လေငွေ့သွင်သွင်(၉)
Unicode
*********
"Relax.. Neon ..၊ open your eye slowly"
ဆရာဝန် ညွှန်ကြားချက်အတိုင်း နီယွန် မျက်ခွံတွေကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။ ဆေးရုံခန်းမှန်နံရံထက်မှာ နေခြည်နွေးနွေးက သူ့မျက်ဝန်းအတွင်း ရှင်းလင်းကြည်လင်စွာ...။
နီယွန် မျက်ဝန်းပြန်မှိတ်လိုက်ပြီး
"Sorry doctor ...it not work"
နီယွန် စကားကြောင့် ဆရာဝန် သက်ပြင်းချကာ
"Don't depress Neon. It will be ok next time"
နီယွန် ခေါင်းငြိမ့်ပြကာ အိပ်ရာပေါ် ပြန်လှဲချလိုက်သည်။ သူ့ရင်ဟာ ပျော်ရွှင်မှုဖြင့် တဒိတ်ဒိတ်ခုန်လျက်။
"Amber ..ကိုယ် မင်းကို မြင်နိုင်တော့မယ်"
Amelia လှောင်ပြုံးပြုံးပြီး ဒေါက်ဖိနပ် တဂွပ်ဂွပ်သံဖြင့် အခန်းပြင်ထွက်သွားတော့သည်။
"He is still blind ၊ keep doing your jop, and  cancel about to  kill him . Now he is just a loser .
နှုတ်ခမ်းဖျားက စီးကရက်ကို အငွေ့ထောင်းထောင်းထအောင် မှုတ်ထုတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"Miss , hospital is no smoking zone"
Amelia  မျက်ဝန်းတွေက ထိုစကားလာပြောသော သူနာပြုထံရောက်သွားပြီး နှုတ်ခမ်းက ဆေးလိပ်ကို ဖြုတ်ကာ လက်ချောင်းကြား ကစားလိုက်ပြီး ရုတ်တရက် ထိုစီးကရက်ကို သူနာပြုမလေး၏ ပါးထက်မှာ ထိုးချေမွလိုက်သည်။
"အား!!!!!!!"
စပ်ဖျဉ်းဖျဉ်းဒဏ်နှင့်အတူ သူနာပြုမလေးရဲ့ အော်သံက လျောက်လမ်းတစ်လျောက် ဆူညံသွားပြီး အသားညှော်နံ့က ထောင်းခနဲ ထွက်လာတော့သည်။
" Thank you about your ashtray"
သူနာပြုမလေးက သူ့ပါးပြင်ကို အုပ်ကာ မျက်ရည်သွင်သွင် စီးကျလာပြီး သူ့ရှေ့ကမိန်းကလေးကို သရဲတစ်ကောင်အလားကြည့်ကာ လှည့်ပြေးပြီး security ကို ပြေးခေါ်တော့သည်။
Amelia ‌လက်ရမ်းဘောင်ကို မှီကာ စီးကရက်အသစ်ထပ်ထုတ်သောက်လိုက်ပြီး သူနာပြုကောင်မလေး ပြေးသွားသည့်ဖက် ကြည့်ကာ ရီလိုက်ပြီး
"Kill her"
သိပ်မကြာလိုက် ဆေးရုံ သန့်စင်ခန်းထဲတွင် အလောင်းတစ်လောင်း တွေ့ရှိမှုနှင့် ဆေးရုံတစ်ခုလုံး ရဲဝန်ထမ်းတွေ အပြည့် ဖြစ်သွားရသည်။
နီယွန် ကားပေါ်ကနေ နီယွန်မီးရောင်စုံကိုလိုက်ကြည့်ပြီး မကြာခင် တွေ့ရတော့မယ့် အဖေဖြစ်သူကို ပြန်မြင်ယောင်မိသည်။ သူ့အသက် ၁၅နှစ်မှာ မိခင်ဆုံးပြီး ၁နှစ်တောင် မကြာလိုက် သူ့အတွက် မိဒွေးတစ်ယောက် ရောက်လာခဲ့သည်။ သူ့ မွေးစားညီမ Amelia ။  သူ့ထက် ၂နှစ်ငယ်တဲ့ သူ့မွေးစား ညီမဟာ သူ့မိဒွေးဖြစ်လို့လာသည်။ နောက်ပြီး သူ့ရပိုင်ခွင့် အမွေတွေဟာလဲ Amelia လက်တွင်းသို့ ။
မိဘမဲ့ ဂေဟာကနေ ၁၀နှစ်အရွယ်ထဲက မွေးစားခဲ့တဲ့ Amelia ဟာ တကယ်တော့ မူးယစ်ရာဇာ၏ သမီးဖြစ်ပြီး အသက်ပြည့်ပြီးနောက်မှာတော့ ဖခင်၏ လူတွေနှင့် ပြန်ဆက်သွယ်ကာ မူးယစ်ဆေးရောင်းဝယ်ရေး လုပ်ကိုင်ကာ ငွေတစ်ခုထဲသာ သိသော လူဖြစ်လာသည်။ မွေးစားမိခင်သေသည်နှင့် မွေးစားအဖေကို ချက်ခြင်း အပိုင်ကြံကာ ယူခဲ့ပြီး ပိုင်ဆိုင်မှု များစွာကို သူမနာမည်အောက် ပြောင်းခဲ့သည်။
