~ 27 ~

~ 27 ~



​​ဒေါက် ဒေါက် ဒေါက်

" သားလေးရေ... Sunoo... သား တံခါးခဏဖွင့်ပါကွယ် "

" လာပြီ မေမေ "

Sunoo အခန်းထဲမှာ စိတ်ညစ်ညစ်နဲ့ အိပ်နေရာမှ မေမေ့ခေါ်သံကြောင့် တံခါးကို ဖွင့်ပေးလိုက်တော့

" သားလေး... အောက်မှာ CEO ရောက်နေတယ် "

" ဘာလုပ်မလို့တဲ့လဲ "

" ဒါတော့ သူပြောမှ သိရမှာပဲ... လာခဲ့ဖို့ ခေါ်နေတယ် ပြောစရာရှိတယ် တဲ့ "

" ဟင်းးး အရာရာ သူ့သဘောအတိုင်း အားလုံး လုပ်နေတာပဲ သား ကို ခေါ်ပြောစရာ လိုသေးလို့လား "

" ဘာပဲဖြစ်ဖြစ် ဆင်းလာခဲ့လိုက်ပါ သားရယ်.... အေးအေးဆေးဆေး ပြီးသွားအောင်လို့ "

" ပြီးရော မေမေရာ...ဒါဆိုလဲ သား သွားလိုက်မယ် ''

မေမေ့ကို ချန်ထားခဲ့ပြီး Sunoo အောက်ထပ်ကို အိမ်နေရင်း ဖရိုဖရဲ ပုံစံနဲ့သာ ဆင်းလာခဲ့လိုက်သည်။

မျက်နှာချင်းမဆိုင်ချင်ပါဘူးဆို အဲ့လူကြီးကို...

ဒီရက်ပိုင်းတွေမှာ မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး Sunoo ဘယ်လောက်ငြင်းငြင်း သူ့သဘောအတိုင်းသာ အကုန်လုပ်နေတာ။

ကျောင်းလဲ လုံးဝမတက်ရတော့တာ သေချာသလောက် ရှိနေပေပြီ။

ရသလောက်တော့ ညှိနှိုင်းကြည့်ရမှာပဲ သူ ကျောင်းလေးတော့ ပြီးအောင် တက်ချင်သေးသည်လေ...

" ကျွန်တော့်ကို ဘာ ပြောမလို့ခေါ်တာလဲ Jay "

လှေကားက ဆင်းလာကတည်းက သူ့ကို မျက်တောင်မခတ်လှမ်းကြည့်နေတဲ့ Jay ရဲ့ ရှေ့မှာ သူ ဆောင့်အောင့်ထိုင်ချလိုက်ပြီး မေးလိုက်တော့

" မျက်နှာလေး ချောင်ကျသွားတယ်... အစားကောင်းကောင်း မစားဘူးလား ဘေဘီ "

" ဒါ မေးမလို့ခေါ်တာဆို သွားလိုက်ပါအုံးမယ် "

" ကိုယ့်ကို ဂျစ်မနေနဲ့တော့ ဘေဘီ... မင်း ဒီလိုတွေ လုပ်နေလဲ ဘာမှ ထူးလာမှာ မဟုတ်လို့ "

" သိပါတယ်... သိတယ်... ခုလဲ ဂျစ်နေတာ မဟုတ်ဘူး... ကျွန်တော် စိတ်ချမ်းသာသလို နေ နေတာ "

" စိတ်ချမ်းသာသလို နေတယ်ဆိုလဲ ကျန်းမာရေးလေးတော့ ဂရုစိုက် ဘေဘီ... ကိုယ် တကယ် စိတ်ပူလို့ ပြောနေတာ "

" စိတ်ပူစရာမလိုပါဘူး... ကျွန်တော် ဒီလောက်နဲ့ သေမသွားဘူး "

ရှေ့တည့်တည့်က ခုံမှာ ဝင်ထိုင်ပြီး သူ့ကိုလဲ မကြည့်ဘဲ မျက်လုံးလွှဲထားကာ သူပြောသမျှ တစ်ခွန်းမကျန် ပြန်စွာနေတဲ့ ဘေဘီ့ကိုကြည့်ပြီး Jay ကျစ် တစ်ချက်စုပ်ကာ ခေါင်းယမ်းလိုက်မိသည်။

အရင်ကဆို သူတစ်ခွန်းဆို တစ်ခွန်း ပြောလိုက်ရင် အမြဲလိုက်နာတတ်ပြီး အရမ်း ကြောက်တတ်တဲ့ ဘေဘီ့ကို ဘယ်နား သွားရှာရမှန်းပင် မသိတော့။

စကားအပိုတွေ ပြောမနေချင်တာကြောင့် Jay လာရင်းကိစ္စကိုသာ ပြောဖို့ ဆုံးဖြတ်လိုက်ပြီး အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ဖိတ်စာ ကဒ်ပြားလေးကို ထုတ်လိုက်ကာ ဘေဘီ့ရှေ့သို့ ချပေးလိုက်သည်။

" ဒီမှာ ကိုယ်နဲ့ဘေဘီ့ရဲ့ မင်္ဂလာဆောင် ဖိတ်စာ... အကောင်းဆုံး ဖြစ်အောင် စီစဉ်ထားတယ်... ဘေဘီ ဘယ်လို သဘောရလဲ ကြည့် ကြည့်အုံး... မကြိုက်ရင် ပြန်ပြီး ပြင်ဆင်ရအောင်လို့ "

ထိုသို့ ပြောလိုက်မှ မျက်လုံးအိမ်လေးတွေ ဖိတ်စာရှိရာဆီ ရွေ့လာကာ တစ်ခဏတော့ စိုက်ကြည့်နေလိုက်သေးသည်။

ပြီး အကြည့်တို့ကို လွှဲဖယ်သွားကာ မဲ့ပြုံးလေးပြုံးပြီး

" အဟင်းး... ဘယ်လို သဘောရလဲ တဲ့လား... ဘာလို့ ဒီကိစ္စမှ ကျွန်တော့််သဘောကို လာမေးနေရတာလဲ... အားလုံး Jay စိတ်ကြိုက် စီစဉ်နေတာပဲ မလား... ဒါလဲ ကြိုက်သလိုလုပ်ပါ... ကျွန်တော်က ဘယ်လို အခွင့်အာဏာမျိုးနဲ့ Jay စီစဉ်တာကို ဝေဖန်ရဲမှာလဲ ... ကျွန်တော် မဝေဖန်ရဲပါဘူး "

" ကျစ်! ဘေဘီ... စကားကို အပေါက်အလမ်း တည့်အောင် ပြောစမ်းကွာ... ဒါ မင်းနဲ့ငါ နှစ်ယောက်လုံးအတွက် အမှတ်တရဖြစ်မယ့် အရာတွေမို့လို့ မင်းသဘောကျတာလေး လုပ်ပေးချင်လို့ မင်း သဘောအတိုင်း ဖြစ်စေချင်လို့ မေးနေတာ ကွ "

" ကျွန်တော့်သဘောဆိုရင် ဒီလို ဖိတ်စာတွေ ရိုက်ရတာမျိုးတောင် ဖြစ်လာမှာ မဟုတ်တာ Jay သိပါတယ်... "

" ဘေဘီ့!!! "

" ဟုတ်ကဲ့ အမိန့်ရှိပါ Jay "

" ကျစ်! မင်းကွာ... အမြဲတမ်း မင်း ငါ့ကို စိတ်ပင်ပန်းရအောင် လုပ်တယ် "

" တူတူပါပဲ ကျွန်တော်လဲ အခု Jay ကြောင့် စိတ်ပင်ပန်းနေတယ်လေ "

မျက်စိရှေ့က အကြောတင်းလေးကို ကြည့်ပြီး Jay ဆံပင်တွေထဲ လက်ချောင်းတို့ထိုးသွင်းကာ စိတ်ပျက်ပျက်နဲ့ ဆွဲဖွပစ်လိုက်မိသည်။

" မင်း ဘာ မှန်တာတွေရှိလို့ ငါ့ကို ဒီလိုစကားတွေ ပြောနေရတာလဲ Kim Sunoo "

" မှားခဲ့ပါတယ်... ကျွန်တော် အမှားတွေပဲ ဆက်တိုက်လုပ်ခဲ့တာ... ဘာတစ်ခုမှ မှန်ခဲ့တာ မရှိပါဘူး... အဲ့ဒီအမှားအတွက်ပဲ ကျွန်တော် Jay ထားသလိုနေနေတယ်လေ... Jay စီစဉ်တာတွေကို လက်ခံပေးနေတယ်လေ... "

" ဟူးးးး မင်း ကွာ "

" ဒါကြောင့်မို့ ဒီ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဘာတစ်ခုမှ မမေးပါနဲ့... Jay ကြိုက်သလိုသာ စီစဉ်ပါ... ကျွန်တော် Jay ရဲ့ အစီအစဉ်တွေအတိုင်း Jay ကို လက်ထပ်မှာပါ... ကျွန်တော့်အမှားတွေအတွက် ပြန်ပေးဆပ်တဲ့ အနေနဲ့ပေါ့ "

" အေး.. ပေးဆပ်စမ်း... ငါကလဲ တစ်စက်လေးမှ လျှော့ပေးမယ့်ကောင် မဟုတ်လို့... မင်းအမှားတွေနဲ့ ထပ်တူညီတာထက် ပိုပြီးကို ပေးဆပ်ခိုင်းအုံးမှာ ရှင်းပြီလား...ဟားးး shit !! Fuck ပဲကွာ.."

Jay သက်ပြင်းပူပူတွေကိုသာ နာနာမှုတ်ထုတ်ပစ်နေမိသည်။ ဒီဟာလေးနဲ့ ပြိုင်ပြီး ဒေါသထွက်နေရရင် သူသာ မောသွားမယ်.. ဒီဟာလေးက အရွဲ့အစောင်း အချိတ်တွေက ပြီးသွားမှာ မဟုတ်။

ထို့ကြောင့် Jay ဆက်ပြီး စကားပြောမနေချင်တော့တာကြောင့် ကျောခိုင်းကာ လှည့်ထွက်လာမိလိုက်တော့သည်။

" Jay... "

အိမ်ပေါက်ဝနား ရောက်ခါမှ နောက်ကနေ ခေါ်လိုက်တဲ့ အသံကြောင့် Jay ခြေလှမ်းတွေကို ရပ်ပေးလိုက်သည်။

ဒါပေမယ့် လှည့်တော့မကြည့်။ ကျောခိုင်းထားရင်းသာ ဘာပြောလာမလဲ စောင့်နေလိုက်သည်။

" ကျွန်တော် Jay ကို လက်ထပ်မှာမို့ ဟို... ကျွန်တော့်ကို .. ကျွန်တော့်ကို ကျောင်းလေးတော့ ဆက်တက်ခွင့်ပြုပါ "

ခုရက်ပိုင်းမှာ လက်ထပ်ဖို့နဲ့ ပတ်သက်ပြီး အတွန့်တက် ဆန့်ကျင်ပြောဆိုတာ မရှိတော့ပေမယ့် ဘေဘီဟာ ကျောင်းတက်ဖို့ ကိစ္စကိုတော့ ရရင် ရသလို ခွင့်တောင်းတတ်ပါသေးသည်။

သိုပေမယ့် သူ ခွင့်ပြုလို့ ဖြစ်မလား...

လောလောဆယ်တော့ နောင်ကျဉ်အောင် ထားရပေအုံးမည်။ လက်ထပ်ပြီးလို့ ဘေဘီ့စိတ်တွေ အနည်ထိုင်ပြီဆိုမှ သူ ပြန်စဉ်းစားပေးဖို့ ဆုံးဖြတ်ထားပြီးသား...

ခုလောလောဆယ်တော့ မတက်ရဘူးလို့ပဲ သူ အမိန့်ထုတ်ထားရအုံးမည်။ လက်မထပ်ရသေးဘဲ ကျောင်းသွားတက်ခိုင်းနေရင် ဟိုကောင် Park Sunghoon နဲ့ တွေ့မနေပါဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲလေ။

မတရားဘူးဘဲ ထင်ထင် သူ ခပ်ပြတ်ပြတ်သာ ပြောမှ ရတော့မည်မို့

" ငါ့ကို ကျောင်းတက်ဖို့ ကိစ္စ နောက်တစ်ခွန်း ထပ် မဟနဲ့ Kim Sunoo "

ပြောပြီး အိမ်ထဲကနေ ခြေလှမ်းကြဲကြီးတွေနဲ့သာ ထွက်လာခဲ့လိုက်တော့သည်။ နောက်မှာ ဘယ်လိုတွေ ဖြစ်ကျန်ခဲ့မလဲ စိတ်မဝင်စားချင်တော့။

ဧည့်ခန်းထဲမှာတော့ ဖိတ်စာလေးကို ငေးစိုက်ကြည့်ကာ ငူငူငိုင်ငိုင်လေး ထိုင်ရင်း ကျန်ခဲ့တဲ့ Kim Sunoo...

အဖြူနောက်ခံမှာ ရွှေရောင်ဖောင်းကြွစာလုံးလေးတွေနဲ့ အလှဆင်ထားတဲ့ ဖိတ်စာလှလှလေး...

ချစ်တဲ့သူချင်း လက်ဆက်မယ့်ပွဲမှာဆိုရင်တော့ ဒီအရာလေးဟာ သူတို့ဘဝအတွက် မှတ်ကျောက်တင်ရာ အမှတ်တရလှလှလေး ဖြစ်လို့ နေမှာ မလွဲပါဘူး...

ဒါပေမယ့် သူ့အတွက်ကတော့ ဒါဟာ သေမိန့်ချမယ့် တရားသူကြီးရဲ့ တရားစီရင်ရာ အမိန့်ကဒ်ပြားတစ်ခုလို...

