~ 8 ~

~ 8 ~

အခန်းထဲကနေ အတွင်းရေးမှူး Lee ထွက်သွားပြီးတာနဲ့ ကုလားထိုင်မှာ ပြန်ထိုင်လိုက်ကာ စားပွဲအံဆွဲထဲက ပုဝါလေးကို ထုတ်ယူလိုက်သည်။

ပုဝါလေးရဲ့ ထောင့်စွန်းလေးမှာ ရေးထားတဲ့ SH ဆိုတဲ့နေရာလေးကို စူးစူးစိုက်စိုက် ကြည့်ရင်း Jay ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိတယ်...

" ငါ ရှာနေတဲ့ အဖြေက မင်းလား Park Sunghoon... S . H . Sung . Hoon.... Sung. Hoon. S. H... ဟား ဟား ဟား ဟား... မင်းက ဘာကောင်မို့လို့ ဘေဘီ့ ဘေးမှာ ရှိနေရတာလဲ... ငါ မသိလိုက်တဲ့ ဒီအချိန်ခဏလေးအတွင်း ဘေဘီနဲ့ မင်း ဘယ်အတိုင်းအတာထိ ပတ်သက်နေကြတာလဲ "

ဟားတိုက်ရယ်မောနေရာမှ Jay ရဲ့ မျက်နှာဟာ ရုတ်တရက် တည်တင်းသွားကာ လက်ထဲမှာ ကိုင်ထားတဲ့ ပုဝါလေးကို လုံးချေပစ်လိုက်သည်။

ပြီး စားပွဲအံဆွဲထဲသို့ ပစ်ထည့်လိုက်ပြီး စားပွဲပေါ် တင်ထားတဲ့ ဖုန်းကိုယူလိုက်ကာ နံပါတ်တစ်ချို့နှိပ်လိုက်ပြီးနောက်

" Hello Leo... မင်းနဲ့ငါ တွေ့ဖို့လိုပြီ "

ရှင်းလင်းတယ် ပြတ်သားတယ် အာဏာဆန်ဆန် အေးစက်စက် အပြောတွေနဲ့ တစ်ခွန်းချင်း ပြောလို့အပြီး ဖုန်းကိုလက်ထဲမှာ တင်းတင်း ဆုပ်ကိုင်ထားကာ နှုတ်ခမ်းတစ်ဖက်တွန့်ရုံလေး ပြုံးလိုက်ပြန်တဲ့ Jay....

သူ ဖုန်းဆက်တဲ့ Leo ဆိုတာကရော...

ဘယ်သူဖြစ်မလဲ....

.
.
.

" ဟေ့ရောင် မင်း အဲ့အလုံးကြီး ဖယ်လိုက်စမ်းကွာ.... နား နားလေးကနေ ကပ်ကပ်သွားတာ ကြက်သီးထတယ်ကွ "

ဆိုဖာပေါ် ပက်လက်လှန် အိပ်ကာ ရာဘာဘောလုံးအသေးလေးကို နံရံဆီ ပစ်ပေါက်လိုက် ဖမ်းဆုပ်လိုက် လုပ်နေတဲ့ Sunghoon ကို မနေနိုင်တော့တဲ့ Jake က ဝင်ပြောလိုက်ခြင်းဖြစ်သည်။

မပြောလို့လဲ မဖြစ်တော့ဘူး...

ဒီတိုင်းဆက်လုပ်နေရင် ဘယ်အချိန် အဲ့ဘောလုံးက သူတို့ ခေါင်းကို မှန်းမလဲ မသိ။

Jake နဲ့ Niki က ဧည့်ခန်းက စားပွဲမှာ လာထိုင်ကာ ခေါက်ဆွဲပြုတ်သောက်ရင်း Netflix ကြည့်နေကြခြင်းဖြစ်သည်။

ရာဘာဘောလုံးကို သူတို့ ခေါင်းနားလေးကနေ နံရံဆီ ဝှီးကနဲ ပစ်ပေါက်လိုက် ပြန်ကန်ထွက်လာတဲ့ ဘောလုံးက သူတို့ခေါင်းနားလေးကနေ ဖြတ်သွားကာ Sunghoon လက်ထဲ ပြန်ရောက်လိုက်။

ပစ်နေတဲ့ ကောင်က အာရုံက ဘောလုံးဆီမှာ ရှိတာမဟုတ်။

အပြင်က ပြန်လာကတည်းက စိတ်နဲ့လူ မကပ်တဲ့ ပုံစံနဲ့ ငူငူငိုင်ငိုင်...

တစ်ယောက်ထဲ သက်ပြင်းချလို့ချ ခေါင်းတွေ ခါယမ်းလို့ ယမ်းနဲ့....

သူတို့နဲ့အတူ ခေါက်ဆွဲ လာသောက်ဆိုလဲ ခေါ်နေတာကို အဖက်မလုပ်...

ပြောနေတာကို မကြားလေဟန် ဆက်ပစ်နေတာကြောင့် Niki က နံရံမှ ပြန်ကန်ထွက်လာတဲ့ ဘောလုံးကို ကြားကနေ ဝင်ဖမ်းလိုက်သည်။

ပုံမှန်အချိန်ဆိုရင် သူလုပ်နေတဲ့အရာတစ်ခုကို ကြားက ဝင်နှောက်ယှက်ရင် ထ အော်တတ်တဲ့ Sunghoon က Niki ဘောလုံးကို ဝင်ဖမ်းပြီး စားပွဲပေါ်တင်လိုက်တာကို ဘာတစ်ခွန်းမှ မပြော။

ထူးခြားနေတဲ့ သူတို့ သူငယ်ချင်းရဲ့ ပုံစံကြောင့် Niki နဲ့ Jake တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်စပစ်ပြမိသည်။

ဒီကောင် ဘာဖြစ်နေတာလဲ ပေါ့...

