~ 26 ~

~ 26 ~

အတွင်းရေးမှူး Lee လက်ထဲမှာ ကိုင်ထားတဲ့ CEO Park ရဲ့ဖုန်း...

ဖုန်းထဲမှာတော့ ခြိမ်းခြောက်စာ ပုံစံ ရေးသားပေးပို့လာတဲ့ စာတစ်စောင်။

" ကျွန်တော်ကတော့ အတိအကျ YJ လို့ပဲ ထင်နေတယ် CEO "

" အသေအချာပဲ Hyung... အဲ့ဒီကောင် ထောင်က လွတ်သွားတာကို ကျွန်တော်တို့ သတိမထားမိလိုက်တာ... အဲ့အချိန်ခဏလေးကို ဒီကောင် ပတ်မွှေသွားတာ ခံလိုက်ရတာပဲ "

" တော်တော်လေးတော့ ခြေရာခံမိနေပြီ CEO... သဲလွန်စတော်တော်များများလဲ ရထားပြီမို့ မကြာခင် ဒီကောင့်ကို ဖမ်းမိတော့မှာပါ "

" မကြာခင် ဆိုတာကို မလိုချင်တော့ဘူး Hyung... မကြာခင် ဆိုတာကိုက သိပ် ကြာလွန်းနေပြီလေ... ကျွန်တော် မိတ်ဆက်ပေးထားတဲ့ Leo ဆိုတဲ့ ကောင်လေးနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့...သူက Hyung အတွက် အားကိုးလို့ရတဲ့ လက်ရုံးတစ်စူဖြစ်ပေးလိမ့်မယ် "

" ဟုတ်ကဲ့ပါ CEO "

" ပြီးတော့... ဘေဘီ့အနားမှာ အစောင့်တွေ ထပ်ချဖို့ လိုလိမ့်မယ်နော် Hyung... ဒီစာအရဆို ဒီတစ်ခါ ဦးတည်နေတာ ဘေဘီ့ဆီကို ဖြစ်ဖို့များတယ် "

" တင်းကြပ်လွန်းရင်လဲ Sunoo လေး တမျိုးထင်သွားမှာ စိုးရတယ်နော် CEO... ဖြစ်နေတဲ့ ပြဿနာတွေကြောင့် သူ့ကို ချုပ်ထားတယ် ထင်နေပါ့မယ် "

" ဘယ်လိုပဲ ထင်ထင်ပါလေ... လောလောဆယ် ဟိုကောင့်ကို မမိခင် ဘေဘီ ဘေးကင်းဖို့ လိုတာမို့ "

" ဒါလဲ ဟုတ်တော့ ဟုတ်ပါတယ်လေ "

" တမြို့လုံးကို ပိုက်စိပ်တိုက်ပြီး ရှာ Hyung... တစ်နေရာမှ မကျန်ခဲ့စေနဲ့...ရထားတဲ့ သတင်းနဲ့ဆို ဒီကောင် ပြည်တွင်းကို ပြန်ဝင်လာတာ တစ်ပတ်လောက်ရှိနေပြီ "

" ကောင်းပါပြီ CEO... ပြောတဲ့အတိုင်း လုပ်ပါ့မယ်... ခွင့်ပြုပါအုံး "

အတွင်းရေးမှူး Lee ထွက်သွားမှ စားပွဲပေါ်က ဖုန်းလေးကို ကောက်ယူလိုက်ပြီး Jay  စာကို နောက်တစ်ခါ ထပ်ဖတ်လိုက်သည်။

* မျက်လုံးတစ်လုံး အတွက် မျက်လုံးတစ်လုံး... သွားတစ်ချောင်းအတွက် သွားတစ်ချောင်း...
ငါ့အတွက် ကတော့ လက်တစ်ဖက်အတွက် မင်းရဲ့ အသည်းနှလုံးကို ဖောက်ထုတ်ယူပြမယ် CEO Park Jong Seong... *

သေချာ​ပေါက် YJ က MD ကောင်ပဲ။
[( Part 1) မှာ Party သွားတော့ Sunoo ​လေးကို လက်ဆွဲပြီး နှောက်ယှက်ခဲ့တဲ့ MD ပါ။ မှတ်မိကြသေးရဲ့လား။]

ကိုယ်ကတော့ သူ့အဖေရဲ့ တောင်းဆိုမှုကြောင့် ပြစ်ဒဏ်ကို လျှော့ပေါ့ပြီး ပေးလိုက်မိတာ။

ဒီလိုကောင်တွေက သနားငဲ့ညှာမှုနဲ့ မထိုက်တန်ဘူးပဲ။

ပြေးနိုင်တုန်းတော့ ပြေးထားပေါ့ကွာ...

ငါ့လက်ထဲကို ရောက်လာတဲ့နေ့ကျရင်တော့ မင်းအတွက်က ဘဝနိဂုံးပဲ။

လုပ်ငန်းတွေထဲမှာ နှောက်ယှက်တာနဲ့ အားမရလို့ ရာရာစစ ငါ့အပိုင်ကိုပါ ထိပါးချင်ရတယ်လို့။

အပိုင်လို့ ဆိုတာနဲ့ စိတ်က ရောက်သွားရပြန်ပြီ ဘေဘီ့ဆီကို။

မနေ့ညက ဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် ဒီကလေး ဘယ်သူ့ကိုမှ အတွေ့မခံဘဲ အခန်းတံခါးပိတ်ကာ တစ်ယောက်ထဲ နေနေသည် တဲ့။

တစ်နေကုန်လဲ ထမင်းမစား...

ဘာ စကားတစ်ခွန်းမှလဲ မပြောဘဲ တိတ်ဆိတ်နေတော့ သူ စိုးရိမ်ရပြန်သည်။

မှားတာက ဘေဘီ  ဆိုပေမယ့် လွန်သွားတာက ကိုယ် မလား...

စိတ်မဖြောင့်တာနဲ့ စားပွဲပေါ်က သိမ်းစရာရှိတာတွေကို သိမ်းကာ အလုပ်မှ ပြန်လာခဲ့လိုက်သည်။

ဘေဘီ့ကို စိတ်မချတာကြောင့် အလုပ်ကလဲ လုပ်လို့မရ။

အိမ်ပြန်လမ်းမှာ ဘေဘီကြိုက်တတ်တာလေးတွေလဲ ဝင်ဝယ်ရင်းပေါ့....

