~2~

~ 2 ~

အဲ့ဒီနေ့က CEO Park နဲ့ အဖြူရောင်ကောင်ငယ်လေးတို့ စတင် တွေ့ဆုံဖို့ အကြောင်းက ဖန်လာခဲ့သည်။

တကယ်တော့ အဲ့ဒီ့နေ့က အဲ့ဒီနေရာကို ရောက်ခဲ့တာသည် အကြွေးသိမ်းဖို့....

CEO ဆီမှာ ကုမ္ပဏီကို အပေါင်ထားပြီး ငွေချေးထားတဲ့ လုပ်ငန်းအသေးစားလေး တစ်ခုက သူဌေးဖြစ်သူထံသို့ ကတိအခါခါပျက်မှုကြောင့် CEO ကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်လာတဲ့နေ့...

အတန်ငယ်ကျယ်ဝန်းတဲ့ ခြံတစ်ခုထဲသို့ ကားဝင်သွားတယ်ဆိုတာနဲ့ တွေ့မြင်လိုက်ရတာက နှင်းဆီဖြူပန်းခင်းကြီး ... အိမ်ရှေ့ မြေကွက်လပ်မှာ စနစ်တကျစိုက်ပျိုးထားမှုကြောင့် ပန်းတို့ပွင့်ဝေနေကာ မြင်ရသူကို စိတ်ကြည်နူးစေတာတော့အမှန်....

ကားမောင်းနေရင်း ပန်းခင်းကြီးကို လှမ်းကြည့်လိုက်တော့ ပန်းပင်တွေကြားမှာ သူတို့ရှိရာဖက်ကို ကျောပေးထားတဲ့ ကျောပြင်ငယ်လေးတစ်ခု....

ဖြူဆွတ်ဆွတ်အင်္ကျီလေးကို ဝတ်ဆင်ထားကာ ငွေရောင်ဆံနွယ်လေးတွေက လေထဲမှာ တလှုပ်လှုပ်...သူတို့ဝင်လာတာကို သိပုံမရ... ပန်းပွင့်လေးတွေကိုသာ ငုံ့ကြည့်နေရင်း ပန်းခူးနေပုံပေါ်ပါသည်။ အဲ့အချိန်မှာပဲ CEO နှုတ်က ထွက်ကျလာတဲ့ စကားတစ်ခွန်း...

" နှင်းဆီဖြူတွေကြားက အဖြူရောင်အရိပ်ကလေးပဲ... နေရောင်အောက်မှာ တောက်ပနေလိုက်တာ ... သဘောကျဖို့ကောင်းတယ် " တဲ့

ဒါဟာ ဒီကောင်ငယ်လေးရဲ့ ကျောပြင်လေးကိုသာ မြင်ဖူးသေးတဲ့အချိန် CEO စိတ်လိုလက်ရ ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းပါပဲ....

CEO ကိုယ်တိုင် အကြွေးသိမ်းဖို့လာတယ်ဆိုတော့ အိမ်ရှင်တွေဟာလဲ ပြာယာခတ်ခါ တောင်းတောင်းပန်ပန်ပေါ့.... ရက်ရွှေ့ပေးဖို့ အခွင့်အရေးပေးဖို့ စသည်... စသည်...ပိုင်ဆိုင်တာအားလုံး ပုံအပ်ရတော့မှာကိုး... ငိုပြကြ... ရယ်ပြကြ ...
အကြောင်းတွေပြကြ။

အဲ့ဒီ့မှာ သိခဲ့ရတာက သမီးဆေးကုစရိတ်တွေကြောင့် လုပ်ငန်းတွေ ပြန်ရွေးဖို့ နောက်ကျနေရခြင်းအကြောင်းတွေ။ ဇာတ်စုံခင်းပြနေပြီး တောင်းပန်နေပေမယ့် ကျွန်တော်တို့ CEO Park ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဖို့သာ တစ်ခွန်းထဲပြောပြီး ခြေချိတ်ကာ မျက်နှာထား တည်တည်နဲ့ ထိုင်နေခဲ့တော့သည်။

အဲ့ဒီ့အချိန်ခဏလေးမှာပဲ အိမ်ရှင်တွေ ကံကောင်းဖို့ အကြောင်းဖန်လာတယ် ပြောရမလား.... အဖြူရောင် အရိပ်ကလေးဟာ နှင်းဆီဖြူတွေ တပွေ့တပိုက်နဲ့ အိမ်ထဲကို ပြေးဝင်လာပြီး...

" မေမေ... ပန်းအိုးထိုးဖို့ သား ပန်းတွေ ခူးလာခဲ့...အာ... ဧည်သည်တွေ ရှိနေတာပဲ "

အသံစာစာလေးနဲ့ အော်ပြီး ပြေးဝင်လာတဲ့ ကောင်လေးဟာ ကျွန်တော်တို့ကိုလဲ မြင်ရော ကိုယ်ရှိန်သတ်ကာ အသံတိုးတိုးလေးနဲ့ ရေရွတ်လိုက်တယ်...အဲ့ဒီအချိန်မှာ အိမ်ရှင်အမျိုးသားက

" Kim Sunoo !! မင်း ဒီလောက်လေးတောင် အလိုက်မသိဘူးလား... ဒီမှာ ဧည့်သည်တွေရှိနေတာကို ဆူဆူညံညံနဲ့... သွား အပေါ်ထပ်မှာ သွားနေ"

အဲ့ကတည်းက သတိထားမိလိုက်တယ် CEO ရဲ့ မျက်လုံးတွေဟာ နှုတ်ခမ်းလေးစူပြီး အိမ်ပေါ်ကို ခြေဆောင့်တက်သွားတဲ့ အဖြူရောင် အရိပ်ကလေးနောက်ကို ကပ်ငြိပြီး ပါသွားတယ်ဆိုတာ။

အချိန်ခဏကြာတဲ့အထိ ဧည့်ခန်းလေးထဲမှာ တိတ်ဆိတ်နေပြီး ဘယ်သူမှ စကားမပြောဖြစ်။ တစ်ခုခုကို အလေးအနက် စဉ်းစားနေဟန် CEO ဟာလဲ အကြာကြီး တိတ်ဆိတ်နေပြီးမှ

" ကောင်းပြီလေ... နောက်ဆုံး အခွင့်အရေးအနေနဲ့ အချိန်တစ်လ ထပ်စောင့်ပေးမယ်... ဘယ်သူ့ကိုမှ ဒီလိုအခွင့်အရေးထပ်ပေးခဲ့ဖူးတာမျိုး မရှိခဲ့လို့
ဒီ အခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်ပါစေ.... အဲ့အချိန်မှ အကြွေးတွေ မဆပ်နိုင်ရင်တော့ ခင်ဗျားတို့ ကျုပ်သဘောအတိုင်း လိုက်လုပ်ပေးရမယ်"

"ဟုတ်...ဟုတ်ကဲ့ပါ CEO Park ရယ်..ခုလို အခွင့်အရေးထပ်ပေးတဲ့အတွက် ကျေးဇူးတင်လို့မဆုံးပါဘူးဗျာ... CEO ပေးတဲ့ အချိန်အတွင်း ကျွန်တော် လုပ်ငန်းတွေ ပြန်ရွေးနိုင်အောင် ကြိုးစားပါ့မယ်"

"ကောင်းပြီ... မဆပ်နိုင်ရင်တော့ ကျုပ် သဘောပဲ နော်"

သေချာပေါက် တစ်စုံတစ်ရာတော့ ရှိနေခဲ့ပြီလို့ စိတ်က သိနေပေမယ့် ရေခဲတမျှ အေးစက်နေတဲ့ CEO ရဲ့ စိတ်အခြေအနေကို သိထားတဲ့ ကျွန်တော်က ကြိမ်းသေကြီးတော့ တွက်မထားတာ အမှန်....

ဘယ်သူ့ကိုမှ မပေးခဲ့ဖူးတဲ့ ဒုတိယ အခွင့်အရေးမလား... ဒီအဖြူရောင် ကောင်ငယ်လေးရဲ့ မိသားစုကိုမှလေ.... ဒီလိုနဲ့ ပြန်လာခဲ့ကြတော့

" အဲ့ အဖြူရောင်လေး အကြောင်း အကုန်သိချင်တယ် အတွင်းရေးမှူး Lee..."

တစ်လမ်းလုံး ဘာစကားမှ မပြောခဲ့တဲ့ CEO ဟာ အိမ်ပြန်ရောက်လို့ ကားပေါ်က ဆင်းဆင်းချင်း ပြောလာတဲ့စကားက ဒါတဲ့လား...

ဘာပဲဖြစ်ဖြစ် CEO စိတ်တိုင်းကျပေါ့ မိသားစုနောက်ခံ တက်နေတဲ့ကျောင်း ပေါင်းသင်းဆက်ဆံရေးက စလို့ Personal ကိစ္စတွေအထိ
တာဝန်ကျေကျေ စုံစမ်းပေးဖို့က ကျွန်တော့်တာဝန်။

တကယ်လဲ အဲ့အဖြူရောင် ကောင်လေးက ဖြူဖြူစင်စင်လေး...နူးညံ့သိမ်မွေ့ပြီး စိတ်ထားလေးက ချစ်စရာ...

မိသားစုအကြောင်းလေးတွေ စေ့စေ့စပ်စပ် စုံစမ်းကြည့်တော့ အနည်းငယ် အရှုပ်အရှင်းလေးရှိကာ မိခင်ရယ် ပထွေးဖြစ်သူရယ်နဲ့ အတူနေကာ ကျန်းမာရေးမကောင်းတဲ့ ညီမငယ်ကြောင့် အကြွေးတွေထဲ နစ်နေတယ်လို့ သိရပြန်တယ်။

ကောင်လေးအကြောင်းတွေ စုံစမ်းရသမျှကို ပြောပြနေချိန် ခေါင်းတညိမ့်ညိမ့်နဲ့ နားထောင်နေပြီးမှ

" ငါ အဲ့ အရုပ်ကလေးကို အပိုင်ဝယ်မယ် အတွင်းရေးမှူး Lee " တဲ့

ကျွန်တော် မအံ့ဩတော့ပါဘူး... စိတ်ထင်နေတာတွေ တကယ်ဖြစ်လာလို့လေ....

ဒါပေမယ့် စိုးရိမ်တာတစ်ခုက CEO အပိုင်ဝယ်မယ်ဆိုတဲ့အရာက အသက်မဲ့နေတဲ့ အရာဝတ္တုတစ်ခု မဟုတ်ဘဲ သက်ရှိလူသားတစ်ယောက် ဖြစ်နေတာကိုပဲ....

သက်ရှိလူသားတွေဟာ အရာရာကို ခံစားတတ်တဲ့ နှလုံးသားရှိတယ်မလား... ဒီကောင်လေးရဲ့နှလုံးသားထဲမှာများ * ငါ့ကို အရုပ်တစ်ရုပ်လို သဘောထားပြီး အပိုင်ဝယ်ခဲ့တယ် * ဆိုတဲ့ စိတ်က ကိန်းအောင်းသွားရင်....

ဘာကိုမှ ဂရုမစိုက်တတ်တဲ့ ကျွန်တော့် CEO ကတော့ ဘယ်အရာကိုမဆို ငွေလမ်းခင်းရင် ပြီးပြည့်စုံပြီ ထင်နေတော့လေ ...

ကျွန်တော်ကတော့ တစ်နေ့ ဒီအရာတွေကြောင့်နဲ့ အဖုအထစ်တွေ ရှိလာမှာကို စိုးရိမ်နေပေမယ့်လဲ CEO ကတော့ CEO ပီသစွာနဲ့ ပဲ....

CEO ဟာ ကောင်ငယ်လေးတို့ မိသားစု အခက်အခဲတွေကို ဖြေရှင်းပေးခဲ့တယ်...

အပေါင်ထားတဲ့ လုပ်ငန်းတွေကို ပြန်ပေးလိုက်တယ်...

အဲ့ဒီ့ အဖိုးအခကတော့ ကောင်ငယ်လေးကို သူ့ဆီပေးဖို့ပေါ့....

အဲ့ဒီ စကားကို ကြားကြားချင်း

မယုံကြည်နိုင်ဟန် မော့ကြည့်လာတဲ့ မျက်ဝန်းညိုလေးတွေရယ်...

တုန်လှုပ်သွားတဲ့ ခန္ဓာငယ်လေးရယ်...

ဆွံ့အသွားတဲ့ နှုတ်ခမ်းတစ်စုံရယ် ...

CEO အတည်ပေါက်ပြောနေမှန်း သိတော့ ကြောက်ကြောက် ရွံ့ရွံ့နဲ့ ငြင်းဆန်လာတဲ့ စကားသံလေးတွေရယ်....

ကျွန်တော်ကတော့ ခုထိ မမေ့သေးဘူး...

ကောင်ငယ်လေးနဲ့ သူ့အမေက ဘယ်လိုမှ လက်မခံလို့ တခြားလူဆီမှာ ပေါင်ထားတဲ့ ကောင်ငယ်လေးတို့ အိမ်ကို တဖက်လှည့်နဲ့ အပိုင်ဝယ်ပစ်ပြီး အိမ်ပေါ်က ဆင်းပေးရအောင်ထိ လုပ်ခဲ့တာက CEO ပါလို့တော့ ကောင်ငယ်လေးနဲ့ သူ့မိသားစု ခုထိ မသိရှာဘူးပေါ့ ...

မဖြစ်သာတဲ့ အဆုံး ကောင်ငယ်လေး ခေါင်းငြိမ့်လိုက်တဲ့အချိန်မှာပဲ CEO ရဲ့ အိမ်ဘေးက မြေကွက်လပ်မှာ ကောင်ငယ်လေးတို့အတွက် နှစ်ထပ်အိမ်လှလှလေးတစ်လုံးကို ဆောက်ပေးကာ ကောင်ငယ်လေးနဲ့ သူ့မိသားစုကို နေစေတယ်။

ကျန်းမာရေးမကောင်းဖြစ်နေတဲ့ သမီးဖြစ်သူကိုလဲ CEO ပိုင်တဲ့ ဆေးရုံကြီးမှာ တော်ပေ့ဆိုတဲ့ ဆရာဝန်ကြီးတွေနဲ့ ဆေးကုသစေတယ်။

ဘယ်လိုပြောရမလဲ... ဘယ်လိုမှ ရုန်းထွက်လို့ မရတော့လောက်အောင်ထိ ကျေးဇူးတရားဆိုတဲ့ နွံကြီးထဲမှာ ကောင်ငယ်လေးကို နစ်မြုပ်စေပြီးမှ အနားကို ခေါ်ထားတာဆိုတော့လဲ.....

ကျွန်တော်တို့ စောင့်ကြည့်နေကြရုံပေါ့ဗျာ....

.
.
.

" Sunoo လေး... သား ဒီနေ့ ကျောင်းမသွားရဘူးလား "

ဧည့်ခန်းထဲက စားပွဲပေါ်မှာရှိတဲ့ အလှပန်းအိုးလေးထဲ နှင်းဆီဖြူလေးတွေကို လှလှလေး ဖြစ်အောင် သေချာဂရုစိုက် ထိုးနေတုန်းမှာ မီးဖိုထဲမှာ ချက်ပြုတ်နေတဲ့ မေမေက အနားမှာ လာထိုင်ပြီး မေးလာတာမို့ ...

" ဟုတ်ကဲ့ မေမေ... ဒီနေ့ အရေးကြီးတဲ့ အချိန်မပါလို့ "

" ဟင်းးး မလိုအပ်ဘဲ ကျောင်းပျက်တာတွေ CEO က မကြိုက်ဘူးလေ သားရယ်... တော်ကြာ ကျောင်းမသွားတာ သိရင် ဆူခံထိနေပါ့မယ် "

မျက်နှာလေး မသာမယာနဲ့ သက်မမောကို ချကာ သူ့အတွက် စိုးရိမ်ပြီး သတိပေးနေလေတဲ့ မေမေ။
မေမေ့ ရင်ထဲမှာ ဘာတွေ ဘယ်လို ခံစားနေရမယ်ဆိုတာ သိနေလေတော့ မေမေ ခံစားရ သက်သာစေဖို့ Sunoo ပြုံးထားမှ ဖြစ်မယ်မလား...

ဒါ့ကြောင့် ပန်းအိုးထိုးနေရင်းမို့ စားပွဲဘေးကကြမ်းပြင်ပေါ်မှာ ပုဆစ်တုပ်ထိုင်နေရာမှ မေမေ့ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်ပြီး

" သား Jay ကို မနေ့ ကတည်းက ပြောထားပြီးသားပါ မေမေရဲ့... သူက ကျောင်းမှာ စာသင်ချိန်တွေမရှိရင် မသွားလဲ ရတယ်လို့ အရင်ထဲက ခွင့်ပြုထားတာပဲ"

" မေမေ့ သားလေး ပင်ပန်းနေပြီလား ဟင် "

ရင်ခွင်ထဲက ကျွန်တော့်ကို ဆံပင်လေးတွေ ဖွပေးနေရင်းက စိတ်မကောင်းဖြစ်နေတဲ့ လေသံလေးနဲ့ မေမေ မေးလာတော့ မေမေ့ရဲ့ စိတ်ကလေး ပေါ့ပါးသွားစေဖို့ ရယ်သွမ်းသွေးလိုက်ရင်း ...

"အဟင်း... ဘာကိုလဲ မေမေရဲ့ "

" CEO အနားမှာ နေရတာကိုပေါ့ သားရယ်... မေမေတို့အတွက်နဲ့ မေမေ့သားလေး အနစ်နာခံနေရတာတွေ မေမေ~~"

"ဟင့်အင် မေမေ... အဲ့လိုတွေ မတွေးပါနဲ့... ဒါ သား သဘောနဲ့ သား ဆုံးဖြတ်ခဲ့တာမို့လို့ သားကျေနပ်တယ်... အနစ်နာခံရတယ်လို့လဲ တစ်ခါမှ မတွေးမိဘူး... အဲ့လို မတွေးမိလောက်အောင်လဲ Jay က သားကို ဖြည့်ဆည်းပေးပြီး ချစ်ပေးနေတာပဲ မေမေရယ်...သား ပျော်ပါတယ် "

" သား ပျော်တယ်ဆိုတာ ရင်ထဲက တကယ် နှစ်နှစ်ကာကာနဲ့ ပျော်တာဖြစ်ပါစေ ပဲ မေမေ ဆုတောင်းပါတယ် သားရယ်"

ထိုစဉ် အပြင်က ပြန်လာတဲ့ ပထွေးဖြစ်သူက

" မိန်းမရေ TV ဖွင့်လိုက်စမ်းပါကွာ... TV မှာ သတင်းလာနေတယ် ပြောလို့"

"ဘာ သတင်းမို့လို့လဲ ယောကျ်ားရဲ့ "

"YJ Group အကြောင်း "

ဟင်... YJ ဆိုပါ့လား...

ဒါ party နေ့က သူ့ကို စကားလာပြောတဲ့ လူရဲ့ Company မလား...

မေမေ TV ဖွင့်လိုက်ချိန်မှာ သတင်းမှာတွေ့လိုက်ရတာက ရဲနှစ်ဦးကြားမှာ အသဲအသန်အော်ဟစ်ကာ ရုန်းကန်ရင်း ပါသွားတဲ့ ဟိုလူ...

တစ်စုံတစ်ခုကို သဘောပေါက်လိုက်တာမို့ အတည်ပြုဖို့ရာ Jay တို့အိမ်ဘက်ကို ပြေးလာခဲ့လိုက်သည်။

အိမ်ထဲမှာ အိမ်ထိန်း အဒေါ်ကြီးကို တွေ့လိုက်ရတာကြောင့်

" အဒေါ်ကြီး ... Jay ရော Jay ဘယ်မှာလဲ "

" သူဌေးလေး သူ့အလုပ်ခန်းထဲမှာ ရှိ..."

အလုပ်ခန်းထဲမှာ ရှိတယ်ဆိုတာနဲ့ အဒေါ်ကြီးရဲ့ စကားကို အဆုံးထိ နားထောင်မနေတော့ဘဲ အပေါ်ထပ်သို့ ပြေးတက်လာခဲ့လိုက်တော့သည်။

ခြေသံတဒုန်းဒုန်း မြည်အောင် ပြေးတက်လာပြီး တံခါးခေါက်မနေတော့ဘဲ တံခါးကို အလောတကြီး တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လိုက်မိသည်။

အခန်းထဲမှာ မြင်လိုက်ရတာက စားပွဲပေါ် ခြေထောက်နှစ်ချောင်းကို ချိတ်ပြီး တင်ထားကာ ဆုံလည်ကုလားထိုင်ရဲ့နောက်မှီပေါ် ခေါင်းလှန်တင်ထားပြီး အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ဖုန်းပြောနေတဲ့ Jay...