တော်တော်ကြာတဲ့အထိ ငြိမ်နေတဲ့ Sunghoon က ရုတ်တရက် ဆိုဖာပေါ်ပက်လက်လှန်နေရာမှ ဝုန်းကနဲ ခုန်ထလိုက်ကာ ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြန်သည်။

ပြီးမှ သူ့မေးစေ့ကိုသူ ပွတ်နေပြီး

" ငါ မင်းတို့ကို မေးစရာရှိတယ် သားကြီးတို့ "

အဆက်စပ်မရှိ ထ ပြောလာတဲ့ Sunghoon စကားကြောင့် Jake နဲ့ Niki - TV ကြည့်နေရာမှ Sunghoon ဘက်သို့ လှည့်ကြည့်လိုက်မိသည်။

ဘာတစ်ခွန်းမှတော့ ဝင်မပြောမိသေး...

သူ့စကားကို ဘယ်သူမှ ဝင်မထောက်တော့ စိတ်တိုသွားဟန်ရှိတဲ့ Sunghoon က ဆိုဖာပေါ်က ခေါင်းအုံးကို ဆွဲယူကာ သူတို့ဆီ လှမ်းထုလိုက်ပြီး

" ဟေ့ကောင်တွေ! ငါ မင်းတို့ကို မေးမလို့ လို့! "

" မေးပါလား ကွ... မင်းကို ဘယ်သူက မမေးနဲ့ ပြောနေလို့လဲ "

ခေါင်းအုံးနဲ့ အထုခံရတော့ Niki က ဘောက်ဆက်ဆက်နဲ့ ထ ပြောလေတော့သည်။

" မင်းတို့ဆီက ဘာအသံမှ ထွက်မလာလို့လေ ငနာကောင်ရဲ့... ငါ ရောက်ကတည်းက ကြည့်နေတာ မင်းတို့နှစ်ကောင် ... ငါ့ရေခဲသေတ္တာထဲ ရှိတာတွေ အကုန်မွှေနှောက်ပြီး ငတ်ကြီးကျနေကြတာ... သူငယ်ချင်း တစ်ယောက်လုံး ပြန်လာလို့ ဘယ်ကလာလဲ မေးရကောင်းမှန်းမသိဘူး "

" အော့... ငါတို့ မေးနေတာကျ မင်းက ကြားလို့လား လဒ ရ... အိမ်ထဲ ဝင်လာကတည်းက လဒ မှိုင် မှိုင်နေပြီးတော့ "

" မှိုင်တာ မမှိုင်တာ အသာထားကွာ... ငါ့ ခေါင်းထဲမှာ အခုထိ အ​ဖြေထုတ်လို့ မရတဲ့ ပုစ္ဆာတစ်ပုဒ် ရှိနေလို့ မင်းတို့လဲ ဝိုင်း စဉ်းစားပေးကြစမ်းပါ "

"အာ...နိုး နိုး နိုး ဟေ့ကောင် သင်္ချာနဲ့ ငါတို့နဲ့ ဓာတ်မတည့်ဘူးကွ... ဘယ်ပုစ္ဆာမှ အ​ဖြေထုတ်မပေးနိုင်ဘူး "

" Ya~~ Jake! မင်း နာချင်နေတာလား... ငါ ဒီမှာ အကောင်းမေးမလို့ကို... မင်းတို့ နှောက်နေတာနဲ့ လိုရင်းကို မရောက်ဘူး "

"အေးပါ သားကြီးရာ... မနှောက်တော့ဘူး ပြော ပြော... မင်း တစ်ခုခု ဖြစ်နေတာ ငါတို့ သိတယ် "

ထိုအခါမှ သူတို့နားက ဆိုဖာမှာ လာထိုင်လိုက်ပြီး

" ဒီလိုကွာ ...မင်းတို့နဲ့ ဘော်ဒါအကန့်ဖြစ်နေတဲ့ လူတစ်ယောက်က မင်းတို့ရဲ့ ဖုန်းနံပါတ်ကို တောင်းမယ်ကွာ...အဲ့ဒါ မင်းတို့ ဘယ်လို လုပ်မလဲ ပေးမှာလား မပေးဘူးလား"

" ဟ သားကြီးရ ဘော်ဒါတွေ ဖြစ်နေပြီလေ ဆက်သွယ်ဖို့လိုတာပေါ့... ပေးမယ်ကွာ ငါကတော့ "

"အေးလေ ငါလဲ ပေးမှာပေါ့...ဘော်ဒါချင်း ဖုန်းနံပါတ် မှ မ ဖလှယ်နိုင်ရင် ဘယ်လိုလုပ် ဘော်ဒါတွေလို့ ခေါ်မလဲ "

အင်း.... ဒီကောင်တွေ ပြောတာလဲ ဟုတ်တုတ်တုတ်..

ဒါဆို အဖြူရောင်လေး ငါ့ကို တကယ် မခင်လို့များ ဖုန်းနံပါတ် မပေးသလား...

