~ 41 ~

~ 41 ~

ဥဒဟို သွားလာနေကြတဲ့ ရောင်စုံကားတွေရဲ့ကြား ပုံမှန်ထက် အနည်းငယ် မြန်နေတဲ့ အရှိန်နှုန်းနဲ့ ပြေးလွှားနေတဲ့ အနက်ရောင်ပြောင်လက်နေတဲ့ နောက်ဆုံးပေါ် Model မြင့် ကားတစ်စီး။

ထိုကားထဲမှာတော့ တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေကာ မောင်းသူနေရာက ကောင်လေးကလဲ မျက်မှောင်တွေ ကုတ်ချထား၍ ရှေ့တူရှူကိုသာ အာရုံစိုက်ပြီး မောင်းနှင်နေသလို...

ဘေးခုံမှာ ထိုင်နေတဲ့ ကောင်လေးဟာလဲ ခပ်မှိုင်းမှိုင်း မျက်ဝန်းတွေနဲ့ ကားပြတင်းကနေ အဝေးသို့ ငေးကြည့်နေလေသည်။

ခဏအကြာမှာတော့ ဘေးက ကောင်ကလေးက ဘာပြောလိုက်ရယ်မသိ။ ကားလေးဟာ လမ်းကြောင်း ပြောင်းသွားကာ ဆိုင်လေးတစ်ဆိုင်ရှေ့သို့ ထိုးရပ်သွားလေသည်။

ကားပေါ်ကနေ ရှေ့ဆင့်နောက်ဆင့် ဆင်းလာကြပြီး ဆိုင်ထဲသို့ ဝင်သွားတဲ့ အမျိုးသား နှစ်ယောက်ရဲ့ ထင်ပေါ်နေတဲ့ ပုံပန်းသဏ္ဍန်တွေကြောင့် ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေရဲ့ မျက်ဝန်းအကြည့်တွေဟာ ထို ကောင်လေးနှစ်ယောက်နောက်မှာ ကပ်ငြိ လို့။

တစ်ယောက်ကလည်း ရင့်ကျက်တည်ကြည်တဲ့အသွင်ကို ဆောင်၍ ချောမောခန့်ညားနေသလောက် နောက်တစ်ယောက်ဟာလည်း ငယ်ရွယ်ပျိုမြစ်၍ တက်ကြွလန်းဆန်းတဲ့ အသွင်ကို ဆောင်နေလေသည်။

နှစ်ယောက်သား တူညီနေတဲ့ အချက်တစ်ချက်ကတော့ ဘေးဘက်ကို ယောင်လို့တောင် လှည့်မကြည့်တဲ့ သူတို့ရဲ့ မျက်ဝန်းတွေပေါ့။

ခန့်ညားတဲ့ အမျိုးသားရဲ့ သိမ်းငှက်လို အကြည့်စူးစူးတွေကလဲ ရှေ့ကိုသာ စူးစိုက်ကြည့်နေသလို ငယ်ရွယ်တဲ့ အသွင်နဲ့ ကောင်ချောလေးရဲ့ ညှို့အားပြင်းပြင်း မျက်ဝန်းအစုံဟာလဲ ရှေ့လားရာကိုမှ လွဲ ဘေးကို ချော်မထွက်ခဲ့။

ဆိုင်လေးရဲ့ ထောင့်ကျကျ စားပွဲမှာ နေရာယူလိုက်ကြပြီး နေရာတကျ ထိုင်ပြီးတဲ့နောက်မှာ waiter လေးကို မှာစရာရှိတာ မှာကြားနေလေသည်။

ထိုအမျိုးသား နှစ်ယောက်ကတော့...

CEO Park Jong Seong နဲ့ Park Sunghoon တိို့ပဲပေါ့။

တကယ်တမ်းက Mr. Park ရဲ့ မရမက ခိုင်းစေမှုကြောင့် Jay တစ်ယောက် ဘွားနဲ့ လာတွေ့တဲ့ Sunghoon ကို Sunghoon ရဲ့ Condo ရှိရာသို့ ပြန်လိုက်ပို့ပေးခြင်းဖြစ်သည်။

US မှ အဘွား ရောက်လာပြီ ဖြစ်သော​ကြောင့် အားလုံး Jay ရဲ့အိမ်မှာ စုပြီး တွေ့ကြဖို့ စီစဉ်​လိုက်ကြခြင်းသာ။

ထိုအစီအစဉ်ဟာ အိမ်ရှင်ဖြစ်တဲ့ Jay ရဲ့ သဘောတူညီချက်တော့ မပါလိုက်။

Mr. Park နဲ့ Heeseung တို့ စီစဉ်လိုက်ကြခြင်းပင် ဖြစ်သည်။

အထုတ်အပိုးတွေနဲ့ သူ့အိမ်ကို ပြောင်းလာတဲ့ အဖေဖြစ်သူနဲ့ Heeseung တို့ကြောင့် မျက်လုံးပြူးကြီးနဲ့ အံ့သြမှင်သက်မိနေလို့မှ မပြီးသေး...

အဘွား ရောက်လာရင် မြေးနှစ်ယောက်လုံးကို တွေ့ချင်တယ်လို့ မှာထားလို့ Sunghoon ကို ကိုယ်တိုင်သွားခေါ်ပါလို့ ခိုင်းလိုက်တဲ့ အဖေဖြစ်သူကြောင့် သူ့မှာ သွေးတွေ တက်ပြီး ဂုတ်ကြောကြီး တောင့်သွားရသေးသည်။

ဘယ်လိုတွေတောင် ပိုင်စိုးပိုင်နင်းတွေ လုပ်နေရတာလဲ Mr. Park ကြီးရယ်...

အဖေဆိုတဲ့ ပါဝါတွေ စွတ်ပြပြီး ခိုင်းနေတော့တာပဲ။

Lee Heeseung ကို သွားခေါ်ခိုင်းဆိုတော့ အဘွားကို သွားကြိုရမှာမို့ မဖြစ်ပါတဲ့။

ဒါနဲ့ပဲ ပြိုင်မငြင်းချင်တော့တာနဲ့ သွားခေါ်ပေးလိုက်တော့ အပြန် လိုက်ပို့တဲ့ တာဝန်ဟာလဲ သူပဲဖြစ်လို့ သွားရသည်။

တချိန်က အမှားတွေအတွက်နဲ့ အတ္တကြီးခဲ့မှုတွေအတွက် မြေးနှစ်ယောက်လုံးကို ဖက်ငိုပြီး တောင်းပန်ခဲ့တဲ့ ဘွားကြောင့် ဘယ်လောက်ပဲ စိတ်ပြေမပေးဘူးလို့ တွေးထားပေမယ့် Jay ရော Sunghoon ပါ မျက်ရည်တွေ ကျခဲ့ရပါသေးသည်။

ဘွားက သူ့ရဲ့ ပိုင်ဆိုင်သမျှတွေကို ညီကိုနှစ်ယောက်ကို အညီအမျှ ခွဲဝေပေးပြီး လုပ်လက်စ လုပ်ငန်းတွေကို သူတို့ နှစ်ယောက်အား ဦးစီးခိုင်းမည် ဆိုတဲ့ အစီအစဉ်ကိုတော့ဖြင့် Jay ရော Sunghoon ရောက လက်မခံခဲ့။

Jay ကလဲ အားလုံး ပြည့်စုံနေပြီးသားမို့ လက်မခံပါဘူး ပြောခဲ့သလို Sunghoon ဟာလဲ မိသားစုဆိုတဲ့ နွေးထွေးတဲ့ မေတ္တာတွေကလွဲ ကျန်တာ အလိုမရှိပါ..တဲ့။

အဲ့ဒီ့အချိန်ခဏမှာ Sunghoon ကိုကြည့်ပြီး Jay တွေးလိုက်မိတာက ဒီကောင်လေးက လိုချင်လောဘတွေ နည်းပါးလွန်းလိုက်တာလို့ ပေါ့။

ဒီလို သူတို့နှစ်ယောက် ခေါင်းမာမှုတွေကြောင့် အမွေလွှဲပြောင်းခြင်း ကိစ္စဟာ အထ မမြောက်လိုက်။

ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြဆိုကြ အတူမရှိခဲ့တဲ့ ရက်တွေအစား အတိုးချ၍ အလွမ်းသယ်ကြနဲ့ အချိန်တစ်ခု ရောက်တဲ့အခါမှာတော့ Sunghoon က ပြန်ရန် နှုတ်ဆက်လေသည်။

မခွဲချင်သေးတဲ့ ဘွား ကတော့ ငိုတာပေါ့။ ဖြစ်နိုင်ရင် အတူလာနေဖို့နဲ့ မနေနိုင်ရင်လဲ မကြာမကြာ လာလည်ဖို့တွေ မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ ပြောရှာသည်။

ဘယ်လိုဖြစ်ပြီးများ Sunghoon နဲ့ သူ့ကို တစ်အိမ်တည်း အတူနေဖို့ ပြောပါလိမ့် ဘွားရယ်။

မထင်ရင်မထင်သလို ရန်တွေ ထသတ်ကုန်မှဖြင့်။

ဒီလိုနဲ့ ပြန်လိုက်ပို့တဲ့ အပြန်လမ်းမှာ Park Sunghoon ဆိုတဲ့ကောင်က လမ်းတစ်ဝက်မှာ ကားရပ်ခိုင်းပြီး စကားပြောရအောင် ဟု ဆိုလာလေသဖြင့် အနီးဆုံးက ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ဝင်ထိုင်နေကြခြင်း ဖြစ်၏။

ထိုင်ထိုင်ချင်း ဘာစကားတစ်ခွန်းမှ ထွက်မလာတဲ့ Sunghoon က တစ်စုံတစ်ရာကို တွေးတောနေဟန်ဖြင့် မျက်နှာပေါ်မှာ လေးနက်မှုတွေ အပြည့်။

ခဏအကြာမှာတော့ မေးခွန်းတစ်ခုနဲ့ အစပြုကာ စကားစလာလေတော့သည်။

" ကျွန်တော် CEO ကို တစ်ခုလောက် မေးကြည့်ချင်တယ်... မေးလို့ရမလား "

" မေးပါ "

တပ်ထားတဲ့ မျက်မှန်ကို ချွတ်၍ စားပွဲပေါ် ပစ်တင်လိုက်ရင်း Jay, Sunghoon ကို မေးဆတ် ပြကာ ခွင့်ပြုလိုက်၏။

ထိုအခါ Park Sunghoon က သူ့မျက်နှာကို တည့်တည့်ကြည့်လာကာ မေးခွန်းတစ်ခုကို ထပ် မေးလာပြန်ပါသည်။

" CEO အဆောကို တကယ် ချစ်ခဲ့ရဲ့လား..."

မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ Sunghoon ရဲ့ မေးခွန်းကြောင့် Jay ရဲ့ ခပ်ထူထူ မျက်ခုံးတန်းနှစ်ခု ပင့်တက်သွားရကာ

" ဘာလို့ မေးတာလဲ "

" သိချင်လို့ပါ "

Sunghoon ရဲ့ အမူအရာကတော့ ခပ်အေးအေးသာ...

" မချစ်ရင် ဘယ်သူက ပိုင်ဆိုင်ချင်မှာလဲ... ငါ ဘေဘီ့ကို အဆုံးရှုံးမခံနိုင်တာက ချစ်လို့ပဲ ပေါ့ "

" သေချာရဲ့လား CEO "

" မင်းက ဘာကို အတည်ပြုချင်နေတာလဲ "

Sunghoon ရဲ့မယုံမကြည်စကားကြောင့် Jay မျက်မှောင်ကျုံ့ကာ အလိုမကျစွာ မေးလိုက်တော့ Sunghoon က

" ဒါဆို CEO စိတ်အလိုမကျတိုင်း အဆောကို စိတ်ဒဏ်ရာ ပေးနေတာတွေက အချစ်လား.. ကိုယ် ချစ်တဲ့သူရဲ့ စိတ်ဆန္ဒက ဘာဆိုတာ မကြည့်ပေးဘဲ အရာရာ ကိုယ့်သဘောအတိုင်းပဲ ပြုမူနေတာတွေက အဆော အပေါ် ချစ်တဲ့ CEO ရဲ့ အချစ်လား "

" ငါ သိထားတဲ့ အချစ်ဆိုတာ ရယူပိုင်ဆိုင်ဖို့ပဲ Park Sunghoon... အဲ့အတွက် ငါချစ်တဲ့သူ ငါ့အနား ရှိနေဖို့ဆို ဘယ်လို လုပ်ရက်တွေပဲ လုပ်ရလုပ်ရ လုပ်နေအုံးမှာပဲ... အဓိက က သူ ငါ့ဘေးမှာ ရှိနေဖို့ပဲ "

" မပျော်ရွှင်လဲ ရလား... ဘေးနားမှာ ရှိနေပြီး မပျော်မရွှင် ဖြစ်နေလဲ ရတာလား CEO... သူ့ရဲ့ ပျော်ရွှင်မှုကို အလေးမထားတော့ဘူးလား ဟင်"

" အရာရာ ပြည့်စုံနေပြီး လိုတိုင်းတ ရနေတဲ့ ဘဝမှာ ဘယ်သူက မပျော်ဘဲ နေမှာလဲ Park Sunghoon.. မပျော်လဲ ခဏပေါ့... အဲ့အတွက် ဘာကို ဂရုစိုက်နေရအုံးမှာလဲ "

တဖက်ကမ်းခတ် အတ္တကြီးလွန်းနေတဲ့ CEO ရဲ့စကားကြောင့် Sunghoon တခဏတာ ဆွံ့အ သွားရလေတော့သည်။ ပါးစပ်အဟောင်းသားနဲ့ တော်တော်နဲ့ စကားမပြောနိုင်အောင် ဖြစ်နေရပြီးမှ

" ခင်ဗျား တော်တော် အတ္တကြီးတဲ့ လူပဲ Park Jong Seong... အဆောကို ချစ်ပါတယ်ဆိုတဲ့ ခင်ဗျားက တကယ်တမ်းတော့ ခင်ဗျားကိုယ်ခင်ဗျား ချစ်နေတာပဲ... ချစ်ပါတယ်ဆိုပြီး တစ်ခါလောက်တောင်မှ အဆောဘက်ကို လှည့်ကြည့်ပေးခဲ့ဖူးရဲ့လား "

" ထင်လို့ပါ ချာတိတ်... ငါ သူ့ကို အများကြီး ကြည့်ပေးခဲ့ပြီးပြီ... သူလိုချင်တဲ့ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု အားလုံး အားလုံးပဲ... အဲ့ဒီ ရလဒ်အနေနဲ့ ငါ ဘာ ပြန်ရလိုက်လဲ သိလား... မင်း ခန့်မှန်းကြည့်စမ်း Park Sunghoon... "

Sunghoon ဘာမှ ပြန်မဖြေတော့ Jay ဆီက ကြားလိုက်ရတဲ့ ခြောက်ကပ်ကပ် ရယ်သံတစ်ခု။

" အဟက် ဟက်.. ငါ ရင်ကွဲရမယ့် အဖြစ်တွေပေါ့ Park Sunghoon ရဲ့... ငါ့ ရင် ကွဲစေမယ့် ဖြစ်ရပ်မျိုးတွေကိုပဲ ရွေးလုပ်ပြီး ငါနဲ့သူ့ရဲ့ ဘဝထဲကို မင်း ဆိုတဲ့ အပိုလူတစ်ယောက်ကို ခေါ်လာခဲ့တယ်လေ... မင်း စဉ်းစားကြည့်စမ်း.... မင်း သူ့အနားကို ရောက်လာခဲ့တဲ့ အချိန်က စလို့ ငါတို့တွေ ဘယ်လောက် ရှုပ်ထွေးခဲ့ကြလဲ ဆိုတာ... ဘယ်လို ဖြစ်ရပ်တွေထိ ဖြစ်ခဲ့ကြလဲဆိုတာ... အဲ့ဒီ့ ဖြစ်ရပ်တွေကြောင့် ငါအတော်လေး ခေါင်းကိုက်နေရပြီ...သူ ငါ့အပေါ် မလိမ်မာခဲ့ဘူး... ငါ ပေးထားတဲ့အရာရာတိုင်းနဲ့ ထိုက်တန်မှု မရှိခဲ့ဘူး... "

အဝေးကိုငေးပြီး စကားတွေပြောနေတဲ့ CEO ရဲ့ မျက်နှာပေါ်မှာ တကယ်ကို နာကျင်ခံခက်နေဟန်တွေ တစ်စုံတစ်ရာကို နောင်တရနေဟန်တွေက အတိုင်းသား...

ဒီအရိပ်အယောင်တွေဟာ ဘာအတွက်များ ဖြစ်နိုင်ပါသလဲလေ...

ဘေဘီ သူ့အနားက ထွက်ခွာသွားဖို့ သူကိုယ်တိုင် လမ်းဖွင့်ပေးလိုက်မိတာကိုပဲ နောင်တရနေသလား...

သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ ပန်းလေးတစ်ပွင့်က တခြားနေရာမှာ ရနံ့သင်းနေတာကိုများ ခံရခက်နေလေသလား...

ဒါကိုတော့ဖြင့် CEO မှ တပါး ဘယ်သူမှ သိနိုင်လိမ့်မယ် မဟုတ်ပါဘူး။

" ဒါဆို အဆောကို ဘယ်လို လုပ်မယ်လို့ စဉ်းစားထားပါသလဲ... CEO ပြောသလို တကယ်ပဲ အဓိပ္ပါယ်မရှိတဲ့ ရွေးချယ်မှုတွေနဲ့ ပိတ်လှောင်တော့မလို့လား "

" ငါ့အတွက်တော့ သိပ်ကို အဓိပ္ပါယ်ရှိတယ် Park Sunghoon... ငါ ပြောပြီးပါရော... ဘယ်လိုနည်းလမ်းပဲ သုံးရ သုံးရ အဓိက က ဘေဘီ ငါ့ဘေးနားရှိနေဖို့ပဲ... မင်းနဲ့ငါ ညီကိုတွေ ဆိုပေမယ့်လည်း ငါ မင်းကို အလျှော့ပေးမှာ မဟုတ်ဘူး Park Sunghoon... ကိုယ့် အခြေအနေကို သိတယ်ဆိုရင် အချိန်ကုန်ခံ မနေဘဲ စောစောစီးစီး လစ် လိုက်တော့ "

ထိုစကားကြောင့် Sunghoon ခပ်ရေးရေးပြုံးလိုက်မိတော့ ဘာရယ်တာလဲ ဆိုတဲ့ အကြည့်နဲ့ ခပ်စူးစူးကြည့်လာတဲ့ CEO...

