~ 37 ~

~ 37 ~


" မောင်... "

" အဆော! "

" သူက~~ သူက တကယ်ပဲ ကျွန်တော့်ရဲ့ မောင်လား ဟင်~~"

" အဆော မောင့်ကို!... ဟားးး အဆော မောင့်ကို မှတ်မိသွားတာလား... မောင့်ကို... မောင့်ကိုလေ... အဆော... အဆောရာ... "

မျက်ရည်တို့ကြောင့် စိုလဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ မော့မော့လေး ကြည့်နေပြီး အသံတုန်တုန်လေးနဲ့ အတည်ပြုဖို့ မေးနေရှာတဲ့ အဆောကို သူ ရင်ခွင်ထဲ ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ်ကို ဖက်ထားလိုက်မိတော့သည်။

" မောင့် အချစ်ရယ်..."

" တကယ်ပဲ... တကယ်ပဲ မောင် လားဟင် "

ဖက်ထားတဲ့ ကြားကနေ ခေါင်းလေး မော့လာပြီး ထပ်မံ အတည်ပြုနေတဲ့ ကောင်ငယ်လေး...

" သိပ်သေချာတာပေါ့ အချစ်ရယ်~~ မောင်ပါ... အဆောရဲ့ မောင် ပါကွာ~~ "

Sunghoon ဝမ်းသာကြည်နူးစိတ်တွေနဲ့ ရင်ခွင်ထဲက ကောင်ငယ်လေးကို တိုး၍ တိုး၍ ဖက်ရင်း လှိုက်ခါနေတဲ့ အသံတို့နဲ့ ဖြေလိုက်တဲ့အခါမှာတော့ တဖြည်းဖြည်းချင်း သူ့ခါးဆီကို ရစ်သိုင်းလာတဲ့ လက်ကလေးတွေ...

အစပိုင်းမှာ မရဲတရဲလေးနဲ့ ဖတ်ထားဟန်ရှိပေမယ့် နောက်ပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် လွတ်ထွက်သွားမှာ စိုးသည့်မလား ရင်ချင်းထပ်၍... ရင်ချင်းအပ်၍ ...

" အဆောရယ်.... ကျေးဇူးပါကွာ ... မောင့်ကို ခုလို မြန်မြန်ဆန်ဆန် မှတ်မိလာပေးလို့ ကျေးဇူးပါ "

အချိန်အတန်ကြာ ပွေ့ဖက်ထားပြီးနောက် ရင်ခွင်ထဲက ခန္ဓာငယ်လေးကို ထုတ်ကာ ပါးလေးနှစ်ဖက်ကို အုပ်ကိုင်၍ မျက်နှာလေးကို မော့စေလိုက်ပြီး မျက်ရည်တို့ စိုလူးနေတဲ့ ပါးပြင်လေးတွေကို သူ အနမ်းတို့နဲ့ ပြောင်စင်အောင် သုတ်ပေးနေမိသည်။

အဲဒီ့အချိန်မှာလဲ ကောင်ငယ်လေးဟာ မောင့် အနမ်းတွေအောက် မိန်းမိန်းမောမောပါပဲ...

" မောင်~~ "

မျက်ရည်လေးတွေ ခြောက်သွားပြီး မျက်နှာအနှံ့ အနမ်းတို့ ဖြန့်ကျက်ပြီးနောက်မှာ ကြားလိုက်ရတဲ့ ခေါ်သံ တိုးညှင်းညှင်းလေး...

" ဗျာ... "

" ကျွန်တော်လေ... မောင့်ကို.. လိုက်ရှာနေခဲ့တာ "

ရင်ခွင်ထဲက ထွက်၍ မျက်ရည်တို့ရဲ့ ထိပါးမှုကြောင့် ပူးကပ်နေတဲ့ မျက်တောင်လေးတွေရယ်...အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေရယ်နဲ့ မော့ကြည့်လာပြန်တဲ့ အဆော..

မောင့် ပါးပြင်ပေါ် လက်ချောင်းထိပ်လေးများနဲ့ ရွရွတို့ထိ၍ အက်ရှရှ အသံလေးနဲ့ ပြောနေပုံလေးဟာ တကယ်ကို ထွေးပွေ့ထားချင်စရာလေး...

အဆောဟာ မျက်ရည်မကျတော့ပေမယ့် ရှိုက်သံလေးတွေကတော့ စွက်နေဆဲ ...

အဆောရဲ့ စကားကို မောင်က နားလည်ကြောင်း ခေါင်းအသာညိမ့်ပြတော့ ထပ်မံပြီး မဲ့ကျလာတဲ့ မျက်နှာလေးဟာ အခုမှ အားကိုးတွေ့သွားတဲ့ ကလေးငယ်တစ်ယောက်လို...

ရင်ထဲ သိမ်းဝှက်ထားတဲ့ ခံစားချက်တွေကို တစ်ခွန်းချင်း ဖွင့်ဟလာပြန်တော့ မောင် အပြုံးလေးနဲ့သာ နားထောင်ပေးဖြစ်သည်။

" အိပ်မက်တွေထဲတော့ ရောက်လာပြီး ကျွန်တော့်အနားက ပျောက်နေတဲ့ မောင့်ကို ကျွန်တော် ဘယ်လောက်ထိ တွေ့ချင်နေတယ် မှတ်လဲ... ဟင်... ကျွန်တော် ဘယ်လောက်ထိ မောင့်ကို တွေ့ချင်နေတယ် မှတ်လဲ လို့"

မျက်နှာကို တို့ထိနေတဲ့ အဆောရဲ့လက်ကလေးတွေက လက်သီးဆုပ်လေးအဖြစ် ပြောင်းလဲသွားပြီး မကျေမနပ်နဲ့ မောင့် ရင်ဘတ်တွေကို ထုရိုက်လာ​ပြန်တော့လဲ မောင်ဟာ ခပ်ပြုံးပြုံးပါပဲ။

မောင် နားလည်နေတယ် အဆောရဲ့ ခံစားချက်တစ်ခုချင်းစီတိုင်းကို...

မှတ်မိတာနောက်ကျလို့ ယူကျုံးမရ ဖြစ်နေတဲ့စိတ်တွေနဲ့ ဝမ်းနည်းစိတ်တွေကို ဒေါသအဖြစ်ပြောင်းလဲကာ မောင့် အပေါ် ရန်လုပ်နေခြင်းသာ။

" မှတ်မိချင်တာလေ... အရမ်းကြိုးစားခဲ့ရတာ... ကျွန်တော် မောင့်ကို မှတ်မိချင်လို့ အရမ်းကြိုးစားခဲ့ရတာ အဲ့ဒါ မောင် သိရဲ့လား... မောင် ဆိုတာ ကျွန်တော့်အတွက် ဘာလဲလို့ သိရဖို့... မောင်က ကျွန်တော့်အတွက် ဘယ်လိုလူမျိုးလဲဆိုတာ သိရဖို့ ကျွန်တော့်စိတ်တွေ ဘယ်လောက်ထိ ပင်ပန်းခဲ့ရတယ် မှတ်လဲ.. သိလား သိလား... အဲ့ဒါတွေ မောင် သိရဲ့လား... သိလား လို့ ဟမ်... မောင် သိရဲ့လား... "

မောင့်ရင်ဘတ်ကြီးကို တဘုန်းဘုန်းထု၍ ရန်လုပ်နေတဲ့ ကောင်ငယ်လေးကို ခေါင်းတွင်တွင်ညိမ့်ပြပြီးရင်ခွင်ထဲသို့ သိမ်းပွေ့လိုက်ကာ

" မောင် သိပါပြီ အချစ်ရယ်... သိပြီမို့ မောင် အခုချိန်ကစပြီး အဆောနားကနေ ခြေတစ်ဖဝါးမှ မခွာတော့ဘူး... မောင် တစ်သက်လုံး အဆော ဘေးနားမှာပဲ ရှိနေတော့မှာပါ... တစ်သက်လုံး အတူရှိသွားပါ့မယ် အချစ်ရယ်... "

" မောင့်ကို မေ့နေတဲ့ အချိန်တုန်းက ကျွန်တော်လေ...အိပ်မက်တွေထဲက မောင်ဆိုတဲ့ လူသားလေးကို တစ်သက်လုံး မမှတ်မိတော့မှာ အရမ်း ကြောက်တာပဲ သိရဲ့လား..."

" အခု မှတ်မိပြီလေ အချစ်ရယ်... အခု မောင့်ကို အဆောက မှတ်မိပြီပဲ... ရပြီ... ကျန်တာတွေ မလိုတော့ဘူး... မောင်တို့ တစ်ယောက်ဘေးနား တစ်ယောက် တစ်သက်လုံးအတူ ရှိသွားကြမယ်လေ နော် "

" ကတိနော် မောင်... နောက်တစ်ခါ ကျွန်တော့်ကို အခုလို တစ်ယောက်တည်း မထားခဲ့ပါနဲ့... ကျွန်တော် အရမ်း ကြောက်တယ်... ဘာကိုမှ မှတ်မိခြင်းမရှိဘဲ နေရတာဟာ ကျွန်တော် တစ်ယောက်ထဲ အမှောင်ကမ္ဘာကြီးထဲမှာ ပိတ်မိနေသလိုခံစားရတယ်..."

" အခု မောင်က ဘေးနားရှိပြီမို့ မောင့်အချစ်က ဘာကိုမှ မကြောက်ရတော့ဘူး နော် ... အဆောဘေးမှာ မောင်ရှိတယ် "

" အင်း... အင်းပါ မောင် "

ရင်ခွင်ထဲကနေ ခေါင်းလေးညိမ့်ပြနေတဲ့ အဆောကို ဆံပင်တွေထဲထိ တိုးဝင်နမ်းရှိုက်လိုက်တော့ ခေါင်းလုံးလုံးလေးဟာ ရင်ခွင်ထဲကို ပို၍ တိုးဝင်လို့လာလေသည်။

သဘောတကျ ပြုံးလိုက်မိပြီး ခန္ဓာငယ်လေးကို တင်းနေအောင် သိမ်းဖက်လိုက်တော့ မောင့် နောက်ကျောဆီ မမှီမကမ်း ရောက်လာတဲ့ လက်လေးတွေရဲ့ အားဟာလဲ တင်းတင်းကြပ်ကြပ်ပါပဲ...

ဒါနဲ့ မောင် အဆော နား နားကပ်ကာ တိုးတိုးလေး စကားတစ်ခွန်းဆိုလိုက်တယ်...

" မောင် နမ်းချင်တယ် "

" အာ... "

" မျက်နှာလေး မော့ပေး "

" ဟင့်အင် "

" နော် လို့ "

" ဟင့်အင်... "

" မောင် လွမ်းနေတာလေ... မသနားဘူးလား "

" မောင် နော် "

" လွမ်းနေလို့ပါကွာ... "

အထက်စီးကနေ မြင်နေရတဲ့ ဂုတ်ပိုးဖြူဖြူလေးကို နှုတ်ခမ်းနဲ့ဖွဖွနမ်းလိုက်ကာ နှစ်ကိုယ်ကြားသာရုံ တိုးတိုးပြောလိုက်တော့ ရင်ခွင်ထဲမှာ ခေါင်းစိုက်ထားတဲ့ မျက်နှာဖူးဖူးလေးက တဖြည်းဖြည်းချင်း မော့လို့လာသည်။

မျက်နှာလေးကို မော့ပေးလာပေမယ့် မောင့်မျက်လုံးတွေဆီ တည့်တည့်ကြည့်မလာတဲ့ မျက်ဆန်လေးတွေဟာ ဟိုဒီရွေ့လျားလို့ အကြည့်တို့ကို လွှဲထားဆဲ...

" မောင့်ကို ကြည့် "

" ဟင့်အင် "

" မချစ်ဘူးလား ပြော "

" မောင်ကလဲ... "

ထိုအခါမှ မျက်စောင်းလေးနဲ့အတူ ရောက်လာတဲ့ အကြည့်လေးတွေ ...

မျက်ဝန်းညိုလေးတွေဟာ ရှက်ရိပ်လေးတွေလဲ သန်းနေလေရဲ့...

ဒါ့ကြောင့် ချစ်ရသူလေး မရှက်ရလေအောင် အနမ်းတို့နဲ့ မျက်ဝန်းလေးတွေကို ဖိပိတ်ပေးလိုက်တော့သည်။

အလိုက်သင့်လေး မှေးမိတ်ထားတဲ့ မျက်ခွံ အစ်အစ်လေးတွေကို နှုတ်ခမ်းနဲ့ ဖွဖွထိပြီး ထပ်ခါထပ်ခါ နမ်းမိတော့ ခပ်ရှည်ရှည်မျက်တောင်လေးတွေက မောင့် နှုတ်ခမ်းကို လာ လာပြီး မိတ်ဆက်နေသေး...

အနမ်းတွေကို ပါးလေးတွေဆီ ကူးလူးမိတော့ ပြည့်ပြည့်ဖောင်းဖောင်း ဒီပါးလေးတွေက အရှက်သည်းနေမှုရဲ့ ပြယုဒ်တစ်ခုလို ခပ်ရဲရဲလေး။

ပါးဖောင်းဖောင်းလေးတွေထဲ နှာခေါင်းတစ်ခုလုံး နစ်မြုပ်သွားအောင် ဖိကပ်နမ်းလိုက်တဲ့အချိန်မှာ ခံစားလိုက်ရတာက နူးညံ့ အိစက်နေမှုလေးတွေ။

ခပ်သင်းသင်းလေး မွှေးနေတာလေးကတော့ မောင့်အတွက် ဆုလဒ်တစ်ခုထင်ပါရဲ့။

နှာခေါင်းလေးချင်း ဘယ်ပြန်ညာပြန် ပွတ်သပ်လိုက်တော့ မျက်လုံးတို့ဖွင့်မလာဘဲ တဖျတ်ဖျတ် ခတ်ကာ လှုပ်ရှားသွားတဲ့ မျက်တောင်လေးတွေနဲ့ လှစ်ခနဲဆို ပြုံးလိုက်တဲ့ အပြုံးလေး။

မြင်ဖြစ်အောင် မြင်လိုက်တဲ့ မောင် ကလဲ ပြုံးလိုက်လို့ မို့တက်လာတဲ့ ပါးဖောင်းလေးကို အမိအရ ကိုက်ခဲပစ်လိုက်မိသည်။

မောင် သိပ် အသည်းယားတယ်လေ ဒီပါးဖောင်းဖောင်းလေးတွေကို။

ကိုက်ခံလိုက်ရလို့ ရင်ခွင်ထဲကကောင်ငယ်လေးက ငြိမ်ခံနေမယ်တော့ မထင်လိုက်လေနဲ့။

​ဖြန်း ခနဲဆို ရောက်လာတဲ့ လက်ဝါးလေးက မောင့်ရင်ဘတ်ရှိရာဆီ။

" မောင်နော်... သူများ ပါးကို ကိုက်ပြန်ပြီလား "

" ဟင့်အင် နော်... မောင် သူများပါးကို မကိုက်ဘူး... မောင့်အချစ် ပါးကိုပဲ ကိုက်တာ "

" အာ... ကြည့်! စကားကို ကပ်ဖဲ့ပြီး ပြောနေတာ "

" ချစ်လို့ပါကွာ... "

ရန်စောင်ချင်ဟန် ခပ်စူစူလေး လုပ်နေတဲ့ မျက်စိရှေ့က နှုတ်ခမ်းဖူးဖူးလေးကို မောင် ရှေ့ဆက် စကားပြောခွင့်မပေးချင်တော့...

ဒါနဲ့ပဲ...

နှုတ်ခမ်းနှစ်ခုကြား အကြားအလပ်မရှိအောင်ပဲ...

တစ်မိနစ်...

နှစ်မိနစ်...

သုံးမိနစ်...

ပြီးတော့ မိနစ်တွေ အကြာကြီး အထိ...

တိတ်ဆိတ်နေတဲ့ အခန်းလေးထဲမှာ...

နှစ်ယောက်ထဲသာ ရှိနေတဲ့ ဒီတိုက်ခန်းကြီးထဲမှာ...

မောင်တို့နှစ်ယောက်ဆီက လာတဲ့ အနမ်းရဲ့ သံစဉ်လေးများသာ လှိုင်လှိုင် ပေါ်ထွက်လို့ နေလေတော့သည်။

ရူးရူးမူးမူး နမ်းနေကြရင်း အဝတ်ဗလာ မောင့်
နောက်ကျောဆီ နူးနူးညံ့ညံ့ လက်လေးတစ်စုံက တိုးတိုက်ပွတ်သပ် လှုပ်ရှားနေလေတော့ မောင့်စိတ်တွေဟာလဲ မရိုးမရွနဲ့ သိပ် အစိုးမရချင်တော့...

ခါးလေးကနေ သိမ်းပွေ့ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမိလို့ ခြေဖျားလေးထောက် ခေါင်းလေးမော့ပြီး မောင်နဲ့ အပြိုင် အနမ်းတွေ ဖလှယ်နေတဲ့ ကောင်ငယ်လေးကို နမ်းနေရင်းမှ တင်ပါးကနေ ကောက်ပွေ့ပြီး ခါးပေါ်တင်လိုက်တော့ အကျအန ချိတ်လာတဲ့ ခြေတောက်လေးတွေက မောင့် ခါးဆစ်တွေပေါ်မှာ အခန့်သား။

ဖျတ်ခနဲ တစ်ချက် သတိထားမိလိုက်တာက ကောင်ငယ်လေးရဲ့ ခန္ဓာကိုယ်လေး သိပ်ကို ပေါ့လွန်းနေတယ် ဆိုတာကိုပဲ...

ပွေ့ထားလျက်သား အနမ်းတွေကို မရပ်စေဘဲ ကုတင်ရှိရာဆီ နောက်ပြန်သွားပြီး ထိုင်ချလိုက်တော့ မောင့် ဘေးတစ်ဖက်တစ်ချက်မှာ ခန္ဓာကိုယ်ကို ကြွ၍ ဒူးထောက်လိုက်ပြီး ဆံပင်တွေထဲကို လက်ချောင်းလေးတွေ ထိုးသွင်းလာကာ အဆောဟာ အပေါ်စီးကနေ နမ်းနေပြန်သည်။

မောင့် လက်တွေရဲ့ ပွတ်သပ်နေမှုကြောင့် တစ်ချက်တစ်ချက် လွတ်လွတ်သွားတဲ့ အင်္ကျီအောက်အနားစကြောင့် ထိတွေ့မိနေတဲ့ ခါးသိမ်သိမ်လေးရဲ့ အထိအတွေ့ဟာလဲ နူးနူးညံ့ညံ့လေးပါပဲ။

ဒါနဲ့ပဲ မောင်ဟာ မောင့်လက်တွေရဲ့ အလိုကျ အင်္ကျီထဲကို လျှိုဝင်လိုက်ပြီး ဗိုက်ချပ်ချပ်လေးပေါ် လက်တင်လိုက်တဲ့ အခါမှာ ခန္ဓာကိုယ်လေး တွန့်သွားတဲ့ အဆောက အနမ်းတို့ကို ရပ်တန့်ကာ မိန်းမောနေတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ကို ငုံ့မိုးကြည့်လာလေသည်။

ပိုးသားလေးလို နူးညံ့လွန်းတဲ့ ဗိုက်သားလေးတွေကို အသာဖွဖွ ပွတ်သပ်ကာ ခါးလေးကို ညှစ်လိုက်တော့ အဆောရဲ့ နှုတ်ခမ်းဖူးလေး ဟ သွားကာ မျက်နှာလေးက မှောက်ကျလာပြီး နဖူးချင်းထိကပ်၍ အောက်နှုတ်ခမ်းလေးကို ဖိကိုက်လို့ မောင့်ကို ရီဝေဝေလေး ငေးလို့နေသည်။

ဒီမြင်ကွင်းလေးဟာ မောင်ရူးဖို့ လုံလောက်ပါရဲ့ အချစ်ရယ်...

အသက်ရှူသံတွေ ကမောက်ကမနဲ့ စိတ်ရဲ့ လှုပ်ရှားမှု ဇောတွေကြောင့် တံတွေးခဏတိုင်း မြိုချနေမိတော့ ခပ်မော့မော့ မောင့်လည်ပင်းက ဇလုပ်လေးဟာ အထက်အောက် စုန်ချည်ဆန်ချည် ကူးလူးလို့ပေါ့။

မောင့်လက်တွေကလည်း အနားမနေ...

