လေငွေ့သွင်သွင်(၄)

Unicode
*********

"ပျင်းရောင် ၊ ပျင်းရောင် "

နီယွန် ‌မနက်က အသံပိုင်ရှင်လေး နာမည်ကို မေ့မသွားရန် ထပ်တလဲလဲ ရွတ်မိသည်။ အသံရှင်လေး နာမည်က ခက်လှသည်ကိုး။

"ပယင်းပါဆိုဗျာ ၊ ပျင်း လုပ်ပြန်ပြီ"

ချစ်ထူး သူ့အကိုလေးကို ရေပတ်တိုက်ပေးရင်း ပွစိပွစိ ပြောမိပြန်သည်။ တစ်ဖက်ခြံက အကိုက သဘောကောင်းလို့ တော်သေးတာပေါ့။

"ငါ သူနဲ့ လုပ်ချင်တယ် ....."

သူ ဘာလုပ်ချင်လဲဆိုတာကို မြန်မာလို ပြောဖို့ရာ နီယွန်နှုတ်ဖျားတင် မေ့လို့နေပြီ။

"လုပ်ချင်တာ ၊ ဘာကိုလဲ သူငယ်ချင်းလား"
"Yes! yes . သူငယ်ချင်း လုပ်ချင်တယ်"

"ဒါများ အေးဆေး သန်ဘက်ခါကျ  သူတို့အိမ်မှာ အလှူလုပ်မယ်တဲ့၊ ဖိတ်သွားတယ်။ သွားရင်း မိတ်ဖွဲ့ခဲ့ပေးမယ်"
"အလှူ က ဘာကြီးလဲ "

"အာ အကိုလေးကို ဘယ်လိုရှင်းပြရမလဲ ၊ အလှူဆိုတာ ဘုန်းကြီး အိမ်ပင့်ပြီး ပစ္စည်းတွေ ပေးတာမျိုးလေ။ လာတဲ့ လူတွေကိုလဲ အလကားကျွေးတာ "

"ဘုန်းကြီး က monk ကို ပြောတာလား။  donation? "

"မုန့်တွေ မမုန့်တွေ ဒိုနေးမရှင်းတရှင်းတွေ ကျွန်တော်လဲ မသိဘူးဗျာ။ သိချင်ရင် အကိုလေးသာ လိုက်ခဲ့တော့"

ထိုသို့ဖြင့် နီယွန်တစ်ယောက် ပယင်းတို့ အိမ်အလှူမှာ ချစ်ထူးကောင်းမှုဖြင့် ပုဆိုးလေး ကားကား ကားကားဖြင့် ရောက်ရှိလို့ သွားပါတော့သည်။

ပယင်း ဘုန်းကြီးဆွမ်းကပ်နေဆဲပင် အိမ်ရှေ့ ကျောက်စရစ်ခဲတွေကို ဖြတ်နင်းလာတဲ့ ဘီးအသံကြောင့် အလိုလို ပြုံးလိုက်မိသည်။ သူ့မိခင်ဟာလဲ wheelchair နဲ့ဖြစ်တာကြောင့် ကျောက်စရစ်ခဲပေါ် wheelchair ကို ခက်ခက်ခဲခဲ တွန်းလာသံက နားယဉ်နေကာ။ မိခင်က အခု သူ့ဘေးမှာ ကြုံ့ကြုံ့လေးထိုင်ကာ ဘုန်းကြီးတွေနှင့် စကားပြောနေတာမို့ သေချာပေါက်ကို ဒါဟာ မျက်မှန်နှင့် နိုင်ငံခြားသားပင်။

ချစ်ထူး အကိုလေးကို ဧည့်ခံဖို့ ခင်းကျင်းထားတဲ့ အိမ်ရှေ့က စားပွဲဝိုင်းနား ရပ်ကာ
"အကိုလေး ကျွန်တော်နဲ့ ဒွေးကြည် ဦးတော် လုပ်လိုက်ဦးမယ်နော်။ စောင့်နေနော်"

