🙋


Hello my Vitamins,

Update လေးတော့မဟုတ်ဘူးပေါ့နော်...
ပြောစရာလေးရှိလို့ လာတာပါဗျ။ စာလေးဆုံးအောင် ဖတ်ပေးနော်...

ဘာပြောမှာလဲ ဆိုတာကတော့...

လက်ရှိရေးနေတဲ့ " လွန် " လေးကိုလေ Army Fandom ထဲက adminတစ်ယောက် ဖြစ်တဲ့ ကျွန်တော့်ညီမလေးရဲ့ ပူဆာမှုကြောင့် ကျွန်တော် Version လေး ပြောင်းရေးဖို့ပါပဲ...

ဘယ်လိုရေးမှာလဲ ဘယ်သူတွေနဲ့ရေးမှာလဲ ဆိုတော့ ကျွန်တော်တို့ရဲ့ sunsunjay နေရာမှာ BTS ရဲ့ maknae လေးတွေဖြစ်တဲ့ vminkook နဲ့ ကျွန်တော် Version လေး ပြောင်းပါမယ်လို့။

အဲ့လိုပြောင်းတဲ့အခါမှာလဲ နာမည်လေးတွေပြောင်းရုံတင်မဟုတ်ဘဲ character တွေနဲ့ ကိုက်ညီအောင် နေရာတော်တော်များများကို ပြောင်းလဲသွားမှာပါ။

ပြီးတော့ sunsunjay ထဲမှာ လိုသွားတယ်ထင်တဲ့ နေရာတွေ၊ ဟာကွက်တွေ၊ ပေါ့သွားတယ် ထင်တဲ့ နေရာတွေမှာလဲ ဖြည့်စွက်ပြီး ရေးသားအုံးမှာ ဖြစ်လို့ ဒီ Fic ရဲ့ Version နှစ်ခုဟာ လုံးဝကြီး တစ်ထပ်ထဲ တူမနေပါဘူး။

ပြီးတော့ sunsun လေးနှစ်ယောက်ရဲ့ နေရာမှာရေးထားတဲ့ ဇာတ်ကွက်လေးတွေကိုလဲ နှစ်ယောက်သားရဲ့ သံယောဇဉ်တွေကို ပိုပြီး လေးနက်အောင် ပိုပြီး ခိုင်မာတဲ့ ပုံစံလေးဖြစ်အောင် ကျွန်တော် ဇာတ်ကြောင်းလေးကို ပြောင်းပြီး ရေးသားထားပါတယ်။

ဒါကြောင့် ပြောချင်တာက ဒီ " လွန် " Version နှစ်မျိုးဟာ မတူတဲ့ ရသနှစ်ခုကို ပေးစွမ်းမယ့် Fic လေးတွေဖြစ်တယ်ဆိုတာပါပဲ။

အဲ့တော့လေ...

sunsunjay မှာ ဖတ်ထားတဲ့ ကျွန်တော့် Vitamins လေးတွေအတွက်လဲ ဆင်တူနေတာကြီး မဟုတ်လို့ အပျင်းပြေ ပြန်လိုက်ဖတ်မယ်ဆိုရင် ရသတစ်မျိုးနဲ့ ဖတ်လို့ကောင်းမယ့် Fic လေးဖြစ်ပါတယ်ဆိုတဲ့အကြောင်း ထပ်လောင်း ပြောပါရစေ။

တကယ်လို့များပေါ့...

ကျွန်တော့် Vitamins လေးတွေက ဒီ Version မှာလဲ ကျွန်တော်နဲ့အတူ ရှိနေပေးမယ်ဆိုရင် ဝမ်းသာကြည်နူးရမှာ အတိုင်းထက်အလွန်ပါပဲဗျာ...

ရေးပြီးသားကို edit ရုံပဲဆိုတော့ Update ကလဲ မကြာပါဘူး။ တစ်ပတ် နှစ်ပိုင်း (or) သုံးပိုင်းပေါ့။ sunsunjay Version ကို အမှီလိုက်ရမှာဆိုတော့ up ကတော့ မြန်မယ်ဆိုတာ စိတ်ချထားလို့ ရပါတယ်ဗျ။

ဘယ်ရက်မှာ စ တင်မလဲဆိုရင်တော့...

မကြာခင်အချိန်မှာပဲ တင်ပေးတော့မှာ ဖြစ်လို့...

ကျွန်တော့်ရဲ့ Version အသစ်နဲ့ Fic လေး Vitamins လေးတို့ဆီ Noti တက်လာခဲ့ရင် တစ်ခေါက်လောက်တော့ ဝင်ကြည့်ပေးပါအုံးနော်။

ဟုတ်ကဲ့ Version အသစ်နဲ့ ပတ်သက်ပြီးတော့ ဒါပါပဲ။

********

ဒီတစ်ခါ ကျွန်တော်တို့ရဲ့ မူရင်း sunsunjay ဆီ တစ်ခေါက်လောက် သွားကြရအောင်လား...