" မင်းကရော ငါ့ကို ဒါတွေ ဘာလို့ မေးနေတာလဲ ပြောစမ်းပါအုံး "

" ကျွန်တော် အဆောကို စိတ်ချချင်လို့ပါ "

ဒီစကားတွေကိုတော့ Sunghoon, CEO ရဲ့ မျက်နှာကို စေ့စေ့ကြည့်ကာ တစ်ခွန်းချင်း လေးလေးနက်နက် ပြောလိုက်မိသည်။

ဟုတ်တယ် မောင့်အတွက်နဲ့ အဆောကို မခက်ခဲစေချင်ဘူး...

မနာကျင်စေချင်ဘူး...

ပြီးတော့ အဓိပ္ပါယ်မရှိတဲ့ ရွေးချယ်မှုတွေကြောင့်နဲ့ အဆော ရင်နာရမယ့်အဖြစ်ကို မောင် မလိုချင်ဘူးလေ...

မောင် စွန့်လွှတ်ရမယ်ဆိုရင်တောင် အဆော ပျော်ရွှင်နေမှ ဖြစ်မှာမို့...

" CEO ဘက်က အဆောကို တစ်သက်လုံး ပျော်ရွှင်အောင် ထားနိုင်မယ်လို့ ယုံကြည်ချက်ရှိပါသလား ... ကျွန်တော် နောက်ဆုတ်ပေးလိုက်မယ်ဆိုရင် အဆော တကယ်ပဲ ပျော်ရမှာလား CEO "

" သိပ်သေချာတာပေါ့ "

တိကျသေချာပြီး ပိုင်နိုင်တဲ့ အပြုံးတစ်ခုကို မော်မော်ကြွားကြွား ပြုံးလိုက်တဲ့ CEO ရဲ့ မျက်နှာဟာ ယုံကြည်ချက်အပြည့်နဲ့ပါပဲ။

လိုတာတွေ ဖြည့်ဆည်းပေးနေသမျှ ကောင်ငယ်လေး ပျော်နေမယ် ထင်မိတာကြောင့်။

" အဆောကို ခက်ခဲတဲ့ ရွေးချယ်မှုတွေ မလုပ်ခိုင်းဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ လွတ်လပ်ပျော်ရွှင်နေတဲ့ ကောင်လေးတစ်ယောက်အဖြစ်ပဲ အမြဲတမ်း ရှိနေပါစေ CEO... ကျွန်တော် အဆောကို CEO ဆီ အပ်ပါတယ်... တစ်သက်လုံးအတွက် စိတ်ချပါရစေ... "

" ...... "

" ဒါပေမယ့် တစ်ခုလေးပဲ တောင်းဆိုပါရစေ.. အဆောအပေါ်ထားတဲ့ CEO ရဲ့ အတ္တတွေကို နည်းနည်းလောက်ပဲ ဖြစ်ဖြစ် လျှော့ပေးစေချင်တယ်... ဒါကိုတော့ ကျွန်တော် အမြဲတမ်း စောင့်ကြည့်နေမှာမို့..."

" ဟိုး ဟိုး ဟိုးထား Park Sunghoon shi... ကိုယ်က မင်းလိုချာတိတ်လေးက စောင့်ကြည့်တာကို ခံမယ့်လူလို့ ထင်နေတာလား... ဒါဆိုရင်တော့ မှားမှာပေါ့.. ဘယ်သူ့စောင့်ကြည့်မှုမှ မပါဘဲ ငါ ဘေဘီ့ကို သေချာပေါက် ပျော်အောင် ထားနိုင်တယ် "

" တကယ်လို့ CEO က အဆောကို ပျော်အောင် မထားနိုင်ဘူးဆိုရင်ရော... "

Sunghoon ရဲ့ သွေးထိုးစမ်း စကားကြောင့် Jay မခံချိမခံသာ ဖြစ်သွားရကာ

" မင်းက ဘာကို မျှော်လင့်နေတာလဲ.. ငါ့မှာ တကယ်လို့ ဆိုတာ မရှိဘူးကွ.. သေချာတယ်ဆိုတာပဲ ရှိတယ်... အဲ့ဒါ မင်း မြဲမြဲ မှတ်ထား "

" အဟင်းးး ဟုတ်ပါပြီ CEO.. ကျွန်တော် ယုံကြည်နေပါ့မယ် "

အပြုံးမပျက် သဘောတွေ ကောင်းပြနေတဲ့ Park Sunghoon ရဲ့ ပုံစံက တကယ့်ကို ထူးထူးဆန်းဆန်းပါပဲ။

အခါခါတိုင်း သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ရင် စကားလုံးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ထေ့ကြရင်း ငေါ့ကြရင်း ရန်သတ်နေကြရတာချည်း မလား။

ခုတော့ဖြင့် သူ့ဘက်က ဘာမှ မပြောရသေးခင်မှာပဲ ဘေဘီ့ကို လက်လျှော့ပါ့မယ်တွေ စိတ်ချချင်ပါတယ်တွေ လုပ်နေလေတော့ မဟုတ်မှ...

Jay ခေါင်းထဲရောက်လာတဲ့ အတွေးတစ်စကြောင့် သိချင်စိတ်ဖြင့် မနေနိုင်စွာ အလောတကြီး မေးလိုက်မိတဲ့ စကားက

" မင်း ဘာလို့ ဘေဘီ့ကို လက်လျှော့လိုက်တာလဲ... ငါက မင်း အစ်ကိုကြီး ဖြစ်နေလို့များလား "

" အစ်ကိုကြီး ဖြစ်ချင်နေတာလား ဆုတောင်းလေ CEO... နောင်ဘဝကျရင်တော့ ပြည့်ရင် ပြည့်မှာပေါ့ "

ပြုံးစိစိ မျက်နှာနဲ့ ပုခုံးတစ်ဖက် တွန့်ပြကာ ချက်ချင်းပြန်ဖြေလာတဲ့ Park Sunghoon စကားကြောင့် Jay မျက်နှာဟာ ရှိန်းခနဲ ပူသွားရကာ အိုးတို့အမ်းတမ်းတွေ ဖြစ်သွားပြီး

" ရားးး Park Sunghoon! မင်း စကားကို... ရားး..ရားးးး "

ပြောစရာစကားတွေ ပျောက်ရှကာ ရှက်စိတ်ကြောင့် မျက်နှာကြီး နီပြီး မျက်လုံးပြူးကြီးနဲ့ ထ အော်နေတဲ့ Jay...

ချီးး မလို့ ငါ့ပါးစပ်က ဒီစကားကြီး ထွက်သွားရတာလား...

သူ့မျက်နှာကို စေ့စေ့ကြည့်ကာ ခုံကနေ ပြုံးစိစိမျက်နှာနဲ့ ထထွက်သွားတဲ့ Sunghoon ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်သာ ကြိမ်ဆဲပြီးရင်း ကြိမ်ဆဲနေမိတော့သည်။

ဟုတ်တော့လဲ ဟုတ်ပါတယ်လေ...

ကိုယ် ဆိုတာကလဲ ညီအစ်ကိုတွေမို့ဆိုပြီး အလျှော့ပေးချင်စရာမှ မရှိခဲ့တာကိုးး။

ဒါပေမယ့်လည်း ဒီကောင် စကားကို ဒီလိုကြီး ပြောလိုက်စရာလား...

ဒီကောင်... ဒီကောင် Park Sunghoon ဆိုတဲ့ ကောင်...

အကြီးကို လေးစားရကောင်းမှန်း တစက်လေးမှ မသိဘူး...

အရိုင်းအစိုင်းကောင်...

ဟွန်းး

နောက်များမှ အကြီးကို ရိုသေလေးစားတတ်အောင် သင်ပေးရအုံးမယ်...

ဒီကောင် သင်ကြားပေးမယ့် အကြီးမရှိလို့ ရိုင်းစိုင်းနေတာ။

( တော်တော်လေးကို အစ်ကိုကြီး ဖြစ်ချင်နေတဲ့ CEO ကြီးပါ 😆 )

ထွက်သွားပြီဖြစ်တဲ့ Sunghoon ရဲ့ ကျောပြင်ကို ကြည့်ပြီး နောက်ကနေ ကြိတ်မနိုင်ခဲမရ ဖြစ်စွာ အံတကြိတ်ကြိတ်နဲ့ မျက်လုံးကြီးပြူးပြီး ကျန်ခဲ့လေတဲ့ CEO ရယ်ပါ...

.
.
.

" ဘာ! မင်း ဒီမြို့ကနေ ထွက်သွားတော့မယ် ဟုတ်လား "

ထိုင်ရာကနေပါ ထပြီး အံ့သြတကြီး အော်လိုက်တဲ့ Jake ကြောင့် ဘေးခပ်လှမ်းလှမ်းက လူတွေပါ လှည့်ကြည့်လာကြတာကြောင့် Sunghoon မှာ Jake ကို ပြန်ဆွဲချကာ ထိုင်ခိုင်းလိုက်ပြီး

" တိုးတိုးပြောပါ သားကြီးရာ.. ဒါက ဒီလောက်အော်စရာလိုလို့လား "

" ရားး မင်း ဒီမြို့က ထွက်သွားမယ့် ကိစ္စကို ငါ မအံ့သြဘဲ နေမလားကွ "

" အဆန်းမှ မဟုတ်တာ သားကြီးရာ မအံ့သြပါနဲ့ "

" ဒါတော့ ငါလဲ ထင်မထားဘူး Sunghoon... မင်း ဘာတွေ စိတ်ကူးပြန်ပြီလဲ... ဒီလိုကြီးထိ လုပ်ဖို့က လိုလို့လား... မင်း သူ့ကို တကယ် စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီလား "

Jake ကပါ သူ့ဆုံးဖြတ်ချက်ကို ကန့်ကွက်သယောင် စကားများ ဆိုလာလေပြီမို့

" ဒါဆို ဘယ်လို လုပ်ရမလဲ... သူ့မှာ ရွေးချယ်စရာ မရှိဘူးလေ... ငါ့အတွက်နဲ့ အဆောကို မခက်ခဲစေချင်ဘူး...ဒါကြောင့် ငါ့ဘက်ကနေပဲ အလိုက်သိသိ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာ... "

" မင်း အဲ့ဒီလို ဆုံးဖြတ်တာက မင်းကိုယ်မင်း ယုံကြည်ချက်ရှိလို့လား သားကြီး... ငါကတော့ ပြန်စဉ်းစားစေချင်သေးတယ် "

" ထပ်ခါ ထပ်ခါ စဉ်းစားလဲ အ​ဖြေက ငါ ထွက်သွားဖို့အပြင် မရှိဘူးလေ သားကြီးရာ... ငါ့ဘက်ကပါ ဖိအားတွေ ထပ်ပေးရင် အဆော ငါနဲ့ ဟိုတစ်ယောက်ကြား ပိတ်မိပြီး ကြာရင် မွန်းကြပ်လာတော့မှာ... "

" အဲ့ဒါနဲ့ပဲ မင်းက ငါတို့ကို ထားသွားပြီး ထွက်သွားတော့မယ်ပေါ့ "

" တစ်နေ့နေ့တော့ မင်းတို့ရှိတဲ့ဆီကို ငါ ပြန်လာမှာပါ သားကြီးတို့ရာ... "

စကားပြောရင်း အသံတွေတိမ်ဝင်သွားတာကြောင့် Sunghoon မြစ်ပြင်ဆီကို အကြည့်တွေ ပို့ပစ်လိုက်ရင်း ရင်ထဲက လှိုက်တက်လာမှုကို အသက်ပြင်းပြင်း ရှိုက်၍ ထိန်းလိုက်သည်။

သူ အဆောကို အရမ်း သတိရနေတယ်လေ...

ဒီ ဟန်မြစ်ဘေးက ဒီနေရာလေးဟာ သူနဲ့ အဆောအတွက် အမှတ်တရတွေ ရှိခဲ့ဖူးတဲ့ နေရာလေး။

စ တွေ့တာက လမ်းထိပ်ပန်းခြံထဲမှာ ဆိုပေမယ့် စကားတွေပြောပြီး စတင် မိတ်ဆက်ခဲ့တာ ဒီကျောက်တုန်းတွေပေါ်မှာမလား...

သူ အခုချိန်ထိ မှတ်မိနေသေးတယ် အဆော ပြောခဲ့ဖူးတဲ့ စကားလေး တစ်ခွန်းကို...

* ကံကြမ္မာက ဆုံရဖို့အကြောင်းဖန်လာခဲ့ရင် ထပ်ဆုံကြရအုံးမှာပေါ့ * တဲ့...

ကံကြမ္မာကြီးက ဆုံကြဖို့ အကြောင်းတွေ ဖန်လာခဲ့ပေမယ့် တစ်သက်တာလုံးအတွက်တော့ ဟုတ်ဟန်မတူခဲ့...

မောင်တို့ တွေ့ဆုံဖို့ ရေစက်တွေ နည်းခဲ့တယ် အချစ်ရယ်...

မြစ်ပြင်ဆီက တိုက်ခတ်လာတဲ့ လေအေးအေးလေးကို ခံယူရင်း Sunghoon ရဲ့ အတွေးထဲမှာ ငွေရောင်ဆံနွယ်လေးတွေနဲ့ ထိုင်ငိုနေတဲ့ ကောင်ငယ်လေးရဲ့ ပုံရိပ်လေးတွေသာ ကြီးစိုးလို့ ပေါ့။

ဘေးနားက သူငယ်ချင်းနှစ်ယောက်ကလဲ Sunghoon ရဲ့ လက်ရှိ စိတ်အခြေအနေကို စာနာစွာ နားလည်စွာဖြင့် တိတ်တဆိတ်သာ နေပေးနေကြလေသည်။

သူတို့အနားမှာတော့ ရေ လှိုင်း ပုတ်သံများမှ အပ တိတ်ဆိတ်လို့...

.
.
.

နှစ်လခန့်ကြာပြီးနောက်...

" Dinner သွားဖို့ တကယ်ပဲ အဆင်ပြေရဲ့လား သားလေး"

Sunoo ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်လေး ထိုင်ကာ စားပွဲတင်ပန်းအိုးလေးထဲ ပန်းလေးတွေ ထိုးနေတုန်း မီးဖိုဆောင်ထဲက ထွက်လာတဲ့ မေမေက Jay ဖိတ်တဲ့ Dinner ပွဲရှိရာဆီသို့ တစ်ယောက်ထဲ
သွားရမည့်ကိစ္စကို မေးလာခြင်း ဖြစ်သည်။

ဘာရည်ရွယ်ချက်နဲ့မှန်းတော့ မသိပေမယ့် Jay ဟာ မိသားစုတွေ ဆုံမယ့် နေရာမှာ သူ့ကိုပါ ရှိစေချင်ပါတယ်ဆိုကာ ပြောလာတာကြောင့် သူ ခဏနေရင် Jay ပြောထားတဲ့ နေရာဆီကို သွားရပါအုံးမည်။

မေမေ စိတ်ပူနေမှာစိုးတာကြောင့် သူ အားတင်း၍ ပြုံးပြလိုက်ပြီး

" ပြေပါတယ် မေမေ... ဘာ မပြေစရာရှိလို့လဲ "

" လူကြီးတွေ ကြားမှာ သားလေး စိတ်ကျဉ်းကျပ်နေရမှာ စိုးလို့ပါ "

" သား နေတတ်ပါတယ် "

" ပြီးတော့ CEO နဲ့လဲ ပြဿနာတွေ မတက်စေချင်တော့ဘူးကွယ် "

" Jay နဲ့ က အားလုံး ပြောဆိုပြီးပါပြီ ... အားလုံး ပြေလည်နေပါပြီ "

" အေးပါ သားလေးရယ်... မေမေက ပြဿနာတွေ ထပ် ဖြစ်ကြမှာ စိုးရိမ်လို့ "

" ဘာ ပြဿနာမှ ဖြစ်စရာ မရှိတော့ပါဘူး မေမေရယ်... သား တို့ ပြေလည်ချိန် တန်နေပြီလေ "

" ဒါဆိုလဲ သား သွားဖို့ ပြင်ဆင်တော့လေ နောက်ကျနေမယ် "

" ဟုတ်ကဲ့ မေမေ... ဒါဆို သား အပေါ်တက်တော့မယ် နော် "

ထိုးလက်စ ပန်းအိုးလေးကို လက်စသတ်ကာ စားပွဲပေါ်တင်ပြီး အပေါ်ကို တက်သွားတဲ့ သားလေးကို သူမ မျက်စိတဆုံး လိုက်ကြည့်နေမိရင်း သက်ပြင်းပူတွေကိုသာ မှုတ်ထုတ်လိုက်မိသည်။

ဒီအမေ ရှေ့မှာမို့ သားလေး ဟန်ဆောင်ပြုံးပြနေမှန်း သိပေမယ့် သားလေးအပြုံးတွေဟာ အရင်လို အသက်မပါတော့။

လှုပ်ရှားမှုတွေတိုင်းကလဲ တက်ကြွမှု မရှိတော့သလိုသူမတို့ကမှ စကားစမပြောလျှင် တစ်ယောက်ထဲ အခန်းတံခါးပိတ်ပြီးသာ တိတ်ဆိတ်နေတတ်တာက ခပ်များများရယ်။

ပျော်ရွှင်တက်ကြွတဲ့ ကောင်ငယ်လေးအဖြစ်သာ မြင်လိုပေမယ့် သားလေးဟာ အရမ်းကို တိတ်ဆိတ်သွားကာ အေးစက်သွားတဲ့ ကောင်ငယ်လေးသာ ဖြစ်လို့သွားရသည်။

ဒီ အမေ အသုံးမကျမှုတွေ...

ဒီ အမေ ကာကွယ်မပေးနိုင်မှုတွေ...

သားလေးဆီမှာ ဖြစ်လာသမျှ နာကျင်စရာ ဖြစ်ရပ်တွေဟာ ဒီအမေ့ရဲ့ ညံ့ဖျင်းမှုတွေကြောင့်သာ...

