းက ငါ့အရုပ်ပဲ... အဲ့တော့ အလကား အရေးမပါတဲ့ ခံစားချက်တွေကို ရင်ဘတ်ထဲထည့်ပြီး ဇာတ်နာပြမနေစမ်းနဲ့ ... အဲ့ဒီ့ ခံစားချက်တွေကို လွှင့်ပစ်ပြီး မင်း စိတ် မင်းအာရုံတွေ အကုန်လုံး ငါ့ဆီကိုပဲ ပို့ဖို့ စဥ်းစားထား.. ဒါ နောက်ဆုံး သတိပေးခြင်းပဲ "

" အရမ်း ပင်ပန်းနေပြီ Jay ရာ... ကျွန်တော့်ကို အသေသာ သတ်လိုက်ပါတော့ လား.. ကျွန်တော် အရမ်း ပင်ပန်းနေပြီ လို့!! "

Sunoo စိတ်ရှိသလောက် အော်ဟစ်ပစ်လိုက်တဲ့အခါ Jay ဟာ မျက်ထောင့်နီကြီးနဲ့ ကြည့်လာပြီး လက်ညှိုးထိုးကာ အံကြိတ်၍ သွားကြားထဲက အသံနဲ့ ပြန်လည်အော်ဟစ်လေသည်။

အခန်းလေးထဲမှာတော့ နှစ်ယောက်သားရဲ့ အော်သံတွေဟာ အပြိုင်အဆိုင်...

" Kim Sunoo!! မင်း ပါးစပ်ကို အခုပိတ်ထားစမ်း!! စောက် အဓိပ္ပါယ်မရှိတာတွေ ပြောပြန်ပြီလား.. ဟမ်! .. ကြွက်စုတ်လို ရုပ်နဲ့ လုပ်မနေစမ်းနဲ့ အဝတ်တွေ လဲစမ်း... ကြာရင် အအေးပတ်ပြီး တကယ် သေသွားလိမ့်မယ် "

Jay အဝတ်ဘီရိုကို အကြမ်းပတမ်း ဆွဲလှပ်၍ အထဲက အဝတ်တွေကို ဆွဲချပြီး ရေစိုဝတ်တွေနဲ့ ဒီတိုင်းရှိနေတဲ့ Sunoo ဆီကို ပစ်ပေါက်နေမိသည်။

မကြားချင်ဘူး...

သူ့ဘေးမှာ နေရလို့ စိတ်ပင်ပန်းတယ်ဆိုတဲ့ စကားတွေကို တကယ် မကြားချင်ဘူး။

အားလုံး ဖြည့်ဆည်းပေးနေရင် ပျော်နေရမှာ မဟုတ်ဘူးလား...

ငါ့ဘေးမှာ နေရတာ ပျော်နေတယ်လို့ပဲ ပြောလိုက်စမ်းပါ ဘေဘီရာ...

သူ ပစ်ပေါက်နေသမျှကို မရှောင်ဘဲ ပေရပ်နေပြီး မျက်ရည်တွေ တတောက်တောက် ကျနေတဲ့ Kim Sunoo...

ဘယ်လောက်ထိ ငိုထားလဲမသိ မျက်ဝန်းအိမ်တွေကလဲ နီရဲနေကာ မျက်ခွံလေးတွေ မို့အစ်နေသည်။

ဒီလို မတုန်မလှုပ် အမူအရာတွေကို မြင်ရလေ Jay စိတ်တွေ ပိုပြီး ကြမ်းတမ်းလာလေ။

လူကို မထိရက်လေသမျှ ရှိသမျှ အဝတ်တွေ ဆွဲထုတ်ပစ်ပြီး ပေါက်ကွဲ နေမိတဲ့ Jay။

ပြဿနာရှာတယ်တဲ့လား...

အကြိမ်ကြိမ် ရင်ကို စုံကန်ခံရဖူးတာကြောင့် သံသယထားမိတာ က ပြဿနာရှာတယ် ဖြစ်ရရောလား ဘေဘီရယ်...

ဒီနေ့ ဒီကိစ္စမှာ ကိုယ်မလွန်ပါဘူး...

Park Sunghoon ကို စိတ်ထဲက မထုတ်နိုင်တဲ့ မင်းကသာ လွန်နေတာ မဟုတ်ဘူးလား...

ဘီရိုတစ်ခုလုံးလဲ ရစရာမရှိအောင် ရှုပ်ပွသွားကာ အဝတ်တွေဟာ ဟိုတစ်စ ဒီတစ်စ။

စိတ်မကျေနပ်သေးတာကြောင့် အံဆွဲတွေကိုပါ ဆွဲထုတ် ပစ်ပေါက်လိုက်မိတဲ့အခါ...

အံဆွဲထဲကနေ လိမ့်ထွက်လာတဲ့ ဆေးဗူးလေးတွေဟာ ကြမ်းပြင်ပေါ် အရှိန်နဲ့ ပစ်ကျ၍ အထဲမှ ဆေးလုံးလေးတွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့ သွားခဲ့တော့သည်။

ဟင်!

ဒီဆေးဗူးတွေ ... ဒီဆေးလုံးတွေ...

အဖြူနဲ့ ပန်းရောင် နှစ်ရောင် ရောယှက်ပြီး ပြန့်ကျဲနေတဲ့ ဆေးလုံးများ...

ပြီးနောက် ဆေးလုံးတွေ ဘေးမှာ တွေ့လိုက်ရတဲ့ Stick လေးတစ်ခု။

လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး Jay ထိုဆေးလုံးလေးတွေကို ကြောင် ကြည့်နေမိတဲ့ အချိန်မှာပဲ ရေချိုးခန်းအဝမှာ မလှုပ်မယှက် ရပ်နေတဲ့ ဘေဘီက ပြေးလာပြီး Stick လေးကို ကောက်ယူလိုက်လေသည်။

" ဒီဆေး.. ဒီဆေးတွေက.. ဘေဘီ "

ဆေးတွေကို တလှည့် Sunoo ကိုတလှည့် ကြည့်ပြီး Jay စကားတို့ ရှေ့ဆက်မလာခဲ့။

မဟုတ်မှ ဒီဆေးတွေက...

မြင်လိုက်ရတဲ့ ဆေးဗူးပေါ်က နာမည်ဟာလဲ မလွဲမှားသလို ဆေးအရောင်ကလဲ မလွဲမှား။

တစ်ခုပဲ ဘာလို့ ဘေဘီ့ဆီမှာ နှစ်မျိုးလုံး ရှိနေရတာလဲ။

ပြီးတော့ ဘေဘီ ပြေးကောက်လိုက်တဲ့ Stick လေးကရော ဘာလဲ။

ဆေးတွေဟာ မူရင်းဆေးနဲ့ သူပေးထားတဲ့ ဆေး နှစ်မျိုးလုံး ဖြစ်နေလေတော့ ဒီ Stick ကရော ဆေးကိစ္စနဲ့ ဆိုင်နေလေမလား။

အတွေးနဲ့အတူ Jay ဘေဘီ့လက်ထဲမှာ တင်းတင်းဆုပ်ထားတဲ့ Stick လေးကို ဆွဲယူဖို့ ကြိုးစားလိုက်သည်။

" ဒါ ဘာလဲ Kim Sunoo... ပေးစမ်း "

" ဟင့်အင်... ဟင့်အင် မဟုတ်ဘူး.. ဘာမှ မဟုတ်ဘူး... ဘာမှမဟုတ်ဘူးမို့ Jay အာရုံမစိုက်ပါနဲ့ "

လက်လေးကို နောက်ပစ်သွားကာ ခန္ဓာကိုယ်နဲ့ ကွယ်ပစ်လိုက်ရင်း ပေးဖို့ကို ခေါင်းရမ်းပြီး ငြင်းနေလေတော့ Jay ရဲ့ သိချင်စိတ်က ပိုပြင်းပြသွားကာ

" ပေးစမ်းလို့ ပြောနေတယ်နော် Kim Sunoo!! "

" ပေးလို့မဖြစ်ဘူး... Jay မကြည့်ချင်ပါနဲ့... ကျေးဇူးပြုပြီး... ဒီတိုင်းထားလိုက်ပါ Jay ရယ်နော် "

Jay နောက်ပစ်ထားတဲ့ Sunoo ရဲ့ လက်ကို လှမ်းဆွဲတဲ့အခါ ခန္ဓာကိုယ်ကိုပါ နောက်ဆုတ်သွားပြီး အသည်းအသန် ရှောင်နေတဲ့ ဘေဘီ့ကြောင့် ညှာမနေနိုင်တော့ဘဲ ရေစိုခန္တာကိုယ်လေးကို လက်မောင်းနှစ်ဖက်မှ ဆွဲ၍ ရင်ခွင်ထဲထည့်ကာ လက်တစ်ဖက်ကချုပ်လိုက်ပြီး ကျန်လက်တစ်ဖက်က နောက်ပစ်ထားတဲ့ လက်လေးထဲက Stick ကို ဆွဲလုလိုက်သည်။

" မဖြစ်ဘူး... မဖြစ်ဘူး.. ပြလို့ မဖြစ်လို့ပါ.. Jay.. please "

ဒါကိုပဲ အသာတကြည် မပေးတဲ့ ဘေဘီက သူ့အားလေးနဲ့ မရမက ဆုတ်ထားကာ သူ့ Stick လေးကို ကာကွယ်နေသေးသည်။

နောက်ဆုံး အားမတန်လေတော့ Stick လေးဟာ Jay လက်ထဲသို့ ပါသွားခဲ့ရှာလေသည်။

" Jay!! မဖြစ်ဘူး လို့!! .. မကြည့်ပါနဲ့ Jay... "

Sunoo တားနေလဲ မထူးတော့...

Jay ဟာ စားပွဲပေါ်မှာ တင်ထားတဲ့ Sunoo ရဲ့ MacBook လေးရှိရာဆီ သွားပြီး Stick လေးကို ထိုးဆိုက်လိုက်လေတော့သည်။

ဘယ်လိုမှ တားလို့မရတော့ပြီမို့ Sunoo ကုတင်ပေါ်ကိုသာ အားအင်ကုန်ခမ်းစွာ ပစ်ထိုင်ချလိုက်ပြီး ရင်ဘတ်လေးကို ဖိပြီးသာ အသံတိတ် ငိုကြွေးနေလိုက်တော့သည်။

မသိစေချင်ခဲ့ပါဘူး...

စိတ်သန့်သန့်နဲ့ သူ့အရှေ့မှာ ရပ်တည်နေတာကိုပဲ မြင်လိုတာလေ။

သူ့ရဲ့ ပေါ့ဆမှုပါပဲ။

ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကြောင့် စိတ်နဲ့လူနဲ့ မကပ်လေတော့ ဒါတွေကို ဖျက်ဆီး ဖျောက်ဖျက်ပစ်ဖို့ကို မေ့နေမိတာ။

Dr ဆီက ဒါတွေ ယူလာတဲ့ နေ့ကတည်းက ပြဿနာပေါင်းစုံနဲ့ အိမ်ကို ပြန်ရောက်လာတော့ ဘီရိုအံဆွဲထဲ ထိုးထည့်ထားလိုက်ပြီး နောက်မှ ဖျက်ဆီးပစ်မယ်ဆို လုပ်ထားခဲ့တာ...

ဒီကိစ္စကို သူ တကယ်ကို မေ့သွားခဲ့တာပါ...

ယခုတော့ သူ့ရဲ့ ပေါ့ဆမှုတွေကြောင့် မသိစေချင်ခဲ့သူ ကိုယ်တိုင်က တွေ့ဖို့ မြင်ဖို့ အကြောင်းဖန်လာခဲ့လေပြီ။

File နှစ်ခုလုံးကို ဖွင့်ကြည့်အပြီး အံ့ဩ မယုံနိုင်သလိုပုံနဲ့ မှင်သက်မိနေတဲ့ Jay က ဘာတစ်ခုမှ စကားဟ မလာခဲ့သေး။

ပိတ်နေပြီ ဖြစ်တဲ့ Screen ကြီးကိုသာ တွေတွေကြီး ထိုင်ကြည့်နေပြီး လှုပ်မလာခဲ့တော့။

ကုတင်စွန်းလေးမှာ ထိုင်နေတဲ့ Sunoo ဟာလဲ မလှုပ်မယှက်ပေါ့။

ရေစိုဝတ်တွေတောင် အနည်းငယ် ခြောက်စ ပြုနေပေပြ်ီ။

သူကတော့ ချမ်းရမှန်းလဲမသိ။ အေးရမှန်းလဲ မသိ။ ရင်တွင်းအပူတွေက အင်အားကြီးကြီး အနိုင်ယူထားလေသည်။

တွေတွေကြီး ထိုင်နေတဲ့ Jay တစ်ယောက် အချိန်တစ်ခု ကြာတဲ့အချိန်မှာ တရွေ့ရွေ့ ထလာခဲ့ပြီး သူ့ရှေ့မှာ ခြေစုံရပ်သည်။

ပြီးနောက် စောစောကနဲ့ မတူတော့စွာ တိုးဖျော့တုန်ယင်နေတဲ့ အသံလှိုင်းတစ်ခုနဲ့ လှုပ်လှုပ်ခတ်ခတ် ခေါ်လာခဲ့သည်။

" ဘေ ဘေဘီ ~~ "

" ကျွန်တော် Jay ကို ဒါတွေ မသိစေချင်ခဲ့ဘူး... ကျွန်တော် တားနေတာကို နားထောင်မှပေါ့ Jay ရယ်... "

Sunoo ထိုင်ရာမှ ထကာ Jay လက်ဖျားလေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ယူကျုံးမရစွာနဲ့
အနူးညံ့ဆုံး လေသံဖြင့် ပြောလိုက်မိသည်။

" ဒါတွေ ဘယ်ချိန်... ဘယ်ချိန်ကတည်းက.. "

" ဟုတ်တယ်... ကျွန်တော် အဲ့ဒီ ဆေးတွေအကြောင်း သိနေတာကြာပြီ Jay... ဒါပေမယ့် ဒါဟာ Jay လုပ်တာပါလို့ ကျွန်တော် အခုချိန်ထိ မထင်ရက်သေးဘူး... ဒါဟာ ကျွန်တော့်ရဲ့ နိုးတစ်ဝက်အိပ်မက်ထဲက နတ်ဆိုးတစ်ပါးရဲ့ လုပ်ရပ်လို့ပဲ ကျွန်တော့်အာရုံထဲမှာ မှတ်ထားတယ်..ဒါဟာ တကယ် မဟုတ်ဘူး.. ကျွန်တော် အိပ်မက်ဆိုး မက်တုန်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုသာပါ... "

" ဘေဘီ "

" Jay ကျွန်တော့်အပေါ် ဘယ်လိုပဲ အနိုင်ယူပါစေ... ဘယ်လိုပဲ ရက်စက်နိုင်ပါစေ... ဘယ်လိုပဲ ထိခိုက်အနာတရတွေ ရအောင် လုပ်ခဲ့ပါစေ ကျွန်တော့်အတွက်တော့ Jay ဟာ မှီခိုအားကိုးစရာ အဖေတစ်ယောက်လို ၊ စိတ်လုံခြုံမှုပေးတတ်တဲ့ အစ်ကိုကြီး တစ်ယောက်လိုပါပဲ... ဟိုအရင်တုန်းကလဲ အဲ့လိုပဲ သတ်မှတ်ခဲ့တာဖြစ်သလို.. အခုလဲ အဲ့ဒီ အတိုင်းပဲ... တစ်သက်လုံးလဲ ဒီလိုပဲ မှတ်ယူနေအုံးမှာပဲ...Jay ဆိုတာ အမြဲတမ်းအတွက် ကျွန်တော် လေးစားအားကျရတဲ့ အစ်ကိုကြီးတစ်ယောက်ပါ "

တကယ်ပါ ဒီကိစ္စအတွက်နဲ့ Jay စိတ်ထဲမှာ ဝန်ထုတ်ဝန်ပိုးကြီး တစ်ခုလို ဖြစ်မနေစေချင်။

အခုချိန်ထိ စကားကောင်းကောင်းမဆိုနိုင်သေးတဲ့ Jay ကတော့ မျက်နှာတွေပျက်ကာ အားတုန့်အားနာ ဖြစ်နေဟန်တွေ အတိုင်းသား။

ဟင့်အင် ကျွန်တော် ခွင့်လွှတ်တာမို့ ကျွန်တော့်အပေါ် အားနာသလိုတွေ မကြည့်ပါနဲ့။

Sunoo , Jay ကို ခေါင်းလေးအသာရမ်းပြလိုက်ကာ အေးစက်စက် Jay လက်ဖဝါးလေးကို ဖျစ်ညှစ်လိုက်ပြီး

" ဘာမှ မဖြစ်ဘူး Jay... ကျွန်တော် ခွင့်လွှတ်တာမို့ ဒီကိစ္စအတွက်နဲ့ Jay စိတ်ထဲမှာ ဝန်ထုတ်ဝန်ပိုး မဖြစ်ပါနဲ့နော် "

" ဘေဘီရာ... "

Sunoo ဆွဲထားတဲ့ လက်ကို ရုန်းထွက်သွားကာ တဖက်လှည့်ပြီး လက်တစ်ဖက်က ခါးထောက်၍ လက်တစ်ဖက်က လက်သီးဆုတ်ထားပြီး နှုတ်ခမ်းတွေပေါ် အုပ်ကာထားတဲ့ Jay ။

သူ့နှုတ်ခမ်းရဲ့ တုန်ရီနေမှုတွေကို ဖုံးကွယ်ထားဟန်တူပါသည်။

နိမ့်လိုက်မြင့်လိုက် အတက်အကျ မြန်ဆန်နေတဲ့ Jay ရဲ့ ကျောပြင်က သူ့ရင်တွင်း ခံစားချက်တွေကို သိမ်းဝှက်လိုဟန်ဖြင့် အရှိန်ယူနေခြင်းသာ ဖြစ်ပါမည်။

" ဒီကိစ္စအတွက် ခွင့်လွှတ်ပါလို့ ကိုယ် မပြောဘူး ဘေဘီ... အနားမှာ ရှိနေစေချင်ရုံ ဆန္ဒ သပ်သပ်ပါ "

အပ်ကွဲ ခြောက်ကပ်စွာနဲ့ ထွက်ပေါ်လာတဲ့ Jay ရဲ့ စကားသံ တိုးဖျော့ဖျော့။

အသံတို့ မတုန်ခါစေရန် ထိန်းပြီး ပြောလိုက်ပေမယ့် အဖျားသံတို့ မတည်ငြိမ်စွာ လှုပ်ခတ်နေတာကတော့ အတိုင်းသား....

ပြောပြီးတာနဲ့ ခြေလှမ်းကြဲကြီးတွေနဲ့ ထွက်ခွာသွားတဲ့ Jay ရဲ့နောက်မှာတော့ ကုတင်ပေါ်သို့ ပြန်၍ ပြိုလဲသွားခဲ့တဲ့ ခန္ဓာငယ်လေး။

ဒီလိုကြီး မဖြစ်နေပါနဲ့ Jay ရယ်...

အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ မာနအရောင်တို့ တလက်လက် တောက်နေခဲ့တဲ့ Jay ရဲ့ မျက်ဝန်းနက်နက်တွေဟာ ဒီတစ်ကြိမ်မှာတော့ဖြင့် အရောင်တွေ မှိုင်းကာ ညှိုးလျော်နေခဲ့တာက သူနဲ့ မလိုက်ဖက်လိုက်တာ...

.
.
.

အဲ့ဒီရက်တွေနောက်ပိုင်း တိတ်ဆိတ်သွားခဲ့တဲ့ Jay ဟာ Sunoo ဆီကိုလဲ မလာတော့သလို ဖုန်းနဲ့တောင် အဆက်အသွယ်မလုပ်တော့။

Sunoo ဖုန်းဆက်လျှင်တောင် ကိုင်လာခြင်း မရှိတော့ပါ။

ဒီလိုတွေ Jay ဖုန်းမကိုင်တိုင်း ကိုယ့်ကိုကိုယ်သာ အပြစ်တွေ တင်ရင်း၊ ပေါ့ဆမိတဲ့ ကိုယ့်ကိုကိုယ်သာ စိတ်တွေဆိုးရင်း Sunoo တစ်ယောက်မှာလဲ နေမထိထိုင်မသာ။

ထို့ကြောင့် Jay ရှိရာဆီ လိုက်သွားဖို့ကိုပဲ ဆုံးဖြတ်လိုက်ကာ အတွင်းရေးမှူး Lee ထံဖုန်းဆက်၍ Jay ရှိနေမယ့်နေရာကို စုံစမ်းလိုက်သည်။

စုံစမ်းလို့ သိလိုက်ရတာက Jay ဟာ အလုပ်ကိုလဲ မလာဘဲ အိမ်မှာသာ အနေများပါသတဲ့။

ယခုလဲ အိမ်မှာပဲ ရှိနေပြီး အိမ်နောက်ဘက်က နှင်းဆီဖြူ ပန်းခင်းကြီးထဲမှာ ရှိနေပါသတဲ့လေ။

ထိုစကားကို ကြားလိုက်တော့ သူ ပင့်သက်လေး ရှိုက်လိုက်မိတယ်...

ဒီ ပန်းခင်းကြီးကလဲ သူ့အတွက် ရည်ရွယ်ပြီး စိုက်ပျိုးထားတဲ့ ဥယျာဉ်လေးပဲမလား...

သူ့ကို မဆက်သွယ်ပေမယ့် သူနဲ့ ပတ်သက်နေတဲ့ သူ့အငွေ့အသက်တွေရှိနေတဲ့ ဒီပန်းခင်းကြီးထဲ နေပြီး Jay ဘာတွေများ စဉ်းစားနေမလဲ။

အဖျားငွေ့ငွေ့ ရှိ​နေသေးတာကြောင့် အပြင်သွားဖို့အတွက် လက်ရှည်အပါးလေးတစ်ထည်ကို ကောက်စွပ်လိုက်ပြီး အပြင်ထွက်မယ် လုပ်တော့ အငွေ့တထောင်းထောင်းထနေတဲ့ ဆန်ပြုတ်ပန်းကန်လေးကို ကိုင်ပြီး အခန်းထဲ ဝင်လာတဲ့ မေမေက

" အောက်ဆင်းမလို့လား သား... မေမေက သားအိပ်နေသေးတယ် ထင်လို့ ဆန်ပြုတ်ပန်းကန်တောင် အခန်းထဲ သယ်လာခဲ့တာ "

" ဟိုဘက်အိမ် သွားမလို့ မေမေ... သား Jay ကို သွားတွေ့မလို့ "

" နေလဲ ကောင်းသေးတာ မဟုတ်ဘဲ သားရယ်... နောက်ရက်မှ သွားပါလား... အားလဲ မရှိ လူက ဖြူဖတ်ဖြူရော်နဲ့ မေမေ စိတ်မချဘူး "

" အခုသွားမှ ဖြစ်မယ် မေမေ... သား အချိန်တွေ မဆွဲချင်တော့ဘူး "

မေမေစိတ်မချတာလဲ မပြောနဲ့ စိတ်ပန်းလူပန်းနဲ့ အဲ့ဒီ့နေ့က Jay နဲ့ ကိစ္စဖြစ်ပြီးသွားတဲ့နောက် အအေးပတ်ပြီး ဖျားသွားတဲ့ သူ။

ကယောင်ကတမ်းတွေထိ ပြောပြီး အဖျားတွေ တက်ခဲ့တာ မျက်လုံးတွေတောင် ဖွင့်လို့မရခဲ့။

ခုမှ သက်သာခါစ ဆိုတော့ မေမေက ဘယ် စိတ်ချလိမ့်မလဲ။

ဒါပေမယ့်လည်း သူ စောင့်မနေနိုင်တော့၍ Jay ရှိရာဆီ ထွက်လာခဲ့လိုက်တော့သည်။

Jay တို့အိမ်ဘက် ရောက်တဲ့အခါ ပန်းခင်းကြီးထဲ တန်း ဝင်သွားလိုက်တော့ ကျောက်ခုံလေးပေါ် ထိုင်နေတဲ့ Jay။

လူကတော့ ပန်းခင်းထဲမှာ ရှိနေပေမယ့် စိတ်တွေက အဝေးလွင့်နေဟန် တူပါသည်။

လက်ကြားထဲမှာလည်း မီးသေနေတဲ့ စီးကရက်တစ်လိပ်က ညှပ်ရက်သား။

သူ ဝင်လာတာကိုလဲ မမြင်။ အနားသွားရပ်တာတောင် မသိလောက်အောင် စိတ်ဝိဉာည်တွေ လွင့်မျောနေတဲ့ Jay...

