~ 34 ~

~ 34 ~


တကယ်တမ်း ကျွန်တော် သိချင်နေတာတွေရဲ့ အဖြေကို မေမေ့ဆီက မရခဲ့ပါဘူး...

ပစ္စည်းတွေ ထည့်ထားတဲ့ ပုံးလေးကို မေမေ့ရှေ့ယူပြပြီး မေးလိုက်တဲ့ အချိန်မှာပဲ မေမေ့မျက်နှာပေါ်က ဖြစ်ပျက်သွားတဲ့ အမူအရာတွေဟာ ပုံစံတွေ မျိုးစုံသွားသလိုပါပဲ...

ပြီးတော့ မေမေ သူ့ကို ကြည့်လာတဲ့ အကြည့်တွေ...

အဲ့ဒီ အကြည့်တွေထဲမှာ တောင်းပန်နေဟန်တွေ အားနာနေဟန်တွေ အပြည့်နဲ့ပေါ့...

ပြီးတော့ သနားသလိုအကြည့်တွေ။

နောက်ဆုံး ဘာကိုမှ အဖြေမပေးဘဲ သူ့ကို ဖက်ပြီး ငိုချလိုက်တဲ့အခါ သူ့စိတ်ထဲက သံသယတွေ ပိုပြီးကြီးထွားလာတယ်...

** အခုချိန်မှာ မေမေ့ကို ဘာမှ မမေးပါနဲ့ သားရယ်တဲ့...

သား သတိရလာတဲ့ တစ်နေ့ အရာအားလုံးသိလာရမှာပေါ့ တဲ့ **

သူ ရှာရမယ့် ပုစ္ဆာရဲ့အဖြေဟာ ဘယ်လိုထွက်လာမယ်မသိပေမယ့် စိတ်ဝင်စားဖို့ကောင်း​နေမှာတော့သေချာနေပါပြီ။

အဲ့ဒီ့အချိန်ကတည်းက လက်စွပ်လေးကို တစိမ့်စိမ့်ကြည့်ရင်း ဦးနှောက်ကို အလုပ်ပေးကာ စဉ်းစားပြီးရင်း စဉ်းစား အဖြေရှာနေပေမယ့် ခေါင်းတွေကိုက်လာတာသာ အဖက်တင်ပြီး ဘာမှ ထူးခြားမလာခဲ့တော့။

ဒါကြောင့် အဖြေအတွက် အကူအညီဖြစ်မယ်ထင်တဲ့ လက်စွပ်လေးကို သူ ဆွဲကြိုးလေးနဲ့တွဲပြီး လည်ပင်းမှာ ဆွဲထားလိုက်တယ်...

ပြီးတော့ အိပ်မက်ထဲမှာ တွေ့နေရတဲ့ ပါးချိုင့်လေးကိုလဲ မေ့မသွားအောင် မျက်လုံးထဲမှာ အထပ်ထပ် ပုံဖော်ရင်းပေါ့...

အဲ့ဒီနောက်မှာတော့ ဖြောင့်စင်းနေတဲ့ နှာရိုးလေးဘေးက မှဲ့နက်ကလေး...

ဒါတွေဟာ မောင့်ရဲ့ သင်္ကေတတွေလို့ မှတ်ယူလိုက်တဲ့အခါ သူ့အာရုံထဲမှာ ပြတ်ပြတ်ထင်ထင်ပါပဲ...

ထပ်ပြီး စဉ်းစားကြည့်လို့ မရတော့ပေမယ့် ဒါတွေနဲ့တင် အ​ဖြေရှာဖို့ လုံလောက်မယ် ထင်ပါတယ်လေ...

.
.
.

ဒီနေ့ ဝတ်စုံသွားကြည့်ရမယ့်နေ့...

Jay ကိုယ်တိုင် လာခေါ်မယ် ဖုန်းဆက်ထားတော့ ​လာရင် အဆင်သင့် ဖြစ်နေစေဖို့ သူ ချက်ချင်းပဲ ရေချိုးခန်း ဝင်လိုက်သည်။

အပေါ်ပိုင်းဗလာနဲ့မို့ ရေချိုးခန်းနံရံက မှန်ထဲမှာ သူ့လည်ပင်းက ဆွဲကြိုးလေးနဲ့ ဆွဲထားမိတဲ့ လက်စွပ်လေးဟာ တလက်လက်နဲ့ သူ့ကိုယ်ပေါ်မှာ တောက်ပနေလေရဲ့...

သူ မှန်ထဲကနေတဆင့် ဆွဲကြိုးလေးကို စူးစိုက် ကြည့်လိုက်ပြီး လက်စွပ်လေးကို ဆုပ်ကိုင်လိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်မိတယ်...

" ကျွန်တော့်ရဲ့ မောင်ကို ကူရှာပေးပါ လက်စွပ်လေးရေ... ကျွန်တော့်အတွက် အချိန်တွေ အများကြီးမကျန်တော့ဘူးမို့ပါ....သူက ဘယ်လိုလူလဲ ဆိုတာ ကျွန်တော် အရမ်းသိချင်နေပါပြီ ... ပြီးတော့ ကျွန်တော့်အတွက် ဘယ်လောက်ထိ အရေးပါလဲ ဆိုတာရောပေါ့ ... ကျေးဇူးပြုပြီး ကူညီပါနော်... "

တီးတိုးရေရွတ်မှုအပြီးမှာ သူ ရေကို ခပ်မြန်မြန်ပဲ ချိုးလိုက်ကာ အပြင်သွားဖို့ သင့်တော်မယ့် အဝတ်အစားတစ်စုံကို ရွေးချယ်ဝတ်ဆင်လိုက်သည်။

အားလုံးပြင်ဆင်လို့ပြီးတော့ Jay လာဖို့အချိန် နီးကပ်နေပြီ။

ဒါနဲ့ပဲ သူ ဧည့်ခန်းကနေ စောင့်ဖို့ အောက်ထပ်ကို ဆင်းလာခဲ့တော့ ဆိုဖာပေါ်မှာ မုန့်စားရင်း TV ကြည့်နေတဲ့ ညီမလေးက

" ကိုကိုကြီး ဘယ်သွားမှာလဲ ဟင် "

" ကိုကိုကြီး အပြင်ခဏသွားမလို့ ညီမလေး "

အိမ်မှာနေတဲ့ ပုံစံနဲ့ မတူဘဲ တောက်တောက်ပြောင်ပြောင်တွေ ဝတ်စားထားလို့ မေးတယ် ထင်ပါရဲ့။

တဖြည်းဖြည်းနဲ့ အနေကြာလာတော့ သိပ်မမှတ်မိပေမယ့်လည်း ကိုယ့်သွေးသား ကိုယ့်ညီမလေးဆိုတဲ့အသိနဲ့ အရင်ရက်တွေတုန်းကလို မစိမ်းသပ်​နေတော့။

ညီမလေးရဲ့ အမေးစကားကို အ​​ဖြေပေးရင်း ညီမလေးနားမှာ ဝင်ထိုင်လိုက်ကာ TV ဆီ အကြည့်တို့ ပို့မိတော့ ပြသနေတာက ရေခဲပြင် Skate စီးနေတဲ့ အစီအစဉ်တစ်ခု။

သူ ကြည့်နေမှန်းသိတော့ ညီမလေးက ထပ်မေးလာပြန်တယ်။

" ကိုကိုကြီး... ကိုကိုကြီးက အဲ့လိုမျိုးဟာတွေ စီးတတ်လား ဟင် "

" အဲ့လိုမျိုး... "

တစ်ခုခုကို ပြောချင်နေတဲ့ စိတ်ကြောင့် အားတက်သရော် ပြောလိုက်မိပေမယ့် ရုတ်တရက် Sunoo ညီမလေးကို ပြန်ဖြေစရာ အဖြေကရှိမနေခဲ့...

သူ ဒီလို ရေခဲပြင်ပေါ်မှာ Skate စီးခဲ့ဖူးတာလိုလို...

Skate စီးတဲ့ တစ်စုံတစ်ယောက်ကိုပဲ သိနေတာလိုလို...

ထွေပြားသွားတဲ့ အာရုံတွေနဲ့ ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ကာ မျက်လုံးအစုံကို မှိတ်လိုက်မိတော့ ဖျတ်ခနဲ မျက်လုံးထဲ ပေါ်လာတာက ပါးချိုင့်လေးတစ်ဖက်နဲ့ ရေခဲပြင်ပေါ် Skate စီးရင်း သူ့ကို ပြုံးပြနေတဲ့ လူတစ်ယောက်ရဲ့ပုံ...

ပြီးတော့ သူ့ကိုပါ အတူစီးရန် ကွင်းထဲကနေ လက်ယပ်ပြီး ခေါ်နေဟန်တွေ...

ဒါပေမယ့်လဲ မထင်မရှား ခပ်ဝါးဝါး ပုံရိပ်တွေသာ။

အားးး ခေါင်းကိုက်လိုက်တာ

ပိုပြီး ထင်ရှားလာစေရန်...ပိုပြီး ကြည်လင်လာစေရန် အာရုံတွေ စိုက်လေ ခေါင်းတွေက မခံမရပ်နိုင်အောင် ကိုက်လာလေ...

* ကျစ်! ငါ ဘယ်အချိန်ကျမှ ဒါတွေကို ရေရေရာရာ မှတ်မိလာမှာလဲ...*

ကိုယ့်ကိုကိုယ် အားမလို အားမရစိတ်တွေနဲ့ ရေရွတ်ညည်းတွားရင်း နားထင်နှစ်ဖက်ကို လက်နဲ့ဖိကာ ခေါင်းကိုက်သက်သာစေရန်အလို့ငှာ ဆိုဖာနောက်မှီကို မှီချလိုက်ရသည်။

ဒါကိုမြင်သွားတဲ့ ညီမလေးက သူတစ်ခုခုဖြစ်တယ်ထင်ပြီး ဆိုဖာပေါ်က ဆင်းသွားကာ မေမေရှိရာဆီ အပြေးလေးသွားပြီး

"မေမေ!! မေမေ!! ဒီမှာ ကိုကိုကြီး နေမကောင်းလို့... မေမေ လာခဲ့ပါ... မေမေ!!!! "

ညီမလေးရဲ့ အော်သံစူးစူးလေးဟာ အိမ်ထဲမှာ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာပြီး သူလဲ တားချိန်မရလိုက်။

ညီမလေး အော်သံအဆုံး နောက်ဖေးကနေ ပြေးထွက်လာတဲ့ မေမေက စိုးရိမ်တကြီးပေါ့။

" သား.. သားလေး ဘာဖြစ်လို့လဲ.. ဘယ်လိုနေလို့လဲ ဟင်...မေမေ လန့်လိုက်တာ သားရယ် "

အပြေးတပိုင်းထွက်လာတဲ့ မေမေက ချက်ချင်းသူ့အနားကို ရောက်လာကာ နဖူးကို စမ်းလို့စမ်း လက်လေးကို ဆွဲကိုင်လို့ကိုင်နဲ့ ပြာယာခတ်သွားပြီး

" သား...မေမေ့ကို ပြောပါအုံး ဘယ်လိုနေလို့လဲ လို့ "

ထိုအခါမှ သူ မှီထားရာကနေ TV ရှိရာဆီ လက်ညှိုးထိုးပြလိုက်ပြီး

" သားနဲ့ အဲ့ဒီလို ရေခဲပြင် Skate စီးတာတွေနဲ့ ရင်းနီးသလား မေမေ... အဲ့ဒါကြည့်ပြီး စဉ်းစားရာကနေ သား ခေါင်းတွေ ကိုက်လာတယ် "

" ဟင်... ဒါ ဒါ ဘယ်သူဖွင့်ထားတာလဲ TV ကို ခုချက်ချင်း ပိတ်လိုက် "

" မေမေ့ သမီး ကြည့်ချင်လို့လေ "

" ခု ပိတ်ရမယ် သမီးငယ်!! "

"မေမေ့... ဟင့်... အီးးးး ဟီးးး "

လေသံမာမာနဲ့ အော်လိုက်ကာ စားပွဲပေါ်က remote ကို လှမ်းယူပြီး ပိတ်လိုက်တဲ့ မေမေနဲ့ ကလေး သဘာဝ လုပ်ချင်တာ မလုပ်ရလို့ ချက်ချင်း မျက်ရည်တွေကျကာ အော်ငိုပြီး အခန်းထဲ ပြေးဝင်သွားတဲ့ ညီမငယ်လေး...

ဒီအဖြစ်အပျက်ကို သေချာကြည့်မယ်ဆိုရင် မူမမှန်တဲ့ မေမေ့ရဲ့ အပြုအမူတွေဟာ အတိုင်းသား မြင်နေရတယ်...

အမြဲတမ်း ညီမလေး အလိုကျ အလိုလိုက်တဲ့ မေမေက ချက်ချင်း TV ပိတ်ဖို့ ပြောလိုက်တာရယ်...

ဖြစ်စေချင်တာကို လေသံအေးအေးလေးနဲ့သာ ဖျောင်းဖျ ပြောဆိုတတ်တဲ့ မေမေက လေသံမာမာနဲ့ အော်ငေါက်လိုက်တာရယ်...

အဲ့ဒီ့အချိန်မှာ သူ့စိတ်ထဲ သေသေချာချာ သိရှိလိုက်တာကတော့ ဒါဟာ မောင်ဆိုတဲ့ လူသားလေးနဲ့ သက်ဆိုင်နေတဲ့ အရာတွေထဲက တစ်ခုပဲလို့...

* ဘာလို့များ မေမေက မောင်နဲ့ ပတ်သက်တာတွေကို ဖုံးကွယ်ထားပြီး အစဖျောက်ချင်နေရတာလဲ ... *

မေမေယူလာပေးတဲ့ ဆေးကို သောက်ကာ စိတ်လေးကို ငြိမ်အောင်ထားပြီး ခဏအနားယူလိုက်တော့ ခေါင်းက နေသာထိုင်သာ ရှိလာပြီ။

အဲ့ဒီ့အချိန်မှာပဲ အိမ်ရှေ့မှာ ကားရပ်သံကြားလိုက်ရပြီး ခဏမှာပဲ အိမ်ထဲကို ဝင်လာတဲ့ Jay..

" ready ပဲလား ဘေဘီ... ကိုယ်တို့ သွားကြရအောင်လေ "

အမြဲတမ်း အားမာန်အပြည့်နဲ့ Jay ကတော့ တွေ့လိုက်တိုင်းမှာ လန်းဆန်းတက်ကြွလို့...

Suit အပြည့်နဲ့ သပ်ရပ်ခန့်ညားနေဟန်က မြင်သူတကာတိုင်း ငေးသွားစေလောက်ပါရဲ့...

ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုရီးယားနိုင်ငံရဲ့ Top Ten ဝင် Business man တစ်ယောက်လဲ ဖြစ်နေလေတော့ လိုချင်သူတွေက ဝိုင်းဝိုင်းလည်နေမှာမလွဲပါဘူး။

ဒီလို လူတစ်ယောက်က သူလို ဘာမှ မဟုတ်တဲ့ ကောင်ငယ်လေးကို ဘာကြောင့်များ လက်ထပ်ချင်ရတာတဲ့လဲ...

သူ Jay ရဲ့ မျက်နှာချောချောကို ငေးရင်း တွေးနေမိတော့ Jay က သူ့ဆံပင်လေးတွေကို လာဖွပြီး

" ကိုယ့်ကို ဘာတွေ ဒီလောက်ထိ ငေးနေတာလဲ ဘေဘီ... ကိုယ် အရမ်း ကြည့်ကောင်းနေလို့လား "

ရယ်သွမ်းသွေးကာ Jay မေးလိုက်တော့မှ သူ အကြည့်တွေကို မြန်မြန် လွှဲလိုက်ပြီး

" မဟုတ် မဟုတ်ပါဘူး... "

" အဟွန်းး... ကဲ ready ပဲဆို သွားကြရအောင် "

ကားဆီရောက်တော့လဲ တံခါးဖွင့်တာ ပိတ်တာကစလို့ ခါးပတ် ပတ်တာတွေထိ သူ ဘာမှ လုပ်စရာမလိုလိုက်...

အားလုံးဟာ Jay ရဲ့ ဦးဆောင် လုပ်ကိုင်ပေးမှုတွေနဲ့သာ...

လမ်းတလျှောက်မှာလဲ တက်တက်ကြွကြွနဲ့ စကားတွေ ပြောနေပြီး ကားမောင်းနေရင်းမှ တစ်ချက်တစ်ချက် သူ့ကို လှည့်ကြည့်ပြီး ပြုံးနေသေးသည်။

" သတို့သားဝတ်စုံလေးနဲ့ ဘေဘီ့ကို ကိုယ် မျက်လုံးထဲ ပုံဖော်ကြည့်နေတာ... အရမ်း ချစ်စရာကောင်းနေ​တော့မှာပဲ... ကိုယ်တော့ အဲ့ဝတ်စုံလေးနဲ့ မြင်ရဖို့ကို ခုကတည်းက ရင်တွေ အရမ်း ခုန်နေပြီကွာ ... ဘေဘီ ရော...ရင်မခုန်ဘူးလား "

ကျွန်တော် ဘယ်လို ဖြေရမလဲ...

ရင်မခုန်ဘူးလားတဲ့...

တကယ်တမ်းက ကျွန်တော် ကြောက်ရွံ့ နေတာပါ...

အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီ မင်္ဂလာပွဲကို လက်မခံချင်ဘူး။

ဘာကိုမှ တိတိပပ သိရှိသေးတာ မဟုတ်ဘဲလေ...

ဒါပေမယ့်လည်း ကျွန်တော် ဘယ်လိုမှ ငြင်းဆန်တားမြစ်လို့မရ...

Jay တစ်ယောက်ဟာ သူ့သဘောတွေအတိုင်းသာ အရာအားလုံးကို လုပ်ဆောင်နေတာ မဟုတ်ဘူးလား...

ဟင်းးး

သက်ပြင်းလေးချပြီးသာ ကျွန်တော် ကားမောင်းနေတဲ့ Jay ကို ငေးကြည့်နေမိတော့သည်။

ကျွန်တော် မျက်နှာမကောင်းဖြစ်နေတာကို သတိထားမိပုံမပေါ်တဲ့ Jay ကတော့ တစ်လမ်းလုံး မြူးကြွလို့ စကားတွေ ဖောင်ဖွဲ့ရင်းနဲ့။

ချိန်းထားတဲ့ Designer ရဲ့ ဆိုင်ကို ရောက်တော့ ဆိုင်က Wedding dress တွေကိုပဲ သီးသန့် ရောင်းချတဲ့ဆိုင် ဖြစ်လို့နေသည်။

ကျယ်ပြန့်လှတဲ့ Show room ကြီးနဲ့ အရုပ်အသီးသီးမှာ ဝတ်စုံတွေ ဝတ်ပြထားတာက မသိရင် အခုပဲ မင်္ဂလာဆောင်တော့မယ် စုံတွဲတွေလို။

နာမည်ကြီး Designer ရဲ့ လက်ရာပီပီ ချိတ်ဆွဲပြသထားတဲ့ ဝတ်စုံတွေဟာလဲ မျက်စိမလွှဲချင်စရာ ကြွရွလို့။

ဆိုင်ရဲ့အတွင်းထဲကို ရောက်တဲ့အထိ Jay ဆွဲခေါ်တဲ့နောက် မျက်လုံးအစုံက ကျီးကန်းတောင်းမှောက် ငေးရင်း လိုက်လာမိတော့ Jay က ခပ်ဟဟ ရယ်ပြီး

" ဘာလဲ ဘေဘီက အဲ့လောက်ငေးနေရတာ ဒီဝတ်စုံတွေ ဝတ်ချင်လို့လား " တဲ့

Jay စကားမှာ ကျွန်တော့်မျက်မှာဟာ ရဲခနဲပါပဲ။

ရေနွေးပူနဲ့ ပက်ဖျန်းလိုက်သလို ပူရှိန်းရှိန်းဖြစ်သွားရတယ်။

Jay လက်ညှိုးထိုးပြတဲ့ ဝတ်စုံတွေကိုလဲ ကြည့်အုံးလေ ဇာအထပ်ထပ်နဲ့ လှလှပပ ချုပ်လုပ်ထားတဲ့ သတို့သမီး ဝတ်စုံဝဲဝဲကြီးတွေ။

ဒါနဲ့ပဲ ကျွန်တော် ရှက်စိတ်နဲ့ Jayရဲ့ လက်မောင်းကို အားကုန်ထုချလိုက်မိတော့ Jay က တဟားဟားနဲ့ အော်ရယ်နေလေရဲ့။

သူတို့တွေ ဝင်လာတာကို သိတာနဲ့ အပြေးလေးထွက်လာကြိုတဲ့ Designer အမျိုးသမီးကြီးက Jay ကို မျက်နှာချိုတွေသွေးကာ အူယားဖားယား။

ရုံးခန်းထဲကို ရောက်တဲ့ အထိ CEO ချင်း မိုးမွှန်အောင်ပြောနေပြီး သူ့ဆီ Design အပ်လို့ ဘယ်လောက် ဝမ်းသာ ဂုဏ်ယူကြောင်းတွေက ပါလိုက်သေးတာ။

ဒီလို ဒီလိုဆိုင်လေးထဲကို ဝင်သွားတဲ့ သူတို့ရဲ့ နောက်မှာတော့ သူတို့ကို ကြည့်၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အံကြိတ်ပြီး တောက်တခေါက်ခေါက်နဲ့ လုပ်နေတဲ့ လူတစ်ယောက် ရှိနေတာကို သူတို့ သတိမထားမိလိုက်ပါဘူး။

အဲ့ဒီလူကပဲ သူ့အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ တစ်နေရာကို ဖုန်းခေါ်နေလေသည်။

အဲ့ဒီလူကတော့ Park Sunghoon ရဲ့ ချစ်သူငယ်ချင်းကြီး Nishimura Riki ပေါ့။

နဂိုထဲကမှ Sunoo အပေါ် အမြင်စောင်းနေလေတဲ့ Niki

ခုလို ပြုံးပြုံး ရွှင်ရွှင်နဲ့ Wedding dress တွေ ရောင်းတဲ့ ဆိုင်ထဲကို လက်ချင်းချိတ်လို့ ဝင်သွားတာ မြင်တော့ ဘယ် နေနိုင်တော့လိမ့်မလဲ...