မလှုပ်မယှက်ထိုင်နေရင်းမှ လက်လေးတစ်ဖက် ရွေ့လာပြီး ဖိတ်စာလေးကို မထိကောင်းတဲ့အရာလေးလို သာသာဖွဖွလေး တို့ ထိ လို့ ဖြည်းဖြည်းချင်း ဆွဲယူလိုက်မိသည်။

ပြီး ထိုဖိတ်စာလေးကို အကြာကြီး စိုက်ကြည့်နေပြီး မျက်ရည်လေးတွေ တတောက်တောက်ကျလာကာ ဖိတ်စာလေးကို အညှိုးတကြီး ဆွဲဆုပ်ဖြဲပစ်လိုက်တော့သည်။

ဖိတ်စာအပိုင်းအစလေးတွေကို လုံးချေ၍လွှတ်ပစ်လိုက်ပြီး ပါးပြင်ပေါ်က မျက်ရည်တွေကို ပွတ်ဆွဲသုတ်ပစ်လိုက်သည်။

ပြီး ဧည့်ခန်းထဲကို လှည့်ပတ်ကြည့်လိုက်တော့ ဘယ်သူမှ ရှိမနေ...

မေမေကလဲ အပေါ်ထပ်မှာ ရှိနေကာ အစောင့်တွေရဲ့ အရိပ်အယောင်လဲ မတွေ့တာကြောင့် Sunoo ခပ်မြန်မြန်လေး ထကာ အိမ်ဖုန်းထားရှိရာ စားပွဲဆီသို့ ပြေးသွားလိုက်ပြီး နံပါတ်တွေကို ရိုက်နှိပ်ကာ ဖုန်းခေါ်လိုက်သည်။

တူ...တူ...တူ...

ဖုန်းဝင်နေပြီး ချက်ချင်းကိုင်မလာတာကြောင့် Sunoo မျက်လုံးလေးတွေ ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေရင်းမှ ပါးစပ်ကနေလဲ တိုးတိုးလေး ရေရွတ်နေမိသည်။

" ဖုန်းကိုင်ပါ... ဖုန်း မြန်မြန် ကိုင်ပါ မောင်ရယ်... ကျေးဇူးပြုပြီး မောင်ရေ... ဖုန်း မြန်မြန် ကိုင်ပေးပါ.. "

တူ...တူ...တူ....

" မောင်ရေ.... ဖုန်းကိုင်ပါ လို့...အဆောမှာ မောင့်ကို အသိပေးစရာတွေ ရှိနေတယ်..."

လူလာလိုက်မှာစိုးလို့ မျက်လုံးလေးက အရိပ်အခြေလိုက်ကြည့်နေပြီး ဖုန်းကိုင်ဖို့ကိုလဲ တတွတ်တွတ် ရွတ်လို့ ပြောနေမိသည်။

သုံးခါမြောက်မှာတော့ Sunoo ဆုတောင်းပြည့်သွားလေပြီ။

ဖုန်းထဲက တဆင့် ကြားလိုက်ရတဲ့ မောင့်အသံ သြရှရှလေး...

" ဟယ်လို...အမိန့်ရှိပါ "

" မောင်... "

"အဆော! "

"ဟုတ်တယ် မောင်...အဆောပါ...မောင် အခု ဘာလုပ်နေလဲ "

" မောင် အရင်တိုက်ခန်းကို ရောက်နေတယ် အဆော... ယူစရာလေး ရှိနေလို့ လာတာ "

" ဒါဆို အတော်ပဲ မောင်... အဆောကို လမ်းထိပ် ပန်းခြံမှာ လာစောင့်ပေးပါ... အဆော မောင့်ကို ပြောပြစရာ အသိပေးစရာတွေ ရှိနေတယ် "

" လာလို့ ရလို့လား မောင့်အချစ်ရယ်... ဟိုတစ်ခါလို မောင် ဝင်လာခဲ့ရမလား "

" ဟင့်အင် မောင်... မောင့်အတွက် အန္တရာယ်ရှိလို့ မလာနဲ့... အဆောပဲ လာခဲ့မယ်.. ခု ချက်ချင်း စောင့်နေနော် မောင် "

" လာလို့ ဖြစ်လို့လား... လာဖို့အဆင်ပြေလို့လား အဆောရယ်... ဟယ်လို အဆော...အဆော... "

အလောတကြီး လေသံလေးနဲ့ မှာစရာရှိတာ မှာပြီး သူပြောတဲ့ စကားကို ဆုံးအောင်မစောင့် ဖုန်းချသွားတဲ့ အဆော...

အသိပေးစရာရှိတယ် ဆိုပါ့လား...

ဘာတွေလဲတော့ မသိပေမယ့် Sunghoon အဆောကို စိတ်မချတာကြောင့် ချက်ချင်းပဲ အဆောတို့ လမ်းထိပ်က ပန်းခြံကို သုတ်ခြေတင်ရတော့သည်။

အဆော ပုံစံလေးက အလောတကြီး ပုံစံလေးမို့ သူ နောက်ကျလို့မဖြစ်ဘူးမလား...

Sunoo မှာလဲ အိမ်လူတွေ အရိပ်အခြေ၊ အစောင့်တွေအရိပ်အခြေကို ကြည့်ပြီး ခြံပြင်သို့ ခပ်သွက်သွက်လေး ပြေးထွက်လာခဲ့သည်။

ကံကောင်းတယ်ဆိုရမလား ဘာအရေးကြီးလို့မှန်း မသိပေမယ့် အစောင့်တွေအားလုံး Jay တို့အိမ်ဘက်ကို ရေးကြီးသုတ်ပြာနဲ့ ပြေးသွားကြတာကို မြင်လိုက်ရသည်။

တပြိုင်ထဲမှာ ဖြစ်ပျက်နေတာကတော့...

Jay တစ်ယောက် Sunoo တို့အိမ်က ပြန်လာတဲ့အချိန် စိတ်တိုတိုနဲ့ ဧည့်ခန်းမှာ ထိုင်နေစဉ်မှာ Leo ထံမှ ဖုန်းဝင်လာခဲ့သည်။

" အွန်း Leo ပြော "

" Boss... ကျွန်တော် ဟိုကောင် အောင်းနေတဲ့ နေရာကို တွေ့ပြီ... ခု ချက်ချင်းပဲ လိုက်သွားနေပါတယ် Boss "

" အေး အဲ့ကောင့်ကို မလွတ်စေနဲ့... လိပ်စာ ပို့လိုက်... ငါ အကူလွှတ်လိုက်မယ်... အစစအရာရာ ဂရုစိုက် Leo "

" ဟုတ်ကဲ့ Boss... လိပ်စာ ပို့ပေးလိုက်ပါပြီ "

ဖုန်းထဲကနေ ပေးပို့လိုက်တဲ့ လိပ်စာကို ကြည့်လိုက်တော့ YJ ရဲ့ ရှေ့မဆက်ဘဲ ရပ်ဆိုင်းထားတဲ့ စီမံကိန်းအိမ်ရာ နေရာ...

ဒါဆို ဒီကောင် သူ့အဖေအရိပ်မှာပဲ ရှိနေတာပေါ့...

ဒါကိုပဲ သူ့အဖေက ထောင်ကလွတ်လာကတည်းက သူနဲ့ မတွေ့ပါဘူးဆိုပြီး ညာရဲသေးတာ...

ခုတော့ တွေ့ကြပြီပေါ့ကွာ....

Jay နေရာစုံမှာ ရောက်နေတဲ့ သူ့ရဲ့ Guard တွေဆီကို လိပ်စာပို့လိုက်ခါ ရှေ့ပြေးအဖွဲ့ကို လွှတ်လိုက်ပြီး လုပ်ရမယ့် အစီအစဉ်တွေကို မှာကြားလိုက်သည်။

ဘေဘီ့အိမ်မှာ စောင့်ခိုင်းထားတဲ့ Guard တွေကိုပါ ခေါ်ကာ သူကိုယ်တိုင် လိုက်ဖို့ပြင်ဆင်ရင်း အတွင်းရေးမှူး Lee ကိုပါ အကြောင်းကြားလိုက်ပြီး သူ့ဆီ လာခဲ့ဖို့ခေါ်လိုက်သည်။

အိမ်ထဲက ခိုးထွက်လာတဲ့ Sunoo မှာလဲ နောက်လှည့်ကြည့်လှည့်ကြည့်နဲ့ ပန်းခြံရှိရာဆီ အပြေးလေး သွားနေမိသည်။

သူ အိမ်မှာမရှိတာ သိသွားရင် အကုန်ပိုက်စိပ်တိုက်ရှာကြတော့မှာမလား...

မောင်နဲ့ မတွေ့ရခင် ပြန်မိသွားလို့ မဖြစ်ပါ...

သူ လက်ထပ်တော့မယ့်အကြောင်း မောင့်ကို အသိပေးချင်သည်။

ဘယ်သူပြောလို့မှ မဟုတ်ဘဲ သူကိုယ်တိုင်ပြောတာကိုပဲ မောင့်ကို ကြားစေချင်ပါသည်။

သူများပြောလို့ သိရတာထက် ကိုယ် ကိုယ်တိုင်ပဲ အသိပေးပြီး မောင့်ကို နှုတ်ဆက်ချင်သည်။ နှစ်သိမ့်ချင်သည်။

ကျေးဇူးပြုပြီး ခဏတာလေးတော့ ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ ဘုရားသခင်...

မောနေပေမယ့် သူ မနားရဲ...

​ခြေလှမ်းတွေကို သွက်သထက် သွက်ကာ ပြေးနေမိသည်။

စိတ်မလုံတာကြောင့် နောက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာပဲ ရှေ့မှလာနေတဲ့ လူတစ်ယောက်ကို ဝင်တိုက်မိလိုက်တဲ့ Sunoo...

ကိုယ်က အရှိန်နဲ့ ပြေးလာတာကြောင့် တိုက်မိလိုက်တဲ့ အချိန်မှာပဲ အင့်ခနဲ အသံလေးထွက်သွားကာ လမ်းပေါ် ဖင်ထိုင်ရက်လေး လဲကျသွားတော့သည်။

လဲကျ နေရာမှ ထိုလူကို မော့ကြည့်လိုက်တော့ အထက်အောက် အနက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးထုပ်ကို ခပ်စိုက်စိုက်ဆောင်းထားကာ Mask ကိုပါ တပ်ထားသေးသည်။

Sunoo မှာလဲ ကိုယ့်ဘက်က အမှားမို့ ကပြာကယာ ကုန်းထကာ ခါးလေးညွှတ်ပြီး တောင်းပန်လိုက်မိသည်။

" တောင်းပန်ပါတယ် တောင်းပန်ပါတယ်ဗျာ... ကျွန်တော် အလျှင်လိုနေလို့ပါ "

တစ်ဖက်လူက အင်းမလုပ် အဲမလုပ်...

သူ တောင်းပန်နေစဉ်မှာပဲ နောက်ထပ် အနားကို ရောက်လာတဲ့ လူတစ်ဦး။

ခုပုံစံက Sunoo က အလယ်မှာရောက်နေပြီး ထိုလူနှစ်ယောက်က ဘေးတစ်ဖက် တစ်ချက်ဆီမှာ...

နှစ်ယောက်လုံးဟာ ဝတ်စုံအနက်တွေကို ဝတ်ဆင်ထားပြီး Mask တွေပါ တပ်ထားကာ Mask နဲ့ ဦးထုပ်ကြား မြင်နေရတဲ့ မျက်လုံး အကြည့်တွေဟာလဲ အေးစက်စက်။

Sunoo ချက်ချင်းပဲ အန္တရာယ် အငွေ့အသက်ကို ခံစားမိတာကြောင့် နောက်ကိုလှည့်ပြီး ပြေးတဲ့အပြေးမှာ ထိုလူနှစ်ယောက်က သူ့ကို လက်မောင်း တစ်ဖက်ဆီကနေ ဆွဲချုပ်လိုက်တာကို ခံလိုက်ရတော့သည်။

" ဘာလုပ်တာလဲ ခင်ဗျားတို့ ဘာလုပ်တာလဲ...လွှတ်... ကျုပ်ကို လွှတ်... လွှတ်နော်... "

Sunoo ရုန်းကန်နေဆဲမှာပဲ အနားကို ထိုးရပ်လာတဲ့ အနက်ရောင် ကားတစ်စီး...

" လွှတ်လို့ ကျုပ်ပြောနေတယ်... ဘယ်သူတွေလဲ.. ခင်ဗျားတို့က ဘာတွေလဲ လွှတ်!!! "

သူ့ကို ချုပ်ထားတဲ့ လူနှစ်ယောက်ကပဲ သူ့ကို ထိုကားနက်ကြီးပေါ်သို့ တွန်းထိုးပြီး တင်လိုက်တော့သည်။

" လွှတ်!!! ကျုပ်ကို လွှတ်လို့ ပြောနေတယ်လေ "

ထိုစဥ်မှာပဲ ဂျိမ်းခနဲ ပိတ်သွားတဲ့ ကားတံခါးနဲ့အတူ Sunoo ကို တင်ဆောင်ကာ ဝေါခနဲ မောင်းထွက်သွားလေတဲ့ ကားအနက်ကြီး။

Sunoo ခမျာမှာတော့ ကြောက်စိတ် လန့်စိတ်တွေနဲ့ အော်ဟစ်ရုန်းကန်နေဆဲ...