အိမ်မှာ အကိုလေးရယ် ၊အိမ်အကူ ဒွေးကြည်ရယ် သူရယ်သာ ရှိတာကြောင့် တရားနာ ဘာညာဆို ဒွေးကြည်ကလဲ မပါမဖြစ်။ မနေ့ညနေကတောင် ချက်ပြုတ်ဖို့ကို ဒွေးကြည်ကိုယ်တိုင် လာကူထားတာမလို့ ဒွေးကြည်က သွက်သွက် သွက်သွက်နှင့် အိမ်ထဲဝင်သွားလေပြီ။

နီယွန် ချူး ထားပေးခဲ့တဲ့ နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ရင်း အသံပိုင်ရှင်လေးဟာ ဘာကြောင့် သူ့ကို လာမနှုတ်ဆက်သေးတာလဲလို့ တွေးရင်း။ မြန်မာတွေက အရမ်း ဖော်ရွေကြတယ် မဟုတ်ဘူးလား ။
မကြာလိုက် တရားသံထွက်လာကာမှ နီယွန်နားလည်‌သွားတော့သည်။ ချူးပြောတဲ့ အလှူဆိုတဲ့ အဓိပ္ပာယ်ကို။ သူ ဒီမှာနေစဉ် အတောတွင်း အများပြား ကြားဖူးပေမယ့် ဘာမှန်းသိချင်စိတ်လဲ မရှိခဲ့သလို မေးလဲ မမေးဖူးတာကြောင့် မသိချင်းပင်။ တစ်ခါတလေ မီးဖိုခန်းထဲမှာ အန့်(aunt)ကြည် ဖွင့်ဖွင့်နေတာ သူခဏခဏ ကြားဖူးနေသည်။

အဓိပ္ပာယ် မပေါက်သော်လည်း လူတွေ ညီညီညာညာ ရွတ်ဆိုသံက မနက်ခင်းကြားမှာ သာယာစွာ ပျံ့လွှင့်လို့။ တရားပြီးလို့ ဘုန်းကြီး ပြန်ကြွသွားကာမှ ပယင်း မိခင်ကို အိမ်ရှေ့ခေါ်ခဲ့လိုက်သည်။

ဒေါ်သွန်းသက်ဖြူ သားခေါ်ရာ လိုက်ခဲ့ရင်း ခြံထဲက သူမနည်းတူ wheelchair နှင့် လူငယ်လေးကို တွေ့လိုက်တာကြောင့် စိတ်ထဲ လှိုက်ခနဲ ဝမ်းသာသွားရသည်။ ဒူးဆစ်ကနေ တိတိပပ ပျက်တောက်နေတဲ့ သူမခြေထောက်တွေဟာ ထဘီနှင့် ဖုံးကွယ်ထားပေမယ့် လှစ်လပ်နေတဲ့ အရာက သိသိသာသာ။  ရန်ကုန်လို မြို့ကြီးမှာ wheelchair နှင့် နေရတာ မထူးဆန်းပေမယ့် ဒီတောင်ပေါ်မြို့လေးမှာတော့ လူအများဝိုင်းကြည့်စရာ အထူးဆန်းလို ဖြစ်နေသည်။

သူမစစရောက်ပြီး ဘုန်းကြီးကျောင်း လိုက်ရှာရင်း ရပ်ကွက်ဥက္ကဌအိမ် လိုက်ရှာရင်း အပြင်ထွက်မိတာတောင် တစ်လမ်းလုံး လိုက်ကြည့်လို့ မ‌ဆုံးတာကြောင့် နောက်နေ့ အပြင်မထွက်တော့။ အခုတော့ သူမလို wheelchair အသုံးပြုသူ နောက်တစ်ဦးကို တွေ့လိုက်တာကြောင့် သူမရင်ထဲ ရှက်စိတ်တွေဟာ အနည်းငယ် လျော့ကျသွားလျက်။

