~ 12 ~

~ 12 ~

Meeting ပြီးသွားပြီမို့ ဒါရိုက်တာ အဖွဲ့ဝင်တွေ အခန်းထဲက အလျှို အလျှို ထွက်သွားကြပေမယ့် ခုထိ ငုတ်တုတ်ကြီး ထိုင်နေတဲ့ လူတစ်ယောက် ရှိနေသေးတယ်။ သူကတော့...

စားပွဲရဲ့ထိပ်ဆုံးမှ CEO ထိုင်တဲ့ ဆုံလည်ကုလားထိုင်ပေါ် တောင့်တောင့်ကြီး ထိုင်ကာ ဖုန်းထဲက ပို့လိုက်တဲ့ အချက်အလက်တချို့နဲ့ ဓာတ်ပုံလေးတွေကို မျက်တောင်မခတ် စိုက်ကြည့်နေတဲ့ CEO Park...

အချက်အလက်တွေကတော့ သူလိုချင်တဲ့အတိုင်း သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာတဲ့အရာတွေမို့ စိတ်ကျေနပ်ပေမယ့် CEO Park ရဲ့ မျက်ခုံးတန်းတွေ တွန့်ချိုးပြီး စိတ်အလိုမကျမှုကိုဖြစ်စေတာကတော့ ကျောင်းဝန်းထဲက ခုံတန်းလေးမှာ နှစ်ယောက်အတူထိုင်နေသော ပုံတွေနဲ့ နှစ်ယောက်အတူ ice rink ရှိရာ Ice Museum
အဆောက်အအုံထဲသို့ ဝင်သွားသောပုံများ...

ကြည်လင်ပြတ်သားပြီး resolution ကောင်းတဲ့ camera ရဲ့ Focus မိမိ ရိုက်ထားတဲ့ ပုံတွေထဲမှာ တစ်ဖက်ကောင်လေးရဲ့ အကြည့်စူးစူးတွေက ဘေဘီ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသလို ဘေဘီ့မျက်နှာလေးပေါ်မှာလဲ အပြုံးနုနုလေးတွေနဲ့ ကောင်လေးကို ပြန်လည်မော့ကြည့်နေလေသည်။

Leo ကို တိတ်တိတ်လေး စောင့်ကြည့်ဖို့ တာဝန်ပေးလိုက်ပါပြီ ဆိုကတည်းက Leo ပို့လာသမျှ ပုံတွေတိုင်းမှာ ဘေဘီနဲ့ ဒီကောင်လေး နှစ်ယောက်တည်းသာ....

*ဘေဘီနဲ့ ဒီကောင်လေး သိပ်ကို အတွဲများနေပါ့လား... ဒီလို တွဲသားတွဲလာ လုပ်နေတာတွေက ရိုးမှ ရိုးသားရဲ့လား... ရိုးသားမှုမှ ရှိပါ့မလား.... ဟူးးး မင်း အတွက် ငါ ဘယ်လို အရာတွေကို ထပ်ပြီး လုပ်ဆောင်ရအုံးမလဲ ဘေဘီရယ် *


လက်ထဲက ဖုန်းကို စားပွဲပေါ် ပစ်ချလိုက်ပြီး ကုလားထိုင်နောက်မှီပေါ် ခန္ဓာကိုယ်ကို ပစ်မှီလိုက်ပြီး ဆံပင်တွေထဲ လက်ချောင်းတို့ ထိုးထည့်ကာ ဆွဲဖွလိုက်ပြီး မျက်လုံးအစုံကို မှိတ်ထားလိုက်မိသည်။

ဒေါက် ဒေါက် ဒေါက်

ထိုအချိန်မှာပဲ တံခါးခေါက်သံသဲ့သဲ့ကို ကြားလိုက်ရပြီး အခန်းထဲသို့ ဝင်ရောက်လာတဲ့ အတွင်းရေးမှူး Lee...

" ကျွန်တော် ရောက်ပြီ CEO "

" အွန်း... ကျွန်တော် ပြောထားတာတွေ စီစဉ်လိုက်တော့ အတွင်းရေးမှူး Lee... အခုချိန်က အခါကောင်းပဲ "

" ဟုတ်ကဲ့ CEO... အားလုံး အဆင်ပြေစေရပါမယ် "

" တစ်ခုပဲ ဒီဘက်ကဆိုတာကို လုံးဝအသိခံလို့ မဖြစ်ဘူး...အတွင်းရေးမှူး Lee လုံးဝ ရှေ့မထွက်မိပါစေနဲ့... သိဖို့ အချိန်မတန်သေးဘူး "

" စိတ်ချပါ... ကျွန်တော် အဲ့အတွက်လဲ ရှေ့ထွက်မယ့်လူတွေကို မှာစရာရှိတာ အကုန် မှာထားပြီးပါပြီ "

" Ok Ok ကျွန်တော် စိတ်ချထားမယ်နော်... ဘာတစ်ခုမှ လွဲချော်လို့ မဖြစ်တာ အတွင်းရေးမှူး Lee သိတယ်မလား "

" ဟုတ်ကဲ့ ကျွန်တော် သိပါတယ်... သူ့နေရာနဲ့သူ အားလုံး နေရာချထားပြီးသား ဖြစ်လို့ CEO စိတ်ချထားလို့ ရပါတယ် "

" ဟုတ်ပြီလေ... လိုအပ်တာရှိရင်လဲ ပြောပေါ့... "

" ခုထိတော့ မလိုသေးပါဘူး "

" ဟုတ်ပါပြီ ဒါဆိုလဲ စပြီး လှုပ်ရှားလိုက်တော့ "

" ဟုတ်ကဲ့ CEO... ကျွန်တော့်ကို ခွင့်ပြုပါအုံး "

အတွင်းရေးမှူး Lee ထွက်သွားပြီးတာနဲ့ Jay လဲ အိမ်ပြန်ဖို့ ထွက်လာခဲ့တော့သည်။

Company ကိစ္စတွေမှာ သူဖြစ်ချင်တာ သူလိုချင်တာ သူစီမံတဲ့အတိုင်း အရာရာ သူ့စိတ်တိုင်းကျ ဖြစ်နေသလောက် ဘေဘီ့ကို ကိုင်တွယ်တဲ့နေရာမှာ သူ့စိတ်တိုင်းကျ ဖြစ်မလာတာဟာ သူပဲ အကိုင်အတွယ်မတတ်လို့လား....

