~ 25 ~

~ 25 ~

" Jay ~~"

" ခုချိန်မှာ ကိုယ့်ကို ဘာ စကားမှ မပြောတာ မင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ် ဘေဘီ "

အပေါ်ကုတ်ကို ချွတ်ကာ ကုတင်ပေါ် လှမ်းပစ်တင်ပြီး Necktie ကို ဆွဲဖြုတ်၍ ရှပ်အင်္ကျီရဲ့ ကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်နေတဲ့ Jay...

အပြင်က ပြန်ရောက်ကတည်းက " နောက်က လိုက်ခဲ့ " လို့ တစ်ခွန်းထဲသာ ပြောကာ အခန်းထဲထိ တောက်လျှောက်ဝင်သွားပြီး သူ့ကို လှည့်လဲမကြည့်သလို စကားလဲ တစ်ခွန်းမှ ထပ် မပြောတော့ဘဲ လုပ်စရာရှိတာတွေကိုသာ အေးအေး ဆေးဆေး လုပ်နေလေသည်။

ကားပေါ်မှာတုန်းကလဲ ဘာ တစ်ခွန်းမှ မဟခဲ့...

ဒီလို တိတ်ဆိတ်နေတာကြီးက ပို၍ပင် ကြောက်စရာ ကောင်းနေလေသည်။

မုန်တိုင်းမလာခင် လေငြိမ်နေတဲ့သဘောကြီး။

Jay မျက်နှာမှာ ဒေါသအရိပ်အယောင်တို့ ကင်းစင်နေပေမယ့် တည်တင်းအေးစက်နေမှုကတော့ တစ်စက်ကလေးမှ လျော့မသွား။

နှစ်ယောက်တည်းရှိနေတဲ့ အိပ်ခန်းကျယ်ကြီးထဲမှာ Jay လှုပ်ရှားရာမှ ပေါ်ထွက်လာတဲ့ အသံတွေကလွဲ တိတ်ဆိတ်လို့...

Sunoo မှာလဲ Jay ဘာပြောလာမလဲ စောင့်ရင်း ရင်တထိတ်ထိတ်။ Jay ရဲ့ မျက်နှာ အရိပ်အကဲကိုသာ မပြတ်လိုက်ကြည့်နေမိပြီး Aircon ခန်းအေးစိမ့်စိမ့်ထဲ ချွေးစို့နေရပြီ။

တော်တော်ကြာတဲ့အထိ ဘာမှ ပြောမလာလို့ ကိုယ့်ဘက်က စ ခေါ်လိုက်တော့လဲ ဘာစကားမှ မပြောတာ ကောင်းလိမ့်မယ်တဲ့...

ထို့ကြောင့် Sunoo ဘာမှ ထပ်မဟတော့ဘဲ နေရာမှာသာ ခြေစုံရပ်ရင်း Jay ပြောလာမယ့် စကားတွေ ပေးလာမယ့် အပြစ်ဒဏ်တွေ အတွက် စိတ်ကို ပြင်ဆင်ပြီးသာ စောင့်နေလိုက်မိတော့သည်။

ကိုယ့်အပြစ်နဲ့ကိုယ်မို့ ပေးလာသမျှ အပြစ်ဒဏ်ကို ခံယူနိုင်ပါသည်။

တစ်ခုပဲ မောင့်ကို သွားပြီး ဒုက္ခ မပေးဖို့တော့ တောင်းဆိုရမည်။ ပေးသမျှ အပြစ်ဒဏ် အကုန်ခံယူမှာမို့ မောင် တစ်ယောက်တော့ အန္တရာယ် ကင်းဖို့ လိုပါသည်။

အပေါ်အင်္ကျီတွေကို ချွတ်၍ ရေချိုးခန်းထဲ ဝင်သွားခဲ့ပြီး မကြာခင်မှာပဲ ရေကျသံများကို ကြားရသည်။

Sunoo မှာ ဘယ်အချိန် ရေချိုးခန်းထဲက ထွက်လာမလဲလို့ ရေကျသံတွေကို နားစွင့်ရင်း နေရာမှာပဲ မလှုပ်မယှက် ရပ်နေမိဆဲ...

ထိုင်လဲ မထိိုင်ရဲ...

လက်မထိပ်လေးချင်း ပွတ်လို့ ခေါင်းလေးငုံ့ပြီးသာ နေ နေရသည်။

ခဏကြာတော့ ရေကျသံတွေ ရပ်သွားကာ တံခါးဖွင့်သံကြားလိုက်ရပြီး တဘတ်တစ်ထည် ခါးမှာပတ်လို့ ရေချိုးခန်းထဲက ထွက်လာတဲ့ Jay...

ရေစိုဆံပင်တွေကို တဘတ်တစ်ထည်နဲ့ သုတ်ရင်း ကုတင်ပေါ်ကို ထိုင်လိုက်တဲ့ Jay ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေစက်ရေပေါက်တွေက တွဲခိုလို့။

Jay ရဲ့ ကျောပြင်ပေါ်က ကပ်ငြိနေတဲ့ ရေစက်လေးတွေကို Sunoo တစ်ယောက် အမှုမဲ့ အမှတ်မဲ့ ကြည့်ရင်း လိုက်လံ ရေတွက်နေမိသည်။

လူဆိုတာ ဂယောင်ခြောက်ခြားဖြစ်ပြီဆို အဓိပ္ပါယ်မရှိတာတွေကိုလဲ အရေးတယူတွေ လုပ်တတ်​ကြတာ သဘာဝပဲမလား...

Sunoo ခုထိတိုင် တုံဏိဘာဝေ လုပ်နေတဲ့ Jay ကို ကြည့်ပြီး သက်ပြင်းလေး ခိုးရှိုက်လိုက်မိသည်။

တစ်ခုခု ပြောလာပါတော့ Jay ရယ်....

ကျွန်တော့်ကို အသံတိတ်နည်းနဲ့ အသေသတ်နေသလိုမို့... တစ်ခုခု အမြန်ဆုံး ပြောလာပါတော့။

အချိန်တွေ ကြာလာလေ Sunoo ရဲ့ စိတ်တွေ ဆောက်တည်ရာမရ ဖြစ်လာလေပါ...

ခေါင်းသုတ်နေရာမှ ထ သွားပြန်တဲ့ Jay က အဝတ်လဲခန်းထဲကို ဝင်သွားကာ ညအိပ်ဝတ်ရုံရှည်ကြီးကို ဝတ်လာသည်။

ပြီးနောက် ကုတင်ဘေးက စားပွဲပေါ်မှ i pad ကို ယူကာဖွင့်လိုက်ပြီး တစ်စုံတစ်ခုကို ရှာနေလေသည်။

တွေ့သွားဟန်တူတော့ i pad ကို Sunoo ရှိရာဘက် ကုတင်စွန်းထိ လှမ်းပစ်ပေးလာပြီး

" အဲ့ဒါကို သေချာကြည့် "

အခုမှ ပထမဆုံး စပြောလာတဲ့ စကားသံဟာ တည်တည်ငြိမ်ငြိမ်ပါပဲ...

မျက်နှာမှာလဲ ဒေါသငွေ့တွေ မတွေ့ရသလို စကားပြောတဲ့အခါမှာလဲ ဒေါသသံတို့ ပါမလာ။

သူ့ကို i pad ပေးခဲ့ပြီး Jay က အခန်းအပြင် ထွက်သွားလေသည်။

Sunoo မှာ တုန်တုန်ယင်ယင်နဲ့ Jay ချပေးခဲ့တဲ့ i pad လေးကို ကောက်ယူပြီး ဖွင့်ပြထားတဲ့ အရာကို ကြည့်လိုက်မိချိန်မှာတော့ မျက်လုံးအစုံတို့ ပြူးကျယ်သွားကာ သွေးကြောတွေရဲ့ စီးဆင်းမှုဟာ ငယ်ထိပ်ဆီသို့တိုင် ဖောက်ထွင်းဝင်ရောက်သွားတော့မယောင်...

ပုံတွေ...

သူနဲ့မောင့်ရဲ့ ပုံတွေ...

ရှုထောင့်အမျိုးမျိုးကနေ သေချာချိန်ရိုက်ထားတဲ့ ပုံတွေဟာ မနည်းမနော...

ဒါ Jay လွှတ်ထားတဲ့ လူတွေရဲ့ လက်ချက်များလား...

အောက်ထိ ဆက်ဆွဲ ကြည့်လိုက်တဲ့ အခါမှာ ခေါင်းစီးသတင်းအနေနဲ့ ပါလာတဲ့ သတင်းတစ်ပုဒ်...

ဒီသတင်းမှာလဲ သူနဲ့ မောင့်ပုံတွေကို ဝါးပြီး ထည့်ထားတာပါပဲ။

သတင်းအောက်က မှတ်ချက်အချို့မှာလဲ တော်တော် ဆိုးဆိုးဝါးဝါးတွေ ပြောဆို ရေးသားထားကြသေးသည်။

ကြည့်နေရင်း Sunoo မျက်လုံးတွေ ဝေဝါးလာခဲ့သည်။

ဘာကြောင့် ဒီလောက်ထိတောင် ဖြစ်ကုန်ရတာလဲ...

သူ စွန့်စားပြီး ချစ်လိုက်မိတဲ့ အချစ်တစ်ခုက ဒီလောက်ထိတောင် ဆိုးဆိုးရွားရွား ဖြစ်လာစရာ လိုလို့လား။

အချစ်တစ်ခုတည်းပါပဲ...

ဒီအချစ်ကြောင့် ကျန်တာတွေကို သူ မျက်ကွယ်ပြုလိုက်မိတာ...

သူ မဆင်ခြင်လိုက်မိတာ....

ခုတော့ ခုတော့....

မတ်တပ်ရပ်ထားတဲ့ ခြေထောက်တွေဟာ မတ်မတ်ရပ်ဖို့တောင် အင်အားမရှိတော့။

ကုတင်ဘေး ကြမ်းပြင်ပေါ်ကို ခွေလဲကျသွားပြီး မျက်ဝန်းထဲက မျက်ရည်ကြည်တို့ဟာလဲ လက်ထဲက i pad လေးပေါ် ပိုးပိုးပေါက်ပေါက်....

ဒီလောက်ထိ သိထားပြီး ဒီလိုပုံတွေကိုပါ မြင်ထားပြီးတာတောင် Jay မပေါက်ကွဲတာကရော...

ဒါ ဘယ်လို ထူးဆန်းမှုကြီးလဲ...

Jay စိတ်နဲ့ဆို ခုချိန် သူ တစ်စဆီ ဖြစ်နေလောက်ပြီလေ။

ခုတော့ တွေ့ကတည်းက ခပ်အေးအေး အမူအရာနဲ့ ဒီအရာတွေဟာ ဘာမှ မဟုတ်သလို နေနိုင်ပြနေတာ။

ချပ်!

တံခါးဖွင့်သံနဲ့အတူ လက်ထဲမှာ ဝိုင်ပုလင်းကို ကိုင်ကာ အခန်းထဲ ပြန်ဝင်လာတဲ့ Jay...

သူ့ကို တစ်ချက်သာ ကြည့်သွားပြီး ဝရံတာဘက် ထွက်သွားလေသည်။

Sunoo ကြမ်းပြင်ပေါ်ကနေ ကုန်းရုန်းထလိုက်ပြီး မျက်ရည်တွေကို သုတ်ကာ Jay ရှိရာဆီ လိုက်သွားလိုက်သည်။

ဒီအခြေအနေနဲ့က Jay ပြောလာမယ့်စကားကို စောင့်နေရတော့မယ့်အချိန် မဟုတ်တော့ဘူးလေ။

သူ့ဘက်က စပြီး တစ်ခုခု ပြောဖို့ လိုလာပြီမလား။

" Jay..."