အင်္ကျီအောက်က နူးညံ့မှုလေးတွေကို တိုး၍ တိုး၍ ရှာဖွေနေရင်း နေရာမလပ် ရောက်ရှိနေကာ နယ်ဆန့်လို့နေလေသည်။

" မောင်~~~ "

" အွန်းးး "

ဒူးထောက်၍ ခန္ဓာကိုယ်လေး ကြွထားရာမှ မောင့်ပေါင်တွေပေါ် ပြန်ထိုင်ကျလာတဲ့ အဆောက တုန်ခါနေတဲ့ အသံလေးနဲ့ ခေါ်သံပြုလာပြီး မောင့်ရင်ဘတ်ကြီးကို မှီ၍ ရင်ခွင်ထဲ တိုးဝင်လာတော့ မောင့်နှုတ်ခမ်းတွေရဲ့ ခိုနားရာက လည်ပင်းသားတွေ ဂုတ်သားလေးတွေ ရှိရာဆီပေါ့။

နမ်းနေရင်းမှ မတင်းတိမ်နိုင်တဲ့ မောင့်စိတ်တွေက အဆောအင်္ကျီလေးရဲ့ ကြယ်သီးလေးတွေကို ရန်မူလာပြန်ပါသည်။

" မောင့်! "

အပေါ်ကြယ်သီးလေးတစ်လုံးကို ဖြုတ်လိုက်တဲ့အချိန်မှာ မျက်နှာလေး မော့လာပြီး မောင့်လက်တွေကို ဆွဲထားကာ တားဟန်ပြုလာတဲ့ အဆောကို မောင်က စကား​ပြောခွင့်မပေး။

ခပ်မော့မော့ မျက်နှာလေးဆီက တားမြစ်စကားတို့ ဆိုလာတော့မည့် နှုတ်ခမ်းဖူးလေးကို ငုံထွေးလိုက်ကာ ပိတ်ပစ်လိုက်ပြီး လက်တွေကို ဆက်လက် လှုပ်ရှားစေလိုက်သည်။

ကြယ်သီးလေးတွေ ပြုတ်သွားတဲ့အချိန်မှာ ပေါ်လာတဲ့ ရင်ဘတ်ဖွေးဖွေးလေးကို မောင့် လက်ဖဝါးကြီးနဲ့ ခပ်ကြမ်းကြမ်းတစ်ချက်ဆွဲပွတ်လိုက်ပြီး အင်္ကျီလေးကို အောက်ဆွဲချလိုက်ကာ ပုခုံးသားလေးတွေပေါ် အနမ်းတွေကို ပို့လိုက်တော့သည်။

မောင့် ပေါင်ပေါ်က ခန္ဓာကိုယ်လေးကို နီးသထက်နီးအောင် လက်တစ်ဖက်နဲ့ ခါးလေးကနေ ဆွဲကပ်ထားပြီး လည်ပင်းတွေ ဂုတ်သားလေးတွေ ပုခုံးလေးတွေ ညှပ်ရိုးလှလှလေးတွေပေါ် နေရာလပ်မကျန်အောင် နက်ရှိုင်းတဲ့ အနမ်းတို့ ပေးနေမိတော့ ရင်ခွင်ထဲက အဆောရဲ့ လက်လေးတွေကလဲ မောင့်လည်ပင်းကို ခိုတွယ်၍ တင်းကြပ်နေအောင် သိုင်းဖက်ထားလေသည်။

လည်ပင်းတစ်ဝိုက် စိတ်ကြိုက်အမှတ်အသားတွေ ပေးပြီးနောက် နှုတ်ခမ်းလေးဆီ တကျော့ပြန် အနမ်းတို့ ရောက်သွားပြန်တော့လဲ မောင့်အနမ်းတွေနဲ့ အပြိုင် အမှီလိုက်နေတဲ့ ကောင်ငယ်လေးဟာ မကြောက်မရွံ့ပါပဲ။

မောင်တို့ ရူးရူးမူးမူး နမ်းနေကြတယ်...

သိပ်သည်းတဲ့ အချစ်တွေကို အနမ်းတွေနဲ့ ပုံဖော်နေကြတယ်...

ပြီးတော့ မငြင်သာတဲ့ အနမ်းတွေနဲ့ အလွမ်းတွေကို ဖြေလျှော့နေမိကြတယ်...

အခန်းလေးထဲမှာလဲ အချစ်ရဲ့ သံစဉ်လေးတွေနဲ့သာ ဖုံးလွှမ်းနေတော့တယ်လေ...

အရှိန်ကောင်းနေတဲ့ အနမ်းတွေနဲ့ နမ်းနေကြတုန်းမှာပဲ ဖြုန်းခနဲဆို အနမ်းတွေကို ရပ်တန့်သွားတဲ့ အဆောဟာ ခေါင်းလေးကို နောက်ဆုတ်၍ နှုတ်ခမ်းလေးကိုပါ ဖယ်ခွာသွားတော့...

ပြွတ်!!!

အားပြင်းပြင်းနဲ့ ငုံထွေးစုပ်ယူထားတဲ့ နှုတ်ခမ်းလေးကို ရုတ်တရက် ဖယ်လိုက်တာကြောင့် မြည်သွားတဲ့ အသံလေးဟာလဲ ခပ်ကျယ်ကျယ်ပါပဲ..

" အဆော! "

အနမ်းတွေကို မပြောမဆို ရပ်တန့်လိုက်တာကြောင့် မောင်က နားမလည်စွာ အဆောကိုကြည့်ပြီး ခေါ်လိုက်တဲ့အချိန်မှာ

" မောင့်!

ရင်ခွင်ထဲကနေ ရုန်းထွက်သွားပြန်တဲ့ အဆောက မောင့်ကို မော့ကြည့်လာပြန်ပြီး မျက်မှောင်လေးကျုံ့ကာ တစ်ခုခုကို စဉ်းစားဟန်ဖြင့်

" မောင့် "

" ဗျ "

" ကျွန်တော်က ဘာဖြစ်ခဲ့လို့ သတိတွေ မေ့နေရတာလဲ ဟင် "

" ဘယ်လို! "

" ဟုတ်တယ်... သေချာ စဉ်းစားကြည့်မှ... ကျွန်တော်လေ ... မောင့်ကိုပဲ မှတ်မိပြီး အဖြစ်အပျက်တွေကို မမှတ်မိဘူး ဖြစ်နေပြန်တယ် "

" ဟာ... အဆော... မောင်တို့ မောင်တို့ နမ်းနေကြတာလေကွာ... ဒီလောက် ရူးရူးမူးမူး နမ်းနေကြတာတောင် အဆောခေါင်းထဲ ဒါတွေ ဘယ်လို ဝင်လာရတာလဲ "

" အင်း ကျွန်တော် နမ်းနေရင်း စဉ်းစားနေမိလို့ "

" အားးး... အဆောရာ... ဒီလို အချိန်ကျမှ ကွာ..."

အနမ်းတွေ ရပ်တန့်ခံလိုက်ရလို့ မချိမဆန့် ဖြစ်သွားတဲ့ မောင်တစ်ယောက် အဆောရဲ့စကားကို ကြားလိုက်ရတဲ့ အချိန်မှာပဲ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်၍ ကုတင်ပေါ်သို့ နောက်ပြန် လှန်ချလိုက်မိတော့သည်။

မောင့်ရဲ့ ပေါင်ပေါ်မှာ ထိုင်နေဆဲ အဆောကတော့ မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်နဲ့ စဉ်းစားခန်းဝင်ကာ အတွေးထဲမှာ မျောသွားဟန်ဖြင့် မောင်ရှိရာဆီ မကြည့်လာတော့...

( မောင့်အတွက် မျက်ရည်နှစ်စက် 😝 )

.
.
.

ပီယာနိုသံ ငြိမ့်ငြိမ့်လေး လွှမ်းမိုးနေပြီး မှိန်ပျပျ မီးပြာလေးတွေ ထွန်းညှိထားတဲ့ bar တစ်ခုထဲမှာတော့ အရက်ကို ဇိမ်နဲ့ သောက်နေတဲ့ Jay...

ပီယာနိုနဲ့ bar အပ်စပ်မှု မရှိပေမယ့် ဒီ နေရာလေးကတော့ ဆူညံတတ်တဲ့ ပေါက်ကွဲသံတွေအစား ဒီလို ငြိမ့်ညောင်းမှုတွေသာ လွှမ်းမိုးရာနေရာ...

တိတ်တဆိတ်သာ နေတတ်သူတို့ အတွေးတွေနဲ့ အေးအေးဆေးဆေး နေချင်သူတို့အတွက်တော့ ဒီနေရာလေးဟာ နိဗ္ဗာန်ဘုံလေးပေါ့။

သူ့ခေါင်းထဲမှာလဲ တွေးစရာတွေက အပြည့်မို့ သူ Sunghoon တိုက်ခန်းကနေ ထွက်လာကတည်းက ဒီနေရာမှာ လာ ထိုင်နေခြင်းသာ...

သူ့နောက်နားလေးမှာတော့ သူ့အရိပ်အကဲကိုသာ ကြည့်နေပြီး အသင့်အနေအထားနဲ့ ရပ်နေတဲ့ Leo...

ခုံမှာ လာထိုင်ဆိုလဲ မထိုင်။ တောင့်တောင့်ကြီးသာ ရပ်နေပြီး မျက်လုံးတွေက ဆိုင် ပတ်ပတ်လည်ကို ကျီးကန်းတောင်းမှောက်။

ပြောမရတဲ့ အဆုံး Jay တစ်ယောက်ထဲသာ ထိုင်သောက်နေပြီး အဖြစ်အပျက်တွေကို အစအဆုံး ပြန်တွေးနေမိတော့သည်။

လက်ထဲ ပိုင်ပိုင်နိုင်နိုင် ပိုင်ဆိုင်ရပြီလို့ ထင်ထားတဲ့ ဘေဘီက တခြားလူရဲ့ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသလို...

ရန်သူလို့ သတ်မှတ်ထားသူက ညီ ဖြစ်နေပြန်ကာ အယုံကြည်ရဆုံးဆိုသူက မယုံနိုင်စရာ သူမျက်နှာချင်းမဆိုင်ချင်တဲ့ အဖေဖြစ်သူရဲ့ သစ္စာခံ လူယုံတဲ့ လား...

ထင်မှတ်မထားတာတွေ ဖြစ်တတ်တဲ့ ဒီလောကကြီးမှာ သူ အမျိုးစုံအောင် ကြုံတွေ့ ဖြတ်ကျော်လာခဲ့ပြီးပြီ...

ဒါပေမယ့် ဒီနေ့လောက် shock ရစရာ အဖြစ်အပျက်တွေကိုတော့ဖြင့် တစ်ခါလေးမှ မတွေ့ဖူးခဲ့သေး။

သူတွေးနေမိတာက သူ့ဘေးနားမှာ သူ့အပေါ် စစ်မှန်တဲ့လူ ရှိရဲ့လား ဆိုတာကိုပဲ...

ငွေကြောင့် အာဏာကြောင့် သူ့အနားကို ချည်းကပ်လာတဲ့လူတွေကိုသာ အများဆုံး တွေ့ဆုံခဲ့ရပြီး သူကလဲ လိုချင်တာကို ငွေလမ်းခင်းပြီးသာ ရယူခဲ့တာကြောင့် တကယ့်အစစ်အမှန်က ရှားမယ်ဆိုတာတော့ သူ သိပါရဲ့...

ဒါပေမယ့် ဒီထဲမှာတော့ ဘေဘီနဲ့ Heeseung hyung ကို မပါစေချင်ခဲ့ဘူးလေ။

ဘေဘီ သူ့ဘဝထဲ ဝင်လာဖို့ ငွေလမ်းခင်းခဲ့တယ် ဆိုတာ မှန်ပေမယ့် သူ ဘေဘီ့ဆီကနေတော့ စစ်မှန်တဲ့ မေတ္တာတွေ ရချင်တယ်...

ဒါဆို သူကရော...

သူကရော ဘေဘီ့အပေါ် တကယ့်အစစ်အမှန်တွေ ပေးခဲ့ရဲ့လား...

သူ ဘေဘီ့အပေါ် အစစ်အမှန် မေတ္တာတရားတွေ ပေးမိခဲ့ရဲ့လား...

ဘေဘီ့အပေါ် သူ့ဘက်ကရော စစ်မှန်ခဲ့ရဲ့လား...

မစစ်မှန်ခဲ့လို့များ ဘေဘီက သူ့အနား မနေချင်တာလား...

ငါ သူ့ကို အရာအားလုံး ဖြည့်ဆည်းပေးနေတာပဲလေ..

ဘာလို့ မစစ်မှန်ရမှာလဲ...

သူ အတ္တကြီးစွာ တွေးနေမိတုန်းပဲ။

သူ ဘေဘီ့ကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပါဘူး...

ဒီ ကလေးလေးကို သူ တပ်မက်လွန်းလို့မှ အနားခေါ်ထားတာ မလား...

ဟုတ်တယ် ဘေဘီ့ကို အရ ပြန်ယူရမယ်...

' ညီ ' မကလို့ ဘယ်လိုလူရဲ့ လက်ထဲကပဲ ဖြစ်ဖြစ်ပေါ့...

ဒီလိုတွေးလိုက်မိတော့ မထီတရီ ဟန်ပန်တွေနဲ့
Park Sunghoon ရဲ့ ခပ်ထေ့ထေ့ ပုံစံက မျက်လုံးထဲ ပေါ်လာပြီး ဖန်ခွက်ကိုင်ထားတဲ့ လက်တွေက တင်းခနဲ...

ဒီလိုကောင်က သူ့ရဲ့ ညီ တဲ့လား...

အဟက်!

ခွမ်း!!!

လက်တစ်ချက် အဝေ့မှာ ပြုတ်ကျ ကြေကွဲသွားတဲ့ ဖန်ခွက်တွေနဲ့ အရက်ပုလင်းတွေကတော့
ဓားစာခံအဖြစ်နဲ့ ကြမ်းပေါ်မှာ အစိတ်စိတ် အမွှာမွှာ ပေါ့။

ဆူဆူညံညံ ဖြစ်သွားတဲ့ ကျကွဲသံတွေကြောင့် ဘေးဝိုင်းတွေက လှည့်ကြည့်လာတော့ Leo ဟာ ဘာမှမဖြစ်ဘူးဆိုတဲ့ ပုံစံနဲ့ လက်ကာပြကာ ခါးကို ကုန်း၍ ကုန်း၍ အရပ်လေးမျက်နှာရှိ လူတွေကို တောင်းပန်ရှာသည်။

ဒါကို မြင်တဲ့ Jay က

" မင်း ခါးကို ပြန်မတ်လိုက် Leo... ငါ့ရှေ့က လွဲပြီး ဘယ်သူ့ရှေ့မှာမှ မင်း ခေါင်းကို မညွှတ်ရဘူး "

" Boss..."

" သူတို့ မကျေနပ်ရင် ငွေ အထုတ်လိုက် ပစ်ပေးလိုက်... သူတို့ အပေါက်တွေ အကုန်ပိတ်သွားလိမ့်မယ် "

" Boss အတွက်နဲ့ ဦးညွှတ် ရတာမို့ ကျွန်တော့်အတွက်က အဆင်ပြေပါတယ် "

" အဟင်းးး ဒါဆို ငါ့အတွက် သေပေးဆို သေရဲလား Leo "

" Boss က ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ... ကျွန်တော့်အတွက်က Boss အပြင် တခြားလူ မရှိပါဘူး... ကျွန်တော့် အသက်နဲ့ ခန္ဓာဟာ Boss ကြောင့်သာ တည်မြဲခဲ့တာမို့ ဒီ အသက်နဲ့ ဒီခန္ဓာ ကိုအသုံးပြုပြီး Boss ကိုတစ်သက်လုံး ကာကွယ်စောင့်ရှောက်သွားမယ့် လူတစ်ယောက်ပါ... ဒါ့ကြောင့် Boss အလိုရှိလို့ ကျွန်တော့်အသက်ကို ပေးရမယ်ဆိုရင်လဲ အချိန်မရွေးပါပဲ "

" ဟား ဟား ဟား မင်းကလဲ ဒီလို စကားလုံး လှလှလေးတွေ သုံးတတ်တာပဲလားကွ ဟမ်... ဟား ဟား ဟား မထင်ထားဘူး Leo ရေ့... "

" စကားလုံးတွေ အဖြစ်ပဲ ပြောတာမဟုတ်ပါဘူး Boss... ဒါ ကျွန်တော့်ကိုယ်ကျွန်တော် ချမှတ်ထားတဲ့ သစ္စာတရားပါ "

" အင်းးး ငါ့ရှေ့မှာတော့ ဒီလိုတွေ ပြောကြတာပါပဲ... ပြီးရင် သာ.. အဟက်! "

" ကျွန်တော့်ရဲ့ သစ္စာတရားကို Boss ယုံကြည်ထားလို့ ရပါတယ် "

Leo ရဲ့ စကားအဆုံးမှာ စားပွဲထိုးလေး အသစ်ပြန်ချပေးထားတဲ့ ဝီစကီခွက်ကို ကောက်ကိုင်၍ လှည့်ပတ်ဆော့ကစားနေတဲ့ Jay ဟာ တစ်စုံတစ်ရာကို အလေးအနက်တွေးနေသလို မျက်နှာထားဟာ တည်ငြိမ်သွားပြန်သည်။

အတန်ကြာအောင် ငြိမ်နေပြီးမှ လက်ထဲက ဝီစကီခွက်ကို တကျိုက်ထဲ မော့သောက်လိုက်ပြီး

" ငါ့စိတ်ထဲ အခု ဘာဖြစ်နေလဲဆိုရင် ငါ့အနားမှာ ငါ့အပေါ် စစ်မှန်တဲ့လူ တစ်ယောက်မှ မရှိဘူးလို့ ခံစားနေရတယ် Leo ... မင်းကရော ... မင်းကရော ဘယ်လိုလူမျိုးလဲ... ဘာ ရည်ရွယ်ချက်နဲ့ ငါ့အနားကို ရောက်လာခဲ့တာလဲ "

" ရည်ရွယ်ချက်? ... Boss က ဘာကို ပြောချင်တာလဲ မသိပေမယ့်... ကျွန်တော့်မှာ ရည်ရွယ်ချက်ဆိုတာမျိုးတွေ မရှိပါဘူး .. ကျွန်တော် Boss အနားနေတာက Boss က ကျွန်တော့််ရဲ့ ကျေးဇူးရှင်မို့လို့ပါ... "

" အဟင်း... ပြောကြည့် Leo... မင်းနဲ့ ငါ့ကြားမှာ ကျေးဇူးတရားဆိုတာတွေ ရှိမနေခဲ့ရင်.. ခုချိန် မင်း ငါ့အနား ရှိနေမလား "

" ပြောလို့တော့ ခက်တယ် Boss... လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံရတာ ရေစက်ကြောင့်လို့တော့ ထင်တယ်... ကျွန်တော်တို့တွေ တွေ့ဆုံကြဖို့ ရေစက်ပါလာရင်တော့ ဘယ်လို ကျေးဇူးတရားတွေ ရှိရှိ မရှိရှိ တွေ့ကြရမှာ ဖြစ်ပြီးတော့... ကံတရားကြီးက ရေစက်ဆုံမပေးရင် ကျွန်တော်တို့တွေ ဘယ်လောက်ပဲ တွေ့ချင်တွေ့ချင် တွေ့ဆုံရမှာ မဟုတ်ပါဘူး... ရေစက်တွေ ရှိသလောက်ပေါ့ Boss ရယ်... ရေစက်ကုန်သွားတဲ့ ဆက်ဆံရေးတွေမှာတော့ ဘယ်လောက်ပဲ ပိုင်ဆိုင်ချင်လို့ သိမ်းထုတ်ထားပါစေ.... "

ဒုန်းး!!!

" တော်တော့ Leo!!... မင်းစကားတွေ ဒီမှာတင် ရပ်လိုက်တော့!!... ရှေ့ဆက် ပြောနေရင် မင်းကို ငါ ထ ထိုးမိလိုက်မယ် "

ဘယ်နေရာက မှားသွားမှန်းမသိ။ Boss မေးလို့ ဖြေလိုက်မိတဲ့ သူ့အဖြေမှာ ဘယ်အရာကို Boss စိတ်ဆိုးသွားပါသနည်း...

လက်ထဲက ဝီစကီခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်ကာ ရုတ်တရက် ထ အော်လိုက်တဲ့ Boss ကြောင့် Leo ဟာ နားမလည်စွာပဲ သူ့ရဲ့ Boss ဖြစ်သူကိုသာ ငေးကြည့်နေမိတော့သည်။

လက်ကျန် ဝီစကီတွေကို ခွက်ထဲ လောင်းထည့်ကာ အသက်မရှူစတမ်း မော့သောက်နေတဲ့ Jay က ပုလင်းထဲက ဝီစကီတွေ ကုန်သွားတဲ့ အခါမှာတော့ ထိုင်ရာမှ ထကာ နေရာမှ ထွက်သွားလေတော့သည်။

ဒီနေ့အတွက်တော့ Jay ဟာ ပင်လယ်ပြင်တစ်ခုလို မုန်တိုင်းတွေနဲ့ ကြမ်းတမ်းသွားလိုက် ရေသေတစ်ခုလို ငြိမ်သက်သွားလိုက်...

