~ 3 ~

~ 3 ~

ဖွင့်ထားတဲ့ တေးသွားနဲ့အညီ ရေခဲပြင်ပေါ်မှာ ငှက်လေးတစ်ကောင် ဝဲပျံနေသလို ခန္ဓာကိုယ်ကို ယိမ်းကာနွဲ့ကာ လူးလွင့်လှုပ်ရှားနေဟန်က ကြည့်ရှုသူ အပေါင်းကို ရင်သပ်ရှုမောဖွယ်...

ရှည်လျားသွယ်တန်းတဲ့ ခြေတံရှည်တွေရယ်....

မြင့်မားတဲ့ အရပ်အမောင်းရယ်....

နို့နှစ်ရောင် အသားအရည်နဲ့အတူ ယောကျာ်းပီသတဲ့ မျက်နှာကျရယ်....

ထူထဲထဲမျက်ခုံးတန်းနှစ်ခုအောက်က စူးရှရှ မျက်ဝန်းတစ်စုံကလဲ ဒီလူသားလေးရဲ့ ယောကျ်ားပီသမှုကို ပံ့ပိုးပေးနေသယောင်....

ပေါ်လွင်တဲ့ နှာတံခပ်မြင့်မြင့်လေးအောက်က နီရဲရဲ နှုတ်ခမ်းမထူမပါးလေး ဖွင့်ဟ ပြုံးရယ်လိုက်ရင်ဖြင့် ဖြူဖွေးညီညာတဲ့ သွားတန်းကလေးတွေနဲ့အတူ သွားစွယ်ဖွေးဖွေးလေးက လက် ခနဲ....

ဒါတင်ပဲလားဆိုတော့ မဟုတ်သေး...

သူ့ရဲ့ ယောကျာ်းပီသ ချောမောလှတဲ့ ရုပ်ရည်ကို ပို၍ ပို၍ ခန့်ငြားသွားအောင် ပံ့ပိုး​ပေးနေတာကတော့ ဒီလူသားလေး ပြုံးရယ်လိုက်တိုင်းမှာ ပေါ်ပေါက်လာတတ်တဲ့ ပါးပြင်ထက်က ပါးချိုင့်လေး...

ဒီလို ချောမောလှတဲ့ ရုပ်ရည်ရူပကာနဲ့ ရေခဲပြင်ပေါ်မှာများ စိတ်လွတ်လက်လွတ် ယိမ်းနွဲ့လှုပ်ရှား ကခုန်နေရင် ကြည့်ရှုနေသူ ယောကျာ်း မိန်းမ အပေါင်းရဲ့ နှလုံးသားတွေ တဖြုတ်ဖြုတ်ကြွေ ပေါ့။

ရေခဲပြင်တွေပေါ်မှာပဲ ပျော်မွေ့တတ်ပြီး နတ်သားလေးတမျှ ချောမောလွန်းလို့တဲ့ သူ့ကို ပေးထားတဲ့ nickname လေးက Ice Prince ...

အဲ့ဒီလို ရုပ်ရည်ရူပကာကောင်းခြင်းတွေနဲ့ ပြည့်စုံနေတဲ့ နတ်သားလေး ဟာဆိုရင် မဟုတ်မခံစိတ်ဓာတ်လေး ရှိပြီး ဂျွတ်ဆတ်ဆတ်လေးလဲ နိုင်ပါသတဲ့။

မှန်တယ်ထင်ရာကို စွတ်ရွတ်လုပ်တတ်လွန်းပြီး ပြန်မပြောနားမထောင် ပုံစံလေးကြောင့် နည်းပြဖြစ်သူနဲ့ စကားများရတာလဲ အခါခါ....

ခပ်ဂျစ်ဂျစ်လေးနဲ့ မထင်ရင် မထင်သလို ပြန်ပြန်ပြောတတ်လွန်းလို့ သူ့ကို Sponsor ပေးနေတဲ့ company တွေနဲ့ လက်တွဲဖြုတ်ရတာလဲ ခဏတိုင်း...

စိတ်ထားလေး ဖြူစင်ပေမယ့် သူ့ရဲ့ အပေါ်ယံ ခပ်ဆိုးဆိုး ခပ်ဂျစ်ဂျစ် ဇွတ်တရွတ်ပုံစံလေးကြောင့်
sponsor ပေးတဲ့ company မမြဲလေတော့ နည်းပြဖြစ်သူကလဲ sponsor ရှာရတဲ့ ဒုက္ခနဲ့ ခဏတိုင်း ခေါင်းကိုက်နေရလေသည်။

နတ်သားတမျှ ရုပ်ရည်သွင်ပြင် ချောမောခန့်ငြားသလောက် ဇွတ်တရွတ်ဆန်ပြီး ဂျစ်ကန်ကန်လုပ်တတ်လွန်းတဲ့ အဆိုးအပေလေး ...

တနည်းပြောရရင် နတ်ဆိုးလေးပေါ့... အဲ့ဒီ နတ်ဆိုးလေးရဲ့ နာမည်ကတော့ Park Sunghoon တဲ့....

အခုလဲ ရေခဲပြင်ပေါ်မှာ လေ့ကျင့်နေရင်း ကွင်းထဲကို ကောင်လေးနှစ်ယောက်ဝင်လာတာ မြင်တာနဲ့ ပါးချိုင့်တွေပေါ်တဲ့ထိ အားရပါးရ ပြုံးပြနေကာ လက်ဝှေ့ရမ်းပြနေပြီး က နေတာကို လက်စသတ်ဖို့ လုပ်နေတဲ့ ဒီကောင်လေးကြောင့် နည်းပြမှာ ခေါင်းကုတ်နေရပြန်ပြီ။

" Woww... Park Sunghoon!!!...Park Sunghoon!!! ...Park Sunghoon!!! ...Oh!! "

လေပေါ်မှာ ပျံဝဲကာ နောက်ကျွမ်းတွေပါပစ်ပြီး Triple jumps ကိုပါ လှလှပပ ခုန်ကာ ကကွက်ကို အဆုံးသတ်လိုက်တဲ့ နတ်ဆိုးလေးကြောင့် စောစောက ဝင်လာကြတဲ့ ကောင်လေးတွေဆီက အားပေးကြွေးကြော်သံများ ထွက်လာတော့သည်။

ဒါကိုပဲ ကျေနပ်နေတဲ့မျက်နှာနဲ့ ကျေနပ်ပြုံးကြီးပြုံးကာ skate ကို ဟန်ပါပါစီးရင်း ကွင်းအပြင်သို့ ထွက်လာလေတော့သည်။

လေ့ကျင့်ချိန်နာရီဝက်လောက် လိုသေးတာကို ကွင်းပြင်ထွက်လာတဲ့ Sunghoon ကြောင့် နည်းပြက...

