~1~

~ 1 ~

အချစ်ဆိုတာဘာလဲလို့ မသိခင်အချိန်ကတည်းက ကျွန်တော်ဟာ လူတစ်ယောက်ရဲ့ အပိုင်လို့ သတ်မှတ်ခြင်း ခံထားခဲ့ရတယ်.....

ကျွန်တော့်ဘက်က တစ်ခါမှ မပြောဖူးပေမယ့်....

အဲ့ဒီ့လူဆီကနေ ထပ်ခါထပ်ခါ ကြားနေရတဲ့ စကားတစ်ခွန်း.....

" အရုပ်ကလေးကို ကိုယ်အရမ်းချစ်တာပဲကွာ " တဲ့

" ကိုယ့်ကို ပြန်ချစ်နိုင်အောင် ကြိုးစားနော် baby doll လေး " တဲ့

သူ ကျွန်တော့်ကို အမြဲတမ်းခေါ်တာက baby တဲ့..

တစ်ခါတစ်ရံ စိတ်လိုလက်ရရှိတဲ့အချိန် သူ စိတ်ကြည်နေတဲ့အချိန်မျိုးဆို အရုပ်ကလေး... baby doll လေး... လို့ ခေါ်တတ်တယ်.....

ကျွန်တော်က အရုပ်လေးနဲ့ တူလို့တဲ့......

ဟုတ်ပါတယ် ကျွန်တော်က သူခေါ်သလို အရုပ်ကလေးပါပဲ......

သူ ထားရာ နေ စေရာ သွား ရတဲ့ အရုပ်ကလေး....

ကျွန်တော့်ရဲ့ စိတ်ဆန္ဒဆိုတာ မရှိရဘဲ ကျွန်တော်ဘာဖြစ်ချင်နေလဲ ဆိုတာကို ပြောခွင့်မရှိဘဲ သူ့သဘော သူ့ဆန္ဒနောက်ကိုပဲ လိုက်ပြီး ရှင်သန်နေရတဲ့ သံပတ်ပေးခံထားရတဲ့ အရုပ်ကလေးတစ်ရုပ်ပေါ့.....

ကျွန်တော့်ကို ချစ်တယ် တစ်ဖွဖွပြောပေမယ့် ကျွန်တော့်အပေါ် နူးနူးညံ့ညံ့ ချိုချိုသာသာ ဆက်ဆံတာက ရှားပါးလွန်းလှပါတယ်......

အမြဲတမ်း ကျွန်တော့်ရဲ့နေထိုင်မှုပုံစံကို ကြည့်ပြီး အားမရမှုတွေနဲ့ ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံတာတွေကသာ အများသားလား......

အဲ့လိုအပြုအမူတွေကြောင့်ပဲ ကျွန်တော်က အဲ့လူကိုပြန်ချစ်ပေးဖို့ထက် အဲ့လူကို ကြောက်ရတဲ့ စိတ်တွေကသာ ပို ပိုပြီး များလာခဲ့တော့တယ်.....

ဟုတ်တယ်.... ကြောက်တယ်...... အရမ်း ကြောက်တယ်..... ကျွန်တော် သူ့ကို တကယ်ကြီးကို ကြောက်နေမိတော့တာ.....

ကျွန်တော့်ကို သူ့အနားခေါ်ထားမှာ.....

သူ့ရဲ့ စူးရှရှမျက်ဝန်းတွေနဲ့ အလိုမကျစွာ ကျွန်တော့်ကို ကြည့်လိုက်မှာ......

ကျွန်တော့်ကို စိတ်အလိုမကျတိုင်း တွေ့ရာပစ္စည်းတွေကို ပေါက်ခွဲပြီး ကြမ်းတမ်းပြမှာ.....

လူသူရှေ့မရှောင် အော်ငေါက်ပြီး ဆွဲခေါ်ခံရမှာ.....

အားလုံး....အားလုံး ကို ကျွန်တော် ကြောက်တယ်
နောက်ဆုံး ကျွန်တော့်ရဲ့ဆန္ဒမပါဘဲ ကျွန်တော့်ရဲ့နှုတ်ခမ်းတွေကို အကြမ်းပတမ်း သိမ်းပိုက်တာတွေကအစ ကျွန်တော် ကြောက်နေမိပြီ.......

သူ့ ကို ကျွန် တော် တ ကယ် ကြီး ကို ကြောက် နေ မိ ပြီ လေ ......
.
.
.

"မလိုက်ချင်ဘူး မေမေ... သား မသွားဘူး"

"မသွားလို့ မရဘူးလေ....မလိုက်ချင်ဘူးလို့ ငြင်းလို့မှ မရတာ... အချိန်တွေကြာနေရင် CEO
စိတ်တိုနေလိမ့်မယ်... အဲ့ကျမှ အအော်ခံရလို့ မျက်ရည်လေး တစမ်းစမ်း မလုပ်နဲ့ "

"အော်လဲ အော်ပါစေတော့ဗျာ....သားမှ အဲ့လို Party တွေကို သဘောမကျတာ... ကိုယ်နဲ့လဲ သိတဲ့လူ မရှိဘဲ ... မဆီမဆိုင်ပြုံးပြနေရတာ စိတ်အိုက်တယ်..."

"ရော်....ခက်ပြီ ဒီကောင်လေးနဲ့တော့.... သားနဲ့မသိလဲ အဲ့ဒါ CEOရဲ့ စီးပွားဖက်တွေပဲလေ.. တစ်နေ့ သားနဲ့လဲ ပတ်သက်လာရမယ့်သူတွေ.... ဒါကြောင့် CEOက ခုထဲက ရင်းနီးကျွမ်းဝင်အောင် ဒီလိုပွဲတွေကို ခေါ်တာ.... "

"မရင်းနီးချင်ဘူး... အဲ့လို နေရာတွေက သားနဲ့ သက်ဆိုင်တဲ့နေရာ မဟုတ်ဘူး "

"မိန်းမ .. မင်း' သားကို ချော့ပြောနေစရာ ဘာအကြောင်းမှမရှိဘူး... CEO Park ဖုန်းမဆက်ခင် သွားခိုင်းလိုက်တော့... ငါ နားငြီးလာပြီ"

ဧည့်ခန်းထဲမှာ သားမိနှစ်ယောက် ငြင်းခုန်နေကြတာကို မကြားလိုတော့ဟန် ဝင်ပြောလာတာက မေမေ့ နောက် ယောကျာ်း...

