~ 39 ~

~ 39 ~

" သူက ဘယ်လိုလုပ်ပြီး..."

Sunoo ကို မြင်လိုက်တာနဲ့ မျက်မှန်ပင့်တင်နေတဲ့ လက်တို့ လေထဲမှာတင် တန့်သွားကာ ထိုင်ရာကနေ ပြန်ထလာတဲ့ Dr. Yang။

စကားတဝက်တပျက်နဲ့ ရပ်သွားပြီး အံ့သြ မှင်သက်နေဟန်ဖြင့် Sunoo ကို စိုက်ကြည့်နေလေသည်။

Sunoo က အခုချိန် အိမ်မှာပဲ ရှိနေရမှာ မဟုတ်ဘူးလား...

ပြီးတော့ ယခုထွက်လာတာလဲ CEO ပါလာဟန်မတူပါ။

မိနစ်ဝက်လောက်ထိ စိုက်ကြည့်နေပြီးမှ မျက်လုံးအစုံက သားဖြစ်သူဆီ ရွေ့သွားကာ...

" သားငယ် သူတို့က... "

ယခုထိ အံ့ဩရှိန် မပြေသေးဟန်ဖြင့် Dr. Yang ဟာ Sunoo ကို ကြည့်လိုက် သူ့သားကိုသူ ပြန်ကြည့်လိုက် စကားတဝက်တပျက်တို့ဖြင့် မေးခွန်းကို အဆုံးသတ်လိုက်ဖြင့် ရှိနေလေ၏။

ဒါနဲ့ပဲ Jungwon က အဖေဖြစ်သူကို

" ဟုတ်တယ် ဖေဖေ.. ဖေဖေ့ကို တွေ့ချင်တဲ့ သား သူငယ်ချင်းဆိုတာ Sunoo ပါပဲ... ဖေဖေနဲ့ တွေ့ပြီး အတည်ပြုစရာလေး သူ့မှာ ရှိနေတယ် "

" Sunoo မှာ ဘယ်လို အရေးကြီးကိစ္စတွေ ရှိနေလို့ Dr အိမ်ထိ လိုက်လာရတာလဲကွယ့်... CEO ကို ဖုန်းဆက်ခိုင်းလိုက်တာတော့ မဟုတ်ဘူး... Dr အိမ်ကို လာမှ မေးလို့လဲ ရရဲ့နဲ့ကွယ်... CEO လဲ မပါဘဲ ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ "

" ကျွန်တော် Jay နဲ့အတူ ရှိနေတာ မဟုတ်ပါဘူး Dr... ပြီးတော့ အခု Dr ဆီကို လာတာလဲ Jay မသိပါဘူး "

" CEO မသိဘူး...? "

" ဟုတ်တယ် Dr... ဒီရက်ထဲမှာ ကျွန်တော်တို့ ကိစ္စလေးတွေ နည်းနည်း ဖြစ်ပျက်သွားလို့ပါ... ပြီးတော့ တစ်ခု ရှိတာက ကျွန်တော် ဒီကိုလာတာကို Dr ဘက်က Jay မသိအောင် ထိန်ချန်ထားပေးဖို့ပါပဲ "

" ဟေ... ဘယ်လိုတွေ ဖြစ်ကြလို့လဲကွယ်... Dr လဲ Sunoo ကို ဆေးစစ်ပေးရက် မဟုတ်သေးလို့ အိမ်မရောက်ဖြစ်တာနဲ့ ဘာတစ်ခုမှ မသိရပါလား "

" Dr အဲ့ဒါလေးတော့ ကျွန်တော့်ကို ကူညီပေးနိုင်မယ် ထင်ပါတယ် "

" အင်းး ဟုတ်ပါပြီ ... ကဲ ကဲ ထားပါတော့... အဲ့ဒါတွေထက် Sunoo, Dr ဆီက အတည်ပြုချင်တယ်ဆိုတာ ဘာများလဲ "

ထိုအခါမှ Sunoo, Dr ရှိနေရာ စားပွဲနားထိ သွားလိုက်ကာ အင်္ကျီအိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ဆေးဗူးလေးနှစ်ဗူးကို ထုတ်လိုက်ပြီး စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။

ပြီးနောက် Dr မျက်နှာကို သေချာကြည့်လိုက်ကာ

" Dr ဒီဆေးဗူးလေးတွေကို သိမယ်လို့ ထင်ပါတယ်နော် "

" ဘာဖြစ်လို့လဲ Sunoo "

" ကျွန်တော် သိချင်တာက ဒီဆေးကို Dr ကိုယ်တိုင် ညွှန်းပြီး ကျွန်တော့်ကို သောက်ခိုင်းတာလား ဆိုတာပါပဲ "

" ဟုတ်တယ်လေ Sunoo... ဒါ ဘာဖြစ်နေလို့လဲ.. အတည်ပြုချင်တယ်ဆိုတာက ဒါကိုလား "

ဆိုလိုရင်းက ဘာဆိုတာ မသိသေးတဲ့ Dr ကတော့ Sunoo မေးသမျှကို အေးအေးလူလူသာ ​ဖြေနေလေသည်။

Sunoo နောက်နားမှာ ထိုင်နေတဲ့ မောင်တို့ရှိရာဆီ တစ်ချက်ဝေ့ကြည့်လိုက်ပြီး

" အဆော Dr နဲ့ နှစ်ယောက်ထဲ စကားပြောချင်လို့ မောင်တို့က အပြင်ကနေ စောင့်ပေးနိုင်မလား ဟင် "

" မောင် စိတ်မချဘူးလေ အဆောရဲ့ "

Dr ပြောလာမယ့် စကားတွေကို နားထောင်ဖို့ အခန်းထဲမှာ အဆောကိုတစ်ယောက်ထဲ ထားခဲ့ဖို့ရာ Sunghoon စိတ်မချတာ အမှန်ပါ။

ဘာကြောင့်ရယ်ဆိုတာမရှိပေမယ့် တစ်ခုခုဆို အဆော စိတ်ထိခိုက်သွားမှာ စိုးတာကြောင့် သူ အပြင်ကို ထွက်မသွားချင်။

" မောင်တော့ နေခဲ့မယ် အဆော... မောင် အဆောကို တစ်ယောက်ထဲ မထားခဲ့ချင်ဘူး "

Sunoo နဲ့ CEO ရဲ့ ပတ်သက်မှုကို သိထားတဲ့သူ ဖြစ်တာကြောင့် မောင်နဲ့ Sunooရဲ့ အပြောအဆိုတွေကို ကြားပြီး Dr စိတ်ထဲမှာလဲ အံ့သြကောင်း အံ့ဩနေပါလိမ့်မည်။

" အဆော အဆင်ပြေတယ် မောင်... တကယ် အဆင်ပြေတာမို့... "

" ဟင်းးးး ဒါဆိုလဲ မောင် အပြင်က စောင့်နေပါ့မယ်... တစ်ခုခုဆို အပြင်မှာ မောင်ရှိနေတယ်နော်... မောင် စိတ်ချမယ် "

" ကျေးဇူးပါ မောင် "

နောက်ဆံတတင်းတင်းနဲ့ အပြင်ထွက်ဖို့ကို စိတ်မချဖြစ်နေတဲ့ မောင့်ကို အဆင်ပြေကြောင်း ပြုံးပြကာ ခေါင်းလေးညိမ့်ပြတော့ မောင်ကလဲ ခေါင်းပြန်ညိမ့်ပြကာ လှည့်ကြည့် လှည့်ကြည့်နဲ့ အခန်းပြင်ထွက်သွားလေတော့သည်။

Jake နဲ့ Niki ပါ မောင်နဲ့အတူ လိုက်သွားကာ အပြင်ထွက်သွားတော့ နောက်ဆုံး ကျန်နေခဲ့တဲ့ Jungwon က Sunoo လက်ထဲကို ဆေးအကြောင်းတွေ ရှာဖွေထားတဲ့ သူ့ရဲ့ MacBook လေး လာထည့်ပေးပြီး

" မင်း သိချင်တာတွေ အဖေ့ဆီကနေ အားမနာတမ်း မေးပါ Sunoo... ငါ ကူညီနိုင်တာ ဒါလေးပဲ ရှိတာမို့ ငါ တကယ် စိတ်မကောင်းပါဘူး "

" ဒီလောက်ထိ ကူညီပေးတာကိုက ငါ့အတွက် အကူအညီအကြီးကြီး ဖြစ်နေပါပြီ သူငယ်ချင်း... မင်းရဲ့ ကူညီမှုအတွက် ငါ စိတ်ရင်းနဲ့ ကျေးဇူးတင်နေပါတယ် "

" သိချင်တာတွေ အကုန် သိရပြီးမှ မင်း ကျေးဇူးတင်တာကို လက်ခံပါရစေ Sunoo... အခုတော့ ငါ မင်း ကျေးဇူးတင်တာကို လက်မခံပါရစေနဲ့အုံး "

Jungwon ပြောတဲ့ စကားကို သူ အသိအမှတ်ပြုကြောင်း အပြုံးပါးပါးနဲ့ ခေါင်းညိမ့်ပြတော့ သူ့လက်လေးကို အသာ လာဆုပ်ကိုင်လိုက်ပြီး Dr ဘက်ကို လှည့်၍ Jungwon က

" သားသူငယ်ချင်းကို ဖေဖေ့ဆီ အပ်ပါတယ် ဖေဖေ... သူ သိချင်နေတာတွေအတွက်လဲ ဖေဖေ့ဆီမှာ အဖြေတစ်ခုခု ရှိနေမယ်လို့ သား ယုံကြည်ပါတယ်.. ဒါကြောင့် ဖေဖေ သူ့ကို အစွမ်းကုန် ကူညီပေးလိုက်ပါ "

" အေးကွယ်... သား တို့က ဖေဖေ့ဆီက ဘယ်လို အကူအညီ ရချင်တာလဲ မသိသေးပေမယ့် ဖေဖေ တတ်နိုင်သလောက် ကူညီပေးလိုက်ပါ့မယ် "

" ကတိနော် ဖေဖေ... သားကို ကတိပေးလား "

" လူကြီးကို ကတိတောင်းနေရလား သားငယ်လေး... ဖေဖေ ကူညီမယ် ပြောပြီးပြီလေ "

" သား ဖေဖေ့ဆီက အဲ့ကတိကို လိုချင်တယ်ဖေဖေ "

" ကတိကွာ... ကတိ ကတိ ဟုတ်ပြီလား လူရှုပ်လေး... အလုပ်မအားတဲ့ ဖေဖေ့ကို ခဏတိုင်း လာလာ ရှုပ်တဲ့ လူရှုပ်လေး "

" ဟီးဟီး ဖေဖေကလဲ... ဒါဆို သား အပြင်က စောင့်မယ်...Sunoo ငါ အပြင်မှာ ရှိမယ်နော် "

Dr ကိုရော Sunoo ကိုပါ တပါတည်း နှုတ်ဆက်ခဲ့ပြီး အပြင်ထွက်သွားတဲ့ Jungwon ။

အခန်းထဲမှာ နှစ်ယောက်ထဲ ကျန်တော့မှ Dr က

" ကဲ Sunoo ရေ... Dr ကို ပြောချင်တာက ဘာလဲကွယ်... Dr လဲ အချိန် သိပ်မရလို့ ခပ်မြန်မြန်လေးပဲ သွားလိုက်ရအောင်.. နှစ်ယောက်ထဲ ပြောချင်တယ်ဆိုတော့ ဘယ်လိုအရေးကြီးကိစ္စတွေများလဲ "

Sunoo နဲ့ မောင်ရဲ့ ပတ်သက်မှု၊ CEO မပါဘဲ Sunoo တစ်ယောက်ထဲ ရောက်လာတာတွေ၊ သူလာတယ်ဆိုတာကို CEO မသိပါစေနဲ့ ဆိုတာတွေအတွက် တစ်စုံတစ်ရာ မေးလိုဟန်ရှိပေမယ့် လူကြီးပီပီ Dr က မသိသလိုပဲနေလိုက်ကာ လာရင်းကိစ္စကိုသာ ဦးတည်ပြီး မေးလာလေသည်။

Sunoo စားပွဲပေါ်က ဆေးဗူးလေးတွေကို လှမ်းယူလိုက်ပြီး

" Dr ကျွန်တော့်ကို ဒီဆေး သောက်ခိုင်းတာ ဘယ်လို အာနိသင်တွေကြောင့်လဲ... ကျွန်တော့်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲ Dr "

" Sunoo ရဲ့ မှတ်ဉာဏ်တွေအတွက် ဦးနှောက်နဲ့ အာရုံကြောတွေကို အထောက်အပံ့ဖြစ်စေတဲ့ ဆေးပါပဲ... "

" ဟုတ်ကဲ့ ဒါဆိုရင် Dr ဒါလေးကို ကြည့်ပေးပါအုံး "

Sunoo ဟာ ဆေးဗူးအဖုံးလေးကို ဖွင့်၍ လက်ဝါးပေါ်သို့ ဆေးလုံးလေးတွေကို မှောက်သွန်ချလိုက်သည်။

ပထမဆေးဗူးဟာ Jay ပေးထားလို့ Sunoo သောက်နေတဲ့ ဆေးဗူးဖြစ်တာမို့ ဆေးလုံးလေးတွေဟာ ပန်းရောင်လေးတွေသာ။

အခုချိန်ထိ မျက်နှာအမူအရာ ပုံမှန်အတိုင်း ရှိနေသေးတဲ့ Dr. Yang ကတော့ Sunoo ဆေးပြောင်းပေးခံရတာကိုပဲ မသိတာလား.. တမင်ပဲ တည်ငြိမ်ဟန်ဆောင်နေသလား မသိပေမယ့် မျက်နှာပေါ်မှာ ဘယ်လို အရိပ်အယောင်မျိုးကိုမှ ဖမ်းလို့မမိ။

Sunoo ပြုမူနေသမျှကို ငြိမ်သက်စွာသာ ထိုင်ကြည့်နေလေသည်။

Sunoo ဒုတိယမြောက် ဆေးဗူးလေးကို ယူ၍ Dr မျက်နှာရဲ့ အပြောင်းအလဲကို သေချာ အကဲခတ်ကာ ဆေးလုံးလေးတွေကို စားပွဲပေါ်သို့ သွန်ချလိုက်လေသည်။

ထိုအခါမှာတော့ စားပွဲပေါ်မှာ လိမ့်တဲ့ ဆေးလုံးလေးတွေက လိမ့်လို့ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲသွားတဲ့ အဖြူရောင် ဆေးလုံးငယ်လေးများ...

Dr ဟာ ထိုဆေးလုံးလေးတွေကို မြင်လိုက်တဲ့အချိန်မှာ မျက်တောင်တဖျတ်ဖျတ်ခတ်၍ မျက်မှန်ကိုပါ တစ်ချက်ပင့်တင်လိုက်ကာ နှုတ်ခမ်းကိုပါ လျှာနဲ့ သပ်လိုက်သေးသည်။

ဒါကိုပဲ ထူးခြားချက်လို့ မှတ်ယူရမလား။

Dr ဟာ Sunoo ကို ဖျတ်ခနဲ တစ်ချက် မျက်လုံးလှန်ကြည့်လာပြီး ဆေးလုံးလေးတွေဆီကိုသာ အကြည့် ပြန်ပို့သွားလေသည်။

" ကျွန်တော် မသိလို့ မေးပါရစေ Dr... ဒီဆေးနှစ်မျိုးက ဘယ်လို ကွာခြားတာပါလဲ... ဘာလို့ ဆေးတစ်မျိုးထဲက အရောင်နှစ်ရောင် ကွဲနေရတာပါလဲ... "

" Sunoo သိချင်နေတာက ဘာများလဲ... Dr ကို ရှင်းရှင်းလင်းလင်း မေးပေးလို့ရမလား "

" ကျွန်တော် အရှင်းဆုံး မေးနေတာပါပဲ Dr... ကျွန်တော့်မေးခွန်းရဲ့ ဆိုလိုရင်းကို Dr သဘောပေါက်မယ် ထင်ပါတယ် "

" Dr စောစောကလဲ ပြောတယ်မလား... Sunoo ရဲ့ အာရုံကြောတွေ ပုံမှန် ပြန်အလုပ် လုပ်လာဖို့ သောက်ရတဲ့ ဆေးလို့ "

" ဒါဆို ဆေးနှစ်မျိုး အရောင်ကွဲနေတာကရော Dr "

" ဒါကတော့ ဆေးထုတ်တဲ့ company တွေ မတူရင် မတူသလို ဆေးရောင်ကလဲ ကွဲနေနိုင်တာပဲလေ Sunoo ဒါက ဘာပြဿနာ ရှိနေလို့များလဲ "

တချက်လေးမှ မျက်နှာပျက်မသွားဘဲ ပုံမှန်အတိုင်း ပြန်ဖြေနေတဲ့ Dr ကြောင့် Sunoo လဲ ဒီတိုင်းလေးပဲ ယုံကြည်လိုက်ချင်ပါရဲ့လေ။

ဒါဟာ အမှန်တရားပါလို့ပေါ့။

ဒါပေမဲ့ ဘယ်လိုလုပ်မလဲ... သူတိို့ ရှာထားတဲ့ အချက်အလက်တွေအရ ဒီဆေးဟာ Company တစ်ခုတည်းကသာ ထုတ်လုပ်ပြီး တခြားထုတ်လုပ်တဲ့ Company မရှိ။

" ဒါဆို ဒါလေးကို Dr တစ်ချက်လောက် ကြည့်ပေးပါလား "

Sunoo စားပွဲပေါ်တင်ထားတဲ့ MacBook လေးကို ဖွင့်လိုက်ကာ Dr ဘက်ကို လှည့်ပေးပြီး ရှာထားတဲ့အချက်အလက်တွေကို တစ်ခုချင်း ပြလိုက်သည်။

ဒါတွေကို မြင်တဲ့အချိန်မှာတော့ Dr ဟာ စိတ်အနည်းငယ် လှုပ်ရှားလာဟန်တူပါသည်။

အမူအရာတွေက စောစောကလောက် မ​သေသပ်တော့။

MacBook ဆီ ကြည့်နေရာမှ Dr ဟာ Sunoo ဆီကိုပြန်ကြည့်လာပြီး

" Sunoo... Sunoo ဒီလိုတွေ လာမေးနေတာက Dr ကို မယုံကြည်ရာ ရောက်နေပြီဆိုတာ သိရဲ့လား... Sunoo ပြောချင်တာက Dr ဆေးကုသမှုတွေ လွဲမှားနေတယ်လို့ ဆိုလိုချင်နေတာများလား "