ကားကို ခပ်သွက်သွက်မောင်းလာကာ ဘေဘီ့အိမ်ဘက်ကို အရင် ဝင်လာလိုက်သည်။

ဧည့်ခန်းထဲမှာတော့ ဘေဘီ့မေမေနဲ့ ညီမလေးက ထိုင်လို့။

ဘေဘီ့အမေကို ကြည့်ရတာလဲ မျက်နှာမကောင်း။

မျက်နှာကောင်းနိုင်စရာလဲ မရှိဘူးလေ...ဒီရက်ပိုင်းတွေမှာ ဖြစ်ပျက်သွားတာတွေက အကုန် မျက်နှာပျက်စရာတွေကြည့်။

သူ ဝင်လာတာ မြင်တော့ ပြာပြာသလဲ ထ လာပြီး

" ရောက်လာပြီလား CEO "

" ဘေဘီ အပြင်ထွက်ရဲ့လား "

" မထွက်လာဘူး CEO... သားတို့ ဘာဖြစ်ထားကြတာလဲဆိုလဲ မေးလို့မရဘူး... ရောက်ကတည်းက အခန်းတံခါးပိတ်ပြီးပဲ နေနေတယ်"

" ကျွန်တော် သွားကြည့်လိုက်ပါ့မယ် "

အခန်းရှေ့ကို ရောက်လို့ နားစွန့်ကြည့်လိုက်တော့လဲ အသံတွေ တိတ်ဆိတ်လို့။

ဒါနဲ့ Jay အခန်းတံခါးကို ခေါက်လိုက်ပြီး အသံပေးလိုက်သည်။

ဒေါက် ဒေါက် ဒေါက်

" ဘေဘီ... တံခါးခဏဖွင့် ကိုယ် မင်းကို ပြောစရာရှိတယ် "

".... "

ဒေါက် ဒေါက်

" ဘေဘီ... ထမင်းလဲ တစ်နေကုန်မစားဘူးဆို...တစ်ခုခု စားမှ ဖြစ်မယ်လေ.. ဘေဘီ့ "

".....''

" ဒီမှာ မင်း ကြိုက်တဲ့ မုန့်တွေ ဝယ်လာလို့ ခဏတော့ ထွက်ယူကွာ... "

"...."

" ဘေဘီ... ကိုယ် လုပ်ခဲ့တာတွေအတွက် တောင်းပန်တယ်ကွာ... ဒီလိုကြီးတော့ နေလို့ မဖြစ်ဘူးလေ... ဘေဘီ... ဘေဘီ့ "

Jay ဘယ်လောက်ပဲ ခေါ်နေပါစေ.. အခန်းလေးထဲကတော့ ဘာသံမှ ပြန်မလာ...

Jay သက်ပြင်း​မောတစ်ခုကို မှုတ်ထုတ်လိုက်ပြီး ခေါင်းသာ ယမ်းလိုက်မိသည်။

သော့အပိုနဲ့ တံခါးဖွင့်ပြီး ဝင်သွားလို့ရပေမယ့် သူ အတင်းအကျပ် မလုပ်လိုတာကြောင့် ပြန်ဖို့သာ ဆုံးဖြတ်လိုက်သည်။

" ဟုတ်ပါပြီ.... ဘေဘီ စကားမပြောချင်ဘူးဆိုလဲ သက်သက်သာသာ နေပါ... ကိုယ်တံခါးမှာ မုန့်တွေ ချိတ်ခဲ့မှာမို့ ထွက်ယူပြီး စားလိုက်အုံးနော် "

တံခါးမှာ မုန့်လေးတွေ ချိတ်ခဲ့ကာ Jay အောက်ကိုသာ ပြန်ဆင်းလိုက်သည်။

ဧည့်ခန်းထဲမှာ အခြေအနေ စောင့်ကြည့်နေတဲ့ ဘေဘီ့မေမေက သူ ဆင်းလာတာမြင်တော့

" သားလေး ထွက်လာရဲ့လား CEO "

" ထွက်မလာဘူး အန်တီ... သူ့အတွက် တစ်ယောက်ထဲ နေဖို့ အချိန်လိုအပ်သေးလို့ ဖြစ်ပါလိမ့်မယ်... အတင်းအကျပ်မလုပ်ဘဲ လွှတ်ထားလိုက်ရအောင်ပါ "

" ဟင်းးးး သားလေးနဲ့တော့ ခက်တော့တာပါပဲ."

" လက်ထပ်ဖို့ကိစ္စတွေကတော့ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာမို့ အန်တီကပဲ ဘေဘီ့ကို ဖျောင်းဖျပေးပါ "

" သားလေး ဒီလိုတွေ ဖြစ်နေတာတောင် စီစဉ်ရမှလား CEO ရယ်..အန်တီ့သားလေး "

" ဒါကိုတော့ ကျွန်တော် တစ်စက်လေးမှ အလျှော့ပေးမှာ မဟုတ်ဘူး အန်တီ... အန်တီတို့ သားမိတွေ လုပ်ထားတာ ဘယ်လောက်ထိ ဆိုးဝါးလဲ အန်တီ အသိဆုံးပါ... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ထပ် မပြောရပါစေနဲ့ "

ပြောပြီးတာနဲ့ တန်းထွက်သွားတဲ့ CEO ရဲ့ နောက်ကျောပြင်ကို ငေးကြည့်ရင်း သူမ သက်ပြင်းမောတွေကိုသာ ချပြီးရင်း ချလိုက်မိတော့သည်။

CEO Park ဟာ ပြောတဲ့စကားကို မဖြစ် ဖြစ်အောင် လုပ်တတ်တဲ့ လူစားမျိုးပဲလေ...သူ့ကိုဘာတစ်ခုမှ စောဒကတက်ခွင့်ရှိမှာ မဟုတ်။

ဒီတစ်ခါတော့ဖြင့် သူမ သားလေးကို သူမ တကယ်ပဲ သူများလက်ထဲ ထည့်ပေးလိုက်ရတော့မယ် ထင်ပါရဲ့။

ဒီလူက သားလေး ချစ်ခင်နှစ်သက်တဲ့လူဆိုရင် မပြောလိုပေမယ့် သားလေး မနှစ်သက်တဲ့လူ ဖြစ်နေလေတော့ သူမစိတ်တွေ မအေးချမ်းနိုင်တော့ပါဘူး။

ဒီရက်ပိုင်းတွေ အတွင်းမှာ သားလေးရဲ့ ချစ်သူကောင်လေးက အိမ်ရှေ့မှာ ရစ်သီရစ်သီလုပ်နေတာကို သူမ မြင်မိပါသည်။

