~ 38 ~

~ 38 ~

" ဒါဆိုရင်တော့ စဉ်းစားစရာပဲ "

ဧည့်ခန်းလေးထဲမှာတော့ ရုတ်တရက် အတွေးကိုယ်စီနဲ့ ငြိမ်သက်သွားတဲ့ ကောင်လေး လေးယောက်...

ဆေးမှားဝယ်တာမှ မဟုတ်ရင် ဒီ ပုလင်းလေးထဲက ဆေးဟာ ဘာကြောင့် ကွဲပြားနေရပါသလဲ။

ဆေးလုံးလေးတွေ အရောင်မတူခြင်းဟာ သွေးရိုးသားရိုးမှ ဟုတ်ပါရဲ့လား။

တစ်စုံတစ်ယောက်ရဲ့ ပယောဂ မပါဖို့တော့ လိုပါသည်။

" မင်းဖုန်း ငါ့ခဏပေး Jake "

သူ့ဖုန်းလေးက တစ်စစီ ဖြုတ်ပြီး သိမ်းထားတာမို့ Sunghoon , Jake ဆီမှ ဖုန်းခဏ ယူပြီးနောက် ဆေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို internet မှာ ရိုက်ရှာလိုက်သည်။

ဆေးရဲ့ အာနိသင်တွေ၊ ဘယ်လိုလူတွေ သောက်သင့်တယ်ဆိုတာတွေ၊ ဆေး ထုတ်လုပ်မှု ဘယ်နှမျိုးရှိတယ်ဆိုတာတွေ စသည်... ဆေးလုံးရဲ့ အရောင် ဘယ်နှခုရှိတယ်ဆိုတာပါ မကျန် စေ့စေ့စပ်စပ် သေချာရှာကာ ဖတ်ကြည့်နေသည်။

ဘယ်နှကြိမ် ဘယ်နှခါ ရှာရှာ ဒီဆေးဟာ အရောင်တမျိုးတည်းသာ ထုတ်လုပ်ပြီး ပန်းရောင် မထုတ်ဟုသာ တွေ့ရသည်။

" ဟူးးး ငါ ထင်သလို မဖြစ်ဖို့ မျှော်လင့်ရတော့မှာပဲ "

Sunghoon သက်မမောတစ်ခုကို လေးလေးပင်ပင် ချလိုက်ပြီး ဆိုဖာပေါ် ခေါင်းမှီကာ နောက်ပြန် လှန်ချလိုက်သည်။

" မောင်က ဘယ်လို ထင်လို့လဲ ဟင် "

" မောင် မသေချာသေးလို့ အခု မပြောချင်သေးဘူး အဆောရယ်... မောင် တိကျ သေချာတဲ့ အ​ဖြေတစ်ခု ရရင်တော့ သေချာပေါက် အဆောကို ပြောမှာပါ "

" မောင် တွေးနေတာကို အဆောသိချင်တယ် မောင်... ဒါ အဆောနဲ့ သက်ဆိုင်နေတဲ့ ကိစ္စမို့ အဆောကို ပြောပြပါ "

" ဒါဆို မောင် မေးတာကို သေချာလေး စဉ်းစားပြီး ဖြေနော် ... အဆော အရင်ကရော အခုလို ခေါင်းကိုက်ဖူးသလား "

" အင်း တစ်ခုခုကို အာရုံစိုက်ပြီးအတင်းအကြပ် စဉ်းစားလိုက်ရင်တို့ စိတ်တွေ အရမ်းဖိစီးလာရင်တို့ဆို ကိုက်တယ် "

" အဲ့လို ခေါင်းကိုက်ရင် အဆော ဘာလုပ်လဲ "

" ဆေးသောက်တယ်... Jay ပေးထားတဲ့ ဆေးလေ... အဲ့ ဆေးကို သောက်လိုက်ရင် ခေါင်းကိုက်နေတာတွေ သက်သာသွားပြီး အိပ်ပျော်သွားတတ်တယ်... "

" ဆေးသောက်ပြီးတဲ့အခါမှာရော... ခံစားရတာ ဘယ်လိုလဲ... ခေါင်းထဲမှာ ကြည်လင်နေသလား... ဒါမှမဟုတ် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေတာတို့... မလန်းဆန်းတာတို့... တစ်ခုခုပေါ့..."

" အွန်းးး ဘယ်လိုပြောရမလဲ... ဆေးသောက်လိုက်ရင်လေ ချက်ချင်းကြီး မသိသာပေမယ့် အချိန်နည်းနည်း ကြာလာရင်တော့ နည်းနည်း ထိုင်းမှိုင်းချင်လာတယ်... အာရုံတွေ နောက်လာပြီး အသိတွေက ဝေဝါးလာသလိုပဲ... အရမ်း သိချင် မှတ်မိချင်လို့ စဉ်းစားနေတဲ့ အရာတွေ ဘာတစ်ခုမှ အသိစိတ်ထဲမှာ မရှိတော့ဘဲ အိပ်ပျော်သွားခဲ့တာချည်းပဲ မောင် "

" စဉ်းစားစရာပဲ... ဦနှောက်နဲ့ အာရုံကြောတွေကို အထောက်အကူပြုပေးတဲ့ ဆေးက အဲ့လို ထိုင်းမှိုင်းစရာ လိုလို့လား... ဒါသာ တကယ်ဆိုရင် မောင်တို့ ဒီကိစ္စကို ပေါ့ပေါ့တန်တန် ထားလို့မရတော့ဘူး... သေချာတဲ့ အဖြေတစ်ခုရဖို့ စုံစမ်းစရာရှိတာ စုံစမ်း ရတော့မယ် "

" ဘာဖြစ်လို့လဲ မောင်... မောင်က ဘယ်လို ထင်လို့လဲ "

" မောင် CEO ကို မသင်္ကာဘူး "

" အထဲက ဆေးလုံးတွေ လွဲနေလို့လား "

" ဟုတ်တယ် အဆော... မောင် ထင်တာ မမှားဘူးဆိုရင် အဆောကို CEO တိုက်တဲ့ဆေးက အဆောရဲ့ အာရုံကြောတွေကို ထုံထိုင်းစေတဲ့ ဆေးတစ်မျိုးမျိုးပဲ ဖြစ်ရမယ် "

" မဖြစ်နိုင်တာ မောင်ရယ်... Jay က ဘာလို့ အဲ့လို လုပ်ရပ်မျိုးကို လုပ်မှာလဲ... Jay က အဆောကို တကယ် ဂရုစိုက်ပါတယ် "

" ဂရုတော့ စိုက်ကောင်းစိုက်လိမ့်မယ် အဆော... ဒါပေမယ့် အဆော သတိပြန်ရမှာကိုတော့ သူ လိုလားမှာမဟုတ်ဘူး... အဓိက အချက်က အဆောကို ပြန်ပြီး သတိမရစေချင်လို့ကို သူ ဒီလို လုပ်ရပ်ကို လုပ်တာပဲ "

" အဆောတော့ မဖြစ်နိုင်ဘူး ထင်တယ် မောင်... Jay ကလေ... Jay လိုလူက ဘာလို့ ဒီလို လုပ်မှာပဲ မောင်ရဲ့ "

" Jay က Jay မို့လို့ကို ဒီလိုလုပ်ရပ်ကို လုပ်မှာလေ အဆော... သူက အဲ့လိုလူမျိုးပဲ... သူ လိုချင်တာ ရဖို့ဆိုရင် ဘာကိုမှ ဂရုစိုက်တတ်တဲ့ လူ မဟုတ်လို့ပဲ "

" အဆောတော့ မစဉ်းစားတတ်တော့ဘူး မောင်... ခေါင်းတွေလဲ ရှုပ်လာပြီ... ဒီဆေးကိစ္စက ဒီလောက်ထိ ရှုပ်ထွေးစရာအကြောင်း ရှိလို့လား "

" စုံစမ်းပြီးမှ အကြောင်းရင်းမှန်ကို သိရမှာမို့ ပြောဖို့တော့ ခက်တယ် အဆောရဲ့... ဘာပဲဖြစ်ဖြစ် မောင် ဖြေရှင်းပါ့မယ်... မောင့်အချစ်က အခန်းထဲမှာပဲ အေးအေးဆေးဆေး နားနေပါ ... ဒီကိစ္စကို မောင်နဲ့ ဒီကောင်တွေ စုံစမ်းလိုက်မယ်... ဟုတ်ပြီလား "

" ဟုတ်ကဲ့ပါ "

" ခဏ Sunoo... ခဏလေးပါ... ကျွန်တော် သိချင်တာလေး နည်းနည်းလောက် မေးချင်လို့ပါ "

Sunghoon နဲ့ Sunoo စကားပြောနေတာကို ငြိမ်နားထောင်နေတဲ့ Jake က Sunoo အခန်းထဲသွားဖို့ ထိုင်ရာမှ ထမယ်အလုပ် ဝင်မေးလိုက်တာကြောင့် Sunoo က

" မေးပါ Jake... ကျွန်တော် သိတာဆို ဖြေပေးပါ့မယ် ''

" Sunoo ထိခိုက်ဒဏ်ရာ ရတုန်းက Sunoo ကို တာဝန်ယူပြီး ဆေးကုပေးတာ ဘယ် Doctor လဲ Sunoo မှတ်မိရဲ့လား "

" ဟုတ်ကဲ့ Jay ရဲ့ ဆေးရုံက ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပါရဂူကြီး Yang ပါ "

" Sunoo က အိမ်ကို ပြန်ရောက်တဲ့အချိန်ထိ ဆက်ပြီး ဆေးကုသမှု ခံယူခဲ့တယ်လို့ ကြားတယ်...အဲ့မှာလဲ ပါရဂူ Yang ပဲလား "

" ဟုတ်တယ် Jake... အဲ့ဒါ ဘာဖြစ်လို့လဲ ဟင် "

" တာဝန်ယူထားတဲ့ Doctor ကနေ စပြီး စုံစမ်းကြည့်ရင် သတင်းတစ်ခုခုတော့ ရမယ် ထင်လို့ပါ... ဒီလောက်ဆိုရင် လုံလောက်ပြီမို့ Sunoo နားချင်ရင် နားလို့ရပါပြီ "

အားလုံးကို ခေါင်းလေးညိမ့်ပြ နှုတ်ဆက်ခဲ့ကာ အခန်းထဲ ဝင်လာတဲ့ Sunoo ကတော့ စိတ်ရှုပ်ထွေးခြင်းတွေကြောင့် ဘာကိုမှ စဉ်းစားမနေချင်တော့တာမို့ မောင်ပြောလာမယ့် အဖြေကိုသာ စောင့်နေလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

အပြင်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းသုံးယောက်ကတော့ ခေါင်းချင်းဆိုင်ကာ တိုင်ပင်နေကြပြီး အကောင်းဆုံး အဖြေတစ်ခုရဖို့ အစီအစဉ်ဆွဲနေကြလေသည်။

" Dr. Yang ကို ဒီလို ချဉ်းကပ်ဖို့က လွယ်မယ်တော့ မထင်ဘူးနော်... ပြီးတော့ ဒါက သူတို့ CEO ရဲ့ အတွင်းရေးမလား... "

Sunghoon ရဲ့ တွေးတွေးဆဆ ပြောလိုက်တဲ့စကားကို Jake က

" မလွယ်ဘူးဆိုပေမယ့်လဲ နည်းလမ်းတစ်ခုတော့ ရှာတွေ့မှာပါ... မရတဲ့ အဆုံးတော့ အားနည်းချက် ရှာပြီး ဖိအားပေးချင်ပေးရမှာပေါ့... အဲ့အတွက် ဘာမှ မပူနဲ့ သားကြီး...ငါ့အဖေရဲ့ PA ဆီ လှမ်းဆက်သွယ်ပြီး Dr. Yang ရဲ့ အချက်အလက်တွေ ရှာခိုင်းလိုက်မယ် "

" အားကိုးမယ် သားကြီး..မြန်လေကောင်းလေပဲ "

" Ok Ok စိတ်ချ သားကြီး... ကဲ ဒါဆို ငါတို့လဲ အချိန်ရှိတုန်း လှုပ်ရှားဖို့ လစ်ပြီ "

" ဂရုစိုက်အုံး နော် သားကြီးတို့ "

နောက်ဆုံး ဆွေးနွေးတိုင်ပင်လို့ပြီးမှ Jake နဲ့ Niki လဲ အဖြေတစ်ခု အမြန်ဆုံးရဖို့ စုံစမ်းမည် ဟုဆိုကာ ပြန်သွားကြလေတော့သည်။

သူငယ်ချင်းတွေ ပြန်သွားတော့မှ Sunghoon လဲ အခန်းထဲ ဝင်လာကြည့်တော့ အဆောဟာ အိပ်ခန်းနဲ့ တွဲရက် ထားရှိထားတဲ့ ဝရံတာလေးမှာ ရပ်ပြီး အဝေးကို ငေးကြည့်နေလေသည်။

သူဝင်လာတာ မသိဘဲ ငေးလို့ကောင်းနေဆဲ အဆောရဲ့ ကျောပြင်လေးကို နောက်ကနေ အသာအယာ သိုင်းဖက်လိုက်တော့

" မောင်... "

သူရှိရာဘက်ကို မျက်နှာလေး လှည့်လာတဲ့ အဆော... မျက်ဝန်းလေးတွေ မှိုင်းညို့နေကာ မျက်နှာလေးက နွမ်းနယ်နေလေသည်။

" အဆော နေလို့မကောင်းလို့လား...မျက်နှာလေး ညှိုးနေတယ်... ဘယ်နား နေလို့မကောင်းဘူးလဲ မောင့်ကို ပြောပါအုံး "

ပုခုံးလေးကနေ ဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်ပြီး မောင် အလောတကြီး မေးမိတော့ အဆောဟာ သက်ပြင်းလေးဖွဖွချလိုက်ပြီး...

" ဟင်းးး လူက နေလို့ကောင်းပါတယ်... ဒါပေမယ့် စိတ်ထဲတော့ မကောင်းဘူး မောင်ရယ်..."

" ဘာလို့လဲ အဆောရဲ့... မောင့်ကို ပြောပြလေ "

မောင် မေးလိုက်တဲ့အခါမှာ အဆောဟာ အကြည့်တွေကို အဝေးကို ပို့လိုက်ပြီး တွေတွေလေး ငေးနေပြန်ပါသည်။

" ဟင် လို့ "

ထပ်မံ၍ မေးသံပြုလိုက်တော့ သူ့လက်တွေထဲက ဖယ်ခွာသွားတဲ့ အဆောက ဝရံတာဘောင်ပေါ် လက်လေးတင်၍ မှီလိုက်ပြီးမှ

" အဆောလေ... အဲ့ဒီ ဆေးကိစ္စကြီးကို သိလိုက်ရပြီး ရင်ထဲ လေးလံနေမိတယ် "

" မောင်လဲ တူတူပါပဲ "

" အဲ့လိုကြီးတွေ ကြားသိရတာ အဆော စိတ်ထဲ နေလို့ မပျော်ဘူးမောင်... Jay အပေါ်ကိုလဲ အဲ့လိုကြီးပါလို့ မထင်ရက်ဘူး... တကယ်သာ ဟုတ်ခဲ့ရင် အဆောလေ... လုပ်ရက်လေခြင်းဆိုတဲ့ စိတ်တွေနဲ့ ဖြေနိုင်မယ် မထင်ဘူး မောင်ရယ်... မဟုတ်ပါစေနဲ့လို့ပဲ အဆော ဆုတောင်းနေမိတယ် "

" မောင်လဲ အဲ့လိုပါလို့ မထင်ချင်ပါဘူး အဆောရယ်... ဒါပေမယ့် အဖြစ်အပျက်တွေက အဲ့ဒီ့ဘက်ကိုပဲ ဦးတည်နေတော့ မောင်တို့ လျစ်လျူရှုထားလို့ မရဘူးလေ... ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ တိတိကျကျ သိရတော့ ပိုကောင်းသွားတာပေါ့ အချစ်ရဲ့ "

" ဒါနဲ့လေ မောင်... Jay က အဆောကို ဘာလို့ မှတ်ဉာဏ်တွေ ပြန်မရစေချင်ရမှာလဲ... ဘယ်လို အကြောင်းအရင်းကြောင့်လဲ... အဆော အခု သတိမေ့နေတာတွေနဲ့ရော သက်ဆိုင်မှု ရှိနေသလား "

သိချင်စိတ်ပြင်းပြတဲ့ မျက်ဝန်းလဲ့လဲ့လေးတွေနဲ့ ကြည့်လာပြီး မေးနေတဲ့ ခပ်နွမ်းနွမ်း မျက်နှာလေးကို ကြည့်ပြီး မောင်က ဘယ်လို ပြောရက်ပါ့မလဲ...

အဆောက မောင့်ကို ကာကွယ်ပေးရင်း Jay လက်ချက်ကြောင့် ထိခိုက်မိပြီး သတိတွေ မေ့သွားခဲ့ရတာပါလို့လေ...မောင် ဘယ် ပြောထွက်ရက်ပါ့မလဲကွယ်...

ဒီ နုနုနယ်နယ်လေးက စိတ်တွေ ပုံမှန်မဟုတ်သေးတဲ့အချိန်မှာ ဒီလို အကြမ်းဖက်ခံခဲ့ရပါတယ်ဆိုတာ သိသွားရင် ဘာတွေ ထပ် ဖြစ်လာအုံးမယ်ဆိုတာ မပြောနိုင်ဘူး...

ဒါကြောင့်

" အဆော သတိမေ့ရတဲ့ အကြောင်းနဲ့က မဆိုင်ပါဘူး အဆောရယ်... ဘာလို့ သတိမရစေချင်လဲကတော့ Jay ကိုယ်တိုင်မှပဲ သိလိမ့်မယ်... ကဲပါ ဘာကိုမှ တိတိကျကျ မသိသေးဘဲနဲ့ မောင်တို့ ဘာကိုမှ ခန့်မှန်းပြီး ပြောမနေကြစို့...အထဲဝင်ပြီး မနက်စာအတွက် ပြင်ဆင်ကြရအောင် နော် "

" ဟုတ် မောင် "

ထိုအခါမှ အပြုံးလေးနဲ့ ခေါင်းညိမ့်ပြလာပြီး မောင် ခေါ်ရာနောက် မောင့်လက်မောင်းတစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ တွယ်ချိတ်လို့ ခေါင်းလေးမှီပြီး လိုက်လာရှာတဲ့ အဆောရယ်ပါ...