တင်းကြပ်တဲ့ အချိန်တုန်းကလဲ တင်းကြပ်ခဲ့ပြီးပြီ....

တင်းကြပ်လွန်းလို့ မွန်းကြပ်လှပါပြီတဲ့....

အလျှော့ပေးထားပြန်တော့လဲ သူ စိတ်ဖြောင့်ဖြောင့် မနေနိုင်ပြန်ဘူး...

လွတ်လပ်မှုကို ခုံမင်ပြီး သူ့ရင်ခွင်ထဲက ထွက်သွားမှာ သိပ်စိုးရိမ်လို့....

ဘေဘီသာ သက်မဲ့အရုပ်ကလေးတစ်ရုပ်ဆိုရင် မှန်ဘောင်ထဲမှာ ထည့်ပြီး ပျောက်ရှမသွားအောင် သိမ်းထားလိုက်ချင်ပါရဲ့.....

သူ အဲ့ဒီ့လောက်ထိ ဘေဘီ့ကို မက်မောတယ်...

အရင်ကဆို ဘေဘီ့ဘေးနား အစောင့်အကြပ်တွေရှိတာကြောင့် Yang Jungwon ဆိုတဲ့ ကောင်လေးတစ်ယောက်ကလွဲ ဘယ်သူမှ အနားမကပ်ရဲကြ။

ခုတော့ အစောင့်တွေ ထားမ​ပေးတော့တဲ့ အချိန်ကျမှ ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ ကောင်လေးတွေနဲ့ အပေါင်းအသင်းဖြစ်နေတယ်တဲ့လေ။

စိတ်မချလို့ ကောင်လေးတွေရဲ့ နောက်ကြောင်းကို စုံစမ်းခိုင်းလိုက်တော့ Park Sunghoon ဆိုတဲ့ Figure Skate စီးတဲ့ ကောင်လေးအပြင် ကျန်နှစ်ယောက်ကပါ မျိုးရိုးခပ်မြင့်မြင့် အခြေကြီးအနေကြီးထဲက...

ဒါတွေထက် အရေးကြီးတဲ့ အကျင့်စာရိတ္တပိုင်းကို စုံစမ်းလိုက်တော့ ဒီသုံးယောက်လုံးဟာ ဂျွတ်ဆတ်ဆတ်နဲ့ တဇွတ်ထိုး တဇောက်ကန်းနိုင်တတ်တာကလွဲ စာရိတ္တပိုင်းမှာတော့ ကောင်းမွန်တဲ့အထဲမှာ ပါသည်တဲ့လေ။

ဒါကြောင့်ပဲ ဘေဘီအနား ရောက်နေတာကို မကန့်ကွက်တော့ဘဲ နောက်ကွယ်ကနေသာ Leo ကို စောင့်ကြည့်ဖို့ တာဝန်ပေးထားရတော့သည်။

ဒါပေမယ့်လဲ ဘာကို ဘဝင်မကျနေမှန်း မသိတဲ့ စိတ်ကြီးကြောင့် Jay ခုတလော နေရထိုင်ရတာ စိတ်ထဲ သိပ်မကြည်လင်ချင်။

ထို့ကြောင့် အိမ်ပြန်လမ်းကို ဦးတည်နေတဲ့ ကားကို လမ်းကြောင်းပြောင်း၍ စဥ်းစားစရာတွေရှိလို့ ခေါင်းဆေးချင်တိုင်း သွားတတ်တဲ့ bar ဆီသို့ ဦးတည်လိုက်တော့သည်။

ဆိုင်ထဲမှာတော့....

ငြိမ့်ငြိမ့်ညောင်းညောင်းတီးခတ်နေတဲ့ piano တေးသွားသံလေးကို ခပ်တိုးတိုးသာ ဖွင့်ထားပြီး အပြာရောင် မီး မှိန်ပြပြအောက်မှာ အရက်သောက်နေကြတဲ့ လူတွေကလဲ သူ့စားပွဲဝိုင်းနဲ့သူ တိတ်တိတ်ဆိတ်ဆိတ်...

အရက်စပ်တဲ့ ကောင်တာစားပွဲမှာသာ ထိုင်ပြီး အရက်စပ်တဲ့ ကောင်လေး ချပေးသမျှ အရက်တွေကို တစ်ခွက်ပြီး တစ်ခွက်....

အရသာခံကာ ခပ်ဖြေးဖြေးပဲ သောက်တဲ့အခါလဲ သောက်သလို ချပေးတာနဲ့ တန်းကောက်မော့လိုက်တာလဲ ရှိရဲ့။

အရက် ဘယ်နှခွက်ပဲဝင်ဝင် မူးနေတဲ့လူနဲ့ မတူအောင် အမူအရာကို ထိန်းထားနိုင်တာလဲ Jay ရဲ့ စရိုက်တစ်ခု...

အရက်ခွက်တွေကို တစ်ခွက်ပြီးတစ်ခွက် ကောက်မော့ နေပေမယ့် Jay ရဲ့ စိတ်အာရုံတွေကတော့ အရက်သောက်နေခြင်းထဲမှာ မရှိ။

ဓာတ်ပုံထဲက ကောင်လေးနှစ်ယောက်ရဲ့ ပုံကိုသာ မြင်ယောင်နေမိခြင်း ဖြစ်သည်။

စိတ်မချဘူး...

သူ ဘေဘီ့ကို စိတ်မချဘူး...

ကိုယ်မဟုတ်တဲ့ တခြားလူ ရင်ခွင်မှာ ဘေဘီ ပျော်မွေ့သွားမှာမျိုးကို သူတကယ် စိတ်မချဘူး...

အပိုင်သိမ်းလိုက်ရမလား...

သူ ရင်ပူနေရတာတွေ သူ့ စိတ်တွေ ပူပန်နေရတာတွေ သက်သာသွားအောင် ဒီ အရုပ်ကလေးကို သူ အပိုင်သိမ်းလိုက်ရတော့မလား....