အခန်းထဲက TV မှာလဲ သတင်းတစ်ပုဒ်ဟာ ဖွင့်လျှက်သား...

Jay ကိုကြည့်ပြီး အခန်းထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်လာတဲ့အခါ Jay ဟာ သူ့ဆီ တည့်တည့်လာဖို့ လက်လှမ်းကာ ကြိုလေသည်။

အနားကို သွားရပ်လိုက်တဲ့အခါမှာ စားပွဲပေါ်က ခြေထောက်တွေကို အောက်ပြန်ချလိုက်ပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ထိုင်ကာ သူ့ပေါင်တွေပေါ်သို့ Sunoo အား ဆွဲချကာ ထိုင်စေသည်။

တဖက်ကလဲ ဖုန်းပြောမပျက်။

Sunoo မှာ အသည်းအသန်ပြေးလာပြီး မေးခွန်းတွေ မေးဖို့ စဉ်းစားထားပေမယ့် ဖုန်းပြောမပျက်တဲ့ Jay ကြောင့် သူ့ပေါင်ပေါ်မှာ အသာထိုင်နေရင်း ဖုန်းပြောနေသံကိုသာ နားစွင့်နေမိတော့သည်။

" ကျုပ်လက်နဲ့ ရေးပြီးသား အရာတစ်ခုကို ကျုပ် ဘယ်တုန်းက ပြန်ပြင်ပေးရိုး ထုံးစံရှိဖူးလို့လဲ ဗျ... ခင်ဗျား သဘောပေါက်စမ်းပါ "

"......."

"အဟင်း... ခင်ဗျားအတွက် အရှုပ်ထုပ်တစ်ခုကို ကျုပ်က ဖယ်ရှားပေးလိုက်တယ်လို့ သဘောထားလိုက်ပေါ့ဗျာ... မဟုတ်ရင် ခင်ဗျား သားကြောင့်ခင်ဗျားထိုင်နေတဲ့ ခုံက စိတ်ချရမှာ မဟုတ်ဘူးနော်"

"......."

"ကဲ ခင်ဗျားအတွက် ပေးထားတဲ့အချိန်စေ့ပြီမို့ ကျုပ် ဖုန်းချတော့မယ်... ဒီကိစ္စအတွက်နဲ့ဆို နောက်ထပ် ကျုပ်ဆီ ဖုန်းမဆက်နဲ့ တော့.... "

ဖုန်းချပြီးတာနဲ့ အားသွားတဲ့ Jay လက်တွေက Sunoo ခန္ဓာကိုယ်လေးကို ပွေ့ပိုက်လာပြီး

" ပြော ဘေဘီ... အသက်ရှူသံတွေ ပြင်းလောက်တဲ့အထိ ပြေးလာရတဲ့ အကြောင်းက...??"

" Jay... အဲ့ဒါ တကယ်ပဲ Jay လား "

"ဘယ်ဟာလဲ ဘေဘီရဲ့... စကားက အဆက်စပ်မရှိ"

"Jay သိရဲ့သားနဲ့ "

"အဟင်း... ဘေဘီလဲ သိနေသားနဲ့ "

အဓိပ္ပါယ် ပါပါ အပြုံးတွေနဲ့ ပြုံးကာ နှာခေါင်းရှုံပြပြီး ဆံပင်တွေ လာဖွတဲ့ Jay ရဲ့လက်ကို ဆွဲဖမ်းလိုက်ပြီးမှ

" ဘာလို့လဲ... "

"ဘာလို့ လို့ထင်လဲ...ဘေဘီ ပြောကြည့် "

" ဟိုနေ့က ကျွန်တော့်ကို နှောက်ယှက်လို့လား "

"ဟား ဟား ဟား ဘေဘီရယ်... ကိုယ့် baby doll လေးက အရမ်းချစ်ဖို့ကောင်းနေတယ် ကွာ..."

မေးတာ မဖြေဘဲ ဆံပင်တွေ မဖွရလို့ ပါးလေးနှစ်ဖက်ကို လာညှစ်နေတဲ့ Jay ကြောင့်

"အာ မဆီမဆိုင်... ကျွန်တော်ပြောတာ ဟုတ်တယ်မလား လို့ "

ရယ်စရာ မပါပဲ အော်ရယ်နေတဲ့ Jay ကို စိတ်မရှည်သလိုလေး ပြောလိုက်တော့မှ မျက်နှာက တည်သွားကာ TV ကို လက်ညှိုးနဲ့ ထိုးပြလေသည်။

" အဲ့ကောင်ကို ကြည့် ဘေဘီ... ဘာတွေ ထူးခြားနေလဲ "

ရဲနှစ်ယောက်ရဲ့ ကြားမှာ အော်ဟစ်ရုန်းကန်ရင်း သတင်းထောက်တွေရဲ့ ကင်မရာမီး တဖြတ်ဖြတ်ကြောင့် သူ့မျက်နှာကို မပါစေရန် အသည်းအသန် လက်တွေနဲ့ ကာနေတဲ့ YJ က MD ဆိုသူ...ထူးခြား တယ် ဆိုရမလား... အဲ့လူရဲ့ ညာဖက်လက်ဟာ ပတ်တီးအဖွေးသားနဲ့။

" ပတ်တီးစည်း ထားတာကို ပြောတာလား Jay "

"အဟင်း... မြင်တတ်တယ် ဘေဘီက... အဲ့လက်တွေကို သေချာကြည့် ဘေဘီ.... ဘယ်လောက်ပဲ အရိုးပြန်ဆက်အောင် ဆေးတွေကုပြီး ပတ်တီးစည်းထားပါစေ တစ်သက်လုံး လူစဉ်မမှီတော့ဘူး "

"ဟင်!!!"

"အဟင်း... ဘေဘီ အံ့ဩသွားလား... "

"ဆေးကုတာတောင် ပြန်မကောင်းနိုင်ဘူးတဲ့လား... ဘာဖြစ်လို့လဲ ဟင် "

အံ့သြမှုကြောင့် နှုတ်ခမ်းပါးလေး ပွင့်ဟသွားကာ မျက်ဝန်းလေးတွေ ဝိုင်းသွားတဲ့ ဘေဘီ့ကို နဖူးလေးကို ဖိကပ်နမ်းလိုက်ပြီးမှ

" ဆေးစည်းပေးထားတဲ့ ဆရာဝန်ကို ပြန်မကောင်းအောင် ကုခိုင်းထားလို့ပေါ့ ဘေဘီရယ်... အဲ့လောက် မတုံးအ စမ်းပါနဲ့..."

"မဟုတ်သေးပါဘူး Jay ရယ်... ဘာလို့ အဲ့လို "

"ဘေဘီ့ လက်တွေကို လာထိပါးတဲ့ အဖိုးအခအဖြစ်ပေါ့ ဘေဘီ... အဲ့လက်ကို ကိုယ်ဖြတ်မပစ်တာပဲ အဲ့ကောင် ကံကောင်းလှပြီ "

ကျွန်တော့်စကားတွေကို အဆုံးသတ်မခံ... ကျွန်တော့် နှုတ်ခမ်းပေါ် လက်ညှိုးနဲ့ပိတ်လိုက်ပြီး ဖြတ်ပြောလိုက်တဲ့ Jay စကားများကြောင့် ကျွန်တော် တခဏတော့ ဆွံ့အ သွားမိသည်။ ပြီးမှ

" ကျွန်တော်လဲ ဘာမှ ဖြစ်သွားတာ မဟုတ်ဘဲ Jay ရယ်... ဘာလို့ သူတပါးကို အဲ့လောက်ထိ "

" ကိုယ့်အပိုင်ကို လာထိပါးတာ ကိုယ်သီးခံနေရမှာလား ဘေဘီ... ကိုယ်အဲ့လောက်ထိ ပါရမီတွေ ရင့်သန်နေတဲ့ လူ မဟုတ်ဘူး "

ပြောပြောဆိုဆို သူ့ပေါင်ပေါ်က ကျွန်တော့်ကို အောက်ချပေးလိုက်ကာ ပြတင်းပေါက် ဘောင်တွေပေါ် လက်ထောက်ပြီး အပြင်ကို ငေးကြည့်နေတဲ့ Jay...သေချာတာကတော့ နှုတ်ခမ်းပါးတွေ တင်းတင်းစေ့ကာ မျက်ခုံးတန်းတွေ တွန့်ချိုးထားမှာကို ပြေးကြည့်နေစရာ မလို။

ကျွန်တော့်ကြောင့်နဲ့ ဘေးလူတွေ ထိခိုက်တာ များနေပြီမလား... Jay က အဲ့လိုလူပါ... ကျွန်တော့်ကို တခြားလူတွေက ကိုယ် နှုတ် အမူအရာ ဘာနဲ့မှ ထိပါးတာမျိုးကို လက်မခံတတ်သူလေ။

" ဒါပေမယ့်လဲ Jay ရယ်... ရဲတွေဖမ်းခေါ်ခံရတဲ့အထိ လုပ်တာကြီးကတော့ မဟုတ်သေးဘူးလေ... ကျွန်တော်နဲ့ ပတ်သက်ပြီး တခြားလူတွေအပေါ် အဲ့လောက်ထိ လုပ်တာကျတော့ "

" ကျစ်!! မင်း ဒီနေ့ စကားတွေအရမ်းများနေတယ် ဘေဘီ... ကိုယ် လုပ်သင့်လုပ်ထိုက်လို့ လုပ်လိုက်တဲ့ အရာတစ်ခုကို ဘာမှ လာပြီး စောဒက မတက်နဲ့ "

" ဒါပေမယ့်လဲ Jay က... "

" ကိုယ့်အလုပ်တွေမှာလဲ နှောက်ယှက်နေလို့ကွာ ကဲ ဟုတ်ပြီလား... ကြာပြီ... အဲ့ကောင် ကိုယ့်အလုပ်တွေကို ဝင် ဝင်နှောက်နေတာ... ဘာ အစွမ်းအစမှ မရှိဘဲ မတူဘဲ လာတုနေလို့ ... သူ့အဖေ မျက်နှာနဲ့ အသာ ကြည့်နေပေးတာ... ခုဟာက အရမ်း foul လွန်းနေလို့... အလုပ်မှာတင် မဟုတ်ဘဲ ကိုယ့် personal တွေထိ လာထိပါးဖို့ ကြံနေလို့ lesson ပေးလိုက်တာ... ဒါ ပါးပါးလေးပဲ ရှိသေးတယ် ဘေဘီ... ကိုယ် လုပ်လိုက်တာ ပါးပါးလေးပဲ... သူ့အပြစ်တွေက များလွန်းနေလို့ သူ့အကုသိုလ်နဲ့သူ ခံလိုက်ရတာ... "

"........"

" ကိုယ်ကတော့ ကိုယ့်အပိုင်ကို ထိပါးလာရင် ဆက်လုပ်နေအုံးမှာပဲ... ကိုယ့်ဘဝမှာ အထိခိုက်မခံနိုင်တာဆိုလို့ မင်း တစ်ယောက်ပဲ ရှိတာ ဘေဘီ... မင်း သိထားဖို့က ကိုယ် ပိုင်တဲ့အရာကို ထိပါးလာတဲ့ အပြစ်ဒဏ်က သတ်ပစ်ဖို့ထိ လုံလောက်တယ်ဆိုရင်လဲ ကိုယ် သတ်ပစ်လိုက်ဖို့ ဝန်မလေးဘူး.... ကိုယ် အဲ့လောက်ထိ မင်း ကို ချစ်တာ... အဲ့ တစ်ခုကို မင်း အသေအချာ သိထားပေး"

သတ်ပစ်မယ်တဲ့လား.... အခု Jay ပြောလိုက်တာက လူတစ်ယောက်ရဲ့ အသက်ကိုတောင် ကျွန်တော့်အတွက်နဲ့ ရန်ရှာနိုင်တယ်တဲ့လေ....

မထိခိုက်စေလိုပါ... ကိုယ့်အတွက်နဲ့ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေလို....

အဲ့လိုပဲ ကိုယ့်အတွက်နဲ့ Jay ကိုလဲ ဒေါသတွေနဲ့ မပူလောင်စေလို...

ဒါ့ကြောင့် အခုချိန်ကစပြီး Jay ရှေ့မှာ ကျွန်တော်ဟာ သူတပါးကြောင့် ထိခိုက်ရပါတယ်ဆိုတာမျိုး မရှိအောင် နေပြရတော့မယ်... သူတပါးကြောင့် ခံစားရပါတယ် ဆိုတာမျိုး မရှိအောင် နေပြရတော့မယ်... ဒါမှသာလျှင် Jay ရော... တဖက်လူရော အထိခိုက် အနာကျင် နည်းရမယ်မလား...

ကျွန်တော့်ကို ကျောပေးကာ မတ်တပ်ရပ်နေတဲ့ Jay ကိုသာ တွေတွေကြီး စိုက်ကြည့်နေမိရင်း

" Jay က ဒေါသတွေ အရမ်းကြီးတတ်လိုက်တာဗျာ... ကျွန်တော် Jay ဒေါသတွေကို တဖြည်းဖြည်းနဲ့ ကြောက်တောင် ကြောက်လာပြီ "

" အဟက်... ကိုယ်က အဲ့လောက် ကြောက်စရာ ကောင်းနေလား ဘေဘီ... တကယ်က ဘေဘီ ကိုယ့်ကို ကြောက်နေရမှာ မဟုတ်ဘူးလေကွာ... ဘေဘီက ကိုယ့်ကို ချစ်ရမှာ... ဘေဘီ့ကို အဲ့လောက်ထိ အထိမခံနိုင်လောက်အောင် ချစ်ပေးတဲ့ ကိုယ့်ကို ဘေဘီက ပြန်ချစ်ပေးရမှာ.... ခုတော့ ကြောက်တယ်တဲ့ လား"

" ကျွန်တော် Jay ဒေါသတွေကို ကြောက်တယ်"

ကျွန်တော့်ဘက်ကို ပြန်လှည့်ကြည့်လာကာ နှုတ်ခမ်းပါးတစ်ဖက် ကော့တက်ရုံလေး ပြုံးပြီး စိုက်ကြည့်နေတဲ့ Jayရဲ့ မျက်ဝန်းစူးစူးတွေကို ရင်မဆိုင်ရဲလို့ ခေါင်းလေးငုံ့ပြီး ပြောလိုက်တဲ့ ခဏမှာ

" မင်း ဒီနေ့ တကယ်ကို စကားတွေ အရမ်းများနေတာပဲ ဘေဘီ... အပြစ်ပေးရမယ်... မလိုအပ်တဲ့ စကားတွေ အများကြီးပြောနေတဲ့ ဘေဘီ့ နှုတ်ခမ်းလေးကို... ကိုယ့်ကို ကြောက်တယ်လို့ ပြောထွက်လာတဲ့ နှုတ်ခမ်းလေးကို ဒီလိုနေ့မှာမှ အပြစ်မပေးရင် ကိုယ် ဘယ်နေ့ အပြစ်ပေးရတော့မလဲ"

ပြတင်းပေါက်နားကနေ Sunoo နားလေးသို့ ချက်ချင်းဆိုသလို ရောက်လာကာ အလုပ်စားပွဲဘေးနားမှာ ရပ်နေတဲ့ Sunoo ကို ကလေးတွေကို ချီမ သလိုမျိုး ချိုင်းနှစ်ဖက်အောက်ကနေ မ ချီလိုက်ကာ စားပွဲပေါ်သို့ တင်ပစ်လိုက်တော့သည်။

ပြီး Sunoo ရဲ့ ခြေထောက်နှစ်ချောင်းကြားကို တိုးဝင် ရပ်လိုက်ပြီး ခါးတွေကနေ ဆွဲဖက်ပစ်လိုက်တာဟာ ရင်ဘတ်ချင်း ထိကပ်သွားတဲ့အထိ...

ချက်ချင်းဆိုမှ တကယ်ကို ချက်ချင်းလေး... စက္ကန့်ပိုင်းလေးအတွင်း ပြောင်းလဲသွားတဲ့ အနေအထားမှာ ကျွန်တော်ဟာ အထိတ်ထိတ် အလန့်လန့်တွေ ဖြစ်လို့။

" Jay... ဖယ်ပါ..."

" ဘာအတွက် ဖယ်ပေးရမလဲ "

စူးစူးရဲရဲအကြည့်တွေနဲ့ ခပ်တိုးတိုးပြောလာပြီး မေးဖျားလေးကနေ ဆွဲမော့လိုက်ကာ နဖူးချင်းထိကပ်ထားပြီး မျက်ဝန်းတွေထဲကို စိုက်ကြည့်နေပုံကြောင့် Sunoo တစ်ယောက် ခြေဖျားလက်ဖျားတွေ အေးစက်သွားရတော့သည်။

"ဟင့်အင်နော်...''

"မင်းမှာ ငြင်းပိုင်ခွင့် မရှိဘူး ဘေဘီ... မင်းက ကိုယ့်အပိုင်"

စကားပြောပြီးတာနဲ့ နှုတ်ခမ်းတွေပေါ် ကျူးကျော်လာတဲ့ Jay ရဲ့ အနမ်းတွေ...

နမ်းလိုက်တိုင်းလဲ ဘယ်တော့မှ ငြင်သာတယ် မရှိ... ပြင်းရှရှ အနမ်းတွေနဲ့ နှုတ်ခမ်းတစ်စုံလုံးကို စုပ်ယူကာ နမ်းရှိုက်နေလေသည်။

မိနစ်တချို့ကုန်လွန်သွားတဲ့အထိ နှုတ်ခမ်းတွေကို စိတ်ကြိုက် နမ်းရှိုက်နေပြီးမှ အသက်ရှူဖို့ရာ ဖြေလွှတ်ပေးလေသည်။

ဒါပေမယ့်လဲ ရပ်တန့်သွားခြင်း မရှိတဲ့ Jay အနမ်းတွေက ပါးပြင်တွေပေါ် ရွေ့လျားသွားပြီး Sunoo ရဲ့ ပါးဖောင်းဖောင်းလေးထဲကို နှာခေါင်းတို့ နစ်ဝင်နေအောင် ဖိကပ်နမ်းနေပြန်သည်။

ပြီးနောက် လည်တိုင်တွေဆီ ဆင်းသက်သွားကာ နှုတ်ခမ်းတွေနဲ့ ဆွဲယူငုံစုပ်ပြီး အမှတ်အသားတွေ ပေးနေပြန်ပါသည်။

"ကျွန်တော် မနက်ဖြန် ကျောင်းသွားရအုံးမယ်လေ Jay..."

အရာတွေ မကျန်ခဲ့စေဖို့ တိုးတိုးလေး သတိပေးစကားဆိုမိလေတော့ ပို၍ အားစိုက်ကာ စုပ်ယူနေပြန်တာက ဒီ အမှတ်အသားတွေကို ဘယ်သူမြင်မြင် ဂရုမစိုက်ဘူးဆိုတဲ့ သဘော...

လက်တစ်ဖက်က ကျောနောက်ကနေ ထိန်းကိုင်ထားကာ လက်တစ်ဖက်က ရင်ဘတ်က အင်္ကျီကြယ်သီးတွေကို ဆွဲဖြုတ်နေပြန်တာကြောင့်

" Jay တော်ပါတော့... "

ဘယ်လိုပင် သတိပေးစကားတွေဆိုဆို... ဘယ်လောက်ပဲ တားမြစ်နေပါစေ သူ့ဆန္ဒတွေအတိုင်းသာ ပြုမူတတ်တဲ့ Jay က ဘာစကားတစ်ခွန်းမှ မကြားလေဟန်...

ကြယ်သီးတွေပြုတ်သွားလို့ ဗလာကျင်းသွားတဲ့ Sunoo ရဲ့ ရင်ဘတ်ဖွေးဖွေးလေးတွေဟာ မထိရက် မကိုင်ရက်စရာ ဖြူဥ နုမွတ်နေကာ ပန်းသွေးရောင်တို့ပင် ကြွချင်နေသလို...