ချက်ချင်းကိုပဲ စကားမပြောဖြစ်တာကြာပြီဖြစ်တဲ့ Sunghoon ဆီ ဖုန်းဆက်လိုက်တော့သည်။

" ဟယ်လို သားကြီး "

သူ့ဆီက ဖုန်းဝင်လာမယ် ထင်မထားတော့ ဖုန်းကိုင်လိုက်တဲ့ Sunghoon ရဲ့အသံက ဝမ်းသာအားရ

" အေး မင်းဘယ်မှာလဲ ဟေ့ရောင် "

" ငါ.. ငါ မြစ်ကမ်းဘေးမှာ သားကြီး "

" ဟားးး ဘာလဲ မင်းကောင်နဲ့ သွားခဲ့ဖူးတဲ့နေရာတွေ အလွမ်းပြေ သွားကြည့်နေပြန်တာလား ဟက်လား ဟေ့ရောင် "

" ငါ့ကို နားလည်ပေး သားကြီးရာ... ငါ့စိတ်တွေ နေသားမကျသေးလို့ပါ... အလုပ်ပြီးလို့ ခဏ ထွက်လာတာပါ "

" အေး မင်းကတော့ နေသားမကျဘူးပေါ့...မင်း ကောင်ကတော့ သူ့ဘဲကြီးနဲ့ နေသားကို မကဘူး အကုန်ကို အံဝင်ခွင်ကျ ဖြစ်နေလောက်ပြီ ဟေ့ရောင်ရေ "

" သားကြီး.. ငါ့ဆီကို ဒီလိုတွေ ခနဲ့ဖို့ ဖုန်းဆက်တာ ဆိုရင် ငါ အဆင်မပြေဘူးကွာ... ငါ မင်းဖုန်းဆက်လို့ ပျော်နေမိတာ... ငါ မင်းနဲ့ ထပ်ပြီး စကားမများချင်ဘူး "

" ငါလဲ စကားများချင်နေတာမှ မဟုတ်တာ... ခုဟာက ငါ့မျက်စိနဲ့ တပ်အပ်မြင်ထားရတဲ့ အရာကြောင့် ငါ စိတ်မထိန်းနိုင် ဖြစ်သွားတာ... ဒါတွေထားပါ.. ငါ မင်းကို ငါ့ရဲ့ Location ပို့ပေးမယ်.. အဲ့အတိုင်းလိုက်လာခဲ့... မင်း ကိုယ်တိုင် ကြည့်ပြီး အတည်ပြုရမယ့် အရာတစ်ခု ရှိတယ် "

" ဘာများလဲ "

" ရောက်ရင် သိလိမ့်မယ် "

" အေးပါ.. ငါ အခု လာခဲ့ပါ့မယ်... အခု ငါ့ဘေးမှာ Jake လဲရှိတယ်.. ငါတို့ အတူထွက်လာခဲ့မယ် "

" အေး ပြီးရော .. မြန်မြန်တော့ လာခဲ့နော်... ဒါကို မင်း လွတ်သွားလို့ မဖြစ်ဘူး "

Niki ဖုန်းချလိုက်ပြီးတာနဲ့ ဆိုင်ကို တည့်တည့်မြင်ရတဲ့ နေရာတစ်နေရာကို ရှာပြီး ကားကို ပါကင်ထိုးလိုက်သည်။

Sunghoon တို့ ရောက်အလာကို စောင့်ရင်း ဆိုင်ထဲကဟာတွေကိုလဲ လွတ်မသွားအောင် စောင့်ကြည့်ရင်း...

ဆိုင်ထဲမှာတော့ Designer က သူချုပ်လုပ်ဖန်တီးထားတဲ့ Design တွေကို MacBook ကနေ တဆင့် Jay ကို ပြသနေလေသည်။

Sunoo ကတော့ သူတို့ တည်ခင်းထားတဲ့ ကော်ဖီနဲ့ မုန့်ကိုသာ စားရင်း ဟိုငေးဒီငေး။

Design တွေကို အတန်ကြာအောင် ကြည့်လို့အပြီးမှာ Jay ရွေးချယ်ထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ကြည့်ဖို့ Sunoo ကို အရောင်းဝန်ထမ်းလေးတစ်ယောက်က အဝတ်လဲခန်းဆီသို့ ခေါ်ဆောင်သွားလေသည်။

သူတို့ အဝတ်လဲခန်းထဲကို ရောက်လာပြီးခဏမှာပဲ Designer အစ်မကြီးပါ ရောက်လာပြီးနောက်

" CEO Park ရဲ့ အမျိုးသားလေးကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားလေးပါပဲနော်... ကြည့်ပါအုံး CEO ကြီး သည်းသည်းလှုပ်တာလဲ မပြောနဲ့ မောင်လေးက ချစ်စရာလေးကောင်းနေတာ သက်ရှိ ကြွေရုပ်လေးအတိုင်းပဲ ဟင်း ဟင်း "

အဝတ်လဲဖို့တွေကို Designer အစ်မကြီးကိုယ်တိုင် သေချာပြင်ဆင်ပေးနေရင်းမှ သူ့ကို တရင်းတနီး စကားတွေ ဆိုလာလေသည်။

ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသား တဲ့လား...

" ဒါလေးကနေ စ ဝတ်ကြည့်ကြရအောင် မောင်လေး... အစ်မရဲ့ လက်ရာတွေနဲ့ မောင်လေးရဲ့ ချစ်စရာကောင်းမှုတွေ ပေါင်းစပ်လိုက်ရင်တော့ CEO ကြီး အသက်ရှူမှားသွားမှာ မြင်ယောင်ပါသေးတယ် "

သူ ပြောသမျှကို ကျွန်တော် ပြုံးပြီးသာ ခေါင်းညိမ့်ပြနေမိတယ်။

" ဒါတွေ အားလုံးက CEO ကြီး ကိုယ်တိုင် အချိန်ယူပြီး စဉ်းစားထားတဲ့ Design တွေလေ ... သူ့ဘေဘီလေးအတွက် သူစိတ်တိုင်းကျတဲ့ ဝတ်စုံတွေပဲ ဖြစ်ရမယ်တဲ့ ... CEO ကြီးရဲ့ idea ကို အစ်မရဲ့ ပညာလေး ထပ်ပေါင်းပြီး ချုပ်ထားတဲ့ ဝတ်စုံတွေပေါ့... CEO ကြီးတို့များ ချစ်တတ်လိုက်တာနော်... အားကျမှု အပေါင်းပါပဲ..."

ဝတ်စုံတွေကို မျက်လုံးဝေ့ကြည့်မိတော့ အားလုံးဟာ သူ ကြိုက်တဲ့ အဖြူရောင်တွေကိုသာ အများဆုံး သုံးထားတဲ့ ဝတ်စုံတွေပင်။

အဖြူရောင်တွေချည်း ချုပ်ထားတာတွေ ပါသလို အဖြူနဲ့ ရောစပ်ထားတဲ့ ဝတ်စုံတွေလဲ ပါသေးသည်။

ဝတ်စုံတိုင်းဟာလဲ တကယ်ကို Designer လက်ရာပီသစွာ ဆန်းသစ်ပြီး လှပလွန်းလှပါသည်။

Sunoo သက်ပြင်းတွေပဲ ချနေမိတာ အခါခါပါပဲ။

Designer အစ်မကြီးပြောသလို ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားလေး ဖြစ်နေနိုင်ကောင်းပါရဲ့။

ဒါဆိုရင် ဘာလို့ ကျွန်တော့်စိတ်ထဲ ပေါ့ပါးပြီး ပျော်ရွှင်မနေရတာလဲ...

ကျွန်တော် ငြိမ်နေတာကြောင့် Designer အစ်မကြီးက ဝတ်စုံတစ်စုံကို ယူလာပြီး အနားမှာ လာရပ်ကာ အသည်းယားတဲ့ ပုံစံမျိုးနဲ့ ကျွန်တော့််ပါးတစ်ဖက်ကို ဆွဲပြီး

" အူးးဝါးး တကယ့် ချစ်စရာ ကြွေရုပ်ကလေးပဲ... စကားမပြောဘဲ ငြိမ်ငြိမ်လေး ရပ်နေတာကိုက အရုပ်ကလေး ချထားသလိုပဲကွယ်... "

အရုပ်လေး တဲ့လား...

အစ်မကြီးက စကားတွေ အများကြီးပြောလိုက်တာပေမယ့် ကျွန်တော့််နားထဲမှာ ပဲ့တင်ထပ်သွားတာက အရုပ်လေး ဆိုတဲ့ စကားသံကိုသာ...

ဒီစကားလုံးဟာလဲ စိတ်ထဲမှာ ရင်းနီးနေသလိုပါပဲ...

* မင်းက ငါ့ရဲ့ အရုပ်လေးပေါ့... မင်းက ငါ့ရဲ့ အရုပ်လေးပေါ့... မင်းက ငါ့ရဲ့ အရုပ်လေး ပေါ့ *

" အဲ့ဒီ့လက်က မထိသင့်တဲ့ အရာကို လာထိနေတာပဲ ...စောစောစီးစီး ဖယ်လိုက်ရင် ကောင်းမယ်နော် "

ရုတ်တရက် အခန်းပေါက်ဝကနေ ကြားလိုက်ရတဲ့ Jay ရဲ့ စကားသံ။ လှည့်ကြည့်မိလိုက်တော့ မျက်နှာချောချောက တည်တင်းလို့။ ပြီးတော့ Designer အစ်မကြီးကို ကြည့်နေတဲ့ မျက်လုံးတွေက အကြည့်ခံရသူကို အခုပဲ မီးလောင်ပြာကျသွားတော့မလို။

ထိုအခါမှ Designer အစ်မက အိုးတို့အမ်းတမ်းနဲ့ ကျွန်တော့်ပါးပေါ်က သူ့လက်တွေကို ဖယ်ခွာသွားလေတော့သည်။

တစ်စ တစ်စ ပေါ်ပေါ်လာတဲ့ မှတ်ဉာဏ်တွေထဲမှာ ဒီလိုအနေအထားကြီးကလဲ ကြားဖူးနေသလိုလို ရင်းနီးနေသလိုလိုပါပဲ။

* သူ့ကို တစ်စုံတစ်ယောက်က လာထိရင် Jay က မကြိုက်ဘူးလေ...*

* ဟုတ်တယ်... သူနဲ့ Jay ကြားမှာ ဒီလို အဖြစ်အပျက်တွေ ရှိခဲ့ဖူးတယ်...*

* ငါ့မှတ်ဉာဏ်တွေက တိုက်ဆိုင်မှုတွေ ရှိလာတိုင်း ပြန်ပြန်ပေါ်လာနေတာပဲ...*

Sunoo ကိုယ့်ရဲ့ တိုးတက်လာမှုအတွက်ကို ဝမ်းသာနေပေမယ့် ရှေ့မှာ ရပ်နေတဲ့ Designer အစ်မကြီးကတော့ Jay ပုံစံကိုကြည့်ပြီး သွေးပျက်နေပြီထင်...

စကားတွေလဲ ထစ်ထစ်ငေါ့ငေါ့နဲ့ Jay ကို ဖြေရှင်းချက်တွေ ပေးနေလေရဲ့...

" ဟို.. ဟို.. CEO ကြီးရဲ့ သတို့သားလောင်းလေးကို နာအောင် မလုပ်ပါဘူး CEO ကြီးရဲ့.. ကျွန်မ ကျွန်မ သူ့ကို ကြည့်ပြီး အသည်းတွေ ယားလာလို့ပါ... ဟို ကော်ပတ်ရုပ်လေးနဲ့ တူ ..တူနေလို့..ဟို..ဟို. "

" တဟိုဟိုနဲ့ တော်ပြီ လုပ်စရာရှိတာ ဆက်လုပ်တော့.. ဒီအပြုအမူက နောက်ဆုံး ဖြစ်ပါစေ... မဟုတ်ရင် ခင်ဗျားဆိုင်ဘက် ခြေဦးမလှည့်ဘဲ နေရလိမ့်မယ် "

" အယ်...CEO ကြီးရယ်... အဲ့လိုတော့မလုပ်ပါနဲ့... ကျွန်မက ကိုယ့်မောင်လေးတစ်ယောက်လို ချစ်စနိုးနဲ့ စနောက်လိုက်မိတာပါ... နောက် မဖြစ်စေရပါဘူးလို့ "

" ပြီးတာပဲ.. ဟိုတစ်ယောက်ရောပဲ... ဘေးလူက ကိုယ့်အသားလာထိနေတာကို ငြိမ်ခံနေရသလား... ရှောင်ဖို့ ဖယ်ဖို့ စိတ်ကူးမရှိဘူးလား .. ဘယ်သူ ကိုင်ကိုင် ဒီလိုပဲ အကိုင်ခံနေတော့မှာလား "

" Jay..."

Sunoo လူကြားထဲ အပြောခံလိုက်ရ၍ မျက်နှာမထားတတ်အောင် ဖြစ်သွားရကာ Jay ရှိရာဆီ ခပ်သွက်သွက်လေး သွားလိုက်ပြီး

" Jay ကလဲ ဘယ်လိုတွေ ပြောနေတာလဲ ...တဖက်လူကိုလဲ အားနာအုံးမှပေါ့ "

" အားမနာနိုင်ပါဘူး... လုပ်စရာရှိတာမလုပ်ဘဲ ပေရှည်နေတာ ''

" မဟုတ်ပါဘူး CEO ကြီးရဲ့.. ကျွန်မ ဝတ်စုံတွေ ရွေးနေတာပါ... အခုပဲ ဝတ်ပေးတော့မလို့ပါ ဟင်း ဟင်း... ကဲ အရုပ်ကလေး ဒီထဲကို ဝင်မယ်နော် "

Jay ပြောတာကို ကြားသွားတဲ့ အစ်မကြီးက မျက်နှာချိုသွေးကာ ပြုံးရယ်ပြရင်း Sunoo ကိုပါ တဆက်ထဲ လိုက်ကာရှည်ကြီး ကာထားတဲ့ နောက်သို့ဝင်ရန် ပြောပြီး သူကိုယ်တိုင်ရှေ့က ဦးအောင်ဝင်သွားလေတော့သည်။

လိုက်ကာကြီးရဲ့ နောက်ကိုရောက်တော့ Designer အစ်မက သူ့ရင်ဘတ်သူ လက်လေးနဲ့ဖိကာ သက်ပြင်းချရင်း

" ဟူးးး အမလေးးး တော်သေးတာပေါ့ အရုပ်လေးရယ်..အစ်မကို ဘာမှ မလုပ်လို့... ရှင့် သတို့သားလောင်းကြီးက ကြောက်စရာကောင်းလိုက်တာရှင်... သူ့ အမျိုးသားလေးကို သေးသေးလေး ထိတာတောင် မရဘူး... ခုနတုန်းက မျက်နှာကြီးကို မြင်ပြီး ကျောထဲကို စိမ့်သွားတာပဲ "

" ဝတ်စုံတွေက ဘာလို့ အဲ့လောက်များနေရတာလဲ အစ်မ "

လိုက်ကာနောက်မှာ တန်းနဲ့ ချိတ်ထားတဲ့ ဝတ်စုံတွေကို ကြည့်ရင်း Sunooမေးလိုက်တော့

" ဟော်... အရုပ်လေးက မသိဘူးလား... ဒါလေးက လက်မှတ်ထိုးပွဲ မှာ ဝတ်ဖို့၊ ဒါလေးက Wedding နေ့မှာ ဝတ်ဖို့၊ ဒါလေးက Dinner မှာ ဝတ်ဖို့၊ ဒါလေးကကျတော့ Media တွေ့ဆုံပွဲမှာ ဝတ်ဖို့ လေ... ပွဲတစ်ပွဲအတွက် နှစ်စုံစီဆိုတော့ များနေတာပေါ့ အချစ်ခံလေးရယ်... အားကျပြီးရင်း အားကျပါပဲ... ကံကောင်းလိုက်တဲ့ အရုပ်ကလေး ရှင် "

ဝတ်စုံတွေကို ငေးရင်း ကျွန်တော့်စိတ်ထဲ အားနာမှုတွေ တိုးဝင်လို့လာတယ်...

ဘာလို့ ကျွန်တော့်အပေါ် အဲ့သလောက်ထိ ကောင်းပေးနေရတာလဲ Jay ရယ်...

တကယ်ပဲ ကျွန်တော်တို့က နှစ်ဦးသဘောတူ ချစ်ခဲ့ကြတဲ့ ချစ်သူတွေများလား...

ဒါဆို မောင် ဆိုတဲ့ လူသားလေးကရော...

ကျွန်တော့်ဘဝရဲ့ ဘယ်ထောင့် ဘယ်နေရာကနေ ပါဝင်နေတာများလဲ...

ပထမဆုံး ဝတ်စုံလေးကို လဲလှယ်လို့ အပြီးမှာပဲ Jay ကို ပြသဖို့ရာ အသင့်အနေအထားဖြစ်နေပြီ ဖြစ်တာကြောင့် ပိတ်ကာထားတဲ့ လိုက်ကာကြီးကို တရွေ့ရွေ့နဲ့ ဘေးဘက်ကို ဖယ်ခွါလိုက်ကြတော့သည်။

လိုက်ကာကြီး လုံးလုံးလျားလျား ဖယ်ပြီးတဲ့အချိန်မှာတော့ ရှေ့တည့်တည့်က ဆိုဖာမှာ ခြေချိတ်ထိုင်နေတဲ့ Jay က သူ့ တစ်ကိုယ်လုံးကို စူးစူးစိုက်စိုက် ကြည့်နေတာ မျက်တောင်တစ်ချက်မခတ်...

ကြာလာတော့ နေရခက်လာသည်။

သူ ဝတ်ထားတာ ဘာများ မှားနေလို့လဲ...

ဘာက အချိုးမကျနေလို့လဲ...

Sunoo သူ့ကိုယ်သူ ပြန်ငုံ့ကြည့်ကာ အဆင်မပြေတာ ရှိမရှိ စစ်ဆေးကြည့်သည်။

ဒါလဲ ဘာမှ မတွေ့။

သူ ဝတ်ထားတာက အပေါ်ရော အောက်ရော အဖြူစွပ်စွပ် ဝတ်စုံလေး။

အပေါ်ကုတ်ရဲ့ညာဘက်ခြမ်းမှာတော့ ခါးမှ ရင်ဘတ်ထိတိုင် နွယ်တက်နေတဲ့ ပန်းခက်ပုံစံလေးတွေကို ရွှေရောင်ဖြင့် ထိုးထားလေသည်။

အထဲက ရှပ်အဖြူလေးမှာတော့ အထက်အောက် အစင်းကြောင်းပုံစံ အထပ်ထပ်လေးတွေနဲ့ လည်ပင်းမှာက Necktie အစား ဖဲပွင့် အဖြူလေးကိုသာ တပ်ထားသည်။

ရိုးရှင်းတယ် ထင်ရပေမယ့် အမြင်ဆန်းနေတဲ့ ဝတ်စုံလေး...