သားငယ်လေးက ဖုန်းလဲ ကိုင်ခွင့်မရှိသလို အပြင်တွေလဲ မထွက်ရဘဲ အိမ်ထဲမှာပဲ အကျယ်ချုပ်လို ချုပ်ပြီး စောင့်ကြည့်ခံနေရတော့ ဒီကောင်လေး စိုးရိမ်ပြီး လာရှာပုံပေါ်ပါသည်။

သူမ ထိုကောင်လေးကို အကျိုးအကြောင်းလေးပဲ ဖြစ်ဖြစ် ပြောပြချင်ပေမယ့် အိမ်မှာက Jay ထားပေးတဲ့ လုံခြုံရေးတွေ ရှိနေတာကြောင့် ဒီကောင်လေး အိမ်ရှေ့လာတဲ့အချိန်ဆို လူက မလစ်။

Jay ရဲ့ ရန်ကိုလဲ ကြောက်ရသေးတာကြောင့် ဒီကောင်လေးကို အိမ်ရှေ့ခဏတိုင်း မလာဖို့ သတိပေးချင်ပါသေးသည်။

ဘာပဲဖြစ်ဖြစ် သားလေး မေတ္တာရှိနေတဲ့ ကလေးပဲ သူမလဲ ချစ်ခင်သနားမိပါသည်။

ဒီနေ့တော့ သတိထားကြည့်နေမိပေမယ့် အိမ်ရှေ့ကို ရောက်လာတာ မမြင်သေး။

ဟင်းးး မေမေ သတိပေးခဲ့သလိုတွေတော့ ဖြစ်လာခဲ့ပြီ သားလေးရယ်...

မေမေ့မှာတော့ သားလေးကိုပဲ သနားရမလား တစ်ဖက်ကောင်လေးကိုပဲ သနားရမလား မသိတော့ပါဘူး...

.
.
.

ရေချိုးခန်းထဲက မှန်ပေါ်မှာ မြင်နေရတဲ့ ကိုယ့်ခန္ဓာကိုယ် ကိုကြည့်ပြီး Sunoo မျက်လုံးလေးများ မှိတ်ချလိုက်မိသည်။

မမြင်ချင်ဘူး ဒီအရာတွေကို...

ဒါတွေကို မြင်လိုက်တိုင်း ညက အဖြစ်အပျက်ကြီးကို မျက်လုံးထဲ ပြန်မြင်ယောင်လာပြီး ကိုယ့်ကိုကိုယ် ရွံရှာစက်စုပ်မိလို့။

ပါးလေးတွေလဲ ခုထိ အယောင်မကျသေးသလို နှုတ်ခမ်းထောင့်က အညိုအမဲ အရာတွေကလဲ အရောင်မလျော့သေး။

ခန္ဓာကိုယ်အနှံ့က နီညိုရောင် အကွက်တွေဟာလဲ ထင်းနေကာ တစ်ကိုယ်လုံး အနှံ့မှာ ရစရာမရှိ။

Sunoo ရေကို ခပ်မြန်မြန်ချိုးကာ ရေချိုးခန်းထဲက ထွက်လာလိုက်ပြီး တွေ့ရာ အင်္ကျီတစ်ထည်ကို ကောက်စွပ်ထားလိုက်သည်။

အင်္ကျီလေးက Oversize မို့ ပုခုံးလေးတစ်ဖက်ပေါ်ကနေ လျှောကျနေကာ ညှပ်ရိုးလေးတွေ ပေါ်လို့နေသည်။

အဲ့ဒီ ညှပ်ရိုးလေးတွေ ပေါ်မှာလဲ နီညိုရောင် အမှတ်အသားများ...

တစ်နေကုန် အပြင်မထွက်လို့ မေမေ စိုးရိမ်နေမယ်ဆိုတာ သိပေမယ့် ရုပ်ပျက်ဆင်းပျက် သူ့ပုံစံကို မေမေ မမြင်စေလိုတာကြောင့် သူ အပြင်မထွက်ဖြစ်ပါ။

မနက်က အိမ်ရောက်တော့ မေမေ မီးဖိုခန်းထဲမှာ ရှိနေတဲ့အချိန်နဲ့ ကွက်တိဖြစ်သွားတာကြောင့် တော်သေးသည်။

မဟုတ်လို့ သူ့ရဲ့ ဒီပုံစံကို မေမေမြင်ရင် ရင်ကွဲမှာ။

Sunoo အင်္ကျီလေးကို ဖြစ်ကတတ်ဆန်း ကောက်ဝတ်ထားလိုက်ပြီး အောက်ကလဲ ဘောင်းဘီတိုလေးတစ်ထည်ကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ထားလိုက်သည်။

ပြီး ကုတင်ပေါ်ထိုင်လိုက်ကာ ခေါင်းအုံးလေးအောက်ကို နှိုက်လိုက်သည်။

လက်လေးပြန်ထုတ်လိုက်တဲ့အချိန်မှာ ပါလာတာက မောင့်ရဲ့ ပုဝါလေး...

မတွေ့ရတဲ့ ရက်တွေတိုင်း မောင့်ပုဝါလေးကို ရင်ခွင်ထဲ ထည့်လို့ အိပ်စက်တတ်တာ အကျင့်တစ်ခုလိုကို ဖြစ်နေပြီ။

ခုလဲ ပုဝါလေးကို ဆွဲထုတ်လိုက်ကာ နှာခေါင်းနားမှာတေ့လို့ အားရပါးရ နမ်းရှိုက်လိုက်မိသည်။

လွမ်းတယ် မောင်...

မောင့်ကို အဆော အရမ်း လွမ်းနေတယ်...

ခုချိန် မောင် ဘယ်လိုတွေ ဖြစ်နေမလဲလို့လဲ စိုးရိမ်နေမိတယ်...

မောင်...

အဆင်ပြေနေတယ်မလား ဟင်...

မောင့်အနားမှာ အဆော မရှိလည်းပဲ မောင် အဆင်ပြေအောင် နေရမယ်နော်...

ပြီးတော့ အဆောကို ပေးထားတဲ့ ကတိကိုလဲ မမေ့ပါနဲ့။

အဆောနဲ့ အောင်မြင်မှု တစ်ခုကိုပဲ ရွေးချယ်ရမယ်ဆိုရင် မောင် အောင်မြင်မယ့် လမ်းကြောင်းကိုပဲ ရွေးချယ်ပါကွယ်...

အဆော မောင့်ဘဝလေး သာယာပြီး အောင်မြင်နေတာကိုပဲ မြင်ချင်တယ်...