" မပြီးသေးဘူးနော် Park Sunghoon... နာရီဝက်ကြီးတောင် လိုသေးတာ နားမယ်မကြံနဲ့ မင်း "

" ဟာဗျာ... နည်းပြကြီးကလဲ... ဒီမှာ သူငယ်ချင်းတွေရောက်နေတာ သိရဲ့သားနဲ့ "

" ရောက်လဲ သူတို့ဘာသာ စောင့်နေလိမ့်မယ်... အချိန်စေ့မှ သွား "

"ကျစ်! နည်းပြကြီးကလဲ သိပ်ပြောရဆိုရ လက်ပေါက်ကပ်တာပဲ... ကျွန်တော် လေ့ကျင့်နေတာ ကြာနေပြီလေဗျာ... နာရီဝက်လောက်လေးတော့ ထားပေးလိုက်တော့ "

ပြောရင်းဆိုရင်း Blade တွေကိုပါ ဆွဲဖြုတ်နေတဲ့ Sunghoon ကြောင့် နည်းပြကြီးမှာ မျက်လုံးအပြူးသားနဲ့ အော်တော့သည်။

" Yarr... Park Sunghoon!! ငါ ပြောနေတယ်နော် မင်း... ခု ချက်ချင်း Blade တွေကို ပြန်တပ်စမ်း "

" ဟော်... ဖိနပ်တွေပါ ချွတ်ပြီးသွားပြီ "

ထိုင်ခုံပေါ်ထိုင်ကာ blade တွေကို ငုံ့ချွတ်နေရာကနေ ဖိနပ်တွေကိုပါ ဆွဲချွတ်လိုက်ပြီးမှာ ပုခုံးလေးတွန့်ကာ မချိုမချဉ် ရုပ်လေးနဲ့ မော့ကြည့်ပြီး ပြောလာတဲ့ Sunghoon ကြောင့် နည်းပြကြီးက

" မင်း.. ငါ့ စကားကို ဘယ်တော့မှ နားမထောင်ဘူး... ဒီလိုတွေ လုပ်နေလို့လဲ Sponsor တွေမမြဲတာ... လေ့ကျင့်ဖို့ ကွင်းတောင် ခုထိ သတ်သတ်မှတ်မှတ် မရှိဘဲ နာရီပိုင်းနဲ့ ငှားကျင့်နေရတာကို... မင်း မို့လို့ အမှတ်မရှိ ခုထိ ပေါ့ပျက်ပျက်နိုင်တုန်း "

"အ့...ထိတယ်ဗျာ... နည်းပြကြီး စကားက ကျွန်တော့်ရင်ကို တိုက်ရိုက် ထိသွားပြီ"

သူ့ရင်ဘတ်သူ ဖိကာ နာကျင်လေဟန် မျက်နှာကြီး ရှုံ့မဲ့ပြနေတဲ့ Sunghoon ကို နည်းပြကြီးက ပိတ်ထိုးဟန်ပြင်တော့ Sunghoon က နည်းပြကြီး ရွယ်လာတဲ့ လက်သီးဆုပ်ကို ဆွဲ ဖမ်းယူလိုက်သည်။ ပြီး နည်းပြကြီးရဲ့ ခါးတွေကို သိုင်းဖက်ကာ ရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်ပြီး ရင်ဘတ်ကို ခေါင်းနဲ့တိုးကာဝှေ့ကာ လုပ်ပြီး စနောက်လိုက်တော့

" ဖယ်စမ်း ဒီကောင်လေး... ငါ့ကို ဒီလိုတွေလုပ်တာနဲ့ မင်းကို လွှတ်ပေးမယ် ထင်မနေနဲ့... မနက်ဖြန် အားကစားပစ္စည်းထုတ်တဲ့ Company တစ်ခုက Boss ကိုယ်တိုင် လာကြည့်မယ် ပြောထားတာ... မင်း သေချာလေ့ကျင့်ထားမှ ရမှာ...ငါ မင်းကို ပေးမလွှတ်ဘူး "

" ကျွန်တော့် အရည်အချင်း ကျွန်တော် သိပါတယ် နည်းပြကြီးရယ်... အဲ့ Boss တစ်ချက်ထဲ ကြွေသွားစေရမယ်...ဟုတ်ပြီလား... မနက်ဖြန်မှ ပညာကုန်ထုတ်သုံးပစ်လိုက်မယ်... နည်းပြကြီး ဘာမှ စိတ်မပူနဲ့ "

" အေး. ဒီတစ်ခါ Sponsor မရလို့ကတော့ ငါ မင်းကို နည်းပြ လုပ်မပေးတော့ဘူး မှတ် "

" အဲ့ဒါဆို နည်းပြကြီး အရည်အချင်း ရှိတဲ့ တပည့်တစ်ယောက် ဆုံးရှုံးရမှာပေါ့... ပြီးမှ နည်းပြကြီး နောင်တမရနဲ့ နော်"

"ဘာကွ!!! "

"ဟုတ်တယ်... ကျွန်တော့်ကို Sponsor မပေးတဲ့ Company တွေလဲ သူတို့ပဲ နစ်နာမှာ သူတို့မသိကြဘူး... ဒီလောက် ချောမောခန့်ညားပြီး အရည်အချင်း ရှိတဲ့ ကျွန်တော့်လိုလူကို တကယ်တမ်းက သူတို့တွေ အမိအရ ဖမ်းဆုတ်ထားရမှာကို ကျွတ်...ကျွတ်...ကျွတ်... သနားလိုက်တာ သူတို့တွေကို "

ခေါင်းတွေခါ လက်တွေခါနဲ့ အမူအရာတွေ လုပ်ပြကာ သူငယ်ချင်းတွေကို မျက်စပစ်၍ ခေါ်ထုတ်သွားပြီး တံခါးဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတဲ့ Park Sunghoon ကိုကြည့်ကာ နည်းပြကြီးမှာ သွေးတက်နေလေပြီ။

လက်တစ်ဖက်က ဂုတ်စပ်ကို ထိန်းကိုင်ကာ လက်တစ်ဖက်က ထွက်သွားတဲ့ Sunghoon ကို လက်ညှိုးထိုးပြီး အံတကြိတ်ကြိတ်နဲ့ မျက်လုံးကြီး ပြူးပြီး အော်ကာ ဟစ်ကာ ကျန်ခဲ့လေတော့သည်။

" Yarr.. Yarr.... Park Sunghoon... Yarr.... မင်း တော့လား... မင်း... "

.
.
.

" မင်း နည်းပြကြီးတော့ ခုချိန် ဘယ်လောက်ထိ သွေးတိုးနေပြီလဲ မသိဘူး... မျက်လုံးကြီးပြူးပြီး ကျန်ခဲ့လေရဲ့ "

" Yarr... Yarr... Park Sunghoon "

" ဟား ဟား ဟား ဟား "

Jake ပြောတဲ့စကားကို Niki ကပါ နည်းပြကြီး နဲ့ တူအောင် အမူအရာတွေ လုပ်ပြပြီး အော်ပြနေတာကြောင့် သုံးယောက်သား သံပြိုင်အော်ရယ်လိုက်မိကြသည်။

အခု သူတို့ရောက်နေတာက ဟန်မြစ်ကမ်းဘေး...