Sunoo အချိန်အရမ်းနောက်မကျခင် သွားဖို့အတွက် ရေကို ခပ်မြန်မြန်ပဲ ချိုးလိုက်သည်။

Jay အိမ်မှာ Jay အဘွားနဲ့ အဖေ ရောက်နေတယ်ဆိုတာ သိပေမယ့် Sunoo နဲ့ တစ်ခါမှ မဆုံမိသေး။

လူကြီးတွေ ရှိနေလို့ပဲ Jay က သူ့အိမ်ကို မခေါ်သလားတော့မသိ။

Sunoo အဲ့ဒီ့ အိမ်ဘက်ကို မရောက်ဖြစ်တာ နှစ်လလောက်တောင် ရှိနေပါပြီ။

ပြောစရာရှိလျှင်တောင် Jay က Sunoo တို့အိမ်ကိုသာ လာပြီး ပြောတတ်သည်။

တစ်ယောက်ထဲ အထီးကျန်စွာ နေခဲ့တဲ့ Jay တစ်ယောက် ယခုလို ရုတ်တရက်ကြီး မိသားစုဝင်တွေနဲ့ အတူနေလိုက်ရတော့ ပါးစပ်ကသာ စိတ်ရှုပ်တယ် အော်နေပေမယ့် ကျေနပ်ပီတိဖြစ်နေတာကို မျက်နှာထက်မှာ မြင်နေရတာ အတိုင်းသား။

ဒါဆို မောင်ကရော...

သွေးသားရင်းချာတွေ ရှိပါရက်နဲ့ မောင်ဟာ ယခုချိန်ထိ တစ်ယောက်ထဲ အထီးကျန်စွာ ရှိနေဆဲပဲ...

ချစ်ရတဲ့သူနဲ့ အားလုံးကို ကျောခိုင်းပြီး Seoul မြို့ကြီးကနေ ထွက်ခွာသွားတဲ့ မောင်...

ထွက်သွားတယ်ဆိုတာကိုသာ သိရပြီး ဘယ်မှာ ရှိမှန်းလဲမသိရ။ ဘယ်မှာ နေမှန်းလဲ မသိရ။

ဘာသတင်းမှလဲ မရသလို၊ ဘယ်သူ့ကို မေးရမှန်းလဲ Sunoo မသိပါ။

အားလုံးနဲ့ အဆက်အသွယ် ဖြတ်ခံထားရတဲ့ ဘဝမှာ Sunoo ဘာတွေကိုမှလဲ သိရဖို့ မကြိုးစားဖြစ်တော့။

မောင်တစ်ယောက် ရုတ်တရက်ဆန်တဲ့ အပြောင်းအလဲတွေကြားမှာ နေသားမှ ကျပါရဲ့လား...

မောင် အဆင်မှ ပြေနေပါရဲ့လားလေ...

ဒီလိုတွေ စဉ်းစားမိလိုက်ရင် ဝဲဘက်ရင်အုံဟာ အောင့်မျက် နာကျင်၍ အသက်ရှူတွေ ကြပ်လာရတာ ကိုယ်သာ အသိဆုံး။

နှေးကွေးကုန်တဲ့ လှုပ်ရှားမှုတွေရယ်... ရေစက်ရေမွှားလေးတွေနဲ့အတူ စီးကျလာတဲ့ မျက်ရည်ပူတွေရယ်...

Sunoo ခေါင်းကိုမော့၍ ရေပန်းဆီမှ ကျလာတဲ့ ရေအေးတွေကို ခံယူရင်း အသံတိတ် ငိုကြွေးလိုက်မိပါရဲ့။

ရေစက်တွေနဲ့အတူ မျောပါသွားတဲ့ မျက်ရည်ပူတွေကို ဘယ်သူမှ မသိနိုင်ဘူးမလား...

သူ ဒီရက်ပိုင်းတွေမှာ ဒီလိုပဲ နာကျင်ခံစားရမှုတွေ၊ မောင့်အပေါ် တမ်းတမိတဲ့ လွမ်းဆွတ်မှုတွေကို အသံတိတ်ငိုကြွေးရင်း ဖုံးဖိထားရပါသည်။

Jay က ပြောတယ်... မောင်ကလဲ သူ့ကို အပြီးတိုင် စွန့်လွှတ်ဖို့ ကတိပေးပြီးသွားပြီတဲ့။

မောင်က အဆောရဲ့ ဆုံးဖြတ်ချက်ကို အသာတကြည် လက်ခံ ပေးတယ်တဲ့လေ။

အဆော သိပါတယ်။

မောင်ဟာ အဆောရဲ့ဆုံးဖြတ်ချက်တိုင်းကို စောဒကမတက် ချွင်းချက်မရှိ လက်ခံမယ်ဆိုတာကို။

ဘယ်သူ့ကိုမှ မထိခိုက်စေလိုတော့၍ Sunoo ဒီလို ဆုံးဖြတ်ရသလို မောင်ဟာလဲ မည်သူ့ကိုမျှ မထိခိုက်စေလို၍ လက်ခံပေးခြင်းဖြစ်တယ်ဆိုတာ သူ သိတာပေါ့။

ရယ်စရာတစ်ခုက Jay ဟာ သူ့ကို မောင်နဲ့ ထပ်မပတ်သက်တော့ပါဘူးဆိုတဲ့ ကတိကို ထပ်ခါ ထပ်ခါ တောင်းတယ်။

လမ်းတွေ့ရင်တောင် မသိသလိုပဲ နေပေးဖို့တွေအထိ။ ဒီကတိကို တောင်းတော့ သူ အသာပြုံးလိုက်မိပါသေးတယ်။

အရှုံးပေးထားပါတယ် ဆိုတာကိုမှ ထပ် ထပ်ပြီး အနိုင်လိုချင်ရတာဟာ ဘယ်လို အတ္တမျိုးတွေလဲ Jay ရယ်...

ရေပန်းအောက်မှာ အားရအောင် ငိုပြီးတဲ့အခါ ရေချိုးခန်းထဲက ထွက်ပြီး သွားဖို့ ပြင်ဆင်လိုက်သည်။

လူကြီးတွေနဲ့ တွေ့ရမှာမို့ အနည်းငယ် စိတ်လှုပ်ရှားမိတာတော့အမှန်။

သူ ပြင်ဆင်နေတုန်းမှာ Jay ဆီမှ ဖုန်းဝင်လာလေသည်။

သူ Company က ထွက်လာပြီနေပြီဆိုတဲ့ အကြောင်းနဲ့ ခဏနေရင် ကြိုဖို့ ကားရောက်မယ့်အကြောင်း ပြောကာ ဖုန်းချသွားလေသည်။

မမေ့မလျော့ မေးသွားသေးတာကတော့ အပြန် ဘာဝယ်ခဲ့ရမလဲဆိုတာပါပဲ။

ဟိုအရင် အချိန်တွေတုန်းကလို...

သူတို့ဘဝထဲကို မောင် ရောက်မလာခင်တုန်းက Jay သူ့အပေါ်ကို ဆက်ဆံသလို။

Jay ဟာ ကြားထဲက ဖြစ်ပျက်ခဲ့သမျှ ပြဿနာတွေကို မေ့ထားပြီး သူ့အပေါ် အရင်တုန်းကလိုသာ ဆက်ဆံလာခဲ့ပါတယ်။

တစ်ခါတစ်လေ နွေးထွေးပြလိုက်၊ တစ်ခါတစ်လေ ပစ်ပယ်ထားလိုက်၊ တစ်ခါတစ်လေ ကြမ်းတမ်းပြလိုက်၊ တစ်ခါတစ်လေ နူးညံ့ပြလိုက်နဲ့။

သူ့စိတ်ရဲ့ အတက်အကျအတိုင်း ကျွန်တော်ကတော့ အလိုက်သင့်လေးပဲပေါ့။

ကျေးဇူးတင်စရာ တစ်ခုကတော့ မင်္ဂလာပွဲကို ဘေဘီ့စိတ်တွေ တည်ငြိမ်သွားပြီဆိုမှ လုပ်မယ်လို့ ဆိုလာတဲ့ စကားလေးပါပဲ။

ကတိတည်စွာ Jay ဟာ မင်္ဂလာပွဲ အကြောင်း တစ်ခွန်းမှ ဟ မလာခဲ့။

.
.
.

တက်ကြွနေတဲ့ ခြေလှမ်းတွေနဲ့ Company ထဲကနေ ထွက်လာတဲ့ Jay။

အရင်လို ​ခြောက်ကပ်ကပ် မဟုတ်တော့ဘဲ စကားသံ ရယ်သံမောသံတွေနဲ့ စိုပြည်လာတဲ့ သူ့အိမ်ဂေဟာလေးဟာ သူ့ အလုပ်ပြန်ချိန်တိုင်းကို နွေးထွေးသွားစေတာအမှန်ပါ။

အိမ်ထဲကို ဝင်လိုက်တာနဲ့ အေးချမ်းတဲ့ အပြုံးလေးနဲ့ ကြိုဆိုနေတဲ့ အဘွားရယ်။

သူ ကြိုက်တတ်တာလေးတွေကို မီးဖိုထဲက မထွက် ကိုယ်တိုင်စီမံချက်ပြုတ်ပေးပြီး မနက်စာ ညစာတွေကို ပူပူနွေးနွေးလေး စားသုံးစေဖို့ ပြုလုပ်ပေးတဲ့ Daddy ရယ်။

သူ မကြည်ဖြူပါဘူးဆိုတာကို အပြုံးမပျက် အလုပ်ပြန်ဆင်းနေတဲ့ Heeseung hyung ကပါ တစ်ခါတစ်ရံ အလုပ်ပြန် အိမ်ကိုလိုက်လာပြီး ဟိုဟိုဒီဒီတွေ ချက်ပြုတ်စားသောက်ကာ ဆူညံတတ်သေးသည်။

ထိုအခါမျိုးတွေမှာ မျက်ခုံးတန်းတွေ တွန့်ချိုး မျက်မှောင်ကြီး ကျုံ့ထားပေမယ့် သူ့စိတ်ထဲ ကျေနပ်နေမိရတာကိုတော့ သူတို့ သိအောင် မပြောဖြစ်တော့။

ဒီနွေးထွေးမှုတွေအပေါ် အလွန်အကျွံတွေ ရစ်မူးမသွားမိဖို့ကိုလဲ သတိချပ်ရသေးသည်။

ဒါတွေဟာ တစ်ခဏတာ နွေးထွေးမှုတွေဆို ဘယ်လိုလုပ်မလဲ။

သူ ရင်းနီးကျွမ်းဝင်သွားပါပြီဆိုမှ သူ ဒီနွေးထွေးမှုတွေနဲ့ ကျင့်သားရပါပြီဆိုမှ အရင်လို တစ်ယောက်ထဲဘဝကို ပြန်ရောက်သွားရင် အထိနာရမှာက သူပဲမဟုတ်ဘူးလား။

ဒါပေမယ့် ဒီနေ့တော့ အားလုံးအတွက် ပျော်စရာ Surprise လေးတစ်ခုကို ဖန်တီးပေးချင်တာရော တစ်စုံတစ်ခုကို အတည်ပြုချင်တာရောကြောင့် Dinner လေးလုပ်ပေးဖို့ စီစဉ်လိုက်သည်။

သူ့ဆီက ဒါမျိုးတွေ မျှော်လင့်ထားဟန်မရှိတဲ့ ဘွားနဲ့ Mr. Park ကြီးကတော့ သူ့ဆီက Dinner ပွဲလေးအကြောင်း ကြားလိုက်ရတော့ ပျော်သွားကြတာ အမူအရာတွေက ဖုံးမရဖိမရ။

ကားပေါ်အရောက်မှာပဲ ဘွားဆီက ဖုန်းဝင်လာလေသည်။

" မြေးကြီးရေ ဘွားတို့ အိမ်က ထွက်လာကြပြီနော် " တဲ့

ဘွား မမြင်ရမှန်း သိပေမယ့် Jay ပြုံးပြုံးကြီးနဲ့ ခေါင်းလေးပါ ညိမ့်ပြလိုက်ရင်း

" ဟုတ်ကဲ့ ဘွား " လို့ ဆိုလိုက်မိတယ်။

ဒါဟာ လူကြီးကိုမို့ အရိုအသေပေးတာပါလေ။

ကျန်တာတွေ မပါဘူး။

At restaurant ...

Jay ဆိုင်ကိုရောက်တော့ ဘွားနဲ့ Mr. Park က ရောက်နှင့်နေလေသည်။

သူတို့ဘေးမှာတော့ အလုပ်ရှင်ထက် အရင် အလုပ်ဆင်းသွားတဲ့ အတွင်းရေးမှူး Lee...

သူက အလုပ်ရှင်လား ကိုယ်က အလုပ်ရှင်လား မသဲကွဲဘူး။

သူ ဝင်လာတာမြင်တော့ ဘွားက ကြည်လင်တောက်ပနေတဲ့ အပြုံးအေးအေးလေးနဲ့ ပြုံးပြကာ လက်လေးတစ်ဖက်ကို ကမ်းပေးလာလေသည်။

ဒါ သူ အလုပ်သွား အလုပ်ပြန် ဘွားကို နှုတ်ဆက်နေကျ အပြုအမူလေး တစ်ခု။

ဒါကလဲ သူ လုပ်ချင်လို့ မဟုတ်ဘူး... ဘွားက ကျင့်ပေးထားလို့ အကျင့်ပါနေလို့သာ။
( CEO ကြီးကို အထင်မလွဲကြပါနဲ့ 😁 )

ကမ်းပေးလာတဲ့ ဘွားရဲ့ လက်ဖဝါးလေးကို Jay ဖွဖွလေးကိုင်လိုက်ပြီး လက်ဖမိုးလေးပေါ် အနမ်းပေးလိုက်တော့ သဘောတကျနဲ့ ဘွားဟာ ပြုံးရယ်လို့ပေါ့။

ဪ ဒါနဲ့ ပြောဖို့မေ့နေတာက ဘွားဟာလဲ ဟိုကောင် Park Sunghoon လိုပဲ နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်လိုက်တဲ့အခါ ပါးပြင်လေးတစ်ဖက်မှာ ပါးချိုင့်ရာလေးဟာ ထင်းခနဲ။

ဒီလို အလှတရားမျိုးကိုကျ သူ့ဆီ အမွေမပေးဘဲ ဟိုကောင့်ကို ပေးတယ်။

သူ့ကိိုကျတော့ ဘိုးဘိုးနဲ့ တူတဲ့ အတ္တတွေ ဒေါသတွေကို ပေးပါသတဲ့။

ဘွားက ပြောတယ်..

" မြေးကြီးက မြေး ဘိုးဘိုး နဲ့ သိပ်တူတာပဲ " တဲ့။

" မြေးရဲ့ ဘိုးဘိုးကလဲ မြေးလို ဒေါသအရမ်းကြီးပြီး အရမ်း အနိုင်လိုချင်စိတ်တွေ ပြင်းပြတာပဲ " တဲ့ လေ။

ဘာပဲဖြစ်ဖြစ် သူ ကျေနပ်ပါတယ်။

အဘိုး အဘွားရဲ့ မျိုးရိုး ဗီဇ အမွေကို Park Sunghoon တစ်ယောက်တည်းရတာမဟုတ်ဘဲ သူပါ ရလို့။

" ပင်ပန်းနေပြီလား ဘွား မြေးလေး "

လက်ဖမိုးလေးဆီက နှုတ်ဆက်အနမ်းလေးကြောင့် ပီတိဖြာနေတဲ့ အပြုံးမျက်နှာလေးနဲ့ ဘွားက သူ့ပါးပေါ် လက်လေးတင်ပြီး နွေးနွေးထွေးထွေး မေးလာတဲ့အခါ

" မပင်ပန်းပါဘူး ဘွား... ဒါ လုပ်နေကျတွေပါ "

" အလုပ်တွေအပေါ် အရမ်း လောဘမကြီးနဲ့ မြေးရဲ့... ကိုယ့်ကိုကိုယ်လဲ အနားပေးအုံး... အဓိက က စိတ်ချမ်းသာမှုနဲ့ ကိုယ် ကျန်းမာ နေဖို့ပဲ "

" ဟုတ်ကဲ့ပါ ဘွား... ကျွန်တော် လောဘတွေ နည်းနိုင်သမျှ နည်းအောင် ကြိုးစားနေပါတယ် "

" ဒေါသစိတ်တွေကိုလဲ လျှော့ပါကွယ်... "

" ကျွန်တော့်စိတ်တွေ အေးချမ်းနေပါပြီ ဘွားရယ်... အရင်လို ဒေါသတွေ မရှိတော့ပါဘူး "

" ကောင်းတယ် မြေး... ဒါ ဘဝနေနည်း အမှန်ပဲ "

Jay နဲ့ ဘွား ပြောနေသမျှကို မျက်မှန်ကြီး တပင့်ပင့်နဲ့ သဘောတကျပြုံးကာ ငေးကြည့်နေတာကတော့ Mr. Park ပဲပေါ့။

ယခုအချိန်အထိ သား လုပ်သူဆီက Daddy ဆိုတဲ့ ခေါ်သံကို မကြားရသေးပေမယ့်လို့ အဘွားနဲ့တော့ လေပေးဖြောင့်ကာ နွေးထွေးစွာ ပြောဆိုနေတာတွေကြောင့် သူ့မှာ ပီတိဖြစ်နေရပါပြီလေ။

သူ သိပါတယ် သားက သူ့ကို မုန်းလို့ မခေါ်တာ မဟုတ်ဘဲ ခုထိ စိတ်ကောက် မပြေသေးဘူး ဆိုတာကို။

သား စိတ်ကောက်ပြေဖို့ကိုတော့ သူ့ဘက်က အစွမ်းကုန် ကြိုးစားရမှာပေါ့။

သူတို့တွေ စကားပြောဆိုနေကြတုန်းမှာ Sunoo ရောက်လာခဲ့ကာ Jay က ဘွားနဲ့ မိတ်ဆက် ပေးလေသည်။

" ဘွား ဒါ ကျွန်တော့် ဘေဘီ.. ဘယ်လိုလဲ ချစ်ဖို့ကောင်းတယ် မလား "

" လူတိုင်းကို ရင်အေးစေတဲ့ အပြုံးလှလှလေးနဲ့ ဒီလို ကလေးလေးကမှ ချစ်စရာမကောင်းရင် ဘယ်သူက ချစ်စရာကောင်းအုံးမှာလဲ မြေး ရဲ့"

ဘွားရဲ့ စကားမှာ Sunoo ပါးပြင်တွေ အရောင်ရင့်သွားကာ မျက်နှာလေး ငုံ့ကာ ရှက်နေမိရပါသည်။

Jay ရဲ့ Daddy ကတော့ အပြုံးနဲ့သာ ခေါင်းညိမ့်ပြပြီး ဘာမှတော့မပြော။

သူတို့ လူငယ်တွေ ကိစ္စကို လူကြီးတွေ အစအဆုံး သိကြပေမယ့် ဘာတစ်ခုမှ ဝင် မစွက်ဖက်ကြ။

ဒီလိုကိစ္စတွေက လူကြီးတွေ ဝင်ပါလို့ မကောင်းတာမို့ သူတို့ လူငယ်ချင်းသာ သင့်မြတ်အောင် ညှိနှိုင်းကြပါစေ ဆိုပြီး ဘေးကနေသာ အကဲခတ်နေကြလေသည်။

" လူစုံပြီဆိုရင် ဟင်းပွဲတွေ ချဖို့ ပြောလိုက်ရတော့မလား CEO "

အတွင်းရေးမှူး Lee က ဟင်းပွဲတွေ မှာဖို့ အပြောမှာ Jay လက်ကာပြလိုက်ကာ

" မစုံသေးဘူး အတွင်းရေးမှူး Lee... တစ်ယောက်လာဖို့ ကျန်နေသေးတယ် "

Jay စကားကြောင့် Sunoo ကျောလေး မတ်ခနဲ။

ခန္ဓာကိုယ်လေးပါ တောင့်တင်းသွားရကာ စိတ်ထဲကနေလဲ မဟုတ်ဖို့ ကြိတ်ပြီး ဆုတောင်း လိုက်မိသည်။

မတွေ့လိုပြီမို့ မဟုတ်ပါစေနဲ့လား မိုးနတ်မင်းကြီးရယ်...

