~ 36 ~

~ 36 ~

" ကျုပ် မယုံဘူး "

" သား ယုံကြည်လာဖို့ Daddy အားလုံးကို ရှင်းပြပါ့မယ်ကွယ်... "

ထင်မှတ်မထားတဲ့ စကားတွေကို ကြားလိုက်ရလို့ ထင်ရဲ့ စောစောက သောင်းကျန်းဖို့ပဲ တာစူနေတဲ့ Jay ဟာ ငြိမ်ကျသွားကာ နေရာမှာတင် မလှုပ်မယှက်။

Mr.Park ကတော့ ဓာတ်ပုံထားရာ စင်လေးဘေးမှာသာ ရပ်နေပြီး သားဖြစ်သူရဲ့ တုန့်ပြန်လာမှုကို အကဲခတ်နေလေသည်။

Heeseung ဟာလဲ နဂိုရပ်နေရာအတိုင်း ဆိုဖာတွေရဲ့နောက်မှာ မတ်တပ်ရပ်လျှက်သား။

Jay ဟာလဲ ဝင်ထိုင်လိုက်ဖို့ကို သတိမရလေဟန်ဖြင့် ခေါင်းကြီးငုံ့ပြီး ငြိမ်သက်စွာ ရပ်နေလေသည်။ သူ့ပုံစံဟာ အတွေးနက်နေသူတစ်ယောက်လို... မျက်ခုံးတွေချင်း ထိစပ်လုထိ မျက်မှောင်တွေကို ကျုံ့ထားသေးသည်။

အားလုံးဟာ မတ်တပ်အနေအထားတွေနဲ့ အတွေး အမြင်ကိုယ်စီဖြင့် တစ်နေရာစီမှာ...

အခန်းလေးဟာလဲ အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။

အတန်ကြာမှ ဖြည်းညှင်းစွာ လှုပ်ရှားလာတဲ့ Jay က နီးရာ ဆိုဖာတစ်ခုပေါ်မှာ ဝင်ထိုင်လိုက်ကာ မေးခွန်းတစ်ခုကို စတင်မေးလာလေသည်။

" အဲ့ဒီ ညီအစ်ကို ဆိုတဲ့ ကိစ္စတွေထက် hyung က ဘာလို့ ခင်ဗျားနဲ့ အတူရှိနေရတာလဲဆိုတာကို အရင်ဖြေပါ "

သံသယတွေများတတ်တဲ့၊ တဖက်သားကို အလွယ်တကူ ယုံကြည်မပေးတတ်တဲ့ Jay လို လူတစ်ယောက်အတွက် အရင်းနီးဆုံး လူလို့ သတ်မှတ်ထားတဲ့ ၊ အယုံကြည်ရဆုံးပါလို့ ခံယူထားတဲ့ Heeseung ကို အဖေဖြစ်သူအနားမှာ တွေ့လိုက်ရခြင်းက Park Sunghoon က သူ့ရဲ့ ညီ ဆိုတဲ့ ကိစ္စထက်ကို ပိုပြီး စိတ်ထဲရောက်နေဟန်ရှိရဲ့။

" ကျုပ် မေးနေတယ်လေ "

နှစ်ယောက်လုံးဆီမှ အဖြေထွက်မလာတော့ Jay ရဲ့ စိတ်မရှည်တတ်တဲ့ အသံက ထပ် ထွက်လာခဲ့သည်။

ထိုအခါမှ ဓာတ်ပုံတွေတင်တဲ့ စင်လေးနားမှာ ရပ်နေတဲ့ Mr.Park က ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး

" Daddy အခုပြောမယ့်စကားတွေကို သား အထင်မလွဲဘဲ နားထောင်စေချင်တယ်... တကယ်တော့... Heeseung လေးက ဖေဖေ့လူယုံရဲ့ သားပါ... တနည်းပြောရရင် သားဘိုးဘိုး လူယုံရဲ့ မြေးပေါ့... Heeseung တို့ မိသားစုတွေဟာ မျိုးရိုး စဉ်ဆက် Daddy တို့ မျိုးရိုးရဲ့ သစ္စာခံ လူယုံတွေပါ သား... "

"  အဟက်! ပုံပြင်လေးကတော့ လှ ပြီပေါ့... ကျုပ်ဘေးနားမှာ ကျုပ်အပေါ် စိတ်ရင်းနဲ့ ရောက်လာတဲ့လူ ဆိုတာရော ရှိကြသေးရဲ့လား "

နှုတ်ခမ်းတစ်ဖက်ကို ဟန်ပါပါ မဲ့လိုက်ကာ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး ပြောလိုက်တဲ့ Jay စကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်လာတဲ့  Heeseung က

" hyung ကို အထင်မလွဲစေချင်ဘူး ညီ... hyung ညီ့အနားကို ရောက်လာကတည်းက စိတ်ရင်းတွေ  မှန်ခဲ့ပါတယ် "

" ဟား ဟား ဟား ဟား... တော်လိုက်တာဗျာ... ဟား ဟား ဟား ဟား လက်ဖျားခါတယ် သိလား..  ခင်ဗျား အိုက်တင်တွေ သိပ်တော်ခဲ့တယ်... ကျုပ်မှာတော့ စောစောက အချိန်အထိ ခင်ဗျားအပေါ် ယုံကြည်နေမိတုန်းလေ Heeseung hyung ရဲ့... အခုတော့လဲ.... ဟား ဟား ဟား ... ဟား ဟား ဟား ဟား အဟက် ဟက် "

ရယ်စရာ ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသလို ခေါင်းမော့ကာ ဟားတိုက်ရယ်မောလိုက်တဲ့ Jay...

အရယ်ရပ်သွားတဲ့ အချိန်မှာတော့ အေးစက်တည်တင်းသွားတဲ့ မျက်နှာနဲ့အတူ ပို၍ ခက်ထန်သွားသယောင် မျက်ဝန်းအကြည့်စူးစူးများ...

ထိုအကြည့်တွေ Heeseung ဆီကို တည့်တည့်ကျရောက်လာတဲ့ အချိန်မှာ Heeseung သိလိုက်တာက သူ့အပေါ် CEO ရဲ့ အယုံအကြည် မဲ့သွားပြီဆိုတာကိုပဲ။

ထို့ကြောင့် သူ ကပြာကယာ ဖြေရှင်းဖို့ လုပ်တော့

" ညီ!!... "

" ဆက်မပြောတော့နဲ့ hyung... ကျုပ် အရာအားလုံးကို ဆက်စပ်မိလိုက်ပြီ "

လက်ကာပြကာ စကားမဆက်ဖို့ တားမြစ်လိုက်တဲ့ Jay ကြောင့် Heeseung အတွက် ဖြေရှင်းပြဖို့ အခွင့်အရေး မရှိတော့။

" Heeseung လေးကို စိတ်မဆိုးစေချင်ဘူး သား... သူက သားကို အမှန်အတိုင်းပြောပြဖို့ Daddy ကိုခဏတိုင်း တောင်းဆိုခဲ့တာပါ... သူ သားအပေါ်မှာ ညီအရင်းလေး တစ်ယောက်လို သံယောဇဉ်ရှိပြီး တကယ်ကို စိတ်ရင်းမှန်ခဲ့ပါတယ် "

" စိတ်ရင်းတွေ မှန်ခဲ့ပါတယ် တဲ့လား... ဒါဆို ချည်းကပ်ခြင်းတွေက လွဲမှားခဲ့တာပေါ့ နော်... မမှန်မကန် ချည်းကပ်လာတဲ့လူကိုမှ ငါကလဲ မျက်စိမှိတ် ယုံလိုက်မိတာတဲ့လား...အဟက်! "

ဆိုဖာကို မှီကာ ခြေချိတ်ပြီး ထိုင်နေတဲ့ Jay က Mr.Park ရဲ့စကားကို သံယောင်လိုက်သလို ခပ်တိုးတိုး ရေရွတ်ကာ နှုတ်ခမ်းကို ဟန်ပါပါမဲ့၍ ဟက်ခနဲ ရယ်လိုက်ပြန်သည်။

ဒီပုံစံနဲ့ ဒီအမူအရာတွေအရ CEO ဆီက ခွင့်လွှတ်မှု ရဖို့ဆိုတာ မလွယ်တော့ဘူးမှန်း Heeseung နားလည်လိုက်ပါသည်။

သူ့စကားတွေ သူ့ဖြေရှင်းချက်တွေ CEO နားကို တိုးမပေါက်တော့ဘူးဆိုတာ သိပေမယ့် သူ နည်းနည်းလောက်တော့ ကြိုးစားကြည့်ချင်ပါသေးတယ်လေ....

" ညီ "

" တော်!! ခင်ဗျား ပါးစပ်ကို ပိတ်ထား!! အခုချိန်မှာ Park Sunghoon ပြီးရင် ကျုပ် အသတ်ပစ်ချင်ဆုံး လူက ခင်ဗျားပဲ Lee Heeseung... ကျုပ်က ကျုပ်အပေါ် သစ္စာမရှိတဲ့လူတွေကို အမုန်းဆုံးဆိုတာ ခင်ဗျားလောက်သိတဲ့လူ မရှိတော့ဘူး... ကျုပ် စိတ်ကို အဖတ်တတ်ဆုံးနဲ့ ကျုပ်ကို နားအလည်ဆုံးက ခင်ဗျားပဲ... အဲ့တော့ အခုချိန် ကျုပ်စိတ်ထဲ ဘာဖြစ်နေမယ်ဆိုတာ ခင်ဗျား အသိဆုံး ဖြစ်လိမ့်မယ်!!! "

ထိုင်နေရာမှ ဖြုန်းခနဲ ထရပ်လိုက်ကာ Heeseung ကို လက်ညှိုးထိုး၍ သွားကြားစေ့သံနဲ့ ပြောလိုက်တဲ့ Jay ။ ခက်ထန်နေတဲ့ အကြည့်စူးစူးတွေကြောင့် Jay ရဲ့ မျက်ဝန်းတွေဟာ အရောင်တွေ ထွက်နေကာ တလက်လက်။ ဒေါသအခိုးတွေကြောင့်လဲ မျက်သားတွေဟာ နီရဲလို့ပါပဲ။

Heeseung သိနေပါတယ်။ ယုံကြည်မှုကို သစ္စာဖောက်ခံလိုက်ရလို့ CEO စိတ်ထဲ ဘယ်လောက်ထိ တနုန့်နုန့်ဖြစ်နေမယ်ဆိုတာကို။

ချည်းကပ်ခဲ့စဉ်က ပွင့်ပွင့်လင်းလင်း မပြောဖြစ်ခဲ့ပေမယ့်လဲ သူ CEO အနားကို ရောက်လာတယ်ဆိုတာ Mr. Park ရဲ့ ခိုင်းစေချက်ကြောင့်ပေမယ့် သူ ကိုယ်တိုင်ကိုက CEO အပေါ် ညီလေးတစ်ယောက်လို သဘောထားကာ ကူညီစောင့်ရှောက်ပေးချင်စိတ်တွေကြောင့်သာ။

သူ့စေတနာတွေကို CEO အထင်လွဲသွားလို့ မဖြစ်။

" hyung တောင်းပန်ပါတယ်... ချည်းကပ်လာတဲ့ နည်းလမ်းတွေ မှားခဲ့ပေမယ့် hyung တစ်ခါလေးမှ ညီ့အပေါ် သစ္စာမရှိတဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့ဖူးပါဘူး... hyung ကို ယုံပါ "

" ဟား ဟား ဟား ဟား ဟက် ဟက် ဟက်... ယုံပါ...ဟုတ်လား.... ဟက် ဟက်... ဘာအတွက် ယုံပေးရမှာလဲ... ဟမ်... ကျုပ်အမုန်းဆုံးလူရဲ့ အတွင်းလူ လုပ်ပြီး ကျုပ်အနား နေနေတယ်ဆိုတာကို ယုံပေးရမှာလား... အေးပေါ့.. ဒါကတော့ မယုံချင်လဲ ယုံရတော့မယ့် ကိစ္စကြီးကိုးးးအဟက်! "

သားရဲ့စကားတွေအရ သားဟာ သူနဲ့ Heeseung အပေါ် နားလည်မှု လွဲနေတယ်ဆိုတာကို သိရတော့ Mr.Park က

" နေအုံး... သား ထင်နေတာတွေ မှားနေပြီ... Heeseung ကို သားအနားပို့ခဲ့တာ Daddy ရဲ့ အတွင်းလူအဖြစ် ပို့ခဲ့တာ မဟုတ်ဘူး သား... သားကို စောင့်ရှောက်ဖို့ သပ်သပ်ပါ... တခြား ထားစရာလူတွေ ရှိပေမယ့် Heeseung က သားကို သူပဲ စောင့်ရှောက်ပါရစေဆိိုပြီး လိုလိုလားလားနဲ့ တောင်းဆိုခဲ့လို့ Daddy ပို့ပေးခဲ့တာပါ... သားအနားရောက်ပြီ ဆိုကတည်းက သူဟာ သားရဲ့လူအဖြစ် သားအပေါ်မှာ သစ္စာရှိရှိ နေခဲ့တာပါ... Daddy နဲ့တောင် အဆက်အသွယ် လုပ်ခဲ့တာ မဟုတ်ဘူး... Daddy ဘက်က သား အဆင်ပြေရဲ့လား သိရဖို့ ဆက်သွယ်မှသာ သူနဲ့ စကားပြောဖြစ်ရုံပါ သား... Daddy ကို စိတ်နာတာနဲ့ပဲ Heeseung လေးကိုပါ ရောပြီး အထင်မလွဲလိုက်ပါနဲ့... "

" ဘာအတွက်လဲ... ဘာ သဘောနဲ့ ကျုပ်အနားကို ခင်ဗျား လူတွေ ပို့ထားတာလဲ "

ဒီတစ်ခါ Jay ရဲ့ စကားမြှားဦးဟာ Mr.Park ဆီကို လှည့်သွားပြန်သည်။

"သားအနားမှာ daddy နေမပေးနိုင်တဲ့အတွက် သားကို စောင့်ရှောက်ဖို့နဲ့  သားအတွက် အကူအညီဖြစ်အောင်ပါ "

Mr.Park က ခပ်အေးအေး လေသံနဲ့ ပြောနေပေမယ့် Jay က သူ့ရင်ဘတ်တွေကိုသူ လက်ညှိုးပြန်ထိုးပြကာ

" ကျုပ်က သူများ အကူအညီကို စောက်ရမ်း လိုအပ်တဲ့ ပုံ ပေါက်နေလို့လား... ကျုပ်ပုံစံက သူများကူညီမှ ရှေ့ဆက်နိုင်မယ့် အားနည်းတဲ့ပုံ ပေါက်နေလို့လား ဟမ်!... ခင်ဗျား မျက်လုံးတွေကို သေချာ ဖွင့်ပြီး ကြည့်လိုက်အုံး... Jay ဆိုတဲ့ ကျုပ်လိုလူက မာမီ့သွေး အပြည့်... ဘယ်သူ့အကူအညီမှ မလိုဘူး.."

" မဟုတ်ဘူး သားရယ်...Daddy ပြောတာတွေကို  သား အထင်မလွဲဘဲ စိတ်အေးအေးထားပြီး နားထောင်ပေးပါလား "

Mr.Park ဖြေရှင်းပြနေလည်းပဲ အချည်းနီးသာ... Jay ဟာ သူ ပြောချင်တာတွေကိုသာ ရှေ့ဆက်ပြောနေလေသည်။

" အေးး နောက်တစ်ခုကကျုပ်အနားကို ဒီလို လူတွေ လွှတ်ပေးလိုက်တာနဲ့ပဲ ခင်ဗျားက အဖေတာဝန်တွေ ကျေပွန်နေပြီ ထင်တာလား... ဟုတ်လား... ခင်ဗျားလုပ်ရပ်အတွက် ခင်ဗျားကိုယ် ခင်ဗျား အရမ်းတွေ ဂုဏ်ယူနေမလားတော့ မသိပေမယ့် ကျုပ်အသိအမှတ်မပြုဘူး... အဲ့အတွက်လဲ ခင်ဗျားရဲ့ လူယုံကို ခင်ဗျား ပြန်ခေါ်သွား...ကျုပ်အနားမှာ ဘယ်လိုလူကိုမှ မလိုအပ်လို့ ဘယ်သူမှလဲ ရှိနေပေးစရာ မလိုဘူး... အခုချိန်က စပြီး ခင်ဗျားလူကို ကျုပ် အလုပ်ထုတ်လိုက်ပြီး... ရှေ့လျောက် ကျုပ် ခင်ဗျားတို့ကို မမြင်ချင်ဘူး... တစ်ယောက်မှ ကျုပ်ရှေ့ကို ပေါ်မလာခဲ့ပါနဲ့ "

ပြောပြိီးတာနဲ့ အခန်းထဲမှ ချာခနဲ လှည့်ထွက်သွားတဲ့ Jay...

ခေါ်သံတွေကိုလဲ အရေးမလုပ်တော့...

" သား..."

" ညီ... ညီ့.... "

" သားလေးး..."

အခန်းထဲမှာ ကျန်နေခဲ့တဲ့ နှစ်ယောက်မှာတော့ နေရာမှာတင် ခေါင်း ငိုက်စိုက်ချလို့ပေါ...

.
.
.

Sunoo အိပ်နေရင်းမှ နိုးတစ်ဝက်အိပ်မက် မက်နေသလိုမျိုး လက်တစ်ဖက်ကို လေးလံတဲ့အရာတစ်ခုနဲ့ ဖိထားတာကို စိတ်ထဲက ခံစားမိနေသည်။

လှုပ်ကြည့်ပေမယ့်လည်း လေးနေတာကြောင့် သူ့လက်လေးက လှုပ်လို့မရ...

အားစိုက်ပြီး ဆွဲမယ် လုပ်ပေမယ့် သူ မဆွဲရက်လို့ ဒီတိုင်းလေး ငြိမ်နေလိုက်တဲ့ခဏမှာပဲ လက်ပေါ်က အရာက စက္ကန့်ပိုင်းမျှ လှုပ်သွားလေသည်။

အဲ့ဒါ ဘာကြီးလဲ...