ဒါလဲ မဖြစ်နိုင်....ဒီနေ့ကို ပြောသေးတာ Sunghoon ကို သူ တကယ်ခင်ပါတယ် တဲ့လေ...

" ဒါဆို ငါ ထပ် မေးမယ်နော်... မင်းတို့အိမ်တွေက မင်းတို့ကို အိမ်ပြန်ချိန် သတ်မှတ်ထားတာမျိုး ရှိလား "

"ဘာ.. ဟား ဟား ဟား ဟား... ဟေ့ရောင် မင်း ရူးနေတာလား သားကြီးရ..."

" ဒီကောင် ဘာ ရူးကြောင်ကြောင်စကားတွေ လာပြောနေတာလဲ ဟ "

သူ့စကားအဆုံး ဟားတိုက်ရယ်နေပြန်တဲ့ နှစ်ကောင်...

" ဟေ့ကောင်တွေ ငါ အကောင်းမေးနေတာ နော် .. သေမလို့ အဲ့လောက် အော်ရယ်နေတာလား "

မျက်ထောင့်နီနဲ့ကြည့်ကာ အော်လိုက်တော့မှ အရယ်ရပ်သွားတဲ့ Jake က

" မင်းက ဟာသတွေ လာမေးနေတာကိုကွ... ငါတို့ မှာ ဘယ်တုန်းက အိမ်ပြန်ချိန်ဆိုတာ အတိအကျ ရှိဖူးလို့လဲ... ညသန်းခေါင်မှ ထ ပြန်ချင်ပြန်တာပဲ... မပြန်ချင်တဲ့အချိန် မင်း ဆီ အိပ်ရင် အိပ်နေတာကို "

" အေးလေ မသိတာကျလို့ အခုမှ အထူးအဆန်းလုပ်ပြီး လာမေးနေတယ် "

"မဟုတ်ပါဘူး ကွာ... ငါ သိချင်လို့ပါ... ငါက အရွယ်ရောက်ပါပြီဆိုကတည်းက တစ်ယောက်ထဲ နေလာတော့ ငါ့ကို အဲ့လို စည်းကမ်းကိုင်မယ့်သူတွေ မရှိဘူးလေ... မင်းတို့က မိသားစုနဲ့နေတာဆိုတော့ မိဘတွေက စည်းကမ်းတွေ ဘာတွေ ထုတ်လား သိချင်လို့ပါ "

သူ့အပြောကြောင့် Jake က သူ့အနားလာထိုင်ကာ ပုခုံးကိုဖက်လိုက်ပြီး

" မိဘဆိုတာ သားသမီးကို စည်းကမ်းကျစေချင်တာတော့ ရှိတာပေါ့ကွာ... ညနက်မှ ပြန်လာတာ တွေ့ရင်တို့ အသိမပေးဘဲ ည ပြန်မအိပ်တာ သိရင်တို့ နည်းနည်းတော့ ပွားတာပေါ့... ပူပူညံညံ လုပ်တာလေးတွေတော့ ရှိတာပေါ့ကွာ... ဒါလဲ ခဏပါ... ငါ့အမေဆို မေမေကလည်း ဆိုပြီး သူ့ပါးလေးနမ်းပေးပြီး ချွဲလိုက်ရင် ပြုံးပြုံးကြီးနဲ့ ပြီး သွားရော... အဖေနဲ့ကတော့ နည်းနည်း ပို အပြောခံရတာပေါ့ "

" ငါလဲ မိဘတွေနဲ့ နေတုန်းက ပြောခံရတာတော့ ရှိတာပေါ့... ခု ဒေါ်လေး မိသားစုနဲ့ကျ အကုန် ငါ့စိတ်ကြိုက်ပဲ "

" အဲ့လိုလား... "

"အေး..အဲ့လို အဲ့လို.... ဒါနဲ့ နေစမ်းပါအုံး မင်းက ခုမှ အထူးအဆန်း လုပ်ပြီး ဘာတွေ ထ မေးနေတာလဲ "

" ဒီလိုကွာ... ဟိုနေ့က ကျောင်းမှာ မင်းတို့တွေ့ခဲ့တဲ့ တစ်ယောက်လေ "

"ဘယ်တစ်ယောက်လဲ ဘယ်သူလဲ "

" ကျောင်းမှာ ငါတို့တွေ့ခဲ့တာ တစ်ယောက်မကဘူးလေ .. စော်လေးတွေမှ အများကြီးပဲ "

"ကျစ် မင်းတို့ကလဲ ငွေရောင်ဆံပင်လေးတွေနဲ့ တစ်ယောက်ကို ပြောတာကွာ..."

" ဪ... မင်း ဇယားလေး လား "

ထိုအခါမှ စပ်ဖြီးဖြီးရုပ်ကြီးနဲ့ပြောပြီး သူ့အနားကို ထ လာတဲ့ Niki...

ခုမှ သူပြောနေတဲ့ စကားကို ပို၍ စိတ်ဝင်စားလာကြဟန် ပေါ်ပါသည်။

ဆိုဖာခုံရှည်ပေါ်မှာ Sunghoon ကိုအလယ်ကထားပြီး Niki နဲ့ Jake က ဟိုဖက်တစ်ယောက် ဒီဖက်တစ်ယောက်....