ရင်ဘတ်ဖွေးဖွေးလေးတွေကို လက်တွေနဲ့ ဖွဖွလေး ထိကိုင်ကာ စိုက်ကြည့်နေပြီးမှ နှုတ်ခမ်းတွေဆီ တဖန် ခိုနားလာပြန်တဲ့ Jay...

" အရမ်းချစ်တယ် ဘေဘီရယ်... ကိုယ်မင်းကို ရူးလောက်အောင် ချစ်တယ် "

နှုတ်ခမ်းတွေဆီကနေ ညှပ်ရိုးလေးတွေဆီ Jay နှုတ်ခမ်းပါးတို့ ဆိုက်ရောက်လာကြချိန်မှာ ကိုယ်ဟာ ကြောက်ကြောက်နဲ့ Jay ခါးက အင်္ကျီစကို လုံးချေကာ တင်းတင်းဆုပ်ထားမိသည်။

သစ္စာရှိလွန်းလှတဲ့ ကျွန်တော့်လက်တွေဟာ ဘယ်တုန်းကမှ Jay ကို ထွေးပွေ့တယ် ဆိုတာ မရှိခဲ့... ဘယ်တုန်းကမှ ကျွန်တော့်ဘက်က စပြီး Jay ကို မပွေ့ဖက်ခဲ့ဖူးတာ အမှန်... အခါခါတိုင်းမှာ Jay ကသာလျှင် ကျွန်တော့်လက်တွေကို ဆွဲယူပြီး သူ့နောက်ကျောတွေဆီ သူ့လည်ပင်းတွေဆီကို ပို့ဆောင်ပေးကာ ဖက်ထားစေတဲ့သူ...

ခုလဲ ဝတ္တရားမပျက် သူ့ခါးက အင်္ကျီစ ကို ဆုပ်ကိုင်ထားတဲ့ ကျွန်တော့်လက်တွေကို ဆွဲယူကာ သူ့ပုခုံးတွေပေါ် တင်ပေးလာသည်။

သူ့လည်ပင်းကို သိုင်းဖက်ထားစေချင်တဲ့ သဘော... သူ့အလိုကျပေါ့ ဖက်ထားပေးလိုက်တဲ့အခါ နှုတ်ခမ်းတွေ ရင်ဘတ်တွေ လည်တိုင်တွေ ညှပ်ရိုးလေးတွေဆီ လူးလားခေါက်တုန့် ကူးလူးနေတဲ့ Jay အနမ်းတွေဟာ ပိုပြီး ပီပြင်လာသလို ပိုပြီး အားကောင်းလာတယ်....

ချစ်တယ် တွင်တွင်ပြောကာ ပေးနေတဲ့ အနမ်းကြမ်းကြမ်းတွေကြား လူဟာ ရင်ခုန်ရမယ့် အစား မွန်းကြပ်နေရတယ်... သာယာနေရမယ့် အစား ကြောက်လန့်နေရတယ်... ဒါဟာ အခုမှမဟုတ်... Jay ဘဝထဲကို သူရောက်ခဲ့တဲ့ နှစ်နှစ်တာကာလမှာ Jay သူ့ကို နမ်းတိုင်း ခံစားနေရတဲ့ ခံစားချက်ကြီး...

ဒါဟာ သူ့ဘဝမှာ ပထမဆုံး အနမ်းခံရချိန်က ဝီစကီနံ့ပြင်းပြင်းနဲ့ သဘောတူညီမှုတွေမပါဘဲ နှုတ်ခမ်းတွေကို အကြမ်းပတမ်း သိမ်းပိုက်ခံလိုက်ရတဲ့ Jay ရဲ့ အနမ်းကြမ်းတွေကြောင့်များ စွဲကပ်လာတဲ့ ခံစားချက်တွေပဲလားတော့ မသိ။

ခုထိ Jay နမ်းတိုင်း သူ ကြောက်နေမိတုန်း....

.
.
.

အဆန်းတကြယ် မရှိလှတဲ့ ကျွန်တော့်ရဲ့ တစ်နေ့တာကို ဖြတ်သန်းဖို့ဟာ Jay ရဲ့ မနက်ခင်း အိပ်ရာလှမ်းနှိုးတတ်တဲ့ ဖုန်းတစ် Call နဲ့ စ ပါတယ်...

မနက်ခင်းတိုင်းမှာ အစောကြီး နိုးထတတ်တဲ့ Jay ရယ်... မနက်တွေတိုင်းမှာ စောစောမထနိုင်တဲ့ ကျွန်တော်ရယ်ဟာ ရံဖန်ရံခါ မနက်ခင်း တချို့မှာ
အော်သံဟစ်သံ ဆူပူသံလေးတွေနဲ့ စတင်ရတာတွေလဲ ရှိရဲ့။

ခုလဲ မနက်ခင်း အချိန်မှန် ဖုန်းဆက်နှိုးနေတဲ့ Jay ရဲ့ ဖုန်းသံ...

သာယာနာပျော်ဖွယ် မြည်လာတဲ့ ဖုန်း Ringtone သံဟာဆိုရင်လဲ Jay ကိုယ်တိုင် ထား ထားပေးတဲ့ Ringtone...

Troye Sivan ရဲ့ Angel baby....

သူခေါ်တဲ့ ဖုန်း Call တွေအတွက် သီးသန့်ထားရှိပေးထားခြင်း...

ထပ်ခါထပ်ခါ မြည်ကြွေးနေတဲ့ ဖုန်းသံတွေဟာ ဘယ်လိုမှ လျစ်လျူရှုလို့ မရတော့တဲ့ အဆုံး Sunoo မှာ မျက်လုံးတွေကို ကြိုးစားဖွင့်ပြီးနောက် လေးပင်နေတဲ့ ခန္ဓာကိုယ်ကို သယ်ကာ စားပွဲပေါ်က ဖုန်းကို လက်လှမ်းလိုက်ရတော့သည်။

" ဟယ်လို ... ကျွန်တော် နိုးပြီ Jay "

အိပ်ချင်မူးတူးအသံလေးနဲ့ ဗလုံးဗထွေးပြောလိုက်မိတော့ တဖက်က Jay ဆီမှ ရယ်သံခပ်ပါးပါးကို ကြားလိုက်ရသည်။

Jay ဆိုတာ အဲ့လိုမျိုး... ဘယ်က အင်အားတွေ ခွန်အားတွေနဲ့များ အမြဲတမ်း လန်းဆန်းတက်ကြွနေရယ်မသိ.... အချိန်တိုင်း အချိန်တိုင်း Jay ဆီမှာ ပင်ပန်းနေတယ်ဆိုတဲ့ အရိပ်အယောင်မျိုးကို ရှာလို့မတွေ့ ...

အအိပ်အနေ နည်းပါးတဲ့ Jay ဟာ ဘယ်အချိန်အိပ်ပြီး ဘယ်ချိန်ထတယ်ဆိုတာ မသိပေမယ့် ဘယ်တော့မှ အိပ်ငိုက်နေပါတယ်ဆိုတာ မရှိ... အိပ်ချင်နေတဲ့ အရိပ်အယောင်မျိုးလဲ မရှိ... သူမို့ အားတွေပေါပြီး အမြဲ လန်းဆန်းနေနိုင်တယ်...

" ကိုယ် ဖုန်း သုံးခါတိတိခေါ်လိုက်ရတယ်နော် ဘေဘီ... ကလေးလဲမဟုတ်တော့ဘူး ခုထိ အိပ်ရေးက မက်တုန်း... ကိုယ် အောက်မှာ ရောက်နေပြီ ငါးမိနစ်အတွင်း ဆင်းလာခဲ့ "

ဟမ်... သူ့အိမ်ကနေ လှမ်းနှိုးတယ်ထင်တာလေ.. သူကကျွန်တော့်အိမ်မှာတောင် ရောက်နေပြီတဲ့လား... ပြီးတော့ ခုမှ နိုးတဲ့လူကို ပြင်ဆင်ဖို့ပေးတဲ့အချိန်က ငါးမိနစ်တဲ့....

အိပ်ချင်စိတ်တို့က ဘယ်ဆီလွင့်ပြေးသွားမှန်းမသိ... ဖုန်းချပြီးတာနဲ့ ချက်ချင်း အိပ်ရာပေါ်က ခုန်ထ လိုက်ရသည်။ ဒီနေ့ ရပ်ကွက်ထဲက ပန်းခြံအထိ ပြေးရမယ့် နေ့မလား... နောက်ကျရင် ဆူခံက ထိအုံးမယ်။

အတွေးနဲ့အတူ အိပ်ရာပေါ်ကနေ အလျှင်စလို လှုပ်ရှားလိုက်တော့ ဒူးခေါင်းဆီက ဆစ်ကနဲ တစ်ချက်...

" အ့~ နာလိုက်တာကွာ... ဒီဒူး နဲ့တော့ ငါ ဒီနေ့ ပြေးလို့ရပါ့မလားမသိဘူး "

တစ်ကိုယ်ထဲရေရွတ်ကာ ဒူးခေါင်းလေးကို ငုံ့ကြည့်လိုက်မိတော့ အဆီလေးတွေထွက်ကာ ရဲနေပြီး အနာဘေးနားတစ်ဝိုက်ဟာ ညိုမဲလို့... အတော်လေးတော့ နာပါသည်။ ဒါပေမယ့်လဲ Jay သိလို့မဖြစ်.... သိသွားရင်.....

အနာကို လျစ်လျူရှုကာ သန့်ရှင်းရေးကို ခပ်သွက်သွက်လေး လုပ်လိုက်ပြီး Jay ဝယ်ပေးထားတဲ့ အားကစားဝတ်စုံတွေထဲက တစ်ထည်ကို ယူကာ လဲလိုက်သည်။ မှတ်မှတ်ရရ ဘောင်းဘီ အရှည်လေး ဝတ်ခဲ့ဖို့လဲ မမေ့... ဒူးခေါင်းပေါ်က အနာဖုံးအောင်လို့။

အောက်ထပ်ကို ပြေးဆင်းလာတော့ အိမ်ရှေ့က ပန်းအိုးတွေနားမှာ လက်ပိုက်ပြီး ရပ်စောင့်နေတဲ့ Jay ကို တွေ့လိုက်ရသည်။ ခေါင်းစခြေဆုံး All black ကြီးနဲ့။ ကျွန်တော် ဝတ်လာတာက အပေါ်ရော အောက်ရော ဖိနပ်ပါမကျန် အဖြူရောင်တွေသာ။

အဲ့လို အဲ့လို အကြိုက်တွေ ဆန့်ကျင်ဘက်ဖြစ်နေပါတဲ့ Jay နဲ့ ကျွန်တော်ရယ်ပါ....

အနားရောက်လာတဲ့ ကျွန်တော့်ကို ပုခုံးတွေကနေ ဆွဲဖက်ကာ နဖူးလေးကို အနမ်းပေးလိုက်ပြီးမှ

"Morning baby... "

"Morning... "

မကြည်မလင်အသံလေးနဲ့ပါပဲ ခုထိ အိပ်ချင်နေတုန်းမို့....

ဒါကို Jay က ရယ်ပြန်ပါတယ်။

" ဟားဟား ကိုယ့်အသက်ရှည်ဆေးလေးလား... ဘေဘီ့ကို ကြည့်လိုက်ရင် ကိုယ့်မှာ မပြုံးမရယ်ဘဲကို မနေနိုင်ဘူး"

အမြန်ပြင်ဆင်လာရလို့ မသပ်မရပ်ဖြစ်နေတဲ့ အဝတ်အစား ဖရိုဖရဲလေးရယ်.... အိပ်ရာထမို့ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဆံပင်လေးတွေရယ်... မို့အစ်အစ်မျက်ခွံလေးတွေရယ်က Jay အတွက်တော့ ဆေးချယ်လို့မမှီနိုင်မယ့် မနက်ခင်း အလှတရားလေးတစ်ခု....

အထဲခေါက်ဝင်နေတဲ့ ကော်လံတစ်ဖက်ကို ဆွဲထုတ်ပေးပြီး ထိုးထောင်နေတဲ့ ဆံပင်လေးတွေကို ဖိသပ်ပေးလိုက်ပြီးမှ

" အမြဲ ဗရိုဗရဲနဲ့ ဘယ်ချိန်မှ သပ်သပ်ရပ်ရပ် ဝတ်စားတတ်မှာလဲ မင်း... တွေ့စကလို 18 နှစ်သားလေးလဲ မဟုတ်တော့ဘဲ"

"Jay ပဲ ငါးမိနစ်ဆို ... မှီအောင် မနည်းလုပ်လာရတာ အဲ့လောက်တော့ ရှိမှာပေါ့ "

"ဘေဘီက အမြဲ ကိုယ်နှိုးမှ ထတာကိုး... စောစောထပြီး ကြိုပြင်ဆင်ထားရင် ခုလိုတွေဖြစ်မလား "

"မထချင်ပါဘူး အစောကြီး ခုတောင် မနည်းထလာရတာ ဒီ့ထပ် စောထရရင်တော့..."

ပြောလက်စ စကားကိုရပ်ပြီး မျက်ဖြူလှန်ပြနေတဲ့ ဘေဘီ့ကြောင့် မရယ်ဘဲမနေနိုင်တော့...သဘောက စောထရရင် သူ သေပြီပေါ့လေ...

" ဟား ဟား ဟား မင်းကွာ... ပြောလိုက်ရင် အဲ့လို ပိုပိုကဲကဲလေးကို ပြောလိုက်ရမှ ဟား ဟား "

အသည်းတွေယားလာကာ စောစောက ဖိပေးထားတဲ့ ဆံပင်လေးတွေထဲကို လက်ချောင်းတွေနဲ့ ထိုးကာ ပြန်ဖွပစ်တော့ ခေါင်းကို နောက်ဆုတ်သွားကာ ရှောင်လိုက်ပြီး ...

" ပြေးမယ်မလား လာတော့လေ " ဟုဆိုကာ ရှေ့ကနေ ပြေးသွားလေတဲ့ ဘေဘီ ...

ဘယ်လောက်ပဲ ရှေ့က ကြိုပြေးပြေး Jay ခြေလှမ်း သုံးလေးလှမ်းလောက် လိုက်ပြေးလိုက်တာနဲ့ ဘေဘီဟာ နောက်က ကျန်နေမြဲ...

ခုလဲ ထုံးစံမပြတ်ပေါ့... ဘေဘီ့ ရှေ့က ကျော်တက်ရင်း

" ကိုယ့်ကို မှီအောင်လိုက် ဘေဘီ... ကိုယ် စောင့်ခေါ်မှာ မဟုတ်ဘူး "

" မစောင့်လဲ နေ "

စူအောင့်အောင့် ထွက်လာတဲ့ အသံလေး... Jay မှာ သွားတွေပေါ်အောင်ပြုံးလိုက်မိရင်း ခေါင်းကိုသာ အသာခါယမ်းပြီး ရှေ့ကနေ ပြေးလာလိုက်တော့သည်။

ဒီကလေးဟာ သူ့ကို ကြောက်သလိုလို မကြောက်သလိုလိုနဲ့...

တစ်ခါတစ်ခါ အကြည့်တစ်ချက်နဲ့တင် ပြာယာခတ်အောင် ကြောက်နေပေမယ့် တစ်ခါတစ်လေကျ သူမဟုတ်သလို ပြန်ပြန် ပြောတတ်သေးတာ....

ရှေ့ကနေ ခပ်နှေးနှေးသာ ပြေးနေပေမယ့် အရင်ကထက် ပိုဝေးနေတဲ့ အကွာအဝေးကြောင့် နောက်လှည့်ကြည့်လိုက်တော့ မျက်နှာလေးရှုံ့မဲ့နေကာ သူ့ဘောင်းဘီသူ ဆွဲဆွဲမပြီး ငုံ့ကြည့်နေလေသည်။

ဒီကလေး ဘာဖြစ်နေတာလဲ...

နောက်ကနေ လိုက်လာလိမ့်မယ်ဆိုပြီး မစောင့်တော့ဘဲ ပြေးလာပြီး ပန်းခြံထဲက ခုံတန်းတစ်ခုပေါ်မှာ ထိုင်ကာ စောင့်နေလိုက်တော့သည်။

ခဏအကြာမှ နောက်ကနေ ရောက်လာပြီး ဘေးနားလာထိုင်မယ် လုပ်တော့

" ပန်းခြံတစ်ပတ် ထပ်ပြေး ဘေဘီ အဲ့ဒါ အများကြီး နောက်ကျလို့ အပြစ်ပေးတာ "

"ဟာ... Jay ကလဲ... ကျွန်တော် ဘယ်လောက်မှလဲ နောက်ကျတာ မဟုတ်ဘဲနဲ့ "

" အပိုတွေ မကြားချင်ဘူး ပြေးဆိုပြေး "

"ကျွန်တော် မောနေပြီလေဗျာ... အိမ်ကနေ ဒီအထိ အနားတမ်းပြေးလာရတာကို"

"မနားဘူးဆိုရင် လမ်းမှာ ရပ်ပြီး ဘာလုပ်နေတာလဲ "

"ဟိုဟာ... အဲ့ဒါက... ဟို ဖိနပ် ဖိနပ်ကြိုးက ရှည်နေလို့ အဲ့ဒါ.... "

" အိမ်က မထွက်ခင်ကတည်းက ဘေဘီ့ကို ခြေဆုံးခေါင်းဆုံး ကိုယ်ကြည့်ပြီးသားနော်... မလိမ်နဲ့"

"မလိမ်ပါဘူး... ကျွန်တော် တကယ် ပြောတာကို"

"ကိုယ်မြင်တာတော့ ဖိနပ်ကြိုးချည်နေတာ မဟုတ်ဘူးဘဲ... ကိုယ်ပဲ အမြင်မှားတာလား "

" တကယ်ပြောနေတာကို..."

လေသံတိုးတိုးလေးနဲ့ ပြောလိုက်ခါ ခေါင်းကို ငုံ့ချထားလိုက်မိတာက Jay အကြည့်စူးစူးတွေနဲ့ ရင်မဆိုင်ချင်လို့။ ဆက်ကြည့်နေမိရင် အလိမ်ပေါ်တော့မယ်လေ...

" အဟင်း... လိမ်ချင်ရင်လဲ ကိုယ့်ရှေ့မှာ ဟန်ဆောင်တတ်အောင် အရင် လေ့ကျင့်အုံး ဘေဘီ "

" မလိမ်ပါဘူး ဆို..."

"ကဲ ဒါဆိုလဲ တစ်ပတ် ပတ်ပြေးလာခဲ့... အဲ့ဒါဆို မလိမ်ဘူးလို့ ကိုယ်ယုံပေးမယ်"

"ဟုတ်..."

ခုထိပြန်မော့မလာသေးတဲ့ မျက်နှာလေးက ခပ်မဲ့မဲ့လေးဖြစ်နေတာကို သတိထားမိပြီးသား...

ဘေဘီ ဖုံးကွယ်နေတဲ့ တစ်စုံတစ်ရာကို တူးဆွချင်တာကြောင့် ဆက်ပြေးခိုင်းလိုက်တော့ ထပ်မငြင်းရဲတော့ဘဲ ခေါင်းလေး ညိမ့် ပြကာ ပြေးသွားလေသည်။

ခြေထောက်တစ်ဖက်....

ညာဖက်ခြေထောက်လေးတစ်ဖက် မူမမှန်ဘူးဘဲ....

ထော့နဲ့နဲ့ နဲ့ ခပ်ဆဆလေး လုပ်ကာ ပြေးနေခြင်း...