ဖခင်ဖြစ်သူက အကွက်ချခံရပြီး မွေးစားသမီးဖြစ်သူကို ပြန်ယူခဲ့ရတာကြောင့် ရှက်ပြီး သူ့ပိုင်ဆိုင်မှုတွေကို Amelia 2ပုံ၊ Neon ကို ၁ပုံပေးပြီး လူမြင်ကွင်းကို ထွက်မလာတော့။ ဇာတ်မြှုပ်သွားကာ လုံးလုံးမရှိတော့တဲ့ လူတစ်ယောက်အလား။ ၂:၁ရသွားတာတောက် မကျေနပ်တဲ့ Amelia က သူ့လူတွေနှင့် နီယွန်ကို လိုက်သတ်ဖို့ စေခိုင်းခဲ့ပြီး နီယွန်ကို ကယ်တင်ခဲ့တာက အမေ့သူငယ်ချင်းတစ်ဖြစ်လဲ မိသားစု ဆရာဝန်ဖြစ်တဲ့ ဦးလေးပင်။ Amelia လက်ချက်ကြောင့် နီယွန် မျက်စိကွယ်သွားတော့ သေပြီလို့ သတင်းလွှင့်ကာ တစ်ခါက သူလည်ပတ်နေထိုင်ခဲ့ဖူးတဲ့ မြန်မာကို ပို့ပေးခဲ့တာပင်။ ဘာကြောင့်လဲဆိုတော့ နီယွန်ဆိုတဲ့ ကောင်လေးဟာ ငွေကြေးစည်းစိမ် မမက်မောဘဲ ငြိမ်းချမ်းခြင်းကိုသာ နှစ်သက်တဲ့ ကလေးဖြစ်နေလို့ပင်။
Neon အသက်ရှင်နေကြောင်းကို မျက်စိခွဲစိတ်ဖို့ ဒီပြန်လာမှ အသိပေးခဲ့ပြီး လုံခြုံရေး အပြည့်ထားကာ စောင့်ရှောက်နေသောကြောင့် Amelia ဘာမှ မတတ်နိုင်။ မျက်လုံးခွဲစိတ်မှု မအောင်မြင်ဘူးဆိုကာမှ လှောင်ပြုံးလေးပြုံးကာ ထွက်သွားတဲ့ သူမက နီယွန်ရဲ့ ပိုင်ဆိုင်မှုတွေ ထပ်မံ လုယူဖို့ စိတ်ကူးမရှိတော့ဘူးထင်ပါရဲ့။
"Uncle"
"Yes "
"Please, give me your phone a second."
"For...?"
"I want to call someone "
"But ...U can't see...or....what the hell.. you are pretending as the operation is not success."
"Yes .. the operation is success. I can see the world again . But now I'm so anxious to use your phone "
"Sorry ... here U R"
Phone contact list ထဲက ချူးနာမည် လိုက်ရှာသော်လည်း မတွေ့။
"Where is his number?"
"Whose number?"
"ချူး"
"Who? "
"Our housemaid guy in Myanmar "
"Oh....I see"
နံပါတ်ရတာနှင့် ချက်ခြင်း ဖုန်းဆက်လိုက်တော့ တော်တော်နှင့် ဖုန်းမကိုင်။ 2ခါ ၃ခါ ခေါ်ကာမှ တစ်ဖက်က ပြန်ဖြေလာသည်။
"Hello အမိန့်ရှိပါ"
"ချူး ...ငါပါ"
"အကိုလေး..တကယ် အကိုလေးလား၊ အကိုလေးရာ မပြောမဆိုနဲ့ ပျောက်သွားလိုက်တာ ၊ ပြန်လာတော့မှာလား"
"အင်း ပြန်လာမှာ ..၊ ဟို ..ပျင်းရော "
တစ်ဖက်က တိတ်သွားကာ သက်ပြင်းချသံ ပေါ်လာပြီး
"အကိုလေး ထွက်သွားတဲ့မနက်ပဲ အကိုပယင်းတို့လဲ အိမ်ပြောင်းသွားတာပဲ၊ ကြားတာတော့ ရန်ကုန်ပြန်သွားတယ်တဲ့"
"Yangon? "
"ဟုတ်တယ်"
"Ok .. I see . Thanks ချူး"
"အောင်မလေးဗျာ။ အကိုလေးက ကျွန်တော့် အလုပ်ရှင်ပါ။ ကျေးဇူးစကား မလိုပါဘူး"
နီယွန်ဖုန်းချလိုက်ပြီး သူ့လူယုံဖြစ်တဲ့ ဒေါက်တာကိုကြည့်ကာ
"Give me my samite eye cover"
ပျင်းရဲ့ ပိုးဖဲစပို နီယွန်ယူလိုက်ပြီး သူ့မျက်ဝန်းပေါ် စည်းနှောင်လိုက်ကာ
"I want to go home ,  real home .."
ပျင်းရှိသော နေရာ။ သူ့ရဲ့ နွေးထွေးမှုရပ်ဝန်း။ သူ့ရဲ့အိမ်။
"Amber , I'm back"
To be continue ♥️
Zawgi
*******
"Relax.. Neon ..၊ open your eye slowly"
"အား!!!!!!!"
"Kill her"
"Uncle"
"Yes "
"For...?"
"I want to call someone "
"Sorry ... here U R"
"Where is his number?"
"Whose number?"
"ချူး"
"Who? "
"Oh....I see"
"Hello အမိန့်ရှိပါ"
"ချူး ...ငါပါ"
"Yangon? "
"ဟုတ်တယ်"
"Ok .. I see . Thanks ချူး"
"Amber , I'm back"
To be continue ♥️
Comment