မောင့်ဘေးနားမှာ ခပ်ကြာကြာလေး ရှိနေပေးချင်ပေမယ့် အဆောတို့ရဲ့ ရေစက်က ဒီလောက်ထိပဲ ထင်ပါရဲ့ မောင်...

အဆော Jay ကို လက်ထပ်ရတော့မယ်...

ဒီတစ်ခါတော့ ငြင်းလို့မရတော့ဘူး ထင်ပါရဲ့...

အဆော Jay ကို တကယ်ကြီး လက်ထပ်ရတော့မယ် မောင်...

တွေ့ချင်တယ်...

အဆော လက်မထပ်ခင် မောင့်ကို တွေ့ချင်သေးတယ်...

မောင့်ကို တွေ့ပြီး မောင့်အနမ်းတွေကို တစ်ဘဝလုံးစာ အတွက် ခံယူရင်း မောင့်ကို အသက်လောက် ချစ်ကြောင်းတွေ ပြောပြခဲ့ချင်သေးတယ်...

မောင့်မျက်နှာလေးကို တစ်ဝကြီးငေးလို့ မောင့်မျက်နှာ အစိတ်အပိုင်းလေးတွေကို  တစ်သက်စာ နှလုံးအိမ်ထဲမှာ တံဆိပ်နှိပ်ထားခဲ့ချင်သေးတယ်..

အခွင့်အရေးရှိပါ့မလား မသိပေမယ့် မောင့်ကို နောက်ဆုံးတစ်ခေါက်တော့ တွေ့ချင်သေးတယ် မောင်ရယ်...

ပင်ပန်းနွမ်းလျနေတဲ့ စိတ်တွေနဲ့ မောင့်ကို သတိရတမ်းတရင်း အိပ်ရာကြီးထက် ပုဝါလေးကို ပွေ့ပိုက်လို့ ခွေခွေလေး အိပ်ပျော်သွားတဲ့ အဖြူရောင်ငယ်လေး...

မှေးကနဲ အိပ်ပျော်သွားတဲ့ အချိန်မှာ အိမ်မက်လိုလို တကယ်လိုလို ကြားလိုက်ရတဲ့ ခေါ်သံလေးတစ်ခု...

မှေးမှိတ်နေတဲ့ မျက်လုံးအစုံကို မပွင့်တပွင့် ဖွင့်ကြည့်လို့ ခေါင်းလေးထောင်လိုက်ကာ သေချာ နားထောင်လိုက်မိသည်။

ဒေါက် ဒေါက် ဒေါက်

" အဆော... အဆော... မောင့်ကို တံခါးလေးဖွင့်ပေးပါအုံး.. အဆော "

လေသံလေးတမျှ တိုးသဲ့သဲ့လေးနဲ့ ခပ်အုပ်အုပ်ခေါ်သံလေး..

မောင့်အသံဆိုတာလဲ သေချာနေပြီး အိမ်မက်မဟုတ်တာကြောင့် Sunoo အိပ်နေရာမှ ကျုံးထလိုက်မိသည်။

လှိုက်ခနဲ ပျော်သွားတဲ့ စိတ်နဲ့ အိပ်ရာပေါ်က ဆင်းကာ ဝရံတာတံခါးရှိရာဘက်ကို ပြေးလာလိုက်ကာ မှန်တံခါးကို ဆွဲဖွင့်လိုက်တော့ မြင်လိုက်ရတာက တကယ်ပဲ မောင် ဖြစ်လို့နေသည်။

" မောင်... "

Sunoo အားရဝမ်းသာ ခေါ်လိုက်မိတော့ မောင်က နှုတ်ခမ်းလေးပေါ် လက်ညှိုးလေးတင်ကာ တိုးတိုးနေရန် လုပ်ပြပြီး ပြတင်းကိုကျော်၍ အထဲသို့ ဝင်လာခဲ့သည်။

" မောင် ..."

" အဆော... "

မောင် အထဲကိုရောက်တာနဲ့ တံခါးကို မြန်မြန် ပြန်ပိတ်လိုက်ပြီး မောင့်ကို ဝမ်းသာအားရခေါ်လို့ မောင့်ရင်ခွင်ဆီ ခိုဝင်မိတော့ ဖက်တွယ်လာတဲ့ မောင့်လက်နွေးနွေးကြီးတွေ။

ဘာစကားမှ မပြောဖြစ်။

အသက်ရှူသံပြင်းပြင်းတွေနဲ့ နှစ်ယောက်လုံးဟာ လွမ်းဆွတ်မှုတွေကို တင်းကြပ်စွာ ဖက်ထားကြရင်း ဖြေဖျောက်နေမိကြသည်။


လွမ်းနေခဲ့တာ မောင့် ရင်ခွင်နွေးနွေးကို...

လွမ်းနေခဲ့တာ မောင့်ကိုယ်သင်းနံ့ မွှေးမွှေးလေးကို...

လွမ်းနေခဲ့တာ မောင့် အသံသြရှရှလေးကို...

လွမ်းနေခဲ့တာ မောင့်ရဲ့ အချစ်တို့ယိုဖိတ်ကျနေတတ်တဲ့ အကြင်နာ အကြည့်နွေးနွေးလေးကို...

ဖက်ထားပါရစေ...

လွမ်းခဲ့ရသမျှတို့အတွက် အတိုးချလို့ ဖက်ထားပါရစေတော့...

" လွမ်းလိုက်တာ မောင့်အချစ်ရယ်... မောင်အရမ်းလွမ်းတယ် "

လှုပ်လှုပ်ခတ်ခတ် ပြောလာတဲ့ မောင့်စကားသံလေးထဲမှာ မောင်ဘယ်လောက်ထိ လွမ်းနေရကြောင်း အဆော ခံစားမိရပါတယ်လေ။

အတန်ကြာ ပွေ့ဖက်ထားပြီးမှ လူချင်းပြန်ခွာလိုက်ကာ မောင့်မျက်နှာ ချောချောလေးကို တမေ့တမော မော့ငေးလိုက်မိသည်။

" အဆောလဲ လွမ်းနေပါတယ် မောင်ရယ်... "

မောင့်မေးဖျားလေးကို ခြေဖျားလေးထောက်လို့ ဖွဖွမော့နမ်းရင်း ပြောလိုက်တော့ နဖူးပေါ်ကျရောက်လာတဲ့ မောင့်ရဲ့ နှုတ်ခမ်းထူထူလေးတွေ။