မောင် အဲ့ဒီ့ ခေါင်းလေးကို အသည်းယားစွာ ပွတ်သပ်လိုက်ပြီး ဒီကောင်ငယ်လေးကို ကြည့်ကာ တွေးလိုက်မိတာက...

မောင် မင်းကို မဆုံးရှုံးချင်တော့ဘူး အချစ်ရယ်...

.
.
.

မျှော်လင့်ထားသလိုပါပဲ ပါရဂူ Yang ကို တွေ့ရဖို့က မလွယ်ကူခဲ့ပေ...

Jake နဲ့ Niki တို့နှစ်ယောက်က Jake အဖေရဲ့ PA ဆီက စုံစမ်းခိုင်းထားတဲ့ အချက်အလက်တွေကို စောင့်ရင်း တဖက်ကလည်း ပါရဂူကြီးဆီ ချည်းကပ်လို့ရမယ့် နည်းလမ်းပေါင်းစုံနဲ့ ချည်းကပ်ဖို့ ကြိုးစားနေရသည်။

အလုပ်များတဲ့ ဆရာဝန်ပီပီ ဖမ်းလို့ကို မမိနိုင်ခဲ့။

ရိုးရိုးသားသားဆိုရင်ဖြင့် ဆရာဝန်နဲ့ တွေ့ရဖို့ကို Appointment ယူပြီး ဝင်တွေ့လိုက်ရင် ရမှာပေမယ့် သူတို့က လူမသိအောင် လှုပ်ရှားနေရတာမလား...

CEO Park ပိုင်တဲ့ ဆေးရုံကြီးမှာ CEO Park အလိုရှိနေတဲ့ သူတို့က ဘယ် ထင်ထင်ပေါ်ပေါ် သွားလာရဲပါ့မလဲ...

တွေ့သွားလို့ မိသွားရင် သူငယ်ချင်းဖြစ်သူ Park Sunghoon ဘဝကြီးတော့ သွားပြီ။

အဲ့တော့ သူငယ်ချင်းကောင်း ပီသစွာနဲ့ ခိုးကြောင်ခိုးဝှက်ပဲ လှုပ်ရှားရတော့တာပေါ့။

အလွဲလွဲ အချော်ချော်တွေနဲ့ ပြေးရလွှားရတိုင်းလဲ ဒုက္ခအပေးနိုင်ဆုံး သူငယ်ချင်း Park Sunghoon ကြီးကို ပျစ်ပျစ်နှစ်နှစ်တွေ ကြိမ်ဆဲလို့ပေါ့။

ဒါပေမယ့် မကူညီဘဲလဲ မနေနိုင်ပါ...

Sunghoon မှာက ပြေးကြည့်မှ သူတို့ပဲ ရှိတာမလား...

ယခုလဲ အဖွဲ့လိုက်ကြီး ဆေးရုံအပြင်ကို ထွက်သွားတဲ့ ပါရဂူကြီးကြောင့် Jake နဲ့ Niki လဲ သူတို့ကားတွေနောက်ကနေ အသာလေးလိုက်ရင်း ပါရဂူကြီးနဲ့ သီးသန့်တွေ့လို့ရဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။

ထိုစဉ် ပါရဂူကြီးပါတဲ့ ကားက ကျန်းမာရေး စင်တာ တစ်ခုထဲသို့ ဝင်ရောက်သွားလေသည်။

ထို စင်တာရှေ့မှ ချိတ်ဆွဲထားတဲ့ Banner တွေအရ ဆေးပညာ ဆွေးနွေးပွဲရှိဟန်တူပါသည်။

" ကျစ်! ဒီပုံအတိုင်းဆို အထဲကနေ တော်တော်နဲ့ ပြန်ထွက်လာမယ့်ပုံ မပေါ်ဘူးနော် Jake... ငါတို့ အထဲလိုက်ဝင်ကြမလား "

" အရမ်းကြီး အရဲစွန့် ဝင်သွားလို့မဖြစ်သေးဘူး Niki... အခြေအနေလေး ကြည့်အုံး... ဒီစင်တာကလဲ Park Group ပိုင်တာပဲနော်... တော်ကြာ CEO Park ပါအထဲမှာရှိနေလို့ ကွိ ခနဲ မိသွားအုံးမယ် "

" ဟူးးး လေပါတယ်ကွာ... ဒါဆို ငါတို့က တွေ့ခွင့်လဲ မရဘဲ ဒီလိုကြီးပဲ နောက်က လိုက်နေတော့မလို့လား "

" နည်းနည်းပါးပါး စောင့်ကြည့်အုံးမယ်လေကွာ... ငါတို့ စုံစမ်းနေတာက CEO ရဲ့ Personal ကိစ္စနော်... လူအများကြားထဲ ဝင်သွားပြီး သွားမေးလို့ ကောင်းတဲ့ကိစ္စမဟုတ်ဘူး "

" မင်း ဟိုလူဆီကရော ခုထိ သတင်းမရသေးဘူးလား... တစ်ခုခုကို ငါ အမြန်ဆုံး သိချင်နေပြီ "

ဒွီးးဒွီးး ဒွီးးဒွီးးး

ထိုစဉ်မှာပဲ Jake ဖုန်းထဲသို့ Message ဝင်လာသံကြားလိုက်ရသည်။

နှစ်ယောက်လုံးရဲ့ မျက်လုံးတွေက ကား dashboard ပေါ်တင်ထားတဲ့ Jake ရဲ့ဖုန်းရှိရာဆီ ရောက်သွားကြပြီး ပြိုင်တူလို ဖုန်းကို ကောက်ယူလိုက်ကြတော့သည်။

" မင်း လူဆီကလား "

" ဟုတ်တယ် သားကြီး PA ကြီး ဆီက "

" မြန်မြန်ကြည့် ''

" အေးပါကွာ မင်းကလဲ... အချက်အလက်တွေက ငါတို့ဆီတောင် ရောက်လာပါပြီ မလောစမ်းပါနဲ့ "

Niki နဲ့တွဲပြီး အလုပ်လုပ်ရတာလဲ လွယ်တာတော့မဟုတ်လှ။

ဇိုးဇိုးဇတ်ဇတ်နဲ့ စိတ်မြန်လက်မြန် Niki
စိတ်မရှည်တတ်လှတဲ့ Niki
ဘယ်အရာကိုမှ ကြာကြာသီးမခံတတ်တဲ့ လူ့ ဂလန့် ဂွစာ Niki မလား...

သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း သူ့ကိုပဲ စိတ်ရှည်တတ်စေရန် တရားချနေရတာ အလုပ်တစ်လုပ်။

နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ ပို့လာတဲ့ အချက်အလက်တွေကို ဖတ်ကြည့်ကြသည်။

ဖတ်ပြီးသလောက် အချက်တွေမှာ Park Group ရဲ့ ဆရာဝန်ပီပီ ထောက်ပြစရာ ဟာကွက်ဆိုတာမရှိ။

အရည်အချင်းရှိပြီး တော်တဲ့ ထက်တဲ့ အလုပ်လုပ်တဲ့ နေရာမှာလဲ စေ့စပ်သေချာတဲ့ ဂုဏ်သတင်းတွေနဲ့သာ ပြည့်နေသူ...

ရထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေဆိုတာလဲ သူတို့မသိတဲ့ ဘွဲ့တွေ နားမလည်တဲ့ စာလုံးတွေက အများသား...

ဘယ်မှာလဲ အားနည်းချက်...

ဘယ်မှာလဲ အကျပ်ကိုင်လို့ရမယ့် အချက်...

ဒီလို တော်လို့ ထက်လို့လဲ CEO Park က နေရာပေးထားတာပေါ့...

နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ စိတ်ပျက်လက်ပျက်နဲ့ ကားကူရှင်ပေါ်ကိုသာ ပစ်မှီချလိုက်မိတော့သည်။

အချိန်ခဏကြာတော့ Jake က စိတ်ပျက်လက်ပျက် အသံကြီးနဲ့

" Niki ရေ... "

"ဟေ သားကြီး "

" ငါတို့ ဘာဆက်လုပ်ကြမလဲ "

" ငါတော့ ဘာလုပ်ရမယ်ဆိုတာ သိပြီထင်တာပဲ သားကြီးရေ... "

" ဟေ့ရောင် မနောက်နဲ့ မနောက်နဲ့ ဒါ နောက်စရာမဟုတ်ဘူး "

" ဒီကိုကြည့် မင်း ဒီနေရာကို သေချာ မဖတ်ခဲ့ဘူး ထင်တယ် "

" ဟင် ဘယ်နေရာ "

ထိုအခါမှ ကူရှင်ကို မှီကာ မျက်လုံးကြီး မှိတ်ထားတဲ့ Jake က ပြူးတူးပြဲတဲဖြင့် ထလာပြီး Niki လက်ထောက်ပြတဲ့ နေရာကို သေချာ ကြည့်လိုက်မိတော့...

" Yang Jungwon!!! "

အသံကျယ်ကြီးနဲ့ ထ အော်ကာ Niki ကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေတဲ့ Jake...

" အေး ဟုတ်တယ် Yang Jungwon "

Niki ကလဲ သူရှာတွေ့သွားတဲ့ အချက်က အရမ်းအရေးပါတဲ့ အချက်မို့ အံ့သြနေတဲ့ Jake ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ကာ ဆံပင်တွေ သပ်ပြပြီး ဂုဏ်ဆာပြလိုက်သေးသည်။

စိတ်ပျက်လက်ပျက်နဲ့ ကူရှင်ကို မှီချလိုက်ပြီးမှ စိတ်ထဲ မသေချာလို့ Jake လက်ထဲကိုင်ထားတဲ့ ဖွင့်ထားဆဲ ဖြစ်တဲ့ ဖုန်း screen ကို Niki သေချာကြည့်လိုက်မိတဲ့ အချိန်မှာ Dr.Yang ရဲ့ မိသားစုဝင်တွေကို ရေးထားတဲ့ နေရာမှာ သားဖြစ်သူဟာ Yang Jungwon တဲ့လေ။

သူတို့သူငယ်ချင်း Jungwon ဆိုတာ ပို သေချာသွားတာက ဖုန်းထဲကို နောက်ထပ်ဝင်လာတဲ့ မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေ။

ထို့ကြောင့် မျက်လုံးကြီးမှိတ်ပြီး အားကုန်နေတဲ့ Jake ကို ဝမ်းသာသွားအောင် ပြလိုက်ခြင်းဖြစ်သည်။

" ဒါဆို ဒါဆို ငါတို့ လမ်းစတွေ့ပြီပေါ့... ငါတို့ လမ်းစ တွေ့ပြီ သားကြီး "

" လိကို လမ်းစ တွေ့... သေချာ မကြည့်ဘဲနဲ့ စိတ်ပျက်ဖို့က အရင် မင်းတော့လား "

သူ့ လက်မောင်းကို လက်သီးနဲ့ တဖက်ဖက် လာထိုးကာ ပျော်နေတဲ့ Jake ကို Niki ဂွင်တွေ့တုန်းလေး ဖိဟောက်လိုက်တော့

" ရားးး ဒါ ငါ့အဆက်အသွယ်ကနေ ရတဲ့ အချက်အလက်တွေနော်... "

" ဘာပဲဖြစ်ဖြစ် ငါ စေ့စပ်သေချာစွာ ရှာဖွေဖတ်ရှုထားလို့ အဖိုးတန် အချက်အလက်ကို သိရတာလေ "

ခုထိ ဆံပင်တစ်သပ်သပ်နဲ့ ဂုဏ်ဆာပြနေတဲ့ Niki ရယ်ပါ...

" ထားပါကွာ.... မင်းပဲ တော်ပါတယ် "

" လက်ခံလိုက် သားကြီး "

" အေး အေး လက်ခံတယ်ကွာ "

" လက်ခံတယ်ဆိုရင် ဖုန်းဆက်ဖို့ လုပ်တော့... အကုန် လိုက်ပြောနေရမှာလား မင်း "

" လိ ကို ပြော ဟေ့ရောင် "

" ဟား ဟား ဟား ဟား ကဲ ကဲ ဆက် ဆက် ငါ မပြောတော့ဘူး... "

ကားလေးထဲမှာတော့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဆဲသံ အော်ရယ်သံလေးများနဲ့ ဖုံးလွှမ်းသွားလေတော့သည်။

.
.
.

လူနည်းနည်းရှင်းတဲ့ ကော်ဖီဆိုင်လေးထဲမှာတော့ ခေါင်းချင်းဆိုင်နေတဲ့ ကောင်လေးသုံးယောက်...

တီးတိုးတီးတိုးနဲ့ တစ်စုံတစ်ရာကိုလဲ ပြောနေကြသေးသည်။

တစ်ချက်တစ်ချက် နောက်ကျောမလုံသလိုနဲ့ ဆိုင်ဘေးဘီကိုလဲ ဝေ့ဝဲကြည့်လိုက်ကြသေးသည်။

ထိုကောင်လေး သုံးယောက်ဆိုတာကတော့ Jake, Niki နဲ့ Jungwon...

Niki နဲ့ Jake က တလှည့်စီ ပြောပြနေကြပြီး Jungwon လေးကတော့ မျက်မှန်လေး ပင့်ကာပင့်ကာဖြင့် ခေါင်းလေး တညိမ့်ညိမ့်။

" အဲ့တော့ ငါတို့ပြောပြတာတွေ မင်း သဘောပေါက်ရဲ့လား Jungwon "

Sunoo ကို ဆေးကုသပေးနေတာဟာ Jungwon ရဲ့အဖေဆိုတဲ့ အကြောင်းကိုချန်လှပ်၍ Sunoo ဖြစ်ပျက်ကြုံတွေ့ခဲ့ရတာတွေကို Jungwon နားလည်စေရန် အကျဉ်းချုပ်၍ ပြောပြလိုက်ကြသည်။

သူငယ်ချင်းဖြစ်သူရဲ့ အကြောင်းကို အလုံးစုံသိသွားတဲ့ Jungwon က အံ့လဲ အံ့သြ စိတ်မကောင်းလဲဖြစ်ကာ ယူကျုံးမရစွာနဲ့ စုပ်တသပ်သပ်။

" Sunoo မှာ ဒီလို ကိစ္စတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ ကျွန်တော် မသိခဲ့တာ အမှန်ပဲ... သူ အားလုံး အဆင်ပြေနေလိမ့်မယ်လို့ပဲ ကျွန်တော် ထင်ထားတာ ... ခုလို မှတ်ဉာဏ်တွေပါ မရတော့တာကို ကျွန်တော် တကယ်ကြီး မသိခဲ့ဘူး "

" ဟုတ်တယ် Jungwon... CEO က ဒီကိစ္စကို အပြင် ပေါက်ကြားမခံဘူး... ငါတို့တောင် မမျှော်လင့်ဘဲ သိလိုက်ရတာ... သိသိချင်း ငါတို့လဲ တော်တော် အံ့သြသွားရတာလေ "

" ဟူးးး စိတ်မကောင်းလိုက်တာဗျာ... "

" စိတ်မကောင်းတာကို အသာထား... ငါတို့ ပြောတဲ့ကိစ္စ ဘယ်လိုလဲ မင်း စီစဉ်ပေးနိုင်မလား "

ဇာတိပြလာပါပြီ စိတ်မရှည်တတ်တဲ့ Niki က။ သူငယ်ချင်းအကြောင်း ကြားပြီး စိတ်မကောင်းဖြစ်နေတဲ့ Jungwon ကို စိတ်တည်ငြိမ်ဖို့ရန် အချိန်မပေး။ လိုရင်းကိုသာ အဓိကထားပြီး သူ သိချင်တာကို မေးနေလေသည်။

ထိုအခါ မျက်မှန်လေး ပင့်ကာပင့်ကာနဲ့ Jungwon က

" ခင်ဗျားတို့တောင် ဒီလောက်အားတက်သရော် ကူညီနေတာ ကျွန်တော်လဲ တတ်နိုင်တဲ့ဘက်က ပါဝင်ရမှာပေါ့ဗျ... ကျွန်တော့် သူငယ်ချင်းအတွက် ကျွန်တော်လဲ ဒီတိုင်းကြီး မနေနိုင်ပါဘူး "

" အေး ပြီးတာပဲ... ဒါဆို အချိန်ဆွဲ မနေတော့နဲ့ ... လုပ်စရာရှိတာ လုပ်တော့ "

" Niki ရေ... စိတ်လေး ရှည်ပါကွာ... သူ စိတ်ငြိမ်ဖို့လဲ အချိန်ပေးပါအုံးလား "

" ဆက်လုပ်ရအုံးမယ့် ကိစ္စတွေက ရှိသေးတယ်လေကွာ... အချိန်ဖြုန်းနေလို့မှ မရတာ "

" ကဲပါ... ကျွန်တော် အခုချက်ချင်းပဲ သွားလိုက်ပါ့မယ်... Sunoo မေမေဆီကို အကျိုးအကြောင်း ပြောပြပြီး ဆေးဗူးရအောင် ယူခဲ့ရုံပဲ မလား "

" ဆေးဗူးရလာရင်တော့ ဆက်လုပ်စရာတွေ ရှိသေးတယ် Jungwon "

" ဘယ်လိုမျိုးတွေလဲ "

" အဲ့ဒီ့ အပိုင်းမှာတော့ မင်းရဲ့ ကဏ္ဍက တော်တော်လေး အရေးပါသွားပြီ Jungwon... "

" ဘာလို့... "

ထိုအခါမှ Jake နဲ့ Niki တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး Sunoo ကို တာဝန်ယူကုသပေးနေတာဟာ Jungwon ရဲ့ အဖေဆိုတာနဲ့
ဆေးလွဲနေတဲ့ ကိစ္စတွေကိုပါ Jungwon အဖေဆီမှာ စုံစမ်းချင်တဲ့ အကြောင်းကိုပါ ထပ်မံပြောပြလိုက်လေတော့သည်။

" ဟင်... ဒါဆို အဲ့ဒီ ဆေးလွဲတဲ့ကိစ္စက ကျွန်တော့််အဖေကြောင့်လို့ ဆိုလိုချင်တာလား "

နားလည်မှုလွဲသွားတဲ့ Jungwon က သူ့အဖေကြောင့် ထင်သွားကာ မျက်နှာလေးက ချက်ချင်း ပြိုမဲ့မိုးလို မှိုင်းညို့သွားလေတော့သည်။

ထို့ကြောင့် Jake ကပြာကယာ လက်ကာပြလိုက်ပြီး

" အာ... မဟုတ်ဘူး မဟုတ်ဘူး Jungwon shi... ငါတို့ပြောတာ အဲ့သဘောမဟုတ်ဘူး "

" ဒါဆို ဘာကို ပြောချင်တာလဲ ဟင်...ကျွန်တော့်အဖေကြောင့် မဟုတ်ဘူး ဆိုတော့... ဘယ်သူကများ..."