ထို့ကြောင့် သူ ခပ်တိုးတိုး အသံပေးလိုက်သည်။

" Jay..."

ထိုအခါမှာ လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေဟာ မျက်ဝန်းသေတွေနဲ့။

သူ့ကို မြင်မြင်ချင်း အောက်မျက်ခမ်းသားတွေ လှုပ်သွားကာ အကြည့်ကို ချက်ချင်းလွှဲသွားပြီး

" ဘာကိစ္စနဲ့ ရောက်လာတာလဲ ဘေဘီ "

" Jay ကို ဆက်သွယ် မရလို့ "

" ဘာ လိုလို့လဲ "

" ကျွန်တော် ဖျားနေတယ်... ကျွန်တော် နေလို့မကောင်းဘူး Jay "

" အင်း.. ဒါဆို ကိုယ် ဒေါက်တာ့ကို ဖုန်းဆက်ခေါ်ပေးမယ် "

ပြောပြောဆိုဆို အိတ်ကပ်ထဲက ဖုန်းကို ဆွဲထုတ်ပြီး ဖုန်းဆက်ဖို့ လုပ်နေတဲ့ Jay ကြောင့် Sunoo , Jay လက်ထဲက ဖုန်းကို ဆွဲလုလိုက်ကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။

" ဘေဘီ့! "

Jay ရဲ့ ခပ်ဆောင့်ဆောင့် အော်သံကြောင့် Sunoo , Jay ကို စိတ်မရှည်စွာ ပြန်ကြည့်လိုက်ပြီး Jay လေသံအတိုင်း ပြန်အော်လိုက်မိသည်။

" ကျွန်တော် ဒီအတွက် လာတာမဟုတ်ဘူးဆိုတာ Jay သိရက်သားနဲ့ !! "

" ဟားးး ဒါဆို ကိုယ် မင်းကို ဘာလုပ်ပေးရမှာလဲ"

သက်ပြင်းပူတွေ မှုတ်ထုတ်ပြီး မျက်နှာလွှဲကာ Jay မေးလိုက်တဲ့ အခါ သူ့လက်မောင်းတွေကနေ မျက်နှာချင်းဆိုင် ဖြစ်အောင် ဆွဲလှည့်လိုက်တဲ့ ဘေဘီက

" Jay ဘာလို့ ကျွန်တော့်ဆီ မလာတာလဲ... ဘာလို့ ကျွန်တော် ဆက်သွယ်တာကို အရေးမလုပ်ရတာလဲ "

" ဘာတွေ အရေးကြီး ကိစ္စ ရှိနေလို့လဲ... ကိုယ် မလွဲမသွေ လာမှ ရမှာလား "

မီးသေနေတဲ့ စီးကရက်ကို မီးညှိနေရင်း Jay က အရေးမစိုက်သလို ဆိုလာတော့ Sunoo Jay ရင်ဘတ်ကြီးကို ထုရိုက်ပစ်ပြီး စိတ်ရှိလက်ရှိ အော်ပစ်လိုက်မိသည်။

" Jay!!! "

Sunoo တကယ်ကြီးကို စိတ်မရှည်တော့ပါ။

သိသိရက်နဲ့ တမင် မသိချင်ယောင်ဆောင်နေသူကြီးကို သူ အသည်းတွေ ယားလှပြီ။

အိပ်ချင်ယောင်ဆောင်နေသူဟာ နှိုးရခက်တယ်တဲ့...

" Jay ဘာလို့ ကျွန်တော့်ကို ရှောင်နေတာလဲ... အဲ့ဒါ ဖြေ "

" ကိုယ် မရှောင်ပါဘူး "

" Jay ရှောင်နေပါတယ်... ကျွန်တော့်ဆီလဲ မလာဘူး.. ကျွန်တော် ဖုန်းဆက်တော့လဲ မကိုင်ဘူး.. ဘာလို့လဲ.. ဘာလို့ Jay အဲ့လိုတွေ လုပ်နေရတာလဲ .. ပြော ကျွန်တော့်ကို.. "

" မရှောင်ပါဘူး ဘေဘီ... ကိုယ် တကယ် ရှောင်နေတာ မဟုတ်ရပါဘူး "

" ဒါဆို ဘာလဲလို့... အကြောင်းပြချက်က ဘာလဲ Jay "

" ကိုယ့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့လား ဘေဘီရယ်... မင်း အခုလို ဖြစ်နေတာတွေက ကိုယ့်ကို တကယ် အခက်တွေ့စေတယ် "

အဝေးဆီကိုသာ အကြည့်တွေပို့ရင်း စီးကရက်ကို နာနာရှိုက်ဖွာနေတဲ့ Jay မျက်ဝန်းတွေဟာ မှိုင်းညို့လို့နေကာ ဆွေးရိပ်တို့ သန်းနေသလိုလို။

သူ Jay လက်မောင်းတစ်ဖက်ကို တွယ်ချိတ်လိုက်ကာ ဖက်ထားလိုက်ပြီးနောက် ပါးတစ်ဖက်နဲ့ဖိကပ်၍ စကားတိုးတိုး ဆိုလိုက်သည်။

" ကျွန်တော် နားလည်တယ်လေ ကျွန်တော် နားလည်တာမို့ အဲ့လိုကြီး မနေပါနဲ့ Jay ရယ်... Jay ဒီလို ဖြစ်နေရင် ကျွန်တော့်ဘက်က ဘယ်လိုနေရမလဲ... ပြောပါအုံး "

" ကိုယ် မင်းကို မတွေ့ချင်သေးဘူး ဘေဘီ... ကျေးဇူးပြုပြီး ကိုယ့်ကို မဆက်သွယ်ဘဲ နေပေးပါ... ကိုယ့်မှာ စဉ်းစားစရာတွေ သိပ် များနေတယ်.... ကိုယ် တိကျသေချာတဲ့ အဖြေတစ်ခုရလာတဲ့ တစ်နေ့ ကိုယ် မင်းကို ဆက်သွယ်ပါ့မယ်... အဲ့နေ့ထိပဲ မင်းဘက်က ငြိမ်ငြိမ်လေး နေပေးပါလား... ကိုယ် တောင်းဆိုတာပါ "

တွယ်ချိတ်ထားတဲ့ သူ့လက်တွေကို ဆွဲဖြုတ်ပစ်ပြီး ကျောခိုင်းလိုက်ပြန်တဲ့ Jay ဟာ သူ့ကို တဆုံးသော စကားတို့ကို ဆိုတယ်။

ဒီလိုဆိုရင်တော့ဖြင့် သူ ဘာတတ်နိုင်တော့မှာလဲလေ။

Jay ပြောသလို စောင့်နေရုံအပြင် သူ ဘာမှ မတတ်ိုင်တော့။

ဒါနဲ့ပဲ သူ လှည့်ထွက်မလာခင် Jay ကို သိစေချင်တဲ့ စကားလေးတွေ ပြောဖြစ်အောင်တော့ ပြောခဲ့လိုက်တယ်။

" Jay ကို ကျွန်တော် ဘယ်တုန်းကမှ အပြစ်မယူဖူးခဲ့သလို ... ဘာလို့ အဲ့လိုလုပ်ရပ်တွေ လုပ်ရတယ်ဆိုတာကိုလဲ ကျွန်တော် အမြဲ နားလည်ခဲ့ပါတယ် ... အဲ့ဒါကြောင့် Jay စိတ်ထဲမှာ ဘာကိုမှ ဝန်ထုတ်ဝန်ပိုးကြီး တစ်ခုလို ထမ်းထားပြီး အခက်တွေရမယ့် အတွေးတွေ မတွေးပါနဲ့ဗျာ "

သူပြောချင်ရာတွေ ပြောသွားပြီး လှည့်ထွက်သွားတဲ့ ဘေဘီ...

​ခြေသံဖျော့ဖျော့လေး အဝေးကို ရောက်သွားတဲ့ အခါ သူ ပြန်လှည့်ကြည့်လိုက်မိတော့ ညနေ နေရောင် တိမ်တောက်တောက်အောက်မှာ ငွေရောင်ဆံနွယ် လေးတွေ တလှုပ်လှုပ်နဲ့ သူနဲ့ ဝေးရာကို ဦးတည်နေတဲ့ ဘေဘီ့ရဲ့ ကျောပြင်သေးသေးလေး။

ဘာလို့ ဒီကျောပြင်လေး သူနဲ့ ဝေးသွားရခြင်းက ဝမ်းနည်းစရာ ကောင်းနေရတာလဲ...

ဘေဘီထွက်သွားပြီး မကြာခင်မှာ ခေါင်းငိုက်စိုက်နဲ့ ထိုင်နေတဲ့ သူ့အနားကို ဘွား က ရောက်လာခဲ့တယ်။

သူ့ပုခုံးလေးပေါ် လက်တင်ပြီး သူ့ခေါင်းလေးကို ပွတ်သပ်ပေးကာ ဘွားဟာ အနူးညံ့ဆုံး ပြုံးပြလာပြီး

" ဒီကမ္ဘာပေါ်မှာလေ ဘွားတို့တွေ အတင်းအကြပ် လုပ်ယူလို့မရတဲ့ အရာက မေတ္တာတရားပဲ မြေးရဲ့ ... ရွှေတွေငွေတွေ ပုံပေးလို့လဲ မရသလို... အပိုင်လိုချင်ပါတယ်ဆိုပြီး သိမ်းထုတ်ထားလို့လဲမရပြန်ဘူး... မေတ္တာတရားဆိုတာ သူ စီးဆင်းချင်တဲ့ အရပ်ကိုပဲ တသတ်မတ်ထဲ စီးဆင်းတာလေ မြေးရယ်.... " တဲ့

ဟုတ်ပါတယ်...

တကယ်တမ်းတော့ သူဟာ လွတ်လပ်စွာ စီးဆင်းနေတဲ့ ရေတွေကို ဘောင်ခတ်ပြီး တားဆီးဖို့ ကြံတဲ့ တာဘောင်တစ်ခုလိုဖြစ်နေတာပါပဲ...

ဘယ်လောက်ပဲ တားဆီးထားလည်း အဲ့ဒီ့ ရေတွေ များပြားပြည့်လျှံသွားတဲ့အခါ တာဘောင်ကို ကျော်ပြီး သူ့ဦးတည်ရာအတိုင်း ထပ်မံ စီးဆင်းသွားအုံးမှာပဲမလား ...

အဲ့ဒီ့ ရေတွေရဲ့စီးဆင်းမှု အရှိန်တွေ ပြင်းထန်လာခဲ့ရင် နောက်ဆုံး ကျိုးပဲ့ပျက်စီးပြီး ကျန်ခဲ့ရမှာက အဲ့ဒီ့တာဘောင်ကြီး ကိုယ်တိုင်ပါပဲ။

ဒီလိုနဲ့ သူ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်...

.
.
.

ဘူဆန်မြို့ရဲ့ လူစည်ကားရာ စျေးလေးထဲမှာတော့

" ဒီမှာဗျ အန်တီ မှာထားတဲ့ ကော်ဖီအေးလေး ရပါပြီ "

" ဟယ်... နတ်သားလေး ရောက်လာပြီလား.. အမလေး ငါတို့ နတ်သားလေးက ဟယ်လို ဆိုတာနဲ့ တန်းရောက်လာတာပဲ... အဲ့ဒါတွေကြောင့် ချစ်နေရတာ.. ချစ်တယ်နော် နတ်သားလေးရေ... "

" ချစ်တယ်ဆို အမြဲ အားပေးရမယ်နော် အန်တီ "

" အိုက်ဂူးးး ဒါတော့ ပြောစရာကို မလိုတာ အလုပ်လုပ်လို့ မောလာရင် နတ်သားလေးရဲ့ ကော်ဖီလေးကိုသောက်ပြီး နတ်သားလေးရဲ့ အပြုံးချိုချိုလေးကို မြင်လိုက်ရမှ အမောပြေတာမို့ အမြဲတမ်း အားပေးမှာ စိတ်ချ "

" ဟီးဟီး အန်တီကလဲ "

ဤသို့ ဤနှယ် အပြုံးချိုချိုလေးနဲ့ မှာထားတဲ့ ကော်ဖီလေးတွေကို စျေးတန်းတလျှောက် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ လိုက်လံပို့ဆောင်နေတဲ့ ကောင်လေးတစ်ယောက်။

သူ့ရဲ့ မြင့်မားတဲ့ အရပ်၊ တောင့်တင်းတဲ့ ခန္ဓာကိုယ်၊ ဖြူဝင်းနေတဲ့အသားအရည်နဲ့ လိုက်ဖက်စွာ ချောမောခန့်ညားတဲ့ မျက်နှာလေးကြောင့် ဘူဆန်မြို့ တစ်ဝိုက်မှာ မသိသူ ခပ်ရှားရှားရယ်။

သဘောကောင်းလွန်းတဲ့ ဒီကောင်လေး ပြုံးရယ်လိုက်တိုင်း ခွက်ဝင်သွားတဲ့ ပါးချိုင့်လေးကြောင့်လဲ လူပြောများ လူကြိုက်များကြကာ သားမက်ဖမ်းချင်သူ အာဂျီးမားတွေလဲ ပေါသလို သူ့ရဲ့ ကော်ဖီဆိုင်လေးထဲထိ လာပြီး ရိသဲ့သဲ့စကားတွေ လာလာပြောတဲ့ လှပျိုဖြူလေးတွေကလဲ ဒုနဲ့ဒေး။

လူရည်လည်ပြီး စကားပြောညက်တဲ့ ဒီကောင်လေးက အားလုံးကို အပြုံးမပြတ် လိုက်လျောညီထွေ ဆက်ဆံပေးပြီး လူတွေ ချစ်သထက် ချစ်လာအောင် ပြုမူပြောဆို နိုင်စွမ်းသည်။

သူ့ရဲ့ အပြုံးချိုချိုလေးတွေကိုတော့ လူတိုင်းကို ပေးပြီး သူ့ရဲ့ အသည်းနှလုံးကိုတော့ဖြင့် တစ်နေရာတည်းမှာ မြှုပ်နှံ့လို့ သိမ်းဝှက်ထားခဲ့တာကြောင့် မည်သူ့ကိုမျှ ပေးစရာ မရှိတော့။

မှာထားတဲ့ ကော်ဖီတွေကို ကုန်အောင် လိုက်ပို့ပြီးတဲ့နောက် ဆိုင်မှာလဲ ဝန်ထမ်းတွေ ရှိနေတာကြောင့် သူ စိတ်အေးလက်အေးဖြင့် ကမ်းနားကို ဆင်းလာခဲ့သည်။

ပြီး နေရာလေးတစ်နေရာမှာပဲ ကျောက်ချထားသလို ငြိမ်ငြိမ်လေး ထိုင်နေပြီး မြစ်ပြင်ကြီးဆီ ငေးလို့ တစ်ယောက်ထဲ ငိုင်နေတတ်တာဟာ သူ့ရဲ့ အကျင့်တစ်ခုလိုကို ဖြစ်နေလေပြီ။

စိတ်လိုလက်ရရှိတဲ့အချိန်မှသာ ကော်ဖီဆိုင်လေးကို ဖွင့်တတ်ပြီး ပိတ်ထားတဲ့ အချိန်တွေမှာဆိုရင်တော့ ဆိုင်ရှင်လေးကို ဒီကမ်းခြေလေးမှာ တွေ့မြင်ရတတ်တာ လူတိုင်းသိနေကြပေပြီ။

အခုလဲ မြစ်ပြင်ကျယ်ကြီးဆီ ထိုင်ငေးနေတဲ့ ကောင်ကလေး...

သူ့ရင်ထဲမှာ ဘာတွေ ရှိနေမလဲ...

သေချာပေါက် သူ့အမြင်အာရုံမှာ ငွေရောင်ဆံနွယ်လေးတွေနဲ့ မျက်လုံးလေးတွေ ပိတ်ကျနေအောင် ပြုံးရယ်တတ်တဲ့ ကောင်ငယ်လေးက ရှိနေမှာပေါ့...

လွမ်းတယ် အဆောရယ်...

မောင် သိပ် လွမ်းနေရပါတယ်...

ညစာစားပွဲနေ့က နောက်ဆုံး မြင်ခဲ့ရတဲ့ တုန်တုန်ယင်ယင် ပုံစံလေးကို မျက်လုံးထဲက မထွက်။

ပျော်နေပါ မောင့်အချစ်ရယ်...

မင်း ပျော်စေဖို့ မောင် စတေးပေးထားရတာတွေ အလကားမဖြစ်ရလေအောင်

အဆော မျက်လုံးလေးတွေ ပိတ်ကျသွားတဲ့အထိ အားရပါးရ နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်နေပါကွယ်...

မောင့်အတွက်ကတော့ မင်းရဲ့ ပုံရိပ်ယောင်လေးတွေကို မြစ်ပြင်ပေါ်မှာ ဖန်တီးရင်း ကောင်းကင်ကြီးပေါ်မှာ ပုံဖော်ရင်းနဲ့ လွမ်းရသမျှကို ဖြေဖျောက်နေပါတယ်။

သိလား အဆော...

မောင်တို့ လူချင်းဝေးနေကြပေမယ့်လေ...

မောင့် အမြင်အာရုံတွေတိုင်းမှာ မင်းက ရှိနေတယ် အချစ်ရဲ့။

ဟော အခုလဲ အဝေးကနေ ခုတ်မောင်းလာနေတဲ့ ငါးဖမ်းလှေကြီးရဲ့ ထိပ်ဦးမှာ မောင့်ကို လက်ဝှေ့ယမ်းပြနေတဲ့ ကောင်ငယ်လေးက မင်းပါပဲ။

အပေါ်ကို မော့ကြည့်မိပြန်တော့လဲ တိမ်တွေပေါ်မှာ မောင့်ကို ပြုံးပြုံးကြီး ကြည့်နေတဲ့ မင်းက ရှိနေပြန်ရော...

မြစ်ပြင်ကြီးဆီ အကြည့်ရောက်မိတော့လဲ ဘောကွင်းကြီးကိုခိုလို့ လှိုင်းပုတ်မှာကို စောင့်ပြီး လှိုင်းစီးနေတဲ့ ကောင်ငယ်လေးက မင်း ဖြစ်နေပြန်သတဲ့။

မြစ်ပြင်ဆီက တိုက်ခတ်လာတဲ့ လေတိုးသံတွေထဲမှာလဲ မင်းရဲ့ ရယ်သံလွင်လွင်လေးတွေ ကြားနေရပြန်တယ်လေ...

မောင်တို့ ဘယ်မှာ ဝေးလို့လဲကွယ်...

မောင်တို့ ဘယ်မှာ ခွဲနေရလို့လဲ အချစ်ရဲ့...

ကြည့်လေရာရာမှာ မြင်လေရာရာဟာ မင်းပါပဲ အချစ်ရယ်....

မောင့် ပတ်ဝန်းကျင်မှာ မင်းက အမြဲတမ်း ရှိနေပါတယ်။

" hyung!!!! ကျွန်တော်တို့နဲ့ ရေလာကူးလှည့်လေ!! "

သူ အတွေးထဲမှာ နစ်နေတုန်း ခပ်ဝေးဝေးဆီက ကလေးတစ်သိုက်က သူ့ကို ရေအတူကူးဖို့ အော်ခေါ်နေတာကြောင့် သူ ပါးချိုင့်ကြီးခွက်ဝင်သွားအောင် ပြုံးပြလိုက်ပြီး လက်ခါပြလိုက်ရသည်။

လူကြီးတွေကသာ ချစ်တာမဟုတ်။ အဲ့လို ကလေးတွေဆီကပါ အချစ်ခံရတဲ့ Park Sunghoon ရယ်ပါ...

ထိုစဉ်မှာပဲ အိတ်ကပ်ထဲက ဖုန်းက ထမြည်လာတာကြောင့် ယူကြည့်လိုက်တော့ Screen ထက်မှာ မြင်လိုက်ရတဲ့ အမည်နာမတစ်ခုကြောင့် သူ ထပ်မံပြီး ပြုံးလိုက်မိပြန်တယ်။

လက်တွေကို ခပ်သွက်သွက် လှုပ်ရှားစေပြီး ဖုန်းလေးကို နား နားကပ်လိုက်ပြီး

" ဟယ်လို... "

.
.
.

ဒီနေ့ December 8 ရက်နေ့...

ညကတည်းက ကျနေတဲ့ နှင်းတွေကြောင့် မြင်ကွင်းတွေက သိပ်မပီပြင်ချင်။

လမ်းဘက်တွေမှာလဲ နှင်းရည်တွေကြောင့် စိုရွှဲနေကာ နှင်းပွင့်ဖွေးဖွေးတွေက လမ်းဘေးတစ်ဖက်တစ်ချက်မှာ ပုံလို့။

အရင်ရက်တွေကထက် အအေးပိုကဲနေတဲ့ ဒီမနက်ခင်းလေးမှာ တစ်နေရာကို သွားဖို့ အလုပ်ရှုပ်နေရှာတဲ့ ကောင်ငယ်လေး။

အေးလွန်းလို့ စောင်ပုံထဲက မထွက်ချင်ပေမယ့် မနက်စောစော ဖုန်းဆက်ပြီး တစ်နေရာကို သွားစရာရှိလို့ ပြင်ဆင်ထားလို့ ဆိုလာလေတဲ့ Jay ကြောင့် စောင်ထဲက မထွက်ချင်ထွက်ချင်နဲ့ ထွက်ပြီး ပြင်ဆင်နေခြင်း ဖြစ်သည်။

ဒါဟာ Jay သူ့ဆီကို ပထမဆုံး ဆက်သွယ်လာတာလဲ ဖြစ်လို့ သူ ဝမ်းပန်းတသာနဲ့ စိတ်လှုပ်ရှားနေရတာကိုလဲ ဝန်ခံရမည်။

ဘယ်သွားမယ်လဲ မပြောသလို ဘာလုပ်မယ်လို့လဲ မပြောသွားခဲ့။

သူကလဲ စောဒကတွေတက်ပြီး မေးမနေတော့။

Jay အခုလို ဆက်သွယ်လာတာနဲ့တင် ကျေနပ်ပါပြီလေ။

အားလုံး အဆင်သင့်ဖြစ်တော့ သူ အောက်ထပ်ကို ဆင်းလာခဲ့သည်။

ဘယ်ချိန်ကတည်းက ရောက်နေလဲမသိတဲ့ Jay က အောက်မှာ အဆင်သင့်စောင့်လို့နေသည်။

" ရောက်နေတာကြာပြီလား Jay "

သူ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ Jay အနားကို သွားလိုက်ပြီး မေးလိုက်တဲ့အခါ Jay က အေးအေးချမ်းချမ်းလေး ပြုံးပြလာကာ

" ခုပဲရောက်တယ် ဘေဘီ... အပြင်သွားမှာကို နွေးနွေးထွေးထွေး ဝတ်လာတာတော့မဟုတ်ဘူး "

" ဒါလဲ နွေးနေပါပြီ Jay ရဲ့... အရမ်းအထူကြီးဆို စိတ်အိုက်လို့ "

" ဟုတ်ပါပြီ ဒါဆိုလဲ ဒါလေးတော့ ပတ်ထားလိုက် "

သူ့လည်ပင်းမှာ ပတ်ထားတဲ့ မာဖလာလေးကို ချွတ်၍ Sunoo လည်ပင်းမှာ အကျအန ပတ်ပေးလာတဲ့ Jay ကြောင့် Sunoo ငြိမ်ငြိမ်လေး နေပေးလိုက်ရင်း Jay မျက်နှာကို ကြည့်၍ ပြုံးလိုက်သည်။

Jay မျက်နှာလေးဟာ ကြည်လင်နေပြီး အေးချမ်းနေပါရော...

