~ 33 ~

~ 33 ~

" သား..."

တောက်!!!

" ဘယ်လို ဧည့်သည်တွေ ခေါ်လာတာလဲ အတွင်းရေးမှူး Lee "

တောက်ခေါက်သံအဆုံး အံကြိတ်၍ ခပ်ဆတ်ဆတ်လေး မေးလိုက်တဲ့ Jay စကားကြောင့် အတွင်းရေးမှူး Lee မျက်နှာပူစွာ CEO ရဲ့ အဖေကို လှည့်ကြည့်လိုက်ရသည်။

Mr.Park ကတော့ သူ့အပေါ် စိတ်ဆိုးနေတဲ့ သားဖြစ်သူအပေါ် အလုံးစုံ နားလည်ထားတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေဆဲ...

" မတွေ့မဖြစ် တွေ့ရမှာမို့ ကျွန်တော် ခေါ်လာမိတာပါ CEO... ဟို..CEO မကျေနပ်ရင်.. "

" ဒယ်ဒီ  တောင်းဆိုလို့ သူက ခေါ်လာပေးတာပါ သား... "

" ခင်ဗျားကို မမေးဘူး... ကျုပ် ဝန်ထမ်းကိုပဲ ကျုပ်မေးနေတာ.... ခင်ဗျား ဝင်ပြောစရာ ဘာအကြောင်းမှ မရှိဘူး "

" CEO... "

အဖေတစ်ယောက်အပေါ်မှာ ရင့်သီးတဲ့ စကားလုံးတွေ သုံးနှုန်းနေတဲ့ အတွက် Heeseung သတိပေးဖို့ အလောတကြီး ခေါ်လိုက်ပြီး

" ဒါ CEO ရဲ့ အဖေလေ ... ဘယ်လောက်ပဲ စိတ်ဆိုးဆိုး အဲ့လို မပြောရဘူးလေ "

" ဘာ အဖေလဲ ... ဘယ်လို အဖေလဲ ကျုပ်မှာ သူလို အဖေမျိုး မရှိဘူး...ကျုပ်ဘဝအတွက် အဖေဆိုတဲ့လူ မရှိတော့တာ ကြာလှပြီ... ကျုပ်ဘဝထဲမှာ အဲ့လူက ဟိုးအရင်ကတည်းက သေဆုံးသွားခဲ့ပြီ "

" သား ဒယ်ဒီ့ကို စိတ်နာနေမယ်ဆိုတာ ဒယ်ဒီ သိပါတယ်.. "

" သိတယ်ဆိုရင် ဘာလို့ ခုချိန်ကျမှ ပေါ်လာခဲ့သေးလဲ... ကျုပ်နဲ့ ကျုပ်အမေ ခင်ဗျားကို လိုအပ်ပါတယ်ဆိုတဲ့အချိန်တုန်းကကျတော့ လျစ်လျူရှု ထားခဲ့ပြီး ဘာလို့ အခုချိန်ကျမှ ကျုပ်ရှေ့မှာ ပေါ်လာရတာလဲ... ကျုပ် ခင်ဗျားကို အလိုမရှိဘူးမို့ ကျုပ်ရှေ့က ထွက်သွားလိုက်ပါ "

" သား..."

" မကြားချင်ဘူး!!... မခေါ်နဲ့!! "

CEO က ဒေါသနဲ့ ခက်ထန်နေသလောက် CEO ရဲ့ အဖေကတော့ လေသံအေးအေးနဲ့သာ သူ့သားကို ဖျောင်းဖျနေလေသည်။

" ဒယ်ဒီ ရှင်းပြတာကို ခဏဖြစ်ဖြစ် နားထောင်ပေးပါ... ဒယ်ဒီ့မှာ သားကို ပြောစရာတွေအများကြီးရှိတယ် "

" ဟက်!! ကျုပ် ခင်ဗျားကို စကားပြောဖို့ ခွင့်တောင်းခဲ့တုန်းကရော ခင်ဗျား ခွင့်ပြုခဲ့သလား... သေအံ့ဆဲဆဲ မာမီ့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်လို့ ခင်ဗျားကို တွေ့ခွင့်တောင်းခဲ့တုန်းက ခင်ဗျား ကျုပ်တို့  သားမိကို တစ်ချက် ပြန်ကြည့်ပေးခဲ့သလား Mr. Park.... သေဖို့ရက်ကို စောင့်စားနေရတဲ့ မာမီ... သူ မသေခင်လေး ခင်ဗျားကို နောက်ဆုံး အနေနဲ့ တွေ့သွားချင်ခဲ့တာ... ဒါပေမယ့် အဲ့ဒီ တစ်ခုတည်းသော ဆန္ဒလေး ပြည့်မသွားခဲ့ရှာဘူး... ခင်ဗျား ရက်စက်​ပစ်ခဲ့လို့လေ "

" မဟုတ်ဘူး သားရယ်...အဲ့ဒါ တွေက သား အထင်လွဲနေတာတွေပါ... အဲ့ဒီ အချိန်တုန်းက သား အဘိုး အသည်းအသန်ဖြစ်နေပြီး ဒယ်ဒီ အလုပ်တွေ ရှုပ်နေခဲ့တဲ့ အချိန်.... သား ဆက်သွယ်တာကိုလဲ မသိခဲ့ရသလို သားမာမီ ဆုံးသွားတာကိုလဲ ဒယ်ဒီ အချိန်တွေ ကြာမှ သိခဲ့ရတာပါ... လိုက်လာဖို့ လုပ်ခဲ့ပေမယ့် လုပ်ငန်းတွေ လွှဲယူဖို့ကိစ္စတွေရော သားအဘိုးရဲ့ ကျန်းမာရေးကိစ္စတွေရော ဒယ်ဒီ တစ်ယောက်ထဲ လုပ်နေရတော့ ဘယ်လိုမှ ရောက်မလာနိုင်ခဲ့ဘူး... သားအဘိုးရဲ့ ကျန်းမာရေးက ဘယ်လိုမှ ပစ်ထားခဲ့လို့ မရတဲ့ နောက်ဆုံး  အခြေအနေ မှာမို့  ...."