သူ့ စိတ်ရဲ့ အတက်အကျကို Leo လည်း မခန့်မှန်းနိုင်... ဘယ်သူမှလဲ ခန့်မှန်းနိုင်လိမ့်မည်မဟုတ်။

အိမ်အပြန်လမ်းမှာတော့ Leo မောင်းလာတဲ့ ကားနောက်မှာ မျက်လုံးအစုံကို မှိတ်လို့ ငြိမ်ငြိမ်သပ်သပ်သာ လိုက်လာတဲ့ Jay...

သူ ဒီနေ့ တစ်နေကုန်အတွက် စိတ်တွေ အရမ်းပင်ပန်းနေပြီလေ...

အိမ်...

အိမ်လို့ ပြောလိုက်တာနဲ့ ကြိုဆိုသူမဲ့ သူ့အိမ်ကြီးရဲ့ တိတ်ဆိတ်မှုကို သတိရမိလိုက်တယ်။

တခြားသူတွေအတွက် အလုပ်ဆင်းချိန် အိမ်ပြန်ချိန်ဟာ မိသားစုနဲ့ တွေ့ဖို့ဆိုတဲ့ အတွေးတွေနဲ့ ပျော်နေနိုင်ကောင်းရဲ့...

သူ့အတွက်ကတော့ အိမ်ပြန်လည်းပဲ ဘာမှ ထူးမလာခဲ့။

မာမီ ဆုံးပြီးကတည်းက နွေးထွေးမှုတွေ ရှာမရတော့တဲ့ အိမ်...

မိသားစုချင်း စ နောက် ပြုံးရယ်မှုတွေ မရှိတော့တဲ့ အိမ်...

ဘယ်သူ့ကိုမှ အလိုမရှိခဲ့ဘူးဆို သူ လိမ်ညာရာကျမှာ ပေါ့...

တစ်ခါတစ်လေ မိသားစုနဲ့အတူ ပြုံးရယ်နေကြတဲ့ လူတွေကို တွေ့ရင် သူ Daddy ကို သတိရမိတာတော့ အမှန်ပါ။

ဒါပေမယ့် တဖက်ကလည်း အဲ့လို သတိတွေရလေ ပိုပိုပြီး စိတ်က နာလေ။

အရာအားလုံး ပြည့်စုံနေတဲ့ သူ့ဘဝမှာ မရခဲ့တာက မိဘနှစ်ပါးဆီက လာတဲ့ နွေးထွေးမှု။

လိုချင်ခဲ့ပါတယ်...

အလုပ်က ပြန်လာချိန်မှာ သား လို့ခေါ်ပြီး နွေးထွေးစွာ ပွေ့ဖက်လာမယ့် လက်တစ်စုံကို။

မာမီ မရှိတော့တဲ့ ဟို ငယ်စဉ်အရွယ်တုန်းက အရမ်း တောင့်တမိလို့ အိမ်ပြန်လာချိန်တိုင်း အခန်းတံခါးပိတ်ကာ ကြိတ်ငိုခဲ့ရတာတွေ သူသာ အသိဆုံး။

ဒါပေမယ့်လည်း ကျခဲ့တဲ့ မျက်ရည်တွေကို သူ ခပ်ကြမ်းကြမ်း ပွတ်သုတ်လို့ မျက်ရည်ဆိုတာ သူနဲ့ မအပ်စပ်တဲ့ အရာတစ်ခုလို...

နွေးထွေးမှုဆိုတာ သူနဲ့ မဆိုင်တဲ့ အရာတစ်ခုလို...

စိတ်ဓာတ်ကို မာကြောအောင် လုပ်ကာ လိုချင်တာကို ငွေလမ်းခင်းပြီး ရယူနိုင်ဖို့ စီးပွားရေးထဲမှာသာ စိတ်ကိုနှစ်ပြီး အောင်မြင်သထက် အောင်မြင်အောင် သူ ကြိုးစားခဲ့တာ...

ခုလို သူ့စိတ်တွေ အနယ်ထိုင်နေတဲ့ အချိန်ကျမှ ပြန်ပေါ်လာတဲ့ Daddy က သူမထင်ထားတဲ့ အရာတွေကို ယူဆောင်လာရင်း သူ့ဘဝထဲကို တကျော့ပြန် ဝင်လာလေတော့...

ရှေ့ဆက်ပြီး သူ ဘာလုပ်ရမလဲ...

ဟူးးးး

ခြံထဲကို ကားဝင်လိုက်တယ်ဆိုရင်ပဲ အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီးကြောင့် Jay စိတ်တွေ ပို၍ ညစ်ညူးသွားရသည်။

ဘာ လာ ရှုပ်ကြပြန်ပြီလဲ...

ကားပေါ်က ဆင်းကာ အိမ်ထဲ ဝင်တော့ သူ့စိတ်ကို သိတဲ့ Leo က ကားကို ဂိုထောင်ထဲ မထည့်သေးဘဲ သူနဲ့အတူ အိမ်ထဲကို လိုက်ဝင်လာလေသည်။

လက်လွန် ခြေလွန်တွေ ဖြစ်မှာစိုးလို့ ထင်ပါရဲ့။

အိမ်ထဲကို ရောက်တော့ မျှော်လင့်ထားသလို မဟုတ်။

မြင်လိုက်ရတာက ဧည့်ခန်းဆိုဖာမှာ ထိုင်နေတဲ့ Heeseung တစ်ယောက်ထဲ။

ဒါဆို အဖေဆိုတဲ့ဟိုလူက ဘယ်မှာကျန်ခဲ့ပါလိမ့်။

သူ့ကို မြင်တော့ ထိုင်နေရာမှ ထ ရပ်လိုက်သည်။

သူ ထိုလူ့ရှေ့ကိုပဲ တည့်တည့်သွားရပ်လိုက်ကာ

" ခင်ဗျား ကျုပ်အိမ်ကို ဘာအတွက် ရောက်နေတာလဲ Lee Heeseung... ကျုပ်ရှေ့ကို ပေါ်မလာခဲ့နဲ့လို့ ပြောထားတာ ခင်ဗျား နားမလည်တာလား "

" hyung ညီ့ကို စိတ်မချလို့ "

" ခင်ဗျား မျက်ခွက်ကြီးကို ထ ထိုးချင်နေတာကလွဲပြီးအကုန် အဆင်ပြေတယ်... ခင်ဗျား ကျုပ်အိမ်ကနေ လစ်လိုက်တော့ "

" ညီ "

" နောက်တစ်ခါ ထပ် ပြောရရင် ခင်ဗျားမျက်ခွက်ကြီး စုတ်ပြတ်သွားတော့မှာ "

" Boss "

သူ့စကားကြောင့် ဘေးနားမှာ ရပ်နေတဲ့ Leo က သတိပေးသလို ကြည့်ပြီး ခေါ်လိုက်တော့ သူ Leo ဘက်ကို လှည့်ကြည့်လိုက်ကာ

" ဧည့်သည်ကို ပြန်လိုက်ပို့လိုက် Leo... ပြီးတော့ ဒီလို ဧည့်သည်တွေ နောက် ငါ့အိမ်ကို ဝင်ထွက်မနေအောင်လဲ တာဝန်ယူပါ "

မှာစရာရှိတာ မှာပြီး ကျောခိုင်းကာ လှေကားထစ်တွေအတိုင်း အပေါ်ကို နင်းတက်လာတော့ သူ့နောက်ပါးဆီက ကြားလိုက်ရတဲ့ စကားသံတွေ...

ကျစ်! မကြားချင်ပါဘူးဆို ဒီလူ လျှာရှည်နေပြန်ပြီ...

" ညီက မသိခဲ့ပေမယ့် ညီ တစ်နှစ်သားအရွယ်မှာ ရိုက်ထားတဲ့ ညီ့ရဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး ဒီကလေးလေးဟာ တစ်နေ့ ငါ စောင့်ရှောက်ရမယ့် ငါ့ရဲ့ သခင်လေးပဲဆိုတဲ့ စိတ်နဲ့ hyung စိတ်တွေ လှုပ်ရှားခဲ့တာ... "

မကြားချင်ဘူး ဆိုကာ အပေါ်ကို တက်သွားပြီဖြစ်တဲ့ CEO ကို သူ အလျှော့ပေးကာ နောက်လှည့်မပြန်နိုင်ပါ။

CEO သိရမှ ဖြစ်မယ့် အဖြစ်အပျက်တွေကို သူ သေချာလေးကို ပြောပြမှ ဖြစ်မည်လေ။

ဒါနဲ့ Heeseung အရဲစွန့်ကာ အော်ပြောလိုက်တော့ တုန့်ခနဲ ဖြစ်သွားတဲ့ CEO ရဲ့ ခြေလှမ်းတွေ။

ဒါပေမယ့် ခဏသာ...

ဆက်ပြီး လှမ်းတက်သွားတဲ့ ခြေလှမ်းတွေ နောက်မှာ Heeseung လဲ နောက်ကနေ လိုက်တက်လာကာ ဆက်ပြောလိုက်မိသည်။

" ညီ့ရဲ့ အဘိုးဖြစ်တဲ့ ဘဘကြီးက ပြောခဲ့တယ်... ညီဟာ သူသဘောမတူတဲ့ အမျိုးသမီးနဲ့ ရတဲ့ ကလေးဖြစ်လို့ စောင့်ရှောက်ပေးစရာ မလိုဘူး တဲ့... ဒါပေမယ့် hyung မနာခံခဲ့ဘူး... ဓာတ်ပုံလေး မြင်ပြီးကတည်းက ညီ့အပေါ်ထားမိတဲ့ ချစ်တဲ့စိတ်က အရာရာကို အနိုင်ယူသွားခဲ့တယ်... ဒါဟာ ငါ့သခင်လေး ဆိုပေမယ့် ညီတစ်ယောက်ပဲ.. ဒါ ငါ့ညီလေးပဲ ဆိုပြီး ညီကိုမောင်နှမ မရှိခဲ့တဲ့ hyung ဘဝမှာ ညီ့ကို ညီလေး အရင်းလို ချစ်ခင်ခဲ့ပါတယ် ''

" ခင်ဗျား တော်လိုက်ရင် ကောင်းမယ်... အိပ်ရာဝင် ပုံပြင်တွေဆိုတာ တကယ်တော့ အိပ်မက်လှရုံ လုပ်ကြံထားတဲ့ အတု သပ်သပ်ပဲ... ဒီလို ပုံပြင်တွေကို ဘယ်သူတွေမှ အဟုတ်လုပ်ပြီး မယုံကြည်ကြဘူး နော် "

Jay ရဲ့ လှောင်ရယ်ရိပ်တို့ သန်းနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာကာ ပြောလာတဲ့ စကားလုံးတွေ က Heeseung ဘာပြောပြော အယုံအကြည် မရှိ ဆိုတဲ့ သဘော။

" ညီ မယုံဘူးဆိုတာ သိပါတယ်... ဒါပေမယ့် ဘဘကြီးရဲ့ စကားကို မပယ်ရှားဝံ့လို့ ညီ့ကိုရွေးချယ်ပြီး ညီရှိရာဆီ ထွက်လာခဲ့တဲ့ hyung ကို နောက်က လိုက်တားရင်း car accident ဖြစ်ပြီး hyung ရဲ့ အဖေ ဆုံးပါးသွားခဲ့ရတာကတော့ အမှန်တရားပါ... သိလား ညီ... ဒီ ကိုရီးယားမြေမှာ တစ်ယောက်ထဲ ကျန်ခဲ့တဲ့ ညီ့ကို စိတ်မချလို့ hyung အဲ့လို အဖြစ်အပျက်တွေ ဖြစ်ပျက်ခံပြီး ရောက်လာခဲ့တာ "

ဒီတစ်ခါမှာတော့ လှမ်းလက်စ ခြေလှမ်းတွေကို ရပ်ပြီး လှည့်ကြည့်မလာဘဲ ခါးတစ်ဖက်ကို ဟန်ပါပါ ထောက်လိုက်တဲ့ Jay က

" အဲ့တော့.... ခင်ဗျားအစား ကျုပ်က ငိုပေးရမှာလား... "

" ညီ့ဆီကို ရောက်မလာနိုင်တဲ့ ညီ့ရဲ့ အဖေမှာလဲ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ တာဝန်တွေ ရှိနေခဲ့လို့ပါ... သိလား ညီ... ညီတို့ မျိုးရိုးရဲ့ အရှုပ်တော်ပုံတွေ အကြောင်းကို "

" Shut up bro... ထပ်ပြီး နားညီးလာရင် ကျုပ်အဆိုး မဆိုတော့နဲ့ "

ဒုန်းးး!!!

အခန်းရှေ့ကိုလဲ ရောက်နေပြီမို့ တံခါးကို ခပ်ကြမ်းကြမ်း ဆွဲဖွင့်ကာ အသံမြည်အောင် ပိတ်သွားတဲ့ Jay...

Jay တစ်ယောက် အခန်းထဲကို ဝင်ရောက် ပျောက်ကွယ်သွားပေမယ့် မပြန်နိုင်သေးတဲ့ Heeseung ဟာတော့ ပိတ်ထားတဲ့ တံခါးချပ်ကို အကြောင်းမဲ့ စိုက်ကြည့်နေကာ Jay နားလည်လက်ခံလာအောင် ဘယ်လို ရှင်းပြရမလဲ ဆိုတာကို အ​ဖြေရှာရင်း...

.
.
.

တီး တောင် .. တီး တောင်.. တီး တောင်

နံနက်စောစော မြည်လာတဲ့ လူခေါ်ဘဲလ်သံကြောင့် Sunghoon အိပ်ပျော်နေရာမှ နိုးလာကာ စားပွဲပေါ်က နာရီဆီ အကြည့်ရောက်တော့ ငါးနာရီ သာသာပဲ ရှိသေးသည်။

* ဘာလဲ ဟ ဒီအချိန်ကြီး... ဘယ်သူလာတာလဲ *

အတွေးနဲ့အတူ သူ့ လက်မောင်းပေါ် ခေါင်းအုံးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ အသည်းအသက်လေး မနိုးခင် တံခါးသွားဖွင့်ဖို့ လိုတာကြောင့် ခေါင်းလေးကို အသာမ၍ လက်ကို ထုတ်ပြီး အပြင်ပြေးထွက်ခဲ့ရသည်။

မဟုတ်ရင် ဘဲလ်သံ ဆူဆူညံညံကြောင့် အသည်းအသက်လေး နိုးသွားနိုင်တယ်မလား...

ညကလဲ သူ သိချင်တာတွေ တရစပ် မေးနေတာကြောင့် ညနက်မှ အိပ်ပျော်သွားတာလေ။

အလင်းရောင် လင်းလင်းကျင်းကျင်း မရသေးတာကြောင့် ဧည့်ခန်းက မီးတွေ အကုန်ဖွင့်ခဲ့ကာ တံခါးရှိရာဆီ ပြေးပြီး ကင်မရာဆီ ကြည့်လိုက်တော့ အထုပ်အပိုးတွေဆွဲထားကြတဲ့ Niki နဲ့ Jake။

မျက်လုံးတွေကလဲ ဂဏာမငြိမ်ကြ။ ဟိုဟိုဒီဒီ လိုက်ကြည့်နေကာ ခန္ဓာကိုယ်တွေကို တပတ်လည်လို့။

* ဟ ဒီကောင်တွေ စောစောစီးစီး *

တံခါးကို အမြန်ဖွင့်ပေးလိုက်တော့ ဘေးဘီဝဲယာကို သေချာကြည့်ပြီးမှ အထဲကို ဝင်လာကြလေသည်။

မသိရင် စုံထောက်ကားပဲ ရိုက်နေသလိုလိုနဲ့ ဒီကောင်တွေ။

" လိ မလို့ ကြာနေရလား... လူမြင်ခံလို့ ကောင်းတာမဟုတ်မှန်း သိရဲ့သားနဲ့ "

သူ့ကို မြင်မြင်ချင်း အဆဲခံလိုက်ရတဲ့ Sunghoon ရယ်ပါ။

" ငါလဲ နိုးနိုးချင်း အမြန်လာတာပဲ Niki ရ... အိပ်ပျော်နေတာဆိုတော့ တန်းတော့ ဘယ်နိုးပါ့မလဲ "

" မင်းသာ အိပ်လို့ကောင်းနေ... ငါတို့နှစ်ယောက်တော့ ညတည်းက မင်းမှာတဲ့ ပစ္စည်းတွေ လိုက်ရှာ ဝယ်ရင်း ရင်တထိတ်ထိတ်နဲ့ နှလုံး ပေါက်ထွက်မတက်ပဲ... CEO Park လူတွေ မမိအောင်လဲ ရှောင်ရတာ တဒုက္ခ ... ခု မနက်လဲ အိပ်ပျက်ခံပြီး လူတွေသိမှာစိုးလို့ စောထွက်လာခဲ့ရတာ "

" ကုသိုလ်ရပါတယ် သားကြီးတို့ရာ... မင်းတို့ ငါ့ကို အခုလို လုပ်ပေးရတာတွေအတွက် မင်းတို့အလှည့်ကျ အရာရာအဆင်ပြေမှာ သိလား "

" လိ ကို ကုသိုလ်ရ... ဒါမျိုးနဲ့တော့ ကုသိုလ် မရချင်ဘူး ဟေ့ကောင်ရေ "

လက်ထဲက အထုတ်တွေကို စားပွဲပေါ်ချရင်း အော်ကျယ် အော်ကျယ် လုပ်နေတဲ့ Niki ကို သူ နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိုးတိုး ပြောဖို့ သတိပေးရင်း

" တိုးတိုး လုပ်ပါကွ... အဆော အိပ်နေတုန်းရှိသေးတယ် "

" ပြောစမ်းပါအုံး မင်းတို့ အ​ခြေအနေလေး... အဆင်ပြေ...ပြေ...ကြ... "

စကားပြောရင်း တန်းလန်းကြီး Sunghoon ရဲ့ နောက်ကျောဘက်ဆီ ကြည့်ပြီး မျက်လုံးပြူးကြီးနဲ့ စကားသံတွေ ရပ်သွားတဲ့ Niki ကြောင့် Sunghoon လဲ နောက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာပဲ

" မောင်... "

ကပိုကယို လေးနဲ့ ထ လာတဲ့ အဆောရဲ့ အိပ်ချင်မူးတူးပုံစံလေး...

အိပ်ရာနိုးစ အက်ရှရှ အသံလေးနဲ့ ခေါ်သံပြုပြီး သူရှိရာဆီ လှမ်းလာနေလေသည်။

ညက သူ ဝတ်ပေးထားတဲ့ အင်္ကျီပွပွကြီးက အပေါ်ကြယ်သီးလေးများ ပြုတ်ကာ ပုခုံးတစ်ဖက်မှာ လျောကျနေပြီး ဆံနွယ်ဖြူလေးတွေက ပွပွယောင်း​ယောင်း ထိုးထိုးထောင်ထောင်နဲ့။

ပေါင်လည်လောက် ဘောင်းဘီတိုလေး အောက်က ခြေတံသွယ်သွယ်လေးဟာလဲ ဆွဲဆောင်မှုရှိစွာ အဆောရဲ့ နံနက်ခင်း အလှတရားတို့ကို ပိုတိုးအောင် စွမ်းဆောင်ပေးနေသလို။

" မောင်.. ဘယ်ချိန်က ထ သွားတာလဲဟင်... အသံတွေ ကြားလို့ ကျွန်တော် ထ လိုက်လာတာ "

မျက်လုံးလေးကို ဖိပွတ်ရင်း အနားရောက်လာတဲ့ အဆောကို ဟိုကောင်တွေ မြင်ကွင်းကနေ သူ အမြန် ကွယ်လိုက်ကာ

" ဘာ ဘာလို့ ထလာတာလဲ အဆောရဲ့... စောသေးတယ်လေ ထပ် အိပ်အုံး နော်... လာ လာ အခန်းထဲ သွားမယ် "

အဆောလက်လေးကနေ ဆွဲခေါ်ကာ အခန်းထဲ ပို့ဖို့ ပြင်နေတုန်း အဆောက သူ့လက်ထဲကနေ ရုန်းထွက်ကာ သူ့ပုခုံးပေါ်ကနေ ကျော်၍ အထုတ်တွေကို လှမ်းကြည့်ပြီး

" အဲ့ဒါ ဘာတွေလဲဟင် မောင်... သူတို့က ဘာလို့ အစောကြီး ရောက်နေကြတာလဲ "

အထုတ်တွေကို စိတ်ဝင်စားကာ သူ့ကို ရှောင်ပြီး ရှေ့ထွက်ဖို့ လုပ်နေတဲ့ အဆောကြောင့် ပုခုံးကနေ ဆွဲဖက်ကာ အခန်းထဲသို့ ခေါ်သွားရင်း နောက်ကျောမလုံလို့ နောက်လှည့်ကြည့်လိုက်တော့ အသံတောင် မထွက်နိုင်တော့ဘဲ အဆောကို ငေးနေကြတဲ့ ချစ်သူငယ်ချင်းကြီး နှစ်ယောက်ကို တွေ့လိုက်ရလေတော့သည်။

စိတ်ပေါက်ပေါက်နဲ့ အခန်းထဲ မဝင်ခင် လက်ခလယ်လေး ထောင်ပြခဲ့လိုက်တယ်...