ဒီမှာက ဘာပြောချင်လဲဆို...

Vitamins လေးတွေ အထင်လွဲနေတာလေးတွေကို နည်းနည်းလေး ပြောပြမယ်နော်...

Fic ကို ကြိုပြီး spoil တယ်ပေါ့ဗျာ...

ဖတ်ရတဲ့ ရသ ပျက်သွားစိုးမို့ End couple ဘယ်သူ ဆိုတာတော့ ပြောမပြသေးပေမယ့် ဒီ " လွန် " မှာက သုံးပွင့်ပဲ ဆိုင်မှာပါလို့။

အဓိက ဇာတ်ကောင်တွေဟာ Sunghoon, Sunoo နဲ့ Jay ပါပဲ။

သူတို့ သုံးယောက်ထဲမှာပဲ ဘယ်သူနဲ့ end မလဲ တွေးကြည့်ကြစို့။

တကယ်တမ်းက ဒီ Fic မဖတ်ခင် intro လေးကို သေချာဖတ်မိထားရင် ဘယ်သူတွေ end couple လဲဆိုတာ သိကြမှာ မလွဲပါဘူး။

ဒါပေမယ့် အခုမှတော့ intro ကို ပြေးမသွားကြတော့နဲ့ spoil သလိုကြီး ဖြစ်မှာစိုးလို့ ကျွန်တော် ပြန်ပြင်လိုက်တာ ကြာလှပေါ့.. ဟဲဟဲ...

အဲ့ဒါကြောင့်လေ...

လမ်းကြောင်းတွေလွဲပြီး မတွေးကြပါနဲ့လို့...

စာရေးသူ ကျွန်တော်က ဇာတ်ကောင်တွေအပေါ် ချစ်တာရော..ကလေးတွေအပေါ် နဂို ချစ်တဲ့စိတ်နဲ့ရောကြောင့် ကလေးတွေရဲ့ ကာရိုက်တာတွေကို မကောင်းတဲ့ ပုံစံမျိုး မဖန်တီးရက်တော့ အကုန်လုံးဟာ ချစ်စရာ သနားစရာလေးတွေကြည့် ဖြစ်နေတာပေါ့ဗျာ...နှော...

အဲ့တော့ ကျွန်တော့် Vitamins လေးတွေက ကလေးတွေ အားလုံးကို ချစ်ပြီး သနားပြီး အကုန်လိုက် ship နေကြတော့တာပါပဲ...

အခုတော့ သိပြီနော် sunsunjay ပဲ သွားမှာလို့။

သုံးယောက်လုံးဟာ MC တွေပါ...

Main couple နှစ်ယောက်နဲ့ Main character တစ်ယောက်ပေါ့။

Team တွေကွဲနေကြတဲ့အတွက် ကိုယ့် Team က Main Couple ဖြစ်သွားရင် ပျော်ကြမှာပေမယ့် ကျန်နေတဲ့ Main Character လေးအတွက်လဲ ရင်ထဲ တသသနဲ့ ဖြစ်နေကြမယ်လို့လဲ ယုံကြည်ပါတယ်။ ကျွန်တော့်အထင်ပေါ့လေ။

ဒါပေမယ့်လဲ အဆုံးထိအောင် သေချာလေး ကြိုးစားပြီး ရေးသွားမယ်လို့ အာမခံတာကြောင့် အားလုံးပဲ ကျွန်တော်နဲ့ အတူ လိုက်ခဲ့ပေးကြပါအုံးနော်။

နောက်ဆုံး တစ်ခု ပြောချင်တာကတော့ Vitamins လေးတို့ကို ကျေးဇူးတင်နေရတဲ့ အကြောင်းလေးပေါ့။

Vote လေးတွေ ment လေးတွေနဲ့ အမျိုးမျိုးသော reading list name လှလှလေးတွေ အတွက် ကျွန်တော် ပြောမပြတတ်အောင် ဝမ်းသာကြည်နူးနေရပါတယ်လို့...

အဲ့အတွက် ကျွန်တော့််အပေါ် ယုံကြည်ပြီး အတူရှိပေးခဲ့ကြပါသော ကျွန်တော့်ချစ်သော Vitamins လေးတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ဒီနေရာကနေ ပြောပြချင်ပါတယ်နော်။

စာကြီးက မထင်မှတ်ဘဲ ရှည်သွားပြီ...

ပျင်းနေကြရောပေါ့။

ဒီလောက်ပါပဲနော်...

ကောင်းသောနေ့လေး ဖြစ်ပါစေ

Yours San Htarni 💙

Love you all....

17.5.2023

Comment