" တော်ပါတော့...တော်လိုက်ပါတော့ Mr.Park...  ခင်ဗျားမှာလဲ ခင်ဗျားအဖေက အရေးကြီးခဲ့သလို ကျုပ်အတွက်လဲ ကျုပ်အမေက အရေးအကြီးဆုံးပဲ... "

ကျောခိုင်းထားရာမှ မျက်နှာချင်းဆိုင် လှည့်လာတဲ့ CEO က ဒီစကားတွေကို ရင်ဘတ်ကို ပုတ်၍ နာနာကျည်းကျည်းဆိုတယ်...

သားဖြစ်သူရဲ့ ခါးသီးတဲ့ စကားလုံးတွေကြောင့် CEO ရဲ့အဖေ Mr. Park ဟာလဲ မျက်နှာမကောင်း...

သားဖနှစ်ယောက် မိနစ်ဝက်လောက်ကြာအောင် မျက်လုံးချင်းဆုံပြီး စိုက်ကြည့်နေရင်းမှ Mr.Park က

" ဒယ်ဒီ မှားခဲ့ပါတယ်... သားနဲ့ သားမာမီ့အပေါ်မှာ ဒယ်ဒီ အဆုံးထိ တာဝန်မယူနိုင်ခဲ့ဘူး... အဲ့ဒီ့အမှားတွေအတွက် ဒယ်ဒီ့ကို ခွင့်လွှတ်ပါလို့ မပြောရဲဘူး သား...ဒါပေမယ့် အဲ့ဒီအမှားတွေအတွက် ပြန်လည်ပေးဆပ်ဖို့ အခွင့်အရေးကိုတော့ ဒယ်ဒီ့ကို ပေးပါ သားရယ်... ဒယ်ဒီ တောင်းဆိုတာပါ "

ခါးထောက်ကာ ရပ်နေတဲ့ CEO အနားထိ တရွေ့ရွေ့တိုးကပ်သွားရင်း ညှိုးငယ်တဲ့မျက်နှာနဲ့ တောင်းဆိုနေတဲ့ Mr.Park...

ဒါကိုပဲ အင်းမလုပ် အဲမလုပ် ခါးထောက်မပျက် ရပ်ကြည့်နေတဲ့ CEO က နှုတ်ခမ်းတစ်ဖက်ကို ဟန်ပါပါ မဲ့ရင်း ပုခုံးတစ်ဖက်ကိုပါ တွန့်ပြလိုက်သေးသည်။

" ဘာ drama တွေ ခင်းအုံးမလို့လဲ Mr.Park ရဲ့.. ပေးဆပ်မယ်တွေ ဘာတွေ ပြောရအောင် ခင်ဗျား အပြစ်က ဘယ်လောက်တောင် ကြီးမားတယ်ဆိုတာ မသိလို့လား... ခုမှ မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ drama တွေ လာချိုးပြပြီး တောင်းပန်လိုက်လို့ ကျေအေးသွားမယ် ထင်နေတာလား ဟမ် "

" မဟုတ်ဘူး သားရယ်... မဟုတ်ပါဘူး... မထင်ပါဘူး... ဒယ်ဒီ့အပြစ်ကို ဒယ်ဒီ သိပါတယ်... ဒယ်ဒီ သားမာမီ့ အပေါ်မှာလဲ ခင်ပွန်းကောင်းမပီသခဲ့သလို သားအပေါ်မှာလဲ ဖခင်ကောင်း မပီသခဲ့ပါဘူး... ဒါ့ကြောင့် ဒယ်ဒီ့ရဲ့ သားအပေါ် လစ်ဟာမှုတွေ တာဝန်မကျေမှုတွေကို ပြန်လည် ဖြည့်ဆည်းပေးချင်ရုံပါ "

" မလိုဘူး..ကျုပ်ဘဝမှာ အရာရာ ပြည့်စုံနေပြီ... ဘာကိုမှလဲ အလိုမရှိသလို ဘယ်သူ့ကိုမှလဲ ထပ် မလိုတော့ဘူး... ခင်ဗျားလဲ ကိုယ့်ဘဝနဲ့ကိုယ် သာယာနေတာပဲ...ကျုပ်ဘဝထဲကိုလဲ ဝင်နှောက်ယှက်ဖို့ မကြိုးစားပါနဲ့... ကျုပ် ဘယ်သူ့ကိုမှ အလိုမရှိဘူး "

" ဒယ်ဒီကတော့ သားဆီက အဖေအဖြစ် အသိအမှတ်ပြုတာလေးကို လိုချင်တယ် သား "

" အဟက်! ဟာသတွေ... ဒီမှာ Mr.Park အဲ့ဒီ့အခွင့်အရေးရဖို့ ခင်ဗျားအတွက် အချိန်တွေ အများကြီး နောက်ကျသွားခဲ့ပြီဆိုတာ မသိခဲ့လို့ လာ ပြောနေတာလား  "

" သား... "

" ကျစ်!.တော်ပြီဗျာ... ခင်ဗျားပြောတာတွေ နားထောင်ဖို့ ကျုပ်မှာ အချိန်မရှိဘူး... "

စိတ်ရှုပ်ဟန်ဖြင့် နဖူးပေါ်က ဆံပင်တွေကို သပ်တင်လိုက်ပြီး Mr.Park ရဲ့ စကားတွေကို ရှေ့ဆက်မခံတဲ့ CEO ကတော့ စားပွဲပေါ်က ဖုန်းနဲ့ ကားသော့ကို ကောက်ယူကာ  မျက်နှာထား တင်းတင်းနဲ့ပဲ အခန်းထဲမှ ထွက်သွားလေတော့သည်။

ကျန်ခဲ့တဲ့ Mr. Park မှာတော့ ထွက်ခွာသွားတဲ့ သားဖြစ်သူရဲ့ ကျောပြင်ကိုသာ ငေးကြည့်ရင်း မျက်ရည်လည်နေတဲ့ မျက်ဝန်းတွေနဲ့  ကျန်ခဲ့ကာ နေရာမှာပဲ မလှုပ်မယှက်...