အင့် အဲ့မှာ ကြည့်ချင်အုံး...

" ဘာတွေလဲ ကြည့်မယ်လေ မောင်ကလဲ... ဘာလို့ အတင်းဆွဲခေါ်လာတာလဲ "

အခန်းထဲ ရောက်ရောက်ချင်း စိတ်အလိုမကျသံလေးနဲ့ ပြောလာတဲ့ အဆောကို သူ ဆံပင်လေးတွေ သပ်တင်ပေးလိုက်ပြီး

" ဒီလို ပုံစံနဲ့ ဘာလို့ အပြင်ထွက်လာရတာလဲ အဆောရယ်... အပြင်မှာ တခြားလူတွေနဲ့လေကွာ "

" မောင်ကလဲ ကျွန်တော်က ဘာဖြစ်နေလို့လဲ... သူတို့လဲ ယောကျာ်းလေး အဆောလဲ ယောကျာ်းလေးပဲ... ဒီလို ထွက်လာတော့ ဘာဖြစ်လို့လဲ ကဲ "

" ကြည့်နေကြတယ်လေ ကွာ... မောင့်အချစ်ကို လူတွေ ကြည့်တာ မောင်မှ မကြိုက်တာ "

" ယောကျာ်းချင်းပဲ မောင်ရာ... ကြည့်တော့ ဘာဖြစ်လဲ "

" အဆော မသိဘူးနော်... အဆော ဘယ်လောက်ထိ ဆွဲဆောင်မှုရှိတယ် ဆိုတာကို...အဲ့ကောင်တွေ ကြည့်နေတာ မျက်တောင်ကို မခတ်ဘူး... မောင့်အချစ်ကို ဒီလို ကြည့်တာ မောင် တကယ် မကြိုက်ဘူး "

" မောင်ကလဲ "

" ပြန်အိပ်နေအုံးနော်... မောင် ဟိုကောင်တွေဆီ သွားအုံးမယ် "

" ဟင့်အင် အဆောလဲ လိုက်မယ် "

" မလိုက်ရဘူး "

" မောင့်!! "

" မရဘူး "

" လိုက်ချင်တာကို "

မရဘူးပြောလို့ နှုတ်ခမ်းလေး စူသွားတဲ့ အဆောက ​ခြေလေးပါ ဆောင့်ကာ ကလေးငယ်လေးတွေလို ပြုမူနေပြန်ပါသည်။

မျက်နှာလေး ညှိုးသွားပြန်တော့လဲ ဒီမောင်က စိတ်ထဲမကောင်းတော့။

ဒါနဲ့ပဲ စိတ်ကို လျှော့လိုက်ကာ

" ဟင်းးး ကဲ ဒါဆိုလဲ အဝတ်လေးတော့ လဲခဲ့ နော်... မောင်အရင် သွားမယ်... အဆောက လုံလုံခြုံခြုံ ဝတ်ပြီးမှ ထွက်ခဲ့ ဟုတ်ပြီလား "

" ပြီးရော... မောင် ပိုကို ပိုတယ် "

" ချစ်လို့လေ "

" အဟင်းးး သိပါ့ "

လိုချင်တာ ရသွားတော့မှ ပြုံးရယ်သွားတဲ့ အဆောက သူ့ပါးဆီကို အနမ်းပေးဖို့ကိုလဲ မေ့လျော့မနေပါ...

သူ့ပုခုံးကို ဆွဲကာ ခြေဖျားလေးထောက်ပြီး ပါးနှစ်ဖက်ကို အသံမြည်အောင် တရူးရူးနဲ့ အနမ်းတွေပေးနေသေးသည်။

ဒီကောင်ကြီးကလဲ morning kiss လေး ပြန်ပေးဖို့ မေ့နေမတဲ့လား...

မျက်နှာမသစ် သွားမတိုက်ရသေးပါဘူး အော်နေတဲ့ အသည်းအသက်လေးကို မရမက ချုပ် နမ်းပစ်ခဲ့သေးတာလေ။

အားရအောင် နမ်းပြီးတော့မှ အခန်းပြင်ထွက်လာတော့ ဧည့်ခန်းဆိုဖာမှာ ငေါင်ငေါင်ကြီးတွေ ထိုင်နေကြတဲ့ ဧည့်ကောင်း ဆောင်ကောင်း နှစ်ယောက်။

စောစောက မျက်လုံးကျွတ်ကျမတတ် ငေးထားတာကို မကျေနပ်လို့ စိတ်ထဲ တေးထားသမျှ Sunghoon နောက်ကနေ အသာလေး သွားကာ နှစ်ယောက်လုံးကို နောက်စေ့ကနေ ရိုက်ချပစ်လိုက်တော့သည်။

" အ့ အားးး ဟေ့ကောင် ဘာလုပ်တာလဲ ကွ "

" ဟ ဘာလဲဟ ဒီကောင် "

နှစ်ယောက်လုံးဆီက ထွက်လာတဲ့ မကျေမနပ် ရေရွတ်သံတွေ။

" မင်းတို့ကောင်တွေ သူငယ်ချင်း ချင်းမို့ အဲ့လောက်ပဲ ဆိုတာ သိထား "

" ငါတို့ ဘာလုပ်လို့လဲ ကွ "

" မင်းတို့ မျက်လုံးတွေ... ငါ မသိရင် ခက်မယ် "

Sunghoon လက်နှစ်ချောင်းနဲ့ သူ့မျက်လုံးတွေကို သူ ထိုးပြကာ အဲ့ လက်နှစ်ချောင်းနဲ့ပဲ သူတို့ရှိရာဆီ ပြန်ထိုးပြတော့ ရယ်ကျဲကျဲ မျက်နှာတွေနဲ့ နှစ်ယောက်သားက

" ဒါတော့ မမျှော်လင့်ဘဲ တွေ့လိုက်ရလို့ သတိလက်လွတ် ဖြစ်သွားရတာပါ သားကြီးရာ... လှလို့ ကြည့်မိရုံအပြင် မပိုပါဘူး... တကယ် ငါတို့မှာ ဘာ စိတ်မှ မရှိပါဘူး ကွ "

" ဘာ စိတ်ရော ရှိလို့ ရမလား "

Sunghoon စိတ်ပေါက်ပေါက်နဲ့ ပြုံးစိစိလုပ်နေတဲ့ နှစ်ယောက်ကို ခြေထောက်နဲ့ လှမ်းကန်ကာ ပြောလိုက်တော့

" ရရင်တော့ နည်းနည်း ရှိချင်တာပေါ့ကွာ ဘာ စိတ်လေး "

" ရားးး Nishimura Riki...မင်း သေချင်နေတာလား "

နံနက်စောစော ဟိန်းထွက်လာတဲ့ Park Sunghoon ရဲ့ အော်သံကြီး...

အဲ့ဒီ အော်သံရဲ့နောက်မှာတော့ တဟားဟား အော် ရယ်နေတဲ့ ရယ်သံတွေက စီ ခနဲ...

" စောစောက တန်းထမလာတာ ဒီကောင် ဒါကြောင့်ကိုးး "

Jake ရဲ့ မှတ်ချက်ပြုသံကို Niki ကပါ ထပ်ပြီး ထောက်ခံလာသည်။

" သေချာတာပေါ့ကွာ... ငါတို့ကတော့ ဒီကောင်ကြီး အဆင်မှ ပြေပါ့မလားနဲ့ စိတ်တွေပူလိုက်ရတာ...ငါတို့ကို ဒုက္ခတွေ ပေးထားပြီး သူက ဒီမှာ သာယာနေတာ "

" အေး မသာယာခင် အချိန်က ငါ့မှာ ပါးတောင် အရိုက်ခံခဲ့ရတယ်လို့ မင်းတို့ကို ပြောပြမနေတော့ပါဘူး သားကြီးတို့ရာ... "

" ဟား ဟား ဒါတော့ မင်းက မကြည်ဖြူဘဲ အကြမ်းဖက်လို့ ရှိမှာပေါ့ကွ "

" ဟာ... Jake မင်း ဒီမှာ CCTV တပ်ခဲ့တာလား သားကြီး "

" အမ်...မင်း တကယ်ကြီးလား "

" အဟဲ... အဲ့လိုမျိုး ခပ်ဆင်ဆင်လေး ဖြစ်သွားသေးတာလေ "

" နာအောင်ရော ရိုက်လိုက်ရဲ့လား Sunoo က.. မနာရင် ငါ ထပ် ရိုက်ပေးမလို့ "

အတည်ပေါက်နဲ့ ဝင်နောက်တဲ့ Niki ရယ်ပါ...

ညကအကြောင်းတွေ ပြန်ပြောပြရင်း အဆောကို စောင့်နေကြတုန်း ခပ်သင်းသင်း ရေချိုးဆပ်ပြာနံလေး အခန်းတွင်း ဝေ့ ခနဲ သင်းပျံ့လာပြီး သူတို့ရှိရာဆီ ရောက်လာလေတဲ့ အဆော။

တစ်ခါတည်း ရေချိုးခဲ့ဟန်တူပါသည်။

ရေစိုဆံပင်လေးတွေက မခြောက်တခြောက်နဲ့ ရေချိုးပြီးစ မျက်နှာနုနုလေးက ရှင်းသန့်လို့နေသည်။

ဒါကိုပဲ စ နောက်နေတဲ့ အရှိန်မသေသေးတဲ့ Niki က

" အားးး မနက်အိပ်ရာနိုးတိုင်း ဒီလို အလှတရားလေးတွေ ခံစားရမယ်ဆိုရင် ငါတော့ ဒီတစ်သက် သေပျော်ပါပြီ ကွာ... "

ထိုအခါမှာတော့ တအုန်းအုန်းနဲ့ ကျရောက်သွားတဲ့ Sunghoon ရဲ့ လက်သီးချက်တွေက Niki ရဲ့ကျောကုန်းရှိရာဆီ။

" မောင်တို့ ဘာတွေ ပြောနေကြတာလဲ ဟင်... ရယ်သံတွေ အထဲကထိ ကြားနေရတယ် ''

သူ့အနား တိုးကပ်ထိုင်ကာ တိုးတိုးလေး မေးလာတဲ့ အဆောကို သူ နဖူးလေးပေါ် အနမ်းလေး ပေးလိုက်ပြီးမှ

" ဘာမှ မဟုတ်ပါဘူး အဆောရယ်... ဒီကောင်တွေ ဟာသ လုပ်နေကြတာ "

" မသိပါဘူး အဆောအကြောင်းတွေ ပြောပြီးများ ရယ်နေကြတာလား လို့ "

" ဟဲ ဟဲ မဟုတ်ပါဘူး Kim Sunoo shi... ကျွန်တော်တို့က အလှတရားလေးတွေ အကြောင်းပဲ ပြောနေကြတာပါ "

Niki ရဲ့ မျက်နှာပြောင်မှု Level ကတော့ ဆေးမမှီတော့။

Sunghoon ကြားထဲကနေ စကားလွှဲလိုက်ကာ

" ကဲ မင်းတို့ ဘာတွေ ပါလာလဲ ထုတ်ပြအုံးလေ.. ငါ မှာတာတွေ အစုံရော ပါခဲ့ရဲ့လား "

ထိုအခါမှ အထုတ်တွေကို သတိရသွားဟန်ရှိတဲ့ နှစ်ယောက်က ထိုင်ရာမှ ထ ကာ အထုတ်ထဲက ပစ္စည်းတွေကို ထုတ်ပြ ကြလေတော့သည်။

အထုတ်ထဲမှာတော့ သူတို့ တစ်ပတ်စာ အခန်းထဲမှာတင် အောင်းနေလို့ရတဲ့ အစားအသောက်တွေရယ်၊ အဝတ်အစားတွေရယ်၊ လိုအပ်မယ့် အသုံးအဆောင် တချို့နဲ့ အဆောအတွက် Sunghoon တကူးတက မှာလိုက်တဲ့ ဆေးဗူးလေးရယ်...

ဆေးဗူးလေးကို မြင်လိုက်တဲ့အချိန်မှာတော့ အဆောက

" ဟင်... ဒီဆေးလေးပါ ပါလာခဲ့တာလား "

" ဟုတ်တယ် အဆော... မောင် အဆော ခေါင်းတွေကိုက်ပြီး အိပ်ပျော်သွားတုန်းက အဆောမေမေဆီ ဖုန်းဆက်ပြီး လှမ်းမေးထားခဲ့တာ "

" ဟုတ်တယ် မောင်ရဲ့... အဆော စဉ်းစားတာများပြီး ခေါင်းတွေကိုက်လာတိုင်း ဒီဆေးလေးကို သောက်နေကျလေ... တကယ်တမ်းတော့ ဒီဆေးလေးက Jay သောက် ခိုင်းထားတာပါ "

ပြောပြောဆိုဆို မြန်ဆန်တဲ့ အဆောလက်လေးတွေက ဆေးဗူးပေါ်က Plastic ကိုခွာ၍ အထဲက ဆေးပုလင်းလေးကို ထုပ်ယူလိုက်သည်။

" ဒီဆေး မှန်တယ်မလား Sunoo... ကျွန်တော်တို့ ဝယ်လာတာ မမှားပါဘူး နော်... ဆိုင်က ဆရာဝန်ကတောင် ဘာအတွက် ဝယ်တာလဲလို့ မေးပြီး ဆေးရဲ့ အာနိသင်ကို ကျွန်တော်တို့ကို ရှင်းပြလိုက်သေးတယ် "

Jake က သေချာစေရန် အတည်ပြု မေးလိုက်တော့ အဆောက

" သေချာတယ်လေ ဒီဆေး... ဟင်! "

ဆေးပုလင်းအဖုံးလေးကို လှည့်ဖွင့်ပြီး အထဲက ဆေးလုံးလေးတွေကို လက်ဝါးလေးပေါ် သွန်ချလိုက်တဲ့ အခါမှာတော့ အာမေဋိတ်သံလေး ထွက်ကျလာတဲ့ အဆော...

" ဘာဖြစ်လို့လဲ Sunoo... ဘာက မှားနေလို့လဲ "

" ဘာဖြစ်လို့လဲ အဆော "

Jake နဲ့ Sunghoon ရဲ့ မေးသံက တပြိုင်ထဲလို ပေါ်လာတော့

" အထဲက ဆေးလုံးတွေက ဒီလို မဟုတ်ဘူး မောင်... ပန်းရောင် သေးသေးလေးတွေ "

အဆော စကားကြောင့် ဝယ်လာခဲ့တဲ့ Jake နဲ့ Niki က သူတို့များ အဝယ်မှားသလား မေးတော့ Sunoo က ခေါင်းလေး ရမ်းပြကာ

" ဟင့်အင် ဒီ ဆေးနာမည်မှန်ပါတယ်... ဆေးဗူးပေါ်က နာမည်က ဒါပဲလေ... ဒါကို ဘာဖြစ်လို့ အထဲက ဆေးလုံးတွေက.... "

စကားပြောရင်း စဉ်းစားသလို လေး လုပ်နေတဲ့အဆောကြောင့် Sunghoon သေချာအောင် ထပ်မေးလိုက်သည်။

" အဆောကို ဒီဆေးသောက်ခိုင်းတာ Jay လို့ ခုန ပြောတာနော် "

" ဟုတ်တယ် မောင်... Jay ပါ "

" ဆေးဗူးပေါ်က ဆေးနာမည်လဲ မှန်တယ်မလား "

" ဟုတ် "

" ဒါဆိုရင်တော့ စဉ်းစားစရာပဲ "

Sunghoon ရဲ့ တွေးတွေးဆဆလေး ပြောလိုက်တဲ့ စကားအဆုံး အကင်းပါးတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ အဓိပ္ပါယ်ကို နားလည်စွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေတော့သည်။

စကားရဲ့ ဆိုလိုရင်းကို သဘောမပေါက်ရှာတဲ့ အဆောကတော့ ဆေးလုံးလေးတွေကိုသာ ငေးကြည့်နေရင်း...

*************************************

Love you...

San Htarni 💙

16.8.2023

ZAWGYI

~ 37 ~

" ေမာင္... "

" အေဆာ! "

" သူက~~ သူက တကယ္ပဲ ကြၽန္ေတာ့္ရဲ႕ ေမာင္လား ဟင္~~"

" အေဆာ ေမာင့္ကို!... ဟားးး အေဆာ ေမာင့္ကို မွတ္မိသြားတာလား... ေမာင့္ကို... ေမာင့္ကိုေလ... အေဆာ... အေဆာရာ... "

မ်က္ရည္တို႔ေၾကာင့္ စိုလဲ့ေနတဲ့ မ်က္ဝန္းေလးေတြနဲ႕ ေမာ့ေမာ့ေလး ၾကည့္ေနၿပီး အသံတုန္တုန္ေလးနဲ႕ အတည္ျပဳဖို႔ ေမးေနရွာတဲ့ အေဆာကို သူ ရင္ခြင္ထဲ ဆြဲသြင္းကာ တင္းတင္းၾကပ္ၾကပ္ကို ဖက္ထားလိုက္မိေတာ့သည္။

" ေမာင့္ အခ်စ္ရယ္..."

" တကယ္ပဲ... တကယ္ပဲ ေမာင္ လားဟင္ "

ဖက္ထားတဲ့ ၾကားကေန ေခါင္းေလး ေမာ့လာၿပီး ထပ္မံ အတည္ျပဳေနတဲ့ ေကာင္ငယ္ေလး...

" သိပ္ေသခ်ာတာေပါ့ အခ်စ္ရယ္~~ ေမာင္ပါ... အေဆာရဲ႕ ေမာင္ ပါကြာ~~ "

Sunghoon ဝမ္းသာၾကည္ႏူးစိတ္ေတြနဲ႕ ရင္ခြင္ထဲက ေကာင္ငယ္ေလးကို တိုး၍ တိုး၍ ဖက္ရင္း လွိုက္ခါေနတဲ့ အသံတို႔နဲ႕ ေျဖလိုက္တဲ့အခါမွာေတာ့ တျဖည္းျဖည္းခ်င္း သူ႕ခါးဆီကို ရစ္သိုင္းလာတဲ့ လက္ကေလးေတြ...

အစပိုင္းမွာ မရဲတရဲေလးနဲ႕ ဖတ္ထားဟန္ရွိေပမယ့္ ေနာက္ပိုင္းမွာေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ လြတ္ထြက္သြားမွာ စိုးသည့္မလား ရင္ခ်င္းထပ္၍... ရင္ခ်င္းအပ္၍ ...

" အေဆာရယ္.... ေက်းဇူးပါကြာ ... ေမာင့္ကို ခုလို ျမန္ျမန္ဆန္ဆန္ မွတ္မိလာေပးလို႔ ေက်းဇူးပါ "

အခ်ိန္အတန္ၾကာ ေပြ႕ဖက္ထားၿပီးေနာက္ ရင္ခြင္ထဲက ခႏၶာငယ္ေလးကို ထုတ္ကာ ပါးေလးႏွစ္ဖက္ကို အုပ္ကိုင္၍ မ်က္ႏွာေလးကို ေမာ့ေစလိုက္ၿပီး မ်က္ရည္တို႔ စိုလူးေနတဲ့ ပါးျပင္ေလးေတြကို သူ အနမ္းတို႔နဲ႕ ေျပာင္စင္ေအာင္ သုတ္ေပးေနမိသည္။

အဲဒီ့အခ်ိန္မွာလဲ ေကာင္ငယ္ေလးဟာ ေမာင့္ အနမ္းေတြေအာက္ မိန္းမိန္းေမာေမာပါပဲ...

" ေမာင္~~ "

မ်က္ရည္ေလးေတြ ေျခာက္သြားၿပီး မ်က္ႏွာအႏွံ႕ အနမ္းတို႔ ျဖန့္က်က္ၿပီးေနာက္မွာ ၾကားလိုက္ရတဲ့ ေခၚသံ တိုးညွင္းညွင္းေလး...

" ဗ်ာ... "

" ကြၽန္ေတာ္ေလ... ေမာင့္ကို.. လိုက္ရွာေနခဲ့တာ "

ရင္ခြင္ထဲက ထြက္၍ မ်က္ရည္တို႔ရဲ႕ ထိပါးမႈေၾကာင့္ ပူးကပ္ေနတဲ့ မ်က္ေတာင္ေလးေတြရယ္...အရည္လဲ့ေနတဲ့ မ်က္ဝန္းေလးေတြရယ္နဲ႕ ေမာ့ၾကည့္လာျပန္တဲ့ အေဆာ..

ေမာင့္ ပါးျပင္ေပၚ လက္ေခ်ာင္းထိပ္ေလးမ်ားနဲ႕ ႐ြ႐ြတို႔ထိ၍ အက္ရွရွ အသံေလးနဲ႕ ေျပာေနပုံေလးဟာ တကယ္ကို ေထြးေပြ႕ထားခ်င္စရာေလး...