လွမ်းလို့ ကျခဲ့တဲ့ မျက်ရည်တွေတောင် ရင်ထဲမှာ မခြောက်သေးဘူးမို့...

ဒီလို စိတ်အခြေအနေနဲ့ တွေ့လိုက်ရရင် သူ မျက်ရည်မဆယ်နိုင်မှာ စိုးပါတယ်လေ...

ဒါပေမယ့်...

ဒါပေမယ့်လည်း Sunoo ရဲ့ ဆုတောင်းတို့ ပြည့်မလာခဲ့ပါ။

တံခါးကို တွန်းဖွင့်လို့ သီးသန့်ခန်းလေးထဲကို ဝင်ရောက်လာတဲ့ မောင်...

Sunoo မှ လွဲ ကျန်သူအားလုံးက ဝမ်းသာအားရ ကြိုဆိုကြပြီး ဘွား ဆိုရင် မျက်ရည်တွေတောင် ကျလို့။

ပြန်တွေ့ခါရှိသေး အားလုံးကို အဆက်အသွယ်ဖြတ်ကာ အဝေးကိုထွက်သွားခဲ့တဲ့ မြေးငယ်ကို ဖက်ပြီး ငိုနေလိုက်တာ တော်တော်နဲ့ မျက်ရည်မဆဲ။

Sunoo ထိုမြင်ကွင်းတွေကို ကြည့်မနေနိုင်၍ ခေါင်းလေးသာ ငုံ့ချထားမိသည်။

Jay ကတော့ Sunoo နဲ့ Sunghoon ကို တလှည့်စီ ကြည့်ကာ အကဲခတ်နေလေသည်။

သူ သိချင်တာလဲ ဒါပဲလေ။

သူ အတည်ပြုချင်နေတာဟာ ဒါပါပဲ။

ဘေဘီ နဲ့ Sunghoon ကို ဒီလို မျက်နှာချင်း ဆိုင်ပေးလိုက်ရင် ဘယ်လိုနေမလဲ သူ အရမ်း သိချင်တယ်။

အဆောကို မဆက်သွယ်တော့ပါဘူး လို့ ကတိပေးပြီး ထွက်သွားတဲ့ Sunghoon နဲ့ Jay စိတ်ကြိုက်ပဲ နေပါ့မယ်လို့ ကတိပေးထားတဲ့ ဘေဘီ။

သူတို့ ကတိတွေ တည်နိုင်မလား သိချင်လို့ သူ ဒီ Dinner ကို အကြောင်းပြပြီး Sunghoon ကို လှမ်းဆက်သွယ်လိုက်တာ။

ဘယ်သူ့ကိုမှ သူ ဘယ်မှာရှိပါတယ်လို့ ပြောမသွားခဲ့တဲ့ Sunghoon က Jay ကိုတော့ဖြင့် သူ ဘယ်မှာရှိနေမယ်ဆိုတာကို ပြောပြသွားခဲ့တာကြောင့်လဲ ဆက်သွယ်ရ လွယ်ကူသွားတာပင်။

အကြောင်းပြချက် ကောင်းကောင်းလေးကတော့ ဘွားက တွေ့ချင်နေတယ် ဆိုတာပေါ့။

ဘွားနာမည်ကြားလို့ အပြေးအလွှား ရောက်လာတဲ့ Park Sunghoon ဘေဘီ့ကို တွေ့ရတဲ့အခါ ဘယ်လိုနေမလဲ...

Jay ရဲ့ သိမ်းငှက်မျက်လုံးတွေဟာ အကဲခတ်နေတာ စူးစူးရဲရဲ။

ညစာစားနေစဉ် တလျှောက်လုံး ဘေဘီကတော့ မျက်နှာမကောင်း။

ထမင်းကိုလဲ ဟုတ်တိပတ်တိ မစားဘဲ မျက်လွှာလေးချကာ ရှေ့မှာရှိနေတဲ့ ဟင်းတစ်မျိုးနဲ့သာ စားနေလေသည်။

Sunghoon ကတော့ ဘေဘီ့ကို တွေ့တွေ့ချင်း အံ့သြ သွားဟန်ပြပေမယ့် ဘွားရယ် Mr. Park ရယ်နဲ့သာ စကားဖောင်ဖွဲ့နေပြီး မျက်နှာတစ်ချက်မပျက် ညစာကို စားနေလေသည်။

သူ ရှေ့မှာမို့များ ဟန်ဆောင်နေကြလေသလား မသိ။

ပြန်ခါနီးမှာ Sunghoon က Jay ကို အပြင်ခေါ်ထုတ်လာပြီး

" အကြောင်းအရင်းက ဘာများလဲ CEO Park... ဘာအကြံနဲ့လဲ "

" ဘာကိုလဲ ချာတိတ် "

" ကျုပ် ဘာမေးတယ်ဆိုတာ ခင်ဗျား သိပါတယ်"

" စိတ်ဓာတ် စစ်ဆင်ရေးလို့ ခေါ်ရမလား...
အဟက်! မင်း ကြိုက်တဲ့ ခေါင်းစဉ် တပ်လို့ရပါတယ် "

" ကျွန်တော် ကတိပေးခဲ့ပြီးသား မဟုတ်လား.... ဘာလို့ အဆောကို အခက်တွေ့အောင်တွေ လုပ်နေရတာလဲ "

" မင်းတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ငါ အကြွင်းမဲ့ မယုံကြည်နိုင်သေးဘူး "

" ဒါနဲ့ပဲ ဒီလိုတွေ လုပ်စရာလား... ခင်ဗျား လူကြီးလူကောင်း ဆန်စမ်းပါ "

ခပ်ကြိတ်ကြိတ် အော်လိုက်တဲ့ Sunghoon ရဲ့ အသံက ထောင့်ကွယ်နေရာလေးမှာ မတိုးမကျယ်ထွက်လာခဲ့သည်။

အစမ်းသပ်ခံလိုက်ရတာကြောင့် Sunghoon သိပ်မကျေနပ်ချင်ပါ။

လူကြီးတွေ ရှေ့မို့ ဟန်ဆောင်ပြီး မျက်နှာမပျက်အောင် ထိန်းထားရပေမယ့် မျက်စိရှေ့မှာ မြင်နေရတဲ့ တုန်တုန်ယင်ယင် ကောင်ကလေးကြောင့် သူ ဒေါသတွေကို ထမင်းနဲ့ ကြိတ်မျိုချခဲ့ရတာ။

သူ့ကိုလဲ လှည့်မကြည့်ဘဲ ထမင်းကိုသာ ငုံ့စားနေတဲ့ အဆောရဲ့ လက်လေးတွေ တုန်ယင်နေခဲ့တာ သူ သေချာကို မြင်နေခဲ့ရတာလေ။

ဘယ်လောက် အနေခက်နေရှာမလဲ။

ဘယ်လောက် ခက်ခဲနေရှာမလဲ။

ဒီလိုတွေ အခက်မတွေ့စေလို၍ သူ ရှောင်ပုန်းနေခဲ့တာမဟုတ်လား။

ဒါကိုပဲ Jay ဟာ လူကြီးတွေကို အကြောင်းပြပြီး သူနဲ့ အဆောကို မျက်နှာချင်းဆိုင် တွေ့ပေးပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ပါသတဲ့။

ပြောရရင်တော့ သူတို့ စိတ်တွေကို စမ်းသပ်တာပေါ့။

" ငါ လူကြီးလူကောင်း ဆန်စေချင်ရင် မင်းတို့ လူမဆန်ခဲ့တာတွေ အရင်ထည့်ပြော ချာတိတ် "

" ကျစ်! မဆိုင်လိုက်တာဗျာ... "

Sunghoon စိတ်ပျက်လက်ပျက်နဲ့ ကျစ်စုတ်သပ်လိုက်ကာ ဆံပင်တွေထဲ လက်ထိုးထည့်ပြီး Jay ကို ကြည့်လိုက်သည်။

ဒီအခါမှာ ဆုံလိုက်ရတာက Jay ရဲ့ အေးစက်စက် မျက်ဝန်းတွေ။

" အဆောကို ဒီထက် ခက်ခဲအောင် မလုပ်ပါတော့နဲ့... ကျွန်တော် ပေးထားတဲ့ ကတိကို သေတဲ့အထိစောင့်ထိန်း​ပေးမှာမို့ ခင်ဗျား စိတ်ချထားလို့ရပါတယ်... ကျွန်တော် ထပ်ပြီး တောင်းဆိုတာပါ... အဆောကို ဘာအတွက်နဲ့မှ မခက်ခဲစေချင်တော့ဘူးဗျာ... "

နိမ့်တုန်မြင့်တုန် ရင်ဘတ်တစ်စုံနဲ့ အသက်ရှူသံတွေကို ထိန်းကာ ပြောနေတဲ့ Sunghoon ရဲ့ မျက်ဝန်းတွေဟာ အရည်ကြည်တို့ ရစ်သိုင်းလို့ပါပဲ။

အဲ့ဒီ့ အရည်ကြည်တွေ ပိုပြီး စုဝေးမလာစေရန် မျက်တောင်တွေကို မနားတမ်းပုတ်ခတ်ကာ ခါးထောက်၍ တစ်ဖက်ကို လှည့်သွားလေသည်။

Sunghoon ရဲ့ ထိုပုံစံကို မြင်ပြီး Jay တွေးလိုက်မိတာကာ သူ အလကားသပ်သပ် သံသယတွေ များနေမိတာလား လို့ပေါ့။

သူ့ဟာသူ အနည်ထိုင်ဖို့ ကြိုးစားနေကြတဲ့ ကလေးတွေကို သူ ခက်ခဲအောင် လုပ်လိုက်မိတာလား...

" Sorry ပဲ ချာတိတ်... မင်းတို့ကို ခက်ခဲစေဖို့ မရည်ရွယ်ပါဘူး... "

" ဒါပေမယ့် လုပ်ပြီးသွားပြီလေ... ဒီလိုတွေ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော် ဒီတစ်ခါ ဒီ့ထက် ဝေးတဲ့ နေရာကို ထွက်သွားရလိမ့်မယ်... ဘယ်သူ့ကိုမှ အသိမပေးဘဲနဲ့ပေါ့ "

" မသွားပါနဲ့... ဘွားက မင်းကို လိုအပ်နေတယ်... ငါလဲ ဒီလိုတွေ မလုပ်တော့မှာမို့ အရင်နေရာမှာပဲ ဆက်ရှိနေပေးပါ.... ဘွားအတွက် လိုအပ်လာရင် ငါ မင်းကို ဆက်သွယ်ရ လွယ်အောင်လို့ပါ "

" ခင်ဗျား စကား တည်ပါစေ နော် ဘဲကြီး "

တစ်ဖက်လှည့်နေရာမှ သူ့ဘက်ကို ချာခနဲ လှည့်ကြည့်လာပြီး မေးလိုက်တဲ့ Sunghoon ကြောင့်

" မင်း မျက်လုံးထဲမှာတော့ ငါ့ကို လူကြီးလူကောင်း လို့ မြင်စေချင်ပါသေးတယ် "

ပုခုံးတစ်ဖက် တွန့်ပြကာ ဖြေလိုက်တဲ့ Jay စကားကြောင့် Sunghoon နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးလိုက်ပြီး ပါးစောင်ကို လျှာနဲ့ ထိုးလိုက်သည်။

" ကြိုးစားပေါ့ ဗျာ... "

" ရားးး Park Sunghoon.. ရားး မင်းးး ငါ့ကို ဒီလိုတွေ လုပ်နေတာ များနေပြီနော်... ရားးးး "

ပြောပြီးတာနဲ့ နေရာကနေ တစ်ခါတည်း ထွက်လာခဲ့တော့ Jay အော်သံက နောက်ပါးဆီမှ ကပ်ပါလာခဲ့လေသည်။

ကျောခိုင်းလိုက်ပြီးမှ Sunghoon အားရပါးရ ပြုံးလိုက်မိတယ်။

အလကား... မဆိုးတတ်ဘဲနဲ့ လူဆိုးလုပ်ချင်နေတဲ့ ဘဲကြီး...

*************************************

Love you...

San Htarni 💙

5.9.2023

ZAWGYI

~ 41 ~

ဥဒဟို သြားလာေနၾကတဲ့ ေရာင္စုံကားေတြရဲ႕ၾကား ပုံမွန္ထက္ အနည္းငယ္ ျမန္ေနတဲ့ အရွိန္ႏႈန္းနဲ႕ ေျပးလႊားေနတဲ့ အနက္ေရာင္ေျပာင္လက္ေနတဲ့ ေနာက္ဆုံးေပၚ Model ျမင့္ ကားတစ္စီး။

ထိုကားထဲမွာေတာ့ တိတ္ဆိတ္ျခင္းကသာ ႀကီးစိုးေနကာ ေမာင္းသူေနရာက ေကာင္ေလးကလဲ မ်က္ေမွာင္ေတြ ကုတ္ခ်ထား၍ ေရွ႕တူရႉကိုသာ အာ႐ုံစိုက္ၿပီး ေမာင္းႏွင္ေနသလို...

ေဘးခုံမွာ ထိုင္ေနတဲ့ ေကာင္ေလးဟာလဲ ခပ္မွိုင္းမွိုင္း မ်က္ဝန္းေတြနဲ႕ ကားျပတင္းကေန အေဝးသို႔ ေငးၾကည့္ေနေလသည္။

ခဏအၾကာမွာေတာ့ ေဘးက ေကာင္ကေလးက ဘာေျပာလိုက္ရယ္မသိ။ ကားေလးဟာ လမ္းေၾကာင္း ေျပာင္းသြားကာ ဆိုင္ေလးတစ္ဆိုင္ေရွ႕သို႔ ထိုးရပ္သြားေလသည္။

ကားေပၚကေန ေရွ႕ဆင့္ေနာက္ဆင့္ ဆင္းလာၾကၿပီး ဆိုင္ထဲသို႔ ဝင္သြားတဲ့ အမ်ိဳးသား ႏွစ္ေယာက္ရဲ႕ ထင္ေပၚေနတဲ့ ပုံပန္းသ႑န္ေတြေၾကာင့္ ေဘးနားက ျဖတ္သြားျဖတ္လာ လူေတြရဲ႕ မ်က္ဝန္းအၾကည့္ေတြဟာ ထို ေကာင္ေလးႏွစ္ေယာက္ေနာက္မွာ ကပ္ၿငိ လို႔။

တစ္ေယာက္ကလည္း ရင့္က်က္တည္ၾကည္တဲ့အသြင္ကို ေဆာင္၍ ေခ်ာေမာခန့္ညားေနသေလာက္ ေနာက္တစ္ေယာက္ဟာလည္း ငယ္႐ြယ္ပ်ိဳျမစ္၍ တက္ႂကြလန္းဆန္းတဲ့ အသြင္ကို ေဆာင္ေနေလသည္။

ႏွစ္ေယာက္သား တူညီေနတဲ့ အခ်က္တစ္ခ်က္ကေတာ့ ေဘးဘက္ကို ေယာင္လို႔ေတာင္ လွည့္မၾကည့္တဲ့ သူတို႔ရဲ႕ မ်က္ဝန္းေတြေပါ့။

ခန့္ညားတဲ့ အမ်ိဳးသားရဲ႕ သိမ္းငွက္လို အၾကည့္စူးစူးေတြကလဲ ေရွ႕ကိုသာ စူးစိုက္ၾကည့္ေနသလို ငယ္႐ြယ္တဲ့ အသြင္နဲ႕ ေကာင္ေခ်ာေလးရဲ႕ ညွို႔အားျပင္းျပင္း မ်က္ဝန္းအစုံဟာလဲ ေရွ႕လားရာကိုမွ လြဲ ေဘးကို ေခ်ာ္မထြက္ခဲ့။

ဆိုင္ေလးရဲ႕ ေထာင့္က်က် စားပြဲမွာ ေနရာယူလိုက္ၾကၿပီး ေနရာတက် ထိုင္ၿပီးတဲ့ေနာက္မွာ waiter ေလးကို မွာစရာရွိတာ မွာၾကားေနေလသည္။

ထိုအမ်ိဳးသား ႏွစ္ေယာက္ကေတာ့...