ဒီလိုဆို သူဘေဘီ့ကို စိတ်ချထားလို့ရပြီလေ။

ဘယ်နှခွက်မြောက်မှန်းမသိတဲ့ အရက်ခွက်ကို ကောက်မော့လို့ အပြီးမှာတော့ သူ့ဘေးနားရောက်လာတာက သူ့ရဲ့ Driver...

" CEO သောက်တာအရမ်းများနေပါပြီ... ကျွန်တော်တို့ အိမ်ပြန်ကြစို့ "

သူသောက်နေတာကို ဟန့်တားလာတာကြောင့် ခပ်စူးစူးတစ်ချက် ကြည့်လိုက်ပြီးမှ

" မင်းကို ငါ ဒီထဲထိ လာဖို့ ခေါ်မထားပါဘူး... ရောက်နေရင်လဲ အပြင်မှာ စောင့်လေ "

" ကျွန်တော် အပြင်မှာ ရောက်နေတာ ကြာပါပြီ... CEO သောက်တာ အရမ်းများနေလို့ ကျွန်တော် လာခေါ်တာပါ "

" မင်း ဘယ်တုန်းက ငါ့ကိစ္စတွေကို ဝင်စွက်ဖက်ဖူးလို့လဲ ... ကိုယ့်နေရာကို မသိတာလား... ငါ ပသား ပေးထားလို့ ကိုယ် နေရမယ့် နေရာကို မေ့သွားတာလား "

" တောင်းပန်ပါတယ် CEO... အတွင်းရေးမှူး Lee က ဖုန်းဆက်ပြီး ဝင်ခေါ်ခိုင်းလို့ပါ... "

" ကျစ်! စိတ်ရှုပ်စရာ "

" ပြန်ကြရအောင်ပါ CEO "

" ဟူးးး မင်းကလဲ ငါ ပြန်မလိုက်မချင်း ကပ်ခေါ်နေမယ့်ပုံပဲ အေးကွာ... သွား ပြန်ကြမယ် "

Jay သူ သောက်တာ တကယ်လဲ များနေပြီဖြစ်တာကြောင့် ပြန်ရန်ဆုံးဖြတ်ကာ ခုန်မှ ထ လိုက်သည်။ အနည်းငယ် ယိုင်ချင်သလို ဖြစ်သွားတဲ့ ခန္ဓာကိုယ်ကို ပြန်ထိန်းရင်း ကားရှိရာဆီ ရှေ့က ဦးဆောင် သွားလိုက်တော့သည်။

ကား စထွက်ပြီးဆိုတာနဲ့ အပေါ်ကုတ်ကို ဆွဲချွတ်လိုက်ကာ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး ဘေဘီ့ဆီသို့ ဖုန်းခေါ်လိုက်သည်။

ဖုန်း screen ဆီသို့ ကြည့်နေတဲ့ Jay ရဲ့မျက်နှာတည်တင်းတင်းမှာ မျက်ခုံးတန်းတို့ တွန့်ချိုးသွားရသည်။

ဖုန်းမအားသေးပါ ဆိုပါ့လား....

လက်က နာရီကို ကြည့်လိုက်တာ့ ညရှစ်နာရီကျော်လို့ ကိုးနာရီ နီးပါး...

ဒီအချိန်ထိ ဘယ်သူနဲ့ ဖုန်းပြောနေလို့ ဘေဘီ့ဖုန်းက မအားရတာလဲ...

တောက် တစ်ချက်ခေါက်လိုက်ကာ ဖုန်းကို ခဏချထားလိုက်သည်။

ကားမှန်ကို ချ၍ ကားပြတင်းမှ ဝင်ရောက်လာတဲ့ ညလေနုအေးလေးတွေကို ခံစားရင်း လမ်းတစ်လျှောက် ဖြတ်ကျော်လာခဲ့တဲ့ ဆိုင်တွေ လူတွေ ကားတွေကို အကြောင်းမဲ့ ငေးရင်း မျက်လုံးတွေကို အစာကျွေးကာ လိုက်ပါလာခဲ့လိုက်သည်။

တဖန် လက်က နာရီကို ပြန်ကြည့်လိုက်တော့ ကိုးနာရီ...

ဒီအချိန်ဆိုရင်တော့ ဖုန်းပြောလို့ ပြီးတန်ကောင်းရဲ့...

ကားကလဲ အိမ်နားကိုပင် ချည်းကပ်လာနေပြီ။

နောက်တစ်လမ်းကျော်ရင် အိမ်ကိုရောက်ပြီ။

ဖုန်း Screen ပေါ်က ငွေရောင်ဆံနွယ်လေးတွေ ဝဲခါနေပြီး အဖြူရောင် နှင်းဆီတွေကြား ပြုံးရယ်နေတဲ့ ကောင်လေးရဲ့ ပုံလေးကို ကြည့်လိုက်ပြီး Jay နှုတ်ခမ်းပါးလေး ကော့တက်သွားရသည်။

ဒီကောင်လေးဟာ ဒီလို Screen ပေါ်က သက်မဲ့ပုံရိပ်လေးတွေနဲ့တောင် သူ့ကို ပြုံးပျော်စေအောင် စွမ်းနိုင်လွန်းတဲ့သူလေး....

ဖုန်း Screen ပေါ်က လက်ချောင်းရှည်သွယ်သွယ်လေးတွေကို အလုပ်ပေးလိုက်ပြီး ဘေဘီ့ဖုန်းနံပါတ်တွေဆီကို ထပ်မံ၍ ခေါ်ဆိုလိုက်သည်။

. . .

ဒီတစ်ခါလည်း ဖုန်းဟာ မအားသေးပါ တဲ့....

ကျစ်! ဒါတော့ တော်တော်များသွားပြီ ဘေဘီ....

ကိုးနာရီ မထိုးခင်တည်းက ပြောနေတဲ့ ဖုန်းက ကိုးနာရီ ကျော်နေတဲ့အထိ ပြောလို့မပြီးသေးဘူးတဲ့လား...

မင်း ဘယ်သူနဲ့များ ဘာအကြောင်းတွေ အဲ့သလောက်ထိ ပြောနေရသလဲ....