" ဟင်းးး ပြောရမှာတော့ ခက်တယ် Jungwon ရာ... ငါတို့လဲ ခန့်မှန်းချေပဲ ရှိတာဆိုတော့... အင်းး အဲ့ဒီ ခန့်မှန်းချေကိုပဲ ဟုတ်လား မဟုတ်လား အတည်ပြုဖို့လိုအပ်နေလို့ ငါတို့ မင်းရဲ့အဖေနဲ့ တွေ့ပြီး စကားပြောဖို့ လိုနေတယ် Jungwon "

" ဒါဆို ကျွန်တော်က ဖေဖေနဲ့ တွေ့ဖို့ စီစဉ်ပေးရမှာပေါ့ အဲ့လိုလား "

" ဟုတ်တယ် Jungwon... မင်းလက်ထဲ ဆေးရလာပြီးရင် ငါတို့ကို မင်း အဖေဆီ ခေါ်သွားပေးပါ "

" ဟုတ်ကဲ့ ကျွန်တော် တာဝန်ယူပါတယ် ... ကျွန်တော် တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန် ကူညီပေးပါ့မယ် "

" ကျေးဇူးပါ Jungwon shi "

" ဒါနဲ့လေ... ကျွန်တော်က Dr.Yang ရဲ့ သားဆိုတာကို ခင်ဗျားတို့ ဘယ်လို သိသွားတာလဲ ဟင် "

" ဘယ်အရာမှ ကြာကြာ လျှို့ဝှက်ထားလို့ မရပါဘူး Jungwon ရယ်... မလိုသေးရင်တာပါ... သိဖို့ လိုအပ်လာတဲ့ အချိန်မှာ သိအောင်လုပ်လို့ ရမယ့် နည်းလမ်းတွေက အများကြီးပါ ... ဘာပဲဖြစ်ဖြစ် ငါတို့တွေ အဆင်ပြေတာမို့လို့ စိတ်ထဲ မထားပါနဲ့"

Park Group ရဲ့ ဝန်ထမ်းဖြစ်တဲ့ Dr. Yang ရဲ့သားဆိုတာကို ဖုံးကွယ်ထားမိလို့ စိတ်မသက်မသာ ဖြစ်နေဟန်ရှိတဲ့ Jungwon ကို Jake ပုခုံးလေးကို ပုတ်ကာ အားပေးလိုက်သည်။

ထိုအခါမှ Jungwon ဟာ မချိပြုံးလေးနဲ့အတူ မျက်မှန်လေး အောက်ကနေ မျက်လုံးလေး ဝင့်ကြည့်လာကာ ခေါင်းလေး ညိမ့်ပြလာတော့သည်။

ဒီလိုနဲ့ ကော်ဖီဆိုင်လေးထဲကနေ ထွက်ခွာသွားတဲ့ Jungwon ...

သူတို့ အစီအစဉ်က ပထမဦးဆုံး Sunoo မေမေဆီက ဆေးဗူးရအောင် ယူမည်။ ပြီးရင် ဆေးဗူးထဲက ဆေးရဲ့ အာနိသင်နဲ့ ဘာအတွက် သောက်တာလဲကို သိရအောင် လုပ်မည်။

ပြီးရင် ဒီဆေးကို ဘယ်သူ့ညွှန်ကြားချက်နဲ့ Sunoo ကို တိုက်တာလဲဆိုတာ သိရအောင် စုံစမ်းဖို့ပါပဲ။

အလျင်သင့်စွာနဲ့ ဒီအစီအစဉ်တွေထဲမှာ Jungwon ကပါ ပါဝင်ပတ်သက်လာခဲ့လေတော့ သူတို့အတွက် စုံစမ်းရတာ ပိုပြီး လွယ်ကူသွားရတာပေါ့။

ဆိုင်ထဲမှာ ကျန်နေခဲ့တဲ့ Niki နဲ့ Jake ကတော့ Jungwon အဆင်ပြေပြေနဲ့ ကိစ္စတွေ ပြီးစီးခဲ့ဖို့ကိုသာ ဆုတောင်းရင်းနဲ့ Jungwon ဆီက ဆက်လာမယ့်ဖုန်းကိုသာ မျှော်လင့်တကြီး စောင့်ဆိုင်းနေမိတော့သည်။

.
.
.

သားရဲ့ သူငယ်ချင်းဆိုတဲ့ ကောင်လေး ပြန်သွားပြီးကတည်းက သူမ ဆိုဖာပေါ်မှာပဲ ငူငူကြီး ထိုင်နေမိကာ စိတ်နဲ့လူနဲ့ မကပ်တော့။

ဒီကောင်လေး ပြောသွားတဲ့ စကားတွေကိုသာ အထပ်ထပ် ပြန်ကြားယောင်ရင်း ဖြစ်နိုင်ပါ့မလားဆိုတဲ့ စိတ်တွေရယ် သားလေး ဒီလိုတွေ ကြုံတွေ့နေရတာကို သူမ မသိခဲ့လေခြင်း ဆိုတဲ့စိတ်တွေရယ်နဲ့ သူမကိုယ်သူမ အပြစ်တွေ တင်ပြီးရင်း တင်ပါပဲ။

သူမ အရိပ်အောက်မှာ သူမ ရင်ခွင်ထဲမှာနေပြီး သူမရဲ့ ကလေးလေးက ဒီလိုဆေးတွေ တိုက်ကျွေးခံနေရပါတယ်ဆိုတာကို ပြန်တွေးမိရင်း သူမရင်ထုမနာ ဖြစ်ရပါသည်။

တစ်ခါတစ်ရံ သားလေးက ဒီဆေးတွေ မသောက်ချင်ပါဘူး ပြောတာကိုတောင် သူမကိုယ်တိုင်က သားလေးကို ဒီဆေးတွေ ယူပြီး သောက်ခိုင်းသေးတာမလား...

မေမေ အသုံးမကျခဲ့လို့ပါ သားရယ်...

ဒီဖြစ်ရပ်ကြီးသာ တကယ်ပဲဆိုရင် မေမေ သားလေးအပေါ် အားနာစိတ်တွေနဲ့ ရူးရပါလိမ့်မယ်...

အသုံးမကျတဲ့ ဒီမေမေက သားလေးကို ဘာတစ်ခုမှလဲ ကာကွယ်မပေးနိုင်ခဲ့ပါလားကွယ်။

ထိုအချိန်မှာပဲ အိမ်ထဲကို ဝင်ရောက်လာတဲ့ CEO Park...

တညလုံး အိပ်မထားလို့ဘဲလား ညကသောက်ထားတဲ့ ဝီစကီရဲ့ တန်ခိုးကြောင့်ပဲလားမသိ ဖောင်းအစ်နေတဲ့ မျက်နှာနဲ့အတူ မျက်သားတွေဟာလဲ နီရဲလို့နေသည်။

" CEO "

သူမ ထိုင်ရာမှ ထကာ နှုတ်ဆက်လိုက်တော့ ဆိုဖာမှာ ဝင်ထိုင်လိုက်တဲ့ CEO က

" ဘေဘီ့ကို အခုချိန်အထိ အိမ်ပြန်မခေါ်လာနိုင်သေးလို့ ကျွန်တော် အန်တီ့ကို မျက်နှာမပြဝံ့ပါဘူး... အမြန်ဆုံး ပြန်ခေါ်လာနိုင်ဖို့လဲ စုံစမ်းနေပါတယ် အန်တီ... စိုးရိမ်နေမယ်ဆိုတာ သိပေမယ့် သိပ်ပြီးတော့ စိုးရိမ်မနေဖို့ ကျွန်တော်ပြောချင်ပါတယ် "

မိခင်တစ်ယောက်အနေနဲ့ မစိုးရိမ်ဘဲ နေဖို့တော့ ဖြစ်မတဲ့လား။ ဒါပေမယ့်လဲ သူမ ပါးစပ်ကနေတော့ ထုတ်မပြောဖြစ်ပါ။

ငြိမ်နေတဲ့ သူမကြောင့် CEO ကပဲ ဆက်၍

" ဘေဘီ့ဆီက ဆက်သွယ်လာတာမျိုးတွေ ရှိသလား အန်တီ "

ရုတ်တရက် သူမ ဘယ်လိုဖြေရမှန်းမသိ။

အစကတော့ CEO ကို သားလေးကို အမြန်ဆုံး ရှာပေးဖို့ ပြောမလို့ပေမယ့် သားသူငယ်ချင်းဆီက ကြားထားရတဲ့ စကားများကြောင့် သူမ CEO ကိုလဲ အရင်လို မယုံကြည်ရဲတော့။

ထို့ကြောင့် သားရဲ့သူငယ်ချင်း လာသွားတဲ့ ကိစ္စကိုဖုံးကွယ်ထားလိုက်ပြီး Sunghoon ဆက်သွယ်လာတာကိုပဲ ပြောဖို့ဆုံးဖြတ်လိုက်ကာ

" သားလေးဆီကတော့ ဘာအဆက်အသွယ်မှ မရပါဘူး CEO... ဒါပေမယ့် မနေ့က Sunghoon ဆီကတော့ အဆက်အသွယ်ရခဲ့ပါတယ်... "

" အဟင်း အဲ့ကောင် ဘာတွေ ပြောသွားသေးလဲ "

" သားလေး သူ့ဆီမှာ ရှိနေတယ်ဆိုတာနဲ့ သားလေးကို အန်တီတို့ဆီ ပြန်မပို့တော့ဘူး ဆိုတာပဲ ပြောသွားခဲ့တာပါ... အဲ့ဒါပြောပြီးကတည်းက အန်တီ့ဆီ ဆက်သွယ်မလာတော့တာ ခုထိ ပါပဲ "

" တကယ်တမ်း ဒီလို ကိစ္စတွေရှိခဲ့ရင် ကျွန်တော့်ကို ချက်ချင်း ပြောရမှာလေ အန်တီ.. နောက်တစ်ခါ ဆက်သွယ်လာခဲ့ရင် ချက်ချင်းပြောပါ "

CEO ရဲ့ စကားကို သူမ ခေါင်းညိမ့်ပြမိသလား မညိမ့်ပြမိဘူးလားတောင် မသိတော့ပါဘူး။

တော်သေးတာက သားလေးကို ခေါ်သွားတာက Park Sunghoon မို့လို့ပေါ့...

မဟုတ်ဘဲ အရင်တစ်ခါလို ရန်ပြုမယ့်လူတွေ လက်ထဲဆို ဘယ်လိုလုပ်ရပါ့မလဲ...

သားလေးအတွက် CEO နဲ့ Park Sunghoon ဘယ်သူ့လက်ထဲမှာ ရှိနေတာက ပျော်ရွှင်ပြီး လုံခြုံမှုရှိမလဲ...

သူမ အတွေးတွေထဲ နစ်မျောနေဆဲမှာ CEO ကတော့ အိမ်အပေါ်ထပ်ကို တက်သွားကာ သားလေးရဲ့ အခန်းရှိရာသို့ ဝင်ရောက်သွားလေတော့သည်။

လူမရှိလည်းပဲ အမြဲ သပ်ရပ်သန့်ရှင်းနေပြီး မွှေးကြိုင်နေတတ်တဲ့ ဘေဘီ့ရဲ့ အခန်းလေး...

ဘေဘီ့အကြိုက် အဖြူရောင်တွေနဲ့သာ ပြည့်နှက်နေတဲ့ ဒီအခန်းလေးဟာ Jay ကိုယ်တိုင် ဖန်တီးပေးထားတဲ့ နေရာလေးသာ။

ဒီအခန်းလေးဟာ သူ့အတွက်တော့ တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာခဲ့တဲ့နေရာလေးပေါ့။

အိပ်ရာခင်းတွေ ပြန့်ပြူးနေပြီး တစ်နေရာလေးမှ တွန့်ကြေမှုမရှိတဲ့ အိပ်ရာ ဖြူလွလွလေးပေါ် Jay အသာ ဝင်ထိုင်လိုက်ကာ အိပ်ရာလေးပေါ် လက်ဝါးလေးနဲ့ အကြောင်းမဲ့ ပွတ်သပ်နေမိသည်။

ဒီအခန်းလေးထဲမှာ သူ ဘေဘီ့ရဲ့ ရယ်သံလေးတွေကို နားဆင်ခဲ့ဖူးတယ်။

ဒီအခန်းလေးထဲမှာ သူ ဘေဘီ့ရဲ့မျက်ရည်တွေကို ကြည့်နေခဲ့ဖူးတယ်။

ဒီ အခန်းလေးထဲမှာပေါ့ ဘေဘီ ပြုံးရယ်သွားအောင်လဲ သူ စွမ်းဆောင်ခဲ့ဖူးသလို ဘေဘီ့ မျက်ဝန်းလှလှလေးတွေကနေ မျက်ရည်တွေကျဆင်းလာအောင်လဲ ပြုမူဖူးပါရဲ့။

ဒီလိုပါပဲ... သူ့ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို ဖြစ်တည်စေတာဟာလဲ ဘေဘီကိုယ်တိုင်ပါပဲ။

အခုတော့ ပိုင်ရှင်မရှိတဲ့ ဒီအခန်းလေးထဲမှာ ကိုယ်တစ်ယောက်တည်း မင်း အငွေ့အသက်တွေကို လိုက်ရှာနေမိရင်း လမ်းတွေ ပျောက်နေပြီ ဘေဘီရေ...

မင်းကိုသာ အပြီးတိုင် စွန့်လွှတ်ရရင် ဆိုတဲ့စိတ်နဲ့ ကိုယ် တကယ်ကို လမ်းပျောက်နေပြီကွယ်...

ကုတင်ပေါ်မှာ ငြိမ်သက်စွာ ထိုင်နေမိရင်း Jay ရဲ့ ခြေတစ်ဖက် နောက်သို့ဆုတ်လိုက်တဲ့အချိန် ကုတင်အောက်က တစ်စုံတစ်ရာနဲ့ တိုးတိုက်မိသွားလေတော့သည်။

ဒါနဲ့ပဲ Jay ကုတင်အောက်ကို ဆင်းလိုက်ကာ ထိုအရာကို ယူကြည့်လိုက်တော့ စက္ကူပုံးလေးတစ်ခု ဖြစ်လို့နေသည်။

" ဒါ ဘာလေးလဲ ... ဘေဘီ့ရဲ့ ပစ္စည်းလေးတွေ လား "

ထိုပုံးလေးကို သူ ကုတင်ပေါ် တင်၍ သိချင်စိတ်နဲ့အတူ အဖုံးလေးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာက အရုပ်လေးတွေ အမှတ်တရ ပစ္စည်းလေးတွေ Postcard လှလှလေးတွေ။

" ဒါ ငါ တစ်ခါမှ မမြင်ဖူးသေးတဲ့ ပစ္စည်းတွေပါလား ... "

ပစ္စည်းတွေကို တစ်ခုချင်း ယူကြည့်လိုက်ပြီးနောက် ထပ်မံပြီး တွေ့လိုက်ရတာက ချည်နဲ့ အရုပ်လေး ထိုးထားတဲ့ လက်ကိုင်ပဝါလေး...

" ကျစ်! ဒီပဝါက ဘာလို့ အခုထိ ဘေဘီ့ဆီမှာ ရှိနေသေးတာလဲ... ငါ ပြန်ပေးခိုင်းထားတာ ကြာပါပြီ "

ထို့နောက် Postcard လေးကို ယူလိုက်ကာ ဖွင့်ဖတ်လိုက်တဲ့အခါမှာ...

" တောက်! ဒါတွေက အခုချိန်ထိ မင်းဆီမှာ ရှိနေသေးတာလား ဘေဘီ.. မင်းက ဒါတွေကို ငါ မသိအောင် သိမ်းဝှက်ထားပြီး မင်း အကောင်ကို တသသ လုပ်နေခဲ့တာလား... "

ဟိုတစ်ခါ သူ အခန်းထဲဝင်လာစဉ်က ကုတင်အောက်ကို တစ်ခုခု ဖွက်လိုက်တာကို သူ မြင်လိုက်ပေမယ့် မလုံမလဲ ဖြစ်နေတဲ့ ဘေဘီ့ကို မခက်ခဲစေချင်တာကြောင့် သူ မသိချင်ယောင် ဆောင်ပေးခဲ့တာလေ။

အဲ့ဒီ အချိန်က ဘေဘီဟာ ဒီပစ္စည်းတွေကို ဝှက်သိမ်းနေတာတဲ့လား...

တောက်! ကွာ....

သူ စိတ်လိုက်မာန်ပါ စက္ကူပုံးလေးကို ဆွဲဖြဲပစ်လိုက်ကာ အထဲက ပစ္စည်းတွေကို ကြမ်းပြင်ပေါ် ပစ်ချ၍ ဖိနပ်နဲ့ နင်းချေပြီး တစ်စစီ လုပ်ပစ်လိုက်လေတော့သည်။

" အင့်ကွာ! အင့်ကွာ! ပျက်ဆီးစမ်း... မင်း အဲ့လောက်ထိ တသသလုပ်နေတဲ့ အဲ့ကောင်ရဲ့ ပစ္စည်းတွေကို အင့်! အင့်! အင့်! "

စိတ်ရှိလက်ရှိကို နင်းချေဖျက်ဆီးပစ်ကာ တစ်ယောက်ထဲ ကြိတ်မနိုင်ခဲမရ ဒေါသစိတ်တွေနဲ့ ပေါက်ကွဲ နေမိလေသည်။

နောက်ဆုံးအချိန်ထိ ဘာတစ်ခုကိုမှ မှတ်မိသိရှိခြင်းမရှိတဲ့ ပုံ ဖမ်းထားတဲ့ ဘေဘီက ဒီပစ္စည်းတွေကို ဘာကြောင့် သူမမြင်အောင် သိမ်းထားရတာလဲ...