မာဖလာလေး လည်ပင်းမှာ ကျကျနနရောက်သွားတဲ့အခါ Jay က သူ့လက်လေးတစ်ဖက်ကို ဆုပ်ကိုင်၍

" သွားကြရအောင် ဘေဘီ " တဲ့

ဒါနဲ့ မေမေ့ကို နှုတ်ဆက်ကာ သူတို့ Jay မောင်းတဲ့ ကားလေးနဲ့ တစ်နေရာကို ထွက်လာခဲ့ကြတော့သည်။

ဘယ်ဆီ ဘယ်ဝယ်တော့ မသိ။

Jay ခေါ်သွားမယ့် တစ်နေရာရာပေါ့။

ဆီးနှင်းတို့ရဲ့ လက်ချက်နဲ့ စိုရွှဲနေတဲ့ ကားလမ်းတွေပေါ် သတိထားပြီး မောင်းနေတဲ့ Jay က ရှေ့တူရှူကိုသာ အာရုံစိုက်နေပြီး သူ့ဘက်ကို လှည့်ကြည့်မလာခဲ့။

ဒေါသတွေ မာန်မာနတွေ ကင်းစင်နေတဲ့ အာရုံစူးစိုက်မှုအပြည့်နဲ့ Jay ရဲ့ မျက်နှာဟာ အေးချမ်းနေပြီး ယောကျာ်းပီသတဲ့ ခန့်ညားမှုတွေနဲ့။

Jay မျက်နှာကို မမှိတ်မသုန် စိုက်ကြည့်နေမိပြီး အတွေးများနေတဲ့ Sunoo တစ်ယောက် Jay သူ့ဘက်ကို လှည့်လာမှ အကြည့်တွေကို ရုတ်သိမ်းလိုက်မိသည်။

" ကိုယ့်ကို ကြည့်လို ဝ ပြီလား ဘေဘီ... မဝသေးရင် ကားရပ်ပြီး ရှေ့တည့်တည့်က လာကြည့်မလား "

ပြုံးစစနဲ့ စနောက်လာတဲ့ Jay စကားကြောင့် Sunoo မျက်နှာလေး ပန်းရောင်သန်းသွားကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

" မကြည့် မကြည့်ပါဘူး... ကျွန်တော် ဘယ်မှာ ကြည့်နေလို့လဲ "

" ဟုတ်ပါပြီ မကြည့်ဘူးဆိုလဲ... ပျင်းနေရင် အိပ်ချင်အိပ်နေလေ ဘေဘီ... ကိုယ်တို့ ရောက်ဖို့ တော်တော်မောင်းရအုံးမှာ "

" အဝေးကြီး သွားမှာလား "

" သိပ် အဝေးကြီးတော့ မဟုတ်ဘူးပေါ့... ဆိုလ်းကနေဆို လေးနာရီ လောက် မောင်းရမယ်... ခုမှ ကိုယ်တို့က မြို့အထွက်ဆိုတော့ လိုသေးတယ်.. မနက်က ဘေဘီ အစော ထထားရတာမလား ခဏလောက် ပြန်အိပ်နေလိုက်နော်... ကိုယ် ရောက်ရင် နှိုးပေးမယ် "

" ဟုတ်ကဲ့ Jay "

Jay က လမ်းဘေးမှာ ကားခဏရပ်လိုက်ကာ နောက်ခန်းမှာ ယူလာခဲ့တဲ့ စောင်ကို လှမ်းယူပြီး သူ့ကို ခြုံပေးလာသည်။

" အေးတယ် စောင်လေးခြုံထား "

သက်သောင့်သက်သာ အိပ်လို့ရအောင် ပြုပြင်ပေးပြီးနောက် ကားစက်နှိုးကာ ကားလေးကို လိုရာ ဦးတည်လိုက်ပြန်တဲ့ Jay ။

Sunoo ရဲ့ မျက်လုံးလေးတွေကတော့ ခဏအကြာမှာ မှေးစင်းသွားပြီး အိပ်စက်ခြင်းဆီသို့ ရောက်ရှိသွားလေတော့သည်။

သူ့ဘေးမှာ စိတ်ချလက်ချနဲ့ ငြိမ်းချမ်းစွာ အိပ်နေတဲ့ ဘေဘီ့ကို Jay လှည့်ကြည့်လိုက်ပြီး မချိပြုံးလေး တစ်ခုကို ပြုံးလိုက်မိသည်။

ချစ်တယ် ဘေဘီရယ်...

ခု ချိန်ထိအောင် ကိုယ် မင်းကို...

ဟူးးး

ကိုယ် ဘာလို့ ဒီလို ဆုံးဖြတ်ချက်ကြီးကို ချခဲ့မိပါလိမ့်ကွာ...

Jay အတွေးတွေကို အဆုံးထိ အရောက်မခံဘဲ လမ်းတစ်ဝက်နဲ့ ရပ်တန့်ပစ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ခဲ့ပြီးပြီပဲ...

နောင်တ မရချင်တော့ဘူးကွယ်...

.
.
.

Sunoo နားထဲမှာ ကြားလိုက်ရတဲ့ ခေါ်သံသဲ့သဲ့ကြောင့် လေးပင်နေတဲ့ မျက်လုံးတွေကို အားယူ၍ ဖွင့်လိုက်သည်။

ပထမဆုံး မြင်လိုက်ရတာက သူ့ကို ပြုံးကြည့်နေတဲ့ Jay ရဲ့ မျက်နှာကို။

" ရောက်ပြီ အိပ်ပုတ်လေး ...တော်တော်မှ အိပ်လို့ကောင်းလိုက်ရဲ့လား "

" အားး ဝါးးး အိပ်ပျော်သွားတာ sorry နော် Jay.. အဖော်လဲ လုပ်မပေးဖြစ်လိုက်ဘူး "

ပါးစပ်လေးကို လက်ဝါးလေးနဲ့ အုပ်၍ သန်းဝေရင်း Sunoo အားနာစကား ဆိုလိုက်မိသည်။

တကယ်ကို သူ အကြာကြီး အိပ်ပျော်သွားမိတာ။

" ရပါတယ် ဗျာ... ခုလို နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်လာတာကိုပဲ ကိုယ်က ကျေနပ်လှပါပြီ "

" အဟင်းး ကျွန်တော်တို့ ဘယ်ကိုရောက်... ဟင်.. ဟင်.. Jay!!! Jay ကျွန်တော့်ကို ပင်လယ်ကြီးဆီ ခေါ်လာတယ် .. အားးး ပင်လယ်ကြီးပဲ "

ခုံကို နောက်လှန်ပေးထားတာကြောင့် ရှေ့မြင်ကွင်းကို သေသေချာချာ မမြင်ရသေးတဲ့ ဘေဘီက ခါးလေးကို မတ်၍ ရှေ့ကို ကြည့်လိုက်တဲ့အခါမှာတော့ ဝမ်းသာအားရ အော်သံလေး ထွက်ပေါ်လာခဲ့ပြီး ကားတံခါးကို ဖွင့်ကာ ပြေးဆင်းသွားလေတော့သည်။

" ပင်လယ်ကြီးရေ့.... ကျွန်တော် လာတယ် ဗျိုးးးးး "

ရေအစပ်ရှိရာထိ တောက်လျှောက်ပြေးဆင်းသွားတဲ့ ဘေဘီက ပါးစပ်နားကို လက်လေးနဲ့ ကာလို့ ပင်လယ်ကြီးကို အော်ဟစ်နှုတ်ဆက်ဖို့လဲ မမေ့ပါ။

ကလေးလေး တစ်ယောက်လို ပြေးလွှား အော်ဟစ် ခုန်ပေါက်နေတဲ့ ဘေဘီ့ကို မြင်နေရခြင်းက သူ့ဆုံးဖြတ်ချက်တွေ မှန်ကန်တယ်ဆိုတာကို သက်သေထူနေလေရဲ့။

မင်း ပြုံးပျော်နေဖို့ပဲ လိုတာပါ ဘေဘီ...

" Jay မြန်မြန်လာလေ "

အဝေးကနေ ခုန်ဆွခုန်ဆွနဲ့ သူ့ကို အမြန်လာဖို့ လက်ယပ်ပြီး ခေါ်နေတဲ့ ဘေဘီ။

ဘေဘီ့အလိုကျ Jay ခပ်သွက်သွက်လေး လှမ်းသွားလိုက်ပြီး ဘေဘီ့နားကို ရောက်တော့ ဘေဘီက သူ့လက်ကို လာဆွဲပြီး ရေထဲထိ ပြေးဆင်းကာ

" ပင်လယ်ကြီးရေ... သူ့ကို ကျွန်တော်က Jay လို့ ခေါ်ပါတယ်ဗျ... သူက ကျွန်တော့်ကို ပင်လယ်ကြီးဆီ ခေါ်လာပေးတဲ့သူပါ "

သူ့ကိုပါ လက်ဆွဲပြပြီး ပင်လယ်ကြီးနဲ့ မိတ်ဆက်ပေးနေတဲ့ ဘေဘီဟာ တကယ်ကို ကလေးလေးတစ်ယောက်လို မြူးတူးပျော်ပါးနေလေရဲ့။

မနက်ခင်းနေရောင်အောက် ငွေရောင်တို့ တလက်လက်ထနေတဲ့ သဲသောင်တွေပေါ် ပြေးတက်သွားပြန်ကာ ခရုလေးတွေ လိုက်ကောက်နေပြန်တဲ့ ဘေဘီ။

" Jay ကျွန်တော် ဒီခရုလေးတွေကို အိမ်ရောက်ရင် Jay အတွက် သီပေးမယ် သိလား... ဘာလေး လိုချင်လဲ လက်ကောက်လေး လုပ်ပေးရမလား...ဆွဲကြိုးလေးလား... ဒါမှမဟုတ် ကားသော့မှာ ချိတ်ထားဖို့ လုပ်ပေးရမလား "

သူ့ဆီက စကားပြန်ကို မစောင့်ဘဲ ပြောချင်ရာကို တတွတ်တွတ်ပြောရင်း လက်သွယ်သွယ်လေးတွေကလဲ သဲထဲက ခရုလေးတွေကို အကောက်မပျက်တဲ့ ဘေဘီ့ကို ကြည့်ပြီး Jay ရင်ထဲမှာ လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်က ထိန်းမရ။

ကိုယ် ဘေဘီ ကိုယ်တိုင် လုပ်ပေးမယ့် အဲ့ခရု လည်ဆွဲလေးကို လိုချင်လိုက်တာ ဘေဘီရယ်...

ဒါပေမယ့်... ဒါပေမယ့်...

ကျလာတဲ့ မျက်ရည်စက်တွေကို ဘေဘီမမြင်ခင် သူ လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်း ဖိသုတ်ပစ်လိုက်ရသည်။

ပျော်စရာ အမှတ်တရလေးတွေကိုပဲ ချန်ထားခဲ့ချင်တာပါမို့ သူ့မျက်ရည်တွေကို မမြင်စေလိုပါ။

ဒါကြောင့်သူ ခရုလေးတွေ ကောက်ရင်း သဲသောင်တလျှောက် သွားနေတဲ့ ဘေဘီ့နောက်ကို Long coat အင်္ကျီရဲ့ အိတ်ကပ်တွေထဲကို လက်နှစ်ဖက် ထည့်ရင်း ဖြည်းဖြည်းချင်းသာ လိုက်လာမိသည်။

ဒီမြင်ကွင်းလေးကိုတော့ဖြင့် Sunoo ဦးတည်ပြီးသွားနေတဲ့ တဖက်သဲသောင်ပေါ် လမ်းလျှောက်လာနေတဲ့ ကောင်ကလေးက အစအဆုံး မြင်နေရပါသတဲ့။

ခပ်ဝေးဝေးမှ တဖြည်းဖြည်း နီးကပ်လာတဲ့ အခါ လှမ်းလက်စ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး ရှေ့က မြင်ကွင်းလေးကိုပဲ မမှိတ်မသုန် စိုက်ကြည့်နေမိပြီး သူ့မှာ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား ဝေခွဲမရ ဖြစ်လို့နေလေရဲ့။

တကယ်တမ်းက သူ့အတွက် မွေးနေ့လက်ဆောင် လာပေးမယ်လို့ ဖုန်းဆက်လာလို့ သူ ဒီနေရာကို ရောက်လာရတာလေ။

ဟုတ်တယ် ဒီနေ့က သူ့မွေးနေ့။

Park Sunghoon ဆိုတဲ့ ကောင်လေးတစ်ယောက်ကို ဒီကမ္ဘာမြေပြင်ကြီးပေါ် ခေါ်ဆောင်လာခဲ့တဲ့ နေ့ကောင်းရက်မြတ်လေးတစ်ရက်ပေါ့။

မိဘတွေ ဆုံးသွားကတည်းက မွေးနေ့ဆိုတာကိုလဲ သတိမရတော့သလို ဘယ်သူ့ဆီက လက်ဆောင်ကိုမှ လက်မခံခဲ့တာ ယနေ့အထိ။

သူ့ Profile ကို သိထားတဲ့ Jay က သူ့မွေးနေ့မှန်း သိ၍ ဖုန်းဆက်လာခဲ့ပြီး ညီအစ်ကိုအဖြစ် သိရတဲ့ ပထမဆုံး မွေးနေ့မို့ လက်ဆောင် ပေးလိုပါသည်ဟု ဖုန်းဆက်လာခဲ့သည်။

ကြားကြားချင်း သူ မယုံနိုင်ခဲ့။

အံ့သြမှုတွေနဲ့ အတူ သူ လက်ခံဖို့ကို တွန့်ဆုတ်နေမိတာ။

လက်မခံလို့ မဖြစ်ဘူး ဟေ့ကောင်.. ငါ ဆက်ဆက်လာပေးမှာမို့ ဒီ ကမ်း​ခြေလေးက စောင့်ပါ ဆိုတဲ့ Jay ရဲ့ စကားကြောင့် သူ အံ့သြ ဝမ်းသာစွာနဲ့ လာခဲ့တာ။

Jay ဟာ ဘာကြောင့်များ အဆောကိုပါ ခေါ်လာပါလိမ့်။

သူ နောက်ပြန်လှည့်ကာ ထွက်သွားလိုက်ရမလား...

နေရာမှာတင်ရပ်ကာ တွေဝေနေမိတုန်းမှာပဲ

" ဟို ခြေထောက်လေး နည်းနည်း ကြွပေးပါလား ဟင်... သူ့ ခြေထောက်အောက်မှာ ခရုခွံလေး ဖိမိနေလို့ "

အသံလွင်လွင်လေးကို ကြားလိုက်ရတဲ့ ခဏ သူ့ဘယ်ဘက်ရင်အုံဟာ ဒိတ်ခနဲ။

မျက်နှာကို သေချာ မော့မကြည့်ဘဲ သူ့ ခြေထောက်အောက်က ခရုကိုသာ ယူဖို့ ကြိုးစားနေတဲ့ အဆော။

သူ အသက်မရှူရဲသေးဘူး။

အဆော သူ့ကို တွေ့ရင် ဘယ်လို တုန့်ပြန်မှာလဲ တွေးနေမိလို့။

Jay ကရော ဘာပြောမှာလဲ။

ဒီတစ်ခါကရော ဘယ်လို စမ်းသပ်မှုတွေ လုပ်အုံးမှာလဲ Jay ရယ်။

" ဒီမှာ ဒီမှာ ခြေထောက်လေး ကြွပေး....ဟင်... မောင်! "

တောင့်တောင့်ကြီး ရပ်နေမိတဲ့ သူ့ကို တွေ့သွားတဲ့ အဆောဟာလဲ လှုပ်ရှားမှုတွေ ရပ်တန့်သွားကာ မျက်နှာပေါ်က အပြုံးနုနုလေးလဲ ပျောက်ကွယ်သွားခဲ့လေသည်။

" မောင်က မောင်က ဘယ်လိုလုပ်.."

" Happy Birthday Park Sunghoon shi "

သူ့နဲ့ အဆော တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြောင်ငေးနေမိကြတုန်းမှာပဲ အဆောရဲ့ နောက်ကနေ ထွက်လာတဲ့ Jay ရဲ့ Birthday wish ဟာ သူတို့ နှစ်ယောက်လုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

" ဒါ ဘယ်လို စမ်းသပ်မှုမျိုးလဲ CEO... ဒီတစ်ခါကရော ဘာ ရည်ရွယ်ချက်နဲ့လဲ "

Sunghoon ဒေါသသံနဲ့ ခပ်လောလောလေး မေးလိုက်မိတဲ့အခါ အပြုံးနဲ့သာ တုန့်ပြန်လာတဲ့ Jay က အဆောလက်တစ်ဖက်ကို ကိုင်ဆွဲလာကာ သူ့ရှေ့တည့်တည့်ထိ တိုးကပ်၍ လာပြီးနောက်

" ငါ မင်းဆီကို မွေးနေ့လက်ဆောင် လာပေးမယ်လို့ ပြောခဲ့ပြီးသား မဟုတ်ဘူးလား... ဘာ ရည်ရွယ်ချက်မှလဲ မဟုတ်သလို... ဘာ စမ်းသပ်မှုမှလဲ မဟုတ်ပါဘူး Sunghoon shi... မွေးနေ့လက်ဆောင် လာပေးရုံ သပ်သပ်ပါ "

" ဘယ်လို... "

" ကိုယ် စိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ် ညီ... မွေးနေ့မှာ ပျော်ရွှင်ပါစေ "

မမျှော်လင့်... လုံးဝကို မမျှော်လင့်ထားတဲ့ အသံတစ်ခုက နားထဲကို ဒိုင်းခနဲ စောင့်ဝင် သွားတဲ့အခါ Sunghoon ခြေထောက်တွေ နောက်ကို ယိုင်ကျသွားခဲ့ရတယ်။

ညီ တဲ့လေ...

CEO က အခု သူ့ကို ညီ လို့ ခေါ်လိုက်တာလား...

သူ အံ့သြလို့ မပြီးသေးခင်မှာပဲ သူ့လက်တစ်ဖက်ကို ဆွဲယူလိုက်ပြန်တဲ့ CEO က အဆောရဲ့ လက်လေးတစ်ဖက်ကို သူ့လက်ဖဝါးထဲ ထည့်လာကာ

" မွေးနေ့လက်ဆောင်လေးကို သဘောကျမယ်လို့ ထင်ပါတယ် ညီ... ငါ့အတွက် အရမ်း အဖိုးတန်တဲ့ ရတနာလေးမို့ တသက်လုံး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးပါ "

" CEO !"

" Jay! "

နှစ်ယောက်လုံးဆီက အာမေဋိတ်သံဟာ တပြိုက်ထဲထွက်ပေါ်လာခဲ့သည်။

Sunghoon အယောင်ယောင်အမှားမှားနဲ့ သူ့လက်ထဲက ခရုကောက်ထားလို့ သဲမှုန်လေးတွေ ကပ်နေတဲ့ အဆောရဲ့ လက်လေးကို လွှတ်ချမယ်လုပ်လိုက်တော့ Jay က ပြန်ဆွဲယူထားကာ လက်လေးနှစ်ဖက်ကို ကျကျနန ထပ်ပေးလိုက်ပြီး

" အဲ့လို အံ့သြထိတ်လန့်စရာတွေနဲ့ ကြုံတွေ့ရမယ်ဆိုရင်တောင် ဒီလက်လေးကို လွှတ်ချလို့မဖြစ်ဘူး ညီ... ဒါ မင်း တစ်သက်လုံး မလွှတ်တမ်း ဆုပ်ကိုင်ထားရမယ့် လက်ကလေးပါ "

" Jay.. Jay ဘာတွေ ပြောနေတာလဲ ဟင် "

Sunoo နားမလည်စွာ Jay ကို မေးလိုက်တော့

" ကိုယ့်ကို ခွင့်လွှတ်ပါ ဘေဘီ... ကိုယ် ဘေဘီ့ကို တစ်သက်လုံးစာ မစောင့်ရှောက်နိုင်တော့ဘူး... ဘေဘီ့ကို ပျော်အောင်ထားဖို့လဲ ယုံကြည်ချက် မရှိတော့ဘူး ဘေဘီ... ဒါကြောင့်လေ... ကိုယ့်ကို လက်လွှတ်ခွင့် ပြုပါတော့... မင်း ချစ်တဲ့သူဆီမှာပဲ မင်း ဘဝကြီးကို မြှုပ်နှံပါကွယ်.. "

" Jay... "

အသည်းငယ်ငယ် နှလုံးသားလေး နူးညံ့လှတဲ့ Sunoo ကတော့ လူဆိုးကြီး လူမိုက်ကြီးရဲ့ ယုံကြည်ချက်မဲ့ စကားတွေကြား ရှိုက်ကြီးတငင် ငိုနေရှာလေပြီ။

" မငိုပါနဲ့ ဘေဘီရယ်... အခုချိန်က ဘေဘီ ပျော်နေသင့်တာလေ... ကိုယ် စိတ်ချလက်ချ အပ်ခဲ့ပါရစေနော် ညီ... မင်း တာဝန်ယူနိုင်မယ်လို့ ကိုယ် ယုံကြည်တယ် "

Sunoo ကို မငိုဖို့ ပြောရင်း Sunghoon ကိုပါ လက်မောင်းကို ပုတ်၍ ပြုံးပြနေတဲ့ Jay။

သေချာပေါက် အပြုံးတွေက မပီပြင်တော့ဘူးပေါ့။

Jay မျက်ဝန်းမှာလဲ မျက်ရည်ကြည်တို့ ရစ်သိုင်းနေသလို Sunghoon ဟာလဲ မျက်တောင်တို့ ပုတ်ခတ်လျှက်။

" ကိုယ်... နောက်ဆုံးအနေနဲ့ မင်းတို့ကို ပြောချင်တာက...

လွဲမှားတဲ့ အတ္တတွေနဲ့ အားလုံးအပေါ် အနိုင်လိုချင်ခဲ့ အနိုင်ယူခဲ့မိတာတွေအတွက် ကိုယ် တောင်းပန်ပါတယ်...

ကိုယ့်လုပ်ရပ်တွေက ခွင့်လွှတ်မှုရဖို့ မထိုက်တန်ဘူးဆိုပေမယ့်... ကိုယ် မင်းတို့ကို တောင်းပန်စကားလေးတော့ ပြောခဲ့ချင်သေးတယ် ... အရာရာတိုင်းအတွက် ပေါ့ ကိုယ့်ကို ခွင့်လွှတ်ပေးပါ "

ခေါင်းငုံ့၍ ထိုစကားတွေကို ဆိုခဲ့ပြီး ချက်ချင်းပဲ လှည့်ထွက်လာခဲ့တဲ့ Jay...

ထိန်းမနိုင်စွာ စီးကျလာတဲ့ မျက်ရည်ပူတွေကို မမြင်စေချင်ဘူးလေ။

အကြီးတစ်ယောက် ဖြစ်ပြီး အငယ်တွေရှေ့ ပျော့ညံ့မပြချင်ဘူး။

ခပ်သွက်သွက် ခြေလှမ်းတို့နဲ့ ဝေးနိုင်သမျှဝေးအောင် ထွက်လာခဲ့တဲ့ Jay...

" hyung!!! "

နောက်ကျောဘက်ဆီမှ ကြားလိုက်ရတဲ့ အက်ရှရှ ခေါ်သံတစ်ခု...

ဒါပေမယ့် သူ လှည့်မကြည့်ရဲခဲ့ဘူး...

ဒါဟာ သူ့ကို ခေါ်တဲ့ နာမ်စားတစ်ခုပါလို့ မခံယူရဲလို့လေ...

ဒါကြောင့် တုန့်ခနဲ ရပ်လိုက်မိတဲ့ ခြေလှမ်းတွေကို မျက်လုံးစုံမှိတ်၍ အားတင်း​ပြီး ရှေ့သို့ဆက်လှမ်းလိုက်တဲ့အခါမှာတော့...