ထပ်ခါထပ်ခါ ခေါ်နေလဲ ဖုန်းဟာ အားမလာ... အိမ်ရှိရာ လမ်းထဲကိုပင် ဝင်လာပြီဖြစ်တဲ့ ကားက ဘေဘီ့အိမ်နားကိုပင် ရောက်လုပြီ။

" ကား ကို ဘေဘီ့ အိမ်ထဲပဲ ဝင်လိုက် "

Driver ကို အမိန့်ပေးလိုက်ပြီး ကားကို ဘေဘီ့အိမ်ဆီသို့ ဝင်စေတော့ အိမ်ထဲက ခြံစောင့်တစ်ယောက်က တံခါးကို လာဖွင့်ပေးသည်။

ကားသံကြောင့် အိမ်ထဲက ထွက်လာတဲ့ ဘေဘီ့အမေက

" CEO... ခုမှ အပြင်က ပြန်လာတာလား "

" ဟုတ်တယ် ကျွန်တော် အခုမှ ပြန်ရောက်တာ.. ဘေဘီ ရော "

" သား သူ့အခန်းထဲမှာ ရှိပါတယ် CEO "

" ကျွန်တော် ဘေဘီနဲ့ စကားပြောစရာလေး ရှိနေတယ် အန်တီ"

" ဟုတ်ကဲ့ CEO... ဒါဆို ကျွန်မ သွားခေါ်ပေးပါ့မယ် "

" နေပါစေ ကျွန်တော်ပဲ အပေါ်တက်သွားလိုက်မယ်... အန်တီ နားလို့ရပါပြီ "

ညအချိန်ကြီးမို့ လူကြီးကို ဒုက္ခမပေးချင်တာကြောင့် နားနေဖို့ ပြောလိုက်ပြီး လှေကားအတိုင်း Jay အပေါ်သို့ တက်လာခဲ့သည်။ လက်က တော့ ဘေဘီ ဖုန်းနံပါတ်တွေကို ခေါ်နေဆဲ....

အခန်းရှေ့ရောက်တော့ တံခါးကို အသာဆွဲကြည့်လိုက်သည်။ Lock ချမထားတဲ့ အခန်းတံခါးကြောင့် တံခါး ကို အသာအယာလှပ်ကာ အထဲသို့ ဝင်လိုက်တဲ့ အချိန်မှာ စာကြည့်စားပွဲမှာ ထိုင်ပြီး ဖုန်းကို Speaker ဖွင့်၍ ဘေးမှာချထားပြီး လက်တစ်ဖက်က ဘောပင်ကို ကိုင်ကာ စာအုပ်ထဲမှာ တစ်စုံတစ်ခုကို ချရေးနေလေသည်။

ရေးနေရင်းမှ ဖုန်းထဲမှ တစ်ဖက်လူကို လှမ်းပြောလိုက်တဲ့စကားက

" အဲ့နေရာကို ငါ မရှင်းဘူး ဖြစ်နေတာ Jungwon ရ... ခု မင်း ရှင်းပြလိုက်မှ ရသွားတော့တယ်... ဟဲဟဲ ကျေးဇူးပါ သူငယ်ချင်း လေး "

ဘာလဲကွာ...

ဒီလူမှာ စိုးရိမ်စိတ်တွေနဲ့ ရင်တွေပူပြီး ဘယ်သူနဲ့ ဖုန်းပြောနေလို့ မအားရတာလဲ ဆိုပြီး တိတ်တိတ်လေး ဝင်လာကြည့်တယ် သူက စာမေးရင်း ဖုန်းပြောနေတယ်တဲ့လား....

Jay အခုမှပဲ သက်ပြင်းမောတစ်ခုကို မှုတ်ထုတ်လိုက်နိုင်တော့သည်။ ဘေဘီ့အပေါ် မယုံကြည်သလို ဖြစ်သွားမိလို့ တောင်းပန်ပါတယ် ဘေဘီရယ်...

ဒါပေမယ့်လဲ Jungwon နဲ့ ဖုန်းမပြောခင်က Sunghoon နဲ့ ဖုန်းအကြာကြီး ပြောနေမိတာကိုတော့ Jay မသိလိုက်ရှာဘူး။

စာထဲ အာရုံရောက်နေတဲ့ ဘေဘီကတော့ သူ ဝင်လာတာကို ခုထိ သတိမထားမိသေး။

သူ့သူငယ်ချင်းနဲ့ ရယ်ကာမောကာ ဖုန်းပြောရင်း စာလုပ်နေရှာလေသည်။

ဘေဘီ့အနားသို့ မသွားသေးဘဲ တံခါးကို မှီပြီး ပြုံးရွှင်ကာ စာတွေလုပ်နေတဲ့ ဘေဘီ့ကို တိတ်တိတ်လေး ငေးကြည့်နေမိလိုက်သည်။

ကိုယ်မဟုတ်တဲ့ ဘေးလူတွေနဲ့ဆို မင်းလေးက အမြဲ ပြုံးရယ်နေတာပဲလား ဘေဘီ။

ထိုစဉ် တစ်ဖက်က ဖုန်းထဲက ကောင်လေးရဲ့အသံ ထွက်လာပြန်သည်။

" ya.. Kim Sunoo.. မင်း ငါနဲ့ အခုလို ဖုန်းအကြာကြီး ပြောနေတော့ မင်း လူကြီးက သဝန်မတိုဘူးလား ကွ "

" ဘာကို သဝန်တိုရမှာလဲ... သူနဲ့ ငါ့ကြား အဲ့ဒါမျိုးတွေ မရှိပါဘူး "

အဲ့ဒါမျိုးတွေ မရှိဘူးတဲ့လား...

ကိုယ် တကယ်ပဲ မင်းအပေါ် သဝန်မတိုခဲ့ဖူးဘူးလား...

ဒါဆို အပြင်အတူသွားကြတိုင်း ကိုယ့် ဘေးက အရုပ်လှလှလေးကို လူတွေ ဝိုင်းကြည့်ပြီး ငေးမောကြတဲ့အခါ ကိုယ် ဒေါသတွေထွက် စိတ်တွေတိုရတာကရော... မင်းလေးက ဘယ်လို ထင်ထားလို့လဲ....