မဝံမရဲ ခေါ်လိုက်မိပေမယ့် Jay ဆီကတော့ ဘာမှ တုန့်ပြန်မလာ။ ဝိုင်ကိုသာ ပုလင်းလိုက်မော့ရင်း မျက်လုံးတွေက အဝေးကို ခပ်စူးစူး စိုက်ကြည့်နေသည်။

" Jay... ဒီ ဒီ ပုံတွေက ... "

ခွမ်း!!!

Sunoo နောက်တစ်ခွန်း ထပ်ခေါ်လိုက်တဲ့အချိန် လက်ထဲမှာ ကိုင်ထားတဲ့ i pad လေးကို ဆွဲယူသွားပြီး နံရံဆီပစ်ပေါက်လိုက်တဲ့ Jay...

ရုတ်တရက် ပြုမူလိုက်တဲ့ Jay ရဲ့ အပြုအမူကြောင့် Sunoo ခန္ဓာကိုယ်လေး တုန်သွားကာ မျက်လုံးလေးများ မှိတ်ကျသွားရသည်။

သူ့ရှေ့မှာ တုန်လှုပ်ပြနေတဲ့ ဘေဘီ့ပုံစံကို ကြည့်ကာ Jay နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ရယ်လိုက်ပြီး

"အဟွန်း... တအားကြောက်နေလား ဘေဘီ... သိပ်မကြောက်ပါနဲ့... ဒီထဲက ပုံတွေကို ကိုယ် နောက်တစ်ခါ ထပ်မမြင်ချင်တော့လို့ ခွဲပစ်လိုက်ရုံပါ "

Jay သူ့ရှေ့မှာ ပုခုံးလေးနှစ်ဖက်ကို ကျုံ့လို့ ကုတ်ကုတ်လေး ရပ်နေပြီး လက်မထိပ်လေးချင်း လက်သည်းတွေနဲ့ ကုတ်ခြစ်နေတဲ့ ဘေဘီ့ကို ဝိုင်သောက်ရင်း တစိမ့်စိမ့် ကြည့်နေလိုက်သည်။

ကိုယ့်အတွေးတွေနဲ့ကိုယ် လုံးပန်းရင်း ဆက်ကြောက်နေလိုက် ဘေဘီ...

မင်း အဆုံးစွန်ထိ တုန်လှုပ်နေတာကို ငါက မြင်ချင်တာ...

ဒီတစ်ခါတော့ ဝိုင်နဲ့ မင်းမျက်ရည်တွေကို မြည်းရတာ အရသာ ရှိလိုက်တာ...

ကြမ်းပြင်ထိဖောက်ဝင်တော့မတက် ခေါင်းကို ငုံ့ချထားပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေတဲ့ ဘေဘီ။

မြင်ကွင်းက သနားစရာကောင်းပေမယ့် မင်းလုပ်ရပ်က တစ်စက်ကလေးမှ သနားစရာကောင်းမနေလို့ ကိုယ့်စိတ်ထဲ သေးသေးလေးတောင် သနားစိတ် မဝင်မိဘူး ဘေဘီရ...

ကိုယ်ပေးထားတဲ့ အခွင့်အရေးကို ပြည့်ပြည့်ဝဝ အသုံးချပြီး ကိုယ့်အချစ်တွေကို စော်ကားထားမှတော့ မင်း အဲ့လောက်တော့ မျက်ရည်တွေ ကျနေသင့်တာပေါ့...

တကယ်ဆို တစ်စစီဖြစ်အောင်တောင် လုပ်ပစ်လိုက်ချင်တာ...

မင်းကိုရော မင်းအကောင်ကိုရော....

ဒါပေမယ့် လောလောဆယ်တော့ ငါ့ဒေါသတွေကို ခဏ မြိုသိပ်ထားအုံးမယ် ဘေဘီ...

မင်းမျက်နှာကို မြင်တာနဲ့ တစ်စစီ ဖျက်ဆီးပစ်ချင်တဲ့ ငါ့ စိတ်တွေကို ထိန်းချုပ်ဖို့အတွက်တော့ ငါ ပေါက်ခွဲဖျက်ဆီး ပစ်ပြီးခဲ့တဲ့ ပစ္စည်းတွေက ဓားစာခံ...

Cafe ဆိုင်ထဲမှာ မင်းတို့နှစ်ယောက် ကြည်နူးနေတဲ့ မြင်ကွင်းကို မျက်မြင်တွေ့လိုက်မိရင် လူသတ်မိမှာစိုးလို့ ကိုယ့်ဒေါသတွေကို မျိုချပြီး ကားပေါ်မှာ ထိုင်စောင့်နေခဲ့တာဟာ မင်းတို့အတွက် မဟာ ကံကောင်းမှုကြီးပဲ...

မင်းရှေ့မှာ ငါ ဒီလို တည်ငြိမ်ပြဖို့ နောက်ကွယ်မှာ ပေါက်ကွဲပြီးရင်း ပေါက်ကွဲခဲ့တာဟာ မင်းကို အသာတကြည် ခွင့်လွှတ်ပေးဖို့တော့ မဟုတ်ဘူး ဘေဘီ...

မင်းအပြစ်တွေက အသာတကြည် ခွင့်လွှတ်ပေးလိုက်လို့ မရဘူးကွ....

တစိမ့်စိမ့်ပါပဲ...

တသိမ့်သိမ့် ရှိုက်ငိုနေတဲ့ အရုပ်လေးကို Jay ဝိုင်သောက်ရင်း အရသာခံ ကြည့်နေတာ တစိမ့်စိမ့်...

လုပ်ချင်ရာ လုပ်ထားပြီးမှ တုန်လှုပ်ပြနေတဲ့ အရုပ်လေးကို နှုတ်ခမ်းပါးလေး ကော့ညွတ်အောင် ပြုံးကာ ကြည့်နေမိတာ တစိမ့်စိမ့်...

ဝိုင်ပုလင်းထဲမှာ ဝိုင်တစ်စက်မှ မကျန်တော့မှ ပုလင်းခွံကို ကြမ်းပြင်ပေါ် ပစ်ပေါက်ခွဲလိုက်ပြီး ငိုနေတဲ့ ဘေဘီ့ကို မေးဖျားလေးမှ ဆွဲမော့စေကာ

" ခေါင်းတွေကိုက်မယ် ဘေဘီရယ်... အရမ်းတွေ ငိုနေတော့တာပဲ ... ဘာအတွက် အဲ့လောက်တောင် ငိုနေရတာလဲ "

" Jay... "

" အင်း... ပြောလေ "

" ကျွန်တော်... ကျွန်တော်... "

Jay ဘေဘီ့ မျက်နှာနုနုလေးပေါ်က မျက်ရည်စတွေကို လက်မနဲ့ ဖိသုတ်ပေးလိုက်ပြီး ပါးလေးနှစ်ဖက်ကို အုပ်ကိုင်ကာ

" လူငယ်တွေပဲ ဘေဘီရယ်... လူငယ်တွေမို့ မှားတတ်ကြတာ မဆန်းပါဘူး...ဘေဘီလဲ လူငယ်ပဲမို့ မှားပါ... ကြိုက်သလောက်မှား...မှားပြီးရင်တော့ အမှန်ကို မြင်အောင် ကြည့် ဘေဘီ...ဘယ်အရာက မင်းအတွက် တကယ် လိုအပ်တဲ့ အရာလဲလို့... ကွဲကွဲပြားပြား မြင်တတ်ပါစေ..."

" ကျွန်တော်.... ကျွန်တော် တောင်းပန်ပါတယ်... ဘယ်က ဘယ်လို စ တောင်းပန်ရမှန်း မသိပေမယ့်... ကျွန်တော် လုပ်ထားတာကို ကျွန်တော် သိတာမို့... ကျွန်တော့်အမှားအတွက် Jay ကြိုက်တဲ့ အပြစ်ပေးပါ "

" ရှူး...ဘေဘီ... ရှူးးး "

ဘေဘီ့ရဲ့ နှုတ်ခမ်းလေးထက် လက်ညှိုးကို ကန့်လန့်ဖြတ် ကာ၍ ကပ်ထားလိုက်ပြီး Jay တားဆီးလိုက်ကာ

" ဘာအပြစ်ပေးဖို့ ပြောနေတာလဲ ဘေဘီ ရယ်... ကိုယ် ပြောပြီးနေပါ့ပဲ... ဘေဘီက ငယ်ရွယ်တဲ့ လူတစ်ယောက်မို့ အမှားတွေ လုပ်မိတာ မဆန်းဘူး လို့... ကိုယ် ခွင့်လွှတ်တာမို့လို့... ဘေဘီ့စိတ်ထဲ ဘာမှ မထားပါနဲ့ ဘေဘီရဲ့ "

" ကျွန်တော် လုပ်ထားတဲ့ အရာက ဘယ်လောက်ပဲ တောင်းပန်နေပါစေ ခွင့်လွှတ်ဖို့ မထိုက်တန်ဘူးဆိုတာ ကျွန်တော် သိပါတယ် "

" အေး သိတယ် ဆိုရင် ဘာလို့ ငါ မကြိုက်တာတွေ လုပ်ထားသေးလဲ!!! "

ထိန်းချုပ်ထားတဲ့ကြားက တစ်ချက်တစ်ချက် လွတ်ထွက်ချင်နေတဲ့ သူ့စိတ်တွေ...

အုပ်ကိုင်ထားတဲ့ ပါးနှစ်ဖက်ပေါ်က လက်တွေကို အားထည့်၍ ဖိညှစ်လိုက်ကာ အော်လိုက်တော့
ဘေဘီ့ ခန္ဓာကိုယ်လေးဟာ သူ့အော်သံကြောင့် တုန်ခနဲ...

ပါးပြင်နုနုလေးတွေ နာသွားလို့ ထင်ပါရဲ့ မျက်နှာလေးဟာလဲ မဲ့ခနဲပဲ...

မင်း အသားနာတာက ငါ့အသည်းတွေ လောင်ကျွမ်းနေတာလောက် မဆိုးသေးပါဘူး ဘေဘီရယ်....

ဒီလောက်လေးနဲ့ မျက်နှာလေး မဲ့မနေစမ်းနဲ့ကွ...

ဒါပေမယ့်လည်း အတွင်းထဲမှာ ဘယ်လောက်ပဲ လောင်မြိုက်နေပါစေ အပြင်ပန်းမှာတော့ တည်ငြိမ်နေဖို့ လိုတယ်မလား...

ဒါ့ကြောင့် Jay သက်ပြင်းပူပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ စိတ်လျှော့လိုက်သည်။

ဟူးးး

" sorry ဘေဘီ... အရမ်းလန့်သွားလား... ကိုယ် ဒီလို မအော်လိုက်သင့်ဘူး "

" အော်ရုံတင် မဟုတ်ပါဘူး Jay ရိုက်မယ်ဆိုရင်တောင် ကျွန်တော်က ခံရမှာပါ "

" အဲ့လိုတွေ အပြစ်ခံယူရမယ်မှန်း သိရက်နဲ့ မင်း ဘာလို့ မိုက်ချင်နေရတာလဲ ဘေဘီရယ်... မင်း ဘာလို့ ဒီလို လုပ်ရပ်မျိုးကို လုပ်ရတာလဲ ငါ ဘယ်လိုမှ စဉ်းစားလို့ မရဘူး "

အဖြေတို့ ပြန်မလာ...