" အားနာစရာတွေ ဖြစ်ကုန်ပြီ အန်ကယ်... CEO က အန်ကယ့်အပေါ် တော်တော်လေး စိတ်ဆိုးနေရှာတာ... ချက်ချင်းတော့ ဖျောင်းဖျလို့ ရမှာမဟုတ်ဘူး "

" အန်ကယ် နားလည်ပါတယ် Heeseung... အန်ကယ် သားကို ပစ်ထားတာ နှစ်တွေ အကြာကြီးလေ... အဲ့တော့ သား စိတ်ဆိုးမယ်ဆိုလဲ ဆိုးစရာကိုး... အန်ကယ့်ဘက်ကပဲ စိတ်ရှည်ရှည်နဲ့ သား နားလည်လက်ခံလာအောင် ဖျောင်းဖျယူရမှာပေါ့.. အန်ကယ် အစကတည်းက ဒီလို အခြေအနေတွေကို မျှော်လင့်ထားပြီးသားပါ "

" ဟုတ်ကဲ့ပါ အန်ကယ်... မလွယ်မှန်းတော့ သိပေမယ့် ကျွန်တော်လဲ တတ်နိုင်သလောက် CEO ကို ဖျောင်းဖျပါ့မယ်... အန်ကယ့်ဘက်ကသာ လုပ်စရာရှိတာတွေ လုပ်ပါ "

" အန်ကယ့်ကို အစစအရာရာ ကူညီခဲ့လို့ Heeseung ကို အန်ကယ် ကျေးဇူးတင်ပါတယ်...ပြီးတော့  သား အနားမှာလဲ မငြီးမငြူ စောင့်ရှောက်ပေးခဲ့လို့ရော ပေါ့... "

" အာ... မဟုတ်တာ အန်ကယ်ရယ်... CEO ကို စောင့်ရှောက်ဖို့က ကျွန်တော့်တာဝန်ပဲမလား... ပေးအပ်လာတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရုံလေးပါပဲ... အန်ကယ် ကျွန်တော့်အပေါ် ယုံယုံကြည်ကြည်နဲ့ CEO ကို စောင့်ရှောက်ဖို့ တာဝန်ပေးတာကိုပဲ ကျွန်တော်က ကျေးဇူးတင်နေပါပြီ "

" ဒီလို တာဝန်သိတတ်တာတွေ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်တာတွေ မင်း အဖေသိရင် ဂုဏ်ယူနေမှာပါ Heeseung... သား နားမှာ မင်း ရှိနေလို့ အန်ကယ် အစစအရာရာ စိတ်ချထားခဲ့တာပါ... ရှေ့ဆက်ပြီးလဲ သား နားမှာနေပြီး တာဝန်ကျေပေးပါအုံး "

" စိတ်ချပါ အန်ကယ်... အန်ကယ် တို့ တာဝန်ပေးအပ်နေသ၍ ကျွန်တော် CEO နားမှာ အမြဲ ရှိနေပြီး စောင့်ရှောက်နေမှာပါ "

ဒီစကားတွေကိုတော့ Heeseung ဟာ ဆိုဖာပေါ် ထိုင်နေပြီဖြစ်တဲ့ Mr.Park ရဲ့ရှေ့မှာ ဦးညွှန့် အရိုအသေပေးပြီး ပြောလိုက်ခြင်းသာဖြစ်သည်။

.
.
.

Sunoo အဝတ်ဗီရိုပေါ်က စက္ကူပုံးလေးကို မြင်နေတာကြာပြီ...

အရင်ရက်တွေက အမှုမဲ့ အမှတ်မဲ့ နေမိပေမယ့် ယနေ့မှ ဘာတွေထည့်ထားလဲ သိချင်လာ၍ အိပ်နေရာမှ ထကာ ခုံလေးခုပြီး ယူလိုက်သည်။

ကိုယ့်အခန်းထဲက ကိုယ့်ပစ္စည်းတွေပဲမို့ အထူးအဆန်း မဟုတ်လောက်ပေမယ့် သူ ဒီနေ့မှ အဲ့ဒီပုံးလေးကို မျက်စိမလွှဲနိုင်အောင် ကြည့်နေမိပြီး ဘာတွေထည့်ထားလို့ ဗီရိုအပေါ်ထိ တင်ထားရလဲ သိချင်လာမိသည်။

ပုံးလေးကို ယူလာပြီး ကုတင်ပေါ် ထိုင်လိုက်ကာ ပုံးလေးရဲ့ အဖုံးကို အသာအယာလှပ်ရင်း ဘာတွေရှိနေမလဲဆိုတဲ့ သိချင်စိတ်က ရင်တွေ တဒိတ်ဒိတ် ခုန်လာစေတယ်...

အဖုံးလေးကို လှပ်လိုက်တဲ့အချိန်မှာတော့ အထဲမှာက ပဝါလေးတစ်ထည်၊ လက်စွပ်လေးတစ်ကွင်း၊ အရုပ်ပိစိလေးတွေနဲ့ တခြားသော အမှတ်တရပစ္စည်းလေးတွေ....

" ဒါတွေကို ဘာလို့ ဒီထဲထည့်ထားမိတာပါလိမ့်..."

" ငါ့ကိုယ်ပိုင် ပစ္စည်းတွေပဲလား..."

" ဒါမှမဟုတ် တစ်ယောက်ယောက်က ပေးတဲ့ အမှတ်တရ ပစ္စည်းတွေလား... "

ခေါင်းလေးစောင်းလို့ မျက်ဆန်လေးတွေ ဟိုဒီရွေ့လျားပြီး တစ်ယောက်ထဲ ရေရွတ်ရင်း စဉ်းစားနေတဲ့ Sunoo ရယ်ပါ...

လက်ကိုင်ပဝါလေးကို ပုံးထဲက ထုတ်ယူလိုက်ပြီး

" ဒါလေးက ငါနဲ့ ရင်းနီးနေသလိုပဲ... ငါက အဲ့လို ပဝါတွေ ဆောင်တတ်တာလား.. ဘာလဲ "

ရေရွတ်ရင်း ပဝါလေးကို ဖြန့်ကြည့်လိုက်တဲ့အခါမှာ မြင်လိုက်ရတာက ပဝါထောင့်နားလေးမှာ ချည် ထိုးထားတဲ့ အရုပ်လေးနဲ့ စာလုံးလေးနှစ်လုံး...

" ဟင်... ဒါ ဘာလေးလဲ... ငှက်ရုပ်လေးလား... ဒါကရော.. ဘာ စာလုံးလေးလဲ... "

" S...H... S..H... S.H ဆိုတာ ဘာကြီးလဲနော်... ငါ့ နာမည်ဆိုရင်လဲ S.N လို့ရေးမှာပါ... "

စာလုံးနေရာလေးကို လက်မလေးနဲ့ ဖွဖွ ပွတ်သပ်ကာ ပဝါလေးကို တစိမ့်စိမ့် ကြည့်နေရင်းမှ သူ့အာရုံထဲမှာ ဖျတ်ခနဲဆိုကြားလိုက်ရတဲ့ စကားသံလေး ...