ရောက်တာ တစ်ပတ်မပြည့်သေးပေမယ့် ရိုးသားလှတဲ့ မြို့လေးက လူတွေဟာ ခြံဝိုင်းထဲ အပြည့်။ အစက အရာရာ ခက်ခဲမှာ ပူခဲ့သော်လည်း ကျောင်းထိုင်ဦးဇင်းရဲ့ လမ်းညွှန်မှုဖြင့် ကျောင်းအတွက်  ချက်ပြုတ်ပေးသည့်အဖွဲ့ကို အကူညီတောင်းကာ ချက်ပြုတ်ဧည့်ခံဖို့ရာကို ပယင်းလှည့်ကြည့်ဖို့ရန် မလိုတော့။ သူတို့ဟာသူတို့ အရာရာလုပ်ဆောင်သွားသည်မှာ ပတ်ဝန်းကျင်ကို လိုက်ဖိတ်ကြားသည်ကအစ။

"Hello နီယွန်၊ ပျင်းနေပြီလား"
"ဟင်"

အသံဆူဆူညံညံကြားမှ အသံချိုလေးကြောင့် နီယွန်ခေါင်းထောင်လာသည်။ အသံရှင်လေးက သူ့နာမည်ကို ဘာနေပြီလားလို့ မေးတာပါလိမ့်.
မျက်မှန်အောက်က အူကြောင်ကြောင် ရုပ်လေးကြောင့် ပယင်း ရီလိုက်မိကာ
"ရောက်တာ ကြာပြီလား မေးတာ"
"အင်း ကြာပြီ။ half hourလောက် "
"ဪ ဪ စားပြီးပြီလား"
"ချူးက ဒီမှာ ကျွေးလိမ့်မယ် မစားနဲ့ဦးတဲ့"

"ဟာဗျာ အကိုလေးကတော့ လုပ်ပြီ"

ထမင်းဟင်းထည့်ထားတဲ့ဗျပ်ကို ကူမရင်း ရောက်လာတဲ့ ချစ်ထူးရဲ့ အသံ။
ပယင်းရီကာ
"ဟုတ်ပြီ အများကြီးစားနော်၊ ကျွန်တော် သူများကို လိုက်ဧည့်ခံလိုက်ဦးမယ်"
"ငါ အများကြီး မစားနိုင်ဘူး။ မနက်စာ ကော်ဖီနဲ့ မုန့်ပဲ စားတာ"

ချစ်ထူး သူ့နှဖူးသာ သူထုပြီး
"ကိုပယင်းရေ ခဏက ဘုန်းကြီးဝိုင်းအတွက် အချိုတည်းဖို့ ကိတ်မုန့်နဲ့ လက်ဖက်ရည်တွေ ကျန်သေးတယ်မလား ၊ အဲဒါ ကျွန်တော်တို့ အကိုလေးကို ကျွေးလို့ရလား"
"ရတယ် အိမ်ထဲမှာ ဝင်စားလိုက်လေ။ အာ ဘယ်လိုခေါ်သွားရမလဲ အိမ်ထဲ"

အမေ့လို ပိန်ပိန်ပါးပါးကို သူ အိမ်ထဲ ပွေ့ခေါ်‌နိုင်ပေမယ့် ဒီလူအကြီးကြီးကျတော့ သူမနိုင်ပြန်။

ဒါမျိုးကျ နီယွန်တို့က အရမ်းကို သဘောပေါက်မြန်လှစွာ

"ငါ လမ်းလျောက်နိုင်တယ်"
ဆိုပြီး ရုတ်ချည်း မတ်တပ်ရပ်လိုက်ကာ မမြင်မစမ်းနှင့် သူ့ဘေးတင် ရပ်နေသော ပယင်းခြေထောက်ပေါ် တက်နင်းမိတော့သည်။