ထိုအခါ Sunoo ခေါင်းကို တွင်တွင် ခါယမ်းလိုက်ကာ မဟုတ်ကြောင်း ငြင်းဆန်လိုက်ပြီး

" မဟုတ်ပါဘူး Dr... ကျွန်တော် Dr ကို ဒီလို ဆိုလိုချင်တာ မဟုတ်ပါဘူး... ဒါပေမယ့်လည်း ဒီကိစ္စအတွက် ကျွန်တော် အမှန်တရားကို သိရမှ ဖြစ်မယ်မလား... ဒါ ကျွန်တော့်ဘဝကြီးနဲ့ ဆိုင်နေတယ်လေ ... ဒီဆေးကို ထုတ်တဲ့ Company က တစ်ခုတည်းပဲရှိပြီး ဆေးအရောင်ကလဲ တစ်မျိုးထဲပဲ ထုတ်လုပ်တယ်ဆိုတာ ကျွန်တော့်ထက် Dr ပိုသိမှာပါ...ဘာကြောင့်လဲ Dr... ဘာကြောင့်လဲ... Dr တာဝန်ယူပေးနေရတဲ့ လူနာတစ်ယောက်ရဲ့ ဘဝကြီးကို ဘာလို့ ဒီလို လုပ်ရက်ရတာလဲ... Dr မလိမ်မညာဘဲ ကျွန်တော့်ကို အမှန်တိုင်းပဲ ပြောပြပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်... အခု ကျွန်တော် သောက်နေရတဲ့ ဒီပန်းရောင်ဆေးတွေက ဘာတွေလဲ... ဘာလို့ ကျွန်တော့်ကို ဒီဆေး ပြောင်းတိုက်ရတာလဲ... ဒီလို ဆေးဗူးထဲမှာ ပြောင်းထည့်ပြီးတော့လေ...ဖြေပေးပါ Dr... ကျေးဇူးပြုပြီး.... "

" Sunoo တစ်ခုခုကို အထင်မှားနေပုံပါပဲ... Dr မှာ ပြောစရာ မရှိဘူးမို့ ဒီကိစ္စ ဒီမှာတင် ရပ်လိုက်ကြပါစို့... Sunoo လဲ ပြန်လို့ရပါပြီ... Dr အချိန်မရတော့ဘူးမို့ ဆေးရုံကို ပြန်သွားရပါအုံးမယ် "

" Dr... please... Dr ဒီကိစ္စကို ဒီလိုပဲ လျစ်လျူရှု တော့မလို့လား... ကျွန်တော် အမှန်တရားကို အရမ်းသိချင်နေတယ် Dr... Dr လဲ အဖေတစ်ယောက်ပဲမိို့ ငါ့သားလေးသာ ဒီလိုဆိုရင် ဆိုတဲ့ စိတ်လေးနဲ့ ကိုယ်ချင်းစာပေးပါ... ဒီကိစ္စက Dr ကိုယ်တိုင် လုပ်တာလား... ဒါမှမဟုတ် Jay ရဲ့ ညွှန်ကြားချက်နဲ့လား "

Sunoo စကားကို ဒဲ့သာ ပြောချလိုက်တော့သည်။

သူ ဝေ့နေရင် ဝေ့နေသလောက် Dr ကလဲ လှည့်ပတ်ရှောင်ဖို့ စိတ်ကူးထားဟန်ရှိပါသည်။ ထို့ကြောင့် မေးချင်တာကို တည့်တည့် မေးချလိုက်တော့ ထိတ်ထိတ်ပြာပြာ ဖြစ်သွားတဲ့ Dr က

" ဘယ်လို Sunoo!!... ဘယ်လိုစကားတွေ ပြောနေတာလဲ... ဒီစကားတွေ CEO ကြားသွားရင် ဘာဖြစ်သွားမယ် ထင်သလဲ... "

" ကျွန်တော့်အတွက်ကတော့ ဘာဖြစ်သွားသွား အရေးမပါတော့ဘူး Dr... ဒီလို ဆေးမျိုးတွေတောင် အတိုက်ခံနေရပြီးမှတော့ ကျွန်တော့်ဘဝကြီးက ဘာ ကောင်းလာစရာ ရှိသေးလို့လဲ "

" Sunoo တစ်ခု သိထားဖို့က ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဘယ်သူကမှ Sunoo ဒုက္ခရောက်အောင် မလုပ်ဘူးဆိုတာပါပဲ... အဲ့ဒါကြောင့် စိတ်အေးအေးထားပြီး အိမ်ကိုပဲ ပြန်လိုက်ပါ... Dr ဆီက ဘာကိုမှ ကြားရလိမ့်မယ်လို့ မျှော်လင့် မနေပါတော့နဲ့ "

" ရတယ်လေ Dr... Dr ဆီကမှ ဘာအဖြေမှ ထွက်မလာဘူးဆိုရင် ကျွန်တော် Jay ဆီကို တိုက်ရိုက်သွားမေးရုံပဲ ရှိတော့တာပေါ့... အစကတော့ ဒီလိုတွေ စုံစမ်းနေတာ Jay ကို မသိစေချင်ခဲ့ဘူး ...အခုတော့ တိုက်ရိုက်မေးမှ အဖြေက ရတော့မယ် ထင်ပါရဲ့ "

" ဒါကတော့ Sunoo စိတ်တိုင်းကျပဲ လုပ်ပါ... Dr မှာကတော့ တခြားပြောစရာ မရှိတော့ပါဘူး "

စကားကုန်ပြောခဲ့ကာ ထိုင်ရာမှ ထပြီး အင်္ကျီချိတ်စင်မှာ ချိတ်ထားတဲ့ အပေါ်ထပ်ကုတ်ကို ဖြုတ်ယူလိုက်ပြီး အခန်းပြင်ပြန်ထွက်ဖို့ လုပ်နေတဲ့ Dr. Yang။

သူ့ဆီကနေ ဘာအစလေးတစ်စမှ မထွက်စေရန် ရေငုံနှုတ်ပိတ်ထားဟန်ရှိပါသည်။

Sunoo နောက်ဆုံးအနေနဲ့ စိတ်ကိုတင်းလိုက်ကာ မပြောချင်ဆုံး စကားတစ်ခွန်းကို အားတင်းပြီး ပြောလိုက်မိသည်။

" ဒီအချက်အလက်တွေနဲ့ဆိုရင် ကျွန်တော် Dr ကို တရားစွဲဖို့ လုံလောက်တယ်မလား "

မျက်လုံးစုံမှိတ်ပြီး ပြောလိုက်တဲ့ Sunoo ရဲ့ စကားအဆုံးမှာ လှမ်းလက်စ Dr ခြေလှမ်းတွေ ရပ်တန့်သွားသလို အခန်းပြင်ကနေ နားစွင့်နေဟန်ရှိတဲ့ Jungwon မှာလဲ ခွင့်တောင်းခြင်းမရှိဘဲတံခါးကို တွန်းဖယ်၍ အခန်းထဲသို့ ရောက်လာလေတော့သည်။

" ဖေဖေ! "

" သားငယ်... မင်းကို အထဲဝင်ဖို့ ခွင့်ပြုမထားဘူးလေ "

စိုးရိမ်ထိတ်လန့်နေတဲ့ မျက်နှာငယ်လေးနဲ့ Jungwon ဟာ သူ့ဖေဖေကို အသံတုန်တုန်လေးနဲ့ ခေါ်လိုက်တော့ Dr ဟာ မျက်နှာကို တမင်တင်းထားပြီး သားဖြစ်သူကို အပြင်ပြန်ထွက်ဖို့ ပြောလာလေသည်။

" အပြင်ကပဲ စောင့်ပါ သား... ဖေဖေ ဒီမှာ စကားပြောနေတယ်လေ "

" ဟင့်အင်... "

" သားငယ်!! "

" ဖေဖေ... သား တောင်းဆိုပါတယ်... အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖေဖေ သိထားတာ ရှိရင် Sunoo ကို ပြောပြလိုက်ပါ... ဒီလိုမှ မဟုတ်ရင် သားလဲ ဒီလုပ်ရပ်ကြီးဟာ ဖေဖေ လုပ်တာပါလို့ ထင်မိသွားလိမ့်မယ်... သား ဖေဖေ့ကို ဒီလိုလူမျိုးပါလို့ မထင်ပါရစေနဲ့ ဖေဖေ နော်... "

အဖေ့ရဲ့ လက်မောင်းကို ဆုပ်ကိုင်လို့ အမှန်တရားကို ပြောထွက်လာဖို့ တောင်းဆိုနေတဲ့ Jungwon။

သူ့ခမျာလဲ အဖေကို တရားစွဲမယ်ဆိိုတော့ ဘယ် အငြိမ်နေနိုင်ပါတော့လိမ့်မလဲ။

Sunoo ဘက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာလဲ Sunoo က

" ငါ့ကို ခွင့်လွှတ်ပါ Jungwon... ငါ့ကို တာဝန်ယူ ကုသပေးနေတဲ့ Dr က မင်းဖေဖေမို့ ဒီကိစ္စတွေဟာ Dr နဲ့ပဲ သက်ဆိုင်နေတာမို့လို့ အမှန်တရားကို မသိရဘူးဆိုရင် Dr လုပ်တာလို့ပဲ ယူဆပြီး ငါ Dr ကို တရားစွဲဖို့ စီစဉ်ရပါလိမ့်မယ် "

Sunoo ရဲ့ မျက်နှာသေနဲ့ ပြောလိုက်တဲ့စကားအဆုံး Jungwon မျက်ရည်များ ကျလာကာ

" ဖေဖေ့... ဒီကိစ္စက တကယ်ပဲ ဖေဖေ လုပ်တာလားဟင် ... သားကို ပြောပါ...ဟုတ်တယ်ဆိုလဲ ဖေဖေ့ကို တရားမစွဲအောင် သား သူငယ်ချင်းကို သား တောင်းပန်ပါ့မယ်... သူ သိချင်နေတဲ့ အမှန်တရားကို ပြောပြလိုက်ပါ... သားတောင်းဆိုပါတယ် သား တောင်းဆိုနေတာပါ... ဖေဖေ... "

"..... "

တုံဏိဘာဝေ Dr. Yang ကတော့ အံကိုကြိတ်လို့ လက်သီးတင်းတင်းဆုပ်ထားကာ ခေါင်းမော့ထားပြီး ငိုယိုနေတဲ့ သားဖြစ်သူကို တချက်လေးမှ ငုံ့မကြည့်။

" ဖေဖေ ဘာလို့ အဲ့လောက် ခေါင်းမာနေရတာလဲ... ဖေဖေ တရားစွဲခံရရင် ထောင်ကျမှာမှန်း သိသိကြီးနဲ့... ဖေဖေ့ ဂုဏ်သိက္ခာ ဖေဖေ့နာမည် ပြီးတော့ သားတို့ဘဝတွေ တစ်ခုမှ ကောင်းလာစရာ မရှိတာကို သိရက်နဲ့ ဖေဖေ ဘာလို့ ဒီလိုတွေ လုပ်ခဲ့ရတာလဲ... ဟင် ဖေဖေ့... သား တို့ကို လူတွေ လက်ညှိုးဝိုင်းထိုးကာ ခံစေချင်လို့လား... သားတို့ သားမိတွေ လူတိုးမတိုးနိုင်တော့တဲ့အဖြစ်မျိုး ဖြစ်စေချင်လို့လား "

ငိုယိုပြီး အော်ဟစ်ပေါက်ကွဲနေတဲ့ Jungwon ကြောင့် Dr လဲ ကြာကြာ စိတ်ခိုင်တော့ဟန် မတူပါ။

ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို မျက်မှန်ကို ချွတ်၍ ပွတ်ဆွဲသုတ်ပစ်လိုက်ပြီး Jungwon ရဲ့ ပုခုံးလေးကို သိုင်းဖက်လိုက်ကာ

" ဘာတွေ လျှောက်ပြောနေတာလဲ သားငယ်... ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားတွေလဲ... ဖေဖေက ဘာလို့ ထောင်ကျရမှာလဲ "

အဲ့ဒီအချိန်မှာပဲ Jungwon ရဲ့ ငိုသံများကြောင့် ထင် အပြင်မှာစောင့်နေကြတဲ့ မောင်တို့ပါ အထဲကို ရောက်လာကြလေသည်။

စိုးရိမ်တကြီး အနားကပ်လာတဲ့ မောင့်ကို အဆော ခေါင်းအသာညိမ့်ပြကာ အခြေအနေကို စောင့်ကြည့်ရန် အချက်ပြလိုက်သည်။

တကယ်တမ်း တရားစွဲဖို့ဆိုတာ Sunoo အတွေးထဲမှာတောင် မရှိတဲ့ အရာတစ်ခုပါ။

Dr ပယောဂကြောင့်ပဲ ဖြစ်ဖြစ် Jay ညွှန်ကြားလို့ပဲဖြစ်ဖြစ် သူ့အတွက်က အမှန်တရားကို သိရရုံသာ။

ဒါကြောင့်လဲ Dr ထုတ်ပြောလာအောင် တရားစွဲမယ်ဆိုတဲ့ စကားကို ပြောလိုက်ခြင်းဖြစ်သည်။

ခုလို သူငယ်ချင်းဖြစ်သူက ငိုယိုနေလေတော့ သူ့စိတ်ထဲ တကယ်မကောင်းနိုင်တော့။

Jungwon ကတော့ သူ့အဖေကို ငိုယိုပြီး ဖျောင်းဖျနေဆဲပါပဲ။

" သားတို့ မိသားစုတွေရဲ့ မျက်နှာကိုတောင် မထောက်တော့ဘူးလား ဖေဖေရယ်... သားတို့ ဘယ်လို ဘဝရောက်ရောက် ဖေဖေ့အတွက်က အဆင်ပြေတယ်လား ဟင် "

" ဟင်းးး သားငယ်ရယ် "

Dr ဆီက ထွက်လာတဲ့ သက်ပြင်းချသံ ခပ်လေးလေးကို ကြားလိုက်ရပြီးနောက် Dr ဟာ တစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်ဟန်ဖြင့် Sunoo ဆီကို ကြည့်လာပြီး...

" Dr မှာ မင်းတို့ကို ပြစရာတစ်ခု ရှိတယ်... ဒါလေးကို ကြည့်ပြီးကြရင်တော့ အဖြေက ဘာလဲဆိုတာ အားလုံး သိကြမှာပါ "

ထို့နောက် ငိုနေဆဲဖြစ်တဲ့ သားဖြစ်သူရဲ့ ပါးပြင်ပေါ်ကမျက်ရည်တွေကို Dr ဟာ အပြုံးလေးနဲ့ သုတ်ပေးလိုက်ပြီး နောက်...

" မျက်ရည်လွယ်လိုက်တဲ့ ဖေဖေ့သားလေး... မင်းက သမီးလား မင်းညီမလေးက သမီးလား ဖေဖေ မသဲကွဲတော့ဘူး "

Dr ဟာ Jungwon ရဲ့ ပါးလေးနှစ်ဖက်ကို ဖျစ်ညှစ်၍ လိမ်ဆွဲခဲ့ပြီး စားပွဲရှိရာသို့ ပြန်လာကာ စားပွဲအောက်က အံဆွဲတွေထဲကတစ်ခုကို သော့နဲ့ဖွင့်လိုက်ကာ အထဲမှ တစ်စုံတစ်ရာကို နှိုက်ယူလိုက်လေသည်။

လက်ထဲ ပါလာတာက stick လေးတစ်ခု။

ထို stick လေးကို MacBook မှာထိုးစိုက်လိုက်ပြီး အထဲမှ တစ်ခုခုကို ရှာကာ ဖွင့်လိုက်တဲ့ Click ဆိုတဲ့ အသံလေးကို ကြားလိုက်ရပြီးနောက်

" အားလုံးပဲ ဒါလေးကို သေချာလေး ကြည့်ပေးကြပါ "

MacBook screen ကို သူတို့ရှိရာဖက် လှည့်ပြလိုက်တဲ့အချိန်မှာတော့ မြင်လိုက်ရတာက Video file တစ်ခု။

အတိအကျပြောရမယ်ဆိုရင်တော့ Jay နဲ့ Dr နှစ်ယောက်သား တစ်ခုခုကို အခြေအတင် ဆွေးနွေးနေကြတဲ့ video file။

အားလုံးရဲ့ အကြည့်တွေက Screen မှ မခွာဘဲ အထဲမှ လှုပ်ရှားနေဟန်တွေကို သေချာစူးစိုက်၍ ကြည့်နေကြလေသည်။

ခဏနေတော့ Screen မှာပေါ်လာတာက Jay လက်ထဲကနေ စားပွဲပေါ် တင်လိုက်တဲ့ ဆေးဗူးလေး။

Dr က ထိုဆေးဗူးလေးကို လှမ်းယူလိုက်ကာ တစ်စုံတစ်ရာပြောဆိုလိုက်ပြီး ခေါင်းညိမ့်ပြလိုက်တာကိုလဲ မြင်လိုက်ရလေသည်။

ဒီလိုနဲ့ နှစ်ဦးသဘောတူ ညှိနှိုင်းပြီးကြဟန်ဖြင့် Jay က အခန်းထဲမှ ထွက်သွားလေသည်။

Video လေးက ဒီနေရာမှာတင် ရပ်တန့်သွားခဲ့သည်။

CCTV ကနေ ကူးယူထားတာမို့ အသံမပါပေမယ့်လည်း သူတို့ အားလုံး နားလည်လိုက်တာက Jay ဟာ Dr ကို ဆေးအကြောင်း ပြောနေတာကို။

သူတို့ အတွေးကိုယ်စီနဲ့ ငြိမ်သပ်နေမိကြတုန်းမှာပဲ Dr က ထပ်မံ၍ အသံ file တစ်ခုကို ဖွင့်ပြလာပြန်ပါသည်။

ထိုအသံ file ထဲမှာတော့ စောစောက ရုပ်သာမြင်ရသည့် CCTV မှတ်တမ်းထဲမှ လှုပ်ရှားမှုတွေရဲ့ အသံတွေသာ ဖြစ်လို့နေသည်။

ထိုအထဲမှာ Jay က Sunoo ကို မှတ်ဉာဏ်တွေ ပြန်မရစေချင်တော့ဘူး ဟု ဆိုကာ မှတ်ဉာဏ်တွေ ပြန်ရဖို့အတွက်ကို တားဆီးပေးတဲ့ ဆေးကို ပြောင်းပေးရန် ပြောဆိုနေခြင်းဖြစ်သည်။