ဘေဘီဟာ သူ့ရှေ့မှာ မျက်ရည်တွေနဲ့ တုံဏိဘာဝေ...

" ဖြေစမ်း... မင်း ဦးနှောက်ထဲ ဘာတွေကို ဘယ်လို တွေးလို့ ခုလို လုပ်ရပ်တွေ လုပ်ရတာလဲ... မင်းမှာ ငါ တစ်ယောက်လုံး ရှိနေရက်နဲ့လေ... ဘာလို့ ဟိုကောင်လဲ... ဘာလို့ ဟိုကောင့်ကိုမှလဲ ဖြေ!!! "

နောက်ဆုံး ​ဖြေ ဆိုတဲ့နေရာမှာ ဖိအော်လိုက်ကာ ဘေဘီ့ရဲ့ ပုခုံးစွန်းနှစ်ဖက်ကနေ တွန်းလိုက်တာကြောင့် နောက်ကို ယိုင်ကျသွားတဲ့ ဘေဘီ။

မျက်ရည်တွေလဲ အတားအဆီးမရှိ ထပ်မံကျဆင်းလာကာ အောက်နှုတ်ခမ်းလေးကို ဖိကိုက်လို့ ကြိတ်ငိုနေလေသည်။

စိတ်တို့ ပေါက်ကွဲ မထွက်စေရန် အံကို တင်းတင်းကြိတ်ထားတဲ့ Jay မှာလဲ မျက်လုံးသားတွေ နီရဲပြီး မေးကြောကြီးတွေ ထောင် ထနေလေပြီ။

" ကျစ်!!! ကြာရင် ငါ လူသတ်မိလိမ့်မယ် Kim Sunoo "

ဆံပင်တွေထဲ လက်ထိုးထည့်လို့ ဆွဲခါလိုက်ကာ ကျစ်တစ်ချက်စုပ်သပ်ပြီး ငိုနေတဲ့ဘေဘီ့ကို မျက်နှာလွှဲလိုက်ရသည်။

ကြာရင် သူ့စိတ်တွေ ပေါက်ကွဲထွက်တော့မှာ။

သူ့စိတ်ကိုသူ အနိုင်နိုင်ထိန်းနေတဲ့ကြားက သတိက တချက်တချက် လွတ်သွားသေးတာ။

ဒီအချိန်မှာပဲ ဘေဘီ ပြုလုပ်လိုက်တဲ့ အပြုအမူက သူ့ဒေါသတွေ ပိုပြီး အားကောင်းလာအောင် လောင်စာဆီ ဖြည့်ပေးလိုက်သလိုပါပဲ။

သူ့ခြေရင်းမှာ ဒူးထောက်လိုက်တဲ့ ဘေဘီ...

" ကျွန်တော်တစ်ခုလောက် အရဲစွန့်ပြီး တောင်းဆိုပါရစေ... ကျွန်တော့်ကို Jay တအားစိတ်ဆိုး​နေမ​ယ်ဆိုတာ သိပါတယ်...အဲ့အတွက် Jay ကြိုက်တဲ့ အပြစ်ပေးပါ... ကျွန်တော် ခံယူမှာမို့...ဟို.. သူ့ကို သူ့ကိုတော့... ဘာမှ မလုပ်ပါနဲ့ နော် Jay..."

" ဘယ်လို... "

သူ့ကိုယ်သူတောင် အပြစ်ပေးလို့ မလုံလောက်တဲ့ အမှားမျိုး ကြူးလွန်ထားတဲ့ သူက... သူ့အကောင်အတွက်ပါ တောင်းပန်ပေးနေတယ်တဲ့လား...

ဒါ ဘယ်လိုတောင် ဟာသမြောက်မှုကြီးလဲ။

" ဟား ဟား ဟား ဟား

ဟား ဟား ဟား ဟား "

ခြောက်ကပ်ကပ် သူ့ရယ်သံဟာ ပတ်ဝန်းကျင်မှာ ရိုက်ခတ်လို့သွားပြီး ငှက်ကလေးတချို့တောင် အလန့်တကြား ထပျံသွားတော့မည့်ဟန်။

ဝရံတာဘောင်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေဟာလဲ ပို၍ တင်းကြပ်နေကာ လက်ပေါ်က သွေးကြောကြီးတွေတောင် ထင်းလင်းလို့။

" ကိုယ်မင်းအပေါ် စိတ်မပျက်ချင်ဘူး ဘေဘီ... ဒီနေရာမှာ မလိုအပ်တဲ့ စကားတွေ ထပ် မပြောကြစို့ကွာ..."

" Jay... ကျွန်တော် တောင်းပန်နေတာပါ... သူ့ကို"

" တော်!!! မင်း ဆက်ပြောနေမှ ငါ သွား သတ်မိတော့မယ်... မင်း ပါးစပ်က တခြားလူအတွက် တောင်းပန်စကားထွက်တာမျိုး ငါ မကြိုက်တာ မင်း သိတယ်နော် "

" သိ သိပါတယ် Jay ရယ်... ဒါပေမယ့် ဒါပေမယ့်လေ... ဒီ ကိစ္စတွေက ကျွန်တော်မရှောင်နိုင်လို့ ဖြစ်ရတာတွေပါ... ကျွန်တော် ရှေ့ဆက်တိုးခဲ့မိလို့ပါ... မှားတာက ကျွန်တော်မို့လို့ ကျွန်တော့်ကိုပဲ "

" ကိုယ့်ကို လူသတ်ချင်စိတ်ပေါက်အောင် မလုပ်နဲ့ ဘေဘီရာ.... ကိုယ် အများကြီး စိတ်လျှော့ပေးထားတယ်...

အဲ့ဒါကြောင့် လျှော့ပေးထားတုန်း လိမ်လိမ်မာမာ နေ

လိုတာထက် ပို ယောင့်တက်မလာနဲ့... ကိုယ် သီးမခံနိုင်တဲ့ အဆုံး မင်းရော မင်းကောင်ရောကို ဘာလုပ်မိမယ် မသိဘူး... ဒါကြောင့် ကိုယ့်စိတ်ကို လာ မဆွနဲ့ကွာ...."

" ကျွန်တော် ကျွန်တော်... Jay ပေးတဲ့ အပြစ်ဒဏ်ကို ခံယူမှာမို့ သူ့ကိုတော့ ဘာမှ မလုပ်ပါနဲ့ "

အသည်းအသန်တောင်းဆိုနေတဲ့ ဘေဘီ့ကို Jay စိတ်ပျက်လက်ပျက်နဲ့ ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

ပြီးမှ မျက်နှာပေါ်မှာ အပြုံးတစ်ခုကို တပ်ဆင်လိုက်ကာ ဘေဘီ့ဆံပင် ပျော့ပျော့လေးတွေကို သပ်တင်ပေးလိုက်ပြီး...

" ဘေဘီက သူ့ကို မထိခိုက်စေချင်ဘူးပေါ့..."

" အပြစ်ရှိတာက ကျွန်တော်ပဲ မို့ပါ "

" အဟင်းး...ဟုတ်ပါပြီ... သူ့ကို တစ်စုံတစ်ခု လုပ်ခြင်း မလုပ်ခြင်းက မင်း အပေါ်ပဲ မူတည်တယ်လေ ဘေဘီရဲ့ ... မင်း လိမ်မာရင် သူ မထိခိုက်ဘူး... မင်း မလိမ်မာရင် သူ ထိခိုက်မယ်... ဒါပါပဲ "

" ဟုတ်ကဲ့... ကျွန်တော် သိပါပြီ "

" အဟင်း ဟင်း... လိမ်လိမ်မာမာနေကွာ... ကိုယ် ဘေဘီ့ကို အများကြီး မဆုံးမချင်ဘူး... ကဲပါ ဘေဘီလဲ ပင်ပန်းရောပေါ့... သွားနားတော့လေ "

" Jay... ဟို media ပေါ်က ကိစ္စတွေ... "

" အာ.. အဲ့ဒါ အတွင်းရေးမှူး Lee စီရင်ပြီးသွားပါပြီ... အားလုံး အမြစ်ပါမကျန် ဆွဲနှုတ်ပစ်လိုက်ပြီ...အဲ့အတွက် ဘေဘီ စိုးရိမ်စရာ မလိုပါဘူး .. ကဲ သွားတော့ ဘေဘီ... ကိုယ် နားချင်ပြီ "

" ကျွန်တော့်ကို အခုလို နားလည်မှုပေးလို့ ကျေးဇူးတင်ပါတယ် Jay "

" ကိုယ် မင်းဆီက ဘာစကားမှ ထပ် မကြားချင်တော့ဘူး ...သွားလိုက်တော့ "

Jay ဘေဘီရှိရာဘက်ကို ကျောခိုင်းလိုက်ကာ ဝရံတာဘောင်ပေါ် လက်ထောက်ပြီး တစ်ဘက်လှည့်နေလိုက်တော့သည်။

ခုလောလောဆယ်မှာ သူ ဘေဘီ့မျက်နှာကိုလဲ မမြင်ချင်တော့သလို ဘေဘီ့အသံကိုလဲ မကြားလိုတော့။

သူက နှင်တော့ ဘေဘီက အသာတကြည် ခေါင်းညိမ့်ပြကာ သူ့အနားက ထွက်သွားလေတော့သည်။

ခြေသံလေးတွေ တဖြည်းဖြည်း ဝေးလို့သွားတာကို နားစွင့်နေလိုက်ပြီး အခန်းထဲက ဘေဘီ ထွက်သွားတာ သေချာမှ Jay တစ်ကိုယ်တည်း တိုးတိုးလေး ရေရွတ်လိုက်သည်...

" ဒီနေ့ ဒီလို ငါ ခံစားခဲ့ရတာတွေအတွက် မင်းတို့နှစ်ယောက်လုံးရဲ့ နေ့ရက်တိုင်းမှာလဲ ငရဲကျသလို ပူလောင်မှုတွေကို ပြန်ခံစားနေစေရမယ် ဘေဘီ ... ဒါ ငါ့သစ္စာပဲ "

.
.
.

ညှိုးငယ်နေတဲ့ မျက်နှာလေးနဲ့ ပြုံးပြသွားတဲ့ အပြုံးနွမ်းနွမ်းလေးကို ပြန်မြင်ယောင်ပြီး Sunghoon ရင်ဘတ်ထဲမှာ တင်းကြပ်ကာ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်နေရပြီ။

အတွင်းရေးမှူး Lee ခေါ်သွားပြီးတည်းက ဆက်သွယ်လို့မရခဲ့တဲ့ ဖုန်းလေးကိုလဲ ခေါ်နေမိတာ အထပ်ထပ်...

ကျောင်းမှာလဲ သွားစောင့်တော့ ပေါ်မလာ...

အိမ်ရှေ့ထိ လိုက်သွားတော့လဲ အရိပ်အယောင်လေးမှ မတွေ့ခဲ့ရ။

အရဲစွန့်ပြီး အိမ်ထဲထိ ဝင်သွားဖို့ရာလဲ မဖြစ်နိုင်တာကြောင့် Sunghoon အိမ်ရှေ့ကနေသာ လှည့်ပြန်လာခဲ့ရတာ အကြိမ်ကြိမ်ပါ။

ဒီရက်ပိုင်းတွေမှာ အလုပ်ခွင်ထဲမှာလဲ မနားရစတမ်းပါပဲ။ သီးသန့်သတ်မှတ်ထားတဲ့ လေ့ကျင့်ချိန်တွေမှာတော့ လေ့ကျင့်မှုကို အနှောက်အယှက် မပေးကြပေမယ့်... Product ရိုက်ကူးမှုတွေမှာ CEO သဘောမကျလို့၊ CEO မကြိုက်လို့ ၊ CEO က ဒီလိုလေး ဖြစ်စေချင်တာမို့လို့ဆိုပြီး နားချိန်မရအောင် အလုပ်တွေ ဖိခိုင်းလာကြသည်။

ဒါတွေဟာ Jay ရဲ့ စနက်တွေမှန်း သိနေပေမယ့် အလုပ်နဲ့ ပတ်သက်တာဆိုတော့ ကိုယ့်ဘက်က လစ်ဟာမှု မရှိအောင် သူတို့ သဘောကျတဲ့ အထိ ပြန်လုပ်ပေးလိုက်သည်။

သူ့ကိုတောင် ဒီလို လုပ်ငန်းခွင်ထဲမှာ ဖိအားတွေ ပေးနေသေးရင် အဆောကိုလဲ ဘာမှ မလုပ်ပါဘူးလို့ ပြောလို့ရမလား...