"အ့"
နီယွန် သူ တစ်ခုခုကို တက်နင်းမိတာကြောင့် အယောင်ယောင်အမှားမှား ခြေထောက်ပြန်ဖယ်လိုက်တာ ခြေထောက် ယိုင်သွားပြီး ပစ်လဲမလို ဖြစ်သွားတော့သည်။
နီယွန် ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးမမြင်ရခြင်းကို မုန်းတီးမိသွားသည်။ သူအခုတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်ပြန်တော့မည်။ သို့သော်.... သူတွေးနေသလို သူမြေပြင်ပေါ် ပစ်မလဲသွားပဲ နွေးနေတဲ့ လက်တစ်စုံက သူ့လက်ဖဝါးကို ဖမ်းဆွဲပြီး ဟန်ချက်ထိန်းပေးသွားကာ
"အဆင်ပြေရဲ့လား ၊ ဘယ်နား ထိသွားသေးလဲ"

ခပ်မတ်မတ်ရပ်နေတဲ့ နီယွန်ရဲ့ အရပ်ဟာ ပယင်းထက် ခေါင်းတစ်လုံးကျော်လျက်။
" I'm fine , sorry ... sorry.."
ပယင်း နီယွန်လက်ကို တင်းတင်းကိုင်ကာ
"ဘာမှ မဖြစ်ဘူး၊ လာ ကျွန်တော် အိမ်ထဲခေါ်သွားပေးမယ်၊ ကျွန်တော့်နောက်က လိုက်ခဲ့"

နီယွန် သူကိုင်ထားတဲ့ လက်နွေးနွေးကို သဘောကျသည်။ အရမ်းလဲ နူးညံ့မနေသလို လက်ထိပ်လေးတွေက အသားမာတက်နေသည်က ဂီတာတီးသည့် ရလဒ်ကြောင့် ထင်ပါရဲ့။ လက်ရဲ့ အနွေးဓာတ်ကြား ပျော်ဝင်မိကာ ထိုလက်ကို တစ်သက်လုံး ထွေးပွေ့ထားချင်မိသည်အထိ။

"နီယွန် ထိုင် ဒီမှာ ၊ သတိထား ရှေ့မှာ စားပွဲရှိတယ်၊ ဒူးနဲ့ တိုက်မိမယ်"

နီယွန် ထိုင်ချလိုက်တော့ သူ့လက်ကိုကိုင်ကာ နွေးတေးတေး ခွက်တစ်ခွက် သူ့လက်ထဲရောက်လာပြီး

"ဒါက လက်ဖက်ရည်။ နီယွန်သောက်နေကျလို အရသာ မကောင်းလောက်ပေမယ့် သောက်လို့တော့ အဆင်ပြေတဲ့အရသာမျိုးပဲ။ ဒီမှာ ဒါက ကိတ်ပန်းကန်"

"Ok . Thanks "
"ဟုတ်ကဲ့ပါဗျာ"

"ပယင်းရေ "
"ဗျာ မေ"

ထမင်းဝိုင်းမှာ ကျန်ခဲ့တဲ့ မိခင် အော်သံကြောင့် ပယင်း ပြန်ထူးရင်း
"ခဏနော် "
"Ok"

သူ့နားက ဝေးသွားတဲ့ ခြေသံဖွဖွကို မှန်းဆရင်း နီယွန် သူ့လက်ဖဝါးတွေကို ပွတ်သတ်မိသည်။

နွေးတယ်။

သူ သဘောကျတယ်။

To be continue ♥️






Zawgi
******

"ပ်င္းေရာင္ ၊ ပ်င္းေရာင္ "

နီယြန္ ‌မနက္က အသံပိုင္ရွင္ေလး နာမည္ကို ေမ့မသြားရန္ ထပ္တလဲလဲ ႐ြတ္မိသည္။ အသံရွင္ေလး နာမည္က ခက္လွသည္ကိုး။

"ပယင္းပါဆိုဗ်ာ ၊ ပ်င္း လုပ္ျပန္ၿပီ"

ခ်စ္ထူး သူ႔အကိုေလးကို ေရပတ္တိုက္ေပးရင္း ပြစိပြစိ ေျပာမိျပန္သည္။ တစ္ဖက္ၿခံက အကိုက သေဘာေကာင္းလို႔ ေတာ္ေသးတာေပါ့။

"ငါ သူနဲ႔ လုပ္ခ်င္တယ္ ....."