** မေမေ ဒီပုဝါလေးကို ပေးခဲ့တဲ့ ရည်ရွယ်ချက်က မျက်ရည်တွေ သုတ်ဖို့ မဟုတ်ခဲ့ဘူး အဆောရဲ့ **

" ဟင်... ဒါ ဒါ ဘာကို ပြောတာလဲ... ငါ ငါ ဒီလိုစကားတွေနဲ့ ရင်းနီးနေပါတယ်... ဒီစကားတွေကို ဘယ်မှာ ကြားဖူးခဲ့တာလဲ "

ထို့နောက် ပဝါလေးကို ဘေးနားချထားလိုက်ပြီး ပုံထဲက လက်စွပ်လေးကို ကောက်ယူလိုက်ကာ

"လက်စွပ်လေးပဲ... ဒါကရော ဘာများလဲ "

လက်စွပ်လေးကို ရှည်လျားသွယ်တန်းနေတဲ့  ဘယ်ဘက် လက်သန်းကြွယ်လေးမှာ စွပ်ကြည့်လိုက်တဲ့အချိန်မှာတော့ လက်စွပ်လေးဟာ လက်ကလေးနဲ့ အံဝင်ခွင်ကျ...

" ဟင်...လက်စွပ်လေးက ငါနဲ့ ကွက်တိပဲ... ငါ့မှာ ဒီလို လက်စွပ်လေးတွေလဲ ရှိသေးတာပဲလား... ဒါကို မဝတ်ဘဲ ဘာလို့ သိမ်းထားမိရတာလဲ "

လက်ကလေးကို အပေါ်မြှောက်၍ ဟိုဒီလှည့်ကာ သေချာကြည့်နေမိရင်းမှ သူ့မျက်လုံးထဲမှာ ပေါ်လာတဲ့ မြင်ကွင်းတစ်ခု...

လူတစ်ယောက်က သူ့ကို ဒီလက်စွပ်လေးကို ကြင်ကြင်နာနာနဲ့ စွပ်ပေးနေတဲ့ ပုံရိပ်လေးပေါ့...

ပစ္စည်းလေးတွေကို ကြည့်ရင်း အာရုံထဲမှာ ရုပ်ရှင်ပြကွက်တစ်ခုလို ပုံရိပ်တွေ ပေါ်လာနေတော့ ကောင်ငယ်လေးရဲ့ မျက်ခုံးတန်းလေး နှစ်ဖက်ဟာ ထိစပ်လုနီး တွန့်ကုတ်၍ သူ စဉ်းစားနေရပြီလေ...

ထို့နောက် အထဲက ပစ္စည်းလေးတွေကို တစ်ခုချင်းစီထုတ်ယူကြည့်ရင်းမှ Postcard လှလှလေးတစ်ခုကို တွေ့လိုက်ရပြန်သည်။

" ဟင် card လေးပါ့လား... ဘာတွေ ရေးထားတာလဲ မသိ "

" ဆောရဲ့ နေ့ရက်တိုင်းမှာ အတူရှိယ့် မောင် ဆိုပါ့လား... မောင်... မောင် ဆိုတာ ဘယ်သူလဲ... အဆောဆိုတာ ငါလား.. အဆော... ဒီလိုခေါ်တာကြီးကို ငါ ရင်းနီးနေပါတယ်... အဆော...အာ...ဒါ ဟိုရက်တွေတုန်းက အိမ်ရှေ့မှာ လာအော်တဲ့ နာမည်ပဲ... ဒါဆို... အဲ့ဒါ ငါ့ကို ခေါ်နေတာလား.. ဟာ ဘာတွေလဲကွာ... မောင် ဆိုတာကရော ဘယ်သူလဲ...အားးး ခေါင်းတွေ ကိုက်လိုက်တာ.. ဘာမှ အသုံးမကျတဲ့ ခေါင်း.. တစ်ခုခုကို စဉ်းစားမယ်ဆို သူက အရင်လာကိုက်နေတယ် ကျစ် "

မျက်ခုံးတန်းလေးတွေ တွန့်ကျိုးသွားအောင် မျက်လုံးအစုံကို ဖိမှိတ်ကာ အားမလိုအားမရ စိတ်တွေနဲ့  Sunoo  သူ့ခေါင်းလေးကိုသူ လက်သီးဆုပ်လေးနဲ့ ထုပစ်လိုက်မိသည်။

" မဖြစ်တော့ဘူး မေမေ့ကို မေးမှ ရတော့မယ်... မေမေ ပြောပြထားတဲ့ ငါ့အကြောင်းတွေထဲမှာ ဒီလို ကိစ္စတွေ မပါပါဘူး... မေမေ တစ်ခုခုကို ဖုံးကွယ်ထားတာများလား "

" သေချာတာပေါ့... မေမေ ငါ့ကို ဒီကိစ္စတွေ ဖုံးကွယ်ထားတာပဲလေ... ဒါ ငါ မမှတ်မိသေးတဲ့ တစ်စုံတစ်ယောက်နဲ့ ပတ်သက်နေတဲ့ ပစ္စည်းတွေပဲ ဖြစ်ရမယ်... မေမေက ဘာလို့ ငါ့ကို အဲ့အကြောင်းတွေ အသိမပေးတာလဲ... သူ.. သူက ဘယ်သူများလဲ... "

" အဆော တဲ့...မောင် တဲ့လားကွယ်... ဒီအခေါ်အဝေါ်တွေဟာ ဘာကို ရည်ညွှန်းနေတာလဲ... ဒီလောက် တရင်းတနီးရှိတဲ့ အခေါ်အဝေါ်တွေကလေ... အားးး ဘာတစ်ခုမှ စဉ်းစားလို့လဲ မရပါလား... ခေါင်းတွေ ကိုက်လိုက်တာ... မောင် ဆိုတာ ဘယ်သူများလဲကွယ်... ငါ သိချင်လိုက်တာ... မဖြစ်တော့ဘူး ငါ မေမေ့ကို မေးကြည့်ရမယ်..ဟုတ်တယ်.. မေမေ့ကို အခုပဲ  မေးရမယ် "

ထိုင်ရာမှ ထကာ အခန်းပြင်ထွက်မယ်လုပ်မှ တံခါးဆီက တပြိုင်ထဲ ပေါ်ထွက်လာတဲ့ တံခါးခေါက်သံနဲ့ ခေါ်သံတစ်ခု...