နောက်ဆုံး...

မနေနိုင်တဲ့အဆုံး CEO Park ရှိနေရာ Company သို့ ထွက်လာခဲ့လိုက်တော့သည်။

Company ကိုရောက်တော့ CEO ရုံးခန်းသို့ သွားရာ လမ်းတလျှောက်မှာ သူဟာ Company ရဲ့ Player တစ်ယောက်ဆိုတာ သိထားကြတာကြောင့် အတားအဆီး မရှိပေမယ့် ရုံးခန်းရှေ့ကိုလဲ ရောက်ရော ဝန်ထမ်းကောင်မလေးတစ်ယောက်က

" CEO ကြီးနဲ့ ကြိုတင် appointment လုပ်ထားတာ ရှိပါသလား ရှင် "

" မလိုဘူး ငါ့နာမည်ပြောလိုက်... ငါ ခု ချက်ချင်းတွေ့ရမှ ဖြစ်မယ် "

" အဲ့လို လုပ်လို့ မရပါဘူးရှင့်... CEO ကြီးနဲ့ ချိန်းမထားရင် ကျွန်မတို့က ပေးဝင်လို့ မရ."

" ဟာ..ရှုပ်လိုက်တာကွာ... "

" ဒီမှာရှင့် Park Sunghoon shi.. အဲ့လို ဇွတ်ဝင်သွားလို့ မရဘူးလေ.. Park Sunghoon shi..."

အခန်းရှေ့မှာ ပိတ်ရပ်ပြီး အဝင်မခံတဲ့ ကောင်မလေးကို ကွေ့ရှောင်လိုက်ကာ ရုံးခန်းတံခါးကို Sunghoon တွန်းဖွင့်ဝင်လိုက်သည်။

ဝုန်းးးး

ဇွတ်တားနေတဲ့ ကြားက သူက ရအောင် ဝင်လိုက်တော့ ကောင်မလေးပါ သူ့ကို လိုက်ဆွဲရင်းနဲ့ အခန်းထဲထိ ပါလာလေသည်။

အခန်းထဲမှာတော့ အလုပ်စားပွဲမှာ File တွေ အပြည့်နဲ့ အလုပ်ရှုပ်နေပုံရတဲ့ CEO Park နဲ့ အတွင်းရေးမှူး Lee...

ဝရုန်းသုန်းကားနဲ့ ဝင်လာတဲ့ သူတို့ကို အလုပ်လုပ်နေရာမှ မော့ကြည့်လာကြပြီး သူ့ကိုလဲ မြင်ရော CEO Park က တပ်ထားတဲ့ မျက်မှန်ကို ပင့်တင်လိုက်ပြီး ကောင်မလေးကို လက်ဟန်ပြကာ ထွက်သွားခိုင်းလေသည်။

ပြီးနောက် အတွင်းရေးမှူး Lee ကိုပါ ခေါင်းညိမ့်ပြလိုက်တော့ အတွင်းရေးမှူး Lee က File တွေကို ကောက်သိမ်းကာ အခန်းထဲက ထွက်သွားလေတော့သည်။

အခန်းထဲ သူတို့နှစ်ယောက်ထဲ ရှိတော့မှ Sunghoon Jay ရှိရာ အလုပ်စားပွဲနားထိ တိုးကပ်သွားလိုက်သည်။

သူ အနားရောက်တဲ့အထိ မော့ကြည့်မလာဘဲ စားပွဲပေါ်က MacBook ကိုပဲ အာရုံစိုက်ပြီး ကြည့်နေတဲ့ Jay က

" ဖရိုဖရဲ ပုံစံတွေနဲ့ ငါ့ရုံးခန်းထဲ လာပြီး ဘာကိစ္စများရှိလို့လဲ Park Sunghoon "

" ကျွန်တော်နဲ့ ခင်ဗျား ... အဆောကို ဒုက္ခ မပေးဖို့ သဘောတူထားတယ် မလား CEO Park "

" အဲ့ဒီတော့..."

MacBook ကို အကြည့်မပျက် ခပ်အေးအေးပုံစံနဲ့ ပြန်မေးလိုက်တဲ့ Jay...

" အဲ့ဒီတော့ အဆော ဘယ်မှာလဲ... အဆောကို ခင်ဗျား ဘာလုပ်ထားလဲ "

" ဘေဘီ့ကို ကိုယ်က ဘာလုပ်ရမှာလဲ "

" ခင်ဗျားလုပ်တာ ခင်ဗျားသိမှာပေါ့ ''

" ကိုယ် ဘာမှလဲ မလုပ်ရပါလား ကွ... မင်းက ဘယ်လို ထင်နေလို့လဲ "

" အဆောကို ဆက်သွယ်လို့မရဘူး... ကျောင်းလဲ မတက်ဘူး... ခင်ဗျား အဆောကို တစ်ခုခု လုပ်ထားတယ် ဘဲကြီး "

" မင်းနဲ့တော့ ခက်ပြီ ချာတိတ်ရာ... မင်း ဘာတွေ ဖြစ်နေမှန်းတော့ မသိပေမယ့် မင်း စိတ်ကြိုက်လိုက်ပြီး ငြင်းခုန်နေဖို့ ငါ့မှာ အချိန်ပို မရှိဘူး ချာတိတ်... ဒီမှာ ငါ အရေးကြီးတာတွေ လုပ်နေတယ် "

" ကျစ်! ခင်ဗျား တည်ငြိမ်သလို လုပ်မနေနဲ့ CEO Park... ကျုပ်ကိုတောင် အလုပ်ထဲမှာ ခက်ခဲအောင် အမျိုးမျိုး နှောက်ယှက်နေတာ... ခင်ဗျား အဆောကိုလဲ တစ်ခုခု မလုပ်ပါဘူးလို့ ကျုပ် မယုံဘူး... ပြောဗျာ..အဆောကို ဘာလုပ်ထားတာလဲ လို့ "

Jay အလုပ်လုပ်နေတဲ့ စားပွဲကို လက်နဲ့ ပုတ်ပြီး မေးလာတဲ့ Park Sunghoon ကြောင့် Jay MacBook မှ အကြည့်ကို ခွာလိုက်သည်။

သူ့ရှေ့မှာ ရှူးရှူးရှားရှား ဖြစ်နေတဲ့ Park Sunghoon ကို ခပ်အေးအေးသာ စိုက်ကြည့်လိုက်ပြီး မျက်မှန်ကို ချွတ်၍ စားပွဲပေါ် ပစ်တင်လိုက်ကာ...

" ဘေဘီ့ကို ငါ အလှကြည့်ဖို့ မှန်ပေါင်းကြောင်ထဲ ထည့်ထားတယ် "

" ခင်ဗျား အဓိပ္ပါယ် မရှိတာ မပြောနဲ့ !! "

" ဒါဆို မင်း ခုလို ငါ့ကိုလာပြီး မေးနေတာကရော အဓိပ္ပါယ် ရှိရဲ့လား ပြန်စဉ်းစားလေ "

" ဘာလို့ အဓိပ္ပါယ် မရှိရမှာလဲ... အဆောက ကျုပ်ချစ်သူ... ကျုပ်ချစ်သူကို အဆက်အသွယ် မရလို့ လာမေးတာ လုံးဝ အဓိပ္ပါယ်ရှိတယ် "

" အဲ့လို စကားကို ငါ့ကို လာမေးတယ်ပေါ့ "

" မေးတယ်လေ.. ခင်ဗျားတစ်ယောက်ပဲ အဆောကို ဒုက္ခပေးနိုင်တဲ့လူ ရှိတာမို့လို့ ခင်ဗျားကို မေးတယ်... ဘာဖြစ်လဲ "

" ဘာပဲဖြစ်ဖြစ် ဘေဘီက ငါ့အရိပ်အောက်မှာ ရှိနေတဲ့ ငါ့အပိုင်ပဲ... ငါ့အပိုင်ကို ငါ့ဘာသာ ဒုက္ခ ပေးပေး မပေးပေး ဒါ ငါ့သဘောပါ... အဲ့ဒီ အတွက် မင်းကို ဘာမှ ပြောပြနေစရာမလိုဘူး... "

" အဆောက ခင်ဗျားစိတ်ထင်တိုင်း ပြုမူလို့ရတဲ့ အရုပ်မဟုတ်ဘူးနော် ဘဲကြီး... အဆောက ခံစားတတ်တဲ့ နှလုံးသားနဲ့ လူ...ခင်ဗျား ဘယ်လောက်ပဲ အဆောကို ချုပ်နှောင် သိမ်းထုတ်ထားပါစေ သူ့စိတ် သူ့နှလုံးသားကိုတော့ ထိန်းချုပ်လို့ မရဘူးဆိုတာ ခင်ဗျား သဘောပေါက် "

" ဟက်! ငါ့အတွက်ကတော့ မရဘူးဆိုတာကို မရှိစေရဘူးကွာ... သူ့စိတ် သူ့နှလုံးသားက ငါ့ဆီကို ဦးတည်နေတာ မဟုတ်ရင် သူ့နှလုံးသားကို ခွဲထုတ်ပစ်ပြီး စက် တပ်ပေးလိုက်မယ် ရှင်းလား "

" ဘာ... ခင်ဗျား..ခင်ဗျားဗျာ... သိပ်အတ္တကြီးတဲ့လူ... သိပ်တစ်ကိုယ်ကောင်းဆန်တဲ့လူ... ခင်ဗျားတို့လိုလူတွေ ဒီကမ္ဘာကြီးပေါ် တည်ရှိနေလို့ ​မြေထု လေထုတွေ ညစ်ညမ်းနေတာ သိရဲ့လား "

" ငါ ပိုင်တဲ့ အရာတွေ အတွက်တော့ ငါအတ္တကြီးရမှာပဲလေ... တစ်ကိုယ်ကောင်းဆန်သင့်လဲ ဆန်လိုက်မယ်... ဒီအတွက် ဘယ်သူတွေ ဘယ်လို သတ်မှတ် သတ်မှတ် I don't care နော် ချာတိတ်"

" အဆောက ခင်ဗျားဆီမှာ မပျော်ဘူးဆိုတာ ခင်ဗျား အသိဆုံး ဖြစ်မှာပါ... ဒါကိုပဲ ကျေးဇူးတရားဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး သိမ်းပိုက်ချင်နေတာ ခင်ဗျား မရှက်ဘူးလား.. ဟင် ဘဲကြီး "

Sunghoon ပေါက်ကွဲနေသမျှကို Jay ကတော့ ခပ်အေးအေးသာ ထိုင်ကြည့်နေလေသည်။

ထိုင်ခုံ နောက်မှီကို မှီပြီး လက်ချောင်းတွေချင်း ယှက်ကာ ဒူးချိတ်ထိုင်နေပြီး ပြောချင်သလောက် ပြောနေစမ်းဆိုတဲ့ အချိုးမျိုး။

" ငါတော့ မရှက်တတ်ဘူး ချာတိတ်... မင်းသာ ရှက်တတ်ရင် နောက်လှည့်ပြန်ဖို့ ကောင်းနေပြီ... ဒါ ငါ့ပိုက်နက်... ငါ့နေရာ... ငါ့ပိုက်နက်လာပြီး ငါ့အပိုင်ကို ထိပါးနေတာက မင်း... အဲ့တော့ လစ်လိုက်တော့ ချာတိတ်... ငါ့မှာ မင်းကို ထပ်ပြီး ပေးဖို့ အချိန်မရှိတော့ဘူး "

Jay ပြောပြောဆိုဆို စားပွဲပေါ်က intercon ခလုတ်ကို နှိပ်လိုက်ပြီး

" ဧည့်သည် ပြန်မယ်... လိုက်ပို့ပေးလိုက် "

Jay ပြောပြီးတာနဲ့ ချက်ချင်းပဲ ရုံးခန်းထဲကို ဝင်လာတဲ့ Security နှစ်ယောက်။

" ကျုပ်ပြောလို့ မပြီးသေးဘူးလေ CEO Park... အဆောဘယ်မှာလဲ လို့ ကျုပ်မေးနေတယ် "

" ငါ့အရိပ်အောက်မှာ လုံလုံခြုံခြုံ ရှိနေတယ် "

ပြောပြီးတာနဲ့ ထိုင်ရာမှ ထ ကာ ရုံးခန်းထဲကနေ ဦးအောင် ထွက်သွားတဲ့ Jay...