ညနေခင်းရဲ့ လေနုအေးလေးတွေကို ခံစားရင်း skate board စီးကြဖို့ ချိန်းထားတာကြောင့် ရောက်နေကြခြင်းဖြစ်သည်။

Jake နဲ့ Niki တို့က ဝါသနာအရ Skate board ကို အပျော်တမ်းစီးကြတာဖြစ်ပေမယ့်လို့ Sunghoon မှာတော့ ထိုသို့မဟုတ်။

ငယ်ငယ်ကတည်းက ဝါသနာကြီးလွန်းလှတဲ့ Figure Skate ကို အိုလံပစ်ထိဝင်အောင် ကြိုးစားပြီး ရွှေတံဆိပ်ရဖို့ထိ ရည်မှန်းထားတာ ဖြစ်သည်။

ဒါဟာလဲ သူ့ရဲ့ မေမေ့ဆီက စီးဆင်းလာတဲ့ ဗီဇ...
Figure Skate လက်ရွေးစင်ဟောင်းကြီးဖြစ်တဲ့ မေမေက သူ့ကို ငယ်ငယ်တည်းက သင်ကြားပြသကာ လေ့ကျင့်စေမှုများကြောင့် သူဟာ ရေခဲပြင်တွေနဲ့ အသားကျကာ ရေခဲပြင်တွေပေါ်မှာ ပျော်မွေ့တတ်တဲ့လူတစ်ယောက် ဖြစ်လာရခြင်းပင်။

ဖေဖေဆုံးပါးသွားပြီး ကတည်းက မေမေနဲ့ သူ့ရဲ့ နှစ်ယောက် တစ်ဘဝမှာ မေမေ့ရဲ့ လေ့ကျင့်ပေးမှုတွေနဲ့ ငယ်စဉ်တုန်းကတော့ ဆုတံဆိပ်တွေ တပွေ့တပိုက်နဲ့ပေါ့။

အလယ်တန်း ပထမနှစ်မှာပဲ မေမေပါ ဆုံးပါးသွားတော့ အမေ့ရဲ့မောင် ဖြစ်တဲ့ ဦးလေးဖြစ်သူက သူ့ကို အုပ်ထိန်းပေးမယ်ဆိုကာ မေမေထားခဲ့သမျှ သူ့အတွက် အမွေတွေကို လက်ဝါးကြီးအုပ်မှုနဲ့ သူ ပိုင်ဆိုင်သမျှကို သိမ်းယူခြင်း ခံလိုက်ရလေတော့သည်။

အခုတော့ သူဟာ တိုက်ခန်းလေးတစ်ခုမှာ တစ်ကိုယ်တည်း နေထိုင်ရင်း မေမေ့ရဲ့ နောက်ဆုံး ဆန္ဒလဲဖြစ် ကိုယ်တိုင်လဲ ဝါသနာပါလှတဲ့ ဒီ Figure Skate ကို ပြန်လည်လေ့ကျင့်ကာ အိုလံပစ်မှာ ရွှေတံဆိပ်ရယူဖို့ အိမ်မက်တွေကို အကောင်အထည်ဖော်နေတဲ့လူ တစ်ယောက် ဖြစ်လေသည်။

" ဝါးးး မြစ်ပြင်ကနေ တိုက်ခတ်လာတဲ့ လေအေးအေးလေးနဲ့ ထိတွေ့လိုက်ရတော့ စောစောက မွန်းကျပ်နေတာတွေ အားလုံး ပြေပျောက်သွားသလိုပဲ "

မြစ်ပြင်က တိုက်ခတ်လာတဲ့ လေအေးတွေကို ခေါင်းလေးမော့ လက်လေးနှစ်ဖက်ကို ဖြန့်ကားထားကာ ခံယူနေရင်း ပြောလာတဲ့ Sunghoon စကားကြောင့် Jake က

" မင်းက ရေခဲပြင်ပေါ်မှာ ကနေရတာကိုတောင် မွန်းကျပ်သေးတာပေါ့ ဟုတ်လား "

"အဟားး အဲ့လို သဘောပြောတာ မဟုတ်ပါဘူး Jake ရာ.... ဒါကြီးကိုကြည့်ပဲ ထပ်တလဲလဲ လေ့ကျင့်နေရတော့ စိတ်ထဲ နည်းနည်း မွန်းကျပ်သလို ခံစားနေရလို့ပါ... ဘာပဲဖြစ်ဖြစ် ရေခဲပြင်ပေါ်မှာ က နေရရင် ငါက ပျော်နေပြီးသားပါပဲ"

"အေးပါကွာ... ဟုတ်တော့လဲ ဟုတ်ပါတယ်... လေးဖက်လေးတန် အလုံပိတ်ထားတဲ့ ကွင်းထဲမှာထက် ဒီလို မြင်ကွင်း စုံတဲ့ ပြင်ပနေရာလေးက တစ်ခါတစ်လေ စိတ်တွေကို ကြည်နူးစေတာတော့ အမှန်ပဲကွ "

"ဟား ဟား ဟေ့ကောင် Jake... မင်း စကားကြီး ငါ မသိရင် ခက်မယ်နော် "

"ဘာလဲကွ Niki ရ... မင်း စကားကြီးက"

" မင်း မျက်လုံးတွေ ဟို ကမ်းစပ်နားက ကောင်မလေးတွေဆီမှာ ရစ်ဝဲနေတယ် ဆိုတာလောက်တော့ ဝန်ခံလိုက် ဟေ့ရောင် "

" ဝဲတယ်ကွာ ဘာဖြစ်လဲ... သူတို့လေးတွေက အရောင် စုံတာ ကိုးကွ... အဲ့တော့လဲ ဝဲချင်စရာပေါ့ "

"ဟား ဟား ဟား မလွယ်ဘူး ဒီကောင် "

ခပ်လှမ်းလှမ်းက ကောင်မလေး တစ်သိုက်ဆီ မျက်စိကျနေတဲ့ သကောင့်သား နှစ်ယောက်ကြောင့် Sunghoon မှာ

" ဟိုနှစ်ကောင်... အရောင်စုံတာတွေ မစုံတာတွေ အသာထား... စီးကြမယ်လေ... မင်းတို့ ဒီမှာ Skate စီးဖို့ လာတာမဟုတ်ဘူးလား "

" စီးပါမယ်ကွာ... မင်းကလဲ ခဏနေပါအုံး "

" Jake ရေ... မင်း သားရည်တွေကျနေပြီ သားကြီး အိန္ဒြေလေး ဘာလေး ဆည်အုံး"

ပိုပိုသာသာလေး နှပ်ချလိုက်တဲ့ Sunghoon စကားကြောင့် Jake က အော်ဆဲလေတော့ Niki မှာ သဘောတွေကျပြီး တဟားဟားနဲ့...

