~ 9 ~

~ 9 ~

တက္ကသိုလ်ကျောင်းဝန်းကြီးထဲမှာ ဥဒဟို သွားလာနေကြတဲ့ ရောင်စုံလူငယ်လေးတွေကြား အကြည့်တို့ ဖြန့်ကျက်ထားကာ မျက်လုံးတို့က ဟိုဟိုဒီဒီ လိုက်ကြည့်ရင်း တစ်စုံတစ်ယောက်ကို ရှာဖွေနေတဲ့ Park Sunghoon...

ရောင်စုံအလှလေးတွေ ပေါများနေလည်းပဲ သူ့မျက်လုံးထဲ မတိုး... သူ ရှာဖွေနေတာက ဘာအရောင်တွေမှ စွန်းထင်းမနေတဲ့ အဖြူရောင်လေးကိုသာ....

ကန်တင်းတွေမှာ စာသင်ခန်းတွေမှာ အကုန်လိုက်ကြည့်ခဲ့ပေမယ့် သူတွေ့ချင်နေတဲ့အရာလေးကို မတွေ့။ နောက်ဆုံး Toilet ပါ မကျန်လိုက်ရှာတော့မှ အဖြူရောင်လေးရဲ့ တွဲဖက်ဖြစ်တဲ့ မျက်မှန်လေးကို တွေ့လိုက်ရသည်။

အကျိုးအကြောင်းပြောပြကာ မေးကြည့်တော့မှ အဖြူရောင်လေး ကျောင်းကို မရောက်သေးပါ တဲ့။

ဒါနဲ့ဆို သူ အဖြူရောင်လေးကို ကျောင်းမှာ လာရှာတာ လေးရက်မြောက်ခဲ့ပြီ။ တစ်ရက်တွေ့နိုး တစ်ရက် တွေ့နိုးနဲ့ပေါ့....

တစ်ရက်ကနေ နှစ်ရက် မျှော်နေသူက ကျောင်းကို မလာတော့ လူကလဲ ဘာလုပ်လုပ် စိတ်မပါတော့။

Skate ကျင့်တာတောင် အလွဲလွဲ အချော်ချော်တွေနဲ့ ရေခဲပြင်ပေါ် လဲ လဲ ကျတာ အခါခါ။

ကျောင်းမှာ လာရှာလို့ မတွေ့တိုင်း အပြန်လမ်းမှာ တိတ်ဆိတ်သွားကာ ဘာစကားမှ မပြောဘဲ တစ်ယောက်ထဲ အတွေးတွေနဲ့ ခေါင်းယမ်းခေါင်းခါ လုပ်မိတိုင်းလဲ Niki နဲ့ Jake က သတိပေးပါရဲ့... ဒီနေ့မလာ နောက်ရက်လာမှာပေါ့ အဲ့လောက် ဖြစ်မနေစမ်းပါနဲ့တဲ့...

သူတို့ဘယ်လို ပြောပြော ကိုယ် စိုးရိမ်နေတာ ကိုယ်သာ အသိဆုံးမလား....

အိမ်ပြန်ချိန်တွေ နောက်ကျခဲ့လို့ ပြာယာခတ်သွားတဲ့ အဖြူရောင်လေး အဆင်မှ ပြေပါ့မလား...

တစ်ခုခု ဖြစ်နေလို့များ ကျောင်းကို ရောက်မလာတာလား ....

ဆက်သွယ်စရာလဲ တစ်စုံတစ်ရာမရှိလေတော့ ခက်သားလား....

အဖြူရောင်လေး ပြောခဲ့ဖူးတဲ့ ပန်းခြံရှိရာ ရပ်ကွက်လမ်းကြားလေးထဲ Niki နဲ့ Jake ကို အသိမပေးဘဲ ရောက်သွားတာလဲ ခဏတိုင်းပါပဲ။

ဒါပေမယ့်လဲ အချည်းနီးသာ...

တံတိုင်းကြီးတွေ မြင့်မားစွာ ကာရံထားတဲ့ အလုံပိတ်တိုက်အိမ်ကြီးတွေကြား အဖြူရောင်လေးရဲ့ အိမ်က ဘယ်မှာများလဲ။

အရိပ်အယောင်လေးမှ မမြင် အသံလေးမှ မကြားခဲ့ရဘဲလဲ ထပ်ထပ်ပြီး သွားရှာနေမိတာက အဖြူရောင်လေးကို စိုးရိမ်နေမိလို့ပဲ ဖြစ်မှာပါ။

မူမှန်မနေတဲ့ သူ့ရဲ့ ပုံစံကြောင့်ပဲ Niki နဲ့ Jake က ပြောတယ်... မင်း အဲ့ဒါ အချစ်နဲ့ ထိတွေ့မိတာ... တဲ့...

ဒါပေမယ့်လဲ ဒါဟာ အချစ်ပါလား လို့ ကိုယ်ပုံသေမမှတ်ယူရဲသေးဘူး အဖြူရောင်လေး ရယ်...

ကိုယ်တို့ တွေ့ဆုံချိန်တွေ နည်းခဲ့သေးတယ်မလား...

ဒီလောက်အချိန်တိုလေးမှာလေ...

အချစ်ဆိုတာ ဖြစ်ပေါ်လို့ ရပါသလား....

ကိုယ်ကတော့ ဝန်မခံချင်သေးဘူး...

ကိုယ်ဖြစ်ပျက်နေတာ အားလုံးက မင်းကို စိုးရိမ်နေမိလို့ပဲ... အချစ်ကြောင့် မဟုတ်ပါဘူး။

ကျောင်းကို မရောက်သေးဘူးဆိုတဲ့ စကားကြောင့် အခန်းတွေဘက် ပတ်ရှာနေရာမှ ကျောင်းအဝင်ဝကို မြင်သာတဲ့ အုတ်ခုံလေးမှာသာ ထိုင်နေရင်း စောင့်နေမိတော့သည်။

ဒီနေ့တော့ မင်း ပေါ်လာနိုင်ကောင်းပါရဲ့ အဖြူရောင်လေးရေ...

ကိုယ်ကတော့ တာဝန်မပျက် အချိန်တွေ ကုန်တဲ့အထိ စောင့်နေမိမှာပါပဲ....

ကိုယ့်ဘေးမှာတော့ ကိုယ့်ကိစ္စကို ကိုယ့်ထက်ပင် အားတက်သရော်ဖြစ်နေတဲ့ Niki နဲ့ Jake တို့နှစ်ယောက်ကလဲ မပါမဖြစ်ပေါ့။

"အချိန်ကပ်နေပြီ သားကြီး ... သူ လာပါအုံးမလား "

Niki ရဲ့ သတိပေးစကားမှာ မပြန်ချင်သေးတဲ့ ကိုယ့် စိတ်အခံကြောင့်

" ခဏတော့ ထပ် စောင့်ကြည့်အုံးမယ် ကွာ "

" မင်း Company နဲ့ ဝတ်စုံတွေ ဓာတ်ပုံရိုက်မယ့်ကိစ္စ meeting ရှိတယ်ဆို... အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားကွာ သားကြီး "

Jake ကပါ အတည်စကားတွေ ဝင်ပြောလာတော့

" အေးပါ... ငါ သိပါတယ်... တကယ် ခဏလေးပါ"

"Company နဲ့ ချိန်းထားတာ ဆယ်နာရီဆို သားကြီး... ခုကို ကိုးနာရီ ကျော်နေပြီလေကွာ... သွားမှာ လာမှာနဲ့ ဘာကို ခဏလေးချင်နေတာလဲ "

" ခွဲရင် သွားမယ်ကွာ... ကိုးခွဲထိ ပဲ ဆက် စောင့်မယ် "

" ဟူးးး ချစ်နေတာပါ ပြောတော့ ဝန်မခံဘူး... မင်း ပုံစံက ရည်းစားပူမိနေတဲ့ရုပ် ပေါက်နေပြီ Park Sunghoon ရေ... "