CEO Park Jong Seong နဲ႕ Park Sunghoon တိို႔ပဲေပါ့။

တကယ္တမ္းက Mr. Park ရဲ႕ မရမက ခိုင္းေစမႈေၾကာင့္ Jay တစ္ေယာက္ ဘြားနဲ႕ လာေတြ႕တဲ့ Sunghoon ကို Sunghoon ရဲ႕ Condo ရွိရာသို႔ ျပန္လိုက္ပို႔ေပးျခင္းျဖစ္သည္။

US မွ အဘြား ေရာက္လာၿပီ ျဖစ္ေသာ​ေၾကာင့္ အားလုံး Jay ရဲ႕အိမ္မွာ စုၿပီး ေတြ႕ၾကဖို႔ စီစဥ္​လိုက္ၾကျခင္းသာ။

ထိုအစီအစဥ္ဟာ အိမ္ရွင္ျဖစ္တဲ့ Jay ရဲ႕ သေဘာတူညီခ်က္ေတာ့ မပါလိုက္။

Mr. Park နဲ႕ Heeseung တို႔ စီစဥ္လိုက္ၾကျခင္းပင္ ျဖစ္သည္။

အထုတ္အပိုးေတြနဲ႕ သူ႕အိမ္ကို ေျပာင္းလာတဲ့ အေဖျဖစ္သူနဲ႕ Heeseung တို႔ေၾကာင့္ မ်က္လုံးျပဴးႀကီးနဲ႕ အံ့ၾသမွင္သက္မိေနလို႔မွ မၿပီးေသး...

အဘြား ေရာက္လာရင္ ေျမးႏွစ္ေယာက္လုံးကို ေတြ႕ခ်င္တယ္လို႔ မွာထားလို႔ Sunghoon ကို ကိုယ္တိုင္သြားေခၚပါလို႔ ခိုင္းလိုက္တဲ့ အေဖျဖစ္သူေၾကာင့္ သူ႕မွာ ေသြးေတြ တက္ၿပီး ဂုတ္ေၾကာႀကီး ေတာင့္သြားရေသးသည္။

ဘယ္လိုေတြေတာင္ ပိုင္စိုးပိုင္နင္းေတြ လုပ္ေနရတာလဲ Mr. Park ႀကီးရယ္...

အေဖဆိုတဲ့ ပါဝါေတြ စြတ္ျပၿပီး ခိုင္းေနေတာ့တာပဲ။

Lee Heeseung ကို သြားေခၚခိုင္းဆိုေတာ့ အဘြားကို သြားႀကိဳရမွာမို႔ မျဖစ္ပါတဲ့။

ဒါနဲ႕ပဲ ၿပိဳင္မျငင္းခ်င္ေတာ့တာနဲ႕ သြားေခၚေပးလိုက္ေတာ့ အျပန္ လိုက္ပို႔တဲ့ တာဝန္ဟာလဲ သူပဲျဖစ္လို႔ သြားရသည္။

တခ်ိန္က အမွားေတြအတြက္နဲ႕ အတၱႀကီးခဲ့မႈေတြအတြက္ ေျမးႏွစ္ေယာက္လုံးကို ဖက္ငိုၿပီး ေတာင္းပန္ခဲ့တဲ့ ဘြားေၾကာင့္ ဘယ္ေလာက္ပဲ စိတ္ေျပမေပးဘူးလို႔ ေတြးထားေပမယ့္ Jay ေရာ Sunghoon ပါ မ်က္ရည္ေတြ က်ခဲ့ရပါေသးသည္။

ဘြားက သူ႕ရဲ႕ ပိုင္ဆိုင္သမွ်ေတြကို ညီကိုႏွစ္ေယာက္ကို အညီအမွ် ခြဲေဝေပးၿပီး လုပ္လက္စ လုပ္ငန္းေတြကို သူတို႔ ႏွစ္ေယာက္အား ဦးစီးခိုင္းမည္ ဆိုတဲ့ အစီအစဥ္ကိုေတာ့ျဖင့္ Jay ေရာ Sunghoon ေရာက လက္မခံခဲ့။

Jay ကလဲ အားလုံး ျပည့္စုံေနၿပီးသားမို႔ လက္မခံပါဘူး ေျပာခဲ့သလို Sunghoon ဟာလဲ မိသားစုဆိုတဲ့ ႏြေးေထြးတဲ့ ေမတၱာေတြကလြဲ က်န္တာ အလိုမရွိပါ..တဲ့။

အဲ့ဒီ့အခ်ိန္ခဏမွာ Sunghoon ကိုၾကည့္ၿပီး Jay ေတြးလိုက္မိတာက ဒီေကာင္ေလးက လိုခ်င္ေလာဘေတြ နည္းပါးလြန္းလိုက္တာလို႔ ေပါ့။

ဒီလို သူတို႔ႏွစ္ေယာက္ ေခါင္းမာမႈေတြေၾကာင့္ အေမြလႊဲေျပာင္းျခင္း ကိစၥဟာ အထ မေျမာက္လိုက္။

ေရွးေဟာင္း ႏွောင္းျဖစ္ေတြ ေျပာၾကဆိုၾက အတူမရွိခဲ့တဲ့ ရက္ေတြအစား အတိုးခ်၍ အလြမ္းသယ္ၾကနဲ႕ အခ်ိန္တစ္ခု ေရာက္တဲ့အခါမွာေတာ့ Sunghoon က ျပန္ရန္ ႏႈတ္ဆက္ေလသည္။

မခြဲခ်င္ေသးတဲ့ ဘြား ကေတာ့ ငိုတာေပါ့။ ျဖစ္နိုင္ရင္ အတူလာေနဖို႔နဲ႕ မေနနိုင္ရင္လဲ မၾကာမၾကာ လာလည္ဖို႔ေတြ မ်က္ရည္ေလး စမ္းစမ္း စမ္းစမ္းနဲ႕ ေျပာရွာသည္။

ဘယ္လိုျဖစ္ၿပီးမ်ား Sunghoon နဲ႕ သူ႕ကို တစ္အိမ္တည္း အတူေနဖို႔ ေျပာပါလိမ့္ ဘြားရယ္။

မထင္ရင္မထင္သလို ရန္ေတြ ထသတ္ကုန္မွျဖင့္။

ဒီလိုနဲ႕ ျပန္လိုက္ပို႔တဲ့ အျပန္လမ္းမွာ Park Sunghoon ဆိုတဲ့ေကာင္က လမ္းတစ္ဝက္မွာ ကားရပ္ခိုင္းၿပီး စကားေျပာရေအာင္ ဟု ဆိုလာေလသျဖင့္ အနီးဆုံးက ေကာ္ဖီဆိုင္ေလးတစ္ဆိုင္မွာ ဝင္ထိုင္ေနၾကျခင္း ျဖစ္၏။

ထိုင္ထိုင္ခ်င္း ဘာစကားတစ္ခြန္းမွ ထြက္မလာတဲ့ Sunghoon က တစ္စုံတစ္ရာကို ေတြးေတာေနဟန္ျဖင့္ မ်က္ႏွာေပၚမွာ ေလးနက္မႈေတြ အျပည့္။

ခဏအၾကာမွာေတာ့ ေမးခြန္းတစ္ခုနဲ႕ အစျပဳကာ စကားစလာေလေတာ့သည္။

" ကြၽန္ေတာ္ CEO ကို တစ္ခုေလာက္ ေမးၾကည့္ခ်င္တယ္... ေမးလို႔ရမလား "

" ေမးပါ "

တပ္ထားတဲ့ မ်က္မွန္ကို ခြၽတ္၍ စားပြဲေပၚ ပစ္တင္လိုက္ရင္း Jay, Sunghoon ကို ေမးဆတ္ ျပကာ ခြင့္ျပဳလိုက္၏။

ထိုအခါ Park Sunghoon က သူ႕မ်က္ႏွာကို တည့္တည့္ၾကည့္လာကာ ေမးခြန္းတစ္ခုကို ထပ္ ေမးလာျပန္ပါသည္။

" CEO အေဆာကို တကယ္ ခ်စ္ခဲ့ရဲ႕လား..."

မေမွ်ာ္လင့္ဘဲ ၾကားလိုက္ရတဲ့ Sunghoon ရဲ႕ ေမးခြန္းေၾကာင့္ Jay ရဲ႕ ခပ္ထူထူ မ်က္ခုံးတန္းႏွစ္ခု ပင့္တက္သြားရကာ

" ဘာလို႔ ေမးတာလဲ "

" သိခ်င္လို႔ပါ "

Sunghoon ရဲ႕ အမူအရာကေတာ့ ခပ္ေအးေအးသာ...

" မခ်စ္ရင္ ဘယ္သူက ပိုင္ဆိုင္ခ်င္မွာလဲ... ငါ ေဘဘီ့ကို အဆုံးရႈံးမခံနိုင္တာက ခ်စ္လို႔ပဲ ေပါ့ "

" ေသခ်ာရဲ႕လား CEO "

" မင္းက ဘာကို အတည္ျပဳခ်င္ေနတာလဲ "

Sunghoon ရဲ႕မယုံမၾကည္စကားေၾကာင့္ Jay မ်က္ေမွာင္က်ဳံ႕ကာ အလိုမက်စြာ ေမးလိုက္ေတာ့ Sunghoon က

" ဒါဆို CEO စိတ္အလိုမက်တိဳင္း အေဆာကို စိတ္ဒဏ္ရာ ေပးေနတာေတြက အခ်စ္လား.. ကိုယ္ ခ်စ္တဲ့သူရဲ႕ စိတ္ဆႏၵက ဘာဆိုတာ မၾကည့္ေပးဘဲ အရာရာ ကိုယ့္သေဘာအတိုင္းပဲ ျပဳမူေနတာေတြက အေဆာ အေပၚ ခ်စ္တဲ့ CEO ရဲ႕ အခ်စ္လား "

" ငါ သိထားတဲ့ အခ်စ္ဆိုတာ ရယူပိုင္ဆိုင္ဖို႔ပဲ Park Sunghoon... အဲ့အတြက္ ငါခ်စ္တဲ့သူ ငါ့အနား ရွိေနဖို႔ဆို ဘယ္လို လုပ္ရက္ေတြပဲ လုပ္ရလုပ္ရ လုပ္ေနအုံးမွာပဲ... အဓိက က သူ ငါ့ေဘးမွာ ရွိေနဖို႔ပဲ "

" မေပ်ာ္႐ႊင္လဲ ရလား... ေဘးနားမွာ ရွိေနၿပီး မေပ်ာ္မ႐ႊင္ ျဖစ္ေနလဲ ရတာလား CEO... သူ႕ရဲ႕ ေပ်ာ္႐ႊင္မႈကို အေလးမထားေတာ့ဘူးလား ဟင္"

" အရာရာ ျပည့္စုံေနၿပီး လိုတိုင္းတ ရေနတဲ့ ဘဝမွာ ဘယ္သူက မေပ်ာ္ဘဲ ေနမွာလဲ Park Sunghoon.. မေပ်ာ္လဲ ခဏေပါ့... အဲ့အတြက္ ဘာကို ဂ႐ုစိုက္ေနရအုံးမွာလဲ "

တဖက္ကမ္းခတ္ အတၱႀကီးလြန္းေနတဲ့ CEO ရဲ႕စကားေၾကာင့္ Sunghoon တခဏတာ ဆြံ႕အ သြားရေလေတာ့သည္။ ပါးစပ္အေဟာင္းသားနဲ႕ ေတာ္ေတာ္နဲ႕ စကားမေျပာနိုင္ေအာင္ ျဖစ္ေနရၿပီးမွ

" ခင္ဗ်ား ေတာ္ေတာ္ အတၱႀကီးတဲ့ လူပဲ Park Jong Seong... အေဆာကို ခ်စ္ပါတယ္ဆိုတဲ့ ခင္ဗ်ားက တကယ္တမ္းေတာ့ ခင္ဗ်ားကိုယ္ခင္ဗ်ား ခ်စ္ေနတာပဲ... ခ်စ္ပါတယ္ဆိုၿပီး တစ္ခါေလာက္ေတာင္မွ အေဆာဘက္ကို လွည့္ၾကည့္ေပးခဲ့ဖူးရဲ႕လား "

" ထင္လို႔ပါ ခ်ာတိတ္... ငါ သူ႕ကို အမ်ားႀကီး ၾကည့္ေပးခဲ့ၿပီးၿပီ... သူလိုခ်င္တဲ့ လြတ္လပ္မႈ၊ ေပ်ာ္႐ႊင္မႈ၊ စိတ္ခ်မ္းသာမႈ အားလုံး အားလုံးပဲ... အဲ့ဒီ ရလဒ္အေနနဲ႕ ငါ ဘာ ျပန္ရလိုက္လဲ သိလား... မင္း ခန့္မွန္းၾကည့္စမ္း Park Sunghoon... "

Sunghoon ဘာမွ ျပန္မေျဖေတာ့ Jay ဆီက ၾကားလိုက္ရတဲ့ ေျခာက္ကပ္ကပ္ ရယ္သံတစ္ခု။

" အဟက္ ဟက္.. ငါ ရင္ကြဲရမယ့္ အျဖစ္ေတြေပါ့ Park Sunghoon ရဲ႕... ငါ့ ရင္ ကြဲေစမယ့္ ျဖစ္ရပ္မ်ိဳးေတြကိုပဲ ေ႐ြးလုပ္ၿပီး ငါနဲ႕သူ႕ရဲ႕ ဘဝထဲကို မင္း ဆိုတဲ့ အပိုလူတစ္ေယာက္ကို ေခၚလာခဲ့တယ္ေလ... မင္း စဥ္းစားၾကည့္စမ္း.... မင္း သူ႕အနားကို ေရာက္လာခဲ့တဲ့ အခ်ိန္က စလို႔ ငါတို႔ေတြ ဘယ္ေလာက္ ရႈပ္ေထြးခဲ့ၾကလဲ ဆိုတာ... ဘယ္လို ျဖစ္ရပ္ေတြထိ ျဖစ္ခဲ့ၾကလဲဆိုတာ... အဲ့ဒီ့ ျဖစ္ရပ္ေတြေၾကာင့္ ငါအေတာ္ေလး ေခါင္းကိုက္ေနရၿပီ...သူ ငါ့အေပၚ မလိမ္မာခဲ့ဘူး... ငါ ေပးထားတဲ့အရာရာတိုင္းနဲ႕ ထိုက္တန္မႈ မရွိခဲ့ဘူး... "

အေဝးကိုေငးၿပီး စကားေတြေျပာေနတဲ့ CEO ရဲ႕ မ်က္ႏွာေပၚမွာ တကယ္ကို နာက်င္ခံခက္ေနဟန္ေတြ တစ္စုံတစ္ရာကို ေနာင္တရေနဟန္ေတြက အတိုင္းသား...

ဒီအရိပ္အေယာင္ေတြဟာ ဘာအတြက္မ်ား ျဖစ္နိုင္ပါသလဲေလ...

ေဘဘီ သူ႕အနားက ထြက္ခြာသြားဖို႔ သူကိုယ္တိုင္ လမ္းဖြင့္ေပးလိုက္မိတာကိုပဲ ေနာင္တရေနသလား...

သူကိုယ္တိုင္ ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ ပန္းေလးတစ္ပြင့္က တျခားေနရာမွာ ရနံ႕သင္းေနတာကိုမ်ား ခံရခက္ေနေလသလား...

ဒါကိုေတာ့ျဖင့္ CEO မွ တပါး ဘယ္သူမွ သိနိုင္လိမ့္မယ္ မဟုတ္ပါဘူး။

" ဒါဆို အေဆာကို ဘယ္လို လုပ္မယ္လို႔ စဥ္းစားထားပါသလဲ... CEO ေျပာသလို တကယ္ပဲ အဓိပၸါယ္မရွိတဲ့ ေ႐ြးခ်ယ္မႈေတြနဲ႕ ပိတ္ေလွာင္ေတာ့မလို႔လား "

" ငါ့အတြက္ေတာ့ သိပ္ကို အဓိပၸါယ္ရွိတယ္ Park Sunghoon... ငါ ေျပာၿပီးပါေရာ... ဘယ္လိုနည္းလမ္းပဲ သုံးရ သုံးရ အဓိက က ေဘဘီ ငါ့ေဘးနားရွိေနဖို႔ပဲ... မင္းနဲ႕ငါ ညီကိုေတြ ဆိုေပမယ့္လည္း ငါ မင္းကို အေလွ်ာ့ေပးမွာ မဟုတ္ဘူး Park Sunghoon... ကိုယ့္ အေျခအေနကို သိတယ္ဆိုရင္ အခ်ိန္ကုန္ခံ မေနဘဲ ေစာေစာစီးစီး လစ္ လိုက္ေတာ့ "

ထိုစကားေၾကာင့္ Sunghoon ခပ္ေရးေရးၿပဳံးလိုက္မိေတာ့ ဘာရယ္တာလဲ ဆိုတဲ့ အၾကည့္နဲ႕ ခပ္စူးစူးၾကည့္လာတဲ့ CEO...

" မင္းကေရာ ငါ့ကို ဒါေတြ ဘာလို႔ ေမးေနတာလဲ ေျပာစမ္းပါအုံး "

" ကြၽန္ေတာ္ အေဆာကို စိတ္ခ်ခ်င္လို႔ပါ "

ဒီစကားေတြကိုေတာ့ Sunghoon, CEO ရဲ႕ မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ တစ္ခြန္းခ်င္း ေလးေလးနက္နက္ ေျပာလိုက္မိသည္။

ဟုတ္တယ္ ေမာင့္အတြက္နဲ႕ အေဆာကို မခက္ခဲေစခ်င္ဘူး...

မနာက်င္ေစခ်င္ဘူး...

ၿပီးေတာ့ အဓိပၸါယ္မရွိတဲ့ ေ႐ြးခ်ယ္မႈေတြေၾကာင့္နဲ႕ အေဆာ ရင္နာရမယ့္အျဖစ္ကို ေမာင္ မလိုခ်င္ဘူးေလ...

ေမာင္ စြန့္လႊတ္ရမယ္ဆိုရင္ေတာင္ အေဆာ ေပ်ာ္႐ႊင္ေနမွ ျဖစ္မွာမို႔...