အဲ့ဒီ အရာကြီးကို သူ့လက်ပေါ်က ဖယ်ရှားသွားစေချင်ပေမယ့်လည်း အဲ့ဒီ အရာကိုပဲ သူဟာ မက်မက်မောမော ဆုပ်ကိုင်ထားချင်နေသလို။

ဒွိဟစိတ်တွေနဲ့ အိပ်မက်ထဲမှာ လုံးပန်းရင်း သူ နိုးလာတဲ့ အခါ...

အပြင်မှာပါ လေးလံပြီး ထုံကျဉ်နေတဲ့ သူ့ရဲ့ ညာဘက်လက်ကလေး...

* ဟင်... အပြင်မှာပါ ငါ့လက်က လေးနေတာပဲ... ဘာလို့ပါလိမ့် "

အတွေးနဲ့အတူ မျက်လုံးတွေကို ကပြာကယာ ဖွင့်ကာ ခေါင်းကို ကြွ၍ လက်လေးရှိရာ စောင်းငဲ့ကြည့်လိုက်တဲ့အချိန်မှာတော့...

ဟင်!!!

သူ...

ဟုတ်ပါတယ်...Sunoo ရဲ့ လက်ဖဝါးနုနုလေးပေါ် အားရပါးရ ဖိထားတဲ့ လေးလံစေတဲ့ အရာရဲ့ ပိုင်ရှင်ကတော့ တစ်မိုးအောက် နှစ်ယောက်မရှိနိုင်တဲ့ Park Sunghoon ပေါ့...

မအိပ်ခင်က ပါးပေါ်ကို လက်လေးတင်လို့ တယုတယဆုပ်ကိုင်ထားပေမယ့် အိပ်ပျော်သွားတဲ့အချိန်မှာတော့ အဲ့ဒီလက်လေးကို ပါးအောက်ဆွဲသွင်းပြီး အားရပါးရ ဖိထားကာ အိပ်ပျော်နေတဲ့ Sunghoon...

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Sunoo သွားတန်းဖြူဖြူလေးတွေ ပေါ်အောင်ပင် ရယ်လိုက်မိသည်။

ဘယ်လိုလဲ သူ ရယ်...

အုံး အိပ်စရာ ရှားလို့ သူများလက်ကို အုံးပြီး အိပ်နေရတယ်တဲ့လား...

ဖိ အိပ်ထားတဲ့ ပါးအောက်က လက်ကို ဆွဲနှုတ်လိုက်ရင် အိပ်ပျော်နေတဲ့ သူ နိုးသွားမှာ စိုးတာကြောင့် ထုံကျဉ်နေတဲ့ လက်ကို လျစ်လျူရှုကာ Sunghoon ကို ကြည့်ရင်းသာ အတွေးနယ်ချဲ့နေလိုက်သည်။

အဲ့ဒီအချိန်မှာပဲ မအိပ်ခင်က အဖြစ်အပျက်တွေကို ပြန်စဉ်းစားမိတော့ သူ့မျက်နှာဟာ ရှိန်းခနဲ ပူတက်သွားရသည်။

* ငါ သူ့ ရင်ခွင်ထဲမှာ အိပ်ပျော်သွားတာပဲ... *

ဘာလို့များ သူ့ရင်ခွင်က ငါ့အတွက် စိမ်းသက်မနေဘဲ နေရ သက်သောင့်သက်သာ ရှိစေတာလဲ...

သူ သိပ် သိချင်မိပါရဲ့...

ဒီ လူသားလေးနဲ့ သူဟာ ဘယ်လို ဆက်ဆံရေးတွေရှိပြီး ဘယ်အတိုင်းအတာထိ ရင်းနီးကြတယ်ဆိုတာကို။

ပြီးတော့ ဘယ်လို အကြောင်းကိစ္စတွေ ရှိခဲ့လို့များ Jay လက်ထဲကနေ ဇွတ်တရွတ် ခေါ်လာခဲ့တယ် ဆိုတာကို။

သိပ်ကို သေချာပိုင်နိုင်နေတဲ့ ယုံကြည်ချက်တွေနဲ့ ပြောလာတဲ့စကားတွေက * အဆော ယုံကြည်လာအောင် မောင့်အချစ်တွေနဲ့ သက်သေပြမယ်... တစ်နေ့ အဆော မောင့်အချစ်တွေကို နှလုံးသားနဲ့ခံစားမိပြီး မောင့်အပေါ် ယုံကြည်လာမှာပါ * တဲ့လေ...

ကျွန်တော် သူ့ကို အရမ်း မှတ်မိချင်နေပါပြီ...

အိပ်မက်တွေထဲထိ ရောက်လာတတ်တဲ့သူက တကယ်ပဲ ကျွန်တော့်ရဲ့ ချစ်သူလား...

သေချာမှတ်မိသိရှိခြင်းလဲမရှိ၊ သတိမေ့ပါပြီဆိုကတည်းကလဲ တစ်ခါမှ တွေ့ဖူးခြင်းမရှိတဲ့ သူ က အိပ်မက်တွေထဲတောင် ပါလာတယ် ဆိုတော့ ကျွန်တော်တို့အချစ်တွေက တော်ရုံအချစ်မျိုး မဟုတ်ခဲ့လို့ပေါ့ နော်...

ကျွန်တော် အဲ့လိုပဲ ယုံကြည်ထားလို့ ရမလား...

ဒါဆို Jay ကရော...

Jay ကရော ကျွန်တော့်အတွက် ဘယ်လို လူမျိုးလဲ....

Jay အကြောင်းတွေးလိုက်မိတဲ့ခဏမှာပဲ သူ ကြည့်နေရင်းမှ အိပ်နေတဲ့လူဟာ လှုပ်လှုပ်ရွရွဖြစ်လာပြီး နိုးလာလေတော့သည်။

ထို့ကြောင့် Sunoo အကြည့်တို့ကို လွှဲကာ မျက်လုံးအစုံကို မှိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်မိသည်။

မအိပ်ခင်က ခေါင်းတွေ အရမ်းကိုက်လို့ သူ့ကို ဆွဲထားမိပြီး သူ့ရင်ခွင်ထဲ တိုးဝင် အိပ်လိုက်မိတာကြောင့် မျက်နှာချင်း ဆိုင်ရမှာ ရှက်ရွံ့နေတာကြောင့်လေ။

မျက်လုံးတို့ကို မှေးမှိတ်ထားပေမယ့် လှုပ်ရှားနေတာတွေကိုတော့ ခံစားသိရှိနေဆဲ။

လက်ပေါ်ဖိထားတဲ့ ခေါင်းကို ကြွသွားတဲ့ အချိန်မှာ လက်တစ်ဖက်လုံး ပို၍ ကျဉ်တက်သွားကာ အငွေ့တွေ ထွက်သွားသလို တရှိန်းရှိန်းနဲ့။

သွေးကြောတွေထဲမှာလဲ အကောင်သေးသေးလေးတွေ ထောင်ပေါင်းမက လာကိုက်နေသလို တဆစ်ဆစ်နဲ့ ဖြစ်နေကာ နေရတာ မသက်သာလှ။

ဒါပေမယ့်လည်း သူ မညည်းညူရဲ။ အံကြိတ်ပြီးသာ တင်းခံနေမိသည်။

ထိုအချိန်မှာပဲ သူ့လက်လေးကို ဖွဖွကိုင်ပြီး နှုတ်ခမ်းနဲ့ ဖိကပ်နမ်းလိုက်တာကို ခံစားလိုက်ရတော့ စိတ်ထဲက အလိုအလျောက် ကြိမ်ဆဲလိုက်မိတော့သည်။

Shit!

*ဖိအိပ်ခံထားရလို့ ကျဉ်နေပါတယ်ဆို ဒုက္ခပေးရတာ အားမရလို့ လာ နမ်းနေသလားပဲ...*

ကျဉ်နေတဲ့ နေရာကို လာလာထိလေ ပို ပိုပြီး နေရခက်လေမလား...

* ဒီလူ တော်တော် ဒုက္ခပေးတဲ့ လူပဲ...နိုးနေရင်လဲ ထွက်သွားပါတော့ လား... ချီးးမလို့ နေ နေသေးတာလား...ဟင်!  *

မျက်လုံးလဲ မဖွင့်ရဲဘဲ စိတ်ထဲကနေသာ ရန်တွေ လုပ်နေမိတဲ့ Sunoo ရယ်ပါ...

ရုတ်တရက်...

Sunghoon လုပ်လိုက်တဲ့ ရုတ်တရက် အပြုအမူတစ်ခုကြောင့် Sunoo ရဲ့ မျက်ဝန်းလေးတွေဟာ ဖျတ်ခနဲ ပွင့်ဟ သွားရတော့သည်။

မျက်လုံး ပွင့်ပွင့်ချင်း မြင်လိုက်ရတာက သူ့အပေါ်ကနေ ငုံ့မိုးကြည့်နေတဲ့ Sunghoon ရဲ့ မျက်နှာချောချော။

ပါးတစ်ဖက်က ပါးချိုင့်လေး ထင်းနေအောင်လဲ ပြုံးနေသေးသည်။

* ဟင်! ဒါ..ဒါ... အိပ်မက်ထဲမှာ တွေ့ခဲ့ရတဲ့ ပါးချိုင့်လေးပဲ... *

Sunoo ထိုမြင်ကွင်းကို သတိလက်လွတ်နဲ့    မျက်တောင်မခတ် ငေးနေမိတော့ သူ့ ဆီက  ထပ်မံ ပြုမူခံလိုက်ရပြန်တဲ့ ဒီလုပ်ရပ်။

ထိုအခါမှ Sunoo သတိဝင်လာပြီး အပေါ်က ငုံ့ကြည့်နေတဲ့ သူ့ကို တွန်းဖယ်လိုက်ကာ အိပ်နေရာမှ ထထိုင်လိုက်သည်။

" ဘာ ဘာလုပ်တာလဲ သူများကို "

" မောင့်အချစ်က နိုးနေတာကို မောင့်ကို အိပ်ချင်ယောင်ဆောင်နေလို့ နှိုးလိုက်တာလေ "

ကိုယ့်မှာတော့ စိတ်တွေ လှုပ်ရှားပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ မေးလိုက်ပေမယ့် သူကတော့ ရယ်ကျဲကျဲမျက်နှာနဲ့ သာ ပြန်ဖြေနေသည်။

ကုတ် ဖဲ့ ပစ်ချင်စရာ...

" ဘယ်မှာ ဘယ်မှာ အိပ်ချင်ယောင် ဆောင်နေလို့လဲ... ကျွန်တော် တကယ် အိပ်နေတာကို "

Sunoo မျက်စောင်းလေး ဝင့်ကာ ရန်စောင်လိုက်တော့ ပြုံးရယ်နေတဲ့ မျက်နှာနဲ့ပဲ သူက

" အဟင်းး.. ဒါဆို မျက်တောင်လေးတွေ ဘာလို့ ပုတ်ခတ် ပုတ်ခတ် ဖြစ်နေတာလဲ ပြော... မောင် သေချာ ကြည့်နေတာ အဆောရဲ့ မျက်အိမ်လေးတွေပါ  လှုပ်နေတာပါ "

" မလှုပ်ပါဘူး နော် "

" မလှုပ်ဘူးလား... အင်း ဟုတ်မှာပါ.. အဲ့ဒါကြောင့်လေ မောင်က သေချာချင်လို့ နဖူးလေးကို နမ်းကြည့်လိုက်တာ အဟင်းး "

Sunghoon နိုးလာတော့ အဆောကို ကြည့်လိုက်တဲ့ အချိန်မှာ တစ်ဖက်ကို လှည့်သွားပြီး  ဖျတ်ခနဲ ဆို မှိတ်သွားတဲ့ မျက်လုံးလေးတွေကို သူ မြင်ဖြစ်အောင် မြင်လိုက်ရသည်။

အဆော ဘာဆက်လုပ်မလဲ သိချင်တာကြောင့် သူ ဖိအိပ်ထားမိတဲ့ လက်လေးကို နမ်းလိုက်တော့ မျက်ဆန်လေးတွေ ရွေ့သွားကာ မျက်တောင်လေးတွေပါ လှုပ်လာခဲ့သည်။

စိတ်လှုပ်ရှားခြင်း​ကြောင့် အသက်ရှူတွေ မြန်နေတဲ့ အဆောက တော်တော်နဲ့ မျက်လုံးတွေကို ဖွင့်မလာခဲ့။

ဒါနဲ့ပဲ သူ ကြည့်နေရင်းမှ  အသည်းတွေယားလာကာ နဖူးလေးကို နမ်းလိုက်တော့ တအံ့တသြ ပုံစံလေးနဲ့ မျက်လုံးတွေ ပွင့်လာခဲ့တော့သည်။

ပြီးတော့ မျက်ဝန်းညိုလေးတွေ ပြူးကျယ်ပြီး သူ့ကို ငေးနေသေးတာ မျက်တောင်မခတ်။

ဒါနဲ့ပဲ သူ နဖူးလေးကို ထပ်နမ်းလိုက်တော့မှ သတိဝင်လာသလိုပုံစံနဲ့ အဆောက မျက်တောင်တွေ တဖျတ်ဖျတ် ခတ်ကာ သူ့ကို တွန်းဖယ်၍ ထ ထိုင်တော့သည်။

မျက်နှာလေး ခပ်ရဲရဲနဲ့ ရှက်နေပုံလဲ ပေါ်ပါသည်။

အော်...အချစ်ရယ်

နဖူးလေးနမ်းခံရတာကို ရှက်နေတာတဲ့လား...

မောင်တို့က အဲ့ထက် အဆင့်တွေ အများ​ကြီး ပိုပြီး ရင်းနီးကြတဲ့ သူတွေပါကွာ...

အပြုံးပါးပါးနဲ့ စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေကို ရင်မဆိုင်ရဲသလိုနဲ့ အဆောက ကုတင်လေးပေါ်မှာ ငုတ်တုတ်လေးထိုင်ရင်း မျက်လုံးလေးတွေ ဟိုဒီလွှဲကာ ဂုတ်လေးကို ပွတ်နေလေသည်။

ပြီးမှ မျက်ဆန်လေး ထောင့်ကပ်၍ သူ့ကို မရဲတရဲ ကြည့်လာပြီး

" ဟို... ခု.. ခုနကအတွက် ကျေးဇူးပါ "

ရုတ်တရက် ထ ပြောလိုက်တဲ့ အဆောရဲ့စကားကြောင့် ဘာဆိုလိုမှန်းမသိလိုက်၍ Sunghoon ကြောင်သွားရကာ

" အင်... ဘာကိုလဲ အဆောရဲ့ "

" ဟို မအိပ်ခင်ကဗျာ... အနားမှာ နေပေးလို့ ကျေးဇူး လို့ "

ထိုအခါမှ သဘောပေါက်သွားပြီး မျက်နှာလေး ခပ်လွှဲလွှဲနဲ့ ကျေးဇူး စကားဆိုနေတဲ့ ချစ်ရသူကို ကြည့်၍ Sunghoon ပြုံးလိုက်မိသည်။

မောင့်ရင်ခွင်ထဲ ဝင်တုန်းက ဝင်ပြီးမှ ရှက်နေသတဲ့လား အချစ်ရယ်...

သူ အရှက်သည်းနေတဲ့ အဆောကို စ နောက်ချင်လာတာကြောင့် ပုခုံးချင်း တိုက်လိုက်ကာ

" အဲ့တော့.. မောင့်ကို အားကိုးတယ်ဆိုတဲ့ သဘောလား "

" ဗျာ... ဘာလို့လဲ "

" မောင့်ကို ဘယ်မှ မသွားဖို့ ဆွဲထားပြီး မောင့်ရင်ခွင်ထဲကို ရောက်မှ စိတ်ချလက်ချ အိပ်ပျော်သွားတာလေ အချစ်က... အဲ့ဒါ အားကိုးတာ မဟုတ်ဘူးလား မောင့်ကို "

သူ ခပ်မြူးမြူးလေး ပြုံးကာ မေးလိုက်တော့ ရောက်လာတာက မျက်စောင်းလေး...

" ဘာလို့ အားကိုးရမှာလဲ မဆိုင်လိုက်တာ "

" အဲ့ဒါ မောင့် ရင်ငွေ့ကို လှုံလိုက်လို့ မောင့်အချစ် ဝေဒနာတွေ သက်သာသွားတာဗျ သိရဲ့လား "

" ဘာမှလဲမဆိုင်ဘူး "

" တကယ်ပါ ဆို "

" လိပ်ကြီး "

ရှက်ရဲရဲလေးနဲ့ မျက်လုံးလေး လှန်ကြည့်လာကာ သူ့ကို မှတ်ချက်ပြုလိုက်တာက လိပ်ကြီး တဲ့လား...

မောင်က လိပ်ဖြစ်ရင်တောင် အဆောဘက်ကိုပဲ တသတ်မတ်ထဲ ယက်မယ့် လိပ်ကြီးပါ...

" မောင်က လိပ်ဖြစ်ရင်တောင် အဆောကို ကျောကုန်းပေါ် တင်ခေါ်သွားနိုင်မယ့် ကမ္ဘာ့လိပ်ကြီးပဲ ဖြစ်မှာ "

" အာ... သူ ဘာတွေ ပြောနေမှန်း မသိဘူး ဖယ်... ကျွန်တော် အပြင်ထွက်တော့မလို့ "

" ဟား ဟား ဟား မောင့်အချစ် ရှက်နေတာ ချစ်စရာလေးကွာ... မျက်နှာလေးကို ရဲ လို့ "

လူကို ရှေ့ထားပြီး တမျိုးပြီးတမျိုး စ နောက်နေတဲ့ သူ့ကြောင့် Sunoo နေရခက်လာတော့ သူ့ကို ရှောင်ကာ ကုတင်ပေါ်က ဆင်းရန်ပြင်လိုက်သည်။

ကိုယ့်ထက် ပိုလျှင်တဲ့ သူက လက်လေးကို ဖမ်းဆွဲလိုက်တာ Sunoo ဘယ်လိုမှ ရှောင်ချိန်
မရလိုက်။

ကံဆိုးစွာနဲ့ အဆွဲခံလိုက်ရတာက ထုံကျဉ်နေတဲ့ ညာဘက်လက်လေး။

ထိလိုက်တာနဲ့ လက်တစ်လျှောက်လုံး ခံရခက်တဲ့ ဝေဒနာကို ခံစားလိုက်ရပြီး အော်လိုက်မိသည်။

" အားးး "

မျက်နှာလေးပါ ရှုံ့မဲ့သွားကာ အော်လိုက်မိတာကြောင့် Sunghoon လဲ ဘာမှန်းမသိ၍ လန့်သွားကာ

" ဘာဖြစ်လို့လဲ ဟင် အဆော.. ဘာလို့လဲ "

ပြူးပြူးပြာပြာနဲ့ ထမေးတဲ့ Sunghoon ကို Sunoo ဆူအောင့်အောင့်လေး ပြန်ဖြေလိုက်မိသည်။

" သူ ဖိအိပ်ထားတာလေ... လက်တစ်ချောင်းလုံး ထုံကျဉ်နေရောပဲ "

" ဖယ်လိုက်တာတော့ မဟုတ်ဘူး အချစ်ရယ်... အရမ်း နာနေလား ဟင်... မောင်လဲ အိပ်ပျော်သွားတော့ သတိလွတ်သွားလို့ပါ... ဖွ ဖွ နော် "

ပြောပြောဆိုဆို Sunoo ရဲ့ လက်ဖဝါးလေးကို ဆွဲယူကာ ဆုပ်နယ်ပေးနေပြန်တဲ့ Sunghoon..