Dr က ဒီလို မလုပ်သင့်ကြောင်း ဖျောင်းဖျနေပေမယ့် Jay က လက်မခံ။ အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို မေ့ပစ်ပြီး စိတ်သစ်လူသစ် အနေနဲ့ သူ့အနားမှာ နေစေလိုသည် ဟုလည်း ပြောနေသေးသည်။

ထိုနေရာတွေမှာတော့ Sunoo မကြားလိုတော့၍ MacBook မှာ တပ်ထားတဲ့ Stick ကို ဆွဲဖြုတ်၍ MacBook ကိုပါ တစ်ခါတည်း ပိတ်ချလိုက်လေတော့သည်။

ဒီလောက်ဆိုရင် Jay ရဲ့ သဘောကို သူ သိပြီလေ။ ဘာတွေကို ထပ်ပြီး နားထောင်နေစရာ လိုတော့လို့လဲ။

အလိုက်မသိ စီးကျနေတဲ့ မျက်ရည်တွေကို အင်္ကျီလက်ဖျားနဲ့ ခပ်ကြမ်းကြမ်းပဲ ဆွဲပွတ်သုတ်လိုက်ကာ အမြန် ခြောက်သွေ့စေလိုက်သည်။

" ရပါပြီ Dr... ဒီလောက်ဆိုရင်ပဲ ကျွန်တော့်အတွက် လုံလောက်ပါပြီ "

" Sunoo သိချင်နေတဲ့ အမှန်တရားဆိုတဲ့ အရာကြီးက ဒါပါပဲ ... CEO ရဲ့ သိက္ခာအတွက် Dr နှုတ်ပိတ်နေဖို့ စဉ်းစားထားပေမယ့်... "

" ကျွန်တော် နားလည်ပါတယ် Dr... Dr အတွက်ကလဲ ဒါဟာ စွန့်စားမှု တစ်ခုပဲလေ "

ပင့်သက်မောတွေကိုသာ ဆက်တိုက်ဆိုသလို ချနေတဲ့ Dr ဟာလဲ သူ့လုပ်ရပ်အတွက် သူ စိတ်မသက်မသာ ဖြစ်နေဟန်ရှိရဲ့။

ဒါပေမယ့်လည်း ဘယ်သူ့ကိုမှ ဘာမှ လုပ်ဖို့ အစီအစဉ်မရှိတဲ့ အတွက် Sunoo က

" ကျွန်တော် ခုနက Dr ကို တရားစွဲမယ်လို့ ပြောမိတဲ့ ကိစ္စ.... အဲ့စကားကို မရှိခဲ့သလိုပဲ သဘောထားပေးပါ Dr.. ဒါဟာ အမှန်ကို သိချင်ရုံသပ်သပ် ပြောလိုက်မိတဲ့ စကားပါ... ကျွန်တော် ဘယ်သူ့ကိုမှ ဘာမှ လုပ်ဖို့ စိတ်ကူး မရှိပါဘူး "

သူ့စကားကြောင့် Dr သာမက Jungwon ကပါ အံ့သြသွားဟန်ရှိပါသည်။

" Dr လုပ်ရပ်အတွက် တာဝန်ယူရမယ်ဆိုလဲ Dr တာဝန်ယူဖို့ အသင့်ပါ Sunoo... ဒီလို ငဲ့ညှာ ပေးစရာမလို..."

" မဟုတ်ဘူး Dr... ကျွန်တော့်မှာ နဂိုထဲက အဲ့အစီအစဉ် မရှိခဲ့တာပါ... ပြီးတော့.. ဒါလေး.. ဒီ video file လေးကို ကျွန်တော့်လက်ထဲ လွှဲပေးနိုင်မလား Dr "

စားပွဲပေါ်က Stick လေးကို Sunoo ကောက်ယူလိုက်ပြီး ပြောလိုက်တော့ Dr က

" ဘာလို့များလဲ Sunoo "

" ကျွန်တော်ကိုယ်တိုင် ဒီ video file ကို ဖျက်ဆီးလိုက်ချင်လို့ပါ... ဒါဟာ Jay ရဲ့ သိက္ခာပိုင်းနဲ့လဲ ဆိုင်နေသလို Jay ရဲ့ လုံခြုံရေးနဲ့လဲ ဆိုင်နေတယ်လေ...ဒီလိုပြောလို့ Dr ကို မယုံကြည်တာ မဟုတ်ဘူးနော်... အမှန်တရားကို ကာယကံရှင် ဖြစ်တဲ့ ကျွန်တော် သိရင်ပဲ ရပြီမို့... ဒါနဲ့ပတ်သက်တဲ့ သက်သေဆိုတာမျိုးကြီးတွေ ရှိမနေစေချင်လို့ပါ "

" ဒါကတော့ Sunoo ရဲ့ သဘောပါပဲ... Sunoo ကျေနပ်တယ်ဆိုရင် သဘောရှိသလို လုပ်ပါ.... Dr ဒါကို ယူထားရတယ်ဆိုတာကလဲ တစ်ချိန်ချိန်မှာ စကားပြောစရာတွေ ဖြစ်လာခဲ့ရင် ဖြေရှင်းရလွယ်အောင်လို့ပါ... CEO ကို မကောင်းတာလုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး မရှိခဲ့တာ အမှန်ပါ "

" ယုံပါတယ် Dr "

" အခုလို CEO ကိုရော Dr ကိုရော နားလည်ပေးပြီး ခွင့်လွှတ်ပေးနိုင်တဲ့ Sunoo ကို Dr ဘယ်လို ကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူးကွယ်... ဒီလို ခွင့်လွှတ်မှုအတွက် Dr ဘယ်လို ကျေးဇူးဆပ်ရပါ့မလဲ "

" အဟင်း... ကျေးဇူး ဆပ်ချင်တယ်ဆိုရင်တော့ Dr လုပ်ရမှာ တစ်ခုတည်းပါ...အဲ့ဒါကတော့ ဒီအကြောင်းတွေ ကျွန်တော် သိသွားပြီ ဆိုတာ Jay ကို လျှို့ဝှက်ထားပေးဖို့ပါပဲ ... ဒီအတွက်နဲ့ Jay စိတ်ထဲ ဝန်လေးနေရမှာမျိုး မဖြစ်စေချင်လို့ပါ "

" စိတ်ထားလေး နူးညံ့လိုက်တာ ကလေးရယ်...ဒီလို ကလေးမျိုးကိုမှ Dr က ဒီလို လုပ်ရပ်တွေ လုပ်လိုက်မိတာတဲ့လား... Dr ရဲ့ လုပ်ရပ်တွေက ဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်တွေနဲ့ သွေဖီနေခဲ့လို့ Dr တစ်နေ့မှ စိတ်မသက်သာခဲ့ရပါဘူး... ဒါကြောင့်လဲ Sunoo အတွက် မထိခိုက်စေမယ့် အာနိသင်နည်းတဲ့ ဒီဆေးကိုပဲ Dr ပေးခဲ့တာပါ... ဒါကြောင့်လဲ Sunoo အားလုံးကို မေ့မသွားဘဲ အခုလို မြန်မြန် ဆန်ဆန် သတိရလာတာပါ "

" ကျွန်တော်က ပြန်ပြီး ကျေးဇူးတင်ပါတယ်... ကျွန်တော့်အပေါ် ဒီလို ငဲ့ညှာပေးခဲ့လို့ပေါ့..."

အပြန်အလှန် ကျေးဇူးတင်ကြရင်းဖြင့် ဒီနေ့ရဲ့ အမှန်တရားရှာပုံတော်လေးဟာ ပြီးဆုံးသွားခဲ့လေတော့သည်။

နောက်ဆုံး အနေနဲ့ Sunoo Dr ဆီကနေ အထပ်ထပ် တောင်းခဲ့မိတဲ့ ကတိတစ်ခုက Sunoo ဆေးအကြောင်း သိသွားပြီ ဆိုတာကို Jay မသိစေဖို့ပါပဲ။

Jay ရဲ့ လုပ်ရပ်တွေအတွက် Sunoo မသိချင်ယောင် ဆောင်ကာသာ ကျော်သွားပေးနိုင်ပါတယ်လေ...

ဒါဟာလဲ သူ့ကို ပိုင်ဆိုင်ချင်စိတ်တွေနဲ့ လွဲမှားစွာ ရွေးချယ်မိတဲ့ Jay ရဲ့ အတ္တတွေပါပဲ...

ဘာပဲဖြစ်ဖြစ် Jay မှာ အပြစ်မရှိခဲ့ပါဘူး။

ဒါတွေ ဖြစ်လာရတဲ့ တရားခံဟာ သူကိုယ်တိုင် ပါပဲလေ။

မောင်ကတော့ ဘေးနားမှာ ​ဖေးကူပေးရင်း Sunoo ရဲ့ ဆုံးဖြတ်ချက်တိုင်းကို သဘောတူပေးခဲ့တာချည်း။

.
.
.

" တစ်ကောင်တော့ အနံ့ရပြီ Boss... ကျွန်တော် သူ့ကားနောက် လိုက်နေတယ် "

" အေး ဟုတ်ပြီ... မိအောင်ဖမ်းပြီး ငါ့ဆီ ခေါ်ခဲ့ Leo... ငါ အခု Company မှာရှိတယ် "

" ဟုတ်ကဲ့ Boss... company ကိုပဲ ခေါ်ခဲ့လိုက်ပါ့မယ် "

ဖုန်းပြောပြီးတာနဲ့ အရှိန်မြှင့်လိုက်တဲ့ ကားလေးက လေးညှို့မှ ပစ်ခွင်းလိုက်တဲ့ မြားလေး တစ်စင်းလို။

သူ့ရဲ့ Focus ကတော့ ရှေ့ ခပ်လှမ်းလှမ်းမှာ သာမာန် အရှိန်နှုန်းနဲ့သာ မောင်းနှင်နေတဲ့ ပြိုင်ကားအနီလေး။

ထို ကားထဲမှာ ရှိနေတာကတော့ Sunoo တို့နဲ့ လမ်းခွဲပြီး အချက်အလက်တွေ ရှာခိုင်းထားလို့ တစ်ဝိုင်းပြုစုမယ်ဆိုပြီး ကတိခံထားမှုကြောင့် PA ကြီးဆီ သွားနေတဲ့ Jake။

Sunghoon နဲ့ Sunoo ကို Niki ကားနဲ့ ထည့်ပေးလိုက်ကာ သူက တစ်ယောက်ထဲ လမ်းခွဲ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကားကို ခပ်မှန်မှန်သာ မောင်းလာခဲ့ပြီး ခေါင်းထဲမှာ တွေးနေမိတာက Jay, Sunoo နဲ့ Sunghoon တို့ရဲ့ အချစ်ရေး အရှုပ်တော်ပုံကြီး အကြောင်းကို။

သုံးပွင့်ဆိုင် ဒီအချစ်ဇာတ်လမ်းမှာ အထိနာချက်ကတော့ ဇာတ်ကောင်သုံးယောက်လုံးပါပဲ။

သူတို့သုံးယောက်ရဲ့ ကံကြမ္မာကို ဇာတ်ညွှန်းရေးတဲ့ ကံဇာတ်ဆရာဟာ အတော်ကို အသည်းမာပုံရပြီး ရက်စက်တတ်ပုံရှိရဲ့။

တကယ်လို့များ သူ့အချစ်ရေးကို ရေးသီဖွဲ့ဖြစ်ခဲ့ရင် အဲ့လောက်ထိ မရက်စက်ဖို့ ဘာတွေနဲ့ လာဘ်ထိုးရမလဲ ကံဇာတ်ဆရာရယ်။

တကယ်ဆို ဒီသုံးယောက်မှာ တစ်ယောက်ယောက်ကတော့ လျှော့ဖို့ကောင်းပြီ။

ခေါင်းမာတတ်တာခြင်းတွေ တူညီနေပြီ ပိုင်ဆိုင်လိုစိတ်တွေပဲ ကြီးစိုးနေတဲ့အခါ ကြားထဲက Sunoo ခမျာမှာလဲ သနားစရာ။

ကျေးဇူးတရားနဲ့ ချစ်ရသူအကြား...
မိသားစုနဲ့ ချစ်ရသူအကြား...
လွန် ဆွဲနေရတဲ့ Sunoo ရဲ့ စိတ်ကလေးကိုလဲ သူ သနားမိပါရဲ့။

Sunoo သာ သူ့ညီလေးဆိုရင် ဒီလိုပူလောင်မှုတွေနဲ့ ဝေးရာ ငြိမ်းချမ်းတိတ်ဆိတ်တဲ့ နယ်မြေလေးတစ်ခုဆီ ခေါ်သွားလိုက်ချင်ပါရဲ့။

ဘာပဲဖြစ်ဖြစ် အေးချမ်းစေချင်လှပါပြီ။

သူ သိချင်မိတယ်လေ...

နှလုံးသားတွေကို လောင်းကြေးထပ်လို့ လွန် ဆွဲနေကြတဲ့ ဒီပွဲမှာ ဘယ်သူက တကယ့်အနိုင်ရသူ ဖြစ်မလဲ လို့။

အာ... မဟုတ်သေးပါဘူး

ဘယ်သူက တကယ် ချစ်တတ်တဲ့သူ ဖြစ်မလဲလို့။

ကျွန်တော်ထင်တယ်... တကယ်ချစ်ရင် ချစ်ရတဲ့သူကို ဘယ်လိုလူကမှ နာကျင်စေချင်မှာ မဟုတ်ဘူးလေ။

အတွေးနဲ့ ကားမောင်းနေတဲ့ Jake တစ်ယောက် နောက်ကနေ အချက်ပြပြီး လမ်းတောင်းနေတဲ့ ကားတစ်စီးကြောင့် ဘေးဘီကို ဝေ့ကြည့်လိုက်တော့ အဲ့လောက်လဲ လမ်းက ရှုပ်နေတာမဟုတ်။

ဘေး လမ်းကြောကနေ ပြောင်းပြီး မောင်းလို့လဲ ရနေရက်နဲ့ နောက်ကနေ တောက်လျှောက်ကြီး ကပ်လိုက်နေပြီး လမ်းတောင်းနေတဲ့ ဒီကား။

* ဘာတွေ အရေးကြီးနေပါလိမ့်... အဲ့လောက်မှ အရေးကြီးနေလဲ ကျော်သွားပါခင်ဗျာ...*

ကားကို ဘေးသို့ ကပ်ကာ လမ်းပေးလိုက်တော့ ဝေါခနဲ မောင်းပြီး ကျော်တက်သွားလေသည်။

ကျော်သွားလို့ လွတ်ပြီ ထင်နေတဲ့ Jake တစ်ယောက် အထင်နဲ့ အမြင်ဟာ တလွဲ။

ကျော်တက်သွားပြီး ခပ်လှမ်းလှမ်းရောက်တော့ မပြောမဆို ထိုးရပ်လိုက်တဲ့ ကားကြောင့် သူပါ ဘရိတ်ကို အမှီ အုပ်လိုက်ရသည်။

တော်သေးတာက အရှိန်သိပ်မပါလို့။

ဟူးးး ဒီနေ့ Jake Jake တို့ ကံမကောင်းပါလား...

တစ်ယောက်တည်း ရေရွတ်ရင်း ကားကို အပြီးသတ် စက်သပ်လိုက်ကာ ကားပေါ်က ဆင်းမယ်အလုပ်။ ရှေ့ကားပေါ်ကနေ ဆင်းလာတဲ့ ဝတ်စုံအမဲတွေ ဝတ်ထားတဲ့ ခပ်တောင့်တောင့် အမျိုးသား သုံးယောက်။

* ဟ! ဘာလဲဟ...*

ကားတံခါးကို ကမန်းကတမ်း lock ချလိုက်ကာ အခြေအနေ ကြည့်နေလိုက်တော့ ထင်တဲ့အတိုင်း သူ့ဆီ တည့်တည့်လာနေလေ၏။

ခေါင်းထဲမှာ ဒိုင်းခနဲဆို သတိရလိုက်မိတာက CEO Park...

* သွားပြီ သားကြီးရေ... ငါတော့ မိသွားပြီ ဟ *

ရှေ့ဆုံးမှ ဆင်းလာတဲ့ တရုတ်ကပြားရုပ်နဲ့ ခပ်တောင့်တောင့် တစ်ယောက်က ကားမှန်ကို လာခေါက်ကာ တံခါးဖွင့်ခိုင်းနေလေသည်။

No ပါ... ဒါမျိုး လာလုပ်လို့ ရမလား...