အတိအကျ ပြောရမယ်ဆိုရင် ကျွန်တော့် ပထွေးပေါ့... ဟိုးငယ်ငယ် ကလေးဘဝတုန်းက ကျောင်းမှာ သူများတွေက အဖေအကြောင်းတွေ ပြောကြချိန်... ကိုယ့်မှာ ပြောစရာ ပြစရာ အဖေဆိုတာ မရှိခဲ့တော့ အားငယ်မိသား...

အဲ့လိုအချိန်မှာ မေမေ နောက်အိမ်ထောင်ပြုလိုက်တော့ ကိုယ့်မှာအဖေရှိပြီဆိုပြီး ဝမ်းသာခဲ့ဖူးတယ်။

ဖေဖေ..ဖေဖေ.. ဆိုပြီးလဲ နောက်က တကောက်ကောက် လိုက်ခဲ့ဖူးတယ်... ကြည်ဖြူသလား မကြည်ဖြူသလား မသိခဲ့ဘဲပေါ့....

တဖြည်းဖြည်း ပထွေးဇာတိ ပြလာတာကတော့ ညီမလေးကို မွေးဖွားချိန်မှာ ဖြစ်သည်။ သွေးသားရင်းနဲ့ မယားပါ သား မို့လား.... ကျွန်တော် မျက်နှာငယ်ခဲ့ရတာ အမှန်ပါ....

ဒါပေမယ့် အထီးကျန် ကျွန်တော့်ဘဝလေးထဲကို ချစ်စရာ ညီမလေးက ဝင်ရောက်လာခဲ့တော့ ညီမလေးကို ချစ်တဲ့စိတ်နဲ့ အရာရာကို သီးခံနိုင်ခဲ့တယ်။

ဖြစ်ချင်တော့လေ ကျွန်တော့် ညီမလေးက ကျန်းမာရေး မကောင်းဘူး... ခွဲစိပ်မှုတွေ အကြိမ်ကြိမ် လုပ်နေလည်းပဲ ညီမလေးက ရွယ်တူကလေးငယ်လေးတွေလို မဆော့ မကစားနိုင်ဘူး။ သနားစရာ ကျွန်တော့် ညီမလေးပါ။

ညီမလေးကို ချစ်ပေမယ့်လဲ ခွဲခြားတတ်တဲ့ ပထွေးဖြစ်သူကိုတော့ အနေစိမ်းသွားခဲ့ကာ ခပ်တန်းတန်းပဲ ဆက်ဆံဖြစ်တော့သည်။

အဲ့ဒီ ရလဒ်ကတော့...

" မင်း ' သားက အရွယ်ရောက်လာလို့ ငါ့ကို ခြေရာတိုင်းတာလား " တဲ့... သူ့စကားတွေကို နားမထောင်ဘဲ အခါခါ ပြန်ပြောတတ်လို့လေ...

ကျွန်တော့်အတွက်နဲ့လဲ မေမေနဲ့ ပထွေးဖြစ်သူတို့ ရန်ဖြစ် စကားများရတာ အခါခါပါပဲ။

တကယ်တော့လေ...

ကျွန်တော်က ခြေရာတိုင်းတာ မဟုတ်ရပါဘူး...

ကျွန်တော့အပေါ် မစစ်မှန်သူတွေကို သွေးအေးပေးလိုက်ရုံသာ....

အခုလဲ မေမေနဲ့ ကျွန်တော့် စကားဝိုင်းထဲ ဝင်လာပြန်တာကြောင့် မေမေ့ကိုပဲ..

"​မေ​မေ့ သား ဘယ်မှ မသွားဘူးလို့ "

"Kim Sunoo!!! "

ကျွန်တော့်စကားသံ အဆုံးမှာ ပထွေးဖြစ်သူရဲ့ အော်သံက ကပ်ပါလာခဲ့သည်။

ထိုအချိန်မှာပဲ...

" ဘယ်သူ့ခွင့်ပြုချက်နဲ့ ဘေဘီ့ ကို အော်နေတာလဲ "

ကြည်လင်ပြတ်သားနေပြီး သြဇာ သံ အပြည့်ပါတဲ့ အေးစက်စက် စကားသံနဲ့ အတူ စူးရဲတဲ့ မျက်လုံးအစုံက ဧည့်ခန်းထဲမှာရှိတဲ့ လူ သုံးယောက်ကို စိုက်ကြည့်ကာ ဘောင်းဘီအိတ်ကပ်ထဲ ကို လက်တစ်ဖက်ထည့်ပြီး တစ်လှမ်းချင်း လှမ်းလာနေသူကတော့ အသက်အရွယ်နဲ့ မလိုက်အောင် လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားကာ အောင်မြင်နေတဲ့ လူငယ် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Park Group ရဲ့ CEO Park Jong Seong...

" CEO.... "

" CEO Park... "

ဝင်လာတဲ့ သူကို မြင်မြင်ချင်း အမေနဲ့ပထွေးဖြစ်သူတို့ရဲ့ မျက်နှာအမူအရာနဲ့ လေသံတွေ...

အရှင်သခင်တပါးကို တွေ့လိုက်ရသလို ကြောက်ရွံ့တုန်လှုပ်သွားဟန်တွေ၊ ရိုကျိုးသွားဟန်တွေ...

အင်းပေါ့လေ... ပြောရမယ်ဆိုရင်ဖြင့် အရှင်သခင်ဆိုလဲ မမှားပါဘူး... ဘာပဲဖြစ်ဖြစ် ကျေးဇူးရှင်ကြီးမလား...

အဲ့ဒီ့ ကျေးဇူးတရားတွေထဲမှာ စတေးပေးလိုက်ရတာက ကျွန်တော်ဆိုတဲ့ Kim Sunoo...

" ဘေဘီ ... ဘေဘီ ကြာနေလို့ ကိုယ်လာခေါ်တာ... ပွဲချိန်နီးနေပြီမို့ သွားကြရအောင်နော် "

နူးညံ့တယ်...ချိုသာတယ်... စောစောက ကျွန်တော့်ကို အော်လို့ ပထွေးဖြစ်သူကို ပြောလိုက်တဲ့ လေသံနဲ့တော့ တခြားစီပဲ... ဒါပေမယ့် အဲ့ဒီ ချိုသာ နူးညံ့မှုတွေကို ကျွန်တော် ကြောက်တယ်။

" ကျွန်တော် မလိုက်လို့ရလား ဟင် Jay "

" ကိုယ် စကားတစ်ခွန်းကို နှစ်ခါပြန်မပြောတတ်တာ ဘေဘီ သိတယ်နော်... လာ သွားစို့"

လေသံလေးက ပျော့ပျော့ပျောင်းပျောင်းပါပဲ...ဒါပေမယ့် အဲ့ဒီ့ ပျော့ပျောင်းမှုတွေထဲမှာတော့ သတိပေးမှုတွေ ပါနေတယ်....