အေဆာဟာ မ်က္ရည္မက်ေတာ့ေပမယ့္ ရွိုက္သံေလးေတြကေတာ့ စြက္ေနဆဲ ...

အေဆာရဲ႕ စကားကို ေမာင္က နားလည္ေၾကာင္း ေခါင္းအသာညိမ့္ျပေတာ့ ထပ္မံၿပီး မဲ့က်လာတဲ့ မ်က္ႏွာေလးဟာ အခုမွ အားကိုးေတြ႕သြားတဲ့ ကေလးငယ္တစ္ေယာက္လို...

ရင္ထဲ သိမ္းဝွက္ထားတဲ့ ခံစားခ်က္ေတြကို တစ္ခြန္းခ်င္း ဖြင့္ဟလာျပန္ေတာ့ ေမာင္ အၿပဳံးေလးနဲ႕သာ နားေထာင္ေပးျဖစ္သည္။

" အိပ္မက္ေတြထဲေတာ့ ေရာက္လာၿပီး ကြၽန္ေတာ့္အနားက ေပ်ာက္ေနတဲ့ ေမာင့္ကို ကြၽန္ေတာ္ ဘယ္ေလာက္ထိ ေတြ႕ခ်င္ေနတယ္ မွတ္လဲ... ဟင္... ကြၽန္ေတာ္ ဘယ္ေလာက္ထိ ေမာင့္ကို ေတြ႕ခ်င္ေနတယ္ မွတ္လဲ လို႔"

မ်က္ႏွာကို တို႔ထိေနတဲ့ အေဆာရဲ႕လက္ကေလးေတြက လက္သီးဆုပ္ေလးအျဖစ္ ေျပာင္းလဲသြားၿပီး မေက်မနပ္နဲ႕ ေမာင့္ ရင္ဘတ္ေတြကို ထုရိုက္လာ​ျပန္ေတာ့လဲ ေမာင္ဟာ ခပ္ၿပဳံးၿပဳံးပါပဲ။

ေမာင္ နားလည္ေနတယ္ အေဆာရဲ႕ ခံစားခ်က္တစ္ခုခ်င္းစီတိုင္းကို...

မွတ္မိတာေနာက္က်လိဳ႕ ယူက်ဳံးမရ ျဖစ္ေနတဲ့စိတ္ေတြနဲ႕ ဝမ္းနည္းစိတ္ေတြကို ေဒါသအျဖစ္ေျပာင္းလဲကာ ေမာင့္ အေပၚ ရန္လုပ္ေနျခင္းသာ။

" မွတ္မိခ်င္တာေလ... အရမ္းႀကိဳးစားခဲ့ရတာ... ကြၽန္ေတာ္ ေမာင့္ကို မွတ္မိခ်င္လို႔ အရမ္းႀကိဳးစားခဲ့ရတာ အဲ့ဒါ ေမာင္ သိရဲ႕လား... ေမာင္ ဆိုတာ ကြၽန္ေတာ့္အတြက္ ဘာလဲလို႔ သိရဖို႔... ေမာင္က ကြၽန္ေတာ့္အတြက္ ဘယ္လိုလူမ်ိဳးလဲဆိုတာ သိရဖို႔ ကြၽန္ေတာ့္စိတ္ေတြ ဘယ္ေလာက္ထိ ပင္ပန္းခဲ့ရတယ္ မွတ္လဲ.. သိလား သိလား... အဲ့ဒါေတြ ေမာင္ သိရဲ႕လား... သိလား လို႔ ဟမ္... ေမာင္ သိရဲ႕လား... "

ေမာင့္ရင္ဘတ္ႀကီးကို တဘုန္းဘုန္းထု၍ ရန္လုပ္ေနတဲ့ ေကာင္ငယ္ေလးကို ေခါင္းတြင္တြင္ညိမ့္ျပၿပီးရင္ခြင္ထဲသို႔ သိမ္းေပြ႕လိုက္ကာ

" ေမာင္ သိပါၿပီ အခ်စ္ရယ္... သိၿပီမို႔ ေမာင္ အခုခ်ိန္ကစၿပီး အေဆာနားကေန ေျခတစ္ဖဝါးမွ မခြာေတာ့ဘူး... ေမာင္ တစ္သက္လုံး အေဆာ ေဘးနားမွာပဲ ရွိေနေတာ့မွာပါ... တစ္သက္လုံး အတူရွိသြားပါ့မယ္ အခ်စ္ရယ္... "

" ေမာင့္ကို ေမ့ေနတဲ့ အခ်ိန္တုန္းက ကြၽန္ေတာ္ေလ...အိပ္မက္ေတြထဲက ေမာင္ဆိုတဲ့ လူသားေလးကို တစ္သက္လုံး မမွတ္မိေတာ့မွာ အရမ္း ေၾကာက္တာပဲ သိရဲ႕လား..."

" အခု မွတ္မိၿပီေလ အခ်စ္ရယ္... အခု ေမာင့္ကို အေဆာက မွတ္မိၿပီပဲ... ရၿပီ... က်န္တာေတြ မလိုေတာ့ဘူး... ေမာင္တို႔ တစ္ေယာက္ေဘးနား တစ္ေယာက္ တစ္သက္လုံးအတူ ရွိသြားၾကမယ္ေလ ေနာ္ "

" ကတိေနာ္ ေမာင္... ေနာက္တစ္ခါ ကြၽန္ေတာ့္ကို အခုလို တစ္ေယာက္တည္း မထားခဲ့ပါနဲ႕... ကြၽန္ေတာ္ အရမ္း ေၾကာက္တယ္... ဘာကိုမွ မွတ္မိျခင္းမရွိဘဲ ေနရတာဟာ ကြၽန္ေတာ္ တစ္ေယာက္ထဲ အေမွာင္ကမၻာႀကီးထဲမွာ ပိတ္မိေနသလိုခံစားရတယ္..."

" အခု ေမာင္က ေဘးနားရွိၿပီမို႔ ေမာင့္အခ်စ္က ဘာကိုမွ မေၾကာက္ရေတာ့ဘူး ေနာ္ ... အေဆာေဘးမွာ ေမာင္ရွိတယ္ "

" အင္း... အင္းပါ ေမာင္ "

ရင္ခြင္ထဲကေန ေခါင္းေလးညိမ့္ျပေနတဲ့ အေဆာကို ဆံပင္ေတြထဲထိ တိုးဝင္နမ္းရွိုက္လိုက္ေတာ့ ေခါင္းလုံးလုံးေလးဟာ ရင္ခြင္ထဲကို ပို၍ တိုးဝင္လို႔လာေလသည္။

သေဘာတက် ၿပဳံးလိုက္မိၿပီး ခႏၶာငယ္ေလးကို တင္းေနေအာင္ သိမ္းဖက္လိုက္ေတာ့ ေမာင့္ ေနာက္ေက်ာဆီ မမွီမကမ္း ေရာက္လာတဲ့ လက္ေလးေတြရဲ႕ အားဟာလဲ တင္းတင္းၾကပ္ၾကပ္ပါပဲ...

ဒါနဲ႕ ေမာင္ အေဆာ နား နားကပ္ကာ တိုးတိုးေလး စကားတစ္ခြန္းဆိုလိုက္တယ္...

" ေမာင္ နမ္းခ်င္တယ္ "

" အာ... "

" မ်က္ႏွာေလး ေမာ့ေပး "

" ဟင့္အင္ "

" ေနာ္ လို႔ "

" ဟင့္အင္... "

" ေမာင္ လြမ္းေနတာေလ... မသနားဘူးလား "

" ေမာင္ ေနာ္ "

" လြမ္းေနလို႔ပါကြာ... "

အထက္စီးကေန ျမင္ေနရတဲ့ ဂုတ္ပိုးျဖဴျဖဴေလးကို ႏႈတ္ခမ္းနဲ႕ဖြဖြနမ္းလိုက္ကာ ႏွစ္ကိုယ္ၾကားသာ႐ုံ တိုးတိုးေျပာလိုက္ေတာ့ ရင္ခြင္ထဲမွာ ေခါင္းစိုက္ထားတဲ့ မ်က္ႏွာဖူးဖူးေလးက တျဖည္းျဖည္းခ်င္း ေမာ့လို႔လာသည္။

မ်က္ႏွာေလးကို ေမာ့ေပးလာေပမယ့္ ေမာင့္မ်က္လုံးေတြဆီ တည့္တည့္ၾကည့္မလာတဲ့ မ်က္ဆန္ေလးေတြဟာ ဟိုဒီေ႐ြ႕လ်ားလို႔ အၾကည့္တို႔ကို လႊဲထားဆဲ...

" ေမာင့္ကို ၾကည့္ "

" ဟင့္အင္ "

" မခ်စ္ဘူးလား ေျပာ "

" ေမာင္ကလဲ... "

ထိုအခါမွ မ်က္ေစာင္းေလးနဲ႕အတူ ေရာက္လာတဲ့ အၾကည့္ေလးေတြ ...

မ်က္ဝန္းညိုေလးေတြဟာ ရွက္ရိပ္ေလးေတြလဲ သန္းေနေလရဲ႕...

ဒါ့ေၾကာင့္ ခ်စ္ရသူေလး မရွက္ရေလေအာင္ အနမ္းတို႔နဲ႕ မ်က္ဝန္းေလးေတြကို ဖိပိတ္ေပးလိုက္ေတာ့သည္။

အလိုက္သင့္ေလး ေမွးမိတ္ထားတဲ့ မ်က္ခြံ အစ္အစ္ေလးေတြကို ႏႈတ္ခမ္းနဲ႕ ဖြဖြထိၿပီး ထပ္ခါထပ္ခါ နမ္းမိေတာ့ ခပ္ရွည္ရွည္မ်က္ေတာင္ေလးေတြက ေမာင့္ ႏႈတ္ခမ္းကို လာ လာၿပီး မိတ္ဆက္ေနေသး...

အနမ္းေတြကို ပါးေလးေတြဆီ ကူးလူးမိေတာ့ ျပည့္ျပည့္ေဖာင္းေဖာင္း ဒီပါးေလးေတြက အရွက္သည္းေနမႈရဲ႕ ျပယုဒ္တစ္ခုလို ခပ္ရဲရဲေလး။

ပါးေဖာင္းေဖာင္းေလးေတြထဲ ႏွာေခါင္းတစ္ခုလုံး နစ္ျမဳပ္သြားေအာင္ ဖိကပ္နမ္းလိုက္တဲ့အခ်ိန္မွာ ခံစားလိုက္ရတာက ႏူးညံ့ အိစက္ေနမႈေလးေတြ။

ခပ္သင္းသင္းေလး ေမႊးေနတာေလးကေတာ့ ေမာင့္အတြက္ ဆုလဒ္တစ္ခုထင္ပါရဲ႕။

ႏွာေခါင္းေလးခ်င္း ဘယ္ျပန္ညာျပန္ ပြတ္သပ္လိုက္ေတာ့ မ်က္လုံးတို႔ဖြင့္မလာဘဲ တဖ်တ္ဖ်တ္ ခတ္ကာ လႈပ္ရွားသြားတဲ့ မ်က္ေတာင္ေလးေတြနဲ႕ လွစ္ခနဲဆို ၿပဳံးလိုက္တဲ့ အၿပဳံးေလး။

ျမင္ျဖစ္ေအာင္ ျမင္လိုက္တဲ့ ေမာင္ ကလဲ ၿပဳံးလိုက္လို႔ မို႔တက္လာတဲ့ ပါးေဖာင္းေလးကို အမိအရ ကိုက္ခဲပစ္လိုက္မိသည္။

ေမာင္ သိပ္ အသည္းယားတယ္ေလ ဒီပါးေဖာင္းေဖာင္းေလးေတြကို။

ကိုက္ခံလိုက္ရလို႔ ရင္ခြင္ထဲကေကာင္ငယ္ေလးက ၿငိမ္ခံေနမယ္ေတာ့ မထင္လိုက္ေလနဲ႕။

​ျဖန္း ခနဲဆို ေရာက္လာတဲ့ လက္ဝါးေလးက ေမာင့္ရင္ဘတ္ရွိရာဆီ။

" ေမာင္ေနာ္... သူမ်ား ပါးကို ကိုက္ျပန္ၿပီလား "

" ဟင့္အင္ ေနာ္... ေမာင္ သူမ်ားပါးကို မကိုက္ဘူး... ေမာင့္အခ်စ္ ပါးကိုပဲ ကိုက္တာ "

" အာ... ၾကည့္! စကားကို ကပ္ဖဲ့ၿပီး ေျပာေနတာ "

" ခ်စ္လို႔ပါကြာ... "

ရန္ေစာင္ခ်င္ဟန္ ခပ္စူစူေလး လုပ္ေနတဲ့ မ်က္စိေရွ႕က ႏႈတ္ခမ္းဖူးဖူးေလးကို ေမာင္ ေရွ႕ဆက္ စကားေျပာခြင့္မေျပာခ်င္ေတာ့...

ဒါနဲ႕ပဲ...

ႏႈတ္ခမ္းႏွစ္ခုၾကား အၾကားအလပ္မရွိေအာင္ပဲ...

တစ္မိနစ္...

ႏွစ္မိနစ္...

သုံးမိနစ္...

ၿပီးေတာ့ မိနစ္ေတြ အၾကာႀကီး အထိ...

တိတ္ဆိတ္ေနတဲ့ အခန္းေလးထဲမွာ...

ႏွစ္ေယာက္ထဲသာ ရွိေနတဲ့ ဒီတိုက္ခန္းႀကီးထဲမွာ...

ေမာင္တို႔ႏွစ္ေယာက္ဆီက လာတဲ့ အနမ္းရဲ႕ သံစဥ္ေလးမ်ားသာ လွိုင္လွိုင္ ေပၚထြက္လို႔ ေနေလေတာ့သည္။

႐ူး႐ူးမူးမူး နမ္းေနၾကရင္း အဝတ္ဗလာ ေမာင့္
ေနာက္ေက်ာဆီ ႏူးႏူးညံ့ညံ့ လက္ေလးတစ္စုံက တိုးတိုက္ပြတ္သပ္ လႈပ္ရွားေနေလေတာ့ ေမာင့္စိတ္ေတြဟာလဲ မရိုးမ႐ြနဲ႕ သိပ္ အစိုးမရခ်င္ေတာ့...

ခါးေလးကေန သိမ္းေပြ႕ကာ တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားမိလို႔ ေျခဖ်ားေလးေထာက္ ေခါင္းေလးေမာ့ၿပီး ေမာင္နဲ႕ အၿပိဳင္ အနမ္းေတြ ဖလွယ္ေနတဲ့ ေကာင္ငယ္ေလးကို နမ္းေနရင္းမွ တင္ပါးကေန ေကာက္ေပြ႕ၿပီး ခါးေပၚတင္လိုက္ေတာ့ အက်အန ခ်ိတ္လာတဲ့ ေျခေတာက္ေလးေတြက ေမာင့္ ခါးဆစ္ေတြေပၚမွာ အခန့္သား။

ဖ်တ္ခနဲ တစ္ခ်က္ သတိထားမိလိုက္တာက ေကာင္ငယ္ေလးရဲ႕ ခႏၶာကိုယ္ေလး သိပ္ကို ေပါ့လြန္းေနတယ္ ဆိုတာကိုပဲ...

ေပြ႕ထားလ်က္သား အနမ္းေတြကို မရပ္ေစဘဲ ကုတင္ရွိရာဆီ ေနာက္ျပန္သြားၿပီး ထိုင္ခ်လိဳက္ေတာ့ ေမာင့္ ေဘးတစ္ဖက္တစ္ခ်က္မွာ ခႏၶာကိုယ္ကို ႂကြ၍ ဒူးေထာက္လိုက္ၿပီး ဆံပင္ေတြထဲကို လက္ေခ်ာင္းေလးေတြ ထိုးသြင္းလာကာ အေဆာဟာ အေပၚစီးကေန နမ္းေနျပန္သည္။

ေမာင့္ လက္ေတြရဲ႕ ပြတ္သပ္ေနမႈေၾကာင့္ တစ္ခ်က္တစ္ခ်က္ လြတ္လြတ္သြားတဲ့ အကၤ်ီေအာက္အနားစေၾကာင့္ ထိေတြ႕မိေနတဲ့ ခါးသိမ္သိမ္ေလးရဲ႕ အထိအေတြ႕ဟာလဲ ႏူးႏူးညံ့ညံ့ေလးပါပဲ။

ဒါနဲ႕ပဲ ေမာင္ဟာ ေမာင့္လက္ေတြရဲ႕ အလိုက် အကၤ်ီထဲကို လွ်ိုဝင္လိုက္ၿပီး ဗိုက္ခ်ပ္ခ်ပ္ေလးေပၚ လက္တင္လိုက္တဲ့ အခါမွာ ခႏၶာကိုယ္ေလး တြန့္သြားတဲ့ အေဆာက အနမ္းတို႔ကို ရပ္တန့္ကာ မိန္းေမာေနတဲ့ မ်က္ဝန္းေလးေတြနဲ႕ သူ႕ကို ငုံ႕မိုးၾကည့္လာေလသည္။

ပိုးသားေလးလို ႏူးညံ့လြန္းတဲ့ ဗိုက္သားေလးေတြကို အသာဖြဖြ ပြတ္သပ္ကာ ခါးေလးကို ညွစ္လိုက္ေတာ့ အေဆာရဲ႕ ႏႈတ္ခမ္းဖူးေလး ဟ သြားကာ မ်က္ႏွာေလးက ေမွာက္က်လာၿပီး နဖူးခ်င္းထိကပ္၍ ေအာက္ႏႈတ္ခမ္းေလးကို ဖိကိုက္လို႔ ေမာင့္ကို ရီေဝေဝေလး ေငးလို႔ေနသည္။

ဒီျမင္ကြင္းေလးဟာ ေမာင္႐ူးဖို႔ လုံေလာက္ပါရဲ႕ အခ်စ္ရယ္...

အသက္ရႉသံေတြ ကေမာက္ကမနဲ႕ စိတ္ရဲ႕ လႈပ္ရွားမႈ ေဇာေတြေၾကာင့္ တံေတြးခဏတိုင္း ၿမိဳခ်ေနမိေတာ့ ခပ္ေမာ့ေမာ့ ေမာင့္လည္ပင္းက ဇလုပ္ေလးဟာ အထက္ေအာက္ စုန္ခ်ည္ဆန္ခ်ည္ ကူးလူးလို႔ေပါ့။

ေမာင့္လက္ေတြကလည္း အနားမေန...

အကၤ်ီေအာက္က ႏူးညံ့မႈေလးေတြကို တိုး၍ တိုး၍ ရွာေဖြေနရင္း ေနရာမလပ္ ေရာက္ရွိေနကာ နယ္ဆန့္လို႔ေနေလသည္။

" ေမာင္~~~ "

" အြန္းးး "

ဒူးေထာက္၍ ခႏၶာကိုယ္ေလး ႂကြထားရာမွ ေမာင့္ေပါင္ေတြေပၚ ျပန္ထိုင္က်လာတဲ့ အေဆာက တုန္ခါေနတဲ့ အသံေလးနဲ႕ ေခၚသံျပဳလားၿပီး ေမာင့္ရင္ဘတ္ႀကီးကို မွီ၍ ရင္ခြင္ထဲ တိုးဝင္လာေတာ့ ေမာင့္ႏႈတ္ခမ္းေတြရဲ႕ ခိုနားရာက လည္ပင္းသားေတြ ဂုတ္သားေလးေတြ ရွိရာဆီေပါ့။

နမ္းေနရင္းမွ မတင္းတိမ္နိုင္တဲ့ ေမာင့္စိတ္ေတြက အေဆာအကၤ်ီေလးရဲ႕ ၾကယ္သီးေလးေတြကို ရန္မူလာျပန္ပါသည္။

" ေမာင့္! "

အေပၚၾကယ္သီးေလးတစ္လုံးကို ျဖဳတ္လိုက္တဲ့အခ်ိန္မွာ မ်က္ႏွာေလး ေမာ့လာၿပီး ေမာင့္လက္ေတြကို ဆြဲထားကာ တားဟန္ျပဳလာတဲ့ အေဆာကို ေမာင္က စကား​ေျပာခြင့္မေပး။

ခပ္ေမာ့ေမာ့ မ်က္ႏွာေလးဆီက တားျမစ္စကားတို႔ ဆိုလာေတာ့မည့္ ႏႈတ္ခမ္းဖူးေလးကို ငုံေထြးလိုက္ကာ ပိတ္ပစ္လိုက္ၿပီး လက္ေတြကို ဆက္လက္ လႈပ္ရွားေစလိုက္သည္။

ၾကယ္သီးေလးေတြ ျပဳတ္သြားတဲ့အခ်ိန္မွာ ေပၚလာတဲ့ ရင္ဘတ္ေဖြးေဖြးေလးကို ေမာင့္ လက္ဖဝါးႀကီးနဲ႕ ခပ္ၾကမ္းၾကမ္းတစ္ခ်က္ဆြဲပြတ္လိုက္ၿပီး အကၤ်ီေလးကို ေအာက္ဆြဲခ်လိဳက္ကာ ပုခုံးသားေလးေတြေပၚ အနမ္းေတြကို ပို႔လိုက္ေတာ့သည္။

ေမာင့္ ေပါင္ေပၚက ခႏၶာကိုယ္ေလးကို နီးသထက္နီးေအာင္ လက္တစ္ဖက္နဲ႕ ခါးေလးကေန ဆြဲကပ္ထားၿပီး လည္ပင္းေတြ ဂုတ္သားေလးေတြ ပုခုံးေလးေတြ ညွပ္ရိုးလွလွေလးေတြေပၚ ေနရာလပ္မက်န္ေအာင္ နက္ရွိုင္းတဲ့ အနမ္းတို႔ ေပးေနမိေတာ့ ရင္ခြင္ထဲက အေဆာရဲ႕ လက္ေလးေတြကလဲ ေမာင့္လည္ပင္းကို ခိုတြယ္၍ တင္းၾကပ္ေနေအာင္ သိုင္းဖက္ထားေလသည္။

လည္ပင္းတစ္ဝိုက္ စိတ္ႀကိဳက္အမွတ္အသားေတြ ေပးၿပီးေနာက္ ႏႈတ္ခမ္းေလးဆီ တေက်ာ့ျပန္ အနမ္းတို႔ ေရာက္သြားျပန္ေတာ့လဲ ေမာင့္အနမ္းေတြနဲ႕ အၿပိဳင္ အမွီလိုက္ေနတဲ့ ေကာင္ငယ္ေလးဟာ မေၾကာက္မ႐ြံ႕ပါပဲ။

ေမာင္တို႔ ႐ူး႐ူးမူးမူး နမ္းေနၾကတယ္...

