လေငွေ့သွင်သွင်(၂)

Unicode
********

"မင်း မနက်ဖြန် fan meeting ရှိတယ်နော်။ ထိန်းဦး"
"အေးဆေးပေါ့ ကိုဦးရာ။ သုခဘုံလေးထဲ ပျော်ပါရစေဦး"
"မင်းတော့လေ ၊ အနံ့တွေ စွဲကုန်မယ် ၊ တော်တော့"
မြူရိပ်လက်ထဲက ဆေးမှုန့်ကို ကိုဦး ဆွဲယူလိုက်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်ကာ

"Fan တွေက မင်းကို မနက်ဖြန် သီချင်းဆိုပြဖို့ တောင်းဆိုနေကြတယ်၊ ဘယ်လိုလုပ်မလဲ"
"ထုံးစံအတိုင်းပေါ့ဗျာ။ အသံဝင်နေလို့ဆို ပြီးတာပဲ"

"နေပါဦး။ မင်းက အဆိုလဲ စိတ်မဝင်စား။ ကိုယ်တိုင်လဲ သီချင်းမဆိုတတ်ဘဲ ဘာလို့ ပယင်းအသံခိုးပြီး အဆိုတော် လုပ်နေရတာလဲ"

မြူရိပ် သူ့လက်ဝါးပေါ်က ဆေးအကပ်ကို ရှိုက်သွင်းလိုက်ရင်း
"ကာဗာလေဗျာ။ ရုပ်ကလေးလှ အသံလေးကောင်းပြီး အမြဲကောင်းမှုကုသိုလ်တွေ လုပ်နေတဲ့ ကျုပ်က အသံလည်း ကျုပ်အသံမဟုတ်တဲ့ မူးယစ်ဆေး ဖြန့်ဝေသူလို့ ဘယ်သူက လာထင်မှာတုန်း ဟင်။ ပယင်းကတော့ သူ့ထိုက်နဲ့သူ့ကံပေါ့ ၊ ကျုပ်လိုလူနဲ့မှ လာကြုံရတယ်လို့"

"ပယင်းက ထုတ်ပြောလိုက်မှာ မကြောက်ဘူးလား"
"သူက နာမည်ကြီးလား ကျုပ်က နာမည်ကြီးလား၊ ဒီလောကမှာ နာမည်ကြီးတဲ့လူက အနိုင်ဗျ၊ သူ ထုတ်ပြောပါပြီတဲ့ ၊ ဘယ်သူက သူ့ကိုယုံမှာလဲ။ fan တွေရဲ့ လိုင်းပေါ်က cyber bullying နဲ့တင် အဲကောင် ခေါင်းထောင်နိုင်မှာ မဟုတ်ဘူး။ အမှန်တရားက ဘာဖြစ်နေပါစေ လူသိများတာက အနိုင်ပဲ "

"မင်း အဆင်ပြေရင် ပြီးရော"
မြူရိပ်လဲ သူ့ဆိုဖာပေါ်မှာ စည်းစိမ်ခံလျက်။

ဒီရက်ထဲ အသံသွင်းစရာ မရှိတာကြောင့် ပယင်း အားလပ်လို့နေသည်။ ပျင်းပျင်းနှင့် ဂီတာဆွဲကာ လမ်းထိပ်က ဘုန်းကြီးကျောင်းတိုက်သို့ ထွက်လာခဲ့သည်။ ဘုရားဝင်းထဲ ဆူဆူညံညံလဲ မဖြစ်စေအောင် ကျောင်းအဝင်ဝ ခုံတန်းလျားလေးမှာထိုင်ကာ ဂီတာကို ကြိုးညှိလိုက်သည်။
နောက် သူ့လက်ချောင်းလေးတွေက ဂီတာကြိုးထက် ပြေးလွှားလို့သွားကာ အသံချိုအေးအေးလေးက ဆွေးပျံ့ပျံ့ လေထုထဲ စီးဝင်လာလေလျက်။