လက်ဖဝါးလေးကို ထွေးဆုပ်ကာ ခေါ်သွားတော့လဲ ကျွန်တော်ဟာ ထိုင်ရာကနေ ဘာ စောဒကမှ မတတ်ဝံ့ဘဲ အသာတကြည် ပါသွားရတော့တာပါပဲ.....

ခြံစည်းရိုးလေးသာ ခြားတဲ့ သူ့အိမ်နဲ့ ကျွန်တော့်အိမ်... ကြားမှာ နှစ်အိမ့်တစ်အိမ် ကူးဖို့ တံခါးပေါက်လေးတစ်ခု ထားရှိထားပြီး အဲ့ဒီ တံခါးကနေသာ ကူးသန်း သွားလာကြသည်။

ခြံခြင်း ကပ်ရပ်ပေမယ့်လဲ အိမ်နှစ်အိမ်ရဲ့ တည်ဆောက်ပုံခြင်းက အလွန်ကို ကွာခြားလှပါသည်။

သစ်ပင်ပန်းမန်တွေ စိမ်းစိုနေတဲ့ ခြံဝန်းကြီးအလယ်က ကြီးမားခန့်ထည်လှတဲ့ သုံးထပ်တိုက်ကြီးနဲ့ ခြံဝန်းထဲမှာလည်း ပြာလဲ့နေတဲ့ ရေကူးကန်ကျယ်ကြီးက နေရောင်အောက်မှာ အရောင်တစ်လက်လက်...

ရေကူးကန်ကြီးရဲ့ မလှမ်းမကမ်းမှာလဲ Tennis ကွင်းကြီးက တည်ရှိနေပြန်သည်။

ကျောင်းပိတ်ရက်တိုင်း Jay ရဲ့ ဖိအားပေးမှုနဲ့ Kim Sunoo တစ်ယောက်ဟာ အဆူအငေါက်ခံပြီးလဲ Tennis လေ့ကျင့်ရပြန်ပါသည်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေး....

မနက်တိုင်း အိမ်ကနေ ရပ်ကွက်ထဲက ပန်းခြံအထိ ပြေးရတာတွေ...

သုံးထပ်တိုက်ကြီးရဲ့ ဘေးမှာတည်ရှိနေတဲ့ Jay ရဲ့ Gym ရုံထဲမှာ Jay နဲ့အတူ work out လုပ်ရတာတွေလဲ ရှိပြန်ပါသေးသည်။

Kim Sunoo မနှစ်သက်တဲ့ အားကစားတွေ လုပ်ရတော့ စိတ်ကမပါ...စိတ်မပါဘဲ လုပ်နေရတော့ လူက အလွဲလွဲ အမှားမှား...

မှားပြန်တော့ အော်တာ ငေါက်တာကလဲ ခံရ၊ မထင်ရင် မထင်သလို ပွေ့ခေါ်သွားကာ ရေကူးကန်ထဲလဲ ပစ်ချလို့ ချ...ဒါတွေကို Kim Sunoo က မကြိုက်...

Work out တွေ မလုပ်ချင်ပါဘူး ငြင်းတိုင်းလဲ Jay ပြောတာက တစ်ခွန်းထဲ...

" ဘေဘီ့ကို သန်မာစေချင်လို့ တဲ့...

သူများထက် စိတ်ဓာတ်ရော ခွန်အားရော သန်မာဖို့ဆို ကိုယ်မနှစ်သက်ပေမယ့်လဲ ဖြစ်မြောက်အောင် လေ့ကျင့်ယူရတာတွေ အများကြီးပဲ ဘေဘီ ရဲ့ " တဲ့...

အဲ့လို မညှာမတာ တင်းကျပ်တာတွေ ရှိပေမယ့်လဲ Kim Sunoo နှစ်သက်တာလေးတွေကိုလဲ ဖြည့်ဆည်းပေးတတ်ပြန်တာက Jay...

Kim Sunoo အရမ်းကြိုက်လှပါတယ်ဆိုတဲ့ နှင်းဆီဖြူတွေကို တိုက်ကြီးရဲ့ နောက်ဖေးက မြေကွက်လပ်အကျယ်ကြီးမှာ စိုက်ပျိုးပေးထားတာ တမျှော်တခေါ်....

ဒီပန်းခင်းကြီးကို စောင့်ရှောက်ဖို့ တာဝန်ယူထားရတဲ့ အလုပ်သမားတွေကိုက မနည်းမနော...

Kim Sunoo ဆိုတာကလဲ ဒီ နှင်းဆီဖြူခင်းကြီးထဲကို ရောက်ပြီဆိုရင် နှုတ်ခမ်းဖူးရဲရဲလေးတွေဟာ ပြုံးနေတတ်ကာ ပန်းခင်းကြီးထဲ ဟိုဒီ ပတ်ပြေးလိုက်... နှင်းဆီပွင့်လေးတွေကို လက်ချောင်းရှည်သွယ်သွယ်လေးတွေနဲ့ တို့ထိလိုက်... နှာတံစင်းစင်းလေးတွေနဲ့ မွှေးကြူလိုက်...

အဲ့လို Kim Sunoo ရဲ့ လွတ်လပ်ပျော်ရွှင်နေတဲ့ မြင်ကွင်းလေးကို ပုံရိပ်တွေ မလွတ်တမ်းဖမ်းထားကာ ဖန်သားပြင်ပေါ်ကနေ တစိမ့်စိမ့်ကြည့်ပြီး ပီတိဖြစ်နေရတာကတော့ CEO Park Jong Seong ပေါ့...

သူ့ရှေ့မှာဆိုရင် အပြုံးအရယ်နည်းတဲ့ ဘေဘီက သူဖန်တီးပေးထားတဲ့ ဒီပန်းဥယာဉ်ထဲကို ရောက်ရင်တော့ လိပ်ပြာလေးတစ်ကောင်လို မြူးတူးပျော်ပါးနေတာကို မြင်ရတာဟာလဲ Jay အတွက်တော့ လုပ်ငန်းခွင်ဝင်မယ့် သူ့တစ်နေ့တာအတွက် အားအင်တွေ ပြည့်ဝစေတဲ့ အချက်တွေထဲက တစ်ခု...

Jay....

Kim Sunoo တစ်ဦးထဲသာလျှင် ခေါ်ခွင့်ရှိတဲ့ အမည်နာမ....