"မဟုတ်ပါဘူးဆိုကွာ.... ငါ တကယ် စိုးရိမ်နေလို့ပါ... သူ အဆင်ပြေသလား သိချင်ရုံပါ "

" အေးပါကွာ...ထားလိုက်တော့... မင်း ပြောသလို ပဲ ထားလိုက်တော့ "

သူငယ်ချင်းကို ဇွတ် အချစ်နဲ့ တွေ့ခိုင်းနေတဲ့ Jake နဲ့ Niki ရယ်... မဟုတ်ပါဘူး ဇွတ်ငြင်းနေတဲ့ Sunghoon ရယ်... အုတ်ခုံလေးပေါ်မှာ ခဏတော့ ငြင်းခုန်သံလေးတွေ စီသွားသေးတယ်။

ထိုစဉ်မှာပဲ Sunghoon ဆီသို့ နည်းပြကြီးဆီမှ ဖုန်းဝင်လာတော့သည်။

" သားရေ... Company သွားရမယ်နော်... နောက်ကျလို့မကောင်းဘူး... ပြန်လာခဲ့တော့ " တဲ့

နည်းပြကြီး ဆီက ဖုန်းလဲချရော သကောင့်သားနှစ်ယောက်က ပေထိုင်နေတဲ့ Sunghoon လက်ကိုဆွဲကာ အတင်းထူပြီး သွားဖို့ ဇွတ်ပြောလာတာကြောင့် နေရာမှ မထချင် ထချင်နဲ့ ထ ကာ အိမ်ပြန်လာခဲ့ရတော့သည်။

ပြန်သာ လာရတယ် စိတ်တွေလဲ မပျော်ပါဘူး...

မြင်ချင်တဲ့ မျက်နှာလေးကို မမြင်ခဲ့ရလို့....

သူတို့လေးတွေ ထ ထွက်လာတဲ့ အချိန်မှပေါ့ အုတ်ခုံလေးကို ကျော်လို့ အနက်ရောင် ပြောင်လက်နေတဲ့ Limited ကားကြီးတစ်စီး ဖြတ်သွားခဲ့တယ်။

ကျောင်းရှေ့ကို ရောက်တဲ့အခါ ထိုးရပ်လိုက်တဲ့ ကားကြီးပေါ်က Limited edition brand တစ်ခုဖြစ်တဲ့ အနက်ရောင်နာရီကို ပတ်ထားတဲ့ လက်တစ်ဖက်က ကားတံခါးကို တွန်းဖွင့်လို့ ပေါ်လာခဲ့တယ်။

အဲ့ဒီနောက်မှာပဲ shoe အနက်ရောင်ကို စီးထားတဲ့ ခြေထောက်တစ်ဖက် ကားထဲက ထွက်လာပြီး ကားအပြင်ကို အလုံးစုံ ထွက်ရပ်လိုက်တဲ့အခါမှာ suit အနက်ရောင်ကို body fit ကျကျ ဝတ်ဆင်ထားတဲ့ gentle man ဆန်ဆန် အမျိုးသားတစ်ယောက်...

အနက်ရောင်ဆံပင်တွေကို နဖူးပေါ်အောင် နောက်လှန်ဖီးထားပုံက သေ​သေသပ်သပ်...

တည်တံ့တဲ့ မျက်နှာထားနဲ့ အနားသတ်တို့ ​သေသပ်ကျနကာ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးလေးတို့ မပြုံးရယ်တာကြောင့်ပဲ သူ့မျက်နှာထားက တည် တင်း နေသယောင်...

ဘေးပတ်ဝန်းကျင်ကို စူးရဲ တဲ့ အကြည့်တစ်ချက် တို့ ဝေ့ဝဲကာ ပို့လိုက်ပြီးမှ ကားတစ်ဖက်သို့သွားကာ တံခါးကို ဖွင့်ပေးလိုက်တဲ့အချိန်မှာတော့ ခေါင်းစ ခြေအဆုံး အဖြူရောင်လေးတွေကိုသာ ဆင်မြန်းထားတဲ့ ကောင်ငယ်လေးက ကားပေါ်က ဆင်းလာတယ်။

နံနက်ခင်း နေရောင်အောက်မှာ အရောင်လေးတွေလက်နေတဲ့ ငွေရောင်ဆံနွယ်လေးတွေကလဲ ဒီကောင်လေးရဲ့ အမှတ်အသားတစ်ခု။

ဒီကောင်ငယ်လေးကို မြင်လိုက်ရမှ  အနက်ရောင်တို့ရဲ့ ပိုင်ရှင် အမျိုးသားရဲ့ စောစောက တည်တင်းနေတဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ဖြစ်ထွန်းလာတော့တယ်။

အနက်ရောင် အမျိုးသားဟာ အဖြူရောင် ကောင်ငယ်လေးရဲ့ ပွယောင်းယောင်း ဖြစ်နေတဲ့ ဆံနွယ်အုပ်အုပ်လေးတွေကို လက်လေးနဲ့ ဖိကာ သပ်ရပ်အောင် ပြင်ဆင်ပေးနေရင်း ပါးစပ်ကလဲ တစ်စုံတစ်ရာကို ပြောဆိုနေကာ တစ်ခုခုကို မှာကြားနေဟန်။

ဒါကိုပဲ အဖြူရောင်လေးက ခေါင်းလေး ညိမ့်ကာ ညိမ့်ကာနဲ့ နာခံဟန်ပြနေသည်။ ပြီးနောက် အနက်ရောင် အမျိုးသားဟာ အဖြူရောင်လေးရဲ့ နဖူးပြင်လေးထက် အနမ်းတစ်ပွင့်ချွေလိုက်ပြီး မကြာခင်မှာပဲ အဖြူရောင်လေး  ကျောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့တယ်။

အဖြူရောင်လေး ကျောင်းထဲကို ရောက်သွားပြီဆိုမှ အနက်ရောင် ကားကြီးဟာလဲ ကျောင်းရှေ့ကနေ ထွက်ခွာသွားတော့တယ်။

ဒီမြင်ကွင်းတွေကိုတော့ အုတ်ခုံလေးပေါ်က ထပြန်သွားခဲ့တဲ့ သူငယ်ချင်းသုံးယောက်က မမြင်နိုင် မတွေ့နိုင်တော့ပါဘူး...

သူတို့လေးတွေ တေ့လွဲ လွဲခဲ့ပြီလေ။

ဒီ မြင်ကွင်းလေးကို အုတ်ခုံလေးပေါ် ထိုင်စောင့်နေခဲ့တဲ့ ကောင်လေးသာ မြင်တွေ့ခဲ့မယ်ဆိုရင်.....

.
.
.

စားသောက်ဆိုင်တစ်ခုရဲ့ သီးသန့်ခန်းထဲမှာတော့  Park Group ရဲ့ CEO ဖြစ်သူနဲ့အတူ ခန္ဓာကိုယ်တောင့်တောင့် အနောက်တိုင်းဆန်ဆန် မျက်နှာပေါက်နဲ့ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ ခန္ဓာကိုယ်ကျစ်လစ်တောင့်တင်းမှုကို လှစ်ဟပြနေသယောင် body fit ဖြစ်နေတဲ့  လည်ပိတ်
ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်....

သူတို့နှစ်ယောက်ရဲ့ အလယ်က စားပွဲပေါ်မှာတော့ စာရွက်စာတမ်း အချို့ရယ် ဓာတ်ပုံအနည်းငယ်ရယ် တင်ထားလေသည်။

" အဲ့ဒီတော့ ဒါတွေက အဲ့ကောင်လေးရဲ့ profile အကုန်ပေါ့ "

" ဟုတ်ပါတယ် Boss... ဒါ အကုန်ပါပဲ... ဘာမှ သိပ်မထူးဆန်းတဲ့ ဘဝနေထိုင်မှုနဲ့ ရိုးရိုး ရှင်းရှင်း မိသားစုတစ်ခုကပါပဲ.... သူ့ နောက်ကြောင်းလိုက်ရဖို့လဲ ဘာမှ မခက်လိုက်ပါဘူး "

"အင်း..."