" အ့ အားး... ဖယ် ဖယ် မလုပ်နဲ့ မလုပ်နဲ့  "

Sunoo ရုတ်တရက် အော်လိုက်မိကာ Sunghoon လက်တွေကို တွန်းဖယ်ပြီး ရုန်းလိုက်တော့

" ဟင်... နာနေလို့လား .. မောင့်ကို ပြပါအုံး... အရမ်း နာနေတာလား လို့ "

" နာတာမဟုတ်ဘူး... ကျဉ်နေတာ.. ကျဉ်နေတာ... လက်က ထုံကျဉ်နေပါတယ်ဆို လာ ထိတော့ ပိုပြီး ခံရခက်တာပေါ့... ဒါလေးတောင် မသိဘူးလား "

" အဲ့လောက်ထိ ဖြစ်နေတာကို အဆောရယ်... မောင့်ကို နှိုးလိုက်တာတော့ မဟုတ်ဘူး... ဘာလို့ ဒီတိုင်းကြီး ငြိမ်နေရတာလဲ "

" သူက. နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာကိုးး... "

" အဲ့တော့ မောင့်ကို မနှိုးရက်ဘူးပေါ့ ဟုတ်လား "

" အင်းပေါ့ ... အာ... အဲ့ အဲ့လို မဟုတ်ပါဘူး "

" အဟင်းး ဒါဆို ဘယ်လိုလဲ ပြောပါအုံး "

" ဘာတွေ မေးနေမှန်းမသိဘူး... တော်ပြီ ဖယ် ကျွန်တော် အပြင်ထွက်တော့မယ် "

သူခိုးလူမိလေး လို ... မှားဖြေမိပြီးကာမှ  ရှက်ကိုးရှက်ကန်းနဲ့ ငြင်းဆန်ကာ သူ့ကို တိုးတိုက်တွန်းဖယ်ပြီး ကုတင်ပေါ်ကနေ ဆင်းပြေးသွားတဲ့ ကောင်ငယ်လေး...

သေချာပေါက် မျက်နှာနုနုလေးဟာလဲ ပန်းရောင်တွေ သန်းကာ အရောင်တွေ ရင့်လို့နေလိမ့်မည်။

အခန်းထဲက ပြေးထွက်သွားတဲ့ အသည်းအသက်လေးကို ကြည့်ပြီး Sunghoon ခေါင်းငုံ့ကာ အောက်နှုတ်ခမ်းလေးကို ကိုက်ရင်း ပြုံးလိုက်မိသည်။ သူ့အဖြစ်ကိုသူ သဘောတွေ ကျမိနေလို့လေ။

သူ့အဖြစ်ကလဲ ရယ်ချင်စရာပဲမလား...

အခုမှ ကိုယ့်ချစ်သူကို ကိုယ် ပြန် flirt နေရတဲ့ အဖြစ်။

ဒါပေမယ့်လည်း များများ flirt ရမည်။

အခုတောင် တွေ့စကနဲ့ မတူတော့ဘူးမလား...

ပြန်ပို့ပေးဖို့ပဲ တတွတ်တွတ် တောင်းဆိုနေတဲ့ အဆောက အခုတော့ ပြန်ဖို့အကြောင်းကို မဟသေး။

အိပ်ရာနိုးခါစမို့ပဲ မေ့နေသလားတော့ မပြောတတ်။

" အဲ့မှာပဲ အဲ့လိုကြီး နေတော့မှာလား... ကျွန်တော် ဗိုက်ဆာနေပြီလို့ "

Sunghoon ကုတင်ပေါ်မှာ အပြုံးဖွဖွနဲ့ အတွေးပွားနေဆဲမှာ ကြားလိုက်ရတဲ့ အခန်းဝက အသံစူးစူးလေး...

ဟုတ်ပေသားပဲ...

ခုချိန်ထိ သူနဲ့ အဆော ဗိုက်ထဲ ဘာအစာမှ မရောက်သေး...

ခေါ်လာခဲ့ပြီးတည်းက အမျိုးစုံဖြစ်ပျက်နေတာမို့ စားသောက်ဖို့ကို သတိမရမိကြ။

အချိန်ကလဲ ညစာ စားချိန်ကို အတော်လေး ကျော်နေလေပြီ။

အဲ့တော့ အစာအိမ်က အချက်ပြလာပြီပေါ့။

ထို့ကြောင့် သူ အခန်းဝက ပေစောင်းစောင်းလေး ရပ်နေတဲ့ ချစ်ရသူကို ကြည့်ပြီး

" Ok Ok ခဏစောင့် အချစ်... မောင် အကုန် ချက်ပြုတ်ထားပြီးသား... ပူသွားအောင် ပြန်နွှေးပေးမယ်နော် "

အခန်းထဲက အထွက် သူ့ဆီ မျက်စောင်းလေးဝင့်လာသူကို မျက်စိတစ်ဖက် မှိတ်ပြခဲ့ကာ မီးဖိုထဲသို့ဝင်ပြီး ညစာကို မြန်မြန်လေး ပြင်ဆင်ပေးလိုက်သည်။

ဟင်းရည်အိုးကို ပူအောင် နွှေးနေတုန်းမှာပဲ မီးဖိုထဲ လိုက်ဝင်လာတဲ့ အဆောက ထမင်းစား စားပွဲမှာ ဝင်ထိုင်လိုက်ရင်း

" မြန်မြန်လေး လုပ်ပေး... ကျွန်တော် အရမ်းဆာနေပြီ "

" အကုန်ရနေပြီနော်... မောင် ဟင်းရည်လေး ပြန်ပူနေလို့ "

သူ ဘာပြောပြော မျက်စောင်းပဲထိုးဖို့ စိတ်ကူးထားသလား မသိတဲ့ အဆောက အခုလည်းပဲ မျက်စောင်းလေးက ရောက်လာပြန်ပြီ။

ဒါကိုပဲ သူ သဘောကျစွာ ရယ်လိုက်မိတော့

" ဘာ ရယ်တာလဲ... ကျွန်တော် ပြောတဲ့ထဲ ရယ်စရာ ဘာပါနေလို့လဲ "

မျက်ခုံးတန်းလေးတွေကို တွန့်ကုတ်ကာ ဆူအောင့်အောင့်လေး မေးလာတဲ့ အဆော ကို သူ ပုခုံးတစ်ဖက်တွန့်ကာ ခေါင်းအသာယမ်းပြလိုက်ပြီး အဆင်သင့် ဖြစ်ပြီးသား ညစာကို  စားပွဲပေါ် ပြင်ဆင်ပေးလိုက်သည်။

တူနဲ့ ဇွန်းကို သက်သောင့်သက်သာ ကိုင်လိုက်တဲ့ အဆော ရဲ့ လက်လေးတွေကို ကြည့်လိုက်ပြီး

" လက်က ဘယ်လိုနေသေးလဲ အဆော.. ကျဉ်နေတုန်းပဲလား "

" ကျဉ်နေရင် တူ ကိုင်နိုင်ပါ့မလား.. စဉ်းစားလေ "

ရန်စောင်စကားလေးပဲ ထွက်လာပြန်တော့ သူ ခေါင်းယမ်းပြီးသာ ပြုံးလိုက်မိပြန်သည်။

အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းရည်ပန်းကန်လေးကို အဆော ရှေ့ ချပေးလိုက်ပြီး

" မောင် တတ်သလောက် မှတ်သလောက်လေး ပြင်ဆင်ထားတာမို့ အဆော စားရတာ အဆင်ပြေပါ့မလားတော့ မသိဘူး... ဘာပဲဖြစ်ဖြစ် များများစားရမယ်နော် "

" ဗိုက်နဲ့ ဆန့်သလောက်ပဲ စားလို့ရမှာပေါ့... အများကြီး စားလို့ ရပါ့မလား "

" အဟင်းးး "

တကယ်ကို မောင့်အချစ်က ချစ်စရာကောင်းအောင် သူ့ကို အကန်စကားတွေ ပြောလိုက် မျက်စောင်းလေး ထိုးလိုက်နဲ့ ခေါ်လာလို့ မကျေနပ်တာတွေကို ဖော်ပြနေဟန်ရှိပါ၏။

ဘယ်လိုနေနေ ချစ်နေရတဲ့ သူ့အဖို့တော့ အဆော အမူအရာတွေက ပိုပိုပြီး ချစ်စရာသာ ကောင်းနေလေတော့ အခက်သားလား...

" ကျွန်တော် ဘာပြောပြော သူက ဘာလို့ ရယ်ပဲ ရယ်နေရတာလဲ... ဘာလဲ သူ့စိတ်ထဲ ကျွန်တော့်ကို ရယ်စရာလို့ပဲ တွေးနေတာလား "

" မဟုတ်ရပါဘူး မောင့်အချစ်ရယ်...မောင်  တကယ် သဘောကျနေမိလို့ပါ "

" ဘာလို့ သဘောကျတာလဲ... ကျွန်တော် ပြောတဲ့ --- "

" ချစ်လို့!... ချစ်လို့လေ အဆောရဲ့... မောင်က ချစ်နေရတဲ့ သူဆိုတော့ အဆော ဘာတွေပဲ ပြောလိုက် ပြောလိုက်... ဘာလေးပဲ လုပ်လိုက် လုပ်လိုက် မောင့် မျက်လုံးထဲမှာ ချစ်စရာလေး ဖြစ်နေတာ အဲ့ဒါ အဆော သိရဲ့လား ...အဆော မမှတ်မိသေးလို့ပါ...အရင်တည်းက မောင်က အဆော ဘာလေးပဲ လုပ်ပြလုပ်ပြ အသည်းတယားယားနဲ့ ချစ်နေရတာ "

အဆော ပြောနေတဲ့စကားကို ဖြတ်ကာ သူ စိတ်ထဲရှိတာကို ပြောလိုက်တော့ ရှေ့က ကောင်ငယ်လေးဟာ အဖြူရောင်လေးကနေ ပန်းရောင်​တွေ သန်းလာတော့သည်။

" တော် တော်ပါ... ထမင်းစားနေတာကို ဘာတွေ ပြောနေမှန်းမသိဘူး.. သူများ စားလို့ မဝင်အောင် "

" ok ok မောင် ဘာမှ မပြောတော့ဘူးမို့... အများကြီး ထည့်စားနော် "

တကယ်လဲ သူ စကားဆက်မပြောတော့ဘဲ အဆောပန်းကန်ထဲ ဟင်းတွေ ထည့်ပေးရင်းသာ ညစာကို တိတ်တိတ်ဆိတ်ဆိတ်ပဲ စားလိုက်တော့သည်။

စားသောက်ပြီးစီးကြတော့ ဧည့်ခန်းမှာ ခဏထိုင်နေကြတုန်း သူ့စိတ်ထဲ သိချင်နေတဲ့ အရာတစ်ခုကို မမေးဘဲ မနေနိုင်တော့တာကြောင့် ဆူပုတ်ပုတ်လေးထိုင်နေပြီး စားပွဲပေါ်က တွေ့တဲ့ Fashion မဂ္ဂဇင်းစာအုပ်ကို ဟိုလှန်ဒီလှန် လုပ်နေတဲ့ အဆောကို

" မောင် အဆောကို တစ်ခု မေးချင်တယ်   "

" ဘာလဲ "

သူ့အသံကြောင့် စာအုပ်ကို ကြည့်နေရင်းမှ မျက်လုံးလှန်ကြည့်လာတဲ့ အဆောရဲ့ ထူးသံဟာလဲ မာတောင့်တောင့်လေးပါပဲ။

စိတ်ထဲ သူ့အပေါ် မကျေနပ်တာတွေ များနေလို့ထင်ရဲ့။

" အဆော... ဘာ လို့ ...ပြန်ဖို့စကား မပြောတော့တာလဲ ဟင် "

သူ တွေးဆဆလေးနဲ့ စကားတစ်ခွန်းချင်းကို သံရှည်ဆွဲပြီး မေးလိုက်တော့

" ပြောတော့ရော... သူက ပြန်ပို့ပေးမှာ မို့လို့လား "

" ဟင့်အင် "

" အင်းလေ... ပြန်ပို့မပေးတဲ့အတူတူ ကျွန်တော်က ဘာလို့ အမောခံပြီး ထပ်ပြောနေရအုံးမှာလဲ ... ပြောမိလို့ ခုနကလို အနိုင်ကျင့်ခံရရင်.... "

" အနိုင်ကျင့်တာ မဟုတ်ရပါဘူး အချစ်ရယ်... မောင်အဆောကို အဆုံးရှုံးမခံနိုင်တော့လို့ပါ... အဆော မမှတ်မိလို့သာပါ... မောင် အဆောကို အကြိမ်ကြိမ် ဆုံးရှုံးရတော့မလိုတွေ ဖြစ်ခဲ့ရတာ... ဒါကြောင့် အဆောကို ပြန်မလွှတ်ပေးချင်တော့ရုံပါ... မောင့်ကို မသနားဘူးလား ဟင် "

" ဘာအတွက်လဲ "

" အဆောကို ဆုံးရှုံးရတော့မလိုတွေ ဖြစ်ခဲ့လို့ပေါ့"

" အဲ့ဒါတွေကို မမှတ်မိတော့ ကျွန်တော် မပြောတတ်ဘူး... လောလောဆယ်တော့ ကျွန်တော် ကိုယ့်ကိုကိုယ်ပဲ သနားတယ်... ဘာမှလဲ မသိ ဘာမှလဲ မမှတ်မိနဲ့ သူများ ပြောသမျှ ဘာကို ယုံလို့ ယုံရမှန်း မသိဖြစ်နေပြီး Jay နဲ့ သူ့ကြား ရူးချင်နေတာပဲ သိတယ် "

" မောင် ပြောသမျှ အရာအားလုံးကို အဆော အကြွင်းမဲ့ ယုံထားလို့ ရပါတယ်... မောင့်ကို ယုံပြီး မောင့်အနား နေဖို့ပဲ တွေးပါ နော်... တခြား ဘာကိုမှ အဆော မတွေးနဲ့ "

" ထားပါလေ... ကျွန်တော်လဲ ဘာမှ မမှတ်မိတာမို့ ဘာကိုမှလဲ မတွေးချင်တော့ပါဘူး... တွေးလဲ ခေါင်းကိုက်တာပဲ အဖက်တင်တယ်... အဲ့တော့ ဖြစ်လာသမျှဟာ ကျွန်တော် ကောင်းဖို့လို့ပဲ တွေးထားလိုက်တော့မယ် "

" ဟုတ်တယ် အဲ့လိုပဲ တွေးထားလိုက်... အခု အဆော မောင်နဲ့အတူ ရှိနေတာက အဆော ကောင်းဖို့ဖြစ်လာတာပဲ "

သူ့စကားကြောင့် ရောက်လာပြန်ပြီ မျက်စောင်းလေး...

ဒီတစ်ခါတော့ မျက်နှာလေးဟာ ပြုံးရိပ်လေးတွေ သန်းလို့ပါ...

" အဲ့ သူ ဟာလေ... တကယ့် လိပ်ကြီး... ဘာပြောပြော နောက်ဆုံး သူ့ဘက်သူပဲ ရောက်အောင် ဆွဲခေါ်သွားတယ် "

" မောင် ပြောပြီးပေါ့ပဲ... မောင်က လိပ်ဖြစ်ရင်တောင် အဆောကို ကျောကုန်းပေါ်တင်ပြီး သွားလေရာ ခေါ်သွားမယ့် ကမ္ဘာ့လိပ်ကြီးပါလိို့ "

" တော်ပါဗျာ... သူ အရင်ကလဲအဲ့လိုပဲ စကားအရမ်း တတ်တာလား ဟင် "

" ဟင့်အင် သူများနဲ့ဆို မောင်က ရေခဲတုန်း... အဆောနဲ့မှ ရင်ထဲက စကားတွေ ထွက်ထွက်လာတာ...အဲ့စကား အရင်ကလဲ မောင် ပြောဖူးတယ်"

သူ့စကားကြောင့် ရယ်မြူးရိပ်လေး သန်းနေတဲ့ အဆောမျက်နှာလေးက တွေတွေလေး ဖြစ်သွားကာ စဉ်းစားနေဟန်ဖြင့် မျက်တောင်လေးတွေ တဖျတ်ဖျတ် ခတ်နေပြန်သည်။

ထို့ကြောင့် သူ ဘေးတိုက်မြင်နေရတဲ့ အဆောရဲ့ ပါးဖောင်းဖောင်းလေးကို သူ့ နှာခေါင်းနစ်မြုပ်တဲ့အထိ ဖိကပ်၍ အသံမြည်အောင် နမ်းလိုက်ကာ

" ဘာမှ မတွေးနဲ့ အချစ်... အချိန်တန်ရင် မှတ်မိသွားလိမ့်မယ်... မောင်က အကုန်မှတ်မိအောင် ပြန်လုပ်ပေးမှာမို့ မောင့်အချစ် ခေါင်းကိုက်လိမ့်မယ် မတွေးနဲ့ "

" လုပ်ပြန်ပြီ မပြောမဆိုနဲ့ "

" မောင် ဘာလုပ်လို့လဲ "

" ဘာလို့ လာ နမ်းတာလဲ လူကို "

" လူကို မနမ်းပါဘူး.. မောင် ပါးလေးပဲ နမ်းလိုက်တာကို "

" ဟာ.. ကြည့်... ဘယ်လိုဖြစ်နေတာလဲ... ကျွန်တော် မနေတတ်ဘူးမို့ အဲ့လိုတွေ မလုပ်စမ်းပါနဲ့ "

မျက်နှာလေး အို ပုတ်သွားကာ သူနမ်းထားတဲ့ ပါးလေးကို လက်နဲ့ ပွတ်သုတ်နေရင်း နေရာရွှေ့ထိုင်သွားတဲ့ ချစ်ရသူလေးကို ကြည့်ပြီး Sunghoon အောက်နှုတ်ခမ်းလေးကိုသာ ကိုက်ရင်း ရယ်နေရသည်။

မောင် အသည်းတွေ ယားလှပြီ အချစ်ရယ်...