စီးပွားဖက်တွေ လုပ်ငန်းခွင်ထဲကလူတွေ သူနဲ့ ပတ်သက်ဆက်နွယ်တဲ့ လူတွေတိုင်းက CEO... CEO Park.. သူဌေးလေး စသည် စသည် ခေါ်ကြပေမယ့် Jay လို့ တင်တင်စီးစီး တရင်းတနီး ခေါ်ခွင့်ရှိတာက Kim Sunoo....

Jay ရဲ့မာမီ ဆုံးပြီးကတည်းက ဘယ်သူမှ မခေါ်တော့တဲ့ အမည်နာမလေး...

မာမီပဲ တသီးတသန့် ချစ်စနိုးနဲ့ ခေါ်တဲ့နာမည်လေးမို့ ဘယ်သူ့နှုတ်ဖျားက ထွက်ကျလာတာမျိုးမှ မကြိုက်ခဲ့...

ဒီအဖြူရောင်လေးကိုတွေ့တော့မှ ဒီကောင်လေးရဲ့ နှုတ်ခမ်းပါးရဲရဲလေးတွေက Jay လို့ခေါ်သံလေးကို ကြားချင်လို့ သူကိုယ်တိုင် ခေါ်စေခဲ့သူ။

မာမီဟာ ဒယ်ဒီ ထားခဲ့ပြီးချိန်က စလို့ အသည်းကွဲဝေဒနာကို အရက်နဲ့သာ အဖော်ပြုရင်း တစ်ခါတစ်ရံ စီးကရက်တွေကို မီးခိုးတွေမွှန်ထူနေအောင်သောက်ရင်း အချစ်မကောင်းကြောင်းတွေ လူတွေက သစ္စာမရှိကြောင်းတွေကို
ပြောပြတတ်ခဲ့သည်။

သေလောက်အောင် ချစ်လှပါချည်ရဲ့ဆိုပြီး မိဘတွေ သဘောမတူတဲ့ကြားက မာမီ့ကို ရအောင်ယူခဲ့တဲ့ ဒယ်ဒီဟာလဲ မာမီ့ကို ပစ်ချထားခဲ့တာပဲ မလား....

ဒါကြောင့် အချစ်ဆိုတာကြီးကို Jay လဲ အယုံအကြည် မရှိခဲ့...

ဒီအဖြူရောင်လေးကိုတွေ့တော့မှ ငြိတွယ်သွားရတဲ့ သူ့စိတ်တွေ....

မျိုးရိုးစဉ်ဆက် ချမ်းသာလာခဲ့တဲ့ မာမီဟာ တစ်ဦးတည်းသော သမီးပီပီ မိဘရဲ့ လုပ်ငန်းတွေအားလုံးကို အမွေရခဲ့သည်။

ဒယ်ဒီရှိစဉ်တုန်းက လုပ်ငန်းတွေဟာ ဒယ်ဒီနဲ့ မာမီရဲ့ လက်တွဲ ညီညီ ဦးဆောင်မှုတွေကြား ပိုပိုပြီး တိုးတက်လာခဲ့ပေမယ့် ဒယ်ဒီထွက်သွားချိန် မာမီလဲ စိတ်တွေလေပြီး လုပ်ငန်းတွေကို ပစ်ထားချိန်မှာ ပြိုင်ဖက် company တွေရဲ့ ထိုးနှက်မှုတွေ သစ္စာမရှိတဲ့ လုပ်ငန်းပါတနာတွေကြောင့် ယိမ်းယိုင်လာခဲ့ကာ ဒီတာဝန်တွေ အားလုံးက အသက် ဆယ့်ရှစ်နှစ်အရွယ် Jay အပေါ်မှာ ကျရောက်လာခဲ့တော့သည်။

ငယ်သေးတဲ့ အရွယ်မှာ ဘာတစ်ခုမှ မသိနားမလည်ခဲ့တဲ့ လုပ်ငန်းတွေကို သစ္စာရှိ လူယုံအနည်းငယ်ရဲ့ ကူညီဖေးမမှုတွေနဲ့ ရှေ့ဆက်နိုင်ခဲ့သည်။ ကလေးအသိ ကလေးဦးနှောက်လေးနဲ့ ဆုံးဖြတ်ခဲ့တဲ့ လုပ်ငန်းကိစ္စတွေဟာလဲ မှန်တစ်လှည့် မှားတစ်လှည့်...

အမှားတွေထဲကနေ သင်ခန်းစာတွေ ယူကာ နောက်မမှားအောင် ဂရုစိုက်ရင်း ကြိုးစားသင်ယူရင်း အခုဆို Park Group လို့ပြောလိုက်တာနဲ့ လုပ်ငန်းပေါင်းများစွာကို အုပ်ချုပ်နေတဲ့ လုပ်ငန်းစုကြီးလို့ မသိသူမရှိိ...

အဲ့လိုပဲ သွေးအေးပြီး အမှားမခံတတ်တဲ့ CEO ...
တာဝန်ကျေရင် ထိုက်သင့်တဲ့ ဆုကို ပေးအပ်တတ်ပြီး အမှားလုပ်မိရင်လဲ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ခံယူစေတဲ့ CEO...

ပြိုင်ဖက်လုပ်ငန်းရှင်တွေကြားမှာလဲ ဘယ်သူ့အကြောမှ မခံဘဲ သူမျက်စိကျတဲ့ လုပ်ငန်းတွေ လုပ်ကွက်တွေကို အကျော်အခွတွေနဲ့ ရအောင် ယူတတ်သူဟု နာမည်ကြီးသည်။

မယုတ်မာတတ် မကောက်ကျစ်တတ် ဒါပေမယ့် သွေးအေးပြီး ရက်စက်သည်။ သူ့အပေါ် လာ foul လို့ကတော့ လက်စဖျောက်ပစ်ဖို့လဲ ဝန်မလေး။ သူ့အပေါ် သစ္စာရှိသူ သူ့အပေါ် အားကိုးသူတွေအတွက်ဆိုလဲ ရေကုန်ရေခမ်း ကူညီပေးတတ်သူဟာ CEO Park ပါပဲ....

ယခုလဲ သူ ကူညီပေးလိုက်မှုနဲ့ အောင်မြင်သွားတဲ့ လုပ်ငန်းရှင် တစ်ယောက်က တကူးတက ဖိတ်လို့ တက်ရောက်ပေးရမယ့် Party...