Jake ခေါင်းကို ခပ်သွက်သွက်လေး ခါပြလိုက်သည်။

မဖွင့်နိုင်ဘူးဆိုတဲ့ သဘော။

ဒါကိုပဲ ကိုယ်တော်ချောက တိုနန့်နန့် သူ့ကတုံးဆံပင်ပေါက်ကို တစ်ချက်သပ်လိုက်ကာ ပါးစောင်ကို လျှာနဲ့ ထိုးပြီး စိတ်မရှည်ဟန်ပြသည်။

အခြေအနေ မဟန်မှန်း သိတာမို့ Jake ကားကို နောက်ပြန်ဆုတ်ဖို့ back မှန်မှ တဆင့် အနောက်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ မျက်လုံး အစုံ ပြူးကျယ်သွားရတော့သည်။

* f**k ပဲ... ငါ အဝိုင်းခံထားရပြီ ဟ *

အနောက်မှာလဲ ပိတ်ရပ်ထားတဲ့ ကားတစ်စီး။

ဘယ်လိုမှ ရှောင်လို့ မလွတ်မှန်း သိတာကြောင့် Jake တံခါးမှန်လေးကို နည်းနည်းလောက်လေးပဲ လျှောချလိုက်ကာ

" ဘာလိုချင်လို့လဲ bro တို့... ကိုယ် ဘာ ကူညီပေးရမလဲ "

မျက်နှာကို အစွမ်းကုန် ပြုံးဖြီးပြလိုက်ရင်း ဟန်ကိုယ့်ဖို့ စကားဆိုတော့ ကပြားကောင်က ဟနေတဲ့ မှန်ကြားကနေ သူ့လက်ကို မရမက လျှိုသွင်းလာပြီး တံခါးဖွင့်ခိုင်းနေလေသည်။

" ဒီလိုကြီး မလုပ်သင့်ဘူးလေ bro ရဲ့... လိုတာပြောပါ ကိုယ် ကူညီမှာပေါ့ အဟဲ "

" ဟေ့ကောင် ကြောင်တောင်တောင် လုပ်မနေနဲ့... အချိန်ကြာတယ်.. ခု ဆင်းခဲ့ "

စိတ်မရှည်တော့ဟန်ဖြင့် ကားဘော်ဒီကို ခြေထောက်နဲ့ ကန်ကာ Jake ကို ဆင်းခဲ့ဖို့ ခေါ်လေတော့သည်။

ဘေးပတ်ဝန်းကျင်ကလဲ ရှင်းလင်းနေပြီး ဖြတ်သွားဖြတ်လာ ကား တစ်စီးတစ်လေကလဲ သူတို့ကို သတိထားမိပုံမပေါ်။

ဘယ်လိုမှ ရှောင်လို့ မရတော့ပြီမို့ Jake ကား တံခါးကို ဖွင့်ကာ ဆင်းဖို့အလုပ် lock ဖွင့်လိုက်တာနဲ့ တံခါးကို ခပ်ကြမ်းကြမ်း ဆွဲလှပ်ခံလိုက်ရကာ လူကိုပါ ဆွဲချခြင်းကို ခံလိုက်ရလေတော့သည်။

" ဟ... ဖြည်းဖြည်းလုပ်ပါ "

" CEO Park က ခေါ်ခိုင်းလိုက်ပါတယ် bro... အေးအေးဆေးဆေးပဲ သွားကြတာပေါ့ "

" ဘာကိစ္စနဲ့ ခေါ်ခိုင်းတာလဲ "

" ဧည့်ခံချင်လို့ မဟုတ်တာတော့ သေချာတယ်... သိချင်ရင် တွေ့မှ မေးကြည့်ပေါ့ "

မချိုမချဉ် ရုပ်နဲ့ ပြောလာပြီး သူတို့ကားထဲကို ဝင်ဖို့ ခေါင်းဆတ်၍ အချက်ပြလိုက်ကာ ရှေ့ကနေ ကားပေါ်အရင်တက်သွားတဲ့ ကပြားကောင်။

ဖြစ်နိုင်ရင် ကတုံးပေါက်ကေနဲ့ အဲ့ခေါင်းကို ခပ်နာနာလေး နှစ်ချက်ဆင့်ပြီး ခေါက်ပစ်လိုက်ချင်တာ။

သူတို့ကားပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်လိုက်ရင်း ကြိတ်မနိုင် ခဲမရ စိတ်တွေနဲ့ ဒီ ကပြားကောင်ကိုသာ ကြည့်ရင်း Jake မှာတော့ အံတကြိတ်ကြိတ်။

ခေါ်သွားတာက Park Group ရဲ့ ရုံးချုပ်။

အခုရောက်နေတာက CEO ရဲ့ ရုံးခန်းကို သွားရာ သီးသန့် lift ထဲမှာ။

Jake အကြံထုတ်နေရပြီ။

မေးတော့မှာလေ CEO Park က။ Park Sunghoon ဘယ်မှာလဲဆိုပြီးတော့။

အသာတကြည် မေးရင်တော်သေးရဲ့။ အခုဟာက ဗလတောင့်တောင့် ဟိုငနာသုံးကောင်က ဘေးမှာရှိနေတော့ နည်းနည်းတော့ လန့်နေရသည်။

သုံးယောက်တစ်ယောက်မို့ ပြန်ခုခံရင် ကိုယ်ပဲ နာမှာမလား။

ရုံးခန်းရှေ့ကို ရောက်တော့ အသင့်စောင့်နေဟန်ရှိတဲ့ CEO က တံခါးခေါက်ခေါက်ချင်း အသံပြုလာသည်။

အထဲကို ရောက်တော့ ဧည့်သည်တွေထိုင်ဖို့ ချထားတဲ့ ဆိုဖာတွေရဲ့ ထိပ်ဆုံးက ခုံမှာ ခြေချိတ်ပြီး ထိုင်နေတဲ့ CEO Park.

သူ့ကိုလဲ ထိုင်ဖို့ရာ အချက်ပြလိုက်တာကြောင့် Jake ဆိုဖာမှာဝင်ထိုင်လိုက်သည်။

ယခုအချိန်အထိ ဟိုငနာတွေက အပြင်ထွက်မသွားသေး။

သူ ဝင်ထိုင်လိုက်တယ် ဆိုရင်ပဲ CEO Park က

" အခုလို ခေါ်လိုက်ရတဲ့အတွက်တော့ အားနာပါတယ် Sim Jake... ကိုယ်တို့ လိုရင်းကိုပဲ ခပ်မြန်မြန်လေး သွားလိုက်ကြရအောင် "

" CEO ဘာ ပြောချင်တာလဲ မသိဘူး နော် "

အူကြောင်ကြောင် Jake စကားကြောင့် CEO ဟာ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ခပ်မဲ့မဲ့ တစ်ချက် ရယ်လိုက်ပြီး

" အချိန်တွေက အရမ်းအဖိုးတန်တယ်လေ ချာတိတ်... ဘာလို့ ဖြုန်းတီးချင်နေရတာလဲ "

" ဟို...ကျွန်တော် တကယ်မသိ "

Jake ပါးစပ်က အငြင်းစကားပြောလို့မှ မဆုံးသေး ဝါကျမဆုံးခင် ရှေ့တိုးလာတဲ့ ကပြားကောင်ကြောင့် စကားက တဝက်နဲ့ ရပ်သွားရသည်။

ဒါကိုမြင်တော့ CEO က ထို ကပြားကောင်ကို လက်ကာပြလိုက်ကာ

" ရတယ် Leo... ဒီကိစ္စကို ငါပဲ ကိုင်တွယ်လိုက်မယ် .. မင်းတို့ အပြင်ကပဲ စောင့်နေလိုက် "

သူတို့ CEO ပြောတော့လဲ တစ်ခွန်းပဲ။ ခေါင်းငုံ့၍ အရိုအသေပေးကာ အပြင်ထွက်သွားကြလေသည်။

နှစ်ယောက်ထဲ ကျန်ခဲ့မှ အခန်းကြီးက ပို၍ အေးစိမ့်စိမ့် ဖြစ်လာသလိုလို။ CEO ဆီက အငွေ့အသက်တွေများလား။

" ကဲ မင်း အသာတကြည် ပြောလာမှာကို ကိုယ်နားထောင်ရမှာလား... ဒါမှမဟုတ် ပြောထွက်လာအောင် ကိုယ် လုပ်ပေးရမလား... ဒါနဲ့ စကားမစပ် မင်းအဖေ Mr.Sim က ကိုယ်နဲ့ အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းထားတာလေးတွေ ရှိနေတယ်နော်... မင်း မသိမှာစိုးလို့ ကိုယ် အသိပေးတာပါ "

" ဒါ အဖေ့ကိစ္စတွေပါ... ကျွန်တော် စိတ်မဝင်စားဘူး "

" အဟားး ချာတိတ်က ကိုယ့်အဖေ ကိစ္စကိုတော့ စိတ်မဝင်စားဘဲ... မဆီမဆိုင် သူများကိစ္စတွေမှာကျ တအား စိတ်အားထက်သန်တယ်နော် "

" CEO ဘာပြောချင်​နေတာလဲ ကျွန်တော် တကယ် မသိဘူး "

" ဟုတ်ပါပြီ... ဒါဆို ကိုယ့် မန်နေဂျာနဲ့ ဖုန်းခဏပြောလိုက်အုံးမယ်.. အဲ့အချိန် သိအောင် စဉ်းစားထားပေါ့ "

ပြောပြောဆိုဆိုပဲ ဖုန်းခေါ်နေပြီဖြစ်တဲ့ CEO က ဖုန်းဆက်မယ်ဆိုပြီး ထိုင်ရာက မထ။

ပြီး Speaker ကိုတောင် ဖွင့်ထားလိုက်လေသည်။

ချက်ချင်းတန်းကိုင်လိုက်တဲ့ တဖက်လူက

" ဟုတ်ကဲ့ CEO "

" အင်း... ဟိုတစ်နေ့က Sim Group က တင်ပြလာတဲ့ Project လေ... အဲ့ဒါ မန်နေဂျာကြီး ကိုင်တာမလား.. "

" ဟုတ်ပါတယ် CEO ... ကျွန်တော် အပြီးသတ် စီစစ်ပြီးရင် CEO ဆီ အစီရင်ခံစာ လာတင်တော့မလို့ပါ "

Sim Group လို့ ကြားလိုက်တည်းက နားစွင့်နေမိတဲ့ Jake. သူ့ရှေ့မှာ Speaker ဖွင့်ပြီး ပြောနေတာက ဘာသဘောပါလိမ့်။

တွေးလို့မှ မဆုံးသေး ။ CEO ပြောလိုက်တဲ့ စကားကြောင့် Jake သွေးတက်သွားရသည်။

" အစီရင်ခံစရာ မလိုတော့ဘူး ဂျာကြီးရေ့... အဲ့ကိစ္စအတွက်နဲ့ ကျွန်တော် ခေါင်းရှုပ်မခံနိုင်ဘူးမို့ အဲ့ Project ကို လက်မခံဘူးလို့ ပြန်ပြောလိုက်ပါ.. အော် အခု ချက်ချင်းနော်... အလုပ်ဆိုတာ အချိန်ဆွဲ လို့ မကောင်းဘူး... အမြန်ဆုံး ဆက်သွယ်ပြီး လက်မခံဘူး ပြောလိုက်တော့ "

" ဟို နေ..နေ ပါအုံး.. CEO Park "

ဖုန်းမချခင် ကြားဖြတ်မေးလိုက်တဲ့ Jake ကြောင့် CEO က မျက်ခုံးတစ်ဖက် ပင့်ပြကာ ဘာလဲ ဆိုတဲ့ သဘောနဲ့ အသံတိတ်မေးလာသည်။

" ဒါ ဖေဖေ့ရဲ့ project မလား "

" အဲ့ဒီတော့... "

" CEO က အဲ့လိုမျိုး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ မခွဲခြားတတ်တဲ့ လူလို့တော့ ကျွန်တော် မထင်မိတာ အမှန်ပဲ "

" အဟက်! ကိုယ် အလုပ် လုပ်နေတာလေ ချာတိတ်... မင်းနဲ့ စကားပြောနေရင်း အလုပ်ကိစ္စလေး သတိရသွားလို့ တဖက်က မျှော်လင့်နေမှာစိုးလို့ အကြောင်းကြားခိုင်းလိုက်တာပါ... ဘာက ပြဿနာရှိနေလို့လဲ... ကိုယ် အလုပ် လုပ်နေတယ်လေ "

" ဖေဖေ့ Project ကိစ္စနဲ့ ကျွန်တော််တို့ ကိစ္စနဲ့ကို မရောထွေးပစ်ပါနဲ့... ဖေဖေ ဒီ Project ကို တအား မျှော်လင့်ထားတာ "

" ဒါပေမယ့် ကိုယ် စိတ်မဝင်စားဘူးလေ... ကိုယ်က စီးပွားရေး လုပ်နေတာ ကိုယ့်အတွက် မကိုက်ဘူးထင်ရင် ဘာကိုမှ မလုပ်ဘူး "

" CEO "

" ပြောပါ "

" ကျွန်တော် တောင်းပန်ပါတယ်... ဖေဖေ့ ကိစ္စကို ဆွဲမထည့်ပါနဲ့ "

အခုထိ ဖုန်းမချသေးတဲ့ CEO က Jake ကို ခပ်ထေ့ထေ့အပြုံးတွေနဲ့ ကြည့်ကာ ထိုင်ရာမှ ထ လာပြီး

" ဒါဆို မင်းက သားလိမ်မာလေး လုပ်လိုက်ပေါ့ "

သူ့မျက်နှာ နားထိ တိုးကပ်ပြီး ငုံ့ကိုင်းလာတဲ့ CEO က လက်ထဲမှာ ကိုင်ထားဆဲ ဖုန်းကို မျက်စပစ်ပြကာ

" ငါ ဘယ်လို အမိန့်ပေးလိုက်ရမလဲ "

" ဟို... ဟို.. ကျွန်တော် ပြောပြရင် CEO, Sunghoon ကို ဒုက္ခ မပေးပါဘူးလို့ ကတိပေးပါ "

" အဟင်း... ဂျာကြီးရေ... ကျွန်တော် ခုနက နည်းနည်း စိတ်ရှုပ်သွားလို့ဗျာ.. Sim Group ဘက်ကို သေချာလေး အကြောင်းကြားပေးပါ... project ကို ကျွန်တော် လက်ခံတယ်လို့ "

Jake တောင်းတဲ့ ကတိကို မပေးသေးဘဲ မန်နေဂျာဆီ ဖုန်းဆက်ပြီး အရင်ပြောနေတဲ့ CEO Park.

Jake တောင်းတဲ့ကတိကို ပေးမှာလား ဆိုတာကတော့...

ဖုန်းဆက်ပြီးတာနဲ့ Jake ကို မေးဆတ်ပြလိုက်ပြီး

" ကဲ ပြော "

" ကျွန်တော် တောင်းတဲ့ကတိကို အရင်ပေးပါ CEO "

" မင်းဟာက တောင်းဆိုတာတွေ များလှချည်လားကွ... အဖေ့ လုပ်ငန်းကျလဲ အဆင်ပြေစေချင်တယ်... သူငယ်ချင်းကိုကျလဲ သစ္စာရှိချင်တယ်... ထားပါတော့.. နေရာသိရရင်ပဲ ငါ့အတွက်က ရပြီမို့... ပြောတော့...ငါ တော်တော်လေး စိတ်မရှည်ဖြစ်နေပြီ "

တကယ်ကို စိတ်မရှည်တော့ဟန်ဖြင့် ခါးထောက်ကာ မျက်ခုံးတွေကို တွန့်ချိုးပြီး Jake ကို ကြည့်လာတဲ့ CEO.

Jake ဆီက လိပ်စာတစ်ခုကို ရွတ်ပြ ပြီးလျှင်ပြီးချင် ရုံးခန်းထဲမှ ခြေလှမ်းကြဲကြီးတွေနဲ့ ထွက်ခွာသွားတဲ့ CEO Park...

အလိုရှိတာကိုလဲ သိရရော Jake ကိုတောင် တစ်ချက်လေး လှည့်ကြည့်မသွားခဲ့။

တောင်းပန်ပါတယ် သားကြီးရာ...

ငါ မင်းအပေါ် သစ္စာဖောက်လိုက်မိပြီ။

ငါ့ကို ခွင့်မလွှတ်ပါနဲ့။

**************************************

Love you...

San Htarni 💙

24.8.2023

// ဖတ်ရတာ ပျင်းသွားကြပြီလား။ အထုံးလေးတွေကို ဖြည်နေတဲ့ အပိုင်းတွေမို့ နည်းနည်းတော့ ပျင်းစရာကောင်းနေမလားပဲ။ သီးခံပြီး ဖတ်ပေးကြပါအုံးနော် //


ZAWGYI

~ 39 ~

" သူက ဘယ္လိုလုပ္ၿပီး..."

Sunoo ကို ျမင္လိုက္တာနဲ႕ မ်က္မွန္ပင့္တင္ေနတဲ့ လက္တို႔ ေလထဲမွာတင္ တန့္သြားကာ ထိုင္ရာကေန ျပန္ထလာတဲ့ Dr. Yang။

စကားတဝက္တပ်က္နဲ႕ ရပ္သြားၿပီး အံ့ၾသ မွင္သက္ေနဟန္ျဖင့္ Sunoo ကို စိုက္ၾကည့္ေနေလသည္။

Sunoo က အခုခ်ိန္ အိမ္မွာပဲ ရွိေနရမွာ မဟုတ္ဘူးလား...

ၿပီးေတာ့ ယခုထြက္လာတာလဲ CEO ပါလာဟန္မတူပါ။

မိနစ္ဝက္ေလာက္ထိ စိုက္ၾကည့္ေနၿပီးမွ မ်က္လုံးအစုံက သားျဖစ္သူဆီ ေ႐ြ႕သြားကာ...

" သားငယ္ သူတို႔က... "

ယခုထိ အံ့ဩရွိန္ မေျပေသးဟန္ျဖင့္ Dr. Yang ဟာ Sunoo ကို ၾကည့္လိုက္ သူ႕သားကိုသူ ျပန္ၾကည့္လိုက္ စကားတဝက္တပ်က္တို႔ျဖင့္ ေမးခြန္းကို အဆုံးသတ္လိုက္ျဖင့္ ရွိေနေလ၏။

ဒါနဲ႕ပဲ Jungwon က အေဖျဖစ္သူကို

" ဟုတ္တယ္ ေဖေဖ.. ေဖေဖ့ကို ေတြ႕ခ်င္တဲ့ သား သူငယ္ခ်င္းဆိုတာ Sunoo ပါပဲ... ေဖေဖနဲ႕ ေတြ႕ၿပီး အတည္ျပဳစရာေလး သူ႕မွာ ရွိေနတယ္ "

" Sunoo မွာ ဘယ္လို အေရးႀကီးကိစၥေတြ ရွိေနလို႔ Dr အိမ္ထိ လိုက္လာရတာလဲကြယ့္... CEO ကို ဖုန္းဆက္ခိုင္းလိုက္တာေတာ့ မဟုတ္ဘူး... Dr အိမ္ကို လာမွ ေမးလို႔လဲ ရရဲ႕နဲ႕ကြယ္... CEO လဲ မပါဘဲ ဒီကို ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ "

" ကြၽန္ေတာ္ Jay နဲ႕အတူ ရွိေနတာ မဟုတ္ပါဘူး Dr... ၿပီးေတာ့ အခု Dr ဆီကို လာတာလဲ Jay မသိပါဘူး "

" CEO မသိဘူး...? "

" ဟုတ္တယ္ Dr... ဒီရက္ထဲမွာ ကြၽန္ေတာ္တို႔ ကိစၥေလးေတြ နည္းနည္း ျဖစ္ပ်က္သြားလို႔ပါ... ၿပီးေတာ့ တစ္ခု ရွိတာက ကြၽန္ေတာ္ ဒီကိုလာတာကို Dr ဘက္က Jay မသိေအာင္ ထိန္ခ်န္ထားေပးဖို႔ပါပဲ "

" ေဟ... ဘယ္လိုေတြ ျဖစ္ၾကလို႔လဲကြယ္... Dr လဲ Sunoo ကို ေဆးစစ္ေပးရက္ မဟုတ္ေသးလို႔ အိမ္မေရာက္ျဖစ္တာနဲ႕ ဘာတစ္ခုမွ မသိရပါလား "

" Dr အဲ့ဒါေလးေတာ့ ကြၽန္ေတာ့္ကို ကူညီေပးနိုင္မယ္ ထင္ပါတယ္ "