" Jay hyung!!! "

ဒီတစ်ခါမှာတော့ တိကျသေချာတဲ့ နာမတစ်ခုကို တပ်၍ ခေါ်လိုက်သံကြောင့် သူ့ ခြေလှမ်းတွေကို တိတိပပကို ရပ်တန့်လိုက်မိပါသည်။

ပြေးလာနေတဲ့ ခြေသံတစ်ခုနဲ့အတူ မောဟိုက်နေတဲ့ အသက်ရှူသံ ပြင်းပြင်းက နောက်ပါးဆီကို ရောက်လာတဲ့ အခါ သူနောက်ပြန်လှည့်ကာ ကြည့်လိုက်မိပါသည်။

" ကျွန်တော် hyung ကို အစ်ကိုတစ်ယောက်အဖြစ် တစ်ခါလောက် ဖက်ထားလို့ရမလား "

တဆက်ဆက် ညိမ့်ပြလိုက်မိတဲ့ ခေါင်းညိမ့်မှုတွေနောက်မှာ ပါးပြင်ပေါ်က မျက်ရည်တွေဟာလဲ မြေပြင်ပေါ်အထိ ။

မသုတ်တော့ဘူး မျက်ရည်တွေကို။

မတားဆီးတော့ဘူး မျက်ရည်တွေကို။

နွေးထွေးစွာ ပွေ့ဖက်လာတဲ့ Sunghoon ရဲ့ လက်မောင်းတွေကြား သူ ငြိမ်သက်စွာပဲ ရပ်နေမိတယ်...

" ကျွန်တော့်ကိုလဲ တစ်ခါလောက် တင်းတင်းလေး ပြန်ဖက်ပေးပါလား hyung "

Sunghoon ရဲ့ တောင်းဆိုသံအဆုံး သူလည်းပဲ Sunghoon ရဲ့ ကျောပြင်ကျယ်ကြီးကို ရစ်သိုင်းလို့ နွေးထွေး တင်းကြပ်စွာ ဖက်ထားလိုက်မိတော့သည်။

ထိုအခါမှာ Sunghoon ဆီက ခပ်တိုးတိုး ပြောလာတယ်...

" အရာရာတိုင်း အတွက် ကျေးဇူးပါ hyung ရယ် " တဲ့...

သူ ဖက်ထားတာကို ပြန်ခွာလိုက်ပြီး Sunghoon မျက်နှာကို စေ့စေ့ကြည့်ကာ

" ဘဲကြီး မဟုတ်တော့ဘူးလား ချာတိတ် "

" ဟက်! ဘာပဲဖြစ်ဖြစ် ဒီလို အမိုက်စားဘဲကြီးက ကျွန်တော့်အစ်ကိုဆိုတာ သိလိုက်ရတော့ ဂုဏ်ယူမိသွားတာတော့ အရမ်းပဲ... တစ်ကောင်ကြွက် လို့ပဲ သိထားတဲ့ ကျွန်တော့်ဘဝမှာ ဒီလို အစ်ကိုမျိုး ရှိသေးပါလားဆိုတဲ့ စိတ်က... ကျစ်! ဘယ်လိုပြောရမလဲ... ဒီထဲထိ နွေးထွေးသွားစေတာလေ "

သူ့ရင်ဘတ်ကိုသူ လက်မနဲ့ ပြန်ထောက်ပြကာ ဟန်ပါပါ ပြောလိုက်တဲ့ စကားသံအဆုံး သူတို့နှစ်ယောက် ဟန်ဆောင်မှုကင်းစွာ ဟက်ဟက် ပက်ပက် ရယ်မောလိုက်မိကြတယ်။

နှစ်ယောက်လုံးရဲ့ မျက်လုံးထဲမှာ အရည်ကြည်တွေ ဝေ့နေတာလေးကိုတော့ ထည့်မပြောတော့ပါဘူးလေ...

ပြန်တော့ဖို့ နှုတ်ဆက်တဲ့အခါမှာ ဘေဘီက မျက်ရည်လေး စမ်းစမ်းဖြင့် သူ့ကို ကြည့်လာပြီး

" Jay.. Jay လဲ သေချာပေါက် ပျော်နေရမယ်နော် "

" သေချာပေါက်ပေါ့ ဘေဘီရယ်... ကိုယ် ပျော်နေမှာပါ "

ဘေဘီ့ရဲ့ ဆံနွယ်ပျော့ပျော့လေးတွေကို ဆွဲဖွပစ်ပြီး သူ ကတိပေးတော့ ဘေဘီဟာ ယဲ့ယဲ့လေး ပြုံးတယ်...

ဒီလိုနဲ့ လက်ချင်းယှက်ထားတဲ့ ကောင်လေးနှစ်ယောက်ကို ကျောခိုင်းလာခဲ့တဲ့ Jay ဟာ ကားပေါ်ရောက်တဲ့အချိန်မှာပဲ ဖုန်းလေးကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်တယ်....

ပြီးနောက် ပြုံးရွှင်နေတဲ့ မျက်နှာ တက်ကြွနေတဲ့ လေသံတို့နဲ့ ခပ်မြူးမြူးလေး ပြောလိုက်တယ်...

" ကျွန်တော် ဗိုက်အရမ်းဆာနေပြီမို့ ကျွန်တော် ကြိုက်တဲ့ ဟင်းတွေချက်ပြီး အတူစားဖို့ စောင့်နေပေးပါ Daddy "

သေချာပေါက် တဖက်က ဖုန်းကိုင်သူဟာလဲ ဝမ်းသာပီတိ ဂွမ်းဆီထိနေတော့မှာ မလွဲ။

သူ ကြားချင်ခဲ့တဲ့ Daddy ခေါ်သံလေး ကြားလိုက်ရပြီမလား...

ကားစက်နှိုး၍ ထွက်မယ်အလုပ် နောက်ကြည့်မှန်မှ တဆင့် မြင်နေရတဲ့ အလွမ်းတွေကို အနမ်းတွေနဲ့ ဖြေသိမ့်နေကြတဲ့ ကမ်းစပ်က ကောင်လေးနှစ်ယောက်ဆီ နောက်ဆုံးအနေနဲ့ လှမ်းကြည့်လိုက်ကာ ကားဘီးကို ဖြည်းဖြည်းချင်း စ လှိမ့်လိုက်သည်။

မင်း ပျော်မယ့်အရပ်ဆီကိုပဲ လွတ်လပ်စွာ ပျံသန်းပါ ဘေဘီ...

မင်း ဆုပ်ကိုင်မယ့် လက်တစ်စုံဟာ မင်း တစ်ဘဝလုံးစာ နွေးထွေးမှုတွေ ပေးနိုင်ပါစေ

မင်းခိုလှုံမယ့် ရင်ခွင်တစ်စုံဟာ မင်းတစ်ဘဝလုံးစာ လုံခြုံမှုတွေ ပေးနိုင်ပါစေ...

မင်း ပုံဖော်မယ့် ကံကြမ္မာတစ်ခုဟာ မင်းတစ်ဘဝလုံးစာ ကျေနပ်မှုတွေ ရနိုင်ပါစေ...

မင်း ပျော်နေမယ်​ဆို ကိုယ်နာကျင်ရလည်း ဖြစ်တာမို့

ပြီးတော့...

ကိုယ့်ရဲ့ ပျော်ရွှင်မှုက မင်းရဲ့ရယ်သံလေးတွေပဲမို့ မင်း မျက်နှာလေးပေါ်က အဲ့ဒီ့ အပြုံးလေးတွေ ပျောက်ကွယ်မသွားဖို့တော့ ကိုယ့်ကို ကတိပေးပါ ဘေဘီ...

ရံဖန်ရံခါပေါ့...

အမှတ်တမဲ့အနေနဲ့ပဲ ဖြစ်ဖြစ် ရင်ဘတ်ဟောင်းလောင်းနဲ့ မင်းရှိရာအရပ်ကို မျှော်ကြည့်နေမယ့် ကိုယ့်ကို သတိရပေးပါ...

အမှတ်တမဲ့ပါပဲ... တကယ်ကို အမှတ်တမဲ့လောက်လေးပါပဲ..

သတိရပေးမယ်ဆိုရင် ကိုယ် မင်းကို လက်လွှတ်ပေးခဲ့ရတာတွေအတွက် ဖြေသာနိုင်မယ် ထင်ပါရဲ့ ဘေဘီရယ်...

ပိုင်ဆိုင်ရမှ အချစ်လို့ သတ်မှတ်ထားတဲ့ ကိုယ့်အတွက် မင်းမျက်နှာပေါ်က အပြုံးလေးတွေ ပျောက်ကွယ်သွားတဲ့ နေ့ကစလို့ ခံယူချက်တွေ ပြောင်းလဲ သွားခဲ့ရတာဟာ ဘေဘီ့ကို သိပ် ချစ်လို့ပါ...

ခုတော့ ကိုယ် အသေအချာကို သိသွားခဲ့ပြီ ဘေဘီ...

ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူး...

ကိုယ်ချစ်ရတဲ့သူ ပျော်ရွှင်နေမယ်ဆိုရင် အဝေးကနေ မျှော်ကြည့်နေရမယ်ဆိုရင်လဲ ကိုယ် တင်းတိမ်နိုင်ခဲ့ပါပြီ။

တကယ်ပါ မင်းမျက်နှာပေါ်က အပြုံးလေးတွေ ငေးကြည့်နေရရုံနဲ့ ကိုယ်... ကိုယ်လေ... တင်းတိမ်နိုင်ခဲ့ပါပြီကွယ်...

နောက်ဆုံးအနေနဲ့ ကိုယ် ဝန်ခံဖွင့်ဟပါရစေ ဘေဘီရယ်...

ကိုယ် မင်းကို သိပ် ချစ်ခဲ့ပါတယ်...

ကိုယ်လေ...

ဘေဘီ့ကို ...

ကိုယ့်အသက်ထက် ပို ချစ်ခဲ့ပါတယ်...

💙 ပြီးပါပြီ 💙

***********************************

Love you...

San Htarni 💙

9.9.2023

// ဇာတ်သိမ်းသွားပြီ ဆိုပေမယ့် ဇာတ်ကောင်တွေရဲ့ ကာရိုက်တာတွေအကြောင်း ရှင်းပြချက်လေးတွေ လာပါအုံးမယ်နော်။
ဒီ ရှင်းပြချက်ဟာ ဇာတ်တစ်ဇာတ်လုံးရဲ့ အနှစ်ချုပ်မို့ မဖတ်ဘဲ မနေကြပါနဲ့ လို့ ကြိုတင်ပြီး မှာထားပါရစေ။
ပြီးတော့ ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အမေးအဖြေလေးတွေလဲ လာပါအုံး မယ်။
ဒီနေ့တော့ ကျွန်တော် ဇာတ်သိမ်းကို တစ်နေကုန် ထိုင်ရေးနေပြီး ဖုန်းရော လူရော ပါဝါ down သွားလို့ ကျေးဇူးတင်စကားလေးတွေလဲ မပြောနိုင်သေးဘူး။ မနက်ဖြန်မှာ အနှစ်ချုပ်နဲ့ ကျေးဇူးတင်စကားလေးတွေ ပြောဖို့ လာခဲ့အုံးမှာမို့ ကျွန်တော့် noti လေးကိုတွေ့ရင် ဆက်ဆက်ဝင်လာခဲ့ပါဗျ //

ZAWGYI

Final

" ေတာက္! Kim Sunoo... ဒါ ဘာအခ်ိဳး ခ်ိဳးသြားတာလဲ ... ငါ လာေအာင္ေတာင္ မေစာင့္နိုင္ရေအာင္.. ဟက္! သူ႕အေကာင္ကို ျပန္ေတြ႕လိုက္ရလို႔ ေၾကကြဲေနတာလား ... ငါ့ကို ဒီလို လုပ္သြားလို႔ ရမယ္ ထင္ေနလား Kim Sunoo "

လီဗာကို ဖိနင္း၍ ကားကို အရွိန္ျမႇင့္လိုက္ရင္း ညစာစားပြဲကေန သူ႕ကို မေစာင့္ဘဲ ျပန္သြားတဲ့ Kim Sunoo ကို ႀကိတ္မနိုင္ခဲမရ ေဒါသေတြနဲ႕ Jay မွာ အံတႀကိတ္ႀကိတ္။

မီးဝါေတြကို ျဖတ္ေမာင္းကာ လမ္းေၾကာင္းေတြ တစ္ခုၿပီးတစ္ခု ေျပာင္း၍ ရွိသမွ်ကား ေက်ာ္တက္ခဲ့ၿပီး Kim Sunoo ကိုေခၚ၍ ေရွ႕က သြားႏွင့္တဲ့ အတြင္းေရးမႉး Lee ရဲ႕ ကားကို မွီေအာင္ လိုက္ေနမိသည္။

Park Sunghoon နဲ႕ ေဆြးႏြေးမႈအၿပီး သီးသန့္ခန္းရွိရာကို ျပန္လာခဲ့ေတာ့ အခန္းထဲမွာက ဘြားနဲ႕ Mr. Park သာ က်န္ရစ္သည္။

Kim Sunoo က အရင္ျပန္လိုပါသျဖင့္ အတြင္းေရးမႉး Lee ကားႏွင့္ ျပန္သြားပါသတဲ့ေလ။

ဘြား ေျပာျပလို႔ သိရလွ်င္ သိရခ်င္း Jay ခ်က္ခ်င္းပင္ ေဒါသစိတ္တို႔က ေထာင္းခနဲ။

အမူအရာေတြပ်က္ေနၿပီး မစားနိုင္ မေသာက္နိုင္ျဖစ္ေနတဲ့ Kim Sunoo...

အခုခ်ိန္အထိေတာင္ ဒီေကာင္ကို စိတ္ထဲက မထုတ္နိုင္ ျဖစ္ေနရသလား...

စိတ္ေတြ တည္ၿငိမ္ပါေစေတာ့ဆိုၿပီးလဲ သူ ဘာဖိအားမွ မေပးဘဲ လႊတ္ေပးထားၿပီးၿပီ။

သူ႕ေဘးနားမွာ ရွိေနရမယ့္ လူတစ္ေယာက္က ဒီလို တျခားလူတစ္ေယာက္ကို စိတ္ထဲမွာ သိမ္းဝွက္ထားမွာမ်ိဳးကိုေတာ့ သူ လက္မခံနိုင္ပါ။

ဒီကိစၥကို Kim Sunoo နဲ႕ ဒီေန႕ည အျပတ္ရွင္းရမယ္။

ကားဘရိတ္သံ တကြၽီကြၽီႏွင့္ တရိပ္ရိပ္ ေျပးေနတဲ့ ကားေလးဟာ ေမာင္းႏွင္သူ သခင္ရဲ႕ အလိုက် လိုရာကို ေရာက္ဖို႔ မိုင္ကုန္ဖြင့္လွ်က္။

.
.
.

Sunoo အိမ္ကို ေရာက္ေရာက္ခ်င္း ေျပးဝင္မိတာက ေရခ်ိဳးခန္းထဲကို။

ေရပန္းကို အလွ်င္အျမန္ ဖြင့္၍ ေခါင္းတိုးဝင္လိုက္တဲ့အခ်ိန္မွာ တေဖ်ာေဖ်ာက်လာတဲ့ ေရစက္ေရမႊားေတြဟာ ကနဦး ဆံပင္ေတြကို တိုးတိုက္စိမ့္ဝင္၍ မ်က္ႏွာေပၚမွ တဆင့္ မ်က္ရည္ပူေတြနဲ႕အတူ ခႏၶာကိုယ္ေပၚသို႔ စီးဆင္းသြားေလသည္။
ခ

်မ္းေအးလွတဲ့ ေဆာင္းညေတြထဲက တစ္ညမို႔ အျပင္က ရာသီဥတုရဲ႕ အေအးဒဏ္ဟာ အရိုးထဲထိ စိမ့္လို႔ေပါ့။

ဒါေပမယ့္ ဒီအေအးဓာတ္ဟာ သူ႕ရင္တြင္းက အပူမီး ကိုေတာ့ျဖင့္ ၿငိမ္းေအးေအာင္ မစြမ္းသာခဲ့ပါ။

စိတ္ေတြကို ဘယ္လိုပဲ အနည္ထိုင္ဖို႔ ႀကိဳးစား ႀကိဳးစား၊ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြနဲ႕ ေနသားတက် ေနထိုင္နိုင္ဖို႔ သူ႕စိတ္ေတြကို ျပဳျပင္ေနလည္းပဲ ေမာင့္အသံကို ၾကားရ႐ုံ ေမာင့္အရိပ္ေလးကို ျမင္လိုက္ရ႐ုံမွ်နဲ႕ သူ႕မွာ မတည္မၿငိမ္ေတြျဖစ္ကာ လႈပ္ခတ္ေနဆဲ။

ေမာင့္ရဲ႕ လ်စ္လ်ဴရႈမႈေတြနဲ႕ ေနသားမက်ခဲ့ေတာ့လည္း အသိအမွတ္ျပဳ႐ုံေလာက္ေတာင္ အၾကည့္ေလး ေဝ့မလာခဲ့တဲ့ ေမာင့္ကို သူ အျပစ္ေလးေတာ့ တင္ခ်င္မိသည္။

ဒါေပမယ့္လည္းေလ...Jay ရဲ႕ စူးစမ္းေနတဲ့ အၾကည့္ေတြကလည္း တဝဲဝဲနဲ႕မလား...

ဒါေၾကာင့္ ေမာင္က အခုလို လ်စ္လ်ဴရႈတယ္ ထင္ပါရဲ႕...

ဘာပဲျဖစ္ျဖစ္ ေမာင္မမွားပါဘူးေလ...

ဒီေနရာမွာ ေမာင္ ဒီလိုပဲ ျပဳမူသင့္ပါတယ္။

ေမာင္နဲ႕အေဆာက ဘာမွ မသက္ဆိုင္ၾကေတာ့တဲ့ လူေတြပဲ... ဒီလိုပဲ တမင္ တစိမ္းဆန္ျပၾကရေတာ့မွာေပါ့။

ေမာင္ လုပ္တာမွန္ပါတယ္။

အေဆာကသာ... အေဆာကသာ... ေမာင့္ကို...

အင့္~~

ခံစားခ်က္ေတြကို လႊတ္ေပးလိုက္တဲ့အခါ ေျခေထာက္ေတြက မခိုင္ခ်င္ေတာ့...

ေအးစက္စက္ ၾကမ္းျပင္ေပၚ ေခြခနဲ ၿပိဳက်သြားၿပီး ရွိုက္ႀကီးတငင္ ငိုေႂကြးလိုက္မိေတာ့သည္။

ထိန္းခ်ဳပ္ေနရတာ တကယ္ႀကီးကို ပင္ပန္းေနပါၿပီေလ...

ရင္ဘတ္ကအကၤ်ီစကို ဆုတ္ေခ်၍ မြန္းၾကပ္ ပင္ပန္းေနမႈေတြကို မ်က္ရည္ေတြအျဖစ္
အရည္ေဖ်ာ္ပစ္ကာ ငိုေနမိတာ အားပါးတရ။

ေခြေခြေလး လဲေနတဲ့အတိုင္း ၾကမ္းျပင္စို႐ႊဲ႐ႊဲေပၚ လက္ေလးတစ္ဖက္ ေထာက္ထားရင္း ငိုေႂကြးေနတဲ့ ေကာင္ငယ္ေလးရဲ႕ ေက်ာျပင္ေလးဟာ တသိမ့္သိမ့္တုန္ခါလို႔ေပါ့။

ဒုန္းးး ဒုန္းးး ဒုန္းးး

" Kim Sunoo!!!

ရားးး Kim Sunoo!!!

ထြက္ခဲ့စမ္း!!!

အဲ့ထဲက အခု ခ်က္ခ်င္း ထြက္လာခဲ့စမ္း!!! "

ေရခ်ိဳးခန္းတံခါးထုသံ တဒုန္းဒုန္းနဲ႕ အတူ ၾကားလိုက္ရတဲ့ Jay ရဲ႕ ေဒါသတႀကီး ေအာ္ဟစ္လိုက္သံဟာ ဟိန္းခနဲ။

႐ုတ္တရက္ ငိုေနတဲ့ ေကာင္ငယ္ေလးရဲ႕ ငိုေႂကြးေနမႈေတြ ရပ္တန့္သြားကာ တံခါးရွိရာဘက္ကို လွည့္ၾကည့္လိုက္မိသည္။

ဘာျဖစ္ရျပန္ၿပီလဲ Jay ရယ္...

ဒီအခန္းက်ဥ္းေလးထဲမွာေတာင္ ကြၽန္ေတာ္က လြတ္လပ္ခြင့္ မရွိဘူးလား...

ဒုန္းးး!!!

" ထြက္ခဲ့လို႔ ငါေျပာေနတယ္ေနာ္... ၿပီးမွ ငါ့အဆိုး မဆိုနဲ႕... ရားးး Kim Sunoo!!! "

ဒုန္းးး!!!

လက္နဲ႕ထု႐ုံနဲ႕ အားမရလို႔ ေျခေထာက္ေတြနဲ႕ပါ ကန္ေနပုံရရဲ႕...

ထုရိုက္သံတဒုန္းဒုန္းနဲ႕ ေအာ္ဟစ္ေနတဲ့ Jay ေၾကာင့္ သူ မထြက္ဘဲ ေနလို႔မရေတာ့။

မ်က္ႏွာေပၚက မ်က္ရည္တို႔နဲ႕ စိုလူးေနတဲ့ ေရစက္ေတြကို သပ္ခ်လိဳက္ကာ ရွိသမွ် အားကုန္သုံးၿပီး ၾကမ္းျပင္ေပၚမွ က်ဳံး႐ုန္းထလိုက္သည္။

ေရခ်ိဳးခန္းတံခါးကို lock ျဖဳတ္လိုက္တယ္ဆိုရင္ပဲ အၾကမ္းပတမ္း ဆြဲဖြင့္ခံလိုက္ရကာ ျမင္လိုက္ရတာက ေဒါသေၾကာင့္ ခက္ထန္ေနတဲ့ Jay ရဲ႕ မ်က္ႏွာႀကီးကို။

" မင္း ဒါ ဘာလုပ္သြားတာလဲ Kim Sunoo!!... ငါ့ ခြင့္ျပဳခ်က္မရွိဘဲ ျပန္သြားရေလာက္ေအာင္ မင္း သတၱိေတြ သိပ္ေကာင္းေနတယ္ေပါ့ ဟုတ္လား "

" ကိုယ့္အိမ္ကို ျပန္တာေလ Jay.. ၿပီးေတာ့ အတြင္းေရးမႉး Lee လဲ ပါတယ္... ကြၽန္ေတာ္ တျခားေနရာေတြ သြားေနတာလဲ မဟုတ္ဘဲ... ဘာလို႔ ျပႆနာ ရွာေနရတာလဲ "

" ဘာ!! ငါက ျပႆနာရွာတယ္ ဟုတ္လား... ေအး မင္းက ျပႆနာရွာတယ္ထင္ရင္လဲ ရွာတယ္ေပါ့ကြာ.... ဒါေပမယ့္ မင္း စဥ္းစားၾကည့္စမ္း အဲ့ဒီ့ ျပႆနာေတြတိုင္းရဲ႕ အရင္းျမစ္က ဘယ္က လာသလဲ ဆိုတာ... "

" ကြၽန္ေတာ္ ဘယ္ေနရာက မွားေနျပန္တာလဲ Jay ရယ္... ျပႆနာျဖစ္ေအာင္ ကြၽန္ေတာ္ ဘာ အမွားေတြ လုပ္မိလိုက္ျပန္တာလဲ ''

အျပင္က ျပန္လာတဲ့ အဝတ္အစားေတြအတိုင္း ေရခ်ိဳးခန္းထဲ ေျပးဝင္ငိုေနပုံရတဲ့ ေဘဘီဟာ တစ္ကိုယ္လုံး ႐ႊဲ႐ႊဲစိုေနကာ ေခါင္းမွ ေရေတြဟာလဲ ၾကမ္းျပင္ေပၚ တစက္စက္။

" မင္း ဒီလို ျဖစ္ေနတာကိုက မွားေနတာ Kim Sunoo... တပါးသူအတြက္ မ်က္ရည္ေတြကို ငါ့ေရွ႕မွာ က်ျပေနတာကိုက မင္းရဲ႕ အမွားရဲ႕... ဒါ ဘာေတြလဲ... မင္း ေျပာေလ... ဒီအဝတ္ေတြ မလဲနိုင္ရေလာက္ေအာင္ အရမ္းေၾကကြဲၿပီး ဒီထဲ ဝင္ငိုေနတာကိုက မင္း အမွားေတြ လုပ္ေနတာ... dinner မွာ ကတည္းက မူမမွန္ေနတဲ့ မင္းရဲ႕ ပုံစံကိုက အမွားပဲ... ေအး! အမွားေပၚ အမွားဆင့္ေနတဲ့ မင္းက ငါ့ခြင့္ျပဳခ်က္မရဘဲ တပါးသူအတြက္ မငိုရဘူး Kim Sunoo "

သူ႕ ခႏၶာကိုယ္ေပၚက အဝတ္စိုေတြကို ဆြဲခြၽတ္ရင္း ေဒါသတႀကီးနဲ႕ ၾကမ္းရမ္းေနတဲ့ Jay ကို ၾကည့္ၿပီး Sunoo နားမလည္နိုင္ေတာ့။

ငိုတာေတာင္ အျပစ္တဲ့လား...