ဒီ ဆက်ဆက်ထိမခံလေးကို ရင်ခွင်ထဲ ထည့်ပြီးသာ စိတ်ရှိသလောက် ဖျစ်ညှစ်ပြီး... အင်းးး... စိတ်ရှိသလောက် ဖျစ်ညှစ်ပြီး...

ဟူးးး

သက်မမောတစ်ခုကို မှုတ်ထုတ်လိုက်ပြီး သူ စိတ်ပြန်ထိန်းလိုက်ကာ ရှေ့က ဆူပုတ်ပုတ်လေးကို အိပ်ဖို့ သတိပေးရတော့သည်။

" အချိန်လဲ အတော်လင့်နေပြီ အဆော အိပ်တော့မလား "

" ဟင့်အင် တညနေလုံး အိပ်ထားတော့ ကျွန်တော် မအိပ်ချင်သေးဘူး... TV ခဏ ကြည့်အုံးမယ် "

" ဒါဆို မောင် ရေချိုးလိုက်အုံးမယ် နော်... မကြာဘူး မြန်မြန်ချိုးခဲ့မယ် "

" သူ့ဘာသာ ကြာချင်ကြာ မကြာချင်နေလေ... ဘယ်သူက ဘာပြောနေလို့ "

" အဟားးး မောင့် ဂျစ်တူးလေး... မောင့်ကို ဂျစ်နေတာ မပြီးတော့ဘူး "

သူ ပြောပြောဆိုဆို ဂျစ်တူးလေးရဲ့ နဖူးပြင်လေးကို အနမ်းသူခိုးလုပ်ခဲ့ကာ ထ ပြေးလာတော့ နောက်မှ အော်သံလေးက ကပ်ပါလာခဲ့သည်။

" အားးး ဘာလို့ အဲ့လိုတွေ ခဏ ခဏ လုပ်နေရတာလဲလို့ Park Sunghoon shiii "

" ချစ်လို့!!! "

သူ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်၍ အသည်းပုံလေး လုပ်ပြခဲ့ကာ နောက်လှည့်မကြည့်ဘဲ အော်ပြောခဲ့တဲ့ စကားသံအဆုံးမှာတော့ ဧည့်ခန်းလေးဟာ တိတ်ဆိတ် သွားခဲ့တော့သည်။

ဟုတ်တယ် မောင် အရမ်းချစ်လို့...

အရမ်းတွေ ကလေးဆန်နေပြီး ဂျစ်တူးလေး ဖြစ်လာတဲ့ အဆောကို အသည်းတွေ ယားနေလို့...

လွမ်းနေခဲ့ရသမျှ ရက်တွေအတွက် အတိုးချပြီး
အရမ်းတွေ ဖျစ်ညှစ်ပြီး နမ်းချင်နေလို့...

ပြီးတော့ ရင်ခွင်ထဲ ထည့်ပြီး စိတ်ရှိတိုင်းတွေ... အင်းးးးစိတ်ထဲရှိတဲ့အတိုင်းတွေ...

အဟက်!!

ရယ်သံတစ်ချက်နဲ့ အတွေးတွေကို ဘရိတ်အုပ်ကာ သူ ရေချိုးဖို့ ပြင်လိုက်တော့သည်။

ချိုးပြီး ဝတ်ဖို့ အဝတ်ဘီရိုထဲမှ သူနဲ့ သင့်တော်မယ့် အဝတ်တစ်စုံကို ထုတ်ရင်း အဆောအတွက်ပါ size သေးမယ့်တစ်ထည်ကို ရွေးကာ ထုတ်ထားပေးလိုက်သည်။

အဆောအတွက် ထုတ်ထားတဲ့ အင်္ကျီလေးကို သူ့ကိုယ်မှာ ကပ်ကြည့်လိုက်ရင်း သူ့ကိုယ်နဲ့ အရမ်းသေးနေတဲ့ အင်္ကျီလေးကြောင့် သူ ရယ်လိုက်မိပြန်သည်။

" အဟင်း... မောင့်အချစ်က သေးသေးလေး "

ပြီးနောက် အင်္ကျီလေးကို ကုတင်ပေါ်မှာ တင်ပေးလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်ရန် သူ့ကိုယ်ပေါ်က အင်္ကျီကို ဆွဲမြှောက်၍ ချွတ်ချလိုက်သည်။

" Sunghoon shi... Sunghoon shi "

အပေါ်ပိုင်းဗလာကျင်းသွားတဲ့ အချိန်မှာမှ တံခါးမခေါက်ဘဲ ရုတ်တရက် ပြေးဝင်လာတဲ့ အဆော..

သူ့နာမည်ကိုလဲ အသည်းအသန် ခေါ်လာသေးသည်။

အယ်!!!

" ဟို Sorry Sorry နော်... "

အာမေဋိတ်သံလေး ထွက်ကျလာပြီး သူ့ကို စိုက်ကြည့်နေပြီးမှ မျက်နှာလေးကို တဖက်သို့ လှည့်သွားသည်။

Sunoo TV ကြည့်နေရင်းမှ Channel တစ်ခုမှ Figure skate စီးတဲ့ အစီအစဉ်ကို ပြသနေတာမို့ Sunghoon ကို မေးပြီး အတည်ပြုဖို့ရာ ရေချိုးခန်းမဝင်ခင် မှီအောင်ဆိုပြီး သူ့နာမည်ကို အော်ခေါ်ပြီး ပြေးလာခြင်းဖြစ်သည်။

ဖြစ်ချင်တော့ သူ ဝင်လာလာချင်း မြင်လိုက်ရတာက အဝတ်မပါ ဗလာကျင်းနေတဲ့ ကြွက်သားတို့ဖြင့် ကျစ်လစ်ဖုထစ်နေသည့် သူ့ခန္ဓာကိုယ် အပေါ်ပိုင်း...

မီးရောင်အောက်မို့ထင်ရဲ့နို့နှစ်ရောင် သူ့အသားအရေဟာ ပို၍ပင် ဝင်းနှစ်နေသေးသည်။

နေပါအုံး...

သူ သူပဲ အမြင်မှားတာလား...

အဲ့ဒါ... အဲ့ဒါက...

မဟုတ်မှ...

Sunoo မျက်နှာလေး လွှဲနေရာမှ သူမြင်လိုက်ရတဲ့ အရာတစ်ခုကြောင့် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ Sunghoon ရှိရာဆီ အကြည့်တို့ကို ပြန်ပို့လိုက်မိသည်။

ဟုတ်ပါတယ်... မမှားနိုင်ပါဘူး...

နှစ်ခါပြန်ကြည့်လဲ သေချာနေတဲ့ အရာတစ်ခု...

Sunghoon လည်ပင်းမှာ ဆွဲကြိုးလေးနဲ့ ချိတ်ဆွဲထားတဲ့ ငွေရောင် လက်စွပ်လေး...

Sunoo လက်စွပ်လေးကနေ အကြည့်မလွှဲနိုင်စွာ တရွေ့ရွေ့နဲ့ Sunghoon ရှိရာဆီကို လျှောက်လာမိသည်။

အင်္ကျီမပါတာတွေ ၊ အပေါ်ပိုင်း ဗလာဖြစ်နေတာတွေ သူ့အာရုံမှာ မရှိတော့။

သူ့စိတ် အာရုံ အလုံးစုံကို ဆွဲဆောင်ထားတာက Sunghoon လည်ပင်းက လက်စွပ်လေး...

သူ့လည်ပင်းမှာလည်းပဲ သူကိုယ်တိုင် ဝတ်ဆင်ထားတဲ့ လက်စွပ်လေးက ရှိနေတယ်လေ။

Sunghoon ကတော့ အဆောရဲ့ ရုတ်တရက်အပြုအမူတွေကို နားမလည်တာကြောင့် ဒီတိုင်းပဲ ရပ် ကြည့်နေမိသည်။

ရှက်သွားတယ်ထင်တဲ့ အဆောက အခုတော့ဖြင့် သူ့ရင်ဘတ်ကို စိုက်ကြည့်လို့ သူရှိရာဆီ တရွေ့ရွေ့လာနေပြန်သည်။

အဆော ဘာဖြစ်သွားတာပါလိမ့်...

Sunghoon အနားကို ရောက်သွားတဲ့ Sunoo ကတော့ ဆွဲကြိုးထိပ်က လက်စွပ်လေးကို သေသေချာချာ စူးစိုက်ကြည့်လိုက်ကာ လက်လေးနဲ့ပါ ဆွဲယူကြည့်လိုက်သည်။

ပြီးနောက် သူ့လည်ပင်းက ဆွဲကြိုးလေးကိုပါ အင်္ကျီလည်ပင်းပေါက်ကနေ နှိုက်ယူလိုက်ပြီး Sunghoon ရဲ့ လက်စွပ်လေးပေါ် ထပ်လိုက်တဲ့အခါမှာတော့....

အံဝင်ခွင်ကျ ဖြစ်သွားတဲ့ လက်စွပ်လေး နှစ်ကွင်းဟာ တသားတည်း...

ဟင့်!!

ဝမ်းသာတာလား ဝမ်းနည်းတာလား ဘာမှန်းမသိတဲ့ ခံစားချက်တွေက ရင်နဲ့အပြည့် လှိုက်တက်လာကာ သူ ရှိုက်သံလေးတစ်ချက် ထွက်သွားမိသည်။

Sunoo လက်ထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ လည်ပင်းတွေဆီက ဆွဲကြိုးလေးတွေမှာ ချိတ်ထားတဲ့ နှစ်ခုပေါင်းလိုက်မှ တစ်ကွင်းတည်းလို ဖြစ်သွားတဲ့ Couple လက်စွပ်လေးက ထပ်ရက်ကလေး။

လက်စွပ်လေးကို ကြည့်နေရင်းမှ သူ့ကို ငုံ့မိုးကြည့်နေတဲ့ Sunghoon ကို မော့ကြည့်လိုက်မိသည်။

လွတ်နေတဲ့ Sunoo ရဲ့လက်လေးတစ်ဖက်က မြောက်တက်သွားကာ Sunghoon ရဲ့ နှာရိုးဘေးမှာ ရှိနေတဲ့ မှဲ့နက်ကလေးကို ဖွဖွလေး လာ တို့ထိသည်။

မျက်ဝန်းထဲမှာလဲ အရည်ကြည်လေးတွေ ရစ်သိုင်းနေကာ ပြုမူနေပုံတွေဟာ စိတ်လွတ်နေသူ တစ်ယောက်လို။

စိတ်ညှို့ခံထားရသူ တစ်ယောက်လို။

Sunghoon သူ့မျက်နှာပေါ်မှာ ရွရွလေး တို့ထိနေတဲ့ အဆောရဲ့ လက်လေးကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာတော့ ရီဝေဝေ အကြည့်တွေနဲ့ သူ့ကို ကြည့်လာပြီး

" ပြုံးပြပါ... သူ့  ပါးချိုင့်လေးပေါ်အောင်ထိ ကျွန်တော့်ကို နှစ်နှစ်ခြိုက်ခြိုက်လေး ပြုံးပြပါလား ဟင် "

စကားအဆုံး ချက်ချင်း ပြုံးလိုက်တဲ့ Sunghoon မျက်နှာချောချောပေါ်မှာတော့ ပါးလေးတစ်ဖက် နစ်ဝင်သွားကာ ပါးချိုင့်လေးဟာ ထင်းခနဲ ပေါ်လို့လာသည်။

ဟုတ်တာပေါ့...

သေချာတာပေါ့...

ဒီ မှဲ့နက်ကလေးတွေ...

ဒီပါးချိုင့်လေးနဲ့ ဒီနှုတ်ခမ်းပါးပေါ်က အပြုံးချိုချိုလေးတွေ...

သူ့အိပ်မက်တွေထဲ ရောက်ရောက်လာပြီး အဆော လို့ ခေါ်တတ်တဲ့ မောင်...

သူ့အာရုံထဲမှာ ပေါ်လာတဲ့ လက်စွပ်လေးကို ဝတ်ပေးနေတဲ့ မောင်...

Postcard လှလှလေးထဲက အဆောရဲ့ နေ့ရက်တိုင်းမှာ အတူရှိမယ့် မောင် ဆိုတဲ့ လူသားလေး မောင်...

Sunoo သူ့မျက်နှာလေးကို မော့ကြည့်နေမိရင်း တအိအိ ပြိုဆင်းနေတဲ့ မျက်ရည်တွေကိုလဲ မသုတ်မိတော့...

တင်းတင်းကြပ်ကြပ်ပါပဲ...

ရင်ထဲမှာ တင်းကြပ်နေကာ သူ ငိုချင်နေတာပဲ သိတော့တယ်...

" မငိုပါနဲ့ အချစ်ရယ်... ဒီမျက်ရည်တွေကို မောင် မကြည့်ရက်ဘူးလေ "

Sunghoon ရဲ့ လက်လေးတွေ သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်တဲ့ အချိန်မှာတော့ သူ့ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ တမြတ်တနိုး ထွက်ကျလာတဲ့ နာမ်စားလေး တစ်ခု...

" မောင်... "

*************************************

Love you all my Vitamins 💙

San Htarni 💙

9.8.2023

/ / ဘယ်တွေ ပျောက်ကုန်ကြတာလဲ... အများကြီး ပျောက်နေကြတယ်နော် 😎 //

ZAWGYI

~ 36 ~

" က်ဳပ္ မယုံဘူး "

" သား ယုံၾကည္လာဖို႔ Daddy အားလုံးကို ရွင္းျပပါ့မယ္ကြယ္... "

ထင္မွတ္မထားတဲ့ စကားေတြကို ၾကားလိုက္ရလို႔ ထင္ရဲ႕ ေစာေစာက ေသာင္းက်န္းဖို႔ပဲ တာစူေနတဲ့ Jay ဟာ ၿငိမ္က်သြားကာ ေနရာမွာတင္ မလႈပ္မယွက္။

Mr.Park ကေတာ့ ဓာတ္ပုံထားရာ စင္ေလးေဘးမွာသာ ရပ္ေနၿပီး သားျဖစ္သူရဲ႕ တုန့္ျပန္လာမႈကို အကဲခတ္ေနေလသည္။

Heeseung ဟာလဲ နဂိုရပ္ေနရာအတိုင္း ဆိုဖာေတြရဲ႕ေနာက္မွာ မတ္တပ္ရပ္လွ်က္သား။

Jay ဟာလဲ ဝင္ထိုင္လိုက္ဖို႔ကို သတိမရေလဟန္ျဖင့္ ေခါင္းႀကီးငုံ႕ၿပီး ၿငိမ္သက္စြာ ရပ္ေနေလသည္။ သူ႕ပုံစံဟာ အေတြးနက္ေနသူတစ္ေယာက္လို... မ်က္ခုံးေတြခ်င္း ထိစပ္လုထိ မ်က္ေမွာင္ေတြကို က်ဳံ႕ထားေသးသည္။

အားလုံးဟာ မတ္တပ္အေနအထားေတြနဲ႕ အေတြး အျမင္ကိုယ္စီျဖင့္ တစ္ေနရာစီမွာ...