" အင္းး ဟုတ္ပါၿပီ ... ကဲ ကဲ ထားပါေတာ့... အဲ့ဒါေတြထက္ Sunoo, Dr ဆီက အတည္ျပဳခ်င္တယ္ဆိုတာ ဘာမ်ားလဲ "

ထိုအခါမွ Sunoo, Dr ရွိေနရာ စားပြဲနားထိ သြားလိုက္ကာ အကၤ်ီအိတ္ကပ္ထဲမွာ ထည့္ထားတဲ့ ေဆးဗူးေလးႏွစ္ဗူးကို ထုတ္လိုက္ၿပီး စားပြဲေပၚသို႔ တင္ေပးလိုက္ေလသည္။

ၿပီးေနာက္ Dr မ်က္ႏွာကို ေသခ်ာၾကည့္လိုက္ကာ

" Dr ဒီေဆးဗူးေလးေတြကို သိမယ္လို႔ ထင္ပါတယ္ေနာ္ "

" ဘာျဖစ္လို႔လဲ Sunoo "

" ကြၽန္ေတာ္ သိခ်င္တာက ဒီေဆးကို Dr ကိုယ္တိုင္ ၫႊန္းၿပီး ကြၽန္ေတာ့္ကို ေသာက္ခိုင္းတာလား ဆိုတာပါပဲ "

" ဟုတ္တယ္ေလ Sunoo... ဒါ ဘာျဖစ္ေနလို႔လဲ.. အတည္ျပဳခ်င္တယ္ဆိုတာက ဒါကိုလား "

ဆိုလိုရင္းက ဘာဆိုတာ မသိေသးတဲ့ Dr ကေတာ့ Sunoo ေမးသမွ်ကို ေအးေအးလူလူသာ ​ေျဖေနေလသည္။

Sunoo ေနာက္နားမွာ ထိုင္ေနတဲ့ ေမာင္တို႔ရွိရာဆီ တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး

" အေဆာ Dr နဲ႕ ႏွစ္ေယာက္ထဲ စကားေျပာခ်င္လို႔ ေမာင္တို႔က အျပင္ကေန ေစာင့္ေပးနိုင္မလား ဟင္ "

" ေမာင္ စိတ္မခ်ဘဴးေလ အေဆာရဲ႕ "

Dr ေျပာလာမယ့္ စကားေတြကို နားေထာင္ဖို႔ အခန္းထဲမွာ အေဆာကိုတစ္ေယာက္ထဲ ထားခဲ့ဖို႔ရာ Sunghoon စိတ္မခ်တာ အမွန္ပါ။

ဘာေၾကာင့္ရယ္ဆိုတာမရွိေပမယ့္ တစ္ခုခုဆို အေဆာ စိတ္ထိခိုက္သြားမွာ စိုးတာေၾကာင့္ သူ အျပင္ကို ထြက္မသြားခ်င္။

" ေမာင္ေတာ့ ေနခဲ့မယ္ အေဆာ... ေမာင္ အေဆာကို တစ္ေယာက္ထဲ မထားခဲ့ခ်င္ဘူး "

Sunoo နဲ႕ CEO ရဲ႕ ပတ္သက္မႈကို သိထားတဲ့သူ ျဖစ္တာေၾကာင့္ ေမာင္နဲ႕ Sunooရဲ႕ အေျပာအဆိုေတြကို ၾကားၿပီး Dr စိတ္ထဲမွာလဲ အံ့ၾသေကာင္း အံ့ဩေနပါလိမ့္မည္။

" အေဆာ အဆင္ေျပတယ္ ေမာင္... တကယ္ အဆင္ေျပတာမို႔... "

" ဟင္းးးး ဒါဆိုလဲ ေမာင္ အျပင္က ေစာင့္ေနပါ့မယ္... တစ္ခုခုဆို အျပင္မွာ ေမာင္ရွိေနတယ္ေနာ္... ေမာင္ စိတ္ခ်မယ္ "

" ေက်းဇူးပါ ေမာင္ "

ေနာက္ဆံတတင္းတင္းနဲ႕ အျပင္ထြက္ဖို႔ကို စိတ္မခ်ျဖစ္ေနတဲ့ ေမာင့္ကို အဆင္ေျပေၾကာင္း ၿပဳံးျပကာ ေခါင္းေလးညိမ့္ျပေတာ့ ေမာင္ကလဲ ေခါင္းျပန္ညိမ့္ျပကာ လွည့္ၾကည့္ လွည့္ၾကည့္နဲ႕ အခန္းျပင္ထြက္သြားေလေတာ့သည္။

Jake နဲ႕ Niki ပါ ေမာင္နဲ႕အတူ လိုက္သြားကာ အျပင္ထြက္သြားေတာ့ ေနာက္ဆုံး က်န္ေနခဲ့တဲ့ Jungwon က Sunoo လက္ထဲကို ေဆးအေၾကာင္းေတြ ရွာေဖြထားတဲ့ သူ႕ရဲ႕ MacBook ေလး လာထည့္ေပးၿပီး

" မင္း သိခ်င္တာေတြ အေဖ့ဆီကေန အားမနာတမ္း ေမးပါ Sunoo... ငါ ကူညီနိုင္တာ ဒါေလးပဲ ရွိတာမို႔ ငါ တကယ္ စိတ္မေကာင္းပါဘူး "

" ဒီေလာက္ထိ ကူညီေပးတာကိုက ငါ့အတြက္ အကူအညီအႀကီးႀကီး ျဖစ္ေနပါၿပီ သူငယ္ခ်င္း... မင္းရဲ႕ ကူညီမႈအတြက္ ငါ စိတ္ရင္းနဲ႕ ေက်းဇူးတင္ေနပါတယ္ "

" သိခ်င္တာေတြ အကုန္ သိရၿပီးမွ မင္း ေက်းဇူးတင္တာကို လက္ခံပါရေစ Sunoo... အခုေတာ့ ငါ မင္း ေက်းဇူးတင္တာကို လက္မခံပါရေစနဲ႕အုံး "

Jungwon ေျပာတဲ့ စကားကို သူ အသိအမွတ္ျပဳေၾကာင္း အၿပဳံးပါးပါးနဲ႕ ေခါင္းညိမ့္ျပေတာ့ သူ႕လက္ေလးကို အသာ လာဆုပ္ကိုင္လိုက္ၿပီး Dr ဘက္ကို လွည့္၍ Jungwon က

" သားသူငယ္ခ်င္းကို ေဖေဖ့ဆီ အပ္ပါတယ္ ေဖေဖ... သူ သိခ်င္ေနတာေတြအတြက္လဲ ေဖေဖ့ဆီမွာ အေျဖတစ္ခုခု ရွိေနမယ္လို႔ သား ယုံၾကည္ပါတယ္.. ဒါေၾကာင့္ ေဖေဖ သူ႕ကို အစြမ္းကုန္ ကူညီေပးလိုက္ပါ "

" ေအးကြယ္... သား တို႔က ေဖေဖ့ဆီက ဘယ္လို အကူအညီ ရခ်င္တာလဲ မသိေသးေပမယ့္ ေဖေဖ တတ္နိုင္သေလာက္ ကူညီေပးလိုက္ပါ့မယ္ "

" ကတိေနာ္ ေဖေဖ... သားကို ကတိေပးလား "

" လူႀကီးကို ကတိေတာင္းေနရလား သားငယ္ေလး... ေဖေဖ ကူညီမယ္ ေျပာၿပီးၿပီေလ "

" သား ေဖေဖ့ဆီက အဲ့ကတိကို လိုခ်င္တယ္ေဖေဖ "

" ကတိကြာ... ကတိ ကတိ ဟုတ္ၿပီလား လူရႈပ္ေလး... အလုပ္မအားတဲ့ ေဖေဖ့ကို ခဏတိုင္း လာလာ ရႈပ္တဲ့ လူရႈပ္ေလး "

" ဟီးဟီး ေဖေဖကလဲ... ဒါဆို သား အျပင္က ေစာင့္မယ္...Sunoo ငါ အျပင္မွာ ရွိမယ္ေနာ္ "

Dr ကိုေရာ Sunoo ကိုပါ တပါတည္း ႏႈတ္ဆက္ခဲ့ၿပီး အျပင္ထြက္သြားတဲ့ Jungwon ။

အခန္းထဲမွာ ႏွစ္ေယာက္ထဲ က်န္ေတာ့မွ Dr က

" ကဲ Sunoo ေရ... Dr ကို ေျပာခ်င္တာက ဘာလဲကြယ္... Dr လဲ အခ်ိန္ သိပ္မရလို႔ ခပ္ျမန္ျမန္ေလးပဲ သြားလိုက္ရေအာင္.. ႏွစ္ေယာက္ထဲ ေျပာခ်င္တယ္ဆိုေတာ့ ဘယ္လိုအေရးႀကီးကိစၥေတြမ်ားလဲ "

Sunoo နဲ႕ ေမာင္ရဲ႕ ပတ္သက္မႈ၊ CEO မပါဘဲ Sunoo တစ္ေယာက္ထဲ ေရာက္လာတာေတြ၊ သူလာတယ္ဆိုတာကို CEO မသိပါေစနဲ႕ ဆိုတာေတြအတြက္ တစ္စုံတစ္ရာ ေမးလိုဟန္ရွိေပမယ့္ လူႀကီးပီပီ Dr က မသိသလိုပဲေနလိုက္ကာ လာရင္းကိစၥကိုသာ ဦးတည္ၿပီး ေမးလာေလသည္။

Sunoo စားပြဲေပၚက ေဆးဗူးေလးေတြကို လွမ္းယူလိုက္ၿပီး

" Dr ကြၽန္ေတာ့္ကို ဒီေဆး ေသာက္ခိုင္းတာ ဘယ္လို အာနိသင္ေတြေၾကာင့္လဲ... ကြၽန္ေတာ့္အတြက္ ဘယ္လို အက်ိဳးေက်းဇူးေတြ ရနိုင္လဲ Dr "

" Sunoo ရဲ႕ မွတ္ဉာဏ္ေတြအတြက္ ဦးႏွောက္နဲ႕ အာ႐ုံေၾကာေတြကို အေထာက္အပံ့ျဖစ္ေစတဲ့ ေဆးပါပဲ... "

" ဟုတ္ကဲ့ ဒါဆိုရင္ Dr ဒါေလးကို ၾကည့္ေပးပါအုံး "

Sunoo ဟာ ေဆးဗူးအဖုံးေလးကို ဖြင့္၍ လက္ဝါးေပၚသို႔ ေဆးလုံးေလးေတြကို ေမွာက္သြန္ခ်လိဳက္သည္။

ပထမေဆးဗူးဟာ Jay ေပးထားလို႔ Sunoo ေသာက္ေနတဲ့ ေဆးဗူးျဖစ္တာမို႔ ေဆးလုံးေလးေတြဟာ ပန္းေရာင္ေလးေတြသာ။

အခုခ်ိန္ထိ မ်က္ႏွာအမူအရာ ပုံမွန္အတိုင္း ရွိေနေသးတဲ့ Dr. Yang ကေတာ့ Sunoo ေဆးေျပာင္းေပးခံရတာကိုပဲ မသိတာလား.. တမင္ပဲ တည္ၿငိမ္ဟန္ေဆာင္ေနသလား မသိေပမယ့္ မ်က္ႏွာေပၚမွာ ဘယ္လို အရိပ္အေယာင္မ်ိဳးကိုမွ ဖမ္းလို႔မမိ။

Sunoo ျပဳမူေနသမွ်ကို ၿငိမ္သက္စြာသာ ထိုင္ၾကည့္ေနေလသည္။

Sunoo ဒုတိယေျမာက္ ေဆးဗူးေလးကို ယူ၍ Dr မ်က္ႏွာရဲ႕ အေျပာင္းအလဲကို ေသခ်ာ အကဲခတ္ကာ ေဆးလုံးေလးေတြကို စားပြဲေပၚသို႔ သြန္ခ်လိဳက္ေလသည္။

ထိုအခါမွာေတာ့ စားပြဲေပၚမွာ လိမ့္တဲ့ ေဆးလုံးေလးေတြက လိမ့္လို႔ ဟိုတစ္စ ဒီတစ္စ ျပန့္က်ဲသြားတဲ့ အျဖဴေရာင္ ေဆးလုံးငယ္ေလးမ်ား...

Dr ဟာ ထိုေဆးလုံးေလးေတြကို ျမင္လိုက္တဲ့အခ်ိန္မွာ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္၍ မ်က္မွန္ကိုပါ တစ္ခ်က္ပင့္တင္လိုက္ကာ ႏႈတ္ခမ္းကိုပါ လွ်ာနဲ႕ သပ္လိုက္ေသးသည္။

ဒါကိုပဲ ထူးျခားခ်က္လို႔ မွတ္ယူရမလား။

Dr ဟာ Sunoo ကို ဖ်တ္ခနဲ တစ္ခ်က္ မ်က္လုံးလွန္ၾကည့္လာၿပီး ေဆးလုံးေလးေတြဆီကိုသာ အၾကည့္ ျပန္ပို႔သြားေလသည္။

" ကြၽန္ေတာ္ မသိလို႔ ေမးပါရေစ Dr... ဒီေဆးႏွစ္မ်ိဳးက ဘယ္လို ကြာျခားတာပါလဲ... ဘာလို႔ ေဆးတစ္မ်ိဳးထဲက အေရာင္ႏွစ္ေရာင္ ကြဲေနရတာပါလဲ... "

" Sunoo သိခ်င္ေနတာက ဘာမ်ားလဲ... Dr ကို ရွင္းရွင္းလင္းလင္း ေမးေပးလို႔ရမလား "

" ကြၽန္ေတာ္ အရွင္းဆုံး ေမးေနတာပါပဲ Dr... ကြၽန္ေတာ့္ေမးခြန္းရဲ႕ ဆိုလိုရင္းကို Dr သေဘာေပါက္မယ္ ထင္ပါတယ္ "

" Dr ေစာေစာကလဲ ေျပာတယ္မလား... Sunoo ရဲ႕ အာ႐ုံေၾကာေတြ ပုံမွန္ ျပန္အလုပ္ လုပ္လာဖို႔ ေသာက္ရတဲ့ ေဆးလို႔ "

" ဒါဆို ေဆးႏွစ္မ်ိဳး အေရာင္ကြဲေနတာကေရာ Dr "

" ဒါကေတာ့ ေဆးထုတ္တဲ့ company ေတြ မတူရင္ မတူသလို ေဆးေရာင္ကလဲ ကြဲေနနိုင္တာပဲေလ Sunoo ဒါက ဘာျပႆနာ ရွိေနလို႔မ်ားလဲ "

တခ်က္ေလးမွ မ်က္ႏွာပ်က္မသြားဘဲ ပုံမွန္အတိုင္း ျပန္ေျဖေနတဲ့ Dr ေၾကာင့္ Sunoo လဲ ဒီတိုင္းေလးပဲ ယုံၾကည္လိုက္ခ်င္ပါရဲ႕ေလ။

ဒါဟာ အမွန္တရားပါလို႔ေပါ့။

ဒါေပမဲ့ ဘယ္လိုလုပ္မလဲ... သူတိို႔ ရွာထားတဲ့ အခ်က္အလက္ေတြအရ ဒီေဆးဟာ Company တစ္ခုတည္းကသာ ထုတ္လုပ္ၿပီး တျခားထုတ္လုပ္တဲ့ Company မရွိ။

" ဒါဆို ဒါေလးကို Dr တစ္ခ်က္ေလာက္ ၾကည့္ေပးပါလား "

Sunoo စားပြဲေပၚတင္ထားတဲ့ MacBook ေလးကို ဖြင့္လိုက္ကာ Dr ဘက္ကို လွည့္ေပးၿပီး ရွာထားတဲ့အခ်က္အလက္ေတြကို တစ္ခုခ်င္း ျပလိုက္သည္။

ဒါေတြကို ျမင္တဲ့အခ်ိန္မွာေတာ့ Dr ဟာ စိတ္အနည္းငယ္ လႈပ္ရွားလာဟန္တူပါသည္။

အမူအရာေတြက ေစာေစာကေလာက္ မ​ေသသပ္ေတာ့။

MacBook ဆီ ၾကည့္ေနရာမွ Dr ဟာ Sunoo ဆီကိုျပန္ၾကည့္လာၿပီး

" Sunoo... Sunoo ဒီလိုေတြ လာေမးေနတာက Dr ကို မယုံၾကည္ရာ ေရာက္ေနၿပီဆိုတာ သိရဲ႕လား... Sunoo ေျပာခ်င္တာက Dr ေဆးကုသမႈေတြ လြဲမွားေနတယ္လို႔ ဆိုလိုခ်င္ေနတာမ်ားလား "

ထိုအခါ Sunoo ေခါင္းကို တြင္တြင္ ခါယမ္းလိုက္ကာ မဟုတ္ေၾကာင္း ျငင္းဆန္လိုက္ၿပီး

" မဟုတ္ပါဘူး Dr... ကြၽန္ေတာ္ Dr ကို ဒီလို ဆိုလိုခ်င္တာ မဟုတ္ပါဘူး... ဒါေပမယ့္လည္း ဒီကိစၥအတြက္ ကြၽန္ေတာ္ အမွန္တရားကို သိရမွ ျဖစ္မယ္မလား... ဒါ ကြၽန္ေတာ့္ဘဝႀကီးနဲ႕ ဆိုင္ေနတယ္ေလ ... ဒီေဆးကို ထုတ္တဲ့ Company က တစ္ခုတည္းပဲရွိၿပီး ေဆးအေရာင္ကလဲ တစ္မ်ိဳးထဲပဲ ထုတ္လုပ္တယ္ဆိုတာ ကြၽန္ေတာ့္ထက္ Dr ပိုသိမွာပါ...ဘာေၾကာင့္လဲ Dr... ဘာေၾကာင့္လဲ... Dr တာဝန္ယူေပးေနရတဲ့ လူနာတစ္ေယာက္ရဲ႕ ဘဝႀကီးကို ဘာလို႔ ဒီလို လုပ္ရက္ရတာလဲ... Dr မလိမ္မညာဘဲ ကြၽန္ေတာ့္ကို အမွန္တိုင္းပဲ ေျပာျပေပးဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္... အခု ကြၽန္ေတာ္ ေသာက္ေနရတဲ့ ဒီပန္းေရာင္ေဆးေတြက ဘာေတြလဲ... ဘာလို႔ ကြၽန္ေတာ့္ကို ဒီေဆး ေျပာင္းတိုက္ရတာလဲ... ဒီလို ေဆးဗူးထဲမွာ ေျပာင္းထည့္ၿပီးေတာ့ေလ...ေျဖေပးပါ Dr... ေက်းဇူးျပဳၿပီး.... "