ဒေါက် ဒေါက် ဒေါက်

" ဘေဘီ... "

" ဟင်...  Jay ပဲ.. Jay ဒါတွေကို မြင်သွားလို့ မဖြစ်ဘူးထင်တယ်... "

" ဘေဘီ... အိပ်နေလား... ကိုယ် ဝင်ခဲ့မယ်နော်...ဘေဘီ... "

Jay မှန်းသိတာနဲ့ ပြာယာခတ်သွားတဲ့ Sunoo ဟာ ကုတင်ပေါ်က ပြန့်ကျဲနေတဲ့ ပစ္စည်းလေးတွေကို ကပြာကယာ ကောက်ယူကာ ပုံးထဲသို့ ပြန်ထည့်လိုက်ပြီး ပုံးလေးကို ကုတင်အောက်သို့ ထိုးထည့်လိုက်သည်။

ကုတင်အောက်ကို ထိုးထည့်လို့အပြီး ကြမ်းပြင်ပေါ်မှ ပြန် မထရသေးခင် အထဲကို ရောက်လာတဲ့ Jay...

ကုန်းကုန်းကွကွ သူ့ပုံစံကို မြင်သွားတဲ့ Jay က အကဲခတ်သလို ကြည့်လိုက်ပြီး

" ဘေဘီ..."

" J..Jay..."

Sunoo ကြမ်းပြင်ပေါ်မှ ကမန်းကတမ်း ထလိုက်ပြီး Jay ရှိရာဆီ အရင်သွားလိုက်သည်။

ဒါကိုပဲ ကုတင်အောက်ကို လိုက်ကြည့်နေတဲ့ Jay က သူ့ကိုလဲ သေချာကြည့်ကာ အကဲခတ်လိုက်သေးသည်။

" အောက်မှာ ထိုင်ပြီး ဘာလုပ်နေတာလဲ ဘေဘီ "

" ဟို..ဟို... ဘာ ဘာမှ မလုပ်ပါဘူး Jay "

" ဘာမှ မလုပ်ဘဲ ဘာလို့ ကြမ်းပြင်ပေါ် ထိုင်နေရတာလဲ "

" အာ... ဟိုဟာ... ပစ္စည်းပြုတ်ကျသွားလို့ ကောက်နေတာပါ Jay ရဲ့...အဟဲ "

" ပစ္စည်း... ဘာ ပစ္စည်းလဲ "

တဖြည်းဖြည်းနဲ့ ကုတင်နားထိ တိုးကပ်သွားကာ မျက်လုံးကလဲ ကုတင်အောက်ကို အကြည့်တွေပို့ထားရင်း မေးနေတဲ့ Jay ကြောင့် Sunoo အပြေးလေးသွားကာ Jay ရှေ့ကနေ ပိတ်ရပ်လိုက်သည်။

" ကောက်ပြီးပါပြီ..အောက်မှာ မရှိတော့ဘူး Jay "

" ဟုတ်ပါပြီ... မကောက်ရသေးရင် ကိုယ်က ကောက်ပေးမလို့ပါ "

" ဟုတ်... ဟုတ်ကဲ့ပါ Jay "

Jay အကြည့်တွေ ကုတင်ဆီက ခွာသွားမှ Sunoo သက်ပြင်းလေး ခိုးချလိုက်ရသည်။

ဟူးးး တော်သေးတာပေါ့

Jay ဆီမှာ မိတော့မလို့။

ထိုအခါကျမှ သူ့ဆီကို အကြည့်တွေ အလုံးစုံ ပို့လာတဲ့ Jay မျက်ဝန်းတွေဟာ ခပ်မှိုင်းမှိုင်း...

မျက်နှာလဲ မကောင်းဖြစ်နေကာ အနေအထားက သိပ် လန်းလန်းဆန်းဆန်းမရှိ။

ရှေ့တည့်တည့်မှာ ရပ်နေတဲ့ သူ့ကို စူးစူးနစ်နစ် ကြည့်လာပြီး ပုခုံးလေးကနေ ဆွဲယူကာ ရင်ခွင်ထဲကို ထည့်လိုက်တဲ့ Jay...

ရုတ်တရက်ဆိုတော့ လန့်သွားကာ Jay ရင်ဘတ်ကို  လက်လေးနဲ့ ထောက်ပြီး တွန်းလိုက်မိတော့

" ဒီတိုင်းလေး နေပေးပါ ဘေဘီ... ကိုယ့် စိတ်တွေငြိမ်းချမ်းဖို့ ဘေဘီ့ကို ခဏလောက် ဖက်ထားပါရစေ "

" Jay... "

" ခဏလေးပါ ဘေဘီ "

Jay အသံသြသြဟာ အနည်းငယ် အက်ရှနေပြီး အသံလှိုင်းတို့ဟာ ယိုင်နဲ့နဲ့...အသက်ရှူနှုန်းဟာလဲ မြန်ဆန်နေသေးသည်။

" တစ်ခုခု ဖြစ်လာတာလား ဟင် Jay "

ခပ်တိုးတိုး သူ့မေးသံကို  Jay က ဘာမှ မတုန့်ပြန်...

ထိုအစား သူ့ကို ပို၍ တင်းကြပ်သွားအောင် တိုးဖက်လိုက်ပြီး သူ့ပုခုံးပေါ် မေးလေးမှေးတင်ကာ ငြိမ်သက်သွားရှာသည်။

သူ အတိတ်မေ့နေတဲ့ အချိန်တွေအတွင်းမှာ ဒီလို ပွေ့ဖက်မှုဟာ ဒါ ပထမဆုံး...

သူ ဘာလုပ်သင့်လဲ...

ပြန်ပြီး ပွေ့ဖက်လိုက်သင့်လား...

ဒါမှမဟုတ် ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်ရမလား...

လက်ထပ်ဖို့အထိ ပြင်ဆင်နေတဲ့ ချစ်သူတွေပါလို့ ပြောတယ်မလား...

ဒါဆို အရင် သူ အတိတ်မမေ့ခင်ကရော...

ဒီလိုအခြေအနေတွေမှာ သူ ဘယ်လို ပြုမူပါသလဲ...

တွေးလေ တွေးလေ ခေါင်းတွေကိုက်လာရလေ ဖြစ်နေတဲ့ ကောင်ငယ်လေးဟာ စိတ်အိုက်စွာနဲ့ ချွေးလေးတွေတောင် စို့လာရှာတယ်...