သူ႕အကၤ်ီေတြကို ဆြဲခြၽတ္ေနတဲ့ Jay ရဲ႕ လက္ေတြကို Sunoo ျဖဳတ္ခ်လိဳက္ၿပီး

" ဘာလို႔လဲ Jay.. ကြၽန္ေတာ္ ငိုလို႔မရဘူးလား...ကြၽန္ေတာ့္မ်က္ရည္ေတြနဲ႕ ကြၽန္ေတာ္ ငိုတာေတာင္ေလ... Jay မျမင္တဲ့ ေနရာမွာ ငိုေနတာေတာင္ လား... ဘာလို႔ မရ ရတာလဲ... ကြၽန္ေတာ္ Jay ထားတဲ့အတိုင္း ေန ေနတယ္ေလ ... Jay မျမင္နိုင္တဲ့ ေနရာမွာ တိတ္တဆိတ္ ငိုေနမိတာကိုေတာင္ အျပစ္တင္ခ်င္ေနေသးတာလား... ခံစားခ်က္ေတြ အထိေအာင္ေတာ့ မထိန္းခ်ဳပ္ပါနဲ႕လား Jay ရယ္... ကြၽန္ေတာ္ ကြၽန္ေတာ္က ခံစားခ်က္ မရွိတဲ့ အ႐ုပ္တစ္႐ုပ္ မဟုတ္ဘူးေလ... ကြၽန္ေတာ့္ကို အ႐ုပ္တစ္႐ုပ္လို ဆက္ဆံေနတာေတြ ေတာ္လိုက္ပါေတာ့... "

" မငိုရဘူး!!... ငါ့ေရွ႕မွာလဲ မငိုရသလို ငါ့မျမင္ကြယ္ရာမွာလဲ အဲ့ ေစာက္ မ်က္ရည္ေတြ မက်ရဘူး Kim Sunoo.. မင္း မ်က္ရည္ေတြက ဟိုအေကာင့္ေၾကာင့္ က်တဲ့ မ်က္ရည္ေတြ ျဖစ္ေနလို႔ကို က်ဖိဳ႕ ငါ ခြင့္မျပဳတာ ရွင္းလား!!.. အစတည္းက မင္းက ငါ့အ႐ုပ္ပဲ... အဲ့ေတာ့ အလကား အေရးမပါတဲ့ ခံစားခ်က္ေတြကို ရင္ဘတ္ထဲထည့္ၿပီး ဇာတ္နာျပမေနစမ္းနဲ႕ ... အဲ့ဒီ့ ခံစားခ်က္ေတြကို လႊင့္ပစ္ၿပီး မင္း စိတ္ မင္းအာ႐ုံေတြ အကုန္လုံး ငါ့ဆီကိုပဲ ပို႔ဖို႔ စဥ္းစားထား.. ဒါ ေနာက္ဆုံး သတိေပးျခင္းပဲ "

" အရမ္း ပင္ပန္းေနၿပီ Jay ရာ... ကြၽန္ေတာ့္ကို အေသသာ သတ္လိုက္ပါေတာ့ လား.. ကြၽန္ေတာ္ အရမ္း ပင္ပန္းေနၿပီ လို႔!! "

Sunoo စိတ္ရွိသေလာက္ ေအာ္ဟစ္ပစ္လိုက္တဲ့အခါ Jay ဟာ မ်က္ေထာင့္နီႀကီးနဲ႕ ၾကည့္လာၿပီး လက္ညွိုးထိုးကာ အံႀကိတ္၍ သြားၾကားထဲက အသံနဲ႕ ျပန္လည္ေအာ္ဟစ္ေလသည္။

အခန္းေလးထဲမွာေတာ့ ႏွစ္ေယာက္သားရဲ႕ ေအာ္သံေတြဟာ အၿပိဳင္အဆိုင္...

" Kim Sunoo!! မင္း ပါးစပ္ကို အခုပိတ္ထားစမ္း!! ေစာက္ အဓိပၸါယ္မရွိတာေတြ ေျပာျပန္ၿပီလား.. ဟမ္! .. ႂကြက္စုတ္လို ႐ုပ္နဲ႕ လုပ္မေနစမ္းနဲ႕ အဝတ္ေတြ လဲစမ္း... ၾကာရင္ အေအးပတ္ၿပီး တကယ္ ေသသြားလိမ့္မယ္ "

Jay အဝတ္ဘီရိုကို အၾကမ္းပတမ္း ဆြဲလွပ္၍ အထဲက အဝတ္ေတြကို ဆြဲခ်ၿပီး ေရစိုဝတ္ေတြနဲ႕ ဒီတိုင္းရွိေနတဲ့ Sunoo ဆီကို ပစ္ေပါက္ေနမိသည္။

မၾကားခ်င္ဘူး...

သူ႕ေဘးမွာ ေနရလို႔ စိတ္ပင္ပန္းတယ္ဆိုတဲ့ စကားေတြကို တကယ္ မၾကားခ်င္ဘူး။

အားလုံး ျဖည့္ဆည္းေပးေနရင္ ေပ်ာ္ေနရမွာ မဟုတ္ဘူးလား...

ငါ့ေဘးမွာ ေနရတာ ေပ်ာ္ေနတယ္လို႔ပဲ ေျပာလိုက္စမ္းပါ ေဘဘီရာ...

သူ ပစ္ေပါက္ေနသမွ်ကို မေရွာင္ဘဲ ေပရပ္ေနၿပီး မ်က္ရည္ေတြ တေတာက္ေတာက္ က်ေနတဲ့ Kim Sunoo...

ဘယ္ေလာက္ထိ ငိုထားလဲမသိ မ်က္ဝန္းအိမ္ေတြကလဲ နီရဲေနကာ မ်က္ခြံေလးေတြ မို႔အစ္ေနသည္။

ဒီလို မတုန္မလႈပ္ အမူအရာေတြကို ျမင္ရေလ Jay စိတ္ေတြ ပိုၿပီး ၾကမ္းတမ္းလာေလ။

လူကို မထိရက္ေလသမွ် ရွိသမွ် အဝတ္ေတြ ဆြဲထုတ္ပစ္ၿပီး ေပါက္ကြဲ ေနမိတဲ့ Jay။

ျပႆနာရွာတယ္တဲ့လား...

အႀကိမ္ႀကိမ္ ရင္ကို စုံကန္ခံရဖူးတာေၾကာင့္ သံသယထားမိတာ က ျပႆနာရွာတယ္ ျဖစ္ရေရာလား ေဘဘီရယ္...

ဒီေန႕ ဒီကိစၥမွာ ကိုယ္မလြန္ပါဘူး...

Park Sunghoon ကို စိတ္ထဲက မထုတ္နိုင္တဲ့ မင္းကသာ လြန္ေနတာ မဟုတ္ဘူးလား...

ဘီရိုတစ္ခုလုံးလဲ ရစရာမရွိေအာင္ ရႈပ္ပြသြားကာ အဝတ္ေတြဟာ ဟိုတစ္စ ဒီတစ္စ။

စိတ္မေက်နပ္ေသးတာေၾကာင့္ အံဆြဲေတြကိုပါ ဆြဲထုတ္ ပစ္ေပါက္လိုက္မိတဲ့အခါ...

အံဆြဲထဲကေန လိမ့္ထြက္လာတဲ့ ေဆးဗူးေလးေတြဟာ ၾကမ္းျပင္ေပၚ အရွိန္နဲ႕ ပစ္က်၍ အထဲမွ ေဆးလုံးေလးေတြက ၾကမ္းျပင္ေပၚမွာ ျပန့္က်ဲလို႔ သြားခဲ့ေတာ့သည္။

ဟင္!

ဒီေဆးဗူးေတြ ... ဒီေဆးလုံးေတြ...

အျဖဴနဲ႕ ပန္းေရာင္ ႏွစ္ေရာင္ ေရာယွက္ၿပီး ျပန့္က်ဲေနတဲ့ ေဆးလုံးမ်ား...

ၿပီးေနာက္ ေဆးလုံးေတြ ေဘးမွာ ေတြ႕လိုက္ရတဲ့ Stick ေလးတစ္ခု။

လႈပ္ရွားမႈေတြ ရပ္တန့္သြားၿပီး Jay ထိုေဆးလုံးေလးေတြကို ေၾကာင္ ၾကည့္ေနမိတဲ့ အခ်ိန္မွာပဲ ေရခ်ိဳးခန္းအဝမွာ မလႈပ္မယွက္ ရပ္ေနတဲ့ ေဘဘီက ေျပးလာၿပီး Stick ေလးကို ေကာက္ယူလိုက္ေလသည္။

" ဒီေဆး.. ဒီေဆးေတြက.. ေဘဘီ "

ေဆးေတြကို တလွည့္ Sunoo ကိုတလွည့္ ၾကည့္ၿပီး Jay စကားတို႔ ေရွ႕ဆက္မလာခဲ့။

မဟုတ္မွ ဒီေဆးေတြက...

ျမင္လိုက္ရတဲ့ ေဆးဗူးေပၚက နာမည္ဟာလဲ မလြဲမွားသလို ေဆးအေရာင္ကလဲ မလြဲမွား။

တစ္ခုပဲ ဘာလို႔ ေဘဘီ့ဆီမွာ ႏွစ္မ်ိဳးလုံး ရွိေနရတာလဲ။

ၿပီးေတာ့ ေဘဘီ ေျပးေကာက္လိုက္တဲ့ Stick ေလးကေရာ ဘာလဲ။

ေဆးေတြဟာ မူရင္းေဆးနဲ႕ သူေပးထားတဲ့ ေဆး ႏွစ္မ်ိဳးလုံး ျဖစ္ေနေလေတာ့ ဒီ Stick ကေရာ ေဆးကိစၥနဲ႕ ဆိုင္ေနေလမလား။

အေတြးနဲ႕အတူ Jay ေဘဘီ့လက္ထဲမွာ တင္းတင္းဆုပ္ထားတဲ့ Stick ေလးကို ဆြဲယူဖို႔ ႀကိဳးစားလိုက္သည္။

" ဒါ ဘာလဲ Kim Sunoo... ေပးစမ္း "

" ဟင့္အင္... ဟင့္အင္ မဟုတ္ဘူး.. ဘာမွ မဟုတ္ဘူး... ဘာမွမဟုတ္ဘူးမို႔ Jay အာ႐ုံမစိုက္ပါနဲ႕ "

လက္ေလးကို ေနာက္ပစ္သြားကာ ခႏၶာကိုယ္နဲ႕ ကြယ္ပစ္လိုက္ရင္း ေပးဖို႔ကို ေခါင္းရမ္းၿပီး ျငင္းေနေလေတာ့ Jay ရဲ႕ သိခ်င္စိတ္က ပိုျပင္းျပသြားကာ

" ေပးစမ္းလို႔ ေျပာေနတယ္ေနာ္ Kim Sunoo!! "

" ေပးလို႔မျဖစ္ဘူး... Jay မၾကည့္ခ်င္ပါနဲ႕... ေက်းဇူးျပဳၿပီး... ဒီတိုင္းထားလိုက္ပါ Jay ရယ္ေနာ္ "

Jay ေနာက္ပစ္ထားတဲ့ Sunoo ရဲ႕ လက္ကို လွမ္းဆြဲတဲ့အခါ ခႏၶာကိုယ္ကိုပါ ေနာက္ဆုတ္သြားၿပီး အသည္းအသန္ ေရွာင္ေနတဲ့ ေဘဘီ့ေၾကာင့္ ညွာမေနနိုင္ေတာ့ဘဲ ေရစိုခႏၱာကိုယ္ေလးကို လက္ေမာင္းႏွစ္ဖက္မွ ဆြဲ၍ ရင္ခြင္ထဲထည့္ကာ လက္တစ္ဖက္ကခ်ဳပ္လိုက္ၿပီး က်န္လက္တစ္ဖက္က ေနာက္ပစ္ထားတဲ့ လက္ေလးထဲက Stick ကို ဆြဲလုလိုက္သည္။

" မျဖစ္ဘူး... မျဖစ္ဘူး.. ျပလို႔ မျဖစ္လို႔ပါ.. Jay.. please "

ဒါကိုပဲ အသာတၾကည္ မေပးတဲ့ ေဘဘီက သူ႕အားေလးနဲ႕ မရမက ဆုတ္ထားကာ သူ႕ Stick ေလးကို ကာကြယ္ေနေသးသည္။

ေနာက္ဆုံး အားမတန္ေလေတာ့ Stick ေလးဟာ Jay လက္ထဲသို႔ ပါသြားခဲ့ရွာေလသည္။

" Jay!! မျဖစ္ဘူး လို႔!! .. မၾကည့္ပါနဲ႕ Jay... "

Sunoo တားေနလဲ မထူးေတာ့...

Jay ဟာ စားပြဲေပၚမွာ တင္ထားတဲ့ Sunoo ရဲ႕ MacBook ေလးရွိရာဆီ သြားၿပီး Stick ေလးကို ထိုးဆိုက္လိုက္ေလေတာ့သည္။

ဘယ္လိုမွ တားလို႔မရေတာ့ၿပီမို႔ Sunoo ကုတင္ေပၚကိုသာ အားအင္ကုန္ခမ္းစြာ ပစ္ထိုင္ခ်လိဳက္ၿပီး ရင္ဘတ္ေလးကို ဖိၿပီးသာ အသံတိတ္ ငိုေႂကြးေနလိုက္ေတာ့သည္။

မသိေစခ်င္ခဲ့ပါဘူး...

စိတ္သန့္သန့္နဲ႕ သူ႕အေရွ႕မွာ ရပ္တည္ေနတာကိုပဲ ျမင္လိုတာေလ။

သူ႕ရဲ႕ ေပါ့ဆမႈပါပဲ။

ျဖစ္ပ်က္ခဲ့တဲ့ ကိစၥရပ္ေတြေၾကာင့္ စိတ္နဲ႕လူနဲ႕ မကပ္ေလေတာ့ ဒါေတြကို ဖ်က္ဆီး ေဖ်ာက္ဖ်က္ပစ္ဖို႔ကို ေမ့ေနမိတာ။

Dr ဆီက ဒါေတြ ယူလာတဲ့ ေန႕ကတည္းက ျပႆနာေပါင္းစုံနဲ႕ အိမ္ကို ျပန္ေရာက္လာေတာ့ ဘီရိုအံဆြဲထဲ ထိုးထည့္ထားလိုက္ၿပီး ေနာက္မွ ဖ်က္ဆီးပစ္မယ္ဆို လုပ္ထားခဲ့တာ...

ဒီကိစၥကို သူ တကယ္ကို ေမ့သြားခဲ့တာပါ...

ယခုေတာ့ သူ႕ရဲ႕ ေပါ့ဆမႈေတြေၾကာင့္ မသိေစခ်င္ခဲ့သူ ကိုယ္တိုင္က ေတြ႕ဖို႔ ျမင္ဖို႔ အေၾကာင္းဖန္လာခဲ့ေလၿပီ။

File ႏွစ္ခုလုံးကို ဖြင့္ၾကည့္အၿပီး အံ့ဩ မယုံနိုင္သလိုပုံနဲ႕ မွင္သက္မိေနတဲ့ Jay က ဘာတစ္ခုမွ စကားဟ မလာခဲ့ေသး။

ပိတ္ေနၿပီ ျဖစ္တဲ့ Screen ႀကီးကိုသာ ေတြေတြႀကီး ထိုင္ၾကည့္ေနၿပီး လႈပ္မလာခဲ့ေတာ့။

ကုတင္စြန္းေလးမွာ ထိုင္ေနတဲ့ Sunoo ဟာလဲ မလႈပ္မယွက္ေပါ့။

ေရစိုဝတ္ေတြေတာင္ အနည္းငယ္ ေျခာက္စ ျပဳေနေပျပ္ီ။

သူကေတာ့ ခ်မ္းရမွန္းလဲမသိ။ ေအးရမွန္းလဲ မသိ။ ရင္တြင္းအပူေတြက အင္အားႀကီးႀကီး အနိုင္ယူထားေလသည္။

ေတြေတြႀကီး ထိုင္ေနတဲ့ Jay တစ္ေယာက္ အခ်ိန္တစ္ခု ၾကာတဲ့အခ်ိန္မွာ တေ႐ြ႕ေ႐ြ႕ ထလာခဲ့ၿပီး သူ႕ေရွ႕မွာ ေျခစုံရပ္သည္။

ၿပီးေနာက္ ေစာေစာကနဲ႕ မတူေတာ့စြာ တိုးေဖ်ာ့တုန္ယင္ေနတဲ့ အသံလွိုင္းတစ္ခုနဲ႕ လႈပ္လႈပ္ခတ္ခတ္ ေခၚလာခဲ့သည္။

" ေဘ ေဘဘီ ~~ "

" ကြၽန္ေတာ္ Jay ကို ဒါေတြ မသိေစခ်င္ခဲ့ဘူး... ကြၽန္ေတာ္ တားေနတာကို နားေထာင္မွေပါ့ Jay ရယ္... "

Sunoo ထိုင္ရာမွ ထကာ Jay လက္ဖ်ားေလးတစ္ဖက္ကို ဆုပ္ကိုင္လိုက္ၿပီး ယူက်ဳံးမရစြာနဲ႕
အႏူးညံ့ဆုံး ေလသံျဖင့္ ေျပာလိုက္မိသည္။

" ဒါေတြ ဘယ္ခ်ိန္... ဘယ္ခ်ိန္ကတည္းက.. "

" ဟုတ္တယ္... ကြၽန္ေတာ္ အဲ့ဒီ ေဆးေတြအေၾကာင္း သိေနတာၾကာၿပီ Jay... ဒါေပမယ့္ ဒါဟာ Jay လုပ္တာပါလို႔ ကြၽန္ေတာ္ အခုခ်ိန္ထိ မထင္ရက္ေသးဘူး... ဒါဟာ ကြၽန္ေတာ့္ရဲ႕ နိုးတစ္ဝက္အိပ္မက္ထဲက နတ္ဆိုးတစ္ပါးရဲ႕ လုပ္ရပ္လို႔ပဲ ကြၽန္ေတာ့္အာ႐ုံထဲမွာ မွတ္ထားတယ္..ဒါဟာ တကယ္ မဟုတ္ဘူး.. ကြၽန္ေတာ္ အိပ္မက္ဆိုး မက္တုန္းက ႀကဳံခဲ့ရတဲ့ အျဖစ္အပ်က္ တစ္ခုသာပါ... "

" ေဘဘီ "

" Jay ကြၽန္ေတာ့္အေပၚ ဘယ္လိုပဲ အနိုင္ယူပါေစ... ဘယ္လိုပဲ ရက္စက္နိုင္ပါေစ... ဘယ္လိုပဲ ထိခိုက္အနာတရေတြ ရေအာင္ လုပ္ခဲ့ပါေစ ကြၽန္ေတာ့္အတြက္ေတာ့ Jay ဟာ မွီခိုအားကိုးစရာ အေဖတစ္ေယာက္လို ၊ စိတ္လုံၿခဳံမႈေပးတတ္တဲ့ အစ္ကိုႀကီး တစ္ေယာက္လိုပါပဲ... ဟိုအရင္တုန္းကလဲ အဲ့လိုပဲ သတ္မွတ္ခဲ့တာျဖစ္သလို.. အခုလဲ အဲ့ဒီ အတိုင္းပဲ... တစ္သက္လုံးလဲ ဒီလိုပဲ မွတ္ယူေနအုံးမွာပဲ...Jay ဆိုတာ အၿမဲတမ္းအတြက္ ကြၽန္ေတာ္ ေလးစားအားက်ရတဲ့ အစ္ကိုႀကီးတစ္ေယာက္ပါ "

တကယ္ပါ ဒီကိစၥအတြက္နဲ႕ Jay စိတ္ထဲမွာ ဝန္ထုတ္ဝန္ပိုးႀကီး တစ္ခုလို ျဖစ္မေနေစခ်င္။

အခုခ်ိန္ထိ စကားေကာင္းေကာင္းမဆိုနိုင္ေသးတဲ့ Jay ကေတာ့ မ်က္ႏွာေတြပ်က္ကာ အားတုန့္အားနာ ျဖစ္ေနဟန္ေတြ အတိုင္းသား။

ဟင့္အင္ ကြၽန္ေတာ္ ခြင့္လႊတ္တာမို႔ ကြၽန္ေတာ့္အေပၚ အားနာသလိုေတြ မၾကည့္ပါနဲ႕။

Sunoo Jay ကို ေခါင္းေလးအသာရမ္းျပလိုက္ကာ ေအးစက္စက္ Jay လက္ဖဝါးေလးကို ဖ်စ္ညွစ္လိုက္ၿပီး

" ဘာမွ မျဖစ္ဘူး Jay... ကြၽန္ေတာ္ ခြင့္လႊတ္တာမို႔ ဒီကိစၥအတြက္နဲ႕ Jay စိတ္ထဲမွာ ဝန္ထုတ္ဝန္ပိုး မျဖစ္ပါနဲ႕ေနာ္ "

" ေဘဘီရာ... "

Sunoo ဆြဲထားတဲ့ လက္ကို ႐ုန္းထြက္သြားကာ တဖက္လွည့္ၿပီး လက္တစ္ဖက္က ခါးေထာက္၍ လက္တစ္ဖက္က လက္သီးဆုတ္ထားၿပီး ႏႈတ္ခမ္းေတြေပၚ အုပ္ကာထားတဲ့ Jay ။

သူ႕ႏႈတ္ခမ္းရဲ႕ တုန္ရီေနမႈေတြကို ဖုံးကြယ္ထားဟန္တူပါသည္။

နိမ့္လိုက္ျမင့္လိုက္ အတက္အက် ျမန္ဆန္ေနတဲ့ Jay ရဲ႕ ေက်ာျပင္က သူ႕ရင္တြင္း ခံစားခ်က္ေတြကို သိမ္းဝွက္လိုဟန္ျဖင့္ အရွိန္ယူေနျခင္းသာ ျဖစ္ပါမည္။

" ဒီကိစၥအတြက္ ခြင့္လႊတ္ပါလို႔ ကိုယ္ မေျပာဘူး ေဘဘီ... အနားမွာ ရွိေနေစခ်င္႐ုံ ဆႏၵ သပ္သပ္ပါ "

အပ္ကြဲ ေျခာက္ကပ္စြာနဲ႕ ထြက္ေပၚလာတဲ့ Jay ရဲ႕ စကားသံ တိုးေဖ်ာ့ေဖ်ာ့။

အသံတို႔ မတုန္ခါေစရန္ ထိန္းၿပီး ေျပာလိုက္ေပမယ့္ အဖ်ားသံတို႔ မတည္ၿငိမ္စြာ လႈပ္ခတ္ေနတာကေတာ့ အတိုင္းသား....

ေျပာၿပီးတာနဲ႕ ေျခလွမ္းႀကဲႀကီးေတြနဲ႕ ထြက္ခြာသြားတဲ့ Jay ရဲ႕ေနာက္မွာေတာ့ ကုတင္ေပၚသို႔ ျပန္၍ ၿပိဳလဲသြားခဲ့တဲ့ ခႏၶာငယ္ေလး။

ဒီလိုႀကီး မျဖစ္ေနပါနဲ႕ Jay ရယ္...