သူ ဘာလုပ္ခ်င္လဲဆိုတာကို ျမန္မာလို ေျပာဖို႔ရာ နီယြန္ႏႈတ္ဖ်ားတင္ ေမ့လို႔ေနၿပီ။

"လုပ္ခ်င္တာ ၊ ဘာကိုလဲ သူငယ္ခ်င္းလား"
"Yes! yes . သူငယ္ခ်င္း လုပ္ခ်င္တယ္"

"ဒါမ်ား ေအးေဆး သန္ဘက္ခါက်  သူတို႔အိမ္မွာ အလႉလုပ္မယ္တဲ့၊ ဖိတ္သြားတယ္။ သြားရင္း မိတ္ဖြဲ႕ခဲ့ေပးမယ္"
"အလႉ က ဘာႀကီးလဲ "

"အာ အကိုေလးကို ဘယ္လိုရွင္းျပရမလဲ ၊ အလႉဆိုတာ ဘုန္းႀကီး အိမ္ပင့္ၿပီး ပစၥည္းေတြ ေပးတာမ်ိဳးေလ။ လာတဲ့ လူေတြကိုလဲ အလကားေကြၽးတာ "

"ဘုန္းႀကီး က monk ကို ေျပာတာလား။  donation? "

"မုန႔္ေတြ မမုန႔္ေတြ ဒိုေနးမရွင္းတရွင္းေတြ ကြၽန္ေတာ္လဲ မသိဘူးဗ်ာ။ သိခ်င္ရင္ အကိုေလးသာ လိုက္ခဲ့ေတာ့"

ထိုသို႔ျဖင့္ နီယြန္တစ္ေယာက္ ပယင္းတို႔ အိမ္အလႉမွာ ခ်စ္ထူးေကာင္းမႈျဖင့္ ပုဆိုးေလး ကားကား ကားကားျဖင့္ ေရာက္ရွိလို႔ သြားပါေတာ့သည္။

ပယင္း ဘုန္းႀကီးဆြမ္းကပ္ေနဆဲပင္ အိမ္ေရွ႕ ေက်ာက္စရစ္ခဲေတြကို ျဖတ္နင္းလာတဲ့ ဘီးအသံေၾကာင့္ အလိုလို ၿပဳံးလိုက္မိသည္။ သူ႔မိခင္ဟာလဲ wheelchair နဲ႔ျဖစ္တာေၾကာင့္ ေက်ာက္စရစ္ခဲေပၚ wheelchair ကို ခက္ခက္ခဲခဲ တြန္းလာသံက နားယဥ္ေနကာ။ မိခင္က အခု သူ႔ေဘးမွာ ႀကဳံ႕ႀကဳံ႕ေလးထိုင္ကာ ဘုန္းႀကီးေတြႏွင့္ စကားေျပာေနတာမို႔ ေသခ်ာေပါက္ကို ဒါဟာ မ်က္မွန္ႏွင့္ ႏိုင္ငံျခားသားပင္။

ခ်စ္ထူး အကိုေလးကို ဧည့္ခံဖို႔ ခင္းက်င္းထားတဲ့ အိမ္ေရွ႕က စားပြဲဝိုင္းနား ရပ္ကာ
"အကိုေလး ကြၽန္ေတာ္နဲ႔ ေဒြးၾကည္ ဦးေတာ္ လုပ္လိုက္ဦးမယ္ေနာ္။ ေစာင့္ေနေနာ္"

အိမ္မွာ အကိုေလးရယ္ ၊အိမ္အကူ ေဒြးၾကည္ရယ္ သူရယ္သာ ရွိတာေၾကာင့္ တရားနာ ဘာညာဆို ေဒြးၾကည္ကလဲ မပါမျဖစ္။ မေန႔ညေနကေတာင္ ခ်က္ျပဳတ္ဖို႔ကို ေဒြးၾကည္ကိုယ္တိုင္ လာကူထားတာမလို႔ ေဒြးၾကည္က သြက္သြက္ သြက္သြက္ႏွင့္ အိမ္ထဲဝင္သြားေလၿပီ။