မျက်လုံးအကြည့်တွေက Sunghoon ဆီမှာသာ ဦးတည်နေကြပြီး သိပ် စိတ်မဝင်စားကြပါဘူး ခေါင်းကြီးတွေကလဲ Sunghoon ရှိရာဘက်ဆီကို စောင်းငဲ့ လို့။

" ဘာလဲ မင်းတို့ကောင်တွေက ခုမှ သိပ် သိချင်နေကြတယ်ပေါ့လေ ဟုတ်လား "

" ဟီးဟီးးး သိချင်တယ် ဆိုတာထက် မင်းပြောမှာကို နားထောင်ပေးမလို့ပါ သားကြီးရ... မင်းဆီက ဒီလို သူများအကြောင်းပြောတာ တစ်ခါမှ မကြားဖူးလို့လေ "

" ကဲပါ ဆက်ပြောစမ်းပါ ပြောစရာရှိတာသာ .. မင်း ဇယားလေးက ဘာဖြစ်နေလို့လဲ "

"အာ... Niki ကလဲ ငါ့ဇယား မဟုတ်ပါဘူး... ဒီတိုင်း သူ့အကြောင်းက ခေါင်းထဲရောက်လာလို့"

" အင်း... ဇယားသာမဟုတ်သေးတာ သူ့အကြောင်းကတော့ ခေါင်းထဲ ရောက်နေပြီပေါ့ "

" အဲ.. အဲဒါကတော့... သူက ငါတို့လို မဟုတ်ဘဲ ထူးဆန်းနေတာကိုကွ "

"ဘာလို့လဲ သူက အမြှီးပေါက်နေလို့လား "

"Niki !!!!"

"အားး နား အူ လိုက်တာကွာ.. အဲ့လောက်အော်စရာလိုလို့လား Park Sunghoon ရ "

အတူကပ်ထိုင်နေတာကို အော်ချလိုက်တဲ့ Sunghoon ကြောင့် Niki တကယ်ကို နားအူသွားရခြင်း ဖြစ်သည်။ ထို့ကြောင့် နားတစ်ဖက်ကို ပွတ်ကာ ပြောလိုက်တော့

" မင်း မဟုတ်တာတွေပဲ ပြောနေတာကို "

" မသိဘူးလေ မင်းပဲ သူက ငါတို့နဲ့ မတူဘဲ ထူးဆန်းနေတယ်ဆိုလို့ ငါလဲ မှန်း ပြောကြည့်လိုက်တာပေါ့ "

" လိ မို့ အမြှီးပေါက်ရမလား... နားထောင်စမ်းကွာ ငါ စိတ်မရှည်တော့ဘူး "

"ကဲပါ Niki ရာ... ပြောခိုင်းလိုက်ပါတော့ ထပ် နှောက်ယှက်နေရင် ဒီကောင် ထ ထိုးတော့မှာ... ဒီကောင် အတည်ကြီး ဖြစ်နေတာကွ "

" ဟီးဟီး စ တာ စ တာ သားကြီးကလဲ ... ပြော ပြော... ငါ တကယ် နားထောင်ပြီ "

Sunghoon ကျောကို လက်နဲ့ ဖွဖွပုတ်ပြီး သွားအဖြဲသားနဲ့ မျက်နှာချိုသွေးကာ Niki ပြောလိုက်တော့မှ မျက်မှောင်ကျုံ့ ထားတဲ့ Sunghoon မျက်ခုံးတန်းတွေ ပြေသွားတော့သည်။

" ဒီလိုကွာ... သူ့ကို ငါ စတွေ့ဖူးတာက ဟိုဘက်ရပ်ကွက်က ပန်းခြံထဲမှာ... သူ့ကို ငါတွေ့တော့ မျက်ရည်တွေနဲ့ တစ်ယောက်ထဲ ထိုင်ငိုနေတယ်...နောက်တစ်ခါလဲ အဲ့လိုပဲ ဟန်မြစ်ကမ်းဘေးမှာ တွေ့တော့ ငိုနေပြန်တာပဲ... ပထမတစ်ခါတုန်းကတော့ စကားမပြောဖြစ်ပေမယ့် ဒုတိယ တစ်ခါတွေ့တော့ ငါ သူနဲ့ မိတ်ဖွဲ့ပြီး စကားတွေ ပြောဖြစ်ခဲ့တယ်... "

" ငါတို့နဲ့ ဟိုတစ်ခေါက် သွားတုန်းကလား "

" ဟုတ်တယ်... အဲ့တုန်းက... ငါမေးတယ် သူပြန်ခါနီးမှာ... ငါတို့ နောက်တစ်ခါ တွေ့လို့ရမလား ဆိုတော့ ကံကြမ္မာက တွေ့ဖို့ ဖန်လာရင် တွေ့ရမှာပေါ့တဲ့... အဲ့နောက် ကျောင်းမှာ ထပ်တွေ့တယ်... ဖုန်းနံပါတ် တောင်းတယ်... တောင်းတော့ ဖုန်းနံပါတ် က ပေးလို့မရဘူး တဲ့ ... "

"အင်း.. "

"အဲ့ဒါ မင်းတို့ စဉ်းစားကြည့် ... မတွေ့ချင်ရင် မတွေ့ချင်ဘူး.. ဖုန်းနံပါတ် က မပေးချင်ရင် မပေးချင်ဘူး ပေါ့..အဲ့လို ပြောတာ မဟုတ်ဘဲ တွေ့ဖို့ အကြောင်းဖန်လာရင် တွေ့မယ်... ဖုန်းနံပါတ်ကလဲ ပေးလို့မရဘူး ဆိုတော့... ငါ့ စိတ်ထဲ တမျိုးကြီးပဲ... သူ့ကို ဘယ်သူက ဒါ မလုပ်ရဘူး လုပ်ရမယ် ဆိုတာမျိုး ကန့်သတ်ထားလို့လဲ... "