❄️နင်လဲ အခုဆို ရင့်ကျက်လို့နေပြီ .
ငါလဲအခုဆို ရင့်ကျက်သင့်ပါပြီ..
အို ဘဝတွေ ခြား ဝေးသွားမှ
ဘာမှားလဲ ခုငါသိ...
နင်လဲအခုဆို တခြားတစ်ယောက်ရှိလောက်ပြီ..
ငါတွဲဖူးတဲ့လက်က တခြားတစ်ယောက်ဆီ...
ငါယုံလိုက်ပါပြီ...
မင်းတို့အခုဆို အချစ်သစ်စလောက်ပြီ...
နင်ငါ့ကို မုန်းလို့သွားတာလဲ .....
ဒါငါ့ကြောင့်ပဲ ငါလုပ်တာပဲ....
အားလုံးငါ့ရဲ့ အပြစ်တွေပဲ
နင့်ချစ်သူသိဖို့ ပြောချင်ရဲ့
နင်ရဲ့အကြိုက်တွေ နင်မကြိုက်တဲ့ စရိုက်တွေ
အားလုံးမင်းနဲ့ ဝေးစေဖို့

ကျေးဇူးပြု၍ကွာ အိုး မင်းငါ့ထက်သူ့ကို မြတ်နိုးပေးပါ
ကျေးဇူးပြု၍ကွာ မင်းသူ့ထက် နားလည်မှုများ ပေးပါ
ငါမြတ်နိုးပျိုးခဲ့တဲ့ ဒီပန်းလေး ညိုးသွားမှာ မလိုလားလို့ပါ
ကျေးဇူးပြု၍ကွာ မင်းငါ့လို ချစ်သွားပေးပါ......။

အသံချိုအေးအေးလေးဟာ ဘုန်းကြီးဝန်းတစ်လျောက်မှာ ပျံ့လွှင့်နေလေလျက်။ နေဝင်ဆည်းဆာ ရောင်နီပျပျမှာ ဂီတာပိုက်ထားပြီး အသံချိုလေးနဲ့ သီကြူးနေတဲ့ ကောင်ငယ်လေးဟာ အလင်းမလိုစွာ ကိုယ်တိုင်က တောက်‌ပနေလျက်။

ထိုပုံရိပ်လေးဟာ  ဖုန်းကင်မရာနှင့် video ရိုက်ကူးသွားကာ လိုင်းပေါ်၌ တင်သွားတာကိုတော့ ပယင်း မသိလိုက်။

ထိုvideoဟာ ၂ရက်အတွင်း နာမည်ကြီးသွားပြီး share သူပေါင်း Killo ချီကာ like နှင့် comment တွေဟာလဲ Million ချီသည်ထိ။
ထို video နှင့်အပြိုင် နာမည်ကြီးနေတာက နာမည်ကြီး အဆိုတော် မြူရိပ်တစ်ယောက်ရဲ့ ကလပ်တွင်းက မူးယစ်ဆေးသုံးစွဲနေသည့် ဝိုးတစ်ဝါး ပုံရိပ်ပင်။ လူမသိ သူမသိ အဆိုရှင်လေးရဲ့ videoထက် နာမည်ကြီး အဆိုတော်ရဲ့ သတင်းဟာ မီဒီယာတိုင်း သတင်းpagesတိုင်းမှာ ငှားငှားစွင့်စွင့် ။

မြူရိပ် သူ့ဖုန်းကို ပစ်ပေါက်လိုက်ကာ
"ဓာတ်ပုံရိုက်သွားတာ ဘယ်ခွေးမသားလဲ၊ သတ်ပစ်လိုက်။ အဲကလပ်က ငါတို့ ပိုင်နက်ထဲက မဟုတ်လား၊ ဘယ်ကောင်လဲ၊ ဘယ်ကောင် ငါ့ကို ထိရဲရတာလဲ၊ တခြားဂိုဏ်းကကောင်တွေလား"

"မဖြစ်နိုင်ဘူး။ မင်းရဲ့ hater တွေဖြစ်မယ်။ ဘယ်သူလဲ သိတာနဲ့ ငါရှင်းလိုက်မယ်။ ရဲတွေက သတင်းခိုင်လုံမှု မရှိသေးလို့ ချက်ချင်းတော့ မလာနိုင်ဘူး။ ဒီညမဟုတ်တောင် မနက်ဖြန်ကျ ဖမ်းဝရမ်းထွက်လောက်ပြီ။   ရဲတွေ လာစစ်ရင် မင်းဆေးသုံးထားတာ ပေါ်သွားမှာပဲ၊ အဲဒါ ဘယ်လိုရှင်းကြမလဲ။ ပုံမှန်ဆို ရဲစခန်းနဲ့ မီဒီယာတွေကို ဖြေရှင်းဖို့ လွယ်ပေမယ့် haterတွေနဲ့ မင်းရဲ့ fanတွေကိုတော့ ရှင်းဖို့ မလွယ်လောက်ဘူး၊ နောက်ပြီး..."