Sunghoon မှာတော့ လိုချင်တဲ့ အဖြေမရတာကြောင့် တနှုံ့နှုံ့နဲ့ စိတ်တွေတိုကာ ကျန်နေခဲ့ရတော့သည်။

" ရားးးး ချီးပဲကွာ!!!! "

.
.
.

" ဗျာ!! ... မေမေ ဘာပြောလိုက်တယ် !! "

" ဟုတ်တယ် သား... CEO Park က ထပ်ပြီး မစောင့်နိုင်တော့ဘူးတဲ့... မနေ့ကပဲ မေမေ့ကို ခေါ်ပြောတယ် ... မေမေ သားလေးကို ဘယ်လို ပြောပြရမှန်း မသိတာနဲ့... "

" မဟုတ်သေးပါဘူး... အဲ့လို မဟုတ်သေးပါဘူး... သားနဲ့ သူ သဘောတူထားတာ အဲ့လို မဟုတ်ဘူးလေ မေမေ "

မယုံနိုင်ဟန်မျက်ဝန်းတွေနဲ့ ခေါင်းတွေ တွင်တွင်ခါယမ်းပြီး ပြောလာတဲ့ သားလေးကို ကြည့်ပြီး သူမ ဘယ်လို ဖျောင်းဖျရမလဲ မသိတော့ပါဘူး...

သားလေးရဲ့ ကိစ္စတွေ CEO သိသွားခဲ့ရင် တစ်ခုခုတော့ ဖြစ်ကြမယ်ဆိုတာ ခန့်မှန်းမိပေမယ့် ခုလို လက်ထပ်ဖို့ကို လောလိုက်လိမ့်မယ်လို့ ထင်မထားမိတာ အမှန်ပါ။

ခုတော့ CEO က ပြောလာလေပြီ...

သားလေး လုပ်ခဲ့တဲ့ အပြစ်တွေအတွက် အပြစ်ပေးတဲ့ အနေနဲ့ ကျောင်းကိုပါ ထုတ်ပစ်ပြီး လက်ထပ်ပွဲကို ရက်ပိုင်းအတွင်း စီစဉ်မည်တဲ့။

" သားကို သူ ကတိပေးထားတယ် မေမေရဲ့... တကယ် မဟုတ်လောက်ပါဘူး... သူ စိတ်ဆိုးလို့ ပြောတာ ဖြစ်မယ်... လက်ထပ်ဖို့ကို သားကျောင်းပြီးမှ စီစဉ်ဖို့... "

" မေမေ့ သားလေးက ကျောင်းပါ တက်ခွင့်မရှိတော့ဘူး တဲ့ ကွယ်... "

ခေါင်းတွေ ခါယမ်းလိုက် မျက်ဆန်လေးတွေ ထောင့်ကပ်ကာ စဉ်းစားဟန်ပြုလိုက်နဲ့ မယုံရဲရဲ ဖြစ်နေတဲ့ သားလေးကို ကြည့်ပြီး သူမ ရင်ထဲ မချိတော့ပါဘူး... သူမ သားလေးအတွက် သူမ ဘာမှ ဖြေရှင်းမပေးနိုင်ဘူးလေ....

" ဗျာ... ဒါ ဘာကို ပြောတာလဲ... မေမေ ဘာကို ပြောချင်တာလဲ သားကို ရှင်းအောင် ပြောစမ်းပါ မေမေရဲ့ "

" မနေ့က CEO ခေါ်လို့ မေမေသွားတော့ CEO ကပြောတယ်... သားလုပ်ထားတာတွေကို မသိဘူးလား တဲ့... သား ဒိီလို မိုက်မဲနေတာတွေကို သိသိရက်နဲ့ မတားဘဲ အားပေးအားမြှောက် ပြုနေတာလား တဲ့ "

" မေမေ ဘာ ပြန်ပြောလိုက်လဲဟင် "

" အမေတစ်ယောက်အနေနဲ့ သားလေး ပျော်ရွှင်နေတာတွေကို မတားရက်လို့ မတားဆီးမိဘူးလို့ ပြောလိုက်တာပေါ့ သားလေးရယ်... အဲ့မှာ CEO က သားလေးကို ကျောင်းထုတ်မယ်တဲ့... ဒီက ရှေ့လျှောက် သူ့ခွင့်ပြုချက်မရဘဲ ဘယ်ကိုမှလဲ အသွားမခံတော့ဘူးတဲ့...သူ့မျက်စိရှေ့မှာပဲ ထားပြီး စောင့်ကြည့်နေမယ်တဲ့... သားမှာ ဘယ်လို လွတ်လပ်ခွင့်မှ မရှိရတော့ဘူး တဲ့လေ "

" ဒါ Jay မတရားတာဘဲ... အဲ့လို သူ့သဘောနဲ့ သူ ကျောင်းထုတ်လို့ ရမလား.. သားဘဝအတွက် သား တက်လမ်းတွေ အတွက် ကျောင်းဆက်တက်ဖို့ လိုတယ်လေ ''

" မေမေ ပြောပါသေးတယ် သားရယ်... သားလေးရဲ့ ဘဝတက်လမ်းကိုတော့ မပိတ်ပါနဲ့.. ကျောင်းဆက်တက်ပါစေ ဆိုတော့... သားက သူ့အရိပ်အောက်မှာပဲ နေရမယ့်သူမို့ ကျောင်းမတက်လဲ ဘာမှ မဖြစ်ဘူးတဲ့ "

" သား Jay နဲ့ သွားတွေ့မယ်...သား လက်မခံနိုင်ဘူး.. သူ့သဘောနဲ့ သူ ဒီလိုတွေ လုပ်နေတာ သား လက်မခံနိုင်ဘူး မေမေ ''

" သားလေး... သား.. စကားတွေ များနေပါ့မယ် ခုချိန်ကြီး မသွားနဲ့လေ"

နောက်ကနေ မေမေ လှမ်းအော်တားနေတာကို နားမထောင်တော့ဘဲ Sunoo Jay တို့ အိမ်ဘက်ကို အားကုန်ပြေးလာမိသည်။

ဟင့်အင် အဲ့လို မဖြစ်ရဘူးလေ...

ခုလို အချိန်မှာ လက်ထပ်ဖို့ကိစ္စကို သူ လက်မခံနိုင်ဘူး... သဘောတူမပေးနိုင်ဘူး...

သူ ကျောင်းပြီးအောင် တက်ချင်သေးသလို

မောင့်ဘေးနားမှာ နေပြီး မောင့်အတွက် အားပေးမယ့် လက်တစ်စုံလဲ ဖြစ်ချင်သေးတယ်...

မောင့် အောင်မြင်မှုတွေဆီ သွားမယ့် လမ်းတလျှောက်မှာ မောင် အမောပြေစေဖို့ အားဆေးတစ်ခွက်လဲ ဖြစ်ချင်သေးတယ်...

ကျေးဇူးပြုပြီးတော့ ကျွန်တော့််အပေါ် ဒီလိုပုံစံမျိုးနဲ့တော့ မချုပ်နှောင်လိုက်ပါနဲ့ Jay...

ပြေးရင်းလွှားရင်း စီးကျလာတဲ့ မျက်ရည်ပူတွေကို လက်ခုံနဲ့ ပွတ်သုတ်လို့ Jay ရှိရာဆီ အမြန်ရောက်ဖို့သာ စိတ်က စောနေမိသည်။

တွေ့ပါပြီ... အိပ်ခန်းဝရံတာမှာ ဘောင်ကို မှီပြီး ဝိုင်ခွက်က တစ်ဖက် ဆေးလိပ်က တစ်ဖက်နဲ့ ပြေးလာနေတဲ့ သူ့ကို ငုံ့ကြည့်နေတာ။

Sunoo အိမ်အောက်ထပ်ကနေ Jay ကို မော့ကြည့်ရင်း ပြေးလာလိုက်တာ ခြံထဲက ကျောက်တုန်းနဲ့ တိုက်မိကာ ခြေမထိပ်လေး ကွဲသွားလေသည်။

ကွဲသွားတဲ့ ခြေမလေးက သွေးတစိမ့်စိမ့်။

ဒါပေမယ့် နာရကောင်းမှန်း မသိပါဘူး။ ရင်ထဲက အပူလုံးက ထုထည်ကြီးမားနေတာ မို့။

အိမ်ပေါ်ထပ် Jay အိပ်ခန်းရှိရာဆီ မနားတမ်းပြေးတက်သွားလိုက်ပြီး Jay ဆီ ရောက်တာနဲ့...