တကယ်တမ်း လက်တွေ့မှာတော့ Jay က အဲ့လို ဒေါသတွေထွက် စိတ်တိုတိုင်း ဘေးနားက မလှုပ်တလှုပ်နဲ့ အေးစက်စက်လေး ရှိနေတတ်တဲ့ Sunoo ကို အော်ငေါက်တာ ဆွဲယမ်းခေါ်သွားတတ်တာတွေကြောင့် Sunoo စိတ်ထဲမှာ သူ့ကို သဝန်တိုလို့ လို့ မမြင်ခဲ့ပါဘူး.... ဒါတွေက Jay သူ့ကို တမင် အာဏာပြပြီး ကြမ်းရမ်းတာတွေလို့ပဲ မြင်ခဲ့တာလေ....

ဒါတွေကြောင့်ပဲ Sunoo လေးရဲ့ စိတ်ထဲမှာ Jay အပေါ် ကြောက်တဲ့ စိတ်တွေ ကိန်းအောင်းလာခဲ့ရတာ။

တဖန် ထိုကောင်လေး ထပ်မေးလိုက်တဲ့စကားက

" ဒါဆို မင်း လူကြီးက မင်းကို မချစ်လို့လား... မင်းကရော မင်းလူကြီးကို မချစ်ဘူးလား "

ဒီနေရာမှာ Jay အသက်ရှူဖို့ မေ့သွားတဲ့အထိ ဘေဘီ့နှုတ်က ပြောလာမယ့်အဖြေကို မျှော်လင့်နေမိတာ။ ဘေဘီ ဘယ်လို ဖြေမလဲ...

ဘေဘီ့ဆီမှ ပြန်ဖြေသံမကြားရဘဲ အခန်းထဲမှာ ခဏတော့ တိတ်ဆိတ်သွားရသည်။

ပြီးမှ ဘေဘီက

" အဲ့ဒါတွေ ငါမသိဘူး Jungwon.. ချစ်ချစ် မချစ်ချစ် ငါကျောင်းပြီးရင် Jay ကို လက်ထပ်ရမှာပဲ... အချစ်ဆိုတာကြီးကိုလဲ ငါ မခံစားတတ်ဘူး... အဲ့တော့ ငါတို့ကြား အချစ်ဆိုတာ မလိုအပ်ဘူး ထင်တာပဲ "

ဘေဘီ့ဖြေသံအဆုံးမှာ Jay အောင့်ထားမိတဲ့ အသက်ကို ဟားးးကနဲနေအောင် ပါးစပ်ကို ဟ ကာ မှုတ်ထုတ်လိုက်ပြီး ဘေဘီ့နားကို သွားလိုက်သည်။

ပြီး စားပွဲပေါ်က ဖုန်းကို ကောက်ယူလိုက်ကာ တစ်ဖက်သို့

" ဘေဘီ့ရဲ့ ဖုန်းပြောချိန် ပြည့်သွားပါပြီ " လို့ ပြောလိုက်တဲ့အချိန်မှာ ထိုကောင်လေးကလဲ သူ့အသံကို ကြားသွားတော့ စကားတွေ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောပြီး ဖုန်းချသွားလေတော့သည်။

" ဟာ... ဟို ဟုတ် ဟုတ်... ကျွန် ကျွန်တော် မသိလို့ပါဗျ " တဲ့

" Jay !!! "

ရုတ်တရက် သူ့ကို မြင်လိုက်လို့ ထိုင်ရာမှ ထ ရပ်လိုက်တဲ့ ဘေဘီက ပေါင်လယ်လောက်ပဲရှိတဲ့ အဖြူရောင် ဘောင်းဘီတိုလေးကို အဖြူရောင် ပိုးသားအင်္ကျီပွပွလေးတစ်ထည်နဲ့ တွဲဝတ်ထားကာ ရေချိုးထားဟန် ပုံစံလေးက မွှေးကြိုင်နေပြီး လန်းလန်းဆန်းဆန်း။

ခေါင်းလျှော်ထားတော့ ငွေရောင်ဆံပင် ပျော့ပျော့လေးတွေကလဲ စင်းကျနေကာ Shampoo နံ့ ခပ်သင်းသင်းလေးနဲ့ နဖူးပြင်လေးကို အုပ်လို့နေသည်။

Jay မျက်လုံးတွေက ဘေဘီ့ ခန္ဓာကိုယ် အောက်ပိုင်းကို ရောက်သွားတဲ့ အချိန်မှာ စောစောက ထိုင်ထားတာကြောင့် အဖျားလေးတွေ လိပ်တက်နေတဲ့ ဘောင်းဘီတိုလေးအောက်က ခြေထောက်လေးဟာ သွယ်တန်းဖြောင့်စင်းလို့။

ည မီးရောင်အောက်မှာ တကိုယ်လုံး ဖွေးဖွေးလှုပ်နေတဲ့ ဘေဘီ့ကို ကြည့်ပြီး အရက်သောက်တုန်းက မမူးခဲ့တဲ့ Jay ဟာ ဘေဘီ့ အလှတရားအောက်မှာ ယစ်မူးချင်သွားတယ်။

Jay ရဲ့ သိမ်းငှက်လို မျက်လုံးစူးစူးတွေကတော့ ခပ်ပါးပါး အင်္ကျီလေးအောက်က ချပ်ချပ်ရပ်ရပ် ခန္ဓာကိုယ်လေး တစ်လျှောက် အစုံအဆန်ကူးလူးလို့။

နောက်ဆုံး ဆေးမကူပါဘဲ ပန်းသွေးရောင် ကြွနေတဲ့ နှုတ်ခမ်းဖူးဖူးလေးအရောက်မှာ အကြည့်တွေ ရှေ့မဆက်နိုင်တော့ဘဲ အာခေါင်တွေ ခြောက်လာခဲ့တယ်။

သူ့ကို အခန်းထဲမှာ ရုတ်တရက် တွေ့လိုက်ရလို့ ပါးစပ်လေးဟကာ ပြူးပြူးလေး ရပ် ကြည့်နေတဲ့ ဘေဘီကတော့ လက်ထဲမှာ ဘောပင်လေးကိုင်ကာ ခုထိ မလှုပ်မယှက်။

သူတို့နှစ်ယောက်ကြားက ခံနေတဲ့ ကုလားထိုင်ကို Jay ဘေးသို့ တွန်းဖယ်လိုက်ကာ ဘေဘီ့လက်ထဲက ဘောပင်လေးကိုယူပြီး စားပွဲပေါ် တင်ပေးလိုက်သည်။