"စကားကို ဆုံးအောင်ပြော ၊ နောက်ပြီး ဘာလဲ"

ကိုဦး သူ့ဖုန်းထဲကနေ ပယင်းရဲ့ နာမည်ကြီးနေတဲ့ video ကို ပြလိုက်တော့သည်။
"တောက်! လူမြင်ကွင်းမှာ သီချင်းမဆိုပါဘူးလို့ အဲခွေးကောင် ကတိပေးထားတယ် မဟုတ်လား။ ဘာလဲ ငါ့မူးယစ်ဆေးသတင်းနဲ့ ငါနာမည်ပျက်စီးပြီဆို‌ပြီး ငါ့ကို အာခံချင်တဲ့ သဘောလား၊ ရှင်းပစ်လိုက်တော့ အဲကောင်လဲ"

"ရှင်းပစ်ဖို့လောက်ထိ မလိုပါဘူး။ မင်း album ထပ်ထုတ်ဦးမှာ မလား။ သူ့ကို လိုအပ်သေးတယ်။ ငါကြည့်ရှင်းလိုက်မယ်"

"ဘာလဲ သူ့ကို သနားပြန်ပြီလား၊ ခင်ဗျားတို့တွေ အတူတူကြီးပျင်းလာတာနဲ့ သူ့ကို သနားနေတာလား။ မလိုဘူး။ ဌာနချုပ်ကနေ ကျုပ်ကို ပြန်ခေါ်နေပြီ။ တေးသံရှင် မြူရိပ် အသတ်ခံရတယ်ဆိုပြီး ဒီည လုပ်ထား။ ညတွင်းချင်း ထွက်မယ်၊ ပြင်ထား။"

မြူရိပ်ပြောပြီး သူ့အဝတ်ပြင်ဖို့ အခန်းထဲ သွားနေရာမှ
" ပယင်းကို သတ်ဖို့ မမေ့နဲ့။ သူဆိုတာ ကျုပ်ခြေဖဝါးအောက်ကကောင်။ ကျုပ်က ပြေးနေရချိန်မှာ သူ့ကိုတော့ အေးဆေးနေခွင့် ပေးလို့ ဖြစ်မလား။"
"အင်းပါ"

မြူရိပ် အခန်းထဲ ဝင်သွားတော့ ကိုဦး ဖုန်းထုတ်လိုက်ကာ လူတစ်ယောက်ထံ ခေါ်ဆိုလိုက်ပြီး

"အင်း ပယင်းနဲ့ သူ့အမေကို ..။အင်း ခဏနေ ငွေလွှဲလိုက်မယ်၊ ဘယ်သူမှ မသိစေနဲ့ "


နောက်နေ့ ရဲတွေ ရောက်လာချိန်မှာတော့ ရုပ်ပျက်ဆင်းပျက် သေဆုံးနေတဲ့ အလောင်းကသာ စောင့်ကြိုလျက်။ ရဲတွေဟာလဲ သေဆုံးသူက မြူရိပ်ဖြစ်ကြောင်း မီဒီယာထံ အတည်ပြုပေးလိုက်ကာ  social media မှာတော့ ပွက်လောရိုက်လို့။ idol အတွက် ငိုကျသူတွေ ၊ haterတွေရဲ့ ဝမ်းမြာက်ဝမ်းသာ လှောင်ပြောင်ထေ့ငေါ့မှုတွေ ၊ ရဲတွေရဲ့ လာဘ်စားမှုတွေနဲ့အတူ တေးသံရှင် မြူရိပ်ဟာ သတ်သေမှုနှင့် အမှုပိတ်သွားလေလျက်။

To be continue ♥️
Love you 🤟

Zawgi
*****

"မင္း မနက္ျဖန္ fan meeting ရွိတယ္ေနာ္။ ထိန္းဦး"
"ေအးေဆးေပါ့ ကိုဦးရာ။ သုခဘုံေလးထဲ ေပ်ာ္ပါရေစဦး"
"မင္းေတာ့ေလ ၊ အနံ႔ေတြ စြဲကုန္မယ္ ၊ ေတာ္ေတာ့"
ျမဴရိပ္လက္ထဲက ေဆးမႈန႔္ကို ကိုဦး ဆြဲယူလိုက္ၿပီး အမႈိက္ပုံးထဲ ပစ္လိုက္ကာ

"Fan ေတြက မင္းကို မနက္ျဖန္ သီခ်င္းဆိုျပဖို႔ ေတာင္းဆိုေနၾကတယ္၊ ဘယ္လိုလုပ္မလဲ"
"ထုံးစံအတိုင္းေပါ့ဗ်ာ။ အသံဝင္ေနလို႔ဆို ၿပီးတာပဲ"