ဒီလို လူရှုပ်ရှုပ်ကို မသွားချင်ပေမယ့်လဲ ကိုယ်တိုင်တက်ရောက် ပေးဖို့ အခါခါ ဖိတ်ကြားထားတော့လဲ သွားရပေအုံးတော့မည်။

Park Group က CEO ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုပေးတယ်ဆိုတာနဲ့တင် အဲ့လုပ်ငန်းကို လူအများက အာရုံစိုက်မိကြမှာ ဆိုတော့လဲ သူဌေးတွေကိုယ်တိုင်က ခခယယနဲ့ လာဖိတ်ကြတာ အခါခါ။

ဘယ်လိုပွဲမျိုးကိုပဲ တက်ရောက်ရပါစေ သူ့ဘေးမှာ ဒီအဖြူရောင်လေးက မပါမဖြစ်။

ကိုယ်ဟာ ဒီအဖြူရောင်လေးရဲ့ ပိုင်ဆိုင်သူပါဆိုတာ အားလုံးကို အသိပေးထားဖို့တော့ လိုတယ်မလား....

ဒါမှ ကိုယ့်အပိုင် ဒီလူသားလေးကို ဘယ်သူမှ မော် မကြည့်ဝံ့မှာ.....

မလိုက်ချင်ပါဘူး တွင်တွင်ငြင်းနေတဲ့ ဘေဘီ့ကို ကိုယ့်အိမ် ကိုယ့်အခန်းထဲထိ လက်ဆွဲခေါ်လာခဲ့တော့ နောက်ကနေ မလိုက်ချင်လိုက်ချင် ပုံစံလေးနဲ့ နှုတ်ခမ်းလေး စူကာ ပါလာသည်။

သူ့အတွက် ကိုယ်နဲ့ ဆင်တူ ချုပ်ထားတဲ့ Suit လေးကို ထုတ်ပေးလိုက်ကာ...

" ကဲ ဘေဘီ... အချိန်ထပ်ဆွဲလို့ မရတော့ဘူးနော်...အဝတ်အစားမြန်မြန်လဲတော့"

ပြောတာကို မကြားလေဟန်နဲ့ အဝတ်အစားတွေ ပွေ့ကာ ပေရပ်နေတဲ့ ဘေဘီ့ကြောင့်

" ဘာလဲ ဘေဘီက ကိုယ် ကိုယ်တိိုင် လဲပေးစေချင်တာလား "

ထိုသို့ ပြောလိုက်မှ အဝတ်လဲခန်းထဲသို့ ပြေးဝင်သွားလေတော့သည်။

ချော့ပြောနေရင် ပေကပ်ကပ်လေး လုပ်နေတတ်တဲ့ ဘေဘီက ကိုယ် ကြမ်းတော့မယ်ဆိုရင်လဲ သူမတူအောင် ကြောက်တတ်ပြန်ပါသေးသည်။

ချော့ချော့ ခြောက်ခြောက် ဒါတွေဟာ ကိုယ် ဘေဘီ့ကို ချစ်လွန်းလို့....

At Party.....

" ဒီလို ကိုယ်တိုင်တက်ရောက်လာပေးတာ ကျွန်တော် တကယ်ကို ဂုဏ်ယူလို့မဆုံးပါဘူး CEO Park ရယ်... ဖိတ်သာ ဖိတ်ရတယ် CEO ကိုယ်တိုင် လာပါမယ်လို့ ကျွန်တော် မမျှော်လင့်ရဲဘူးဗျ"

"လာရမှာပေါ့ဗျာ.... ကျွန်တော်က သစ္စာရှိတဲ့ ကျွန်တော့်လူတွေအတွက်ဆို ဘယ်လိုလုပ်ဆောင်ပေးတယ်ဆိုတာ ခင်ဗျားလဲ သိနေတာပဲ "

"ဟာ သိတာပေါ့ သိတာပေါ့ CEO ရယ်... ဒါကြောင့် ကျွန်တော်ကလဲ CEO နားမှာ သစ္စာရှိရှိနေ နေတာပေါ့ဗျာ... CEO သာ ကျွန်တော့်ကို လက်တွဲ ဖြုတ်မသွားပါနဲ့ နော်"

"အဟွန်းး ဒါတော့ ခင်ဗျားရဲ့ လုပ်ပုံကိုင်ပုံတွေကို စောင့်ကြည့်ရအုံးမှာပေါ့ဗျာ... လူဆိုတာ ယုံကြည်စရာ မကောင်းတဲ့ အမျိုးဗျ ဟား ဟား ဟား ... ဒါကြောင့် ခင်ဗျား မြဲမြဲမှတ်ထားဖို့က ကျုပ်က ခင်ဗျားကိုမှ မဟုတ်ဘူး ဘယ်လိုလူမျိုးကိုမှ စိတ်ချလက်ချ ယုံကြည်ထားတာ မရှိဘူး... အဲ့တော့ ခင်ဗျားလဲ ကျုပ်ကို အရမ်းတွေ စွတ် မယုံနဲ့ ဟုတ်ပြီလား "

လူအများကြားမှာ ပုခုံးကို ပုတ်ကာ ပြောလိုက်တဲ့ Jay ရဲ့ စကားတွေကြောင့် party ရှင်ဟာ မျက်နှာလေးတော့ အနည်းငယ် ပျက်သွားပေမယ့် ချက်ချင်း ပြန်ပြင်လိုက်လေသည်။ ဒါကိုပဲ အကင်းပါးတဲ့ Jay က မြင်လိုက်ပြီးသား....

လုပ်ငန်းရှင်တွေအများကြီး ကြားမှာဆိုတော့ CEO Park ရဲ့ အရေးပေးခြင်းကို ခံရတယ်ဆိုပြီး မျက်နှာလေးတော့ လုပ်ချင်မပေါ့... ဒါပေမယ့် Jay ဆိုတာလဲ Jay မလား... အထိတွေနာခဲ့တာ များလာတော့ အသိတွေလဲ သာခဲ့ပြီလေ... ဘယ်သူ့ကိုမှ တထစ်ချ မယုံကြည်ပါဘူး ဆို...

တစ်ယောက်ပြီးတစ်ယောက် လာရောက်နှုတ်ဆက်ကြတဲ့ လုပ်ငန်းရှင်တွေကို အလိုက်သင့်လေး ပြန်လည်နှုတ်ဆက်ရင်း လက်တစ်ဖက်ကလဲ ဘေဘီ့ ခါးလေးကို ဖက်ထားဖို့ကို မမေ့ခဲ့။

ဒါကိုကြည့်ပြီး ရင်းနီးတဲ့ တချို့လုပ်ငန်းရှင်တွေက...