အခန္းေလးဟာလဲ အပ္က်သံေတာင္ ၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနေလသည္။

အတန္ၾကာမွ ျဖည္းညွင္းစြာ လႈပ္ရွားလာတဲ့ Jay က နီးရာ ဆိုဖာတစ္ခုေပၚမွာ ဝင္ထိုင္လိုက္ကာ ေမးခြန္းတစ္ခုကို စတင္ေမးလာေလသည္။

" အဲ့ဒီ ညီအစ္ကို ဆိုတဲ့ ကိစၥေတြထက္ hyung က ဘာလို႔ ခင္ဗ်ားနဲ႕ အတူရွိေနရတာလဲဆိုတာကို အရင္ေျဖပါ "

သံသယေတြမ်ားတတ္တဲ့၊ တဖက္သားကို အလြယ္တကူ ယုံၾကည္မေပးတတ္တဲ့ Jay လို လူတစ္ေယာက္အတြက္ အရင္းနီးဆုံး လူလို႔ သတ္မွတ္ထားတဲ့ ၊ အယုံၾကည္ရဆုံးပါလို႔ ခံယူထားတဲ့ Heeseung ကို အေဖျဖစ္သူအနားမွာ ေတြ႕လိုက္ရျခင္းက Park Sunghoon က သူ႕ရဲ႕ ညီ ဆိုတဲ့ ကိစၥထက္ကို ပိုၿပီး စိတ္ထဲေရာက္ေနဟန္ရွိရဲ႕။

" က်ဳပ္ ေမးေနတယ္ေလ "

ႏွစ္ေယာက္လုံးဆီမွ အေျဖထြက္မလာေတာ့ Jay ရဲ႕ စိတ္မရွည္တတ္တဲ့ အသံက ထပ္ ထြက္လာခဲ့သည္။

ထိုအခါမွ ဓာတ္ပုံေတြတင္တဲ့ စင္ေလးနားမွာ ရပ္ေနတဲ့ Mr.Park က ဆိုဖာမွာ ဝင္ထိုင္လိုက္ၿပီး

" Daddy အခုေျပာမယ့္စကားေတြကို သား အထင္မလြဲဘဲ နားေထာင္ေစခ်င္တယ္... တကယ္ေတာ့... Heeseung ေလးက ေဖေဖ့လူယုံရဲ႕ သားပါ... တနည္းေျပာရရင္ သားဘိုးဘိုး လူယုံရဲ႕ ေျမးေပါ့... Heeseung တို႔ မိသားစုေတြဟာ မ်ိဳးရိုး စဥ္ဆက္ Daddy တို႔ မ်ိဳးရိုးရဲ႕ သစၥာခံ လူယုံေတြပါ သား... "

"  အဟက္! ပုံျပင္ေလးကေတာ့ လွ ၿပီေပါ့... က်ဳပ္ေဘးနားမွာ က်ဳပ္အေပၚ စိတ္ရင္းနဲ႕ ေရာက္လာတဲ့လူ ဆိုတာေရာ ရွိၾကေသးရဲ႕လား "

ႏႈတ္ခမ္းတစ္ဖက္ကို ဟန္ပါပါ မဲ့လိုက္ကာ ႏႈတ္ခမ္းတစ္ဖက္တြန့္႐ုံ ခပ္ေထ့ေထ့ ၿပဳံးလိုက္ၿပီး ေျပာလိုက္တဲ့ Jay စကားေၾကာင့္ လႈပ္လႈပ္ရွားရွား ျဖစ္လာတဲ့  Heeseung က

" hyung ကို အထင္မလြဲေစခ်င္ဘူး ညီ... hyung ညီ့အနားကို ေရာက္လာကတည္းက စိတ္ရင္းေတြ  မွန္ခဲ့ပါတယ္ "

" ဟား ဟား ဟား ဟား... ေတာ္လိုက္တာဗ်ာ... ဟား ဟား ဟား ဟား လက္ဖ်ားခါတယ္ သိလား..  ခင္ဗ်ား အိုက္တင္ေတြ သိပ္ေတာ္ခဲ့တယ္... က်ဳပ္မွာေတာ့ ေစာေစာက အခ်ိန္အထိ ခင္ဗ်ားအေပၚ ယုံၾကည္ေနမိတုန္းေလ Heeseung hyung ရဲ႕... အခုေတာ့လဲ.... ဟား ဟား ဟား ... ဟား ဟား ဟား ဟား အဟက္ ဟက္ "

ရယ္စရာ ဟာသျပက္လုံးတစ္ခုကို ၾကားလိုက္ရသလို ေခါင္းေမာ့ကာ ဟားတိုက္ရယ္ေမာလိုက္တဲ့ Jay...

အရယ္ရပ္သြားတဲ့ အခ်ိန္မွာေတာ့ ေအးစက္တည္တင္းသြားတဲ့ မ်က္ႏွာနဲ႕အတူ ပို၍ ခက္ထန္သြားသေယာင္ မ်က္ဝန္းအၾကည့္စူးစူးမ်ား...

ထိုအၾကည့္ေတြ Heeseung ဆီကို တည့္တည့္က်ေရာက္လာတဲ့ အခ်ိန္မွာ Heeseung သိလိုက္တာက သူ႕အေပၚ CEO ရဲ႕ အယုံအၾကည္ မဲ့သြားၿပီဆိုတာကိုပဲ။

ထို႔ေၾကာင့္ သူ ကျပာကယာ ေျဖရွင္းဖို႔ လုပ္ေတာ့

" ညီ!!... "

" ဆက္မေျပာေတာ့နဲ႕ hyung... က်ဳပ္ အရာအားလုံးကို ဆက္စပ္မိလိုက္ၿပီ "

လက္ကာျပကာ စကားမဆက္ဖို႔ တားျမစ္လိုက္တဲ့ Jay ေၾကာင့္ Heeseung အတြက္ ေျဖရွင္းျပဖို႔ အခြင့္အေရး မရွိေတာ့။

" Heeseung ေလးကို စိတ္မဆိုးေစခ်င္ဘူး သား... သူက သားကို အမွန္အတိုင္းေျပာျပဖို႔ Daddy ကိုခဏတိုင္း ေတာင္းဆိုခဲ့တာပါ... သူ သားအေပၚမွာ ညီအရင္းေလး တစ္ေယာက္လို သံေယာဇဥ္ရွိၿပီး တကယ္ကို စိတ္ရင္းမွန္ခဲ့ပါတယ္ "

" စိတ္ရင္းေတြ မွန္ခဲ့ပါတယ္ တဲ့လား... ဒါဆို ခ်ည္းကပ္ျခင္းေတြက လြဲမွားခဲ့တာေပါ့ ေနာ္... မမွန္မကန္ ခ်ည္းကပ္လာတဲ့လူကိုမွ ငါကလဲ မ်က္စိမွိတ္ ယုံလိုက္မိတာတဲ့လား...အဟက္! "

ဆိုဖာကို မွီကာ ေျခခ်ိတ္ၿပီး ထိုင္ေနတဲ့ Jay က Mr.Park ရဲ႕စကားကို သံေယာင္လိုက္သလို ခပ္တိုးတိုး ေရ႐ြတ္ကာ ႏႈတ္ခမ္းကို ဟန္ပါပါမဲ့၍ ဟက္ခနဲ ရယ္လိုက္ျပန္သည္။

ဒီပုံစံနဲ႕ ဒီအမူအရာေတြအရ CEO ဆီက ခြင့္လႊတ္မႈ ရဖို႔ဆိုတာ မလြယ္ေတာ့ဘူးမွန္း Heeseung နားလည္လိုက္ပါသည္။

သူ႕စကားေတြ သူ႕ေျဖရွင္းခ်က္ေတြ CEO နားကို တိုးမေပါက္ေတာ့ဘူးဆိုတာ သိေပမယ့္ သူ နည္းနည္းေလာက္ေတာ့ ႀကိဳးစားၾကည့္ခ်င္ပါေသးတယ္ေလ....

" ညီ "

" ေတာ္!! ခင္ဗ်ား ပါးစပ္ကို ပိတ္ထား!! အခုခ်ိန္မွာ Park Sunghoon ၿပီးရင္ က်ဳပ္ အသတ္ပစ္ခ်င္ဆုံး လူက ခင္ဗ်ားပဲ Lee Heeseung... က်ဳပ္က က်ဳပ္အေပၚ သစၥာမရွိတဲ့လူေတြကို အမုန္းဆုံးဆိုတာ ခင္ဗ်ားေလာက္သိတဲ့လူ မရွိေတာ့ဘူး... က်ဳပ္ စိတ္ကို အဖတ္တတ္ဆုံးနဲ႕ က်ဳပ္ကို နားအလည္ဆုံးက ခင္ဗ်ားပဲ... အဲ့ေတာ့ အခုခ်ိန္ က်ဳပ္စိတ္ထဲ ဘာျဖစ္ေနမယ္ဆိုတာ ခင္ဗ်ား အသိဆုံး ျဖစ္လိမ့္မယ္!!! "

ထိုင္ေနရာမွ ျဖဳန္းခနဲ ထရပ္လိုက္ကာ Heeseung ကို လက္ညွိုးထိုး၍ သြားၾကားေစ့သံနဲ႕ ေျပာလိုက္တဲ့ Jay ။ ခက္ထန္ေနတဲ့ အၾကည့္စူးစူးေတြေၾကာင့္ Jay ရဲ႕ မ်က္ဝန္းေတြဟာ အေရာင္ေတြ ထြက္ေနကာ တလက္လက္။ ေဒါသအခိုးေတြေၾကာင့္လဲ မ်က္သားေတြဟာ နီရဲလို႔ပါပဲ။

Heeseung သိေနပါတယ္။ ယုံၾကည္မႈကို သစၥာေဖာက္ခံလိုက္ရလို႔ CEO စိတ္ထဲ ဘယ္ေလာက္ထိ တႏုန့္ႏုန့္ျဖစ္ေနမယ္ဆိုတာကို။

ခ်ည္းကပ္ခဲ့စဥ္က ပြင့္ပြင့္လင္းလင္း မေျပာျဖစ္ခဲ့ေပမယ့္လဲ သူ CEO အနားကို ေရာက္လာတယ္ဆိုတာ Mr. Park ရဲ႕ ခိုင္းေစခ်က္ေၾကာင့္ေပမယ့္ သူ ကိုယ္တိုင္ကိုက CEO အေပၚ ညီေလးတစ္ေယာက္လို သေဘာထားကာ ကူညီေစာင့္ေရွာက္ေပးခ်င္စိတ္ေတြေၾကာင့္သာ။

သူ႕ေစတနာေတြကို CEO အထင္လြဲသြားလို႔ မျဖစ္။

" hyung ေတာင္းပန္ပါတယ္... ခ်ည္းကပ္လာတဲ့ နည္းလမ္းေတြ မွားခဲ့ေပမယ့္ hyung တစ္ခါေလးမွ ညီ့အေပၚ သစၥာမရွိတဲ့ လုပ္ရပ္မ်ိဳး မလုပ္ခဲ့ဖူးပါဘူး... hyung ကို ယုံပါ "

" ဟား ဟား ဟား ဟား ဟက္ ဟက္ ဟက္... ယုံပါ...ဟုတ္လား.... ဟက္ ဟက္... ဘာအတြက္ ယုံေပးရမွာလဲ... ဟမ္... က်ဳပ္အမုန္းဆုံးလူရဲ႕ အတြင္းလူ လုပ္ၿပီး က်ဳပ္အနား ေနေနတယ္ဆိုတာကို ယုံေပးရမွာလား... ေအးေပါ့.. ဒါကေတာ့ မယုံခ်င္လဲ ယုံရေတာ့မယ့္ ကိစၥႀကီးကိုးးးအဟက္! "

သားရဲ႕စကားေတြအရ သားဟာ သူနဲ႕ Heeseung အေပၚ နားလည္မႈ လြဲေနတယ္ဆိုတာကို သိရေတာ့ Mr.Park က

" ေနအုံး... သား ထင္ေနတာေတြ မွားေနၿပီ... Heeseung ကို သားအနားပို႔ခဲ့တာ Daddy ရဲ႕ အတြင္းလူအျဖစ္ ပို႔ခဲ့တာ မဟုတ္ဘူး သား... သားကို ေစာင့္ေရွာက္ဖို႔ သပ္သပ္ပါ... တျခား ထားစရာလူေတြ ရွိေပမယ့္ Heeseung က သားကို သူပဲ ေစာင့္ေရွာက္ပါရေစဆိိုၿပီး လိုလိုလားလားနဲ႕ ေတာင္းဆိုခဲ့လို႔ Daddy ပို႔ေပးခဲ့တာပါ... သားအနားေရာက္ၿပီ ဆိုကတည္းက သူဟာ သားရဲ႕လူအျဖစ္ သားအေပၚမွာ သစၥာရွိရွိ ေနခဲ့တာပါ... Daddy နဲ႕ေတာင္ အဆက္အသြယ္ လုပ္ခဲ့တာ မဟုတ္ဘူး... Daddy ဘက္က သား အဆင္ေျပရဲ႕လား သိရဖို႔ ဆက္သြယ္မွသာ သူနဲ႕ စကားေျပာျဖစ္႐ုံပါ သား... Daddy ကို စိတ္နာတာနဲ႕ပဲ Heeseung ေလးကိုပါ ေရာၿပီး အထင္မလြဲလိုက္ပါနဲ႕... "

" ဘာအတြက္လဲ... ဘာ သေဘာနဲ႕ က်ဳပ္အနားကို ခင္ဗ်ား လူေတြ ပို႔ထားတာလဲ "

ဒီတစ္ခါ Jay ရဲ႕ စကားျမႇားဦးဟာ Mr.Park ဆီကို လွည့္သြားျပန္သည္။

"သားအနားမွာ daddy ေနမေပးနိုင္တဲ့အတြက္ သားကို ေစာင့္ေရွာက္ဖို႔နဲ႕  သားအတြက္ အကူအညီျဖစ္ေအာင္ပါ "

Mr.Park က ခပ္ေအးေအး ေလသံနဲ႕ ေျပာေနေပမယ့္ Jay က သူ႕ရင္ဘတ္ေတြကိုသူ လက္ညွိုးျပန္ထိုးျပကာ

" က်ဳပ္က သူမ်ား အကူအညီကို ေစာက္ရမ္း လိုအပ္တဲ့ ပုံ ေပါက္ေနလို႔လား... က်ဳပ္ပုံစံက သူမ်ားကူညီမွ ေရွ႕ဆက္နိုင္မယ့္ အားနည္းတဲ့ပုံ ေပါက္ေနလို႔လား ဟမ္!... ခင္ဗ်ား မ်က္လုံးေတြကို ေသခ်ာ ဖြင့္ၿပီး ၾကည့္လိုက္အုံး... Jay ဆိုတဲ့ က်ဳပ္လိုလူက မာမီ့ေသြး အျပည့္... ဘယ္သူ႕အကူအညီမွ မလိုဘူး.."

" မဟုတ္ဘူး သားရယ္...Daddy ေျပာတာေတြကို  သား အထင္မလြဲဘဲ စိတ္ေအးေအးထားၿပီး နားေထာင္ေပးပါလား "

Mr.Park ေျဖရွင္းျပေနလည္းပဲ အခ်ည္းနီးသာ... Jay ဟာ သူ ေျပာခ်င္တာေတြကိုသာ ေရွ႕ဆက္ေျပာေနေလသည္။

" ေအးး ေနာက္တစ္ခုကက်ဳပ္အနားကို ဒီလို လူေတြ လႊတ္ေပးလိုက္တာနဲ႕ပဲ ခင္ဗ်ားက အေဖတာဝန္ေတြ ေက်ပြန္ေနၿပီ ထင္တာလား... ဟုတ္လား... ခင္ဗ်ားလုပ္ရပ္အတြက္ ခင္ဗ်ားကိုယ္ ခင္ဗ်ား အရမ္းေတြ ဂုဏ္ယူေနမလားေတာ့ မသိေပမယ့္ က်ဳပ္အသိအမွတ္မျပဳဘူး... အဲ့အတြက္လဲ ခင္ဗ်ားရဲ႕ လူယုံကို ခင္ဗ်ား ျပန္ေခၚသြား...က်ဳပ္အနားမွာ ဘယ္လိုလူကိုမွ မလိုအပ္လို႔ ဘယ္သူမွလဲ ရွိေနေပးစရာ မလိုဘူး... အခုခ်ိန္က စၿပီး ခင္ဗ်ားလူကို က်ဳပ္ အလုပ္ထုတ္လိုက္ၿပီး... ေရွ႕ေလ်ာက္ က်ဳပ္ ခင္ဗ်ားတို႔ကို မျမင္ခ်င္ဘူး... တစ္ေယာက္မွ က်ဳပ္ေရွ႕ကို ေပၚမလာခဲ့ပါနဲ႕ "

ေျပာၿပိီးတာနဲ႕ အခန္းထဲမွ ခ်ာခနဲ လွည့္ထြက္သြားတဲ့ Jay...

ေခၚသံေတြကိုလဲ အေရးမလုပ္ေတာ့...

" သား..."

" ညီ... ညီ့.... "

" သားေလးး..."

အခန္းထဲမွာ က်န္ေနခဲ့တဲ့ ႏွစ္ေယာက္မွာေတာ့ ေနရာမွာတင္ ေခါင္း ငိုက္စိုက္ခ်လိဳ႕ေပါ...

.
.
.

Sunoo အိပ္ေနရင္းမွ နိုးတစ္ဝက္အိပ္မက္ မက္ေနသလိုမ်ိဳး လက္တစ္ဖက္ကို ေလးလံတဲ့အရာတစ္ခုနဲ႕ ဖိထားတာကို စိတ္ထဲက ခံစားမိေနသည္။

လႈပ္ၾကည့္ေပမယ့္လည္း ေလးေနတာေၾကာင့္ သူ႕လက္ေလးက လႈပ္လို႔မရ...

အားစိုက္ၿပီး ဆြဲမယ္ လုပ္ေပမယ့္ သူ မဆြဲရက္လို႔ ဒီတိုင္းေလး ၿငိမ္ေနလိုက္တဲ့ခဏမွာပဲ လက္ေပၚက အရာက စကၠန့္ပိုင္းမွ် လႈပ္သြားေလသည္။

အဲ့ဒါ ဘာႀကီးလဲ...

အဲ့ဒီ အရာႀကီးကို သူ႕လက္ေပၚက ဖယ္ရွားသြားေစခ်င္ေပမယ့္လည္း အဲ့ဒီ အရာကိုပဲ သူဟာ မက္မက္ေမာေမာ ဆုပ္ကိုင္ထားခ်င္ေနသလို။

ဒြိဟစိတ္ေတြနဲ႕ အိပ္မက္ထဲမွာ လုံးပန္းရင္း သူ နိုးလာတဲ့ အခါ...

အျပင္မွာပါ ေလးလံၿပီး ထုံက်ဥ္ေနတဲ့ သူ႕ရဲ႕ ညာဘက္လက္ကေလး...

* ဟင္... အျပင္မွာပါ ငါ့လက္က ေလးေနတာပဲ... ဘာလို႔ပါလိမ့္ "

အေတြးနဲ႕အတူ မ်က္လုံးေတြကို ကျပာကယာ ဖြင့္ကာ ေခါင္းကို ႂကြ၍ လက္ေလးရွိရာ ေစာင္းငဲ့ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့...

ဟင္!!!

သူ...

ဟုတ္ပါတယ္...Sunoo ရဲ႕ လက္ဖဝါးႏုႏုေလးေပၚ အားရပါးရ ဖိထားတဲ့ ေလးလံေစတဲ့ အရာရဲ႕ ပိုင္ရွင္ကေတာ့ တစ္မိုးေအာက္ ႏွစ္ေယာက္မရွိနိုင္တဲ့ Park Sunghoon ေပါ့...

မအိပ္ခင္က ပါးေပၚကို လက္ေလးတင္လို႔ တယုတယဆုပ္ကိုင္ထားေပမယ့္ အိပ္ေပ်ာ္သြားတဲ့အခ်ိန္မွာေတာ့ အဲ့ဒီလက္ေလးကို ပါးေအာက္ဆြဲသြင္းၿပီး အားရပါးရ ဖိထားကာ အိပ္ေပ်ာ္ေနတဲ့ Sunghoon...

ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ Sunoo သြားတန္းျဖဴျဖဴေလးေတြ ေပၚေအာင္ပင္ ရယ္လိုက္မိသည္။

ဘယ္လိုလဲ သူ ရယ္...