"အရမ်းကို သေးသေးနုပ်နုပ်လေးပါ Boss ရယ်...Boss က စုံစမ်းခိုင်းတော့ ကျွန်တော် နည်းနည်းအကောင်ကြီးမယ် ထင်နေတာ "

" အကောင်ကြီးရင် လှုပ်ရှားတာ မြင်ရမယ်မလား Leo... ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ အရာတွေက ဖယ်ရှားဖို့ပဲ ဖြစ်ဖြစ် ရှင်းထုတ်ဖို့ပဲဖြစ်ဖြစ် လွယ်ကူပေမယ့် အဲ့လို အသေးအမွှားလေးတွေက မမြင်နိုင်တဲ့ နေရာတွေကနေ ဝင်လာပြီး လူကို ဒုက္ခပေးတတ်တယ်...သေးသေးမွှားမွှားလေးတွေ စုပုံသွားပြီးလဲ အင်အားကြီးတဲ့ အရာတစ်ခု ဖြစ်သွားတတ်တယ်... ဒါ့​ကြောင့် အသေးအမွှားလေးဆိုပြီး လျှော့မတွက်နဲ့..."

"ဟုတ်ကဲ့ ကျွန်တော် မှတ်ထားပါ့မယ် Boss "

" ဘယ်တော့မှ သတိမလွတ်စေနဲ့ သတိဆိုတာ ပိုတယ် မရှိဘူး "

"ဟုတ်ကဲ့ Boss... ဒါဆို ကျွန်တော် ဘာဆက် လုပ်ရမှာလဲ "

" မင်း တာဝန်က ဘေဘီ့ နောက်ကို လိုက်ဖို့ပဲ... သူ ဘာလုပ်တယ် ဘယ်သွားတယ်... ဘယ်သူနဲ့ အတူရှိတယ်ဆိုတာ အကုန် ငါ့ကို သတင်းပို့...  ရှေ့တော့မထွက်နဲ့ .... မင်း သူ့နောက်လိုက်နေတာကို ဘေဘီ မရိပ်မိစေနဲ့... ငါ့လူတွေကို သူက အကုန်သိနေတော့ အဲ့ကောင်တွေကို ခိုင်းလို့က အဆင်မပြေဘူး... "

" ဟုတ်ကဲ့ပါ Boss "

" ပြီးတော့ အဲ့ကောင်လေး... "

Jay စားပွဲပေါ်က ဓာတ်ပုံကို လက်ညှိုးထိုးပြလိုက်ကာ

" အဲ့ကောင်လေးကိုလဲ မျက်ခြေမပြတ်စေနဲ့... သူ့အကြောင်းကိစ္စတွေအားလုံးကိုလဲ ငါ သိချင်တယ် "

" စိတ်ချပါ...  Boss ဖြစ်စေချင်သလို ဖြစ်ရပါစေမယ် "

"အင်း... အရင်က အတွင်းရေးမှူး Lee ကို စောင့်ကြည့်ခိုင်းထားပေမယ့် သူက ငါ့စိတ်ကို သိတော့ တချို့ကိစ္စတွေမှာ ထိန်ချန်ထားမယ် ထင်နေလို့... ပြီးတော့ သူက Company အလုပ်တွေနဲ့လဲ ရှုပ်နေတဲ့လူ... ဘေဘီ အနား အမြဲမရှိနိုင်တော့ ငါ မသိလိုက်တဲ့ အချိန်တွေမှာ ဘေဘီ တစ်ခုခု လွဲချော်သွားမှာမျိုးလဲ ငါ မလိုလားဘူး... အဲ့တော့ အခု မင်းကို ငါခိုင်းတာ ဒီအလုပ်တစ်ခုပဲမို့ သေချာတိကျအောင် လုပ်ပါ... ကိစ္စရပ်တိုင်းကို ငါ မသိလိုက်ရတာမျိုး မဖြစ်ပါစေနဲ့ "

"စိတ်ချပါ Boss... ကျွန်တော် သဘောပေါက်ပါတယ်... "

" Ok Ok ရော့ ဒါ မင်းအတွက် အသုံးစရိတ်... တခြား လိုအပ်တာရှိလဲ ပြော "

စားပွဲပေါ်သို့ အတန်ကြီးကြီး ပိုက်ဆံတစ်အုပ် ပစ်တင်လိုက်ကာ စကားကို လက်စသတ်လိုက်တော့ Leo က သဘောပေါက်စွာ ပိုက်ဆံကို ယူပြီး ဦးညွှန့် အရိုအသေပေးကာ အခန်းထဲမှ ထွက်သွားလေတော့သည်။

Leo ဆိုတာ Jay လက်သပ်မွေးထားတဲ့ ကောင်လေးတစ်ယောက်ပင် ဖြစ်သည်။

တရုတ် အမေရိကန် ကပြားလေးဖြစ်ကာ

သွေးအေးသည်...

လျှင်မြန်သည်...

သွက်လက်သည်...

ပြီးတော့ ရက်စက်ရမယ့်နေရာ ဘယ်တော့မှ နောက်မတွန့်တတ်တဲ့ လူမျိုးပင် ဖြစ်သည်။

တဖက်နိုင်ငံက ထွက်ပြေးလာကာ korea ကို မှောင်ခိုဝင်လာရင်း ဒုက္ခရောက် နေရာမှ Jay နဲ့တွေ့ကာ ကူညီပေးရာမှ Jay ရဲ့ လက်အောက်ခံ ဖြစ်လာခဲ့သူ တစ်ယောက်ပင် ဖြစ်တော့သည်။

Jay ခိုင်းတဲ့ ဘယ်လို ကိစ္စမျိုးမဆို အတိအကျ လက်စသတ်ပြီးသား...

Leo ဟာ Jay ရဲ့ လူပါလို့ သိတဲ့လူ မရှိ။ ထို့ကြောင့် Leo ရဲ့ လှုပ်ရှားမှုတွေဟာ Jay ဆီက လာတယ်ဆိုတာ မသိကြ။ အဲ့တော့လဲ Jay အတွက် ဘေးရန်ကင်းတာပေါ့။

Jay က Leo ကို တော်တန်ရုံကိစ္စမျိုးတွေမှာ မခိုင်းတတ်။ အတွင်းရေးမှူး Lee လှုပ်ရှားဖို့ မသင့်တော်တဲ့ ကိစ္စမျိုးတွေမှာသာ Leo ကို အသုံးပြုသည်။ နေရာတိုင်း အသုံးပြုရင် သူ့လူဆိုတာ အနံ့ခံကောင်းတဲ့ ပြိုင်ဖက်တွေက အနှေးနဲ့ အမြန် သိသွားကြမယ် မလား....

ဒါ့ကြောင့် Leo ကို ဘယ်တော့မှ လူလုံးထွက်မပြခိုင်း...

အရေးတကြီး လိုအပ်မှသာ Jay ဘက်က စတင်ဆက်သွယ်ပြီး တိတ်တဆိတ်သာ တွေ့ဆုံတတ်သည်။ ဒါကို အတွင်းရေးမှူး Leeတောင် သိတာမဟုတ်ပေ။

Leo ထွက်သွားတာနဲ့ စားပွဲပေါ်က Park Sunghoon ဆိုတဲ့ ကောင်လေးရဲ့ အချက်အလက်တွေကို ယူကာ ကြည့်လိုက်မိသည်။

ဒီကောင်လေးက အခုအချိန်မှာ အားကိုးမရှိ တစ်ယောက်ထဲ ရပ်တည်နေရတာကြောင့် သေးနုပ်တယ် ထင်ရပေမယ့် အရင်အချိန်တွေ တုန်းကတော့ ရွှေထီးဆောင်းခဲ့ရဟန် တူပါသည်။

သူ့အမေရဲ့ အောင်မြင်မှုတွေကလဲ ရွှေတံဆိပ်ပေါင်းများစွာနဲ့ ရာဇဝင်လှခဲ့ဟန်.... Figure Skate လောကမှာ ယခုအချိန်အထိ လူတိုင်း အတုယူ စံထားနေရတုန်း။

ဒီကောင်လေးရဲ့ ငယ်ဘဝ profile မှာလဲ ထိုနည်းလည်းကောင်း အသက်အရွယ်အလိုက် ရထားတဲ့ ဆုတံဆိပ်တွေတသီကြီးနဲ့...  နိုင်ငံတွင်းပြိုင်ပွဲတွေမှာလဲ ရှေ့ဆုံးက ဦးဆောင်ထားကာ ... နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တစ်ခုမဟုတ် တစ်ခု ဆွတ်ခူးထားသေးသည်။

အလားအလာရှိတဲ့ ကစားသမားတစ်ယောက်ပဲ...