"ကျွန်တော်တို့ CEO ကတော့ဗျာ... ဘယ်ပွဲကိုပဲ တက်တက် CEO ရဲ့ ဘေဘီလေးကို ခေါ်ခဲ့ဖို့ မမေ့ဘူးနော်"

"မေ့စရာလားဗျာ... ကျွန်တော့်အတွက် တစ်စက္ကန့်လေးတောင် မေ့ထားလို့မ​ဖြစ်တဲ့ လူဆိုလို့ ဘေဘီတစ်ယောက်ထဲပဲရှိတာကို... သူက ကျွန်တော့်အတွက် အဲ့လောက်ထိ အဖိုးတန်ပြီး အရေးပါတယ်... ပြီးတော့ ခင်ဗျား သူ့ကိုသုံးလိုက်တဲ့ ဘေဘီလေးဆိုတဲ့ နာမ်စားကို အခုတစ်ခါပြောတာ နောက်ဆုံးဖြစ်ပါစေ...ဘေဘီ ဆိုတာ ကျွန်တော် တစ်ယောက်ပဲ ခေါ်တဲ့ အဖိုးတန် နာမ်စားလေးမို့"

"အာ... ဟုတ် ဟုတ်ကဲ့ပါ CEO ရယ်... ကျွန်တော် ဆိုလိုချင်တာကလဲ CEO ရဲ့ ဘေဘီလို့ ပြောချင်တာပါ...အားနာစရာတွေတော့ ဖြစ်ကုန်ပြီ"

Jay ... Jay ဆိုတာ အဲ့လိုလူပါဆို ... ဘယ်သူ့ကိုမှလဲ အားမနာ... ဘယ်သူ့မျက်နှာမှလဲမထောက်
...ကြားက Sunoo က မျက်နှာပူနေရသည်။ ထို့ကြောင့် Jay နား နားကပ်ကာ တိုးတိုးသက်သာ သတိပေးရသည်။

" Jay ကလဲ အားနာစရာကောင်းအောင်လို့... ဘယ်လိုကြီး ပြောတာလဲ "

ထိုအခါ ဖွဖွလေး ဖက်ထားတဲ့ ခါးကို ဖြစ်ညှစ်လိုက်ပြီး နှုတ်ခမ်းလေး တစ်ဖက်တွန့်ရုံ Jay ရဲ့မူပိုင်အပြုံး ပါးပါးလေးနဲ့ ပြုံးပြလာကာ ပြန်ပြောလာတာက

" ကိုယ်မှ အားမနာတတ်တာ ဘေဘီရဲ့ " တဲ့

နှုတ်ဆက်နေကြတဲ့ လူတွေ ပါးသွားချိန်မှာ CEO အတွက် သီးသန့်ပြင်ပေးထားတဲ့နေရာမှာ နှစ်ယောက်အတူ ထိုင်မိကြတော့

"ကျွန်တော် ပြန်ချင်ပြီ... "

"ပျင်းနေပြီလား ကိုယ့်ဘေဘီက"

" ပျင်းတာပေါ့... ကျွန်တော် ဘယ်တုန်းက ဒီလိုနေရာတွေကို သဘောကျဖူးလို့လဲ "

နှုတ်ခမ်းလေးစူပွပွ လုပ်ကာ မျက်လုံးလေး လှန်ကြည့်လာပြီး ပြောလိုက်တဲ့ ဘေဘီ့ ပုံစံလေးက အသည်းယားစရာ ကောင်းလွန်းလှသည်။ ထို့ကြောင့် နဖူးလေးကိုဖိကပ်နမ်းလိုက်တော့ မျက်နှာလေးက ပို၍ ငုံ့ကျသွားတော့သည်။

ထိုအချိန်မှာပဲ party ရှင်က ဂုဏ်ပြုစကားပြောပေးဖို့ စင်ပေါ်ကနေ ဖိတ်ခေါ်နေတာကြောင့်

" ကိုယ် စကားနည်းနည်း သွားပြောလိုက်အုံးမယ် .... ပြီးရင် ပြန်ကြတာပေါ့ "

" ဒါဆို ကျွန်တော် သန့်စင်ခန်း ခဏသွားမယ်နော် "

"အွန်း... တစ်ယောက်ထဲ ရရဲ့လား.... ကိုယ် လိုက်ခဲ့ဖို့ လိုအုံးမလား"

" Jay ကလဲ... ကလေးလား ကျွန်တော်က... သန့်စင်ခန်းသွားတာ နောက်က လိုက်ရအောင် "

"ဟုတ်ပါပြီ ကိုယ့်လူကြီးလေးရယ်... ကိုယ် စိတ်ချမယ်နော် "

"ဟုတ် "

သန့်စင်ခန်းကို ဆိုတာထက် အထဲမှာ မွန်းကျပ်နေလို့ အပြင်သို့ ထွက်လာခြင်းသာ...

Party လုပ်တဲ့ နေရာက အထပ်မြင့် Hotel ကြီးမှာမို့ စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့ကာ လူရှင်းတဲ့ တစ်နေရာမှာရပ်ပြီး မှန်နံရံတွေကနေ တဆင့်မြင်နေရတဲ့ Seoul မြို့ကြီးရဲ့ ညအလှကို အပေါ်စီးကနေ ငေးမောနေမိသည်။

တစ်ခဏတော့ မွန်းကျပ်မှုတွေ ပြေစေပါသည်။ ငေးနေမိတုန်းခဏမှာပဲ အနားသို့ လူတစ်ယောက် ရောက်လာသံနဲ့အတူ ဝိုင်နံ့ပြင်းပြင်းကိုပါ ရှူရှိုက်လိုက်မိသည်။ထို့ကြောင့် လှည့်ကြည့်လိုက်မိတော့ Sunoo တစ်ခါမှ မမြင်ဖူးတဲ့ Jay တို့အရွယ် အသက် 27 နှစ်လောက်ပဲ ရှိမည့် လူတစ်ယောက်....
ထိုသူက

" Hello... ဘေဘီလေး...."

ပြီတီတီရုပ်နဲ့ အနားလာရပ်နေသူကြောင့် Sunoo နောက်သို့ ခြေနှစ်လှမ်းလောက် ဆုတ်လိုက်မိသည်။

" မကြောက်ပါနဲ့ ဘေဘီလေးရဲ့.... ဘေဘီ့ ကို ဘာမှ မလုပ်ပါဘူး... အစ်ကို က ဘေဘီ့ အလှကို အနီးကပ်လေး မြင်ဖူးချင်လို့ လာကြည့်တာပါ..."