" ကဲ မင်းတို့ မလိုက်လဲ နေကွာ.... လေညှင်းခံရင်း ငါတော့ တစ်ပတ်လောက် ပတ်လိုက်အုံးမယ် "

"ကြွ ကြွ... Skate နဲ့ ဖက်သေမယ့် ကောင်... သူမို့ တစ်နေကုန် တစ်နေကမ်း Skate အမျိုးမျိုး စီးနေပြီး မမုန်းတယ် "

" ဟား ဟား ဟား... Skate က ဘယ်ချိန်ဖြစ်ဖြစ် ငါ့အပေါ် သစ္စာရှိတယ်လေကွာ... မင်းတို့ တွဲတွဲနေတဲ့ ကောင်မလေးတွေလို သစ္စာမဖောက်ဘူး ကွ"

အနာပေါ်တုတ်ကျဆိုသလို လောလော လတ်လတ်မှ သစ္စာဖောက်ခံလိုက်ရတဲ့ Niki က လက်ခလည် ထောင်ပြလာတော့ Sunghoon မှာ တဟားဟားအော်ရယ်ရင်း Board လေးကို အရှိန်ယူကာ မြစ်ကမ်းတစ်လျှောက် Skate စီးဖို့ ထွက်လာခဲ့လေတော့သည်။

ညနေခင်းလေးရဲ့ အေးချမ်းတဲ့ အရသာလေးကို ခံစားရင်း တချက်ချက် ဝေ့တိုက်လာတဲ့ လေနုအေးလေးတွေကိုလဲ ခံယူရင်း Skate ကို ဖြည်းဖြည်း မှန်မှန်ပဲ စီးလာခဲ့ကာ တံတားနားလေးကို အရောက် မျက်လုံးထဲမှာ ဖြတ်ခနဲ မြင်လိုက်ရတဲ့ အဖြူရောင် အရိပ်ကလေး...

Skate အရှိန်နဲ့ အရှေ့ကို ကျော်သွားပြီးမှ အရှိန်ကိုတန့်ကာ ရပ်လိုက်ပြီး နောက်သို့ပြန်လှည့်ကြည့်လိုက်တော့မှ ထင်တဲ့အတိုင်း...

ဒါ ပန်းခြံထဲမှာ တွေ့ခဲ့တဲ့ အဖြူရောင်ကောင်လေးပဲ....

ရေကာတာ ကျောက်တုန်းတွေနားမှာ ရေပြင်ကြီးကို ငေးကြည့်ရင်း ငြိမ်ငြိမ်သပ်သပ်လေး ထိုင်နေလေသည်။

ဒီနေ့လဲ ပန်းခြံထဲမှာ တွေ့ခဲ့တုန်းကလို အဖြူရောင် အဝတ်အစားလေးနဲ့....

ဖြူစွတ်စွတ်အဝတ်အစားလေးရယ်...

လေအဝေ့မှာ တလှုပ်လှုပ်ဖြစ်နေတဲ့ ငွေရောင် ဆံနွယ်လေးတွေရယ်....

လက်တိုလေးဝတ်ထားတာကြောင့် ကြည်လင်ပြီး ဖြူဥနေတဲ့ လက်မောင်းသားဖွေးဖွေးလေးတွေက အထင်းသား...

ဘေးတိုက်အနေအထားမှာ မြင်နေရတဲ့ နှာတံချွန်ချွန်လေးရယ် ရဲရဲနီနေတဲ့ နှုတ်ခမ်းဖူးဖူးလေးရယ်... သိပ်ကို ပြည့်စုံလွန်းတဲ့ အလှတရားလေး။

ဒီအလှတရားလေးကြောင့် ဟန်မြစ်ကမ်းဘေးက ညနေခင်းလေးဟာ ပိုပြီး ပြည့်စုံသွားသလို....

အလွန်ကို မျက်စိပသာဒ ဖြစ်စရာ မြင်ကွင်းလေးမို့ ရှေ့လဲမတိုး နောက်လဲမဆုတ်နိုင် မတ်တပ်ရပ် လက်ပိုက်ကာ ရပ်ငေးနေမိတဲ့ Sunghoon....

ကြည့်နေတုန်းမှာပဲ မျက်စိရှေ့က အလှတရားလေးရဲ့ လက်လေး တစ်ဖက် မြောက်တက်လာပြီး ပါးပြင်ပေါ်သို့ ပွတ်သုတ်လိုက်တာကို မြင်လိုက်ရလေသည်။

ဟင်!! ငိုနေပြန်တာလား ဒီကောင်လေး....

ဘာလေးလဲ... တွေ့တိုင်း ငိုနေတဲ့ အငိုသန်လေးပါလား....

မင်း ရင်ထဲမှာ ဘယ်လို ခံစားချက်တွေ ရှိနေလို့များ မျက်ရည်တွေ ခဏတိုင်း ကျနေရပါလိမ့်....

တကယ်တမ်း မင်းပုံစံ ဖြူဖြူနုနုလေးကမျက်ရည်တွေနဲ့ မလိုက်ဖက်ဘူး ကောင်လေးရဲ့....

ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကာ အဖြူရောင်ကောင်ငယ်လေးရဲ့ အနားသို့ ခပ်သွက်သွက် ခြေလှမ်းတွေနဲ့အတူ ချည်းကပ်သွားလိုက်တဲ့ Sunghoon....

" hey bro... ကိုယ် ဒီမှာ ထိုင်လို့ရမလား "

အနားကို ရောက်လာတဲ့ လူရိပ်တစ်ခုကြောင့် Sunoo မော့ကြည့်လိုက်မိတော့ သူနဲ့ မတိမ်းမယိမ်းအရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်။

မြင့်မားလှတဲ့ အရပ်ကြီးကြောင့် လည်ပင်းလေးကို ဆန့်ပြီး မော့ကြည့်လိုက်ရသည်။

နဖူးမှာ headband လေးတပ်ထားတဲ့ ကောင်လေးက မတ်တပ်ရပ်နေရာကနေ သူ့ကို ငုံ့ကြည့်ပြီး ပြုံးပြနေတာကြောင့် ဇဝေဇဝါနဲ့ ပြန်ကြည့်နေတုန်း ဘေးနားကို ထိုင်ချလိုက်ကာ လက်ထဲက Skateboard ကို ပေါင်တွေပေါ် တင်လိုက်လေသည်။

Skateboard ကို မြင်လိုက်မှ တစ်စုံတစ်ခုကို သတိရမိပြီး သူ့ကိုပြန်ကြည့်လိုက်တော့ လက်ကိုင်ပဝါလေး တစ်ထည်ကို ကမ်းပေးလာပြန်သည်။

" ခုထိ မျက်ရည်တွေ မကုန်သေးဘူးလား bro "

"ဟို... ဟိုနေ့က ပန်းခြံမှာ ကျွန်တော့်ကို လက်ကိုင်ပဝါပေးတဲ့..."

"ဟုတ်ပါတယ်... အဲ့ဒါ ကိုယ်ပါပဲ.... ကိုယ့်နာမည် Sunghoon ပါ... မျိုးရိုးကတော့ Park ပေါ့....Park Sunghoon "

"ဟုတ်ကဲ့ ကျွန်တော့်နာမည် Kim Sunoo ပါ... အဲ့နေ့က ကျေးဇူးတင်စကားမပြောလိုက်မိလို့ ကျွန်တော် အားနာနေတာ"

"မလိုပါဘူး ဗျာ... လက်ကိုင်ပဝါလေးတစ်ထည်အတွက်နဲ့ ကျေးဇူးတင် ခံစရာလား...ဘာပဲဖြစ်ဖြစ် bro အဆင်ပြေသွားတယ် ဆိုရင်ပဲ ရပါပြီ"

"ဟုတ်ကဲ့... "

" ခုရော... ဘာလို့ မျက်ရည်တွေ ကျနေပြန်တာလဲ ... bro မှာ ဝမ်းနည်းစရာတွေ သိပ်များနေတယ် ထင်တယ်နော် "

" အာ... ဟုတ်ပါ့နော်... ကျွန်တော်တို့တွေ့တိုင်း ငိုနေမိတာချည်းပဲ... အားနာလိုက်တာ "

မလိုအပ်ဘဲ အားနာတယ်ဆိုတဲ့ ကောင်လေးက တစ်ဖက်ကိုလှည့်ကာ သူပေးတဲ့ လက်ကိုင်ပဝါလေးနဲ့ မျက်ရည်တွေကို သုတ်နေလေသည်။

" ငိုတာ အားနာစရာမှ မဟုတ်ဘဲ bro ရယ်... ဘယ်နှယ့်ကြောင့် အားနာတယ် လုပ်နေရတာလဲ... လွတ်လွတ်လပ်လပ် ငိုလိုက်တော့ စိတ်ထဲ ပေါ့သွားတာပေါ့ "

" တွေ့လိုက်တိုင်း မျက်ရည်တွေနဲ့ ကျွန်တော့်ကို ပျော့ညံ့တယ်လို့ ထင်နေမှာပဲနော်..."