Jay ဟာ အမြော်အမြင်ရှိတဲ့ စီးပွားရေးသမားတစ်ယောက်ပီပီ အောင်မြင်မှုကို မက်မောတတ်တဲ့ လူတစ်ယောက် ပီပီ ဒီလို အောင်မြင်မှုတွေကို ဆုပ်ကိုင်ထားနိုင်တဲ့ ကြိုးစားနေတဲ့ လူငယ်တွေကိုလဲ နှစ်သက်သဘောကျတတ်ပြန်ပါ​သေးသည်။

ထို့ကြောင့်  ဒီကောင်လေးရဲ့ အောင်မြင်မှုတွေ...  ရှေ့ဆက်ပြီး ဖြစ်မြောက်လာမယ့် အလားအလာတွေကိုတော့ သဘောကျမိတာ အမှန်။

စားပွဲပေါ်က ဓာတ်ပုံကို ယူကာ သေသေချာချာ ကြည့်လိုက်ပြီး

" အဟင်း... မင်းက သေးသေးနုပ်နုပ်လေးလို့ ထင်ရပေမယ့်လည်း... တပြိုင်တည်းမှာ အောင်မြင်ကျော်ကြားပြီး ကြီးကျယ်ခမ်းနားတဲ့  လူတစ်ယောက်လဲ ဖြစ်သွားနိုင်တာပဲ...ဘေဘီ့အနားမှာ ရှိနေလို့ သဘောမကျမိပေမယ့် မင်းအရည်အချင်းတွေကိုတော့ နှစ်သက်မိသား "

ရုပ်ရည်ကလဲ အပြစ်ပြောစရာမရှိအောင် ချောမောပြေပြစ်ကာ အရည်အချင်းရှိတဲ့ အားကစားသမားတစ်ယောက်အတွက် အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာရှိနေတာပဲမလား.....

Figure Skate လောကမှာလဲ ice price နတ်ဆိုးလေးဆိုပြီး လူသိများကာ ကျော်ကြားနေပြန်ပါသတဲ့...

သူ့ရဲ့ ဂျစ်ပေါက်ပေါက်ပုံစံကြောင့် Sponsor တွေဟာ ဘယ်တော့မှ မမြဲခဲ့ပါဘူးတဲ့....

ခု နောက်ဆုံး Sponsor ပေးနေတဲ့ Company က Sport Light ဆိုတဲ့ အားကစား ပစ္စည်းထုတ်တဲ့ Company ဆိုပါ့လား...

ခု လက်ရှိ ဒီ Company နဲ့လဲ အ​ခြေအတင် ဆိုပါ့လား

Sport Light...

ဒီ Company က ကိုယ်ကျိုးကိုသာ ကြည့်ကာ တဖက်ကတွဲဖက်အပေါ် ဂုတ်သွေးစုတ် အမြတ်ကြီးစားတတ်ကြောင်း နာမည်ကြီးနေတဲ့ Company တစ်ခုပင်။

ဟား ဟား ဟား Sport Light... အမြင်တော့ရှိသားပဲ ဒီလိုအရည်အချင်းရှိပြီး ထောက်ပံ့မှု လိုအပ်နေတဲ့ ကစားသမားမျိုးကို ရှာတတ်ဖွေတတ်တယ်။

အင်း... ဘယ်အချိန်ထိ လက်တွဲမြဲမလဲ စောင့်ကြည့်ရအုံးမှာပေါ့....

.
.
.

ညနေ ကျောင်းဆင်းချိန်တွင် ဖြစ်သည်။

" မင်း ဘဲကြီး လာကြိုမှာလား Sunoo "

" မဟုတ်ဘူး  အစည်းအဝေးရှိလို့ Driver ပဲလွှတ်လိုက်မယ်ပြောတယ် "

" သာယာပါတယ်ကွာ... မင်းကြည့်ပြီး ငါ အားတွေကျနေတာ အရမ်းပဲ "

" ဘာ အားကျစရာ ရှိလို့လဲ Jungwon ရယ်... တစ်နေရာမှ လွတ်လပ်မှုမရှိတဲ့ ပိတ်လှောင်ခံထားရတဲ့ ဘဝကြီးကို "

" မြင်အောင် ကြည့်စမ်းပါကွာ... အဲ့ဒါ ဘဲကြီးရဲ့ ချစ်တတ်မှုတွေပါ ကွ"

" မင်း ရှေ့နေလိုက်ခ ဘယ်လောက်ရလဲ ပြောပါအုံး... အမြဲတမ်း ငါ့ဘက်မှာ နေမယ်မရှိဘူး Jay ကောင်းကြောင်းပဲ ပြောပြောနေတယ် "

" ငါက အမှန်တွေ ပြောနေတာကို "

" ထားပါ မင်းမှ မခံစားဖူးတာ မွန်းကြပ်မှုဒဏ်ကို ဘယ် ကိုယ်ချင်းစာတတ်ပါ့မလဲ "

" အားး ငါ မေ့နေတာကွ မင်းကို ပြောမလို့ "

" ဘာကြီးလဲ "

ကျောင်းရှေ့လှေကားမှာ ကားလာကြိုတာ စောင့်ရင်း Sunoo နဲ့ Jungwon စကားပြောနေကြခြင်းဖြစ်သည်။

ပြောနေရင်း Sunoo လက်မောင်းကို ရိုက်လိုက်ကာ ထ အော်နေတဲ့ Jungwon...

" မနက်က မင်းကို လူတစ်ယောက် လာမေးနေတယ် ကွ "

"အင်... ဘယ်က လူလဲ "

" ငါလဲ ဘယ်သိပါ့မလဲ တစ်ခါမှ မမြင်ဖူးဘူး... ငါတို့ အရွယ်ပဲရှိမယ် ထင်တယ်...  အရပ်ကြီးက အရှည်ကြီးနဲ့ကွာ မျက်ခုံးထူထူ ဆံပင်အရောင်က မင်းနဲ့ ခပ်ဆင်ဆင်ပဲ ပြီးတော့ ချောလဲချောတယ်ကွ "

"အာ... ဒါဆို Sunghoon နေမှာပါ... ကျန်တာ ငါ့ကို လာမေးမယ့်လူမှ မရှိတာ "

" ဘယ်က Sunghoon လဲ... မင်းနဲ့ ဘယ်လိုပတ်သက်တာလဲ.. ငါလဲ မသိရပါလား "

"အင်း ဟုတ်တယ် မင်းမသိဘူး... ငါနဲ့ ခင်တာလဲ သိပ်မကြာသေးပါဘူး... ဒီလိုပဲ သွားရင် လာရင်း တွေ့ပြီး ခင်ကြတာ "

"ဟင်.... ခင်တာ မကြာသေးတဲ့ လူက မင်းကို ဘာလို့ ရှာနေတာလဲ အဲ့ဒါဆို "

"ဒါတော့ ဘယ်သိမလဲ.. ဘာကိစ္စရှိလို့မှန်းမှ မသိတာ "