" အန်တီ!! ဒီအပေါ်ကို ခဏ လာပါအုံး "

သူ အသံကို မြှင့်၍ အောက်ထပ်မှာရှိနေတဲ့ ဘေဘီ့မေမေကို အော်ခေါ်လိုက်တော့ ချက်ချင်းရောက်လာတဲ့ အန်တီက

" ဘာဖြစ်လို့လဲ CEO... ဘာများ လိုအပ်လို့လဲ "

ဝင်ဝင်လာချင်း ကြမ်းပေါ်က ပစ္စည်းတွေကို မမြင်သေးတဲ့ ဘေဘီ့မေမေက စိုးရိမ်နေတဲ့ အသံနဲ့ သူ့ကို မေးလာတော့ သူ ကြမ်းပေါ်ကို လက်ညှိုးထိုးပြကာ

" ဒါ ဘာတွေလဲ... ဒီ ကိစ္စကို ကျွန်တော် နားလည်အောင် ရှင်းပြစမ်းပါအုံး "

ထိုအခါမှ ကျိုးပဲ့နေတဲ့ ပစ္စည်း အပိုင်းအစတွေကို မြင်သွားတဲ့ အန်တီက

" CEO! ဒါ ဒါတွေက ဘယ်လိုဖြစ် "

" ကျုပ် ဖျက်ဆီးလိုက်တာ "

" ရှင်..."

" ဟုတ်တယ်...ကျုပ် မမြင်ချင်လို့ ဖျက်ဆီးလိုက်တာပဲ... သတိမေ့နေပါတယ်ဆိုတဲ့ လူက ဒါတွေကို ကျုပ်မမြင်အောင် သိမ်းထားပြီး တသသ ထုတ်ကြည့်နေတာ ဘာသဘောလဲ... အန်တီ့ သား မှတ်ဉာဏ်တွေ ပြန်ရနေတာလား ဟိုကောင့်ပစ္စည်းတွေကို ကျုပ်မမြင်အောင် သိမ်းထားတာ ဘာသဘောလဲ "

" မဟုတ်ပါဘူး CEO ရယ်... သားလေးက ဒီပစ္စည်းတွေက ဘာလဲဆိုတာတောင် မသိရှာပါဘူး... မှတ်ဉာဏ် ပြန်ရရင်လဲ CEO က အရင်ဆုံး သိမှာပဲ မဟုတ်ဘူးလား "

" မှတ်ဉာဏ် ပြန်ရတာ ကျုပ်ကို မပြောဘဲ ဖုံးကွယ်ထားတာဆို ဘယ်လို လုပ်မလဲ... ကျုပ် ခင်ဗျားတို့ကို မယုံတော့ဘူး... "

ဘာကိုမှ မမှတ်မိတဲ့ လူတစ်ယောက်ဆိုရင် သူလာတာနဲ့ ဒီပစ္စည်းတွေကို ဝှက်လိုက်စရာ အကြောင်း ရှိပါ့မလား...

ဘာပဲဖြစ်ဖြစ် သူ ဘေဘီ့ပုံစံကို မသင်္ကာချင်ပါ။

" ဘေဘီက ကျုပ် သောက်ခိုင်းတဲ့ ဆေးတွေ ပုံမှန်ရော သောက်နေရဲ့လား "

" သောက်ပါတယ် CEO... တစ်ခါတစ်လေ သားလေး မသောက်ချင်ဘူးဆိုတာတောင် ကျွန်မက တိုက်ပေးသေးတာပါ "

" ဒါဆိုရင်တော့ မဟုတ်လောက်ပါဘူး လေ ... သတိရလာစရာ အကြောင်းမှမရှိတာ "

CEO တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်တာကို သူမ ကြားဖြစ်အောင် ကြားလိုက်ရတာမို့

" ဘာလဲ CEO တိုက်တဲ့ ဆေးက ဘယ်လို ဆေး မို့လို့လဲ ... သားလေး မှတ်ဉာဏ်တွေပြန်ရဖို့ ကြန့်ကြာစေတာမျိုးလား "

" ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ပြောနေတာလဲ အန်တီ... ဒါ ဘာ စကားလဲ "

" CEO ရဲ့စကားကြောင့် ကျွန်မ အဲ့လို ထင်မိသွားလို့ပါ "

ဒီစကားဟာ CEO ဘယ်လို ပြန်ဖြေမလဲ သိချင်တာကြောင့် သူမ တမင် မေးလိုက်ခြင်းဖြစ်သည်။

" ဟွန်း.. ထားပါတော့... ခင်ဗျားသားက မကြာခင် ကျုပ်လက်ထဲ ပြန်ရောက်မှာပဲ... အဲ့တော့မှ ကျုပ်ကို လိမ်ထားသလား မလိမ်ထားဘူးလား သိရမှာပေါ့... ကျုပ်ကို လိမ်ညာထားတယ် ဆိုရင်တော့ ခင်ဗျားတို့ တမိသားစုလုံး မလွယ်ဘူးဆိုတာ မှတ်ထားပါ "

ဒေါသတကြီးနဲ့ အခန်းထဲက ထွက်သွားတဲ့ CEO ကို ကြည့်ရတာ ပူလောင်မှုတွေ များလိုက်တာ...

ပိုင်ဆိုင်လိုစိတ် အတ္တတွေနဲ့ CEO ဟာ အမှားအမှန်ကိုတောင် မခွဲခြားတတ်တော့ ဟန်ဖြင့် ထင်ရာစိုင်းနေသည့်ဟန် တူပါသည်။

ဘာပဲဖြစ်ဖြစ် ဆေးအကြောင်းကိုလဲ စုံစမ်းနေပြီမို့ မကြာခင်မှာတော့ အဖြေအတိအကျကို သိလာရမှာပါလေ။

.
.
.

တဖက်က Jake တို့အဖွဲ့တွေကလဲ ဆေးရလာပြီဆိုတာနဲ့ Dr.Yang နှင့်တွေ့ဖို့ စီစဉ်ရသည်။

ဒီတစ်ခါတော့ သိပ်တော့ မခက်ခဲလိုက်။

Jungwon ရဲ့ အကူအညီနှင့် သူ့အိမ်မှာပင် တွေ့ဖို့ အခွင့်အရေး ရလာတော့သည်။

သား နေမကောင်းဘူးဆိုတာနဲ့ ဆေးရုံကနေ ချက်ချင်း ပြန်လာတဲ့ Dr.Yang။

တကယ်တမ်း နေမကောင်းတာ မဟုတ်ဘဲ လူတချို့နဲ့ တွေ့ပေးဖို့လို့ သိလိုက်ရတဲ့အခါ Dr. Yang ဟာ လိမ်ညာပြီး ခေါ်ရမလားဆိုကာ

" ဖေဖေ အလုပ်မအားတာ သားငယ် သိရက်နဲ့ ကွယ်... သား ကိစ္စက ဘယ်လောက်အရေးကြီးနေလို့လဲကွယ့်... ဘယ်သူတွေမို့ ဖေဖေ့ကို ညာခေါ်ရတဲ့အထိ လဲ "

" သား သူငယ်ချင်းတွေပါ ဖေဖေ... သူတို့ထဲက တစ်ယောက်ကို တွေ့လိုက်ရင် ဘယ်သူတွေလဲ ဆိုတာ ဖေဖေ သိမှာပါ... ကိစ္စက ဘယ်လောက်အရေးကြီးလဲ ဆိုတာကတော့ လူတစ်ယောက်ရဲ့ ဘဝကြီးနဲ့ ဆိုင်တဲ့ထိကို အရေးကြီးတယ် လို့ ပြောရမှာပဲ ဖေဖေ "

" ဘယ်လို... သားစကားကြီးက ကြီးလိုက်တာကွာ.. သူတို့တွေကရော ဘယ်လို အကြောင်းကိစ္စတွေကြောင့် ဖေဖေ့ကို တွေ့ချင်ရတာတဲ့တုန်း "

" သူတို့အခု သားအခန်းထဲမှာ ရှိနေတယ်... စာကြည့်ခန်းထဲကို ခေါ်လာခဲ့မှာမို့လို့ ဖေဖေ အချိန်ခဏလောက်ပေးပြီး စာကြည့်ခန်းထဲက စောင့်နေပေးပါနော် "

" ကဲကဲ မြန်မြန်တော့ လုပ်... ဖေဖေ အချိန်ခဏပဲ ရတယ်... "

" ဟုတ်ကဲ့ ဖေဖေ "

ဖေဖေ့ကို စာကြည့်ခန်းထဲက စောင့်ခိုင်းပြီး Jungwon အခန်းထဲသို့ ဝင်လာလိုက်သည်။

အခန်းထဲမှာကတော့ Jake ရယ် Niki ရယ်...

ပြီးတော့ ဖေဖေနဲ့ တိုက်ရိုက်ပေးတွေ့ဖို့အတွက် ခေါ်ထားတဲ့ Sunoo နဲ့ Sunghoon ရယ်။

သူ့အကြောင်းကိစ္စတွေမို့ သူကိုယ်တိုင် နားနဲ့ဆက်ဆက် ကြားချင်ပါတယ်ဆိုတာကြောင့် လူအမြင်အောင် ခေါ်လာခဲ့ရတဲ့ Sunoo။

သူ့ခမျာလဲ အဖြေကို သိရဖို့ စိတ်တွေ လှုပ်ရှားနေကာ ဂဏာမငြိမ်။

ထိုင်ရမလို ထရမလိုနဲ့ အခန်းထဲမှာပဲ လမ်း ပတ်လျှောက်နေပြီး စိတ်တွေ အလှုပ်ရှားကြီး လှုပ်ရှားလို့နေလေသည်။

သူ့စိတ်ထဲမှာ အထပ်ထပ် ဆုတောင်းနေမိတာကတော့

* Jay က ကျွန်တော့်ကို အဲ့လို လုပ်လို့ မဖြစ်ဘူးမို့ ကျွန်တော်တို့ ထင်မြင်ချက်တွေ လွဲမှားပါစေ...*

သူတို့ စောင့်ဆိုင်းနေကြတုန်းမှာပဲ အခန်းတံခါးပွင့်လို့လာပြီး ဝင်လာတာက Jungwon...

" သူငယ်ချင်းတို့ ဖေဖေ စောင့်နေတယ်... သွားတွေ့ကြရအောင် "

Jungwon က လာခေါ်နေပြီမို့ အားလုံး ထိုင်ရာမှ ထလိုက်ကြလေသည်။

စိတ်လှုပ်ရှားနေတဲ့ အဆောကို Sunghoon ပုခုံးလေးအသာဆုပ်ကာ ဖျစ်ညှစ်ပြီး အားပေးလိုက်တော့ ခပ်ယဲ့ယဲ့လေး ပြုံးပြလာတဲ့ အဆော။

" ဘေးနားမှာ မောင်ရှိနေမှာမို့ ဘယ်လို အဖြေမျိုးကိုပဲ ကြားသိရပါစေ အဆော ပြိုလဲသွားလို့ မဖြစ်ဘူး နော်... ''

" ဟုတ်ကဲ့ပါ မောင်... အဆော အတတ်နိုင်ဆုံး စိတ်ကို ထိန်းပါ့မယ် "

" အဆော Jay ကို ယုံကြည်ချင်တာ သိပေမယ့် မောင်တို့ ဘာကိုပဲ သိလာရ သိလာရ အမှန်ကို လက်ခံရဲရမယ် "

" ဟုတ် မောင် "

ဒီလိုနဲ့ တုန်တုန်ယင်ယင် ဖြစ်နေတဲ့ ကောင်ငယ်လေးကို Sunghoon အားပေးစကားတွေ ပြောကာ ပွေ့ဖက်၍ ခေါ်လာရင်း စာကြည့်ခန်းရှေ့ကို ရောက်တော့

ဒေါက် ဒေါက် ဒေါက်

" သားတို့ ဝင်ခဲ့မယ်နော် ဖေဖေ "

Jungwon ရဲ့ ခွင့်တောင်းသံအဆုံး ချက်ချင်းပြန်ဖြေလာတဲ့ ခွင့်ပြုသံကြောင့် တံခါးကို တွန်းဖွင့်၍ အထဲကို ဝင်လိုက်ကြသည်။

သူတို့က အဖွဲ့လိုက်ကြီး ဝင်လာတာဆိုတော့ တိတ်ဆိတ်နေတဲ့ စာကြည့်ခန်းကြီးထဲ ချက်ချင်း လူတွေနဲ့ ပြည့်နှက်သွားပြီး တစ်ယောက်ချင်းစီကို လိုက်မကြည့်တာကြောင့် Sunoo ကို မမြင်သေးတဲ့ Dr. Yang က ထိုင်ဖို့ နေရာကို ညွှန်ပြလိုက်ကာ

" ကဲ အဆင်ပြေသလို ထိုင်ကြပါ ကလေးတို့... အားလုံးက သားငယ်ရဲ့သူငယ်ချင်းတွေလို့ သိရတယ်... အန်ကယ့်ကို တွေ့ချင်ရတာ ဘယ်လိုအကြောင်းကိစ္စတွေကြောင့်များလဲ "

သူတို့ကို လောကွတ်စကားများဆိုရင်း သူကိုယ်တိုင်လဲ စာကြည့်စားပွဲရှေ့က ဆုံလည်ကုလားထိုင်မှာ ဝင်ထိုင်လိုက်တဲ့ Dr. Yang။

ခုံမှာ အကျအန ထိုင်ပြီးကာမှ ခပ်လျှောလျှောဖြစ်နေတဲ့ မျက်မှန်ကို လက်မလက်ညှိုးသုံး၍ ပင့်တင်ရင်း သူတို့ဆီ အကြည့်ရောက်လာတဲ့ အချိန်...

Sunoo ဟာလဲ ထိုင်ရာမှ ထလိုက်ကာ

" အကြောင်းကိစ္စကတော့ ကျွန်တော်နဲ့ ပတ်သက်နေတာပါပဲ Dr "

" Kim Sunoo!!! "

ထင်မှတ်မထားတဲ့နေရာမှာ ထင်မှတ်မထားတဲ့ လူကို တွေ့လိုက်ရလို့ တအံ့တသြ ဖြစ်သွားတဲ့ Dr. Yang...

************************************

Love you...

San Htarni 💙

21.8.2023

// ဒီအပိုင်းလေးမှာ အကြောင်းအရာတွေ အများကြီး ထည့်ထားတော့ ဖတ်ရတာ နည်းနည်း ကျပ်ညပ်နေမလား မသိပေမယ့် ဒီအကြောင်းအရာတွေကို အကျယ်ချဲ့ရေးနေရင် တအားကြီး ရှည်နေမှာစိုးလို့ ချုံ့ရေးလိုက်တယ်နော်။ ရေးရတာ သိပ်တော့အားမရလိုက်ဘူး။ ဖတ်ရတာလေး အဆင်မပြေခဲ့ရင် လိုတဲ့နေရာလေးတွေ ဖြည့်ဖတ်ပေးကြပါလို့။ //

ZAWGYI

~ 38 ~

" ဒါဆိုရင္ေတာ့ စဥ္းစားစရာပဲ "

ဧည့္ခန္းေလးထဲမွာေတာ့ ႐ုတ္တရက္ အေတြးကိုယ္စီနဲ႕ ၿငိမ္သက္သြားတဲ့ ေကာင္ေလး ေလးေယာက္...

ေဆးမွားဝယ္တာမွ မဟုတ္ရင္ ဒီ ပုလင္းေလးထဲက ေဆးဟာ ဘာေၾကာင့္ ကြဲျပားေနရပါသလဲ။

ေဆးလုံးေလးေတြ အေရာင္မတူျခင္းဟာ ေသြးရိုးသားရိုးမွ ဟုတ္ပါရဲ႕လား။

တစ္စုံတစ္ေယာက္ရဲ႕ ပေယာဂ မပါဖို႔ေတာ့ လိုပါသည္။

" မင္းဖုန္း ငါ့ခဏေပး Jake "

သူ႕ဖုန္းေလးက တစ္စစီ ျဖဳတ္ၿပီး သိမ္းထားတာမို႔ Sunghoon , Jake ဆီမွ ဖုန္းခဏ ယူၿပီးေနာက္ ေဆးနဲ႕ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို internet မွာ ရိုက္ရွာလိုက္သည္။

ေဆးရဲ႕ အာနိသင္ေတြ၊ ဘယ္လိုလူေတြ ေသာက္သင့္တယ္ဆိုတာေတြ၊ ေဆး ထုတ္လုပ္မႈ ဘယ္ႏွမ်ိဳးရွိတယ္ဆိုတာေတြ စသည္... ေဆးလုံးရဲ႕ အေရာင္ ဘယ္ႏွခုရွိတယ္ဆိုတာပါ မက်န္ ေစ့ေစ့စပ္စပ္ ေသခ်ာရွာကာ ဖတ္ၾကည့္ေနသည္။

ဘယ္ႏွႀကိမ္ ဘယ္ႏွခါ ရွာရွာ ဒီေဆးဟာ အေရာင္တမ်ိဳးတည္းသာ ထုတ္လုပ္ၿပီး ပန္းေရာင္ မထုတ္ဟုသာ ေတြ႕ရသည္။

" ဟူးးး ငါ ထင္သလို မျဖစ္ဖို႔ ေမွ်ာ္လင့္ရေတာ့မွာပဲ "

Sunghoon သက္မေမာတစ္ခုကို ေလးေလးပင္ပင္ ခ်လိဳက္ၿပီး ဆိုဖာေပၚ ေခါင္းမွီကာ ေနာက္ျပန္ လွန္ခ်လိဳက္သည္။

" ေမာင္က ဘယ္လို ထင္လို႔လဲ ဟင္ "

" ေမာင္ မေသခ်ာေသးလို႔ အခု မေျပာခ်င္ေသးဘူး အေဆာရယ္... ေမာင္ တိက် ေသခ်ာတဲ့ အ​ေျဖတစ္ခု ရရင္ေတာ့ ေသခ်ာေပါက္ အေဆာကို ေျပာမွာပါ "

" ေမာင္ ေတြးေနတာကို အေဆာသိခ်င္တယ္ ေမာင္... ဒါ အေဆာနဲ႕ သက္ဆိုင္ေနတဲ့ ကိစၥမို႔ အေဆာကို ေျပာျပပါ "

" ဒါဆို ေမာင္ ေမးတာကို ေသခ်ာေလး စဥ္းစားၿပီး ေျဖေနာ္ ... အေဆာ အရင္ကေရာ အခုလို ေခါင္းကိုက္ဖူးသလား "

" အင္း တစ္ခုခုကို အာ႐ုံစိုက္ၿပီးအတင္းအၾကပ္ စဥ္းစားလိုက္ရင္တို႔ စိတ္ေတြ အရမ္းဖိစီးလာရင္တို႔ဆို ကိုက္တယ္ "

" အဲ့လို ေခါင္းကိုက္ရင္ အေဆာ ဘာလုပ္လဲ "

" ေဆးေသာက္တယ္... Jay ေပးထားတဲ့ ေဆးေလ... အဲ့ ေဆးကို ေသာက္လိုက္ရင္ ေခါင္းကိုက္ေနတာေတြ သက္သာသြားၿပီး အိပ္ေပ်ာ္သြားတတ္တယ္... "

" ေဆးေသာက္ၿပီးတဲ့အခါမွာေရာ... ခံစားရတာ ဘယ္လိုလဲ... ေခါင္းထဲမွာ ၾကည္လင္ေနသလား... ဒါမွမဟုတ္ ထိုင္းထိုင္းမွိုင္းမွိုင္း ျဖစ္ေနတာတို႔... မလန္းဆန္းတာတို႔... တစ္ခုခုေပါ့..."