Sunghoon မှာ Sunoo ကို စိတ်မချတာကြောင့် ပန်းခြံထဲမှာ အငြိမ်ထိုင်စောင့်မနေနိုင်ဘဲ Sunoo လာမယ့်လမ်းဆီ မျှော်ကြည့်နေရင်း မျက်စိရှေ့မှာတင် Sunoo ကို လူနှစ်ယောက် ကားပေါ်အတင်းဆွဲတင်သွားတာကို မြင်လိုက်ရလေသည်။

မြင်မြင်ချင်း ထိုနေရာသို့ အားကုန်ပြေးလာခဲ့ပေမယ့် အလှမ်းဝေးတာကြောင့် သူနောက်ကျသွားခဲ့ရသည်။ သူ လမ်းတစ်ဝက်အရောက်မှာပဲ ကားကြီးက သူ့ဘေးကနေ ဝေါခနဲ မောင်းထွက်သွားလေပြီ။

သူလဲ စိုးရိမ်စိတ်တွေနဲ့ အဆောနာမည်လေးကိုသာ တကြော်ကြော် ခေါ်ရင်း ကားနောက်ကနေ အပြေးလေး လိုက်သွားမိသည်။

" အဆော!!! အဆော!!! "

" အဆောရေ... ဘာမှ မကြောက်နဲ့နော် မောင်ရှိတယ်..."

" အဆော... !!! "

" အဆောနောက်က မောင် လိုက်လာပြီ... အဆော!!! "

ပါးစပ်ကလဲ အခေါ်မပျက်သလို အားရှိသမျှ ပြေးလိုက်နေပေမယ့် ခြေထောက်သမားနဲ့ ကားမလား...

ပြေးလိုက်နေရင်း တဖြည်းဖြည်း ဝေးလို့သွားတဲ့ ကားကြီး...

Sunghoon မှာ ကားနဲ့ အလှမ်းဝေးသွားပေမယ့် ပြေးနေ အော်နေတာကို မရပ်မိ။

လူကလဲ ဟောဟဲစိုက်ကာ အတော်လေး မောနေပေပြီ။

အဲ့ဒီအချိန်မှာပဲ လမ်းဘေးမှာ ရပ်ထားတဲ့ Delivery သမားတစ်ယောက်ရဲ့ ပစ္စည်းပို့တဲ့ ဆိုင်ကယ်လေးဟာ သော့တန်းလန်းနဲ့ ရပ်ထားတာကို မြင်မိလိုက်သည်။

သုံးလေးလှမ်းစာလောက် ကျော်ပြေးလာခဲ့ပြီးမှ နောက်ကိို ပြန်လှည့်ကာ ပိုင်ရှင်မရှိတဲ့ ဆိုင်ကယ်လေးကို ခွတက်စီးရင်း ကားနောက်သို့ လီဖာအကုန်ဖွင့်၍ လိုက်တော့သည်။

ကျေးဇူးပြုပြီး မောင့်အဆော ဘာမှ မထိခိုက်ပါစေနဲ့...

ခဏလေးတော့ အားတင်းထားပါ အချစ်ရယ်....

အဆော နောက်မှာ မောင်ရှိနေတာမို့ မောင့်အချစ် ဘာကိုမှ မကြောက်ပါနဲ့...

ဆိုင်ကယ်ပိုင်ရှင်လေးဟာလဲ သူ့ဆိုင်ကယ်ကို ဘာမပြောညာမပြော ယူစီးသွားတာကြောင့် နောက်ကနေ ပြေးလိုက်ရင်း အော်ခေါ်နေလေသည်။

" ရားးးး ဟေ့လူ ဟေ့လူ.. ကျုပ် ဆိုင်ကယ် ပြန်ပေး...ရားးး "

သူ ဘယ်လောက်အော်အော် Sunghoon မှာ နောက်ကို လှည့်မကြည့်အားတော့...

တဖြည်းဖြည်း ဝေးသွားတဲ့ ဆိုင်ကယ်လေးကို ကြည့်ပြီး ပိုင်ရှင်လေးဟာ လမ်းပေါ်မှာ ခုန်ပေါက် အော်ဟစ်လို့။

သူ အော်နေစဉ်မှာပဲ ဘေးကနေ ဟွန်းသံရှည်ကြီး တီးကာ အရှိန်နဲ့ ဖြတ်သွားတဲ့ ကားတစ်စီး။

ကားမောင်းသူနေရာမှာ ရှိနေတာကတော့ အတွင်းရေးမှူး Lee Heeseung...

ရှေ့က ကားကို မျက်ခြေမပျက်စေရန် အရှိန်မြှင့်ကာ မောင်းရင်း လက်တစ်ဖက်ကလဲ CEO Park ဆီဖုန်းခေါ်လိုက်သည်။

" ဟယ်လို CEO... Sunoo လေး ဟိုကောင်တွေ လက်ထဲ ပါသွားပြီ... ကျွန်တော် အခု Sunoo ကို ခေါ်သွားတဲ့ ကားနောက် လိုက်နေတယ်... ကျွန်တော့်ဖုန်း Location ဖွင့်ထားမှာမို့ အဲ့အတိုင်းသာ လိုက်ခဲ့ပါ "

" ဘာ... ဘေဘီ...ဘေဘီက "

Jay အတွင်းရေးမှူး Lee အလောသုံးဆယ် ပြောသွားတဲ့ စကားတွေကို သေချာနားထောင်ရင်း တောက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်ခါ

"တောက်!!! ဟိုကောင်တွေ ကားပြင်တော့ ချက်ချင်း လိုက်မယ်... Flex နဲ့ David ဘေဘီ့အိမ်ဘက် အခြေအနေသွားကြည့်ပြီး ငါ့ကို လှမ်းအကြောင်းကြား "

အိမ်ထဲမှာပဲ ရှိနေမယ်ထင်ပြီး စိတ်ချထားတာကို ခုတော့ ရန်သူ့လက်ထဲ ပါဖြစ်အောင် ပါသွားရတယ်လို့။

ဒီလို အန္တရာယ်တွေကို ကြိုမြင်လို့ ဘယ်မှ မထွက်ခိုင်းဘဲ အစောင့်အကြပ်တွေနဲ့တောင် သူ ထား တာလေ။ ခုတော့ ဘယ်လိုက ဘယ်လို...

ဘေဘီ့ကို စိတ်တိုပေမယ့် စိုးရိမ်စိတ်က ပိုနေတာကြောင့် Driver ကို ခပ်မြန်မြန်လေး မောင်းခိုင်းပြီး Leo ကိုပါ သူတို့လက်ထဲမှာ ဘေဘီရှိနေတာကြောင့် ပိုပြီး ဂရုစိုက်ရန် လှမ်းမှာရသည်။

အတွင်းရေးမှူး Lee နဲ့လဲ အဆက်အသွယ်ပြတ်လို့ မရတာကြောင့် တောက်လျှောက် ဆက်သွယ်နေပြီး အခြေအနေကို မေးနေရသည်။

" အခြေအနေ ဘယ်လိုရှိလဲ Hyung "

" ဆက်လိုက်နေတုန်းပဲ... ဒီကောင်တွေ မြို့ တောင်ဘက်ပိုင်းကို ဦးတည်နေတယ် CEO... Park Sunghoon ဆိုင်ကယ်ကတော့ သူတို့ကားနဲ့ မနီးမဝေးမှာ လိုက်နေတယ် "

" Park Sunghoon... ??? "

" ဟုတ်တယ် CEO... ကျွန်တော်လဲ သူ့ကြောင့် Sunoo အဖမ်းခံရတာကို သိလိုက်တာ... ဖမ်းသွားတဲ့ ကားနောက် Sunoo ကို အော်ခေါ်ရင်း ပြေးလိုက်နေလို့ ကျွန်တော် သတိထားမိလိုက်တာ "

" ကျစ်! ဘေဘီ ဖမ်းခံရတာ ဒီကောင့်စနက်ကြောင့် ဖြစ်ရမယ်... ဒီကောင် အပြင်ခေါ်ထုတ်လို့ ဘေဘီ အဖမ်းခံရတာပဲ သေချာတယ်... တောက်!! "

Park Sunghoon မှာလဲ ဆိုင်ကယ်နဲ့ဆိုတော့ ကားတွေကို တစ်စီးပြီး တစ်စီး ကွေ့ဝိုက်၍ ကျော်တက်ကာ အဆောကို ခေါ်သွားတဲ့ ကားကြီးနောက် မျက်ခြေမပျက်စေဖို့ လီဗာကို တစ်ဆုံးတင်၍ လိုက်နေရသည်။

ကျော်တက်ခဲ့တဲ့ ကားတွေမှာလဲ ဟွန်းသံ အော်သံတွေနဲ့ ကျန်နေခဲ့ကာ နောက်ကနေ သူ့ကို ကောင်းကောင်းကြီး မေတ္တာပို့နေကြမှာ မလွဲ။

ဒါပေမယ့်လဲ မတက်နိုင်။ အခုအချိန်မှာတော့ Sunghoon ကိုယ့်အန္တရာယ်ကို ကိုယ် မမှုနိုင်အားသေး...

အဆော အန္တရာယ်ကင်းဖို့ကသာ အဓိကမို့ ထိုကားကို လိုက်မှီဖို့ကိုသာ စိတ်က စောနေမိသည်။

ကျေးဇူးပြုပြီး ဘာကိုမှ မကြောက်လိုက်ပါနဲ့ မောင့်အချစ်ရယ်...

စိတ်အားတွေလဲ မငယ်လိုက်ပါနဲ့....

အဆောနောက်မှာ မောင် ထပ်ကြပ်မကွာ ရှိနေပါတယ်...

တီ.....တီ....

ဝူးးးး

ဝရော....

ဝရော....

သူ လိုက်လာမှန်းသိလို့ ရှေ့က ကားကလဲ အရှိန်ကို ထပ်တင်ကာ မောင်းတော့ သူ့မှာလဲ Deli ပို့တဲ့ ဆိုင်ကယ်ငယ်လေးကို မညှာမတာ လီဗာတင်ပြီး လိုက်နေရသည်။

ဆိုင်ကယ်လေးက တရိပ်ရိပ်ပြေးနေပေမယ့် သူ့စိတ်ထဲတော့ နှေးနေသယောင်...

မြို့အထွက်ကို ရောက်ခါနီးမှာတော့ ရှေ့က ကားက လမ်းခွဲကာ တောင်ဘက်ကို ဆင်းသွားလေသည်။

ထို့ကြောင့် Sunghoon လဲ ထိုကားသွားတဲ့ အတိုင်း အလိုက်မှာ ပြဿနာက မီးပွိုင့်။

ရှေ့က ကားက သူနဲ့ အနည်းငယ် လှမ်းတော့ မီးပွိုင့်ကို လွတ်လွတ်ကျွတ်ကျွတ် ကျော်ဖြတ်သွားပေမယ့် သူ့အလှည့်မှာ မီးက ဝါနေလေပြီ။

မီးနီဖို့ရန် စက္ကန့်ပိုင်းမျှအလို ရှေ့မှာကလဲ အရှိန်တွေသတ်ခါ ရပ်ဖို့စိုင်းပြင်းနေတဲ့ ကားတန်းကြီးက အရှည်ကြီး....

မီးနီဖို့ရန် ငါး စက္ကန့်အလို...

Sunghoon ဂီယာကို ချိန်းလိုက်ကာ ဆိုင်ကယ်လမ်းကြောင်းကို ပြောင်းလိုက်ပြီး ကားနည်းနည်းကျဲတဲ့ဘက်ကို ရွေးလိုက်သည်။

ပြီးနောက် ရပ်ထားတဲ့ ကားတွေကြားကနေ လီဗာကို တစ်ဆုံးထိတင်လိုက်ကာ...

ဝေါ....

လေး စက္ကန့်

ဝူးး ဝူးးး

သုံး စက္ကန့်

တီ.....

နှစ် စက္ကန့်

ဝူးးးးး

တစ် စက္ကန့်

နီသွားခဲ့ပြီ...

မီးပွိုင့်မှာ မီးနီသွားခဲ့ပေပြီ။

ဒါပေမယ့် လက် မတင်လေး စက္ကန့်ဝက်စာလေးမျှ Sunghoon ကျော်ဖြတ်နိုင်ခဲ့ကာ မီးနီကနေ လွတ်လာခဲ့ရသည်။

ကားနဲ့လိုက်ရတဲ့ အတွင်းရေးမှူး Lee ကတော့ မီးပွိုင့်မိသွားခဲ့ကာ ကြိတ်မနိုင် ခဲမရနဲ့ စတီယာတိုင်ကို လက်နဲ့ထုရင်း ကျန်နေခဲ့ရတော့သည်။

" Shit!!! "

ပြီး တိုးတိုးလေး ရေရွတ်ကာ ဆုတစ်ခုကို တောင်းလိုက်မိသည်။

" အန္တရာယ်ကင်းပါစေ Park Sunghoon ရေ..."

.
.
.