" မင်းတို့ကြားမှာ  အဲ့လို လာရှာရမယ့် ကိစ္စတွေ ရှိနေလို့လား "

" အာ မရှိပါဘူး အဲ့လိုက "

"အင်း... အရှုပ်တွေတော့ လုပ်မယ် မကြံနဲ့နော်... ကိုယ့်အကြောင်းကို သိ "

" အမလေးး အိမ်မှာဆို Jay ကျောင်းမှာဆို Yang Jungwon ခင်ဗျားလေးတို့နှစ်ယောက်ကိုပဲ ကြောက်နေရတယ်နော်... ကျုပ်က ဘာလုပ်မှာမလို့လဲ... သတိတွေ လာပေးနေရအောင် "

" သတိပါဆို လုပ်မှ ပေးရမလားကွ... မလုပ်ခင်ထဲက မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုတင်ပြီး ပေးတာပေါ့... ဒါကလဲ မင်းကို စိတ်ပူလို့ပါ "

"အေးပါ Jungwon ရယ်... မင်း စေတနာကို ငါ သိပါတယ်.. ငါကလဲ ဘာ~~ "

" bro!!!! "

ကျွန်တော့်စကားကို အဆုံးမသတ်လိုက်ရ။ နောက်ကနေ အကျယ်ကြီး အော် ခေါ်လိုက်တဲ့ အသံကြောင့် တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားကာ လှည့်ကြည့် လိုက်တော့ Park Sunghoon...
တစ်ယောက်ထဲတော့ မဟုတ်ပေ။ သူ့နောက်မှာ တခြား ကောင်လေးနှစ်ယောက်လဲ ပါလာကာ လှေကားတွေအတိုင်း ပြေးဆင်းလာလေသည်။ အနားရောက်တော့ ကျွန်တော့်အနား ဝင်ထိုင်လိုက်ကာ

" ဒါကြောင့် ကိုယ့်စိတ်က ထင်နေတာ... bro ကျောင်းမှာ ရှိနေလောက်တယ်လို့... ကိုယ်က အတန်းတွေဘက် ပတ်ရှာနေတာရယ်... bro က ဒီမှာ ရောက်နေတာပဲ "

" ဟုတ်ကဲ့ အိမ်ကလာကြိုတာ စောင့်နေတာပါ Sunghoon shii "

" ဪ လာကြိုမှာလား "

"ဟုတ်ကဲ့... ဒါနဲ့ မနက်တုန်းက ကျွန်တော့်ကို လာရှာသေးတယ်ဆို ဘာဖြစ်လို့လဲ ဟင်"

" အာ.. အဲ့ဒါကလေ... ဟို bro ကို ကျောင်းမှာ မတွေ့မိလို့ မေးကြည့်တာပါ အဟဲ "

" ဟုတ်တယ်ဗျာ... ကျွန်တော့်သူငယ်ချင်းက ဒီက Kim Sunoo ကို မတွေ့ရလို့တဲ့ ခုရပ်ပိုင်း တမှိုင်မှိုင် ဖြစ်နေတာ "

" ဗျာ..."

ဘေးမှာ ရပ် နေတဲ့ Jake က ဝင်ပြောလိုက်တော့ မျက်ဝန်းညိုလေးတွေက နားမလည်ဟန်နဲ့ မော့ကြည့်လာသည်။

Jake ကပဲ

" လာဗျာ ကျွန်တော်တို့ မိတ်ဖြစ်ဆွေဖြစ်ပေါ့ တစ်ဆိုင်ဆိုင်ထိုင်ပြီး စကားပြောရအောင်... ဒီလှေကားကြီးမှက လူသွားလူလာနဲ့ မကောင်းပါဘူး "

အားလုံးကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်တဲ့ Jake  စကားမှာ Sunoo က

" ကျွန်တော် အချိန်မရတော့ဘူးဗျ... ခဏနေ အိမ်က ကား လာတော့မှာ "

ထို့ကြောင့် Sunghoon ကပဲ ထပ်ပြီး တောင်းဆိုလိုက်ရသည်။

" ခဏပဲဖြစ်ဖြစ် လိုက်ထိုင်ပေးပါ bro ကလဲ ... ဒီက ကိုယ့်သူငယ်ချင်းတွေနဲ့လဲ မိတ်ဆက်ပေးချင်လို့ "

" လိုက်ခဲ့လိုက်ပါဗျာ... ကျွန်တော်တို့လဲ Sunoo နဲ့ ခင်ချင်လို့ပါ... အိမ်မှာဆို ကျွန်တော်တို့ကောင်ကြီးက Sunoo အကြောင်းတွေ ခဏတိုင်း ပြောနေတာလေ "

" ဗျာ... ကျွန်တော့်အကြောင်း... Sunghoon က ကျွန်တော့်အကြောင်း ဘာတွေ ပြောတာလဲ "

" Sunoo က တအား သဘောကောင်းတယ်ဆိုတဲ့ အကြောင်းတွေပေါ့... bro ကလေ bro ကလေ နဲ့ ကျွန်တော်တို့မှာ လူ မမြင်ဖူးသေးဘူး နာမည်က ရင်းနီးနေတာ... အဲ့ဒါ့ကြောင့် ဟင်း ဟင်း မိတ်ဆက်ချင်လို့... ခဏလေးပဲဖြစ်ဖြစ် လိုက်ခဲ့ပါ "

Niki ကပါဝင်ပြောလာတော့ Sunoo က အားနာလာပုံရပါသည်။ ဘေးက မျက်မှန်လေးကိုလဲ လှည့်ကြည့်ကာ ဆုံးဖြတ်ရခက်နေပုံဖြင့်...

ထို့ကြောင့် Sunghoon က ထပ်ပြီး တောင်းဆိုလိုက်မိသည်။

" နော်... bro "

ထိုအခါကျမှ Sunoo က

" ကောင်းပြီလေ... ဒါဆို ခဏတော့ လိုက်ထိုင်မယ်နော်... ကျွန်တော်က အချိန်မရလို့ပါ "

" သိပါတယ်... ကျွန်တော် bro ရဲ့ အိမ်ပြန်ချိန်တွေကို နောက်ကျအောင် မလုပ်ပါဘူး "

" ဟုတ် "

ကျွန်တော့်အပြောကြောင့် Sunoo ရဲ့ မျက်နှာလေးက ပြုံးယောင်သန်းသွားပြီးမှ လွယ်အိတ်လေးကို ပြင်လွယ်ကာ ထ ရပ်လိုက်သည်။ ပြီး သူ့ဘေးက မျက်မှန်လေးကိုပါ လိုက်ခဲ့ဖို့ ခေါ်ပြီး သူတို့ ငါးယောက် Canteen များ ရှိရာဆီ ချီတက်ခဲ့ကြတော့သည်။

ဆိုင်ရောက်တော့ ငါးယောက်သား မြန်မြန်ရမယ့် အစားအသောက်တွေကို မှာကြားပြီးတာနဲ့ Sunghoon က သူငယ်ချင်းတွေနဲ့ Sunoo ကို မိတ်ဆက်ပေးတော့သည်။

" ဟေ့ရောင်တွေ ဒါကတော့ မင်းတို့သိပြီးသား Kim Sunoo တဲ့...  bro ဒါကတော့ ကိုယ့် သူငယ်ချင်းတွေပါ သူက Jake တဲ့ Aussie သား ခုတော့ ဒီမှာပဲ နေတယ်...   သူကတော့ Niki တဲ့ Niki က ဂျပန်ကလေ... မိဘတွေက ဟိုမှာကို သူက ဒေါ်လေးနဲ့ နေပြီး ဒီမှာ သောင်တင်နေတာ "

" Hi bro... I'm Jake ... Nice to meet you... "

" ဟုတ်ကဲ့ ကျွန်တော် Kim Sunoo ပါ "

" はじめまして... Nishimura Riki です"

" ဗျာ..."