"သူက သဘောရိုးနဲ့ပြောတာကို မင်းက အတွေးလွန်နေတာလဲ ဖြစ်မှာပါ... တအားကြီး မစဉ်းစားနဲ့လေကွာ "

"မဟုတ်သေးဘူး... ဒါနဲ့တင် မပြီးသေးဘူး... ဒီနေ့လဲ ငါသူနဲ့ ထပ်တွေ့သေးတယ် ... ငါကတော့ သူနဲ့ ခင်မင်ရလို့ ပျော်ပါတယ်တွေ ပြောနေတာကွာ... သူ့ကိုလဲ မေးတာပေါ့ ကျွန်တော့်ကိုရော ခင်ရဲ့လား ဆိုတော့ သူက သူ့ဘဝထဲကို လူအသစ်တွေ အများကြီး လက်ခံလို့မရဘူး တဲ့ ပြီးတော့ သူ့မှာ အနာဂတ်မှာ ဘာဖြစ်ချင်ပါတယ်ဆိုတဲ့ အိမ်မက်မျိုးလဲ မက်ခွင့်မရှိဘဲ သူ ဘာဖြစ်ရမယ်ဆိုတာ သတ်မှတ်ပေးထားပြီးသားတဲ့ "

"အင်... နည်းနည်းတော့ တမျိုးပဲ... မိဘတွေကပဲတအား စည်းကမ်းကြီးပြီး ချုပ်ချယ်လွန်းတာလား ပဲ "

"အေးလေ နော်... ငါလဲ အဲ့ဒါတွေ တွေးနေတာပဲ...ဒါပေမယ့် အိမ်ပြန်ချိန်မှာ အချိန်နောက်ကျသွားလို့ဆိုပြီး သူ တအား ထိတ်လန့်နေတဲ့ ပုံမျိုးပဲကွ... Skate ကွင်းမှာ သူနဲ့ငါ Skate စီးရင်း အချိန်က လွန်သွားတာ... အဲ့မှာ ထိတ်ထိတ်ပြာပြာတွေ ဖြစ်ပြီး ကားကို အမြန်မောင်းပြီး ပြန်သွားလေရဲ့"

"အင်း... "

" မိဘတွေ ဆိုရင် အဖေ အမေ သား သူငယ်ချင်းနဲ့ ဘယ်ရောက်နေလို့ နောက်ကျမယ်ပေါ့ အဲ့လိုလေ ဖုန်းဆက်လိုက်ရင် ရနေပြီကို... သူ့ပုံစံက တမျိုးပဲ... တအားကို ကြောက်နေသလိုမျိုးကြီး "

" အေးပေါ့ကွာ... မိသားစုတွေဆိုတာ တစ်အိမ်နဲ့ တစ်အိမ် စည်းကမ်းသတ်မှတ်ပုံချင်း တူမှ မတူကြတာ... သူ့ အိမ်က စည်းကမ်းအရမ်းကြီးလို့ ဖြစ်ပါလိမ့်မယ်... ပြီးတော့ ဟိုလူနဲ့ မပေါင်းနဲ့ ဒီလူနဲ့ မပေါင်းနဲ့ အဲ့လို သတ်မှတ်ထားတဲ့ မိဘတွေ မို့လို့ ရှိမှာပေါ့... တအားကြီး ထူးဆန်းမနေပါဘူး... ဒါ ဖြစ်ရိုး ဖြစ်စဉ်တွေပါ... မင်းလဲ တအားကြီး အတွေးလွန် မနေနဲ့ "

Jake ရဲ့ တွေးဆဆ​ အပြောမှာ Sunghoon ခေါင်းညိမ့်ပြလိုက်ရပေမယ့် သူ့ စိတ်ထဲက အတွေးတွေကတော့ ရပ်တန့်မသွားခဲ့။

သူကိုယ်တိုင်က ဒီအဖြူရောင်လေးနဲ့ အနီးကပ်နေပြီး စကားတွေပြောခဲ့ရတာမလား...

သူ့ရှေ့မှာ ဖြစ်ပျက်သွားတဲ့ အဖြူရောင်လေးရဲ့ မျက်နှာပေါ်က အပြောင်းအလဲတွေကို သူ့မျက်စိနဲ့ သေချာ မြင်ခဲ့ရတာ မလား...