ပြီး အံ့သြမှင်သက်စွာ ရပ်ကြည့်နေဆဲဖြစ်တဲ့ ခန္ဓာပါးပါးလေးကို ခါးမှနေ ဆွဲယူ၍ ရင်ခွင်ထဲ ထည့်လိုက်ပြီး

" ဒီလိုတွေ ဝတ်စားထားပြီး တံခါး lock မချဘဲ အေးဆေးဖုန်းပြောနေရအောင် သတ္တိတွေ တော်တော်ကောင်းနေတာလား ဘေဘီ "

သူပြောလိုက်မှ အသိဝင်လာသလို ဘေဘီက မျက်တောင်ရှည်လေးတွေ ပုတ်ခတ် ပုတ်ခတ် လုပ်လာပြီး မျက်ဆန်လေးထောင့်ကပ်ကာ

" အာ... အဲ့ဒါ ရေဗူးကုန်နေလို့ အောက်ဆင်းပြီး ရေဗူးယူဖို့ တံခါးဖွင့်နေတုန်း Jungwon ဆီက ဖုန်းလာလိုက်လို့လေ... ဖုန်းပြေးကိုင်လိုက်တော့ တံခါးပြန်ပိတ်ဖို့ မေ့သွားတာ "

ရင်ခွင်ထဲကနေ မော့မော့လေး ကြည့်နေပြီး ဖြေရှင်းချက်ပေးနေတဲ့ ဘေဘီ့ ဆီက သင်းပျံ့နေတဲ့ ရနံ့လေးတွေကြောင့် မနေနိုင်စွာ ဆံပင်လေးတွေထဲ တိုးဝှေ့နမ်းရှိုက်လိုက်ပြီး

" အဲ့လို သတိမရှိတာမျိုး ကိုယ်မကြိုက်တာ ဘေဘီသိရဲ့သားနဲ့... အမြဲ သတိလက်လွတ် နေတယ်... ကိုယ် အပြစ်ပေးမှာ မကြောက်ဘူးလား "

" Jay ကလဲ..."

မော့ကြည့်နေတဲ့ မျက်ဝန်းညိုလေး အောက်ငုံ့သွားပြီး နှုတ်ခမ်းဖူးလေးက မသိမသာလေး စူထွက်လာသည်။

Jay အဲ့နှုတ်ခမ်းလေးကို အသည်းယားလာတာကြောင့် သူ့ရဲ့ နှုတ်ခမ်းနှစ်လွှာကြား ဆွဲငုံ့ပစ်လိုက်တော့ သူ့ရင်ဘတ်ကို တွန်းပြီး ခေါင်းလေးနောက်ကို လှန်ချကာ ရှောင်ထွက်သွားသည်။ မျက်နှာလေး ရှုံ့ရှုံ့မဲ့မဲ့နဲ့ ပြန်ကြည့်လာပြီး

" Jay ~~ အရက်တွေ သောက်ထားပြီးတော့... "

" ဘာလဲ အရက်သောက်ထားတော့ မနမ်းရဘူးလား "

" ကျွန်တော် အဲ့အနံ့တွေ မခံနိုင်ပါဘူးဆို "

" အဲ့ဒါဆို များများနမ်းပေးမယ်... ဒါမှ နောက်ဆို ခံနိုင်လာမှာ "

" Jay~ ဖယ်ပါ "

သူ့ရင်ဘတ်ကို တွန်းပြီး အနမ်းမခံရဖို့ ရုန်းကန်နေတဲ့ ဘေဘီ့ကြောင့်... သူ ဘေဘီ့နှုတ်ခမ်းတွေကို ပိုပြီး ဆာလောင်လာတယ်။

ဒါနဲ့ပဲ ရုန်းနေတဲ့ ဘေဘီ့ကို ကုတင်ပေါ်သို့ တွန်းလှဲပစ်လိုက်ပြီး Necktie ကို ဆွဲဖြုတ်လိုက်ကာ ဘေဘီ့ပေါ်သို့ အုပ်မိုးလိုက်သည်။

" Jay~ ဘာလုပ်မလို့လဲ ဖယ်ပေးဆို... ကျွန်တော်
အဲ့အနံ့တွေ မခံနိုင်ဘူးလို့ "

" မခံနိုင်လဲ အသက်အောင့်ထား ဘေဘီရာ... ကိုယ် ဘေဘီ့ကို အရမ်းနမ်းချင်နေတယ် "

" ဟင့် Jay ~~ အွန်းး"

ငြင်းဆန်နေတဲ့ အသံလေး တိတ်ကျသွားကာ အခန်းလေးထဲမှာတော့ နှုတ်ခမ်းလေးကို နမ်းရှိုက်ရာမှ ပေါ်ထွက်လာတဲ့ အသံလေးတွေကသာ လွှမ်းခြုံသွားခဲ့တော့တယ်။

အရက်သောက်လို့ မမူးခဲ့တဲ့ Jay တစ်ယောက် ဘေဘီ့ရဲ့ အထိအတွေ့ အငွေ့အသက်လေးတွေကြား ယစ်မူးပြီး နူးနူးညံ့ညံ့ နှုတ်ခမ်းလေးကို လွတ်ထွက်သွားမှာ စိုးသည့်မလား သူ့ နှုတ်ခမ်းတွေကြား စိတ်ရှိလက်ရှိ စုပ်ယူနမ်းရှိုက် နေခဲ့တော့တယ်။

နှုတ်ခမ်းတွေက အလွတ်မပေးသလို Jay လက်တွေကလဲ ဘေဘီ့ရဲ့ နူးနူးညံ့ညံ့ အသားစိုင်လေးတွေ တလျှောက် ပွတ်သပ်ကိုင်တွယ်နေပြီး အင်္ကျီအောက်မှာ အလုပ်ရှုပ်နေခဲ့တယ်။

Jay အောက်က ခန္ဓာကိုယ်လေးဆီမှ ရင်ဘတ်တွေ နိမ့်တုန် မြင့်တုန် အသက်ရှူတွေပြင်းလာခဲ့တော့ Oxygen လိုအပ်နေပြီဆိုတာ ခန့်မှန်းမိတာကြောင့် နှုတ်ခမ်းလေးတွေကို လွတ်မြောက်ခွင့်ပေးလိုက်ပြီး လည်တိုင်ဖွေးဖွေးလေးဆီ ဆင်းသက်လာကာ လက်တွေကလဲ ရင်ဘတ်ပေါ်က အင်္ကျီကြယ်သီးလေးနှစ်လုံးကို ဖြုတ်လိုက်သည်။