သူ့မျက်နှာပေါ်က အညိုအမဲလေးတွေကိုတော့ Sunoo  သတိမရမိသေး။

မောင့်ကို လွမ်းတဲ့စိတ်ကြောင့် သတိလက်လွတ်နဲ့ပေါ့။

မီးရောင်ကို ကျောပေးထားတော့ မောင်ကလဲ ရုတ်တရက် မမြင်။

ကုတင်ရှိရာဆီ သွားဖို့ ခန္ဓာကိုယ်လေး လှည့်လိုက်တဲ့ အခါမှာတော့ မီးရောင်အောက်မှာ ထင်းခနဲ ဖြစ်သွားတဲ့ အရာလေးများ

" ဟာ...အဆော... အဆော မျက်နှာက ဟာ... ဒါ ဒါ ဘာတွေလဲ "

မောင်က တုန်တုန်လှုပ်လှုပ်နဲ့ ပြာပြာသလဲ မေးလာတော့မှ Sunoo သူ့မျက်နှာလေးကို အောက်ငုံ့ချလိုက်ကာ လက်လေးနဲ့ ကွယ်လိုက်မိသည်။

မောင်က ခပ်မြန်မြန်ပဲ ကုတင်ရှိရာဆီ ဆွဲခေါ်သွားကာထိုင်စေပြီး မျက်နှာလေးကို ဆွဲမော့လိုက်သည်။

" အဆော... မောင့်ရင်တွေ နာလိုက်တာ... ပြောစမ်းပါ ဒါ ဘာတွေလဲ လို့ "

" ဘာမှမဟုတ်ပါဘူး မောင်ရဲ့... အဆော မတော်တဆ ခိုက်မိထားတာ "

မျက်နှာလေးလွှဲကာ မောင့်ကို ညာလိုက်မိပေမယ့် လည်ပင်လေးလိမ်ပြီး တစ်ဖက်လှည့်လိုက်တာကြောင့် ပေါ်သွားတဲ့ လည်တိုင်ပေါ်က အနီကွက်တွေ။

ဒါကို မောင်က မြင်သွားပြီး သူ့အင်္ကျီတွေကို ပုခုံးကနေ ဆွဲချကာ သေချာကြည့်ပြီး

" မောင့်ကို မညာနဲ့ အဆော.. ဒါ ခိုက်မိထားတာ ဘယ်လိုမှ မဟုတ်ဘူး...ဒါ ဟိုလူ့လက်ချက်လား..ဟမ် မောင့်ကို ပြောစမ်းပါ... ကြည့်ပါအုံး လူမဆန်လိုက်တဲ့ လူကြီး... မျက်နှာလေးပေါ်မှာလဲ  အညိုအမဲတွေနဲ့... ဒီလူ ဒီလူ အဆောကို ယုတ်မာ ထားတာလား ဟမ်!! ... မောင် သွားသတ်မယ်!!!... အဲ့လူကို မောင် သွားသတ်မယ်!!! "

" မဟုတ်ဘူး မောင်.... စိတ်မဆိုးပါနဲ့ မောင်ရယ်...အဆော အပြစ်နဲ့ အဆောပါ... မောင် အဲ့လို သွားလုပ်လို့မရဘူးလေ "

"ဟာ... ဟာ... ကြည့်ပါအုံး...ကြည့်ပါအုံး မောင့်အချစ်ရယ်... တစ်ကိုယ်လုံး တစ်ကိုယ်လုံးပဲ.. ရစရာကို မရှိဘူး... အဲ့လောက်ထိတောင် လုပ်ရက်ရလား ဒီလူ..ကျစ်!! မောင် သတ်မယ်... အဲ့လူကို မောင် သတ်ရမှ ကျေနပ်မယ် "

" စိတ်ကို လျှော့ပါ မောင်ရယ်... မောင် ဒီလိုတွေ စိတ်လိုက်မာန်ပါ ပြုမူလိုက်ရင် အားလုံး ကောင်းဖို့မရှိဘူးလေ မောင်... အဆော ဘာမှ မဖြစ်ဘူး... ဘာမှ မဖြစ်ဘူးမို့ မောင် စိတ်အေးအေးထားပါ နော် "

ဝတ်ထားမိတဲ့ အင်္ကျီက အပွဆိုတော့ ဟိုတစ်စ ဒီတစ်စ မြင်နေရတဲ့ နီညိုကွက်တွေရယ်...

ဘောင်းဘီတိုလေးအောက်က ပေါ်နေတဲ့ ပေါင်တံလေးတွေနဲ့ ခြေသလုံးသားလေးတွေပေါ်မှာလဲ ထင်းနေတဲ့ ကိုက်ရာတွေ...

ဒါတွေကို ကြည့် ပြီး မောင်က ယူကျုံးမရဖြစ်ကာ သူ့ကို ရင်ခွင်ထဲ ပွေ့ပိုက်ထားပြီး သွားသတ်မယ် တကဲကဲ...

ဘယ်ဖြစ်ပါ့မလဲကွယ်...

တကယ်တမ်း ယှဉ်ပြိုင်လိုက်ရင် ထိပ်တိုက်တွေ့လိုက်ရင် ပျက်ဆီးရမယ့်သူက ဘယ်သူဆိုတာ အ​ဖြေက အထင်းသားမလား...

" မောင် ဒီကို ဘယ်လို ရောက်လာတာလဲ ဟင်.. အောက်မှာ အစောင့်တွေ ရှိတယ်မလား "

" တစ်ယောက်ပဲ ရှိတော့တယ်... အဲ့အချိန် မောင် ခြံထဲကို ခိုးဝင်လာတော့ အဆော မေမေနဲ့ တွေ့တာ... မေမေက မောင့်ကို ဒီကနေ လာဖို့ လမ်းပြလိုက်တာ... အိမ်ထဲက ခေါ်ဖို့ကျ အဆော ပထွေးရှိနေလို့တဲ့ "

" မောင်ရယ်.. အန္တရာယ်တွေ များလိုက်တာကွာ.. တစ်ခုခု လွဲချော်သွားရင် ဘယ်လိုလုပ်မလဲ "

" မတတ်နိုင်တော့ဘူး အဆောရာ... မောင် တအားလဲ လွမ်းနေပြီ.. တအားလဲ စိုးရိမ်နေလို့... အရဲစွန့်ပြီး ခိုးဝင်လာတာ.. တော်သေးတယ် မေမေက ကိုယ့်ဘက်မှာ ရှိနေလို့ "

" အင်း မေမေက မောင့်ကို သိနေတာလေ.. အဆော ပြောပြထားလို့ "

" ခုတော့ မောင် စိုးရိမ်နေတဲ့အတိုင်းပဲ လူယုတ်မာကြီး အဆောကို စော်ကားထားတယ် "