" Sunoo တစ္ခုခုကို အထင္မွားေနပုံပါပဲ... Dr မွာ ေျပာစရာ မရွိဘူးမို႔ ဒီကိစၥ ဒီမွာတင္ ရပ္လိုက္ၾကပါစို႔... Sunoo လဲ ျပန္လို႔ရပါၿပီ... Dr အခ်ိန္မရေတာ့ဘူးမို႔ ေဆး႐ုံကို ျပန္သြားရပါအုံးမယ္ "

" Dr... please... Dr ဒီကိစၥကို ဒီလိုပဲ လ်စ္လ်ဴရႈ ေတာ့မလို႔လား... ကြၽန္ေတာ္ အမွန္တရားကို အရမ္းသိခ်င္ေနတယ္ Dr... Dr လဲ အေဖတစ္ေယာက္ပဲမိို႔ ငါ့သားေလးသာ ဒီလိုဆိုရင္ ဆိုတဲ့ စိတ္ေလးနဲ႕ ကိုယ္ခ်င္းစာေပးပါ... ဒီကိစၥက Dr ကိုယ္တိုင္ လုပ္တာလား... ဒါမွမဟုတ္ Jay ရဲ႕ ၫႊန္ၾကားခ်က္နဲ႕လား "

Sunoo စကားကို ဒဲ့သာ ေျပာခ်လိဳက္ေတာ့သည္။

သူ ေဝ့ေနရင္ ေဝ့ေနသေလာက္ Dr ကလဲ လွည့္ပတ္ေရွာင္ဖို႔ စိတ္ကူးထားဟန္ရွိပါသည္။ ထို႔ေၾကာင့္ ေမးခ်င္တာကို တည့္တည့္ ေမးခ်လိဳက္ေတာ့ ထိတ္ထိတ္ျပာျပာ ျဖစ္သြားတဲ့ Dr က

" ဘယ္လို Sunoo!!... ဘယ္လိုစကားေတြ ေျပာေနတာလဲ... ဒီစကားေတြ CEO ၾကားသြားရင္ ဘာျဖစ္သြားမယ္ ထင္သလဲ... "

" ကြၽန္ေတာ့္အတြက္ကေတာ့ ဘာျဖစ္သြားသြား အေရးမပါေတာ့ဘူး Dr... ဒီလို ေဆးမ်ိဳးေတြေတာင္ အတိုက္ခံေနရၿပီးမွေတာ့ ကြၽန္ေတာ့္ဘဝႀကီးက ဘာ ေကာင္းလာစရာ ရွိေသးလို႔လဲ "

" Sunoo တစ္ခု သိထားဖို႔က ဘယ္လိုအေျခအေနပဲ ျဖစ္ျဖစ္ ဘယ္သူကမွ Sunoo ဒုကၡေရာက္ေအာင္ မလုပ္ဘူးဆိုတာပါပဲ... အဲ့ဒါေၾကာင့္ စိတ္ေအးေအးထားၿပီး အိမ္ကိုပဲ ျပန္လိုက္ပါ... Dr ဆီက ဘာကိုမွ ၾကားရလိမ့္မယ္လို႔ ေမွ်ာ္လင့္ မေနပါေတာ့နဲ႕ "

" ရတယ္ေလ Dr... Dr ဆီကမွ ဘာအေျဖမွ ထြက္မလာဘူးဆိုရင္ ကြၽန္ေတာ္ Jay ဆီကို တိုက္ရိုက္သြားေမး႐ုံပဲ ရွိေတာ့တာေပါ့... အစကေတာ့ ဒီလိုေတြ စုံစမ္းေနတာ Jay ကို မသိေစခ်င္ခဲ့ဘူး ...အခုေတာ့ တိုက္ရိုက္ေမးမွ အေျဖက ရေတာ့မယ္ ထင္ပါရဲ႕ "

" ဒါကေတာ့ Sunoo စိတ္တိုင္းက်ပဲ လုပ္ပါ... Dr မွာကေတာ့ တျခားေျပာစရာ မရွိေတာ့ပါဘူး "

စကားကုန္ေျပာခဲ့ကာ ထိုင္ရာမွ ထၿပီး အကၤ်ီခ်ိတ္စင္မွာ ခ်ိတ္ထားတဲ့ အေပၚထပ္ကုတ္ကို ျဖဳတ္ယူလိုက္ၿပီး အခန္းျပင္ျပန္ထြက္ဖို႔ လုပ္ေနတဲ့ Dr. Yang။

သူ႕ဆီကေန ဘာအစေလးတစ္စမွ မထြက္ေစရန္ ေရငုံႏႈတ္ပိတ္ထားဟန္ရွိပါသည္။

Sunoo ေနာက္ဆုံးအေနနဲ႕ စိတ္ကိုတင္းလိုက္ကာ မေျပာခ်င္ဆုံး စကားတစ္ခြန္းကို အားတင္းၿပီး ေျပာလိုက္မိသည္။

" ဒီအခ်က္အလက္ေတြနဲ႕ဆိုရင္ ကြၽန္ေတာ္ Dr ကို တရားစြဲဖို႔ လုံေလာက္တယ္မလား "

မ်က္လုံးစုံမွိတ္ၿပီး ေျပာလိုက္တဲ့ Sunoo ရဲ႕ စကားအဆုံးမွာ လွမ္းလက္စ Dr ေျခလွမ္းေတြ ရပ္တန့္သြားသလို အခန္းျပင္ကေန နားစြင့္ေနဟန္ရွိတဲ့ Jungwon မွာလဲ ခြင့္ေတာင္းျခင္းမရွိဘဲတံခါးကို တြန္းဖယ္၍ အခန္းထဲသို႔ ေရာက္လာေလေတာ့သည္။

" ေဖေဖ! "

" သားငယ္... မင္းကို အထဲဝင္ဖို႔ ခြင့္ျပဳမထားဘူးေလ "

စိုးရိမ္ထိတ္လန့္ေနတဲ့ မ်က္ႏွာငယ္ေလးနဲ႕ Jungwon ဟာ သူ႕ေဖေဖကို အသံတုန္တုန္ေလးနဲ႕ ေခၚလိုက္ေတာ့ Dr ဟာ မ်က္ႏွာကို တမင္တင္းထားၿပီး သားျဖစ္သူကို အျပင္ျပန္ထြက္ဖို႔ ေျပာလာေလသည္။

" အျပင္ကပဲ ေစာင့္ပါ သား... ေဖေဖ ဒီမွာ စကားေျပာေနတယ္ေလ "

" ဟင့္အင္... "

" သားငယ္!! "

" ေဖေဖ... သား ေတာင္းဆိုပါတယ္... အဲ့ကိစၥနဲ႕ ပတ္သက္ၿပီး ေဖေဖ သိထားတာ ရွိရင္ Sunoo ကို ေျပာျပလိုက္ပါ... ဒီလိုမွ မဟုတ္ရင္ သားလဲ ဒီလုပ္ရပ္ႀကီးဟာ ေဖေဖ လုပ္တာပါလို႔ ထင္မိသြားလိမ့္မယ္... သား ေဖေဖ့ကို ဒီလိုလူမ်ိဳးပါလို႔ မထင္ပါရေစနဲ႕ ေဖေဖ ေနာ္... "

အေဖ့ရဲ႕ လက္ေမာင္းကို ဆုပ္ကိုင္လို႔ အမွန္တရားကို ေျပာထြက္လာဖို႔ ေတာင္းဆိုေနတဲ့ Jungwon။

သူ႕ခမ်ာလဲ အေဖကို တရားစြဲမယ္ဆိိုေတာ့ ဘယ္ အၿငိမ္ေနနိုင္ပါေတာ့လိမ့္မလဲ။

Sunoo ဘက္ကို လွည့္ၾကည့္လိုက္တဲ့ အခ်ိန္မွာလဲ Sunoo က

" ငါ့ကို ခြင့္လႊတ္ပါ Jungwon... ငါ့ကို တာဝန္ယူ ကုသေပးေနတဲ့ Dr က မင္းေဖေဖမို႔ ဒီကိစၥေတြဟာ Dr နဲ႕ပဲ သက္ဆိုင္ေနတာမို႔လို႔ အမွန္တရားကို မသိရဘူးဆိုရင္ Dr လုပ္တာလို႔ပဲ ယူဆၿပီး ငါ Dr ကို တရားစြဲဖို႔ စီစဥ္ရပါလိမ့္မယ္ "

Sunoo ရဲ႕ မ်က္ႏွာေသနဲ႕ ေျပာလိုက္တဲ့စကားအဆုံး Jungwon မ်က္ရည္မ်ား က်လာကာ

" ေဖေဖ့... ဒီကိစၥက တကယ္ပဲ ေဖေဖ လုပ္တာလားဟင္ ... သားကို ေျပာပါ...ဟုတ္တယ္ဆိုလဲ ေဖေဖ့ကို တရားမစြဲေအာင္ သား သူငယ္ခ်င္းကို သား ေတာင္းပန္ပါ့မယ္... သူ သိခ်င္ေနတဲ့ အမွန္တရားကို ေျပာျပလိုက္ပါ... သားေတာင္းဆိုပါတယ္ သား ေတာင္းဆိုေနတာပါ... ေဖေဖ... "

"..... "

တုံဏိဘာေဝ Dr. Yang ကေတာ့ အံကိုႀကိတ္လို႔ လက္သီးတင္းတင္းဆုပ္ထားကာ ေခါင္းေမာ့ထားၿပီး ငိုယိုေနတဲ့ သားျဖစ္သူကို တခ်က္ေလးမွ ငုံ႕မၾကည့္။

" ေဖေဖ ဘာလို႔ အဲ့ေလာက္ ေခါင္းမာေနရတာလဲ... ေဖေဖ တရားစြဲခံရရင္ ေထာင္က်မွာမွန္း သိသိႀကီးနဲ႕... ေဖေဖ့ ဂုဏ္သိကၡာ ေဖေဖ့နာမည္ ၿပီးေတာ့ သားတို႔ဘဝေတြ တစ္ခုမွ ေကာင္းလာစရာ မရွိတာကို သိရက္နဲ႕ ေဖေဖ ဘာလို႔ ဒီလိုေတြ လုပ္ခဲ့ရတာလဲ... ဟင္ ေဖေဖ့... သား တို႔ကို လူေတြ လက္ညွိုးဝိုင္းထိုးကာ ခံေစခ်င္လို႔လား... သားတို႔ သားမိေတြ လူတိုးမတိုးနိုင္ေတာ့တဲ့အျဖစ္မ်ိဳး ျဖစ္ေစခ်င္လို႔လား "

ငိုယိုၿပီး ေအာ္ဟစ္ေပါက္ကြဲေနတဲ့ Jungwon ေၾကာင့္ Dr လဲ ၾကာၾကာ စိတ္ခိုင္ေတာ့ဟန္ မတူပါ။

ပါးျပင္ေပၚ စီးက်လာတဲ့ မ်က္ရည္ေတြကို မ်က္မွန္ကို ခြၽတ္၍ ပြတ္ဆြဲသုတ္ပစ္လိုက္ၿပီး Jungwon ရဲ႕ ပုခုံးေလးကို သိုင္းဖက္လိုက္ကာ

" ဘာေတြ ေလွ်ာက္ေျပာေနတာလဲ သားငယ္... ဘယ္လို အဓိပၸါယ္မရွိတဲ့ စကားေတြလဲ... ေဖေဖက ဘာလို႔ ေထာင္က်ရမွာလဲ "

အဲ့ဒီအခ်ိန္မွာပဲ Jungwon ရဲ႕ ငိုသံမ်ားေၾကာင့္ ထင္ အျပင္မွာေစာင့္ေနၾကတဲ့ ေမာင္တို႔ပါ အထဲကို ေရာက္လာၾကေလသည္။

စိုးရိမ္တႀကီး အနားကပ္လာတဲ့ ေမာင့္ကို အေဆာ ေခါင္းအသာညိမ့္ျပကာ အေျခအေနကို ေစာင့္ၾကည့္ရန္ အခ်က္ျပလိုက္သည္။

တကယ္တမ္း တရားစြဲဖို႔ဆိုတာ Sunoo အေတြးထဲမွာေတာင္ မရွိတဲ့ အရာတစ္ခုပါ။

Dr ပေယာဂေၾကာင့္ပဲ ျဖစ္ျဖစ္ Jay ၫႊန္ၾကားလို႔ပဲျဖစ္ျဖစ္ သူ႕အတြက္က အမွန္တရားကို သိရ႐ုံသာ။

ဒါေၾကာင့္လဲ Dr ထုတ္ေျပာလာေအာင္ တရားစြဲမယ္ဆိုတဲ့ စကားကို ေျပာလိုက္ျခင္းျဖစ္သည္။

ခုလို သူငယ္ခ်င္းျဖစ္သူက ငိုယိုေနေလေတာ့ သူ႕စိတ္ထဲ တကယ္မေကာင္းနိုင္ေတာ့။

Jungwon ကေတာ့ သူ႕အေဖကို ငိုယိုၿပီး ေဖ်ာင္းဖ်ေနဆဲပါပဲ။

" သားတို႔ မိသားစုေတြရဲ႕ မ်က္ႏွာကိုေတာင္ မေထာက္ေတာ့ဘူးလား ေဖေဖရယ္... သားတို႔ ဘယ္လို ဘဝေရာက္ေရာက္ ေဖေဖ့အတြက္က အဆင္ေျပတယ္လား ဟင္ "

" ဟင္းးး သားငယ္ရယ္ "

Dr ဆီက ထြက္လာတဲ့ သက္ျပင္းခ်သံ ခပ္ေလးေလးကို ၾကားလိုက္ရၿပီးေနာက္ Dr ဟာ တစ္စုံတစ္ရာကို ဆုံးျဖတ္လိုက္ဟန္ျဖင့္ Sunoo ဆီကို ၾကည့္လာၿပီး...

" Dr မွာ မင္းတို႔ကို ျပစရာတစ္ခု ရွိတယ္... ဒါေလးကို ၾကည့္ၿပီးၾကရင္ေတာ့ အေျဖက ဘာလဲဆိုတာ အားလုံး သိၾကမွာပါ "

ထို႔ေနာက္ ငိုေနဆဲျဖစ္တဲ့ သားျဖစ္သူရဲ႕ ပါးျပင္ေပၚကမ်က္ရည္ေတြကို Dr ဟာ အၿပဳံးေလးနဲ႕ သုတ္ေပးလိုက္ၿပီး ေနာက္...

" မ်က္ရည္လြယ္လိုက္တဲ့ ေဖေဖ့သားေလး... မင္းက သမီးလား မင္းညီမေလးက သမီးလား ေဖေဖ မသဲကြဲေတာ့ဘူး "

Dr ဟာ Jungwon ရဲ႕ ပါးေလးႏွစ္ဖက္ကို ဖ်စ္ညွစ္၍ လိမ္ဆြဲခဲ့ၿပီး စားပြဲရွိရာသို႔ ျပန္လာကာ စားပြဲေအာက္က အံဆြဲေတြထဲကတစ္ခုကို ေသာ့နဲ႕ဖြင့္လိုက္ကာ အထဲမွ တစ္စုံတစ္ရာကို ႏွိုက္ယူလိုက္ေလသည္။

လက္ထဲ ပါလာတာက stick ေလးတစ္ခု။

ထို stick ေလးကို MacBook မွာထိုးစိုက္လိုက္ၿပီး အထဲမွ တစ္ခုခုကို ရွာကာ ဖြင့္လိုက္တဲ့ Click ဆိုတဲ့ အသံေလးကို ၾကားလိုက္ရၿပီးေနာက္

" အားလုံးပဲ ဒါေလးကို ေသခ်ာေလး ၾကည့္ေပးၾကပါ "

MacBook screen ကို သူတို႔ရွိရာဖက္ လွည့္ျပလိုက္တဲ့အခ်ိန္မွာေတာ့ ျမင္လိုက္ရတာက Video file တစ္ခု။

အတိအက်ေျပာရမယ္ဆိုရင္ေတာ့ Jay နဲ႕ Dr ႏွစ္ေယာက္သား တစ္ခုခုကို အေျခအတင္ ေဆြးႏြေးေနၾကတဲ့ video file။

အားလုံးရဲ႕ အၾကည့္ေတြက Screen မွ မခြာဘဲ အထဲမွ လႈပ္ရွားေနဟန္ေတြကို ေသခ်ာစူးစိုက္၍ ၾကည့္ေနၾကေလသည္။

ခဏေနေတာ့ Screen မွာေပၚလာတာက Jay လက္ထဲကေန စားပြဲေပၚ တင္လိုက္တဲ့ ေဆးဗူးေလး။

Dr က ထိုေဆးဗူးေလးကို လွမ္းယူလိုက္ကာ တစ္စုံတစ္ရာေျပာဆိုလိုက္ၿပီး ေခါင္းညိမ့္ျပလိုက္တာကိုလဲ ျမင္လိုက္ရေလသည္။

ဒီလိုနဲ႕ ႏွစ္ဦးသေဘာတူ ညွိႏွိုင္းၿပီးၾကဟန္ျဖင့္ Jay က အခန္းထဲမွ ထြက္သြားေလသည္။

Video ေလးက ဒီေနရာမွာတင္ ရပ္တန့္သြားခဲ့သည္။

CCTV ကေန ကူးယူထားတာမို႔ အသံမပါေပမယ့္လည္း သူတို႔ အားလုံး နားလည္လိုက္တာက Jay ဟာ Dr ကို ေဆးအေၾကာင္း ေျပာေနတာကို။

သူတို႔ အေတြးကိုယ္စီနဲ႕ ၿငိမ္သပ္ေနမိၾကတုန္းမွာပဲ Dr က ထပ္မံ၍ အသံ file တစ္ခုကို ဖြင့္ျပလာျပန္ပါသည္။

ထိုအသံ file ထဲမွာေတာ့ ေစာေစာက ႐ုပ္သာျမင္ရသည့္ CCTV မွတ္တမ္းထဲမွ လႈပ္ရွားမႈေတြရဲ႕ အသံေတြသာ ျဖစ္လို႔ေနသည္။

ထိုအထဲမွာ Jay က Sunoo ကို မွတ္ဉာဏ္ေတြ ျပန္မရေစခ်င္ေတာ့ဘူး ဟု ဆိုကာ မွတ္ဉာဏ္ေတြ ျပန္ရဖို႔အတြက္ကို တားဆီးေပးတဲ့ ေဆးကို ေျပာင္းေပးရန္ ေျပာဆိုေနျခင္းျဖစ္သည္။