" ခင်ဗျား... ခင်ဗျား ဘယ်သူလဲ "

"အစ်ကိုက YJ လုပ်ငန်းစုက MD တစ်ယောက်ပါ...Park Group လောက် နာမည်မကြီးပေမယ့်လဲ အတော်လေး အောင်မြင်နေတဲ့ လုပ်ငန်းစုတစ်ခုလို့ ပြောလို့လဲ ရပါတယ် အဟင်းးး"

"ဟို ကျွန်တော် ခင်ဗျားကို မသိဘူးမို့ သွားလိုက်ပါတော့ နော်"

"မသိလို့ သိအောင် မိတ်ဆက်နေတယ်လေ ဘေဘီရယ်.... အထာတွေ မကိုင်ပါနဲ့.... အစ်ကိုက ဘေဘီ့ အလှကို ရှုစားရုံပါ... CEO Park ရဲ့ အထိမခံနိုင်လောက်အောင် အရမ်းအဖိုးတန်တယ်ဆိုတဲ့ အလှတရားလေးက အပြောတွေမဟုတ်ဘူးဘဲကွ.... အရုပ်ကလေး ချထားသလို မင်းအရမ်းလှတယ် ဘေဘီ "

အရက်ခိုးဝေနေသလို ရီဝေဝေအကြည့်တွေနဲ့ ကြည့်ပြီး မျက်နှာကြီး နီရဲနေကာ ပြီတီတီ လုပ်နေပုံက drama တွေထဲက လူယုတ်မာတွေလို.... တကယ်ကို အော်ကလီဆန်ချင်စရာ.... စကားပြောလိုက်တိုင်းလဲ အရက်နံ့တွေက တထောင်းထောင်း...

" ခင်ဗျား မသွားရင်လဲ နေ ကျွန်တော် သွားမယ်"

ဒါဟာ တမင် ကိုယ့်ကို နှောက်ယှက်ဖို့လာခြင်းဆိုတာ သေချာနေတာကြောင့် ဘေးကနေ ရှောင်ကွင်းကာ ထွက်လာဖို့အလုပ်မှာ လက်ကိုလှမ်းဆွဲလိုက်တာကြောင့် လူဟာ ယိုင်ကနဲ...

"ခင်ဗျား!!! "

ခွပ်!!!

အ့~

ခွပ်!!!

လျှပ်တပြက် အတွင်း ဖြစ်ပျက်သွားမှုမှာ ရှေ့က MD ဆိုတဲ့လူ ခေါင်းမှာ သွေးတွေက ဖြာကနဲ...

ခပ်တိုးတိုးသာ ညည်းညူနိုင်ရင်း ကြမ်းပြင်သို့ ခွေကနဲ လဲကျသွားတော့သည်။

ပြီး Sunoo ရှေ့မှာ ပိတ်ရပ်လိုက်တဲ့ Jay ရဲ့လက်ထဲမှာတော့ ဝိုင်ပုလင်းကွဲတစ်ခု....

လဲကျနေသူက ကြမ်းပြင်ကို လက်ဖဝါးနဲ့ထောက်ကာ အားပြုရင်းထမယ်အလုပ် အဲ့လက်ဖဝါးကို ဖိနပ်နဲ့ ဖိချေကာ နင်းပစ်ရင်း...

" မင်းက ဘာအဆင့်ရှိလို့ ငါ့ ဘေဘီ့လက်ကို ဆွဲရတာလဲ... ဟမ်!! ပြောစမ်း... မင်းကိုမင်း ဘာထင်နေတာလဲ"

" အ့~~ Sorry sorry ပါ CEO Park.... ကျွန်တော်က... ဘေဘီ့ကို.. "

ဖြောင်း~~

စကားပင် ဆုံးအောင်မပြောလိုက်ရ YJ ရဲ့ MD ဆိုသူမှာ မျက်နှာကို ဖြတ်အကန်ခံလိုက်ရ၍ ပါးစပ်မှ သွေးတို့ထွက်ကျလာကာ လူကလဲ နောက်သို့ လန်ကျသွားတော့သည်။

" မင်း ပါးစပ်ကများ ရာရာစစ ဘေဘီ လို့ ထွက်လာရဲသေးတယ် ဟက်လား ဟမ် "

မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးအစုံနဲ့ အတူ သွားကြားထဲက စိမ့်ထွက်လာတဲ့ လေသံနဲ့ပြောလိုက်ပုံက Jay ရဲ့ဒေါသ အတိုင်းအတာ ဘယ်လောက်ထိ ရှိနေမယ်ဆိုတာ Sunoo ခန့်မှန်းမိလိုက်ပါသည်။

" Jay... သွားကြရအောင်ပါ... ကျွန်တော်လဲ ဘာမှဖြစ်တာ မဟုတ်ဘဲ... ထပ် မလုပ်ပါနဲ့တော့ .. ဟိုမှာ သွေး သွေးတွေ ထွက်နေပြီ"

"မလုပ်လို့ မရဘူး ဘေဘီ... ဒီလို ကောင်မျိုးတွေက ကိုယ့်နေရာကို သိအောင် ဆုံးမပေးမှ ရမယ်... မတူဘဲ လိုက်တုနေတာတွေ တော်တော်များနေပြီ"

" Jay..."

လက်မောင်းက အင်္ကျီအဖျားစလေးကိုကိုင်ကာ အသံတုန်တုန်လေးနဲ့ ခေါ်နေတာကြောင့် လှည့်ကြည့်လိုက်တော့ မျက်နှာလေး ငယ်နေရှာတဲ့ ဘေဘီ.... မျက်လုံးကြည်လဲ့လဲ့လေးတွေမှာလဲ မျက်ရည်လေးတွေ ဝိုင်းလို့။ပြီး ထပ်မလုပ်တော့ဖို့ ခေါင်းလေး ယမ်းပြနေလေသည်။

ဟုတ်သားပဲ... ဘေဘီက သွေးမြင်ရင် လန့်တတ်တာကို ဘေဘီ့ရှေ့မှာ သွေးထွက်သံယိုတွေ ဖြစ်အောင် လုပ်မိပြန်ပြီ...

ထိုစဉ် အနားသို့လူတစ်ယောက် အပြေးအလွှားရောက်လာကာ

" Sorry CEO... ကျွန်တော် နောက်ကျသွားတယ်"

" အင်း ရှင်းစရာ ရှိတာ ရှင်းခဲ့လိုက် အတွင်းရေးမှူး Lee... နောက်ဆက်တွဲ ပြဿနာတွေ မလိုချင်ဘူး "

"ဟုတ်ကဲ့ CEO "

Park Group ရဲ့ အားအကိုးရဆုံးလဲ ဖြစ်သလို Park Jong Seong ရဲ့ အယုံကြည်ရဆုံး ညာလက်ရုံးကြီး Lee Heeseung...