" အ့... "

သူ့ကို ရင်ခွင်ထဲထည့်ဖက်ထားပြီး ဒေါသစိတ်ကြောင့် အားပါသွားကာ  ခန္ဓာကိုယ်လေးကို ညှစ်လိုက်သလို ဖြစ်သွားတာကြောင့် သူ ယောင်ယမ်း အော်လိုက်မိသည်။

ရင်ဘတ်တွေက ကိုက်ခံထားရတဲ့နေရာတချို့ အယောင်မပျောက်သေးဘဲ ခုထိ ထိလိုက်ရင် နာနေတုန်းလေ။

ဒါကိုပဲ မောင်က သတိထားမိသွားရကာ

" အရမ်းနာနေတာလား မောင့်အချစ်ရယ်... မောင်ကြည့်မယ်... မောင့်ကို ပြနော် "

" ဟင့်အင် မောင်.. ရတယ်.. မနာပါဘူး "

" မနာဘဲ အဆော မအော်ဘူးလေ... နာနေလို့ အော်တာပေါ့... မောင့်ကို အားမနာနဲ့ ပြကြည့် ဆေးထည့်ဖို့လိုလား မောင်ကြည့်မယ် "

" ဟင့်အင် မောင်... "

ရင်ဘတ် အင်္ကျီစလေးကို တင်းတင်းလေး ဆွဲစိလို့ ခေါင်းယမ်းပြတဲ့ သူ့ကို မောင်က ချော့မြူတဲ့အကြည့်တွေနဲ့ ကြည့်ကာ

"မောင်လေ အချစ်ရဲ့... မောင်တို့က ရှက်စရာလိုတဲ့ လူတွေလဲ မဟုတ်သလို အားနာရမယ့်လူတွေလဲ မဟုတ်ဘူး...ပြီးတော့ ခုလို ဖုံးကွယ်ထားရမယ့် လူတွေလဲ မဟုတ်ဘူးလေ... မောင့်ကို ပြပေးနော်... မဟုတ်ရင် မောင် တစိမ်းဆန်တယ်လို့ ခံစားရလိမ့်မယ် "

မောင်ပြောလာတဲ့ စကားများကြောင့် Sunoo မောင့်ကို ပြဖို့ ဆုံးဖြတ်လိုက်ကာ အင်္ကျီကြယ်သီးလေးများကို တစ်လုံးချင်း ဖြုတ်ပေးလိုက်သည်။

စိတ်ထဲကတော့ မောင့်ကို တောင်းပန်ပြီးရင်း တောင်းပန်လို့ပေါ့။

ကိုယ့်ချစ်သူရဲ့ ရှေ့မှာ တခြားလူနမ်းထားတဲ့ အရာတွေကို ချပြရတာ လွယ်တဲ့ကိစ္စမျိုးလား...

ဖြည်းဖြည်းချင်း ပြုတ်ထွက်သွားတဲ့ ကြယ်သီးလေးတွေ ကြောင့် ဖြည်းဖြည်းချင်း ပေါ်လာခဲ့ပြီ ဖြစ်တဲ့ ရင်ဘတ်လေး...

ပီပြင်လာတဲ့ မြင်ကွင်းထဲမှာ မြင်လိုက်ရတဲ့ အရာတွေဟာ ကိုယ့်ခေါင်းကိုယ် နံရံနဲ့သာ ပြေးဆောင့်ပစ်လိုက်ချင်စရာ...

Sunghoon အဆောကို ကြည့်ပြီး လက်သီးကို တင်းတင်းဆုပ်လို့ အံကြိတ်လိုက်မိသည်။

ယုတ်မာပက်စက်လိုက်တာ Jay ရာ...

ဒီလို နုနုနယ်နယ်လေးကိုမှ ဒီလောက်ထိ စုတ်ပြတ်နေအောင် လုပ်ရက်ရလား...

" အဆောရယ်... "

အဆော ရင်ဘတ်ပေါ်က နီညိုရာလေးတွေပေါ် လက်လေးနဲ့ ဖွဖွတို့ထိလို့ Sunghoon မချိတင်ကဲ ရေရွတ်လိုက်မိသည်။

" ဖြစ်မှ ဖြစ်ရလေ မောင့်အချစ်ရယ်... မောင့်ရင်ထဲ မချိလိုက်တာကွာ... "

" မောင်... ဘာလို့ ငိုနေတာလဲ.. မျက်ရည်တွေ ပြန်သုတ်မောင်... မောင် ပြခိုင်းလို့ပြတာ... မောင်ခုလို ငိုနေရင် အဆော အင်္ကျီပြန်ဝတ်... "

" ဟင့်အင်... ပြန်မဝတ်ပါနဲ့... မောင် မငိုတော့ဘူး...မငိုတော့ဘူးနော် "

Sunghoon ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို ကြမ်းကြမ်းတမ်းတမ်းပွတ်ဆွဲကာ သုတ်လိုက်ပြီး ပြန်ဝတ်ဖို့ လုပ်နေတဲ့ အဆော လက်လေးကို ဖမ်းဆွဲထားလိုက်မိသည်။

" ဆေးရှိလား အဆော... ဒါတွေ ပို ယောင်မလာအောင် ဆေးလူးဖို့လိုတယ် "

" ဘယ်လိုလုပ်ရှိမလဲ မောင်... အဆောက အဲ့လို ဆောင်ထားတတ်တဲ့လူ မဟုတ်ဘူး..."

" ဒါဆို အယောင်လျော့ဖို့ တစ်ခုခု တော့ လုပ်ရမယ်လေ အဆောရဲ့..ရေခဲကပ်မလား မောင် မနာအောင် ကပ်ပေးမယ် "

" ဟင့်အင် ရေခဲဆို အောက်ကို ဆင်းယူရမှာ...  အဆော မေမေနဲ့ မျက်နှာချင်းမဆိုင်ချင်ဘူး..ဒါတွေကို တွေ့သွားမှာ စိုးတယ် မောင် "

" အဆော... "

" ဟုတ် မောင် "

" အဆော မောင့်ကို ခွင့်ပြုမလား "

" ဘာကိုလဲ မောင် "

" အဆော ရင်ဘတ်က ဒဏ်ရာတွေ အယောင်လျော့ဖို့ မောင်... မောင် အာငွေ့ပေးချင်တယ်... အဆော ခွင့်ပြုပေးမလား ဟင် "

" မောင်ရယ်..."

ဘယ်လို စိတ်နဲ့ ခွင့်ပြုရပါ့မလဲ မောင်ရယ်...