" အြန္းးး ဘယ္လိုေျပာရမလဲ... ေဆးေသာက္လိုက္ရင္ေလ ခ်က္ခ်င္းႀကီး မသိသာေပမယ့္ အခ်ိန္နည္းနည္း ၾကာလာရင္ေတာ့ နည္းနည္း ထိုင္းမွိုင္းခ်င္လာတယ္... အာ႐ုံေတြ ေနာက္လာၿပီး အသိေတြက ေဝဝါးလာသလိုပဲ... အရမ္း သိခ်င္ မွတ္မိခ်င္လို႔ စဥ္းစားေနတဲ့ အရာေတြ ဘာတစ္ခုမွ အသိစိတ္ထဲမွာ မရွိေတာ့ဘဲ အိပ္ေပ်ာ္သြားခဲ့တာခ်ည္းပဲ ေမာင္ "

" စဥ္းစားစရာပဲ... ဦႏွောက္နဲ႕ အာ႐ုံေၾကာေတြကို အေထာက္အကူျပဳေပးတဲ့ ေဆးက အဲ့လို ထိုင္းမွိုင္းစရာ လိုလို႔လား... ဒါသာ တကယ္ဆိုရင္ ေမာင္တို႔ ဒီကိစၥကို ေပါ့ေပါ့တန္တန္ ထားလို႔မရေတာ့ဘူး... ေသခ်ာတဲ့ အေျဖတစ္ခုရဖို႔ စုံစမ္းစရာရွိတာ စုံစမ္း ရေတာ့မယ္ "

" ဘာျဖစ္လို႔လဲ ေမာင္... ေမာင္က ဘယ္လို ထင္လို႔လဲ "

" ေမာင္ CEO ကို မသကၤာဘူး "

" အထဲက ေဆးလုံးေတြ လြဲေနလို႔လား "

" ဟုတ္တယ္ အေဆာ... ေမာင္ ထင္တာ မမွားဘူးဆိုရင္ အေဆာကို CEO တိုက္တဲ့ေဆးက အေဆာရဲ႕ အာ႐ုံေၾကာေတြကို ထုံထိုင္းေစတဲ့ ေဆးတစ္မ်ိဳးမ်ိဳးပဲ ျဖစ္ရမယ္ "

" မျဖစ္နိုင္တာ ေမာင္ရယ္... Jay က ဘာလို႔ အဲ့လို လုပ္ရပ္မ်ိဳးကို လုပ္မွာလဲ... Jay က အေဆာကို တကယ္ ဂ႐ုစိုက္ပါတယ္ "

" ဂ႐ုေတာ့ စိုက္ေကာင္းစိုက္လိမ့္မယ္ အေဆာ... ဒါေပမယ့္ အေဆာ သတိျပန္ရမွာကိုေတာ့ သူ လိုလားမွာမဟုတ္ဘူး... အဓိက အခ်က္က အေဆာကို ျပန္ၿပီး သတိမရေစခ်င္လို႔ကို သူ ဒီလို လုပ္ရပ္ကို လုပ္တာပဲ "

" အေဆာေတာ့ မျဖစ္နိုင္ဘူး ထင္တယ္ ေမာင္... Jay ကေလ... Jay လိုလူက ဘာလို႔ ဒီလို လုပ္မွာပဲ ေမာင္ရဲ႕ "

" Jay က Jay မို႔လို႔ကို ဒီလိုလုပ္ရပ္ကို လုပ္မွာေလ အေဆာ... သူက အဲ့လိုလူမ်ိဳးပဲ... သူ လိုခ်င္တာ ရဖို႔ဆိုရင္ ဘာကိုမွ ဂ႐ုစိုက္တတ္တဲ့ လူ မဟုတ္လို႔ပဲ "

" အေဆာေတာ့ မစဥ္းစားတတ္ေတာ့ဘူး ေမာင္... ေခါင္းေတြလဲ ရႈပ္လာၿပီ... ဒီေဆးကိစၥက ဒီေလာက္ထိ ရႈပ္ေထြးစရာအေၾကာင္း ရွိလို႔လား "

" စုံစမ္းၿပီးမွ အေၾကာင္းရင္းမွန္ကို သိရမွာမို႔ ေျပာဖို႔ေတာ့ ခက္တယ္ အေဆာရဲ႕... ဘာပဲျဖစ္ျဖစ္ ေမာင္ ေျဖရွင္းပါ့မယ္... ေမာင့္အခ်စ္က အခန္းထဲမွာပဲ ေအးေအးေဆးေဆး နားေနပါ ... ဒီကိစၥကို ေမာင္နဲ႕ ဒီေကာင္ေတြ စုံစမ္းလိုက္မယ္... ဟုတ္ၿပီလား "

" ဟုတ္ကဲ့ပါ "

" ခဏ Sunoo... ခဏေလးပါ... ကြၽန္ေတာ္ သိခ်င္တာေလး နည္းနည္းေလာက္ ေမးခ်င္လို႔ပါ "

Sunghoon နဲ႕ Sunoo စကားေျပာေနတာကို ၿငိမ္နားေထာင္ေနတဲ့ Jake က Sunoo အခန္းထဲသြားဖို႔ ထိုင္ရာမွ ထမယ္အလုပ္ ဝင္ေမးလိုက္တာေၾကာင့္ Sunoo က

" ေမးပါ Jake... ကြၽန္ေတာ္ သိတာဆို ေျဖေပးပါ့မယ္ ''

" Sunoo ထိခိုက္ဒဏ္ရာ ရတုန္းက Sunoo ကို တာဝန္ယူၿပီး ေဆးကုေပးတာ ဘယ္ Doctor လဲ Sunoo မွတ္မိရဲ႕လား "

" ဟုတ္ကဲ့ Jay ရဲ႕ ေဆး႐ုံက ဦးႏွောက္နဲ႕ အာ႐ုံေၾကာဆိုင္ရာ ပါရဂူႀကီး Yang ပါ "

" Sunoo က အိမ္ကို ျပန္ေရာက္တဲ့အခ်ိန္ထိ ဆက္ၿပီး ေဆးကုသမႈ ခံယူခဲ့တယ္လို႔ ၾကားတယ္...အဲ့မွာလဲ ပါရဂူ Yang ပဲလား "

" ဟုတ္တယ္ Jake... အဲ့ဒါ ဘာျဖစ္လို႔လဲ ဟင္ "

" တာဝန္ယူထားတဲ့ Doctor ကေန စၿပီး စုံစမ္းၾကည့္ရင္ သတင္းတစ္ခုခုေတာ့ ရမယ္ ထင္လို႔ပါ... ဒီေလာက္ဆိုရင္ လုံေလာက္ၿပီမို႔ Sunoo နားခ်င္ရင္ နားလို႔ရပါၿပီ "

အားလုံးကို ေခါင္းေလးညိမ့္ျပ ႏႈတ္ဆက္ခဲ့ကာ အခန္းထဲ ဝင္လာတဲ့ Sunoo ကေတာ့ စိတ္ရႈပ္ေထြးျခင္းေတြေၾကာင့္ ဘာကိုမွ စဥ္းစားမေနခ်င္ေတာ့တာမို႔ ေမာင္ေျပာလာမယ့္ အေျဖကိုသာ ေစာင့္ေနလိုက္ဖို႔ ဆုံးျဖတ္လိုက္သည္။

အျပင္မွာ က်န္ခဲ့တဲ့ သူငယ္ခ်င္းသုံးေယာက္ကေတာ့ ေခါင္းခ်င္းဆိုင္ကာ တိုင္ပင္ေနၾကၿပီး အေကာင္းဆုံး အေျဖတစ္ခုရဖို႔ အစီအစဥ္ဆြဲေနၾကေလသည္။

" Dr. Yang ကို ဒီလို ခ်ဥ္းကပ္ဖို႔က လြယ္မယ္ေတာ့ မထင္ဘူးေနာ္... ၿပီးေတာ့ ဒါက သူတို႔ CEO ရဲ႕ အတြင္းေရးမလား... "

Sunghoon ရဲ႕ ေတြးေတြးဆဆ ေျပာလိုက္တဲ့စကားကို Jake က

" မလြယ္ဘူးဆိုေပမယ့္လဲ နည္းလမ္းတစ္ခုေတာ့ ရွာေတြ႕မွာပါ... မရတဲ့ အဆုံးေတာ့ အားနည္းခ်က္ ရွာၿပီး ဖိအားေပးခ်င္ေပးရမွာေပါ့... အဲ့အတြက္ ဘာမွ မပူနဲ႕ သားႀကီး...ငါ့အေဖရဲ႕ PA ဆီ လွမ္းဆက္သြယ္ၿပီး Dr. Yang ရဲ႕ အခ်က္အလက္ေတြ ရွာခိုင္းလိုက္မယ္ "

" အားကိုးမယ္ သားႀကီး..ျမန္ေလေကာင္းေလပဲ "

" Ok Ok စိတ္ခ် သားႀကီး... ကဲ ဒါဆို ငါတို႔လဲ အခ်ိန္ရွိတုန္း လႈပ္ရွားဖို႔ လစ္ၿပီ "

" ဂ႐ုစိုက္အုံး ေနာ္ သားႀကီးတို႔ "

ေနာက္ဆုံး ေဆြးႏြေးတိုင္ပင္လို႔ၿပီးမွ Jake နဲ႕ Niki လဲ အေျဖတစ္ခု အျမန္ဆုံးရဖို႔ စုံစမ္းမည္ ဟုဆိုကာ ျပန္သြားၾကေလေတာ့သည္။

သူငယ္ခ်င္းေတြ ျပန္သြားေတာ့မွ Sunghoon လဲ အခန္းထဲ ဝင္လာၾကည့္ေတာ့ အေဆာဟာ အိပ္ခန္းနဲ႕ တြဲရက္ ထားရွိထားတဲ့ ဝရံတာေလးမွာ ရပ္ၿပီး အေဝးကို ေငးၾကည့္ေနေလသည္။

သူဝင္လာတာ မသိဘဲ ေငးလို႔ေကာင္းေနဆဲ အေဆာရဲ႕ ေက်ာျပင္ေလးကို ေနာက္ကေန အသာအယာ သိုင္းဖက္လိုက္ေတာ့

" ေမာင္... "

သူရွိရာဘက္ကို မ်က္ႏွာေလး လွည့္လာတဲ့ အေဆာ... မ်က္ဝန္းေလးေတြ မွိုင္းညို႔ေနကာ မ်က္ႏွာေလးက ႏြမ္းနယ္ေနေလသည္။

" အေဆာ ေနလို႔မေကာင္းလို႔လား...မ်က္ႏွာေလး ညွိုးေနတယ္... ဘယ္နား ေနလို႔မေကာင္းဘူးလဲ ေမာင့္ကို ေျပာပါအုံး "

ပုခုံးေလးကေန ဆြဲလွည့္ကာ မ်က္ႏွာခ်င္းဆိုင္ေစလိုက္ၿပီး ေမာင္ အေလာတႀကီး ေမးမိေတာ့ အေဆာဟာ သက္ျပင္းေလးဖြဖြခ်လိဳက္ၿပီး...

" ဟင္းးး လူက ေနလို႔ေကာင္းပါတယ္... ဒါေပမယ့္ စိတ္ထဲေတာ့ မေကာင္းဘူး ေမာင္ရယ္..."

" ဘာလို႔လဲ အေဆာရဲ႕... ေမာင့္ကို ေျပာျပေလ "

ေမာင္ ေမးလိုက္တဲ့အခါမွာ အေဆာဟာ အၾကည့္ေတြကို အေဝးကို ပို႔လိုက္ၿပီး ေတြေတြေလး ေငးေနျပန္ပါသည္။

" ဟင္ လို႔ "

ထပ္မံ၍ ေမးသံျပဳလိုက္ေတာ့ သူ႕လက္ေတြထဲက ဖယ္ခြာသြားတဲ့ အေဆာက ဝရံတာေဘာင္ေပၚ လက္ေလးတင္၍ မွီလိုက္ၿပီးမွ

" အေဆာေလ... အဲ့ဒီ ေဆးကိစၥႀကီးကို သိလိုက္ရၿပီး ရင္ထဲ ေလးလံေနမိတယ္ "

" ေမာင္လဲ တူတူပါပဲ "

" အဲ့လိုႀကီးေတြ ၾကားသိရတာ အေဆာ စိတ္ထဲ ေနလို႔ မေပ်ာ္ဘူးေမာင္... Jay အေပၚကိုလဲ အဲ့လိုႀကီးပါလို႔ မထင္ရက္ဘူး... တကယ္သာ ဟုတ္ခဲ့ရင္ အေဆာေလ... လုပ္ရက္ေလျခင္းဆိုတဲ့ စိတ္ေတြနဲ႕ ေျဖနိုင္မယ္ မထင္ဘူး ေမာင္ရယ္... မဟုတ္ပါေစနဲ႕လို႔ပဲ အေဆာ ဆုေတာင္းေနမိတယ္ "

" ေမာင္လဲ အဲ့လိုပါလို႔ မထင္ခ်င္ပါဘူး အေဆာရယ္... ဒါေပမယ့္ အျဖစ္အပ်က္ေတြက အဲ့ဒီ့ဘက္ကိုပဲ ဦးတည္ေနေတာ့ ေမာင္တို႔ လ်စ္လ်ဴရႈထားလို႔ မရဘူးေလ... ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ ျဖစ္ေစ တိတိက်က် သိရေတာ့ ပိုေကာင္းသြားတာေပါ့ အခ်စ္ရဲ႕ "

" ဒါနဲ႕ေလ ေမာင္... Jay က အေဆာကို ဘာလို႔ မွတ္ဉာဏ္ေတြ ျပန္မရေစခ်င္ရမွာလဲ... ဘယ္လို အေၾကာင္းအရင္းေၾကာင့္လဲ... အေဆာ အခု သတိေမ့ေနတာေတြနဲ႕ေရာ သက္ဆိုင္မႈ ရွိေနသလား "

သိခ်င္စိတ္ျပင္းျပတဲ့ မ်က္ဝန္းလဲ့လဲ့ေလးေတြနဲ႕ ၾကည့္လာၿပီး ေမးေနတဲ့ ခပ္ႏြမ္းႏြမ္း မ်က္ႏွာေလးကို ၾကည့္ၿပီး ေမာင္က ဘယ္လို ေျပာရက္ပါ့မလဲ...

အေဆာက ေမာင့္ကို ကာကြယ္ေပးရင္း Jay လက္ခ်က္ေၾကာင့္ ထိခိုက္မိၿပီး သတိေတြ ေမ့သြားခဲ့ရတာပါလို႔ေလ...ေမာင္ ဘယ္ ေျပာထြက္ရက္ပါ့မလဲကြယ္...

ဒီ ႏုႏုနယ္နယ္ေလးက စိတ္ေတြ ပုံမွန္မဟုတ္ေသးတဲ့အခ်ိန္မွာ ဒီလို အၾကမ္းဖက္ခံခဲ့ရပါတယ္ဆိုတာ သိသြားရင္ ဘာေတြ ထပ္ ျဖစ္လာအုံးမယ္ဆိုတာ မေျပာနိုင္ဘူး...

ဒါေၾကာင့္

" အေဆာ သတိေမ့ရတဲ့ အေၾကာင္းနဲ႕က မဆိုင္ပါဘူး အေဆာရယ္... ဘာလို႔ သတိမရေစခ်င္လဲကေတာ့ Jay ကိုယ္တိုင္မွပဲ သိလိမ့္မယ္... ကဲပါ ဘာကိုမွ တိတိက်က် မသိေသးဘဲနဲ႕ ေမာင္တို႔ ဘာကိုမွ ခန့္မွန္းၿပီး ေျပာမေနၾကစို႔...အထဲဝင္ၿပီး မနက္စာအတြက္ ျပင္ဆင္ၾကရေအာင္ ေနာ္ "

" ဟုတ္ ေမာင္ "

ထိုအခါမွ အၿပဳံးေလးနဲ႕ ေခါင္းညိမ့္ျပလာၿပီး ေမာင္ ေခၚရာေနာက္ ေမာင့္လက္ေမာင္းတစ္ဖက္ကို သူ႕လက္ႏွစ္ဖက္နဲ႕ တြယ္ခ်ိတ္လို႔ ေခါင္းေလးမွီၿပီး လိုက္လာရွာတဲ့ အေဆာရယ္ပါ...

ေမာင္ အဲ့ဒီ့ ေခါင္းေလးကို အသည္းယားစြာ ပြတ္သပ္လိုက္ၿပီး ဒီေကာင္ငယ္ေလးကို ၾကည့္ကာ ေတြးလိုက္မိတာက...

ေမာင္ မင္းကို မဆုံးရႈံးခ်င္ေတာ့ဘူး အခ်စ္ရယ္...

.
.
.

ေမွ်ာ္လင့္ထားသလိုပါပဲ ပါရဂူ Yang ကို ေတြ႕ရဖို႔က မလြယ္ကူခဲ့ေပ...

Jake နဲ႕ Niki တို႔ႏွစ္ေယာက္က Jake အေဖရဲ႕ PA ဆီက စုံစမ္းခိုင္းထားတဲ့ အခ်က္အလက္ေတြကို ေစာင့္ရင္း တဖက္ကလည္း ပါရဂူႀကီးဆီ ခ်ည္းကပ္လို႔ရမယ့္ နည္းလမ္းေပါင္းစုံနဲ႕ ခ်ည္းကပ္ဖို႔ ႀကိဳးစားေနရသည္။

အလုပ္မ်ားတဲ့ ဆရာဝန္ပီပီ ဖမ္းလို႔ကို မမိနိုင္ခဲ့။

ရိုးရိုးသားသားဆိုရင္ျဖင့္ ဆရာဝန္နဲ႕ ေတြ႕ရဖို႔ကို Appointment ယူၿပီး ဝင္ေတြ႕လိုက္ရင္ ရမွာေပမယ့္ သူတို႔က လူမသိေအာင္ လႈပ္ရွားေနရတာမလား...