Niki နဲ့ Jake က မဆန်းဘူး ပြောနေပေမယ့် သူ့စိတ်ထဲတော့ မတင်မကျ အတွေးတွေနဲ့ ။

" မင်းဘက်က အတည်ကြီး ဆိုရင်တော့ ဒီကိစ္စက ငါတို့နဲ့လဲ ဆိုင်သွားပြီပဲ...မိန်းမတကာကို အပြတ်ငြင်းခဲ့တဲ့ ငါတို့ရဲ့ နတ်ဆိုးလေးက ဒီကောင်လေးနဲ့ တွေ့မှ အတွေးတွေ ပွားနေရပြီ ဟင်း ဟင်း ငါတော့ မြင်ယောင်ပါသေးတယ်"

" ဘာလဲ ဘာကို မြင်ယောင်တာလဲ Jake ရဲ့ မင်းစကားကြီးက "

"ဪ... မချစ်ဖူးတဲ့ ကောင်တွေ အချစ်နဲ့ တွေ့သွားရင် ရူးတတ်ကြတယ် ဆိုလို့ပါ... ငါ့ သူငယ်ချင်းကြီး အရူးတပိုင်းဖြစ်နေတော့မှာ မြင်ယောင်နေလို့ "

" မင်းကလဲကွာ... အချစ်ဆိုတာကြီးထိ ခေါင်းစဉ်မတပ်ပါနဲ့ကွ.... ငါ ပြောတာ အဲ့သဘောတွေ မပါ ပါဘူး... ငါက ဒီတိုင်း.. ဒီတိုင်းပဲ... ငါ့စိတ်ထဲမှာ သူက မင်းတို့နဲ့ မတူဘဲ ထူးဆန်းနေလို့.. အဟမ်း..အဲ့ဒါ.. အဲ့ဒါကြောင့် "

စကားတွေ ထစ်ထစ်အအနဲ့ မျက်နှာကြီးရဲကာ ဂုတ်တွေကို ပွတ်သက်ပြီး ထိုင်ရာကနေ ခေါင်းကြီးငုံ့ပြီး ထ သွားတဲ့ Sunghoon ကို ကြည့်ကာ Jake နဲ့ Niki တစ်ယောက်ကိုတစ်ယောက် မျက်စပစ်လိုက်မိသည်။

ပေါင်းလာတဲ့ နှစ်တွေပဲ မနည်းတော့ဘူး ...

ဒီကောင့် ရင်ထဲ ဘာတွေ ဖြစ်ပျက်နေလဲ သူတို့မှ မသိ ဘယ်သူသိမှာလဲ....

ရှက်ရှက်နဲ့ ထ ထွက်သွားတဲ့ Sunghoon တစ်ယောက်ကတော့ ရေခဲသေတ္တာထဲ ခေါင်းကြီးစိုက်ကာ ဟိုရှာသလိုလို ဒီရှာ သလိုလိုနဲ့ပေါ့...

ဒါပေမယ့် သူ့အတွေးတွေထဲမှာတော့ အဖြူရောင်လေးက လွှမ်းမိုးနေဆဲ...

တစ်ယောက်ထဲ ထိုင်ကာ မျက်ရည်ကျနေတဲ့ ကောင်ငယ်လေး...

ဖုန်းနံပါတ် ပေးလို့မရပါဘူး ဆိုတဲ့ ကောင်ငယ်လေး...

သူ့ဘဝထဲကို လူတွေ အများကြီး အဝင်ခံလို့မရပါဘူးဆိုတဲ့ ကောင်ငယ်လေး....

အိမ်ပြန်ချိန်တွေ ကို ကန့်သတ်ခံထားရတဲ့ ကောင်ငယ်လေး....

အသက်ပြည့်ပြီးသား လူငယ်တစ်ယောက်မှာ ဘာလို့ အဲ့လိုအချက်တွေ ရှိနေရတာလဲ....

မင်းက တကယ်ကို ကိုယ့်အတွက်တော့ ပဟေဠိတွေနဲ့ ကောင်ငယ်လေးပါ....

နားမလည်နိုင်ခြင်းတွေ အများကြီးနဲ့ ကိုယ့်ဘဝထဲကို ရောက်လာတဲ့ အဖြူရောင်လေးရေ....

အဲ့ဒီ ပုစ္ဆာတွေကို အဖြေရှာဖို့ မင်းဘဝထဲကို ကိုယ်တိုးဝင်ခဲ့မယ်....

ကြည်ကြည်ဖြူဖြူတော့ ဝင်ခွင့်ပြုပါ....

တစ်ခုတော့ ကတိပေးတယ်ကွာ....

ကိုယ် မင်းဘဝထဲကို ရောက်တဲ့ အချိန်ကစလို့ မင်းရဲ့ မျက်လုံးလှလှလေးတွေထဲကနေ မျက်ရည်တွေ မကျလာဖို့ ကိုယ် ဖန်တီးပါ့မယ်....

မင်းရဲ့ မျက်နှာလှလှ​လေးပေါ် အပြုံးတို့ပဲ ဝေဆာနိုင်ဖို့ ကိုယ် ဆောင်ရွက်ပါ့မယ်.....

.
.
.

နာရီလက်တံလေးတွေ တချက်ချက်ရွေ့နေတာနဲ့အမျှ ထောက်ထားတဲ့ ဒူးတွေဟာလဲ မခိုင်ချင်တော့...

တကယ်ကြီးကို အားတင်းမထားနိုင်တော့ကာ ခန္ဓာကိုယ်တစ်ခုလုံးကို ပစ်လှဲချ လိုက်ချင်ပြီ။

အချိန်တွေရယ် မြန်မြန်ပြည့်ပါတော့ ကျွန်တော့်​ခြေထောက်တွေ ထုံကျဉ်နေလှပြီ...