Dr က ဒီလို မလုပ္သင့္ေၾကာင္း ေဖ်ာင္းဖ်ေနေပမယ့္ Jay က လက္မခံ။ အတိတ္မွာ ျဖစ္ပ်က္ခဲ့တဲ့ ေကာင္းျခင္း ဆိုးျခင္းေတြကို ေမ့ပစ္ၿပီး စိတ္သစ္လူသစ္ အေနနဲ႕ သူ႕အနားမွာ ေနေစလိုသည္ ဟုလည္း ေျပာေနေသးသည္။

ထိုေနရာေတြမွာေတာ့ Sunoo မၾကားလိုေတာ့၍ MacBook မွာ တပ္ထားတဲ့ Stick ကို ဆြဲျဖဳတ္၍ MacBook ကိုပါ တစ္ခါတည္း ပိတ္ခ်လိဳက္ေလေတာ့သည္။

ဒီေလာက္ဆိုရင္ Jay ရဲ႕ သေဘာကို သူ သိၿပီေလ။ ဘာေတြကို ထပ္ၿပီး နားေထာင္ေနစရာ လိုေတာ့လို႔လဲ။

အလိုက္မသိ စီးက်ေနတဲ့ မ်က္ရည္ေတြကို အကၤ်ီလက္ဖ်ားနဲ႕ ခပ္ၾကမ္းၾကမ္းပဲ ဆြဲပြတ္သုတ္လိုက္ကာ အျမန္ ေျခာက္ေသြ႕ေစလိုက္သည္။

" ရပါၿပီ Dr... ဒီေလာက္ဆိုရင္ပဲ ကြၽန္ေတာ့္အတြက္ လုံေလာက္ပါၿပီ "

" Sunoo သိခ်င္ေနတဲ့ အမွန္တရားဆိုတဲ့ အရာႀကီးက ဒါပါပဲ ... CEO ရဲ႕ သိကၡာအတြက္ Dr ႏႈတ္ပိတ္ေနဖို႔ စဥ္းစားထားေပမယ့္... "

" ကြၽန္ေတာ္ နားလည္ပါတယ္ Dr... Dr အတြက္ကလဲ ဒါဟာ စြန့္စားမႈ တစ္ခုပဲေလ "

ပင့္သက္ေမာေတြကိုသာ ဆက္တိုက္ဆိုသလို ခ်ေနတဲ့ Dr ဟာလဲ သူ႕လုပ္ရပ္အတြက္ သူ စိတ္မသက္မသာ ျဖစ္ေနဟန္ရွိရဲ႕။

ဒါေပမယ့္လည္း ဘယ္သူ႕ကိုမွ ဘာမွ လုပ္ဖို႔ အစီအစဥ္မရွိတဲ့ အတြက္ Sunoo က

" ကြၽန္ေတာ္ ခုနက Dr ကို တရားစြဲမယ္လို႔ ေျပာမိတဲ့ ကိစၥ.... အဲ့စကားကို မရွိခဲ့သလိုပဲ သေဘာထားေပးပါ Dr.. ဒါဟာ အမွန္ကို သိခ်င္႐ုံသပ္သပ္ ေျပာလိုက္မိတဲ့ စကားပါ... ကြၽန္ေတာ္ ဘယ္သူ႕ကိုမွ ဘာမွ လုပ္ဖို႔ စိတ္ကူး မရွိပါဘူး "

သူ႕စကားေၾကာင့္ Dr သာမက Jungwon ကပါ အံ့ၾသသြားဟန္ရွိပါသည္။

" Dr လုပ္ရပ္အတြက္ တာဝန္ယူရမယ္ဆိုလဲ Dr တာဝန္ယူဖို႔ အသင့္ပါ Sunoo... ဒီလို ငဲ့ညွာ ေပးစရာမလို..."

" မဟုတ္ဘူး Dr... ကြၽန္ေတာ့္မွာ နဂိုထဲက အဲ့အစီအစဥ္ မရွိခဲ့တာပါ... ၿပီးေတာ့.. ဒါေလး.. ဒီ video file ေလးကို ကြၽန္ေတာ့္လက္ထဲ လႊဲေပးနိုင္မလား Dr "

စားပြဲေပၚက Stick ေလးကို Sunoo ေကာက္ယူလိုက္ၿပီး ေျပာလိုက္ေတာ့ Dr က

" ဘာလို႔မ်ားလဲ Sunoo "

" ကြၽန္ေတာ္ကိုယ္တိုင္ ဒီ video file ကို ဖ်က္ဆီးလိုက္ခ်င္လို႔ပါ... ဒါဟာ Jay ရဲ႕ သိကၡာပိုင္းနဲ႕လဲ ဆိုင္ေနသလို Jay ရဲ႕ လုံၿခဳံေရးနဲ႕လဲ ဆိုင္ေနတယ္ေလ...ဒီလိုေျပာလို႔ Dr ကို မယုံၾကည္တာ မဟုတ္ဘူးေနာ္... အမွန္တရားကို ကာယကံရွင္ ျဖစ္တဲ့ ကြၽန္ေတာ္ သိရင္ပဲ ရၿပီမို႔... ဒါနဲ႕ပတ္သက္တဲ့ သက္ေသဆိုတာမ်ိဳးႀကီးေတြ ရွိမေနေစခ်င္လို႔ပါ "

" ဒါကေတာ့ Sunoo ရဲ႕ သေဘာပါပဲ... Sunoo ေက်နပ္တယ္ဆိုရင္ သေဘာရွိသလို လုပ္ပါ.... Dr ဒါကို ယူထားရတယ္ဆိုတာကလဲ တစ္ခ်ိန္ခ်ိန္မွာ စကားေျပာစရာေတြ ျဖစ္လာခဲ့ရင္ ေျဖရွင္းရလြယ္ေအာင္လို႔ပါ... CEO ကို မေကာင္းတာလုပ္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္မ်ိဳး မရွိခဲ့တာ အမွန္ပါ "

" ယုံပါတယ္ Dr "

" အခုလို CEO ကိုေရာ Dr ကိုေရာ နားလည္ေပးၿပီး ခြင့္လႊတ္ေပးနိုင္တဲ့ Sunoo ကို Dr ဘယ္လို ေက်းဇူးတင္ရမွန္းကို မသိေတာ့ပါဘူးကြယ္... ဒီလို ခြင့္လႊတ္မႈအတြက္ Dr ဘယ္လို ေက်းဇူးဆပ္ရပါ့မလဲ "

" အဟင္း... ေက်းဇူး ဆပ္ခ်င္တယ္ဆိုရင္ေတာ့ Dr လုပ္ရမွာ တစ္ခုတည္းပါ...အဲ့ဒါကေတာ့ ဒီအေၾကာင္းေတြ ကြၽန္ေတာ္ သိသြားၿပီ ဆိုတာ Jay ကို လွ်ို႔ဝွက္ထားေပးဖို႔ပါပဲ ... ဒီအတြက္နဲ႕ Jay စိတ္ထဲ ဝန္ေလးေနရမွာမ်ိဳး မျဖစ္ေစခ်င္လို႔ပါ "

" စိတ္ထားေလး ႏူးညံ့လိုက္တာ ကေလးရယ္...ဒီလို ကေလးမ်ိဳးကိုမွ Dr က ဒီလို လုပ္ရပ္ေတြ လုပ္လိုက္မိတာတဲ့လား... Dr ရဲ႕ လုပ္ရပ္ေတြက ဆရာဝန္တစ္ေယာက္ရဲ႕ က်င့္ဝတ္ေတြနဲ႕ ေသြဖီေနခဲ့လို႔ Dr တစ္ေန႕မွ စိတ္မသက္သာခဲ့ရပါဘူး... ဒါေၾကာင့္လဲ Sunoo အတြက္ မထိခိုက္ေစမယ့္ အာနိသင္နည္းတဲ့ ဒီေဆးကိုပဲ Dr ေပးခဲ့တာပါ... ဒါေၾကာင့္လဲ Sunoo အားလုံးကို ေမ့မသြားဘဲ အခုလို ျမန္ျမန္ ဆန္ဆန္ သတိရလာတာပါ "

" ကြၽန္ေတာ္က ျပန္ၿပီး ေက်းဇူးတင္ပါတယ္... ကြၽန္ေတာ့္အေပၚ ဒီလို ငဲ့ညွာေပးခဲ့လို႔ေပါ့..."

အျပန္အလွန္ ေက်းဇူးတင္ၾကရင္းျဖင့္ ဒီေန႕ရဲ႕ အမွန္တရားရွာပုံေတာ္ေလးဟာ ၿပီးဆုံးသြားခဲ့ေလေတာ့သည္။

ေနာက္ဆုံး အေနနဲ႕ Sunoo Dr ဆီကေန အထပ္ထပ္ ေတာင္းခဲ့မိတဲ့ ကတိတစ္ခုက Sunoo ေဆးအေၾကာင္း သိသြားၿပီ ဆိုတာကို Jay မသိေစဖို႔ပါပဲ။

Jay ရဲ႕ လုပ္ရပ္ေတြအတြက္ Sunoo မသိခ်င္ေယာင္ ေဆာင္ကာသာ ေက်ာ္သြားေပးနိုင္ပါတယ္ေလ...

ဒါဟာလဲ သူ႕ကို ပိုင္ဆိုင္ခ်င္စိတ္ေတြနဲ႕ လြဲမွားစြာ ေ႐ြးခ်ယ္မိတဲ့ Jay ရဲ႕ အတၱေတြပါပဲ...

ဘာပဲျဖစ္ျဖစ္ Jay မွာ အျပစ္မရွိခဲ့ပါဘူး။

ဒါေတြ ျဖစ္လာရတဲ့ တရားခံဟာ သူကိုယ္တိုင္ ပါပဲေလ။

ေမာင္ကေတာ့ ေဘးနားမွာ ​ေဖးကူေပးရင္း Sunoo ရဲ႕ ဆုံးျဖတ္ခ်က္တိုင္းကို သေဘာတူေပးခဲ့တာခ်ည္း။

.
.
.

" တစ္ေကာင္ေတာ့ အနံ႕ရၿပီ Boss... ကြၽန္ေတာ္ သူ႕ကားေနာက္ လိုက္ေနတယ္ "

" ေအး ဟုတ္ၿပီ... မိေအာင္ဖမ္းၿပီး ငါ့ဆီ ေခၚခဲ့ Leo... ငါ အခု Company မွာရွိတယ္ "

" ဟုတ္ကဲ့ Boss... company ကိုပဲ ေခၚခဲ့လိုက္ပါ့မယ္ "

ဖုန္းေျပာၿပီးတာနဲ႕ အရွိန္ျမႇင့္လိုက္တဲ့ ကားေလးက ေလးညွို႔မွ ပစ္ခြင္းလိုက္တဲ့ ျမားေလး တစ္စင္းလို။

သူ႕ရဲ႕ Focus ကေတာ့ ေရွ႕ ခပ္လွမ္းလွမ္းမွာ သာမာန္ အရွိန္ႏႈန္းနဲ႕သာ ေမာင္းႏွင္ေနတဲ့ ၿပိဳင္ကားအနီေလး။

ထို ကားထဲမွာ ရွိေနတာကေတာ့ Sunoo တို႔နဲ႕ လမ္းခြဲၿပီး အခ်က္အလက္ေတြ ရွာခိုင္းထားလို႔ တစ္ဝိုင္းျပဳစုမယ္ဆိုၿပီး ကတိခံထားမႈေၾကာင့္ PA ႀကီးဆီ သြားေနတဲ့ Jake။

Sunghoon နဲ႕ Sunoo ကို Niki ကားနဲ႕ ထည့္ေပးလိုက္ကာ သူက တစ္ေယာက္ထဲ လမ္းခြဲ ထြက္လာခဲ့ျခင္း ျဖစ္သည္။

ကားကို ခပ္မွန္မွန္သာ ေမာင္းလာခဲ့ၿပီး ေခါင္းထဲမွာ ေတြးေနမိတာက Jay, Sunoo နဲ႕ Sunghoon တို႔ရဲ႕ အခ်စ္ေရး အရႈပ္ေတာ္ပုံႀကီး အေၾကာင္းကို။

သုံးပြင့္ဆိုင္ ဒီအခ်စ္ဇာတ္လမ္းမွာ အထိနာခ်က္ကေတာ့ ဇာတ္ေကာင္သုံးေယာက္လုံးပါပဲ။

သူတို႔သုံးေယာက္ရဲ႕ ကံၾကမၼာကို ဇာတ္ၫႊန္းေရးတဲ့ ကံဇာတ္ဆရာဟာ အေတာ္ကို အသည္းမာပုံရၿပီး ရက္စက္တတ္ပုံရွိရဲ႕။

တကယ္လို႔မ်ား သူ႕အခ်စ္ေရးကို ေရးသီဖြဲ႕ျဖစ္ခဲ့ရင္ အဲ့ေလာက္ထိ မရက္စက္ဖို႔ ဘာေတြနဲ႕ လာဘ္ထိုးရမလဲ ကံဇာတ္ဆရာရယ္။

တကယ္ဆို ဒီသုံးေယာက္မွာ တစ္ေယာက္ေယာက္ကေတာ့ ေလွ်ာ့ဖို႔ေကာင္းၿပီ။

ေခါင္းမာတတ္တာျခင္းေတြ တူညီေနၿပီ ပိုင္ဆိုင္လိုစိတ္ေတြပဲ ႀကီးစိုးေနတဲ့အခါ ၾကားထဲက Sunoo ခမ်ာမွာလဲ သနားစရာ။

ေက်းဇူးတရားနဲ႕ ခ်စ္ရသူအၾကား...
မိသားစုနဲ႕ ခ်စ္ရသူအၾကား...
လြန္ ဆြဲေနရတဲ့ Sunoo ရဲ႕ စိတ္ကေလးကိုလဲ သူ သနားမိပါရဲ႕။

Sunoo သာ သူ႕ညီေလးဆိုရင္ ဒီလိုပူေလာင္မႈေတြနဲ႕ ေဝးရာ ၿငိမ္းခ်မ္းတိတ္ဆိတ္တဲ့ နယ္ေျမေလးတစ္ခုဆီ ေခၚသြားလိုက္ခ်င္ပါရဲ႕။

ဘာပဲျဖစ္ျဖစ္ ေအးခ်မ္းေစခ်င္လွပါၿပီ။

သူ သိခ်င္မိတယ္ေလ...

ႏွလုံးသားေတြကို ေလာင္းေၾကးထပ္လို႔ လြန္ ဆြဲေနၾကတဲ့ ဒီပြဲမွာ ဘယ္သူက တကယ့္အနိုင္ရသူ ျဖစ္မလဲ လို႔။

အာ... မဟုတ္ေသးပါဘူး

ဘယ္သူက တကယ္ ခ်စ္တတ္တဲ့သူ ျဖစ္မလဲလို႔။

ကြၽန္ေတာ္ထင္တယ္... တကယ္ခ်စ္ရင္ ခ်စ္ရတဲ့သူကို ဘယ္လိုလူကမွ နာက်င္ေစခ်င္မွာ မဟုတ္ဘူးေလ။

အေတြးနဲ႕ ကားေမာင္းေနတဲ့ Jake တစ္ေယာက္ ေနာက္ကေန အခ်က္ျပၿပီး လမ္းေတာင္းေနတဲ့ ကားတစ္စီးေၾကာင့္ ေဘးဘီကို ေဝ့ၾကည့္လိုက္ေတာ့ အဲ့ေလာက္လဲ လမ္းက ရႈပ္ေနတာမဟုတ္။

ေဘး လမ္းေၾကာကေန ေျပာင္းၿပီး ေမာင္းလို႔လဲ ရေနရက္နဲ႕ ေနာက္ကေန ေတာက္ေလွ်ာက္ႀကီး ကပ္လိုက္ေနၿပီး လမ္းေတာင္းေနတဲ့ ဒီကား။

* ဘာေတြ အေရးႀကီးေနပါလိမ့္... အဲ့ေလာက္မွ အေရးႀကီးေနလဲ ေက်ာ္သြားပါခင္ဗ်ာ...*

ကားကို ေဘးသို႔ ကပ္ကာ လမ္းေပးလိုက္ေတာ့ ေဝါခနဲ ေမာင္းၿပီး ေက်ာ္တက္သြားေလသည္။

ေက်ာ္သြားလို႔ လြတ္ၿပီ ထင္ေနတဲ့ Jake တစ္ေယာက္ အထင္နဲ႕ အျမင္ဟာ တလြဲ။

ေက်ာ္တက္သြားၿပီး ခပ္လွမ္းလွမ္းေရာက္ေတာ့ မေျပာမဆို ထိုးရပ္လိုက္တဲ့ ကားေၾကာင့္ သူပါ ဘရိတ္ကို အမွီ အုပ္လိုက္ရသည္။

ေတာ္ေသးတာက အရွိန္သိပ္မပါလို႔။

ဟူးးး ဒီေန႕ Jake Jake တို႔ ကံမေကာင္းပါလား...

တစ္ေယာက္တည္း ေရ႐ြတ္ရင္း ကားကို အၿပီးသတ္ စက္သပ္လိုက္ကာ ကားေပၚက ဆင္းမယ္အလုပ္။ ေရွ႕ကားေပၚကေန ဆင္းလာတဲ့ ဝတ္စုံအမဲေတြ ဝတ္ထားတဲ့ ခပ္ေတာင့္ေတာင့္ အမ်ိဳးသား သုံးေယာက္။

* ဟ! ဘာလဲဟ...*

ကားတံခါးကို ကမန္းကတမ္း lock ခ်လိဳက္ကာ အေျခအေန ၾကည့္ေနလိုက္ေတာ့ ထင္တဲ့အတိုင္း သူ႕ဆီ တည့္တည့္လာေနေလ၏။

ေခါင္းထဲမွာ ဒိုင္းခနဲဆို သတိရလိုက္မိတာက CEO Park...

* သြားၿပီ သားႀကီးေရ... ငါေတာ့ မိသြားၿပီ ဟ *

ေရွ႕ဆုံးမွ ဆင္းလာတဲ့ တ႐ုတ္ကျပား႐ုပ္နဲ႕ ခပ္ေတာင့္ေတာင့္ တစ္ေယာက္က ကားမွန္ကို လာေခါက္ကာ တံခါးဖြင့္ခိုင္းေနေလသည္။

No ပါ... ဒါမ်ိဳး လာလုပ္လို႔ ရမလား...