Jay က ဘာမှမပြောဘဲ စိုက်ကြည့်နေဆဲ ဖြစ်တာကြောင့် သူ မနေတတ်တော့ဘဲ

" ဟို.. Jay.. ဘာ ဘာက အဆင်မပြေနေလို့လဲ ဟင်... ကျွန်တော် တခြား တစ်စုံ ပြန်လဲလိုက်ရ.."

" ဟင့်အင် ဘေဘီ... အကုန် အဆင်ပြေတယ်... လိုက်ဖက်လွန်းလိုက်တာ ဘေဘီရယ်... ကိုယ်.. ကိုယ် အသက်ရှူဖို့တောင် မေ့သွားတယ်.. ဟားးး ဒါ ကိုယ့်ရဲ့ သတို့သားလေးတဲ့လား...ကိုယ် ယုံတောင် မယုံနိုင်ဘူးကွာ... "

Sunoo ရဲ့စကားကို ဖြတ်ကာ နေရာမှ ထလာရင်း ပြောလိုက်တဲ့ Jay စကားကြောင့် Sunoo မျက်နှာလေး အရောင်တွေ ရင့်ကုန်တော့တယ်။

အနားထိရောက်လာပြီး ခုံအမြင့်လေးပေါ် ရပ်နေတဲ့ Sunoo ကို လှည့်ပတ်ကြည့်နေပြီး လိုက်ဖက်လွန်းလိုက်တာ ဆိုတဲ့ စကားကလဲ ပါးစပ်ဖျားက မချ။

ဒါနဲ့ပဲ နောက်တစ်စုံ ပြောင်းဖို့ လိုက်ကာစလေးကို ပြန်ပိတ်မယ်လုပ်တော့ ဆိုဖာဆီ ပြန်သွားမယ့် Jay တစ်ယောက် Sunoo ကို ကြည့်ရင်း ဘောင်းဘီအိတ်ထဲ လက်နှိုက်လို့ လမ်းကို နောက်ပြန်ကြီးတောင် လျှောက်နေလေရဲ့။

ဒီလိုနဲ့ပဲ တစ်စုံပြီးတစ်စုံ ဝတ်ကြည့်ပြီး Jay ကို ပြလိုက်တိုင်း Jay ဟာ အနားထိရောက်ရောက်လာကာ လှည့်ပတ်ကြည့်လိုက် မထင်ရင် မထင်သလို ဆွဲဖက်ပြီး နဖူးလေး ပါးလေးတွေကို နမ်းလိုက်နဲ့ပဲ သူ့မှာ မအားလပ်ရ။

Jay ရဲ့ ပိုကဲလွန်းတဲ့ အပြုအမူတွေကြောင့် Sunoo မှာလဲ ဆိုင်ဝန်ထမ်းတွေကြား မျက်နှာမထားတတ်အောင် ဖြစ်နေရလေသည်။

ဒီကြားထဲ လိုက်ကာစလေး ပြန်ပိတ်လိုက်တိုင်း Designer အစ်မကြီးဆီက အားကျလိုက်တာ၊ CEO ကြီးက ချစ်တတ်လိုက်တာဆိုတဲ့ စကားက မနားတမ်းကြားနေရသေးသည်။

ဝတ်စုံတွေ အားလုံး ဝတ်ကြည့်ပြီးသွားချိန်မှာ Jay က သူ စိတ်တိုင်းမကျတာတချို့ကို ပြန်ပြင်ပေးဖို့ ပြောပြီး ဆိုင်ထဲကနေ ထွက်လာခဲ့ကြတော့ နေ့လည်စာ စားချိန်တောင် ကျော်နေလေပြီ။

ကားပေါ်ရောက်တဲ့အထိ ဝတ်စုံတွေနဲ့ Sunoo ကို တွဲမြင်နေသေးတာလား မသိတဲ့ Jay က

" ကိုယ့်ဘေဘီက ကိုယ် ရွေးပေးထားတဲ့ ဝတ်စုံလေးတွေနဲ့ အရမ်း လိုက်ဖက်တာပဲ... တကယ်ကို အဖြူရောင် နတ်သားလေးပါကွာ... မြင်ယောင်သေးတယ် ကိုယ်တို့ မင်္ဂလာပွဲကျရင် ခေါင်းစခြေဆုံး အဖြူရောင်တွေနဲ့ သိပ်လှနေမယ့် ဘေဘီ့ကို အားလုံးက ပါးစပ်အဟောင်းသားနဲ့ ငေးနေကြမယ်ဆိုတာကို.. ဟင်း ဟင်း "

လက်တစ်ဖက်ထဲနဲ့ ကားမောင်းပြီး ကျန်တစ်ဖက်က Sunoo ရဲ့ လက်လေးကို ဆုပ်ကိုင်ထားကာ အားရပါးရ စကားတွေပြောနေတဲ့ Jay ရယ်ပါ...

Sunoo မှာတော့ Jay ရဲ့ လက်ဖဝါးထဲ အလုံးစုံ နစ်မြုပ်နေတဲ့ သူ့ လက်လေးကိုသာ ငုံ့ကြည့် ငေးမောရင်း စိတ်မသက်သာခြင်းတွေနဲ့ ငြိမ်သက်နေမိတော့တယ်...

အရင်ချိန်တွေ တုန်းကရော... Jay ဟာ သူ့အပေါ် ဒီလောက်အထိ ဂရုစိုက် ချစ်ပြခဲ့ပါသလား...

ဒါဆို မောင်ဆိုတဲ့ လူသားလေးကရော...

Postcard ထဲမှာတော့ အဆောရဲ့ နေ့ရက်တိုင်းမှာ အတူရှိမယ့် မောင် ဆို...

ဒါဆို အခု ဘာလို့များ ဘေးမှာမရှိဘဲ ပျောက်ဆုံးနေရပါသလဲ...

Jay ရယ် မောင် ရယ် သူ ရယ် ...

ဒီ လူသားသုံးယောက်ကြားမှာ သူ သတိမမေ့ခင်က ဘယ်လိို အဖြစ်အပျက်တွေများ ရှိခဲ့ပါသလဲလေ....

သူတို့နှစ်ယောက်ကို တင်ဆောင်လို့ တရိပ်ရိပ်ပြေးနေတဲ့ ကားကြီးရဲ့ နောက်မှာကတော့ ကားမောင်းရင်း တစ်ဖက်က ဖုန်းပြောကာ တောက်တခေါက်ခေါက်နဲ့ လိုက်လာတဲ့ Niki...

" ချီး မလို့ နောက်ကျနေတာလား... ငါ အမြန်လာခဲ့ဖို့ သေချာ မှာထားရက်နဲ့ တောက်!! "

" လမ်းတွေ ပိတ်နေလို့ သားကြီး အခု ငါတို့ မင်းဆီကို ရောက်ခါနီးပါပြီ... အခု မြန်မြန်လေး လာနေတယ် "

" ကျစ်! အခုမှတော့ ဘာမှ မရှိတော့ဘူး ဟေ့ရောင်ရေ... ငါ မင်းကို မျက်ဝါးထင်ထင် မြင်စေချင်လို့ ခေါ်တာ.. အခုက နောက်ကျသွားခဲ့ပြီ... ဒါပေမယ့် တွေ့လို့တော့ ရပါသေးတယ်... မင်းမြင်ရင် ဘာပြောမလဲ သိချင်သေးတယ်...လိုက်လာခဲ့ "

Sunoo တို့ကားလေးက နာမည်ကြီး restaurant တစ်ခုဆီ ဝင်သွားတာကြောင့် Niki လဲ လိုက်ဝင်လာခဲ့ကာ သူ့ကို သတိမထားမိအောင် ကားကို ခပ်ခွာခွာနေရာမှာ ပါကင်ထိုးလိုက်သည်။

ဆိုင်ထဲကို ဝင်တော့လဲ သတိမထားမိအောင် လိုက်လာပြီးနောက် Sunoo တို့ဝိုင်းကို မြင်သာတဲ့ နေရာအကွယ်မှာပဲ ထိုင်နေလိုက်သည်။

menu card ကိုကြည့်ကာ ဝန်ထမ်းလေးကို မှာစရာရှိတာ မှာနေတဲ့ နှစ်ယောက်ကတော့ ဘေးမှာ လူတွေရှိတာ သတိမှထားမိလေစ။ နှစ်ယောက်တည်း ကမ္ဘာတည်နေသလိုပင်။

CEO ကြီးက Sunoo ရဲ့ မျက်နှာလေးကို ငုံ့ကြည့်လိုက်၊ တစ်ခုခုကိုပြောလိုက်၊ Sunoo က ခေါင်းညိမ့် ခေါင်းခါ လုပ်လိုက်နဲ့ တစ်ချက်တစ်ချက် CEO ကြီးက Sunoo ရဲ့ ခေါင်းလေးကို အသည်းယားဟန်ဖြင့် ဖွဖွပွတ်သပ်နေသေးတာ။

" တော်တော်ကို သာယာနေကြတာပဲ... အဟက်! ဒီမြင်ကွင်းတွေကို မင်း မမြင်လိုက်ရတာ ဝမ်းနည်းလို့မဆုံးဘူး ငါ့ကောင် Park Sunghoon ရေ... ဒါတွေကို မင်း မြင်လိုက်ရမှာ... ကျစ်! ရောက်တော့မယ်ဆိုပြီး ခုထိ ပေါ်မလာသေးဘူးကွာ ဒီကောင် "

Sunghoon တို့အလာကို စောင့်ရင်း ရှေ့က မြင်ကွင်းကိုလဲ အလွတ်မခံတဲ့ Niki တစ်ယောက်တော့ ဆိုင်ထဲမှာထိုင်နေရင်း စိတ်တွေ ဗြာများနေလေရဲ့။

တကယ်တမ်း Sunoo လေးမှာတော့ Niki ထင်သလို သာယာနေတာမဟုတ်။

Jay ပြောနေသမျှကို ခေါင်းညိမ့် ခေါင်းခါနဲ့ ပြန်ဖြေပေးနေရုံသာ။

သူ သိပ်မလှုပ်ဘဲ တိတ်ဆိတ်နေတာကြောင့် Jay က အားမလိုအားမရနဲ့ ခေါင်းကို လာဖွကာ

" ပြုံးပြုံးလေးပဲ နေပါ ဘေဘီရယ်... ဘေဘီက ပြုံးနေရင် သိပ်ချစ်စရာကောင်းတာကို ဘာလို့ အဲ့မျက်နှာကြီး လုပ်နေတာလဲ... "

" ဘာမှ မဖြစ်ပါဘူး Jay... သတိမေ့ပြီးမှ အခုမှ ပထမဆုံးအကြိမ် အပြင်ထွက်လာလို့နဲ့ တူပါတယ်... အသံတွေကြောင့် ကျွန်တော် ခေါင်းနည်းနည်း မကြည်လို့ပါ "

" ဒါဆို ကိုယ်တို့ အခန်းယူလိုက်မလား... ကိုယ်က ဘေဘီ့ကို ဘေးပတ်ဝန်းကျင်နဲ့ ထိတွေ့စေချင်လို့ ဒီအပြင်မှာ နေရာယူလိုက်တာ "

" အာ.. မဟုတ်တာ ရပါတယ် Jay ရဲ့.. အဲ့လောက်လဲ မဟုတ်ပါဘူး... ကျွန်တော် သန့်စင်ခန်း ခဏ သွားမယ်နော် "

" ကိုယ် လိုက်ခဲ့ဖို့ လိုမလား "

" ကျွန်တော်က ကလေးလား "

" ကလေးထက် ပို ဂရုစိုက်နေရတဲ့ လူမို့လို့လေ "

" တော်ပါ... ရတယ် ကျွန်တော့််ဘာသာ သွားမယ် "

မျက်စောင်းလေးခဲကာ စူပွပွနဲ့ ပြောပြီး ထွက်သွားတဲ့ ဘေဘီ့ကို မျက်စိတဆုံး လိုက်ကြည့်ရင်း Jay မျက်နှာထက်မှာ အပြုံးတို့ ဝေဆာလို့...

* ဘယ်လို ကိစ္စတွေပဲ ရှိခဲ့ရှိခဲ့ နောက်ဆုံးတော့လဲ မင်းကို ပိုင်ဆိုင်ရမယ့်လူဟာ ကိုယ်ပါပဲ ဘေဘီ...*

* မင်း ကိုယ့်လက်ထဲကနေ ဘယ်တုန်းကမှ ပြေးလို့မလွတ်ခဲ့ပါဘူး... *

သန့်စင်ခန်းကို သွားနေတဲ့ Sunoo လေးရဲ့ နောက်မှာတော့ ဟူဒီခေါင်းစွပ်ကို ငိုက်ကျနေအောင် ဆောင်းကာ ခပ်သုတ်သုတ်လေး လိုက်လာနေတဲ့ Niki...

ရောက်မလာသေးတဲ့ Sunghoon ကို စောင့်မနေနိုင်တော့တဲ့ Niki ဟာ Sunghoon အပေါ် ဘာလို့ ဒီလို လုပ်ရပ်မျိုး လုပ်ရက်ရတာလဲဆိုတဲ့ အဖြေကို ကိုယ်တိုင် မေးဖို့ Sunoo နောက်သို့ လိုက်လာခဲ့ပြီး သန့်စင်ခန်းကို သွားရာ လမ်းကြားလေးထဲ အရောက်မှာတော့ Sunoo ကို နောက်ကနေ ဆွဲချုပ်ကာ လူရှင်းတဲ့ နေရာသို့ ဆွဲခေါ်သွားပြီး နံရံနှင့် ကျောကို ကပ်ပစ်လိုက်တော့သည်။

ရုတ်တရက် ဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် Sunoo မှာလဲ ရုန်းကန်ချိန်မရလိုက်...

ဆွဲခေါ်တဲ့နောက် တရွတ်တိုက် ပါသွားရပြီး အားပြင်းပြင်းနဲ့ တွန်း၍ နံရံနှင့်ကပ်ခံလိုက်ရတာကြောင့် ပါးစပ်ကနေ ညည်းသံလေးများ ထွက်ကျသွားရသည်။

" အ့...အာ... ဘာ ဘာလုပ်တာလဲ... ကျွန်တော့်ကို ဘာလို့ ဒီလို လုပ်တာလဲ... ဖယ်ပေးပါ "

" ဟက်! ဖယ်ပေးဖို့ စိတ်ကူးရှိရင် မင်းနောက်ကို လိုက်လာမှာတောင် မဟုတ်ဘူး ကွ.. "

" ကျွန်တော့်ကို ဘာလို့ ဒီလိုလုပ်ရတာလဲ လို့..."

" မင်း မသိဘူးလား... မင်းလို ဗလောင်းဗလဲ လုပ်တတ်တဲ့ ကောင်မျိုးတွေကို ဒီ့ထပ်တောင် ပိုလုပ်သင့်တာကွ "

" ကျွန်တော် ကျွန်တော်က ဘာတွေ ဗလောင်းဗလဲ လုပ်ထားမိလို့လဲ... ကျွန်တော့်မှာ အပြစ်ရှိတယ်ဆိုလဲ အေးအေးဆေးဆေး ပြောလို့ ရပါတယ်.. လက် လက်လေးတော့ ဖယ်ပေးပါနော်..ကျေးဇူးပြုပြီး "

Sunoo သူ့ရင်ဘတ်အင်္ကျီစကို ဆွဲဆုပ်၍ ဖိတွန်းထားတဲ့ Niki ရဲ့ လက်တွေကို ဆွဲ ဖြုတ်ပြီး ဖယ်ခိုင်းနေလဲ မရ။

သူက ဆွဲဖြုတ်လေ Niki က ပိုပြီး ဖိတွန်းထားလေ...

" မင်း ဘာအခုမှ မသိချင်ယောင်ဆောင်နေတာလဲ Kim Sunoo... မင်း ငါ့သူငယ်ချင်းအပေါ် ဘာတွေ လုပ်ထားလဲ မင်းမသိဘူးလား "

" Kim Sunoo?? ကျွန်တော့် နာမည်ကို ခေါ်လိုက်တာလား... ဟုတ်လား??.... ဟို ဒီ ဒီက ကျွန်တော့်ကို သိနေတာလား ဟင်..."

" ဘာ!!! "

Sunoo ရဲ့စကားကြောင့် Niki တအံ့တသြနဲ့ အော်လိုက်မိသည်။

Sunoo ပုံစံကို ကြည့်ရတာလဲ မျက်လုံးတွေက တကယ်ကို အရိုးခံတွေ။

ဟန်ဆောင်နေပုံ မပေါ်တဲ့ Sunoo က သူ့ကို သိနေလို့ အံ့သြနေဟန် အပြည့်။

" မင်း ဘာစကားတွေ ပြောနေတာလဲ Kim Sunoo... ငါ့ကို လာပြီး အကြောင်ရိုက်နေတာလား... ငါ က မင်းကို မသိဘဲနေမှာတဲ့လား ကွ... ငါ့ သူငယ်ချင်းကို ဒီလောက် ဒုက္ခပေးသွားတဲ့ ကောင် "

" ဟင်... သူငယ်ချင်း ဟုတ်လား... သူ သူကရော... ဘယ်သူလဲ ဟင်... ကျွန်တော် တကယ်ကို မသိလို့ပါ...ကျွန်တော် ဘာတစ်ခုကိုမှ မမှတ်မိလို့  ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီလို ကြီး မဆက်ဆံပါနဲ့... ကျွန်တော် တောင်းပန်နေတာပါ... ကျွန်တော့်ကို လွှတ်ပေးပါနော်... "

လက်အုပ်လေးချီပြီး တောင်းပန်တိုးလျှိုးဟန်နဲ့ အသနားခံနေတဲ့ မျက်စိရှေ့က ကောင်ငယ်လေးကို ကြည့်ပြီး Niki ဝေခွဲရခက်နေပြီ။

ဒါ.. ဒါ.. ဘယ်လို အ​ခြေအနေကြီးလဲ...

သူ တွေ့ကြုံနေရတာ ဘာတွေလဲ...

ပိုပြီးတိကျသွားအောင် သူ မေးခွန်းတစ်ခုကို ​အလောတကြီး မေးလိုက်မိသည်။

" ဒါဆို Park Sunghoon ကိုရော မင်း မသိဘူးလား "

" Park Sunghoon??.... Park Sunghoon ??... Park Sunghoon???... သူ သူကရော... ဘယ်သူလဲဟင် "

" အဆော!!!! "

Sunoo ရဲ့ ဘယ်သူလဲ မေးတဲ့ စကားနောက်မှာ မချိတင်ကဲ အော်ခေါ်လိုက်သံက ကပ်၍ ပါလာခဲ့သည်။

" အဆော... အဆောရယ်.... "

အနားထိလဲ တိုးမလာနိုင်တဲ့ Sunghoon တစ်ယောက် ယူကျုံးမရတဲ့ မျက်ဝန်းတွေနဲ့ Niki လက်ထဲမှာ ကြောက်ရွံ့တုန်လှုပ်နေရှာတဲ့ ချစ်ရသူကို ကြည့်ပြီး ရင်ဘတ်ထဲက မွန်းကြပ်လာကာ အံကိုကြိတ်လို့ လက်သီးကိုသာ တင်းတင်းဆုပ်ထားမိတော့သည်။

" ဘယ်လိုဖြစ်ရတာလဲ မောင့်အချစ်ရယ်... မောင် ရင်တွေ နာအောင် ကွာ... "

မချိတင်ကဲ ရေရွတ်သံဟာ လည်ချောင်းထဲမှာပဲ ပျောက်ရှသွားကာ လေထုထဲကို တိုးမပေါက်လိုက်။

ရင်တွေ နာပြီးရင်း နာပါပဲ။

သူ ထင်နေတယ်လေ...

အဆောဆီမှာ တစ်ခုခု ဖြစ်နေလို့သာ သူ့ကို ဆက်သွယ်မလာတာလို့။

ခုတော့ဖြင့် ထင်နေတာနဲ့ တထပ်တည်း...

အဆောဟာ သူ့ကို မသိတော့ပါဘူး တဲ့...

မတ်မတ်မရပ်နိိုင်တော့တဲ့ သူ့​ခြေထောက်တွေက နေရာမှာပဲ ပြိုလဲသွားခဲ့ကာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်၍ ကျသွားရတော့သည်။

မောင့်ရင်ကို မချိအောင်ကွယ်...

မောင့်အချစ်ဆီက အဆက်အသွယ် ပြတ်တောက်နေရခြင်းရဲ့ အဖြစ်မှန်ဟာ ဒီလိုပါတဲ့လား...

ဘယ်လိုတောင် ရက်စက်တဲ့ ကံတရားကြီးလဲ။

မောင့်ရင်တွေ တကယ်ကို မချိတော့ပါဘူး ကွာ...

သူ့ကိုပဲလား??...ကျန်တဲ့ သူတွေကိုရော... ဘယ်လိုရှိမလဲ...