" Jay~~~ "

ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်နဲ့ အသက်ရှူတွေ
မှားလောက်အောင် မောနေတာကြောင့် ခေါ်လိုက်တဲ့ အသံလေးဟာလဲ မတည်မငြိမ်။ မောဟိုက်သံလေးများ စွတ်လို့။

" Jay မေမေ့ကို ဘာတွေ ပြောထားတာလဲ... ဘာစကားတွေ ပြောလိုက်တာလဲ ဟင် "

" ဖြည်းဖြည်းပြော ဘေဘီ ဖြည်းဖြည်း... မင်း အရမ်း မောနေပြီ "

" ကျွန်တော် လက်မခံဘူးနော်... Jay လုပ်နေတာတွေ တစ်ခုမှ ကျွန်တော် လက်မခံတာမို့ ကျွန်တော် မသိဘဲ ဘာမှ မလုပ်ပါနဲ့ "

" ကိုယ့်ကို အမိန့်လာပေးနေတာလား ဘေဘီက "

" ကျွန်တော် ကျောင်းဆက်တက်မယ်... လက်ထပ်ပွဲကိုလဲ ပြောထားတဲ့အတိုင်း ကျောင်းပြီးမှ လုပ်မယ်လေ နော် Jay "

" မင်းမှာ ရွေးချယ်ခွင့်မရှိဘူး... ငါ စီစဉ်တာကိုပဲ အသာတကြည် လက်ခံလိုက် "

" Jay ကျွန်တော့်ကို ကတိပေးထားတယ်လေ... Jay ကိုယ်တိုင် ပြောထားတဲ့ စကားကို ဖျောက်ဖျက်လို့ မရဘူးလေ... "

" ကတိဆိုတာမျိုးကလဲ တည်ပေးဖို့ ထိုက်တန်အုံးမှလေ ကွာ... မင်းက ကတိတည်ပေးဖို့ ကောင်းလို့လား "

" Jay ပြောတော့ ကျွန်တော့််အမှားတွေကို နားလည်တယ်ဆို ခွင့်လွှတ်တယ်ဆို... ဒါဆို ဘာလို့.. "

" ခွင့်လွှတ်ပေးခဲ့တယ်လေ... အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါ မင်းကို ဘာတစ်ခွန်း ဟ ခဲ့လို့လဲ...ဘာကြောင့် ဒီအမှားကို ကျူးလွန်သလဲဆိုတဲ့ အကြောင်းပြချက်လေးတောင် မင်းကို တောင်းခဲ့လို့လား...အဲ့တော့ ငါ ခွင့်လွှတ်ပေးရတာနဲ့ ညီမျှအောင်တော့ မင်းဆီက ပြန်ယူမှ ရမှာပေါ့ "

" ဘယ်လို!!!... ဒါဆို Jay က ကျွန်တော့််ကို တကယ် ခွင့်လွှတ်ပေးတာမှ မဟုတ်ခဲ့ဘဲ... ခွင့်လွှတ်တယ်ဆိုတာ Jay ညာတာ... ခွင့်လွှတ်ပေးချင်ယောင် ဆောင်ပြီး ကျွန်တော့်ကို အပြစ်အကြီးကြီး ပေးလိုက်တာပဲ "

" ဟား ဟား ဟား ဟား... မင်းတောင် တော်တော် ဉာဏ်ကောင်းလာပြီပဲ ဘေဘီရဲ့.... ကိုယ့် baby doll လေးကချစ်စရာလေးကွာ... ကြည့်ပါအုံး... မျက်လုံးလေးထဲမှာ အရည်ကြည်လေးတွေ ရစ်သိုင်းနေတော့ ပိုပြီး ဆွဲဆောင်မှု ရှိနေတော့တာပဲ"

စီးကရက်ညှပ်ထားတဲ့ လက်တစ်ဖက်နဲ့ Sunoo ပါးလေးတွေကို ပွတ်သက်ကာ ပြောလာတဲ့ Jay ရဲ့ လက်ကို Sunoo ပုတ်ထုတ်ပစ်လိုက်ပြီး

" ကျွန်တော့််အမှားတွေအတွက် Jay ကြိုက်တဲ့ အပြစ်ပေးဖို့ ကျွန်တော် ပြောပြီးသားပါ... ကျွန်တော် လုပ်ထားတာမို့ ဘယ်လို အပြစ်ပဲ ပေးပေး ကျွန်တော် ခံရဲတယ်... ရိုက်ချင်ရိုက်လို့ရတယ် သတ်ချင်တယ်ဆိုလဲ သတ်ပစ်လိုက်... ကျွန်တော် ခံမယ်... ဒါပေမယ့် လက်ထပ်ဖို့ကိုတော့... "

" ဘာလဲ မင်းအကောင်နဲ့ ခွဲရမှာ စိုးလို့လား... ငါနဲ့ လက်ထပ်လိုက်ရင် မင်းအကောင်နဲ့ မပတ်သက်ရတော့မှာ စိုးလို့လား... ဟမ် Kim Sunoo!! "

ဝိုင်တွေ ဘယ်လောက်တောင် သောက်ထားလဲမသိ Jay မျက်နှာတွေပါ ရဲနေကာ မျက်လုံးအိမ်တွေဟာလဲ နီရဲလို့နေသည်။

လက်ထဲက ဝိုင်ခွက်ကို တစ်ခါတည်းကုန်အောင် မော့သောက်လိုက်ပြီး ဖန်ခွက်ကို ဝရံတာဘောင်ပေါ် ချလိုက်ကာ စီးကရက်ကို မီးခိုးတွေ မွှန်ထူနေအောင် ရှိုက်ဖွာနေတဲ့ Jay...မျက်လုံးတွေကတော့ မှေးစင်းချထားကာ Sunoo ကို စိုက်ကြည့်နေတာ တစ်ချက်လေးမှ မျက်တောင်မခတ်။

" သနားလို့ လွတ်လပ်ခွင့် ပေးထားတာကို ကောင်းကောင်းမနေဘဲ တခြားကောင်တစ်ကောင်ရဲ့ ရင်ခွင်ထဲ အရှက်မရှိဝင်ပြီး ပျော်မြူးနေရဲသေးတယ်... ငါ့အရိပ်မှာနေပြီး ငါ့သိက္ခာကို media ပေါ်ထိရောက်အောင်လုပ်ပြီး ဆွဲချတယ်...မင်း အဲ့လောက် ယောကျာ်းတွေကို မက်မောတတ်မှန်း ငါမသိခဲ့ဘူး Kim Sunoo... ငါ တစ်ယောက်လုံး ရှိနေတာကိုတောင် အားမရလို့ နောက်တစ်ကောင်နဲ့ပါ.... အဟက်! ဟက်! ပြောစမ်း Kim Sunoo မင်း ယောကျာ်းတွေကို အဲ့လောက်ထိ မက်မောနေတာလား "

" Jay!!! ကျွန်တော့်သိက္ခာကို မစော်ကားပါနဲ့... ကျွန်တော် ယောကျာ်းတွေကို မက်မောတာ မဟုတ်ဘူး.... သူမို့လို့ သူ ဖြစ်နေလို့ ကျွန်တော် ချစ်မိသွားတာ... သူမို့လို့ ကျွန်တော် ချစ်မိသွားတာပါ... သူက. Jay နဲ့မတူဘူး... Jay လိုမျိုး ကျွန်တော့်ကို အရုပ်တစ်ရုပ်လိုပဲ သဘောထားတဲ့ လူ မဟုတ်ဘူး... ကျွန်တော် မေးခဲ့တယ်လေ... Jay ကျွန်တော့်ကို ဘယ်လို သဘောထားလဲ လို့... Jay ပဲ ပြောခဲ့တယ်... ကျွန်တော်က Jay အတွက် အရုပ်တစ်ရုပ်လိုပဲ ဆို... သူကတော့ ကျွန်တော်ဟာ သူ့ဘဝကြီးပါတဲ့... သူ့အသက်ပါတဲ့.... အဲ့လို အသက်နဲ့ထပ်တူ ချစ်ပေးတဲ့ ယောကျာ်းမို့ ကျွန်တော် ချစ်မိတာ မှားလား... ကျွန်တော် မှားသွားလား Jay... အေး မှားတယ်ဆိုလဲ ရဲရဲကြီး အမှားခံလိုက်မယ် Jay ရာ... ဒါပေမယ့် မောင့်ကို ချစ်တာကတော့ ဘယ်တော့မှ မမှားမယ့် အမှန်တရားတစ်ခုပဲ "

Sunoo စကားအဆုံး ပူထူသွားတဲ့ ပါးတစ်ဖက်နဲ့ လည်ထွက်သွားတဲ့ မျက်နှာလေး...

ရားးး!!!

ဖြောင်း!!!!

ဖြောင်း!!!!

" ပြောစမ်း ထပ် ပြောစမ်း.. အဲ့ကောင်ကို ချစ်တယ်ဆိုတဲ့စကား မင်း ပါးစပ်က ထပ် ထွက်စမ်း Kim Sunoo!!! ဖြောင်း!!! "

Sunoo ရဲ့ပါးပြင်နုနုလေးပေါ် ဆက်တိုက်ဆိုသလို ကျရောက်လာတဲ့ ရိုက်ချက်တွေ...

အားပါတဲ့ ရိုက်ချက်ပြင်းပြင်းတွေကြောင့် ကြမ်းပေါ်ကို ခွေခနဲ လဲကျသွားတော့ ရင်ဘတ်က အင်္ကျီစကို ဆွဲကာ ထူမတ်ပေးလိုက်ပြီး Sunoo ရဲ့ ပါးစောင်တွေကို ဖိကုတ်လာပြန်တဲ့ Jay ရဲ့ လက်ချောင်းသန်သန်မာမာတွေ။

" ဘာမို့လို့လဲ အဲ့ကောင်က ဘာမို့လို့ မင်းပါးစပ်ကနေ ချစ်တယ်ဆိုတဲ့စကား ထွက်လာရတာလဲ ဟမ်... ငါ့ရှေ့မှာတောင် ထုတ်ပြောရဲတဲ့ မင်းရဲ့ သတ္တိကို ငါ ချီးကျူးမိတယ် Kim Sunoo... ပြောစမ်း ထပ်ပြောလိုက်စမ်း အဲ့ကောင်ကို ချစ်တယ်လို့ ... သတ္တိတွေ အဲ့လောက်ကောင်းနေရင် ထပ် ပြောလိုက်စမ်း "

" အမှန်တရားကို ပြောလို့ Jay နာနေတာ... Jay ကျွန်တော့်အပေါ် ဘယ်တုန်းက တန်ဖိုးထားခဲ့ဖူးလဲ... အမြဲတမ်း ကျွန်တော့်စိတ်ဆန္ဒကို လျစ်လျူရှုပြီး အရုပ်တရုပ်လိုပဲ ဆက်ဆံတယ်... သူကတော့ ကျွန်တော့် စိတ်ဆန္ဒကိုပဲ ဦးစားပေးတယ်... ကျွန်တော့်ရဲ့ ရပ်တည်မှုက တန်ဖိုးရှိပါ့လားဆိုပြီး ခံစားရအောင်ထိ ချစ်ပေးတယ်... ဟုတ်တယ် ချစ်တယ် အဲ့ဒါတွေကြောင့် ကျွန်တော် မောင့်ကို အရမ်းချစ်တယ် Jay "

" မင်း!! မင်း!!! စော်ကားလှချည်လား...ဟမ် မင်း စော်ကားလှချည်လား... ဟားးးး ငါ ဘယ်လို စကားတွေကို ကြားလိုက်ရတာလဲ Kim Sunoo.. ဟမ်.. ငါ့ ကျေးဇူးတရားတွေကိုမှ မထောက် ငါ့နောက်ကွယ်မှာ ဖြစ်ချင်တိုင်းဖြစ်နေတာ အားမရလို့ ခုတော့ ငါ့ရှေ့မှာပါ ဒီလိုစကားတွေကို.. ရားးး"

ဖြောင်း!!!

" ပြောအုံး အဲ့ဒါ ငါ့အရှေ့မှာ ဒီစကားတွေ ပြောအုံး ..."

ဖြောင်း!!!

နောက်ထပ် နောက်ထပ် ထပ်မံ ကျရောက်လာတဲ့ ရိုက်ချက်တွေကြောင့် မျက်နှာတပြင်လုံးဟာ စပ်ဖျင်းနေကာ နားတွေတောင် အူနေလေပြီ...

ပါးစောင်ထဲက စီးကျလာတဲ့ သွေးတွေကိုလဲ Sunoo မသုတ်မိ။

ရိုက်.. ရိုက်ချင်သလောက် ရိုက်ပါစေ။

အမြဲတမ်း အနိုင်ကျင့်ခံပြီး မြိုသိပ်ခဲ့ရတာတွေအတွက် သူ သီးမခံနိုင်တော့...

သတ်ချင်လဲ သတ်ပစ်ပါစေတော့ သူ ရင်ထဲ ရှိတာတွေကိုတော့ ဖွင့်ထုတ်ပစ်လိုက်ချင်ပြီ။

ဘာတဲ့...