နီယြန္ ခ်ဴး ထားေပးခဲ့တဲ့ ေနရာမွာ ၿငိမ္ၿငိမ္ေလး ထိုင္ရင္း အသံပိုင္ရွင္ေလးဟာ ဘာေၾကာင့္ သူ႔ကို လာမႏႈတ္ဆက္ေသးတာလဲလို႔ ေတြးရင္း။ ျမန္မာေတြက အရမ္း ေဖာ္ေ႐ြၾကတယ္ မဟုတ္ဘူးလား ။
မၾကာလိုက္ တရားသံထြက္လာကာမွ နီယြန္နားလည္‌သြားေတာ့သည္။ ခ်ဴးေျပာတဲ့ အလႉဆိုတဲ့ အဓိပၸာယ္ကို။ သူ ဒီမွာေနစဥ္ အေတာတြင္း အမ်ားျပား ၾကားဖူးေပမယ့္ ဘာမွန္းသိခ်င္စိတ္လဲ မရွိခဲ့သလို ေမးလဲ မေမးဖူးတာေၾကာင့္ မသိခ်င္းပင္။ တစ္ခါတေလ မီးဖိုခန္းထဲမွာ အန႔္(aunt)ၾကည္ ဖြင့္ဖြင့္ေနတာ သူခဏခဏ ၾကားဖူးေနသည္။

အဓိပၸာယ္ မေပါက္ေသာ္လည္း လူေတြ ညီညီညာညာ ႐ြတ္ဆိုသံက မနက္ခင္းၾကားမွာ သာယာစြာ ပ်ံ႕လႊင့္လို႔။ တရားၿပီးလို႔ ဘုန္းႀကီး ျပန္ႂကြသြားကာမွ ပယင္း မိခင္ကို အိမ္ေရွ႕ေခၚခဲ့လိုက္သည္။

ေဒၚသြန္းသက္ျဖဴ သားေခၚရာ လိုက္ခဲ့ရင္း ၿခံထဲက သူမနည္းတူ wheelchair ႏွင့္ လူငယ္ေလးကို ေတြ႕လိုက္တာေၾကာင့္ စိတ္ထဲ လႈိက္ခနဲ ဝမ္းသာသြားရသည္။ ဒူးဆစ္ကေန တိတိပပ ပ်က္ေတာက္ေနတဲ့ သူမေျခေထာက္ေတြဟာ ထဘီႏွင့္ ဖုံးကြယ္ထားေပမယ့္ လွစ္လပ္ေနတဲ့ အရာက သိသိသာသာ။  ရန္ကုန္လို ၿမိဳ႕ႀကီးမွာ wheelchair ႏွင့္ ေနရတာ မထူးဆန္းေပမယ့္ ဒီေတာင္ေပၚၿမိဳ႕ေလးမွာေတာ့ လူအမ်ားဝိုင္းၾကည့္စရာ အထူးဆန္းလို ျဖစ္ေနသည္။

သူမစစေရာက္ၿပီး ဘုန္းႀကီးေက်ာင္း လိုက္ရွာရင္း ရပ္ကြက္ဥကၠဌအိမ္ လိုက္ရွာရင္း အျပင္ထြက္မိတာေတာင္ တစ္လမ္းလုံး လိုက္ၾကည့္လို႔ မ‌ဆုံးတာေၾကာင့္ ေနာက္ေန႔ အျပင္မထြက္ေတာ့။ အခုေတာ့ သူမလို wheelchair အသုံးျပဳသူ ေနာက္တစ္ဦးကို ေတြ႕လိုက္တာေၾကာင့္ သူမရင္ထဲ ရွက္စိတ္ေတြဟာ အနည္းငယ္ ေလ်ာ့က်သြားလ်က္။