Jake နှုတ်ဆက်တာကို ပြန်နှုတ်ဆက်လို့အပြီး Niki ရဲ့ ဂျပန်လို နှုတ်ဆက်တာကို နားမလည်လို့ ကျွန်တော့်ဆီ လှည့်ကြည့်လာတဲ့ အဖြူရောင်လေးက ပြူးကြောင်ကြောင်လေး...

တစ်ယောက်တမျိုးနဲ့ နှစ်ယောက်နှစ်မျိုး နှောက်နေတဲ့ ဒီကောင်တွေနဲ့တော့ ခက်ပြီ...

ဒါ့ကြောင့် Sunghoon ကပဲ ကြားကနေ ဝင်ပြီး

" တွေ့ရတာဝမ်းသာတယ်လို့ ပြောနေတာပါ bro... သူ့နာမည် အပြည့်အစုံက Nishimura Riki လို့ ခေါ်တယ်.... "

"အာ... ဟုတ်ကဲ့ဗျ... အဟီး ကျွန်တော်က ဂျပန်လိုကျ နားမလည်လို့ ... ကျွန်တော်လဲ တွေ့ရတာဝမ်းသာပါတယ် Niki "

အားတုန့်အားနာဟန်လေးနဲ့ သွားတွေပေါ်အောင် ပြုံးပြနေကာ ပြန်နှုတ်ဆက်နေတဲ့ အဖြူရောင်လေးကို...

" အဲ့ကောင်တွေက အဲ့တိုင်းပဲ bro... တစ်ချက်တစ်ချက် ထ ထ ကြောင်တာ "

" မင်းကလဲ ငါတို့က မိတ်ဖြစ်ဆွေဖြစ် ကိုယ့်မိခင်ဘာသာစကားနဲ့ နှုတ်ဆက်တာကို ထ ကြောင်တယ်ရယ်လို့.... ကျွန်တော်တို့က မကြောင်ပါဘူး Sunoo ရယ်... တကယ်တမ်း ကြောင်နေတာက အဲ့ကောင် "

Niki က ပြောတော့ Sunghoon က ပြန်ချေ သည်။

" ငါ ဘယ်မှာ ကြောင် နေလို့လဲ "

" ခုပဲလေ မင်း ကြောင်နေတာ Sunoo ကို... အဟမ်းးး ဟမ်းး ဟမ်းးး "

ချောင်းဆိုးသလိုလိုနဲ့ နောက်ဆုံးမှာ ရောထွေးလုံးချသွားတဲ့Niki  စကားကို အဖြူရောင်လေးက နားမလည်လိုက်ပေမယ့် ဓာတ်သိဖြစ်တဲ့ ကျွန်တော်ကတော့ မသိစရာအကြောင်း မရှိ။

" ဖောက်မလာနဲ့နော် Niki... စကားအကောင်းပြောနေတာကို "

" အမ်... ငါ ဘယ်မှာ ဖောက်လို့လဲ အဟမ်း... ငါ လည်ချောင်းထဲ ယားသွားလို့ ချောင်းဆိုးတာပါ "

သတိပေးစကားအပြောမှာ အူကြောင်​ကြောင်ပုံစံ လုပ်ပြနေတာက သူ ရိုးသားပါတယ် ပေါ့။

ဒါကိုပဲ အဖြူရောင်လေးက သဘောတကျနဲ့ ပါးလေးတွေ မို့တက်နေအောင် ပြုံးရယ်နေကာ

" Sunghoon တို့ သူငယ်ချင်းသုံးယောက်က ပျော်စရာ ကောင်းမယ့်ပုံပဲနော်... တစ်ယောက်နဲ့ တစ်ယောက် စ နောက် နေတာနဲ့ ပျင်းရမှာ မဟုတ်ဘူး... ကျွန်တော်ကလဲ အဲ့လို သူငယ်ချင်းတွေ အများကြီးထားပြီး ပျော်ပျော်နေချင်တာရယ်... အခုတော့ ကျွန်တော့်မှာ ဒီသူငယ်ချင်းလေးတစ်ယောက်ပဲ ရှိတယ်... သူ့နာမည်က Yang Jungwon တဲ့... ကျွန်တော့်ကို ခင်သလိုပဲ သူ့ကိုလဲ ခင်နိုင်ပါတယ်နော် "

" အာ.. စိတ်ချ ဒါကတော့ ကျွန်တော်တို့ သုံးယောက်လုံးက အဖော်မက်တယ် ပြီးတော့ ဘော်ဒါစိတ်လဲ အပြည့်ရှိတယ် ... အဲ့တော့ Sunoo ကိုလဲ ခင်တယ် ဒီက မျက်မှန်လေးကိုလဲ ခင်မယ်ဗျ ''

" ကျွန်တော့်ကို မျက်မှန်ကို မခေါ်ပါနဲ့... ကျွန်တော့်နာမည် Yang Jungwon ပါဗျ "

Jake က သူ့ကို မျက်မှန်လေးလို့ ပြောလို့ မကျေမနပ်ဖြစ်သွားတဲ့ Jungwon က မျက်မှန်အောက်ကနေ Jake ကို မျက်စောင်းလေးထိုးကာ နှုတ်ခမ်းလေးစူပြီး ရန်တွေ့လိုက်တော့ တစ်ဝိုင်းလုံး မျက်နှာတွေက ပြုံးစိစိဖြစ်ကုန်ကြသည်။

ဒါကိုပဲ Niki က ထပ်ပြီး စ ပြန်ပါသည်။

" မျက်မှန်လို့ မခေါ်တော့ မှန်ကြောင်လို့ ခေါ်ရမှာလား ဟင် "

" အာ... လုပ်ပြန်ပြီ တစ်ယောက်က... ကျွန်တော့်ကို အဲ့လိုတွေ ခေါ်တာ မကြိုက်ဘူး... လို့ "

" ဟုတ်သားပဲ Niki ကလဲ အဲ့လိုမခေါ်ပါနဲ့ သူ မကြိုက်ဘူး... သူ့ကို လေးလုံး လို့ပဲခေါ်ပါ ဟ "

"အားးး ပြောလေဆိုးလေပဲ ခင်ဗျားတို့က...  ကျွန်တော် မကြိုက်ပါဘူးဆို ... အဲ့လိုတွေ မခေါ်ကြပါနဲ့ "

" ဟော်... အဲ့လို ခေါ်တာလဲ မကြိုက်ပြန်ဘူးလား... ကျွန်တော်တို့က ဒီက မျက်မှန်လေးတပ်ထားတော့ မျက်လုံး လေးလုံး ရှိနေတဲ့ ပုံလေးမို့ ချစ်စနိုးနဲ့ ခေါ်တာပါ... နော် Niki "

" ဟုတ်တယ် ဟုတ်တယ် ချစ်စရာကောင်းလို့ ဟီးးး "

"ခင်ဗျားတို့နော်... "

Niki နဲ့ Jake ဝိုင်းပြီး စ နောက်နေမှုမှာ Jungwon တစ်ယောက် နှုတ်ခမ်းလေးတစူစူနဲ့ ပြန်စွာနေလေတော့သည်။ ဒါကိုပဲ Sunoo နဲ့ Sunghoon က ဘာမှ ဝင်မပြောဘဲ ပြုံးပြီးသာ ကြည့်နေမိကြသည်။

" ကဲပါ လေးလုံးလို့ အခေါ်မခံချင်ရင် ဒီမျက်မှန်လေးကို ချွတ်လိုက် နော် ".