" အာ မဟုတ်တာ... ကိုယ် အဲ့လို မထင်ပါဘူး... လူတွေမှာ ကိုယ့်အကြောင်းနဲ့ကို ရှိကြတာပဲလေ... bro မှာလဲ မျက်ရည်ကျဖို့ လုံလောက်တဲ့ အကြောင်းပြချက် ရှိနေလို့ပဲ ဖြစ်မှာပါ "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

"အမ်... ဘာအတွက်လဲ အဲ့ ကျေးဇူးက "

" ကျွန်တော့်ကိုပျော့ညံ့တယ်လို့ မထင်လို့ရော... လက်ကိုင်ပဝါလေးတွေ ငှားပေးတဲ့ အတွက်ရော"

"အဟင်း... ကိုယ် ဘာလို့ bro ကို လက်ကိုင်ပဝါလေးတွေ ငှားပေးတယ်လို့ ထင်လဲ "

"ဟင့်အင် မသိဘူးလေ... ငိုနေတာ မြင်လို့ရှိမှာပေါ့ "

"ငိုနေတာ မြင်တိုင်း ကိုယ် ငှားမပေးခဲ့ဖူးပါဘူး... ဒါပေမယ့် bro ငိုနေတာ တွေ့တော့မှ ငှားပေးချင်စိတ် ပေါက် သွားတာ... အဲ့ဒါ ဘာလို့လဲ သိလား "

"......"

" bro မျက်နှာလေးက မျက်ရည်တွေနဲ့ မလိုက်ဖက်လို့ "

"ဗျာ....."

မြစ်ပြင်ဆီကိုသာ အကြည့်တွေ ပို့ထားပြီး သူပြောချင်ရာ ပြောနေတဲ့ ဘေးနားက ကောင်လေးကို ကြည့်ပြီး Sunoo မှာ ဗျာ... လို့သာ ရေရွတ်လိုက်မိတော့သည်။

" အဟင်း... bro ရော ကိုယ်ရော လူငယ်တွေမလား.... အဲ့တော့ လူငယ်ဘဝမှာ စိတ်လွတ်လက်လွတ်နဲ့ ပျော်ပျော်လေးသာ နေပါ bro ရယ်... ဘာတွေအတွက်နဲ့ မျက်ရည်တွေ ကျနေရမှန်းတော့ မသိပေမယ့်... စိတ်ပင်ပန်းစရာတွေဆိုရင် ကြာကြာ ဆုတ်ကိုင်မထားပါနဲ့... ရင်ထဲထည့်ပြီး ခံစားနေလေ ကိုယ့်ကိုလာပြီး ပူလောင်စေလေပဲ... ကိုယ်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ပဲနေတယ်... ခုလို လူငယ်ဘဝမှာပဲ လွတ်လပ်မှုတွေနဲ့ ပျော်ပါးရတာ... မဟုတ်ဘူးလား "

"ဟုတ်ကဲ့... ဟို ဒီက..."

"Sunghoon လို့ပဲ ခေါ်ပါ... ကိုယ်တို့ ရွယ်တူလောက်ရှိတာပဲကို "

"Sunghoon ပြောသလို စိတ်ပင်ပန်းစရာတွေကို ကြာကြာဆုတ်ကိုင်ထားတာမျိုး မဟုတ်ပေမယ့်လဲ တစ်ခါတစ်လေ ကိုယ့်ဘဝအကြောင်းကို ပြန်တွေးမိတိုင်း မျက်ရည်က ကျကျလာရတယ်လေ... ကျွန်တော်လဲ ဘယ်ငိုချင်ပါ့မလဲ... ဒီမျက်ရည်တွေကို မြင်တိုင်း ပျော့ညံ့တယ် လို့ အစွပ်စွဲခံရတာလဲ အခါခါမို့လေ.... ဒါပေမယ့်လဲ ကျွန်တော့်မှာ မျက်ရည်ကျစရာ အဲ့လိုအကြောင်းလေးတွေက ရှိနေတယ်..."

စကားပြောနေကြရင်း Sunoo အိတ်ကပ်ထဲက ဖုန်းက မြည်လာလေသည်။

Angel baby တဲ့.....

သိပြီးသား ဒါဟာ Jay သူ့ကို ရှာနေပြီဆိုတာ....

ဒါပေမယ့်လဲ တစ်ခါတစ်လေတော့ လျစ်လျူရှုကာ မသိသလို နေပစ်လိုက်ချင်တယ်....

ခင်ဗျားဘေးမှာ မရှိတဲ့ ခဏ ကျွန်တော့်စိတ်တွေ လွတ်လပ်ပါစေလေ....

အခါခါ မြည်နေတဲ့ ဖုန်းကို လျစ်လျူရှုကာ မကိုင်ဘဲ နေ နေတာကြောင့် Sunghoon က

" ဟို... ဖုန်းမကိုင်ဘူးလား bro... ကိုယ် ရှိနေလို့လား... ကိုယ် ဖယ်ပေးရမလား "

"အာ... Sunghoon ရှိနေလို့ မဟုတ်ပါဘူး... ကျွန်တော် တမင်မကိုင်တာ... ထားလိုက် ရတယ်... မကိုင်ရင် ဆက်မခေါ်ဘဲ နေလိမ့်မယ် "

ဒါပေမယ့် အထင်နဲ့ လက်တွေ့ကတော့ တခြားစီပင်.... မကိုင်ဘဲထားရင်များ ဆက်မခေါ်တော့ဘဲ နေမလားလို့ လျစ်လျူရှု ထားတဲ့ ဖုန်းခေါ်ဆိုမှုတွေဟာ ဆက်တိုက်ဆိုသလို မရပ်မနားခေါ်နေလေတော့သည်။

ထို့ကြောင့် မကိုင်ဘဲနေလို့ မရတော့တာကြောင့် ကိုင်လိုက်တော့

" ခုချက်ချင်း ငါ့ရှေ့ကို အရောက်လာခဲ့ baby "

ဖုန်းအပြင်ဖက်ထိ လျှံထွက်ကျလာတဲ့ Jay ရဲ့ အမိန့်သံက နားဝမှာ စူးခနဲ...