Sunoo မှာ ကားပေါ်ရောက်တာနဲ့ ခေါင်းကို အဝတ်မဲတစ်ခုနဲ့ အအုပ်ခံလိုက်ရတာကြောင့် ကားက ဘယ်ကိုသွားပြီး ဘယ်ကို ဦးတည်နေမှန်းပင် မသိတော့။

ကြောက်စိတ် အားငယ်စိတ်တွေနဲ့ တစ်ကိုယ်လုံးလဲ ချွေးတွေနစ်နေကာ ခန္ဓာကိုယ်လေး တစ်စက်စက်တုန်လို့ ထိတ်လန့်နေခဲ့ရသည်။

" ခင်ဗျားတို့က ဘယ်သူတွေလဲ...ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးပါ.. ကျွန်တော်နဲ့ ဘာရန်ငြှိုးရှိလို့လဲဟင်... ကျွန်တော့်ကို ဘာ မကျေနပ်တာ ရှိလို့လဲ.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပါ...ကျွန်တော် ခင်ဗျားတို့ စိတ်တိုင်းကျအောင် ဖြေရှင်းပေးမှာမို့... ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျွန်တော့််ကို ဒီလိုကြီး ဖမ်းချုပ်မထားကြပါနဲ့... လွှတ်ပေးပါ...လွှတ်ပေးပါ နော် "

" ဟား ဟား ဟား ဟား သနားစရာ ယုန်သူငယ်လေးပဲဟေ့... နုနုနယ်နယ်လေး နဲ့ ချစ်စရာလေးကွာ... တို့ MD ကြီး လိုချင်တာလဲ မပြောနဲ့ ကြောက်လို့ တုန်နေတာလေးကိုက စိတ်ကြွချင် စရာလေး...ဟားဟားဟား.... "

" MD ကြီး စိတ်ကြိုက် ဖျက်ဆီးပြီးရင်တော့ ငါတို့ အရိုးအရင်းလေး စားရလောက်ပါတယ်... ဒါပေမယ့် ဒါလေးက အရိုးအရင်းတောင် အတော် အရသာရှိမယ့်ပုံပဲကွ.... ဟား ဟား ဟား "

" ခင်ဗျားတို့.. ခင်ဗျားတို့ "

" မကြောက်ပါနဲ့ ယုန်လေးရဲ့.... အစ်ကိုတို့က မင်းတို့ ဘာမှ အန္တရာယ်မပြုပါဘူး... ဒီလို နုနုနယ်နယ်လေးမျိုးဆို အစ်ကိုတို့က သိပ်သိပ် ချစ်တတ်တာ သိလား"

" ဟင့် ဟင့် ဟင့်... အီးးးး လွှတ်ပေး...လွှတ်ပေးကြပါ... ကျွန်တော် တောင်းပန်ပါတယ်... လွှတ်ပေးကြပါ အီးဟီးးးးဟီးးးး အင့် ဟင့် "

" မငိုပါနဲ့ ယုန်ပေါက်လေးကလဲ အစ်ကိုတို့က ချစ်တတ်ပါတယ် ဆိုကွာ ဟား ဟား "

" ဟေ့ကောင်တွေ မျက်နှာပိုးသတ်စမ်း နောက်မှာ ဆိုင်ကယ်နဲ့ ကောင်တစ်ကောင် ကားနောက်ကို တောက်လျှောက်လိုက်နေတာ တွေ့ကြလား... ခွေးမသားတွေ သရည်ကျဖို့လောက် တတ်နေတာ... ဘေးပတ်ဝန်းကျင်ကို ဘာမှ မကြည့်ဘူး "

Sunoo ထိုလူ့ပြောစကားကြောင့် အားလေးများတက်သွားမိသည်။

Sunoo ဘေးမှာ ထိုင်နေတဲ့ လူနှစ်ယောက်မှာ အရက်စော်တွေ နံစော်နေကာ Sunoo ကို ကျောသပ်လိုက် ခေါင်းပုတ်လိုက် လုပ်ကာ တဟားဟား လုပ်နေသမျှ ထိုလူ့စကားမှာ ချက်ချင်း ငြိမ်သက်သွားကြသည်။

ထိုအခါမှ သူလဲ စိတ်သက်သာရာ ရပြီး ကြိုးနဲ့ ပူးချည်ခံထားရတဲ့ လက်လေးနဲ့ မျက်ရည်တွေကို အုပ်ထားတဲ့ အဝတ်ပေါ်ကနေ ပွတ်သုတ်ပစ်လိုက်သည်။

နောက်က လိုက်လာတာ ဘယ်သူများလဲ...

သူ့ကို ကယ်မယ့်သူရော ဟုတ်ပါရဲ့လား...

Jay လူတွေများလား...

ခုလောက်ဆို သူ အိမ်မှာ မရှိတာ သိသွားလောက်ပြီး အနီးပတ်ဝန်းကျင်မှာ ရှာနေလောက်ပြီ။

မောင်ရော...

မောင်ကရော သူလာမယ်ဆိုပြီး ရောက်မလာလို့ စိတ်များပူနေမလား...

စိတ်ပူနေတာ ပြဿနာမဟုတ်ပေမယ့် စိတ်ပူပြီး အိမ်ကိုလိုက်သွားမှ Jay နဲ့ တွေ့နေရင် ဒုက္ခ။

အဲ့ဒါမှ မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်ကုန်တော့မှာပါပဲ....

Sunoo မှာ ကိုယ့်အတွက်ကိုယ် ပူရ မောင့်ကို လှမ်းပူရနဲ့။

" သေချာကြည့်စမ်း...အဲ့ဒါ ဟို Skate စီးတဲ့ ကောင်လားလို့ "

" ဟုတ်တယ် အစ်ကိုကြီး...နောက်က လိုက်လာတာ Skate စီးတဲ့ ကောင်ပဲ "

မောင်...

မောင်များလား...

သူတို့ ပြောတဲ့ Skate စီးတဲ့ကောင်ဆိုတာ မောင့်ကို ပြောတာများလား...

မောင် အဆော နောက်က လိုက်လာတယ်ပေါ့...

Sunoo မှာ မောင် ဆိုတဲ့ အသိလေးနဲ့ အားတွေတက်လာမိရတာ အမှန်ပါ။

သူ ဒီလို ဖြစ်နေတာကို ဘယ်သူမှ မသိလိုက်ကြဘဲ ဒီလူတွေ လက်ထဲမှာ သူ သေရတော့မယ် ထင်တာလေ...

ခုတော့ နောက်မှာ မောင် လိုက်လာတယ်တဲ့...

" မြန်မြန်မောင်း ... ဒီကောင် မျက်​ခြေပြတ်မှ ဖြစ်မယ်... မဆိုင်တဲ့လူတွေ ပါလာရင် MD ကြီး စိတ်ဆိုးပြီး ပြဿနာရှာတာ ခံရလိမ့်မယ်နော် "

ချက်ချင်းဆိုသလို ကားက အရှိန်မြင့်သွားပြီး မြန်သွားလေသည်။

မောင်ရေ...

အဆောကို လာကယ်ပါ...

အချိန်အတော်ကြာအောင် ကားစီးပြီးတဲ့နောက် တစ်နေရာမှာ ကားက ရပ်သွားလေသည်။

ပြီး ကားတံခါးဖွင့်သံများနှင့် စကားသံများကို ကြားလိုက်ရပြီး သူ့ကိုပါ ကားပေါ်ကနေ ဆွဲချတာကို ခံလိုက်ရသည်။

ကားပေါ်က ဆွဲအချမှာ မျက်လုံးတွေ အုပ်ခံထားရတာကြောင့် ခြေထောက်တွေ ဟန်ချက်မညီဖြစ်ကာ လူက ယိုင်ကျသွားပြီး ခြေချင်းဝတ်လေးတစ်ဖက် နာသွားရသည်။

" အ့..."

ခြေထောက်နာနေရက်နဲ့ ထပ်ပြီး ဆွဲခေါ်သွားတာကို ခံလိုက်ရကာ ဘာမှ မမြင်ရလေတော့ ခြေထောက်တွေဟာ ဟိုနင်းမိ ဒီနင်းမိ။

ဒယိမ်းဒယိုင်နဲ့ ဆွဲခေါ်တဲ့နောက် တရွတ်တိုက်လိုက်နေမိရင်း အခန်းတစ်ခုလို နေရာထဲကို ဝင်သွားလေသည်။

" ဟေ့ ဟေ့ ငါ့ ဘေဘီလေးကို အသာအယာလုပ်ကြစမ်း မင်းတို့တွေ "

ထိုစဉ်မှာ ကြားလိုက်ရတဲ့ အသံတစ်ခု...

တစ်နေရာရာမှာ ကြားဖူးသလို ရှိပေမယ့် Sunoo စဉ်းစားလို့မရ။

အနားနားကို လူ ကပ်လာတာကို သတိထားမိလိုက်ပြီးတဲ့နောက် အုပ်ထားတဲ့ အဝတ်ကို ဆွဲဖယ် ခံလိုက်ရသည်။

အဲ့ဒီအခါမှာ မြင်လိုက်ရတာက YJ က MD ဆိုတဲ့ လူကြီး...

တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံကို ဝတ်ထားကာ ဂျာကင်ထူကြီးနဲ့...

လက်တစ်ဖက်ကလဲ လက်အတုကြီးကို တပ်ထားသေးသည်။

ဒါ ဒါ ဟိုတစ်ခါတုန်းက မောင့် ကော်ဖီဆိုင်ကို လာတဲ့ လူကြီးပဲ...

အဲ့တုန်းက Mask တပ်ပြီး ဦးထုပ်ကိုပါ စိုက်ကျနေအောင် ဆောင်းထားတာကြောင့် YJ က MD မှန်း မသိ။

ခုမှ ဦးထုပ်မပါ Mask တပ်မထားတော့ Sunoo မှတ်မိသွားရသည်။

သူ့ကို စားမတက် ဝါးမတက် စိုက်ကြည့်နေပြီး ပြီတီတီ ရုပ်ကြီးနဲ့ မသတီစရာကောင်းအောင် သွားကြီးဖြီးပြနေလေသည်။

ပြီး အခန်းပတ်ပတ်လည်မှာ သူ့ရဲ့ တပည့်တပန်းတွေ ဖြစ်ပုံရတဲ့ လူတွေ...

အားလုံးရဲ့ လက်ထဲမှာ ဘေ့စ်ဘောတုတ်တွေကို ကိုယ်စီကိုင်ထားကြကာ အားလုံး အသင့်အနေအထားတွေနှင့်။

နေရာကတော့ ဂိုထောင်လို နေရာမျိုးဖြစ်ဟန်တူပြီး ပစ္စည်းတွေက ဟိုတစ်စ ဒီတစ်စ...

" ကျွန်တော့််ကို ဘာလို့ ဒီနေရာခေါ်လာတာလဲ MD "

" အိုးဟိုးးး ဘေဘီလေးက ကိုယ့်ကို မှတ်မိနေတာပါလား... ကိုယ်တော့ အရမ်းပျော်သွားပြီကွာ..."

" ကျွန်တော့်ကို ဒီလို လုပ်စရာ ခင်ဗျားနဲ့ကျွန်တော့်ကြား ဘာ ရန်ငြှိုးရှိလို့လဲ MD "

" အဟင်းးး ဘေဘီလေးနဲ့တော့ ရန်ငြှိုးမရှိပါဘူး.... ဒါပေမယ့် ဘေဘီ့ရဲ့ CEO ကြီးနဲ့တော့ ကြီးမားတဲ့ ရန်ငြှိုးတွေ ရှိနေတယ်လေ ဘေဘီ​လေးရဲ့ ... မင်းလူကြီး ငါ့အပေါ် ယုတ်မာထားတာတွေ အများကြီးပဲ "

" ခင်ဗျား မဟုတ်တာတွေမပြောနဲ့... Jay က ဘယ်တော့မှ ယုတ်မာတတ်တဲ့လူ မဟုတ်ဘူး "

" ဟင်း ဟင်း သေချာလို့လား... CEO Park ယုတ်မာတတ်တာတွေ ဘေဘီလေးက မသိလို့ ဖြစ်လိမ့်မယ်နော်... ဥပမာ ပြောရရင် ကိုယ့်လက်တစ်ဖက်ကို အကြောင်းမဲ့ ဖြတ်တောက်ရအောင် လုပ်ပစ်လိုက်သလိုမျိုးတွေပေါ့... သူ စိတ်မထင်ရင် တစ်ဖက်လူရဲ့ အသက်သွေးကြောကိုတောင် ဖြတ်တောက်ပစ်တတ်တဲ့ လူနော် "

ပြောရင်းဆိုရင်း သူ့လက်က စွပ်ထားတဲ့ လက်တုကြီးကို Sunoo ရှေ့မှာပဲ ဆွဲချွတ်ချလိုက်တာကြောင့် ပေါ်လာတာက တံတောင်နားလေးကနေ ဖြတ်ခံထားရတဲ့ လက်အပြတ်ကြီး။

" အားးး "

Sunoo မှာ မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ လက်ကြီးကြောင့် အားခနဲအော်ကာ မျက်လုံးကို စုံမှိတ်ပြီး မျက်နှာလွှဲလိုက်မိသည်။

" မမှိတ်နဲ့ မင်း မျက်လုံးတွေကို မမှိတ်နဲ့ ဘေဘီလေး... ကြည့်စမ်း... မင်း လက်ကိုဆွဲမိလို့ ဖြတ်ခံလိုက်ရတဲ့ ငါ့လက်ကို သေချာကြည့်စမ်း "

" ဟင့်အင်.. ဟင့်အင် "

မျက်နှာလွှဲထားတဲ့ သူ့ကို မေးဖျားကနေဆွဲမော့ကာ အတင်းကြည့်ခိုင်းနေတာကြောင့် Sunoo မျက်လုံးမဖွင့်ရဲ...