အုံး အိပ္စရာ ရွားလို႔ သူမ်ားလက္ကို အုံးၿပီး အိပ္ေနရတယ္တဲ့လား...

ဖိ အိပ္ထားတဲ့ ပါးေအာက္က လက္ကို ဆြဲႏႈတ္လိုက္ရင္ အိပ္ေပ်ာ္ေနတဲ့ သူ နိုးသြားမွာ စိုးတာေၾကာင့္ ထုံက်ဥ္ေနတဲ့ လက္ကို လ်စ္လ်ဴရႈကာ Sunghoon ကို ၾကည့္ရင္းသာ အေတြးနယ္ခ်ဲ့ေနလိုက္သည္။

အဲ့ဒီအခ်ိန္မွာပဲ မအိပ္ခင္က အျဖစ္အပ်က္ေတြကို ျပန္စဥ္းစားမိေတာ့ သူ႕မ်က္ႏွာဟာ ရွိန္းခနဲ ပူတက္သြားရသည္။

* ငါ သူ႕ ရင္ခြင္ထဲမွာ အိပ္ေပ်ာ္သြားတာပဲ... *

ဘာလို႔မ်ား သူ႕ရင္ခြင္က ငါ့အတြက္ စိမ္းသက္မေနဘဲ ေနရ သက္ေသာင့္သက္သာ ရွိေစတာလဲ...

သူ သိပ္ သိခ်င္မိပါရဲ႕...

ဒီ လူသားေလးနဲ႕ သူဟာ ဘယ္လို ဆက္ဆံေရးေတြရွိၿပီး ဘယ္အတိုင္းအတာထိ ရင္းနီးၾကတယ္ဆိုတာကို။

ၿပီးေတာ့ ဘယ္လို အေၾကာင္းကိစၥေတြ ရွိခဲ့လို႔မ်ား Jay လက္ထဲကေန ဇြတ္တ႐ြတ္ ေခၚလာခဲ့တယ္ ဆိုတာကို။

သိပ္ကို ေသခ်ာပိုင္နိုင္ေနတဲ့ ယုံၾကည္ခ်က္ေတြနဲ႕ ေျပာလာတဲ့စကားေတြက * အေဆာ ယုံၾကည္လာေအာင္ ေမာင့္အခ်စ္ေတြနဲ႕ သက္ေသျပမယ္... တစ္ေန႕ အေဆာ ေမာင့္အခ်စ္ေတြကို ႏွလုံးသားနဲ႕ခံစားမိၿပီး ေမာင့္အေပၚ ယုံၾကည္လာမွာပါ * တဲ့ေလ...

ကြၽန္ေတာ္ သူ႕ကို အရမ္း မွတ္မိခ်င္ေနပါၿပီ...

အိပ္မက္ေတြထဲထိ ေရာက္လာတတ္တဲ့သူက တကယ္ပဲ ကြၽန္ေတာ့္ရဲ႕ ခ်စ္သူလား...

ေသခ်ာမွတ္မိသိရွိျခင္းလဲမရွိ၊ သတိေမ့ပါၿပီဆိုကတည္းကလဲ တစ္ခါမွ ေတြ႕ဖူးျခင္းမရွိတဲ့ သူ က အိပ္မက္ေတြထဲေတာင္ ပါလာတယ္ ဆိုေတာ့ ကြၽန္ေတာ္တို႔အခ်စ္ေတြက ေတာ္႐ုံအခ်စ္မ်ိဳး မဟုတ္ခဲ့လို႔ေပါ့ ေနာ္...

ကြၽန္ေတာ္ အဲ့လိုပဲ ယုံၾကည္ထားလို႔ ရမလား...

ဒါဆို Jay ကေရာ...

Jay ကေရာ ကြၽန္ေတာ့္အတြက္ ဘယ္လို လူမ်ိဳးလဲ....

Jay အေၾကာင္းေတြးလိုက္မိတဲ့ခဏမွာပဲ သူ ၾကည့္ေနရင္းမွ အိပ္ေနတဲ့လူဟာ လႈပ္လႈပ္႐ြ႐ြျဖစ္လာၿပီး နိုးလာေလေတာ့သည္။

ထို႔ေၾကာင့္ Sunoo အၾကည့္တို႔ကို လႊဲကာ မ်က္လုံးအစုံကို မွိတ္ၿပီး အိပ္ခ်င္ေယာင္ေဆာင္လိုက္မိသည္။

မအိပ္ခင္က ေခါင္းေတြ အရမ္းကိုက္လို႔ သူ႕ကို ဆြဲထားမိၿပီး သူ႕ရင္ခြင္ထဲ တိုးဝင္ အိပ္လိုက္မိတာေၾကာင့္ မ်က္ႏွာခ်င္း ဆိုင္ရမွာ ရွက္႐ြံ႕ေနတာေၾကာင့္ေလ။

မ်က္လုံးတို႔ကို ေမွးမွိတ္ထားေပမယ့္ လႈပ္ရွားေနတာေတြကိုေတာ့ ခံစားသိရွိေနဆဲ။

လက္ေပၚဖိထားတဲ့ ေခါင္းကို ႂကြသြားတဲ့ အခ်ိန္မွာ လက္တစ္ဖက္လုံး ပို၍ က်ဥ္တက္သြားကာ အေငြ႕ေတြ ထြက္သြားသလို တရွိန္းရွိန္းနဲ႕။

ေသြးေၾကာေတြထဲမွာလဲ အေကာင္ေသးေသးေလးေတြ ေထာင္ေပါင္းမက လာကိုက္ေနသလို တဆစ္ဆစ္နဲ႕ ျဖစ္ေနကာ ေနရတာ မသက္သာလွ။

ဒါေပမယ့္လည္း သူ မညည္းၫူရဲ။ အံႀကိတ္ၿပီးသာ တင္းခံေနမိသည္။

ထိုအခ်ိန္မွာပဲ သူ႕လက္ေလးကို ဖြဖြကိုင္ၿပီး ႏႈတ္ခမ္းနဲ႕ ဖိကပ္နမ္းလိုက္တာကို ခံစားလိုက္ရေတာ့ စိတ္ထဲက အလိုအေလ်ာက္ ႀကိမ္ဆဲလိုက္မိေတာ့သည္။

Shit!

*ဖိအိပ္ခံထားရလို႔ က်ဥ္ေနပါတယ္ဆို ဒုကၡေပးရတာ အားမရလို႔ လာ နမ္းေနသလားပဲ...*

က်ဥ္ေနတဲ့ ေနရာကို လာလာထိေလ ပို ပိုၿပီး ေနရခက္ေလမလား...

* ဒီလူ ေတာ္ေတာ္ ဒုကၡေပးတဲ့ လူပဲ...နိုးေနရင္လဲ ထြက္သြားပါေတာ့ လား... ခ်ီးးမလို႔ ေန ေနေသးတာလား...ဟင္!  *

မ်က္လုံးလဲ မဖြင့္ရဲဘဲ စိတ္ထဲကေနသာ ရန္ေတြ လုပ္ေနမိတဲ့ Sunoo ရယ္ပါ...

႐ုတ္တရက္...

Sunghoon လုပ္လိုက္တဲ့ ႐ုတ္တရက္ အျပဳအမူတစ္ခုေၾကာင့္ Sunoo ရဲ႕ မ်က္ဝန္းေလးေတြဟာ ဖ်တ္ခနဲ ပြင့္ဟ သြားရေတာ့သည္။

မ်က္လုံး ပြင့္ပြင့္ခ်င္း ျမင္လိုက္ရတာက သူ႕အေပၚကေန ငုံ႕မိုးၾကည့္ေနတဲ့ Sunghoon ရဲ႕ မ်က္ႏွာေခ်ာေခ်ာ။

ပါးတစ္ဖက္က ပါးခ်ိဳင့္ေလး ထင္းေနေအာင္လဲ ၿပဳံးေနေသးသည္။

* ဟင္! ဒါ..ဒါ... အိပ္မက္ထဲမွာ ေတြ႕ခဲ့ရတဲ့ ပါးခ်ိဳင့္ေလးပဲ... *

Sunoo ထိုျမင္ကြင္းကို သတိလက္လြတ္နဲ႕    မ်က္ေတာင္မခတ္ ေငးေနမိေတာ့ သူ႕ ဆီက  ထပ္မံ ျပဳမူခံလိုက္ရျပန္တဲ့ ဒီလုပ္ရပ္။

ထိုအခါမွ Sunoo သတိဝင္လာၿပီး အေပၚက ငုံ႕ၾကည့္ေနတဲ့ သူ႕ကို တြန္းဖယ္လိုက္ကာ အိပ္ေနရာမွ ထထိုင္လိုက္သည္။

" ဘာ ဘာလုပ္တာလဲ သူမ်ားကို "

" ေမာင့္အခ်စ္က နိုးေနတာကို ေမာင့္ကို အိပ္ခ်င္ေယာင္ေဆာင္ေနလို႔ ႏွိုးလိုက္တာေလ "

ကိုယ့္မွာေတာ့ စိတ္ေတြ လႈပ္ရွားၿပီး ထစ္ထစ္ေငါ့ေငါ့နဲ႕ ေမးလိုက္ေပမယ့္ သူကေတာ့ ရယ္က်ဲက်ဲမ်က္ႏွာနဲ႕ သာ ျပန္ေျဖေနသည္။

ကုတ္ ဖဲ့ ပစ္ခ်င္စရာ...

" ဘယ္မွာ ဘယ္မွာ အိပ္ခ်င္ေယာင္ ေဆာင္ေနလို႔လဲ... ကြၽန္ေတာ္ တကယ္ အိပ္ေနတာကို "

Sunoo မ်က္ေစာင္းေလး ဝင့္ကာ ရန္ေစာင္လိုက္ေတာ့ ၿပဳံးရယ္ေနတဲ့ မ်က္ႏွာနဲ႕ပဲ သူက

" အဟင္းး.. ဒါဆို မ်က္ေတာင္ေလးေတြ ဘာလို႔ ပုတ္ခတ္ ပုတ္ခတ္ ျဖစ္ေနတာလဲ ေျပာ... ေမာင္ ေသခ်ာ ၾကည့္ေနတာ အေဆာရဲ႕ မ်က္အိမ္ေလးေတြပါ  လႈပ္ေနတာပါ "

" မလႈပ္ပါဘူး ေနာ္ "

" မလႈပ္ဘူးလား... အင္း ဟုတ္မွာပါ.. အဲ့ဒါေၾကာင့္ေလ ေမာင္က ေသခ်ာခ်င္လို႔ နဖူးေလးကို နမ္းၾကည့္လိုက္တာ အဟင္းး "

Sunghoon နိုးလာေတာ့ အေဆာကို ၾကည့္လိုက္တဲ့ အခ်ိန္မွာ တစ္ဖက္ကို လွည့္သြားၿပီး  ဖ်တ္ခနဲ ဆို မွိတ္သြားတဲ့ မ်က္လုံးေလးေတြကို သူ ျမင္ျဖစ္ေအာင္ ျမင္လိုက္ရသည္။

အေဆာ ဘာဆက္လုပ္မလဲ သိခ်င္တာေၾကာင့္ သူ ဖိအိပ္ထားမိတဲ့ လက္ေလးကို နမ္းလိုက္ေတာ့ မ်က္ဆန္ေလးေတြ ေ႐ြ႕သြားကာ မ်က္ေတာင္ေလးေတြပါ လႈပ္လာခဲ့သည္။

စိတ္လႈပ္ရွားျခင္း​ေၾကာင့္ အသက္ရႉေတြ ျမန္ေနတဲ့ အေဆာက ေတာ္ေတာ္နဲ႕ မ်က္လုံးေတြကို ဖြင့္မလာခဲ့။

ဒါနဲ႕ပဲ သူ ၾကည့္ေနရင္းမွ  အသည္းေတြယားလာကာ နဖူးေလးကို နမ္းလိုက္ေတာ့ တအံ့တၾသ ပုံစံေလးနဲ႕ မ်က္လုံးေတြ ပြင့္လာခဲ့ေတာ့သည္။

ၿပီးေတာ့ မ်က္ဝန္းညိုေလးေတြ ျပဴးက်ယ္ၿပီး သူ႕ကို ေငးေနေသးတာ မ်က္ေတာင္မခတ္။

ဒါနဲ႕ပဲ သူ နဖူးေလးကို ထပ္နမ္းလိုက္ေတာ့မွ သတိဝင္လာသလိုပုံစံနဲ႕ အေဆာက မ်က္ေတာင္ေတြ တဖ်တ္ဖ်တ္ ခတ္ကာ သူ႕ကို တြန္းဖယ္၍ ထ ထိုင္ေတာ့သည္။

မ်က္ႏွာေလး ခပ္ရဲရဲနဲ႕ ရွက္ေနပုံလဲ ေပၚပါသည္။

ေအာ္...အခ်စ္ရယ္

နဖူးေလးနမ္းခံရတာကို ရွက္ေနတာတဲ့လား...

ေမာင္တို႔က အဲ့ထက္ အဆင့္ေတြ အမ်ား​ႀကီး ပိုၿပီး ရင္းနီးၾကတဲ့ သူေတြပါကြာ...

အၿပဳံးပါးပါးနဲ႕ စိုက္ၾကည့္ေနတဲ့ သူ႕မ်က္ဝန္းေတြကို ရင္မဆိုင္ရဲသလိုနဲ႕ အေဆာက ကုတင္ေလးေပၚမွာ ငုတ္တုတ္ေလးထိုင္ရင္း မ်က္လုံးေလးေတြ ဟိုဒီလႊဲကာ ဂုတ္ေလးကို ပြတ္ေနေလသည္။

ၿပီးမွ မ်က္ဆန္ေလး ေထာင့္ကပ္၍ သူ႕ကို မရဲတရဲ ၾကည့္လာၿပီး

" ဟို... ခု.. ခုနကအတြက္ ေက်းဇူးပါ "

႐ုတ္တရက္ ထ ေျပာလိုက္တဲ့ အေဆာရဲ႕စကားေၾကာင့္ ဘာဆိုလိုမွန္းမသိလိုက္၍ Sunghoon ေၾကာင္သြားရကာ

" အင္... ဘာကိုလဲ အေဆာရဲ႕ "

" ဟို မအိပ္ခင္ကဗ်ာ... အနားမွာ ေနေပးလို႔ ေက်းဇူး လို႔ "

ထိုအခါမွ သေဘာေပါက္သြားၿပီး မ်က္ႏွာေလး ခပ္လႊဲလႊဲနဲ႕ ေက်းဇူး စကားဆိုေနတဲ့ ခ်စ္ရသူကို ၾကည့္၍ Sunghoon ၿပဳံးလိုက္မိသည္။

ေမာင့္ရင္ခြင္ထဲ ဝင္တုန္းက ဝင္ၿပီးမွ ရွက္ေနသတဲ့လား အခ်စ္ရယ္...

သူ အရွက္သည္းေနတဲ့ အေဆာကို စ ေနာက္ခ်င္လာတာေၾကာင့္ ပုခုံးခ်င္း တိုက္လိုက္ကာ

" အဲ့ေတာ့.. ေမာင့္ကို အားကိုးတယ္ဆိုတဲ့ သေဘာလား "

" ဗ်ာ... ဘာလို႔လဲ "

" ေမာင့္ကို ဘယ္မွ မသြားဖို႔ ဆြဲထားၿပီး ေမာင့္ရင္ခြင္ထဲကို ေရာက္မွ စိတ္ခ်လက္ခ် အိပ္ေပ်ာ္သြားတာေလ အခ်စ္က... အဲ့ဒါ အားကိုးတာ မဟုတ္ဘူးလား ေမာင့္ကို "

သူ ခပ္ျမဴးျမဴးေလး ၿပဳံးကာ ေမးလိုက္ေတာ့ ေရာက္လာတာက မ်က္ေစာင္းေလး...

" ဘာလို႔ အားကိုးရမွာလဲ မဆိုင္လိုက္တာ "

" အဲ့ဒါ ေမာင့္ ရင္ေငြ႕ကို လႈံလိုက္လို႔ ေမာင့္အခ်စ္ ေဝဒနာေတြ သက္သာသြားတာဗ် သိရဲ႕လား "

" ဘာမွလဲမဆိုင္ဘူး "

" တကယ္ပါ ဆို "

" လိပ္ႀကီး "

ရွက္ရဲရဲေလးနဲ႕ မ်က္လုံးေလး လွန္ၾကည့္လာကာ သူ႕ကို မွတ္ခ်က္ျပဳလိုက္တာက လိပ္ႀကီး တဲ့လား...

ေမာင္က လိပ္ျဖစ္ရင္ေတာင္ အေဆာဘက္ကိုပဲ တသတ္မတ္ထဲ ယက္မယ့္ လိပ္ႀကီးပါ...