အၿမဲတမ္း ယုံၾကည္မႈအျပည့္နဲ႕ မာနအေရာင္တို႔ တလက္လက္ ေတာက္ေနခဲ့တဲ့ Jay ရဲ႕ မ်က္ဝန္းနက္နက္ေတြဟာ ဒီတစ္ႀကိမ္မွာေတာ့ျဖင့္ အေရာင္ေတြ မွိုင္းကာ ညွိုးေလ်ာ္ေနခဲ့တာက သူနဲ႕ မလိုက္ဖက္လိုက္တာ...

.
.
.

အဲ့ဒီရက္ေတြေနာက္ပိုင္း တိတ္ဆိတ္သြားခဲ့တဲ့ Jay ဟာ Sunoo ဆီကိုလဲ မလာေတာ့သလို ဖုန္းနဲ႕ေတာင္ အဆက္အသြယ္မလုပ္ေတာ့။

Sunoo ဖုန္းဆက္လွ်င္ေတာင္ ကိုင္လာျခင္း မရွိေတာ့ပါ။

ဒီလိုေတြ Jay ဖုန္းမကိုင္တိုင္း ကိုယ့္ကိုကိုယ္သာ အျပစ္ေတြ တင္ရင္း၊ ေပါ့ဆမိတဲ့ ကိုယ့္ကိုကိုယ္သာ စိတ္ေတြဆိုးရင္း Sunoo တစ္ေယာက္မွာလဲ ေနမထိထိုင္မသာ။

ထို႔ေၾကာင့္ Jay ရွိရာဆီ လိုက္သြားဖို႔ကိုပဲ ဆုံးျဖတ္လိုက္ကာ အတြင္းေရးမႉး Lee ထံဖုန္းဆက္၍ Jay ရွိေနမယ့္ေနရာကို စုံစမ္းလိုက္သည္။

စုံစမ္းလို႔ သိလိုက္ရတာက Jay ဟာ အလုပ္ကိုလဲ မလာဘဲ အိမ္မွာသာ အေနမ်ားပါသတဲ့။

ယခုလဲ အိမ္မွာပဲ ရွိေနၿပီး အိမ္ေနာက္ဘက္က ႏွင္းဆီျဖဴ ပန္းခင္းႀကီးထဲမွာ ရွိေနပါသတဲ့ေလ။

ထိုစကားကို ၾကားလိုက္ေတာ့ သူ ပင့္သက္ေလး ရွိုက္လိုက္မိတယ္...

ဒီ ပန္းခင္းႀကီးကလဲ သူ႕အတြက္ ရည္႐ြယ္ၿပီး စိုက္ပ်ိဳးထားတဲ့ ဥယ်ာဥ္ေလးပဲမလား...

သူ႕ကို မဆက္သြယ္ေပမယ့္ သူနဲ႕ ပတ္သက္ေနတဲ့ သူ႕အေငြ႕အသက္ေတြရွိေနတဲ့ ဒီပန္းခင္းႀကီးထဲ ေနၿပီး Jay ဘာေတြမ်ား စဥ္းစားေနမလဲ။

အဖ်ားေငြ႕ေငြ႕ ရွိ​ေနေသးတာေၾကာင့္ အျပင္သြားဖို႔အတြက္ လက္ရွည္အပါးေလးတစ္ထည္ကို ေကာက္စြပ္လိုက္ၿပီး အျပင္ထြက္မယ္ လုပ္ေတာ့ အေငြ႕တေထာင္းေထာင္းထေနတဲ့ ဆန္ျပဳတ္ပန္းကန္ေလးကို ကိုင္ၿပီး အခန္းထဲ ဝင္လာတဲ့ ေမေမက

" ေအာက္ဆင္းမလို႔လား သား... ေမေမက သားအိပ္ေနေသးတယ္ ထင္လို႔ ဆန္ျပဳတ္ပန္းကန္ေတာင္ အခန္းထဲ သယ္လာခဲ့တာ "

" ဟိုဘက္အိမ္ သြားမလို႔ ေမေမ... သား Jay ကို သြားေတြ႕မလို႔ "

" ေနလဲ ေကာင္းေသးတာ မဟုတ္ဘဲ သားရယ္... ေနာက္ရက္မွ သြားပါလား... အားလဲ မရွိ လူက ျဖဴဖတ္ျဖဴေရာ္နဲ႕ ေမေမ စိတ္မခ်ဘဴး "

" အခုသြားမွ ျဖစ္မယ္ ေမေမ... သား အခ်ိန္ေတြ မဆြဲခ်င္ေတာ့ဘူး "

ေမေမစိတ္မခ်တာလဲ မေျပာနဲ႕ စိတ္ပန္းလူပန္းနဲ႕ အဲ့ဒီ့ေန႕က Jay နဲ႕ ကိစၥျဖစ္ၿပီးသြားတဲ့ေနာက္ အေအးပတ္ၿပီး ဖ်ားသြားတဲ့ သူ။

ကေယာင္ကတမ္းေတြထိ ေျပာၿပီး အဖ်ားေတြ တက္ခဲ့တာ မ်က္လုံးေတြေတာင္ ဖြင့္လို႔မရခဲ့။

ခုမွ သက္သာခါစ ဆိုေတာ့ ေမေမက ဘယ္ စိတ္ခ်လိမ့္မလဲ။

ဒါေပမယ့္လည္း သူ ေစာင့္မေနနိုင္ေတာ့၍ Jay ရွိရာဆီ ထြက္လာခဲ့လိုက္ေတာ့သည္။

Jay တို႔အိမ္ဘက္ ေရာက္တဲ့အခါ ပန္းခင္းႀကီးထဲ တန္း ဝင္သြားလိုက္ေတာ့ ေက်ာက္ခုံေလးေပၚ ထိုင္ေနတဲ့ Jay။

လူကေတာ့ ပန္းခင္းထဲမွာ ရွိေနေပမယ့္ စိတ္ေတြက အေဝးလြင့္ေနဟန္ တူပါသည္။

လက္ၾကားထဲမွာလည္း မီးေသေနတဲ့ စီးကရက္တစ္လိပ္က ညွပ္ရက္သား။

သူ ဝင္လာတာကိုလဲ မျမင္။ အနားသြားရပ္တာေတာင္ မသိေလာက္ေအာင္ စိတ္ဝိဉာည္ေတြ လြင့္ေမ်ာေနတဲ့ Jay...

ထို႔ေၾကာင့္ သူ ခပ္တိုးတိုး အသံေပးလိုက္သည္။

" Jay..."

ထိုအခါမွာ လွည့္ၾကည့္လာတဲ့ မ်က္ဝန္းေတြဟာ မ်က္ဝန္းေသေတြနဲ႕။

သူ႕ကို ျမင္ျမင္ခ်င္း ေအာက္မ်က္ခမ္းသားေတြ လႈပ္သြားကာ အၾကည့္ကို ခ်က္ခ်င္းလႊဲသြားၿပီး

" ဘာကိစၥနဲ႕ ေရာက္လာတာလဲ ေဘဘီ "

" Jay ကို ဆက္သြယ္ မရလို႔ "

" ဘာ လိုလို႔လဲ "

" ကြၽန္ေတာ္ ဖ်ားေနတယ္... ကြၽန္ေတာ္ ေနလို႔မေကာင္းဘူး Jay "

" အင္း.. ဒါဆို ကိုယ္ ေဒါက္တာ့ကို ဖုန္းဆက္ေခၚေပးမယ္ "

ေျပာေျပာဆိုဆို အိတ္ကပ္ထဲက ဖုန္းကို ဆြဲထုတ္ၿပီး ဖုန္းဆက္ဖို႔ လုပ္ေနတဲ့ Jay ေၾကာင့္ Sunoo , Jay လက္ထဲက ဖုန္းကို ဆြဲလုလိုက္ကာ အေဝးသို႔ လႊင့္ပစ္လိုက္သည္။

" ေဘဘီ့! "

Jay ရဲ႕ ခပ္ေဆာင့္ေဆာင့္ ေအာ္သံေၾကာင့္ Sunoo , Jay ကို စိတ္မရွည္စြာ ျပန္ၾကည့္လိုက္ၿပီး Jay ေလသံအတိုင္း ျပန္ေအာ္လိုက္မိသည္။

" ကြၽန္ေတာ္ ဒီအတြက္ လာတာမဟုတ္ဘူးဆိုတာ Jay သိရက္သားနဲ႕ !! "

" ဟားးး ဒါဆို ကိုယ္ မင္းကို ဘာလုပ္ေပးရမွာလဲ"

သက္ျပင္းပူေတြ မႈတ္ထုတ္ၿပီး မ်က္ႏွာလႊဲကာ Jay ေမးလိုက္တဲ့ အခါ သူ႕လက္ေမာင္းေတြကေန မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေအာင္ ဆြဲလွည့္လိုက္တဲ့ ေဘဘီက

" Jay ဘာလို႔ ကြၽန္ေတာ့္ဆီ မလာတာလဲ... ဘာလို႔ ကြၽန္ေတာ္ ဆက္သြယ္တာကို အေရးမလုပ္ရတာလဲ "

" ဘာေတြ အေရးႀကီး ကိစၥ ရွိေနလို႔လဲ... ကိုယ္ မလြဲမေသြ လာမွ ရမွာလား "

မီးေသေနတဲ့ စီးကရက္ကို မီးညွိေနရင္း Jay က အေရးမစိုက္သလို ဆိုလာေတာ့ Sunoo Jay ရင္ဘတ္ႀကီးကို ထုရိုက္ပစ္ၿပီး စိတ္ရွိလက္ရွိ ေအာ္ပစ္လိုက္မိသည္။

" Jay!!! "

Sunoo တကယ္ႀကီးကို စိတ္မရွည္ေတာ့ပါ။

သိသိရက္နဲ႕ တမင္ မသိခ်င္ေယာင္ေဆာင္ေနသူႀကီးကို သူ အသည္းေတြ ယားလွၿပီ။

အိပ္ခ်င္ေယာင္ေဆာင္ေနသူဟာ ႏွိုးရခက္တယ္တဲ့...

" Jay ဘာလို႔ ကြၽန္ေတာ့္ကို ေရွာင္ေနတာလဲ... အဲ့ဒါ ေျဖ "

" ကိုယ္ မေရွာင္ပါဘူး "

" Jay ေရွာင္ေနပါတယ္... ကြၽန္ေတာ့္ဆီလဲ မလာဘူး.. ကြၽန္ေတာ္ ဖုန္းဆက္ေတာ့လဲ မကိုင္ဘူး.. ဘာလို႔လဲ.. ဘာလို႔ Jay အဲ့လိုေတြ လုပ္ေနရတာလဲ .. ေျပာ ကြၽန္ေတာ့္ကို.. "

" မေရွာင္ပါဘူး ေဘဘီ... ကိုယ္ တကယ္ ေရွာင္ေနတာ မဟုတ္ရပါဘူး "

" ဒါဆို ဘာလဲလို႔... အေၾကာင္းျပခ်က္က ဘာလဲ Jay "

" ကိုယ့္ကို အခက္ေတြ႕ေအာင္ မလုပ္ပါနဲ႕လား ေဘဘီရယ္... မင္း အခုလို ျဖစ္ေနတာေတြက ကိုယ့္ကို တကယ္ အခက္ေတြ႕ေစတယ္ "

အေဝးဆီကိုသာ အၾကည့္ေတြပို႔ရင္း စီးကရက္ကို နာနာရွိုက္ဖြာေနတဲ့ Jay မ်က္ဝန္းေတြဟာ မွိုင္းညို႔လို႔ေနကာ ေဆြးရိပ္တို႔ သန္းေနသလိုလို။

သူ Jay လက္ေမာင္းတစ္ဖက္ကို တြယ္ခ်ိတ္လိုက္ကာ ဖက္ထားလိုက္ၿပီးေနာက္ ပါးတစ္ဖက္နဲ႕ဖိကပ္၍ စကားတိုးတိုး ဆိုလိုက္သည္။

" ကြၽန္ေတာ္ နားလည္တယ္ေလ ကြၽန္ေတာ္ နားလည္တာမို႔ အဲ့လိုႀကီး မေနပါနဲ႕ Jay ရယ္... Jay ဒီလို ျဖစ္ေနရင္ ကြၽန္ေတာ့္ဘက္က ဘယ္လိုေနရမလဲ... ေျပာပါအုံး "

" ကိုယ္ မင္းကို မေတြ႕ခ်င္ေသးဘူး ေဘဘီ... ေက်းဇူးျပဳၿပီး ကိုယ့္ကို မဆက္သြယ္ဘဲ ေနေပးပါ... ကိုယ့္မွာ စဥ္းစားစရာေတြ သိပ္ မ်ားေနတယ္.... ကိုယ္ တိက်ေသခ်ာတဲ့ အေျဖတစ္ခုရလာတဲ့ တစ္ေန႕ ကိုယ္ မင္းကို ဆက္သြယ္ပါ့မယ္... အဲ့ေန႕ထိပဲ မင္းဘက္က ၿငိမ္ၿငိမ္ေလး ေနေပးပါလား... ကိုယ္ ေတာင္းဆိုတာပါ "

တြယ္ခ်ိတ္ထားတဲ့ သူ႕လက္ေတြကို ဆြဲျဖဳတ္ပစ္ၿပီး ေက်ာခိုင္းလိုက္ျပန္တဲ့ Jay ဟာ သူ႕ကို တဆုံးေသာ စကားတို႔ကို ဆိုတယ္။

ဒီလိုဆိုရင္ေတာ့ျဖင့္ သူ ဘာတတ္နိုင္ေတာ့မွာလဲေလ။

Jay ေျပာသလို ေစာင့္ေန႐ုံအျပင္ သူ ဘာမွ မတတ္ိုင္ေတာ့။

ဒါနဲ႕ပဲ သူ လွည့္ထြက္မလာခင္ Jay ကို သိေစခ်င္တဲ့ စကားေလးေတြ ေျပာျဖစ္ေအာင္ေတာ့ ေျပာခဲ့လိုက္တယ္။

" Jay ကို ကြၽန္ေတာ္ ဘယ္တုန္းကမွ အျပစ္မယူဖူးခဲ့သလို ... ဘာလို႔ အဲ့လိုလုပ္ရပ္ေတြ လုပ္ရတယ္ဆိုတာကိုလဲ ကြၽန္ေတာ္ အၿမဲ နားလည္ခဲ့ပါတယ္ ... အဲ့ဒါေၾကာင့္ Jay စိတ္ထဲမွာ ဘာကိုမွ ဝန္ထုတ္ဝန္ပိုးႀကီး တစ္ခုလို ထမ္းထားၿပီး အခက္ေတြရမယ့္ အေတြးေတြ မေတြးပါနဲ႕ဗ်ာ "

သူေျပာခ်င္ရာေတြ ေျပာသြားၿပီး လွည့္ထြက္သြားတဲ့ ေဘဘီ...

​ေျခသံေဖ်ာ့ေဖ်ာ့ေလး အေဝးကို ေရာက္သြားတဲ့ အခါ သူ ျပန္လွည့္ၾကည့္လိုက္မိေတာ့ ညေန ေနေရာင္ တိမ္ေတာက္ေတာက္ေအာက္မွာ ေငြေရာင္ဆံႏြယ္ ေလးေတြ တလႈပ္လႈပ္နဲ႕ သူနဲ႕ ေဝးရာကို ဦးတည္ေနတဲ့ ေဘဘီ့ရဲ႕ ေက်ာျပင္ေသးေသးေလး။

ဘာလို႔ ဒီေက်ာျပင္ေလး သူနဲ႕ ေဝးသြားရျခင္းက ဝမ္းနည္းစရာ ေကာင္းေနရတာလဲ...

ေဘဘီထြက္သြားၿပီး မၾကာခင္မွာ ေခါင္းငိုက္စိုက္နဲ႕ ထိုင္ေနတဲ့ သူ႕အနားကို ဘြား က ေရာက္လာခဲ့တယ္။

သူ႕ပုခုံးေလးေပၚ လက္တင္ၿပီး သူ႕ေခါင္းေလးကို ပြတ္သပ္ေပးကာ ဘြားဟာ အႏူးညံ့ဆုံး ၿပဳံးျပလာၿပီး

" ဒီကမၻာေပၚမွာေလ ဘြားတို႔ေတြ အတင္းအၾကပ္ လုပ္ယူလို႔မရတဲ့ အရာက ေမတၱာတရားပဲ ေျမးရဲ႕ ... ေ႐ႊေတြေငြေတြ ပုံေပးလို႔လဲ မရသလို... အပိုင္လိုခ်င္ပါတယ္ဆိုၿပီး သိမ္းထုတ္ထားလို႔လဲမရျပန္ဘူး... ေမတၱာတရားဆိုတာ သူ စီးဆင္းခ်င္တဲ့ အရပ္ကိုပဲ တသတ္မတ္ထဲ စီးဆင္းတာေလ ေျမးရယ္.... " တဲ့

ဟုတ္ပါတယ္...

တကယ္တမ္းေတာ့ သူဟာ လြတ္လပ္စြာ စီးဆင္းေနတဲ့ ေရေတြကို ေဘာင္ခတ္ၿပီး တားဆီးဖို႔ ႀကံတဲ့ တာေဘာင္တစ္ခုလိုျဖစ္ေနတာပါပဲ...

ဘယ္ေလာက္ပဲ တားဆီးထားလည္း အဲ့ဒီ့ ေရေတြ မ်ားျပားျပည့္လွ်ံသြားတဲ့အခါ တာေဘာင္ကို ေက်ာ္ၿပီး သူ႕ဦးတည္ရာအတိုင္း ထပ္မံ စီးဆင္းသြားအုံးမွာပဲမလား ...

အဲ့ဒီ့ ေရေတြရဲ႕စီးဆင္းမႈ အရွိန္ေတြ ျပင္းထန္လာခဲ့ရင္ ေနာက္ဆုံး က်ိဳးပဲ့ပ်က္စီးၿပီး က်န္ခဲ့ရမွာက အဲ့ဒီ့တာေဘာင္ႀကီး ကိုယ္တိုင္ပါပဲ။

ဒီလိုနဲ႕ သူ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိဳက္တယ္...

.
.
.

ဘူဆန္ၿမိဳ႕ရဲ႕ လူစည္ကားရာ ေစ်းေလးထဲမွာေတာ့

" ဒီမွာဗ် အန္တီ မွာထားတဲ့ ေကာ္ဖီေအးေလး ရပါၿပီ "

" ဟယ္... နတ္သားေလး ေရာက္လာၿပီလား.. အမေလး ငါတို႔ နတ္သားေလးက ဟယ္လို ဆိုတာနဲ႕ တန္းေရာက္လာတာပဲ... အဲ့ဒါေတြေၾကာင့္ ခ်စ္ေနရတာ.. ခ်စ္တယ္ေနာ္ နတ္သားေလးေရ... "

" ခ်စ္တယ္ဆို အၿမဲ အားေပးရမယ္ေနာ္ အန္တီ "

" အိုက္ဂူးးး ဒါေတာ့ ေျပာစရာကို မလိုတာ အလုပ္လုပ္လို႔ ေမာလာရင္ နတ္သားေလးရဲ႕ ေကာ္ဖီေလးကိုေသာက္ၿပီး နတ္သားေလးရဲ႕ အၿပဳံးခ်ိဳခ်ိဳေလးကို ျမင္လိုက္ရမွ အေမာေျပတာမို႔ အၿမဲတမ္း အားေပးမွာ စိတ္ခ် "

" ဟီးဟီး အန္တီကလဲ "

ဤသို႔ ဤႏွယ္ အၿပဳံးခ်ိဳခ်ိဳေလးနဲ႕ မွာထားတဲ့ ေကာ္ဖီေလးေတြကို ေစ်းတန္းတေလွ်ာက္ တစ္ဆိုင္ဝင္ တစ္ဆိုင္ထြက္နဲ႕ လိုက္လံပို႔ေဆာင္ေနတဲ့ ေကာင္ေလးတစ္ေယာက္။

သူ႕ရဲ႕ ျမင့္မားတဲ့ အရပ္၊ ေတာင့္တင္းတဲ့ ခႏၶာကိုယ္၊ ျဖဴဝင္းေနတဲ့အသားအရည္နဲ႕ လိုက္ဖက္စြာ ေခ်ာေမာခန့္ညားတဲ့ မ်က္ႏွာေလးေၾကာင့္ ဘူဆန္ၿမိဳ႕ တစ္ဝိုက္မွာ မသိသူ ခပ္ရွားရွားရယ္။

သေဘာေကာင္းလြန္းတဲ့ ဒီေကာင္ေလး ၿပဳံးရယ္လိုက္တိုင္း ခြက္ဝင္သြားတဲ့ ပါးခ်ိဳင့္ေလးေၾကာင့္လဲ လူေျပာမ်ား လူႀကိဳက္မ်ားၾကကာ သားမက္ဖမ္းခ်င္သူ အာဂ်ီးမားေတြလဲ ေပါသလို သူ႕ရဲ႕ ေကာ္ဖီဆိုင္ေလးထဲထိ လာၿပီး ရိသဲ့သဲ့စကားေတြ လာလာေျပာတဲ့ လွပ်ိဳျဖဴေလးေတြကလဲ ဒုနဲ႕ေဒး။

လူရည္လည္ၿပီး စကားေျပာညက္တဲ့ ဒီေကာင္ေလးက အားလုံးကို အၿပဳံးမျပတ္ လိုက္ေလ်ာညီေထြ ဆက္ဆံေပးၿပီး လူေတြ ခ်စ္သထက္ ခ်စ္လာေအာင္ ျပဳမူေျပာဆို နိုင္စြမ္းသည္။

သူ႕ရဲ႕ အၿပဳံးခ်ိဳခ်ိဳေလးေတြကိုေတာ့ လူတိုင္းကို ေပးၿပီး သူ႕ရဲ႕ အသည္းႏွလုံးကိုေတာ့ျဖင့္ တစ္ေနရာတည္းမွာ ျမႇုပ္ႏွံ႕လို႔ သိမ္းဝွက္ထားခဲ့တာေၾကာင့္ မည္သူ႕ကိုမွ် ေပးစရာ မရွိေတာ့။

မွာထားတဲ့ ေကာ္ဖီေတြကို ကုန္ေအာင္ လိုက္ပို႔ၿပီးတဲ့ေနာက္ ဆိုင္မွာလဲ ဝန္ထမ္းေတြ ရွိေနတာေၾကာင့္ သူ စိတ္ေအးလက္ေအးျဖင့္ ကမ္းနားကို ဆင္းလာခဲ့သည္။

ၿပီး ေနရာေလးတစ္ေနရာမွာပဲ ေက်ာက္ခ်ထားသလို ၿငိမ္ၿငိမ္ေလး ထိုင္ေနၿပီး ျမစ္ျပင္ႀကီးဆီ ေငးလို႔ တစ္ေယာက္ထဲ ငိုင္ေနတတ္တာဟာ သူ႕ရဲ႕ အက်င့္တစ္ခုလိုကို ျဖစ္ေနေလၿပီ။

စိတ္လိုလက္ရရွိတဲ့အခ်ိန္မွသာ ေကာ္ဖီဆိုင္ေလးကို ဖြင့္တတ္ၿပီး ပိတ္ထားတဲ့ အခ်ိန္ေတြမွာဆိုရင္ေတာ့ ဆိုင္ရွင္ေလးကို ဒီကမ္းေျခေလးမွာ ေတြ႕ျမင္ရတတ္တာ လူတိုင္းသိေနၾကေပၿပီ။

အခုလဲ ျမစ္ျပင္က်ယ္ႀကီးဆီ ထိုင္ေငးေနတဲ့ ေကာင္ကေလး...

သူ႕ရင္ထဲမွာ ဘာေတြ ရွိေနမလဲ...

ေသခ်ာေပါက္ သူ႕အျမင္အာ႐ုံမွာ ေငြေရာင္ဆံႏြယ္ေလးေတြနဲ႕ မ်က္လုံးေလးေတြ ပိတ္က်ေနေအာင္ ၿပဳံးရယ္တတ္တဲ့ ေကာင္ငယ္ေလးက ရွိေနမွာေပါ့...

လြမ္းတယ္ အေဆာရယ္...

ေမာင္ သိပ္ လြမ္းေနရပါတယ္...