သိပ္သည္းတဲ့ အခ်စ္ေတြကို အနမ္းေတြနဲ႕ ပုံေဖာ္ေနၾကတယ္...

ၿပီးေတာ့ မျငင္သာတဲ့ အနမ္းေတြနဲ႕ အလြမ္းေတြကို ေျဖေလွ်ာ့ေနမိၾကတယ္...

အခန္းေလးထဲမွာလဲ အခ်စ္ရဲ႕ သံစဥ္ေလးေတြနဲ႕သာ ဖုံးလႊမ္းေနေတာ့တယ္ေလ...

အရွိန္ေကာင္းေနတဲ့ အနမ္းေတြနဲ႕ နမ္းေနၾကတုန္းမွာပဲ ျဖဳန္းခနဲဆို အနမ္းေတြကို ရပ္တန့္သြားတဲ့ အေဆာဟာ ေခါင္းေလးကို ေနာက္ဆုတ္၍ ႏႈတ္ခမ္းေလးကိုပါ ဖယ္ခြာသြားေတာ့...

ႁပြတ္!!!

အားျပင္းျပင္းနဲ႕ ငုံေထြးစုပ္ယူထားတဲ့ ႏႈတ္ခမ္းေလးကို ႐ုတ္တရက္ ဖယ္လိုက္တာေၾကာင့္ ျမည္သြားတဲ့ အသံေလးဟာလဲ ခပ္က်ယ္က်ယ္ပါပဲ..

" အေဆာ! "

အနမ္းေတြကို မေျပာမဆို ရပ္တန့္လိုက္တာေၾကာင့္ ေမာင္က နားမလည္စြာ အေဆာကိုၾကည့္ၿပီး ေခၚလိုက္တဲ့အခ်ိန္မွာ

" ေမာင့္!

ရင္ခြင္ထဲကေန ႐ုန္းထြက္သြားျပန္တဲ့ အေဆာက ေမာင့္ကို ေမာ့ၾကည့္လာျပန္ၿပီး မ်က္ေမွာင္ေလးက်ဳံ႕ကာ တစ္ခုခုကို စဥ္းစားဟန္ျဖင့္

" ေမာင့္ "

" ဗ် "

" ကြၽန္ေတာ္က ဘာျဖစ္ခဲ့လို႔ သတိေတြ ေမ့ေနရတာလဲ ဟင္ "

" ဘယ္လို! "

" ဟုတ္တယ္... ေသခ်ာ စဥ္းစားၾကည့္မွ... ကြၽန္ေတာ္ေလ ... ေမာင့္ကိုပဲ မွတ္မိၿပီး အျဖစ္အပ်က္ေတြကို မမွတ္မိဘူး ျဖစ္ေနျပန္တယ္ "

" ဟာ... အေဆာ... ေမာင္တို႔ ေမာင္တို႔ နမ္းေနၾကတာေလကြာ... ဒီေလာက္ ႐ူး႐ူးမူးမူး နမ္းေနၾကတာေတာင္ အေဆာေခါင္းထဲ ဒါေတြ ဘယ္လို ဝင္လာရတာလဲ "

" အင္း ကြၽန္ေတာ္ နမ္းေနရင္း စဥ္းစားေနမိလို႔ "

" အားးး... အေဆာရာ... ဒီလို အခ်ိန္က်မွ ကြာ..."

အနမ္းေတြ ရပ္တန့္ခံလိုက္ရလို႔ မခ်ိမဆန့္ ျဖစ္သြားတဲ့ ေမာင္တစ္ေယာက္ အေဆာရဲ႕စကားကို ၾကားလိုက္ရတဲ့ အခ်ိန္မွာပဲ မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႕ အုပ္၍ ကုတင္ေပၚသို႔ ေနာက္ျပန္ လွန္ခ်လိဳက္မိေတာ့သည္။

ေမာင့္ရဲ႕ ေပါင္ေပၚမွာ ထိုင္ေနဆဲ အေဆာကေတာ့ မ်က္ေတာင္ေလးေတြ ပုတ္ခတ္ပုတ္ခတ္နဲ႕ စဥ္းစားခန္းဝင္ကာ အေတြးထဲမွာ ေမ်ာသြားဟန္ျဖင့္ ေမာင္ရွိရာဆီ မၾကည့္လာေတာ့...

( ေမာင့္အတြက္ မ်က္ရည္ႏွစ္စက္ 😝 )

.
.
.

ပီယာနိုသံ ၿငိမ့္ၿငိမ့္ေလး လႊမ္းမိုးေနၿပီး မွိန္ပ်ပ် မီးျပာေလးေတြ ထြန္းညွိထားတဲ့ bar တစ္ခုထဲမွာေတာ့ အရက္ကို ဇိမ္နဲ႕ ေသာက္ေနတဲ့ Jay...

ပီယာနိုနဲ႕ bar အပ္စပ္မႈ မရွိေပမယ့္ ဒီ ေနရာေလးကေတာ့ ဆူညံတတ္တဲ့ ေပါက္ကြဲသံေတြအစား ဒီလို ၿငိမ့္ေညာင္းမႈေတြသာ လႊမ္းမိုးရာေနရာ...

တိတ္တဆိတ္သာ ေနတတ္သူတို႔ အေတြးေတြနဲ႕ ေအးေအးေဆးေဆး ေနခ်င္သူတို႔အတြက္ေတာ့ ဒီေနရာေလးဟာ နိဗၺာန္ဘုံေလးေပါ့။

သူ႕ေခါင္းထဲမွာလဲ ေတြးစရာေတြက အျပည့္မို႔ သူ Sunghoon တိုက္ခန္းကေန ထြက္လာကတည္းက ဒီေနရာမွာ လာ ထိုင္ေနျခင္းသာ...

သူ႕ေနာက္နားေလးမွာေတာ့ သူ႕အရိပ္အကဲကိုသာ ၾကည့္ေနၿပီး အသင့္အေနအထားနဲ႕ ရပ္ေနတဲ့ Leo...

ခုံမွာ လာထိုင္ဆိုလဲ မထိုင္။ ေတာင့္ေတာင့္ႀကီးသာ ရပ္ေနၿပီး မ်က္လုံးေတြက ဆိုင္ ပတ္ပတ္လည္ကို က်ီးကန္းေတာင္းေမွာက္။

ေျပာမရတဲ့ အဆုံး Jay တစ္ေယာက္ထဲသာ ထိုင္ေသာက္ေနၿပီး အျဖစ္အပ်က္ေတြကို အစအဆုံး ျပန္ေတြးေနမိေတာ့သည္။

လက္ထဲ ပိုင္ပိုင္နိုင္နိုင္ ပိုင္ဆိုင္ရၿပီလို႔ ထင္ထားတဲ့ ေဘဘီက တျခားလူရဲ႕ ေခၚေဆာင္သြားျခင္းကို ခံလိုက္ရသလို...

ရန္သူလို႔ သတ္မွတ္ထားသူက ညီ ျဖစ္ေနျပန္ကာ အယုံၾကည္ရဆုံးဆိုသူက မယုံနိုင္စရာ သူမ်က္ႏွာခ်င္းမဆိုင္ခ်င္တဲ့ အေဖျဖစ္သူရဲ႕ သစၥာခံ လူယုံတဲ့ လား...

ထင္မွတ္မထားတာေတြ ျဖစ္တတ္တဲ့ ဒီေလာကႀကီးမွာ သူ အမ်ိဳးစုံေအာင္ ႀကဳံေတြ႕ ျဖတ္ေက်ာ္လာခဲ့ၿပီးၿပီ...

ဒါေပမယ့္ ဒီေန႕ေလာက္ shock ရစရာ အျဖစ္အပ်က္ေတြကိုေတာ့ျဖင့္ တစ္ခါေလးမွ မေတြ႕ဖူးခဲ့ေသး။

သူေတြးေနမိတာက သူ႕ေဘးနားမွာ သူ႕အေပၚ စစ္မွန္တဲ့လူ ရွိရဲ႕လား ဆိုတာကိုပဲ...

ေငြေၾကာင့္ အာဏာေၾကာင့္ သူ႕အနားကို ခ်ည္းကပ္လာတဲ့လူေတြကိုသာ အမ်ားဆုံး ေတြ႕ဆုံခဲ့ရၿပီး သူကလဲ လိုခ်င္တာကို ေငြလမ္းခင္းၿပီးသာ ရယူခဲ့တာေၾကာင့္ တကယ့္အစစ္အမွန္က ရွားမယ္ဆိုတာေတာ့ သူ သိပါရဲ႕...

ဒါေပမယ့္ ဒီထဲမွာေတာ့ ေဘဘီနဲ႕ Heeseung hyung ကို မပါေစခ်င္ခဲ့ဘူးေလ။

ေဘဘီ သူ႕ဘဝထဲ ဝင္လာဖို႔ ေငြလမ္းခင္းခဲ့တယ္ ဆိုတာ မွန္ေပမယ့္ သူ ေဘဘီ့ဆီကေနေတာ့ စစ္မွန္တဲ့ ေမတၱာေတြ ရခ်င္တယ္...

ဒါဆို သူကေရာ...

သူကေရာ ေဘဘီ့အေပၚ တကယ့္အစစ္အမွန္ေတြ ေပးခဲ့ရဲ႕လား...

သူ ေဘဘီ့အေပၚ အစစ္အမွန္ ေမတၱာတရားေတြ ေပးမိခဲ့ရဲ႕လား...

ေဘဘီ့အေပၚ သူ႕ဘက္ကေရာ စစ္မွန္ခဲ့ရဲ႕လား...

မစစ္မွန္ခဲ့လို႔မ်ား ေဘဘီက သူ႕အနား မေနခ်င္တာလား...

ငါ သူ႕ကို အရာအားလုံး ျဖည့္ဆည္းေပးေနတာပဲေလ..

ဘာလို႔ မစစ္မွန္ရမွာလဲ...

သူ အတၱႀကီးစြာ ေတြးေနမိတုန္းပဲ။

သူ ေဘဘီ့ကို ဘယ္လိုနည္းနဲ႕မွ အဆုံးရႈံးမခံနိုင္ပါဘူး...

ဒီ ကေလးေလးကို သူ တပ္မက္လြန္းလို႔မွ အနားေခၚထားတာ မလား...

ဟုတ္တယ္ ေဘဘီ့ကို အရ ျပန္ယူရမယ္...

' ညီ ' မကလို႔ ဘယ္လိုလူရဲ႕ လက္ထဲကပဲ ျဖစ္ျဖစ္ေပါ့...

ဒီလိုေတြးလိုက္မိေတာ့ မထီတရီ ဟန္ပန္ေတြနဲ႕
Park Sunghoon ရဲ႕ ခပ္ေထ့ေထ့ ပုံစံက မ်က္လုံးထဲ ေပၚလာၿပီး ဖန္ခြက္ကိုင္ထားတဲ့ လက္ေတြက တင္းခနဲ...

ဒီလိုေကာင္က သူ႕ရဲ႕ ညီ တဲ့လား...

အဟက္!

ခြမ္း!!!

လက္တစ္ခ်က္ အေဝ့မွာ ျပဳတ္က် ေၾကကြဲသြားတဲ့ ဖန္ခြက္ေတြနဲ႕ အရက္ပုလင္းေတြကေတာ့
ဓားစာခံအျဖစ္နဲ႕ ၾကမ္းေပၚမွာ အစိတ္စိတ္ အမႊာမႊာ ေပါ့။

ဆူဆူညံညံ ျဖစ္သြားတဲ့ က်ကြဲသံေတြေၾကာင့္ ေဘးဝိုင္းေတြက လွည့္ၾကည့္လာေတာ့ Leo ဟာ ဘာမွမျဖစ္ဘူးဆိုတဲ့ ပုံစံနဲ႕ လက္ကာျပကာ ခါးကို ကုန္း၍ ကုန္း၍ အရပ္ေလးမ်က္ႏွာရွိ လူေတြကို ေတာင္းပန္ရွာသည္။

ဒါကို ျမင္တဲ့ Jay က

" မင္း ခါးကို ျပန္မတ္လိုက္ Leo... ငါ့ေရွ႕က လြဲၿပီး ဘယ္သူ႕ေရွ႕မွာမွ မင္း ေခါင္းကို မၫႊတ္ရဘူး "

" Boss..."

" သူတို႔ မေက်နပ္ရင္ ေငြ အထုတ္လိုက္ ပစ္ေပးလိုက္... သူတို႔ အေပါက္ေတြ အကုန္ပိတ္သြားလိမ့္မယ္ "

" Boss အတြက္နဲ႕ ဦးၫႊတ္ ရတာမို႔ ကြၽန္ေတာ့္အတြက္က အဆင္ေျပပါတယ္ "

" အဟင္းးး ဒါဆို ငါ့အတြက္ ေသေပးဆို ေသရဲလား Leo "

" Boss က ကြၽန္ေတာ့္ရဲ႕ အသက္သခင္ ေက်းဇူးရွင္ပါ... ကြၽန္ေတာ့္အတြက္က Boss အျပင္ တျခားလူ မရွိပါဘူး... ကြၽန္ေတာ့္ အသက္နဲ႕ ခႏၶာဟာ Boss ေၾကာင့္သာ တည္ၿမဲခဲ့တာမို႔ ဒီ အသက္နဲ႕ ဒီခႏၶာ ကိုအသုံးျပဳၿပီး Boss ကိုတစ္သက္လုံး ကာကြယ္ေစာင့္ေရွာက္သြားမယ့္ လူတစ္ေယာက္ပါ... ဒါ့ေၾကာင့္ Boss အလိုရွိလို႔ ကြၽန္ေတာ့္အသက္ကို ေပးရမယ္ဆိုရင္လဲ အခ်ိန္မေ႐ြးပါပဲ "

" ဟား ဟား ဟား မင္းကလဲ ဒီလို စကားလုံး လွလွေလးေတြ သုံးတတ္တာပဲလားကြ ဟမ္... ဟား ဟား ဟား မထင္ထားဘူး Leo ေရ႕... "

" စကားလုံးေတြ အျဖစ္ပဲ ေျပာတာမဟုတ္ပါဘူး Boss... ဒါ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ခ်မွတ္ထားတဲ့ သစၥာတရားပါ "

" အင္းးး ငါ့ေရွ႕မွာေတာ့ ဒီလိုေတြ ေျပာၾကတာပါပဲ... ၿပီးရင္ သာ.. အဟက္! "

" ကြၽန္ေတာ့္ရဲ႕ သစၥာတရားကို Boss ယုံၾကည္ထားလို႔ ရပါတယ္ "

Leo ရဲ႕ စကားအဆုံးမွာ စားပြဲထိုးေလး အသစ္ျပန္ခ်ေပးထားတဲ့ ဝီစကီခြက္ကို ေကာက္ကိုင္၍ လွည့္ပတ္ေဆာ့ကစားေနတဲ့ Jay ဟာ တစ္စုံတစ္ရာကို အေလးအနက္ေတြးေနသလို မ်က္ႏွာထားဟာ တည္ၿငိမ္သြားျပန္သည္။

အတန္ၾကာေအာင္ ၿငိမ္ေနၿပီးမွ လက္ထဲက ဝီစကီခြက္ကို တက်ိဳက္ထဲ ေမာ့ေသာက္လိုက္ၿပီး

" ငါ့စိတ္ထဲ အခု ဘာျဖစ္ေနလဲဆိုရင္ ငါ့အနားမွာ ငါ့အေပၚ စစ္မွန္တဲ့လူ တစ္ေယာက္မွ မရွိဘူးလို႔ ခံစားေနရတယ္ Leo ... မင္းကေရာ ... မင္းကေရာ ဘယ္လိုလူမ်ိဳးလဲ... ဘာ ရည္႐ြယ္ခ်က္နဲ႕ ငါ့အနားကို ေရာက္လာခဲ့တာလဲ "

" ရည္႐ြယ္ခ်က္? ... Boss က ဘာကို ေျပာခ်င္တာလဲ မသိေပမယ့္... ကြၽန္ေတာ့္မွာ ရည္႐ြယ္ခ်က္ဆိုတာမ်ိဳးေတြ မရွိပါဘူး .. ကြၽန္ေတာ္ Boss အနားေနတာက Boss က ကြၽန္ေတာ့္္ရဲ႕ ေက်းဇူးရွင္မို႔လို႔ပါ... "

" အဟင္း... ေျပာၾကည့္ Leo... မင္းနဲ႕ ငါ့ၾကားမွာ ေက်းဇူးတရားဆိုတာေတြ ရွိမေနခဲ့ရင္.. ခုခ်ိန္ မင္း ငါ့အနား ရွိေနမလား "

" ေျပာလို႔ေတာ့ ခက္တယ္ Boss... လူေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္ ေတြ႕ဆုံရတာ ေရစက္ေၾကာင့္လို႔ေတာ့ ထင္တယ္... ကြၽန္ေတာ္တို႔ေတြ ေတြ႕ဆုံၾကဖို႔ ေရစက္ပါလာရင္ေတာ့ ဘယ္လို ေက်းဇူးတရားေတြ ရွိရွိ မရွိရွိ ေတြ႕ၾကရမွာ ျဖစ္ၿပီးေတာ့... ကံတရားႀကီးက ေရစက္ဆုံမေပးရင္ ကြၽန္ေတာ္တို႔ေတြ ဘယ္ေလာက္ပဲ ေတြ႕ခ်င္ေတြ႕ခ်င္ ေတြ႕ဆုံရမွာ မဟုတ္ပါဘူး... ေရစက္ေတြ ရွိသေလာက္ေပါ့ Boss ရယ္... ေရစက္ကုန္သြားတဲ့ ဆက္ဆံေရးေတြမွာေတာ့ ဘယ္ေလာက္ပဲ ပိုင္ဆိုင္ခ်င္လို႔ သိမ္းထုတ္ထားပါေစ.... "

ဒုန္းး!!!

" ေတာ္ေတာ့ Leo!!... မင္းစကားေတြ ဒီမွာတင္ ရပ္လိုက္ေတာ့!!... ေရွ႕ဆက္ ေျပာေနရင္ မင္းကို ငါ ထ ထိုးမိလိုက္မယ္ "

ဘယ္ေနရာက မွားသြားမွန္းမသိ။ Boss ေမးလို႔ ေျဖလိုက္မိတဲ့ သူ႕အေျဖမွာ ဘယ္အရာကို Boss စိတ္ဆိုးသြားပါသနည္း...

လက္ထဲက ဝီစကီခြက္ကို စားပြဲေပၚ ေဆာင့္ခ်လိဳက္ကာ ႐ုတ္တရက္ ထ ေအာ္လိုက္တဲ့ Boss ေၾကာင့္ Leo ဟာ နားမလည္စြာပဲ သူ႕ရဲ႕ Boss ျဖစ္သူကိုသာ ေငးၾကည့္ေနမိေတာ့သည္။

လက္က်န္ ဝီစကီေတြကို ခြက္ထဲ ေလာင္းထည့္ကာ အသက္မရႉစတမ္း ေမာ့ေသာက္ေနတဲ့ Jay က ပုလင္းထဲက ဝီစကီေတြ ကုန္သြားတဲ့ အခါမွာေတာ့ ထိုင္ရာမွ ထကာ ေနရာမွ ထြက္သြားေလေတာ့သည္။

ဒီေန႕အတြက္ေတာ့ Jay ဟာ ပင္လယ္ျပင္တစ္ခုလို မုန္တိုင္းေတြနဲ႕ ၾကမ္းတမ္းသြားလိုက္ ေရေသတစ္ခုလို ၿငိမ္သက္သြားလိုက္...