" ေမာင္က လိပ္ျဖစ္ရင္ေတာင္ အေဆာကို ေက်ာကုန္းေပၚ တင္ေခၚသြားနိုင္မယ့္ ကမၻာ့လိပ္ႀကီးပဲ ျဖစ္မွာ "

" အာ... သူ ဘာေတြ ေျပာေနမွန္း မသိဘူး ဖယ္... ကြၽန္ေတာ္ အျပင္ထြက္ေတာ့မလို႔ "

" ဟား ဟား ဟား ေမာင့္အခ်စ္ ရွက္ေနတာ ခ်စ္စရာေလးကြာ... မ်က္ႏွာေလးကို ရဲ လို႔ "

လူကို ေရွ႕ထားၿပီး တမ်ိဳးၿပီးတမ်ိဳး စ ေနာက္ေနတဲ့ သူ႕ေၾကာင့္ Sunoo ေနရခက္လာေတာ့ သူ႕ကို ေရွာင္ကာ ကုတင္ေပၚက ဆင္းရန္ျပင္လိုက္သည္။

ကိုယ့္ထက္ ပိုလွ်င္တဲ့ သူက လက္ေလးကို ဖမ္းဆြဲလိုက္တာ Sunoo ဘယ္လိုမွ ေရွာင္ခ်ိန္
မရလိုက္။

ကံဆိုးစြာနဲ႕ အဆြဲခံလိုက္ရတာက ထုံက်ဥ္ေနတဲ့ ညာဘက္လက္ေလး။

ထိလိုက္တာနဲ႕ လက္တစ္ေလွ်ာက္လုံး ခံရခက္တဲ့ ေဝဒနာကို ခံစားလိုက္ရၿပီး ေအာ္လိုက္မိသည္။

" အားးး "

မ်က္ႏွာေလးပါ ရႈံ႕မဲ့သြားကာ ေအာ္လိုက္မိတာေၾကာင့္ Sunghoon လဲ ဘာမွန္းမသိ၍ လန့္သြားကာ

" ဘာျဖစ္လို႔လဲ ဟင္ အေဆာ.. ဘာလို႔လဲ "

ျပဴးျပဴးျပာျပာနဲ႕ ထေမးတဲ့ Sunghoon ကို Sunoo ဆူေအာင့္ေအာင့္ေလး ျပန္ေျဖလိုက္မိသည္။

" သူ ဖိအိပ္ထားတာေလ... လက္တစ္ေခ်ာင္းလုံး ထုံက်ဥ္ေနေရာပဲ "

" ဖယ္လိုက္တာေတာ့ မဟုတ္ဘူး အခ်စ္ရယ္... အရမ္း နာေနလား ဟင္... ေမာင္လဲ အိပ္ေပ်ာ္သြားေတာ့ သတိလြတ္သြားလို႔ပါ... ဖြ ဖြ ေနာ္ "

ေျပာေျပာဆိုဆို Sunoo ရဲ႕ လက္ဖဝါးေလးကို ဆြဲယူကာ ဆုပ္နယ္ေပးေနျပန္တဲ့ Sunghoon..

" အ့ အားး... ဖယ္ ဖယ္ မလုပ္နဲ႕ မလုပ္နဲ႕  "

Sunoo ႐ုတ္တရက္ ေအာ္လိုက္မိကာ Sunghoon လက္ေတြကို တြန္းဖယ္ၿပီး ႐ုန္းလိုက္ေတာ့

" ဟင္... နာေနလို႔လား .. ေမာင့္ကို ျပပါအုံး... အရမ္း နာေနတာလား လို႔ "

" နာတာမဟုတ္ဘူး... က်ဥ္ေနတာ.. က်ဥ္ေနတာ... လက္က ထုံက်ဥ္ေနပါတယ္ဆို လာ ထိေတာ့ ပိုၿပီး ခံရခက္တာေပါ့... ဒါေလးေတာင္ မသိဘူးလား "

" အဲ့ေလာက္ထိ ျဖစ္ေနတာကို အေဆာရယ္... ေမာင့္ကို ႏွိုးလိုက္တာေတာ့ မဟုတ္ဘူး... ဘာလို႔ ဒီတိုင္းႀကီး ၿငိမ္ေနရတာလဲ "

" သူက. ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနတာကိုးး... "

" အဲ့ေတာ့ ေမာင့္ကို မႏွိုးရက္ဘူးေပါ့ ဟုတ္လား "

" အင္းေပါ့ ... အာ... အဲ့ အဲ့လို မဟုတ္ပါဘူး "

" အဟင္းး ဒါဆို ဘယ္လိုလဲ ေျပာပါအုံး "

" ဘာေတြ ေမးေနမွန္းမသိဘူး... ေတာ္ၿပီ ဖယ္ ကြၽန္ေတာ္ အျပင္ထြက္ေတာ့မယ္ "

သူခိုးလူမိေလး လို ... မွားေျဖမိၿပီးကာမွ  ရွက္ကိုးရွက္ကန္းနဲ႕ ျငင္းဆန္ကာ သူ႕ကို တိုးတိုက္တြန္းဖယ္ၿပီး ကုတင္ေပၚကေန ဆင္းေျပးသြားတဲ့ ေကာင္ငယ္ေလး...

ေသခ်ာေပါက္ မ်က္ႏွာႏုႏုေလးဟာလဲ ပန္းေရာင္ေတြ သန္းကာ အေရာင္ေတြ ရင့္လို႔ေနလိမ့္မည္။

အခန္းထဲက ေျပးထြက္သြားတဲ့ အသည္းအသက္ေလးကို ၾကည့္ၿပီး Sunghoon ေခါင္းငုံ႕ကာ ေအာက္ႏႈတ္ခမ္းေလးကို ကိုက္ရင္း ၿပဳံးလိုက္မိသည္။ သူ႕အျဖစ္ကိုသူ သေဘာေတြ က်မိေနလို႔ေလ။

သူ႕အျဖစ္ကလဲ ရယ္ခ်င္စရာပဲမလား...

အခုမွ ကိုယ့္ခ်စ္သူကို ကိုယ္ ျပန္ flirt ေနရတဲ့ အျဖစ္။

ဒါေပမယ့္လည္း မ်ားမ်ား flirt ရမည္။

အခုေတာင္ ေတြ႕စကနဲ႕ မတူေတာ့ဘူးမလား...

ျပန္ပို႔ေပးဖို႔ပဲ တတြတ္တြတ္ ေတာင္းဆိုေနတဲ့ အေဆာက အခုေတာ့ ျပန္ဖို႔အေၾကာင္းကို မဟေသး။

အိပ္ရာနိုးခါစမို႔ပဲ ေမ့ေနသလားေတာ့ မေျပာတတ္။

" အဲ့မွာပဲ အဲ့လိုႀကီး ေနေတာ့မွာလား... ကြၽန္ေတာ္ ဗိုက္ဆာေနၿပီလို႔ "

Sunghoon ကုတင္ေပၚမွာ အၿပဳံးဖြဖြနဲ႕ အေတြးပြားေနဆဲမွာ ၾကားလိုက္ရတဲ့ အခန္းဝက အသံစူးစူးေလး...

ဟုတ္ေပသားပဲ...

ခုခ်ိန္ထိ သူနဲ႕ အေဆာ ဗိုက္ထဲ ဘာအစာမွ မေရာက္ေသး...

ေခၚလာခဲ့ၿပီးတည္းက အမ်ိဳးစုံျဖစ္ပ်က္ေနတာမို႔ စားေသာက္ဖို႔ကို သတိမရမိၾက။

အခ်ိန္ကလဲ ညစာ စားခ်ိန္ကို အေတာ္ေလး ေက်ာ္ေနေလၿပီ။

အဲ့ေတာ့ အစာအိမ္က အခ်က္ျပလာၿပီေပါ့။

ထို႔ေၾကာင့္ သူ အခန္းဝက ေပေစာင္းေစာင္းေလး ရပ္ေနတဲ့ ခ်စ္ရသူကို ၾကည့္ၿပီး

" Ok Ok ခဏေစာင့္ အခ်စ္... ေမာင္ အကုန္ ခ်က္ျပဳတ္ထားၿပီးသား... ပူသြားေအာင္ ျပန္ႏႊေးေပးမယ္ေနာ္ "

အခန္းထဲက အထြက္ သူ႕ဆီ မ်က္ေစာင္းေလးဝင့္လာသူကို မ်က္စိတစ္ဖက္ မွိတ္ျပခဲ့ကာ မီးဖိုထဲသို႔ဝင္ၿပီး ညစာကို ျမန္ျမန္ေလး ျပင္ဆင္ေပးလိုက္သည္။

ဟင္းရည္အိုးကို ပူေအာင္ ႏႊေးေနတုန္းမွာပဲ မီးဖိုထဲ လိုက္ဝင္လာတဲ့ အေဆာက ထမင္းစား စားပြဲမွာ ဝင္ထိုင္လိုက္ရင္း

" ျမန္ျမန္ေလး လုပ္ေပး... ကြၽန္ေတာ္ အရမ္းဆာေနၿပီ "

" အကုန္ရေနၿပီေနာ္... ေမာင္ ဟင္းရည္ေလး ျပန္ပူေနလို႔ "

သူ ဘာေျပာေျပာ မ်က္ေစာင္းပဲထိုးဖို႔ စိတ္ကူးထားသလား မသိတဲ့ အေဆာက အခုလည္းပဲ မ်က္ေစာင္းေလးက ေရာက္လာျပန္ၿပီ။

ဒါကိုပဲ သူ သေဘာက်စြာ ရယ္လိုက္မိေတာ့

" ဘာ ရယ္တာလဲ... ကြၽန္ေတာ္ ေျပာတဲ့ထဲ ရယ္စရာ ဘာပါေနလို႔လဲ "

မ်က္ခုံးတန္းေလးေတြကို တြန့္ကုတ္ကာ ဆူေအာင့္ေအာင့္ေလး ေမးလာတဲ့ အေဆာ ကို သူ ပုခုံးတစ္ဖက္တြန့္ကာ ေခါင္းအသာယမ္းျပလိုက္ၿပီး အဆင္သင့္ ျဖစ္ၿပီးသား ညစာကို  စားပြဲေပၚ ျပင္ဆင္ေပးလိုက္သည္။

တူနဲ႕ ဇြန္းကို သက္ေသာင့္သက္သာ ကိုင္လိုက္တဲ့ အေဆာ ရဲ႕ လက္ေလးေတြကို ၾကည့္လိုက္ၿပီး

" လက္က ဘယ္လိုေနေသးလဲ အေဆာ.. က်ဥ္ေနတုန္းပဲလား "

" က်ဥ္ေနရင္ တူ ကိုင္နိုင္ပါ့မလား.. စဥ္းစားေလ "

ရန္ေစာင္စကားေလးပဲ ထြက္လာျပန္ေတာ့ သူ ေခါင္းယမ္းၿပီးသာ ၿပဳံးလိုက္မိျပန္သည္။

အေငြ႕တေထာင္းေထာင္းထေနတဲ့ ဟင္းရည္ပန္းကန္ေလးကို အေဆာ ေရွ႕ ခ်ေပးလိုက္ၿပီး

" ေမာင္ တတ္သေလာက္ မွတ္သေလာက္ေလး ျပင္ဆင္ထားတာမို႔ အေဆာ စားရတာ အဆင္ေျပပါ့မလားေတာ့ မသိဘူး... ဘာပဲျဖစ္ျဖစ္ မ်ားမ်ားစားရမယ္ေနာ္ "

" ဗိုက္နဲ႕ ဆန့္သေလာက္ပဲ စားလို႔ရမွာေပါ့... အမ်ားႀကီး စားလို႔ ရပါ့မလား "

" အဟင္းးး "

တကယ္ကို ေမာင့္အခ်စ္က ခ်စ္စရာေကာင္းေအာင္ သူ႕ကို အကန္စကားေတြ ေျပာလိုက္ မ်က္ေစာင္းေလး ထိုးလိုက္နဲ႕ ေခၚလာလို႔ မေက်နပ္တာေတြကို ေဖာ္ျပေနဟန္ရွိပါ၏။

ဘယ္လိုေနေန ခ်စ္ေနရတဲ့ သူ႕အဖို႔ေတာ့ အေဆာ အမူအရာေတြက ပိုပိုၿပီး ခ်စ္စရာသာ ေကာင္းေနေလေတာ့ အခက္သားလား...

" ကြၽန္ေတာ္ ဘာေျပာေျပာ သူက ဘာလို႔ ရယ္ပဲ ရယ္ေနရတာလဲ... ဘာလဲ သူ႕စိတ္ထဲ ကြၽန္ေတာ့္ကို ရယ္စရာလို႔ပဲ ေတြးေနတာလား "

" မဟုတ္ရပါဘူး ေမာင့္အခ်စ္ရယ္...ေမာင္  တကယ္ သေဘာက်ေနမိလို႔ပါ "

" ဘာလို႔ သေဘာက်တာလဲ... ကြၽန္ေတာ္ ေျပာတဲ့ --- "

" ခ်စ္လို႔!... ခ်စ္လို႔ေလ အေဆာရဲ႕... ေမာင္က ခ်စ္ေနရတဲ့ သူဆိုေတာ့ အေဆာ ဘာေတြပဲ ေျပာလိုက္ ေျပာလိုက္... ဘာေလးပဲ လုပ္လိုက္ လုပ္လိုက္ ေမာင့္ မ်က္လုံးထဲမွာ ခ်စ္စရာေလး ျဖစ္ေနတာ အဲ့ဒါ အေဆာ သိရဲ႕လား ...အေဆာ မမွတ္မိေသးလို႔ပါ...အရင္တည္းက ေမာင္က အေဆာ ဘာေလးပဲ လုပ္ျပလုပ္ျပ အသည္းတယားယားနဲ႕ ခ်စ္ေနရတာ "

အေဆာ ေျပာေနတဲ့စကားကို ျဖတ္ကာ သူ စိတ္ထဲရွိတာကို ေျပာလိုက္ေတာ့ ေရွ႕က ေကာင္ငယ္ေလးဟာ အျဖဴေရာင္ေလးကေန ပန္းေရာင္​ေတြ သန္းလာေတာ့သည္။

" ေတာ္ ေတာ္ပါ... ထမင္းစားေနတာကို ဘာေတြ ေျပာေနမွန္းမသိဘူး.. သူမ်ား စားလို႔ မဝင္ေအာင္ "

" ok ok ေမာင္ ဘာမွ မေျပာေတာ့ဘူးမို႔... အမ်ားႀကီး ထည့္စားေနာ္ "

တကယ္လဲ သူ စကားဆက္မေျပာေတာ့ဘဲ အေဆာပန္းကန္ထဲ ဟင္းေတြ ထည့္ေပးရင္းသာ ညစာကို တိတ္တိတ္ဆိတ္ဆိတ္ပဲ စားလိုက္ေတာ့သည္။

စားေသာက္ၿပီးစီးၾကေတာ့ ဧည့္ခန္းမွာ ခဏထိုင္ေနၾကတုန္း သူ႕စိတ္ထဲ သိခ်င္ေနတဲ့ အရာတစ္ခုကို မေမးဘဲ မေနနိုင္ေတာ့တာေၾကာင့္ ဆူပုတ္ပုတ္ေလးထိုင္ေနၿပီး စားပြဲေပၚက ေတြ႕တဲ့ Fashion မဂၢဇင္းစာအုပ္ကို ဟိုလွန္ဒီလွန္ လုပ္ေနတဲ့ အေဆာကို

" ေမာင္ အေဆာကို တစ္ခု ေမးခ်င္တယ္   "

" ဘာလဲ "

သူ႕အသံေၾကာင့္ စာအုပ္ကို ၾကည့္ေနရင္းမွ မ်က္လုံးလွန္ၾကည့္လာတဲ့ အေဆာရဲ႕ ထူးသံဟာလဲ မာေတာင့္ေတာင့္ေလးပါပဲ။

စိတ္ထဲ သူ႕အေပၚ မေက်နပ္တာေတြ မ်ားေနလို႔ထင္ရဲ႕။

" အေဆာ... ဘာ လို႔ ...ျပန္ဖို႔စကား မေျပာေတာ့တာလဲ ဟင္ "

သူ ေတြးဆဆေလးနဲ႕ စကားတစ္ခြန္းခ်င္းကို သံရွည္ဆြဲၿပီး ေမးလိုက္ေတာ့

" ေျပာေတာ့ေရာ... သူက ျပန္ပို႔ေပးမွာ မို႔လို႔လား "

" ဟင့္အင္ "

" အင္းေလ... ျပန္ပို႔မေပးတဲ့အတူတူ ကြၽန္ေတာ္က ဘာလို႔ အေမာခံၿပီး ထပ္ေျပာေနရအုံးမွာလဲ ... ေျပာမိလို႔ ခုနကလို အနိုင္က်င့္ခံရရင္.... "

" အနိုင္က်င့္တာ မဟုတ္ရပါဘူး အခ်စ္ရယ္... ေမာင္အေဆာကို အဆုံးရႈံးမခံနိုင္ေတာ့လို႔ပါ... အေဆာ မမွတ္မိလို႔သာပါ... ေမာင္ အေဆာကို အႀကိမ္ႀကိမ္ ဆုံးရႈံးရေတာ့မလိုေတြ ျဖစ္ခဲ့ရတာ... ဒါေၾကာင့္ အေဆာကို ျပန္မလႊတ္ေပးခ်င္ေတာ့႐ုံပါ... ေမာင့္ကို မသနားဘူးလား ဟင္ "

" ဘာအတြက္လဲ "

" အေဆာကို ဆုံးရႈံးရေတာ့မလိုေတြ ျဖစ္ခဲ့လို႔ေပါ့"

" အဲ့ဒါေတြကို မမွတ္မိေတာ့ ကြၽန္ေတာ္ မေျပာတတ္ဘူး... ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ပဲ သနားတယ္... ဘာမွလဲ မသိ ဘာမွလဲ မမွတ္မိနဲ႕ သူမ်ား ေျပာသမွ် ဘာကို ယုံလို႔ ယုံရမွန္း မသိျဖစ္ေနၿပီး Jay နဲ႕ သူ႕ၾကား ႐ူးခ်င္ေနတာပဲ သိတယ္ "

" ေမာင္ ေျပာသမွ် အရာအားလုံးကို အေဆာ အႂကြင္းမဲ့ ယုံထားလို႔ ရပါတယ္... ေမာင့္ကို ယုံၿပီး ေမာင့္အနား ေနဖို႔ပဲ ေတြးပါ ေနာ္... တျခား ဘာကိုမွ အေဆာ မေတြးနဲ႕ "

" ထားပါေလ... ကြၽန္ေတာ္လဲ ဘာမွ မမွတ္မိတာမို႔ ဘာကိုမွလဲ မေတြးခ်င္ေတာ့ပါဘူး... ေတြးလဲ ေခါင္းကိုက္တာပဲ အဖက္တင္တယ္... အဲ့ေတာ့ ျဖစ္လာသမွ်ဟာ ကြၽန္ေတာ္ ေကာင္းဖို႔လို႔ပဲ ေတြးထားလိုက္ေတာ့မယ္ "

" ဟုတ္တယ္ အဲ့လိုပဲ ေတြးထားလိုက္... အခု အေဆာ ေမာင္နဲ႕အတူ ရွိေနတာက အေဆာ ေကာင္းဖို႔ျဖစ္လာတာပဲ "

သူ႕စကားေၾကာင့္ ေရာက္လာျပန္ၿပီ မ်က္ေစာင္းေလး...

ဒီတစ္ခါေတာ့ မ်က္ႏွာေလးဟာ ၿပဳံးရိပ္ေလးေတြ သန္းလို႔ပါ...