သူ သိချင်စိတ်ကြောင့် ကြမ်းပေါ်ကနေ အားတင်းထလိုက်ကာ ကြောက်လန့်နေတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ကို လှမ်းကြည့်နေတဲ့ အဆောရှိရာဆီ တစ်လှမ်းချင်း သွားလိုက်ကာ Niki လက်ထဲက အဆောကို ငြင်ငြင်သာသာ ဆွဲယူလိုက်ပြီး

" သေချာကြည့်ပါအုံး အဆောရယ်... ဒါ ဘယ်သူလဲလို့... ဟင် "

ပုခုံးလေးနှစ်ဖက်ကို ဖွဖွဆုပ်ကိုင်လို့ တိုးတိုးလေး မေးလိုက်တဲ့အခါ...

မှတ်မိပုံမပေါ်တဲ့ မျက်ဝန်းညိုလေးတွေနဲ့ သူ့ကို မော့ကြည့်လာပြီး မျက်တောင်ရှည်တွေ တဖျတ်ဖျတ်ခတ်ကာ စဉ်းစားနေသေးသည်။

မျက်တောင်တစ်ခါ အခတ်ဟာ မောင့်အတွက်တော့ တစ်ကမ္ဘာကြာတယ်လို့ ထင်ရပါတယ် အချစ်ရယ်...

မျက်ခုံးလေးတွေ ထိစပ်လုထိ စဉ်းစားနေတဲ့ အဆောက သူ့နှာရိုးဘေးက မှဲ့လေးကို လက်ညှိုးလေးနဲ့ ဖွဖွလာထိတယ်...

ပြီးနောက်

" ဒီမှဲ့လေးကိုတော့ အိပ်မက်ထဲမှာ တွေ့ဖူးပေမယ့် သူ ဘယ်သူလဲဆိုတာ ကျွန်တော် တကယ် မသိပါဘူး "

ဟားးးး

ဒါဟာ သူ အရှင်လတ်လတ် ကျရတဲ့ ငရဲများလား...

မောင့်ရင်တွေ တမြေ့မြေ့နဲ့ ကွဲကြေနေပါပြီ အချစ်ရေ...

မှဲ့လေးကို အိပ်မက်ထဲမှာ တွေ့ဖူးတယ်တဲ့လား...

ဒီစကားလေးက အဆော မောင့်အပေါ် ဘယ်လောက်ချစ်ပါတယ်ဆိုတဲ့ သက်သေ...

မောင်ကတော့ ဒီလိုပဲ ခံယူတယ်။

တစ်ယောက်မျက်နှာတစ်ယောက် မျက်တောင်မခတ် ငေးကြည့်နေမိတဲ့ သူတို့နှစ်ယောက် ဘေးမှာတော့ ခေါင်းငိုက်စိုက်နဲ့ စိတ်မကောင်းဖြစ်နေတဲ့ Niki...

" Sorry ပါ သားကြီး... ငါ မင်းအပေါ် အရမ်းလွန်သွားတယ်ကွာ..."

" ဘာအတွက်လဲ Niki "

" မင်း သူ့အပေါ် ယုံကြည်ထားတာတွေကို ပျက်ရယ်ပြုပြီး ငါ ပြောတာကမှ အမှန်လို့ မင်းကို သက်သေပြဖို့ လုပ်ခဲ့မိတဲ့ အတွက်ပါ "

" မလိုပါဘူး သားကြီးရာ... မင်းကြောင့်သာ ငါ အဆောကို ပြန်တွေ့ခွင့်ရခဲ့တာပါ "

" နှစ်ယောက်လုံးကို တောင်းပန်တယ်ကွာ... အခြေအနေတွေကို မသိဘဲ ငါ ဝေဖန်တာ စောလွန်းသွားတယ် "

" ငါ့ စိတ်ထဲ ဒါတွေမရှိပါဘူး... အဲ့တုန်းကလဲ ငါ့ စိတ်ဖိစီးမှုတွေကို မင်းအပေါ် ပုံချမိခဲ့ရုံသက်သက်ပါ... ငါလဲ Sorry သားကြီး "

တစ်ယောက်တစ်လှည့် တောင်းပန်နေတဲ့ သူတို့ကြားက Sunoo လေးကတော့ Sunghoon မျက်နှာကိုသာ အသေးစိပ်ငေးပြီးရင်း ငေးလို့ပေါ့။

သူ့ စိတ်ထဲ ဇဝေဇဝါတွေနဲ့လေ။

ခုထိ ပါးချိုင့်လေးကို မမြင်ရသေးပေမယ့် နှာရိုးပေါ်က မှဲ့နက်လေးကတော့ ဖြူနုတဲ့ အသားအရေပေါ်မှာ ထင်းလို့။

ပါးချိုင့်လေးနဲ့ လူရယ်၊ မှဲ့နက်လေးနဲ့ လူရယ်ဟာ တစ်ဦးတည်းပဲလား...

ပြီးတော့ သူ့ရဲ့ မောင်လား...

သူက အဆော လို့ ခေါ်နေတယ်လေ...

ထိိုအချိန်မှာပဲ သူတို့နားကို အပြေးအလွှား ရောက်လာတာက Jake...

" ဟေ့ရောင်တွေ အလွမ်းသယ်တာ နောက်မှ သယ်ကြ... CEO Park နေရာကနေ ထလာပြီ...အားလုံး ရှုပ်ကုန်လိမ့်မယ်... ဘာလုပ်ကြမှာလဲ မြန်မြန် လုပ် ဟ "

" ငါ...."

Jake စကားကို ချက်ချင်းအဖြေမပေးဘဲ စဉ်းစားနေတဲ့ Sunghoon ကို Niki က

" ဟေ့ရောင် သားကြီး မင်း တွေဝေနေလို့ ရတော့တဲ့အချိန် မဟုတ်ဘူးနော်... ခုနကပဲ သူတို့ Wedding dress တွေ သွားကြည့်လာခဲ့တာ... မင်္ဂလာဆောင်တော့မယ်လို့ ငါ ကြားထားတယ် "

Niki စကားကြောင့် Sunghoon မှာ အဆောကို တအံ့တသြ ကြည့်လိုက်တော့ သူ့ကိုငေးနေတဲ့ မျက်ဝန်းညိုလေးတွေနဲ့ စုံတယ်...

အဲ့ဒီ့ မျက်ဝန်းလေးတွေကတော့ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်နေဟန်ဖြင့် သူ့ကိုသာ ငေးကြည့်နေလေရဲ့....

" အဆော..."

" ..... "

" အခုချိန်မှာ အဆောက မောင့်ကို မမှတ်မိသေးပေမယ့် အဆော မှတ်မိလာတဲ့ တစ်နေ့ မောင်ဟာ အဆောအတွက် ဘယ်လိုလူလဲဆိုတာ သိလာရမှာပါ... အဲ့တော့ အချိန်တွေမရတဲ့အတွက် မောင် အများကြီး မရှင်းပြတော့ဘူး... မောင် အဆောကို တောင်းဆိုချင်တာက အဆော မောင်နဲ့ လိုက်ခဲ့ပါ... မောင့်နောက်ကို လိုက်ခဲ့ပါ အဆော "

အဆောရဲ့ မျက်လုံးထဲကို တည့်တည့်ကြည့်ကာ Sunghoon လေးလေးနက်နက် စကားဆိုတော့ နားမလည်သလို အကြည့်လေးတွေနဲ့ အဆောက

" ဟို... ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ ဟင်...ကျွန်တော် ဒီလို လိုက်သွားရင် Jay က စိတ်ဆိုးမှာပေါ့...ကျွန်တော် Jay ကို ကြောက်တယ်...Jay စိတ်ဆိုးရင် အရမ်းကြောက်စရာကောင်းတာ... အဲ့ဒါ သူ သိရဲ့လား ..."

" မောင်က အဲ့ဒီ ကြောက်စရာကောင်းတဲ့ Jay နဲ့ ဝေးရာကို ခေါ်သွားပေးမယ်လေ... မောင့်နောက်ကို လိုက်မယ်မလား ဟင် "

" ဟင့်အင်... ကျွန်တော် ကြောက်တယ်... သူ ဘယ်သူလဲ မသိဘဲ ကျွန်တော် မလိုက်ရဲပါဘူး...ဖယ် လွှတ်ပါ.. ကျွန်တော် Jay ဆီ ပြန်တော့မယ် "

Sunghoon လက်တွေကို တွန်းဖယ်ကာ ရုန်းကန်လာတဲ့ ကောင်ငယ်လေးက အခုမှ ကြောက်ရွံ့ဖို့ သတိရဟန်ရှိပါသည်။

" ဖယ်ပေးပါ... ကျွန်တော့်ကို သွားခွင့်ပြုပါ.. ကျွန်တော် ကျွန်တော် ကြောက်တယ် လို့ "

" မောင်လေ အဆောရယ်... အဆော ဘာတွေကိုမှ မမှတ်မိရင်တောင် မောင့်ကိုတော့ သတိရပေးပါကွာ...မောင့်ကို မကြောက်ပါနဲ့ "

" ဟင့်အင် "

သေချာချော့ပြောနေပေမယ့် ရုန်းကန်ဆဲ အဆောက သူ့လက်တွေကိုလဲ တွန်းဖယ်နေတာ မရပ်။

" အချိန်မရှိဘူးနော် သားကြီး... ဟိုက နီးလာပြီ...မင်းမှ ခေါ်ခဲ့ဖို့ ဆုံးဖြတ်ရင် ချော့ပြောမနေတော့နဲ့... သွားကြမယ် ခေါ်ခဲ့တော့...မိသွားရင် ကွိုင်နေမယ်နော် ဟေ့ရောင် "

Jake က တိုးတိုးသတိပေးတော့ Niki ကပါ ထောက်ခံသည်။

" ဟုတ်တယ် သားကြီး... လုပ်လိုက်တော့ မင်း တွေဝေမနေနဲ့...မင်း နောက်မှာ ငါတို့ ရှိတယ် "

သူငယ်ချင်းနှစ်ယောက်ရဲ့ အားပေးစကားတွေနဲ့ Sunghoon ဆုံးဖြတ်ချက် ပိုင်ပိုင်ချကာ အဆောလက်ဖဝါးလေးတစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

" မောင့်ကို ယုံပါ... မောင် လူဆိုးမဟုတ်ဘူး... မောင်က အဆောရဲ့ချစ်သူပါ... မောင့်နောက်ကို ယုံယုံကြည်ကြည် လိုက်ခဲ့ပါ နော်...အဆော "

" ဟင့်အင်... ကျွန်တော်မှ သူ့ကို မမှတ်မိဘဲ... မလိုက်ဘူးနော် "

" yarr... သားကြီး အချိန်ဆွဲမနေနဲ့ လစ်မယ် မြန်မြန်လုပ် ဟ "

အဆောက မလိုက်ဖို့ ငြင်း Niki နဲ့ Jake က သွားကြဖို့ လောဆော် နဲ့ ကြံရာမရတဲ့နောက်ဆုံး Sunghoon အဆောလက်လေးကို သူ့လက်ဖဝါးတွေထဲ မြဲနေအောင်ဆုပ်ကိုင်လိုက်ကာ နောက်ဖေးပေါက်ရှိရာဆီ သုတ်ခြေတင်လိုက်တော့သည်။

" မောင့်ကို နားလည်ပေးပါ အဆော...မောင် အဆောကို လက်လွှတ်ဆုံးရှုံးမခံနိုင်လို့ပါ ''

သူတို့တစ်ဖွဲ့ကြီး နောက်ဖေးပေါက်မှအထွက် Sunoo ကြာနေလို့ လိုက်လာတဲ့ Jay မှာ Toilet ထဲမှာ မတွေ့တဲ့ Sunoo ကို တစ်ဆိုင်လုံး နှံ့အောင် လှည့်ပတ်ရှာရင်း ဖုန်းဆက်ကာ သူ့တပည့်တွေကိုလဲ ဆိုင်ပတ်ဝန်းကျင်ကို ရှာဖို့ ဖုန်းဆက်ရင်း အချိန်တခဏအတွင်း ဆိုင်ထဲမှာ Jay လူတွေနဲ့ ရှုပ်ယှက်ခတ်သွားတော့သည်။

" ဆိုင်ပတ်ပတ်လည်နေရာစုံ ရှာပြီးပါပြီ CEO.. ဒါပေမယ့် အကိုလေးရဲ့ အရိပ်အယောင်ကို မတွေ့ပါဘူး "

" တောက်!!! ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... ခုနကကို ငါနဲ့အတူရှိနေတဲ့ လူတစ်ယောက်က ရုတ်တရက်ကြီး ပျောက်သွားစရာလား... သေချာရှာကြစမ်း... နောက်တစ်ခါ မတွေ့ဘူး လာပြောကြည့် မင်းတို့အကုန်လုံး အသေပဲ "

Jay သူ့ရှေ့က တပည့်တွေကို အော်ငေါက်ကာ စားပွဲခုံကို လက်သီးနဲ့ထုလိုက်ပြီးနောက် ဆိုင်တာဝန်ခံ ကိုပါ အော်ခေါ်လိုက်သည်။

" ဆိုင် တာဝန်ခံ ဘယ်မှာလဲ... အခုချက်ချင်း ငါ CCTV တွေ စစ်မယ်... ပြင်ဆင်ထားလိုက် "

" ဟုတ် ဟုတ်ကဲ့ပါဗျ... လူကြီးမင်း စိတ်တိုင်းကျ ဖြစ်စေရပါမယ် "

ဆိုင်ထဲမှာ ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကြောင့် စားသုံးသူတချို့လဲ ထပြန်သွားကာ ဆိုင်တာဝန်ခံကလဲ CEO Park အကြောင်းကို သိနေ သူမို့ မျက်နှာငယ်လေးနဲ့ စကားပြောတာတောင် တုန်တုန်ယင်ယင်။

Security အခန်းထဲမှာတော့ CCTV ကို ကိုယ်တိုင်စစ်ဆေးနေပြီဖြစ်တဲ့ CEO Park...

ဆိုင်တာဝန်ခံ ပြပေးတာကိုတောင် မစောင့်နိုင်တော့ဘဲ ကိုယ်တိုင် စစ်ဆေးကြည့်နေကာ ပါးစပ်ကလဲ တောက် တခေါက်ခေါက်။

ဆိုင်နောက်ဖေးမှာ တပ်ဆင်ထားတဲ့ CCTV ကို စစ်ဆေးကြည့်ချိန်မှာတော့ Sunoo လက်ကို ဆွဲ၍ အပြင်ပြေးထွက်သွားတဲ့ Sunghoon ရယ်.. အခြေအနေကို အကဲခတ်ရင်း နောက် လှည့်ကြည့်လှည့်ကြည့်နဲ့ Sunghoon တို့နောက်ကပါသွားတဲ့ Niki နဲ့ Jake ရယ်...

ထိုမြင်ကွင်းကို မြင်လျှင်မြင်ချင်း Jay ဒေါသတို့ ပေါက်ကွဲကာ လက်ထဲမှာ ကိုင်ထားတဲ့ mouse လေးဟာလဲ နံရံဆီသို့ အပစ်ခံလိုက်ရလေတော့သည်။

" တောက်!!! ခွေးသူတောင်းစား Park Sunghoon!!! မင်း အဆင့်က ဒီလောက်ပဲလားကွ ဟမ်... ဘယ်လိုတောင် ခိုးကြောင်ခိုးဝှက် လုပ်ရပ်တွေ လုပ်ရတာလဲ...ရှာစမ်း အဲ့ကောင်တွေကို... တွေ့တာနဲ့ သုံးယောက်လုံး အသေသတ်... ငါ့ရှေ့ရောက်လာတာ အလောင်းပဲ ဖြစ်ပစေ "

" ဟုတ်ကဲ့ CEO "

ဒေါသတကြီး အမိန့်ပေးသံအဆုံး ဦးညွှတ်အရိုအသေပေးကာ ရှာပုံတော်ဖွင့်ဖို့ ပြေးထွက်သွားသော Jay ၏ တပည့်များ...

ထွက်ပြေးသွားတဲ့ Park Sunghoon တို့ အဖွဲ့ကရော...

အန္တရာယ်မှ ကင်းပါ့မလား...

************************************

Love you all my Vitamins 💙

San Htarni 💙

2.7.2023

ZAWGYI

~ 34 ~

တကယ္တမ္း ကြၽန္ေတာ္ သိခ်င္ေနတာေတြရဲ႕ အေျဖကို ေမေမ့ဆီက မရခဲ့ပါဘူး...

ပစၥည္းေတြ ထည့္ထားတဲ့ ပုံးေလးကို ေမေမ့ေရွ႕ယူျပၿပီး ေမးလိုက္တဲ့ အခ်ိန္မွာပဲ ေမေမ့မ်က္ႏွာေပၚက ျဖစ္ပ်က္သြားတဲ့ အမူအရာေတြဟာ ပုံစံေတြ မ်ိဳးစုံသြားသလိုပါပဲ...

ၿပီးေတာ့ ေမေမ သူ႕ကို ၾကည့္လာတဲ့ အၾကည့္ေတြ...

အဲ့ဒီ အၾကည့္ေတြထဲမွာ ေတာင္းပန္ေနဟန္ေတြ အားနာေနဟန္ေတြ အျပည့္နဲ႕ေပါ့...

ၿပီးေတာ့ သနားသလိုအၾကည့္ေတြ။

ေနာက္ဆုံး ဘာကိုမွ အေျဖမေပးဘဲ သူ႕ကို ဖက္ၿပီး ငိုခ်လိဳက္တဲ့အခါ သူ႕စိတ္ထဲက သံသယေတြ ပိုၿပီးႀကီးထြားလာတယ္...

** အခုခ်ိန္မွာ ေမေမ့ကို ဘာမွ မေမးပါနဲ႕ သားရယ္တဲ့...

သား သတိရလာတဲ့ တစ္ေန႕ အရာအားလုံးသိလာရမွာေပါ့ တဲ့ **

သူ ရွာရမယ့္ ပုစ္ဆာရဲ႕အေျဖဟာ ဘယ္လိုထြက္လာမယ္မသိေပမယ့္ စိတ္ဝင္စားဖို႔ေကာင္း​ေနမွာေတာ့ေသခ်ာေနပါၿပီ။

အဲ့ဒီ့အခ်ိန္ကတည္းက လက္စြပ္ေလးကို တစိမ့္စိမ့္ၾကည့္ရင္း ဦးႏွောက္ကို အလုပ္ေပးကာ စဥ္းစားၿပီးရင္း စဥ္းစား အေျဖရွာေနေပမယ့္ ေခါင္းေတြကိုက္လာတာသာ အဖက္တင္ၿပီး ဘာမွ ထူးျခားမလာခဲ့ေတာ့။

ဒါေၾကာင့္ အေျဖအတြက္ အကူအညီျဖစ္မယ္ထင္တဲ့ လက္စြပ္ေလးကို သူ ဆြဲႀကိဳးေလးနဲ႕တြဲၿပီး လည္ပင္းမွာ ဆြဲထားလိုက္တယ္...

ၿပီးေတာ့ အိပ္မက္ထဲမွာ ေတြ႕ေနရတဲ့ ပါးခ်ိဳင့္ေလးကိုလဲ ေမ့မသြားေအာင္ မ်က္လုံးထဲမွာ အထပ္ထပ္ ပုံေဖာ္ရင္းေပါ့...

အဲ့ဒီေနာက္မွာေတာ့ ေျဖာင့္စင္းေနတဲ့ ႏွာရိုးေလးေဘးက မွဲ႕နက္ကေလး...

ဒါေတြဟာ ေမာင့္ရဲ႕ သေကၤတေတြလို႔ မွတ္ယူလိုက္တဲ့အခါ သူ႕အာ႐ုံထဲမွာ ျပတ္ျပတ္ထင္ထင္ပါပဲ...

ထပ္ၿပီး စဥ္းစားၾကည့္လို႔ မရေတာ့ေပမယ့္ ဒါေတြနဲ႕တင္ အ​ေျဖရွာဖို႔ လုံေလာက္မယ္ ထင္ပါတယ္ေလ...

.
.
.

ဒီေန႕ ဝတ္စုံသြားၾကည့္ရမယ့္ေန႕...

Jay ကိုယ္တိုင္ လာေခၚမယ္ ဖုန္းဆက္ထားေတာ့ ​လာရင္ အဆင္သင့္ ျဖစ္ေနေစဖို႔ သူ ခ်က္ခ်င္းပဲ ေရခ်ိဳးခန္း ဝင္လိုက္သည္။

အေပၚပိုင္းဗလာနဲ႕မို႔ ေရခ်ိဳးခန္းနံရံက မွန္ထဲမွာ သူ႕လည္ပင္းက ဆြဲႀကိဳးေလးနဲ႕ ဆြဲထားမိတဲ့ လက္စြပ္ေလးဟာ တလက္လက္နဲ႕ သူ႕ကိုယ္ေပၚမွာ ေတာက္ပေနေလရဲ႕...