သတိထားမိလိုက်တာနဲ့ပဲ ချက်ချင်း ထိုင်ရာမှထကာ နောက်ကလိုက်သွားပြီး လက်ကိုလှမ်းဆွဲလိုက်တော့ ရင်ခွင်ထဲသို့ ယိုင်ကနဲပြိုကျလာပြီး

" အ့~~"

မျက်နှာလေးက ရှုံ့မဲ့သွားပြီး ညည်းသံတိုးတိုးလေးက ထွက်လာသည်။

ဒါပေမယ့် ချက်ချင်းပဲ မျက်နှာကို ပြင်လိုက်ကာ ရင်ခွင်ထဲကနေ ရုန်းထွက်သွားပြီး

" ဘာဖြစ်လို့လဲ ဟင် Jay... ကျွန်တော် ပြေးနေတယ်လေ "

" ပြစမ်း အဲ့ခြေထောက်"

"ဘယ် ခြေထောက်လဲ "

"မသိသလို လုပ်မနေနဲ့ ဘေဘီ... ကိုယ် စိတ်မရှည်တတ်တာ မင်း သိတယ်နော်"

မျက်ခုံးတန်းတွေ တွန့်ချိုးထားကာ အလိုမကျမှုတွေ ပေါ်လွင်နေတဲ့ Jay ရဲ့ မှုန်ကုတ်ကုတ် တည်တင်းတင်း မျက်နှာထားကြောင့် Sunoo ဆက်ပြီး ဟန်ဆောင်ထားလို့ မရတော့ဘူးဆိုတာ သိလိုက်ရသည်။

" ဟို.. ခိုက်မိထားလို့ပါ... ဘာမှ မဖြစ်ဘူးရယ်... မနက်က ကုတင်စွန်းနဲ့ တိုက်မိထားလို့ "

" ဘာဖြစ်ဖြစ် ပြ ငါ့ကို "

"တကယ်ပါ Jay ရဲ့ ကျွန်တော် ဘာမှမဖြစ်ဘူး... ပြေးတာကြာသွားလို့ နည်းနည်းလေး နာသွားရုံပဲ"

" ဘေဘီ့!!! "

စိတ်မရှည်တော့တဲ့ အဆုံး ထ အော်တော့လဲ လူလေးက တုန်တုန်ယင်ယင်...

" Jay ကလဲ မအော်ပါနဲ့... ပန်းခြံထဲမှာ လူတွေ အများကြီးနဲ့ကို "

"အော်တယ်ကွာ အော်တယ်... ငါ စိတ်မရှည်တာ သိရဲ့သားနဲ့ အအော်ခံရအောင် မင်း လုပ်နေတာ ပဲ ... လာ ထိုင် ခုချက်ချင်း ပြစမ်း အဲ့ခြေထောက်"

လက်ကောက်ဝတ်ကနေ ဆွဲခေါ်ကာ အနီးက ခုံတန်းလေးပေါ် ထိုင်ခိုင်းလိုက်ပြီး ဘောင်းဘီအနားစကနေ ဆွဲလှန်လိုက်တဲ့အခါမှာတော့ မြင်လိုက်ရတာက ဒူးပေါ်မှာ သွေးတွေပါ ထွက်နေတဲ့ ဒဏ်ရာတစ်ခု... အသားနီတွေပါပေါ်နေကာ ဘောင်းဘီနဲ့ပွတ်တိုက်ထားမှုကြောင့် ဒဏ်ရာက ပို၍ နီရဲနေကာ သွေးတွေပါ ထွက်နေလေသည်။ ဒဏ်ရာရဲ့ ဘေးတွေဟာလဲ ညိုမဲနေကာ သွေးချေတွေပါဥ လို့...

" ဒါလား ကုတင်နဲ့တိုက်တာ... ဟမ် ငါ့ကို ညာချင်သေးတယ်... မင်း အခန်းတစ်ခုလုံး ငါ့စိတ်ကြိုက် ပြင်ဆင်ပေးထားတာ မင်းကို ထိခိုက်စေမယ့် အရာ တစ်ခုလေးတောင် ငါ ထား မထားဘူး... ပြော ဒါ ဘာဖြစ်တာလဲ "

"ခိုက်မိတာ "

"ဘာနဲ့ လဲ... ဘယ်လို ပုံစံမျိုးနဲ့ လဲ... "

" ရေချိုးခန်းထဲ မှာ ကျွန်တော် သတိမထားလိုက်မိလို့ ချော်လဲတာ"

"ဘေဘီ... ကိုယ့်ကို ငတုံးငအ ထင်နေတာလား... မှန်မှန် ပြော... "

"ဟို...ကျွန်တော် ပြောလိုက်ရင် Jay က..."

"အင်း ကိုယ်က ဘာဖြစ်လဲ "

" Jay ... "

"အင်း "

"ခု ဟာကလေ တကယ်ကို ကျွန်တော့်ဘာသာ မတော်တဆခိုက်မိတာမို့ ဘယ်သူ့ကိုမှ ဘာမှမလုပ်ရဘူးနော်"

"ကျစ်!! အပိုစကားတွေ ပြောနေပြန်ပြီ ကွာ...ပြောမှာသာ ပြောစမ်းပါ "

"ဟို... ကျောင်းမှာ ဖြစ်လာတာ... အတန်းထဲက ကောင်တွေက အုပ်စုဖွဲ့ပြီး ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်ကို အနိုင်ကျင့်နေလို့ ကျွန်တော် ဝင်တားရင်းနဲ့ မတော်တဆထိမိလာတာပါ "

"အင်း ဟုတ်ပြီ... ဘယ်လိုကြောင့် မတော်တဆက ဒူးပြဲတဲ့အထိ ဖြစ်ရတာလဲ "

"ဟို...."

" ကျစ်!! ကိုယ်အခု ဘေဘီ့ ကျောင်းကိုသွားပြီး အတန်းထဲက လူတွေ အကုန် စုခိုင်းလိုက်ရတော့မလား "

"ပြောပါ့မယ် ပြောမှာမလို့ Jay က ဘယ်သူ့ကိုမှ ဘာမှ မလုပ်ရဘူး နော်"

"Kim Sunoo!! ဘယ်လိုဖြစ်လို့ တခြားလူတစ်ယောက် အပေါ် အဲ့လောက်ထိ ကာကွယ်ပေးနေရတာလဲ... သူ့ကို ငါ တစ်ခုခု သွားလုပ်လိုက်မှာစိုးပြီး ငါ့ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာကိုက မင်း တအားလွန်နေပြီနော် ... ထပ် ထပ်ပြီး လွန်မလာတော့နဲ့ "

"တိုးတိုးပြောပါ လို့"

"မပြောဘူးကွာ... မတိုးနိုင်ဘူး... မင်းကို ဒီလိုဖြစ်အောင် လုပ်ထားတဲ့ လူကို မင်းမို့လို့ ကာကွယ်ပေးနေသေးတယ်....ငါ့ကိုလဲ လိမ်ညာသေးတယ်... "

"ပြောလိုက်လို့ Jay သိသွားရင် ခုလို ဒေါသတွေ ထွက်မှာမှန်းသိလို့ မပြောတာပါ... Jay ကို ဒေါသမထွက်စေချင်လို့ပါ... ကျွန်တော့်အတွက်နဲ့လဲ တခြားလူတွေ ထိခိုက်တာမျိုး မဖြစ်စေချင်လို့ပါ... တကယ်ပါ Jay ရယ်... ကျွန်တော့်မှာ Jay ကို လိမ်ဖို့ညာဖို့ စိတ်ကူးမရှိပါဘူး "

" သူများကို ထိခိုက်မှာတော့ ကြောက်တယ် မင်းကိုယ်တိုင် ထိခိုက်လာတာကျတော့ရော...သူတို့တွေကြောင့် မင်း ထိခိုက်လာတာကျတော့ မင်း မနာတတ်ဘူးလား... လူဆိုတာ ကိုယ့်ကို ထိ ရင် နာတတ်ရတယ်ကွ... အရာရာ သီးခံနေလို့ကတော့ မင်းခေါင်းပေါ် ချီးတက်ပါချသွားလိမ့်မယ်... အဲ့ဒါ မင်း မြဲမြဲမှတ်ထား "

" တကယ် မတော်တဆပါ... "

" မတော်တဆလဲ ငါ သီးမခံနိုင်ဘူးကွာ... မင်းကို မျက်လုံးလေးနဲ့ ကြည့်လာတာတောင် ငါမခံနိုင်တာ ခုလို သွေးထွက်သံယို ဖြစ်တဲ့အထိ... ဟားးး အဲ့ကောင်တွေတော့လား... မထိရမယ့်အရာကိုမှ လာထိမိတာပဲ "

ဒေါသတွေကြီးပြီး အံတကြိတ်ကြိတ်ဖြစ်နေတဲ့ Jay ကိုကြည့်ပြီး Sunoo နားလည်ရခက်လာပါသည်။ Jay ဟာ ဘာကြောင့်များ သေးသေးမွှားမွှား ကိစ္စလေးတွေနဲ့လဲ အစွန်းရောက်တတ်ပါသလဲ...

ချစ်လို့ အထိမခံနိုင်တာဆိုတာကိုလဲ နားလည်ပေမယ့် Jay ဟာ သူများနဲ့မတူအောင် အစွန်းရောက်လွန်းပါသည်။ သိတယ်... ခု ကိစ္စမှာလဲ Jay သာသိရင် Sunoo ကို ထိခိုက်မိအောင် လုပ်တဲ့ ကောင်လေးတွေ မလွယ်တော့ဘူးဆိုတာ... ကိုယ့်ကြောင့်နဲ့ ကျောင်းနေအရွယ် ကောင်လေးတွေရဲ့ ဘဝကို အရောင်တွေ မစွန်းထင်းစေလို။

" Jay... သူတို့ကို ဘာမှ မလုပ်ပါနဲ့နော်... "

"ဘာအတွက်နဲ့ အဲ့လောက်ထိ ကာကွယ်ပေးနေရတာလဲကွ... သတ်မှာ... မင်း အဲ့လောက်ထိ ကာကွယ်ပေးနေလို့ကို သတ်ပစ်မှာ.... ဘယ်ကောင့်ကိုမှ မင်းရဲ့ ကာကွယ်မှုတွေ မရစေချင်လို့ကို သတ်ပစ်မှာ ကွာ... ရှင်းလား "

"အဟင့်.... ဟင့်... "

လူကြားထဲမှာ တားလို့မရ... တောင်းပန်လို့မရနဲ့ ဒေါသတကြီး အော်ဟစ်နေတဲ့ Jay ကြောင့် လူဟာ ရှက်စိတ်နဲ့ အတူ ဝမ်းနည်းစိတ်တို့ ဝင်လာကာ မငိုဖို့ တင်းထားပေမယ့် မျက်ရည်တို့က ကျလာတော့သည်။

တကယ်တမ်းတော့ Jay ဟာ ကျွန်တော့်ကို ချစ်တယ်ဆိုတာထက် သူ့အတ္တတွေကိုသာ သူ ပိုချစ်နေတဲ့လူ...

" မငိုနဲ့ ငါ့ရှေ့မှာ...ကျမလာနဲ့ အဲ့မျက်ရည်တွေ ငါမမြင်ချင်ဘူး "

"ဟင့်... Jay မှ ကျွန်တော် ပြောတာ လက်မခံဘဲ"

" အဟက်... ငါ့အပိုင်ကို ထိပါးလာရင် ငါ ဘယ်လိုလုပ်တတ်တယ်ဆိုတာ မင်း သိနေတာပဲ ဘေဘီ... အေး ပြီးရင် ငါ့ကို ညာတဲ့ အတွက် မင်းလဲ အပြစ်ပေးခံရမယ် ... ငါ့ကို လိမ်တာညာတာ ငါ ဘယ်လောက်မုန်းလဲဆိုတာ မင်းလဲ အသိပဲ "

"အင့်... အဟင့်... ဟင့် "

"တိတ်လို့ ငါပြောနေတယ်နော်... ကျမလာနဲ့ အဲ့မျက်ရည်တွေ ... မင်း ယောကျ်ား မဟုတ်ဘူးလား... ထစ်ခနဲရှိ မျက်ရည်ကျပြီး ပျော့ညံ့နေတာမျိုးတွေ ငါ မကြိုက်ဆုံးပဲ "

" တော်ပါတော့ မအော်ပါနဲ့တော့... တောင်းပန်ပါတယ်... အပြစ်ပေးချင်ရင်လဲ ကျွန်တော့်ကိုပဲ ပေးပါ... Jay ကို လိမ်ညာမိသလို ဖြစ်သွားလို့ ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်... ဒါပေမယ့် မဆိုင်တဲ့လူတွေကိုတော့... "

" ကျစ် ~ ဟာကွာ... "

ဒုန်း ~~

Jay ဟာဒေါသတကြီးနဲ့ Sunoo ထိုင်နေတဲ့ ခုံကို ခြေထောက်နဲ့ကန်ကာ လှည့်ထွက်သွားသည်။ ခြေနှစ်လှမ်းလောက် ရောက်မှ ပြန်လှည့်လာပြီး
မေးကြောတွေ ထောင်ထနေအောင် အံကိုတင်းတင်းကြိတ်ကာ Sunoo ကို လက်ညှိုးထိုးပြီး

" အဲ့မျက်ရည်တွေ မခြောက်မချင်း ငါ့နောက်လိုက်မလာနဲ့ "

ဟု ပြောပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ပန်းခြံထဲမှ ထွက်သွားလေတော့သည်။

ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့ Jay ကတော့ သူ့စိတ်ကြိုက် အော်ကာ ဟစ်ကာ ထွက်သွားခဲ့ပေမယ့် အအော်ခံရတဲ့ Sunoo မှာတော့ ကွက်ကြည့် ကွက်ကြည့် လုပ်နေတဲ့ လူတွေရဲ့ အကြည့်ဒဏ်တွေကြောင့် ခေါင်းမဖော်ရဲစွာနဲ့ ကျနေတဲ့ မျက်ရည်တွေကိုသာ နာနာသုတ်ရင်း ခုံတန်းလေးပေါ် ကျန်နေခဲ့ရသည်။

တစ်ခုခုဆို တစ်ဆုံးတွေးပြီး ဝမ်းနည်းတတ်တဲ့ စိတ်ကြီးကြောင့် တွေးလိုက် ငိုလိုက်နဲ့ မျက်ရည်တွေဟာ သုတ်လိုက် ကျလာလိုက်...

ထိုစဉ်မှာပဲ မျက်လုံးရှေ့မှာပေါ်လာတဲ့ Skate board တစ်ခု...

တိတိကျကျဆိုရင် Skateboard ပေါ် ခြေထောက်တစ်ဖက်တင်ကာ ကိုယ့်ရှေ့မှာ ခြေစုံလာရပ်နေတဲ့လူတစ်ယောက်...

ဒူးကျဘောင်းဘီ တိုပွပွ အနက်ရောင်လေးကို ဝတ်ထားပြီး စီးထားတဲ့ ဖိနပ်ကလဲ အနက်ရောင်မို့ ဘောင်းဘီအနက်နဲ့ ဖိနပ်အနက်ကြားက မြင်နေရတဲ့ ခြေသလုံးသား ဝင်းဝင်းလေးတွေက အရောင်တွေ ပိုတောက်နေသလိုပါပဲ...

ကိုယ့်ပုံစံက မျက်ရည်တွေနဲ့ ဖရိုဖရဲမို့ အပေါ်ထိ မော့မကြည့်မိပေမယ့်လဲ မြင်နေရတဲ့ ခြေသလုံးသားတွေရဲ့ တုတ်ခိုင်ကျစ်လစ်မှုတွေအရ ဒါဟာ ယောကျ်ားလေးတစ်ယောက်ဆိုတာကိုတော့ သတိထားမိလိုက်သည်။

ရှေ့က လူက လက်ကိုင်ပဝါလေး တစ်ထည်ကို သူ့ဆီ လှမ်းပေးလာပြီး

" မျက်ရည်တွေ သုတ်မနိုင်အောင် ကျနေတာပဲ... ဒါလေး ယူထားလိုက်နော်...ဘာကိစ္စကြောင့်ဆိုတာ မသိပေမယ့် စိတ်ညစ်စရာတွေကို ကြာကြာ သိမ်းမထားဘဲ အဲ့မျက်ရည်တွေနဲ့အတူ လွှင့်ပစ်လိုက်ပါ " တဲ့

ကမ်းပေးလာတဲ့ လက်ကိုင်ပဝါလေးကို လှမ်း ယူလိုက်ပြီး ခေါင်းလေးညိမ့်ပြလိုက်တော့ ရှေ့က လူက Board လေးကို အရှိန်ယူကာ ခြေထောက်တွေနဲ့ တွန်းရွှေ့ပြီး အဝေးသို့ ထွက်သွားလေတော့သည်။

ကျွန်တော်ကတော့ ပေးလာတဲ့ လက်ကိုင်ပဝါလေးနဲ့ မျက်ရည်တွေကို သုတ်လိုက်ကာ မျက်လုံးတွေက ဖိနပ်ထိပ်ဖျားလေးဆီ ငုံ့ကြည့်နေပြီး ခုထိ ခေါင်းမဖော်နိုင်ဘဲ ငိုနေမိဆဲ....

***********************************

Love you all my Vitamins 💙

San Htarni 💙

15.1.2023

ZAWGYI

~ 2 ~

အဲ့ဒီေန႕က CEO Park နဲ႕ အျဖဴေရာင္ေကာင္ငယ္ေလးတို႔ စတင္ ေတြ႕ဆုံဖို႔ အေၾကာင္းက ဖန္လာခဲ့သည္။

တကယ္ေတာ့ အဲ့ဒီ့ေန႕က အဲ့ဒီေနရာကို ေရာက္ခဲ့တာသည္ အေႂကြးသိမ္းဖို႔....

CEO ဆီမွာ ကုမၸဏီကို အေပါင္ထားၿပီး ေငြေခ်းထားတဲ့ လုပ္ငန္းအေသးစားေလး တစ္ခုက သူေဌးျဖစ္သူထံသို႔ ကတိအခါခါပ်က္မႈေၾကာင့္ CEO ကိုယ္တိုင္ အိမ္တိုင္ရာေရာက္ လိုက္လာတဲ့ေန႕...

အတန္ငယ္က်ယ္ဝန္းတဲ့ ၿခံတစ္ခုထဲသို႔ ကားဝင္သြားတယ္ဆိုတာနဲ႕ ေတြ႕ျမင္လိုက္ရတာက ႏွင္းဆီျဖဴပန္းခင္းႀကီး ... အိမ္ေရွ႕ ေျမကြက္လပ္မွာ စနစ္တက်စိဳက္ပ်ိဳးထားမႈေၾကာင့္ ပန္းတို႔ပြင့္ေဝေနကာ ျမင္ရသူကို စိတ္ၾကည္ႏူးေစတာေတာ့အမွန္....

ကားေမာင္းေနရင္း ပန္းခင္းႀကီးကို လွမ္းၾကည့္လိုက္ေတာ့ ပန္းပင္ေတြၾကားမွာ သူတို႔ရွိရာဖက္ကို ေက်ာေပးထားတဲ့ ေက်ာျပင္ငယ္ေလးတစ္ခု....

ျဖဴဆြတ္ဆြတ္အကၤ်ီေလးကို ဝတ္ဆင္ထားကာ ေငြေရာင္ဆံႏြယ္ေလးေတြက ေလထဲမွာ တလႈပ္လႈပ္...သူတို႔ဝင္လာတာကို သိပုံမရ... ပန္းပြင့္ေလးေတြကိုသာ ငုံ႕ၾကည့္ေနရင္း ပန္းခူးေနပုံေပၚပါသည္။ အဲ့အခ်ိန္မွာပဲ CEO ႏႈတ္က ထြက္က်လာတဲ့ စကားတစ္ခြန္း...

" ႏွင္းဆီျဖဴေတြၾကားက အျဖဴေရာင္အရိပ္ကေလးပဲ... ေနေရာင္ေအာက္မွာ ေတာက္ပေနလိုက္တာ ... သေဘာက်ဖိဳ႕ေကာင္းတယ္ " တဲ့

ဒါဟာ ဒီေကာင္ငယ္ေလးရဲ႕ ေက်ာျပင္ေလးကိုသာ ျမင္ဖူးေသးတဲ့အခ်ိန္ CEO စိတ္လိုလက္ရ ေျပာခဲ့ဖူးတဲ့ စကားေလးတစ္ခြန္းပါပဲ....

CEO ကိုယ္တိုင္ အေႂကြးသိမ္းဖို႔လာတယ္ဆိုေတာ့ အိမ္ရွင္ေတြဟာလဲ ျပာယာခတ္ခါ ေတာင္းေတာင္းပန္ပန္ေပါ့.... ရက္ေ႐ႊ႕ေပးဖို႔ အခြင့္အေရးေပးဖို႔ စသည္... စသည္...ပိုင္ဆိုင္တာအားလုံး ပုံအပ္ရေတာ့မွာကိုး... ငိုျပၾက... ရယ္ျပၾက ...
အေၾကာင္းေတြျပၾက။

အဲ့ဒီ့မွာ သိခဲ့ရတာက သမီးေဆးကုစရိတ္ေတြေၾကာင့္ လုပ္ငန္းေတြ ျပန္ေ႐ြးဖို႔ ေနာက္က်ေနရျခင္းအေၾကာင္းေတြ။ ဇာတ္စုံခင္းျပေနၿပီး ေတာင္းပန္ေနေပမယ့္ ကြၽန္ေတာ္တို႔ CEO Park ကေတာ့ လုပ္ရိုးလုပ္စဥ္အတိုင္း လုပ္ဖို႔သာ တစ္ခြန္းထဲေျပာၿပီး ေျခခ်ိတ္ကာ မ်က္ႏွာထား တည္တည္နဲ႕ ထိုင္ေနခဲ့ေတာ့သည္။

အဲ့ဒီ့အခ်ိန္ခဏေလးမွာပဲ အိမ္ရွင္ေတြ ကံေကာင္းဖို႔ အေၾကာင္းဖန္လာတယ္ ေျပာရမလား.... အျဖဴေရာင္ အရိပ္ကေလးဟာ ႏွင္းဆီျဖဴေတြ တေပြ႕တပိုက္နဲ႕ အိမ္ထဲကို ေျပးဝင္လာၿပီး...