ညစာစားပြဲေန႕က ေနာက္ဆုံး ျမင္ခဲ့ရတဲ့ တုန္တုန္ယင္ယင္ ပုံစံေလးကို မ်က္လုံးထဲက မထြက္။

ေပ်ာ္ေနပါ ေမာင့္အခ်စ္ရယ္...

မင္း ေပ်ာ္ေစဖို႔ ေမာင္ စေတးေပးထားရတာေတြ အလကားမျဖစ္ရေလေအာင္

အေဆာ မ်က္လုံးေလးေတြ ပိတ္က်သြားတဲ့အထိ အားရပါးရ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးရယ္ေနပါကြယ္...

ေမာင့္အတြက္ကေတာ့ မင္းရဲ႕ ပုံရိပ္ေယာင္ေလးေတြကို ျမစ္ျပင္ေပၚမွာ ဖန္တီးရင္း ေကာင္းကင္ႀကီးေပၚမွာ ပုံေဖာ္ရင္းနဲ႕ လြမ္းရသမွ်ကို ေျဖေဖ်ာက္ေနပါတယ္။

သိလား အေဆာ...

ေမာင္တို႔ လူခ်င္းေဝးေနၾကေပမယ့္ေလ...

ေမာင့္ အျမင္အာ႐ုံေတြတိုင္းမွာ မင္းက ရွိေနတယ္ အခ်စ္ရဲ႕။

ေဟာ အခုလဲ အေဝးကေန ခုတ္ေမာင္းလာေနတဲ့ ငါးဖမ္းေလွႀကီးရဲ႕ ထိပ္ဦးမွာ ေမာင့္ကို လက္ေဝွ႕ယမ္းျပေနတဲ့ ေကာင္ငယ္ေလးက မင္းပါပဲ။

အေပၚကို ေမာ့ၾကည့္မိျပန္ေတာ့လဲ တိမ္ေတြေပၚမွာ ေမာင့္ကို ၿပဳံးၿပဳံးႀကီး ၾကည့္ေနတဲ့ မင္းက ရွိေနျပန္ေရာ...

ျမစ္ျပင္ႀကီးဆီ အၾကည့္ေရာက္မိေတာ့လဲ ေဘာကြင္းႀကီးကိုခိုလို႔ လွိုင္းပုတ္မွာကို ေစာင့္ၿပီး လွိုင္းစီးေနတဲ့ ေကာင္ငယ္ေလးက မင္း ျဖစ္ေနျပန္သတဲ့။

ျမစ္ျပင္ဆီက တိုက္ခတ္လာတဲ့ ေလတိုးသံေတြထဲမွာလဲ မင္းရဲ႕ ရယ္သံလြင္လြင္ေလးေတြ ၾကားေနရျပန္တယ္ေလ...

ေမာင္တို႔ ဘယ္မွာ ေဝးလို႔လဲကြယ္...

ေမာင္တို႔ ဘယ္မွာ ခြဲေနရလို႔လဲ အခ်စ္ရဲ႕...

ၾကည့္ေလရာရာမွာ ျမင္ေလရာရာဟာ မင္းပါပဲ အခ်စ္ရယ္....

ေမာင့္ ပတ္ဝန္းက်င္မွာ မင္းက အၿမဲတမ္း ရွိေနပါတယ္။

" hyung!!!! ကြၽန္ေတာ္တို႔နဲ႕ ေရလာကူးလွည့္ေလ!! "

သူ အေတြးထဲမွာ နစ္ေနတုန္း ခပ္ေဝးေဝးဆီက ကေလးတစ္သိုက္က သူ႕ကို ေရအတူကူးဖို႔ ေအာ္ေခၚေနတာေၾကာင့္ သူ ပါးခ်ိဳင့္ႀကီးခြက္ဝင္သြားေအာင္ ၿပဳံးျပလိုက္ၿပီး လက္ခါျပလိုက္ရသည္။

လူႀကီးေတြကသာ ခ်စ္တာမဟုတ္။ အဲ့လို ကေလးေတြဆီကပါ အခ်စ္ခံရတဲ့ Park Sunghoon ရယ္ပါ...

ထိုစဥ္မွာပဲ အိတ္ကပ္ထဲက ဖုန္းက ထျမည္လာတာေၾကာင့္ ယူၾကည့္လိုက္ေတာ့ Screen ထက္မွာ ျမင္လိုက္ရတဲ့ အမည္နာမတစ္ခုေၾကာင့္ သူ ထပ္မံၿပီး ၿပဳံးလိုက္မိျပန္တယ္။

လက္ေတြကို ခပ္သြက္သြက္ လႈပ္ရွားေစၿပီး ဖုန္းေလးကို နား နားကပ္လိုက္ၿပီး

" ဟယ္လို... "

.
.
.

ဒီေန႕ December 8 ရက္ေန႕...

ညကတည္းက က်ေနတဲ့ ႏွင္းေတြေၾကာင့္ ျမင္ကြင္းေတြက သိပ္မပီျပင္ခ်င္။

လမ္းဘက္ေတြမွာလဲ ႏွင္းရည္ေတြေၾကာင့္ စို႐ႊဲေနကာ ႏွင္းပြင့္ေဖြးေဖြးေတြက လမ္းေဘးတစ္ဖက္တစ္ခ်က္မွာ ပုံလို႔။

အရင္ရက္ေတြကထက္ အေအးပိုကဲေနတဲ့ ဒီမနက္ခင္းေလးမွာ တစ္ေနရာကို သြားဖို႔ အလုပ္ရႈပ္ေနရွာတဲ့ ေကာင္ငယ္ေလး။

ေအးလြန္းလို႔ ေစာင္ပုံထဲက မထြက္ခ်င္ေပမယ့္ မနက္ေစာေစာ ဖုန္းဆက္ၿပီး တစ္ေနရာကို သြားစရာရွိလို႔ ျပင္ဆင္ထားလို႔ ဆိုလာေလတဲ့ Jay ေၾကာင့္ ေစာင္ထဲက မထြက္ခ်င္ထြက္ခ်င္နဲ႕ ထြက္ၿပီး ျပင္ဆင္ေနျခင္း ျဖစ္သည္။

ဒါဟာ Jay သူ႕ဆီကို ပထမဆုံး ဆက္သြယ္လာတာလဲ ျဖစ္လို႔ သူ ဝမ္းပန္းတသာနဲ႕ စိတ္လႈပ္ရွားေနရတာကိုလဲ ဝန္ခံရမည္။

ဘယ္သြားမယ္လဲ မေျပာသလို ဘာလုပ္မယ္လို႔လဲ မေျပာသြားခဲ့။

သူကလဲ ေစာဒကေတြတက္ၿပီး ေမးမေနေတာ့။

Jay အခုလို ဆက္သြယ္လာတာနဲ႕တင္ ေက်နပ္ပါၿပီေလ။

အားလုံး အဆင္သင့္ျဖစ္ေတာ့ သူ ေအာက္ထပ္ကို ဆင္းလာခဲ့သည္။

ဘယ္ခ်ိန္ကတည္းက ေရာက္ေနလဲမသိတဲ့ Jay က ေအာက္မွာ အဆင္သင့္ေစာင့္လို႔ေနသည္။

" ေရာက္ေနတာၾကာၿပီလား Jay "

သူ တက္ႂကြတဲ့ ေျခလွမ္းေတြနဲ႕ Jay အနားကို သြားလိုက္ၿပီး ေမးလိုက္တဲ့အခါ Jay က ေအးေအးခ်မ္းခ်မ္းေလး ၿပဳံးျပလာကာ

" ခုပဲေရာက္တယ္ ေဘဘီ... အျပင္သြားမွာကို ႏြေးႏြေးေထြးေထြး ဝတ္လာတာေတာ့မဟုတ္ဘူး "

" ဒါလဲ ႏြေးေနပါၿပီ Jay ရဲ႕... အရမ္းအထူႀကီးဆို စိတ္အိုက္လို႔ "

" ဟုတ္ပါၿပီ ဒါဆိုလဲ ဒါေလးေတာ့ ပတ္ထားလိုက္ "

သူ႕လည္ပင္းမွာ ပတ္ထားတဲ့ မာဖလာေလးကို ခြၽတ္၍ Sunoo လည္ပင္းမွာ အက်အန ပတ္ေပးလာတဲ့ Jay ေၾကာင့္ Sunoo ၿငိမ္ၿငိမ္ေလး ေနေပးလိုက္ရင္း Jay မ်က္ႏွာကို ၾကည့္၍ ၿပဳံးလိုက္သည္။

Jay မ်က္ႏွာေလးဟာ ၾကည္လင္ေနၿပီး ေအးခ်မ္းေနပါေရာ...

မာဖလာေလး လည္ပင္းမွာ က်က်နနေရာက္သြားတဲ့အခါ Jay က သူ႕လက္ေလးတစ္ဖက္ကို ဆုပ္ကိုင္၍

" သြားၾကရေအာင္ ေဘဘီ " တဲ့

ဒါနဲ႕ ေမေမ့ကို ႏႈတ္ဆက္ကာ သူတို႔ Jay ေမာင္းတဲ့ ကားေလးနဲ႕ တစ္ေနရာကို ထြက္လာခဲ့ၾကေတာ့သည္။

ဘယ္ဆီ ဘယ္ဝယ္ေတာ့ မသိ။

Jay ေခၚသြားမယ့္ တစ္ေနရာရာေပါ့။

ဆီးႏွင္းတို႔ရဲ႕ လက္ခ်က္နဲ႕ စို႐ႊဲေနတဲ့ ကားလမ္းေတြေပၚ သတိထားၿပီး ေမာင္းေနတဲ့ Jay က ေရွ႕တူရႉကိုသာ အာ႐ုံစိုက္ေနၿပီး သူ႕ဘက္ကို လွည့္ၾကည့္မလာခဲ့။

ေဒါသေတြ မာန္မာနေတြ ကင္းစင္ေနတဲ့ အာ႐ုံစူးစိုက္မႈအျပည့္နဲ႕ Jay ရဲ႕ မ်က္ႏွာဟာ ေအးခ်မ္းေနၿပီး ေယာက်ာ္းပီသတဲ့ ခန့္ညားမႈေတြနဲ႕။

Jay မ်က္ႏွာကို မမွိတ္မသုန္ စိုက္ၾကည့္ေနမိၿပီး အေတြးမ်ားေနတဲ့ Sunoo တစ္ေယာက္ Jay သူ႕ဘက္ကို လွည့္လာမွ အၾကည့္ေတြကို ႐ုတ္သိမ္းလိုက္မိသည္။

" ကိုယ့္ကို ၾကည့္လို ဝ ၿပီလား ေဘဘီ... မဝေသးရင္ ကားရပ္ၿပီး ေရွ႕တည့္တည့္က လာၾကည့္မလား "

ၿပဳံးစစနဲ႕ စေနာက္လာတဲ့ Jay စကားေၾကာင့္ Sunoo မ်က္ႏွာေလး ပန္းေရာင္သန္းသြားကာ ရွက္ကိုးရွက္ကန္း ျဖစ္သြားရသည္။

" မၾကည့္ မၾကည့္ပါဘူး... ကြၽန္ေတာ္ ဘယ္မွာ ၾကည့္ေနလို႔လဲ "

" ဟုတ္ပါၿပီ မၾကည့္ဘူးဆိုလဲ... ပ်င္းေနရင္ အိပ္ခ်င္အိပ္ေနေလ ေဘဘီ... ကိုယ္တို႔ ေရာက္ဖို႔ ေတာ္ေတာ္ေမာင္းရအုံးမွာ "

" အေဝးႀကီး သြားမွာလား "

" သိပ္ အေဝးႀကီးေတာ့ မဟုတ္ဘူးေပါ့... ဆိုလ္းကေနဆို ေလးနာရီ ေလာက္ ေမာင္းရမယ္... ခုမွ ကိုယ္တို႔က ၿမိဳ႕အထြက္ဆိုေတာ့ လိုေသးတယ္.. မနက္က ေဘဘီ အေစာ ထထားရတာမလား ခဏေလာက္ ျပန္အိပ္ေနလိုက္ေနာ္... ကိုယ္ ေရာက္ရင္ ႏွိုးေပးမယ္ "

" ဟုတ္ကဲ့ Jay "

Jay က လမ္းေဘးမွာ ကားခဏရပ္လိုက္ကာ ေနာက္ခန္းမွာ ယူလာခဲ့တဲ့ ေစာင္ကို လွမ္းယူၿပီး သူ႕ကို ၿခဳံေပးလာသည္။

" ေအးတယ္ ေစာင္ေလးၿခဳံထား "

သက္ေသာင့္သက္သာ အိပ္လို႔ရေအာင္ ျပဳျပင္ေပးၿပီးေနာက္ ကားစက္ႏွိုးကာ ကားေလးကို လိုရာ ဦးတည္လိုက္ျပန္တဲ့ Jay ။

Sunoo ရဲ႕ မ်က္လုံးေလးေတြကေတာ့ ခဏအၾကာမွာ ေမွးစင္းသြားၿပီး အိပ္စက္ျခင္းဆီသို႔ ေရာက္ရွိသြားေလေတာ့သည္။

သူ႕ေဘးမွာ စိတ္ခ်လက္ခ်နဲ႕ ၿငိမ္းခ်မ္းစြာ အိပ္ေနတဲ့ ေဘဘီ့ကို Jay လွည့္ၾကည့္လိုက္ၿပီး မခ်ိၿပဳံးေလး တစ္ခုကို ၿပဳံးလိုက္မိသည္။

ခ်စ္တယ္ ေဘဘီရယ္...

ခု ခ်ိန္ထိေအာင္ ကိုယ္ မင္းကို...

ဟူးးး

ကိုယ္ ဘာလို႔ ဒီလို ဆုံးျဖတ္ခ်က္ႀကီးကို ခ်ခဲ့မိပါလိမ့္ကြာ...

Jay အေတြးေတြကို အဆုံးထိ အေရာက္မခံဘဲ လမ္းတစ္ဝက္နဲ႕ ရပ္တန့္ပစ္လိုက္သည္။

ဘာပဲျဖစ္ျဖစ္ ဆုံးျဖတ္ခဲ့ၿပီးၿပီပဲ...

ေနာင္တ မရခ်င္ေတာ့ဘူးကြယ္...

.
.
.

Sunoo နားထဲမွာ ၾကားလိုက္ရတဲ့ ေခၚသံသဲ့သဲ့ေၾကာင့္ ေလးပင္ေနတဲ့ မ်က္လုံးေတြကို အားယူ၍ ဖြင့္လိုက္သည္။

ပထမဆုံး ျမင္လိုက္ရတာက သူ႕ကို ၿပဳံးၾကည့္ေနတဲ့ Jay ရဲ႕ မ်က္ႏွာကို။

" ေရာက္ၿပီ အိပ္ပုတ္ေလး ...ေတာ္ေတာ္မွ အိပ္လို႔ေကာင္းလိုက္ရဲ႕လား "

" အားး ဝါးးး အိပ္ေပ်ာ္သြားတာ sorry ေနာ္ Jay.. အေဖာ္လဲ လုပ္မေပးျဖစ္လိုက္ဘူး "

ပါးစပ္ေလးကို လက္ဝါးေလးနဲ႕ အုပ္၍ သန္းေဝရင္း Sunoo အားနာစကား ဆိုလိုက္မိသည္။

တကယ္ကို သူ အၾကာႀကီး အိပ္ေပ်ာ္သြားမိတာ။

" ရပါတယ္ ဗ်ာ... ခုလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္လိုက္လာတာကိုပဲ ကိုယ္က ေက်နပ္လွပါၿပီ "

" အဟင္းး ကြၽန္ေတာ္တို႔ ဘယ္ကိုေရာက္... ဟင္.. ဟင္.. Jay!!! Jay ကြၽန္ေတာ့္ကို ပင္လယ္ႀကီးဆီ ေခၚလာတယ္ .. အားးး ပင္လယ္ႀကီးပဲ "

ခုံကို ေနာက္လွန္ေပးထားတာေၾကာင့္ ေရွ႕ျမင္ကြင္းကို ေသေသခ်ာခ်ာ မျမင္ရေသးတဲ့ ေဘဘီက ခါးေလးကို မတ္၍ ေရွ႕ကို ၾကည့္လိုက္တဲ့အခါမွာေတာ့ ဝမ္းသာအားရ ေအာ္သံေလး ထြက္ေပၚလာခဲ့ၿပီး ကားတံခါးကို ဖြင့္ကာ ေျပးဆင္းသြားေလေတာ့သည္။

" ပင္လယ္ႀကီးေရ႕.... ကြၽန္ေတာ္ လာတယ္ ဗ်ိဳးးးးး "

ေရအစပ္ရွိရာထိ ေတာက္ေလွ်ာက္ေျပးဆင္းသြားတဲ့ ေဘဘီက ပါးစပ္နားကို လက္ေလးနဲ႕ ကာလို႔ ပင္လယ္ႀကီးကို ေအာ္ဟစ္ႏႈတ္ဆက္ဖို႔လဲ မေမ့ပါ။

ကေလးေလး တစ္ေယာက္လို ေျပးလႊား ေအာ္ဟစ္ ခုန္ေပါက္ေနတဲ့ ေဘဘီ့ကို ျမင္ေနရျခင္းက သူ႕ဆုံးျဖတ္ခ်က္ေတြ မွန္ကန္တယ္ဆိုတာကို သက္ေသထူေနေလရဲ႕။

မင္း ၿပဳံးေပ်ာ္ေနဖို႔ပဲ လိုတာပါ ေဘဘီ...

" Jay ျမန္ျမန္လာေလ "

အေဝးကေန ခုန္ဆြခုန္ဆြနဲ႕ သူ႕ကို အျမန္လာဖို႔ လက္ယပ္ၿပီး ေခၚေနတဲ့ ေဘဘီ။

ေဘဘီ့အလိုက် Jay ခပ္သြက္သြက္ေလး လွမ္းသြားလိုက္ၿပီး ေဘဘီ့နားကို ေရာက္ေတာ့ ေဘဘီက သူ႕လက္ကို လာဆြဲၿပီး ေရထဲထိ ေျပးဆင္းကာ

" ပင္လယ္ႀကီးေရ... သူ႕ကို ကြၽန္ေတာ္က Jay လို႔ ေခၚပါတယ္ဗ်... သူက ကြၽန္ေတာ့္ကို ပင္လယ္ႀကီးဆီ ေခၚလာေပးတဲ့သူပါ "

သူ႕ကိုပါ လက္ဆြဲျပၿပီး ပင္လယ္ႀကီးနဲ႕ မိတ္ဆက္ေပးေနတဲ့ ေဘဘီဟာ တကယ္ကို ကေလးေလးတစ္ေယာက္လို ျမဴးတူးေပ်ာ္ပါးေနေလရဲ႕။

မနက္ခင္းေနေရာင္ေအာက္ ေငြေရာင္တို႔ တလက္လက္ထေနတဲ့ သဲေသာင္ေတြေပၚ ေျပးတက္သြားျပန္ကာ ခ႐ုေလးေတြ လိုက္ေကာက္ေနျပန္တဲ့ ေဘဘီ။

" Jay ကြၽန္ေတာ္ ဒီခ႐ုေလးေတြကို အိမ္ေရာက္ရင္ Jay အတြက္ သီေပးမယ္ သိလား... ဘာေလး လိုခ်င္လဲ လက္ေကာက္ေလး လုပ္ေပးရမလား...ဆြဲႀကိဳးေလးလား... ဒါမွမဟုတ္ ကားေသာ့မွာ ခ်ိတ္ထားဖို႔ လုပ္ေပးရမလား "

သူ႕ဆီက စကားျပန္ကို မေစာင့္ဘဲ ေျပာခ်င္ရာကို တတြတ္တြတ္ေျပာရင္း လက္သြယ္သြယ္ေလးေတြကလဲ သဲထဲက ခ႐ုေလးေတြကို အေကာက္မပ်က္တဲ့ ေဘဘီ့ကို ၾကည့္ၿပီး Jay ရင္ထဲမွာ လွိုက္တက္လာတဲ့ ဝမ္းနည္းစိတ္က ထိန္းမရ။

ကိုယ္ ေဘဘီ ကိုယ္တိုင္ လုပ္ေပးမယ့္ အဲ့ခ႐ု လည္ဆြဲေလးကို လိုခ်င္လိုက္တာ ေဘဘီရယ္...

ဒါေပမယ့္... ဒါေပမယ့္...

က်လာတဲ့ မ်က္ရည္စက္ေတြကို ေဘဘီမျမင္ခင္ သူ လက္ဖမိုးနဲ႕ ခပ္ၾကမ္းၾကမ္း ဖိသုတ္ပစ္လိုက္ရသည္။

ေပ်ာ္စရာ အမွတ္တရေလးေတြကိုပဲ ခ်န္ထားခဲ့ခ်င္တာပါမို႔ သူ႕မ်က္ရည္ေတြကို မျမင္ေစလိုပါ။

ဒါေၾကာင့္သူ ခ႐ုေလးေတြ ေကာက္ရင္း သဲေသာင္တေလွ်ာက္ သြားေနတဲ့ ေဘဘီ့ေနာက္ကို Long coat အကၤ်ီရဲ႕ အိတ္ကပ္ေတြထဲကို လက္ႏွစ္ဖက္ ထည့္ရင္း ျဖည္းျဖည္းခ်င္းသာ လိုက္လာမိသည္။

ဒီျမင္ကြင္းေလးကိုေတာ့ျဖင့္ Sunoo ဦးတည္ၿပီးသြားေနတဲ့ တဖက္သဲေသာင္ေပၚ လမ္းေလွ်ာက္လာေနတဲ့ ေကာင္ကေလးက အစအဆုံး ျမင္ေနရပါသတဲ့။

ခပ္ေဝးေဝးမွ တျဖည္းျဖည္း နီးကပ္လာတဲ့ အခါ လွမ္းလက္စ ေျခလွမ္းေတြကို ရပ္တန့္လိုက္ၿပီး ေရွ႕က ျမင္ကြင္းေလးကိုပဲ မမွိတ္မသုန္ စိုက္ၾကည့္ေနမိၿပီး သူ႕မွာ ဝမ္းသာရမွာလား ဝမ္းနည္းရမွာလား ေဝခြဲမရ ျဖစ္လို႔ေနေလရဲ႕။

တကယ္တမ္းက သူ႕အတြက္ ေမြးေန႕လက္ေဆာင္ လာေပးမယ္လို႔ ဖုန္းဆက္လာလို႔ သူ ဒီေနရာကို ေရာက္လာရတာေလ။

ဟုတ္တယ္ ဒီေန႕က သူ႕ေမြးေန႕။

Park Sunghoon ဆိုတဲ့ ေကာင္ေလးတစ္ေယာက္ကို ဒီကမၻာေျမျပင္ႀကီးေပၚ ေခၚေဆာင္လာခဲ့တဲ့ ေန႕ေကာင္းရက္ျမတ္ေလးတစ္ရက္ေပါ့။

မိဘေတြ ဆုံးသြားကတည္းက ေမြးေန႕ဆိုတာကိုလဲ သတိမရေတာ့သလို ဘယ္သူ႕ဆီက လက္ေဆာင္ကိုမွ လက္မခံခဲ့တာ ယေန႕အထိ။

သူ႕ Profile ကို သိထားတဲ့ Jay က သူ႕ေမြးေန႕မွန္း သိ၍ ဖုန္းဆက္လာခဲ့ၿပီး ညီအစ္ကိုအျဖစ္ သိရတဲ့ ပထမဆုံး ေမြးေန႕မို႔ လက္ေဆာင္ ေပးလိုပါသည္ဟု ဖုန္းဆက္လာခဲ့သည္။

ၾကားၾကားခ်င္း သူ မယုံနိုင္ခဲ့။

အံ့ၾသမႈေတြနဲ႕ အတူ သူ လက္ခံဖို႔ကို တြန့္ဆုတ္ေနမိတာ။

လက္မခံလို႔ မျဖစ္ဘူး ေဟ့ေကာင္.. ငါ ဆက္ဆက္လာေပးမွာမို႔ ဒီ ကမ္း​ေျခေလးက ေစာင့္ပါ ဆိုတဲ့ Jay ရဲ႕ စကားေၾကာင့္ သူ အံ့ၾသ ဝမ္းသာစြာနဲ႕ လာခဲ့တာ။

Jay ဟာ ဘာေၾကာင့္မ်ား အေဆာကိုပါ ေခၚလာပါလိမ့္။

သူ ေနာက္ျပန္လွည့္ကာ ထြက္သြားလိုက္ရမလား...