ေရာက္တာ တစ္ပတ္မျပည့္ေသးေပမယ့္ ႐ိုးသားလွတဲ့ ၿမိဳ႕ေလးက လူေတြဟာ ၿခံဝိုင္းထဲ အျပည့္။ အစက အရာရာ ခက္ခဲမွာ ပူခဲ့ေသာ္လည္း ေက်ာင္းထိုင္ဦးဇင္းရဲ႕ လမ္းၫႊန္မႈျဖင့္ ေက်ာင္းအတြက္  ခ်က္ျပဳတ္ေပးသည့္အဖြဲ႕ကို အကူညီေတာင္းကာ ခ်က္ျပဳတ္ဧည့္ခံဖို႔ရာကို ပယင္းလွည့္ၾကည့္ဖို႔ရန္ မလိုေတာ့။ သူတို႔ဟာသူတို႔ အရာရာလုပ္ေဆာင္သြားသည္မွာ ပတ္ဝန္းက်င္ကို လိုက္ဖိတ္ၾကားသည္ကအစ။

"Hello နီယြန္၊ ပ်င္းေနၿပီလား"
"ဟင္"

အသံဆူဆူညံညံၾကားမွ အသံခ်ိဳေလးေၾကာင့္ နီယြန္ေခါင္းေထာင္လာသည္။ အသံရွင္ေလးက သူ႔နာမည္ကို ဘာေနၿပီလားလို႔ ေမးတာပါလိမ့္.
မ်က္မွန္ေအာက္က အူေၾကာင္ေၾကာင္ ႐ုပ္ေလးေၾကာင့္ ပယင္း ရီလိုက္မိကာ
"ေရာက္တာ ၾကာၿပီလား ေမးတာ"
"အင္း ၾကာၿပီ။ half hourေလာက္ "
"ဪ ဪ စားၿပီးၿပီလား"
"ခ်ဴးက ဒီမွာ ေကြၽးလိမ့္မယ္ မစားနဲ႔ဦးတဲ့"

"ဟာဗ်ာ အကိုေလးကေတာ့ လုပ္ၿပီ"

ထမင္းဟင္းထည့္ထားတဲ့ဗ်ပ္ကို ကူမရင္း ေရာက္လာတဲ့ ခ်စ္ထူးရဲ႕ အသံ။
ပယင္းရီကာ
"ဟုတ္ၿပီ အမ်ားႀကီးစားေနာ္၊ ကြၽန္ေတာ္ သူမ်ားကို လိုက္ဧည့္ခံလိုက္ဦးမယ္"
"ငါ အမ်ားႀကီး မစားႏိုင္ဘူး။ မနက္စာ ေကာ္ဖီနဲ႔ မုန႔္ပဲ စားတာ"

ခ်စ္ထူး သူ႔ႏွဖူးသာ သူထုၿပီး
"ကိုပယင္းေရ ခဏက ဘုန္းႀကီးဝိုင္းအတြက္ အခ်ိဳတည္းဖို႔ ကိတ္မုန႔္နဲ႔ လက္ဖက္ရည္ေတြ က်န္ေသးတယ္မလား ၊ အဲဒါ ကြၽန္ေတာ္တို႔ အကိုေလးကို ေကြၽးလို႔ရလား"
"ရတယ္ အိမ္ထဲမွာ ဝင္စားလိုက္ေလ။ အာ ဘယ္လိုေခၚသြားရမလဲ အိမ္ထဲ"

အေမ့လို ပိန္ပိန္ပါးပါးကို သူ အိမ္ထဲ ေပြ႕ေခၚ‌ႏိုင္ေပမယ့္ ဒီလူအႀကီးႀကီးက်ေတာ့ သူမႏိုင္ျပန္။

ဒါမ်ိဳးက် နီယြန္တို႔က အရမ္းကို သေဘာေပါက္ျမန္လွစြာ

"ငါ လမ္းေလ်ာက္ႏိုင္တယ္"
ဆိုၿပီး ႐ုတ္ခ်ည္း မတ္တပ္ရပ္လိုက္ကာ မျမင္မစမ္းႏွင့္ သူ႔ေဘးတင္ ရပ္ေနေသာ ပယင္းေျခေထာက္ေပၚ တက္နင္းမိေတာ့သည္။