" ေမေမ... ပန္းအိုးထိုးဖို႔ သား ပန္းေတြ ခူးလာခဲ့...အာ... ဧည္သည္ေတြ ရွိေနတာပဲ "

အသံစာစာေလးနဲ႕ ေအာ္ၿပီး ေျပးဝင္လာတဲ့ ေကာင္ေလးဟာ ကြၽန္ေတာ္တို႔ကိုလဲ ျမင္ေရာ ကိုယ္ရွိန္သတ္ကာ အသံတိုးတိုးေလးနဲ႕ ေရ႐ြတ္လိုက္တယ္...အဲ့ဒီအခ်ိန္မွာ အိမ္ရွင္အမ်ိဳးသားက

" Kim Sunoo !! မင္း ဒီေလာက္ေလးေတာင္ အလိုက္မသိဘူးလား... ဒီမွာ ဧည့္သည္ေတြရွိေနတာကို ဆူဆူညံညံနဲ႕... သြား အေပၚထပ္မွာ သြားေန"

အဲ့ကတည္းက သတိထားမိလိုက္တယ္ CEO ရဲ႕ မ်က္လုံးေတြဟာ ႏႈတ္ခမ္းေလးစူၿပီး အိမ္ေပၚကို ေျခေဆာင့္တက္သြားတဲ့ အျဖဴေရာင္ အရိပ္ကေလးေနာက္ကို ကပ္ၿငိၿပီး ပါသြားတယ္ဆိုတာ။

အခ်ိန္ခဏၾကာတဲ့အထိ ဧည့္ခန္းေလးထဲမွာ တိတ္ဆိတ္ေနၿပီး ဘယ္သူမွ စကားမေျပာျဖစ္။ တစ္ခုခုကို အေလးအနက္ စဥ္းစားေနဟန္ CEO ဟာလဲ အၾကာႀကီး တိတ္ဆိတ္ေနၿပီးမွ

" ေကာင္းၿပီေလ... ေနာက္ဆုံး အခြင့္အေရးအေနနဲ႕ အခ်ိန္တစ္လ ထပ္ေစာင့္ေပးမယ္... ဘယ္သူ႕ကိုမွ ဒီလိုအခြင့္အေရးထပ္ေပးခဲ့ဖူးတာမ်ိဳး မရွိခဲ့လို႔
ဒီ အခြင့္အေရးကို ေကာင္းေကာင္း အသုံးခ်တတ္ပါေစ.... အဲ့အခ်ိန္မွ အေႂကြးေတြ မဆပ္နိုင္ရင္ေတာ့ ခင္ဗ်ားတို႔ က်ဳပ္သေဘာအတိုင္း လိုက္လုပ္ေပးရမယ္"

"ဟုတ္...ဟုတ္ကဲ့ပါ CEO Park ရယ္..ခုလို အခြင့္အေရးထပ္ေပးတဲ့အတြက္ ေက်းဇူးတင္လို႔မဆုံးပါဘူးဗ်ာ... CEO ေပးတဲ့ အခ်ိန္အတြင္း ကြၽန္ေတာ္ လုပ္ငန္းေတြ ျပန္ေ႐ြးနိုင္ေအာင္ ႀကိဳးစားပါ့မယ္"

"ေကာင္းၿပီ... မဆပ္နိုင္ရင္ေတာ့ က်ဳပ္ သေဘာပဲ ေနာ္"

ေသခ်ာေပါက္ တစ္စုံတစ္ရာေတာ့ ရွိေနခဲ့ၿပီလို႔ စိတ္က သိေနေပမယ့္ ေရခဲတမွ် ေအးစက္ေနတဲ့ CEO ရဲ႕ စိတ္အေျခအေနကို သိထားတဲ့ ကြၽန္ေတာ္က ႀကိမ္းေသႀကီးေတာ့ တြက္မထားတာ အမွန္....

ဘယ္သူ႕ကိုမွ မေပးခဲ့ဖူးတဲ့ ဒုတိယ အခြင့္အေရးမလား... ဒီအျဖဴေရာင္ ေကာင္ငယ္ေလးရဲ႕ မိသားစုကိုမွေလ.... ဒီလိုနဲ႕ ျပန္လာခဲ့ၾကေတာ့

" အဲ့ အျဖဴေရာင္ေလး အေၾကာင္း အကုန္သိခ်င္တယ္ အတြင္းေရးမႉး Lee..."

တစ္လမ္းလုံး ဘာစကားမွ မေျပာခဲ့တဲ့ CEO ဟာ အိမ္ျပန္ေရာက္လို႔ ကားေပၚက ဆင္းဆင္းခ်င္း ေျပာလာတဲ့စကားက ဒါတဲ့လား...

ဘာပဲျဖစ္ျဖစ္ CEO စိတ္တိုင္းက်ေပါ့ မိသားစုေနာက္ခံ တက္ေနတဲ့ေက်ာင္း ေပါင္းသင္းဆက္ဆံေရးက စလို႔ Personal ကိစၥေတြအထိ
တာဝန္ေက်ေက် စုံစမ္းေပးဖို႔က ကြၽန္ေတာ့္တာဝန္။

တကယ္လဲ အဲ့အျဖဴေရာင္ ေကာင္ေလးက ျဖဴျဖဴစင္စင္ေလး...ႏူးညံ့သိမ္ေမြ႕ၿပီး စိတ္ထားေလးက ခ်စ္စရာ...

မိသားစုအေၾကာင္းေလးေတြ ေစ့ေစ့စပ္စပ္ စုံစမ္းၾကည့္ေတာ့ အနည္းငယ္ အရႈပ္အရွင္းေလးရွိကာ မိခင္ရယ္ ပေထြးျဖစ္သူရယ္နဲ႕ အတူေနကာ က်န္းမာေရးမေကာင္းတဲ့ ညီမငယ္ေၾကာင့္ အေႂကြးေတြထဲ နစ္ေနတယ္လို႔ သိရျပန္တယ္။

ေကာင္ေလးအေၾကာင္းေတြ စုံစမ္းရသမွ်ကို ေျပာျပေနခ်ိန္ ေခါင္းတညိမ့္ညိမ့္နဲ႕ နားေထာင္ေနၿပီးမွ

" ငါ အဲ့ အ႐ုပ္ကေလးကို အပိုင္ဝယ္မယ္ အတြင္းေရးမႉး Lee " တဲ့

ကြၽန္ေတာ္ မအံ့ဩေတာ့ပါဘူး... စိတ္ထင္ေနတာေတြ တကယ္ျဖစ္လာလို႔ေလ....

ဒါေပမယ့္ စိုးရိမ္တာတစ္ခုက CEO အပိုင္ဝယ္မယ္ဆိုတဲ့အရာက အသက္မဲ့ေနတဲ့ အရာဝတၱဳတစ္ခု မဟုတ္ဘဲ သက္ရွိလူသားတစ္ေယာက္ ျဖစ္ေနတာကိုပဲ....

သက္ရွိလူသားေတြဟာ အရာရာကို ခံစားတတ္တဲ့ ႏွလုံးသားရွိတယ္မလား... ဒီေကာင္ေလးရဲ႕ႏွလုံးသားထဲမွာမ်ား * ငါ့ကို အ႐ုပ္တစ္႐ုပ္လို သေဘာထားၿပီး အပိုင္ဝယ္ခဲ့တယ္ * ဆိုတဲ့ စိတ္က ကိန္းေအာင္းသြားရင္....

ဘာကိုမွ ဂ႐ုမစိုက္တတ္တဲ့ ကြၽန္ေတာ့္ CEO ကေတာ့ ဘယ္အရာကိုမဆို ေငြလမ္းခင္းရင္ ၿပီးျပည့္စုံၿပီ ထင္ေနေတာ့ေလ ...

ကြၽန္ေတာ္ကေတာ့ တစ္ေန႕ ဒီအရာေတြေၾကာင့္နဲ႕ အဖုအထစ္ေတြ ရွိလာမွာကို စိုးရိမ္ေနေပမယ့္လဲ CEO ကေတာ့ CEO ပီသစြာနဲ႕ ပဲ....

CEO ဟာ ေကာင္ငယ္ေလးတို႔ မိသားစု အခက္အခဲေတြကို ေျဖရွင္းေပးခဲ့တယ္...

အေပါင္ထားတဲ့ လုပ္ငန္းေတြကို ျပန္ေပးလိုက္တယ္...

အဲ့ဒီ့ အဖိုးအခကေတာ့ ေကာင္ငယ္ေလးကို သူ႕ဆီေပးဖို႔ေပါ့....

အဲ့ဒီ စကားကို ၾကားၾကားခ်င္း

မယုံၾကည္နိုင္ဟန္ ေမာ့ၾကည့္လာတဲ့ မ်က္ဝန္းညိုေလးေတြရယ္...

တုန္လႈပ္သြားတဲ့ ခႏၶာငယ္ေလးရယ္...

ဆြံ႕အသြားတဲ့ ႏႈတ္ခမ္းတစ္စုံရယ္ ...

CEO အတည္ေပါက္ေျပာေနမွန္း သိေတာ့ ေၾကာက္ေၾကာက္ ႐ြံ႕႐ြံ႕နဲ႕ ျငင္းဆန္လာတဲ့ စကားသံေလးေတြရယ္....

ကြၽန္ေတာ္ကေတာ့ ခုထိ မေမ့ေသးဘူး...

ေကာင္ငယ္ေလးနဲ႕ သူ႕အေမက ဘယ္လိုမွ လက္မခံလို႔ တျခားလူဆီမွာ ေပါင္ထားတဲ့ ေကာင္ငယ္ေလးတို႔ အိမ္ကို တဖက္လွည့္နဲ႕ အပိုင္ဝယ္ပစ္ၿပီး အိမ္ေပၚက ဆင္းေပးရေအာင္ထိ လုပ္ခဲ့တာက CEO ပါလို႔ေတာ့ ေကာင္ငယ္ေလးနဲ႕ သူ႕မိသားစု ခုထိ မသိရွာဘူးေပါ့ ...

မျဖစ္သာတဲ့ အဆုံး ေကာင္ငယ္ေလး ေခါင္းၿငိမ့္လိုက္တဲ့အခ်ိန္မွာပဲ CEO ရဲ႕ အိမ္ေဘးက ေျမကြက္လပ္မွာ ေကာင္ငယ္ေလးတို႔အတြက္ ႏွစ္ထပ္အိမ္လွလွေလးတစ္လုံးကို ေဆာက္ေပးကာ ေကာင္ငယ္ေလးနဲ႕ သူ႕မိသားစုကို ေနေစတယ္။

က်န္းမာေရးမေကာင္းျဖစ္ေနတဲ့ သမီးျဖစ္သူကိုလဲ CEO ပိုင္တဲ့ ေဆး႐ုံႀကီးမွာ ေတာ္ေပ့ဆိုတဲ့ ဆရာဝန္ႀကီးေတြနဲ႕ ေဆးကုသေစတယ္။

ဘယ္လိုေျပာရမလဲ... ဘယ္လိုမွ ႐ုန္းထြက္လို႔ မရေတာ့ေလာက္ေအာင္ထိ ေက်းဇူးတရားဆိုတဲ့ ႏြံႀကီးထဲမွာ ေကာင္ငယ္ေလးကို နစ္ျမဳပ္ေစၿပီးမွ အနားကို ေခၚထားတာဆိုေတာ့လဲ.....

ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ေနၾက႐ုံေပါ့ဗ်ာ....

.
.
.

" Sunoo ေလး... သား ဒီေန႕ ေက်ာင္းမသြားရဘူးလား "

ဧည့္ခန္းထဲက စားပြဲေပၚမွာရွိတဲ့ အလွပန္းအိုးေလးထဲ ႏွင္းဆီျဖဴေလးေတြကို လွလွေလး ျဖစ္ေအာင္ ေသခ်ာဂ႐ုစိုက္ ထိုးေနတုန္းမွာ မီးဖိုထဲမွာ ခ်က္ျပဳတ္ေနတဲ့ ေမေမက အနားမွာ လာထိုင္ၿပီး ေမးလာတာမို႔ ...

" ဟုတ္ကဲ့ ေမေမ... ဒီေန႕ အေရးႀကီးတဲ့ အခ်ိန္မပါလို႔ "

" ဟင္းးး မလိုအပ္ဘဲ ေက်ာင္းပ်က္တာေတြ CEO က မႀကိဳက္ဘူးေလ သားရယ္... ေတာ္ၾကာ ေက်ာင္းမသြားတာ သိရင္ ဆူခံထိေနပါ့မယ္ "

မ်က္ႏွာေလး မသာမယာနဲ႕ သက္မေမာကို ခ်ကာ သူ႕အတြက္ စိုးရိမ္ၿပီး သတိေပးေနေလတဲ့ ေမေမ။
ေမေမ့ ရင္ထဲမွာ ဘာေတြ ဘယ္လို ခံစားေနရမယ္ဆိုတာ သိေနေလေတာ့ ေမေမ ခံစားရ သက္သာေစဖို႔ Sunoo ၿပဳံးထားမွ ျဖစ္မယ္မလား...

ဒါ့ေၾကာင့္ ပန္းအိုးထိုးေနရင္းမို႔ စားပြဲေဘးကၾကမ္းျပင္ေပၚမွာ ပုဆစ္တုပ္ထိုင္ေနရာမွ ေမေမ့ရင္ခြင္ထဲသို႔ ေခါင္းတိုးဝင္လိုက္ၿပီး

" သား Jay ကို မေန႕ ကတည္းက ေျပာထားၿပီးသားပါ ေမေမရဲ႕... သူက ေက်ာင္းမွာ စာသင္ခ်ိန္ေတြမရွိရင္ မသြားလဲ ရတယ္လို႔ အရင္ထဲက ခြင့္ျပဳထားတာပဲ"

" ေမေမ့ သားေလး ပင္ပန္းေနၿပီလား ဟင္ "

ရင္ခြင္ထဲက ကြၽန္ေတာ့္ကို ဆံပင္ေလးေတြ ဖြေပးေနရင္းက စိတ္မေကာင္းျဖစ္ေနတဲ့ ေလသံေလးနဲ႕ ေမေမ ေမးလာေတာ့ ေမေမ့ရဲ႕ စိတ္ကေလး ေပါ့ပါးသြားေစဖို႔ ရယ္သြမ္းေသြးလိုက္ရင္း ...

"အဟင္း... ဘာကိုလဲ ေမေမရဲ႕ "

" CEO အနားမွာ ေနရတာကိုေပါ့ သားရယ္... ေမေမတို႔အတြက္နဲ႕ ေမေမ့သားေလး အနစ္နာခံေနရတာေတြ ေမေမ~~"

"ဟင့္အင္ ေမေမ... အဲ့လိုေတြ မေတြးပါနဲ႕... ဒါ သား သေဘာနဲ႕ သား ဆုံးျဖတ္ခဲ့တာမို႔လို႔ သားေက်နပ္တယ္... အနစ္နာခံရတယ္လို႔လဲ တစ္ခါမွ မေတြးမိဘူး... အဲ့လို မေတြးမိေလာက္ေအာင္လဲ Jay က သားကို ျဖည့္ဆည္းေပးၿပီး ခ်စ္ေပးေနတာပဲ ေမေမရယ္...သား ေပ်ာ္ပါတယ္ "

" သား ေပ်ာ္တယ္ဆိုတာ ရင္ထဲက တကယ္ ႏွစ္ႏွစ္ကာကာနဲ႕ ေပ်ာ္တာျဖစ္ပါေစ ပဲ ေမေမ ဆုေတာင္းပါတယ္ သားရယ္"

ထိုစဥ္ အျပင္က ျပန္လာတဲ့ ပေထြးျဖစ္သူက

" မိန္းမေရ TV ဖြင့္လိုက္စမ္းပါကြာ... TV မွာ သတင္းလာေနတယ္ ေျပာလို႔"

"ဘာ သတင္းမို႔လို႔လဲ ေယာက်္ားရဲ႕ "

"YJ Group အေၾကာင္း "

ဟင္... YJ ဆိုပါ့လား...

ဒါ party ေန႕က သူ႕ကို စကားလာေျပာတဲ့ လူရဲ႕ Company မလား...

ေမေမ TV ဖြင့္လိုက္ခ်ိန္မွာ သတင္းမွာေတြ႕လိုက္ရတာက ရဲႏွစ္ဦးၾကားမွာ အသဲအသန္ေအာ္ဟစ္ကာ ႐ုန္းကန္ရင္း ပါသြားတဲ့ ဟိုလူ...

တစ္စုံတစ္ခုကို သေဘာေပါက္လိုက္တာမို႔ အတည္ျပဳဖို႔ရာ Jay တို႔အိမ္ဘက္ကို ေျပးလာခဲ့လိုက္သည္။

အိမ္ထဲမွာ အိမ္ထိန္း အေဒၚႀကီးကို ေတြ႕လိုက္ရတာေၾကာင့္

" အေဒၚႀကီး ... Jay ေရာ Jay ဘယ္မွာလဲ "

" သူေဌးေလး သူ႕အလုပ္ခန္းထဲမွာ ရွိ..."

အလုပ္ခန္းထဲမွာ ရွိတယ္ဆိုတာနဲ႕ အေဒၚႀကီးရဲ႕ စကားကို အဆုံးထိ နားေထာင္မေနေတာ့ဘဲ အေပၚထပ္သို႔ ေျပးတက္လာခဲ့လိုက္ေတာ့သည္။

ေျခသံတဒုန္းဒုန္း ျမည္ေအာင္ ေျပးတက္လာၿပီး တံခါးေခါက္မေနေတာ့ဘဲ တံခါးကို အေလာတႀကီး တြန္းဖြင့္ကာ အခန္းထဲသို႔ ဝင္လိုက္မိသည္။

အခန္းထဲမွာ ျမင္လိုက္ရတာက စားပြဲေပၚ ေျခေထာက္ႏွစ္ေခ်ာင္းကို ခ်ိတ္ၿပီး တင္ထားကာ ဆုံလည္ကုလားထိုင္ရဲ႕ေနာက္မွီေပၚ ေခါင္းလွန္တင္ထားၿပီး ေအာင္နိုင္သူတစ္ေယာက္ရဲ႕ အၿပဳံးမ်ိဳးနဲ႕ ဖုန္းေျပာေနတဲ့ Jay...

အခန္းထဲက TV မွာလဲ သတင္းတစ္ပုဒ္ဟာ ဖြင့္လွ်က္သား...

Jay ကိုၾကည့္ၿပီး အခန္းထဲသို႔ တစ္လွမ္းခ်င္း ေလွ်ာက္ဝင္လာတဲ့အခါ Jay ဟာ သူ႕ဆီ တည့္တည့္လာဖို႔ လက္လွမ္းကာ ႀကိဳေလသည္။

အနားကို သြားရပ္လိုက္တဲ့အခါမွာ စားပြဲေပၚက ေျခေထာက္ေတြကို ေအာက္ျပန္ခ်လိဳက္ၿပီး ခႏၶာကိုယ္ အေနအထားကို ျပင္ထိုင္ကာ သူ႕ေပါင္ေတြေပၚသို႔ Sunoo အား ဆြဲခ်ကာ ထိုင္ေစသည္။

တဖက္ကလဲ ဖုန္းေျပာမပ်က္။

Sunoo မွာ အသည္းအသန္ေျပးလာၿပီး ေမးခြန္းေတြ ေမးဖို႔ စဥ္းစားထားေပမယ့္ ဖုန္းေျပာမပ်က္တဲ့ Jay ေၾကာင့္ သူ႕ေပါင္ေပၚမွာ အသာထိုင္ေနရင္း ဖုန္းေျပာေနသံကိုသာ နားစြင့္ေနမိေတာ့သည္။

" က်ဳပ္လက္နဲ႕ ေရးၿပီးသား အရာတစ္ခုကို က်ဳပ္ ဘယ္တုန္းက ျပန္ျပင္ေပးရိုး ထုံးစံရွိဖူးလို႔လဲ ဗ်... ခင္ဗ်ား သေဘာေပါက္စမ္းပါ "

"......."