ဘာလုပ်ရမှန်းမသိတဲ့ လက်လေးနှစ်ဖက်ကတော့ အကျင့်ပါစွာ Jay ရဲ့ ခါးနေရာက အင်္ကျီစလေးမှာပဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိလျက်သား...

" ကိုယ် မင်းရဲ့ နှစ်သိမ့်မှုကို လိုအပ်နေတယ် ဘေဘီ "

နားနားကို ကပ်ကာ ခပ်ရှရှလေး ထွက်လာတဲ့ Jay ရဲ့ စကားသံ...

ဒီလောက်ဆိုရင် သူ တစ်ခုခု လုပ်လိုက်သင့်ပြီ မဟုတ်ဘူးလား...

တွေဝေမနေတော့ဘဲ သူ့ရဲ့ လက်လေးတွေဟာ Jay ရဲ့ ကျောပြင်ကျယ်ကြီးကို သိုင်းဖက်လိုက်လေတော့သည်။

ထိုအခါမှာ  သူ့လည်ပင်းတွေဆီကို တိုးဝှေ့လာတဲ့ Jay ရဲ့ နှာဖျားဟာ လည်ပင်းတွေကို ပွတ်တိုက်လို့  ဂုတ်တွေ မေးရိုးတွေမှတဆင့် နားရွက်ဖျားလေးတွေထိ ကျူးကျော်ရောက်ရှိလို့လာတယ်...

ပြီးနောက် နားသယ်စပ်လေးကို တိုးတိုက်လို့  ဆံပင်တွေထဲကို နှာဖျားနှစ်ကာ တရှိုက်မက်မက် နမ်းရှိုက်နေလေတော့ သူ့မှာ ခန္ဓာကိုယ်ထဲက သွေးတွေ ပြောင်းပြန်စီးဆင်းသွားပြီလားတောင် ထင်မှတ်ရတဲ့အထိ...

အနမ်းတွေက မရပ်တန့်ဘဲ လည်တိုင်လေးဆီ တကျော့ပြန်လာကာ ဖွဖွနမ်းစုပ်တော့ Sunoo ရဲ့ ခန္ဓာကိုယ်လေးဟာ တွန့်ခနဲ...

" Jay..."

အသံတုန်တုန်လေးနဲ့ ခေါ်လိုက်ပြီး ရင်ဘတ်ကို တွန်းလိုက်တော့ သူ့မျက်နှာကို လှည့်ကြည့်လာတဲ့ Jay က

" လန့်သွားတာလား ဘေဘီ "

" ဟို..."

" အဟွန်းးး မလန့်ပါနဲ့... ကိုယ် ဘေဘီ့ကို ဘာမှမလုပ်ပါဘူး... စိတ်ချ နော် "

အပြုံးနုနုလေးနဲ့ ပြောလာတဲ့ Jay ရဲ့စကားကို သူ ခေါင်းလေးသာ ညိမ့်ပြနိုင်ရှာတယ်...

မရင်းနီးသေးတဲ့ အထိအတွေ့တွေနဲ့ စိမ်းသက်နေတဲ့ အနေအထားကြီးကြောင့် လူက ရင်တွေတုန်ကာ ချွေးလေးများတောင်ပြန်လာရသည်။

ဒါကို သတိထားမိတဲ့ Jay က သူ့ဆံပင်တွေကို သပ်တင်ပေးကာ နဖူးပြင်လေးကိုပဲ ခပ်ကြာကြာလေး ဖိကပ်၍ နမ်းရှိုက်ပြီး မကြောက်ဖို့ သတိပေးလာတယ်...

Jay ရဲ့ ရင်ခွင်ထဲမှာပဲ ကြောက်ကြောက်လန့်လန့်နဲ့ လက်လေးနှစ်ဖက်ကို ဆုပ်ချေနေရတာ လက်ဖဝါးမှာ ချွေးတွေနဲ့ စိုစွတ်လာတဲ့အထိပါပဲ...

သူ လန့်နေတာကို သိတာကြောင့်  Jay က သူ့ကို ရင်ခွင်ထဲက ထုတ်လိုက်ပြီး ပုခုံးမှ အုပ်ကိုင်ကာ ကုတင်ပေါ်သို့ ထိုင်စေသည်။

နှစ်ယောက်လုံး ကုတင်ပေါ်မှာ တင်ပလွှဲဝင်ထိုင်လိုက်ကြပြီး Jay က သူ့မျက်လုံးတွေထဲကို တည့်တည့်ကြည့်လာကာ တိုးတိုးငြင်သာ ခေါ်လာတယ်...

" ဘေဘီ... "

သူ အကြည့်တွေနဲ့ပဲ ပြန်ထူးလိုက်တော့ Jay က

" ကိုယ် ဘေဘီ့ကို တရားဝင် ပိုင်ဆိုင်ချင်ပြီ ဘေဘီရယ်..."

" ကိုယ့်ကို ပိုင်ဆိုင်ခွင့် ပြုတော့...နော် "

" ကိုယ်တို့ လက်ထပ်ကြမယ် ... ကိုယ် ထပ်ပြီး မစောင့်ဆိုင်းချင်တော့ဘူး... ဘေဘီ့လက်ကို တွဲပြီး ဒါဟာ ကိုယ့်ရဲ့ တရားဝင် ပိုင်ဆိုင်မှုလေးပါလို့ ဝင့်ကြွားချင်ပြီ "

နင့်နေတဲ့ အကြည့်စူးစူးတွေနဲ့ ရှတတ Jay စကားသံတွေက ကျွန်တော့်ရင်တွေကို တုန်စေတာလား ခုန်စေတာလား ဆိုတာတောင် မသဲကွဲတော့ပါဘူး...

ညှို့ညှို့ငင်ငင် အကြည့်တွေနဲ့ တိုးဖွဖွစကားသံတွေကြား လူဟာ လေပေါ်မှာ လွင့်နေတဲ့ ဝါဂွမ်းစလေးလိုပါပဲ...

သူ Jay စကားတွေကို ခေါင်းလဲ မညိမ့်နိုင်သလို ခေါင်းလဲ မခါနိုင်ဘူး...

စိတ် ဂနာမငြိမ်တိုင်း ဆုပ်ချေရလွန်းလို့ လက်ဖဝါးနုနုလေးတွေလဲ ရဲရဲနီကာ သွေးရောင်​လေးတွေ လွှမ်းနေရော့မယ်...