မျက်လုံးတွေကို ဇွတ်မှိတ်ထားကာ မေးကနေ ကိုင်ထားတဲ့ ထိုလူ့လက်ထဲမှ လွတ်မြောက်စေရန် မျက်နှာလေးကို ဘယ်ညာယမ်းနေမိသည်။

ဒါကိုပဲ ထိုလူက စိတ်တိုသွားဟန်ဖြင့် ပါးစောင်တွေကို ဆွဲကုတ်ခါ

" ငါ ပြောနေတယ်လေ.... မျက်လုံးတွေ ဖွင့်ပြီး ကြည့်စမ်း... မင်းတို့ကြောင့် ငါ့လက်တစ်ဖက် ဆုံးရှုံးခဲ့ရသလို.. ငါ့နာမည် ငါ့နေရာ ငါ့စီးပွားရေးတွေ အကုန် ပျက်ဆီးခဲ့ရတယ် အဲ့ဒါတွေ မင်း သိလား ဟမ် "

" ဟင့်အင်..ဟင့်အင်... မသိဘူး... ကျွန်တော် မသိဘူး.. ကျေးဇူးပြုပြီး ကျွန်တော်မသိတဲ့အရာတွေ၊ ကျွန်တော့်ကြောင့်ဖြစ်ခဲ့တာ မဟုတ်တဲ့အရာတွေအတွက်နဲ့ ကျွန်တော့်ကို ဒုက္ခ မပေးပါနဲ့... ကျွန်တော် တောင်းပန်ပါတယ်... ဒီ ကိစ္စတွေကို ကျွန်တော် တကယ် မသိပါဘူး "

" အေး မသိလို့ သိအောင် အခုပြောပြီးပြီလေ... အခု သိသွားမို့လို့ ဒါတွေအတွက် မင်း တာဝန်ယူရမယ် "

" ကျွန်တော်က ဘာ​ တာဝန်ယူနိုင်မှာလဲ... ကျွန်တော် ဘာတစ်ခုမှ နားမလည်ဘူး... ခင်ဗျား တာဝန်ယူစေချင်ရင် Jay ဆီ သွားလေ... ခင်ဗျားဖြစ်ချင်တာကို Jay ဆီမှာ ပြောလိုက် "

" ဟက် ဟက် ဟက်... CEO ကြီးဆီမှာ ပြောစရာ မလိုပါဘူးကွ... အခုပဲ ငါ လိုချင်တာလေးက ငါ့ရှေ့ရောက်နေပြီဟုတ်စာ..."

Sunoo ရဲ့ ပါးလေးတစ်ဖက်ကို လက်ဝါးကြမ်းကြီးနဲ့ အုပ်ကိုင်ကာ ပွတ်သပ်ရင်း ပြောလာတာကြောင့် Sunoo မျက်နှာလေးကို ယမ်းပစ်ကာ ရှောင်လိုက်သည်။

" ငါ လိုချင်တာ မင်းပဲ... ဒီလောက် နုရွပြီး လှပနေတဲ့ နတ်သားလှလှလေးကိုပဲ ငါက လိုချင်တာ... မင်းကို ရလိုက်ရင် CEO Park ဆိုတဲ့ မာန ထောင်လွှားနေတဲ့ ဟိုအကောင်ကို ငါနိုင်ပြီလေ... ဟား ဟား ဟား ဟား... တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ကွာ... CEO ကြီးရဲ့ အသည်းနှလုံးလေးကိုလဲ အပိုင်စားရမယ်...CEO ကြီးကိုလဲ အနိုင်ရမယ်... မပိုင်ဘူးလား ဟားဟားဟားဟား "

Sunoo ရဲ့ ပါးတွေ ဂုတ်တွေကို ပွတ်သပ်လိုက် မေးဖျားလေးကို ကိုင်လိုက်နဲ့ တဟားဟား အော်ရယ်နေတဲ့ ပုံစံကြီးဟာ တကယ်ကြီး အော်ကလီဆန်ချင်စရာ။

" ခင်ဗျား...ခင်ဗျား... လူယုတ်မာကြီး... မထိနဲ့... ကျုပ်အသားကို မထိနဲ့ "

" ထိမယ်... ထိမယ်... မထိနဲ့ဆိုလို့ကို ငါက ထိချင်တာ... မင်း လူကြီး ဆက်ဆက်ထိမခံ ဖြစ်နေတဲ့ မင်းမို့လို့ကို ငါက ထိအုံးမှာ... နာစမ်း... CEO Park ဆိုတဲ့လူ... သူ တန်ဖိုးထားပြီး မထိမခံဘူးဆိုတဲ့ဟာလေးကို ငါက ငါ့အောက်မှာ ပြားပြားဝပ်ပြီး လူးလွန့် နေအောင်ကို ထိမှာမို့လို့ နာစမ်း.. ဆက်ဆက်ခါနေအောင်ကို နာ!!! CEO Park တန်ဖိုးထားပါတယ် ဆိုတဲ့ ဟာလေးကို ငါက ပျော်ပျော်ကြီး ဖျက်ဆီးပြမှာမို့ နာကြစမ်းကွာ... "

" အား!!!... လူယုတ်မာကြီး... ခင်ဗျားကို Jay က ဒီတိုင်းထားမယ် ထင်လို့လား... ခင်ဗျားကို Jay က အလွတ်ပေးမယ် ထင်လို့လား... သွား!!.. မထိနဲ့ !! သွား!!! "

" ဟား ဟား ဟား ဟား "

Sunoo ကို လက်တစ်ဖက်တည်းနဲ့ ကောက်ပွေ့သွားကာ အခန်းထဲမှာ ရှိတဲ့ စားပွဲရှည်ကြီးပေါ် ပစ်တင်တာကို ခံလိုက်ရသည်။ ပြီးနောက် သူ့လူတွေကို အပြင်ထွက်ဖို့ အော်ပြောလိုက်ပြီး ထိုလူကြီးက ဝတ်ထားတဲ့ ဂျာကင်အနက်ကြီးကို ဆွဲချွတ်လိုက်လေသည်။

" ဟေ့ကောင်တွေ အကုန် အပြင်ထွက် "

ထိုစဉ်မှာပဲ အထဲသို့ လူတစ်ယောက် ရေးကြီးသုတ်ပြာနဲ့ ပြေးဝင်လာပြီး

" MD... MD.. အထဲကို လူတစ်ယောက် ဝင်လာပါတယ် "

" ဘာ.... ချီးးးပဲကွာ... ဒီလူလေးတစ်ယောက်လောက်ကို မင်းတို့ မထိန်းနိုင်ဘူးလား... ချီးမလို့ ငါ့လာပြောနေတာလား ဟမ်!! "

" ဟို ဟို MD သတိထားရအောင်လို့ လာပြောပေးတာပါ MD "

" သတိထားရမှာက မင်းတို့... ပေးထားတဲ့ ပိုက်ဆံနဲ့ တန်အောင် တာဝန်ကြေကြေလုပ်ကြ...မဟုတ်လို့ကတော့ မင်းတို့ အကုန်လုံးကို အသေသတ်ပစ်မယ်... "

Sunoo မှာ သူတို့ချင်း စကားပြောနေခိုက် စားပွဲပေါ်က ကုန်းထကာ ရှေ့က MD ရဲ့
ပေါင်ခွကြားကို ခြေထောက်နဲ့ ကန်ချလိုက်သည်။

အားနဲ့ ကန်လိုက်တာမို့ MD မှာ အလစ်အငိုက်ခံလိုက်ရပြီး ခန္ဓာကိုယ်ကြီး ကိုင်းကျသွားကာ ကုန်းကွကွကြီး ဖြစ်လို့။

အဲ့ဒီ့အချိန်မှာပဲ Sunoo စားပွဲပေါ်မှ ခုန်ဆင်းလိုက်ကာ အခန်းထဲမှ အပြေး MD က

" အပြင်မှာ ဘယ်သူရှိလဲ ဖမ်းစမ်း အဲ့ကောင်ကို မလွတ်စေနဲ့ ဖမ်းထားစမ်း "

နာနေတာမို့ လမ်းလဲ မလျှောက်နိုင်ဘဲ ခုန်ဆွဆွလုပ်ကာ အပြင်က သူ့လူတွေကို လှမ်းအော်တော့ အခန်းအပြင်မှာ စောင့်နေဟန်ရှိတဲ့ လူနှစ်ယောက်က ပြေးဝင်လာပြီး Sunoo ကို ထပ်မံဖမ်းဆီးလိုက်ပြန်သည်။

ထိုလူနှစ်ယောက်ကပဲ Sunoo ကို တစ်ဖက်တစ်ချက်ဆီမှ ဖမ်းချုပ်ထားကာ MD အနားကို ဆွဲခေါ်သွားတာကြောင့် အနားရောက်လာတဲ့ သူ့ကို MD က ခေါင်းနောက်ကနေ ဆံပင်တွေကို ဆွဲဆောင့်ပြီး စားပွဲနဲ့ ခေါင်းကို ဆောင့်တိုက်ချပစ်လိုက်သည်။

" အင့်ကွာ..ငါ့လက်က ပြေးချင်အုံး "

ဒုန်းးး

" အားးးး "

Sunoo ရဲ့နာနာကျင်ကျင် အသံလေး အခန်းထဲမှာ ပြန့်နှံ့သွားရတော့သည်။

" အဆော..."

" အဆော ဘယ်မှာလဲ "

" အဆောရေ..."

မောင်...

မောင် ရောက်လာပြီ...

မျှော်နေရတဲ့ မောင် ရောက်လာခဲ့ပြီ...

နောက်ဆုံးတော့ အဆောကို ကယ်ဖို့ မောင် ရောက်လာခဲ့ပြီ...

ဝုန်း ဝုန်း ဒိုင်း ဒိုင်း အသံတွေ ဆက်တိုက်ဆိုသလို ကြားနေရပြီး တစ်ဖြည်းဖြည်း နီးလာတဲ့ ခြေသံများ...

Sunoo ဝမ်းသာသွားကာ မျက်လုံးထဲမှလဲ မျက်ရည်တို့ ကျဆင်းလာပြီး မောင့်ကို အားကိုးတကြီး အော်ခေါ်လိုက်မိတော့သည်။

" မောင်!!! မောင့်!!! အဆော ဒီမှာရှိတယ် မောင့် "

" အားကိုး ရောက်လာလို့ အသံကျယ်နေတယ်ပေါ့လေ... မင်းရော မင်းလင်ရော နှစ်ကောင်လုံးကို မသာပေါ်ပစ်မယ်... ပါးစပ်ပိတ်ထားစမ်း "

" မောင့်!!! "

Sunoo ခွန်အားရှိသလောက် ထိုလူတွေ လက်က ရုန်းကန်ကာ မောင့်ကို အော်ခေါ်တော့ MD က သူ့ပါးစပ်ထဲကို အဝတ်စတစ်စ ထိုးထည့်ကာ မအော်နိုင်အောင် ပိတ်ဆို့ထားလေတော့သည်။

" ဝွန်းးးး ဝူးးး ဝွန်းးးး "

Sunoo မှာ ပါးစပ်ပိတ်ခံထားရပေမယ့်လည်း မောင်ကြားနိုင်ရန် ဝူးဝူးဝါးဝါးတို့ အော်ပြီး အသံပေးမိတော့ ပါးပြင်လေးပေါ် ကျရောက်လာတဲ့ ရိုက်ချက်ပြင်းပြင်းတွေ။

" ပါးစပ်ပိတ်လို့ ပြောနေတာ နားမပါဘူးလား ဟမ်... မင်း ကောင်ကို အားကိုးမနေနဲ့... ငါ့လူတွေကို မင်း ကောင် မကျော်နိုင်ဘူး "

Sunghoon မှာ အဆောရဲ့အသံလေးကို သဲ့သဲ့ကြားလိုက်မိတာကြောင့် ထိုနေရာဆီသို့ ဦးတည်ကာ အပြေး ရှေ့ကနေ ထပ်မံ ပိတ်ကာထားပြန်တဲ့ လူတွေ ...

ရင်ဆိုင်လာခဲ့ပြီးတဲ့ လူတွေကလဲ ရှေ့မှာ အများကြီးဆိုတော့ ခြေကုန်လက်ပမ်းကျပြီး ခန္ဓာကိုယ် အနှံ့မှာလဲ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေပြီ။

ဒါပေမယ့်လဲ သူ ဒဏ်ရာတွေကို ဂရုမစိုက်အား။ အဆောဆီ ရောက်မှ ဖြစ်မှာမို့ အနိီးဆုံးမှာ ရှိနေတဲ့ လူတစ်ယောက်ကို စ ဖြိုလိုက်တော့သည်။

ထိုလူတွေ လက်ထဲမှာက လက်နက်ဆိုလို့ ဘေ့စ်ဘောတုတ်တွေသာ ရှိတာမို့ တော်သေးသည် ပြောရမည်။

မဟုတ်လို့ ဓားတို့ သေနတ်တို့ဆို ဒီလူအများကြီးနဲ့ ရင်ဆိုင်နေရတဲ့ သူ... ခုချိန် အသက်ရှိဖွယ် မမြင်တော့။

ပထမလူကို ဖြိုအပြီးမှာ နောက်ထပ် ထပ်ဝင်လာတဲ့ လူတစ်ယောက်...

တုတ်ကို မြှောက်ပြီး လွှဲရိုက်လာတာကြောင့် Sunghoon ခေါင်းငုံ့၍ အသာရှောင်လိုက်ကာ ဝင်လုံးလိုက်ပြီး ထိုလူ့ ခါးကို ဆွဲချုပ်၍ ကိုင်ပေါက်ပစ်လိိုက်သည်။

လူအများနဲ့ တစ်ယောက်မို့ ဘယ်သူ့ကိုမှ မညှာရဲ။

တစ်ခါတည်း တစ်ချက်တည်းနဲ့ မှောက်သွားအောင် လုပ်နိုင်မှ တော်ကာကျမှာမို့ အားကို ခပ်ပြင်းပြင်းလေး အသုံးချရသည်။

အားပြင်းတဲ့ ကိုင်ပေါက်ချက်ကြောင့် ထိုလူမှာ ကြမ်းပြင်ပေါ် လူးလှိမ့်နေပြီး ပြန်ထမလာနိုင်တော့။

မဆင်မခြင် ဝင်လာတဲ့ နှစ်ယောက်ကို လှဲသိပ်ပေးလိုက်တော့ နောက်လူတွေက အရဲမစွန့်ရဲ။

အခြေအနေကိုကြည့်ကာ တွန့်ဆုတ် တွန့်ဆုတ်လုပ်နေကြသည်။

Sunghoon အခြေအနေကို အသုံးချကာ ဘေးနားမှာ ကျနေတဲ့ ဘေ့စ်ဘောတုတ်တံကို ကောက်ယူလိုက်ပြီး တစ်ယောက်ပြီး တစ်ယောက် ဝင်ရိုက်ပစ်လိုက်တော့သည်။

သေသွားလို့လဲ မဖြစ်တာကြောင့် အများဆုံးက အောက်ပိုင်းရိုက်ချက်များ...