"အဟင္း... ခင္ဗ်ားအတြက္ အရႈပ္ထုပ္တစ္ခုကို က်ဳပ္က ဖယ္ရွားေပးလိုက္တယ္လို႔ သေဘာထားလိုက္ေပါ့ဗ်ာ... မဟုတ္ရင္ ခင္ဗ်ား သားေၾကာင့္ခင္ဗ်ားထိုင္ေနတဲ့ ခုံက စိတ္ခ်ရမွာ မဟုတ္ဘူးေနာ္"

"......."

"ကဲ ခင္ဗ်ားအတြက္ ေပးထားတဲ့အခ်ိန္ေစ့ၿပီမို႔ က်ဳပ္ ဖုန္းခ်ေတာ့မယ္... ဒီကိစၥအတြက္နဲ႕ဆို ေနာက္ထပ္ က်ဳပ္ဆီ ဖုန္းမဆက္နဲ႕ ေတာ့.... "

ဖုန္းခ်ၿပီးတာနဲ႕ အားသြားတဲ့ Jay လက္ေတြက Sunoo ခႏၶာကိုယ္ေလးကို ေပြ႕ပိုက္လာၿပီး

" ေျပာ ေဘဘီ... အသက္ရႉသံေတြ ျပင္းေလာက္တဲ့အထိ ေျပးလာရတဲ့ အေၾကာင္းက...??"

" Jay... အဲ့ဒါ တကယ္ပဲ Jay လား "

"ဘယ္ဟာလဲ ေဘဘီရဲ႕... စကားက အဆက္စပ္မရွိ"

"Jay သိရဲ႕သားနဲ႕ "

"အဟင္း... ေဘဘီလဲ သိေနသားနဲ႕ "

အဓိပၸါယ္ ပါပါ အၿပဳံးေတြနဲ႕ ၿပဳံးကာ ႏွာေခါင္းရႈံျပၿပီး ဆံပင္ေတြ လာဖြတဲ့ Jay ရဲ႕လက္ကို ဆြဲဖမ္းလိုက္ၿပီးမွ

" ဘာလို႔လဲ... "

"ဘာလို႔ လို႔ထင္လဲ...ေဘဘီ ေျပာၾကည့္ "

" ဟိုေန႕က ကြၽန္ေတာ့္ကို ႏွောက္ယွက္လို႔လား "

"ဟား ဟား ဟား ေဘဘီရယ္... ကိုယ့္ baby doll ေလးက အရမ္းခ်စ္ဖို႔ေကာင္းေနတယ္ ကြာ..."

ေမးတာ မေျဖဘဲ ဆံပင္ေတြ မဖြရလို႔ ပါးေလးႏွစ္ဖက္ကို လာညွစ္ေနတဲ့ Jay ေၾကာင့္

"အာ မဆီမဆိုင္... ကြၽန္ေတာ္ေျပာတာ ဟုတ္တယ္မလား လို႔ "

ရယ္စရာ မပါပဲ ေအာ္ရယ္ေနတဲ့ Jay ကို စိတ္မရွည္သလိုေလး ေျပာလိုက္ေတာ့မွ မ်က္ႏွာက တည္သြားကာ TV ကို လက္ညွိုးနဲ႕ ထိုးျပေလသည္။

" အဲ့ေကာင္ကို ၾကည့္ ေဘဘီ... ဘာေတြ ထူးျခားေနလဲ "

ရဲႏွစ္ေယာက္ရဲ႕ ၾကားမွာ ေအာ္ဟစ္႐ုန္းကန္ရင္း သတင္းေထာက္ေတြရဲ႕ ကင္မရာမီး တျဖတ္ျဖတ္ေၾကာင့္ သူ႕မ်က္ႏွာကို မပါေစရန္ အသည္းအသန္ လက္ေတြနဲ႕ ကာေနတဲ့ YJ က MD ဆိုသူ...ထူးျခား တယ္ ဆိုရမလား... အဲ့လူရဲ႕ ညာဖက္လက္ဟာ ပတ္တီးအေဖြးသားနဲ႕။

" ပတ္တီးစည္း ထားတာကို ေျပာတာလား Jay "

"အဟင္း... ျမင္တတ္တယ္ ေဘဘီက... အဲ့လက္ေတြကို ေသခ်ာၾကည့္ ေဘဘီ.... ဘယ္ေလာက္ပဲ အရိုးျပန္ဆက္ေအာင္ ေဆးေတြကုၿပီး ပတ္တီးစည္းထားပါေစ တစ္သက္လုံး လူစဥ္မမွီေတာ့ဘူး "

"ဟင္!!!"

"အဟင္း... ေဘဘီ အံ့ဩသြားလား... "

"ေဆးကုတာေတာင္ ျပန္မေကာင္းနိုင္ဘူးတဲ့လား... ဘာျဖစ္လို႔လဲ ဟင္ "

အံ့ၾသမႈေၾကာင့္ ႏႈတ္ခမ္းပါးေလး ပြင့္ဟသြားကာ မ်က္ဝန္းေလးေတြ ဝိုင္းသြားတဲ့ ေဘဘီ့ကို နဖူးေလးကို ဖိကပ္နမ္းလိုက္ၿပီးမွ

" ေဆးစည္းေပးထားတဲ့ ဆရာဝန္ကို ျပန္မေကာင္းေအာင္ ကုခိုင္းထားလို႔ေပါ့ ေဘဘီရယ္... အဲ့ေလာက္ မတုံးအ စမ္းပါနဲ႕..."

"မဟုတ္ေသးပါဘူး Jay ရယ္... ဘာလို႔ အဲ့လို "

"ေဘဘီ့ လက္ေတြကို လာထိပါးတဲ့ အဖိုးအခအျဖစ္ေပါ့ ေဘဘီ... အဲ့လက္ကို ကိုယ္ျဖတ္မပစ္တာပဲ အဲ့ေကာင္ ကံေကာင္းလွၿပီ "

ကြၽန္ေတာ့္စကားေတြကို အဆုံးသတ္မခံ... ကြၽန္ေတာ့္ ႏႈတ္ခမ္းေပၚ လက္ညွိုးနဲ႕ပိတ္လိုက္ၿပီး ျဖတ္ေျပာလိုက္တဲ့ Jay စကားမ်ားေၾကာင့္ ကြၽန္ေတာ္ တခဏေတာ့ ဆြံ႕အ သြားမိသည္။ ၿပီးမွ

" ကြၽန္ေတာ္လဲ ဘာမွ ျဖစ္သြားတာ မဟုတ္ဘဲ Jay ရယ္... ဘာလို႔ သူတပါးကို အဲ့ေလာက္ထိ "

" ကိုယ့္အပိုင္ကို လာထိပါးတာ ကိုယ္သီးခံေနရမွာလား ေဘဘီ... ကိုယ္အဲ့ေလာက္ထိ ပါရမီေတြ ရင့္သန္ေနတဲ့ လူ မဟုတ္ဘူး "

ေျပာေျပာဆိုဆို သူ႕ေပါင္ေပၚက ကြၽန္ေတာ့္ကို ေအာက္ခ်ေပးလိုက္ကာ ျပတင္းေပါက္ ေဘာင္ေတြေပၚ လက္ေထာက္ၿပီး အျပင္ကို ေငးၾကည့္ေနတဲ့ Jay...ေသခ်ာတာကေတာ့ ႏႈတ္ခမ္းပါးေတြ တင္းတင္းေစ့ကာ မ်က္ခုံးတန္းေတြ တြန့္ခ်ိဳးထားမွာကို ေျပးၾကည့္ေနစရာ မလို။

ကြၽန္ေတာ့္ေၾကာင့္နဲ႕ ေဘးလူေတြ ထိခိုက္တာ မ်ားေနၿပီမလား... Jay က အဲ့လိုလူပါ... ကြၽန္ေတာ့္ကို တျခားလူေတြက ကိုယ္ ႏႈတ္ အမူအရာ ဘာနဲ႕မွ ထိပါးတာမ်ိဳးကို လက္မခံတတ္သူေလ။

" ဒါေပမယ့္လဲ Jay ရယ္... ရဲေတြဖမ္းေခၚခံရတဲ့အထိ လုပ္တာႀကီးကေတာ့ မဟုတ္ေသးဘူးေလ... ကြၽန္ေတာ္နဲ႕ ပတ္သက္ၿပီး တျခားလူေတြအေပၚ အဲ့ေလာက္ထိ လုပ္တာက်ေတာ့ "

" က်စ္!! မင္း ဒီေန႕ စကားေတြအရမ္းမ်ားေနတယ္ ေဘဘီ... ကိုယ္ လုပ္သင့္လုပ္ထိုက္လို႔ လုပ္လိုက္တဲ့ အရာတစ္ခုကို ဘာမွ လာၿပီး ေစာဒက မတက္နဲ႕ "

" ဒါေပမယ့္လဲ Jay က... "

" ကိုယ့္အလုပ္ေတြမွာလဲ ႏွောက္ယွက္ေနလို႔ကြာ ကဲ ဟုတ္ၿပီလား... ၾကာၿပီ... အဲ့ေကာင္ ကိုယ့္အလုပ္ေတြကို ဝင္ ဝင္ႏွောက္ေနတာ... ဘာ အစြမ္းအစမွ မရွိဘဲ မတူဘဲ လာတုေနလို႔ ... သူ႕အေဖ မ်က္ႏွာနဲ႕ အသာ ၾကည့္ေနေပးတာ... ခုဟာက အရမ္း foul လြန္းေနလို႔... အလုပ္မွာတင္ မဟုတ္ဘဲ ကိုယ့္ personal ေတြထိ လာထိပါးဖို႔ ႀကံေနလို႔ lesson ေပးလိုက္တာ... ဒါ ပါးပါးေလးပဲ ရွိေသးတယ္ ေဘဘီ... ကိုယ္ လုပ္လိုက္တာ ပါးပါးေလးပဲ... သူ႕အျပစ္ေတြက မ်ားလြန္းေနလို႔ သူ႕အကုသိုလ္နဲ႕သူ ခံလိုက္ရတာ... "

"........"

" ကိုယ္ကေတာ့ ကိုယ့္အပိုင္ကို ထိပါးလာရင္ ဆက္လုပ္ေနအုံးမွာပဲ... ကိုယ့္ဘဝမွာ အထိခိုက္မခံနိုင္တာဆိုလို႔ မင္း တစ္ေယာက္ပဲ ရွိတာ ေဘဘီ... မင္း သိထားဖို႔က ကိုယ္ ပိုင္တဲ့အရာကို ထိပါးလာတဲ့ အျပစ္ဒဏ္က သတ္ပစ္ဖို႔ထိ လုံေလာက္တယ္ဆိုရင္လဲ ကိုယ္ သတ္ပစ္လိုက္ဖို႔ ဝန္မေလးဘူး.... ကိုယ္ အဲ့ေလာက္ထိ မင္း ကို ခ်စ္တာ... အဲ့ တစ္ခုကို မင္း အေသအခ်ာ သိထားေပး"

သတ္ပစ္မယ္တဲ့လား.... အခု Jay ေျပာလိုက္တာက လူတစ္ေယာက္ရဲ႕ အသက္ကိုေတာင္ ကြၽန္ေတာ့္အတြက္နဲ႕ ရန္ရွာနိုင္တယ္တဲ့ေလ....

မထိခိုက္ေစလိုပါ... ကိုယ့္အတြက္နဲ႕ ဘယ္သူ တစ္ဦးတစ္ေယာက္ကိုမွ မထိခိုက္ေစလို....

အဲ့လိုပဲ ကိုယ့္အတြက္နဲ႕ Jay ကိုလဲ ေဒါသေတြနဲ႕ မပူေလာင္ေစလို...

ဒါ့ေၾကာင့္ အခုခ်ိန္ကစၿပီး Jay ေရွ႕မွာ ကြၽန္ေတာ္ဟာ သူတပါးေၾကာင့္ ထိခိုက္ရပါတယ္ဆိုတာမ်ိဳး မရွိေအာင္ ေနျပရေတာ့မယ္... သူတပါးေၾကာင့္ ခံစားရပါတယ္ ဆိုတာမ်ိဳး မရွိေအာင္ ေနျပရေတာ့မယ္... ဒါမွသာလွ်င္ Jay ေရာ... တဖက္လူေရာ အထိခိုက္ အနာက်င္ နည္းရမယ္မလား...

ကြၽန္ေတာ့္ကို ေက်ာေပးကာ မတ္တပ္ရပ္ေနတဲ့ Jay ကိုသာ ေတြေတြႀကီး စိုက္ၾကည့္ေနမိရင္း

" Jay က ေဒါသေတြ အရမ္းႀကီးတတ္လိုက္တာဗ်ာ... ကြၽန္ေတာ္ Jay ေဒါသေတြကို တျဖည္းျဖည္းနဲ႕ ေၾကာက္ေတာင္ ေၾကာက္လာၿပီ "

" အဟက္... ကိုယ္က အဲ့ေလာက္ ေၾကာက္စရာ ေကာင္းေနလား ေဘဘီ... တကယ္က ေဘဘီ ကိုယ့္ကို ေၾကာက္ေနရမွာ မဟုတ္ဘူးေလကြာ... ေဘဘီက ကိုယ့္ကို ခ်စ္ရမွာ... ေဘဘီ့ကို အဲ့ေလာက္ထိ အထိမခံနိုင္ေလာက္ေအာင္ ခ်စ္ေပးတဲ့ ကိုယ့္ကို ေဘဘီက ျပန္ခ်စ္ေပးရမွာ.... ခုေတာ့ ေၾကာက္တယ္တဲ့ လား"

" ကြၽန္ေတာ္ Jay ေဒါသေတြကို ေၾကာက္တယ္"

ကြၽန္ေတာ့္ဘက္ကို ျပန္လွည့္ၾကည့္လာကာ ႏႈတ္ခမ္းပါးတစ္ဖက္ ေကာ့တက္႐ုံေလး ၿပဳံးၿပီး စိုက္ၾကည့္ေနတဲ့ Jayရဲ႕ မ်က္ဝန္းစူးစူးေတြကို ရင္မဆိုင္ရဲလို႔ ေခါင္းေလးငုံ႕ၿပီး ေျပာလိုက္တဲ့ ခဏမွာ

" မင္း ဒီေန႕ တကယ္ကို စကားေတြ အရမ္းမ်ားေနတာပဲ ေဘဘီ... အျပစ္ေပးရမယ္... မလိုအပ္တဲ့ စကားေတြ အမ်ားႀကီးေျပာေနတဲ့ ေဘဘီ့ ႏႈတ္ခမ္းေလးကို... ကိုယ့္ကို ေၾကာက္တယ္လို႔ ေျပာထြက္လာတဲ့ ႏႈတ္ခမ္းေလးကို ဒီလိုေန႕မွာမွ အျပစ္မေပးရင္ ကိုယ္ ဘယ္ေန႕ အျပစ္ေပးရေတာ့မလဲ"

ျပတင္းေပါက္နားကေန Sunoo နားေလးသို႔ ခ်က္ခ်င္းဆိုသလို ေရာက္လာကာ အလုပ္စားပြဲေဘးနားမွာ ရပ္ေနတဲ့ Sunoo ကို ကေလးေတြကို ခ်ီမ သလိုမ်ိဳး ခ်ိဳင္းႏွစ္ဖက္ေအာက္ကေန မ ခ်ီလိုက္ကာ စားပြဲေပၚသို႔ တင္ပစ္လိုက္ေတာ့သည္။

ၿပီး Sunoo ရဲ႕ ေျခေထာက္ႏွစ္ေခ်ာင္းၾကားကို တိုးဝင္ ရပ္လိုက္ၿပီး ခါးေတြကေန ဆြဲဖက္ပစ္လိုက္တာဟာ ရင္ဘတ္ခ်င္း ထိကပ္သြားတဲ့အထိ...

ခ်က္ခ်င္းဆိုမွ တကယ္ကို ခ်က္ခ်င္းေလး... စကၠန႔္ပိုင္းေလးအတြင္း ေျပာင္းလဲသြားတဲ့ အေနအထားမွာ ကြၽန္ေတာ္ဟာ အထိတ္ထိတ္ အလန့္လန့္ေတြ ျဖစ္လို႔။

" Jay... ဖယ္ပါ..."

" ဘာအတြက္ ဖယ္ေပးရမလဲ "

စူးစူးရဲရဲအၾကည့္ေတြနဲ႕ ခပ္တိုးတိုးေျပာလာၿပီး ေမးဖ်ားေလးကေန ဆြဲေမာ့လိုက္ကာ နဖူးခ်င္းထိကပ္ထားၿပီး မ်က္ဝန္းေတြထဲကို စိုက္ၾကည့္ေနပုံေၾကာင့္ Sunoo တစ္ေယာက္ ေျခဖ်ားလက္ဖ်ားေတြ ေအးစက္သြားရေတာ့သည္။

"ဟင့္အင္ေနာ္...''

"မင္းမွာ ျငင္းပိုင္ခြင့္ မရွိဘူး ေဘဘီ... မင္းက ကိုယ့္အပိုင္"

စကားေျပာၿပီးတာနဲ႕ ႏႈတ္ခမ္းေတြေပၚ က်ဴးေက်ာ္လာတဲ့ Jay ရဲ႕ အနမ္းေတြ...

နမ္းလိုက္တိုင္းလဲ ဘယ္ေတာ့မွ ျငင္သာတယ္ မရွိ... ျပင္းရွရွ အနမ္းေတြနဲ႕ ႏႈတ္ခမ္းတစ္စုံလုံးကို စုပ္ယူကာ နမ္းရွိုက္ေနေလသည္။

မိနစ္တခ်ိဳ႕ကုန္လြန္သြားတဲ့အထိ ႏႈတ္ခမ္းေတြကို စိတ္ႀကိဳက္ နမ္းရွိုက္ေနၿပီးမွ အသက္ရႉဖို႔ရာ ေျဖလႊတ္ေပးေလသည္။

ဒါေပမယ့္လဲ ရပ္တန့္သြားျခင္း မရွိတဲ့ Jay အနမ္းေတြက ပါးျပင္ေတြေပၚ ေ႐ြ႕လ်ားသြားၿပီး Sunoo ရဲ႕ ပါးေဖာင္းေဖာင္းေလးထဲကို ႏွာေခါင္းတို႔ နစ္ဝင္ေနေအာင္ ဖိကပ္နမ္းေနျပန္သည္။

ၿပီးေနာက္ လည္တိုင္ေတြဆီ ဆင္းသက္သြားကာ ႏႈတ္ခမ္းေတြနဲ႕ ဆြဲယူငုံစုပ္ၿပီး အမွတ္အသားေတြ ေပးေနျပန္ပါသည္။

"ကြၽန္ေတာ္ မနက္ျဖန္ ေက်ာင္းသြားရအုံးမယ္ေလ Jay..."

အရာေတြ မက်န္ခဲ့ေစဖို႔ တိုးတိုးေလး သတိေပးစကားဆိုမိေလေတာ့ ပို၍ အားစိုက္ကာ စုပ္ယူေနျပန္တာက ဒီ အမွတ္အသားေတြကို ဘယ္သူျမင္ျမင္ ဂ႐ုမစိုက္ဘူးဆိုတဲ့ သေဘာ...

လက္တစ္ဖက္က ေက်ာေနာက္ကေန ထိန္းကိုင္ထားကာ လက္တစ္ဖက္က ရင္ဘတ္က အကၤ်ီၾကယ္သီးေတြကို ဆြဲျဖဳတ္ေနျပန္တာေၾကာင့္

" Jay ေတာ္ပါေတာ့... "

ဘယ္လိုပင္ သတိေပးစကားေတြဆိုဆို... ဘယ္ေလာက္ပဲ တားျမစ္ေနပါေစ သူ႕ဆႏၵေတြအတိုင္းသာ ျပဳမူတတ္တဲ့ Jay က ဘာစကားတစ္ခြန္းမွ မၾကားေလဟန္...