" CEO ဘက္က အေဆာကို တစ္သက္လုံး ေပ်ာ္႐ႊင္ေအာင္ ထားနိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိပါသလား ... ကြၽန္ေတာ္ ေနာက္ဆုတ္ေပးလိုက္မယ္ဆိုရင္ အေဆာ တကယ္ပဲ ေပ်ာ္ရမွာလား CEO "

" သိပ္ေသခ်ာတာေပါ့ "

တိက်ေသခ်ာၿပီး ပိုင္နိုင္တဲ့ အၿပဳံးတစ္ခုကို ေမာ္ေမာ္ႂကြားႂကြား ၿပဳံးလိုက္တဲ့ CEO ရဲ႕ မ်က္ႏွာဟာ ယုံၾကည္ခ်က္အျပည့္နဲ႕ပါပဲ။

လိုတာေတြ ျဖည့္ဆည္းေပးေနသမွ် ေကာင္ငယ္ေလး ေပ်ာ္ေနမယ္ ထင္မိတာေၾကာင့္။

" အေဆာကို ခက္ခဲတဲ့ ေ႐ြးခ်ယ္မႈေတြ မလုပ္ခိုင္းဘဲ ေပါ့ေပါ့ပါးပါးေလးနဲ႕ လြတ္လပ္ေပ်ာ္႐ႊင္ေနတဲ့ ေကာင္ေလးတစ္ေယာက္အျဖစ္ပဲ အၿမဲတမ္း ရွိေနပါေစ CEO... ကြၽန္ေတာ္ အေဆာကို CEO ဆီ အပ္ပါတယ္... တစ္သက္လုံးအတြက္ စိတ္ခ်ပါရေစ... "

" ...... "

" ဒါေပမယ့္ တစ္ခုေလးပဲ ေတာင္းဆိုပါရေစ.. အေဆာအေပၚထားတဲ့ CEO ရဲ႕ အတၱေတြကို နည္းနည္းေလာက္ပဲ ျဖစ္ျဖစ္ ေလွ်ာ့ေပးေစခ်င္တယ္... ဒါကိုေတာ့ ကြၽန္ေတာ္ အၿမဲတမ္း ေစာင့္ၾကည့္ေနမွာမို႔..."

" ဟိုး ဟိုး ဟိုးထား Park Sunghoon shi... ကိုယ္က မင္းလိုခ်ာတိတ္ေလးက ေစာင့္ၾကည့္တာကို ခံမယ့္လူလို႔ ထင္ေနတာလား... ဒါဆိုရင္ေတာ့ မွားမွာေပါ့.. ဘယ္သူ႕ေစာင့္ၾကည့္မႈမွ မပါဘဲ ငါ ေဘဘီ့ကို ေသခ်ာေပါက္ ေပ်ာ္ေအာင္ ထားနိုင္တယ္ "

" တကယ္လို႔ CEO က အေဆာကို ေပ်ာ္ေအာင္ မထားနိုင္ဘူးဆိုရင္ေရာ... "

Sunghoon ရဲ႕ ေသြးထိုးစမ္း စကားေၾကာင့္ Jay မခံခ်ိမခံသာ ျဖစ္သြားရကာ

" မင္းက ဘာကို ေမွ်ာ္လင့္ေနတာလဲ.. ငါ့မွာ တကယ္လို႔ ဆိုတာ မရွိဘူးကြ.. ေသခ်ာတယ္ဆိုတာပဲ ရွိတယ္... အဲ့ဒါ မင္း ၿမဲၿမဲ မွတ္ထား "

" အဟင္းးး ဟုတ္ပါၿပီ CEO.. ကြၽန္ေတာ္ ယုံၾကည္ေနပါ့မယ္ "

အၿပဳံးမပ်က္ သေဘာေတြ ေကာင္းျပေနတဲ့ Park Sunghoon ရဲ႕ ပုံစံက တကယ့္ကို ထူးထူးဆန္းဆန္းပါပဲ။

အခါခါတိုင္း သူတို႔ႏွစ္ေယာက္ ထိပ္တိုက္ေတြ႕ရင္ စကားလုံးေတြနဲ႕ တစ္ေယာက္ကိုတစ္ေယာက္ ေထ့ၾကရင္း ေငါ့ၾကရင္း ရန္သတ္ေနၾကရတာခ်ည္း မလား။

ခုေတာ့ျဖင့္ သူ႕ဘက္က ဘာမွ မေျပာရေသးခင္မွာပဲ ေဘဘီ့ကို လက္ေလွ်ာ့ပါ့မယ္ေတြ စိတ္ခ်ခ်င္ပါတယ္ေတြ လုပ္ေနေလေတာ့ မဟုတ္မွ...

Jay ေခါင္းထဲေရာက္လာတဲ့ အေတြးတစ္စေၾကာင့္ သိခ်င္စိတ္ျဖင့္ မေနနိုင္စြာ အေလာတႀကီး ေမးလိုက္မိတဲ့ စကားက

" မင္း ဘာလို႔ ေဘဘီ့ကို လက္ေလွ်ာ့လိုက္တာလဲ... ငါက မင္း အစ္ကိုႀကီး ျဖစ္ေနလို႔မ်ားလား "

" အစ္ကိုႀကီး ျဖစ္ခ်င္ေနတာလား ဆုေတာင္းေလ CEO... ေနာင္ဘဝက်ရင္ေတာ့ ျပည့္ရင္ ျပည့္မွာေပါ့ "

ၿပဳံးစိစိ မ်က္ႏွာနဲ႕ ပုခုံးတစ္ဖက္ တြန့္ျပကာ ခ်က္ခ်င္းျပန္ေျဖလာတဲ့ Park Sunghoon စကားေၾကာင့္ Jay မ်က္ႏွာဟာ ရွိန္းခနဲ ပူသြားရကာ အိုးတို႔အမ္းတမ္းေတြ ျဖစ္သြားၿပီး

" ရားးး Park Sunghoon! မင္း စကားကို... ရားး..ရားးးး "

ေျပာစရာစကားေတြ ေပ်ာက္ရွကာ ရွက္စိတ္ေၾကာင့္ မ်က္ႏွာႀကီး နီၿပီး မ်က္လုံးျပဴးႀကီးနဲ႕ ထ ေအာ္ေနတဲ့ Jay...

ခ်ီးး မလို႔ ငါ့ပါးစပ္က ဒီစကားႀကီး ထြက္သြားရတာလား...

သူ႕မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ ခုံကေန ၿပဳံးစိစိမ်က္ႏွာနဲ႕ ထထြက္သြားတဲ့ Sunghoon ကိုၾကည့္ၿပီး ကိုယ့္ကိုကိုယ္သာ ႀကိမ္ဆဲၿပီးရင္း ႀကိမ္ဆဲေနမိေတာ့သည္။

ဟုတ္ေတာ့လဲ ဟုတ္ပါတယ္ေလ...

ကိုယ္ ဆိုတာကလဲ ညီအစ္ကိုေတြမို႔ဆိုၿပီး အေလွ်ာ့ေပးခ်င္စရာမွ မရွိခဲ့တာကိုးး။

ဒါေပမယ့္လည္း ဒီေကာင္ စကားကို ဒီလိုႀကီး ေျပာလိုက္စရာလား...

ဒီေကာင္... ဒီေကာင္ Park Sunghoon ဆိုတဲ့ ေကာင္...

အႀကီးကို ေလးစားရေကာင္းမွန္း တစက္ေလးမွ မသိဘူး...

အရိုင္းအစိုင္းေကာင္...

ဟြန္းး

ေနာက္မ်ားမွ အႀကီးကို ရိုေသေလးစားတတ္ေအာင္ သင္ေပးရအုံးမယ္...

ဒီေကာင္ သင္ၾကားေပးမယ့္ အႀကီးမရွိလို႔ ရိုင္းစိုင္းေနတာ။

( ေတာ္ေတာ္ေလးကို အစ္ကိုႀကီး ျဖစ္ခ်င္ေနတဲ့ CEO ႀကီးပါ 😆 )

ထြက္သြားၿပီျဖစ္တဲ့ Sunghoon ရဲ႕ ေက်ာျပင္ကို ၾကည့္ၿပီး ေနာက္ကေန ႀကိတ္မနိုင္ခဲမရ ျဖစ္စြာ အံတႀကိတ္ႀကိတ္နဲ႕ မ်က္လုံးႀကီးျပဴးၿပီး က်န္ခဲ့ေလတဲ့ CEO ရယ္ပါ...

.
.
.

" ဘာ! မင္း ဒီၿမိဳ႕ကေန ထြက္သြားေတာ့မယ္ ဟုတ္လား "

ထိုင္ရာကေနပါ ထၿပီး အံ့ၾသတႀကီး ေအာ္လိုက္တဲ့ Jake ေၾကာင့္ ေဘးခပ္လွမ္းလွမ္းက လူေတြပါ လွည့္ၾကည့္လာၾကတာေၾကာင့္ Sunghoon မွာ Jake ကို ျပန္ဆြဲခ်ကာ ထိုင္ခိုင္းလိုက္ၿပီး

" တိုးတိုးေျပာပါ သားႀကီးရာ.. ဒါက ဒီေလာက္ေအာ္စရာလိုလို႔လား "

" ရားး မင္း ဒီၿမိဳ႕က ထြက္သြားမယ့္ ကိစၥကို ငါ မအံ့ၾသဘဲ ေနမလားကြ "

" အဆန္းမွ မဟုတ္တာ သားႀကီးရာ မအံ့ၾသပါနဲ႕ "

" ဒါေတာ့ ငါလဲ ထင္မထားဘူး Sunghoon... မင္း ဘာေတြ စိတ္ကူးျပန္ၿပီလဲ... ဒီလိုႀကီးထိ လုပ္ဖို႔က လိုလို႔လား... မင္း သူ႕ကို တကယ္ စြန့္လႊတ္ဖို႔ ဆုံးျဖတ္လိုက္ၿပီလား "

Jake ကပါ သူ႕ဆုံးျဖတ္ခ်က္ကို ကန့္ကြက္သေယာင္ စကားမ်ား ဆိုလာေလၿပီမို႔

" ဒါဆို ဘယ္လို လုပ္ရမလဲ... သူ႕မွာ ေ႐ြးခ်ယ္စရာ မရွိဘူးေလ... ငါ့အတြက္နဲ႕ အေဆာကို မခက္ခဲေစခ်င္ဘူး...ဒါေၾကာင့္ ငါ့ဘက္ကေနပဲ အလိုက္သိသိ ထြက္သြားဖို႔ ဆုံးျဖတ္လိုက္တာ... "

" မင္း အဲ့ဒီလို ဆုံးျဖတ္တာက မင္းကိုယ္မင္း ယုံၾကည္ခ်က္ရွိလို႔လား သားႀကီး... ငါကေတာ့ ျပန္စဥ္းစားေစခ်င္ေသးတယ္ "

" ထပ္ခါ ထပ္ခါ စဥ္းစားလဲ အ​ေျဖက ငါ ထြက္သြားဖို႔အျပင္ မရွိဘူးေလ သားႀကီးရာ... ငါ့ဘက္ကပါ ဖိအားေတြ ထပ္ေပးရင္ အေဆာ ငါနဲ႕ ဟိုတစ္ေယာက္ၾကား ပိတ္မိၿပီး ၾကာရင္ မြန္းၾကပ္လာေတာ့မွာ... "

" အဲ့ဒါနဲ႕ပဲ မင္းက ငါတို႔ကို ထားသြားၿပီး ထြက္သြားေတာ့မယ္ေပါ့ "

" တစ္ေန႕ေန႕ေတာ့ မင္းတို႔ရွိတဲ့ဆီကို ငါ ျပန္လာမွာပါ သားႀကီးတို႔ရာ... "

စကားေျပာရင္း အသံေတြတိမ္ဝင္သြားတာေၾကာင့္ Sunghoon ျမစ္ျပင္ဆီကို အၾကည့္ေတြ ပို႔ပစ္လိုက္ရင္း ရင္ထဲက လွိုက္တက္လာမႈကို အသက္ျပင္းျပင္း ရွိုက္၍ ထိန္းလိုက္သည္။

သူ အေဆာကို အရမ္း သတိရေနတယ္ေလ...

ဒီ ဟန္ျမစ္ေဘးက ဒီေနရာေလးဟာ သူနဲ႕ အေဆာအတြက္ အမွတ္တရေတြ ရွိခဲ့ဖူးတဲ့ ေနရာေလး။

စ ေတြ႕တာက လမ္းထိပ္ပန္းၿခံထဲမွာ ဆိုေပမယ့္ စကားေတြေျပာၿပီး စတင္ မိတ္ဆက္ခဲ့တာ ဒီေက်ာက္တုန္းေတြေပၚမွာမလား...

သူ အခုခ်ိန္ထိ မွတ္မိေနေသးတယ္ အေဆာ ေျပာခဲ့ဖူးတဲ့ စကားေလး တစ္ခြန္းကို...

* ကံၾကမၼာက ဆုံရဖို႔အေၾကာင္းဖန္လာခဲ့ရင္ ထပ္ဆုံၾကရအုံးမွာေပါ့ * တဲ့...

ကံၾကမၼာႀကီးက ဆုံၾကဖို႔ အေၾကာင္းေတြ ဖန္လာခဲ့ေပမယ့္ တစ္သက္တာလုံးအတြက္ေတာ့ ဟုတ္ဟန္မတူခဲ့...

ေမာင္တို႔ ေတြ႕ဆုံဖို႔ ေရစက္ေတြ နည္းခဲ့တယ္ အခ်စ္ရယ္...

ျမစ္ျပင္ဆီက တိုက္ခတ္လာတဲ့ ေလေအးေအးေလးကို ခံယူရင္း Sunghoon ရဲ႕ အေတြးထဲမွာ ေငြေရာင္ဆံႏြယ္ေလးေတြနဲ႕ ထိုင္ငိုေနတဲ့ ေကာင္ငယ္ေလးရဲ႕ ပုံရိပ္ေလးေတြသာ ႀကီးစိုးလို႔ ေပါ့။

ေဘးနားက သူငယ္ခ်င္းႏွစ္ေယာက္ကလဲ Sunghoon ရဲ႕ လက္ရွိ စိတ္အေျခအေနကို စာနာစြာ နားလည္စြာျဖင့္ တိတ္တဆိတ္သာ ေနေပးေနၾကေလသည္။

သူတို႔အနားမွာေတာ့ ေရ လွိုင္း ပုတ္သံမ်ားမွ အပ တိတ္ဆိတ္လို႔...

.
.
.

ႏွစ္လခန့္ၾကာၿပီးေနာက္...

" Dinner သြားဖို႔ တကယ္ပဲ အဆင္ေျပရဲ႕လား သားေလး"

Sunoo ဧည့္ခန္းထဲမွာ ၿငိမ္ၿငိမ္ေလး ထိုင္ကာ စားပြဲတင္ပန္းအိုးေလးထဲ ပန္းေလးေတြ ထိုးေနတုန္း မီးဖိုေဆာင္ထဲက ထြက္လာတဲ့ ေမေမက Jay ဖိတ္တဲ့ Dinner ပြဲရွိရာဆီသို႔ တစ္ေယာက္ထဲ
သြားရမည့္ကိစၥကို ေမးလာျခင္း ျဖစ္သည္။

ဘာရည္႐ြယ္ခ်က္နဲ႕မွန္းေတာ့ မသိေပမယ့္ Jay ဟာ မိသားစုေတြ ဆုံမယ့္ ေနရာမွာ သူ႕ကိုပါ ရွိေစခ်င္ပါတယ္ဆိုကာ ေျပာလာတာေၾကာင့္ သူ ခဏေနရင္ Jay ေျပာထားတဲ့ ေနရာဆီကို သြားရပါအုံးမည္။

ေမေမ စိတ္ပူေနမွာစိုးတာေၾကာင့္ သူ အားတင္း၍ ၿပဳံးျပလိုက္ၿပီး

" ေျပပါတယ္ ေမေမ... ဘာ မေျပစရာရွိလို႔လဲ "

" လူႀကီးေတြ ၾကားမွာ သားေလး စိတ္က်ဥ္းက်ပ္ေနရမွာ စိုးလို႔ပါ "

" သား ေနတတ္ပါတယ္ "

" ၿပီးေတာ့ CEO နဲ႕လဲ ျပႆနာေတြ မတက္ေစခ်င္ေတာ့ဘူးကြယ္ "

" Jay နဲ႕ က အားလုံး ေျပာဆိုၿပီးပါၿပီ ... အားလုံး ေျပလည္ေနပါၿပီ "

" ေအးပါ သားေလးရယ္... ေမေမက ျပႆနာေတြ ထပ္ ျဖစ္ၾကမွာ စိုးရိမ္လို႔ "

" ဘာ ျပႆနာမွ ျဖစ္စရာ မရွိေတာ့ပါဘူး ေမေမရယ္... သား တို႔ ေျပလည္ခ်ိန္ တန္ေနၿပီေလ "

" ဒါဆိုလဲ သား သြားဖို႔ ျပင္ဆင္ေတာ့ေလ ေနာက္က်ေနမယ္ "

" ဟုတ္ကဲ့ ေမေမ... ဒါဆို သား အေပၚတက္ေတာ့မယ္ ေနာ္ "

ထိုးလက္စ ပန္းအိုးေလးကို လက္စသတ္ကာ စားပြဲေပၚတင္ၿပီး အေပၚကို တက္သြားတဲ့ သားေလးကို သူမ မ်က္စိတဆုံး လိုက္ၾကည့္ေနမိရင္း သက္ျပင္းပူေတြကိုသာ မႈတ္ထုတ္လိုက္မိသည္။

ဒီအေမ ေရွ႕မွာမို႔ သားေလး ဟန္ေဆာင္ၿပဳံးျပေနမွန္း သိေပမယ့္ သားေလးအၿပဳံးေတြဟာ အရင္လို အသက္မပါေတာ့။

လႈပ္ရွားမႈေတြတိုင္းကလဲ တက္ႂကြမႈ မရွိေတာ့သလိုသူမတို႔ကမွ စကားစမေျပာလွ်င္ တစ္ေယာက္ထဲ အခန္းတံခါးပိတ္ၿပီးသာ တိတ္ဆိတ္ေနတတ္တာက ခပ္မ်ားမ်ားရယ္။

ေပ်ာ္႐ႊင္တက္ႂကြတဲ့ ေကာင္ငယ္ေလးအျဖစ္သာ ျမင္လိုေပမယ့္ သားေလးဟာ အရမ္းကို တိတ္ဆိတ္သြားကာ ေအးစက္သြားတဲ့ ေကာင္ငယ္ေလးသာ ျဖစ္လို႔သြားရသည္။

ဒီ အေမ အသုံးမက်မႈေတြ...