"အ့"
နီယြန္ သူ တစ္ခုခုကို တက္နင္းမိတာေၾကာင့္ အေယာင္ေယာင္အမွားမွား ေျခေထာက္ျပန္ဖယ္လိုက္တာ ေျခေထာက္ ယိုင္သြားၿပီး ပစ္လဲမလို ျဖစ္သြားေတာ့သည္။
နီယြန္ ပထမဆုံးအႀကိမ္အျဖစ္ သူ႔မ်က္လုံးမျမင္ရျခင္းကို မုန္းတီးမိသြားသည္။ သူအခုေတာ့ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ျပန္ေတာ့မည္။ သို႔ေသာ္.... သူေတြးေနသလို သူေျမျပင္ေပၚ ပစ္မလဲသြားပဲ ေႏြးေနတဲ့ လက္တစ္စုံက သူ႔လက္ဖဝါးကို ဖမ္းဆြဲၿပီး ဟန္ခ်က္ထိန္းေပးသြားကာ
"အဆင္ေျပရဲ႕လား ၊ ဘယ္နား ထိသြားေသးလဲ"

ခပ္မတ္မတ္ရပ္ေနတဲ့ နီယြန္ရဲ႕ အရပ္ဟာ ပယင္းထက္ ေခါင္းတစ္လုံးေက်ာ္လ်က္။
" I'm fine , sorry ... sorry.."
ပယင္း နီယြန္လက္ကို တင္းတင္းကိုင္ကာ
"ဘာမွ မျဖစ္ဘူး၊ လာ ကြၽန္ေတာ္ အိမ္ထဲေခၚသြားေပးမယ္၊ ကြၽန္ေတာ့္ေနာက္က လိုက္ခဲ့"

နီယြန္ သူကိုင္ထားတဲ့ လက္ေႏြးေႏြးကို သေဘာက်သည္။ အရမ္းလဲ ႏူးညံ့မေနသလို လက္ထိပ္ေလးေတြက အသားမာတက္ေနသည္က ဂီတာတီးသည့္ ရလဒ္ေၾကာင့္ ထင္ပါရဲ႕။ လက္ရဲ႕ အေႏြးဓာတ္ၾကား ေပ်ာ္ဝင္မိကာ ထိုလက္ကို တစ္သက္လုံး ေထြးေပြ႕ထားခ်င္မိသည္အထိ။

"နီယြန္ ထိုင္ ဒီမွာ ၊ သတိထား ေရွ႕မွာ စားပြဲရွိတယ္၊ ဒူးနဲ႔ တိုက္မိမယ္"

နီယြန္ ထိုင္ခ်လိုက္ေတာ့ သူ႔လက္ကိုကိုင္ကာ ေႏြးေတးေတး ခြက္တစ္ခြက္ သူ႔လက္ထဲေရာက္လာၿပီး

"ဒါက လက္ဖက္ရည္။ နီယြန္ေသာက္ေနက်လို အရသာ မေကာင္းေလာက္ေပမယ့္ ေသာက္လို႔ေတာ့ အဆင္ေျပတဲ့အရသာမ်ိဳးပဲ။ ဒီမွာ ဒါက ကိတ္ပန္းကန္"

"Ok . Thanks "
"ဟုတ္ကဲ့ပါဗ်ာ"

"ပယင္းေရ "
"ဗ်ာ ေမ"

ထမင္းဝိုင္းမွာ က်န္ခဲ့တဲ့ မိခင္ ေအာ္သံေၾကာင့္ ပယင္း ျပန္ထူးရင္း
"ခဏေနာ္ "
"Ok"

သူ႔နားက ေဝးသြားတဲ့ ေျခသံဖြဖြကို မွန္းဆရင္း နီယြန္ သူ႔လက္ဖဝါးေတြကို ပြတ္သတ္မိသည္။

ေႏြးတယ္။

သူ သေဘာက်တယ္။

To be continue ♥️



Comment