ၾကယ္သီးေတြျပဳတ္သြားလို႔ ဗလာက်င္းသြားတဲ့ Sunoo ရဲ႕ ရင္ဘတ္ေဖြးေဖြးေလးေတြဟာ မထိရက္ မကိုင္ရက္စရာ ျဖဴဥ ႏုမြတ္ေနကာ ပန္းေသြးေရာင္တို႔ပင္ ႂကြခ်င္ေနသလို...

ရင္ဘတ္ေဖြးေဖြးေလးေတြကို လက္ေတြနဲ႕ ဖြဖြေလး ထိကိုင္ကာ စိုက္ၾကည့္ေနၿပီးမွ ႏႈတ္ခမ္းေတြဆီ တဖန္ ခိုနားလာျပန္တဲ့ Jay...

" အရမ္းခ်စ္တယ္ ေဘဘီရယ္... ကိုယ္မင္းကို ႐ူးေလာက္ေအာင္ ခ်စ္တယ္ "

ႏႈတ္ခမ္းေတြဆီကေန ညွပ္ရိုးေလးေတြဆီ Jay ႏႈတ္ခမ္းပါးတို႔ ဆိုက္ေရာက္လာၾကခ်ိန္မွာ ကိုယ္ဟာ ေၾကာက္ေၾကာက္နဲ႕ Jay ခါးက အကၤ်ီစကို လုံးေခ်ကာ တင္းတင္းဆုပ္ထားမိသည္။

သစၥာရွိလြန္းလွတဲ့ ကြၽန္ေတာ့္လက္ေတြဟာ ဘယ္တုန္းကမွ Jay ကို ေထြးေပြ႕တယ္ ဆိုတာ မရွိခဲ့... ဘယ္တုန္းကမွ ကြၽန္ေတာ့္ဘက္က စၿပီး Jay ကို မေပြ႕ဖက္ခဲ့ဖူးတာ အမွန္... အခါခါတိုင္းမွာ Jay ကသာလွ်င္ ကြၽန္ေတာ့္လက္ေတြကို ဆြဲယူၿပီး သူ႕ေနာက္ေက်ာေတြဆီ သူ႕လည္ပင္းေတြဆီကို ပို႔ေဆာင္ေပးကာ ဖက္ထားေစတဲ့သူ...

ခုလဲ ဝတၱရားမပ်က္ သူ႕ခါးက အကၤ်ီစ ကို ဆုပ္ကိုင္ထားတဲ့ ကြၽန္ေတာ့္လက္ေတြကို ဆြဲယူကာ သူ႕ပုခုံးေတြေပၚ တင္ေပးလာသည္။

သူ႕လည္ပင္းကို သိုင္းဖက္ထားေစခ်င္တဲ့ သေဘာ... သူ႕အလိုက်ေပါ့ ဖက္ထားေပးလိုက္တဲ့အခါ ႏႈတ္ခမ္းေတြ ရင္ဘတ္ေတြ လည္တိုင္ေတြ ညွပ္ရိုးေလးေတြဆီ လူးလားေခါက္တုန့္ ကူးလူးေနတဲ့ Jay အနမ္းေတြဟာ ပိုၿပီး ပီျပင္လာသလို ပိုၿပီး အားေကာင္းလာတယ္....

ခ်စ္တယ္ တြင္တြင္ေျပာကာ ေပးေနတဲ့ အနမ္းၾကမ္းၾကမ္းေတြၾကား လူဟာ ရင္ခုန္ရမယ့္ အစား မြန္းၾကပ္ေနရတယ္... သာယာေနရမယ့္ အစား ေၾကာက္လန့္ေနရတယ္... ဒါဟာ အခုမွမဟုတ္... Jay ဘဝထဲကို သူေရာက္ခဲ့တဲ့ ႏွစ္ႏွစ္တာကာလမွာ Jay သူ႕ကို နမ္းတိုင္း ခံစားေနရတဲ့ ခံစားခ်က္ႀကီး...

ဒါဟာ သူ႕ဘဝမွာ ပထမဆုံး အနမ္းခံရခ်ိန္က ဝီစကီနံ႕ျပင္းျပင္းနဲ႕ သေဘာတူညီမႈေတြမပါဘဲ ႏႈတ္ခမ္းေတြကို အၾကမ္းပတမ္း သိမ္းပိုက္ခံလိုက္ရတဲ့ Jay ရဲ႕ အနမ္းၾကမ္းေတြေၾကာင့္မ်ား စြဲကပ္လာတဲ့ ခံစားခ်က္ေတြပဲလားေတာ့ မသိ။

ခုထိ Jay နမ္းတိုင္း သူ ေၾကာက္ေနမိတုန္း....

.
.
.

အဆန္းတၾကယ္ မရွိလွတဲ့ ကြၽန္ေတာ့္ရဲ႕ တစ္ေန႕တာကို ျဖတ္သန္းဖို႔ဟာ Jay ရဲ႕ မနက္ခင္း အိပ္ရာလွမ္းႏွိုးတတ္တဲ့ ဖုန္းတစ္ Call နဲ႕ စ ပါတယ္...

မနက္ခင္းတိုင္းမွာ အေစာႀကီး နိုးထတတ္တဲ့ Jay ရယ္... မနက္ေတြတိုင္းမွာ ေစာေစာမထနိုင္တဲ့ ကြၽန္ေတာ္ရယ္ဟာ ရံဖန္ရံခါ မနက္ခင္း တခ်ိဳ႕မွာ
ေအာ္သံဟစ္သံ ဆူပူသံေလးေတြနဲ႕ စတင္ရတာေတြလဲ ရွိရဲ႕။

ခုလဲ မနက္ခင္း အခ်ိန္မွန္ ဖုန္းဆက္ႏွိုးေနတဲ့ Jay ရဲ႕ ဖုန္းသံ...

သာယာနာေပ်ာ္ဖြယ္ ျမည္လာတဲ့ ဖုန္း Ringtone သံဟာဆိုရင္လဲ Jay ကိုယ္တိုင္ ထား ထားေပးတဲ့ Ringtone...

Troye Sivan ရဲ႕ Angel baby....

သူေခၚတဲ့ ဖုန္း Call ေတြအတြက္ သီးသန့္ထားရွိေပးထားျခင္း...

ထပ္ခါထပ္ခါ ျမည္ေႂကြးေနတဲ့ ဖုန္းသံေတြဟာ ဘယ္လိုမွ လ်စ္လ်ဴရႈလို႔ မရေတာ့တဲ့ အဆုံး Sunoo မွာ မ်က္လုံးေတြကို ႀကိဳးစားဖြင့္ၿပီးေနာက္ ေလးပင္ေနတဲ့ ခႏၶာကိုယ္ကို သယ္ကာ စားပြဲေပၚက ဖုန္းကို လက္လွမ္းလိုက္ရေတာ့သည္။

" ဟယ္လို ... ကြၽန္ေတာ္ နိုးၿပီ Jay "

အိပ္ခ်င္မူးတူးအသံေလးနဲ႕ ဗလုံးဗေထြးေျပာလိုက္မိေတာ့ တဖက္က Jay ဆီမွ ရယ္သံခပ္ပါးပါးကို ၾကားလိုက္ရသည္။

Jay ဆိုတာ အဲ့လိုမ်ိဳး... ဘယ္က အင္အားေတြ ခြန္အားေတြနဲ႕မ်ား အၿမဲတမ္း လန္းဆန္းတက္ႂကြေနရယ္မသိ.... အခ်ိန္တိုင္း အခ်ိန္တိုင္း Jay ဆီမွာ ပင္ပန္းေနတယ္ဆိုတဲ့ အရိပ္အေယာင္မ်ိဳးကို ရွာလို႔မေတြ႕ ...

အအိပ္အေန နည္းပါးတဲ့ Jay ဟာ ဘယ္အခ်ိန္အိပ္ၿပီး ဘယ္ခ်ိန္ထတယ္ဆိုတာ မသိေပမယ့္ ဘယ္ေတာ့မွ အိပ္ငိုက္ေနပါတယ္ဆိုတာ မရွိ... အိပ္ခ်င္ေနတဲ့ အရိပ္အေယာင္မ်ိဳးလဲ မရွိ... သူမို႔ အားေတြေပါၿပီး အၿမဲ လန္းဆန္းေနနိုင္တယ္...

" ကိုယ္ ဖုန္း သုံးခါတိတိေခၚလိုက္ရတယ္ေနာ္ ေဘဘီ... ကေလးလဲမဟုတ္ေတာ့ဘူး ခုထိ အိပ္ေရးက မက္တုန္း... ကိုယ္ ေအာက္မွာ ေရာက္ေနၿပီ ငါးမိနစ္အတြင္း ဆင္းလာခဲ့ "

ဟမ္... သူ႕အိမ္ကေန လွမ္းႏွိုးတယ္ထင္တာေလ.. သူကကြၽန္ေတာ့္အိမ္မွာေတာင္ ေရာက္ေနၿပီတဲ့လား... ၿပီးေတာ့ ခုမွ နိုးတဲ့လူကို ျပင္ဆင္ဖို႔ေပးတဲ့အခ်ိန္က ငါးမိနစ္တဲ့....

အိပ္ခ်င္စိတ္တို႔က ဘယ္ဆီလြင့္ေျပးသြားမွန္းမသိ... ဖုန္းခ်ၿပီးတာနဲ႕ ခ်က္ခ်င္း အိပ္ရာေပၚက ခုန္ထ လိုက္ရသည္။ ဒီေန႕ ရပ္ကြက္ထဲက ပန္းၿခံအထိ ေျပးရမယ့္ ေန႕မလား... ေနာက္က်ရင္ ဆူခံက ထိအုံးမယ္။

အေတြးနဲ႕အတူ အိပ္ရာေပၚကေန အလွ်င္စလို လႈပ္ရွားလိုက္ေတာ့ ဒူးေခါင္းဆီက ဆစ္ကနဲ တစ္ခ်က္...

" အ့~ နာလိုက္တာကြာ... ဒီဒူး နဲ႕ေတာ့ ငါ ဒီေန႕ ေျပးလို႔ရပါ့မလားမသိဘူး "

တစ္ကိုယ္ထဲေရ႐ြတ္ကာ ဒူးေခါင္းေလးကို ငုံ႕ၾကည့္လိုက္မိေတာ့ အဆီေလးေတြထြက္ကာ ရဲေနၿပီး အနာေဘးနားတစ္ဝိုက္ဟာ ညိုမဲလို႔... အေတာ္ေလးေတာ့ နာပါသည္။ ဒါေပမယ့္လဲ Jay သိလို႔မျဖစ္.... သိသြားရင္.....

အနာကို လ်စ္လ်ဴရႈကာ သန့္ရွင္းေရးကို ခပ္သြက္သြက္ေလး လုပ္လိုက္ၿပီး Jay ဝယ္ေပးထားတဲ့ အားကစားဝတ္စုံေတြထဲက တစ္ထည္ကို ယူကာ လဲလိုက္သည္။ မွတ္မွတ္ရရ ေဘာင္းဘီ အရွည္ေလး ဝတ္ခဲ့ဖို႔လဲ မေမ့... ဒူးေခါင္းေပၚက အနာဖုံးေအာင္လို႔။

ေအာက္ထပ္ကို ေျပးဆင္းလာေတာ့ အိမ္ေရွ႕က ပန္းအိုးေတြနားမွာ လက္ပိုက္ၿပီး ရပ္ေစာင့္ေနတဲ့ Jay ကို ေတြ႕လိုက္ရသည္။ ေခါင္းစေျခဆုံး All black ႀကီးနဲ႕။ ကြၽန္ေတာ္ ဝတ္လာတာက အေပၚေရာ ေအာက္ေရာ ဖိနပ္ပါမက်န္ အျဖဴေရာင္ေတြသာ။

အဲ့လို အဲ့လို အႀကိဳက္ေတြ ဆန့္က်င္ဘက္ျဖစ္ေနပါတဲ့ Jay နဲ႕ ကြၽန္ေတာ္ရယ္ပါ....

အနားေရာက္လာတဲ့ ကြၽန္ေတာ့္ကို ပုခုံးေတြကေန ဆြဲဖက္ကာ နဖူးေလးကို အနမ္းေပးလိုက္ၿပီးမွ

"Morning baby... "

"Morning... "

မၾကည္မလင္အသံေလးနဲ႕ပါပဲ ခုထိ အိပ္ခ်င္ေနတုန္းမို႔....

ဒါကို Jay က ရယ္ျပန္ပါတယ္။

" ဟားဟား ကိုယ့္အသက္ရွည္ေဆးေလးလား... ေဘဘီ့ကို ၾကည့္လိုက္ရင္ ကိုယ့္မွာ မၿပဳံးမရယ္ဘဲကို မေနနိုင္ဘူး"

အျမန္ျပင္ဆင္လာရလို႔ မသပ္မရပ္ျဖစ္ေနတဲ့ အဝတ္အစား ဖရိုဖရဲေလးရယ္.... အိပ္ရာထမို႔ ထိုးထိုးေထာင္ေထာင္ျဖစ္ေနတဲ့ ဆံပင္ေလးေတြရယ္... မို႔အစ္အစ္မ်က္ခြံေလးေတြရယ္က Jay အတြက္ေတာ့ ေဆးခ်ယ္လို႔မမွီနိုင္မယ့္ မနက္ခင္း အလွတရားေလးတစ္ခု....

အထဲေခါက္ဝင္ေနတဲ့ ေကာ္လံတစ္ဖက္ကို ဆြဲထုတ္ေပးၿပီး ထိုးေထာင္ေနတဲ့ ဆံပင္ေလးေတြကို ဖိသပ္ေပးလိုက္ၿပီးမွ

" အၿမဲ ဗရိုဗရဲနဲ႕ ဘယ္ခ်ိန္မွ သပ္သပ္ရပ္ရပ္ ဝတ္စားတတ္မွာလဲ မင္း... ေတြ႕စကလို 18 ႏွစ္သားေလးလဲ မဟုတ္ေတာ့ဘဲ"

"Jay ပဲ ငါးမိနစ္ဆို ... မွီေအာင္ မနည္းလုပ္လာရတာ အဲ့ေလာက္ေတာ့ ရွိမွာေပါ့ "

"ေဘဘီက အၿမဲ ကိုယ္ႏွိုးမွ ထတာကိုး... ေစာေစာထၿပီး ႀကိဳျပင္ဆင္ထားရင္ ခုလိုေတြျဖစ္မလား "

"မထခ်င္ပါဘူး အေစာႀကီး ခုေတာင္ မနည္းထလာရတာ ဒီ့ထပ္ ေစာထရရင္ေတာ့..."

ေျပာလက္စ စကားကိုရပ္ၿပီး မ်က္ျဖဴလွန္ျပေနတဲ့ ေဘဘီ့ေၾကာင့္ မရယ္ဘဲမေနနိုင္ေတာ့...သေဘာက ေစာထရရင္ သူ ေသၿပီေပါ့ေလ...

" ဟား ဟား ဟား မင္းကြာ... ေျပာလိုက္ရင္ အဲ့လို ပိုပိုကဲကဲေလးကို ေျပာလိုက္ရမွ ဟား ဟား "

အသည္းေတြယားလာကာ ေစာေစာက ဖိေပးထားတဲ့ ဆံပင္ေလးေတြထဲကို လက္ေခ်ာင္းေတြနဲ႕ ထိုးကာ ျပန္ဖြပစ္ေတာ့ ေခါင္းကို ေနာက္ဆုတ္သြားကာ ေရွာင္လိုက္ၿပီး ...

" ေျပးမယ္မလား လာေတာ့ေလ " ဟုဆိုကာ ေရွ႕ကေန ေျပးသြားေလတဲ့ ေဘဘီ ...

ဘယ္ေလာက္ပဲ ေရွ႕က ႀကိဳေျပးေျပး Jay ေျခလွမ္း သုံးေလးလွမ္းေလာက္ လိုက္ေျပးလိုက္တာနဲ႕ ေဘဘီဟာ ေနာက္က က်န္ေနၿမဲ...

ခုလဲ ထုံးစံမျပတ္ေပါ့... ေဘဘီ့ ေရွ႕က ေက်ာ္တက္ရင္း

" ကိုယ့္ကို မွီေအာင္လိုက္ ေဘဘီ... ကိုယ္ ေစာင့္ေခၚမွာ မဟုတ္ဘူး "

" မေစာင့္လဲ ေန "

စူေအာင့္ေအာင့္ ထြက္လာတဲ့ အသံေလး... Jay မွာ သြားေတြေပၚေအာင္ၿပဳံးလိုက္မိရင္း ေခါင္းကိုသာ အသာခါယမ္းၿပီး ေရွ႕ကေန ေျပးလာလိုက္ေတာ့သည္။

ဒီကေလးဟာ သူ႕ကို ေၾကာက္သလိုလို မေၾကာက္သလိုလိုနဲ႕...

တစ္ခါတစ္ခါ အၾကည့္တစ္ခ်က္နဲ႕တင္ ျပာယာခတ္ေအာင္ ေၾကာက္ေနေပမယ့္ တစ္ခါတစ္ေလက် သူမဟုတ္သလို ျပန္ျပန္ ေျပာတတ္ေသးတာ....

ေရွ႕ကေန ခပ္ႏွေးႏွေးသာ ေျပးေနေပမယ့္ အရင္ကထက္ ပိုေဝးေနတဲ့ အကြာအေဝးေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္ေတာ့ မ်က္ႏွာေလးရႈံ႕မဲ့ေနကာ သူ႕ေဘာင္းဘီသူ ဆြဲဆြဲမၿပီး ငုံ႕ၾကည့္ေနေလသည္။

ဒီကေလး ဘာျဖစ္ေနတာလဲ...

ေနာက္ကေန လိုက္လာလိမ့္မယ္ဆိုၿပီး မေစာင့္ေတာ့ဘဲ ေျပးလာၿပီး ပန္းၿခံထဲက ခုံတန္းတစ္ခုေပၚမွာ ထိုင္ကာ ေစာင့္ေနလိုက္ေတာ့သည္။

ခဏအၾကာမွ ေနာက္ကေန ေရာက္လာၿပီး ေဘးနားလာထိုင္မယ္ လုပ္ေတာ့

" ပန္းၿခံတစ္ပတ္ ထပ္ေျပး ေဘဘီ အဲ့ဒါ အမ်ားႀကီး ေနာက္က်လိဳ႕ အျပစ္ေပးတာ "

"ဟာ... Jay ကလဲ... ကြၽန္ေတာ္ ဘယ္ေလာက္မွလဲ ေနာက္က်တာ မဟုတ္ဘဲနဲ႕ "

" အပိုေတြ မၾကားခ်င္ဘူး ေျပးဆိုေျပး "

"ကြၽန္ေတာ္ ေမာေနၿပီေလဗ်ာ... အိမ္ကေန ဒီအထိ အနားတမ္းေျပးလာရတာကို"

"မနားဘူးဆိုရင္ လမ္းမွာ ရပ္ၿပီး ဘာလုပ္ေနတာလဲ "

"ဟိုဟာ... အဲ့ဒါက... ဟို ဖိနပ္ ဖိနပ္ႀကိဳးက ရွည္ေနလို႔ အဲ့ဒါ.... "

" အိမ္က မထြက္ခင္ကတည္းက ေဘဘီ့ကို ေျခဆုံးေခါင္းဆုံး ကိုယ္ၾကည့္ၿပီးသားေနာ္... မလိမ္နဲ႕"

"မလိမ္ပါဘူး... ကြၽန္ေတာ္ တကယ္ ေျပာတာကို"

"ကိုယ္ျမင္တာေတာ့ ဖိနပ္ႀကိဳးခ်ည္ေနတာ မဟုတ္ဘူးဘဲ... ကိုယ္ပဲ အျမင္မွားတာလား "

" တကယ္ေျပာေနတာကို..."

ေလသံတိုးတိုးေလးနဲ႕ ေျပာလိုက္ခါ ေခါင္းကို ငုံ႕ခ်ထားလိုက္မိတာက Jay အၾကည့္စူးစူးေတြနဲ႕ ရင္မဆိုင္ခ်င္လို႔။ ဆက္ၾကည့္ေနမိရင္ အလိမ္ေပၚေတာ့မယ္ေလ...

" အဟင္း... လိမ္ခ်င္ရင္လဲ ကိုယ့္ေရွ႕မွာ ဟန္ေဆာင္တတ္ေအာင္ အရင္ ေလ့က်င့္အုံး ေဘဘီ "

" မလိမ္ပါဘူး ဆို..."