ဒီ အေမ ကာကြယ္မေပးနိုင္မႈေတြ...

သားေလးဆီမွာ ျဖစ္လာသမွ် နာက်င္စရာ ျဖစ္ရပ္ေတြဟာ ဒီအေမ့ရဲ႕ ညံ့ဖ်င္းမႈေတြေၾကာင့္သာ...

Sunoo အခ်ိန္အရမ္းေနာက္မက်ခင္ သြားဖို႔အတြက္ ေရကို ခပ္ျမန္ျမန္ပဲ ခ်ိဳးလိုက္သည္။

Jay အိမ္မွာ Jay အဘြားနဲ႕ အေဖ ေရာက္ေနတယ္ဆိုတာ သိေပမယ့္ Sunoo နဲ႕ တစ္ခါမွ မဆုံမိေသး။

လူႀကီးေတြ ရွိေနလို႔ပဲ Jay က သူ႕အိမ္ကို မေခၚသလားေတာ့မသိ။

Sunoo အဲ့ဒီ့ အိမ္ဘက္ကို မေရာက္ျဖစ္တာ ႏွစ္လေလာက္ေတာင္ ရွိေနပါၿပီ။

ေျပာစရာရွိလွ်င္ေတာင္ Jay က Sunoo တို႔အိမ္ကိုသာ လာၿပီး ေျပာတတ္သည္။

တစ္ေယာက္ထဲ အထီးက်န္စြာ ေနခဲ့တဲ့ Jay တစ္ေယာက္ ယခုလို ႐ုတ္တရက္ႀကီး မိသားစုဝင္ေတြနဲ႕ အတူေနလိုက္ရေတာ့ ပါးစပ္ကသာ စိတ္ရႈပ္တယ္ ေအာ္ေနေပမယ့္ ေက်နပ္ပီတိျဖစ္ေနတာကို မ်က္ႏွာထက္မွာ ျမင္ေနရတာ အတိုင္းသား။

ဒါဆို ေမာင္ကေရာ...

ေသြးသားရင္းခ်ာေတြ ရွိပါရက္နဲ႕ ေမာင္ဟာ ယခုခ်ိန္ထိ တစ္ေယာက္ထဲ အထီးက်န္စြာ ရွိေနဆဲပဲ...

ခ်စ္ရတဲ့သူနဲ႕ အားလုံးကို ေက်ာခိုင္းၿပီး Seoul ၿမိဳ႕ႀကီးကေန ထြက္ခြာသြားတဲ့ ေမာင္...

ထြက္သြားတယ္ဆိုတာကိုသာ သိရၿပီး ဘယ္မွာ ရွိမွန္းလဲမသိရ။ ဘယ္မွာ ေနမွန္းလဲ မသိရ။

ဘာသတင္းမွလဲ မရသလို၊ ဘယ္သူ႕ကို ေမးရမွန္းလဲ Sunoo မသိပါ။

အားလုံးနဲ႕ အဆက္အသြယ္ ျဖတ္ခံထားရတဲ့ ဘဝမွာ Sunoo ဘာေတြကိုမွလဲ သိရဖို႔ မႀကိဳးစားျဖစ္ေတာ့။

ေမာင္တစ္ေယာက္ ႐ုတ္တရက္ဆန္တဲ့ အေျပာင္းအလဲေတြၾကားမွာ ေနသားမွ က်ပါရဲ႕လား...

ေမာင္ အဆင္မွ ေျပေနပါရဲ႕လားေလ...

ဒီလိုေတြ စဥ္းစားမိလိုက္ရင္ ဝဲဘက္ရင္အုံဟာ ေအာင့္မ်က္ နာက်င္၍ အသက္ရႉေတြ ၾကပ္လာရတာ ကိုယ္သာ အသိဆုံး။

ႏွေးေကြးကုန္တဲ့ လႈပ္ရွားမႈေတြရယ္... ေရစက္ေရမႊားေလးေတြနဲ႕အတူ စီးက်လာတဲ့ မ်က္ရည္ပူေတြရယ္...

Sunoo ေခါင္းကိုေမာ့၍ ေရပန္းဆီမွ က်လာတဲ့ ေရေအးေတြကို ခံယူရင္း အသံတိတ္ ငိုေႂကြးလိုက္မိပါရဲ႕။

ေရစက္ေတြနဲ႕အတူ ေမ်ာပါသြားတဲ့ မ်က္ရည္ပူေတြကို ဘယ္သူမွ မသိနိုင္ဘူးမလား...

သူ ဒီရက္ပိုင္းေတြမွာ ဒီလိုပဲ နာက်င္ခံစားရမႈေတြ၊ ေမာင့္အေပၚ တမ္းတမိတဲ့ လြမ္းဆြတ္မႈေတြကို အသံတိတ္ငိုေႂကြးရင္း ဖုံးဖိထားရပါသည္။

Jay က ေျပာတယ္... ေမာင္ကလဲ သူ႕ကို အၿပီးတိုင္ စြန့္လႊတ္ဖို႔ ကတိေပးၿပီးသြားၿပီတဲ့။

ေမာင္က အေဆာရဲ႕ ဆုံးျဖတ္ခ်က္ကို အသာတၾကည္ လက္ခံ ေပးတယ္တဲ့ေလ။

အေဆာ သိပါတယ္။

ေမာင္ဟာ အေဆာရဲ႕ဆုံးျဖတ္ခ်က္တိုင္းကို ေစာဒကမတက္ ခြၽင္းခ်က္မရွိ လက္ခံမယ္ဆိုတာကို။

ဘယ္သူ႕ကိုမွ မထိခိုက္ေစလိုေတာ့၍ Sunoo ဒီလို ဆုံးျဖတ္ရသလို ေမာင္ဟာလဲ မည္သူ႕ကိုမွ် မထိခိုက္ေစလို၍ လက္ခံေပးျခင္းျဖစ္တယ္ဆိုတာ သူ သိတာေပါ့။

ရယ္စရာတစ္ခုက Jay ဟာ သူ႕ကို ေမာင္နဲ႕ ထပ္မပတ္သက္ေတာ့ပါဘူးဆိုတဲ့ ကတိကို ထပ္ခါ ထပ္ခါ ေတာင္းတယ္။

လမ္းေတြ႕ရင္ေတာင္ မသိသလိုပဲ ေနေပးဖို႔ေတြအထိ။ ဒီကတိကို ေတာင္းေတာ့ သူ အသာၿပဳံးလိုက္မိပါေသးတယ္။

အရႈံးေပးထားပါတယ္ ဆိုတာကိုမွ ထပ္ ထပ္ၿပီး အနိုင္လိုခ်င္ရတာဟာ ဘယ္လို အတၱမ်ိဳးေတြလဲ Jay ရယ္...

ေရပန္းေအာက္မွာ အားရေအာင္ ငိုၿပီးတဲ့အခါ ေရခ်ိဳးခန္းထဲက ထြက္ၿပီး သြားဖို႔ ျပင္ဆင္လိုက္သည္။

လူႀကီးေတြနဲ႕ ေတြ႕ရမွာမို႔ အနည္းငယ္ စိတ္လႈပ္ရွားမိတာေတာ့အမွန္။

သူ ျပင္ဆင္ေနတုန္းမွာ Jay ဆီမွ ဖုန္းဝင္လာေလသည္။

သူ Company က ထြက္လာၿပီေနၿပီဆိုတဲ့ အေၾကာင္းနဲ႕ ခဏေနရင္ ႀကိဳဖို႔ ကားေရာက္မယ့္အေၾကာင္း ေျပာကာ ဖုန္းခ်သြားေလသည္။

မေမ့မေလ်ာ့ ေမးသြားေသးတာကေတာ့ အျပန္ ဘာဝယ္ခဲ့ရမလဲဆိုတာပါပဲ။

ဟိုအရင္ အခ်ိန္ေတြတုန္းကလို...

သူတို႔ဘဝထဲကို ေမာင္ ေရာက္မလာခင္တုန္းက Jay သူ႕အေပၚကို ဆက္ဆံသလို။

Jay ဟာ ၾကားထဲက ျဖစ္ပ်က္ခဲ့သမွ် ျပႆနာေတြကို ေမ့ထားၿပီး သူ႕အေပၚ အရင္တုန္းကလိုသာ ဆက္ဆံလာခဲ့ပါတယ္။

တစ္ခါတစ္ေလ ႏြေးေထြးျပလိုက္၊ တစ္ခါတစ္ေလ ပစ္ပယ္ထားလိုက္၊ တစ္ခါတစ္ေလ ၾကမ္းတမ္းျပလိုက္၊ တစ္ခါတစ္ေလ ႏူးညံ့ျပလိုက္နဲ႕။

သူ႕စိတ္ရဲ႕ အတက္အက်အတိုင္း ကြၽန္ေတာ္ကေတာ့ အလိုက္သင့္ေလးပဲေပါ့။

ေက်းဇူးတင္စရာ တစ္ခုကေတာ့ မဂၤလာပြဲကို ေဘဘီ့စိတ္ေတြ တည္ၿငိမ္သြားၿပီဆိုမွ လုပ္မယ္လို႔ ဆိုလာတဲ့ စကားေလးပါပဲ။

ကတိတည္စြာ Jay ဟာ မဂၤလာပြဲ အေၾကာင္း တစ္ခြန္းမွ ဟ မလာခဲ့။

.
.
.

တက္ႂကြေနတဲ့ ေျခလွမ္းေတြနဲ႕ Company ထဲကေန ထြက္လာတဲ့ Jay။

အရင္လို ​ေျခာက္ကပ္ကပ္ မဟုတ္ေတာ့ဘဲ စကားသံ ရယ္သံေမာသံေတြနဲ႕ စိုျပည္လာတဲ့ သူ႕အိမ္ေဂဟာေလးဟာ သူ႕ အလုပ္ျပန္ခ်ိန္တိုင္းကို ႏြေးေထြးသြားေစတာအမွန္ပါ။

အိမ္ထဲကို ဝင္လိုက္တာနဲ႕ ေအးခ်မ္းတဲ့ အၿပဳံးေလးနဲ႕ ႀကိဳဆိုေနတဲ့ အဘြားရယ္။

သူ ႀကိဳက္တတ္တာေလးေတြကို မီးဖိုထဲက မထြက္ ကိုယ္တိုင္စီမံခ်က္ျပဳတ္ေပးၿပီး မနက္စာ ညစာေတြကို ပူပူႏြေးႏြေးေလး စားသုံးေစဖို႔ ျပဳလုပ္ေပးတဲ့ Daddy ရယ္။

သူ မၾကည္ျဖဴပါဘူးဆိုတာကို အၿပဳံးမပ်က္ အလုပ္ျပန္ဆင္းေနတဲ့ Heeseung hyung ကပါ တစ္ခါတစ္ရံ အလုပ္ျပန္ အိမ္ကိုလိုက္လာၿပီး ဟိုဟိုဒီဒီေတြ ခ်က္ျပဳတ္စားေသာက္ကာ ဆူညံတတ္ေသးသည္။

ထိုအခါမ်ိဳးေတြမွာ မ်က္ခုံးတန္းေတြ တြန့္ခ်ိဳး မ်က္ေမွာင္ႀကီး က်ဳံ႕ထားေပမယ့္ သူ႕စိတ္ထဲ ေက်နပ္ေနမိရတာကိုေတာ့ သူတို႔ သိေအာင္ မေျပာျဖစ္ေတာ့။

ဒီႏြေးေထြးမႈေတြအေပၚ အလြန္အကြၽံေတြ ရစ္မူးမသြားမိဖို႔ကိုလဲ သတိခ်ပ္ရေသးသည္။

ဒါေတြဟာ တစ္ခဏတာ ႏြေးေထြးမႈေတြဆို ဘယ္လိုလုပ္မလဲ။

သူ ရင္းနီးကြၽမ္းဝင္သြားပါၿပီဆိုမွ သူ ဒီႏြေးေထြးမႈေတြနဲ႕ က်င့္သားရပါၿပီဆိုမွ အရင္လို တစ္ေယာက္ထဲဘဝကို ျပန္ေရာက္သြားရင္ အထိနာရမွာက သူပဲမဟုတ္ဘူးလား။

ဒါေပမယ့္ ဒီေန႕ေတာ့ အားလုံးအတြက္ ေပ်ာ္စရာ Surprise ေလးတစ္ခုကို ဖန္တီးေပးခ်င္တာေရာ တစ္စုံတစ္ခုကို အတည္ျပဳခ်င္တာေရာေၾကာင့္ Dinner ေလးလုပ္ေပးဖို႔ စီစဥ္လိုက္သည္။

သူ႕ဆီက ဒါမ်ိဳးေတြ ေမွ်ာ္လင့္ထားဟန္မရွိတဲ့ ဘြားနဲ႕ Mr. Park ႀကီးကေတာ့ သူ႕ဆီက Dinner ပြဲေလးအေၾကာင္း ၾကားလိုက္ရေတာ့ ေပ်ာ္သြားၾကတာ အမူအရာေတြက ဖုံးမရဖိမရ။

ကားေပၚအေရာက္မွာပဲ ဘြားဆီက ဖုန္းဝင္လာေလသည္။

" ေျမးႀကီးေရ ဘြားတို႔ အိမ္က ထြက္လာၾကၿပီေနာ္ " တဲ့

ဘြား မျမင္ရမွန္း သိေပမယ့္ Jay ၿပဳံးၿပဳံးႀကီးနဲ႕ ေခါင္းေလးပါ ညိမ့္ျပလိုက္ရင္း

" ဟုတ္ကဲ့ ဘြား " လို႔ ဆိုလိုက္မိတယ္။

ဒါဟာ လူႀကီးကိုမို႔ အရိုအေသေပးတာပါေလ။

က်န္တာေတြ မပါဘူး။

At restaurant ...

Jay ဆိုင္ကိုေရာက္ေတာ့ ဘြားနဲ႕ Mr. Park က ေရာက္ႏွင့္ေနေလသည္။

သူတို႔ေဘးမွာေတာ့ အလုပ္ရွင္ထက္ အရင္ အလုပ္ဆင္းသြားတဲ့ အတြင္းေရးမႉး Lee...

သူက အလုပ္ရွင္လား ကိုယ္က အလုပ္ရွင္လား မသဲကြဲဘူး။

သူ ဝင္လာတာျမင္ေတာ့ ဘြားက ၾကည္လင္ေတာက္ပေနတဲ့ အၿပဳံးေအးေအးေလးနဲ႕ ၿပဳံးျပကာ လက္ေလးတစ္ဖက္ကို ကမ္းေပးလာေလသည္။

ဒါ သူ အလုပ္သြား အလုပ္ျပန္ ဘြားကို ႏႈတ္ဆက္ေနက် အျပဳအမူေလး တစ္ခု။

ဒါကလဲ သူ လုပ္ခ်င္လို႔ မဟုတ္ဘူး... ဘြားက က်င့္ေပးထားလို႔ အက်င့္ပါေနလို႔သာ။
( CEO ႀကီးကို အထင္မလြဲၾကပါနဲ႕ 😁 )

ကမ္းေပးလာတဲ့ ဘြားရဲ႕ လက္ဖဝါးေလးကို Jay ဖြဖြေလးကိုင္လိုက္ၿပီး လက္ဖမိုးေလးေပၚ အနမ္းေပးလိုက္ေတာ့ သေဘာတက်နဲ႕ ဘြားဟာ ၿပဳံးရယ္လို႔ေပါ့။

ဪ ဒါနဲ႕ ေျပာဖို႔ေမ့ေနတာက ဘြားဟာလဲ ဟိုေကာင္ Park Sunghoon လိုပဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးရယ္လိုက္တဲ့အခါ ပါးျပင္ေလးတစ္ဖက္မွာ ပါးခ်ိဳင့္ရာေလးဟာ ထင္းခနဲ။

ဒီလို အလွတရားမ်ိဳးကိုက် သူ႕ဆီ အေမြမေပးဘဲ ဟိုေကာင့္ကို ေပးတယ္။

သူ႕ကိိုက်ေတာ့ ဘိုးဘိုးနဲ႕ တူတဲ့ အတၱေတြ ေဒါသေတြကို ေပးပါသတဲ့။

ဘြားက ေျပာတယ္..