သူ မွန္ထဲကေနတဆင့္ ဆြဲႀကိဳးေလးကို စူးစိုက္ ၾကည့္လိုက္ၿပီး လက္စြပ္ေလးကို ဆုပ္ကိုင္လိုက္ကာ တိုးတိုးေလး ေရ႐ြတ္လိုက္မိတယ္...

" ကြၽန္ေတာ့္ရဲ႕ ေမာင္ကို ကူရွာေပးပါ လက္စြပ္ေလးေရ... ကြၽန္ေတာ့္အတြက္ အခ်ိန္ေတြ အမ်ားႀကီးမက်န္ေတာ့ဘူးမို႔ပါ....သူက ဘယ္လိုလူလဲ ဆိုတာ ကြၽန္ေတာ္ အရမ္းသိခ်င္ေနပါၿပီ ... ၿပီးေတာ့ ကြၽန္ေတာ့္အတြက္ ဘယ္ေလာက္ထိ အေရးပါလဲ ဆိုတာေရာေပါ့ ... ေက်းဇူးျပဳၿပီး ကူညီပါေနာ္... "

တီးတိုးေရ႐ြတ္မႈအၿပီးမွာ သူ ေရကို ခပ္ျမန္ျမန္ပဲ ခ်ိဳးလိုက္ကာ အျပင္သြားဖို႔ သင့္ေတာ္မယ့္ အဝတ္အစားတစ္စုံကို ေ႐ြးခ်ယ္ဝတ္ဆင္လိုက္သည္။

အားလုံးျပင္ဆင္လို႔ၿပီးေတာ့ Jay လာဖို႔အခ်ိန္ နီးကပ္ေနၿပီ။

ဒါနဲ႕ပဲ သူ ဧည့္ခန္းကေန ေစာင့္ဖို႔ ေအာက္ထပ္ကို ဆင္းလာခဲ့ေတာ့ ဆိုဖာေပၚမွာ မုန့္စားရင္း TV ၾကည့္ေနတဲ့ ညီမေလးက

" ကိုကိုႀကီး ဘယ္သြားမွာလဲ ဟင္ "

" ကိုကိုႀကီး အျပင္ခဏသြားမလို႔ ညီမေလး "

အိမ္မွာေနတဲ့ ပုံစံနဲ႕ မတူဘဲ ေတာက္ေတာက္ေျပာင္ေျပာင္ေတြ ဝတ္စားထားလို႔ ေမးတယ္ ထင္ပါရဲ႕။

တျဖည္းျဖည္းနဲ႕ အေနၾကာလာေတာ့ သိပ္မမွတ္မိေပမယ့္လည္း ကိုယ့္ေသြးသား ကိုယ့္ညီမေလးဆိုတဲ့အသိနဲ႕ အရင္ရက္ေတြတုန္းကလို မစိမ္းသပ္​ေနေတာ့။

ညီမေလးရဲ႕ အေမးစကားကို အ​​ေျဖေပးရင္း ညီမေလးနားမွာ ဝင္ထိုင္လိုက္ကာ TV ဆီ အၾကည့္တို႔ ပို႔မိေတာ့ ျပသေနတာက ေရခဲျပင္ Skate စီးေနတဲ့ အစီအစဥ္တစ္ခု။

သူ ၾကည့္ေနမွန္းသိေတာ့ ညီမေလးက ထပ္ေမးလာျပန္တယ္။

" ကိုကိုႀကီး... ကိုကိုႀကီးက အဲ့လိုမ်ိဳးဟာေတြ စီးတတ္လား ဟင္ "

" အဲ့လိုမ်ိဳး... "

တစ္ခုခုကို ေျပာခ်င္ေနတဲ့ စိတ္ေၾကာင့္ အားတက္သေရာ္ ေျပာလိုက္မိေပမယ့္ ႐ုတ္တရက္ Sunoo ညီမေလးကို ျပန္ေျဖစရာ အေျဖကရွိမေနခဲ့...

သူ ဒီလို ေရခဲျပင္ေပၚမွာ Skate စီးခဲ့ဖူးတာလိုလို...

Skate စီးတဲ့ တစ္စုံတစ္ေယာက္ကိုပဲ သိေနတာလိုလို...

ေထြျပားသြားတဲ့ အာ႐ုံေတြနဲ႕ ေခါင္းကို လက္ႏွစ္ဖက္နဲ႕ အုပ္ကိုင္ကာ မ်က္လုံးအစုံကို မွိတ္လိုက္မိေတာ့ ဖ်တ္ခနဲ မ်က္လုံးထဲ ေပၚလာတာက ပါးခ်ိဳင့္ေလးတစ္ဖက္နဲ႕ ေရခဲျပင္ေပၚ Skate စီးရင္း သူ႕ကို ၿပဳံးျပေနတဲ့ လူတစ္ေယာက္ရဲ႕ပုံ...

ၿပီးေတာ့ သူ႕ကိုပါ အတူစီးရန္ ကြင္းထဲကေန လက္ယပ္ၿပီး ေခၚေနဟန္ေတြ...

ဒါေပမယ့္လဲ မထင္မရွား ခပ္ဝါးဝါး ပုံရိပ္ေတြသာ။

အားးး ေခါင္းကိုက္လိုက္တာ

ပိုၿပီး ထင္ရွားလာေစရန္...ပိုၿပီး ၾကည္လင္လာေစရန္ အာ႐ုံေတြ စိုက္ေလ ေခါင္းေတြက မခံမရပ္နိုင္ေအာင္ ကိုက္လာေလ...

* က်စ္! ငါ ဘယ္အခ်ိန္က်မွ ဒါေတြကို ေရေရရာရာ မွတ္မိလာမွာလဲ...*

ကိုယ့္ကိုကိုယ္ အားမလို အားမရစိတ္ေတြနဲ႕ ေရ႐ြတ္ညည္းတြားရင္း နားထင္ႏွစ္ဖက္ကို လက္နဲ႕ဖိကာ ေခါင္းကိုက္သက္သာေစရန္အလို႔ငွာ ဆိုဖာေနာက္မွီကို မွီခ်လိဳက္ရသည္။

ဒါကိုျမင္သြားတဲ့ ညီမေလးက သူတစ္ခုခုျဖစ္တယ္ထင္ၿပီး ဆိုဖာေပၚက ဆင္းသြားကာ ေမေမရွိရာဆီ အေျပးေလးသြားၿပီး

"ေမေမ!! ေမေမ!! ဒီမွာ ကိုကိုႀကီး ေနမေကာင္းလို႔... ေမေမ လာခဲ့ပါ... ေမေမ!!!! "

ညီမေလးရဲ႕ ေအာ္သံစူးစူးေလးဟာ အိမ္ထဲမွာ က်ယ္က်ယ္ေလာင္ေလာင္ ေပၚထြက္လာၿပီး သူလဲ တားခ်ိန္မရလိုက္။

ညီမေလး ေအာ္သံအဆုံး ေနာက္ေဖးကေန ေျပးထြက္လာတဲ့ ေမေမက စိုးရိမ္တႀကီးေပါ့။

" သား.. သားေလး ဘာျဖစ္လို႔လဲ.. ဘယ္လိုေနလို႔လဲ ဟင္...ေမေမ လန့္လိုက္တာ သားရယ္ "

အေျပးတပိုင္းထြက္လာတဲ့ ေမေမက ခ်က္ခ်င္းသူ႕အနားကို ေရာက္လာကာ နဖူးကို စမ္းလို႔စမ္း လက္ေလးကို ဆြဲကိုင္လို႔ကိုင္နဲ႕ ျပာယာခတ္သြားၿပီး

" သား...ေမေမ့ကို ေျပာပါအုံး ဘယ္လိုေနလို႔လဲ လို႔ "

ထိုအခါမွ သူ မွီထားရာကေန TV ရွိရာဆီ လက္ညွိုးထိုးျပလိုက္ၿပီး

" သားနဲ႕ အဲ့ဒီလို ေရခဲျပင္ Skate စီးတာေတြနဲ႕ ရင္းနီးသလား ေမေမ... အဲ့ဒါၾကည့္ၿပီး စဥ္းစားရာကေန သား ေခါင္းေတြ ကိုက္လာတယ္ "

" ဟင္... ဒါ ဒါ ဘယ္သူဖြင့္ထားတာလဲ TV ကို ခုခ်က္ခ်င္း ပိတ္လိုက္ "

" ေမေမ့ သမီး ၾကည့္ခ်င္လို႔ေလ "

" ခု ပိတ္ရမယ္ သမီးငယ္!! "

"ေမေမ့... ဟင့္... အီးးးး ဟီးးး "

ေလသံမာမာနဲ႕ ေအာ္လိုက္ကာ စားပြဲေပၚက remote ကို လွမ္းယူၿပီး ပိတ္လိုက္တဲ့ ေမေမနဲ႕ ကေလး သဘာဝ လုပ္ခ်င္တာ မလုပ္ရလို႔ ခ်က္ခ်င္း မ်က္ရည္ေတြက်ကာ ေအာ္ငိုၿပီး အခန္းထဲ ေျပးဝင္သြားတဲ့ ညီမငယ္ေလး...

ဒီအျဖစ္အပ်က္ကို ေသခ်ာၾကည့္မယ္ဆိုရင္ မူမမွန္တဲ့ ေမေမ့ရဲ႕ အျပဳအမူေတြဟာ အတိုင္းသား ျမင္ေနရတယ္...

အၿမဲတမ္း ညီမေလး အလိုက် အလိုလိုက္တဲ့ ေမေမက ခ်က္ခ်င္း TV ပိတ္ဖို႔ ေျပာလိုက္တာရယ္...

ျဖစ္ေစခ်င္တာကို ေလသံေအးေအးေလးနဲ႕သာ ေဖ်ာင္းဖ် ေျပာဆိုတတ္တဲ့ ေမေမက ေလသံမာမာနဲ႕ ေအာ္ေငါက္လိုက္တာရယ္...

အဲ့ဒီ့အခ်ိန္မွာ သူ႕စိတ္ထဲ ေသေသခ်ာခ်ာ သိရွိလိုက္တာကေတာ့ ဒါဟာ ေမာင္ဆိုတဲ့ လူသားေလးနဲ႕ သက္ဆိုင္ေနတဲ့ အရာေတြထဲက တစ္ခုပဲလို႔...

* ဘာလို႔မ်ား ေမေမက ေမာင္နဲ႕ ပတ္သက္တာေတြကို ဖုံးကြယ္ထားၿပီး အစေဖ်ာက္ခ်င္ေနရတာလဲ ... *

ေမေမယူလာေပးတဲ့ ေဆးကို ေသာက္ကာ စိတ္ေလးကို ၿငိမ္ေအာင္ထားၿပီး ခဏအနားယူလိုက္ေတာ့ ေခါင္းက ေနသာထိုင္သာ ရွိလာၿပီ။

အဲ့ဒီ့အခ်ိန္မွာပဲ အိမ္ေရွ႕မွာ ကားရပ္သံၾကားလိုက္ရၿပီး ခဏမွာပဲ အိမ္ထဲကို ဝင္လာတဲ့ Jay..

" ready ပဲလား ေဘဘီ... ကိုယ္တို႔ သြားၾကရေအာင္ေလ "

အၿမဲတမ္း အားမာန္အျပည့္နဲ႕ Jay ကေတာ့ ေတြ႕လိုက္တိုင္းမွာ လန္းဆန္းတက္ႂကြလို႔...

Suit အျပည့္နဲ႕ သပ္ရပ္ခန့္ညားေနဟန္က ျမင္သူတကာတိုင္း ေငးသြားေစေလာက္ပါရဲ႕...

ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ကိုရီးယားနိုင္ငံရဲ႕ Top Ten ဝင္ Business man တစ္ေယာက္လဲ ျဖစ္ေနေလေတာ့ လိုခ်င္သူေတြက ဝိုင္းဝိုင္းလည္ေနမွာမလြဲပါဘူး။

ဒီလို လူတစ္ေယာက္က သူလို ဘာမွ မဟုတ္တဲ့ ေကာင္ငယ္ေလးကို ဘာေၾကာင့္မ်ား လက္ထပ္ခ်င္ရတာတဲ့လဲ...

သူ Jay ရဲ႕ မ်က္ႏွာေခ်ာေခ်ာကို ေငးရင္း ေတြးေနမိေတာ့ Jay က သူ႕ဆံပင္ေလးေတြကို လာဖြၿပီး

" ကိုယ့္ကို ဘာေတြ ဒီေလာက္ထိ ေငးေနတာလဲ ေဘဘီ... ကိုယ္ အရမ္း ၾကည့္ေကာင္းေနလို႔လား "

ရယ္သြမ္းေသြးကာ Jay ေမးလိုက္ေတာ့မွ သူ အၾကည့္ေတြကို ျမန္ျမန္ လႊဲလိုက္ၿပီး

" မဟုတ္ မဟုတ္ပါဘူး... "

" အဟြန္းး... ကဲ ready ပဲဆို သြားၾကရေအာင္ "

ကားဆီေရာက္ေတာ့လဲ တံခါးဖြင့္တာ ပိတ္တာကစလို႔ ခါးပတ္ ပတ္တာေတြထိ သူ ဘာမွ လုပ္စရာမလိုလိုက္...

အားလုံးဟာ Jay ရဲ႕ ဦးေဆာင္ လုပ္ကိုင္ေပးမႈေတြနဲ႕သာ...

လမ္းတေလွ်ာက္မွာလဲ တက္တက္ႂကြႂကြနဲ႕ စကားေတြ ေျပာေနၿပီး ကားေမာင္းေနရင္းမွ တစ္ခ်က္တစ္ခ်က္ သူ႕ကို လွည့္ၾကည့္ၿပီး ၿပဳံးေနေသးသည္။

" သတို႔သားဝတ္စုံေလးနဲ႕ ေဘဘီ့ကို ကိုယ္ မ်က္လုံးထဲ ပုံေဖာ္ၾကည့္ေနတာ... အရမ္း ခ်စ္စရာေကာင္းေန​ေတာ့မွာပဲ... ကိုယ္ေတာ့ အဲ့ဝတ္စုံေလးနဲ႕ ျမင္ရဖို႔ကို ခုကတည္းက ရင္ေတြ အရမ္း ခုန္ေနၿပီကြာ ... ေဘဘီ ေရာ...ရင္မခုန္ဘူးလား "

ကြၽန္ေတာ္ ဘယ္လို ေျဖရမလဲ...

ရင္မခုန္ဘူးလားတဲ့...

တကယ္တမ္းက ကြၽန္ေတာ္ ေၾကာက္႐ြံ႕ ေနတာပါ...

အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ္ ဒီ မဂၤလာပြဲကို လက္မခံခ်င္ဘူး။

ဘာကိုမွ တိတိပပ သိရွိေသးတာ မဟုတ္ဘဲေလ...

ဒါေပမယ့္လည္း ကြၽန္ေတာ္ ဘယ္လိုမွ ျငင္းဆန္တားျမစ္လို႔မရ...

Jay တစ္ေယာက္ဟာ သူ႕သေဘာေတြအတိုင္းသာ အရာအားလုံးကို လုပ္ေဆာင္ေနတာ မဟုတ္ဘူးလား...

ဟင္းးး

သက္ျပင္းေလးခ်ၿပီးသာ ကြၽန္ေတာ္ ကားေမာင္းေနတဲ့ Jay ကို ေငးၾကည့္ေနမိေတာ့သည္။

ကြၽန္ေတာ္ မ်က္ႏွာမေကာင္းျဖစ္ေနတာကို သတိထားမိပုံမေပၚတဲ့ Jay ကေတာ့ တစ္လမ္းလုံး ျမဴးႂကြလို႔ စကားေတြ ေဖာင္ဖြဲ႕ရင္းနဲ႕။

ခ်ိန္းထားတဲ့ Designer ရဲ႕ ဆိုင္ကို ေရာက္ေတာ့ ဆိုင္က Wedding dress ေတြကိုပဲ သီးသန့္ ေရာင္းခ်တဲ့ဆိုင္ ျဖစ္လို႔ေနသည္။

က်ယ္ျပန့္လွတဲ့ Show room ႀကီးနဲ႕ အ႐ုပ္အသီးသီးမွာ ဝတ္စုံေတြ ဝတ္ျပထားတာက မသိရင္ အခုပဲ မဂၤလာေဆာင္ေတာ့မယ္ စုံတြဲေတြလို။

နာမည္ႀကီး Designer ရဲ႕ လက္ရာပီပီ ခ်ိတ္ဆြဲျပသထားတဲ့ ဝတ္စုံေတြဟာလဲ မ်က္စိမလႊဲခ်င္စရာ ႂကြ႐ြလို႔။

ဆိုင္ရဲ႕အတြင္းထဲကို ေရာက္တဲ့အထိ Jay ဆြဲေခၚတဲ့ေနာက္ မ်က္လုံးအစုံက က်ီးကန္းေတာင္းေမွာက္ ေငးရင္း လိုက္လာမိေတာ့ Jay က ခပ္ဟဟ ရယ္ၿပီး

" ဘာလဲ ေဘဘီက အဲ့ေလာက္ေငးေနရတာ ဒီဝတ္စုံေတြ ဝတ္ခ်င္လို႔လား " တဲ့

Jay စကားမွာ ကြၽန္ေတာ့္မ်က္မွာဟာ ရဲခနဲပါပဲ။

ေရႏြေးပူနဲ႕ ပက္ဖ်န္းလိုက္သလို ပူရွိန္းရွိန္းျဖစ္သြားရတယ္။

Jay လက္ညွိုးထိုးျပတဲ့ ဝတ္စုံေတြကိုလဲ ၾကည့္အုံးေလ ဇာအထပ္ထပ္နဲ႕ လွလွပပ ခ်ဳပ္လုပ္ထားတဲ့ သတို႔သမီး ဝတ္စုံဝဲဝဲႀကီးေတြ။

ဒါနဲ႕ပဲ ကြၽန္ေတာ္ ရွက္စိတ္နဲ႕ Jayရဲ႕ လက္ေမာင္းကို အားကုန္ထုခ်လိဳက္မိေတာ့ Jay က တဟားဟားနဲ႕ ေအာ္ရယ္ေနေလရဲ႕။

သူတို႔ေတြ ဝင္လာတာကို သိတာနဲ႕ အေျပးေလးထြက္လာႀကိဳတဲ့ Designer အမ်ိဳးသမီးႀကီးက Jay ကို မ်က္ႏွာခ်ိဳေတြေသြးကာ အူယားဖားယား။

႐ုံးခန္းထဲကို ေရာက္တဲ့ အထိ CEO ခ်င္း မိုးမႊန္ေအာင္ေျပာေနၿပီး သူ႕ဆီ Design အပ္လို႔ ဘယ္ေလာက္ ဝမ္းသာ ဂုဏ္ယူေၾကာင္းေတြက ပါလိုက္ေသးတာ။

ဒီလို ဒီလိုဆိုင္ေလးထဲကို ဝင္သြားတဲ့ သူတို႔ရဲ႕ ေနာက္မွာေတာ့ သူတို႔ကို ၾကည့္၍ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ကာ အံႀကိတ္ၿပီး ေတာက္တေခါက္ေခါက္နဲ႕ လုပ္ေနတဲ့ လူတစ္ေယာက္ ရွိေနတာကို သူတို႔ သတိမထားမိလိုက္ပါဘူး။

အဲ့ဒီလူကပဲ သူ႕အိတ္ကပ္ထဲက ဖုန္းကိုထုတ္ကာ တစ္ေနရာကို ဖုန္းေခၚေနေလသည္။

အဲ့ဒီလူကေတာ့ Park Sunghoon ရဲ႕ ခ်စ္သူငယ္ခ်င္းႀကီး Nishimura Riki ေပါ့။

နဂိုထဲကမွ Sunoo အေပၚ အျမင္ေစာင္းေနေလတဲ့ Niki

ခုလို ၿပဳံးၿပဳံး ႐ႊင္႐ႊင္နဲ႕ Wedding dress ေတြ ေရာင္းတဲ့ ဆိုင္ထဲကို လက္ခ်င္းခ်ိတ္လို႔ ဝင္သြားတာ ျမင္ေတာ့ ဘယ္ ေနနိုင္ေတာ့လိမ့္မလဲ...