"ကဲ ဒါဆိုလဲ တစ္ပတ္ ပတ္ေျပးလာခဲ့... အဲ့ဒါဆို မလိမ္ဘူးလို႔ ကိုယ္ယုံေပးမယ္"

"ဟုတ္..."

ခုထိျပန္ေမာ့မလာေသးတဲ့ မ်က္ႏွာေလးက ခပ္မဲ့မဲ့ေလးျဖစ္ေနတာကို သတိထားမိၿပီးသား...

ေဘဘီ ဖုံးကြယ္ေနတဲ့ တစ္စုံတစ္ရာကို တူးဆြခ်င္တာေၾကာင့္ ဆက္ေျပးခိုင္းလိုက္ေတာ့ ထပ္မျငင္းရဲေတာ့ဘဲ ေခါင္းေလး ညိမ့္ ျပကာ ေျပးသြားေလသည္။

ေျခေထာက္တစ္ဖက္....

ညာဖက္ေျခေထာက္ေလးတစ္ဖက္ မူမမွန္ဘူးဘဲ....

ေထာ့နဲ႕နဲ႕ နဲ႕ ခပ္ဆဆေလး လုပ္ကာ ေျပးေနျခင္း...

သတိထားမိလိုက္တာနဲ႕ပဲ ခ်က္ခ်င္း ထိုင္ရာမွထကာ ေနာက္ကလိုက္သြားၿပီး လက္ကိုလွမ္းဆြဲလိုက္ေတာ့ ရင္ခြင္ထဲသို႔ ယိုင္ကနဲၿပိဳက်လာၿပီး

" အ့~~"

မ်က္ႏွာေလးက ရႈံ႕မဲ့သြားၿပီး ညည္းသံတိုးတိုးေလးက ထြက္လာသည္။

ဒါေပမယ့္ ခ်က္ခ်င္းပဲ မ်က္ႏွာကို ျပင္လိုက္ကာ ရင္ခြင္ထဲကေန ႐ုန္းထြက္သြားၿပီး

" ဘာျဖစ္လို႔လဲ ဟင္ Jay... ကြၽန္ေတာ္ ေျပးေနတယ္ေလ "

" ျပစမ္း အဲ့ေျခေထာက္"

"ဘယ္ ေျခေထာက္လဲ "

"မသိသလို လုပ္မေနနဲ႕ ေဘဘီ... ကိုယ္ စိတ္မရွည္တတ္တာ မင္း သိတယ္ေနာ္"

မ်က္ခုံးတန္းေတြ တြန့္ခ်ိဳးထားကာ အလိုမက်မႈေတြ ေပၚလြင္ေနတဲ့ Jay ရဲ႕ မႈန္ကုတ္ကုတ္ တည္တင္းတင္း မ်က္ႏွာထားေၾကာင့္ Sunoo ဆက္ၿပီး ဟန္ေဆာင္ထားလို႔ မရေတာ့ဘူးဆိုတာ သိလိုက္ရသည္။

" ဟို.. ခိုက္မိထားလို႔ပါ... ဘာမွ မျဖစ္ဘူးရယ္... မနက္က ကုတင္စြန္းနဲ႕ တိုက္မိထားလို႔ "

" ဘာျဖစ္ျဖစ္ ျပ ငါ့ကို "

"တကယ္ပါ Jay ရဲ႕ ကြၽန္ေတာ္ ဘာမွမျဖစ္ဘူး... ေျပးတာၾကာသြားလို႔ နည္းနည္းေလး နာသြား႐ုံပဲ"

" ေဘဘီ့!!! "

စိတ္မရွည္ေတာ့တဲ့ အဆုံး ထ ေအာ္ေတာ့လဲ လူေလးက တုန္တုန္ယင္ယင္...

" Jay ကလဲ မေအာ္ပါနဲ႕... ပန္းၿခံထဲမွာ လူေတြ အမ်ားႀကီးနဲ႕ကို "

"ေအာ္တယ္ကြာ ေအာ္တယ္... ငါ စိတ္မရွည္တာ သိရဲ႕သားနဲ႕ အေအာ္ခံရေအာင္ မင္း လုပ္ေနတာ ပဲ ... လာ ထိုင္ ခုခ်က္ခ်င္း ျပစမ္း အဲ့ေျခေထာက္"

လက္ေကာက္ဝတ္ကေန ဆြဲေခၚကာ အနီးက ခုံတန္းေလးေပၚ ထိုင္ခိုင္းလိုက္ၿပီး ေဘာင္းဘီအနားစကေန ဆြဲလွန္လိုက္တဲ့အခါမွာေတာ့ ျမင္လိုက္ရတာက ဒူးေပၚမွာ ေသြးေတြပါ ထြက္ေနတဲ့ ဒဏ္ရာတစ္ခု... အသားနီေတြပါေပၚေနကာ ေဘာင္းဘီနဲ႕ပြတ္တိုက္ထားမႈေၾကာင့္ ဒဏ္ရာက ပို၍ နီရဲေနကာ ေသြးေတြပါ ထြက္ေနေလသည္။ ဒဏ္ရာရဲ႕ ေဘးေတြဟာလဲ ညိုမဲေနကာ ေသြးေခ်ေတြပါဥ လို႔...

" ဒါလား ကုတင္နဲ႕တိုက္တာ... ဟမ္ ငါ့ကို ညာခ်င္ေသးတယ္... မင္း အခန္းတစ္ခုလုံး ငါ့စိတ္ႀကိဳက္ ျပင္ဆင္ေပးထားတာ မင္းကို ထိခိုက္ေစမယ့္ အရာ တစ္ခုေလးေတာင္ ငါ ထား မထားဘူး... ေျပာ ဒါ ဘာျဖစ္တာလဲ "

"ခိုက္မိတာ "

"ဘာနဲ႕ လဲ... ဘယ္လို ပုံစံမ်ိဳးနဲ႕ လဲ... "

" ေရခ်ိဳးခန္းထဲ မွာ ကြၽန္ေတာ္ သတိမထားလိုက္မိလို႔ ေခ်ာ္လဲတာ"

"ေဘဘီ... ကိုယ့္ကို ငတုံးငအ ထင္ေနတာလား... မွန္မွန္ ေျပာ... "

"ဟို...ကြၽန္ေတာ္ ေျပာလိုက္ရင္ Jay က..."

"အင္း ကိုယ္က ဘာျဖစ္လဲ "

" Jay ... "

"အင္း "

"ခု ဟာကေလ တကယ္ကို ကြၽန္ေတာ့္ဘာသာ မေတာ္တဆခိုက္မိတာမို႔ ဘယ္သူ႕ကိုမွ ဘာမွမလုပ္ရဘူးေနာ္"

"က်စ္!! အပိုစကားေတြ ေျပာေနျပန္ၿပီ ကြာ...ေျပာမွာသာ ေျပာစမ္းပါ "

"ဟို... ေက်ာင္းမွာ ျဖစ္လာတာ... အတန္းထဲက ေကာင္ေတြက အုပ္စုဖြဲ႕ၿပီး ေက်ာင္းေျပာင္းလာတဲ့ ေက်ာင္းသားသစ္ကို အနိုင္က်င့္ေနလို႔ ကြၽန္ေတာ္ ဝင္တားရင္းနဲ႕ မေတာ္တဆထိမိလာတာပါ "

"အင္း ဟုတ္ၿပီ... ဘယ္လိုေၾကာင့္ မေတာ္တဆက ဒူးၿပဲတဲ့အထိ ျဖစ္ရတာလဲ "

"ဟို...."

" က်စ္!! ကိုယ္အခု ေဘဘီ့ ေက်ာင္းကိုသြားၿပီး အတန္းထဲက လူေတြ အကုန္ စုခိုင္းလိုက္ရေတာ့မလား "

"ေျပာပါ့မယ္ ေျပာမွာမလို႔ Jay က ဘယ္သူ႕ကိုမွ ဘာမွ မလုပ္ရဘူး ေနာ္"

"Kim Sunoo!! ဘယ္လိုျဖစ္လို႔ တျခားလူတစ္ေယာက္ အေပၚ အဲ့ေလာက္ထိ ကာကြယ္ေပးေနရတာလဲ... သူ႕ကို ငါ တစ္ခုခု သြားလုပ္လိုက္မွာစိုးၿပီး ငါ့ကို ဖုံးကြယ္ဖို႔ ႀကိဳးစားေနတာကိုက မင္း တအားလြန္ေနၿပီေနာ္ ... ထပ္ ထပ္ၿပီး လြန္မလာေတာ့နဲ႕ "

"တိုးတိုးေျပာပါ လို႔"

"မေျပာဘူးကြာ... မတိုးနိုင္ဘူး... မင္းကို ဒီလိုျဖစ္ေအာင္ လုပ္ထားတဲ့ လူကို မင္းမို႔လို႔ ကာကြယ္ေပးေနေသးတယ္....ငါ့ကိုလဲ လိမ္ညာေသးတယ္... "

"ေျပာလိုက္လို႔ Jay သိသြားရင္ ခုလို ေဒါသေတြ ထြက္မွာမွန္းသိလို႔ မေျပာတာပါ... Jay ကို ေဒါသမထြက္ေစခ်င္လို႔ပါ... ကြၽန္ေတာ့္အတြက္နဲ႕လဲ တျခားလူေတြ ထိခိုက္တာမ်ိဳး မျဖစ္ေစခ်င္လို႔ပါ... တကယ္ပါ Jay ရယ္... ကြၽန္ေတာ့္မွာ Jay ကို လိမ္ဖို႔ညာဖို႔ စိတ္ကူးမရွိပါဘူး "

" သူမ်ားကို ထိခိုက္မွာေတာ့ ေၾကာက္တယ္ မင္းကိုယ္တိုင္ ထိခိုက္လာတာက်ေတာ့ေရာ...သူတို႔ေတြေၾကာင့္ မင္း ထိခိုက္လာတာက်ေတာ့ မင္း မနာတတ္ဘူးလား... လူဆိုတာ ကိုယ့္ကို ထိ ရင္ နာတတ္ရတယ္ကြ... အရာရာ သီးခံေနလို႔ကေတာ့ မင္းေခါင္းေပၚ ခ်ီးတက္ပါခ်သြားလိမ့္မယ္... အဲ့ဒါ မင္း ၿမဲၿမဲမွတ္ထား "

" တကယ္ မေတာ္တဆပါ... "

" မေတာ္တဆလဲ ငါ သီးမခံနိုင္ဘူးကြာ... မင္းကို မ်က္လုံးေလးနဲ႕ ၾကည့္လာတာေတာင္ ငါမခံနိုင္တာ ခုလို ေသြးထြက္သံယို ျဖစ္တဲ့အထိ... ဟားးး အဲ့ေကာင္ေတြေတာ့လား... မထိရမယ့္အရာကိုမွ လာထိမိတာပဲ "

ေဒါသေတြႀကီးၿပီး အံတႀကိတ္ႀကိတ္ျဖစ္ေနတဲ့ Jay ကိုၾကည့္ၿပီး Sunoo နားလည္ရခက္လာပါသည္။ Jay ဟာ ဘာေၾကာင့္မ်ား ေသးေသးမႊားမႊား ကိစၥေလးေတြနဲ႕လဲ အစြန္းေရာက္တတ္ပါသလဲ...

ခ်စ္လို႔ အထိမခံနိုင္တာဆိုတာကိုလဲ နားလည္ေပမယ့္ Jay ဟာ သူမ်ားနဲ႕မတူေအာင္ အစြန္းေရာက္လြန္းပါသည္။ သိတယ္... ခု ကိစၥမွာလဲ Jay သာသိရင္ Sunoo ကို ထိခိုက္မိေအာင္ လုပ္တဲ့ ေကာင္ေလးေတြ မလြယ္ေတာ့ဘူးဆိုတာ... ကိုယ့္ေၾကာင့္နဲ႕ ေက်ာင္းေနအ႐ြယ္ ေကာင္ေလးေတြရဲ႕ ဘဝကို အေရာင္ေတြ မစြန္းထင္းေစလို။

" Jay... သူတို႔ကို ဘာမွ မလုပ္ပါနဲ႕ေနာ္... "

"ဘာအတြက္နဲ႕ အဲ့ေလာက္ထိ ကာကြယ္ေပးေနရတာလဲကြ... သတ္မွာ... မင္း အဲ့ေလာက္ထိ ကာကြယ္ေပးေနလို႔ကို သတ္ပစ္မွာ.... ဘယ္ေကာင့္ကိုမွ မင္းရဲ႕ ကာကြယ္မႈေတြ မရေစခ်င္လို႔ကို သတ္ပစ္မွာ ကြာ... ရွင္းလား "

"အဟင့္.... ဟင့္... "

လူၾကားထဲမွာ တားလို႔မရ... ေတာင္းပန္လို႔မရနဲ႕ ေဒါသတႀကီး ေအာ္ဟစ္ေနတဲ့ Jay ေၾကာင့္ လူဟာ ရွက္စိတ္နဲ႕ အတူ ဝမ္းနည္းစိတ္တို႔ ဝင္လာကာ မငိုဖို႔ တင္းထားေပမယ့္ မ်က္ရည္တို႔က က်လာေတာ့သည္။

တကယ္တမ္းေတာ့ Jay ဟာ ကြၽန္ေတာ့္ကို ခ်စ္တယ္ဆိုတာထက္ သူ႕အတၱေတြကိုသာ သူ ပိုခ်စ္ေနတဲ့လူ...

" မငိုနဲ႕ ငါ့ေရွ႕မွာ...က်မလာနဲ႕ အဲ့မ်က္ရည္ေတြ ငါမျမင္ခ်င္ဘူး "

"ဟင့္... Jay မွ ကြၽန္ေတာ္ ေျပာတာ လက္မခံဘဲ"

" အဟက္... ငါ့အပိုင္ကို ထိပါးလာရင္ ငါ ဘယ္လိုလုပ္တတ္တယ္ဆိုတာ မင္း သိေနတာပဲ ေဘဘီ... ေအး ၿပီးရင္ ငါ့ကို ညာတဲ့ အတြက္ မင္းလဲ အျပစ္ေပးခံရမယ္ ... ငါ့ကို လိမ္တာညာတာ ငါ ဘယ္ေလာက္မုန္းလဲဆိုတာ မင္းလဲ အသိပဲ "

"အင့္... အဟင့္... ဟင့္ "

"တိတ္လို႔ ငါေျပာေနတယ္ေနာ္... က်မလာနဲ႕ အဲ့မ်က္ရည္ေတြ ... မင္း ေယာက်္ား မဟုတ္ဘူးလား... ထစ္ခနဲရွိ မ်က္ရည္က်ၿပီး ေပ်ာ့ညံ့ေနတာမ်ိဳးေတြ ငါ မႀကိဳက္ဆုံးပဲ "

" ေတာ္ပါေတာ့ မေအာ္ပါနဲ႕ေတာ့... ေတာင္းပန္ပါတယ္... အျပစ္ေပးခ်င္ရင္လဲ ကြၽန္ေတာ့္ကိုပဲ ေပးပါ... Jay ကို လိမ္ညာမိသလို ျဖစ္သြားလို႔ ကြၽန္ေတာ္ တကယ္ကို ေတာင္းပန္ပါတယ္... ဒါေပမယ့္ မဆိုင္တဲ့လူေတြကိုေတာ့... "

" က်စ္ ~ ဟာကြာ... "

ဒုန္း ~~

Jay ဟာေဒါသတႀကီးနဲ႕ Sunoo ထိုင္ေနတဲ့ ခုံကို ေျခေထာက္နဲ႕ကန္ကာ လွည့္ထြက္သြားသည္။ ေျခႏွစ္လွမ္းေလာက္ ေရာက္မွ ျပန္လွည့္လာၿပီး
ေမးေၾကာေတြ ေထာင္ထေနေအာင္ အံကိုတင္းတင္းႀကိတ္ကာ Sunoo ကို လက္ညွိုးထိုးၿပီး

" အဲ့မ်က္ရည္ေတြ မေျခာက္မခ်င္း ငါ့ေနာက္လိုက္မလာနဲ႕ "

ဟု ေျပာၿပီး ေျခလွမ္းက်ဲႀကီးေတြနဲ႕ ပန္းၿခံထဲမွ ထြက္သြားေလေတာ့သည္။

ေဘးပတ္ဝန္းက်င္ကို ဂ႐ုမစိုက္တတ္တဲ့ Jay ကေတာ့ သူ႕စိတ္ႀကိဳက္ ေအာ္ကာ ဟစ္ကာ ထြက္သြားခဲ့ေပမယ့္ အေအာ္ခံရတဲ့ Sunoo မွာေတာ့ ကြက္ၾကည့္ ကြက္ၾကည့္ လုပ္ေနတဲ့ လူေတြရဲ႕ အၾကည့္ဒဏ္ေတြေၾကာင့္ ေခါင္းမေဖာ္ရဲစြာနဲ႕ က်ေနတဲ့ မ်က္ရည္ေတြကိုသာ နာနာသုတ္ရင္း ခုံတန္းေလးေပၚ က်န္ေနခဲ့ရသည္။

တစ္ခုခုဆို တစ္ဆုံးေတြးၿပီး ဝမ္းနည္းတတ္တဲ့ စိတ္ႀကီးေၾကာင့္ ေတြးလိုက္ ငိုလိုက္နဲ႕ မ်က္ရည္ေတြဟာ သုတ္လိုက္ က်လာလိုက္...

ထိုစဥ္မွာပဲ မ်က္လုံးေရွ႕မွာေပၚလာတဲ့ Skate board တစ္ခု...

တိတိက်က်ဆိဳရင္ Skateboard ေပၚ ေျခေထာက္တစ္ဖက္တင္ကာ ကိုယ့္ေရွ႕မွာ ေျခစုံလာရပ္ေနတဲ့လူတစ္ေယာက္...

ဒူးက်ေဘာင္းဘီ တိုပြပြ အနက္ေရာင္ေလးကို ဝတ္ထားၿပီး စီးထားတဲ့ ဖိနပ္ကလဲ အနက္ေရာင္မို႔ ေဘာင္းဘီအနက္နဲ႕ ဖိနပ္အနက္ၾကားက ျမင္ေနရတဲ့ ေျခသလုံးသား ဝင္းဝင္းေလးေတြက အေရာင္ေတြ ပိုေတာက္ေနသလိုပါပဲ...

ကိုယ့္ပုံစံက မ်က္ရည္ေတြနဲ႕ ဖရိုဖရဲမို႔ အေပၚထိ ေမာ့မၾကည့္မိေပမယ့္လဲ ျမင္ေနရတဲ့ ေျခသလုံးသားေတြရဲ႕ တုတ္ခိုင္က်စ္လစ္မႈေတြအရ ဒါဟာ ေယာက်္ားေလးတစ္ေယာက္ဆိုတာကိုေတာ့ သတိထားမိလိုက္သည္။

ေရွ႕က လူက လက္ကိုင္ပဝါေလး တစ္ထည္ကို သူ႕ဆီ လွမ္းေပးလာၿပီး

" မ်က္ရည္ေတြ သုတ္မနိုင္ေအာင္ က်ေနတာပဲ... ဒါေလး ယူထားလိုက္ေနာ္...ဘာကိစၥေၾကာင့္ဆိုတာ မသိေပမယ့္ စိတ္ညစ္စရာေတြကို ၾကာၾကာ သိမ္းမထားဘဲ အဲ့မ်က္ရည္ေတြနဲ႕အတူ လႊင့္ပစ္လိုက္ပါ " တဲ့

ကမ္းေပးလာတဲ့ လက္ကိုင္ပဝါေလးကို လွမ္း ယူလိုက္ၿပီး ေခါင္းေလးညိမ့္ျပလိုက္ေတာ့ ေရွ႕က လူက Board ေလးကို အရွိန္ယူကာ ေျခေထာက္ေတြနဲ႕ တြန္းေ႐ႊ႕ၿပီး အေဝးသို႔ ထြက္သြားေလေတာ့သည္။

ကြၽန္ေတာ္ကေတာ့ ေပးလာတဲ့ လက္ကိုင္ပဝါေလးနဲ႕ မ်က္ရည္ေတြကို သုတ္လိုက္ကာ မ်က္လုံးေတြက ဖိနပ္ထိပ္ဖ်ားေလးဆီ ငုံ႕ၾကည့္ေနၿပီး ခုထိ ေခါင္းမေဖာ္နိုင္ဘဲ ငိုေနမိဆဲ....

***********************************

Love you all my Vitamins 💙

San Htarni 💙

15.1.2023

Comment