ဘေးကလူပါ ကြားသွားလေမလားလို့ မလုံမလဲ စိတ်နဲ့ မျက်လုံးလေး ဝေ့ကြည့်မိတော့ သူ့အာရုံနဲ့သူ နဖူးက headband လေးကို ချွတ်ပြီး ခါနေလေသည်။

တစ်ခွန်းပဲ ပြောပြီး ဖုန်းချသွားသူကတော့ သူ့စကားပြန်ကိုပင် မစောင့်...

သူ့ရဲ့ တစ်ချက်လွတ် အမိန့်မှာ ဘာတစ်ခုမှ စောဒကတက်ခွင့်မရှိတဲ့ Sunoo က သူ့ရှေ့မှောက် အရောက်လာမယ်ဆိုတာ သိပြီးသား။

ဖုန်းလေးကို အိတ်ကပ်ထဲ ပြန်ထည့်ကာ ဘေးနားက Sunghoon ကို အားနာသလိုလေး ကြည့်လိုက်မိတော့

" အိမ်က ပြန်ခေါ်နေပြီလား bro "

" ဟို... ဟုတ်... ခုလို အဖော်လုပ်ပေးပြီး စကားလာပြောပေးတဲ့ အတွက် ကျေးဇူးပါ နော်... ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုံး "

ကျောက်တုန်းပေါ်ကနေ ထရပ် လိုက်ပြီး ကျေးဇူးတင်စကားဆိုကာ ပြန်မယ်အလုပ်

" ကိုယ်တို့ နောက်တစ်ခါ တွေ့ခွင့်ရှိအုံးမလား bro "

နှစ်ခါပြန် နားထောင်စရာမလိုအောင် ကြည်လင်ပြတ်သားပြီး သြရှရှနိုင်တဲ့ Sunghoon ရဲ့ စကားသံအဆုံး လှမ်းလက်စ ခြေလှမ်းတို့ကို ရပ်တန့်လိုက်မိသည်။

ချက်ချင်းလဲ အဖြေမပေးရဲသေးဘဲ အောက်နှုတ်ခမ်းလေးကို ကိုက်ကာ စဉ်းစားဟန်ပြုနေပြီးမှ

" ကျွန်တော်တို့ကံကြမ္မာက ဆုံရဖို့အကြောင်းဖန်လာခဲ့ရင် ထပ်ဆုံကြရအုံးမှာပေါ့ Sunghoon ရယ် "

မရေမရာအဖြေတစ်ခုကို ပေးကာ ကျောခိုင်းသွားပြီဖြစ်တဲ့ အဖြူရောင်အရိပ်ကလေးကို မျက်စိတစ်ဆုံး လိုက်ငေးကြည့်နေမိရင်း Sunghoon တစ်ယောက်ထဲ ရေရွတ်လိုက်မိတာက...

" ကံကြမ္မာဆိုတာ ကိုယ်က ဖန်တီးတာပါ အဖြူရောင်လေးရယ် "....

.
.
.

Sunoo တစ်ယောက် အိမ်ကိုသာ ပြန်လာရတယ် စိတ်ကတော့ တထင့်ထင့်....

ကိုယ်ကလဲ သူမကြိုက်တာကိုမှ လုပ်ထားမိတာမလား...

ဘာပဲဖြစ်ဖြစ် ဆူလဲခံ ငေါက်လဲ ခံပေါ့....

လုပ်ထားပြီးမှတော့ အေးဆေးနေလို့ရမှာ မဟုတ်မှန်းတော့ သိပြီးသားပါ။

အိမ်အပေါက်ဝမှာရပ်ပြီး ဒွိဟဖြစ်နေတဲ့ စိတ်တွေနဲ့ အိမ်ထဲကို မဝင်သေးဘဲ ခြေစုံရပ်နေမိသည်။

Jay ဆီ တစ်ခါတည်းသွားလိုက်ရမလား....

အိမ်မှာလဲ နေရမလား...

သေချာတာတစ်ခုကတော့ ရောက်ရောက်ချင်း မသွားမိလိုက်ရင် Jay ရဲ့ဒေါသက နှစ်ဆ ဖြစ်တော့မှာပင်။

ဟာ...ဘာဖြစ်ဖြစ် မသွားဘူး....

ဒေါသထွက်လို့ ရိုက်လဲ ခံလိုက်ရုံပဲ။

အရိုက်ခံရတယ်ဆိုတာလဲ သူ့အတွက် သိပ်မထူးဆန်းတော့။

ကိုယ့်အတွေးနဲ့ကိုယ် အိပ်ပေါ်ထပ်ကို တက်လာရင်း အခန်းထဲသို့ တောက်လျှောက်ဝင်လာလိုက်သည်။

အခန်းတံခါးကို တွန်းဖွင့်ကာ အထဲသို့ ခြေချလိုက်တယ်ဆိုရင်ပဲ ခြေထောက်အစုံဟာ ကြမ်းပေါ်ကို မချမိဘဲ လေထဲသို့ တစ်ကိုယ်လုံး မြောက်တက်သွားရခြင်းနဲ့အတူ ပွေ့ခေါ်ခြင်းကို ခံလိုက်ရသည်။

ပြီးနောက် အိပ်ရာဆီသို့ ခေါ်ဆောင်သွားကာ ပစ်ချခံလိုက်ရတာ လူကို အင့် ကနဲ...ရေမြှုပ်မွေ့ရာမို့ အရမ်းကြီးမနာဘူးဆိုသော်လည်း အားနဲ့ မြှောက်ပြီးမှ ပစ်ချလိုက်တာမို့ ကျောဘက်ဆီက အောင့်သပ်သပ်တော့ ခံစားလိုက်ရသည်။

" ငါ့ဆီမလာဘဲ မင်းအခန်းထဲပဲ မင်း ဝင်အောင်းနေမယ်ဆိုတာ သိတယ် ဘေဘီ "

သူမလာဘူးဆိုတာ သိလို့ သူ့အခန်းထဲကနေ ကြိုစောင့်နေတဲ့ Jay...

" Jay ~~ "

" ဘာအချိုး ချိုးတာလဲ Kim Sunoo... ဟမ်... ခုတလော အလိုလိုက်တာတွေများနေလို့ ​ရောင့်
တက်နေတာလား ဟုတ်လား ( ဟတ်လား) ပြောစမ်း "

အိပ်ရာပေါ်ကနေ လူးလှိမ့်ကာ ကုန်းထဖို့ ကြိုးစားလိုက်တော့ ပုခုံးတွေကနေ ဆုပ်ကိုင်ပြီး နောက်သို့ ပြန်တွန်းလိုက်တာကြောင့် လူဟာ အိပ်ရာပေါ်သို့ ပက်လက်လေးသာ ပြန်ကျသွားရတော့သည်။

" ငါ မေးနေတာ ဖြေစမ်း... Kim Sunoo... မင်း ဘာ စောက်ချိုး ချိုးနေတာလဲ လို့ "

"........ "

အိပ်ရာကို တံတောင်လေးနှစ်ဖက်နဲ့ ထောက်ကာ ခန္ဓာကိုယ်ကို ထိန်းထားရင်း Jay မေးနေတာတွေကို ပြန်မဖြေမိ။

ကိုယ်က အသံမထွက်လေ Jay ဒေါသတွေက အရှိန်အဟုန်ကောင်းလာလေ။

အိပ်ရာပေါ်ထိ တက်လာကာ Sunoo အပေါ်သို့ အုပ်မိုးလိုက်ပြီးမှ ပက်လက်ဖြစ်နေတဲ့ Sunoo ရဲ့ မျက်နှာကို စူးစိုက်ကြည့်လိုက်ပြီး ပါးလေးနှစ်ဖက်ကို Jay ရဲ့ လက်တွေနဲ့ ဖိညှစ်ပစ်လိုက်သည်။

ပါးစောင်ကို ဖိကုပ်ထားတယ်လို့ ပြောရင် ပိုမှန်မလား... အညှစ်ခံထားရတော့ နှုတ်ခမ်းဖူးလေးဟာ ခပ်စူစူလေးဖြစ်ပြီး ပွင့်ဟ သွားရတော့သည်။

" အ့..."