CEO Park ပိုင္တဲ့ ေဆး႐ုံႀကီးမွာ CEO Park အလိုရွိေနတဲ့ သူတို႔က ဘယ္ ထင္ထင္ေပၚေပၚ သြားလာရဲပါ့မလဲ...

ေတြ႕သြားလို႔ မိသြားရင္ သူငယ္ခ်င္းျဖစ္သူ Park Sunghoon ဘဝႀကီးေတာ့ သြားၿပီ။

အဲ့ေတာ့ သူငယ္ခ်င္းေကာင္း ပီသစြာနဲ႕ ခိုးေၾကာင္ခိုးဝွက္ပဲ လႈပ္ရွားရေတာ့တာေပါ့။

အလြဲလြဲ အေခ်ာ္ေခ်ာ္ေတြနဲ႕ ေျပးရလႊားရတိုင္းလဲ ဒုကၡအေပးနိုင္ဆုံး သူငယ္ခ်င္း Park Sunghoon ႀကီးကို ပ်စ္ပ်စ္ႏွစ္ႏွစ္ေတြ ႀကိမ္ဆဲလို႔ေပါ့။

ဒါေပမယ့္ မကူညီဘဲလဲ မေနနိုင္ပါ...

Sunghoon မွာက ေျပးၾကည့္မွ သူတို႔ပဲ ရွိတာမလား...

ယခုလဲ အဖြဲ႕လိုက္ႀကီး ေဆး႐ုံအျပင္ကို ထြက္သြားတဲ့ ပါရဂူႀကီးေၾကာင့္ Jake နဲ႕ Niki လဲ သူတို႔ကားေတြေနာက္ကေန အသာေလးလိုက္ရင္း ပါရဂူႀကီးနဲ႕ သီးသန့္ေတြ႕လို႔ရဖို႔ ႀကိဳးစားေနၾကျခင္းျဖစ္သည္။

ထိုစဥ္ ပါရဂူႀကီးပါတဲ့ ကားက က်န္းမာေရး စင္တာ တစ္ခုထဲသို႔ ဝင္ေရာက္သြားေလသည္။

ထို စင္တာေရွ႕မွ ခ်ိတ္ဆြဲထားတဲ့ Banner ေတြအရ ေဆးပညာ ေဆြးႏြေးပြဲရွိဟန္တူပါသည္။

" က်စ္! ဒီပုံအတိုင္းဆို အထဲကေန ေတာ္ေတာ္နဲ႕ ျပန္ထြက္လာမယ့္ပုံ မေပၚဘူးေနာ္ Jake... ငါတို႔ အထဲလိုက္ဝင္ၾကမလား "

" အရမ္းႀကီး အရဲစြန့္ ဝင္သြားလို႔မျဖစ္ေသးဘူး Niki... အေျခအေနေလး ၾကည့္အုံး... ဒီစင္တာကလဲ Park Group ပိုင္တာပဲေနာ္... ေတာ္ၾကာ CEO Park ပါအထဲမွာရွိေနလို႔ ကြိ ခနဲ မိသြားအုံးမယ္ "

" ဟူးးး ေလပါတယ္ကြာ... ဒါဆို ငါတို႔က ေတြ႕ခြင့္လဲ မရဘဲ ဒီလိုႀကီးပဲ ေနာက္က လိုက္ေနေတာ့မလို႔လား "

" နည္းနည္းပါးပါး ေစာင့္ၾကည့္အုံးမယ္ေလကြာ... ငါတို႔ စုံစမ္းေနတာက CEO ရဲ႕ Personal ကိစၥေနာ္... လူအမ်ားၾကားထဲ ဝင္သြားၿပီး သြားေမးလို႔ ေကာင္းတဲ့ကိစၥမဟုတ္ဘူး "

" မင္း ဟိုလူဆီကေရာ ခုထိ သတင္းမရေသးဘူးလား... တစ္ခုခုကို ငါ အျမန္ဆုံး သိခ်င္ေနၿပီ "

ဒြီးးဒြီးး ဒြီးးဒြီးးး

ထိုစဥ္မွာပဲ Jake ဖုန္းထဲသို႔ Message ဝင္လာသံၾကားလိုက္ရသည္။

ႏွစ္ေယာက္လုံးရဲ႕ မ်က္လုံးေတြက ကား dashboard ေပၚတင္ထားတဲ့ Jake ရဲ႕ဖုန္းရွိရာဆီ ေရာက္သြားၾကၿပီး ၿပိဳင္တူလို ဖုန္းကို ေကာက္ယူလိုက္ၾကေတာ့သည္။

" မင္း လူဆီကလား "

" ဟုတ္တယ္ သားႀကီး PA ႀကီး ဆီက "

" ျမန္ျမန္ၾကည့္ ''

" ေအးပါကြာ မင္းကလဲ... အခ်က္အလက္ေတြက ငါတို႔ဆီေတာင္ ေရာက္လာပါၿပီ မေလာစမ္းပါနဲ႕ "

Niki နဲ႕တြဲၿပီး အလုပ္လုပ္ရတာလဲ လြယ္တာေတာ့မဟုတ္လွ။

ဇိုးဇိုးဇတ္ဇတ္နဲ႕ စိတ္ျမန္လက္ျမန္ Niki
စိတ္မရွည္တတ္လွတဲ့ Niki
ဘယ္အရာကိုမွ ၾကာၾကာသီးမခံတတ္တဲ့ လူ႕ ဂလန့္ ဂြစာ Niki မလား...

သြားရင္းလာရင္း လုပ္ရင္းကိုင္ရင္း သူ႕ကိုပဲ စိတ္ရွည္တတ္ေစရန္ တရားခ်ေနရတာ အလုပ္တစ္လုပ္။

ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္ကာ ပို႔လာတဲ့ အခ်က္အလက္ေတြကို ဖတ္ၾကည့္ၾကသည္။

ဖတ္ၿပီးသေလာက္ အခ်က္ေတြမွာ Park Group ရဲ႕ ဆရာဝန္ပီပီ ေထာက္ျပစရာ ဟာကြက္ဆိုတာမရွိ။

အရည္အခ်င္းရွိၿပီး ေတာ္တဲ့ ထက္တဲ့ အလုပ္လုပ္တဲ့ ေနရာမွာလဲ ေစ့စပ္ေသခ်ာတဲ့ ဂုဏ္သတင္းေတြနဲ႕သာ ျပည့္ေနသူ...

ရထားတဲ့ ဘြဲ႕ထူးဂုဏ္ထူးေတြဆိုတာလဲ သူတို႔မသိတဲ့ ဘြဲ႕ေတြ နားမလည္တဲ့ စာလုံးေတြက အမ်ားသား...

ဘယ္မွာလဲ အားနည္းခ်က္...

ဘယ္မွာလဲ အက်ပ္ကိုင္လို႔ရမယ့္ အခ်က္...

ဒီလို ေတာ္လို႔ ထက္လို႔လဲ CEO Park က ေနရာေပးထားတာေပါ့...

ႏွစ္ေယာက္သား တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ကာ စိတ္ပ်က္လက္ပ်က္နဲ႕ ကားကူရွင္ေပၚကိုသာ ပစ္မွီခ်လိဳက္မိေတာ့သည္။

အခ်ိန္ခဏၾကာေတာ့ Jake က စိတ္ပ်က္လက္ပ်က္ အသံႀကီးနဲ႕

" Niki ေရ... "

"ေဟ သားႀကီး "

" ငါတို႔ ဘာဆက္လုပ္ၾကမလဲ "

" ငါေတာ့ ဘာလုပ္ရမယ္ဆိုတာ သိၿပီထင္တာပဲ သားႀကီးေရ... "

" ေဟ့ေရာင္ မေနာက္နဲ႕ မေနာက္နဲ႕ ဒါ ေနာက္စရာမဟုတ္ဘူး "

" ဒီကိုၾကည့္ မင္း ဒီေနရာကို ေသခ်ာ မဖတ္ခဲ့ဘူး ထင္တယ္ "

" ဟင္ ဘယ္ေနရာ "

ထိုအခါမွ ကူရွင္ကို မွီကာ မ်က္လုံးႀကီး မွိတ္ထားတဲ့ Jake က ျပဴးတူးၿပဲတဲျဖင့္ ထလာၿပီး Niki လက္ေထာက္ျပတဲ့ ေနရာကို ေသခ်ာ ၾကည့္လိုက္မိေတာ့...

" Yang Jungwon!!! "

အသံက်ယ္ႀကီးနဲ႕ ထ ေအာ္ကာ Niki ကို မ်က္လုံးျပဴးႀကီးနဲ႕ ၾကည့္ေနတဲ့ Jake...

" ေအး ဟုတ္တယ္ Yang Jungwon "

Niki ကလဲ သူရွာေတြ႕သြားတဲ့ အခ်က္က အရမ္းအေရးပါတဲ့ အခ်က္မို႔ အံ့ၾသေနတဲ့ Jake ကို မ်က္လုံးတစ္ဖက္ မွိတ္ျပလိုက္ကာ ဆံပင္ေတြ သပ္ျပၿပီး ဂုဏ္ဆာျပလိုက္ေသးသည္။

စိတ္ပ်က္လက္ပ်က္နဲ႕ ကူရွင္ကို မွီခ်လိဳက္ၿပီးမွ စိတ္ထဲ မေသခ်ာလို႔ Jake လက္ထဲကိုင္ထားတဲ့ ဖြင့္ထားဆဲ ျဖစ္တဲ့ ဖုန္း screen ကို Niki ေသခ်ာၾကည့္လိုက္မိတဲ့ အခ်ိန္မွာ Dr.Yang ရဲ႕ မိသားစုဝင္ေတြကို ေရးထားတဲ့ ေနရာမွာ သားျဖစ္သူဟာ Yang Jungwon တဲ့ေလ။

သူတို႔သူငယ္ခ်င္း Jungwon ဆိုတာ ပို ေသခ်ာသြားတာက ဖုန္းထဲကို ေနာက္ထပ္ဝင္လာတဲ့ မိသားစုဝင္ေတြရဲ႕ ဓာတ္ပုံေတြ။

ထို႔ေၾကာင့္ မ်က္လုံးႀကီးမွိတ္ၿပီး အားကုန္ေနတဲ့ Jake ကို ဝမ္းသာသြားေအာင္ ျပလိုက္ျခင္းျဖစ္သည္။

" ဒါဆို ဒါဆို ငါတို႔ လမ္းစေတြ႕ၿပီေပါ့... ငါတို႔ လမ္းစ ေတြ႕ၿပီ သားႀကီး "

" လိကို လမ္းစ ေတြ႕... ေသခ်ာ မၾကည့္ဘဲနဲ႕ စိတ္ပ်က္ဖို႔က အရင္ မင္းေတာ့လား "

သူ႕ လက္ေမာင္းကို လက္သီးနဲ႕ တဖက္ဖက္ လာထိုးကာ ေပ်ာ္ေနတဲ့ Jake ကို Niki ဂြင္ေတြ႕တုန္းေလး ဖိေဟာက္လိုက္ေတာ့

" ရားးး ဒါ ငါ့အဆက္အသြယ္ကေန ရတဲ့ အခ်က္အလက္ေတြေနာ္... "

" ဘာပဲျဖစ္ျဖစ္ ငါ ေစ့စပ္ေသခ်ာစြာ ရွာေဖြဖတ္ရႈထားလို႔ အဖိုးတန္ အခ်က္အလက္ကို သိရတာေလ "

ခုထိ ဆံပင္တစ္သပ္သပ္နဲ႕ ဂုဏ္ဆာျပေနတဲ့ Niki ရယ္ပါ...

" ထားပါကြာ.... မင္းပဲ ေတာ္ပါတယ္ "

" လက္ခံလိုက္ သားႀကီး "

" ေအး ေအး လက္ခံတယ္ကြာ "

" လက္ခံတယ္ဆိုရင္ ဖုန္းဆက္ဖို႔ လုပ္ေတာ့... အကုန္ လိုက္ေျပာေနရမွာလား မင္း "

" လိ ကို ေျပာ ေဟ့ေရာင္ "

" ဟား ဟား ဟား ဟား ကဲ ကဲ ဆက္ ဆက္ ငါ မေျပာေတာ့ဘူး... "

ကားေလးထဲမွာေတာ့ သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ ဆဲသံ ေအာ္ရယ္သံေလးမ်ားနဲ႕ ဖုံးလႊမ္းသြားေလေတာ့သည္။

.
.
.

လူနည္းနည္းရွင္းတဲ့ ေကာ္ဖီဆိုင္ေလးထဲမွာေတာ့ ေခါင္းခ်င္းဆိုင္ေနတဲ့ ေကာင္ေလးသုံးေယာက္...

တီးတိုးတီးတိုးနဲ႕ တစ္စုံတစ္ရာကိုလဲ ေျပာေနၾကေသးသည္။

တစ္ခ်က္တစ္ခ်က္ ေနာက္ေက်ာမလုံသလိုနဲ႕ ဆိုင္ေဘးဘီကိုလဲ ေဝ့ဝဲၾကည့္လိုက္ၾကေသးသည္။

ထိုေကာင္ေလး သုံးေယာက္ဆိုတာကေတာ့ Jake, Niki နဲ႕ Jungwon...

Niki နဲ႕ Jake က တလွည့္စီ ေျပာျပေနၾကၿပီး Jungwon ေလးကေတာ့ မ်က္မွန္ေလး ပင့္ကာပင့္ကာျဖင့္ ေခါင္းေလး တညိမ့္ညိမ့္။

" အဲ့ေတာ့ ငါတို႔ေျပာျပတာေတြ မင္း သေဘာေပါက္ရဲ႕လား Jungwon "

Sunoo ကို ေဆးကုသေပးေနတာဟာ Jungwon ရဲ႕အေဖဆိုတဲ့ အေၾကာင္းကိုခ်န္လွပ္၍ Sunoo ျဖစ္ပ်က္ႀကဳံေတြ႕ခဲ့ရတာေတြကို Jungwon နားလည္ေစရန္ အက်ဥ္းခ်ဳပ္၍ ေျပာျပလိုက္ၾကသည္။

သူငယ္ခ်င္းျဖစ္သူရဲ႕ အေၾကာင္းကို အလုံးစုံသိသြားတဲ့ Jungwon က အံ့လဲ အံ့ၾသ စိတ္မေကာင္းလဲျဖစ္ကာ ယူက်ဳံးမရစြာနဲ႕ စုပ္တသပ္သပ္။

" Sunoo မွာ ဒီလို ကိစၥေတြ ျဖစ္ပ်က္ခဲ့တယ္ဆိုတာ ကြၽန္ေတာ္ မသိခဲ့တာ အမွန္ပဲ... သူ အားလုံး အဆင္ေျပေနလိမ့္မယ္လို႔ပဲ ကြၽန္ေတာ္ ထင္ထားတာ ... ခုလို မွတ္ဉာဏ္ေတြပါ မရေတာ့တာကို ကြၽန္ေတာ္ တကယ္ႀကီး မသိခဲ့ဘူး "

" ဟုတ္တယ္ Jungwon... CEO က ဒီကိစၥကို အျပင္ ေပါက္ၾကားမခံဘူး... ငါတို႔ေတာင္ မေမွ်ာ္လင့္ဘဲ သိလိုက္ရတာ... သိသိခ်င္း ငါတို႔လဲ ေတာ္ေတာ္ အံ့ၾသသြားရတာေလ "

" ဟူးးး စိတ္မေကာင္းလိုက္တာဗ်ာ... "

" စိတ္မေကာင္းတာကို အသာထား... ငါတို႔ ေျပာတဲ့ကိစၥ ဘယ္လိုလဲ မင္း စီစဥ္ေပးနိုင္မလား "

ဇာတိျပလာပါၿပီ စိတ္မရွည္တတ္တဲ့ Niki က။ သူငယ္ခ်င္းအေၾကာင္း ၾကားၿပီး စိတ္မေကာင္းျဖစ္ေနတဲ့ Jungwon ကို စိတ္တည္ၿငိမ္ဖို႔ရန္ အခ်ိန္မေပး။ လိုရင္းကိုသာ အဓိကထားၿပီး သူ သိခ်င္တာကို ေမးေနေလသည္။

ထိုအခါ မ်က္မွန္ေလး ပင့္ကာပင့္ကာနဲ႕ Jungwon က

" ခင္ဗ်ားတို႔ေတာင္ ဒီေလာက္အားတက္သေရာ္ ကူညီေနတာ ကြၽန္ေတာ္လဲ တတ္နိုင္တဲ့ဘက္က ပါဝင္ရမွာေပါ့ဗ်... ကြၽန္ေတာ့္ သူငယ္ခ်င္းအတြက္ ကြၽန္ေတာ္လဲ ဒီတိုင္းႀကီး မေနနိုင္ပါဘူး "

" ေအး ၿပီးတာပဲ... ဒါဆို အခ်ိန္ဆြဲ မေနေတာ့နဲ႕ ... လုပ္စရာရွိတာ လုပ္ေတာ့ "

" Niki ေရ... စိတ္ေလး ရွည္ပါကြာ... သူ စိတ္ၿငိမ္ဖို႔လဲ အခ်ိန္ေပးပါအုံးလား "

" ဆက္လုပ္ရအုံးမယ့္ ကိစၥေတြက ရွိေသးတယ္ေလကြာ... အခ်ိန္ျဖဳန္းေနလို႔မွ မရတာ "

" ကဲပါ... ကြၽန္ေတာ္ အခုခ်က္ခ်င္းပဲ သြားလိုက္ပါ့မယ္... Sunoo ေမေမဆီကို အက်ိဳးအေၾကာင္း ေျပာျပၿပီး ေဆးဗူးရေအာင္ ယူခဲ့႐ုံပဲ မလား "

" ေဆးဗူးရလာရင္ေတာ့ ဆက္လုပ္စရာေတြ ရွိေသးတယ္ Jungwon "

" ဘယ္လိုမ်ိဳးေတြလဲ "

" အဲ့ဒီ့ အပိုင္းမွာေတာ့ မင္းရဲ႕ က႑က ေတာ္ေတာ္ေလး အေရးပါသြားၿပီ Jungwon... "

" ဘာလို႔... "

ထိုအခါမွ Jake နဲ႕ Niki တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကၿပီး Sunoo ကို တာဝန္ယူကုသေပးေနတာဟာ Jungwon ရဲ႕ အေဖဆိုတာနဲ႕
ေဆးလြဲေနတဲ့ ကိစၥေတြကိုပါ Jungwon အေဖဆီမွာ စုံစမ္းခ်င္တဲ့ အေၾကာင္းကိုပါ ထပ္မံေျပာျပလိုက္ေလေတာ့သည္။

" ဟင္... ဒါဆို အဲ့ဒီ ေဆးလြဲတဲ့ကိစၥက ကြၽန္ေတာ့္္အေဖေၾကာင့္လို႔ ဆိုလိုခ်င္တာလား "

နားလည္မႈလြဲသြားတဲ့ Jungwon က သူ႕အေဖေၾကာင့္ ထင္သြားကာ မ်က္ႏွာေလးက ခ်က္ခ်င္း ၿပိဳမဲ့မိုးလို မွိုင္းညို႔သြားေလေတာ့သည္။

ထို႔ေၾကာင့္ Jake ကျပာကယာ လက္ကာျပလိုက္ၿပီး

" အာ... မဟုတ္ဘူး မဟုတ္ဘူး Jungwon shi... ငါတို႔ေျပာတာ အဲ့သေဘာမဟုတ္ဘူး "

" ဒါဆို ဘာကို ေျပာခ်င္တာလဲ ဟင္...ကြၽန္ေတာ့္အေဖေၾကာင့္ မဟုတ္ဘူး ဆိုေတာ့... ဘယ္သူကမ်ား..."