အဲ့ဒီအချိန်မှာ လက်ချောင်းလေးဆီက အထိအတွေ့လေးတစ်ခု...

အဲ့ဒီ့အရာလေးကို တို့ထိလိုက်မိတဲ့အခိုက်မှာ လွင့်မျောနေမိတဲ့ သူ့စိတ်တွေ ဖြုန်းခနဲဆို ငြိမ်သက်သွားပြီ တစ်စုံတစ်ရာကို မှတ်မိသွားသလို ရှိသွားကာ သူ Jay ကို ဘာပြန်ပြောရမလဲဆိုတဲ့ အ​ဖြေကို သိရှိသွားတော့တယ်...

ကျေးဇူးပါ လက်စွပ်လေးရေ...

လွတ်သွားတော့မယ့် ကိုယ့်စိတ်တွေကို အမြင်မှန် ရစေခဲ့လို့...

ဟုတ်တာပေါ့...

မေ့နေတဲ့ မှတ်ဉာဏ်တွေထဲက တစ်စုံတစ်ယောက်ကို သူ ရှာဖွေရအုံးမယ်လေ...

သူ့ပတ်ဝန်းကျင်မှာ ပျောက်ဆုံးနေတဲ့ အဲ့ဒီ့ တစ်စုံတစ်ယောက်...

တိတိကျကျ ဆိုရင် card လေးထဲက မောင် ဆိုတဲ့စာသားလေးရဲ့ ပိုင်ရှင်...

သူ Jay စကားတွေကို ခေါင်းညိမ့်လိုက်လို့ မဖြစ်ပါဘူး...

ဘာကိုမှ အတိအကျကြီး မမှတ်မိသေးဘဲ ပြောသမျှကိုသာ အတည်လို့ မှတ်ယူထားတဲ့ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူကမှ ပြောပြခြင်းမရှိတဲ့ မောင် ဆိုတဲ့ လူသားလေးက ပျောက်ဆုံးနေတယ်...

မောင် လို့ တွေးမိလိုက်တာနဲ့ သူ့ဝဲဘက်ရင်အုံဟာ တငြိမ့်ငြိမ့်နဲ့ လှုပ်ခတ်လာပြီး တသိမ့်သိမ့်နဲ့ ကခုန်လာတယ်....

ပြီးတော့ ငြိမ်းချမ်းနေတဲ့ ခံစားချက်...

နွေးထွေးနေတဲ့ ခံစားချက်...

ပြီးတော့ သူ့လက်သန်းကြွယ်လေးနဲ့ အံဝင်ခွင်ကျ ဖြစ်နေတဲ့ လက်စွပ်ကလေး...

ဒီအချက်တွေကြောင့်ပဲ Sunoo ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်...

" ဟိုလေ... ဖြစ်နိုင်ရင်လေ... ကျွန်တော်တို့ မင်္ဂလာပွဲကို ကျွန်တော် အားလုံး ပြန်မှတ်မိတဲ့ အချိန်ကျမှ လုပ်လို့ မရဘူးလား ဟင်...ဘာကိုမှ မမှတ်မိဘဲ မင်္ဂလာပွဲ ကျင်းပရတာ ကျွန်တော့်စိတ်ထဲ မွန်းကြပ်လွန်းလို့ပါ "

" မှတ်မိလဲ ဒါပဲ မမှတ်မိလဲ ဒါပဲ ဘေဘီ... ကိုယ်တို့ မင်္ဂလာပွဲက ဟိုးအရင်ကတည်းက နှစ်ဦးသဘောတူ စီစဉ်ထားကြတာ... ဘေဘီ မှတ်မိတဲ့အထိ ​စောင့်ပေးချင်ပေမယ့် ကိုယ် ဘေဘီ့ကို ပိုင်ဆိုင်ချင်ပြီမို့ပါ... ကိုယ့်ဆန္ဒကို ဘေဘီက ခွင့်ပြုမယ်မလား ဟင် "

သူ့ကို ညှို့ညှို့ငင်ငင် အကြည့်တွေနဲ့ ကြည့်ကာ လက်လေးတစ်ဖက်ကို ဆွဲယူလို့ နှုတ်ခမ်းတွေနဲ့ ဖိကပ်လိုက်တဲ့ Jay...

နှစ်ဦးသဘောတူတဲ့လား....

ဒါဆို ဘာလို့ မင်္ဂလာပွဲအကြောင်း ပြောလိုက်တိုင်း ကျွန်တော့်စိတ်တွေ လေးလံသွားရတာလဲ...

အရမ်းချစ်ကြတဲ့ ချစ်သူတွေပါဆိုပြီး Jay ကို မြင်လိုက်တိုင်း ဘာလို့ ကျွန်တော့် ရင်ဘတ်တွေ အောင့်အောင့် လာရတာလဲ....

အရာအားလုံးဟာ နဂိုအတိုင်းပါပဲဆိုပြီး ဘာလို့များ ကျွန်တော့်စိတ်ထဲမှာ တန်ဖိုးကြီးအရာတစ်ခု ပျောက်ဆုံးနေသလို ခံစားနေရတာလဲ...

ဘာလို့လဲ... ဘာလို့လဲ... ဒီလိုတွေ ခံစားနေရတာဟာ ဘာလို့များလဲ...

ဘုရားသခင်...

ကျွန်တော့်ရင်ထဲက မွန်းကြပ်မှုတွေ

ကျွန်တော့်စိတ်ထဲက အဖြေမဲ့ ပုစ္ဆာတွေအတွက် ကျွန်တော့်ကို လမ်းပြပေးတော်မူပါ......

ပြီးတော့ ပျောက်ဆုံးနေတဲ့ ကျွန်တော့်ရဲ့ အဆောလို့ ခေါ်တတ်တဲ့ မောင် ဆိုတဲ့ လူသားလေးကို အမြန်ဆုံး ပြန်ပြီး မှတ်မိခွင့်ပြုပါ...