အားနဲ့ ဖိကုပ်ထားတာမို့ ပါးလေးတွေ နာလာတော့ ညည်းသံလေး ထွက်ကျလာမိသည်။

" အသားနာမှ အသံက ထွက်ချင်တယ်နဲ့ တူတယ်.... ပြောစမ်းပါအုံး ငါ မေးတာကို ပြန်မဖြေနိုင်ရလောက်အောင် ဘယ်က သတ္တိတွေ ရနေတာလဲ...ဟမ်... ငါ ခေါ်တဲ့ ဖုန်းကို ပြန်မဖြေနိုင်ရလောက်အောင် ဘယ်က သတ္တိတွေ ရနေတာလဲ... ငါ့ တပည့်တွေကို လှည့်ပတ်ပြီး ကျောင်းကနေ ခိုးထွက်သွားရလောက်အောင် မင်း ဘယ်က သတ္တိတွေ ရနေတာလဲလို့... ဖြေလေ Kim Sunoo..."

ဒေါသအလျှောက် လက်က ပိုပြီး အားစိုက်လိုက်တော့ နာကျင်မှုဟာ နင့်ကနဲ...

"ဟင့် Jay... ကျွန်တော် နာနေပြီ "

နှုတ်ခမ်းစူစူလေးကြားက ဗလုံးဗထွေး ထွက်ကျလာတဲ့ စကားသံလေးတွေ... မျက်နှာနုနုလေးဟာလဲ ရှုံ့မဲ့လို့ပေါ့...တကယ် ဆို ဒီ နုနုသေးသေးလေးကို ဒီလိုတွေ အကြမ်းပတမ်းဆက်ဆံလိုက်ရလို့ သနားဖို့တော့ ကောင်းနေပြီ။

ဒါပေမယ့် သနားလို့မဖြစ်ဘူးမလား.... သနားလို့ လျှော့ပေးလိုက်ရင် လုပ်ချင်ရာတွေ လုပ်လာနိုင်တယ်လေ.... နောက်ဆုံး အကြောက်တရားဆိုတာ မရှိတော့ဘဲ သူ့အနားက ထွက်သွားဖို့တွေထိတောင် ဖြစ်လာနိုင်တာမို့ Jay ဘယ်တော့မှ Sunoo ကို အလျှော့ပေးဖို့ စိတ်ကူးမရှိခဲ့.... ဒီ baby doll လေး သူ့ကို ကြောက်နေမှ ဖြစ်မယ်မလား....

ဖိညှစ်ထားတဲ့ လက်ကိုဖြေလွှတ်ပေးလိုက်တော့ ပါးပြင်နုနုလေးနှစ်ဖက်မှာ လက်ချောင်းရာတွေဟာ အထင်းသား....

နီရဲသွားတဲ့ ပါးပြင်လေးကို လက်မလေးနဲ့ ဖွဖွပွတ်ပေးနေတုန်းမှာ သူ့လက်တွေကို ဖယ်ချပစ်ပြီး လည်ပင်းလေးကို လိမ်ကာ မျက်နှာကို တစ်ဖက်သို့လှည့်သွားလေသည်။

အဲ့ မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်နဲ့ ညှပ်ယူကာ မျက်နှာချင်းဆိုင်စေလိုက်တော့ အောက်နှုတ်ခမ်းလေးကို ကိုက်ကာ မျက်ရည်တွေ ရစ်ဝိုင်းနေတဲ့ မျက်ဝန်းညိုလေးတွေနဲ့ ကြည့်လာတဲ့ Sunoo....

" ဟမ့်... လုပ်ချင်ရာတွေ လုပ်လာပြီးမှ မျက်ရည်ကျပြနေတာလား ဘေဘီ... မင်း မပျော့ညံ့စမ်းနဲ့...ယောကျာ်းဆိုရင် အဲ့မျက်ရည်တွေ ခုသုတ်ပစ်လိုက် "

" မသုတ်ဘူး... ကျပါစေ... အဲ့မျက်ရည်တွေ ကျလာအောင် Jay ပဲလုပ်နေတာ မဟုတ်ဘူးလား... Jay က အမြဲတမ်း ကျွန်တော် မျက်ရည်ကျမှ ပျော်တဲ့လူ...ခင်ဗျားကြောင့်နဲ့ ကျလာတဲ့ မျက်ရည်တွေကို ဘယ်တော့မှ မသုတ်ဘူး "

"ဘာကွ !!! "

" နေရာတကာ ကျွန်တော့်ကို ချုပ်ချယ်နေတာတွေ တော်ပါတော့... ကျွန်တော်လဲ လူငယ်တစ်ယောက်ပဲ ကျွန်တော်လဲ တစ်ခါတစ်လေတော့ စိတ်လွတ်လက်လွတ် သွားလာချင်တာပဲ... ကိုယ့်စိတ်ထဲရှိတဲ့အရာတွေကို လွတ်လွတ်လပ်လပ် လုပ်ချင်တယ်...Jay ဘယ်အချိန်ထိ ကျွန်တော့်ကို ချုပ်ကိုင်နေအုန်းမှာလဲ... "

" ဘာ...."

" ဟုတ်တယ်... ကျွန်တော့်ကိုအပိုင်ရထားပြီးရင် တော်ရောပေါ့ ကျွန်တော့်ရဲ့ လူနေမှုဘဝတွေထိ ချုပ်ချယ်နေတာကြီးကျ ကျွန်တော်ဘယ်လို နေရမလဲ... ပြီးတော့ ကျောင်းအထိတောင် စောင့်ကြည့်ခံနေရပြီး တက်နေရတာ... ကျွန်တော် မကြိုက်ဘူး အဲ့လိုတွေ "

" အော်ဟော် ဟော်... ငါ့ တပည့်တွေ စောင့်ကြည့်နေတဲ့ ကြားက လစ်ထွက်သွားပြီး ငါ့စောင့်ကြည့်မှုအောက်က ခဏလေး လွတ်ထွက်သွားလိုက်တာနဲ့ စကားတွေတော်တော်လေး တတ်လာတာပါ့ပဲ... ပြောစမ်း ကျောင်းကနေ လစ်ပြီး မင်း ဘယ်တွေ သွားနေတာလဲ "