သူ႕ စိတ္ရဲ႕ အတက္အက်ကိဳ Leo လည္း မခန့္မွန္းနိုင္... ဘယ္သူမွလဲ ခန့္မွန္းနိုင္လိမ့္မည္မဟုတ္။

အိမ္အျပန္လမ္းမွာေတာ့ Leo ေမာင္းလာတဲ့ ကားေနာက္မွာ မ်က္လုံးအစုံကို မွိတ္လို႔ ၿငိမ္ၿငိမ္သပ္သပ္သာ လိုက္လာတဲ့ Jay...

သူ ဒီေန႕ တစ္ေနကုန္အတြက္ စိတ္ေတြ အရမ္းပင္ပန္းေနၿပီေလ...

အိမ္...

အိမ္လို႔ ေျပာလိုက္တာနဲ႕ ႀကိဳဆိုသူမဲ့ သူ႕အိမ္ႀကီးရဲ႕ တိတ္ဆိတ္မႈကို သတိရမိလိုက္တယ္။

တျခားသူေတြအတြက္ အလုပ္ဆင္းခ်ိန္ အိမ္ျပန္ခ်ိန္ဟာ မိသားစုနဲ႕ ေတြ႕ဖို႔ဆိုတဲ့ အေတြးေတြနဲ႕ ေပ်ာ္ေနနိုင္ေကာင္းရဲ႕...

သူ႕အတြက္ကေတာ့ အိမ္ျပန္လည္းပဲ ဘာမွ ထူးမလာခဲ့။

မာမီ ဆုံးၿပီးကတည္းက ႏြေးေထြးမႈေတြ ရွာမရေတာ့တဲ့ အိမ္...

မိသားစုခ်င္း စ ေနာက္ ၿပဳံးရယ္မႈေတြ မရွိေတာ့တဲ့ အိမ္...

ဘယ္သူ႕ကိုမွ အလိုမရွိခဲ့ဘူးဆို သူ လိမ္ညာရာက်မွာ ေပါ့...

တစ္ခါတစ္ေလ မိသားစုနဲ႕အတူ ၿပဳံးရယ္ေနၾကတဲ့ လူေတြကို ေတြ႕ရင္ သူ Daddy ကို သတိရမိတာေတာ့ အမွန္ပါ။

ဒါေပမယ့္ တဖက္ကလည္း အဲ့လို သတိေတြရေလ ပိုပိုၿပီး စိတ္က နာေလ။

အရာအားလုံး ျပည့္စုံေနတဲ့ သူ႕ဘဝမွာ မရခဲ့တာက မိဘႏွစ္ပါးဆီက လာတဲ့ ႏြေးေထြးမႈ။

လိုခ်င္ခဲ့ပါတယ္...

အလုပ္က ျပန္လာခ်ိန္မွာ သား လို႔ေခၚၿပီး ႏြေးေထြးစြာ ေပြ႕ဖက္လာမယ့္ လက္တစ္စုံကို။

မာမီ မရွိေတာ့တဲ့ ဟို ငယ္စဥ္အ႐ြယ္တုန္းက အရမ္း ေတာင့္တမိလို႔ အိမ္ျပန္လာခ်ိန္တိုင္း အခန္းတံခါးပိတ္ကာ ႀကိတ္ငိုခဲ့ရတာေတြ သူသာ အသိဆုံး။

ဒါေပမယ့္လည္း က်ခဲ့တဲ့ မ်က္ရည္ေတြကို သူ ခပ္ၾကမ္းၾကမ္း ပြတ္သုတ္လို႔ မ်က္ရည္ဆိုတာ သူနဲ႕ မအပ္စပ္တဲ့ အရာတစ္ခုလို...

ႏြေးေထြးမႈဆိုတာ သူနဲ႕ မဆိုင္တဲ့ အရာတစ္ခုလို...

စိတ္ဓာတ္ကို မာေၾကာေအာင္ လုပ္ကာ လိုခ်င္တာကို ေငြလမ္းခင္းၿပီး ရယူနိုင္ဖို႔ စီးပြားေရးထဲမွာသာ စိတ္ကိုႏွစ္ၿပီး ေအာင္ျမင္သထက္ ေအာင္ျမင္ေအာင္ သူ ႀကိဳးစားခဲ့တာ...

ခုလို သူ႕စိတ္ေတြ အနယ္ထိုင္ေနတဲ့ အခ်ိန္က်မွ ျပန္ေပၚလာတဲ့ Daddy က သူမထင္ထားတဲ့ အရာေတြကို ယူေဆာင္လာရင္း သူ႕ဘဝထဲကို တေက်ာ့ျပန္ ဝင္လာေလေတာ့...

ေရွ႕ဆက္ၿပီး သူ ဘာလုပ္ရမလဲ...

ဟူးးးး

ၿခံထဲကို ကားဝင္လိုက္တယ္ဆိုရင္ပဲ အိမ္ေရွ႕မွာ ရပ္ထားတဲ့ ကားတစ္စီးေၾကာင့္ Jay စိတ္ေတြ ပို၍ ညစ္ၫူးသြားရသည္။

ဘာ လာ ရႈပ္ၾကျပန္ၿပီလဲ...

ကားေပၚက ဆင္းကာ အိမ္ထဲ ဝင္ေတာ့ သူ႕စိတ္ကို သိတဲ့ Leo က ကားကို ဂိုေထာင္ထဲ မထည့္ေသးဘဲ သူနဲ႕အတူ အိမ္ထဲကို လိုက္ဝင္လာေလသည္။

လက္လြန္ ေျခလြန္ေတြ ျဖစ္မွာစိုးလို႔ ထင္ပါရဲ႕။

အိမ္ထဲကို ေရာက္ေတာ့ ေမွ်ာ္လင့္ထားသလို မဟုတ္။

ျမင္လိုက္ရတာက ဧည့္ခန္းဆိုဖာမွာ ထိုင္ေနတဲ့ Heeseung တစ္ေယာက္ထဲ။

ဒါဆို အေဖဆိုတဲ့ဟိုလူက ဘယ္မွာက်န္ခဲ့ပါလိမ့္။

သူ႕ကို ျမင္ေတာ့ ထိုင္ေနရာမွ ထ ရပ္လိုက္သည္။

သူ ထိုလူ႕ေရွ႕ကိုပဲ တည့္တည့္သြားရပ္လိုက္ကာ

" ခင္ဗ်ား က်ဳပ္အိမ္ကို ဘာအတြက္ ေရာက္ေနတာလဲ Lee Heeseung... က်ဳပ္ေရွ႕ကို ေပၚမလာခဲ့နဲ႕လို႔ ေျပာထားတာ ခင္ဗ်ား နားမလည္တာလား "

" hyung ညီ့ကို စိတ္မခ်လိဳ႕ "

" ခင္ဗ်ား မ်က္ခြက္ႀကီးကို ထ ထိုးခ်င္ေနတာကလြဲၿပီးအကုန္ အဆင္ေျပတယ္... ခင္ဗ်ား က်ဳပ္အိမ္ကေန လစ္လိုက္ေတာ့ "

" ညီ "

" ေနာက္တစ္ခါ ထပ္ ေျပာရရင္ ခင္ဗ်ားမ်က္ခြက္ႀကီး စုတ္ျပတ္သြားေတာ့မွာ "

" Boss "

သူ႕စကားေၾကာင့္ ေဘးနားမွာ ရပ္ေနတဲ့ Leo က သတိေပးသလို ၾကည့္ၿပီး ေခၚလိုက္ေတာ့ သူ Leo ဘက္ကို လွည့္ၾကည့္လိုက္ကာ

" ဧည့္သည္ကို ျပန္လိုက္ပို႔လိုက္ Leo... ၿပီးေတာ့ ဒီလို ဧည့္သည္ေတြ ေနာက္ ငါ့အိမ္ကို ဝင္ထြက္မေနေအာင္လဲ တာဝန္ယူပါ "

မွာစရာရွိတာ မွာၿပီး ေက်ာခိုင္းကာ ေလွကားထစ္ေတြအတိုင္း အေပၚကို နင္းတက္လာေတာ့ သူ႕ေနာက္ပါးဆီက ၾကားလိုက္ရတဲ့ စကားသံေတြ...

က်စ္! မၾကားခ်င္ပါဘူးဆို ဒီလူ လွ်ာရွည္ေနျပန္ၿပီ...

" ညီက မသိခဲ့ေပမယ့္ ညီ တစ္ႏွစ္သားအ႐ြယ္မွာ ရိုက္ထားတဲ့ ညီ့ရဲ႕ ဓာတ္ပုံေလးကို ၾကည့္ၿပီး ဒီကေလးေလးဟာ တစ္ေန႕ ငါ ေစာင့္ေရွာက္ရမယ့္ ငါ့ရဲ႕ သခင္ေလးပဲဆိုတဲ့ စိတ္နဲ႕ hyung စိတ္ေတြ လႈပ္ရွားခဲ့တာ... "

မၾကားခ်င္ဘူး ဆိုကာ အေပၚကို တက္သြားၿပီျဖစ္တဲ့ CEO ကို သူ အေလွ်ာ့ေပးကာ ေနာက္လွည့္မျပန္နိုင္ပါ။

CEO သိရမွ ျဖစ္မယ့္ အျဖစ္အပ်က္ေတြကို သူ ေသခ်ာေလးကို ေျပာျပမွ ျဖစ္မည္ေလ။

ဒါနဲ႕ Heeseung အရဲစြန့္ကာ ေအာ္ေျပာလိုက္ေတာ့ တုန့္ခနဲ ျဖစ္သြားတဲ့ CEO ရဲ႕ ေျခလွမ္းေတြ။

ဒါေပမယ့္ ခဏသာ...

ဆက္ၿပီး လွမ္းတက္သြားတဲ့ ေျခလွမ္းေတြ ေနာက္မွာ Heeseung လဲ ေနာက္ကေန လိုက္တက္လာကာ ဆက္ေျပာလိုက္မိသည္။

" ညီ့ရဲ႕ အဘိုးျဖစ္တဲ့ ဘဘႀကီးက ေျပာခဲ့တယ္... ညီဟာ သူသေဘာမတူတဲ့ အမ်ိဳးသမီးနဲ႕ ရတဲ့ ကေလးျဖစ္လို႔ ေစာင့္ေရွာက္ေပးစရာ မလိုဘူး တဲ့... ဒါေပမယ့္ hyung မနာခံခဲ့ဘူး... ဓာတ္ပုံေလး ျမင္ၿပီးကတည္းက ညီ့အေပၚထားမိတဲ့ ခ်စ္တဲ့စိတ္က အရာရာကို အနိုင္ယူသြားခဲ့တယ္... ဒါဟာ ငါ့သခင္ေလး ဆိုေပမယ့္ ညီတစ္ေယာက္ပဲ.. ဒါ ငါ့ညီေလးပဲ ဆိုၿပီး ညီကိုေမာင္ႏွမ မရွိခဲ့တဲ့ hyung ဘဝမွာ ညီ့ကို ညီေလး အရင္းလို ခ်စ္ခင္ခဲ့ပါတယ္ ''

" ခင္ဗ်ား ေတာ္လိုက္ရင္ ေကာင္းမယ္... အိပ္ရာဝင္ ပုံျပင္ေတြဆိုတာ တကယ္ေတာ့ အိပ္မက္လွ႐ုံ လုပ္ႀကံထားတဲ့ အတု သပ္သပ္ပဲ... ဒီလို ပုံျပင္ေတြကို ဘယ္သူေတြမွ အဟုတ္လုပ္ၿပီး မယုံၾကည္ၾကဘူး ေနာ္ "

Jay ရဲ႕ ေလွာင္ရယ္ရိပ္တို႔ သန္းေနတဲ့ မ်က္ဝန္းေတြနဲ႕ ၾကည့္လာကာ ေျပာလာတဲ့ စကားလုံးေတြ က Heeseung ဘာေျပာေျပာ အယုံအၾကည္ မရွိ ဆိုတဲ့ သေဘာ။

" ညီ မယုံဘူးဆိုတာ သိပါတယ္... ဒါေပမယ့္ ဘဘႀကီးရဲ႕ စကားကို မပယ္ရွားဝံ့လို႔ ညီ့ကိုေ႐ြးခ်ယ္ၿပီး ညီရွိရာဆီ ထြက္လာခဲ့တဲ့ hyung ကို ေနာက္က လိုက္တားရင္း car accident ျဖစ္ၿပီး hyung ရဲ႕ အေဖ ဆုံးပါးသြားခဲ့ရတာကေတာ့ အမွန္တရားပါ... သိလား ညီ... ဒီ ကိုရီးယားေျမမွာ တစ္ေယာက္ထဲ က်န္ခဲ့တဲ့ ညီ့ကို စိတ္မခ်လိဳ႕ hyung အဲ့လို အျဖစ္အပ်က္ေတြ ျဖစ္ပ်က္ခံၿပီး ေရာက္လာခဲ့တာ "

ဒီတစ္ခါမွာေတာ့ လွမ္းလက္စ ေျခလွမ္းေတြကို ရပ္ၿပီး လွည့္ၾကည့္မလာဘဲ ခါးတစ္ဖက္ကို ဟန္ပါပါ ေထာက္လိုက္တဲ့ Jay က

" အဲ့ေတာ့.... ခင္ဗ်ားအစား က်ဳပ္က ငိုေပးရမွာလား... "

" ညီ့ဆီကို ေရာက္မလာနိုင္တဲ့ ညီ့ရဲ႕ အေဖမွာလဲ ဘယ္လိုမွ ေရွာင္လႊဲလို႔မရတဲ့ တာဝန္ေတြ ရွိေနခဲ့လို႔ပါ... သိလား ညီ... ညီတို႔ မ်ိဳးရိုးရဲ႕ အရႈပ္ေတာ္ပုံေတြ အေၾကာင္းကို "

" Shut up bro... ထပ္ၿပီး နားညီးလာရင္ က်ဳပ္အဆိုး မဆိုေတာ့နဲ႕ "

ဒုန္းးး!!!

အခန္းေရွ႕ကိုလဲ ေရာက္ေနၿပီမို႔ တံခါးကို ခပ္ၾကမ္းၾကမ္း ဆြဲဖြင့္ကာ အသံျမည္ေအာင္ ပိတ္သြားတဲ့ Jay...

Jay တစ္ေယာက္ အခန္းထဲကို ဝင္ေရာက္ ေပ်ာက္ကြယ္သြားေပမယ့္ မျပန္နိုင္ေသးတဲ့ Heeseung ဟာေတာ့ ပိတ္ထားတဲ့ တံခါးခ်ပ္ကို အေၾကာင္းမဲ့ စိုက္ၾကည့္ေနကာ Jay နားလည္လက္ခံလာေအာင္ ဘယ္လို ရွင္းျပရမလဲ ဆိုတာကို အ​ေျဖရွာရင္း...

.
.
.

တီး ေတာင္ .. တီး ေတာင္.. တီး ေတာင္

နံနက္ေစာေစာ ျမည္လာတဲ့ လူေခၚဘဲလ္သံေၾကာင့္ Sunghoon အိပ္ေပ်ာ္ေနရာမွ နိုးလာကာ စားပြဲေပၚက နာရီဆီ အၾကည့္ေရာက္ေတာ့ ငါးနာရီ သာသာပဲ ရွိေသးသည္။

* ဘာလဲ ဟ ဒီအခ်ိန္ႀကီး... ဘယ္သူလာတာလဲ *

အေတြးနဲ႕အတူ သူ႕ လက္ေမာင္းေပၚ ေခါင္းအုံးကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနတဲ့ အသည္းအသက္ေလး မနိုးခင္ တံခါးသြားဖြင့္ဖို႔ လိုတာေၾကာင့္ ေခါင္းေလးကို အသာမ၍ လက္ကို ထုတ္ၿပီး အျပင္ေျပးထြက္ခဲ့ရသည္။

မဟုတ္ရင္ ဘဲလ္သံ ဆူဆူညံညံေၾကာင့္ အသည္းအသက္ေလး နိုးသြားနိုင္တယ္မလား...

ညကလဲ သူ သိခ်င္တာေတြ တရစပ္ ေမးေနတာေၾကာင့္ ညနက္မွ အိပ္ေပ်ာ္သြားတာေလ။

အလင္းေရာင္ လင္းလင္းက်င္းက်င္း မရေသးတာေၾကာင့္ ဧည့္ခန္းက မီးေတြ အကုန္ဖြင့္ခဲ့ကာ တံခါးရွိရာဆီ ေျပးၿပီး ကင္မရာဆီ ၾကည့္လိုက္ေတာ့ အထုပ္အပိုးေတြဆြဲထားၾကတဲ့ Niki နဲ႕ Jake။

မ်က္လုံးေတြကလဲ ဂဏာမၿငိမ္ၾက။ ဟိုဟိုဒီဒီ လိုက္ၾကည့္ေနကာ ခႏၶာကိုယ္ေတြကို တပတ္လည္လို႔။

* ဟ ဒီေကာင္ေတြ ေစာေစာစီးစီး *

တံခါးကို အျမန္ဖြင့္ေပးလိုက္ေတာ့ ေဘးဘီဝဲယာကို ေသခ်ာၾကည့္ၿပီးမွ အထဲကို ဝင္လာၾကေလသည္။

မသိရင္ စုံေထာက္ကားပဲ ရိုက္ေနသလိုလိုနဲ႕ ဒီေကာင္ေတြ။

" လိ မလို႔ ၾကာေနရလား... လူျမင္ခံလို႔ ေကာင္းတာမဟုတ္မွန္း သိရဲ႕သားနဲ႕ "

သူ႕ကို ျမင္ျမင္ခ်င္း အဆဲခံလိုက္ရတဲ့ Sunghoon ရယ္ပါ။

" ငါလဲ နိုးနိုးခ်င္း အျမန္လာတာပဲ Niki ရ... အိပ္ေပ်ာ္ေနတာဆိုေတာ့ တန္းေတာ့ ဘယ္နိုးပါ့မလဲ "

" မင္းသာ အိပ္လို႔ေကာင္းေန... ငါတို႔ႏွစ္ေယာက္ေတာ့ ညတည္းက မင္းမွာတဲ့ ပစၥည္းေတြ လိုက္ရွာ ဝယ္ရင္း ရင္တထိတ္ထိတ္နဲ႕ ႏွလုံး ေပါက္ထြက္မတက္ပဲ... CEO Park လူေတြ မမိေအာင္လဲ ေရွာင္ရတာ တဒုကၡ ... ခု မနက္လဲ အိပ္ပ်က္ခံၿပီး လူေတြသိမွာစိုးလို႔ ေစာထြက္လာခဲ့ရတာ "

" ကုသိုလ္ရပါတယ္ သားႀကီးတို႔ရာ... မင္းတို႔ ငါ့ကို အခုလို လုပ္ေပးရတာေတြအတြက္ မင္းတို႔အလွည့္က် အရာရာအဆင္ေျပမွာ သိလား "

" လိ ကို ကုသိုလ္ရ... ဒါမ်ိဳးနဲ႕ေတာ့ ကုသိုလ္ မရခ်င္ဘူး ေဟ့ေကာင္ေရ "

လက္ထဲက အထုတ္ေတြကို စားပြဲေပၚခ်ရင္း ေအာ္က်ယ္ ေအာ္က်ယ္ လုပ္ေနတဲ့ Niki ကို သူ ႏႈတ္ခမ္းေပၚ လက္ညွိုးတင္ကာ တိုးတိုး ေျပာဖို႔ သတိေပးရင္း

" တိုးတိုး လုပ္ပါကြ... အေဆာ အိပ္ေနတုန္းရွိေသးတယ္ "

" ေျပာစမ္းပါအုံး မင္းတို႔ အ​ေျခအေနေလး... အဆင္ေျပ...ေျပ...ၾက... "

စကားေျပာရင္း တန္းလန္းႀကီး Sunghoon ရဲ႕ ေနာက္ေက်ာဘက္ဆီ ၾကည့္ၿပီး မ်က္လုံးျပဴးႀကီးနဲ႕ စကားသံေတြ ရပ္သြားတဲ့ Niki ေၾကာင့္ Sunghoon လဲ ေနာက္ကို လွည့္ၾကည့္လိုက္တဲ့ အခ်ိန္မွာပဲ

" ေမာင္... "

ကပိုကယို ေလးနဲ႕ ထ လာတဲ့ အေဆာရဲ႕ အိပ္ခ်င္မူးတူးပုံစံေလး...