" ေျမးႀကီးက ေျမး ဘိုးဘိုး နဲ႕ သိပ္တူတာပဲ " တဲ့။

" ေျမးရဲ႕ ဘိုးဘိုးကလဲ ေျမးလို ေဒါသအရမ္းႀကီးၿပီး အရမ္း အနိုင္လိုခ်င္စိတ္ေတြ ျပင္းျပတာပဲ " တဲ့ ေလ။

ဘာပဲျဖစ္ျဖစ္ သူ ေက်နပ္ပါတယ္။

အဘိုး အဘြားရဲ႕ မ်ိဳးရိုး ဗီဇ အေမြကို Park Sunghoon တစ္ေယာက္တည္းရတာမဟုတ္ဘဲ သူပါ ရလို႔။

" ပင္ပန္းေနၿပီလား ဘြား ေျမးေလး "

လက္ဖမိုးေလးဆီက ႏႈတ္ဆက္အနမ္းေလးေၾကာင့္ ပီတိျဖာေနတဲ့ အၿပဳံးမ်က္ႏွာေလးနဲ႕ ဘြားက သူ႕ပါးေပၚ လက္ေလးတင္ၿပီး ႏြေးႏြေးေထြးေထြး ေမးလာတဲ့အခါ

" မပင္ပန္းပါဘူး ဘြား... ဒါ လုပ္ေနက်ေတြပါ "

" အလုပ္ေတြအေပၚ အရမ္း ေလာဘမႀကီးနဲ႕ ေျမးရဲ႕... ကိုယ့္ကိုကိုယ္လဲ အနားေပးအုံး... အဓိက က စိတ္ခ်မ္းသာမႈနဲ႕ ကိုယ္ က်န္းမာ ေနဖို႔ပဲ "

" ဟုတ္ကဲ့ပါ ဘြား... ကြၽန္ေတာ္ ေလာဘေတြ နည္းနိုင္သမွ် နည္းေအာင္ ႀကိဳးစားေနပါတယ္ "

" ေဒါသစိတ္ေတြကိုလဲ ေလွ်ာ့ပါကြယ္... "

" ကြၽန္ေတာ့္စိတ္ေတြ ေအးခ်မ္းေနပါၿပီ ဘြားရယ္... အရင္လို ေဒါသေတြ မရွိေတာ့ပါဘူး "

" ေကာင္းတယ္ ေျမး... ဒါ ဘဝေနနည္း အမွန္ပဲ "

Jay နဲ႕ ဘြား ေျပာေနသမွ်ကို မ်က္မွန္ႀကီး တပင့္ပင့္နဲ႕ သေဘာတက်ၿပဳံးကာ ေငးၾကည့္ေနတာကေတာ့ Mr. Park ပဲေပါ့။

ယခုအခ်ိန္အထိ သား လုပ္သူဆီက Daddy ဆိုတဲ့ ေခၚသံကို မၾကားရေသးေပမယ့္လို႔ အဘြားနဲ႕ေတာ့ ေလေပးေျဖာင့္ကာ ႏြေးေထြးစြာ ေျပာဆိုေနတာေတြေၾကာင့္ သူ႕မွာ ပီတိျဖစ္ေနရပါၿပီေလ။

သူ သိပါတယ္ သားက သူ႕ကို မုန္းလို႔ မေခၚတာ မဟုတ္ဘဲ ခုထိ စိတ္ေကာက္ မေျပေသးဘူး ဆိုတာကို။

သား စိတ္ေကာက္ေျပဖို႔ကိုေတာ့ သူ႕ဘက္က အစြမ္းကုန္ ႀကိဳးစားရမွာေပါ့။

သူတို႔ေတြ စကားေျပာဆိုေနၾကတုန္းမွာ Sunoo ေရာက္လာခဲ့ကာ Jay က ဘြားနဲ႕ မိတ္ဆက္ ေပးေလသည္။

" ဘြား ဒါ ကြၽန္ေတာ့္ ေဘဘီ.. ဘယ္လိုလဲ ခ်စ္ဖို႔ေကာင္းတယ္ မလား "

" လူတိုင္းကို ရင္ေအးေစတဲ့ အၿပဳံးလွလွေလးနဲ႕ ဒီလို ကေလးေလးကမွ ခ်စ္စရာမေကာင္းရင္ ဘယ္သူက ခ်စ္စရာေကာင္းအုံးမွာလဲ ေျမး ရဲ႕"

ဘြားရဲ႕ စကားမွာ Sunoo ပါးျပင္ေတြ အေရာင္ရင့္သြားကာ မ်က္ႏွာေလး ငုံ႕ကာ ရွက္ေနမိရပါသည္။

Jay ရဲ႕ Daddy ကေတာ့ အၿပဳံးနဲ႕သာ ေခါင္းညိမ့္ျပၿပီး ဘာမွေတာ့မေျပာ။

သူတို႔ လူငယ္ေတြ ကိစၥကို လူႀကီးေတြ အစအဆုံး သိၾကေပမယ့္ ဘာတစ္ခုမွ ဝင္ မစြက္ဖက္ၾက။

ဒီလိုကိစၥေတြက လူႀကီးေတြ ဝင္ပါလို႔ မေကာင္းတာမို႔ သူတို႔ လူငယ္ခ်င္းသာ သင့္ျမတ္ေအာင္ ညွိႏွိုင္းၾကပါေစ ဆိုၿပီး ေဘးကေနသာ အကဲခတ္ေနၾကေလသည္။

" လူစုံၿပီဆိုရင္ ဟင္းပြဲေတြ ခ်ဖိဳ႕ ေျပာလိုက္ရေတာ့မလား CEO "

အတြင္းေရးမႉး Lee က ဟင္းပြဲေတြ မွာဖို႔ အေျပာမွာ Jay လက္ကာျပလိုက္ကာ

" မစုံေသးဘူး အတြင္းေရးမႉး Lee... တစ္ေယာက္လာဖို႔ က်န္ေနေသးတယ္ "

Jay စကားေၾကာင့္ Sunoo ေက်ာေလး မတ္ခနဲ။

ခႏၶာကိုယ္ေလးပါ ေတာင့္တင္းသြားရကာ စိတ္ထဲကေနလဲ မဟုတ္ဖို႔ ႀကိတ္ၿပီး ဆုေတာင္း လိုက္မိသည္။

မေတြ႕လိုၿပီမို႔ မဟုတ္ပါေစနဲ႕လား မိုးနတ္မင္းႀကီးရယ္...

လြမ္းလို႔ က်ခဲ့တဲ့ မ်က္ရည္ေတြေတာင္ ရင္ထဲမွာ မေျခာက္ေသးဘူးမို႔...

ဒီလို စိတ္အေျခအေနနဲ႕ ေတြ႕လိုက္ရရင္ သူ မ်က္ရည္မဆယ္နိုင္မွာ စိုးပါတယ္ေလ...

ဒါေပမယ့္...

ဒါေပမယ့္လည္း Sunoo ရဲ႕ ဆုေတာင္းတို႔ ျပည့္မလာခဲ့ပါ။

တံခါးကို တြန္းဖြင့္လို႔ သီးသန့္ခန္းေလးထဲကို ဝင္ေရာက္လာတဲ့ ေမာင္...

Sunoo မွ လြဲ က်န္သူအားလုံးက ဝမ္းသာအားရ ႀကိဳဆိုၾကၿပီး ဘြား ဆိုရင္ မ်က္ရည္ေတြေတာင္ က်လိဳ႕။

ျပန္ေတြ႕ခါရွိေသး အားလုံးကို အဆက္အသြယ္ျဖတ္ကာ အေဝးကိုထြက္သြားခဲ့တဲ့ ေျမးငယ္ကို ဖက္ၿပီး ငိုေနလိုက္တာ ေတာ္ေတာ္နဲ႕ မ်က္ရည္မဆဲ။

Sunoo ထိုျမင္ကြင္းေတြကို ၾကည့္မေနနိုင္၍ ေခါင္းေလးသာ ငုံ႕ခ်ထားမိသည္။

Jay ကေတာ့ Sunoo နဲ႕ Sunghoon ကို တလွည့္စီ ၾကည့္ကာ အကဲခတ္ေနေလသည္။

သူ သိခ်င္တာလဲ ဒါပဲေလ။

သူ အတည္ျပဳခ်င္ေနတာဟာ ဒါပါပဲ။

ေဘဘီ နဲ႕ Sunghoon ကို ဒီလို မ်က္ႏွာခ်င္း ဆိုင္ေပးလိုက္ရင္ ဘယ္လိုေနမလဲ သူ အရမ္း သိခ်င္တယ္။

အေဆာကို မဆက္သြယ္ေတာ့ပါဘူး လို႔ ကတိေပးၿပီး ထြက္သြားတဲ့ Sunghoon နဲ႕ Jay စိတ္ႀကိဳက္ပဲ ေနပါ့မယ္လို႔ ကတိေပးထားတဲ့ ေဘဘီ။

သူတို႔ ကတိေတြ တည္နိုင္မလား သိခ်င္လို႔ သူ ဒီ Dinner ကို အေၾကာင္းျပၿပီး Sunghoon ကို လွမ္းဆက္သြယ္လိုက္တာ။

ဘယ္သူ႕ကိုမွ သူ ဘယ္မွာရွိပါတယ္လို႔ ေျပာမသြားခဲ့တဲ့ Sunghoon က Jay ကိုေတာ့ျဖင့္ သူ ဘယ္မွာရွိေနမယ္ဆိုတာကို ေျပာျပသြားခဲ့တာေၾကာင့္လဲ ဆက္သြယ္ရ လြယ္ကူသြားတာပင္။

အေၾကာင္းျပခ်က္ ေကာင္းေကာင္းေလးကေတာ့ ဘြားက ေတြ႕ခ်င္ေနတယ္ ဆိုတာေပါ့။

ဘြားနာမည္ၾကားလို႔ အေျပးအလႊား ေရာက္လာတဲ့ Park Sunghoon ေဘဘီ့ကို ေတြ႕ရတဲ့အခါ ဘယ္လိုေနမလဲ...

Jay ရဲ႕ သိမ္းငွက္မ်က္လုံးေတြဟာ အကဲခတ္ေနတာ စူးစူးရဲရဲ။

ညစာစားေနစဥ္ တေလွ်ာက္လုံး ေဘဘီကေတာ့ မ်က္ႏွာမေကာင္း။

ထမင္းကိုလဲ ဟုတ္တိပတ္တိ မစားဘဲ မ်က္လႊာေလးခ်ကာ ေရွ႕မွာရွိေနတဲ့ ဟင္းတစ္မ်ိဳးနဲ႕သာ စားေနေလသည္။

Sunghoon ကေတာ့ ေဘဘီ့ကို ေတြ႕ေတြ႕ခ်င္း အံ့ၾသ သြားဟန္ျပေပမယ့္ ဘြားရယ္ Mr. Park ရယ္နဲ႕သာ စကားေဖာင္ဖြဲ႕ေနၿပီး မ်က္ႏွာတစ္ခ်က္မပ်က္ ညစာကို စားေနေလသည္။

သူ ေရွ႕မွာမို႔မ်ား ဟန္ေဆာင္ေနၾကေလသလား မသိ။

ျပန္ခါနီးမွာ Sunghoon က Jay ကို အျပင္ေခၚထုတ္လာၿပီး

" အေၾကာင္းအရင္းက ဘာမ်ားလဲ CEO Park... ဘာအႀကံနဲ႕လဲ "

" ဘာကိုလဲ ခ်ာတိတ္ "

" က်ဳပ္ ဘာေမးတယ္ဆိုတာ ခင္ဗ်ား သိပါတယ္"

" စိတ္ဓာတ္ စစ္ဆင္ေရးလို႔ ေခၚရမလား...
အဟက္! မင္း ႀကိဳက္တဲ့ ေခါင္းစဥ္ တပ္လို႔ရပါတယ္ "

" ကြၽန္ေတာ္ ကတိေပးခဲ့ၿပီးသား မဟုတ္လား.... ဘာလို႔ အေဆာကို အခက္ေတြ႕ေအာင္ေတြ လုပ္ေနရတာလဲ "

" မင္းတို႔ လုပ္ခဲ့တဲ့ လုပ္ရပ္ေတြေၾကာင့္ ငါ အႂကြင္းမဲ့ မယုံၾကည္နိုင္ေသးဘူး "

" ဒါနဲ႕ပဲ ဒီလိုေတြ လုပ္စရာလား... ခင္ဗ်ား လူႀကီးလူေကာင္း ဆန္စမ္းပါ "

ခပ္ႀကိတ္ႀကိတ္ ေအာ္လိုက္တဲ့ Sunghoon ရဲ႕ အသံက ေထာင့္ကြယ္ေနရာေလးမွာ မတိုးမက်ယ္ထြက္လာခဲ့သည္။

အစမ္းသပ္ခံလိုက္ရတာေၾကာင့္ Sunghoon သိပ္မေက်နပ္ခ်င္ပါ။

လူႀကီးေတြ ေရွ႕မို႔ ဟန္ေဆာင္ၿပီး မ်က္ႏွာမပ်က္ေအာင္ ထိန္းထားရေပမယ့္ မ်က္စိေရွ႕မွာ ျမင္ေနရတဲ့ တုန္တုန္ယင္ယင္ ေကာင္ကေလးေၾကာင့္ သူ ေဒါသေတြကို ထမင္းနဲ႕ ႀကိတ္မ်ိဳခ်ခဲ့ရတာ။

သူ႕ကိုလဲ လွည့္မၾကည့္ဘဲ ထမင္းကိုသာ ငုံ႕စားေနတဲ့ အေဆာရဲ႕ လက္ေလးေတြ တုန္ယင္ေနခဲ့တာ သူ ေသခ်ာကို ျမင္ေနခဲ့ရတာေလ။

ဘယ္ေလာက္ အေနခက္ေနရွာမလဲ။

ဘယ္ေလာက္ ခက္ခဲေနရွာမလဲ။

ဒီလိုေတြ အခက္မေတြ႕ေစလို၍ သူ ေရွာင္ပုန္းေနခဲ့တာမဟုတ္လား။

ဒါကိုပဲ Jay ဟာ လူႀကီးေတြကို အေၾကာင္းျပၿပီး သူနဲ႕ အေဆာကို မ်က္ႏွာခ်င္းဆိုင္ ေတြ႕ေပးၿပီး စိတ္ဓာတ္စစ္ဆင္ေရး လုပ္ပါသတဲ့။

ေျပာရရင္ေတာ့ သူတို႔ စိတ္ေတြကို စမ္းသပ္တာေပါ့။

" ငါ လူႀကီးလူေကာင္း ဆန္ေစခ်င္ရင္ မင္းတို႔ လူမဆန္ခဲ့တာေတြ အရင္ထည့္ေျပာ ခ်ာတိတ္ "

" က်စ္! မဆိုင္လိုက္တာဗ်ာ... "

Sunghoon စိတ္ပ်က္လက္ပ်က္နဲ႕ က်စ္စုတ္သပ္လိုက္ကာ ဆံပင္ေတြထဲ လက္ထိုးထည့္ၿပီး Jay ကို ၾကည့္လိုက္သည္။

ဒီအခါမွာ ဆုံလိုက္ရတာက Jay ရဲ႕ ေအးစက္စက္ မ်က္ဝန္းေတြ။

" အေဆာကို ဒီထက္ ခက္ခဲေအာင္ မလုပ္ပါေတာ့နဲ႕... ကြၽန္ေတာ္ ေပးထားတဲ့ ကတိကို ေသတဲ့အထိေစာင့္ထိန္း​ေပးမွာမို႔ ခင္ဗ်ား စိတ္ခ်ထားလို႔ရပါတယ္... ကြၽန္ေတာ္ ထပ္ၿပီး ေတာင္းဆိုတာပါ... အေဆာကို ဘာအတြက္နဲ႕မွ မခက္ခဲေစခ်င္ေတာ့ဘူးဗ်ာ... "

နိမ့္တုန္ျမင့္တုန္ ရင္ဘတ္တစ္စုံနဲ႕ အသက္ရႉသံေတြကို ထိန္းကာ ေျပာေနတဲ့ Sunghoon ရဲ႕ မ်က္ဝန္းေတြဟာ အရည္ၾကည္တို႔ ရစ္သိုင္းလို႔ပါပဲ။

အဲ့ဒီ့ အရည္ၾကည္ေတြ ပိုၿပီး စုေဝးမလာေစရန္ မ်က္ေတာင္ေတြကို မနားတမ္းပုတ္ခတ္ကာ ခါးေထာက္၍ တစ္ဖက္ကို လွည့္သြားေလသည္။

Sunghoon ရဲ႕ ထိုပုံစံကို ျမင္ၿပီး Jay ေတြးလိုက္မိတာကာ သူ အလကားသပ္သပ္ သံသယေတြ မ်ားေနမိတာလား လို႔ေပါ့။

သူ႕ဟာသူ အနည္ထိုင္ဖို႔ ႀကိဳးစားေနၾကတဲ့ ကေလးေတြကို သူ ခက္ခဲေအာင္ လုပ္လိုက္မိတာလား...

" Sorry ပဲ ခ်ာတိတ္... မင္းတို႔ကို ခက္ခဲေစဖို႔ မရည္႐ြယ္ပါဘူး... "

" ဒါေပမယ့္ လုပ္ၿပီးသြားၿပီေလ... ဒီလိုေတြ ဆက္လုပ္ေနမယ္ဆိုရင္ ကြၽန္ေတာ္ ဒီတစ္ခါ ဒီ့ထက္ ေဝးတဲ့ ေနရာကို ထြက္သြားရလိမ့္မယ္... ဘယ္သူ႕ကိုမွ အသိမေပးဘဲနဲ႕ေပါ့ "

" မသြားပါနဲ႕... ဘြားက မင္းကို လိုအပ္ေနတယ္... ငါလဲ ဒီလိုေတြ မလုပ္ေတာ့မွာမို႔ အရင္ေနရာမွာပဲ ဆက္ရွိေနေပးပါ.... ဘြားအတြက္ လိုအပ္လာရင္ ငါ မင္းကို ဆက္သြယ္ရ လြယ္ေအာင္လို႔ပါ "

" ခင္ဗ်ား စကား တည္ပါေစ ေနာ္ ဘဲႀကီး "

တစ္ဖက္လွည့္ေနရာမွ သူ႕ဘက္ကို ခ်ာခနဲ လွည့္ၾကည့္လာၿပီး ေမးလိုက္တဲ့ Sunghoon ေၾကာင့္

" မင္း မ်က္လုံးထဲမွာေတာ့ ငါ့ကို လူႀကီးလူေကာင္း လို႔ ျမင္ေစခ်င္ပါေသးတယ္ "

ပုခုံးတစ္ဖက္ တြန့္ျပကာ ေျဖလိုက္တဲ့ Jay စကားေၾကာင့္ Sunghoon ႏႈတ္ခမ္းတစ္ဖက္တြန့္႐ုံ ၿပဳံးလိုက္ၿပီး ပါးေစာင္ကို လွ်ာနဲ႕ ထိုးလိုက္သည္။

" ႀကိဳးစားေပါ့ ဗ်ာ... "

" ရားးး Park Sunghoon.. ရားး မင္းးး ငါ့ကို ဒီလိုေတြ လုပ္ေနတာ မ်ားေနၿပီေနာ္... ရားးးး "

ေျပာၿပီးတာနဲ႕ ေနရာကေန တစ္ခါတည္း ထြက္လာခဲ့ေတာ့ Jay ေအာ္သံက ေနာက္ပါးဆီမွ ကပ္ပါလာခဲ့ေလသည္။

ေက်ာခိုင္းလိုက္ၿပီးမွ Sunghoon အားရပါးရ ၿပဳံးလိုက္မိတယ္။

အလကား... မဆိုးတတ္ဘဲနဲ႕ လူဆိုးလုပ္ခ်င္ေနတဲ့ ဘဲႀကီး...

*************************************

Love you...

San Htarni 💙

5.9.2023

Comment