​ခြေသလုံးတွေကို ကျိုးအောင် ရိုက်ချိုးခဲ့ကာ တစ်ယောက်ပြီးတစ်ယောက် ဖြိုရင်း သူလဲ ပြန်အရိုက်ခံရရင်းနဲ့ ရှေ့ဆက် တက်လာခဲ့သည်။

စောစောက သဲ့သဲ့လေး ကြားလိုက်ရတဲ့ အဆောရဲ့ အသံလေးကိုလဲ ထပ် မကြားရတော့ စိတ်က ပိုပူလာလေပြီ။

မြန်မြန် ပွဲသိမ်းချင်တဲ့ ဇောနဲ့ အတင်း ဝင်ရိုက်နေတော့ ဟာကွက်တွေများကာ တစ်ဖက်က ပြန်ဖိလာတော့ သူ့မှာလဲ အရိုက်ခံရတာ တဖြောင်းဖြောင်းနဲ့။

အများနဲ့ တစ်ယောက်...

အလယ်မှာရောက်နေကာ အဝိုင်းခံထားရပြီး ရှေ့ကို ထပ်မမှားစေဖို့ Sunghoon သတိကြီးကြီး ထားနေရသည်။

ထိုအချိန်မှာပဲ အထဲကို ဝင်ရောက်လာတဲ့ လူတစ်ယောက်...

ပုံပန်းသဏ္ဍန်က ကပြားတစ်ယောက်ပုံ ပေါက်ကာ ခန္ဓာကိုယ်က ကျစ်လစ်တောင့်တင်းနေသည်။

မှေးကျဉ်းကျဉ်း မျက်ဝန်းတွေနဲ့ သူ့ကို တချက်လှမ်းကြည့်လာသေးသည်။

ရန်သူဖက်က လူတစ်ယောက်ကိုလဲ ပုခုံးပေါ်ထမ်းလာပြီး သူတို့ရှေ့ရောက်မှ ကိုင်ပေါက်ချလိုက်တာ အင့်ခနဲတစ်ချက်သာ အသံထွက်နိုင်ပြီ ကိုင်ပေါက်ခံရတဲ့လူမှာ ထမလာတော့။ ဇက် ကျိုး သွားပုံရသည်။

ဒီပုံအတိုင်းဆို ဒီလူဟာ သူ့ဘက်တော်သားပေါ့။

တစ်ယောက်ထဲဖြစ်နေရာမှ ခုလို ကိုယ့်ဘက်က လူတစ်ယောက် တိုးလာတာကြောင့် Sunghoon အားတက်သွားရကာ လှုပ်ရှားမှုတွေ ပိုမိုမြန်ဆန်လာခဲ့ရသည်။

ထိုလူက ရန်သူတွေကို ဖောက်ဝင်လာကာ သူနဲ့ ကျောချင်း ကပ်လာပြီး

" Sunoo ကို ရအောင် ဝင်ကယ်... ဒီလူတွေကို ငါ ထိန်းထားလိုက်မယ် "

လေသံခပ်ဝဲဝဲနဲ့ ကပ်ပြောလာပြီး သူ့ဘက်ကပဲ စ ကာ တစ်ဖက်လူတွေကို ဝင်လုံးတော့သည်။

တိုက်ရည်ခိုက်ရည် ကြည့်ရတာလဲ တော်တော်လေးကို အဆင့်မြင့်မြင့် တိုက်ခိုက်ရေးသမားထဲက ဖြစ်ပုံပေါ်ပါသည်။

ထိုလူဟာ CEO ကြီးရဲ့ ဝှက်ဖဲ Leo ပါပဲ...

သူတို့ နှစ်ယောက် ကျောချင်းကပ်ပြီး တိုက်ခိုက်နေစဉ်မှာ အပြင်ဘက်ဆီက ကြားလိုက်ရတဲ့ ညာသံပေးသော အသံများ။

ထိုအချိန်မှာ Sunghoon ဘက်ခြမ်းက ဖောက်ထွက်လို့ရသွားပြီ ဖြစ်တာကြောင့် တံခါးပိတ်ထားရာ အတွင်းခန်းဆီသို့ Sunghoon ပြေးသွားပြီး တံခါးကို ရိုက်ချိုးပစ်လိုက်သည်။

သူ အထဲကို ရောက်သွားတဲ့ အချိန်မှာ မြင်လိုက်ရတာက လက်ပြန်ကြိုးတုပ်ခံထားရတဲ့ အဆော...

မျက်နှာတစ်ပြင်လုံးဟာလဲ စုတ်ပြတ်နေကာ နဖူးထောင့်စွန်းလေးနဲ့ နှုတ်ခမ်းလေးမှာ သွေးစလေးတွေ စို့နေသေးသည်။

ဒါတင်မဟုတ် ပါးစပ်မှာလဲ မအော်နိုင်အောင် အဝတ်စတစ်ခုကို ထိုးထည့်ခံထားရသေးသည်။

Sunghoon မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ယူကျုံးမရဖြစ်ကာ ရင်ထဲမချိတော့...

" အဆော..."

" ဝွန်းးးး "

သူ့ကို မြင်လိုက်တော့ အားတက်သွားတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်လာပြီး ဝူးဝူးဝါးဝါးနဲ့ လှမ်းအော်ရှာသည်။

သူ အဆောကို အားပေးနှစ်သိမ့်တဲ့အကြည့်နဲ့ ကြည့်လိုက်ကာ ခေါင်းလေးညိမ့်ပြလိုက်သည်။

သူ ဝင်လာတာမြင်တော့ အစပိုင်း ကြောင်ကြည့်နေကြတဲ့ ကောင်တွေက အဖွဲ့လိုက်ရှေ့တိုးလာကာ ဝင်တိုက်ကြတော့သည်။

သူနဲ့ အတွင်းထဲက အဖွဲ့ဟာလဲ ရန်ပွဲတစ်ခုဖြစ်ပွားခဲ့သလို အပြင်ဘက်မှာလဲ တိုက်ခိုက်နေသံတွေက ဆဲမသွား...

အော်သံ ဟစ်သံ ရိုက်သံ လဲပြိုသံတွေ ညံညံစီသွားခဲ့ရင်း အတွင်းဘက်ကို ပြေးဝင်လာတဲ့ ရန်သူဖက်က လူများ။

ထိုလူများရဲ့ နောက်မှာတော့ အထဲကို လိုက်ဝင်လာတဲ့ အတွင်းရေးမှူး Lee နဲ့ ခန္ဓာကိုယ် ခပ်တောင့်တောင့်နဲ့ လူတစ်ဖွဲ့။

သူတို့ရဲ့ နောက်မှာ ထပ်မံဝင်ရောက်လာတာကတော့ CEO Park...

CEO Park ရဲ့ ရှေ့နောက်ဝဲယာမှာ Bodyguard တွေက ဝန်းရံထားကာ CEO သွားရာ လမ်းတစ်လျှောက် တွေ့သမျှလူတွေကို တိုက်ခိုက်ပေးရင်း CEO ကို လမ်းရှင်းပေးနေကြသည်။

တင်းမာခက်ထန်နေတဲ့ မျက်နှာထားနဲ့ စူးရှရှ မျက်ဝန်းတွေက အခင်းဖြစ်နေရာကို ဝေ့ဝဲကြည့်လိုက်ပြီး နောက် အတွင်းခန်းထဲထိ တောက်လျှောက် ဝင်သွားသည်။

အထဲမှာကတော့ Sunghoon ကို ဝိုင်းတိုက်နေကြတဲ့ လူတစ်ဖွဲ့နဲ့ Sunoo နားမှာတော့ YJ ရဲ့ MD ရယ် နောက်နှစ်ယောက်ရယ်။

MD ဆိုသူမှာ CEO Park ကိုလဲ မြင်ရော မျက်နှာတွေ ပျက်ကာ ပြူးပြူးပြာပြာတွေ ဖြစ်ပြီး ထိုင်ရာမှ ထကာ Sunoo အနားသို့ တိုးကပ်သွားလေသည်။

ပြီး ပါးစပ်ကနေလဲ သူ့အဖွဲ့တွေကို အော်ပြောနေသေးသည်။

" ဟေ့ကောင်တွေ တစ်ယောက်မှ အရှင်မထားနဲ့ အကုန် အ​သေသတ်ပေးလိုက်စမ်း "

CEO Park ကတော့ ခပ်အေးအေးပါပဲ MD ကို ခပ်တည်တည် စိုက်ကြည့်လိုက်ကာ Sunoo ကို ချုပ်ထားရာနေရာဆီသို့ တစ်လှမ်းချင်း တိုးကပ်သွားလေသည်။

CEO လာတာလဲ မြင်ရော MD ဆိုသူက ရုတ်တရက် Sunoo ကို ဆွဲခေါ်လိုက်ကာ နောက်ကနေ ချုပ်ထားလိုက်ပြီး လည်ပင်းကို ဓားနဲ့ ထောက်လိုက်လေတော့သည်။

" အကုန်လုံး အခု ရပ်လိုက်ကြစမ်း... မရပ်ရင် ငါ သူ့ကို အ​သေသတ်မှာနော် ... ဒီမှာ တွေ့လား "

MD ရဲ့ အော်သံကြောင့် တိုက်ခိုက်နေသူများ အားလုံး ရပ်သွားကာ အားလုံးရဲ့ အကြည့်တွေက MD နဲ့ Sunoo ရှိရာဆီ ဦးတည်ကုန်ကြသည်။

Sunghoon မှာလဲ တိုက်ခိုက်ရာကို ရပ်လိုက်ပြီးလှည့်ကြည့်လိုက်တော့ MD လက်ထဲက ကြောက်ကြောက်ရွံ့ရွံနဲ့ တုန်နေတဲ့ အဆောကို တွေ့လိုက်ရသည်။

" အဆော...."

သူ စိုးရိမ်တကြီးနဲ့ အော်ခေါ်ကာ အနားကို သွားမယ်အလုပ် နောက်ကနေ အလစ် အရိုက်ခံလိုက်ရကာ ခေါင်းမှာ ပူခနဲ ဖြစ်သွားပြီး လူက ရှေ့ကို မှောက်ကျသွားရတော့သည်။

ခေါင်းကနေ ကျလာတဲ့ သွေးတွေကလဲ ဖြာခနဲ...

မျက်နှာပေါ်တွေထိပါ စီးကျလာခဲ့သည်။

" မောင့်!!! "

Sunoo လဲ စိုးရိမ်စိတ်ကြောင့် သတိလက်လွတ် ဖြစ်ကာ Sunghoon ရှိရာဆီ ရုန်းကန်ပြီး သွားမယ်အလုပ် လည်တိုင်ကို ထောက်ထားတဲ့ ဓားက စူးခနဲ နစ်ဝင်သွားရတော့

"အ့ "

" အဆော!!! "

" ဘေဘီ့!!! "

Sunoo မျက်နှာလေးတစ်ချက်မဲ့သွားပြီး နာနာကျင်ကျင် ညည်းညူလိုက်မိတော့ Sunghoon နဲ့ Jay ဆီမှ တပြိုက်နက် ပေါ်ထွက်လာတဲ့ ခေါ်သံတွေ။

Jay ခြေလှမ်းတွေကို ရှေ့ကိုတိုးလိုက်ပြီး Sunghoon မှာလဲ လဲကျနေရာမှ ကုန်းထကာ Sunoo ရှိရာကို သွားမယ်အလုပ် MD က

" တစ်ယောက်မှ ရှေ့တိုးမလာနဲ့...ဒီမှာ မြင်လား ဓား... ငါ့လက်ထဲက ဓားက ကစားစရာအရုပ် မဟုတ်ဘူး... လူတစ်ယောက်ကို အသက်သေအောင် လုပ်လို့ရတယ်ဆိုတာ မမေ့နဲ့ "

" ဟေ့ကောင် မင်း ဘာလိုချင်တာလဲ ပြောလိုက်... ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်တွေကို လုပ်မနေဘဲ မင်း လိုချင်တာ ဒဲ့ပြောလိုက် "

" ဟက် ဟက် ဟက်... CEO Park... CEO Park ဘာလဲ ခင်ဗျားအလှည့်ကျ သွေးပျက်နေပြီလား... လိုချင်တာတွေတောင် ပေးပြီး ညှိနှိုင်းမယ်ပေါ့လေ... ဟက် ဟက်... ကျုပ်အလှည့်တုန်းကရော အဲ့လို ညှိနှိုင်းလို့ ရခဲ့လို့လား... ကျုပ်အလှည့်တုန်းက ဒူးထောက်ပြီးကို တောင်းပန်ခဲ့တာလေ... ဟောဒီ့ ဒူးတွေ စုတ်ပြဲမတတ်... ဟောဒီ့ လက်ဖဝါးတွေ မီးပွင့်မတတ် ပွတ်တိုက်ပြီး ကျုပ် တောင်းပန်ခဲ့တာပါ့ပဲ... ခင်ဗျား ဘာလုပ်ပေးခဲ့လဲ... ခင်ဗျား ကျုပ်ကို ဒီလို ဘဝမျိုးရောက်အောင်ပဲ လုပ်ပစ်ခဲ့တာလေ "

" အဲ့ဒါကိုက မင်းအတွက်ပေးတဲ့ ငါ့ရဲ့ သက်ညှာမှုပဲ.. ငါ သက်ညှာပေးထားလို့ မင်း ခုထိ အသက်ရှင်နေတာ... ငါ သက်ညှာမပေးရင် ခုချိန် မင်းအရိုးဆွေးနေလောက်ပြီ "

" အိုးး ဟိုးး ဟိုးး စကားပြောတာတွေ ရင့်လိုက်တာ CEO ကြီးရယ်... ဒီမှာ ခင်ဗျား အသည်းအသက်လေးက ကျုပ်လက်ထဲမှာ ဆိုတာကိုလဲ မမေ့နဲ့အုံး နော် "

" ကျစ်! ငါ စိတ်မရှည်ဘူး... မင်း ဘာဖြစ်ချင်တာလဲ မြန်မြန်ပြော... မင်း လူသတ်ရလောက်အောင်လဲ ဇ မရှိဘူးဆိုတာ ငါ သိတယ် "

" မယုံရင် စမ်းကြည့်လိုက်လေ... ခင်ဗျား ဘေဘီလေးကို ဘယ်က စပြီး ထိုးလိုက်ရမလဲ... လည်ချောင်းသွေးလေးက စ ပြီး ဖောက်လိုက်ရမလား... ဒါမှမဟုတ် ဒီမျက်နှာလှလှလေးကို စ လှီးလိုက်ရမလား "

Sunoo ရဲ့ မျက်နှာလေးပေါ် လည်တိုင်တွေပေါ် ဓားပြားကြီးနဲ့ ပွတ်သပ်ကာ လှီးမလိုဟန် ထိုးမလိုဟန်တွေ လုပ်နေတာကြောင့် Sunoo ခမျာမှာ အသက်ကို ရဲရဲမရှူရဲ...