" ဘေဘီ ကိုယ့်ကို မသနားဘူးလား ဟင်... ဘာလို့လဲ ကိုယ်က ဘေဘီ့ကို ပိုင်ဆိုင်ရဖို့ မထိုက်တန်ဘူး ထင်လို့လား... ဘာလို့များ ကိုယ့်ကို ခဏတိုင်း ငြင်းဆန်နေရတာလဲ ဘေဘီ "

သူ့ဘက်က ငြိမ်နေတာကြောင့် Jay က ထပ်မေးလာပြန်တယ်။

" ဒါဆို ကျွန်တော်ကရော... ဘာတစ်ခုမှ ရေရေရာရာ မှတ်မိသေးတာမရှိဘဲ "

" ဘေဘီက ဘာကို မှတ်မိချင်သေးတာလဲ... ဟင်... မှတ်မိလာမယ့် အကြောင်းအရာတွေကြောင့်နဲ့  ကိုယ် နဲ့ ဘေဘီ လက်ထပ်မယ့်ကိစ္စက ပြောင်းလဲသွားမယ် ထင်လို့လား "

" ကျွန်တော် ပြောတာ အဲ့သဘော မဟုတ်ပါဘူး... ကျွန်တော် အရာအားလုံးကို စိတ်ရှင်းချင်လို့ပါ "

" မလိုဘူး ဘေဘီ... ကိုယ် ပြောတာပဲ နားထောင်ပြီး ကိုယ် စီစဉ်တာကိုပဲ လိုက်နာပါ "

" Jay..."

" ကိုယ် အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထပ်မပြောတော့ဘူး..မနက်ဖြန် ကိုယ်တို့ ဝတ်စုံတွေ သွားကြည့်ကြမယ်...  နာမည်ကြီး Designer ဆီမှာ ဝတ်စုံအတွက် ကိုယ် ရက်ချိန်းယူထားပြီးပြီ "

" မဟုတ်သေးပါဘူး... Jay "

" ကဲ ဘေဘီ ပင်ပန်းနေရောပေါ့ နားတော့... ကိုယ် သွား​တော့မယ်... ကိုယ့်စိတ်တွေလဲ သိပ်ပြီး အဆင်မပြေဘူးမို့ ကိုယ်တို့ ထပ်ပြီး မငြင်းခုန်ကြစို့  "

ပြောချင်ရာပြောပြီး ထ ထွက်သွားတဲ့ Jay စိတ်ထဲမှာတော့ ဘာတွေ တွေးနေမလဲ မသိပေမယ့် သူ့စိတ်ထဲမှာတော့ အတွေးတွေ ပေါင်းစုံနဲ့ ရှုပ်ယှက်ခတ်ပြီး ကျန်ခဲ့တယ်...

လက်တွေ့မှာ ချစ်သူတွေပါဆိုပြီး လက်ထပ်ဖို့ စီစဉ်လာပြန်တဲ့ Jay ရယ်...

အဆောလို့ ခေါ်တတ်ပြီး လက်စွပ်လေးကို စွပ်ပေးနေတဲ့ မောင် ဆိုတဲ့ လူသားလေးရယ်...

ဒါဆို သူ ခဏတိုင်း မက်နေတဲ့ အိပ်မက်တွေထဲက ပါးချိုင့်လေးနဲ့ အပြုံးပိုင်ရှင်က ဒီလက်စွပ်လေးရဲ့ ပိုင်ရှင် မောင် ဆိုတဲ့ လူသားလေးများလား....

အတိအကျ ဘာ ဆိုတာ မမှတ်မိသေးပေမယ့် ပုံးထဲက ပစ္စည်းလေးတွေရယ် တစ်စွန်းတစ်စ မှတ်မိသလောက်လေးတွေရယ် ဆက်စပ်ကြည့်လိုက်ရင်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေတဲ့ အရာတစ်ခု...

သူ စိတ်ညစ်နေတဲ့ကြားက  နှုတ်ခမ်းဖူးလေး ကော့တက်အောင် ပြုံးလိုက်မိရင်း လက်စွပ်လေးကို ကျန်လက်တစ်ဖက်နဲ့ လှည့်ပတ် ပွတ်သပ်ကာ ငုံ့ကြည့်ပြီး တိုးတိုးရေရွတ်လိုက်တယ်...

" ငါ သိချင်တဲ့  အဖြေအားလုံးက မင်းဆီမှာ ရှိနေတယ်မလား လက်စွပ်လေး... ဟင် "

*****

Love you...💙

San Htarni 💙

24.6.2023

// Happy Sunoo Day //

*****

ZAWGYI

~ 33 ~

" သား..."

တောက်!!!







" CEO... "






" သား..."


















" သား... "












.
.
.



























" အဆောရဲ့ နေ့ရက်တိုင်းမှာ အတူရှိမယ့် မောင် ဆိုပါ့လား... မောင်... မောင် ဆိုတာ ဘယ်သူလဲ... အဆောဆိုတာ ငါလား.. အဆော... ဒီလိုခေါ်တာကြီးကို ငါ ရင်းနီးနေပါတယ်... အဆော...အာ...ဒါ ဟိုရက်တွေတုန်းက အိမ်ရှေ့မှာ လာအော်တဲ့ နာမည်ပဲ... ဒါဆို... အဲ့ဒါ ငါ့ကို ခေါ်နေတာလား.. ဟာ ဘာတွေလဲကွာ... မောင် ဆိုတာကရော ဘယ်သူလဲ...အားးး ခေါင်းတွေ ကိုက်လိုက်တာ.. ဘာမှ အသုံးမကျတဲ့ ခေါင်း.. တစ်ခုခုကို စဉ်းစားမယ်ဆို သူက အရင်လာကိုက်နေတယ် ကျစ် "






ဒေါက် ဒေါက် ဒေါက်

" ဘေဘီ... "






" ဘေဘီ..."

" J..Jay..."







" ပစ္စည်း... ဘာ ပစ္စည်းလဲ "




" ဟုတ်... ဟုတ်ကဲ့ပါ Jay "


ဟူးးး တော်သေးတာပေါ့

Jay ဆီမှာ မိတော့မလို့။






" Jay... "

" ခဏလေးပါ ဘေဘီ "






သူ ဘာလုပ်သင့်လဲ...















" Jay..."


" လန့်သွားတာလား ဘေဘီ "

" ဟို..."








" ဘေဘီ... "













ဟုတ်တာပေါ့...














နှစ်ဦးသဘောတူတဲ့လား....





ဘုရားသခင်...


ကျွန်တော့်စိတ်ထဲက အဖြေမဲ့ ပုစ်ဆာတွေအတွက် ကျွန်တော့်ကို လမ်းပြပေးတော်မူပါ......








" Jay..."


" မဟုတ်သေးပါဘူး... Jay "









*****

Love you...💙

San Htarni 💙

24.6.2023

// Happy Sunoo Day //

Comment