" ဟင္းးး ေျပာရမွာေတာ့ ခက္တယ္ Jungwon ရာ... ငါတို႔လဲ ခန့္မွန္းေခ်ပဲ ရွိတာဆိုေတာ့... အင္းး အဲ့ဒီ ခန့္မွန္းေခ်ကိဳပဲ ဟုတ္လား မဟုတ္လား အတည္ျပဳဖို႔လိုအပ္ေနလို႔ ငါတို႔ မင္းရဲ႕အေဖနဲ႕ ေတြ႕ၿပီး စကားေျပာဖို႔ လိုေနတယ္ Jungwon "

" ဒါဆို ကြၽန္ေတာ္က ေဖေဖနဲ႕ ေတြ႕ဖို႔ စီစဥ္ေပးရမွာေပါ့ အဲ့လိုလား "

" ဟုတ္တယ္ Jungwon... မင္းလက္ထဲ ေဆးရလာၿပီးရင္ ငါတို႔ကို မင္း အေဖဆီ ေခၚသြားေပးပါ "

" ဟုတ္ကဲ့ ကြၽန္ေတာ္ တာဝန္ယူပါတယ္ ... ကြၽန္ေတာ္ တတ္နိုင္တဲ့ဘက္ကေန အစြမ္းကုန္ ကူညီေပးပါ့မယ္ "

" ေက်းဇူးပါ Jungwon shi "

" ဒါနဲ႕ေလ... ကြၽန္ေတာ္က Dr.Yang ရဲ႕ သားဆိုတာကို ခင္ဗ်ားတို႔ ဘယ္လို သိသြားတာလဲ ဟင္ "

" ဘယ္အရာမွ ၾကာၾကာ လွ်ို႔ဝွက္ထားလို႔ မရပါဘူး Jungwon ရယ္... မလိုေသးရင္တာပါ... သိဖို႔ လိုအပ္လာတဲ့ အခ်ိန္မွာ သိေအာင္လုပ္လို႔ ရမယ့္ နည္းလမ္းေတြက အမ်ားႀကီးပါ ... ဘာပဲျဖစ္ျဖစ္ ငါတို႔ေတြ အဆင္ေျပတာမို႔လို႔ စိတ္ထဲ မထားပါနဲ႕"

Park Group ရဲ႕ ဝန္ထမ္းျဖစ္တဲ့ Dr. Yang ရဲ႕သားဆိုတာကို ဖုံးကြယ္ထားမိလို႔ စိတ္မသက္မသာ ျဖစ္ေနဟန္ရွိတဲ့ Jungwon ကို Jake ပုခုံးေလးကို ပုတ္ကာ အားေပးလိုက္သည္။

ထိုအခါမွ Jungwon ဟာ မခ်ိၿပဳံးေလးနဲ႕အတူ မ်က္မွန္ေလး ေအာက္ကေန မ်က္လုံးေလး ဝင့္ၾကည့္လာကာ ေခါင္းေလး ညိမ့္ျပလာေတာ့သည္။

ဒီလိုနဲ႕ ေကာ္ဖီဆိုင္ေလးထဲကေန ထြက္ခြာသြားတဲ့ Jungwon ...

သူတို႔ အစီအစဥ္က ပထမဦးဆုံး Sunoo ေမေမဆီက ေဆးဗူးရေအာင္ ယူမည္။ ၿပီးရင္ ေဆးဗူးထဲက ေဆးရဲ႕ အာနိသင္နဲ႕ ဘာအတြက္ ေသာက္တာလဲကို သိရေအာင္ လုပ္မည္။

ၿပီးရင္ ဒီေဆးကို ဘယ္သူ႕ၫႊန္ၾကားခ်က္နဲ႕ Sunoo ကို တိုက္တာလဲဆိုတာ သိရေအာင္ စုံစမ္းဖို႔ပါပဲ။

အလ်င္သင့္စြာနဲ႕ ဒီအစီအစဥ္ေတြထဲမွာ Jungwon ကပါ ပါဝင္ပတ္သက္လာခဲ့ေလေတာ့ သူတို႔အတြက္ စုံစမ္းရတာ ပိုၿပီး လြယ္ကူသြားရတာေပါ့။

ဆိုင္ထဲမွာ က်န္ေနခဲ့တဲ့ Niki နဲ႕ Jake ကေတာ့ Jungwon အဆင္ေျပေျပနဲ႕ ကိစၥေတြ ၿပီးစီးခဲ့ဖို႔ကိုသာ ဆုေတာင္းရင္းနဲ႕ Jungwon ဆီက ဆက္လာမယ့္ဖုန္းကိုသာ ေမွ်ာ္လင့္တႀကီး ေစာင့္ဆိုင္းေနမိေတာ့သည္။

.
.
.

သားရဲ႕ သူငယ္ခ်င္းဆိုတဲ့ ေကာင္ေလး ျပန္သြားၿပီးကတည္းက သူမ ဆိုဖာေပၚမွာပဲ ငူငူႀကီး ထိုင္ေနမိကာ စိတ္နဲ႕လူနဲ႕ မကပ္ေတာ့။

ဒီေကာင္ေလး ေျပာသြားတဲ့ စကားေတြကိုသာ အထပ္ထပ္ ျပန္ၾကားေယာင္ရင္း ျဖစ္နိုင္ပါ့မလားဆိုတဲ့ စိတ္ေတြရယ္ သားေလး ဒီလိုေတြ ႀကဳံေတြ႕ေနရတာကို သူမ မသိခဲ့ေလျခင္း ဆိုတဲ့စိတ္ေတြရယ္နဲ႕ သူမကိုယ္သူမ အျပစ္ေတြ တင္ၿပီးရင္း တင္ပါပဲ။

သူမ အရိပ္ေအာက္မွာ သူမ ရင္ခြင္ထဲမွာေနၿပီး သူမရဲ႕ ကေလးေလးက ဒီလိုေဆးေတြ တိုက္ေကြၽးခံေနရပါတယ္ဆိုတာကို ျပန္ေတြးမိရင္း သူမရင္ထုမနာ ျဖစ္ရပါသည္။

တစ္ခါတစ္ရံ သားေလးက ဒီေဆးေတြ မေသာက္ခ်င္ပါဘူး ေျပာတာကိုေတာင္ သူမကိုယ္တိုင္က သားေလးကို ဒီေဆးေတြ ယူၿပီး ေသာက္ခိုင္းေသးတာမလား...

ေမေမ အသုံးမက်ခဲ့လို႔ပါ သားရယ္...

ဒီျဖစ္ရပ္ႀကီးသာ တကယ္ပဲဆိုရင္ ေမေမ သားေလးအေပၚ အားနာစိတ္ေတြနဲ႕ ႐ူးရပါလိမ့္မယ္...

အသုံးမက်တဲ့ ဒီေမေမက သားေလးကို ဘာတစ္ခုမွလဲ ကာကြယ္မေပးနိုင္ခဲ့ပါလားကြယ္။

ထိုအခ်ိန္မွာပဲ အိမ္ထဲကို ဝင္ေရာက္လာတဲ့ CEO Park...

တညလုံး အိပ္မထားလို႔ဘဲလား ညကေသာက္ထားတဲ့ ဝီစကီရဲ႕ တန္ခိုးေၾကာင့္ပဲလားမသိ ေဖာင္းအစ္ေနတဲ့ မ်က္ႏွာနဲ႕အတူ မ်က္သားေတြဟာလဲ နီရဲလို႔ေနသည္။

" CEO "

သူမ ထိုင္ရာမွ ထကာ ႏႈတ္ဆက္လိုက္ေတာ့ ဆိုဖာမွာ ဝင္ထိုင္လိုက္တဲ့ CEO က

" ေဘဘီ့ကို အခုခ်ိန္အထိ အိမ္ျပန္မေခၚလာနိုင္ေသးလို႔ ကြၽန္ေတာ္ အန္တီ့ကို မ်က္ႏွာမျပဝံ့ပါဘူး... အျမန္ဆုံး ျပန္ေခၚလာနိုင္ဖို႔လဲ စုံစမ္းေနပါတယ္ အန္တီ... စိုးရိမ္ေနမယ္ဆိုတာ သိေပမယ့္ သိပ္ၿပီးေတာ့ စိုးရိမ္မေနဖို႔ ကြၽန္ေတာ္ေျပာခ်င္ပါတယ္ "

မိခင္တစ္ေယာက္အေနနဲ႕ မစိုးရိမ္ဘဲ ေနဖို႔ေတာ့ ျဖစ္မတဲ့လား။ ဒါေပမယ့္လဲ သူမ ပါးစပ္ကေနေတာ့ ထုတ္မေျပာျဖစ္ပါ။

ၿငိမ္ေနတဲ့ သူမေၾကာင့္ CEO ကပဲ ဆက္၍

" ေဘဘီ့ဆီက ဆက္သြယ္လာတာမ်ိဳးေတြ ရွိသလား အန္တီ "

႐ုတ္တရက္ သူမ ဘယ္လိုေျဖရမွန္းမသိ။

အစကေတာ့ CEO ကို သားေလးကို အျမန္ဆုံး ရွာေပးဖို႔ ေျပာမလို႔ေပမယ့္ သားသူငယ္ခ်င္းဆီက ၾကားထားရတဲ့ စကားမ်ားေၾကာင့္ သူမ CEO ကိုလဲ အရင္လို မယုံၾကည္ရဲေတာ့။

ဒါေပမယ့္လည္း Sunghoon ဆက္သြယ္လာတာကို ေျပာဖို႔ဆုံးျဖတ္လိုက္ကာ

" သားေလးဆီကေတာ့ ဘာအဆက္အသြယ္မွ မရပါဘူး CEO... ဒါေပမယ့္ မေန႕က Sunghoon ဆီကေတာ့ အဆက္အသြယ္ရခဲ့ပါတယ္... "

" အဟင္း အဲ့ေကာင္ ဘာေတြ ေျပာသြားေသးလဲ "

" သားေလး သူ႕ဆီမွာ ရွိေနတယ္ဆိုတာနဲ႕ သားေလးကို အန္တီတို႔ဆီ ျပန္မပို႔ေတာ့ဘူး ဆိုတာပဲ ေျပာသြားခဲ့တာပါ... အဲ့ဒါေျပာၿပီးကတည္းက အန္တီ့ဆီ ဆက္သြယ္မလာေတာ့တာ ခုထိ ပါပဲ "

" တကယ္တမ္း ဒီလို ကိစၥေတြရွိခဲ့ရင္ ကြၽန္ေတာ့္ကို ခ်က္ခ်င္း ေျပာရမွာေလ အန္တီ.. ေနာက္တစ္ခါ ဆက္သြယ္လာခဲ့ရင္ ခ်က္ခ်င္းေျပာပါ "

CEO ရဲ႕ စကားကို သူမ ေခါင္းညိမ့္ျပမိသလား မညိမ့္ျပမိဘူးလားေတာင္ မသိေတာ့ပါဘူး။

ေတာ္ေသးတာက သားေလးကို ေခၚသြားတာက Park Sunghoon မို႔လို႔ေပါ့...

မဟုတ္ဘဲ အရင္တစ္ခါလို ရန္ျပဳမယ့္လူေတြ လက္ထဲဆို ဘယ္လိုလုပ္ရပါ့မလဲ...

သားေလးအတြက္ CEO နဲ႕ Park Sunghoon ဘယ္သူ႕လက္ထဲမွာ ရွိေနတာက ေပ်ာ္႐ႊင္ၿပီး လုံၿခဳံမႈရွိမလဲ...

သူမ အေတြးေတြထဲ နစ္ေမ်ာေနဆဲမွာ CEO ကေတာ့ အိမ္အေပၚထပ္ကို တက္သြားကာ သားေလးရဲ႕ အခန္းရွိရာသို႔ ဝင္ေရာက္သြားေလေတာ့သည္။

လူမရွိလည္းပဲ အၿမဲ သပ္ရပ္သန့္ရွင္းေနၿပီး ေမႊးႀကိဳင္ေနတတ္တဲ့ ေဘဘီ့ရဲ႕ အခန္းေလး...

ေဘဘီ့အႀကိဳက္ အျဖဴေရာင္ေတြနဲ႕သာ ျပည့္ႏွက္ေနတဲ့ ဒီအခန္းေလးဟာ Jay ကိုယ္တိုင္ ဖန္တီးေပးထားတဲ့ ေနရာေလးသာ။

ဒီအခန္းေလးဟာ သူ႕အတြက္ေတာ့ တံခါးမရွိ ဓားမရွိ ဝင္ထြက္သြားလာခဲ့တဲ့ေနရာေလးေပါ့။

အိပ္ရာခင္းေတြ ျပန့္ျပဴးေနၿပီး တစ္ေနရာေလးမွ တြန့္ေၾကမႈမရွိတဲ့ အိပ္ရာ ျဖဴလြလြေလးေပၚ Jay အသာ ဝင္ထိုင္လိုက္ကာ အိပ္ရာေလးေပၚ လက္ဝါးေလးနဲ႕ အေၾကာင္းမဲ့ ပြတ္သပ္ေနမိသည္။

ဒီအခန္းေလးထဲမွာ သူ ေဘဘီ့ရဲ႕ ရယ္သံေလးေတြကို နားဆင္ခဲ့ဖူးတယ္။

ဒီအခန္းေလးထဲမွာ သူ ေဘဘီ့ရဲ႕မ်က္ရည္ေတြကို ၾကည့္ေနခဲ့ဖူးတယ္။

ဒီ အခန္းေလးထဲမွာေပါ့ ေဘဘီ ၿပဳံးရယ္သြားေအာင္လဲ သူ စြမ္းေဆာင္ခဲ့ဖူးသလို ေဘဘီ့ မ်က္ဝန္းလွလွေလးေတြကေန မ်က္ရည္ေတြက်ဆင္းလာေအာင္လဲ ျပဳမူဖူးပါရဲ႕။

ဒီလိုပါပဲ... သူ႕ရဲ႕ ေပ်ာ္႐ႊင္ျခင္း ဝမ္းနည္းျခင္းေတြကို ျဖစ္တည္ေစတာဟာလဲ ေဘဘီကိုယ္တိုင္ပါပဲ။

အခုေတာ့ ပိုင္ရွင္မရွိတဲ့ ဒီအခန္းေလးထဲမွာ ကိုယ္တစ္ေယာက္တည္း မင္း အေငြ႕အသက္ေတြကို လိုက္ရွာေနမိရင္း လမ္းေတြ ေပ်ာက္ေနၿပီ ေဘဘီေရ...

မင္းကိုသာ အၿပီးတိုင္ စြန့္လႊတ္ရရင္ ဆိုတဲ့စိတ္နဲ႕ ကိုယ္ တကယ္ကို လမ္းေပ်ာက္ေနၿပီကြယ္...

ကုတင္ေပၚမွာ ၿငိမ္သက္စြာ ထိုင္ေနမိရင္း Jay ရဲ႕ ေျခတစ္ဖက္ ေနာက္သို႔ဆုတ္လိုက္တဲ့အခ်ိန္ ကုတင္ေအာက္က တစ္စုံတစ္ရာနဲ႕ တိုးတိုက္မိသြားေလေတာ့သည္။

ဒါနဲ႕ပဲ Jay ကုတင္ေအာက္ကို ဆင္းလိုက္ကာ ထိုအရာကို ယူၾကည့္လိုက္ေတာ့ စကၠဴပုံးေလးတစ္ခု ျဖစ္လို႔ေနသည္။

" ဒါ ဘာေလးလဲ ... ေဘဘီ့ရဲ႕ ပစၥည္းေလးေတြ လား "

ထိုပုံးေလးကို သူ ကုတင္ေပၚ တင္၍ သိခ်င္စိတ္နဲ႕အတူ အဖုံးေလးကို ဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာက အ႐ုပ္ေလးေတြ အမွတ္တရ ပစၥည္းေလးေတြ Postcard လွလွေလးေတြ။

" ဒါ ငါ တစ္ခါမွ မျမင္ဖူးေသးတဲ့ ပစၥည္းေတြပါလား ... "

ပစၥည္းေတြကို တစ္ခုခ်င္း ယူၾကည့္လိုက္ၿပီးေနာက္ ထပ္မံၿပီး ေတြ႕လိုက္ရတာက ခ်ည္နဲ႕ အ႐ုပ္ေလး ထိုးထားတဲ့ လက္ကိုင္ပဝါေလး...

" က်စ္! ဒီပဝါက ဘာလို႔ အခုထိ ေဘဘီ့ဆီမွာ ရွိေနေသးတာလဲ... ငါ ျပန္ေပးခိုင္းထားတာ ၾကာပါၿပီ "

ထို႔ေနာက္ Postcard ေလးကို ယူလိုက္ကာ ဖြင့္ဖတ္လိုက္တဲ့အခါမွာ...