ခ်က္ခ်င္းကိုပဲ စကားမေျပာျဖစ္တာၾကာၿပီျဖစ္တဲ့ Sunghoon ဆီ ဖုန္းဆက္လိုက္ေတာ့သည္။

" ဟယ္လို သားႀကီး "

သူ႕ဆီက ဖုန္းဝင္လာမယ္ ထင္မထားေတာ့ ဖုန္းကိုင္လိုက္တဲ့ Sunghoon ရဲ႕အသံက ဝမ္းသာအားရ

" ေအး မင္းဘယ္မွာလဲ ေဟ့ေရာင္ "

" ငါ.. ငါ ျမစ္ကမ္းေဘးမွာ သားႀကီး "

" ဟားးး ဘာလဲ မင္းေကာင္နဲ႕ သြားခဲ့ဖူးတဲ့ေနရာေတြ အလြမ္းေျပ သြားၾကည့္ေနျပန္တာလား ဟက္လား ေဟ့ေရာင္ "

" ငါ့ကို နားလည္ေပး သားႀကီးရာ... ငါ့စိတ္ေတြ ေနသားမက်ေသးလို႔ပါ... အလုပ္ၿပီးလို႔ ခဏ ထြက္လာတာပါ "

" ေအး မင္းကေတာ့ ေနသားမက်ဘဴးေပါ့...မင္း ေကာင္ကေတာ့ သူ႕ဘဲႀကီးနဲ႕ ေနသားကို မကဘူး အကုန္ကို အံဝင္ခြင္က် ျဖစ္ေနေလာက္ၿပီ ေဟ့ေရာင္ေရ "

" သားႀကီး.. ငါ့ဆီကို ဒီလိုေတြ ခနဲ႕ဖို႔ ဖုန္းဆက္တာ ဆိုရင္ ငါ အဆင္မေျပဘူးကြာ... ငါ မင္းဖုန္းဆက္လို႔ ေပ်ာ္ေနမိတာ... ငါ မင္းနဲ႕ ထပ္ၿပီး စကားမမ်ားခ်င္ဘူး "

" ငါလဲ စကားမ်ားခ်င္ေနတာမွ မဟုတ္တာ... ခုဟာက ငါ့မ်က္စိနဲ႕ တပ္အပ္ျမင္ထားရတဲ့ အရာေၾကာင့္ ငါ စိတ္မထိန္းနိုင္ ျဖစ္သြားတာ... ဒါေတြထားပါ.. ငါ မင္းကို ငါ့ရဲ႕ Location ပို႔ေပးမယ္.. အဲ့အတိုင္းလိုက္လာခဲ့... မင္း ကိုယ္တိုင္ ၾကည့္ၿပီး အတည္ျပဳရမယ့္ အရာတစ္ခု ရွိတယ္ "

" ဘာမ်ားလဲ "

" ေရာက္ရင္ သိလိမ့္မယ္ "

" ေအးပါ.. ငါ အခု လာခဲ့ပါ့မယ္... အခု ငါ့ေဘးမွာ Jake လဲရွိတယ္.. ငါတို႔ အတူထြက္လာခဲ့မယ္ "

" ေအး ၿပီးေရာ .. ျမန္ျမန္ေတာ့ လာခဲ့ေနာ္... ဒါကို မင္း လြတ္သြားလို႔ မျဖစ္ဘူး "

Niki ဖုန္းခ်လိဳက္ၿပီးတာနဲ႕ ဆိုင္ကို တည့္တည့္ျမင္ရတဲ့ ေနရာတစ္ေနရာကို ရွာၿပီး ကားကို ပါကင္ထိုးလိုက္သည္။

Sunghoon တို႔ ေရာက္အလာကို ေစာင့္ရင္း ဆိုင္ထဲကဟာေတြကိုလဲ လြတ္မသြားေအာင္ ေစာင့္ၾကည့္ရင္း...

ဆိုင္ထဲမွာေတာ့ Designer က သူခ်ဳပ္လုပ္ဖန္တီးထားတဲ့ Design ေတြကို MacBook ကေန တဆင့္ Jay ကို ျပသေနေလသည္။

Sunoo ကေတာ့ သူတို႔ တည္ခင္းထားတဲ့ ေကာ္ဖီနဲ႕ မုန့္ကိုသာ စားရင္း ဟိုေငးဒီေငး။

Design ေတြကို အတန္ၾကာေအာင္ ၾကည့္လို႔အၿပီးမွာ Jay ေ႐ြးခ်ယ္ထားတဲ့ ဝတ္စုံေတြကို ဝတ္ဆင္ၾကည့္ဖို႔ Sunoo ကို အေရာင္းဝန္ထမ္းေလးတစ္ေယာက္က အဝတ္လဲခန္းဆီသို႔ ေခၚေဆာင္သြားေလသည္။

သူတို႔ အဝတ္လဲခန္းထဲကို ေရာက္လာၿပီးခဏမွာပဲ Designer အစ္မႀကီးပါ ေရာက္လာၿပီးေနာက္

" CEO Park ရဲ႕ အမ်ိဳးသားေလးကေတာ့ ကမၻာေပၚမွာ ကံအေကာင္းဆုံး လူသားေလးပါပဲေနာ္... ၾကည့္ပါအုံး CEO ႀကီး သည္းသည္းလႈပ္တာလဲ မေျပာနဲ႕ ေမာင္ေလးက ခ်စ္စရာေလးေကာင္းေနတာ သက္ရွိ ေႂကြ႐ုပ္ေလးအတိုင္းပဲ ဟင္း ဟင္း "

အဝတ္လဲဖို႔ေတြကို Designer အစ္မႀကီးကိုယ္တိုင္ ေသခ်ာျပင္ဆင္ေပးေနရင္းမွ သူ႕ကို တရင္းတနီး စကားေတြ ဆိုလာေလသည္။

ကမၻာေပၚမွာ ကံအေကာင္းဆုံး လူသား တဲ့လား...

" ဒါေလးကေန စ ဝတ္ၾကည့္ၾကရေအာင္ ေမာင္ေလး... အစ္မရဲ႕ လက္ရာေတြနဲ႕ ေမာင္ေလးရဲ႕ ခ်စ္စရာေကာင္းမႈေတြ ေပါင္းစပ္လိုက္ရင္ေတာ့ CEO ႀကီး အသက္ရႉမွားသြားမွာ ျမင္ေယာင္ပါေသးတယ္ "

သူ ေျပာသမွ်ကို ကြၽန္ေတာ္ ၿပဳံးၿပီးသာ ေခါင္းညိမ့္ျပေနမိတယ္။

" ဒါေတြ အားလုံးက CEO ႀကီး ကိုယ္တိုင္ အခ်ိန္ယူၿပီး စဥ္းစားထားတဲ့ Design ေတြေလ ... သူ႕ေဘဘီေလးအတြက္ သူစိတ္တိုင္းက်တဲ့ ဝတ္စုံေတြပဲ ျဖစ္ရမယ္တဲ့ ... CEO ႀကီးရဲ႕ idea ကို အစ္မရဲ႕ ပညာေလး ထပ္ေပါင္းၿပီး ခ်ဳပ္ထားတဲ့ ဝတ္စုံေတြေပါ့... CEO ႀကီးတို႔မ်ား ခ်စ္တတ္လိုက္တာေနာ္... အားက်မႈ အေပါင္းပါပဲ..."

ဝတ္စုံေတြကို မ်က္လုံးေဝ့ၾကည့္မိေတာ့ အားလုံးဟာ သူ ႀကိဳက္တဲ့ အျဖဴေရာင္ေတြကိုသာ အမ်ားဆုံး သုံးထားတဲ့ ဝတ္စုံေတြပင္။

အျဖဴေရာင္ေတြခ်ည္း ခ်ဳပ္ထားတာေတြ ပါသလို အျဖဴနဲ႕ ေရာစပ္ထားတဲ့ ဝတ္စုံေတြလဲ ပါေသးသည္။

ဝတ္စုံတိုင္းဟာလဲ တကယ္ကို Designer လက္ရာပီသစြာ ဆန္းသစ္ၿပီး လွပလြန္းလွပါသည္။

Sunoo သက္ျပင္းေတြပဲ ခ်ေနမိတာ အခါခါပါပဲ။

Designer အစ္မႀကီးေျပာသလို ကြၽန္ေတာ္ဟာ ကမၻာေပၚမွာ ကံအေကာင္းဆုံး လူသားေလး ျဖစ္ေနနိုင္ေကာင္းပါရဲ႕။

ဒါဆိုရင္ ဘာလို႔ ကြၽန္ေတာ့္စိတ္ထဲ ေပါ့ပါးၿပီး ေပ်ာ္႐ႊင္မေနရတာလဲ...

ကြၽန္ေတာ္ ၿငိမ္ေနတာေၾကာင့္ Designer အစ္မႀကီးက ဝတ္စုံတစ္စုံကို ယူလာၿပီး အနားမွာ လာရပ္ကာ အသည္းယားတဲ့ ပုံစံမ်ိဳးနဲ႕ ကြၽန္ေတာ့္္ပါးတစ္ဖက္ကို ဆြဲၿပီး

" အူးးဝါးး တကယ့္ ခ်စ္စရာ ေႂကြ႐ုပ္ကေလးပဲ... စကားမေျပာဘဲ ၿငိမ္ၿငိမ္ေလး ရပ္ေနတာကိုက အ႐ုပ္ကေလး ခ်ထားသလိုပဲကြယ္... "

အ႐ုပ္ေလး တဲ့လား...

အစ္မႀကီးက စကားေတြ အမ်ားႀကီးေျပာလိုက္တာေပမယ့္ ကြၽန္ေတာ့္္နားထဲမွာ ပဲ့တင္ထပ္သြားတာက အ႐ုပ္ေလး ဆိုတဲ့ စကားသံကိုသာ...

ဒီစကားလုံးဟာလဲ စိတ္ထဲမွာ ရင္းနီးေနသလိုပါပဲ...

* မင္းက ငါ့ရဲ႕ အ႐ုပ္ေလးေပါ့... မင္းက ငါ့ရဲ႕ အ႐ုပ္ေလးေပါ့... မင္းက ငါ့ရဲ႕ အ႐ုပ္ေလး ေပါ့ *

" အဲ့ဒီ့လက္က မထိသင့္တဲ့ အရာကို လာထိေနတာပဲ ...ေစာေစာစီးစီး ဖယ္လိုက္ရင္ ေကာင္းမယ္ေနာ္ "

႐ုတ္တရက္ အခန္းေပါက္ဝကေန ၾကားလိုက္ရတဲ့ Jay ရဲ႕ စကားသံ။ လွည့္ၾကည့္မိလိုက္ေတာ့ မ်က္ႏွာေခ်ာေခ်ာက တည္တင္းလို႔။ ၿပီးေတာ့ Designer အစ္မႀကီးကို ၾကည့္ေနတဲ့ မ်က္လုံးေတြက အၾကည့္ခံရသူကို အခုပဲ မီးေလာင္ျပာက်သြားေတာ့မလို။

ထိုအခါမွ Designer အစ္မက အိုးတို႔အမ္းတမ္းနဲ႕ ကြၽန္ေတာ့္ပါးေပၚက သူ႕လက္ေတြကို ဖယ္ခြာသြားေလေတာ့သည္။

တစ္စ တစ္စ ေပၚေပၚလာတဲ့ မွတ္ဉာဏ္ေတြထဲမွာ ဒီလိုအေနအထားႀကီးကလဲ ၾကားဖူးေနသလိုလို ရင္းနီးေနသလိုလိုပါပဲ။

* သူ႕ကို တစ္စုံတစ္ေယာက္က လာထိရင္ Jay က မႀကိဳက္ဘူးေလ...*

* ဟုတ္တယ္... သူနဲ႕ Jay ၾကားမွာ ဒီလို အျဖစ္အပ်က္ေတြ ရွိခဲ့ဖူးတယ္...*

* ငါ့မွတ္ဉာဏ္ေတြက တိုက္ဆိုင္မႈေတြ ရွိလာတိုင္း ျပန္ျပန္ေပၚလာေနတာပဲ...*

Sunoo ကိုယ့္ရဲ႕ တိုးတက္လာမႈအတြက္ကို ဝမ္းသာေနေပမယ့္ ေရွ႕မွာ ရပ္ေနတဲ့ Designer အစ္မႀကီးကေတာ့ Jay ပုံစံကိုၾကည့္ၿပီး ေသြးပ်က္ေနၿပီထင္...

စကားေတြလဲ ထစ္ထစ္ေငါ့ေငါ့နဲ႕ Jay ကို ေျဖရွင္းခ်က္ေတြ ေပးေနေလရဲ႕...

" ဟို.. ဟို.. CEO ႀကီးရဲ႕ သတို႔သားေလာင္းေလးကို နာေအာင္ မလုပ္ပါဘူး CEO ႀကီးရဲ႕.. ကြၽန္မ ကြၽန္မ သူ႕ကို ၾကည့္ၿပီး အသည္းေတြ ယားလာလို႔ပါ... ဟို ေကာ္ပတ္႐ုပ္ေလးနဲ႕ တူ ..တူေနလို႔..ဟို..ဟို. "

" တဟိုဟိုနဲ႕ ေတာ္ၿပီ လုပ္စရာရွိတာ ဆက္လုပ္ေတာ့.. ဒီအျပဳအမူက ေနာက္ဆုံး ျဖစ္ပါေစ... မဟုတ္ရင္ ခင္ဗ်ားဆိုင္ဘက္ ေျခဦးမလွည့္ဘဲ ေနရလိမ့္မယ္ "

" အယ္...CEO ႀကီးရယ္... အဲ့လိုေတာ့မလုပ္ပါနဲ႕... ကြၽန္မက ကိုယ့္ေမာင္ေလးတစ္ေယာက္လို ခ်စ္စနိုးနဲ႕ စေနာက္လိုက္မိတာပါ... ေနာက္ မျဖစ္ေစရပါဘူးလို႔ "

" ၿပီးတာပဲ.. ဟိုတစ္ေယာက္ေရာပဲ... ေဘးလူက ကိုယ့္အသားလာထိေနတာကို ၿငိမ္ခံေနရသလား... ေရွာင္ဖို႔ ဖယ္ဖို႔ စိတ္ကူးမရွိဘူးလား .. ဘယ္သူ ကိုင္ကိုင္ ဒီလိုပဲ အကိုင္ခံေနေတာ့မွာလား "

" Jay..."

Sunoo လူၾကားထဲ အေျပာခံလိုက္ရ၍ မ်က္ႏွာမထားတတ္ေအာင္ ျဖစ္သြားရကာ Jay ရွိရာဆီ ခပ္သြက္သြက္ေလး သြားလိုက္ၿပီး

" Jay ကလဲ ဘယ္လိုေတြ ေျပာေနတာလဲ ...တဖက္လူကိုလဲ အားနာအုံးမွေပါ့ "

" အားမနာနိုင္ပါဘူး... လုပ္စရာရွိတာမလုပ္ဘဲ ေပရွည္ေနတာ ''

" မဟုတ္ပါဘူး CEO ႀကီးရဲ႕.. ကြၽန္မ ဝတ္စုံေတြ ေ႐ြးေနတာပါ... အခုပဲ ဝတ္ေပးေတာ့မလို႔ပါ ဟင္း ဟင္း... ကဲ အ႐ုပ္ကေလး ဒီထဲကို ဝင္မယ္ေနာ္ "

Jay ေျပာတာကို ၾကားသြားတဲ့ အစ္မႀကီးက မ်က္ႏွာခ်ိဳေသြးကာ ၿပဳံးရယ္ျပရင္း Sunoo ကိုပါ တဆက္ထဲ လိုက္ကာရွည္ႀကီး ကာထားတဲ့ ေနာက္သို႔ဝင္ရန္ ေျပာၿပီး သူကိုယ္တိုင္ေရွ႕က ဦးေအာင္ဝင္သြားေလေတာ့သည္။

လိုက္ကာႀကီးရဲ႕ ေနာက္ကိုေရာက္ေတာ့ Designer အစ္မက သူ႕ရင္ဘတ္သူ လက္ေလးနဲ႕ဖိကာ သက္ျပင္းခ်ရင္း

" ဟူးးး အမေလးးး ေတာ္ေသးတာေပါ့ အ႐ုပ္ေလးရယ္..အစ္မကို ဘာမွ မလုပ္လို႔... ရွင့္ သတို႔သားေလာင္းႀကီးက ေၾကာက္စရာေကာင္းလိုက္တာရွင္... သူ႕ အမ်ိဳးသားေလးကို ေသးေသးေလး ထိတာေတာင္ မရဘူး... ခုနတုန္းက မ်က္ႏွာႀကီးကို ျမင္ၿပီး ေက်ာထဲကို စိမ့္သြားတာပဲ "

" ဝတ္စုံေတြက ဘာလို႔ အဲ့ေလာက္မ်ားေနရတာလဲ အစ္မ "

လိုက္ကာေနာက္မွာ တန္းနဲ႕ ခ်ိတ္ထားတဲ့ ဝတ္စုံေတြကို ၾကည့္ရင္း Sunooေမးလိုက္ေတာ့

" ေဟာ္... အ႐ုပ္ေလးက မသိဘူးလား... ဒါေလးက လက္မွတ္ထိုးပြဲ မွာ ဝတ္ဖို႔၊ ဒါေလးက Wedding ေန႕မွာ ဝတ္ဖို႔၊ ဒါေလးက Dinner မွာ ဝတ္ဖို႔၊ ဒါေလးကက်ေတာ့ Media ေတြ႕ဆုံပြဲမွာ ဝတ္ဖို႔ ေလ... ပြဲတစ္ပြဲအတြက္ ႏွစ္စုံစီဆိုေတာ့ မ်ားေနတာေပါ့ အခ်စ္ခံေလးရယ္... အားက်ၿပီးရင္း အားက်ပါပဲ... ကံေကာင္းလိုက္တဲ့ အ႐ုပ္ကေလး ရွင္ "

ဝတ္စုံေတြကို ေငးရင္း ကြၽန္ေတာ့္စိတ္ထဲ အားနာမႈေတြ တိုးဝင္လို႔လာတယ္...

ဘာလို႔ ကြၽန္ေတာ့္အေပၚ အဲ့သေလာက္ထိ ေကာင္းေပးေနရတာလဲ Jay ရယ္...

တကယ္ပဲ ကြၽန္ေတာ္တို႔က ႏွစ္ဦးသေဘာတူ ခ်စ္ခဲ့ၾကတဲ့ ခ်စ္သူေတြမ်ားလား...

ဒါဆို ေမာင္ ဆိုတဲ့ လူသားေလးကေရာ...

ကြၽန္ေတာ့္ဘဝရဲ႕ ဘယ္ေထာင့္ ဘယ္ေနရာကေန ပါဝင္ေနတာမ်ားလဲ...

ပထမဆုံး ဝတ္စုံေလးကို လဲလွယ္လို႔ အၿပီးမွာပဲ Jay ကို ျပသဖို႔ရာ အသင့္အေနအထားျဖစ္ေနၿပီ ျဖစ္တာေၾကာင့္ ပိတ္ကာထားတဲ့ လိုက္ကာႀကီးကို တေ႐ြ႕ေ႐ြ႕နဲ႕ ေဘးဘက္ကို ဖယ္ခြါလိုက္ၾကေတာ့သည္။

လိုက္ကာႀကီး လုံးလုံးလ်ားလ်ား ဖယ္ၿပီးတဲ့အခ်ိန္မွာေတာ့ ေရွ႕တည့္တည့္က ဆိုဖာမွာ ေျခခ်ိတ္ထိုင္ေနတဲ့ Jay က သူ႕ တစ္ကိုယ္လုံးကို စူးစူးစိုက္စိုက္ ၾကည့္ေနတာ မ်က္ေတာင္တစ္ခ်က္မခတ္...

ၾကာလာေတာ့ ေနရခက္လာသည္။

သူ ဝတ္ထားတာ ဘာမ်ား မွားေနလို႔လဲ...

ဘာက အခ်ိဳးမက်ေနလို႔လဲ...

Sunoo သူ႕ကိုယ္သူ ျပန္ငုံ႕ၾကည့္ကာ အဆင္မေျပတာ ရွိမရွိ စစ္ေဆးၾကည့္သည္။

ဒါလဲ ဘာမွ မေတြ႕။

သူ ဝတ္ထားတာက အေပၚေရာ ေအာက္ေရာ အျဖဴစြပ္စြပ္ ဝတ္စုံေလး။

အေပၚကုတ္ရဲ႕ညာဘက္ျခမ္းမွာေတာ့ ခါးမွ ရင္ဘတ္ထိတိုင္ ႏြယ္တက္ေနတဲ့ ပန္းခက္ပုံစံေလးေတြကို ေ႐ႊေရာင္ျဖင့္ ထိုးထားေလသည္။

အထဲက ရွပ္အျဖဴေလးမွာေတာ့ အထက္ေအာက္ အစင္းေၾကာင္းပုံစံ အထပ္ထပ္ေလးေတြနဲ႕ လည္ပင္းမွာက Necktie အစား ဖဲပြင့္ အျဖဴေလးကိုသာ တပ္ထားသည္။

ရိုးရွင္းတယ္ ထင္ရေပမယ့္ အျမင္ဆန္းေနတဲ့ ဝတ္စုံေလး...