ပြောပြောဆိုဆို Jungwon မျက်မှန်ကို Niki က ဆွဲချွတ်လိုက်လေသည်။ မမျှော်လင့်ထားတော့ အလစ်အငိုက် အချွှတ်ခံလိုက်ရပြီး မျက်မှန်က Niki လက်ထဲပါသွားကာ Niki က စားပွဲဝိုင်းမှ  ထ ထွက်သွားတော့ Jungwon က

" Yarr... ခင်ဗျား ဘာလုပ်တာလဲ... ဘာလို့ သူများ မျက်မှန်ကို ယူသွားတာလဲ... ပြန်ပေး "

Jungwon လဲ နောက်ကနေ ထလိုက်သွားကာ လိုက်ယူတော့ Niki က ပြန်မပေးဘဲ ခပ်လှမ်းလှမ်းထိ ထွက်သွားလေသည်။

" ဟိုလူ ဂျပန်ကောင် ဘာလို့ သူများမျက်မှန်ကို ယူသွားတာလဲ လို့... ပေးဗျာ... "

Jungwon မှာ Niki နောက် ပြေးလိုက်ပြီး လိုက်လုတော့သည်။

စားပွဲမှာ ကျန်နေခဲ့တဲ့ Jake က Sunghoon ကိုတချက်လှမ်းကြည့်လိုက်ကာ မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ပြီး Sunoo ရှိရာဖက်ကို မေးဆက်ပြီး အချက်ပြလိုက်ကာ နေရာမှ ထ ထွက်သွားတော့သည်။ အချိတ်အဆက်ကို သိတဲ့ Sunghoon ကလဲ ခေါင်းပြန် ညိမ့်ပြလိုက်သည်။

ဒါတွေကိုတော့ Sunoo လေးက မသိလိုက်... အော်ဟစ်ပြီး မျက်မှန်လိုက်လုနေတဲ့ သူ့သူငယ်ချင်းဆီကိုသာ လှမ်းကြည့်နေပြီး သဘောတကျ ရယ်နေလေသည်။

ဒါ သူတို့အကွက်တွေ....

Jungwon ကို စားပွဲကနေ ပ ထုတ်ခြင်းတစ်မျိုးသာဖြစ်သည်။

ခုတော့ စားပွဲမှာ Sunoo နဲ့ Sunghoon နှစ်ယောက်ထဲ ....

" bro..."

ငေးကြည့်နေတဲ့ Sunoo ကို Sunghoon တိုးတိုးလေး ခေါ်လိုက်သည်။ ခေါ်သံကြောင့် လှည့်ကြည့်လာတဲ့ မျက်ဝန်းညိုလေးတွေက အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလိုက်တာ....

မျက်နှာလေးရော မျက်လုံးလေးတွေရောဟာလဲ ရယ်မြူးရိပ်လေးတွေ သန်းလို့....

ဒီမျက်နှာလေးကိုပေါ့ သူ တွေ့ချင် မြင်ချင်နေမိတာ...

ဒါကို သတိရတယ်လို့ခေါ်တာလား...

ဒါမှမဟုတ်

လွမ်းနေတယ်လို့ ပြောရမလား....

အကြောင်းအရင်းမရှိဘဲ တွေ့မြင်ချင်နေရတာ ဘာကြောင့်ပါလဲ....

" ဟုတ် ပြောလေ Sunghoon shii "

" ကိုယ်လေ.... bro ကို မတွေ့ရတဲ့ ဒီရက်တွေမှာ တကယ်ကို နေမထိ ထိုင်မသာ ဖြစ်နေတာ "

" ဟင်! ဘာလို့လဲ "

ကြည်ကြည်လင်လင် မျက်နှာဖူးဖူးနုနုလေးကို Sunghoon စူးစူးနင့်နင့် စိုက်ကြည့်နေမိကာပြောတော့ အဖြူရောင်လေးက တအံ့တသြ မေးလာလေသည်။

" မသိဘူး bro ရယ်... ကိုယ် ဘယ်လိုမှ နေလို့မရဘူး... bro ကိုတွေ့ချင်လို့ ကျောင်းကို နေ့တိုင်းလာရှာနေတာ... ဒီနေ့မနက်လဲ ကိုယ် လာစောင့်နေသေးတယ်... အလုပ်ရှိတာကြောင့်သာ ပြန်သွားရတာ "

"ဟုတ် Jungwon ကပြောပါတယ် "

" အဲ့ဒါ အလုပ်ပြီးတာနဲ့ ကျောင်းကိုတစ်ခေါက်ပြန်လာတာ... bro ကိုတွေ့လိုက်ရတော့ ကိုယ် ပျော်သွားတာ အရမ်းပဲ "

"ဟော်... ဘာလို့လဲ ကျွန်တော့်ကို တွေ့တာနဲ့ပဲ Sunghoon က ဘာလို့ ပျော်ရတာလဲ "

" ကိုယ် တွေ့ချင်နေတဲ့ bro မျက်နှာလေးကို တွေ့လိုက်ရလို့ပေါ့ "

" အင်းလေ... အဲ့ဒါကြောင့် ကျွန်တော့်ကို ဘာကြောင့် တွေ့ချင်နေရတာလဲလို့ "

" အာ... အဲ့ဒါကလေ... ဟိုနေ့က bro အိမ်ပြန်ချိန်နောက်ကျလို့ဆိုပြီး အလောတကြီးနဲ့ ပြန်သွားတယ်မလား... အဲ့ဒါ အပြန်ကို အဆင်မှ ပြေရဲ့လား လို့ပါ... "

" ဪ... ဘာများလဲလို့ ဘာအဆင်မပြေစရာရှိလို့လဲ... ကျွန်တော့်အိမ် ကျွန်တော် ပြန်တာပဲကို"

" မသိဘူးလေ bro ရယ်... အဲ့နေ့က bro မျက်နှာက တစ်ခုခုကို စိုးရိမ်နေသလိုမျိုးမို့ "

" အဟင်းးး ဒီလိုပါပဲ... ကိစ္စလေးတွေ နည်းနည်းတော့ ဖြစ်ပျက်ခဲ့ပေမယ့် အဆင်ပြေပါတယ် "

" အဆင်ပြေတယ်ဆို တော်ပါသေးရဲ့... ကိုယ်က စိတ်ပူနေတာ "

" အော်ဟော်... Sunghoon ရယ်... ကျွန်တော့်ကို စိတ်မပူပါနဲ့ ကျွန်တော် အဆင်ပြေပါတယ် "

" မသိဘူးဗျာ... စ တွေ့ဖူးတည်းက မျက်ရည်တွေနဲ့မို့ bro တစ်ခုခု အဆင်မပြေဖြစ်ပြီး တစ်ယောက်ထဲ ထိုင်ငိုနေမှာကို တွေးပြီး စိတ်ပူနေရတာ ကိုယ်က "

" Sunghoon ကလဲ... ကျွန်တော်က ခဏတိုင်း ငိုနေတဲ့ လူ မဟုတ်ပါဘူး နော် "

မျက်စောင်းမမြည်တဲ့ မျက်စောင်းပါးပါးလေး ဝင့်လာကာ ပြောနေတဲ့ မျက်စိရှေ့က အဖြူရောင်လေးကို ကြည့်ကာ ကိုယ့်ရင်တွေဟာ တငြိမ့်ငြိမ့်ခုန်နေလေရဲ့ ...

ဘာလို့များလဲ အဖြူရောင်လေးရယ်...

" bro... "

" ဟုတ် ပြောပါ... "

" bro ရော.... ကိုယ့်ကို သတိမရဘူးလား ဟင် "

" ဗျာ... ကျွန်တော်က Sunghoon ကို ဘာလို့?? "

" ဟို ဟို... bro နဲ့ ကိုယ် သူငယ်ချင်းတွေ ဖြစ်သွားပြီလေ bro ရဲ့... အဲ့တော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဒီရက်ပိုင်းတွေမှာ မတွေ့ရတော့ သတိရမနေဘူးလား လို့ပါ "

" အဟဲ... အားနာစရာတွေတော့ ဖြစ်ကုန်ပြီ... ကျွန်တော် Sunghoon အကြောင်းကို သတိမရမိဘူးဗျ... ဟီးးး မေ့တောင်နေတယ် Sorry နော် "

သွားလေးဖြဲကာ အားနာပြုံးလေးနဲ့ ပြုံးရယ်ပြနေတဲ့ မျက်နှာလေးကို ကြည့်ကာ ကိုယ့်ရင်ဘတ်ကြီးထဲတော့ အောင့်သက်သက်နဲ့...