ကြယ်သီးလေးတွေ ပြုတ်သွားတော့ ညှပ်ရိုးလေးတွေနဲ့ ပုခုံးသားလေးတွေ ပေါ်အောင်ထိ အင်္ကျီကို ဆွဲချလိုက်သည်။

ထိုအခါမှာ ရင်ဘတ်ဖွေးဖွေးလေးပါ ပေါ််သွားတာကြောင့် လက်လေးနှစ်ဖက်ယှက်သိုင်းကာ ဖုံးအုပ်လာတဲ့ ဘေဘီက

" Jay ~ တော်ပါတော့ ~~ "

လှုပ်လှုပ်ခတ်ခတ် အသံသေးသေးလေးတွေနဲ့ တားမြစ်နေတဲ့ Sunoo ရဲ့ စကားသံတွေက Jay ရဲ့ လုပ်ရပ်တွေကို မတားဆီးနိုင်ခဲ့။

ရင်ဘတ်လေးပေါ် ယှက်သိုင်းပြီး ဖုံးအုပ်ထားတဲ့ Sunoo ရဲ့ လက်တွေကို ဆွဲဖယ်ကာ ကုတင်နဲ့ ဖိကပ်ထားလိုက်ပြီး ပေါ်နေတဲ့ ညှပ်ရိုးလေးကို Jay သွားနဲ့ ဖိကိုက်လိုက်တော့ ဘေဘီ့ဆီမှ ညည်းသံတိုးတိုးလေး ထွက်ကျလာသည်။

" အ့ ~ Jay မကိုက်ပါနဲ့ ကျွန်တော် နာနေပြီ "

ဒါပေမယ့်လဲ သူလုပ်စရာရှိရာကိုသာ တစိုက်မက်မက် လုပ်ဆောင်နေတဲ့ Jay က Sunoo ဘာပြောပြော မကြားသည့်မလား ။

ညှပ်ရိုးလေးတွေ ပုခုံးသားလေးတွေနဲ့ ရင်ဘတ်လေးတွေကို နှုတ်ခမ်းတွေနဲ့ စုပ်ယူကာ နမ်းရှိုက်လိုက် သွားတွေနဲ့ ဖိကြိတ်ကာ ကိုက်ဆွဲလိုက်နဲ့ Sunoo ခန္ဓာကိုယ်လေး တွန့်လိမ်နေကာ အနာကြီး နာနေပေပြီ။

ဝီစကီ တန်ခိုးရယ် သူသိပ်မက်မောတဲ့ ဘေဘီ့ရဲ့အထိအတွေ့ နူးနူးညံ့ညံ့လေး ရယ် ခန္ဓာပါးပါးလေးဆီက ရနေတဲ့ Jay သိပ်ကြိုက်တဲ့ ဘေဘီ့ရဲ့ ကိုယ်သင်းနံ့လေးတွေရယ် ပေါင်းစပ်သွားတဲ့ အခါ Jay ရဲ့ ဆင်ခြင်နိုင်စွမ်းတွေမဲ့။

အဲ့လိုပဲ အောက်ကနေ စိတ်ကြိုက်ခြယ်လှယ်ခံနေရတဲ့ ဘေဘီ့မျက်နှာလေးဟာလဲ ခပ်မဲ့မဲ့။

မိနစ်တွေ အတော်ကြာတဲ့အထိ မပြီးဆုံးနိုင်တဲ့ Jay ရဲ့ အနမ်းတွေကြား Sunoo အသက်ရှူတွေ ကြပ်လာခဲ့ပြီ။ အသက်ရှူသံပြင်းပြင်းတွေနဲ့ နမ်းရှိုက်နေတဲ့ Jay ကတော့ ခုထိ မောဟန်မတူ။

" Jay.. တော်ပါတော့ လို့!! "

Sunoo Jay ပုခုံးကို တွန်းဖယ်ကာ အသံကျယ်ကျယ်နဲ့ အော်လိုက်တော့မှ Jay ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားကာ Sunoo လည်ပင်းကြား ခေါင်းစိုက်နေတဲ့ Jay ရဲ့ မျက်နှာက အပေါ်သို့ မော့ကြည့်လာခဲ့တော့သည်။

" ဘာဖြစ်နေတာလဲ ဘေဘီ... ဒီမှာ ငါ နမ်းနေတာ မင်း မသိဘူးလား "

စိတ်အလိုမကျစွာ မျက်မှောင်ကြီးကျုံ့ကာ ပြောနေတဲ့ Jay ကို ကြည့်ပြီး Sunoo မျက်ရည်လေးများ ကျလာပြီး

" Jay က လုပ်လိုက်ရင်အရမ်းပဲ... ကျွန်တော့်ကို ဖိချုပ်ပြီး နမ်းနေတာ ကျွန်တော် နာလာပြီ "

ထိုအခါကျမှ Jay ဘေဘီ့ ခန္ဓာကိုယ်လေးကို ငုံ့ကြည့်လိုက်မိတော့ လည်ပင်းတွေ ရင်ဘတ်တွေ ပုခုံးတွေပေါ် Jay ရဲ့ ကိုက်ရာ အကွင်းလိုက်တွေက သွေးလေးများပင် စို့လို့။ နှုတ်ခမ်းလေးဟာလဲ ယောင်ယမ်းပြီး ဖူးကြွနေကာ အောက်နှုတ်ခမ်းလေးဟာ ပေါက်ပြဲလို့။

အဝတ်အစား ဖရိုဖရဲလေးနဲ့ သွေးစို့ဒဏ်ရာ အကွင်းလိုက်တွေကို မြင်လိုက်ရတော့မှ Jay သူ့စိတ်တွေ တော်တော်လေး လွတ်သွားမှန်း သိလိုက်ကာ ကုတင်ထက်က ခန္ဓာကိုယ်လေးကို ဆွဲထူပြီး ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်သည်။

" sorry ဘေဘီရယ်... ကိုယ့်စိတ်တွေ လွတ်သွားတယ်... ကိုယ် "