" အဲ့ သူ ဟာေလ... တကယ့္ လိပ္ႀကီး... ဘာေျပာေျပာ ေနာက္ဆုံး သူ႕ဘက္သူပဲ ေရာက္ေအာင္ ဆြဲေခၚသြားတယ္ "

" ေမာင္ ေျပာၿပီးေပါ့ပဲ... ေမာင္က လိပ္ျဖစ္ရင္ေတာင္ အေဆာကို ေက်ာကုန္းေပၚတင္ၿပီး သြားေလရာ ေခၚသြားမယ့္ ကမၻာ့လိပ္ႀကီးပါလိို႔ "

" ေတာ္ပါဗ်ာ... သူ အရင္ကလဲအဲ့လိုပဲ စကားအရမ္း တတ္တာလား ဟင္ "

" ဟင့္အင္ သူမ်ားနဲ႕ဆို ေမာင္က ေရခဲတုန္း... အေဆာနဲ႕မွ ရင္ထဲက စကားေတြ ထြက္ထြက္လာတာ...အဲ့စကား အရင္ကလဲ ေမာင္ ေျပာဖူးတယ္"

သူ႕စကားေၾကာင့္ ရယ္ျမဴးရိပ္ေလး သန္းေနတဲ့ အေဆာမ်က္ႏွာေလးက ေတြေတြေလး ျဖစ္သြားကာ စဥ္းစားေနဟန္ျဖင့္ မ်က္ေတာင္ေလးေတြ တဖ်တ္ဖ်တ္ ခတ္ေနျပန္သည္။

ထို႔ေၾကာင့္ သူ ေဘးတိုက္ျမင္ေနရတဲ့ အေဆာရဲ႕ ပါးေဖာင္းေဖာင္းေလးကို သူ႕ ႏွာေခါင္းနစ္ျမဳပ္တဲ့အထိ ဖိကပ္၍ အသံျမည္ေအာင္ နမ္းလိုက္ကာ

" ဘာမွ မေတြးနဲ႕ အခ်စ္... အခ်ိန္တန္ရင္ မွတ္မိသြားလိမ့္မယ္... ေမာင္က အကုန္မွတ္မိေအာင္ ျပန္လုပ္ေပးမွာမို႔ ေမာင့္အခ်စ္ ေခါင္းကိုက္လိမ့္မယ္ မေတြးနဲ႕ "

" လုပ္ျပန္ၿပီ မေျပာမဆိုနဲ႕ "

" ေမာင္ ဘာလုပ္လို႔လဲ "

" ဘာလို႔ လာ နမ္းတာလဲ လူကို "

" လူကို မနမ္းပါဘူး.. ေမာင္ ပါးေလးပဲ နမ္းလိုက္တာကို "

" ဟာ.. ၾကည့္... ဘယ္လိုျဖစ္ေနတာလဲ... ကြၽန္ေတာ္ မေနတတ္ဘူးမို႔ အဲ့လိုေတြ မလုပ္စမ္းပါနဲ႕ "

မ်က္ႏွာေလး အို ပုတ္သြားကာ သူနမ္းထားတဲ့ ပါးေလးကို လက္နဲ႕ ပြတ္သုတ္ေနရင္း ေနရာေ႐ႊ႕ထိုင္သြားတဲ့ ခ်စ္ရသူေလးကို ၾကည့္ၿပီး Sunghoon ေအာက္ႏႈတ္ခမ္းေလးကိုသာ ကိုက္ရင္း ရယ္ေနရသည္။

ေမာင္ အသည္းေတြ ယားလွၿပီ အခ်စ္ရယ္...

ဒီ ဆက္ဆက္ထိမခံေလးကို ရင္ခြင္ထဲ ထည့္ၿပီးသာ စိတ္ရွိသေလာက္ ဖ်စ္ညွစ္ၿပီး... အင္းးး... စိတ္ရွိသေလာက္ ဖ်စ္ညွစ္ၿပီး...

ဟူးးး

သက္မေမာတစ္ခုကို မႈတ္ထုတ္လိုက္ၿပီး သူ စိတ္ျပန္ထိန္းလိုက္ကာ ေရွ႕က ဆူပုတ္ပုတ္ေလးကို အိပ္ဖို႔ သတိေပးရေတာ့သည္။

" အခ်ိန္လဲ အေတာ္လင့္ေနၿပီ အေဆာ အိပ္ေတာ့မလား "

" ဟင့္အင္ တညေနလုံး အိပ္ထားေတာ့ ကြၽန္ေတာ္ မအိပ္ခ်င္ေသးဘူး... TV ခဏ ၾကည့္အုံးမယ္ "

" ဒါဆို ေမာင္ ေရခ်ိဳးလိုက္အုံးမယ္ ေနာ္... မၾကာဘူး ျမန္ျမန္ခ်ိဳးခဲ့မယ္ "

" သူ႕ဘာသာ ၾကာခ်င္ၾကာ မၾကာခ်င္ေနေလ... ဘယ္သူက ဘာေျပာေနလို႔ "

" အဟားးး ေမာင့္ ဂ်စ္တူးေလး... ေမာင့္ကို ဂ်စ္ေနတာ မၿပီးေတာ့ဘူး "

သူ ေျပာေျပာဆိုဆို ဂ်စ္တူးေလးရဲ႕ နဖူးျပင္ေလးကို အနမ္းသူခိုးလုပ္ခဲ့ကာ ထ ေျပးလာေတာ့ ေနာက္မွ ေအာ္သံေလးက ကပ္ပါလာခဲ့သည္။

" အားးး ဘာလို႔ အဲ့လိုေတြ ခဏ ခဏ လုပ္ေနရတာလဲလို႔ Park Sunghoon shiii "

" ခ်စ္လို႔!!! "

သူ လက္ႏွစ္ဖက္ကို ေခါင္းေပၚတင္၍ အသည္းပုံေလး လုပ္ျပခဲ့ကာ ေနာက္လွည့္မၾကည့္ဘဲ ေအာ္ေျပာခဲ့တဲ့ စကားသံအဆုံးမွာေတာ့ ဧည့္ခန္းေလးဟာ တိတ္ဆိတ္ သြားခဲ့ေတာ့သည္။

ဟုတ္တယ္ ေမာင္ အရမ္းခ်စ္လို႔...

အရမ္းေတြ ကေလးဆန္ေနၿပီး ဂ်စ္တူးေလး ျဖစ္လာတဲ့ အေဆာကို အသည္းေတြ ယားေနလို႔...

လြမ္းေနခဲ့ရသမွ် ရက္ေတြအတြက္ အတိုးခ်ၿပီး
အရမ္းေတြ ဖ်စ္ညွစ္ၿပီး နမ္းခ်င္ေနလို႔...

ၿပီးေတာ့ ရင္ခြင္ထဲ ထည့္ၿပီး စိတ္ရွိတိုင္းေတြ... အင္းးးးစိတ္ထဲရွိတဲ့အတိုင္းေတြ...

အဟက္!!

ရယ္သံတစ္ခ်က္နဲ႕ အေတြးေတြကို ဘရိတ္အုပ္ကာ သူ ေရခ်ိဳးဖို႔ ျပင္လိုက္ေတာ့သည္။

ခ်ိဳးၿပီး ဝတ္ဖို႔ အဝတ္ဘီရိုထဲမွ သူနဲ႕ သင့္ေတာ္မယ့္ အဝတ္တစ္စုံကို ထုတ္ရင္း အေဆာအတြက္ပါ size ေသးမယ့္တစ္ထည္ကို ေ႐ြးကာ ထုတ္ထားေပးလိုက္သည္။

အေဆာအတြက္ ထုတ္ထားတဲ့ အကၤ်ီေလးကို သူ႕ကိုယ္မွာ ကပ္ၾကည့္လိုက္ရင္း သူ႕ကိုယ္နဲ႕ အရမ္းေသးေနတဲ့ အကၤ်ီေလးေၾကာင့္ သူ ရယ္လိုက္မိျပန္သည္။

" အဟင္း... ေမာင့္အခ်စ္က ေသးေသးေလး "

ၿပီးေနာက္ အကၤ်ီေလးကို ကုတင္ေပၚမွာ တင္ေပးလိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔ ဝင္ရန္ သူ႕ကိုယ္ေပၚက အကၤ်ီကို ဆြဲျမႇောက္၍ ခြၽတ္ခ်လိဳက္သည္။

" Sunghoon shi... Sunghoon shi "

အေပၚပိုင္းဗလာက်င္းသြားတဲ့ အခ်ိန္မွာမွ တံခါးမေခါက္ဘဲ ႐ုတ္တရက္ ေျပးဝင္လာတဲ့ အေဆာ..

သူ႕နာမည္ကိုလဲ အသည္းအသန္ ေခၚလာေသးသည္။

အယ္!!!

" ဟို Sorry Sorry ေနာ္... "

အာေမဋိတ္သံေလး ထြက္က်လာၿပီး သူ႕ကို စိုက္ၾကည့္ေနၿပီးမွ မ်က္ႏွာေလးကို တဖက္သို႔ လွည့္သြားသည္။

Sunoo TV ၾကည့္ေနရင္းမွ Channel တစ္ခုမွ Figure skate စီးတဲ့ အစီအစဥ္ကို ျပသေနတာမို႔ Sunghoon ကို ေမးၿပီး အတည္ျပဳဖို႔ရာ ေရခ်ိဳးခန္းမဝင္ခင္ မွီေအာင္ဆိုၿပီး သူ႕နာမည္ကို ေအာ္ေခၚၿပီး ေျပးလာျခင္းျဖစ္သည္။

ျဖစ္ခ်င္ေတာ့ သူ ဝင္လာလာခ်င္း ျမင္လိုက္ရတာက အဝတ္မပါ ဗလာက်င္းေနတဲ့ ႂကြက္သားတို႔ျဖင့္ က်စ္လစ္ဖုထစ္ေနသည့္ သူ႕ခႏၶာကိုယ္ အေပၚပိုင္း...

မီးေရာင္ေအာက္မို႔ထင္ရဲ႕နို႔ႏွစ္ေရာင္ သူ႕အသားအေရဟာ ပို၍ပင္ ဝင္းႏွစ္ေနေသးသည္။

ေနပါအုံး...

သူ သူပဲ အျမင္မွားတာလား...

အဲ့ဒါ... အဲ့ဒါက...

မဟုတ္မွ...

Sunoo မ်က္ႏွာေလး လႊဲေနရာမွ သူျမင္လိုက္ရတဲ့ အရာတစ္ခုေၾကာင့္ ႐ုတ္တရက္ တစ္စုံတစ္ခုကို ေတြးမိသြားကာ Sunghoon ရွိရာဆီ အၾကည့္တို႔ကို ျပန္ပို႔လိုက္မိသည္။

ဟုတ္ပါတယ္... မမွားနိုင္ပါဘူး...

ႏွစ္ခါျပန္ၾကည့္လဲ ေသခ်ာေနတဲ့ အရာတစ္ခု...

Sunghoon လည္ပင္းမွာ ဆြဲႀကိဳးေလးနဲ႕ ခ်ိတ္ဆြဲထားတဲ့ ေငြေရာင္ လက္စြပ္ေလး...

Sunoo လက္စြပ္ေလးကေန အၾကည့္မလႊဲနိုင္စြာ တေ႐ြ႕ေ႐ြ႕နဲ႕ Sunghoon ရွိရာဆီကို ေလွ်ာက္လာမိသည္။

အကၤ်ီမပါတာေတြ ၊ အေပၚပိုင္း ဗလာျဖစ္ေနတာေတြ သူ႕အာ႐ုံမွာ မရွိေတာ့။

သူ႕စိတ္ အာ႐ုံ အလုံးစုံကို ဆြဲေဆာင္ထားတာက Sunghoon လည္ပင္းက လက္စြပ္ေလး...

သူ႕လည္ပင္းမွာလည္းပဲ သူကိုယ္တိုင္ ဝတ္ဆင္ထားတဲ့ လက္စြပ္ေလးက ရွိေနတယ္ေလ။

Sunghoon ကေတာ့ အေဆာရဲ႕ ႐ုတ္တရက္အျပဳအမူေတြကို နားမလည္တာေၾကာင့္ ဒီတိုင္းပဲ ရပ္ ၾကည့္ေနမိသည္။

ရွက္သြားတယ္ထင္တဲ့ အေဆာက အခုေတာ့ျဖင့္ သူ႕ရင္ဘတ္ကို စိုက္ၾကည့္လို႔ သူရွိရာဆီ တေ႐ြ႕ေ႐ြ႕လာေနျပန္သည္။

အေဆာ ဘာျဖစ္သြားတာပါလိမ့္...

Sunghoon အနားကို ေရာက္သြားတဲ့ Sunoo ကေတာ့ ဆြဲႀကိဳးထိပ္က လက္စြပ္ေလးကို ေသေသခ်ာခ်ာ စူးစိုက္ၾကည့္လိုက္ကာ လက္ေလးနဲ႕ပါ ဆြဲယူၾကည့္လိုက္သည္။

ၿပီးေနာက္ သူ႕လည္ပင္းက ဆြဲႀကိဳးေလးကိုပါ အကၤ်ီလည္ပင္းေပါက္ကေန ႏွိုက္ယူလိုက္ၿပီး Sunghoon ရဲ႕ လက္စြပ္ေလးေပၚ ထပ္လိုက္တဲ့အခါမွာေတာ့....

အံဝင္ခြင္က် ျဖစ္သြားတဲ့ လက္စြပ္ေလး ႏွစ္ကြင္းဟာ တသားတည္း...

ဟင့္!!

ဝမ္းသာတာလား ဝမ္းနည္းတာလား ဘာမွန္းမသိတဲ့ ခံစားခ်က္ေတြက ရင္နဲ႕အျပည့္ လွိုက္တက္လာကာ သူ ရွိုက္သံေလးတစ္ခ်က္ ထြက္သြားမိသည္။

Sunoo လက္ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ လည္ပင္းေတြဆီက ဆြဲႀကိဳးေလးေတြမွာ ခ်ိတ္ထားတဲ့ ႏွစ္ခုေပါင္းလိုက္မွ တစ္ကြင္းတည္းလို ျဖစ္သြားတဲ့ Couple လက္စြပ္ေလးက ထပ္ရက္ကေလး။

လက္စြပ္ေလးကို ၾကည့္ေနရင္းမွ သူ႕ကို ငုံ႕မိုးၾကည့္ေနတဲ့ Sunghoon ကို ေမာ့ၾကည့္လိုက္မိသည္။

လြတ္ေနတဲ့ Sunoo ရဲ႕လက္ေလးတစ္ဖက္က ေျမာက္တက္သြားကာ Sunghoon ရဲ႕ ႏွာရိုးေဘးမွာ ရွိေနတဲ့ မွဲ႕နက္ကေလးကို ဖြဖြေလး လာ တို႔ထိသည္။

မ်က္ဝန္းထဲမွာလဲ အရည္ၾကည္ေလးေတြ ရစ္သိုင္းေနကာ ျပဳမူေနပုံေတြဟာ စိတ္လြတ္ေနသူ တစ္ေယာက္လို။

စိတ္ညွို႔ခံထားရသူ တစ္ေယာက္လို။

Sunghoon သူ႕မ်က္ႏွာေပၚမွာ ႐ြ႐ြေလး တို႔ထိေနတဲ့ အေဆာရဲ႕ လက္ေလးကို ဆုပ္ကိုင္လိုက္တဲ့အခ်ိန္မွာေတာ့ ရီေဝေဝ အၾကည့္ေတြနဲ႕ သူ႕ကို ၾကည့္လာၿပီး

" ၿပဳံးျပပါ... သူ႕  ပါးခ်ိဳင့္ေလးေပၚေအာင္ထိ ကြၽန္ေတာ့္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ေလး ၿပဳံးျပပါလား ဟင္ "

စကားအဆုံး ခ်က္ခ်င္း ၿပဳံးလိုက္တဲ့ Sunghoon မ်က္ႏွာေခ်ာေခ်ာေပၚမွာေတာ့ ပါးေလးတစ္ဖက္ နစ္ဝင္သြားကာ ပါးခ်ိဳင့္ေလးဟာ ထင္းခနဲ ေပၚလို႔လာသည္။

ဟုတ္တာေပါ့...

ေသခ်ာတာေပါ့...

ဒီ မွဲ႕နက္ကေလးေတြ...

ဒီပါးခ်ိဳင့္ေလးနဲ႕ ဒီႏႈတ္ခမ္းပါးေပၚက အၿပဳံးခ်ိဳခ်ိဳေလးေတြ...

သူ႕အိပ္မက္ေတြထဲ ေရာက္ေရာက္လာၿပီး အေဆာ လို႔ ေခၚတတ္တဲ့ ေမာင္...

သူ႕အာ႐ုံထဲမွာ ေပၚလာတဲ့ လက္စြပ္ေလးကို ဝတ္ေပးေနတဲ့ ေမာင္...

Postcard လွလွေလးထဲက အေဆာရဲ႕ ေန႕ရက္တိုင္းမွာ အတူရွိမယ့္ ေမာင္ ဆိုတဲ့ လူသားေလး ေမာင္...

Sunoo သူ႕မ်က္ႏွာေလးကို ေမာ့ၾကည့္ေနမိရင္း တအိအိ ၿပိဳဆင္းေနတဲ့ မ်က္ရည္ေတြကိုလဲ မသုတ္မိေတာ့...

တင္းတင္းၾကပ္ၾကပ္ပါပဲ...

ရင္ထဲမွာ တင္းၾကပ္ေနကာ သူ ငိုခ်င္ေနတာပဲ သိေတာ့တယ္...

" မငိုပါနဲ႕ အခ်စ္ရယ္... ဒီမ်က္ရည္ေတြကို ေမာင္ မၾကည့္ရက္ဘူးေလ "

Sunghoon ရဲ႕ လက္ေလးေတြ သူ႕ပါးျပင္ေပၚက မ်က္ရည္ေတြကို သုတ္ေပးလိုက္တဲ့ အခ်ိန္မွာေတာ့ သူ႕ရင္ထဲက လွိုက္လွိုက္လွဲလွဲနဲ႕ တျမတ္တနိုး ထြက္က်လာတဲ့ နာမ္စားေလး တစ္ခု...

" ေမာင္... "

*************************************

Love you all my Vitamins 💙

San Htarni 💙

9.8.2023

Comment