ဘယ်နှယ့် ကိုယ်က သတိရကြောင်း စိုးရိမ် စိတ်ပူနေကြောင်းတွေ ခံစားချက် တနင့်တပိုးနဲ့ ပြောနေတာကို သူလေးက ကိုယ့်ကို မေ့တောင်နေတယ်တဲ့....

ကိုယ့်ကိုကိုယ် အဖြစ်ဆိုးလှချည်လား Park Sunghoon ရယ်လို့သာ...

ကိုယ့်မျက်နှာ ပျက်သွားတာကြောင့် အဖြူရောင်လေးက ပြာပြာသလဲ ပြန်မေးလာသည်။

" ဟို Sunghoon စိတ်ဆိုးသွားတာလား ဟင်... ကျွန်တော် တကယ် သတိမရမိလို့ပါ... နေလဲ မကောင်းဖြစ်နေတော့လေ Sunghoon ကိုမှ မဟုတ်ဘူး...  စိတ်ထဲ ဘာကိုမှ သတိမရမိတာပါ ... ဟို နောက်ဆို သတိရပေးပါ့မယ် နော် "

ကျေနပ်ပါတယ် နောက်ဆို သတိရပေးပါ့မယ် ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့...

" bro... "

" အင်... "

" ကိုယ့်ကို တကယ်ရော ခင်ရဲ့လား "

" အာ... ခင်ပါတယ် Sunghoon ရဲ့"

" ဒါဆို bro ကို  ကိုယ် တစ်ခုလောက် တောင်းဆိုလို့ရမလား ဟင်"

" ဟုတ် ပြောကြည့်လေ... ကျွန်တော် တတ်နိုင်တာဆို ဘာမဆိုရပါတယ် "

" ကိုယ်လေ... bro ကို ' အဆော ' လို့ ခေါ်ချင်တယ် ... ခွင့်ပြုပေးမလား "

" 'အဆော'... ??? "

" bro ခွင့်ပြုမှ ပါ "

" ကျွန်တော့်ကို ဘယ်သူမှ အဲ့လို မခေါ်ဖူးဘူး "

" အင်းလေ အဲ့ဒါကြောင့် ဘယ်သူမှ မခေါ်တဲ့ ကိုယ်ပဲ ခေါ်တဲ့ သီးသန့် နာမ်စားလေး "

" ကျွန်တော်က ခွင့်မပြုဘူး ဆိုရင်ရော..."

မျက်ခုံးလေး ပင့်ကာ အကဲစမ်းသလိုပုံစံလေးနဲ့ ပြောလာတဲ့အဖြူရောင်လေးကို မျက်လုံးချင်း စုံကြည့်ပေးလိုက်ကာ

" bro ခွင့်မပြုလဲ ကိုယ်က ခေါ်ချင်နေတာ "

" အဟား ဟား Sunghoon ကလဲနော်... "

" အွန်း ကိုယ်က ဘာဖြစ်လဲ "

" ခွင့်မပြုလဲ ခေါ်မှာပဲကို မေးနေသေးတယ် "

" ဒါတော့ bro ဆီက တရားဝင် ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးတာလေး လိုချင်လို့ပေါ့... ဘယ်လိုလဲကွာ... ကိုယ် ခေါ်ရတော့မှာလား ပြောအုံး... "

" အဟင်းးး "

" ရယ်ပဲ ရယ်မနေနဲ့ကွာ... ပြောလေ ခေါ်ရတော့မှာလား "

" Sunghoon သဘောပါ "

ခေါင်းလေးငုံ့သွားကာ အသံတိုးတိုးလေးနဲ့ ခွင့်ပြုပေးလာတော့ Sunghoon အရမ်း ပျော်သွားမိတာ အမှန်ပါ...

" ဒါဆို ကိုယ် ..."

တရားဝင် ခွင့်ပြုချက်ရလာတာကြောင့် ခေါ်ဖို့ ပြင်လိုက်စဉ်မှာပဲ

Sunoo ဆီသို့ ဖုန်း ဝင်လာခဲ့တော့သည်။ အရေးကောင်းရင် ဒိန်းဒေါင်းဖျက်ဆိုတာ ဒါမျိုး...

ကြားဝင်နှောက်ယှက်လာတဲ့ ဖုန်းသံကြောင့် ခေါ်ဖို့ရွယ်နေတဲ့ Sunghoon လဲ နှုတ်တွန့်သွားရတော့သည်။

Sunoo က ရှုံ့မဲ့သွားတဲ့ Sunghoon မျက်နှာကို မော့ကြည့်လိုက်ကာ အသံလေးထွက်အောင် ရယ်လေသည်။ ပြီးမှ ဖုန်းကို ကိုင်လိုက်တော့ လာကြိုတဲ့ Driver တဲ့လေ....

Sunghoon အတွက်ကတော့ အရေးကောင်း Driver ဖျက်ပေါ့။

ဖုန်းချလိုက်တာနဲ့ပဲ Sunoo က

" အကြိုရောက်နေပြီ Sunghoon ရဲ့...ကျွန်တော် ပြန်တော့မယ်နော် "

" ဒါဆို ကိုယ်ကရော... ကိုယ်က ဒီတိုင်းကြီး နေခဲ့ရမှာလား "

" ဟင် Sunghoon က နေမခဲ့တော့ ကျွန်တော်နဲ့ လမ်းကြုံ လိုက်ချင်လို့လား "

" အာ.. မဟုတ်ဘူးလေ ကွာ... ကိုယ် ~ ဟာကွာ..''

စကားသံတို့ ဆက်ထွက်မလာတော့ဘဲ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းက ဆံပင်တွေကို Sunghoon ထိုးဖွ လိုက်မိသည်။

ဒါကိုပဲ ပြုံးပြီး ကြည့်နေတဲ့ Sunoo က မတ်တပ်ထရပ်ပြီး  လွယ်အိတ်လေးကို ကောက်လွယ်လိုက်ကာ

" မလိုက်တော့ဘူးဆိုလဲ ' အဆော ' ကို ပြန်ခွင့်ပြုပါအုံး နော် Sunghoon shii "

ပြောပြီးတာနဲ့ ချာကနဲ လှည့်ထွက်ကာ ပြေးသွားလေတဲ့ Sunoo...

Sunoo ပြောသွားတဲ့ စကားကို အစက သတိမထားမိ...

ပြီးမှ တဖြည်းဖြည်း သတိထားမိလာကာ Sunghoon ရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာကြီး တဖြည်းဖြည်းနဲ့ ပြုံးယောင်သန်းလာသည်။

ပြီး ဝါးလုံးကွဲ အော်ရယ်လိုက်ကာ ထ အော်လေတော့သည်။

" ဟား ဟား ဟား.... ' အဆော ' တဲ့...bro က သူ့ကိုသူ အဆော .... တဲ့ အားးး အဆော လို့ ပြောသွားတယ်ကွ ဟားဟားဟား "

ဆိုင်ထဲမှာ ကျန်နေခဲ့တဲ့ တစ်ယောက်ကတော့ ဝမ်းသာစိတ်ကို မဖုံးနိုင်မဖိနိုင် အော်ဟစ်နေသလို ကားပေါ်တက်သွားပြီဖြစ်တဲ့ တစ်ယောက်မှာလဲ သူ လုပ်ခဲ့တဲ့ လုပ်ရပ်ကို သူ ပြန်တွေးကာ မျက်နှာလေးဟာ ပြုံးနေခဲ့လေသည်။

တစ်ခုပဲ Driver ကြီး သတိထားမိမှာစိုးလို့ အောက်နှုတ်ခမ်းလေးကို ဖိကိုက်ထားတာလေး...

အဆော... တဲ့လားကွယ်...

***********************************

Love you all my Vitamins 💙

San Htarni 💙

15.2.2023

Comment