ဒါ မောင်မဟုတ်တဲ့ တခြား လူ နမ်းထားတဲ့ အရာတွေလေ...

ဒါတွေ သက်သာစေဖို့ မောင်အာငွေ့ပေးတာကို အဆော ဘယ်လို စိတ်နဲ့ ခံယူရမလဲ...

" ဆေးလဲမရှိဘူး ရေခဲလဲ သွားယူဖို့ မလွယ်ဘူးလေ အဆော... မောင့်ကို အားမနာပါနဲ့... အဓိက က အဆော နာနေတာ သက်သာဖို့လေ ကွာ.. "

" ဟင့်အင် မောင်ရယ်... မလုပ်ပါနဲ့ သက်သာသွားမှာပါ "

" ဘာဆေးမှ မလုပ်ဘဲ ဘယ်လို သက်သာမလဲ အဆောရဲ့... ခုတောင် ကိုက်ထားတဲ့နေရာတွေက ရဲနေတာ... ကြာရင် ပိုဆိုးသွားလိမ့်မယ်... ဟို ဒီလို လုပ်ကွာ... အဆောကို မောင်နမ်းနေတယ်လို့ သဘောထားလိုက်... ချစ်သူချင်း နမ်းတာပဲ ဘာမှ မဖြစ်ဘူးလေ နော် "

" ဟင့်အင် "

" အဆော မောင့်ကို မချစ်ဘူးလား "

" အရမ်းချစ်တာပေါ့ မောင်ရယ်... မေးစရာ လိုသေးလား "

" ဒါဆို မောင် ပြောတာ လက်ခံပေးကွာ... မောင် စိတ်ဖြောင့်ဖြောင့်နဲ့ အိမ်ပြန်နိုင်အောင် အဆော ခွင့်ပြုပေးလိုက်ပါတော့ "

" ဟင့်အင်... မလုပ်နဲ့ မောင်ရယ်... အဆောက မောင့်ရဲ့ အနမ်းတွေနဲ့ မတန်ပါဘူး... အဆောရဲ့ ဒီလို ခန္ဓာကိုယ်ကို မောင် မနမ်းချင်ပါနဲ့ နော် "

" ခွင့်ပြုတော့ အချစ်ရယ်... မောင့်ကို စိတ်မဆိုးနဲ့"

"ဟင့်အင် မောင်... မလုပ်ရဘူးနော် "

အဆော ရင်ဘတ်ပေါ်က နီညိုရောင်  marking ရာတွေပေါ်ကို အနမ်းဖွဖွတို့ လိုက်ပေးနေချိန် အဆောကတော့ ရုန်းဆဲကန်ဆဲ...ငြင်းဆန်နေဆဲ...

နမ်းနေတဲ့ ကျွန်တော့်ပါးမှာလဲ မျက်ရည်တွေနဲ့ ဖြစ်သလို ရုန်းကန်နေတဲ့ အဆော ပါးနုနုလေးပေါ်မှာလဲ မျက်ရည်တို့က ရွှဲစိုနေလေသည်။

" ဟင့်အင်.. မောင်... မနမ်းပါနဲ့.. အဆောက မောင့်အနမ်းတွေနဲ့ မထိုက်တန်တဲ့ လူပါ... အဆောကို ချစ်ရင် မောင် မနမ်းပါနဲ့ နော်"

" မထိုက်တန်ဘူးဆိုတာ ဘယ်မှာရှိလို့လဲ အဆောရယ်... မောင် နမ်းပါရစေ... အဆော ကို သိပ်ချစ်လွန်းလို့ မောင် အားရအောင် နမ်းပါရစေ "

" မောင် အဆောကို မရွံဘူးလား... သူများနမ်းထားလို့ အရာတွေ ထင်နေတဲ့ အဆော ခန္ဓာကိုယ်ကို မောင် မရွံဘူးလား...  မနမ်းခိုင်းရက်ပါဘူး.. အဆော မောင့်ကို ဘယ်လောက်ချစ်ချစ်....  မောင့်အနမ်းတွေကို ဘယ်လောက်ပဲ တမ်းတ နေရပါစေ... မောင် အဆောကိုတော့ မနမ်းစေချင်ဘူး မောင်ရယ်.... အဆော ခန္ဓာကိုယ်မှာက သူများ အနမ်းရာတွေ အထပ်ထပ် နဲ့ မို့ပါ "

" ရွံစရာလား... အဲ့အရာလေးတွေနဲ့မို့ ပိုလှနေတဲ့ အဆောကို မောင်က မက်မက်မောမော နဲ့ကို နမ်းရှိုက်ချင်တာ အဆောရဲ့... မတားပါနဲ့ တော့ နော်... မောင့်ကို ချစ်ရင် နမ်းခွင့်ပြု "

မောင်ရယ်....

တကယ်တော့ အဆောက မောင့်အချစ်တွေနဲ့ မထိုက်တန်တဲ့ သူပါ...

အဆောက သစ္စာဖောက်ဖျက်သူ တစ်ယောက်ပါ...

ဆပ်ရမယ့် ကျေးဇူးတရားတွေကို မေ့ပစ်ပြီး မလုပ်သင့်တဲ့ အရာတွေကိုမှ ရွေးလုပ်နေမိတဲ့ သူပါ....

ချစ်သူချင်း နမ်းတယ်လို့ ခေါင်းစဉ်တပ်ပေမယ့် တကယ်တမ်းက မောင်ဟာ ယောင်နေတဲ့ အရာလေးတွေပေါ်ကို အာငွေ့နွေးနွေးတို့ ပေးနေခဲ့တာပါ။

မောင့်အကြင်နာ မောင့်အယုအယတွေကို ခံစားရတော့ မောင့်ကို ချစ်တဲ့စိတ်က တားဆီးလို့ ရပါတော့မလား မောင်ရယ်...

မောင်အပေါ်ချစ်တဲ့ အချစ်စိတ်တွေကို ဖြတ်​တောက်လို့ ရပါတော့မလား...

သူ့ရင်ဘတ်ပေါ် အထက်အောက် ကူးလူးပြီး နှုတ်ခမ်းလေးနဲ့ ဖွဖွထိလိုက်...

အာငွေ့လေးတွေ ပေးလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ မောင့်ကို အဆော မျက်ရည်တွေနဲ့သာ ငေးကြည့်နေမိရတော့သည်။

အဆော လက်ထပ်ရတော့မယ် အကြောင်း မောင့်ကို ဘယ်လိုပြောပြရမလဲ မောင်...