"ဘယ်သွားသွား... ဒါ ကျွန်တော့်လွတ်လပ်ခွင့်နဲ့ ကျွန်တော်ပါ "

" မလွတ်လပ်ရဘူး... မင်း ငါ့ချုပ်ကိုင်မှုအောက်မှာပဲ နေရမယ်... မင်း ငါ့လက်ကနေ ဘယ်တော့မှ လွတ်မြောက်ဖို့ မကြိုးစားနဲ့ "

"သိပါတယ်... သိတယ်... ကျွန်တော် ဘယ်တော့မှ Jay လက်ကနေ မလွတ်မြောက်ဘူးဆိုတာ သိတယ်... Jay ရဲ့ ကျေးဇူးတရားတွေထဲကနေ ကျွန်တော် ဘယ်တော့မှ မလွတ်မြောက်ပါဘူး... ဒါပေမယ့် ကျွန်တော့်ကို ကိုယ်ပိုင်ဘဝလေးတစ်ခုတော့ ပေးပါ... ကျွန်တော့်ဘဝထဲမှာ ကျွန်တော် လွတ်လပ် ပျော်ရွှင်ပါရစေ "

" မင်းမှာ ငါ မပါဝင်တဲ့ ကိုယ်ပိုင်ဘဝဆိုတာ ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်ဘူး ဘေဘီ... စိတ်ကူးယဉ်မနေနဲ့ "

" Jay!!!"

သူမကြိုက်ပါဘူး ဆိုတဲ့ မျက်ရည်တွေကျကာ သူမကြိုက်တဲ့စကားတွေပြောပြီး ပြန်အော်နေတဲ့ Sunoo ကိုကြည့်ပြီး Jay ဒေါသတွေ မိုင်ကုန်ပြီ။

"မင်း... မင်း... တော်တော် သတ္တိတွေကောင်းနေတယ်ပေါ့လေ...ငါ့ကိုတောင် ပြန်အော်နေရအောင် သတ္တိတွေ ကောင်းနေတဲ့မင်း... အော်စမ်း... အော်... ဆက်အော်နိုင်အုံးမလား ကြည့်ရသေးတာပေါ့..."

"......."

"အေး ဒီညတော့ ငါ့ကြောင့် မျက်ရည်ကျရတယ်ဆိုတာ ဘယ်လိုမျိုးလဲ သိအောင် လုပ်ပြမယ်... အဲ့လောက် မျက်ရည်လွယ်တဲ့ မင်းကို မျက်ရည်တွေ မတိတ်နိုင်အောင် ငါ လုပ်ပြမယ် "

ဒေါသတကြီး အော်ဟစ်ကာ နှုတ်ခမ်းတွေကို ရန်ရှာလာတဲ့ Jay....

ဘယ်တော့မှ နူးညံ့ ငြင်သာမှုမရှိတဲ့ အနမ်းတွေက ဒေါသနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပို၍ကြမ်းတမ်းသွားကာ နှုတ်ခမ်းတွေ ပြတ်ထွက်မတတ် အကြမ်းအရမ်း...

ခေါင်းကို ဘယ်ညာတိမ်း၍ အနမ်းမခံတော့ ခေါင်းနောက်ကနေ ထိန်းကိုင်လာကာ မရမက ထပ်နမ်းသည်။

နှုတ်ခမ်းတွေကို ဖွင့်ဟမပေးလေတော့ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်တာ သွေးအရသာတွေ ပါးစပ်ထဲမှာ ပြန့်နှုံ့သွားတဲ့အထိ....

ခံတွင်းတစ်ခုလုံးကို မွှေနှောက်ရန်ရှာလို့အပြီးမှာ ပုခုံးစွန်းတွေကို ဖိကိုက်လာတာကြောင့် ရှိသမျှအားလေးနဲ့ တွန်းထုတ်တော့ လည်ပင်းတွေကို ဖိကိုက်လာပြန်သည်။

" Jay ~~ ဖယ်ပေးပါ... ကျွန်တော် မွန်းကြပ််နေပြီ.. Jay ~~"

" ဖယ်ပေးဖို့ မတောင်းဆိုနဲ့ ဘေဘီ... ဒီည မင်း ငိုနေစေရမယ် "

ပြောပြီးတာနဲ့ စိတ်မရှည်တော့ဟန် Sunoo ခန္ဓာကိုယ်ပေါ်က ဖြူလွလွ အင်္ကျီလေးကို ဆွဲဖြဲပစ်လိုက်တဲ့ Jay....

Jay ရဲ့ လက်ထဲမှာ တစ်စဆီ ဖြစ်သွားတဲ့ အင်္ကျီလေးကို ငေးရင်း မျက်လုံးထဲမှာ ပြည့်အိုင်နေတဲ့ မျက်ရည်တွေကို မျက်လုံးလေး ဖိမှိတ်လိုက်ကာ စီးဆင်းစေလိုက်တော့သည်။

တကယ်ပါ ကျွန်တော်ဆိုတာ Jay ကြိုက်သလို စီရင်နေတဲ့ အရုပ်ကလေး....

ငြင်းဆန်ခွင့်မရှိ...

တားဆီးခွင့်မရှိ...

Jay ရဲ့ အရိုင်းဆန်ဆန် အနမ်းတွေနဲ့ ခပ်ပြင်းပြင်း အသက်ရှူသံတွေဟာ ဘာကို ဦးတည်နေပါသလဲ...

ရင်ဘတ်တွေ ဗိုက်သားချပ်ချပ်လေးတွေပေါ်ထိ အစုန်အဆန်ကူးလူးနေတဲ့ Jay ရဲ့ အနမ်းတွေ အောက်ကနေ သူ ဘယ်လို ရုန်းထွက်ရမလဲ....

ဒါပေမယ့်လဲ ကြိုးစားကြည့်ရမှာပေါ့...

Jay သူ့ကို ပေးထားတဲ့ ကတိတစ်ခု ရှိတယ်မလား...

** ဘေဘီနဲ့ ကိုယ် လက်မထပ်ရသေးဘဲ ကိုယ် ဘေဘီ့ကို မသိမ်းပိုက်ပါဘူး ** ဆိုတဲ့ ကတိ

ဒီတစ်ခါရော သူ့ကတိကိုသူ တည်ပေးနိုင်ပါ့မလား....

ရင်ဘတ်တစ်ခုလုံး ရစရာမရှိအောင် မွစာကြဲနေပြီဖြစ်တဲ့ ကိုက်ရာတွေနဲ့ သဲသဲမဲမဲနမ်းရှိုက်နေတဲ့ အနမ်းတွေ အောက်ကနေ ရုန်းထွက်ဖို့ နှုတ်ခမ်းလေးတွေ ခဏတာ လွတ်လပ်သွားချိန်မှာ

" Jay... Jay ကျွန်တော့်ကို ပေးထားတဲ့ ကတိ...အဲ့ ကတိလေးတော့ ကျေးဇူးပြုပြီး တည်ပေးပါ "

ကြောက်ကြောက် လန့်လန့်နဲ့ တုန်တုန်ယင်ယင်လေး ပေါ်ထွက်လာတဲ့ Sunoo ရဲ့ အသံသေးသေးလေး....

*************************************

Love you all my Vitamins 💙

San Htarni 💙

22.1.2023

Comment