" ေတာက္! ဒါေတြက အခုခ်ိန္ထိ မင္းဆီမွာ ရွိေနေသးတာလား ေဘဘီ.. မင္းက ဒါေတြကို ငါ မသိေအာင္ သိမ္းဝွက္ထားၿပီး မင္း အေကာင္ကို တသသ လုပ္ေနခဲ့တာလား... "

ဟိုတစ္ခါ သူ အခန္းထဲဝင္လာစဥ္က ကုတင္ေအာက္ကို တစ္ခုခု ဖြက္လိုက္တာကို သူ ျမင္လိုက္ေပမယ့္ မလုံမလဲ ျဖစ္ေနတဲ့ ေဘဘီ့ကို မခက္ခဲေစခ်င္တာေၾကာင့္ သူ မသိခ်င္ေယာင္ ေဆာင္ေပးခဲ့တာေလ။

အဲ့ဒီ အခ်ိန္က ေဘဘီဟာ ဒီပစၥည္းေတြကို ဝွက္သိမ္းေနတာတဲ့လား...

ေတာက္! ကြာ....

သူ စိတ္လိုက္မာန္ပါ စကၠဴပုံးေလးကို ဆြဲၿဖဲပစ္လိုက္ကာ အထဲက ပစၥည္းေတြကို ၾကမ္းျပင္ေပၚ ပစ္ခ်၍ ဖိနပ္နဲ႕ နင္းေခ်ၿပီး တစ္စစီ လုပ္ပစ္လိုက္ေလေတာ့သည္။

" အင့္ကြာ! အင့္ကြာ! ပ်က္ဆီးစမ္း... မင္း အဲ့ေလာက္ထိ တသသလုပ္ေနတဲ့ အဲ့ေကာင္ရဲ႕ ပစၥည္းေတြကို အင့္! အင့္! အင့္! "

စိတ္ရွိလက္ရွိကို နင္းေခ်ဖ်က္ဆီးပစ္ကာ တစ္ေယာက္ထဲ ႀကိတ္မနိုင္ခဲမရ ေဒါသစိတ္ေတြနဲ႕ ေပါက္ကြဲ ေနမိေလသည္။

ေနာက္ဆုံးအခ်ိန္ထိ ဘာတစ္ခုကိုမွ မွတ္မိသိရွိျခင္းမရွိတဲ့ ပုံ ဖမ္းထားတဲ့ ေဘဘီက ဒီပစၥည္းေတြကို ဘာေၾကာင့္ သူမျမင္ေအာင္ သိမ္းထားရတာလဲ...

" အန္တီ!! ဒီအေပၚကို ခဏ လာပါအုံး "

သူ အသံကို ျမႇင့္၍ ေအာက္ထပ္မွာရွိေနတဲ့ ေဘဘီ့ေမေမကို ေအာ္ေခၚလိုက္ေတာ့ ခ်က္ခ်င္းေရာက္လာတဲ့ အန္တီက

" ဘာျဖစ္လို႔လဲ CEO... ဘာမ်ား လိုအပ္လို႔လဲ "

ဝင္ဝင္လာခ်င္း ၾကမ္းေပၚက ပစၥည္းေတြကို မျမင္ေသးတဲ့ ေဘဘီ့ေမေမက စိုးရိမ္ေနတဲ့ အသံနဲ႕ သူ႕ကို ေမးလာေတာ့ သူ ၾကမ္းေပၚကို လက္ညွိုးထိုးျပကာ

" ဒါ ဘာေတြလဲ... ဒီ ကိစၥကို ကြၽန္ေတာ္ နားလည္ေအာင္ ရွင္းျပစမ္းပါအုံး "

ထိုအခါမွ က်ိဳးပဲ့ေနတဲ့ ပစၥည္း အပိုင္းအစေတြကို ျမင္သြားတဲ့ အန္တီက

" CEO! ဒါ ဒါေတြက ဘယ္လိုျဖစ္ "

" က်ဳပ္ ဖ်က္ဆီးလိုက္တာ "

" ရွင္..."

" ဟုတ္တယ္...က်ဳပ္ မျမင္ခ်င္လို႔ ဖ်က္ဆီးလိုက္တာပဲ... သတိေမ့ေနပါတယ္ဆိုတဲ့ လူက ဒါေတြကို က်ဳပ္မျမင္ေအာင္ သိမ္းထားၿပီး တသသ ထုတ္ၾကည့္ေနတာ ဘာသေဘာလဲ... အန္တီ့ သား မွတ္ဉာဏ္ေတြ ျပန္ရေနတာလား ဟိုေကာင့္ပစၥည္းေတြကို က်ဳပ္မျမင္ေအာင္ သိမ္းထားတာ ဘာသေဘာလဲ "

" မဟုတ္ပါဘူး CEO ရယ္... သားေလးက ဒီပစၥည္းေတြက ဘာလဲဆိုတာေတာင္ မသိရွာပါဘူး... မွတ္ဉာဏ္ ျပန္ရရင္လဲ CEO က အရင္ဆုံး သိမွာပဲ မဟုတ္ဘူးလား "

" မွတ္ဉာဏ္ ျပန္ရတာ က်ဳပ္ကို မေျပာဘဲ ဖုံးကြယ္ထားတာဆို ဘယ္လို လုပ္မလဲ... က်ဳပ္ ခင္ဗ်ားတို႔ကို မယုံေတာ့ဘူး... "

ဘာကိုမွ မမွတ္မိတဲ့ လူတစ္ေယာက္ဆိုရင္ သူလာတာနဲ႕ ဒီပစၥည္းေတြကို ဝွက္လိုက္စရာ အေၾကာင္း ရွိပါ့မလား...

ဘာပဲျဖစ္ျဖစ္ သူ ေဘဘီ့ပုံစံကို မသကၤာခ်င္ပါ။

" ေဘဘီက က်ဳပ္ ေသာက္ခိုင္းတဲ့ ေဆးေတြ ပုံမွန္ေရာ ေသာက္ေနရဲ႕လား "

" ေသာက္ပါတယ္ CEO... တစ္ခါတစ္ေလ သားေလး မေသာက္ခ်င္ဘူးဆိုတာေတာင္ ကြၽန္မက တိုက္ေပးေသးတာပါ "

" ဒါဆိုရင္ေတာ့ မဟုတ္ေလာက္ပါဘူး ေလ ... သတိရလာစရာ အေၾကာင္းမွမရွိတာ "

CEO တစ္ကိုယ္တည္း တီးတိုးေရ႐ြတ္လိုက္တာကို သူမ ၾကားျဖစ္ေအာင္ ၾကားလိုက္ရတာမို႔

" ဘာလဲ CEO တိုက္တဲ့ ေဆးက ဘယ္လို ေဆး မို႔လို႔လဲ ... သားေလး မွတ္ဉာဏ္ေတြျပန္ရဖို႔ ၾကန့္ၾကာေစတာမ်ိဳးလား "

" ဘယ္လို အဓိပၸါယ္မရွိတဲ့ စကားေတြကို ေျပာေနတာလဲ အန္တီ... ဒါ ဘာ စကားလဲ "

" CEO ရဲ႕စကားေၾကာင့္ ကြၽန္မ အဲ့လို ထင္မိသြားလို႔ပါ "

" ဟြန္း.. ထားပါေတာ့... ခင္ဗ်ားသားက မၾကာခင္ က်ဳပ္လက္ထဲ ျပန္ေရာက္မွာပဲ... အဲ့ေတာ့မွ က်ဳပ္ကို လိမ္ထားသလား မလိမ္ထားဘူးလား သိရမွာေပါ့... က်ဳပ္ကို လိမ္ညာထားတယ္ ဆိုရင္ေတာ့ ခင္ဗ်ားတို႔ တမိသားစုလုံး မလြယ္ဘူးဆိုတာ မွတ္ထားပါ "

ေဒါသတႀကီးနဲ႕ အခန္းထဲက ထြက္သြားတဲ့ CEO ကို ၾကည့္ရတာ ပူေလာင္မႈေတြ မ်ားလိုက္တာ...

ပိုင္ဆိုင္လိုစိတ္ အတၱေတြနဲ႕ CEO ဟာ အမွားအမွန္ကိုေတာင္ မခြဲျခားတတ္ေတာ့ ဟန္ျဖင့္ ထင္ရာစိုင္းေနသည့္ဟန္ တူပါသည္။

ဘာပဲျဖစ္ျဖစ္ ေဆးအေၾကာင္းကိုလဲ စုံစမ္းေနၿပီမို႔ မၾကာခင္မွာေတာ့ အေျဖအတိအက်ကိဳ သိလာရမွာပါေလ။

.
.
.

တဖက္က Jake တို႔အဖြဲ႕ေတြကလဲ ေဆးရလာၿပီဆိုတာနဲ႕ Dr.Yang ႏွင့္ေတြ႕ဖို႔ စီစဥ္ရသည္။

ဒီတစ္ခါေတာ့ သိပ္ေတာ့ မခက္ခဲလိုက္။

Jungwon ရဲ႕ အကူအညီႏွင့္ သူ႕အိမ္မွာပင္ ေတြ႕ဖို႔ အခြင့္အေရး ရလာေတာ့သည္။

သား ေနမေကာင္းဘူးဆိုတာနဲ႕ ေဆး႐ုံကေန ခ်က္ခ်င္း ျပန္လာတဲ့ Dr.Yang။

တကယ္တမ္း ေနမေကာင္းတာ မဟုတ္ဘဲ လူတခ်ိဳ႕နဲ႕ ေတြ႕ေပးဖို႔လို႔ သိလိုက္ရတဲ့အခါ Dr. Yang ဟာ လိမ္ညာၿပီး ေခၚရမလားဆိုကာ

" ေဖေဖ အလုပ္မအားတာ သားငယ္ သိရက္နဲ႕ ကြယ္... သား ကိစၥက ဘယ္ေလာက္အေရးႀကီးေနလို႔လဲကြယ့္... ဘယ္သူေတြမို႔ ေဖေဖ့ကို ညာေခၚရတဲ့အထိ လဲ "

" သား သူငယ္ခ်င္းေတြပါ ေဖေဖ... သူတို႔ထဲက တစ္ေယာက္ကို ေတြ႕လိုက္ရင္ ဘယ္သူေတြလဲ ဆိုတာ ေဖေဖ သိမွာပါ... ကိစၥက ဘယ္ေလာက္အေရးႀကီးလဲ ဆိုတာကေတာ့ လူတစ္ေယာက္ရဲ႕ ဘဝႀကီးနဲ႕ ဆိုင္တဲ့ထိကို အေရးႀကီးတယ္ လို႔ ေျပာရမွာပဲ ေဖေဖ "

" ဘယ္လို... သားစကားႀကီးက ႀကီးလိုက္တာကြာ.. သူတို႔ေတြကေရာ ဘယ္လို အေၾကာင္းကိစၥေတြေၾကာင့္ ေဖေဖ့ကို ေတြ႕ခ်င္ရတာတဲ့တုန္း "

" သူတို႔အခု သားအခန္းထဲမွာ ရွိေနတယ္... စာၾကည့္ခန္းထဲကို ေခၚလာခဲ့မွာမို႔လို႔ ေဖေဖ အခ်ိန္ခဏေလာက္ေပးၿပီး စာၾကည့္ခန္းထဲက ေစာင့္ေနေပးပါေနာ္ "

" ကဲကဲ ျမန္ျမန္ေတာ့ လုပ္... ေဖေဖ အခ်ိန္ခဏပဲ ရတယ္... "

" ဟုတ္ကဲ့ ေဖေဖ "

ေဖေဖ့ကို စာၾကည့္ခန္းထဲက ေစာင့္ခိုင္းၿပီး Jungwon အခန္းထဲသို႔ ဝင္လာလိုက္သည္။

အခန္းထဲမွာကေတာ့ Jake ရယ္ Niki ရယ္...

ၿပီးေတာ့ ေဖေဖနဲ႕ တိုက္ရိုက္ေပးေတြ႕ဖို႔အတြက္ ေခၚထားတဲ့ Sunoo နဲ႕ Sunghoon ရယ္။

သူ႕အေၾကာင္းကိစၥေတြမို႔ သူကိုယ္တိုင္ နားနဲ႕ဆက္ဆက္ ၾကားခ်င္ပါတယ္ဆိုတာေၾကာင့္ လူအျမင္ေအာင္ ေခၚလာခဲ့ရတဲ့ Sunoo။

သူ႕ခမ်ာလဲ အေျဖကို သိရဖို႔ စိတ္ေတြ လႈပ္ရွားေနကာ ဂဏာမၿငိမ္။

ထိုင္ရမလို ထရမလိုနဲ႕ အခန္းထဲမွာပဲ လမ္း ပတ္ေလွ်ာက္ေနၿပီး စိတ္ေတြ အလႈပ္ရွားႀကီး လႈပ္ရွားလို႔ေနေလသည္။

သူ႕စိတ္ထဲမွာ အထပ္ထပ္ ဆုေတာင္းေနမိတာကေတာ့

* Jay က ကြၽန္ေတာ့္ကို အဲ့လို လုပ္လို႔ မျဖစ္ဘူးမို႔ ကြၽန္ေတာ္တို႔ ထင္ျမင္ခ်က္ေတြ လြဲမွားပါေစ...*

သူတို႔ ေစာင့္ဆိုင္းေနၾကတုန္းမွာပဲ အခန္းတံခါးပြင့္လို႔လာၿပီး ဝင္လာတာက Jungwon...

" သူငယ္ခ်င္းတို႔ ေဖေဖ ေစာင့္ေနတယ္... သြားေတြ႕ၾကရေအာင္ "

Jungwon က လာေခၚေနၿပီမို႔ အားလုံး ထိုင္ရာမွ ထလိုက္ၾကေလသည္။

စိတ္လႈပ္ရွားေနတဲ့ အေဆာကို Sunghoon ပုခုံးေလးအသာဆုပ္ကာ ဖ်စ္ညွစ္ၿပီး အားေပးလိုက္ေတာ့ ခပ္ယဲ့ယဲ့ေလး ၿပဳံးျပလာတဲ့ အေဆာ။

" ေဘးနားမွာ ေမာင္ရွိေနမွာမို႔ ဘယ္လို အေျဖမ်ိဳးကိုပဲ ၾကားသိရပါေစ အေဆာ ၿပိဳလဲသြားလို႔ မျဖစ္ဘူး ေနာ္... ''

" ဟုတ္ကဲ့ပါ ေမာင္... အေဆာ အတတ္နိုင္ဆုံး စိတ္ကို ထိန္းပါ့မယ္ "

" အေဆာ Jay ကို ယုံၾကည္ခ်င္တာ သိေပမယ့္ ေမာင္တို႔ ဘာကိုပဲ သိလာရ သိလာရ အမွန္ကို လက္ခံရဲရမယ္ "

" ဟုတ္ ေမာင္ "

ဒီလိုနဲ႕ တုန္တုန္ယင္ယင္ ျဖစ္ေနတဲ့ ေကာင္ငယ္ေလးကို Sunghoon အားေပးစကားေတြ ေျပာကာ ေပြ႕ဖက္၍ ေခၚလာရင္း စာၾကည့္ခန္းေရွ႕ကို ေရာက္ေတာ့

ေဒါက္ ေဒါက္ ေဒါက္

" သားတို႔ ဝင္ခဲ့မယ္ေနာ္ ေဖေဖ "

Jungwon ရဲ႕ ခြင့္ေတာင္းသံအဆုံး ခ်က္ခ်င္းျပန္ေျဖလာတဲ့ ခြင့္ျပဳသံေၾကာင့္ တံခါးကို တြန္းဖြင့္၍ အထဲကို ဝင္လိုက္ၾကသည္။

သူတို႔က အဖြဲ႕လိုက္ႀကီး ဝင္လာတာဆိုေတာ့ တိတ္ဆိတ္ေနတဲ့ စာၾကည့္ခန္းႀကီးထဲ ခ်က္ခ်င္း လူေတြနဲ႕ ျပည့္ႏွက္သြားၿပီး တစ္ေယာက္ခ်င္းစီကို လိုက္မၾကည့္တာေၾကာင့္ Sunoo ကို မျမင္ေသးတဲ့ Dr. Yang က ထိုင္ဖို႔ ေနရာကို ၫႊန္ျပလိုက္ကာ

" ကဲ အဆင္ေျပသလို ထိုင္ၾကပါ ကေလးတို႔... အားလုံးက သားငယ္ရဲ႕သူငယ္ခ်င္းေတြလို႔ သိရတယ္... အန္ကယ့္ကို ေတြ႕ခ်င္ရတာ ဘယ္လိုအေၾကာင္းကိစၥေတြေၾကာင့္မ်ားလဲ "

သူတို႔ကို ေလာကြတ္စကားမ်ားဆိုရင္း သူကိုယ္တိုင္လဲ စာၾကည့္စားပြဲေရွ႕က ဆုံလည္ကုလားထိုင္မွာ ဝင္ထိုင္လိုက္တဲ့ Dr. Yang။

ခုံမွာ အက်အန ထိုင္ၿပီးကာမွ ခပ္ေလွ်ာေလွ်ာျဖစ္ေနတဲ့ မ်က္မွန္ကို လက္မလက္ညွိုးသုံး၍ ပင့္တင္ရင္း သူတို႔ဆီ အၾကည့္ေရာက္လာတဲ့ အခ်ိန္...

Sunoo ဟာလဲ ထိုင္ရာမွ ထလိုက္ကာ

" အေၾကာင္းကိစၥကေတာ့ ကြၽန္ေတာ္နဲ႕ ပတ္သက္ေနတာပါပဲ Dr "

" Kim Sunoo!!! "

ထင္မွတ္မထားတဲ့ေနရာမွာ ထင္မွတ္မထားတဲ့ လူကို ေတြ႕လိုက္ရလို႔ တအံ့တၾသ ျဖစ္သြားတဲ့ Dr. Yang...

************************************

Love you...

San Htarni 💙

21.8.2023

// ဒီအပိုင္းေလးမွာ အေၾကာင္းအရာေတြ အမ်ားႀကီး ထည့္ထားေတာ့ ဖတ္ရတာ နည္းနည္း က်ပ္ညပ္ေနမလား မသိေပမယ့္ ဒီအေၾကာင္းအရာေတြကို အက်ယ္ခ်ဲ့ေရးေနရင္ တအားႀကီး ရွည္ေနမွာစိုးလို႔ ခ်ဳံ႕ေရးလိုက္တယ္ေနာ္။ ေရးရတာ သိပ္ေတာ့အားမရလိုက္ဘူး။ ဖတ္ရတာေလး အဆင္မေျပခဲ့ရင္ လိုတဲ့ေနရာေလးေတြ ျဖည့္ဖတ္ေပးၾကပါလို႔။ //

Comment