မောင် သိသွားရင်ရော ဘယ်လို တုန့်ပြန်မှာလဲ...

တစ်ယောက်ထဲ ထားခဲ့ရတော့မယ့် မောင့်အတွက် အဆော စိတ်မကောင်းလိုက်တာ...

မောင် ခံစားရမှာကို မကြည့်ရက်ဘူး မောင်....

ဒီကိစ္စကို အဆော ဖုံးကွယ်နိုင်သမျှ ဖုံးကွယ်နေပါအုံးမယ်လေ...

မောင် တစ်ရက်သိတာ နောက်ကျလေ ခံစားရတာ တစ်ရက်သက်သာလေပေါ့ မောင်ရယ်...

အခန်းလေးထဲမှာ လွမ်းသမျှကို အတိုးချလို့ တစ်ညလုံး စကားတွေပြောကာ ရောင်နီသန်းချိန်ရောက်မှ မောင့်ကို ပြန်ဖို့ သတိပေးရတော့သည်။

မောင်ကတော့ ဘယ်ပြန်ချင်လိမ့်မလဲ...

မပြန်ချင့်ပြန်ချင် ရုပ်လေးနဲ့ အစောင့်တွေ မလာခင် ပြန်ရန်ပြောတော့မှ နဖူးလေးကို နမ်းရှိုက်လိုက်ပြီး

" ဒါဆိုလဲ မောင် ပြန်ပါ့မယ် အချစ်ရယ်... အစစအရာရာ ဂရုစိုက်နော်... မောင် စိတ်ချမယ် "

" မောင်... "

" ဗျာ... "

ပြတင်းပေါက်ကနေ ကျော်ဆင်းတော့မယ့် မောင့်ကို လက်လေးပြန်ဆွဲထားလိုက်ပြီး ခါးလေးကို သိုင်းဖက်လိုက်ကာ မောင့်ရင်ခွင်ထဲ တဖန်တိုးဝင်လိုက်တော့ မောင်က သူ့ကျောပြင်လေးကို ပွတ်သပ်ပေးကာ နှစ်သိမ့်သည်။

" မောင် တို့ ပြန်ဆုံကြမယ်နော် အဆော... မောင် အ​ခြေအနေကြည့်ပြီး ရရင် ရသလို ခိုးဝင်ခဲ့မယ် "

" ဟင့်အင် မောင်... အဲ့လို လုပ်တာ မောင့်အတွက် အန္တရယ်များလို့ မလာခဲ့ပါနဲ့... အဆော ထွက်လာနိုင်အောင် ကြိုးစားပါ့မယ် "

" မောင်ကတော့ မောင်ဘာဖြစ်ဖြစ် ဂရုမစိုက်ပါဘူး...မောင့်အချစ်မျက်နှာလေးကို မြင်ရဖို့သာ အဓိက "

" မောင့် "

" ပြောလေ အဆော "

" ဟိုတစ်ခါ အဆော တောင်းတဲ့ ကတိ "

" ဘယ်ဟာလဲ "

" အဆောနဲ့အောင်မြင်မှု ယှဉ်လာရင် မောင် အောင်မြင်မှုကိုပဲ ရွေးပါဆိုတာလေ "

" အွန်း... အဲ့တော့.."

" မမေ့ပစ်နဲ့နော် မောင်.... အဆောကို ကတိပေးထားတယ် "

" ဘယ်အချိန်ဖြစ်ဖြစ် ဘာနဲ့ ယှဉ်လာလာ မောင့်ရွေးချယ်မှုက အမြဲတမ်း အဆောပဲ... "

" မောင့် ကတိပေးထားတယ်လေ "

" အဲ့ဒါ အဆော စိတ်ချမ်းသာအောင် ပေးလိုက်တာ... တည်ဖို့မဟုတ်ဘူး ပြွတ်... မောင် သွားပြီ "

နှုတ်ခမ်းလေး ကို ဖိကပ်နမ်းခဲ့ပြီး ခြေတံရှည်ကြီးတွေနဲ့ ပြတင်းပေါက်ကနေ ကျော်ခွကာ ထွက်သွားလေတဲ့ မောင်...

" မောင့်!!! "

သူ့ဆီက ထပ်ပြီး ကတိတောင်းတာတွေ လာတော့မယ်ဆိုတာ သိနေလို့ အမြန် ဆင်းပြေးတာ။

သူ စိတ်ဆိုးဆိုးနဲ့ မောင့်ကို ခပ်ကြိတ်ကြိတ်လေး အော်ခေါ်လိုက်တော့ မောင်က မြေပြင်ပေါ်ကိုတောင် ရောက်သွားခဲ့လေပြီ။

အောက်ကနေ မော့ကာ သူ့ကို Fly kiss တွေ ပေးကာ ပုန်းရှိုးကွယ်ရှိုးနဲ့ ခြံပြင်ကို ခပ်သွက်သွက်လေး ပြေးထွက်သွားတဲ့ မောင့်ကို မျက်စိ တစ်ဆုံး လိုက်ကြည့်ပြီး မောင် နောက်ဆုံး နမ်းသွားခဲ့တဲ့ နှုတ်ခမ်းလေးပေါ် လက်ချောင်းလေးတွေနဲ့ တို့ထိလိုက်မိသည်။

" ဒါဟာ မောင့်ဆီက ရတဲ့ နောက်ဆုံးအနမ်းများ ဖြစ်နေမလား မောင်... အဆော လက်မထပ်ခင်ထိ တော့ မောင့်အနမ်းတွေကို ရနိုင်သမျှ များများလေး လက်ခံယူချင်သေးတယ်... မောင်မပါဘဲ ဖြတ်သန်းရတော့မယ့် အဆောရဲ့ ဘဝခရီးအတွက်လေ "

***********************************

Love you all my Vitamins 💙

San Htarni 💙

3.5.2023

# ကဲ ကတိအတိုင်း နှစ်ပိုင်းဆက်တိုက် တင်ပေးလိုက်ပါပြီနော်...
ဖတ်ရတာလေး အဆင်ပြေပါစေပေါ့။
Part 25 တင်ပြီးမှ မျက်စိခဏနားပြီး တစ်ထိုင်ထဲရေးလိုက်တာမို့ နည်းနည်းတော့တိုသွားတယ်။တိုတယ်ဆိုပေမယ့် စာလုံးရေက 5000 ကျော်ပါတယ်နော်။ တန်းတင်ပေးလိုက်တာမို့ စာစစ်မထားဘူး။ အမှားတွေပါနိုင်တာမို့ ဖြည့်ဖတ်ပေးကြပါလို့။


Comment