ေနရာမွာတင္ရပ္ကာ ေတြေဝေနမိတုန္းမွာပဲ

" ဟို ေျခေထာက္ေလး နည္းနည္း ႂကြေပးပါလား ဟင္... သူ႕ ေျခေထာက္ေအာက္မွာ ခ႐ုခြံေလး ဖိမိေနလို႔ "

အသံလြင္လြင္ေလးကို ၾကားလိုက္ရတဲ့ ခဏ သူ႕ဘယ္ဘက္ရင္အုံဟာ ဒိတ္ခနဲ။

မ်က္ႏွာကို ေသခ်ာ ေမာ့မၾကည့္ဘဲ သူ႕ ေျခေထာက္ေအာက္က ခ႐ုကိုသာ ယူဖို႔ ႀကိဳးစားေနတဲ့ အေဆာ။

သူ အသံမရႉရဲေသးဘူး။

အေဆာ သူ႕ကို ေတြ႕ရင္ ဘယ္လို တုန့္ျပန္မွာလဲ ေတြးေနမိလို႔။

Jay ကေရာ ဘာေျပာမွာလဲ။

ဒီတစ္ခါကေရာ ဘယ္လို စမ္းသပ္မႈေတြ လုပ္အုံးမွာလဲ Jay ရယ္။

" ဒီမွာ ဒီမွာ ေျခေထာက္ေလး ႂကြေပး....ဟင္... ေမာင္! "

ေတာင့္ေတာင့္ႀကီး ရပ္ေနမိတဲ့ သူ႕ကို ေတြ႕သြားတဲ့ အေဆာဟာလဲ လႈပ္ရွားမႈေတြ ရပ္တန့္သြားကာ မ်က္ႏွာေပၚက အၿပဳံးႏုႏုေလးလဲ ေပ်ာက္ကြယ္သြားခဲ့ေလသည္။

" ေမာင္က ေမာင္က ဘယ္လိုလုပ္.."

" Happy Birthday Park Sunghoon shi "

သူ႕နဲ႕ အေဆာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ေၾကာင္ေငးေနမိၾကတုန္းမွာပဲ အေဆာရဲ႕ ေနာက္ကေန ထြက္လာတဲ့ Jay ရဲ႕ Birthday wish ဟာ သူတို႔ ႏွစ္ေယာက္လုံးကို လႈပ္လႈပ္ရွားရွား ျဖစ္သြားေစသည္။

" ဒါ ဘယ္လို စမ္းသပ္မႈမ်ိဳးလဲ CEO... ဒီတစ္ခါကေရာ ဘာ ရည္႐ြယ္ခ်က္နဲ႕လဲ "

Sunghoon ေဒါသသံနဲ႕ ခပ္ေလာေလာေလး ေမးလိုက္မိတဲ့အခါ အၿပဳံးနဲ႕သာ တုန့္ျပန္လာတဲ့ Jay က အေဆာလက္တစ္ဖက္ကို ကိုင္ဆြဲလာကာ သူ႕ေရွ႕တည့္တည့္ထိ တိုးကပ္၍ လာၿပီးေနာက္

" ငါ မင္းဆီကို ေမြးေန႕လက္ေဆာင္ လာေပးမယ္လို႔ ေျပာခဲ့ၿပီးသား မဟုတ္ဘူးလား... ဘာ ရည္႐ြယ္ခ်က္မွလဲ မဟုတ္သလို... ဘာ စမ္းသပ္မႈမွလဲ မဟုတ္ပါဘူး Sunghoon shi... ေမြးေန႕လက္ေဆာင္ လာေပး႐ုံ သပ္သပ္ပါ "

" ဘယ္လို... "

" ကိုယ္ စိတ္ရင္းနဲ႕ ဆုေတာင္းေပးပါတယ္ ညီ... ေမြးေန႕မွာ ေပ်ာ္႐ႊင္ပါေစ "

မေမွ်ာ္လင့္... လုံးဝကို မေမွ်ာ္လင့္ထားတဲ့ အသံတစ္ခုက နားထဲကို ဒိုင္းခနဲ ေစာင့္ဝင္ သြားတဲ့အခါ Sunghoon ေျခေထာက္ေတြ ေနာက္ကို ယိုင္က်သြားခဲ့ရတယ္။

ညီ တဲ့ေလ...

CEO က အခု သူ႕ကို ညီ လို႔ ေခၚလိုက္တာလား...

သူ အံ့ၾသလို႔ မၿပီးေသးခင္မွာပဲ သူ႕လက္တစ္ဖက္ကို ဆြဲယူလိုက္ျပန္တဲ့ CEO က အေဆာရဲ႕ လက္ေလးတစ္ဖက္ကို သူ႕လက္ဖဝါးထဲ ထည့္လာကာ

" ေမြးေန႕လက္ေဆာင္ေလးကို သေဘာက်မယ္လို႔ ထင္ပါတယ္ ညီ... ငါ့အတြက္ အရမ္း အဖိုးတန္တဲ့ ရတနာေလးမို႔ တသက္လုံး ေကာင္းေကာင္းမြန္မြန္ ေစာင့္ေရွာက္ေပးပါ "

" CEO !"

" Jay! "

ႏွစ္ေယာက္လုံးဆီက အာေမဋိတ္သံဟာ တၿပိဳက္ထဲထြက္ေပၚလာခဲ့သည္။

Sunghoon အေယာင္ေယာင္အမွားမွားနဲ႕ သူ႕လက္ထဲက ခ႐ုေကာက္ထားလို႔ သဲမႈန္ေလးေတြ ကပ္ေနတဲ့ အေဆာရဲ႕ လက္ေလးကို လႊတ္ခ်မယ္လုပ္လိုက္ေတာ့ Jay က ျပန္ဆြဲယူထားကာ လက္ေလးႏွစ္ဖက္ကို က်က်နန ထပ္ေပးလိုက္ၿပီး

" အဲ့လို အံ့ၾသထိတ္လန့္စရာေတြနဲ႕ ႀကဳံေတြ႕ရမယ္ဆိုရင္ေတာင္ ဒီလက္ေလးကို လႊတ္ခ်လိဳ႕မျဖစ္ဘူး ညီ... ဒါ မင္း တစ္သက္လုံး မလႊတ္တမ္း ဆုပ္ကိုင္ထားရမယ့္ လက္ကေလးပါ "

" Jay.. Jay ဘာေတြ ေျပာေနတာလဲ ဟင္ "

Sunoo နားမလည္စြာ Jay ကို ေမးလိုက္ေတာ့

" ကိုယ့္ကို ခြင့္လႊတ္ပါ ေဘဘီ... ကိုယ္ ေဘဘီ့ကို တစ္သက္လုံးစာ မေစာင့္ေရွာက္နိုင္ေတာ့ဘူး... ေဘဘီ့ကို ေပ်ာ္ေအာင္ထားဖို႔လဲ ယုံၾကည္ခ်က္ မရွိေတာ့ဘူး ေဘဘီ... ဒါေၾကာင့္ေလ... ကိုယ့္ကို လက္လႊတ္ခြင့္ ျပဳပါေတာ့... မင္း ခ်စ္တဲ့သူဆီမွာပဲ မင္း ဘဝႀကီးကို ျမႇုပ္ႏွံပါကြယ္.. "

" Jay... "

အသည္းငယ္ငယ္ ႏွလုံးသားေလး ႏူးညံ့လွတဲ့ Sunoo ကေတာ့ လူဆိုးႀကီး လူမိုက္ႀကီးရဲ႕ ယုံၾကည္ခ်က္မဲ့ စကားေတြၾကား ရွိုက္ႀကီးတငင္ ငိုေနရွာေလၿပီ။

" မငိုပါနဲ႕ ေဘဘီရယ္... အခုခ်ိန္က ေဘဘီ ေပ်ာ္ေနသင့္တာေလ... ကိုယ္ စိတ္ခ်လက္ခ် အပ္ခဲ့ပါရေစေနာ္ ညီ... မင္း တာဝန္ယူနိုင္မယ္လို႔ ကိုယ္ ယုံၾကည္တယ္ "

Sunoo ကို မငိုဖို႔ ေျပာရင္း Sunghoon ကိုပါ လက္ေမာင္းကို ပုတ္၍ ၿပဳံးျပေနတဲ့ Jay။

ေသခ်ာေပါက္ အၿပဳံးေတြက မပီျပင္ေတာ့ဘူးေပါ့။

Jay မ်က္ဝန္းမွာလဲ မ်က္ရည္ၾကည္တို႔ ရစ္သိုင္းေနသလို Sunghoon ဟာလဲ မ်က္ေတာင္တို႔ ပုတ္ခတ္လွ်က္။

" ကိုယ္... ေနာက္ဆုံးအေနနဲ႕ မင္းတို႔ကို ေျပာခ်င္တာက...

လြဲမွားတဲ့ အတၱေတြနဲ႕ အားလုံးအေပၚ အနိုင္လိုခ်င္ခဲ့ အနိုင္ယူခဲ့မိတာေတြအတြက္ ကိုယ္ ေတာင္းပန္ပါတယ္...

ကိုယ့္လုပ္ရပ္ေတြက ခြင့္လႊတ္မႈရဖို႔ မထိုက္တန္ဘူးဆိုေပမယ့္... ကိုယ္ မင္းတို႔ကို ေတာင္းပန္စကားေလးေတာ့ ေျပာခဲ့ခ်င္ေသးတယ္ ... အရာရာတိုင္းအတြက္ ေပါ့ ကိုယ့္ကို ခြင့္လႊတ္ေပးပါ "

ေခါင္းငုံ႕၍ ထိုစကားေတြကို ဆိုခဲ့ၿပီး ခ်က္ခ်င္းပဲ လွည့္ထြက္လာခဲ့တဲ့ Jay...

ထိန္းမနိုင္စြာ စီးက်လာတဲ့ မ်က္ရည္ပူေတြကို မျမင္ေစခ်င္ဘူးေလ။

အႀကီးတစ္ေယာက္ ျဖစ္ၿပီး အငယ္ေတြေရွ႕ ေပ်ာ့ညံ့မျပခ်င္ဘူး။

ခပ္သြက္သြက္ ေျခလွမ္းတို႔နဲ႕ ေဝးနိုင္သမွ်ေဝးေအာင္ ထြက္လာခဲ့တဲ့ Jay...

" hyung!!! "

ေနာက္ေက်ာဘက္ဆီမွ ၾကားလိုက္ရတဲ့ အက္ရွရွ ေခၚသံတစ္ခု...

ဒါေပမယ့္ သူ လွည့္မၾကည့္ရဲခဲ့ဘူး...

ဒါဟာ သူ႕ကို ေခၚတဲ့ နာမ္စားတစ္ခုပါလို႔ မခံယူရဲလို႔ေလ...

ဒါေၾကာင့္ တုန့္ခနဲ ရပ္လိုက္မိတဲ့ ေျခလွမ္းေတြကို မ်က္လုံးစုံမွိတ္၍ အားတင္း​ၿပီး ေရွ႕သို႔ဆက္လွမ္းလိုက္တဲ့အခါမွာေတာ့...

" Jay hyung!!! "

ဒီတစ္ခါမွာေတာ့ တိက်ေသခ်ာတဲ့ နာမတစ္ခုကို တပ္၍ ေခၚလိုက္သံေၾကာင့္ သူ႕ ေျခလွမ္းေတြကို တိတိပပကို ရပ္တန့္လိုက္မိပါသည္။

ေျပးလာေနတဲ့ ေျခသံတစ္ခုနဲ႕အတူ ေမာဟိုက္ေနတဲ့ အသက္ရႉသံ ျပင္းျပင္းက ေနာက္ပါးဆီကို ေရာက္လာတဲ့ အခါ သူေနာက္ျပန္လွည့္ကာ ၾကည့္လိုက္မိပါသည္။

" ကြၽန္ေတာ္ hyung ကို အစ္ကိုတစ္ေယာက္အျဖစ္ တစ္ခါေလာက္ ဖက္ထားလို႔ရမလား "

တဆက္ဆက္ ညိမ့္ျပလိုက္မိတဲ့ ေခါင္းညိမ့္မႈေတြေနာက္မွာ ပါးျပင္ေပၚက မ်က္ရည္ေတြဟာလဲ ေျမျပင္ေပၚအထိ ။

မသုတ္ေတာ့ဘူး မ်က္ရည္ေတြကို။

မတားဆီးေတာ့ဘူး မ်က္ရည္ေတြကို။

ႏြေးေထြးစြာ ေပြ႕ဖက္လာတဲ့ Sunghoon ရဲ႕ လက္ေမာင္းေတြၾကား သူ ၿငိမ္သက္စြာပဲ ရပ္ေနမိတယ္...

" ကြၽန္ေတာ့္ကိုလဲ တစ္ခါေလာက္ တင္းတင္းေလး ျပန္ဖက္ေပးပါလား hyung "

Sunghoon ရဲ႕ ေတာင္းဆိုသံအဆုံး သူလည္းပဲ Sunghoon ရဲ႕ ေက်ာျပင္က်ယ္ႀကီးကို ရစ္သိုင္းလို႔ ႏြေးေထြး တင္းၾကပ္စြာ ဖက္ထားလိုက္မိေတာ့သည္။

ထိုအခါမွာ Sunghoon ဆီက ခပ္တိုးတိုး ေျပာလာတယ္...

" အရာရာတိုင္း အတြက္ ေက်းဇူးပါ hyung ရယ္ " တဲ့...

သူ ဖက္ထားတာကို ျပန္ခြာလိုက္ၿပီး Sunghoon မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ

" ဘဲႀကီး မဟုတ္ေတာ့ဘူးလား ခ်ာတိတ္ "

" ဟက္! ဘာပဲျဖစ္ျဖစ္ ဒီလို အမိုက္စားဘဲႀကီးက ကြၽန္ေတာ့္အစ္ကိုဆိုတာ သိလိုက္ရေတာ့ ဂုဏ္ယူမိသြားတာေတာ့ အရမ္းပဲ... တစ္ေကာင္ႂကြက္ လို႔ပဲ သိထားတဲ့ ကြၽန္ေတာ့္ဘဝမွာ ဒီလို အစ္ကိုမ်ိဳး ရွိေသးပါလားဆိုတဲ့ စိတ္က... က်စ္! ဘယ္လိုေျပာရမလဲ... ဒီထဲထိ ႏြေးေထြးသြားေစတာေလ "

သူ႕ရင္ဘတ္ကိုသူ လက္မနဲ႕ ျပန္ေထာက္ျပကာ ဟန္ပါပါ ေျပာလိုက္တဲ့ စကားသံအဆုံး သူတို႔ႏွစ္ေယာက္ ဟန္ေဆာင္မႈကင္းစြာ ဟက္ဟက္ ပက္ပက္ ရယ္ေမာလိုက္မိၾကတယ္။

ႏွစ္ေယာက္လုံးရဲ႕ မ်က္လုံးထဲမွာ အရည္ၾကည္ေတြ ေဝ့ေနတာေလးကိုေတာ့ ထည့္မေျပာေတာ့ပါဘူးေလ...

ျပန္ေတာ့ဖို႔ ႏႈတ္ဆက္တဲ့အခါမွာ ေဘဘီက မ်က္ရည္ေလး စမ္းစမ္းျဖင့္ သူ႕ကို ၾကည့္လာၿပီး

" Jay.. Jay လဲ ေသခ်ာေပါက္ ေပ်ာ္ေနရမယ္ေနာ္ "

" ေသခ်ာေပါက္ေပါ့ ေဘဘီရယ္... ကိုယ္ ေပ်ာ္ေနမွာပါ "

ေဘဘီ့ရဲ႕ ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတြကို ဆြဲဖြပစ္ၿပီး သူ ကတိေပးေတာ့ ေဘဘီဟာ ယဲ့ယဲ့ေလး ၿပဳံးတယ္...

ဒီလိုနဲ႕ လက္ခ်င္းယွက္ထားတဲ့ ေကာင္ေလးႏွစ္ေယာက္ကို ေက်ာခိုင္းလာခဲ့တဲ့ Jay ဟာ ကားေပၚေရာက္တဲ့အခ်ိန္မွာပဲ ဖုန္းေလးကို ထုတ္ကာ နံပါတ္တစ္ခုကို ႏွိပ္လိုက္တယ္....

ၿပီးေနာက္ ၿပဳံး႐ႊင္ေနတဲ့ မ်က္ႏွာ တက္ႂကြေနတဲ့ ေလသံတို႔နဲ႕ ခပ္ျမဴးျမဴးေလး ေျပာလိုက္တယ္...

" ကြၽန္ေတာ္ ဗိုက္အရမ္းဆာေနၿပီမို႔ ကြၽန္ေတာ္ ႀကိဳက္တဲ့ ဟင္းေတြခ်က္ၿပီး အတူစားဖို႔ ေစာင့္ေနေပးပါ Daddy "

ေသခ်ာေပါက္ တဖက္က ဖုန္းကိုင္သူဟာလဲ ဝမ္းသာပီတိ ဂြမ္းဆီထိေနေတာ့မွာ မလြဲ။

သူ ၾကားခ်င္ခဲ့တဲ့ Daddy ေခၚသံေလး ၾကားလိုက္ရၿပီမလား...

ကားစက္ႏွိုး၍ ထြက္မယ္အလုပ္ ေနာက္ၾကည့္မွန္မွ တဆင့္ ျမင္ေနရတဲ့ အလြမ္းေတြကို အနမ္းေတြနဲ႕ ေျဖသိမ့္ေနၾကတဲ့ ကမ္းစပ္က ေကာင္ေလးႏွစ္ေယာက္ဆီ ေနာက္ဆုံးအေနနဲ႕ လွမ္းၾကည့္လိုက္ကာ ကားဘီးကို ျဖည္းျဖည္းခ်င္း စ လွိမ့္လိုက္သည္။

မင္း ေပ်ာ္မယ့္အရပ္ဆီကိုပဲ လြတ္လပ္စြာ ပ်ံသန္းပါ ေဘဘီ...

မင္း ဆုပ္ကိုင္မယ့္ လက္တစ္စုံဟာ မင္း တစ္ဘဝလုံးစာ ႏြေးေထြးမႈေတြ ေပးနိုင္ပါေစ

မင္းခိုလႈံမယ့္ ရင္ခြင္တစ္စုံဟာ မင္းတစ္ဘဝလုံးစာ လုံၿခဳံမႈေတြ ေပးနိုင္ပါေစ...

မင္း ပုံေဖာ္မယ့္ ကံၾကမၼာတစ္ခုဟာ မင္းတစ္ဘဝလုံးစာ ေက်နပ္မႈေတြ ရနိုင္ပါေစ...

မင္း ေပ်ာ္ေနမယ္​ဆို ကိုယ္နာက်င္ရလည္း ျဖစ္တာမို႔

ၿပီးေတာ့...

ကိုယ့္ရဲ႕ ေပ်ာ္႐ႊင္မႈက မင္းရဲ႕ရယ္သံေလးေတြပဲမို႔ မင္း မ်က္ႏွာေလးေပၚက အဲ့ဒီ့ အၿပဳံးေလးေတြ ေပ်ာက္ကြယ္မသြားဖို႔ေတာ့ ကိုယ့္ကို ကတိေပးပါ ေဘဘီ...

ရံဖန္ရံခါေပါ့...

အမွတ္တမဲ့အေနနဲ႕ပဲ ျဖစ္ျဖစ္ ရင္ဘတ္ေဟာင္းေလာင္းနဲ႕ မင္းရွိရာအရပ္ကို ေမွ်ာ္ၾကည့္ေနမယ့္ ကိုယ့္ကို သတိရေပးပါ...

အမွတ္တမဲ့ပါပဲ... တကယ္ကို အမွတ္တမဲ့ေလာက္ေလးပါပဲ..

သတိရေပးမယ္ဆိုရင္ ကိုယ္ မင္းကို လက္လႊတ္ေပးခဲ့ရတာေတြအတြက္ ေျဖသာနိုင္မယ္ ထင္ပါရဲ႕ ေဘဘီရယ္...

ပိုင္ဆိုင္ရမွ အခ်စ္လို႔ သတ္မွတ္ထားတဲ့ ကိုယ့္အတြက္ မင္းမ်က္ႏွာေပၚက အၿပဳံးေလးေတြ ေပ်ာက္ကြယ္သြားတဲ့ ေန႕ကစလို႔ ခံယူခ်က္ေတြ ေျပာင္းလဲ သြားခဲ့ရတာဟာ ေဘဘီ့ကို သိပ္ ခ်စ္လို႔ပါ...

ခုေတာ့ ကိုယ္ အေသအခ်ာကို သိသြားခဲ့ၿပီ ေဘဘီ...

ပိုင္ဆိုင္ရမွ အခ်စ္မဟုတ္ဘူး...

ကိုယ္ခ်စ္ရတဲ့သူ ေပ်ာ္႐ႊင္ေနမယ္ဆိုရင္ အေဝးကေန ေမွ်ာ္ၾကည့္ေနရမယ္ဆိုရင္လဲ ကိုယ္ တင္းတိမ္နိုင္ခဲ့ပါၿပီ။

တကယ္ပါ မင္းမ်က္ႏွာေပၚက အၿပဳံးေလးေတြ ေငးၾကည့္ေနရ႐ုံနဲ႕ ကိုယ္... ကိုယ္ေလ... တင္းတိမ္နိုင္ခဲ့ပါၿပီကြယ္...

ေနာက္ဆုံးအေနနဲ႕ ကိုယ္ ဝန္ခံဖြင့္ဟပါရေစ ေဘဘီရယ္...

ကိုယ္ မင္းကို သိပ္ ခ်စ္ခဲ့ပါတယ္...

ကိုယ္ေလ...

ေဘဘီ့ကို ...

ကိုယ့္အသက္ထက္ ပို ခ်စ္ခဲ့ပါတယ္...

💙 ၿပီးပါၿပီ 💙

***********************************

Love you...

San Htarni 💙

9.9.2023

// ဇာတ္သိမ္းသြားၿပီ ဆိုေပမယ့္ ဇာတ္ေကာင္ေတြရဲ႕ ကာရိုက္တာေတြအေၾကာင္း ရွင္းျပခ်က္ေလးေတြ လာပါအုံးမယ္ေနာ္။
ဒီ ရွင္းျပခ်က္ဟာ ဇာတ္တစ္ဇာတ္လုံးရဲ႕ အႏွစ္ခ်ဳပ္မို႔ မဖတ္ဘဲ မေနၾကပါနဲ႕ လို႔ ႀကိဳတင္ၿပီး မွာထားပါရေစ။
ၿပီးေတာ့ ဇာတ္လမ္းနဲ႕ ပတ္သက္တဲ့ အေမးအေျဖေလးေတြလဲ လာပါအုံး မယ္။
ဒီေန႕ေတာ့ ကြၽန္ေတာ္ ဇာတ္သိမ္းကို တစ္ေနကုန္ ထိုင္ေရးေနၿပီး ဖုန္းေရာ လူေရာ ပါဝါ down သြားလို႔ ေက်းဇူးတင္စကားေလးေတြလဲ မေျပာနိုင္ေသးဘူး။ မနက္ျဖန္မွာ အႏွစ္ခ်ဳပ္နဲ႕ ေက်းဇူးတင္စကားေလးေတြ ေျပာဖို႔ လာခဲ့အုံးမွာမို႔ ကြၽန္ေတာ့္ noti ေလးကိုေတြ႕ရင္ ဆက္ဆက္ဝင္လာခဲ့ပါဗ် //

P.S... vote ေတြ comment ေတြ ေတာင္းဖို႔ကေတာ့ ကြၽန္ေတာ္ ယုံၾကည္ခ်က္မဲ့သြားၿပီမို႔ မေတာင္းေတာ့ပါဘူးဗ်။ ေပးခ်င္တဲ့ သူေတြက ကြၽန္ေတာ္ မေတာင္းလဲ ေပးၾကတယ္ေလေနာ္ 😏

Comment