ထုံကျဉ်ပါများလို့ ခြေထောက်တွေဟာ သွေးမလျှောက်တော့သလိုပဲ။ နေရခက်နေမှုကြောင့် မျက်နှာလေးရှုံ့ကာ မဲ့ကာနဲ့ လက်သီးဆုပ်လေးတွေနဲ့ ကိုယ်ခြေထောက်ကို ပြန်ထုနေလဲ မသက်သာခဲ့။

ဧည့်ခန်းထဲမှာ ဖြတ်သွားဖြတ်လာ အလုပ်လုပ်နေကြတဲ့ အိမ်အကူတွေက ကြည့်ကြည့်သွားတာကြောင့်လဲ ခေါင်းလေးကို ငုံ့ချထားကာ ပြန်မမော့ရဲ။

ထိုအချိန်မှာပဲ အပေါ်ထပ်က ဆင်းလာတဲ့ Jay က Sunoo ဒူးထောက်နေတဲ့ ဘေးနားလေးက ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး

" ဘယ်လိုလဲ ဒူးထောက်ထားရတဲ့ အရသာ... အရမ်းမှ နေလို့ကောင်းရဲ့လား "

" ဟင့်အင်... "

ဒူးထောက်ထားရာမှ မော့ကြည့်လာကာ ခေါင်းလေးရမ်းပြနေတဲ့ Sunoo

" အချိန် ဘယ်လောက်လိုသေးလဲ "

" နာရီဝက်လောက် လိုပါသေးတယ် "

" ဆက် ထောက်နိုင်သေးရဲ့လား "

"ဟို... "

" အဟင်း... တစ်နာရီခွဲတိတိ ကြာအောင်နောက်ကျလာပြီး အရမ်းပျော်လာခဲ့တယ်မလား ဘေဘီရဲ့... အင်း အဲ့အတွက် ပျော်ခဲ့ရတာလေးကို ပြန်တွေးရင်း အားတင်းထားပေါ့ကွာ... "

" Jay.. ကျွန်တော့်ခြေထောက်တွေ သွေးမလျှောက်တော့ဘူးလား မသိဘူး အရမ်း ထုံကျဉ်နေတယ် "

သူ့ကို သက်ညှာပေးပါဆိုတဲ့ တောင်းပန်အကြည့်တွေနဲ့ လှမ်းကြည့်နေပြီး ပြောနေတဲ့ ဘေဘီ့ကို ခပ်စူးစူးလေး လှမ်းကြည့်ပေးလိုက်တော့ ခေါင်းလေး ပြန်ငုံ့သွားပြန်သည်။

မှတ်လောက်သားလောက်ရှိအောင်​တော့ ပညာနည်းနည်းပြရအုံးမယ်...သနားပေမယ့် အလျှော့တော့ ပေးလို့မဖြစ်ဘူးမလား...လျှော့ပေးတာတွေ များလာရင် ဒီ့ထပ် စည်းကမ်းတွေ ပျက်ကုန်တော့မယ်။

Laptop တစ်လုံးနဲ့ အလုပ်လုပ်ရင်း အချိန်ပြည့်အောင် ထိုင်စောင့်နေလိုက်သည်။ အလုပ်ထဲ အာရုံရောက်သွားချိန် နာရီကိုလဲ မကြည့်ဖြစ်တော့ အချိန်စေ့နေတာကို မသိ။

" Jay... Jay..လို့ "

ဘေဘီ့ဆီမှ မရဲတရဲ ခေါ်သံတိုးတိုးလေးကို ကြားလိုက်ရမှ နာရီဆီ အကြည့်ရောက်တော့ ဆယ်မိနစ်စွန်းစွန်းတောင် ကျော်နေပြီမို့

" အချိန်က ကျော်တောင်နေကြီပဲ... ဘာလို့ မပြောတာလဲ "

" ခေါ်နေတာ Jay မှ မကြားတာ "

" ကျစ်! မကြားရင် ကြားအောင် ခေါ်ပေါ့ကွ... ကဲ ထ တော့ ရပြီ "

" ဟို ~ကျွန်တော် ထ.. ထ လို့ မရဘူးဖြစ်နေတယ် Jay.."

" မရ , ရအောင် ထ ပေါ့ "

" ဟင့် ခြေထောက်တွေ ကျဉ်နေတာကို ဘယ်လိုလုပ် ရမှာလဲ လို့... "

ကြိုးစားပမ်းစား ထ နေလည်းပဲ ပြန်ပြန်ထိုင်ကျနေလေတဲ့ ဘေဘီ...

" Jay... "

အားကိုးတကြီး မျက်လုံးတွေနဲ့ ကြည့်ကာ ခေါ်နေတာကြောင့် နောက်ဆုံးတော့ ကြည့် မနေနိုင်တော့

မျက်နှာလေးရှုံ့မဲ့ကာ ထ ဖို့ကြိုးစားရင်း ပြန်ပြန် လဲ ကျနေတဲ့ ဘေဘီ့ကြောင့် Jay ထိုင်ရာမှ ထကာ ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်လေး ဖြစ်နေတဲ့ ဘေဘီ့ကို ပွေ့ချီလိုက်ရတော့သည်။

" ဘယ်လောက်ပဲ သန်မာအောင် လေ့ကျင့်ပေးထားထား အမြဲတမ်း ပျော့တိပျော့ဖက်နဲ့... နောက်ဆို မင်းကို gym ဆော့ဖို့အချိန် ထပ်တိုးပေးရမယ် "

" Jay ကလဲ... ဒီလောက်အကြာကြီး ဒူးထောက်ထားရတာကို ချက်ချင်းကြီး ဘယ်လိုလုပ် ထ နိုင်မှာလဲ လို့ "

"အတွန့်မတက်နဲ့ ရေကူးကန်ထဲ သွား ပစ်ချထားလိုက်မယ် ဘာမှတ်နေလဲ "