အိပ္ရာနိုးစ အက္ရွရွ အသံေလးနဲ႕ ေခၚသံျပဳၿပီး သူရွိရာဆီ လွမ္းလာေနေလသည္။

ညက သူ ဝတ္ေပးထားတဲ့ အကၤ်ီပြပြႀကီးက အေပၚၾကယ္သီးေလးမ်ား ျပဳတ္ကာ ပုခုံးတစ္ဖက္မွာ ေလ်ာက်ေနၿပီး ဆံႏြယ္ျဖဴေလးေတြက ပြပြေယာင္း​ေယာင္း ထိုးထိုးေထာင္ေထာင္နဲ႕။

ေပါင္လည္ေလာက္ ေဘာင္းဘီတိုေလး ေအာက္က ေျခတံသြယ္သြယ္ေလးဟာလဲ ဆြဲေဆာင္မႈရွိစြာ အေဆာရဲ႕ နံနက္ခင္း အလွတရားတို႔ကို ပိုတိုးေအာင္ စြမ္းေဆာင္ေပးေနသလို။

" ေမာင္.. ဘယ္ခ်ိန္က ထ သြားတာလဲဟင္... အသံေတြ ၾကားလို႔ ကြၽန္ေတာ္ ထ လိုက္လာတာ "

မ်က္လုံးေလးကို ဖိပြတ္ရင္း အနားေရာက္လာတဲ့ အေဆာကို ဟိုေကာင္ေတြ ျမင္ကြင္းကေန သူ အျမန္ ကြယ္လိုက္ကာ

" ဘာ ဘာလို႔ ထလာတာလဲ အေဆာရဲ႕... ေစာေသးတယ္ေလ ထပ္ အိပ္အုံး ေနာ္... လာ လာ အခန္းထဲ သြားမယ္ "

အေဆာလက္ေလးကေန ဆြဲေခၚကာ အခန္းထဲ ပို႔ဖို႔ ျပင္ေနတုန္း အေဆာက သူ႕လက္ထဲကေန ႐ုန္းထြက္ကာ သူ႕ပုခုံးေပၚကေန ေက်ာ္၍ အထုတ္ေတြကို လွမ္းၾကည့္ၿပီး

" အဲ့ဒါ ဘာေတြလဲဟင္ ေမာင္... သူတို႔က ဘာလို႔ အေစာႀကီး ေရာက္ေနၾကတာလဲ "

အထုတ္ေတြကို စိတ္ဝင္စားကာ သူ႕ကို ေရွာင္ၿပီး ေရွ႕ထြက္ဖို႔ လုပ္ေနတဲ့ အေဆာေၾကာင့္ ပုခုံးကေန ဆြဲဖက္ကာ အခန္းထဲသို႔ ေခၚသြားရင္း ေနာက္ေက်ာမလုံလို႔ ေနာက္လွည့္ၾကည့္လိုက္ေတာ့ အသံေတာင္ မထြက္နိုင္ေတာ့ဘဲ အေဆာကို ေငးေနၾကတဲ့ ခ်စ္သူငယ္ခ်င္းႀကီး ႏွစ္ေယာက္ကို ေတြ႕လိုက္ရေလေတာ့သည္။

စိတ္ေပါက္ေပါက္နဲ႕ အခန္းထဲ မဝင္ခင္ လက္ခလယ္ေလး ေထာင္ျပခဲ့လိုက္တယ္...

အင့္ အဲ့မွာ ၾကည့္ခ်င္အုံး...

" ဘာေတြလဲ ၾကည့္မယ္ေလ ေမာင္ကလဲ... ဘာလို႔ အတင္းဆြဲေခၚလာတာလဲ "

အခန္းထဲ ေရာက္ေရာက္ခ်င္း စိတ္အလိုမက်သံေလးနဲ႕ ေျပာလာတဲ့ အေဆာကို သူ ဆံပင္ေလးေတြ သပ္တင္ေပးလိုက္ၿပီး

" ဒီလို ပုံစံနဲ႕ ဘာလို႔ အျပင္ထြက္လာရတာလဲ အေဆာရယ္... အျပင္မွာ တျခားလူေတြနဲ႕ေလကြာ "

" ေမာင္ကလဲ ကြၽန္ေတာ္က ဘာျဖစ္ေနလို႔လဲ... သူတို႔လဲ ေယာက်ာ္းေလး အေဆာလဲ ေယာက်ာ္းေလးပဲ... ဒီလို ထြက္လာေတာ့ ဘာျဖစ္လို႔လဲ ကဲ "

" ၾကည့္ေနၾကတယ္ေလ ကြာ... ေမာင့္အခ်စ္ကို လူေတြ ၾကည့္တာ ေမာင္မွ မႀကိဳက္တာ "

" ေယာက်ာ္းခ်င္းပဲ ေမာင္ရာ... ၾကည့္ေတာ့ ဘာျဖစ္လဲ "

" အေဆာ မသိဘူးေနာ္... အေဆာ ဘယ္ေလာက္ထိ ဆြဲေဆာင္မႈရွိတယ္ ဆိုတာကို...အဲ့ေကာင္ေတြ ၾကည့္ေနတာ မ်က္ေတာင္ကို မခတ္ဘူး... ေမာင့္အခ်စ္ကို ဒီလို ၾကည့္တာ ေမာင္ တကယ္ မႀကိဳက္ဘူး "

" ေမာင္ကလဲ "

" ျပန္အိပ္ေနအုံးေနာ္... ေမာင္ ဟိုေကာင္ေတြဆီ သြားအုံးမယ္ "

" ဟင့္အင္ အေဆာလဲ လိုက္မယ္ "

" မလိုက္ရဘူး "

" ေမာင့္!! "

" မရဘူး "

" လိုက္ခ်င္တာကို "

မရဘူးေျပာလို႔ ႏႈတ္ခမ္းေလး စူသြားတဲ့ အေဆာက ​ေျခေလးပါ ေဆာင့္ကာ ကေလးငယ္ေလးေတြလို ျပဳမူေနျပန္ပါသည္။

မ်က္ႏွာေလး ညွိုးသြားျပန္ေတာ့လဲ ဒီေမာင္က စိတ္ထဲမေကာင္းေတာ့။

ဒါနဲ႕ပဲ စိတ္ကို ေလွ်ာ့လိုက္ကာ

" ဟင္းးး ကဲ ဒါဆိုလဲ အဝတ္ေလးေတာ့ လဲခဲ့ ေနာ္... ေမာင္အရင္ သြားမယ္... အေဆာက လုံလုံၿခဳံၿခဳံ ဝတ္ၿပီးမွ ထြက္ခဲ့ ဟုတ္ၿပီလား "

" ၿပီးေရာ... ေမာင္ ပိုကို ပိုတယ္ "

" ခ်စ္လို႔ေလ "

" အဟင္းးး သိပါ့ "

လိုခ်င္တာ ရသြားေတာ့မွ ၿပဳံးရယ္သြားတဲ့ အေဆာက သူ႕ပါးဆီကို အနမ္းေပးဖို႔ကိုလဲ ေမ့ေလ်ာ့မေနပါ...

သူ႕ပုခုံးကို ဆြဲကာ ေျခဖ်ားေလးေထာက္ၿပီး ပါးႏွစ္ဖက္ကို အသံျမည္ေအာင္ တ႐ူး႐ူးနဲ႕ အနမ္းေတြေပးေနေသးသည္။

ဒီေကာင္ႀကီးကလဲ morning kiss ေလး ျပန္ေပးဖို႔ ေမ့ေနမတဲ့လား...

မ်က္ႏွာမသစ္ သြားမတိုက္ရေသးပါဘူး ေအာ္ေနတဲ့ အသည္းအသက္ေလးကို မရမက ခ်ဳပ္ နမ္းပစ္ခဲ့ေသးတာေလ။

အားရေအာင္ နမ္းၿပီးေတာ့မွ အခန္းျပင္ထြက္လာေတာ့ ဧည့္ခန္းဆိုဖာမွာ ေငါင္ေငါင္ႀကီးေတြ ထိုင္ေနၾကတဲ့ ဧည့္ေကာင္း ေဆာင္ေကာင္း ႏွစ္ေယာက္။

ေစာေစာက မ်က္လုံးကြၽတ္က်မတတ္ ေငးထားတာကို မေက်နပ္လို႔ စိတ္ထဲ ေတးထားသမွ် Sunghoon ေနာက္ကေန အသာေလး သြားကာ ႏွစ္ေယာက္လုံးကို ေနာက္ေစ့ကေန ရိုက္ခ်ပစ္လိုက္ေတာ့သည္။

" အ့ အားးး ေဟ့ေကာင္ ဘာလုပ္တာလဲ ကြ "

" ဟ ဘာလဲဟ ဒီေကာင္ "

ႏွစ္ေယာက္လုံးဆီက ထြက္လာတဲ့ မေက်မနပ္ ေရ႐ြတ္သံေတြ။

" မင္းတို႔ေကာင္ေတြ သူငယ္ခ်င္း ခ်င္းမို႔ အဲ့ေလာက္ပဲ ဆိုတာ သိထား "

" ငါတို႔ ဘာလုပ္လို႔လဲ ကြ "

" မင္းတို႔ မ်က္လုံးေတြ... ငါ မသိရင္ ခက္မယ္ "

Sunghoon လက္ႏွစ္ေခ်ာင္းနဲ႕ သူ႕မ်က္လုံးေတြကို သူ ထိုးျပကာ အဲ့ လက္ႏွစ္ေခ်ာင္းနဲ႕ပဲ သူတို႔ရွိရာဆီ ျပန္ထိုးျပေတာ့ ရယ္က်ဲက်ဲ မ်က္ႏွာေတြနဲ႕ ႏွစ္ေယာက္သားက

" ဒါေတာ့ မေမွ်ာ္လင့္ဘဲ ေတြ႕လိုက္ရလို႔ သတိလက္လြတ္ ျဖစ္သြားရတာပါ သားႀကီးရာ... လွလို႔ ၾကည့္မိ႐ုံအျပင္ မပိုပါဘူး... တကယ္ ငါတို႔မွာ ဘာ စိတ္မွ မရွိပါဘူး ကြ "

" ဘာ စိတ္ေရာ ရွိလို႔ ရမလား "

Sunghoon စိတ္ေပါက္ေပါက္နဲ႕ ၿပဳံးစိစိလုပ္ေနတဲ့ ႏွစ္ေယာက္ကို ေျခေထာက္နဲ႕ လွမ္းကန္ကာ ေျပာလိုက္ေတာ့

" ရရင္ေတာ့ နည္းနည္း ရွိခ်င္တာေပါ့ကြာ ဘာ စိတ္ေလး "

" ရားးး Nishimura Riki...မင္း ေသခ်င္ေနတာလား "

နံနက္ေစာေစာ ဟိန္းထြက္လာတဲ့ Park Sunghoon ရဲ႕ ေအာ္သံႀကီး...

အဲ့ဒီ ေအာ္သံရဲ႕ေနာက္မွာေတာ့ တဟားဟား ေအာ္ ရယ္ေနတဲ့ ရယ္သံေတြက စီ ခနဲ...

" ေစာေစာက တန္းထမလာတာ ဒီေကာင္ ဒါေၾကာင့္ကိုးး "

Jake ရဲ႕ မွတ္ခ်က္ျပဳသံကို Niki ကပါ ထပ္ၿပီး ေထာက္ခံလာသည္။

" ေသခ်ာတာေပါ့ကြာ... ငါတို႔ကေတာ့ ဒီေကာင္ႀကီး အဆင္မွ ေျပပါ့မလားနဲ႕ စိတ္ေတြပူလိုက္ရတာ...ငါတို႔ကို ဒုကၡေတြ ေပးထားၿပီး သူက ဒီမွာ သာယာေနတာ "

" ေအး မသာယာခင္ အခ်ိန္က ငါ့မွာ ပါးေတာင္ အရိုက္ခံခဲ့ရတယ္လို႔ မင္းတို႔ကို ေျပာျပမေနေတာ့ပါဘူး သားႀကီးတို႔ရာ... "

" ဟား ဟား ဒါေတာ့ မင္းက မၾကည္ျဖဴဘဲ အၾကမ္းဖက္လို႔ ရွိမွာေပါ့ကြ "

" ဟာ... Jake မင္း ဒီမွာ CCTV တပ္ခဲ့တာလား သားႀကီး "

" အမ္...မင္း တကယ္ႀကီးလား "

" အဟဲ... အဲ့လိုမ်ိဳး ခပ္ဆင္ဆင္ေလး ျဖစ္သြားေသးတာေလ "

" နာေအာင္ေရာ ရိုက္လိုက္ရဲ႕လား Sunoo က.. မနာရင္ ငါ ထပ္ ရိုက္ေပးမလို႔ "

အတည္ေပါက္နဲ႕ ဝင္ေနာက္တဲ့ Niki ရယ္ပါ...

ညကအေၾကာင္းေတြ ျပန္ေျပာျပရင္း အေဆာကို ေစာင့္ေနၾကတုန္း ခပ္သင္းသင္း ေရခ်ိဳးဆပ္ျပာနံေလး အခန္းတြင္း ေဝ့ ခနဲ သင္းပ်ံ့လာၿပီး သူတို႔ရွိရာဆီ ေရာက္လာေလတဲ့ အေဆာ။

တစ္ခါတည္း ေရခ်ိဳးခဲ့ဟန္တူပါသည္။

ေရစိုဆံပင္ေလးေတြက မေျခာက္တေျခာက္နဲ႕ ေရခ်ိဳးၿပီးစ မ်က္ႏွာႏုႏုေလးက ရွင္းသန့္လို႔ေနသည္။

ဒါကိုပဲ စ ေနာက္ေနတဲ့ အရွိန္မေသေသးတဲ့ Niki က

" အားးး မနက္အိပ္ရာနိုးတိုင္း ဒီလို အလွတရားေလးေတြ ခံစားရမယ္ဆိုရင္ ငါေတာ့ ဒီတစ္သက္ ေသေပ်ာ္ပါၿပီ ကြာ... "

ထိုအခါမွာေတာ့ တအုန္းအုန္းနဲ႕ က်ေရာက္သြားတဲ့ Sunghoon ရဲ႕ လက္သီးခ်က္ေတြက Niki ရဲ႕ေက်ာကုန္းရွိရာဆီ။

" ေမာင္တို႔ ဘာေတြ ေျပာေနၾကတာလဲ ဟင္... ရယ္သံေတြ အထဲကထိ ၾကားေနရတယ္ ''

သူ႕အနား တိုးကပ္ထိုင္ကာ တိုးတိုးေလး ေမးလာတဲ့ အေဆာကို သူ နဖူးေလးေပၚ အနမ္းေလး ေပးလိုက္ၿပီးမွ

" ဘာမွ မဟုတ္ပါဘူး အေဆာရယ္... ဒီေကာင္ေတြ ဟာသ လုပ္ေနၾကတာ "

" မသိပါဘူး အေဆာအေၾကာင္းေတြ ေျပာၿပီးမ်ား ရယ္ေနၾကတာလား လို႔ "

" ဟဲ ဟဲ မဟုတ္ပါဘူး Kim Sunoo shi... ကြၽန္ေတာ္တို႔က အလွတရားေလးေတြ အေၾကာင္းပဲ ေျပာေနၾကတာပါ "

Niki ရဲ႕ မ်က္ႏွာေျပာင္မႈ Level ကေတာ့ ေဆးမမွီေတာ့။

Sunghoon ၾကားထဲကေန စကားလႊဲလိုက္ကာ

" ကဲ မင္းတို႔ ဘာေတြ ပါလာလဲ ထုတ္ျပအုံးေလ.. ငါ မွာတာေတြ အစုံေရာ ပါခဲ့ရဲ႕လား "

ထိုအခါမွ အထုတ္ေတြကို သတိရသြားဟန္ရွိတဲ့ ႏွစ္ေယာက္က ထိုင္ရာမွ ထ ကာ အထုတ္ထဲက ပစၥည္းေတြကို ထုတ္ျပ ၾကေလေတာ့သည္။

အထုတ္ထဲမွာေတာ့ သူတို႔ တစ္ပတ္စာ အခန္းထဲမွာတင္ ေအာင္းေနလို႔ရတဲ့ အစားအေသာက္ေတြရယ္၊ အဝတ္အစားေတြရယ္၊ လိုအပ္မယ့္ အသုံးအေဆာင္ တခ်ိဳ႕နဲ႕ အေဆာအတြက္ Sunghoon တကူးတက မွာလိုက္တဲ့ ေဆးဗူးေလးရယ္...

ေဆးဗူးေလးကို ျမင္လိုက္တဲ့အခ်ိန္မွာေတာ့ အေဆာက

" ဟင္... ဒီေဆးေလးပါ ပါလာခဲ့တာလား "

" ဟုတ္တယ္ အေဆာ... ေမာင္ အေဆာ ေခါင္းေတြကိုက္ၿပီး အိပ္ေပ်ာ္သြားတုန္းက အေဆာေမေမဆီ ဖုန္းဆက္ၿပီး လွမ္းေမးထားခဲ့တာ "

" ဟုတ္တယ္ ေမာင္ရဲ႕... အေဆာ စဥ္းစားတာမ်ားၿပီး ေခါင္းေတြကိုက္လာတိုင္း ဒီေဆးေလးကို ေသာက္ေနက်ေလ... တကယ္တမ္းေတာ့ ဒီေဆးေလးက Jay ေသာက္ ခိုင္းထားတာပါ "

ေျပာေျပာဆိုဆို ျမန္ဆန္တဲ့ အေဆာလက္ေလးေတြက ေဆးဗူးေပၚက Plastic ကိုခြာ၍ အထဲက ေဆးပုလင္းေလးကို ထုပ္ယူလိုက္သည္။

" ဒီေဆး မွန္တယ္မလား Sunoo... ကြၽန္ေတာ္တို႔ ဝယ္လာတာ မမွားပါဘူး ေနာ္... ဆိုင္က ဆရာဝန္ကေတာင္ ဘာအတြက္ ဝယ္တာလဲလို႔ ေမးၿပီး ေဆးရဲ႕ အာနိသင္ကို ကြၽန္ေတာ္တို႔ကို ရွင္းျပလိုက္ေသးတယ္ "

Jake က ေသခ်ာေစရန္ အတည္ျပဳ ေမးလိုက္ေတာ့ အေဆာက

" ေသခ်ာတယ္ေလ ဒီေဆး... ဟင္! "

ေဆးပုလင္းအဖုံးေလးကို လွည့္ဖြင့္ၿပီး အထဲက ေဆးလုံးေလးေတြကို လက္ဝါးေလးေပၚ သြန္ခ်လိဳက္တဲ့ အခါမွာေတာ့ အာေမဋိတ္သံေလး ထြက္က်လာတဲ့ အေဆာ...

" ဘာျဖစ္လို႔လဲ Sunoo... ဘာက မွားေနလို႔လဲ "

" ဘာျဖစ္လို႔လဲ အေဆာ "

Jake နဲ႕ Sunghoon ရဲ႕ ေမးသံက တၿပိဳင္ထဲလို ေပၚလာေတာ့

" အထဲက ေဆးလုံးေတြက ဒီလို မဟုတ္ဘူး ေမာင္... ပန္းေရာင္ ေသးေသးေလးေတြ "

အေဆာ စကားေၾကာင့္ ဝယ္လာခဲ့တဲ့ Jake နဲ႕ Niki က သူတို႔မ်ား အဝယ္မွားသလား ေမးေတာ့ Sunoo က ေခါင္းေလး ရမ္းျပကာ

" ဟင့္အင္ ဒီ ေဆးနာမည္မွန္ပါတယ္... ေဆးဗူးေပၚက နာမည္က ဒါပဲေလ... ဒါကို ဘာျဖစ္လို႔ အထဲက ေဆးလုံးေတြက.... "

စကားေျပာရင္း စဥ္းစားသလို ေလး လုပ္ေနတဲ့အေဆာေၾကာင့္ Sunghoon ေသခ်ာေအာင္ ထပ္ေမးလိုက္သည္။

" အေဆာကို ဒီေဆးေသာက္ခိုင္းတာ Jay လို႔ ခုန ေျပာတာေနာ္ "

" ဟုတ္တယ္ ေမာင္... Jay ပါ "

" ေဆးဗူးေပၚက ေဆးနာမည္လဲ မွန္တယ္မလား "

" ဟုတ္ "

" ဒါဆိုရင္ေတာ့ စဥ္းစားစရာပဲ "

Sunghoon ရဲ႕ ေတြးေတြးဆဆေလး ေျပာလိုက္တဲ့ စကားအဆုံး အကင္းပါးတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ အဓိပၸါယ္ကို နားလည္စြာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္ၾကေလေတာ့သည္။

စကားရဲ႕ ဆိုလိုရင္းကို သေဘာမေပါက္ရွာတဲ့ အေဆာကေတာ့ ေဆးလုံးေလးေတြကိုသာ ေငးၾကည့္ေနရင္း...

*************************************

Love you...

San Htarni 💙

16.8.2023

Comment