Jay ပေါက်ပြဲနေတဲ့ ဘေဘီ့ အောက်နှုတ်ခမ်းလေးကို လက်မလေးနဲ့ ဖိပွတ်ပေးလိုက်တော့ ဘေဘီ့ခန္ဓာကိုယ်လေး တွန့်သွားပြီး

" ဟင့် နာတယ် "

" အရမ်းနာနေလား.. ကိုယ် ဘာလုပ်ပေးရမလဲ ဟင် "

" ဟင့်အင် ရတယ် နားချင်ပြီ... ကျွန်တော် နားတော့မယ် "

ရင်ခွင်ထဲကထွက်ကာ တစ်ဖက်သို့လှည့်ပြီး အိပ်သွားတဲ့ ကျောပြင်ငယ်လေးကို ကြည့်ကာ Jay သက်ပြင်းချလိုက်မိတယ်။

တကယ်တမ်းက ခုလောက်ထိ စိတ်လွတ်လက်လွတ် နမ်းလိုက်ဖို့ မရည်ရွယ်ခဲ့။

ဖုန်းထဲက ဓာတ်ပုံတွေကို မြင်လိုက်ရတဲ့ အရှိန်ရယ် ဝီစကီသောက်ထားတဲ့ အရှိန်ရယ် Jungwon နဲ့ ဖုန်းပြောတုန်းက ဘေဘီ ပြောလိုက်တဲ့ အချစ်ဆိုတာ မလိုအပ်ဘူးဆိုတဲ့ စကားရယ် ဒါတွေအားလုံး ပေါင်းဆုံသွားတဲ့ Jay စိတ်ထဲမှာ နေမထိထိုင်မသာဖြစ်ပြီး ဘေဘီ့အပေါ် ပေါက်ကွဲမိလိုက်ခြင်း။

မင်းအတွက် မလိုအပ်ဘူးဆိုပေမယ့် ကိုယ့်အတွက် တော့ အချစ်ဆိုတာ လိုအပ်တယ် ဘေဘီ...

မင်းကို ဘယ်သူ့လက်ထဲမှ အပါမခံနိုင်အောင် ကိုယ် ချစ်တယ်။

ကိုယ့်ဘဝမှာ ရူးရူးမူးမူး ပိုင်ဆိုင်ချင်လောက်အောင် ချစ်မြတ်နိုးမိတာ မင်းတစ်ယောက်ထဲ။

Jay ကုတင်ပေါ်က ဆင်းကာ အိပ်နေပြီဖြစ်တဲ့ ဘေဘီ့ကို စောင်ခြုံပေးလိုက်သည်။ ပြီး ဖရိုဖရဲ ဖြစ်နေတဲ့ သူ့အဝတ်အစားတွေကို ပြန်ပြီး ပြုပြင်လိုက်ကာ ဘေဘီ ခေါင်းလေးထက် အနမ်းတစ်ပွင့် ခြွေလိုက်ပြီး

" Good night baby "

ဟုဆိုကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

Jay ထွက်သွားပြီး မကြာခင်မှာပဲ Sunoo အခန်းတံခါးကို ခေါက်သံကြားလိုက်ရပြီး

" သားရေ... အိပ်နေပြီလား ကွယ်"

Sunoo လဲ ကုတင်ပေါ်မှာ လှဲနေရာမှ မေမေ့အသံကြောင့် ကုန်းထလိုက်ကာ တံခါးနားလေးဆီသို့ သွားလိုက်ပြီး

" သား အိပ်တော့မလို့ မေမေ "

တံခါးတော့ ဖွင့်မပေးရဲ။

ရင်ဘတ်တွေ ပုခုံးတွေက အရာတွေကို မေမေ မတွေ့နိုင်ဘူး ဆိုပေမယ့် လည်ပင်းတစ်ဝိုက်နဲ့ နှုတ်ခမ်းမှာက ပေါက်ပြဲရာတွေနဲ့မလား။

" သားလေး... "

"ဟုတ် မေမေ "

"သား အဆင်ပြေရဲ့လား ကွယ်..."

" ပြေပါတယ် မေမေ... သား အိပ်ချင် နေပြီမို့လို့ မေမေလဲ နားတော့နော် "

" အေးပါ သားရယ် အိပ် အိပ် "

သူသိတယ်... ဒီအချိန်ကြီးကျမှ သောက်လာပြီး Jay သူ့ဆီလာတယ်ဆိုကတည်းက Jay နဲ့သူ တစ်ခုခုဖြစ်တော့မယ်ထင်ပြီး မေမေ စိုးရိမ်နေခြင်းကို။

မေမေ့မှာလဲ အားမတန်လို့ မာန်လျှော့ပြီး နေ နေရတာ။ သူ့ဝမ်းနဲ့လွယ်ပြီး မွေးခဲ့တဲ့ သားလေးကို အကြွေးတွေအတွက်နဲ့ တပါးသူလက်ထဲ ထည့်လိုက်ရတာ သူ့ရင်ထဲ ဘယ်ချိပါ့မလဲ။

ဒါပေမယ့် Jay ရဲ့ လိုလေသေးမရှိ ဖြည့်ဆည်းပေးမှုတွေ ချစ်ခင်ဂရုစိုက်ပေးမှုတွေကြောင့်သာ မေမေ ဖြေသာနေတာ။ ဒါကလဲ တစ်ခါတစ်လေ သူနဲ့ Jay ကြား ဖြစ်တတ်တဲ့ ပြဿနာလေးတွေကို မေမေ မသိအောင် ဖုံးကွယ်ထားလို့ပင်။

အိပ်ပါလို့ ပြောပြီး အသံတိတ်သွားတဲ့ မေမေကလဲ အခန်းအပြင်ကနေ တံခါးကို စိုက်ကြည့်ပြီး မျက်ရည်တွေ ကျနေသလို အိပ်တော့မယ် ပြောတဲ့ Sunoo ကလဲ တံခါးရှေ့ကနေ မခွာဘဲ မျက်ရည်တွေ ကျနေမိသည်။

ဘာပဲဖြစ်ဖြစ် သား အဆင်ပြေတာမို့ စိတ်မပူပါနဲ့ မေမေ....

***********************************

Love you all my Vitamins 💙

San Htarni 💙

5.3.2023

Comment