လေသံမာမာနဲ့ ငေါက်လိုက်ပြန်တော့ လက်တွေပေါ်က ကောင်ငယ်လေးက နှုတ်ခမ်းလေးစူကာ ခေါင်းငုံ့ သွားပြန်ပါသည်။

" ဘာဖြစ်တာလဲ အဲ့နှုတ်ခမ်းက.. ဘဲ နှုတ်ခမ်းဖြစ်နေပြီ ဆူထွက်လို့ ငါ ကိုက်စားပစ်လိုက်ရမှာလား "

" တော်ပြီ ကျွန်တော့်ကို အောက်ချပေးတော့ "

" မချပါဘူး ဘာလို့ ချပေးရမှာလဲ ''

" Jay က ကျွန်တော့်ကို အမြဲတမ်း ဆူပြောနေတာကြီးကို... အပြစ်ပေးတာလဲ ခံပြီးပြီကို... ခုထိ ဆူ ငေါက်နေတုန်း "

" မငေါက်ရဘူးလား... မင်း အပြစ်လုပ်ထားတာလေ "

" အဲ့ အပြစ်အတွက် ခုပဲ ခြေထောက်တွေ ကျဉ်နေအောင် အပြစ်ပေးခံ ပြီးပြီလေ ... တော်ပြီ အောက်ချပေးတော့ ကျွန်တော် အိမ်ပြန်တော့မယ် "

သူ့ကို ဆူနေလို့ မကျေနပ်တဲ့ မျက်နှာလေးနဲ့ ပြန်ပြောနေတဲ့ ဘေဘီ့ကို Jay အသည်းယားလှပြီ။

စိတ်ရှိလက်ရှိ ဖျစ်ညှစ်ပြီး ချစ်လိုက်ရရင်တော့လား...

တစ်ညလုံး မျက်ရည်တွေနဲ့ အငိုတိတ်မှာ မဟုတ်တော့...

" ကိုယ် အောက်ချပေးရင် မင်း တကယ် လမ်းလျှောက်နိုင်မှာ မို့လို့လား "

" လျှောက်နိုင်တယ် "

" ပြီးတာပဲ ဆင်း "

လူကဖြင့် ခြေတစ်လှမ်းတောင် မရွေ့နိုင်တော့မယ့် အခြေအနေ... စိတ်ကလေးက ဂျစ်ချင်နေတုန်း...အဲ့တော့လဲ အကြောင်းသိရအောင် Jay မှာ အောက်သို့သာ ချပေးလိုက်တော့သည်။

အ့~~

Sunoo မှာ ချက်ချင်းပဲ ကြမ်းပေါ်သို့ ပြိုလဲကျသွားတော့သည်။ ဒီလောက်အကြာကြီး ဒူးထောက်ထားတဲ့လူက ဘယ်လိုလုပ် ချက်ချင်း လမ်းလျှောက်နိုင်လိမ့်မလဲ...

" ဘယ်နှယ့်ရှိစ... မင်း ပြောတော့ လျှောက်နိုင်ပါတယ်ဆို ကွ "

" Jay က ပစ်ချလိုက်တာကိုး... ကျွန်တော် ပြုတ်ကျပြီပေါ့ "

ကြမ်းပြင်ပေါ်ကနေ မထနိုင်တာတောင် ပြန်စွာနေတဲ့ ဘေဘီ့ကို ကြည့်ကာ Jay ပြုံးလိုက်မိသည်။

ဒီကလေး အပြစ်ပေးခံထားရတာကိုပဲ သူ့ကို ပြန်စွာ နေနိုင်သေးတာ....

" ကဲ လာ မထနိုင်ရင် မထနိုင်ဘူး ပြော... ဟုတ်ပြီလား... ကိုယ့်ကို ပြန် စွာ မနေနဲ့... "

ကြမ်းပြင်ပေါ်က ဘေဘီ့ကို ပြန်လည်ပွေ့ချီလိုက်ပြီး

" ကိုယ့်အပေါ် မဆိုးနဲ့ ဘေဘီ... မဆိုးနဲ့... မင်း ဆိုးရင် မင်းပဲ နာ မှာ... ကိုယ် ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာပြီး ကိုယ့်အရိပ်မှာပဲ အေးအေးဆေးဆေး နေ "

အိမ်က ကျွန်တော့်အခန်းထဲထိ ရောက်အောင် ပွေ့ချီပြီး လိုက်ပို့ပေးခဲ့တဲ့ Jay က စကားတစ်ခွန်းမှ ထပ်မပြောတော့သလို ကျွန်တော်ဟာလဲ ကိုယ့်အပြစ်နဲ့ကိုယ်မို့ Jay ကို ဘာစကားမှ ထပ် မပြောရဲတော့...

အခန်းထဲရောက်တော့ ကျွန်တော့်ခြေထောက်တွေကို ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးကာ ဆေးလိမ်းပေးနေသေးသည်။

ပြန်ခါနီးမှာ ကျွန်တော် နဖူးလေးကို တစ်ချက်နမ်းရှိုက်လိုက်ပြီးမှ

" Good night baby... အားပြည့်အောင် အိပ်ရေးဝဝ အိပ် " ဟု ဆိုကာ အခန်းထဲကထွက်သွားလေတော့သည်။

************************************

Love you all my Vitamins 💙

San Htarni 💙

12.2.2023

Comment