CEO Park စီးပွားရေးလောကထဲ ဝင်ပါပြီဆိုကတည်းက ဆိုးတူကောင်းဖက် တိုင်ပင်ကာ တက်ညီလက်ညီ တွဲဖြစ်ခဲ့ကြတာကြောင့် ညီကိုတမျှ ခင်မင်ရင်းနီး နေကြတဲ့ ဆက်ဆံရေးတွေ...

CEO ပါးစပ်ဟလိုက်တာနဲ့ ဘာလိုချင်တယ် ဘာပြောချင်တယ် အားလုံး သဘောပေါက်ပြီးသား...

CEO မမြင်ချင်တော့ဘူး ပြောတဲ့အရာမှန်သမျှကိုလဲ တစ်သက်လုံး CEO မျက်စိရှေ့ ပေါ်မလာအောင် စွမ်းဆောင်တတ်သောသူ....

ခုလဲ CEO ရဲ့ စကားက ဘာအဓိပ္ပါယ်လဲဆိုတာ သိနေတာကြောင့် ရှင်းစရာရှိတာ ရှင်းကာ CEO တို့နောက် လိုက်ခဲ့တော့ ကားနောက်ခန်းမှာ သူ့ဘေဘီလေးကို ပုခုံးပေါ်ခေါင်းလေးမှီစေကာ သူအလာကို စောင့်နေတဲ့ CEO...

ကားမောင်းသူနေရာကို ဝင်ထိုင်လိုက်ပြီး ခါးပတ်သေချာ ပတ်လိုက်ပြီးမှ...

" အိပ်ပျော်သွားပြီလား CEO "

"အွန်း...ဘေဘီအရမ်း လန့်သွားတယ်နဲ့ တူတယ်"

" နောက်ဆို Sunoo လေးရှေ့မှာ ဒီလို ကိစ္စတွေ မဖြစ်အောင် သတိထားပါ CEO ရယ်... ကျွန်တော်ရှိတာပဲ... ကျန်တာအားလုံး ကျွန်တော် ရှင်းပါ့မယ်"

" ကျေးဇူးပါ Heeseung hyung ရယ်..."

CEO ဟာ အလုပ်ချိန်ပြင်ပ နှစ်ယောက်ထဲ ရှိနေချိန်ဆို သူ့ကို တရင်းတနီး Hyung လို့လဲ ခေါ်တတ်ပြန်ပါသေးသည်။

ကားကို ငြင်သာစွာ မောင်းထွက်ခဲ့ပြီး နောက်ကြည့်မှန်မှ တဆင့်ကြည့်လိုက်တော့ သူ့ဘေဘီလေးကို ရင်ခွင်ထဲထိ ဆွဲသွင်းထားကာ ပွေ့ပိုက်ထားပြီး ဆံပင်လေးတွေကို ဖွဖွပွတ်သပ်ကာ ချော့သိပ်နေတဲ့ CEO...

CEO ရဲ့ အထီးကျန်ဘဝမှာ ဒီကလေးလေး ရောက်လာလို့သာ ခုလို စိုပြေလာပြီး မျက်နှာပေါ်မှာ အပြုံးရိပ်တို့ ပြန်ပေါ်လာခဲ့တာ ဖြစ်သည်။

အရွယ်ငယ်ငယ် ကလေးသာသာလေးမှာ မိခင်ရဲ့ သေဆုံးမှု ဖခင်ရဲ့ ပြစ်ပယ်ထားမှု မနိုင်မနင်း လုပ်ငန်းတွေကြား လူအများရဲ့ ထိုးနှက်မှုတွေကို အလူးအလဲ ခံရင်း CEO ဟာ အမြဲ မျက်မှောင်ကြုံ့ထားကာ တည်တင်းတဲ့ မျက်နှာထားနဲ့ နှုတ်ခမ်းပါးတို့ကို တင်းတင်းစေ့ထားတတ်သူ...

အရယ်အပြုံးဆိုတာ ရှားပါးခဲ့ပါသည်။ ဒီလို CEO ရဲ့ ဘဝထဲမှာ ဒီကလေးလေးကတော့ အိုအေစစ်လေးပေါ့...

ဒါပေမယ့်လဲ CEO အပေါ်ဆို အေးတိအေးစက်လေးသာ တုံ့ပြန်တတ်တဲ့ ဒီကလေးလေးရဲ့ အမူအရာတွေကြောင့် တနေ့ CEO အသည်းကွဲပြီး အရယ်အပြုံးတို့ ပြန်လည်ပျောက်ကွယ်မသွားဖို့ကိုသာ သူ့မှာ ကြိတ်ပြီး ဆုတောင်းနေရပါသည်။

ဒီကလေးလေး သူ့အပေါ် ဘယ်လိုပဲ ဆက်ဆံနေပါစေ CEO ကတော့ ဂရုမစိုက်.... သူ့အပိုင်လို့ သတ်မှတ်ထားတာကြောင့် စိတ်ချလက်ချနေပုံပေါက်ပါသည်။

ခုလဲ ကားအနောက်ခန်းထဲမှာ နှုတ်ခမ်းပါးလေးတစ်ဖက် ကော့တက်ရုံလေး ပြုံးကာ အိပ်ပျော်နေတဲ့ သူ့ဘေဘီလေးကို တစိမ့်စိမ့်ကြည့်ရင်း လိုက်ပါလာခဲ့သည်။

CEO ရဲ့ဘဝထဲကို အဲ့ကလေးလေး စ ရောက်လာတဲ့ နေ့လေးကို သူ ခုထိ မှတ်မိနေပါသေးသည်။

အဲ့ဒီ နေ့ က.....

**************************************

Love you all my Vitamins 💙

San Htarni 💙

6.1.2023 💙

*************************************

ZAWGYI

~ 1 ~





















.
.
.















အဲ့ဒီ ရလဒ်ကတော့...



တကယ်တော့လေ...





"Kim Sunoo!!! "


ထိုအချိန်မှာပဲ...



" CEO.... "

" CEO Park... "






























Jay....






ပြောပြတတ်ခဲ့သည်။





















" ဘာလဲ ဘေဘီက ကိုယ် ကိုယ်တိုင် လဲပေးစေချင်တာလား "




At Party.....



























"ဟုတ် "



ထိုသူက

" Hello... ဘေဘီလေး...."










"ခင်ဗျား!!! "

ခွပ်!!!

အ့~

ခွပ်!!!







ဖြောင်း~~






" Jay..."






"ဟုတ်ကဲ့ CEO "




















အဲ့ဒီ နေ့ က.....

**************************************


San Htarni 💙

6.1.2023 💙

*************************************

Comment