Jake ေခါင္းကို ခပ္သြက္သြက္ေလး ခါျပလိုက္သည္။

မဖြင့္နိုင္ဘူးဆိုတဲ့ သေဘာ။

ဒါကိုပဲ ကိုယ္ေတာ္ေခ်ာက တိုနန့္နန့္ သူ႕ကတုံးဆံပင္ေပါက္ကို တစ္ခ်က္သပ္လိုက္ကာ ပါးေစာင္ကို လွ်ာနဲ႕ ထိုးၿပီး စိတ္မရွည္ဟန္ျပသည္။

အေျခအေန မဟန္မွန္း သိတာမို႔ Jake ကားကို ေနာက္ျပန္ဆုတ္ဖို႔ back မွန္မွ တဆင့္ အေနာက္ကို ၾကည့္လိုက္တဲ့ အခ်ိန္မွာေတာ့ မ်က္လုံး အစုံ ျပဴးက်ယ္သြားရေတာ့သည္။

* f**k ပဲ... ငါ အဝိုင္းခံထားရၿပီ ဟ *

အေနာက္မွာလဲ ပိတ္ရပ္ထားတဲ့ ကားတစ္စီး။

ဘယ္လိုမွ ေရွာင္လို႔ မလြတ္မွန္း သိတာေၾကာင့္ Jake တံခါးမွန္ေလးကို နည္းနည္းေလာက္ေလးပဲ ေလွ်ာခ်လိဳက္ကာ

" ဘာလိုခ်င္လို႔လဲ bro တို႔... ကိုယ္ ဘာ ကူညီေပးရမလဲ "

မ်က္ႏွာကို အစြမ္းကုန္ ၿပဳံးၿဖီးျပလိုက္ရင္း ဟန္ကိုယ့္ဖို႔ စကားဆိုေတာ့ ကျပားေကာင္က ဟေနတဲ့ မွန္ၾကားကေန သူ႕လက္ကို မရမက လွ်ိုသြင္းလာၿပီး တံခါးဖြင့္ခိုင္းေနေလသည္။

" ဒီလိုႀကီး မလုပ္သင့္ဘူးေလ bro ရဲ႕... လိုတာေျပာပါ ကိုယ္ ကူညီမွာေပါ့ အဟဲ "

" ေဟ့ေကာင္ ေၾကာင္ေတာင္ေတာင္ လုပ္မေနနဲ႕... အခ်ိန္ၾကာတယ္.. ခု ဆင္းခဲ့ "

စိတ္မရွည္ေတာ့ဟန္ျဖင့္ ကားေဘာ္ဒီကို ေျခေထာက္နဲ႕ ကန္ကာ Jake ကို ဆင္းခဲ့ဖို႔ ေခၚေလေတာ့သည္။

ေဘးပတ္ဝန္းက်င္ကလဲ ရွင္းလင္းေနၿပီး ျဖတ္သြားျဖတ္လာ ကား တစ္စီးတစ္ေလကလဲ သူတို႔ကို သတိထားမိပုံမေပၚ။

ဘယ္လိုမွ ေရွာင္လို႔ မရေတာ့ၿပီမို႔ Jake ကား တံခါးကို ဖြင့္ကာ ဆင္းဖို႔အလုပ္ lock ဖြင့္လိုက္တာနဲ႕ တံခါးကို ခပ္ၾကမ္းၾကမ္း ဆြဲလွပ္ခံလိုက္ရကာ လူကိုပါ ဆြဲခ်ျခင္းကို ခံလိုက္ရေလေတာ့သည္။

" ဟ... ျဖည္းျဖည္းလုပ္ပါ "

" CEO Park က ေခၚခိုင္းလိုက္ပါတယ္ bro... ေအးေအးေဆးေဆးပဲ သြားၾကတာေပါ့ "

" ဘာကိစၥနဲ႕ ေခၚခိုင္းတာလဲ "

" ဧည့္ခံခ်င္လို႔ မဟုတ္တာေတာ့ ေသခ်ာတယ္... သိခ်င္ရင္ ေတြ႕မွ ေမးၾကည့္ေပါ့ "

မခ်ိဳမခ်ဥ္ ႐ုပ္နဲ႕ ေျပာလာၿပီး သူတို႔ကားထဲကို ဝင္ဖို႔ ေခါင္းဆတ္၍ အခ်က္ျပလိုက္ကာ ေရွ႕ကေန ကားေပၚအရင္တက္သြားတဲ့ ကျပားေကာင္။

ျဖစ္နိုင္ရင္ ကတုံးေပါက္ေကနဲ႕ အဲ့ေခါင္းကို ခပ္နာနာေလး ႏွစ္ခ်က္ဆင့္ၿပီး ေခါက္ပစ္လိုက္ခ်င္တာ။

သူတို႔ကားေပၚမွာ ၿငိမ္ၿငိမ္ေလး ထိုင္လိုက္ရင္း ႀကိတ္မနိုင္ ခဲမရ စိတ္ေတြနဲ႕ ဒီ ကျပားေကာင္ကိုသာ ၾကည့္ရင္း Jake မွာေတာ့ အံတႀကိတ္ႀကိတ္။

ေခၚသြားတာက Park Group ရဲ႕ ႐ုံးခ်ဳပ္။

အခုေရာက္ေနတာက CEO ရဲ႕ ႐ုံးခန္းကို သြားရာ သီးသန့္ lift ထဲမွာ။

Jake အႀကံထုတ္ေနရၿပီ။

ေမးေတာ့မွာေလ CEO Park က။ Park Sunghoon ဘယ္မွာလဲဆိုၿပီးေတာ့။

အသာတၾကည္ ေမးရင္ေတာ္ေသးရဲ႕။ အခုဟာက ဗလေတာင့္ေတာင့္ ဟိုငနာသုံးေကာင္က ေဘးမွာရွိေနေတာ့ နည္းနည္းေတာ့ လန့္ေနရသည္။

သုံးေယာက္တစ္ေယာက္မို႔ ျပန္ခုခံရင္ ကိုယ္ပဲ နာမွာမလား။

႐ုံးခန္းေရွ႕ကို ေရာက္ေတာ့ အသင့္ေစာင့္ေနဟန္ရွိတဲ့ CEO က တံခါးေခါက္ေခါက္ခ်င္း အသံျပဳလာသည္။

အထဲကို ေရာက္ေတာ့ ဧည့္သည္ေတြထိုင္ဖို႔ ခ်ထားတဲ့ ဆိုဖာေတြရဲ႕ ထိပ္ဆုံးက ခုံမွာ ေျခခ်ိတ္ၿပီး ထိုင္ေနတဲ့ CEO Park.

သူ႕ကိုလဲ ထိုင္ဖို႔ရာ အခ်က္ျပလိုက္တာေၾကာင့္ Jake ဆိုဖာမွာဝင္ထိုင္လိုက္သည္။

ယခုအခ်ိန္အထိ ဟိုငနာေတြက အျပင္ထြက္မသြားေသး။

သူ ဝင္ထိုင္လိုက္တယ္ ဆိုရင္ပဲ CEO Park က

" အခုလို ေခၚလိုက္ရတဲ့အတြက္ေတာ့ အားနာပါတယ္ Sim Jake... ကိုယ္တို႔ လိုရင္းကိုပဲ ခပ္ျမန္ျမန္ေလး သြားလိုက္ၾကရေအာင္ "

" CEO ဘာ ေျပာခ်င္တာလဲ မသိဘူး ေနာ္ "

အူေၾကာင္ေၾကာင္ Jake စကားေၾကာင့္ CEO ဟာ ႏႈတ္ခမ္းတစ္ဖက္တြန့္႐ုံ ခပ္မဲ့မဲ့ တစ္ခ်က္ ရယ္လိုက္ၿပီး

" အခ်ိန္ေတြက အရမ္းအဖိုးတန္တယ္ေလ ခ်ာတိတ္... ဘာလို႔ ျဖဳန္းတီးခ်င္ေနရတာလဲ "

" ဟို...ကြၽန္ေတာ္ တကယ္မသိ "

Jake ပါးစပ္က အျငင္းစကားေျပာလို႔မွ မဆုံးေသး ဝါက်မဆုံးခင္ ေရွ႕တိုးလာတဲ့ ကျပားေကာင္ေၾကာင့္ စကားက တဝက္နဲ႕ ရပ္သြားရသည္။

ဒါကိုျမင္ေတာ့ CEO က ထို ကျပားေကာင္ကို လက္ကာျပလိုက္ကာ

" ရတယ္ Leo... ဒီကိစၥကို ငါပဲ ကိုင္တြယ္လိုက္မယ္ .. မင္းတို႔ အျပင္ကပဲ ေစာင့္ေနလိုက္ "

သူတို႔ CEO ေျပာေတာ့လဲ တစ္ခြန္းပဲ။ ေခါင္းငုံ႕၍ အရိုအေသေပးကာ အျပင္ထြက္သြားၾကေလသည္။

ႏွစ္ေယာက္ထဲ က်န္ခဲ့မွ အခန္းႀကီးက ပို၍ ေအးစိမ့္စိမ့္ ျဖစ္လာသလိုလို။ CEO ဆီက အေငြ႕အသက္ေတြမ်ားလား။

" ကဲ မင္း အသာတၾကည္ ေျပာလာမွာကို ကိုယ္နားေထာင္ရမွာလား... ဒါမွမဟုတ္ ေျပာထြက္လာေအာင္ ကိုယ္ လုပ္ေပးရမလား... ဒါနဲ႕ စကားမစပ္ မင္းအေဖ Mr.Sim က ကိုယ္နဲ႕ အလုပ္တြဲလုပ္ဖို႔ ကမ္းလွမ္းထားတာေလးေတြ ရွိေနတယ္ေနာ္... မင္း မသိမွာစိုးလို႔ ကိုယ္ အသိေပးတာပါ "

" ဒါ အေဖ့ကိစၥေတြပါ... ကြၽန္ေတာ္ စိတ္မဝင္စားဘူး "

" အဟားး ခ်ာတိတ္က ကိုယ့္အေဖ ကိစၥကိုေတာ့ စိတ္မဝင္စားဘဲ... မဆီမဆိုင္ သူမ်ားကိစၥေတြမွာက် တအား စိတ္အားထက္သန္တယ္ေနာ္ "

" CEO ဘာေျပာခ်င္​ေနတာလဲ ကြၽန္ေတာ္ တကယ္ မသိဘူး "

" ဟုတ္ပါၿပီ... ဒါဆို ကိုယ့္ မန္ေနဂ်ာနဲ႕ ဖုန္းခဏေျပာလိုက္အုံးမယ္.. အဲ့အခ်ိန္ သိေအာင္ စဥ္းစားထားေပါ့ "

ေျပာေျပာဆိုဆိုပဲ ဖုန္းေခၚေနၿပီျဖစ္တဲ့ CEO က ဖုန္းဆက္မယ္ဆိုၿပီး ထိုင္ရာက မထ။

ၿပီး Speaker ကိုေတာင္ ဖြင့္ထားလိုက္ေလသည္။

ခ်က္ခ်င္းတန္းကိုင္လိုက္တဲ့ တဖက္လူက

" ဟုတ္ကဲ့ CEO "

" အင္း... ဟိုတစ္ေန႕က Sim Group က တင္ျပလာတဲ့ Project ေလ... အဲ့ဒါ မန္ေနဂ်ာႀကီး ကိုင္တာမလား.. "

" ဟုတ္ပါတယ္ CEO ... ကြၽန္ေတာ္ အၿပီးသတ္ စီစစ္ၿပီးရင္ CEO ဆီ အစီရင္ခံစာ လာတင္ေတာ့မလို႔ပါ "

Sim Group လို႔ ၾကားလိုက္တည္းက နားစြင့္ေနမိတဲ့ Jake. သူ႕ေရွ႕မွာ Speaker ဖြင့္ၿပီး ေျပာေနတာက ဘာသေဘာပါလိမ့္။

ေတြးလို႔မွ မဆုံးေသး ။ CEO ေျပာလိုက္တဲ့ စကားေၾကာင့္ Jake ေသြးတက္သြားရသည္။

" အစီရင္ခံစရာ မလိုေတာ့ဘူး ဂ်ာႀကီးေရ႕... အဲ့ကိစၥအတြက္နဲ႕ ကြၽန္ေတာ္ ေခါင္းရႈပ္မခံနိုင္ဘူးမို႔ အဲ့ Project ကို လက္မခံဘူးလို႔ ျပန္ေျပာလိုက္ပါ.. ေအာ္ အခု ခ်က္ခ်င္းေနာ္... အလုပ္ဆိုတာ အခ်ိန္ဆြဲ လို႔ မေကာင္းဘူး... အျမန္ဆုံး ဆက္သြယ္ၿပီး လက္မခံဘူး ေျပာလိုက္ေတာ့ "

" ဟို ေန..ေန ပါအုံး.. CEO Park "

ဖုန္းမခ်ခင္ ၾကားျဖတ္ေမးလိုက္တဲ့ Jake ေၾကာင့္ CEO က မ်က္ခုံးတစ္ဖက္ ပင့္ျပကာ ဘာလဲ ဆိုတဲ့ သေဘာနဲ႕ အသံတိတ္ေမးလာသည္။

" ဒါ ေဖေဖ့ရဲ႕ project မလား "

" အဲ့ဒီေတာ့... "

" CEO က အဲ့လိုမ်ိဳး အလုပ္နဲ႕ ကိုယ္ေရးကိုယ္တာ မခြဲျခားတတ္တဲ့ လူလို႔ေတာ့ ကြၽန္ေတာ္ မထင္မိတာ အမွန္ပဲ "

" အဟက္! ကိုယ္ အလုပ္ လုပ္ေနတာေလ ခ်ာတိတ္... မင္းနဲ႕ စကားေျပာေနရင္း အလုပ္ကိစၥေလး သတိရသြားလို႔ တဖက္က ေမွ်ာ္လင့္ေနမွာစိုးလို႔ အေၾကာင္းၾကားခိုင္းလိုက္တာပါ... ဘာက ျပႆနာရွိေနလို႔လဲ... ကိုယ္ အလုပ္ လုပ္ေနတယ္ေလ "

" ေဖေဖ့ Project ကိစၥနဲ႕ ကြၽန္ေတာ္္တို႔ ကိစၥနဲ႕ကို မေရာေထြးပစ္ပါနဲ႕... ေဖေဖ ဒီ Project ကို တအား ေမွ်ာ္လင့္ထားတာ "

" ဒါေပမယ့္ ကိုယ္ စိတ္မဝင္စားဘူးေလ... ကိုယ္က စီးပြားေရး လုပ္ေနတာ ကိုယ့္အတြက္ မကိုက္ဘူးထင္ရင္ ဘာကိုမွ မလုပ္ဘူး "

" CEO "

" ေျပာပါ "

" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္... ေဖေဖ့ ကိစၥကို ဆြဲမထည့္ပါနဲ႕ "

အခုထိ ဖုန္းမခ်ေသးတဲ့ CEO က Jake ကို ခပ္ေထ့ေထ့အၿပဳံးေတြနဲ႕ ၾကည့္ကာ ထိုင္ရာမွ ထ လာၿပီး

" ဒါဆို မင္းက သားလိမ္မာေလး လုပ္လိုက္ေပါ့ "

သူ႕မ်က္ႏွာ နားထိ တိုးကပ္ၿပီး ငုံ႕ကိုင္းလာတဲ့ CEO က လက္ထဲမွာ ကိုင္ထားဆဲ ဖုန္းကို မ်က္စပစ္ျပကာ

" ငါ ဘယ္လို အမိန့္ေပးလိုက္ရမလဲ "

" ဟို... ဟို.. ကြၽန္ေတာ္ ေျပာျပရင္ CEO, Sunghoon ကို ဒုကၡ မေပးပါဘူးလို႔ ကတိေပးပါ "

" အဟင္း... ဂ်ာႀကီးေရ... ကြၽန္ေတာ္ ခုနက နည္းနည္း စိတ္ရႈပ္သြားလို႔ဗ်ာ.. Sim Group ဘက္ကို ေသခ်ာေလး အေၾကာင္းၾကားေပးပါ... project ကို ကြၽန္ေတာ္ လက္ခံတယ္လို႔ "

Jake ေတာင္းတဲ့ ကတိကို မေပးေသးဘဲ မန္ေနဂ်ာဆီ ဖုန္းဆက္ၿပီး အရင္ေျပာေနတဲ့ CEO Park.

Jake ေတာင္းတဲ့ကတိကို ေပးမွာလား ဆိုတာကေတာ့...

" ကဲ ေျပာ "

" ကြၽန္ေတာ္ ေတာင္းတဲ့ကတိကို အရင္ေပးပါ CEO "

" မင္းဟာက ေတာင္းဆိုတာေတြ မ်ားလွခ်ည္လားကြ... အေဖ့ လုပ္ငန္းက်လဲ အဆင္ေျပေစခ်င္တယ္... သူငယ္ခ်င္းကိုက်လဲ သစၥာရွိခ်င္တယ္... ထားပါေတာ့.. ေနရာသိရရင္ပဲ ငါ့အတြက္က ရၿပီမို႔... ေျပာေတာ့...ငါ ေတာ္ေတာ္ေလး စိတ္မရွည္ျဖစ္ေနၿပီ "

တကယ္ကို စိတ္မရွည္ေတာ့ဟန္ျဖင့္ ခါးေထာက္ကာ မ်က္ခုံးေတြကို တြန့္ခ်ိဳးၿပီး Jake ကို ၾကည့္လာတဲ့ CEO.

Jake ဆီက လိပ္စာတစ္ခုကို ႐ြတ္ျပ ၿပီးလွ်င္ၿပီးခ်င္ ႐ုံးခန္းထဲမွ ေျခလွမ္းႀကဲႀကီးေတြနဲ႕ ထြက္ခြာသြားတဲ့ CEO Park...

အလိုရွိတာကိုလဲ သိရေရာ Jake ကိုေတာင္ တစ္ခ်က္ေလး လွည့္ၾကည့္မသြားခဲ့။

ေတာင္းပန္ပါတယ္ သားႀကီးရာ...

ငါ မင္းအေပၚ သစၥာေဖာက္လိုက္မိၿပီ။

ငါ့ကို ခြင့္မလႊတ္ပါနဲ႕။

**************************************

Love you...

San Htarni 💙

24.8.2023

// ဖတ္ရတာ ပ်င္းသြားၾကၿပီလား။ အထုံးေလးေတြကို ျဖည္ေနတဲ့ အပိုင္းေတြမို႔ နည္းနည္းေတာ့ ပ်င္းစရာေကာင္းေနမလားပဲ။ သီးခံၿပီး ဖတ္ေပးၾကပါအုံးေနာ္ //

Comment