Sunghoon မှာလဲ ခေါင်းက အရိုက်ခံထားရတဲ့ အရှိန်နဲ့ မူးရိပ်ရိပ်ဖြစ်နေတဲ့ ကြားက ဒီလူ့ကို ပြေးသွားပြီးသာ စိတ်ရှိလက်ရှိ ထိုးကြိတ်ပစ်ချင်နေတော့သည်။

Jay မှာလဲ ဘေဘီက သူ့လက်ထဲမှာ ရှိနေတာမို့ စိတ်မထင် တစ်ခုခု ထလုပ်လိုက်မှာ စိုးတာကြောင့် အကျပ်မကိုင်ရဲ ဖြစ်နေရသည်။

" ကဲ ငါ ညှိနှိုင်းတုန်း အသာတကြည် လက်ခံမလား...ဒါမှမဟုတ် မင်းအတွက် ဆိုးဆိုးဝါးဝါး ဖြစ်ချင်လား... တစ်ခုပဲ ရွေးကွာ ဟေ့ကောင်... ငါ သိပ် စိတ်မရှည်တာ မင်း သိတယ်နော် "

" ဟင်း ဟင်း ဟုတ်ပြီလေ... ဒါဆိုလဲ ကျုပ်လိုချင်တာကို ပြောပြရတာပေါ့ "

" ဟုတ်ပြီ ပြော "

" ဒူးထောက်ပြီး တောင်းပန် "

" ဘာ!!! "

ထိုလူ့စကားကြောင့် Jay အော်လိုက်သံက အခန်းထဲမှာ ဟိန်းထွက်သွားကာ Jay ရဲ့ တပည့်တွေဟာလဲ လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်တော့သည်။

ထိုလှုပ်ရှားမှုတွေကို မြင်တာနဲ့ Sunoo ရဲ့ လည်တိုင်ထဲကို ထပ်မံ နစ်ဝင်လာတဲ့ ဓားအဖျား။

" အ့..."

ဒီတစ်ခါ ထိုးစိုက်မှုက ပို၍နစ်ဝင်သွားကာ လည်တိုင်မှာ စီးကျလာတဲ့ သွေးစလေးတွေ။

Jay ရော Sunghoon ရော နှစ်ယောက်လုံး မျက်လုံးတွေ ပြာခနဲ ဖြစ်သွားရပြီး Jay က

" ဟုတ်ပြီ ကောင်းပြီ မင်း လိုချင်တာက ငါ့ဒူးထောက်မှုဆိုရင် ငါ ထောက်မယ်...ငါ ဒူးထောက်မှာမလို့ ဘေဘီ့ကို မင်း ဘာမှ ဆက်မလုပ်နဲ့တော့ "

" ဟား ဟား ဟား ဒီလို လိမ်မာမှပေါ့ CEO ကြီးရယ် "

" ဟင့်အင် မထောက်ရဘူး... Jay မလုပ်ရဘူးနော်... ကျွန်တော် လက်မခံဘူး "

" ရတယ် ဘေဘီ... ကိုယ့်အတွက်က ကိစ္စမရှိဘူး"

သူ ဒူးထောက်မှာ စိုးပြီး ခေါင်းလေးခါယမ်းပြနေတဲ့ ဘေဘီ့ကို သူ ပြုံးပြလိုက်ကာ ပြောတော့ ဘေဘီက

" Jay... မထောက်ရဘူး လို့... သူက ဘာမို့လို့လဲ... မတန်ဘူး မတန်ဘူးမလို့ Jay သူ့ရှေ့မှာ ဒူးမထောက်ရဘူး "

" ဘေဘီ့အတွက် ဒူးထောက်ရတာမလို့ တန်ပါတယ်... "

" ဟင့်အင် မထောက်ရဘူး... သတ်ချင်တယ်မလား ခင်ဗျား ကျုပ်ကို သတ်ချင်တယ်မလား MD သတ်လိုက်ပါ... ကျုပ် ကျေကျေနပ်နပ်ကြီး အသေခံမှာမလို့ ကျုပ်ကိုသာ သတ်လိုက်ပါ...Jay ကို ဒူးမထောက်ခိုင်းပါနဲ့ "

"ဘေဘီ့!! ဘေဘီက ဘာလို့ သေရမှာလဲ.... မသေရပါဘူး.. ကိုယ် ဒူးထောက်တာက ဘာမှမဖြစ်ဘူး "

" အဆော... မဟုတ်တာတွေမပြောနဲ့ နော်... အဆောက ဘာလို့ သေရမှာလဲ "

" ဟား ဟား ဟား ပျော်စရာကြီးဟေ့... ငါ သုံးပွင့်ဆိုင် ရုပ်ရှင်ကား လှလှလေးကို ကြည့်နေရတာပါလား... ကဲ ကဲ ကဲ ဒူးလဲ မထောက်ခိုင်းချင်ဘူး သူ့ကိုလဲ အသေမခံနိုင်ကြဘူးဆိုရင် ဒုတိယ တစ်နည်းတော့ ရှိသေးတယ်နော်... "

" ဘာလဲ "

" ဒီတစ်ခါ.... ဟောဒီက နောက်မှ ပေါက်တဲ့ ရွှေကြာပင်လေးကို အခွင့်အရေး ပေးမယ်... "

Sunghoon ရှိရာဆီ မေးငေါ့ကာ ပြောလာတာကြောင့် Sunghoon က

" ကျုပ် ဘာလုပ်ပေးရမှာလဲ ပြော "

" အွန်း... မင်းက တော်တော် အရည်အချင်း ရှိတဲ့ကောင်ပဲကွ... CEO ကြီးရဲ့ အထိမခံလေးကိုတောင် ရအောင် ယူနိုင်တဲ့ လူဆိုတော့ မင်း မဆိုးဘူး "

" စကားတွေ ရှည်မနေနဲ့ ခင်ဗျားကြီး... ပြောစရာရှိတာ ပြော "

" မင်းတို့နှစ်ယောက်လုံးက ဒီဘေဘီလေးကို လွတ်မြောက်စေချင်တယ်မလား "

" မေးစရာကို မလိုတာ "

" ဟုတ်ပါပြီ... အဲ့တော့.. မာနကြီးတဲ့ CEO ကြီးကို မာနချိုးဖို့ ဒူးထောက်ခိုင်းတဲ့ အစီအစဉ်က မအောင်မြင်ဘူးဆိုတော့.... ဟင်း ဟင်း Skate စီးတဲ့ မင်းရဲ့ ခြေထောက်လေးတစ်ဖက်ကို ငါ ရိုက်ချိုးချင်တယ်... ဘယ်နှယ့်လဲ "

" ဘာဗျ "

" မောင့် "

" ကဲ ဘယ်လို သဘောရလဲ "

Sunghoon အသက်ကို ပြင်းပြင်း ရှိုက်လိုက်ကာ စိတ်ကို တင်းလိုက်ပြီးနောက် ကြမ်းပြင်မှာ ဒူးတစ်ဖက် ထောက်၍ ထိုင်ပေးလိုက်သည်။

ပြီးနောက် ညာခြေကို ရှေ့သို့ထုတ်၍ ဆန့်တန်းပေးလိုက်ကာ

" ချိုးချင်တယ်မလား ချိုးတော့ "

သူချစ်ရတဲ့ ချစ်သူလေး အသက်အန္တရာယ် မထိခိုက်ဖို့ဆို သူ့​ခြေထောက်တစ်ဖက် ဖြတ်ပစ်ရလဲ ဘာအရေးလဲ...

အသက်ကို ပေးပါ ဆိုလာလျှင်တောင် သူ ပေးနိုင်ပါသည်။

" မောင့် မလုပ်ရဘူး... ပြန်ထ.. ပြန်ထ လိုက်ပါ... ဒါ ဘယ်လို အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုမှုတွေလဲ MD... အဓိပ္ပါယ် မရှိတာတွေ မလုပ်ပါနဲ့... MD လက်တစ်ဖက် ဆုံးရှုံးရတာ ကျွန်တော့််ကြောင့်ပါ... အရာအားလုံးက ကျွန်တော့််ကြောင့်ပဲမို့ မဆိုင်တဲ့လူတွေကို ဒုက္ခပေးမနေဘဲ ကျွန်တော့်ကိုသာ သတ်လိုက်ပါတော့ "

" အဆောကဘာလို့ သေရမှာလဲ...မောင့် ခြေထောက်တစ်ဖက် ကျိုးတာ ဘာမှ မဟုတ်ဘူးလေကွာ... မောင်က အဆောအတွက်ဆို အသက်တောင် ပေးနိိုင်တဲ့လူပါ အဆောရဲ့... မငိုနဲ့... မောင့်အချစ်မျက်ရည်တွေက မောင့်ကို ပိုပြီး နာကျင်စေတာမို့ မငိုရဘူး...မောင့်အတွက်နဲ့လဲ ဘယ်သူ့ကိုမှ မတောင်းပန်နဲ့... ဘယ်လိုလူမှ မောင့်အချစ်ရဲ့ တောင်းပန်မှုနဲ့ မထိုက်တန်ဘူး သိရဲ့လား.. ဟင် "

" ငါပဲ ဒူးထောက်မယ်... Park Sunghoon လဲ ခြေထောက်ပေးစရာမလိုဘူး... ဒီပြဿနာရဲ့ အစက ငါပဲ..ငါ့ကြောင့်ပဲ ဖြစ်တာမို့လို့ ငါပဲ တာဝန်ယူမယ် "

" ဟင့်အင်... ဟင့်အင်... မလုပ်ပါနဲ့... အဆော အတွက်နဲ့ ဘယ်သူမှ ဒုက္ခ မခံကြပါနဲ့... Jay လဲ ကျွန်တော့်အတွက်နဲ့ ဘယ်သူ့ကိုမှ ဒူးမထောက်ရဘူး ... "

" ဟား ဟား ဟား မေတ္တာတရားတွေ ကြီးမား ပြနေလိုက်ကြတာ... ငါတောင် မျက်ရည်ကျတော့မယ်ဟေ့...ဟား ဟား ဟား.... ကဲ ကြာတယ်ကွာ ဘယ်သူ ဘာလုပ်မှာလဲ မြန်မြန် ပြော "

" ငါ ဒူးထောက်မယ် "

" ကျုပ် ခြေထောက်ကိုသာ ချိုးပစ်လိုက် "

" ကျွန်တော့်ကို သတ်လိုက်ပါ "

တပြိုင်တည်းမှာ ကြားလိုက်ရတဲ့ စကားသံများ...

" အဟေး ဟေးးးး ငါတောင် ရွေးချယ်ရတာ ခက်သွားပြီ "

" ကျွန်တော်တောင်းဆိုပါတယ် MD... ကျွန်တော့်ကိုပဲ သတ်လိုက်ပါ "

" ကိုယ်က ဘေဘီလေးကို သတ်ချင်နေတယ်လို့ ထင်နေတာလား... တလွဲတွေ မတွေးပါနဲ့ ဘေဘီလေးရယ်... တကယ်တမ်းတော့လေ ကိုယ်က ဘေဘီလေးကို သတ်ချင်တာ မဟုတ်ဘူးကွ... F**k ချင်တာ... သိရဲ့လား "

" ဘာဗျ!!"

" ဘာကွ!!! မင်း မင်း ယုတ်မာလှချည်လား "

Jay နဲ့ Sunghoon ဒေါသတကြီး အော်လိုက်ပေမယ့် MD ကတော့ ဟားတိုက်ပြီးသာ ရယ်နေလေသည်။

" ဒီလို နတ်သားတမျှ ချောမောလှပလွန်းတဲ့ နုနုနယ်နယ်လေးကိုကွယ်... သတ်ပစ်လိုက်ရရင် နှမျောစရာကြီးပေါ့... အားးး ပြောရင်းဆိုရင်းတောင် F**k ချင်လာပြီကွာ... "

Sunoo ရဲ့ ခါးလေးကို နောက်ကနေ သိုင်းဖက်လိုက်ကာ နားရွက်ဖျားလေးကို လျှာနဲ့တို့ပြလိုက်တာကြောင့် Sunoo လေးမှာလဲ ခန္ဓာကိုယ်လေး တုန်တက်သွားကာ Jay နဲ့ Sunghoon မှာလဲ မျက်လုံးထဲ ဘာကိုမှ မမြင်နိုင်တော့...