Jay က ဘာမွမေျပာဘဲ စိုက္ၾကည့္ေနဆဲ ျဖစ္တာေၾကာင့္ သူ မေနတတ္ေတာ့ဘဲ

" ဟို.. Jay.. ဘာ ဘာက အဆင္မေျပေနလို႔လဲ ဟင္... ကြၽန္ေတာ္ တျခား တစ္စုံ ျပန္လဲလိုက္ရ.."

" ဟင့္အင္ ေဘဘီ... အကုန္ အဆင္ေျပတယ္... လိုက္ဖက္လြန္းလိုက္တာ ေဘဘီရယ္... ကိုယ္.. ကိုယ္ အသက္ရႉဖို႔ေတာင္ ေမ့သြားတယ္.. ဟားးး ဒါ ကိုယ့္ရဲ႕ သတို႔သားေလးတဲ့လား...ကိုယ္ ယုံေတာင္ မယုံနိုင္ဘူးကြာ... "

Sunoo ရဲ႕စကားကို ျဖတ္ကာ ေနရာမွ ထလာရင္း ေျပာလိုက္တဲ့ Jay စကားေၾကာင့္ Sunoo မ်က္ႏွာေလး အေရာင္ေတြ ရင့္ကုန္ေတာ့တယ္။

အနားထိေရာက္လာၿပီး ခုံအျမင့္ေလးေပၚ ရပ္ေနတဲ့ Sunoo ကို လွည့္ပတ္ၾကည့္ေနၿပီး လိုက္ဖက္လြန္းလိုက္တာ ဆိုတဲ့ စကားကလဲ ပါးစပ္ဖ်ားက မခ်။

ဒါနဲ႕ပဲ ေနာက္တစ္စုံ ေျပာင္းဖို႔ လိုက္ကာစေလးကို ျပန္ပိတ္မယ္လုပ္ေတာ့ ဆိုဖာဆီ ျပန္သြားမယ့္ Jay တစ္ေယာက္ Sunoo ကို ၾကည့္ရင္း ေဘာင္းဘီအိတ္ထဲ လက္ႏွိုက္လို႔ လမ္းကို ေနာက္ျပန္ႀကီးေတာင္ ေလွ်ာက္ေနေလရဲ႕။

ဒီလိုနဲ႕ပဲ တစ္စုံၿပီးတစ္စုံ ဝတ္ၾကည့္ၿပီး Jay ကို ျပလိုက္တိုင္း Jay ဟာ အနားထိေရာက္ေရာက္လာကာ လွည့္ပတ္ၾကည့္လိုက္ မထင္ရင္ မထင္သလို ဆြဲဖက္ၿပီး နဖူးေလး ပါးေလးေတြကို နမ္းလိုက္နဲ႕ပဲ သူ႕မွာ မအားလပ္ရ။

Jay ရဲ႕ ပိုကဲလြန္းတဲ့ အျပဳအမူေတြေၾကာင့္ Sunoo မွာလဲ ဆိုင္ဝန္ထမ္းေတြၾကား မ်က္ႏွာမထားတတ္ေအာင္ ျဖစ္ေနရေလသည္။

ဒီၾကားထဲ လိုက္ကာစေလး ျပန္ပိတ္လိုက္တိုင္း Designer အစ္မႀကီးဆီက အားက်လိဳက္တာ၊ CEO ႀကီးက ခ်စ္တတ္လိုက္တာဆိုတဲ့ စကားက မနားတမ္းၾကားေနရေသးသည္။

ဝတ္စုံေတြ အားလုံး ဝတ္ၾကည့္ၿပီးသြားခ်ိန္မွာ Jay က သူ စိတ္တိုင္းမက်တာတခ်ိဳ႕ကို ျပန္ျပင္ေပးဖို႔ ေျပာၿပီး ဆိုင္ထဲကေန ထြက္လာခဲ့ၾကေတာ့ ေန႕လည္စာ စားခ်ိန္ေတာင္ ေက်ာ္ေနေလၿပီ။

ကားေပၚေရာက္တဲ့အထိ ဝတ္စုံေတြနဲ႕ Sunoo ကို တြဲျမင္ေနေသးတာလား မသိတဲ့ Jay က

" ကိုယ့္ေဘဘီက ကိုယ္ ေ႐ြးေပးထားတဲ့ ဝတ္စုံေလးေတြနဲ႕ အရမ္း လိုက္ဖက္တာပဲ... တကယ္ကို အျဖဴေရာင္ နတ္သားေလးပါကြာ... ျမင္ေယာင္ေသးတယ္ ကိုယ္တို႔ မဂၤလာပြဲက်ရင္ ေခါင္းစေျခဆုံး အျဖဴေရာင္ေတြနဲ႕ သိပ္လွေနမယ့္ ေဘဘီ့ကို အားလုံးက ပါးစပ္အေဟာင္းသားနဲ႕ ေငးေနၾကမယ္ဆိုတာကို.. ဟင္း ဟင္း "

လက္တစ္ဖက္ထဲနဲ႕ ကားေမာင္းၿပီး က်န္တစ္ဖက္က Sunoo ရဲ႕ လက္ေလးကို ဆုပ္ကိုင္ထားကာ အားရပါးရ စကားေတြေျပာေနတဲ့ Jay ရယ္ပါ...

Sunoo မွာေတာ့ Jay ရဲ႕ လက္ဖဝါးထဲ အလုံးစုံ နစ္ျမဳပ္ေနတဲ့ သူ႕ လက္ေလးကိုသာ ငုံ႕ၾကည့္ ေငးေမာရင္း စိတ္မသက္သာျခင္းေတြနဲ႕ ၿငိမ္သက္ေနမိေတာ့တယ္...

အရင္ခ်ိန္ေတြ တုန္းကေရာ... Jay ဟာ သူ႕အေပၚ ဒီေလာက္အထိ ဂ႐ုစိုက္ ခ်စ္ျပခဲ့ပါသလား...

ဒါဆို ေမာင္ဆိုတဲ့ လူသားေလးကေရာ...

Postcard ထဲမွာေတာ့ အေဆာရဲ႕ ေန႕ရက္တိုင္းမွာ အတူရွိမယ့္ ေမာင္ ဆို...

ဒါဆို အခု ဘာလို႔မ်ား ေဘးမွာမရွိဘဲ ေပ်ာက္ဆုံးေနရပါသလဲ...

Jay ရယ္ ေမာင္ ရယ္ သူ ရယ္ ...

ဒီ လူသားသုံးေယာက္ၾကားမွာ သူ သတိမေမ့ခင္က ဘယ္လိို အျဖစ္အပ်က္ေတြမ်ား ရွိခဲ့ပါသလဲေလ....

သူတို႔ႏွစ္ေယာက္ကို တင္ေဆာင္လို႔ တရိပ္ရိပ္ေျပးေနတဲ့ ကားႀကီးရဲ႕ ေနာက္မွာကေတာ့ ကားေမာင္းရင္း တစ္ဖက္က ဖုန္းေျပာကာ ေတာက္တေခါက္ေခါက္နဲ႕ လိုက္လာတဲ့ Niki...

" ခ်ီး မလို႔ ေနာက္က်ေနတာလား... ငါ အျမန္လာခဲ့ဖို႔ ေသခ်ာ မွာထားရက္နဲ႕ ေတာက္!! "

" လမ္းေတြ ပိတ္ေနလို႔ သားႀကီး အခု ငါတို႔ မင္းဆီကို ေရာက္ခါနီးပါၿပီ... အခု ျမန္ျမန္ေလး လာေနတယ္ "

" က်စ္! အခုမွေတာ့ ဘာမွ မရွိေတာ့ဘူး ေဟ့ေရာင္ေရ... ငါ မင္းကို မ်က္ဝါးထင္ထင္ ျမင္ေစခ်င္လို႔ ေခၚတာ.. အခုက ေနာက္က်သြားခဲ့ၿပီ... ဒါေပမယ့္ ေတြ႕လို႔ေတာ့ ရပါေသးတယ္... မင္းျမင္ရင္ ဘာေျပာမလဲ သိခ်င္ေသးတယ္...လိုက္လာခဲ့ "

Sunoo တို႔ကားေလးက နာမည္ႀကီး restaurant တစ္ခုဆီ ဝင္သြားတာေၾကာင့္ Niki လဲ လိုက္ဝင္လာခဲ့ကာ သူ႕ကို သတိမထားမိေအာင္ ကားကို ခပ္ခြာခြာေနရာမွာ ပါကင္ထိုးလိုက္သည္။

ဆိုင္ထဲကို ဝင္ေတာ့လဲ သတိမထားမိေအာင္ လိုက္လာၿပီးေနာက္ Sunoo တို႔ဝိုင္းကို ျမင္သာတဲ့ ေနရာအကြယ္မွာပဲ ထိုင္ေနလိုက္သည္။

menu card ကိုၾကည့္ကာ ဝန္ထမ္းေလးကို မွာစရာရွိတာ မွာေနတဲ့ ႏွစ္ေယာက္ကေတာ့ ေဘးမွာ လူေတြရွိတာ သတိမွထားမိေလစ။ ႏွစ္ေယာက္တည္း ကမၻာတည္ေနသလိုပင္။

CEO ႀကီးက Sunoo ရဲ႕ မ်က္ႏွာေလးကို ငုံ႕ၾကည့္လိုက္၊ တစ္ခုခုကိုေျပာလိုက္၊ Sunoo က ေခါင္းညိမ့္ ေခါင္းခါ လုပ္လိုက္နဲ႕ တစ္ခ်က္တစ္ခ်က္ CEO ႀကီးက Sunoo ရဲ႕ ေခါင္းေလးကို အသည္းယားဟန္ျဖင့္ ဖြဖြပြတ္သပ္ေနေသးတာ။

" ေတာ္ေတာ္ကို သာယာေနၾကတာပဲ... အဟက္! ဒီျမင္ကြင္းေတြကို မင္း မျမင္လိုက္ရတာ ဝမ္းနည္းလို႔မဆုံးဘူး ငါ့ေကာင္ Park Sunghoon ေရ... ဒါေတြကို မင္း ျမင္လိုက္ရမွာ... က်စ္! ေရာက္ေတာ့မယ္ဆိုၿပီး ခုထိ ေပၚမလာေသးဘူးကြာ ဒီေကာင္ "

Sunghoon တို႔အလာကို ေစာင့္ရင္း ေရွ႕က ျမင္ကြင္းကိုလဲ အလြတ္မခံတဲ့ Niki တစ္ေယာက္ေတာ့ ဆိုင္ထဲမွာထိုင္ေနရင္း စိတ္ေတြ ျဗာမ်ားေနေလရဲ႕။

တကယ္တမ္း Sunoo ေလးမွာေတာ့ Niki ထင္သလို သာယာေနတာမဟုတ္။

Jay ေျပာေနသမွ်ကို ေခါင္းညိမ့္ ေခါင္းခါနဲ႕ ျပန္ေျဖေပးေန႐ုံသာ။

သူ သိပ္မလႈပ္ဘဲ တိတ္ဆိတ္ေနတာေၾကာင့္ Jay က အားမလိုအားမရနဲ႕ ေခါင္းကို လာဖြကာ

" ၿပဳံးၿပဳံးေလးပဲ ေနပါ ေဘဘီရယ္... ေဘဘီက ၿပဳံးေနရင္ သိပ္ခ်စ္စရာေကာင္းတာကို ဘာလို႔ အဲ့မ်က္ႏွာႀကီး လုပ္ေနတာလဲ... "

" ဘာမွ မျဖစ္ပါဘူး Jay... သတိေမ့ၿပီးမွ အခုမွ ပထမဆုံးအႀကိမ္ အျပင္ထြက္လာလို႔နဲ႕ တူပါတယ္... အသံေတြေၾကာင့္ ကြၽန္ေတာ္ ေခါင္းနည္းနည္း မၾကည္လို႔ပါ "

" ဒါဆို ကိုယ္တို႔ အခန္းယူလိုက္မလား... ကိုယ္က ေဘဘီ့ကို ေဘးပတ္ဝန္းက်င္နဲ႕ ထိေတြ႕ေစခ်င္လို႔ ဒီအျပင္မွာ ေနရာယူလိုက္တာ "

" အာ.. မဟုတ္တာ ရပါတယ္ Jay ရဲ႕.. အဲ့ေလာက္လဲ မဟုတ္ပါဘူး... ကြၽန္ေတာ္ သန့္စင္ခန္း ခဏ သြားမယ္ေနာ္ "

" ကိုယ္ လိုက္ခဲ့ဖို႔ လိုမလား "

" ကြၽန္ေတာ္က ကေလးလား "

" ကေလးထက္ ပို ဂ႐ုစိုက္ေနရတဲ့ လူမို႔လို႔ေလ "

" ေတာ္ပါ... ရတယ္ ကြၽန္ေတာ့္္ဘာသာ သြားမယ္ "

မ်က္ေစာင္းေလးခဲကာ စူပြပြနဲ႕ ေျပာၿပီး ထြက္သြားတဲ့ ေဘဘီ့ကို မ်က္စိတဆုံး လိုက္ၾကည့္ရင္း Jay မ်က္ႏွာထက္မွာ အၿပဳံးတို႔ ေဝဆာလို႔...

* ဘယ္လို ကိစၥေတြပဲ ရွိခဲ့ရွိခဲ့ ေနာက္ဆုံးေတာ့လဲ မင္းကို ပိုင္ဆိုင္ရမယ့္လူဟာ ကိုယ္ပါပဲ ေဘဘီ...*

* မင္း ကိုယ့္လက္ထဲကေန ဘယ္တုန္းကမွ ေျပးလို႔မလြတ္ခဲ့ပါဘူး... *

သန့္စင္ခန္းကို သြားေနတဲ့ Sunoo ေလးရဲ႕ ေနာက္မွာေတာ့ ဟူဒီေခါင္းစြပ္ကို ငိုက္က်ေနေအာင္ ေဆာင္းကာ ခပ္သုတ္သုတ္ေလး လိုက္လာေနတဲ့ Niki...

ေရာက္မလာေသးတဲ့ Sunghoon ကို ေစာင့္မေနနိုင္ေတာ့တဲ့ Niki ဟာ Sunghoon အေပၚ ဘာလို႔ ဒီလို လုပ္ရပ္မ်ိဳး လုပ္ရက္ရတာလဲဆိုတဲ့ အေျဖကို ကိုယ္တိုင္ ေမးဖို႔ Sunoo ေနာက္သို႔ လိုက္လာခဲ့ၿပီး သန့္စင္ခန္းကို သြားရာ လမ္းၾကားေလးထဲ အေရာက္မွာေတာ့ Sunoo ကို ေနာက္ကေန ဆြဲခ်ဳပ္ကာ လူရွင္းတဲ့ ေနရာသို႔ ဆြဲေခၚသြားၿပီး နံရံႏွင့္ ေက်ာကို ကပ္ပစ္လိုက္ေတာ့သည္။

႐ုတ္တရက္ ျဖစ္သြားတဲ့ အျဖစ္အပ်က္ေၾကာင့္ Sunoo မွာလဲ ႐ုန္းကန္ခ်ိန္မရလိုက္...

ဆြဲေခၚတဲ့ေနာက္ တ႐ြတ္တိုက္ ပါသြားရၿပီး အားျပင္းျပင္းနဲ႕ တြန္း၍ နံရံႏွင့္ကပ္ခံလိုက္ရတာေၾကာင့္ ပါးစပ္ကေန ညည္းသံေလးမ်ား ထြက္က်သြားရသည္။

" အ့...အာ... ဘာ ဘာလုပ္တာလဲ... ကြၽန္ေတာ့္ကို ဘာလို႔ ဒီလို လုပ္တာလဲ... ဖယ္ေပးပါ "

" ဟက္! ဖယ္ေပးဖို႔ စိတ္ကူးရွိရင္ မင္းေနာက္ကို လိုက္လာမွာေတာင္ မဟုတ္ဘူး ကြ.. "

" ကြၽန္ေတာ့္ကို ဘာလို႔ ဒီလိုလုပ္ရတာလဲ လို႔..."

" မင္း မသိဘူးလား... မင္းလို ဗေလာင္းဗလဲ လုပ္တတ္တဲ့ ေကာင္မ်ိဳးေတြကို ဒီ့ထပ္ေတာင္ ပိုလုပ္သင့္တာကြ "

" ကြၽန္ေတာ္ ကြၽန္ေတာ္က ဘာေတြ ဗေလာင္းဗလဲ လုပ္ထားမိလို႔လဲ... ကြၽန္ေတာ့္မွာ အျပစ္ရွိတယ္ဆိုလဲ ေအးေအးေဆးေဆး ေျပာလို႔ ရပါတယ္.. လက္ လက္ေလးေတာ့ ဖယ္ေပးပါေနာ္..ေက်းဇူးျပဳၿပီး "

Sunoo သူ႕ရင္ဘတ္အကၤ်ီစကို ဆြဲဆုပ္၍ ဖိတြန္းထားတဲ့ Niki ရဲ႕ လက္ေတြကို ဆြဲ ျဖဳတ္ၿပီး ဖယ္ခိုင္းေနလဲ မရ။

သူက ဆြဲျဖဳတ္ေလ Niki က ပိုၿပီး ဖိတြန္းထားေလ...

" မင္း ဘာအခုမွ မသိခ်င္ေယာင္ေဆာင္ေနတာလဲ Kim Sunoo... မင္း ငါ့သူငယ္ခ်င္းအေပၚ ဘာေတြ လုပ္ထားလဲ မင္းမသိဘူးလား "

" Kim Sunoo?? ကြၽန္ေတာ့္ နာမည္ကို ေခၚလိုက္တာလား... ဟုတ္လား??.... ဟို ဒီ ဒီက ကြၽန္ေတာ့္ကို သိေနတာလား ဟင္..."

" ဘာ!!! "

Sunoo ရဲ႕စကားေၾကာင့္ Niki တအံ့တၾသနဲ႕ ေအာ္လိုက္မိသည္။

Sunoo ပုံစံကို ၾကည့္ရတာလဲ မ်က္လုံးေတြက တကယ္ကို အရိုးခံေတြ။

ဟန္ေဆာင္ေနပုံ မေပၚတဲ့ Sunoo က သူ႕ကို သိေနလို႔ အံ့ၾသေနဟန္ အျပည့္။

" မင္း ဘာစကားေတြ ေျပာေနတာလဲ Kim Sunoo... ငါ့ကို လာၿပီး အေၾကာင္ရိုက္ေနတာလား... ငါ က မင္းကို မသိဘဲေနမွာတဲ့လား ကြ... ငါ့ သူငယ္ခ်င္းကို ဒီေလာက္ ဒုကၡေပးသြားတဲ့ ေကာင္ "

" ဟင္... သူငယ္ခ်င္း ဟုတ္လား... သူ သူကေရာ... ဘယ္သူလဲ ဟင္... ကြၽန္ေတာ္ တကယ္ကို မသိလို႔ပါ... ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ဒီလို ႀကီး မဆက္ဆံပါနဲ႕... ကြၽန္ေတာ္ ေတာင္းပန္ေနတာပါ... ကြၽန္ေတာ့္ကို လႊတ္ေပးပါေနာ္... "

လက္အုပ္ေလးခ်ီၿပီး ေတာင္းပန္တိုးလွ်ိုးဟန္နဲ႕ အသနားခံေနတဲ့ မ်က္စိေရွ႕က ေကာင္ငယ္ေလးကို ၾကည့္ၿပီး Niki ေဝခြဲရခက္ေနၿပီ။

ဒါ.. ဒါ.. ဘယ္လို အ​ေျခအေနႀကီးလဲ...

သူ ေတြ႕ႀကဳံေနရတာ ဘာေတြလဲ...