ကျေးဇူးတရားတွေကိုမှ မထောက်တဲ့လား...

ထောက်ထားခဲ့လို့ သူ့ဘဝကြီးကို Jay စိတ်ကြိုက်ချယ်လှယ်ခွင့် ပေးထားတာပဲ နှစ်တွေကြာခဲ့ပြီလေ။

" ငါ့ကို ဒီလိုနည်းနဲ့ ကျေးဇူးတွေ ပြန်ဆပ်လိုက်တာပေါ့လေ ဟုတ်လား ဟမ်... မင်း ငါ့လက်က လွတ်မယ် ထင်လို့လား... မင်း လွတ်မြောက်မယ် ထင်လို့လား... ငါ့ ကျေးဇူးတရားတွေကိုတော့ မင်း ထောက်ထားဖို့ ကောင်းတယ်ကွ ''

" လုပ်ပြန်ပြီ လုပ်ပြန်ပြီ ပြောပြန်ပြီ... ကျွန်တော့််ကို ဒီစကားကြီး မပြောပါနဲ့လို့ တောင်းဆိုထားလဲ Jay ထပ်ခါထပ်ခါ ပြောနေတာပဲ...ဒီလိုတွေကြောင့် Jay ကို ကျွန်တော် ချစ်ဖို့ထက် ကြောက်လာမိတာ သိရဲ့လား...

သိတယ်...သိပါတယ်... ကျွန်တော် Jay လက်က မလွတ်ဘူးဆိုတာ သိနေပါတယ်... အဲ့ဒါကြောင့် ငါ့ ကျေးဇူးတရားတွေကိုမှ မထောက် ဆိုတဲ့ စကားကြီးကို ထည့်ထည့်မပြောပါနဲ့ ကျွန်တော်ဆိုတဲ့ လူက ကျေးဇူးတရားတွေကို သိတတ်လွန်းလို့ ကျွန်တော့်ရဲ့ အရာအားလုံးကို Jay ဆီမှာ စတေးထားပြီးသား''

မျက်ရည်တစ်စက်မကျ အကြောတင်းစွာ တစ်ခွန်းမခံ ပြန်ပြောနေတဲ့ မျက်စိရှေ့က သွေးအလိမ်းလိမ်းနဲ့ ဖရိုဖရဲလေးကို Jay စူးနစ်နေအောင် စိုက်ကြည့်နေမိသည်။

သူ့မျက်လုံးတွေနဲ့ အပြိုင် မော့ကြည့်နေတဲ့ မျက်ဝန်းညိုလေးတွေဟာလဲ မကျေနပ်ရိပ်များနဲ့ စူးရှလို့။

ဒီလောက်ထိ သူနဲ့ လက်မထပ်ရဖို့ ဆန့်ကျင်ပြနေတဲ့ ဘေဘီ

ဟိုကောင့်ကို သိပ်ချစ်ကြောင်းတွေ ဖွင့်ဟပြနေတဲ့ ဘေဘီ

သူ ဒီလောက်အထိ သီးခံပြနေဖို့ လိုတော့လို့လား...

မျက်စိရှေ့က ယိုင်နဲ့နဲ့ ခန္ဓာကိုယ်လေးကို Jay ကောက်ပွေ့လိုက်ပြီး ကုတင်ရှိရာဆီ ခေါ်သွားလိုက်သည်။

" အရာအားလုံး စတေးတယ်ဆိုတာ ဘာလဲ သိအောင် မင်းကို ငါ လုပ်ပြမယ် Kim Sunoo... မင်း စကားနဲ့ မင်း စတေးဖို့သာ ပြင်ဆင်ထားတော့ "

ကုတင်ပေါ်ကို ပစ်တင်ခံလိုက်ရတဲ့ ခန္ဓာကိုယ်လေးက ပြင်ဆင်ဖို့တောင် အချိန်မရလိုက်။

ချက်ချင်းပဲ အုပ်မိုးခံလိုက်ရကာ ဖိချုပ်ထားခြင်းကိုပါ ခံလိုက်ရလေတော့သည်။

" Jay.... ဘာလုပ်မလို့လဲ ဖယ်!! "

" စတေးခိုင်းမလို့... မင်း ပြောသလို အရာအားလုံး စတေးခိုင်းမလို့ "

" ဟင့်အင် ဖယ်ပေး... ဖယ်ပေးပါ Jay "

လူးလွန့် ရုန်းကန်နေတဲ့ ဘေဘီ့ရဲ့ ခန္ဓာကိုယ်လေး
ပေါ် Jay ခွထိုင်လိုက်ကာ ထုရိုက်လာတဲ့ လက်လေးတွေကို ဖမ်းချုပ်လိုက်သည်။

" ဟင့်အင် Jay... မလုပ်ပါနဲ့... ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော့်ကို ဒီလိုတွေ မလုပ်ပါနဲ့ "

" မင်းမှာ ငြင်းဆန်ပိုင်ခွင့် မရှိဘူး Kim Sunoo... အသားမနာချင်ရင် ငြိမ်ငြိမ်နေပြီး စတေးပေးလိုက် "

"ဖယ်...ဖယ်ပါ... ဟင့်.. အင့်..Jay... "

မျက်ရည်တွေနဲ့ တောင်းပန်နေတဲ့ ဘေဘီ့ကိုကြည့်ပြီး Jay သနားဖို့ထက် ဖျက်ဆီးပစ်ချင်တဲ့ စိတ်ရိုင်းတွေကသာ ကြီးစိုးနေမိသည်။

ငါ မကြိုက်တာတွေ လုပ်ထားတဲ့အတွက် မင်း မကြိုက်တာကိုလဲ ငါ ပြန်လုပ်ရမှ ကျေနပ်နိုင်မယ် ဘေဘီ...

ငါ့ရှေ့မှာတောင် တခြားကောင်ကို ချစ်ပါတယ်ဆိုပြီး သတ္တိတွေ ကောင်းပြနေတဲ့ မင်း

ဒီနေ့ မင်းကို ငါ အရယူပြမယ်...

ငါ့အသည်းတွေ နာကျင်နေရသလို မင်း လဲ စက်စက်ခါ နာလိုက်စမ်း။

သူ့အောက်က ထွန့်ထွန့်လူး နေတဲ့ ခန္ဓာကိုယ်လေးကို Jay လက်မောင်းတွေကြား ဖိချုပ်လိုက်ကာ အငြင်းစကားတွေ ဆိုနေတဲ့ နှုတ်ခမ်းလေးကို ဖိပိတ်ပစ်လိုက်တော့သည်။

မင်း ငါ့အောက်မှာ နေပြီး ပျော်ပျော်ကြီး စတေးပစ်လိုက်တော့ ဘေဘီ....

မျက်နှာလေးကို ဘယ်ညာယမ်းပြီး အနမ်းမခံရဖို့ ရှောင်တိမ်းနေတဲ့ ဘေဘီ့ကို သူ မရမကလိုက်နမ်းပြီး တင်းတင်းပိတ်ထားတဲ့ နှုတ်ခမ်းလေးကို ကိုက်ဖောက်လိုက်သည်။

အ့~~

နာလို့ ဟ သွားတဲ့ နှုတ်ခမ်းလေးကို စုပ်ယူလို့ ခပ်ကြမ်းကြမ်းလေး နမ်းရှိုက်ပစ်လိုက်တော့ မျက်ရည်လေးတွေ စီးကျလာတဲ့ ဘေဘီ....

အရိုင်းဆန်တဲ့ အနမ်းကြမ်းတွေ အောက်မှ ရသမျှ ရုန်းကန်နေကာ ရှိသမျှအားလေးနဲ့ တွန်းထိုးတားဆီးနေတဲ့ ကောင်ငယ်လေး...

ဒီရုန်းကန်မှုတွေကပဲ သူ့စိတ်ရိုင်းတွေကို ပိုပြီး အားကောင်းလာစေတာများလား...

ဘေဘီ့ကိုယ်ပေါ်က ဖရိုဖရဲဖြစ်နေတဲ့ အင်္ကျီပါးလေးကို နမ်းရှိုက်နေရင်းမှ Jay ဆွဲဖြဲပစ်လိုက်သည်။

အင်္ကျီလစ်ဟာသွားတဲ့ အချိန်မှာ ပေါ်လာတဲ့ ရင်ဘတ်ဖွေးဖွေးလေးဟာ မီးရောင်အောက်မှာ မထိရက်မတို့ရက်စရာ ဖြူနုဥဖက်လို့နေသည်။

ဒီရင်ဘတ်လေးတွေပေါ် လက်တွေနဲ့ ပွတ်သပ်ကိုင်တွယ်နေပြီး နှုတ်ခမ်းတွေဟာလဲ နမ်းရှိုက်မှုကို မပျက်စေရ။

နှုတ်ခမ်းလေးကို နမ်းနေတာ အချိန်တွေ ကြာလာတော့ ခေါင်းလေးမော့ထားလို့ ထင်းထွက်နေတဲ့ လည်တိုင်ကျော့ကျော့လေးဆီ မျက်နှာတစ်ခုလုံး နစ်ဝင်နေအောင် ဖိကပ်ထားပြီး နှုတ်ခမ်းတွေနဲ့ စုပ်ယူကာ စိတ်ကြိုက် အမှတ်အသားတွေ ပေးနေမိသည်။

ညှပ်ရိုးလှလှလေးတွေဆီ နှုတ်ခမ်းတို့ခိုနားမိတော့လဲ သူ့စိတ်တွေကိုသူ အစိုးမရတော့။

အနမ်းတွေကို ရင်ဘတ်လေးဆီ ဦးတည်လိုက်တဲ့ အချိန်မှာ အင့်ခနဲ ငိုသံတစ်ချက် ထွက်ကျလာပြီး ငြင်းဆိုသံလေးတွေ စီသွားခဲ့ရသည်။

" Jay... ဖယ်ပေးပါ... ဒီလောက် အပြစ်ပေးရရင် တော်ပါတော့.. Jay... "

အင်းးး

ပြွတ်

ဟားးး

အွန်းးး

" တော်ပါတော့ Jay ရယ်...ကျွန်တော် တောင်းပန်နေတာပါ.. ဟင့်.. ဟင့်.. Jay "

ဘယ်လောက်ပဲ တားမြစ်နေပါစေ... ဘယ်လောက်ပဲ ရုန်းကန်နေပါစေ.. Jay ရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်မသွားခဲ့။

ခန္တာပါးပါးလေးကို သူ့စိတ်ကြိုက်ဝါးမျိုနေကာ အားမလို အားမရမှုတွေနဲ့ ပေါ်ထွက်လာတဲ့ သံရှည်ဆွဲသံများ... လှိုင်းထန်နေတဲ့ အသက်ရှူသံများနဲ့ နမ်းရှိုက်ရာမှ ပေါ်ထွက်လာတဲ့ နားရှက်ဖွယ်ရာ အသံလေးများသာ အခန်းထဲမှာ ကြီးစိုးနေလေသည်။

ရုန်းကန်နေတဲ့ ကြားက Jay လက်ထဲကို ပါသွားခဲ့တဲ့ Sunoo ရဲ့ ဘောင်းဘီလေး...

ခုချိန်မှာ နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာအဝတ်မှ မရှိတော့ဘဲ အရာရာဟာ မိမွေးတိုင်း ဖမွေးတိုင်း...

ရှက်စိတ်ကြောင့် Sunoo ခန္ဓာကိုယ်လေး အေးစက်နေကာ ငိုရှိုက်ဖို့တောင် အားမရှိတော့...