ဒီလူ့ကို သတ်ပစ်ဖို့ပဲ စိတ်ထဲမှာ ရှိနေကာ ရှေ့ကို ခြေတစ်လှမ်း အတိုး... ဓားဖျားဟာ စူးခနဲဆို နစ်ဝင်သွားကာ Sunoo လည်တိုင်လေးမှာ သွေးတို့ရဲခနဲ ဖြစ်သွားရပြန်ပါသည်။

" အားးး "

အသည်းခိုက်မတက် နာကျင်မှုကြောင့် Sunoo အာခေါင်ခြစ် အော်လိုက်မိကာ မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလာတော့သည်။

" မင်း မင်း ဘေဘီ့ကို ထပ် မထိဖို့ ငါ သတိပေးထားတယ်လေ... မင်း ဘာအားကိုးနဲ့များ ဘေဘီ့ကို ထိရဲနေရတာလဲ ဟမ် "

" မင်း ဘေဘီက ငါ့လက်ထဲမှာနော်... မင်းမှ စိတ်မရှည်တာ မဟုတ်ဘူး...ငါလဲ.. "

" အားးး ဟ.. အ့ "

တဖြည်းဖြည်း နစ်ဝင်နေတဲ့ ဓားဖျားရယ် တစက်စက်ကျဆင်းလာတဲ့ သွေးစတွေရယ်။

" မင်းတို့နှစ်ယောက် ငါ ခိုင်းတာ လုပ်မလား.. ဒါမှမဟုတ် မင်းတို့ရဲ့ အချစ်တော်လေးကို မင်းတို့ရှေ့မှာ ပဲ F**k လိုက်ရမလား... "

" ကျုပ်ကိုလုပ် ဒီမှာ ကျုပ် ခြေထောက် ဆင်းပေးထားတယ်... ဒီကို လုပ်လို့.. ချိုးလိုက် ကျုပ်ခြေထောက်ကို "

ဒုန်းးး

အ့!!!!

" မောင့်!!!! "

" Park Sunghoon !!!"

ဘယ်သူမှ ထင်မှတ်မထားတဲ့ လုပ်ရပ်ကို လုပ်ချလိုက်တဲ့ Sunghoon....

ဘေးနားမှာ ကျနေတဲ့ ဘေ့စ်ဘော တုတ်ကို ကောက်ယူလိုက်ပြီး သူ့ခြေထောက်ကိုသူ ရိုက်ချိုးပစ်လိုက်ခြင်း...

" မောင့်!!! မလုပ်ပါနဲ့... အဆောကို ချစ်ရင် အဲ့လိုတွေ မလုပ်ပါနဲ့.. အဆော တောင်းဆိုနေတာပါ... မလုပ်ပါနဲ့... "

ဒုန်းး!!!

" အားးး မောင့် မလုပ်ပါနဲ့လို့... အားဟားး ဟားး မောင့်.. အဆောကို သနားပါအုံး... မောင့် ကိုယ့်ကိုကိုယ် အဲ့လိုတွေမလုပ်ပါနဲ့... မောင့်... ဟင့်ဟင့်ဟင့် ... အားဟားး မလုပ်ပါနဲ့... မလုပ်ပါနဲ့ မောင့်..."

" လွှတ်ပေးတော့... အဆောကို ခု လွှတ်ပေးတော့... ကျုပ် ခင်ဗျားခိုင်းတဲ့ အတိုင်း လုပ်ပြီးပြီ "

နာကျင်မှုကို အံတင်းတင်းကြိတ်ခံပြီး မျက်နှာတစ်ချက်မပျက်စေရဘဲ MD ကို စူးစူးရှရှ စိုက်ကြည့်လိို့ Sunoo ကို လွှတ်ပေးဖို့ ပြောနေတဲ့ Sunghoon...

Jay မှာ သူတောင် ဒူးထောက်ဖို့ကို ချီတုန်ချတုန် ဖြစ််နေတဲ့ အချိန် Sunghoon ရဲ့ အပြုအမူကြောင့် ရုတ်တရက် အံသြမှင်သက်သွားမိရသည်။

ဘယ်လိုတောင် မိုက်ရူးရဲ ကောင်လေးလဲ...

ဘေ့စ်ဘောတုတ်နဲ့ နှစ်ချက်ဆင့်ပြီး ရိုက်ထားတာတောင် မနာကျင်လေဟန် အံတင်းတင်းကြိတ်ခံပြီး စကားမာမာတွေ ပြောနိုင်နေသေးတာ။

Jay မှ အံ့သြတာမဟုတ် MD ကလဲ မျှော်လင့်မထားတဲ့ လုပ်ရပ်ကြောင့် ရုတ်တရက် ကြောင်အသွားကာ Sunoo လည်ပင်းပေါ်က ဓားကို ကယောင်ကတမ်းနဲ့ အောက်ချလိုက်မိသည်။

ထိုအချိန်ခဏလေးမှာပဲ အလစ်အငိုက်စောင့်နေတဲ့ Leo က နောက်ကနေ ပြေးဝင်လာပြီး MD ကို လက်ဝါးစောင်းခုတ်ကာ လက်ထဲက ဓားကို လုယူလိုက်လေတော့သည်။

Leo လှုပ်ရှားလိုက်တာကိုလဲ မြင်ရော Jay လဲ ပချိန်ဆိုင်းမနေဘဲ MD လက်ထဲက လွတ်သွားကြီး လဲကျသွားတဲ့ ဘေဘီ့ကို ပြေးပွေ့လိုက်ကာ ဘေးလွတ်ရာကို ရှောင်ထွက်လိုက်သည်။

ခေါင်းမှာရော ခြေထောက်မှာပါ ဒဏ်ရာတွေ ရထားတဲ့ Sunghoon ကတော့ ချက်ချင်းမလှုပ်ရှားနိုင်ဖြစ်ခါ ကြမ်းပြင်မှာ ငုတ်တုတ်။

ဒါကိုပဲ MD ဘက်က ကောင်တစ်ကောင်က မြင်သွားပြီး နောက်ကနေ ဝင်ရိုက်လိုက်ပြန်သည်။

ဗုန်းးး

အ့...

အရှိန်ပြင်းတဲ့ ရိုက်ချက်ကြောင့် လူက ကြမ်းပေါ် လုံးလုံးလျားလျား လဲကျသွားကာ ပါးစပ်ထဲမှလဲ သွေးတွေက ပွက်ခနဲ...

မလှုပ်နိုင်တဲ့လူကိုပဲ ဆက်ပြီး ဆက်ပြီး လှိမ့်ရိုက်နေတာမို့ Sunghoon မှာ ခေါင်းကို မထိစေရန် လက်နှစ်ဖက်နဲ့ အုပ်ကာထားပြီး ရိုက်ချက်တွေကို လှိမ့်ခံနေရသည်။

ရုတ်ရုတ်သဲသဲ အခြေအနေမှာ Sunghoon ဆီကို အကူတွေလဲ ရောက်မလာအားသေး။

Sunoo ဘေးကင်းသွားပြီဆိုတာနဲ့ သွေးကြွပြီး လက်ပြင်နေကြတဲ့ Jay ရဲ့ လူတွေက မဲမဲမြင်ရာ ဝင်ဆော်တော့သည်။

Sunoo မှာ Jay လက်ထဲကနေ Sunghoon ကို စိတ်မချတာကြောင့် ဟိုဟိုဒီဒီ ရှာအကြည့် တွေ့လိုက်ရတာက ကြမ်းပေါ်မှာ လူးလှိမ့်အရိုက်ခံနေရတာကို။

" မောင်...မောင့်... Jay လုပ်ပါအုံး... Jay မောင့်ကို ကယ်ပါအုံး.. မောင့်...ထပါ...မောင့်..."

" မောင့်ကို မလုပ်ပါနဲ့... မောင့်...ထပါတော့... "

" အားးး မောင့် "

Sunoo စူးစူးဝါးဝါး ထအော်မှ Sunghoon ကို သတိထားမိ သွားကြပြီး ပြေးထူတဲ့လူက ထူ.. Sunghoon ကို လှိမ့်ရိုက်နေတဲ့ကောင်ကို ပြေးထိုးတဲ့ လူက ထိုး...

ထိုအခါမှ သက်သာရာ ရသွားတဲ့ Sunghoon ...

မျက်နှာပေါ်မှာ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးအလိမ်းလိမ်း သတိမရတချက် ရတချက်။

" မောင့်... လုပ်ပါအုံး... Jay လုပ်ပါအုံး.. မောင့်ကို ကယ်ပေးပါ...Jay "

Jay လက်မောင်းကို အားကိုးတကြီး ကိုင်လှုပ်လို့ Sunghoon ကို ကယ်ပေးဖို့ ငိုရိုပြီး တောင်းဆိုနေတဲ့ Sunoo

Sunghoon ရှိရာဆီ အတင်းသွားမယ် လုပ်နေလို့ Jay မှာ ရင်ခွင်ထဲထည့်၍ သိုင်းဖက်ထားရသေးသည်။

" လွှတ်ပါ... မောင့်ကို ခဏလောက် ကြည့်ပါရစေ Jay "

အားလုံးကို လှဲသိပ်ပြီးတဲ့ အချိန်မှာ အခန်းထဲမှာ အတုံးအရုန်း လဲကျနေတဲ့ MD ရဲ့လူများ...

တချို့တွေက တအားအားနဲ့ အော်လို့၊ တချို့လူတွေက လူးလှိမ့်လို့၊ တချို့က မလှုပ်ရှားနိုင်တော့။

Leo လက်ထဲမှာတော့ ကြောက်ဒူးတုန်ကာ ချွေးပြန်နေတဲ့ MD

" မောင့်ဆီ သွားပါရစေ..မောင့်ကို ကြည့်ပါရစေ Jay...ကျွန်တော် မောင့်ကို ကြည့်ချင်လို့ပါ "

" အတွင်းရေးမှူး Lee အကုန် တာဝန်ယူ စီစဉ်ပေးလိမ့်မယ် ဘေဘီ...စိတ်ကို အေးအေးထားပါ "

" ခဏ ခဏလေးပါ...ခဏလေးပဲ ကြည့်ပါရစေ...မောင် အန္တရာယ်ကင်းရဲ့လားလို့ ခဏလေးပဲ ကြည့်ပါရစေ Jay ရယ်နော်... မောင့်မှာ မောင့်မှာ သွေးတွေနဲ့.... မောင် သွေးတွေ အများကြီး ထွက်ထားတယ် Jay "

" သွေးတွေကို မင်း ကြောက်တယ်လေ ဘေဘီရယ်... မင်း တစ်ခုခု ဖြစ်သွားမှာ စိုးလို့ ကိုယ်မသွားခိုင်းတာကို နားလည်မှပေါ့ "

" သွေးတွေ သွေးတွေ... မောင့်မှာ သွေးတွေ "

Sunghoon ကိုပဲ မျက်တောင်မခတ် စိုက်ကြည့်နေပြီး ထိုတစ်ခွန်းထဲကိုသာ အထပ်ထပ် ရွတ်နေတဲ့ Sunoo

Jay လဲ ဒီနေရာမှာ ဆက်နေရင် Sunoo တစ်ခုခု ဖြစ်သွားနိုင်တာကြောင့် တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးကို ကောက်ပွေ့လိုက်ကာ အထဲက ထွက်ဖို့ ပြင်လိုက်သည်။

Sunghoon အတွက်လဲ အတွင်းရေးမှူး Lee ကို သေချာမှာကြားခဲ့ကာ MD အတွက် အဆုံးအဖြတ်ကတော့ သူ့မှာ အသက်ရှူခွင့်ဆိုတာ မရှိတော့။

Leo ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်၍ ခေါင်းညိမ့်ပြခဲ့ပြီး အားလုံးကို ကျောခိုင်းကာ Jay ထွက်လာခဲ့လိုက်တော့သည်။

ရင်ခွင်ထဲမှာတော့ မျက်လုံးအကြောင်သားနဲ့ စကားတစ်ခွန်းထဲကိုပဲ အထပ်ထပ် ရွတ်နေတဲ့ ဘေဘီ...

ငယ်ဘဝ အတိတ်တစ်ခုမှာ ဘာကို ကြုံဆုံခဲ့ရမှန်း Jay သေချာမသိပေမယ့် ဘေဘီဟာ သွေးတွေမြင်ရင် လန့်တတ်သူ... မိုးတွေ ခြိမ်းရင် လန့်တတ်သူ...

သူတို့ အဆောက်အဦ အပြင်ကို ရောက်တဲ့အခါမှာ အထဲကနေ အသံနက်ကြီးနဲ့ အော်လိုက်တဲ့ MD ရဲ့ အော်သံအကျယ်ကြီးကို ကြားလိုက်ရလေတော့သည်။

အားးးးးးး

MD အတွက် နောက်ဆုံးအနေနဲ့ Jay တိုးတိုးလေး ဆုတစ်ခုကို တောင်းဆိုပေးလိုက်သည်။

Rest In Peace ပါ MD....

**************************************

Love you all my Vitamins 💙

San Htarni 💙

7.5.2023

# ရေးရင်း ရေးရင်းနဲ့ စာလုံးရေက Limit တော်တော်ကျော်သွားတယ်။

စာလုံးရေ" 10697 " ပါ ကလေးတို့။ အရှည်ကြီး ရေးပေးထားတယ်နော်။ ဖတ်ရတာ ပျင်းသွားမလားတော့မသိဘူး။

ကဲ သာသာ တာဝန်ကျေပါပြီ။ U တို့ တာဝန်ကျေဖို့ပဲ လိုတော့တယ်နော် 😘

Happy Weekend ပါ my Vitamins

Comment