ပိုၿပီးတိက်သြားေအာင္ သူ ေမးခြန္းတစ္ခုကို ​အေလာတႀကီး ေမးလိုက္မိသည္။

" ဒါဆို Park Sunghoon ကိုေရာ မင္း မသိဘူးလား "

" Park Sunghoon??.... Park Sunghoon ??... Park Sunghoon???... သူ သူကေရာ... ဘယ္သူလဲဟင္ "

" အေဆာ!!!! "

Sunoo ရဲ႕ ဘယ္သူလဲ ေမးတဲ့ စကားေနာက္မွာ မခ်ိတင္ကဲ ေအာ္ေခၚလိုက္သံက ကပ္၍ ပါလာခဲ့သည္။

" အေဆာ... အေဆာရယ္.... "

အနားထိလဲ တိုးမလာနိုင္တဲ့ Sunghoon တစ္ေယာက္ ယူက်ဳံးမရတဲ့ မ်က္ဝန္းေတြနဲ႕ Niki လက္ထဲမွာ ေၾကာက္႐ြံ႕တုန္လႈပ္ေနရွာတဲ့ ခ်စ္ရသူကို ၾကည့္ၿပီး ရင္ဘတ္ထဲက မြန္းၾကပ္လာကာ အံကိုႀကိတ္လို႔ လက္သီးကိုသာ တင္းတင္းဆုပ္ထားမိေတာ့သည္။

" ဘယ္လိုျဖစ္ရတာလဲ ေမာင့္အခ်စ္ရယ္... ေမာင္ ရင္ေတြ နာေအာင္ ကြာ... "

မခ်ိတင္ကဲ ေရ႐ြတ္သံဟာ လည္ေခ်ာင္းထဲမွာပဲ ေပ်ာက္ရွသြားကာ ေလထုထဲကို တိုးမေပါက္လိုက္။

ရင္ေတြ နာၿပီးရင္း နာပါပဲ။

သူ ထင္ေနတယ္ေလ...

အေဆာဆီမွာ တစ္ခုခု ျဖစ္ေနလို႔သာ သူ႕ကို ဆက္သြယ္မလာတာလို႔။

ခုေတာ့ျဖင့္ ထင္ေနတာနဲ႕ တထပ္တည္း...

အေဆာဟာ သူ႕ကို မသိေတာ့ပါဘူး တဲ့...

မတ္မတ္မရပ္နိိုင္ေတာ့တဲ့ သူ႕​ေျခေထာက္ေတြက ေနရာမွာပဲ ၿပိဳလဲသြားခဲ့ကာ ၾကမ္းျပင္ေပၚသို႔ ဒူးေထာက္၍ က်သြားရေတာ့သည္။

ေမာင့္ရင္ကို မခ်ိေအာင္ကြယ္...

ေမာင့္အခ်စ္ဆီက အဆက္အသြယ္ ျပတ္ေတာက္ေနရျခင္းရဲ႕ အျဖစ္မွန္ဟာ ဒီလိုပါတဲ့လား...

ဘယ္လိုေတာင္ ရက္စက္တဲ့ ကံတရားႀကီးလဲ။

ေမာင့္ရင္ေတြ တကယ္ကို မခ်ိေတာ့ပါဘူး ကြာ...

သူ႕ကိုပဲလား??...က်န္တဲ့ သူေတြကိုေရာ... ဘယ္လိုရွိမလဲ...

သူ သိခ်င္စိတ္ေၾကာင့္ ၾကမ္းေပၚကေန အားတင္းထလိုက္ကာ ေၾကာက္လန့္ေနတဲ့ မ်က္ဝန္းေလးေတြနဲ႕ သူ႕ကို လွမ္းၾကည့္ေနတဲ့ အေဆာရွိရာဆီ တစ္လွမ္းခ်င္း သြားလိုက္ကာ Niki လက္ထဲက အေဆာကို ျငင္ျငင္သာသာ ဆြဲယူလိုက္ၿပီး

" ေသခ်ာၾကည့္ပါအုံး အေဆာရယ္... ဒါ ဘယ္သူလဲလို႔... ဟင္ "

ပုခုံးေလးႏွစ္ဖက္ကို ဖြဖြဆုပ္ကိုင္လို႔ တိုးတိုးေလး ေမးလိုက္တဲ့အခါ...

မွတ္မိပုံမေပၚတဲ့ မ်က္ဝန္းညိုေလးေတြနဲ႕ သူ႕ကို ေမာ့ၾကည့္လာၿပီး မ်က္ေတာင္ရွည္ေတြ တဖ်တ္ဖ်တ္ခတ္ကာ စဥ္းစားေနေသးသည္။

မ်က္ေတာင္တစ္ခါ အခတ္ဟာ ေမာင့္အတြက္ေတာ့ တစ္ကမၻာၾကာတယ္လို႔ ထင္ရပါတယ္ အခ်စ္ရယ္...

မ်က္ခုံးေလးေတြ ထိစပ္လုထိ စဥ္းစားေနတဲ့ အေဆာက သူ႕ႏွာရိုးေဘးက မွဲ႕ေလးကို လက္ညွိုးေလးနဲ႕ ဖြဖြလာထိတယ္...

ၿပီးေနာက္

" ဒီမွဲ႕ေလးကိုေတာ့ အိပ္မက္ထဲမွာ ေတြ႕ဖူးေပမယ့္ သူ ဘယ္သူလဲဆိုတာ ကြၽန္ေတာ္ တကယ္ မသိပါဘူး "

ဟားးးး

ဒါဟာ သူ အရွင္လတ္လတ္ က်ရတဲ့ ငရဲမ်ားလား...

ေမာင့္ရင္ေတြ တေျမ့ေျမ့နဲ႕ ကြဲေၾကေနပါၿပီ အခ်စ္ေရ...

မွဲ႕ေလးကို အိပ္မက္ထဲမွာ ေတြ႕ဖူးတယ္တဲ့လား...

ဒီစကားေလးက အေဆာ ေမာင့္အေပၚ ဘယ္ေလာက္ခ်စ္ပါတယ္ဆိုတဲ့ သက္ေသ...

ေမာင္ကေတာ့ ဒီလိုပဲ ခံယူတယ္။

တစ္ေယာက္မ်က္ႏွာတစ္ေယာက္ မ်က္ေတာင္မခတ္ ေငးၾကည့္ေနမိတဲ့ သူတို႔ႏွစ္ေယာက္ ေဘးမွာေတာ့ ေခါင္းငိုက္စိုက္နဲ႕ စိတ္မေကာင္းျဖစ္ေနတဲ့ Niki...

" Sorry ပါ သားႀကီး... ငါ မင္းအေပၚ အရမ္းလြန္သြားတယ္ကြာ..."

" ဘာအတြက္လဲ Niki "

" မင္း သူ႕အေပၚ ယုံၾကည္ထားတာေတြကို ပ်က္ရယ္ျပဳၿပီး ငါ ေျပာတာကမွ အမွန္လို႔ မင္းကို သက္ေသျပဖို႔ လုပ္ခဲ့မိတဲ့ အတြက္ပါ "

" မလိုပါဘူး သားႀကီးရာ... မင္းေၾကာင့္သာ ငါ အေဆာကို ျပန္ေတြ႕ခြင့္ရခဲ့တာပါ "

" ႏွစ္ေယာက္လုံးကို ေတာင္းပန္တယ္ကြာ... အေျခအေနေတြကို မသိဘဲ ငါ ေဝဖန္တာ ေစာလြန္းသြားတယ္ "

" ငါ့ စိတ္ထဲ ဒါေတြမရွိပါဘူး... အဲ့တုန္းကလဲ ငါ့ စိတ္ဖိစီးမႈေတြကို မင္းအေပၚ ပုံခ်မိခဲ့႐ုံသက္သက္ပါ... ငါလဲ Sorry သားႀကီး "

တစ္ေယာက္တစ္လွည့္ ေတာင္းပန္ေနတဲ့ သူတို႔ၾကားက Sunoo ေလးကေတာ့ Sunghoon မ်က္ႏွာကိုသာ အေသးစိပ္ေငးၿပီးရင္း ေငးလို႔ေပါ့။

သူ႕ စိတ္ထဲ ဇေဝဇဝါေတြနဲ႕ေလ။

ခုထိ ပါးခ်ိဳင့္ေလးကို မျမင္ရေသးေပမယ့္ ႏွာရိုးေပၚက မွဲ႕နက္ေလးကေတာ့ ျဖဴႏုတဲ့ အသားအေရေပၚမွာ ထင္းလို႔။

ပါးခ်ိဳင့္ေလးနဲ႕ လူရယ္၊ မွဲ႕နက္ေလးနဲ႕ လူရယ္ဟာ တစ္ဦးတည္းပဲလား...

ၿပီးေတာ့ သူ႕ရဲ႕ ေမာင္လား...

သူက အေဆာ လို႔ ေခၚေနတယ္ေလ...

ထိိုအခ်ိန္မွာပဲ သူတို႔နားကို အေျပးအလႊား ေရာက္လာတာက Jake...

" ေဟ့ေရာင္ေတြ အလြမ္းသယ္တာ ေနာက္မွ သယ္ၾက... CEO Park ေနရာကေန ထလာၿပီ...အားလုံး ရႈပ္ကုန္လိမ့္မယ္... ဘာလုပ္ၾကမွာလဲ ျမန္ျမန္ လုပ္ ဟ "

" ငါ...."

Jake စကားကို ခ်က္ခ်င္းအေျဖမေပးဘဲ စဥ္းစားေနတဲ့ Sunghoon ကို Niki က

" ေဟ့ေရာင္ သားႀကီး မင္း ေတြေဝေနလို႔ ရေတာ့တဲ့အခ်ိန္ မဟုတ္ဘူးေနာ္... ခုနကပဲ သူတို႔ Wedding dress ေတြ သြားၾကည့္လာခဲ့တာ... မဂၤလာေဆာင္ေတာ့မယ္လို႔ ငါ ၾကားထားတယ္ "

Niki စကားေၾကာင့္ Sunghoon မွာ အေဆာကို တအံ့တၾသ ၾကည့္လိုက္ေတာ့ သူ႕ကိုေငးေနတဲ့ မ်က္ဝန္းညိုေလးေတြနဲ႕ စုံတယ္...

အဲ့ဒီ့ မ်က္ဝန္းေလးေတြကေတာ့ ပတ္ဝန္းက်င္နဲ႕ အဆက္အသြယ္ျပတ္ေနဟန္ျဖင့္ သူ႕ကိုသာ ေငးၾကည့္ေနေလရဲ႕....

" အေဆာ..."

" ..... "

" အခုခ်ိန္မွာ အေဆာက ေမာင့္ကို မမွတ္မိေသးေပမယ့္ အေဆာ မွတ္မိလာတဲ့ တစ္ေန႕ ေမာင္ဟာ အေဆာအတြက္ ဘယ္လိုလူလဲဆိုတာ သိလာရမွာပါ... အဲ့ေတာ့ အခ်ိန္ေတြမရတဲ့အတြက္ ေမာင္ အမ်ားႀကီး မရွင္းျပေတာ့ဘူး... ေမာင္ အေဆာကို ေတာင္းဆိုခ်င္တာက အေဆာ ေမာင္နဲ႕ လိုက္ခဲ့ပါ... ေမာင့္ေနာက္ကို လိုက္ခဲ့ပါ အေဆာ "

အေဆာရဲ႕ မ်က္လုံးထဲကို တည့္တည့္ၾကည့္ကာ Sunghoon ေလးေလးနက္နက္ စကားဆိုေတာ့ နားမလည္သလို အၾကည့္ေလးေတြနဲ႕ အေဆာက

" ဟို... ကြၽန္ေတာ့္ကို ဘယ္ေခၚသြားမလို႔လဲ ဟင္...ကြၽန္ေတာ္ ဒီလို လိုက္သြားရင္ Jay က စိတ္ဆိုးမွာေပါ့...ကြၽန္ေတာ္ Jay ကို ေၾကာက္တယ္...Jay စိတ္ဆိုးရင္ အရမ္းေၾကာက္စရာေကာင္းတာ... အဲ့ဒါ သူ သိရဲ႕လား ..."

" ေမာင္က အဲ့ဒီ ေၾကာက္စရာေကာင္းတဲ့ Jay နဲ႕ ေဝးရာကို ေခၚသြားေပးမယ္ေလ... ေမာင့္ေနာက္ကို လိုက္မယ္မလား ဟင္ "

" ဟင့္အင္... ကြၽန္ေတာ္ ေၾကာက္တယ္... သူ ဘယ္သူလဲ မသိဘဲ ကြၽန္ေတာ္ မလိုက္ရဲပါဘူး...ဖယ္ လႊတ္ပါ.. ကြၽန္ေတာ္ Jay ဆီ ျပန္ေတာ့မယ္ "

Sunghoon လက္ေတြကို တြန္းဖယ္ကာ ႐ုန္းကန္လာတဲ့ ေကာင္ငယ္ေလးက အခုမွ ေၾကာက္႐ြံ႕ဖို႔ သတိရဟန္ရွိပါသည္။

" ဖယ္ေပးပါ... ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါ.. ကြၽန္ေတာ္ ကြၽန္ေတာ္ ေၾကာက္တယ္ လို႔ "

" ေမာင္ေလ အေဆာရယ္... အေဆာ ဘာေတြကိုမွ မမွတ္မိရင္ေတာင္ ေမာင့္ကိုေတာ့ သတိရေပးပါကြာ...ေမာင့္ကို မေၾကာက္ပါနဲ႕ "

" ဟင့္အင္ "

ေသခ်ာေခ်ာ့ေျပာေနေပမယ့္ ႐ုန္းကန္ဆဲ အေဆာက သူ႕လက္ေတြကိုလဲ တြန္းဖယ္ေနတာ မရပ္။

" အခ်ိန္မရွိဘူးေနာ္ သားႀကီး... ဟိုက နီးလာၿပီ...မင္းမွ ေခၚခဲ့ဖို႔ ဆုံးျဖတ္ရင္ ေခ်ာ့ေျပာမေနေတာ့နဲ႕... သြားၾကမယ္ ေခၚခဲ့ေတာ့...မိသြားရင္ ကြိုင္ေနမယ္ေနာ္ ေဟ့ေရာင္ "

Jake က တိုးတိုးသတိေပးေတာ့ Niki ကပါ ေထာက္ခံသည္။

" ဟုတ္တယ္ သားႀကီး... လုပ္လိုက္ေတာ့ မင္း ေတြေဝမေနနဲ႕...မင္း ေနာက္မွာ ငါတို႔ ရွိတယ္ "

သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ အားေပးစကားေတြနဲ႕ Sunghoon ဆုံးျဖတ္ခ်က္ ပိုင္ပိုင္ခ်ကာ အေဆာလက္ဖဝါးေလးတစ္ဖက္ကို တင္းတင္းဆုပ္ကိုင္လိုက္သည္။

" ေမာင့္ကို ယုံပါ... ေမာင္ လူဆိုးမဟုတ္ဘူး... ေမာင္က အေဆာရဲ႕ခ်စ္သူပါ... ေမာင့္ေနာက္ကို ယုံယုံၾကည္ၾကည္ လိုက္ခဲ့ပါ ေနာ္...အေဆာ "

" ဟင့္အင္... ကြၽန္ေတာ္မွ သူ႕ကို မမွတ္မိဘဲ... မလိုက္ဘူးေနာ္ "

" yarr... သားႀကီး အခ်ိန္ဆြဲမေနနဲ႕ လစ္မယ္ ျမန္ျမန္လုပ္ ဟ "

အေဆာက မလိုက္ဖို႔ ျငင္း Niki နဲ႕ Jake က သြားၾကဖို႔ ေလာေဆာ္ နဲ႕ ႀကံရာမရတဲ့ေနာက္ဆုံး Sunghoon အေဆာလက္ေလးကို သူ႕လက္ဖဝါးေတြထဲ ၿမဲေနေအာင္ဆုပ္ကိုင္လိုက္ကာ ေနာက္ေဖးေပါက္ရွိရာဆီ သုတ္ေျခတင္လိုက္ေတာ့သည္။

" ေမာင့္ကို နားလည္ေပးပါ အေဆာ...ေမာင္ အေဆာကို လက္လႊတ္ဆုံးရႈံးမခံနိုင္လို႔ပါ ''

သူတို႔တစ္ဖြဲ႕ႀကီး ေနာက္ေဖးေပါက္မွအထြက္ Sunoo ၾကာေနလို႔ လိုက္လာတဲ့ Jay မွာ Toilet ထဲမွာ မေတြ႕တဲ့ Sunoo ကို တစ္ဆိုင္လုံး ႏွံ႕ေအာင္ လွည့္ပတ္ရွာရင္း ဖုန္းဆက္ကာ သူ႕တပည့္ေတြကိုလဲ ဆိုင္ပတ္ဝန္းက်င္ကို ရွာဖို႔ ဖုန္းဆက္ရင္း အခ်ိန္တခဏအတြင္း ဆိုင္ထဲမွာ Jay လူေတြနဲ႕ ရႈပ္ယွက္ခတ္သြားေတာ့သည္။

" ဆိုင္ပတ္ပတ္လည္ေနရာစုံ ရွာၿပီးပါၿပီ CEO.. ဒါေပမယ့္ အကိုေလးရဲ႕ အရိပ္အေယာင္ကို မေတြ႕ပါဘူး "

" ေတာက္!!! ဒါ ဘယ္လို ျဖစ္နိုင္မွာလဲ... ခုနကကို ငါနဲ႕အတူရွိေနတဲ့ လူတစ္ေယာက္က ႐ုတ္တရက္ႀကီး ေပ်ာက္သြားစရာလား... ေသခ်ာရွာၾကစမ္း... ေနာက္တစ္ခါ မေတြ႕ဘူး လာေျပာၾကည့္ မင္းတို႔အကုန္လုံး အေသပဲ "

Jay သူ႕ေရွ႕က တပည့္ေတြကို ေအာ္ေငါက္ကာ စားပြဲခုံကို လက္သီးနဲ႕ထုလိုက္ၿပီးေနာက္ ဆိုင္တာဝန္ခံ ကိုပါ ေအာ္ေခၚလိုက္သည္။

" ဆိုင္ တာဝန္ခံ ဘယ္မွာလဲ... အခုခ်က္ခ်င္း ငါ CCTV ေတြ စစ္မယ္... ျပင္ဆင္ထားလိုက္ "

" ဟုတ္ ဟုတ္ကဲ့ပါဗ်... လူႀကီးမင္း စိတ္တိုင္းက် ျဖစ္ေစရပါမယ္ "

ဆိုင္ထဲမွာ ျဖစ္ပ်က္သြားတဲ့ အေျခအေနေတြေၾကာင့္ စားသုံးသူတခ်ိဳ႕လဲ ထျပန္သြားကာ ဆိုင္တာဝန္ခံကလဲ CEO Park အေၾကာင္းကို သိေန သူမို႔ မ်က္ႏွာငယ္ေလးနဲ႕ စကားေျပာတာေတာင္ တုန္တုန္ယင္ယင္။

Security အခန္းထဲမွာေတာ့ CCTV ကို ကိုယ္တိုင္စစ္ေဆးေနၿပီျဖစ္တဲ့ CEO Park...

ဆိုင္တာဝန္ခံ ျပေပးတာကိုေတာင္ မေစာင့္နိုင္ေတာ့ဘဲ ကိုယ္တိုင္ စစ္ေဆးၾကည့္ေနကာ ပါးစပ္ကလဲ ေတာက္ တေခါက္ေခါက္။

ဆိုင္ေနာက္ေဖးမွာ တပ္ဆင္ထားတဲ့ CCTV ကို စစ္ေဆးၾကည့္ခ်ိန္မွာေတာ့ Sunoo လက္ကို ဆြဲ၍ အျပင္ေျပးထြက္သြားတဲ့ Sunghoon ရယ္.. အေျခအေနကို အကဲခတ္ရင္း ေနာက္ လွည့္ၾကည့္လွည့္ၾကည့္နဲ႕ Sunghoon တို႔ေနာက္ကပါသြားတဲ့ Niki နဲ႕ Jake ရယ္...

ထိုျမင္ကြင္းကို ျမင္လွ်င္ျမင္ခ်င္း Jay ေဒါသတို႔ ေပါက္ကြဲကာ လက္ထဲမွာ ကိုင္ထားတဲ့ mouse ေလးဟာလဲ နံရံဆီသို႔ အပစ္ခံလိုက္ရေလေတာ့သည္။

" ေတာက္!!! ေခြးသူေတာင္းစား Park Sunghoon!!! မင္း အဆင့္က ဒီေလာက္ပဲလားကြ ဟမ္... ဘယ္လိုေတာင္ ခိုးေၾကာင္ခိုးဝွက္ လုပ္ရပ္ေတြ လုပ္ရတာလဲ...ရွာစမ္း အဲ့ေကာင္ေတြကို... ေတြ႕တာနဲ႕ သုံးေယာက္လုံး အေသသတ္... ငါ့ေရွ႕ေရာက္လာတာ အေလာင္းပဲ ျဖစ္ပေစ "

" ဟုတ္ကဲ့ CEO "

ေဒါသတႀကီး အမိန့္ေပးသံအဆုံး ဦးၫႊတ္အရိုအေသေပးကာ ရွာပုံေတာ္ဖြင့္ဖို႔ ေျပးထြက္သြားေသာ Jay ၏ တပည့္မ်ား...

ထြက္ေျပးသြားတဲ့ Park Sunghoon တို႔ အဖြဲ႕ကေရာ...

အႏၱရာယ္မွ ကင္းပါ့မလား...

************************************

Love you all my Vitamins 💙

San Htarni 💙

2.7.2023

Comment