အော်ဟစ်တားမြစ်ရလွန်းလို့ လည်ချောင်းတွေ ခြောက်ကပ်ကာ အာခေါင်များပင် စပ်ဖျင်းလာရပြီ။

ကိုက်ဖောက်ထားခံရတဲ့ နှုတ်ခမ်းဖူးဖူးလေးမှာလဲ ပေါက်ပြဲနေကာ သွေးစလေးတွေပင် စို့လို့။

စိတ်ရှိလက်ရှိ အရိုက်ခံထားရတဲ့ ပါးပြင်လေးတွေဟာဆိုရင်လဲ ဖူးယောင်နေကာ အညိုအမဲစွဲလို့နေပြီ။

ခန္ဓာကိုယ်တစ်လျှောက်မှာလဲ လည်ပင်းတွေပေါ်.. ရင်ဘတ်တွေပေါ်... ပုခုံးသားလေးတွေပေါ် ...ဗိုက်သားချပ်ချပ်လေးတွေပေါ် Jay ပေးထားတဲ့ အမှတ်အသားများ ...

တချို့နေရာတွေများဆို သွားနဲ့ ကိုက်ထားတဲ့ အရာတွေက အကွင်းလိုက်။

ဒီလို အခြေအနေကြီးတောင် ရောက်မှတော့ Sunoo မရုန်းကန်ချင်တော့။

ဟုတ်ပါတယ်... သူဆိုတာက Jay အကြွေးနဲ့ သိမ်းပိုက်တာကို ခံထားရတဲ့ Jay ရဲ့ အရုပ်လေးပါ...

သူ့ဘဝကို Jay ပိုင်တယ်...

သူ့ခန္ဓာ ကို Jay ပိုင်တယ်...

သူ့အနာဂတ်ကို Jay ပိုင်တယ်...

အဲ့တော့ ကိုယ့်ဘဝကိုယ်တောင် မပိုင်တဲ့ သူက မောင်ဆိုတဲ့ လောဘလေးနဲ့ အနာဂတ်တွေကို ပုံဖော်နေခဲ့မိတာ...

သူ လောဘကြီးသွားတာ။

တနည်း သူ သတိလက်လွတ် ဖြစ်သွားတာ။

တခဏတာ Jay ပေးထားတဲ့ လွတ်လပ်မှုဆိုတာကြီးပေါ် မိန်းမူးလို့ သူ သူ့ဘဝကိုသူ မေ့သွားမိတာ။

ဟုတ်တာပေါ့ Jay ဆိုတာ နဂိုထဲက ဒီလိုလူပဲလေ။

Jay မှာ အပြစ်မှ မရှိဘဲ။

သူ ပိုင်တဲ့ အရုပ်မို့ သူ စိတ်ကြိုက် ဆော့ကစားပါစေတော့....

Sunoo ရုန်းကန်နေတာတွေကို ရပ်တန့်လိုက်ကာ အောက်နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ပြီး မျက်လုံးလေးတွေကို မှိတ်ချလိုက်တော့သည်။

Jay ကြိုက်သလို စီရင်ပါတော့...

အရာအားလုံးကို ကျွန်တော် စတေးပါ့မယ်....

သူ့ဘက်က ငြိမ်သပ်ပေးလိုက်တာတောင် Jay ရဲ့ အကြမ်းပတမ်း လှုပ်ရှားမှုတွေက တော့ မရပ်တန့်သေး။

ရင်ဘတ်တွေကို သွားဖျားလေးနဲ့ ကိုက်လိုက် နှုတ်ခမ်းလေးနဲ့ စုပ်ယူလိုက်နဲ့ အားမရတိုင်း ထပ်တိုးကာ နမ်းရှိုက်နေတုန်း...

အချိန်တွေအတော်ကြာသွားတဲ့ အခါမှ Jay ဘေဘီ့ရဲ့ ခန္ဓာကိုယ်လေးဆီက အေးစက်နေမှုကို ခံစားလိုက်မိသည်။

သူ့အောက်က အဝတ်မဲ့နေပြီဖြစ်တဲ့ ခန္ဓာကိုယ်လေးဟာ လှုပ်ရှားမှု မရှိတော့သလို ငိုရှိုက်သံတို့လဲ ထွက်ကျမလာတော့...

နှုတ်ခမ်းတွေကို ဖိကိုက်လို့ မျက်လုံးစုံမှိတ်ကာ အသက်မဲ့သူလို ငြိမ်သက်လို့။

ဖြူဖြူဖွေးဖွေး ခန္ဓာကိုယ်လေးဟာလဲ ခုချိန်မှာတော့ တစ်ကိုယ်လုံး ရဲရဲနီနေကာ ခန္ဓာအနှံ့သူပေးထားတဲ့ ကိုက်ရာတွေ စုပ်ရာတွေအပြည့်နဲ့။

အိပ်ရာဖွေးဖွေးထက်က နီစွေးစွေး ခန္ဓာကိုယ်လေးကို Jay မျက်တောင်မခတ်စိုက်ကြည့်ရင်း သူလဲ လှုပ်ရှားဖို့ရာမေ့။

အေးစက်စက် မလှုပ်မယှက် ခန္ဓာကိုယ်လေးကို ငုံ့ကြည့်နေမိရင်းမှ သူ တဖြည်းဖြည်း စိတ်နဲ့လူနဲ့ ကပ်လာတယ် ပြောရမလား...

ထိုအခါမှ သတိတို့ ပြန်ဝင်လာကာ...

ဘာလို့ အခြေအနေတွေက ဒီလောက်အထိ ဖြစ်သွားရတာလဲ...

ဘေဘီ့ရဲ့ မခြေမငံစကားတွေကြောင့်လား...

သူ သောက်ထားမိတဲ့ ဝိုင်တွေရဲ့ တန်ခိုးတွေကြောင့်လား....

ဒီရက်ပိုင်းတွေမှာ ခံစားနေရတဲ့ မွန်းကြပ်မှုတွေ ကြောင့်လား....

သူ ဒီလောက်ထိ လုပ်ဖို့တော့ မရည်ရွယ်ခဲ့တာ အမှန်ပါ။

သူ့ဆီက လှုပ်ရှားမလာတာကြောင့်ထင် မှိတ်ချထားတဲ့ ဘေဘီ့ မျက်ဝန်းလေးတွေ ပွင့်လာပြီး သူ့မျက်လုံးတွေထဲကို တည့်တည့်ကြည့်ကာ

" ဘာလို့ ရပ်လိုက်တာလဲ Jay... ဆက်လုပ်ပါ... ကျွန်တော် မငြင်းပါဘူး.... Jay စိတ်ကြိုက်လုပ်ပါ... ကျွန်တော် ခဏ သတိလွတ်သွားခဲ့တာ... ကျွန်တော်က အစတည်းက Jay အပိုင်... Jay ရဲ့ အရုပ်ပဲဟာ... ဒါကို ကျွန်တော် ခဏမေ့သွားပြီး စိတ်ထင်ရာတွေ လုပ်လိုက်မိတာ... ဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်.... တောင်းပန်တဲ့ အနေနဲ့ ကျွန်တော့်ကို Jay စိတ်ကြိုက် သိမ်းပိုက်လိုက်ပါ...လုပ်ပါ ... ကျွန်တော့်ဘဝကြီးကို Jay ကြိုက်သလို ချယ်လှယ်လိုက်... ကျွန်တော်ဆိုတာ Jay ရဲ့ ကျေးဇူးတရားတွေထဲမှာ အစကတည်းက ရုန်းမရအောင် နစ်မွန်းနေခဲ့ပြီးသား "

" မဟုတ်ဘူး... မဟုတ်ဘူး "

ခုမှ ဂယောင်ခြောက်ခြားနဲ့ Jay ခေါင်းယမ်းလိုက်မိသည်။

မီးရောင်အောင်မှာ နီစွေးနေတဲ့ ခန္ဓာကိုယ်လေးကို သူ မကြည့်ရက်တော့စွာ ဆံပင်တွေထဲကို လက်ချောင်းတို့ ထို့ထည့်ပြီး သူ ခေါင်းတွင်တွင်ခါယမ်းလိုက်မိသည်။

" မဟုတ်ဘူးလေ... ကိုယ် ကိုယ် ဒီလိုတွေထိ လုပ်လိုက်ဖို့ မရည်ရွယ်ဘူး ဘေဘီ "

" မရည်ရွယ်လဲ ဖြစ်ပြီးသွားပြီ Jay... မရပ်တန့်လိုက်ပါနဲ့...Jay ကျွန်တော့်ကို အဆုံးထိ သိမ်းပိုက်ချင်တယ် မလား... သိမ်းပိုက်လိုက်.. ကျွန်တော်က Jay ရဲ့ Doll လေးလေ "

" တော်..တော်လိုက်တော့ ဘေဘီ "

Jay ခွထိုင်ထားမိတဲ့ ခန္ဓာကိုယ်လေးပေါ်ကနေ ဆင်းလိုက်ကာ ဘေးနားက စောင်တစ်ထည်နဲ့ အဝတ်မဲ့ ခန္ဓာကိုယ်လေးကို လွှမ်းခြုံပေးလိုက်သည်။

ကိုယ် မရည်ရွယ်ပါဘူးကွာ...

ပြီး ကုတင်ပေါ်က ခပ်မြန်မြန် ဆင်းလိုက်ကာ အောက်မှာကျနေတဲ့ သူ့ရဲ့ညဝတ်ရုံ အရှည်ကြီးကို ကောက်ဝတ်လိုက်ကာ အခန်းထဲက လျှင်မြန်စွာ ထွက်လာခဲ့လိုက်တော့သည်။

လူကြမ်းကြီးပဲ လုပ်ပါ့မယ် ဘေဘီ...

လူယုတ်မာတစ်ယောက် အဖြစ်နဲ့တော့ သတ်မှတ်မခံတော့ဘူးကွယ်....

မရည်ရွယ်ဘူးဆိုပေမယ့် ဖြစ်ပျက်သွားတဲ့ အရုပ်ဆိုး အကျည်းတန်မှုတွေကတော့ ဘယ်တော့မှ ဖျောက်ဖျက်လို့ရတော့မှာ မဟုတ်ဘူးလေ....

အခန်းလေးထဲက တရှုံ့ရှုံ့ရှိုက်ငိုသံလေး... ညသန်းခေါင်ယံသို့တိုင်တိတ်နိုင်ခဲ့ပါဘူး...

အလုပ်ခန်းထဲက ဆိုဖာရှည်ကြီးပေါ်မှာလဲ လက်ဝါးတွေပေါ် မျက်နှာကြီး မှောက်ချလို့ ယူကျုံးမရဖြစ်နေတဲ့ လူတစ်ယောက်...

တချို့သော မှားယွင်းမှုတွေဟာ စိတ်ဒဏ်ရာတွေကို ပိုတိုးလာစေတယ်ဆိုတာ ပြောပြနေဖို့တော့လိုဘူးလေ....


************************************

Love you all my Vitamins 💙

3.5.2023 💙

San Htarni

# ပြင်လွန်းလို့ -င်ချွန်းသွားပြီလား မသိဘူး။
ဖျက်လိုက်ရေးလိုက်နဲ့ နောက်ဆုံး ဒီလိုကြီး ဖြစ်သွားတယ်။

ဘယ်လိုနေလဲ ပြောခဲ့ကြအုံး။ မှန်းထားတာနဲ့ ကွက်တိကျရဲ့လားလို့။

စာလုံးရေ 9000 နီးပါးပါ။
စောင့်ခိုင်းထားရလို့ အရှည်ကြီး ရေးပေးထားတယ်နော် ❤

Comment