"ေနပါဦး။ မင္းက အဆိုလဲ စိတ္မဝင္စား။ ကိုယ္တိုင္လဲ သီခ်င္းမဆိုတတ္ဘဲ ဘာလို႔ ပယင္းအသံခိုးၿပီး အဆိုေတာ္ လုပ္ေနရတာလဲ"

ျမဴရိပ္ သူ႔လက္ဝါးေပၚက ေဆးအကပ္ကို ရႈိက္သြင္းလိုက္ရင္း
"ကာဗာေလဗ်ာ။ ႐ုပ္ကေလးလွ အသံေလးေကာင္းၿပီး အၿမဲေကာင္းမႈကုသိုလ္ေတြ လုပ္ေနတဲ့ က်ဳပ္က အသံလည္း က်ဳပ္အသံမဟုတ္တဲ့ မူးယစ္ေဆး ျဖန႔္ေဝသူလို႔ ဘယ္သူက လာထင္မွာတုန္း ဟင္။ ပယင္းကေတာ့ သူ႔ထိုက္နဲ႔သူ႔ကံေပါ့ ၊ က်ဳပ္လိုလူနဲ႔မွ လာႀကဳံရတယ္လို႔"

"ပယင္းက ထုတ္ေျပာလိုက္မွာ မေၾကာက္ဘူးလား"
"သူက နာမည္ႀကီးလား က်ဳပ္က နာမည္ႀကီးလား၊ ဒီေလာကမွာ နာမည္ႀကီးတဲ့လူက အႏိုင္ဗ်၊ သူ ထုတ္ေျပာပါၿပီတဲ့ ၊ ဘယ္သူက သူ႔ကိုယုံမွာလဲ။ fan ေတြရဲ႕ လိုင္းေပၚက cyber bullying နဲ႔တင္ အဲေကာင္ ေခါင္းေထာင္ႏိုင္မွာ မဟုတ္ဘူး။ အမွန္တရားက ဘာျဖစ္ေနပါေစ လူသိမ်ားတာက အႏိုင္ပဲ "

"မင္း အဆင္ေျပရင္ ၿပီးေရာ"
ျမဴရိပ္လဲ သူ႔ဆိုဖာေပၚမွာ စည္းစိမ္ခံလ်က္။

ဒီရက္ထဲ အသံသြင္းစရာ မရွိတာေၾကာင့္ ပယင္း အားလပ္လို႔ေနသည္။ ပ်င္းပ်င္းႏွင့္ ဂီတာဆြဲကာ လမ္းထိပ္က ဘုန္းႀကီးေက်ာင္းတိုက္သို႔ ထြက္လာခဲ့သည္။ ဘုရားဝင္းထဲ ဆူဆူညံညံလဲ မျဖစ္ေစေအာင္ ေက်ာင္းအဝင္ဝ ခုံတန္းလ်ားေလးမွာထိုင္ကာ ဂီတာကို ႀကိဳးညႇိလိုက္သည္။
ေနာက္ သူ႔လက္ေခ်ာင္းေလးေတြက ဂီတာႀကိဳးထက္ ေျပးလႊားလို႔သြားကာ အသံခ်ိဳေအးေအးေလးက ေဆြးပ်ံ႕ပ်ံ႕ ေလထုထဲ စီးဝင္လာေလလ်က္။

❄️နင္လဲ အခုဆို ရင့္က်က္လို႔ေနၿပီ .
ငါလဲအခုဆို ရင့္က်က္သင့္ပါၿပီ..
အို ဘဝေတြ ျခား ေဝးသြားမွ
ဘာမွားလဲ ခုငါသိ...
နင္လဲအခုဆို တျခားတစ္ေယာက္ရွိေလာက္ၿပီ..
ငါတြဲဖူးတဲ့လက္က တျခားတစ္ေယာက္ဆီ...
ငါယုံလိုက္ပါၿပီ...
မင္းတို႔အခုဆို အခ်စ္သစ္စေလာက္ၿပီ...
နင္ငါ့ကို မုန္းလို႔သြားတာလဲ .....
ဒါငါ့ေၾကာင့္ပဲ ငါလုပ္တာပဲ....
အားလုံးငါ့ရဲ႕ အျပစ္ေတြပဲ
နင့္ခ်စ္သူသိဖို႔ ေျပာခ်င္ရဲ႕
နင္ရဲ႕အႀကိဳက္ေတြ နင္မႀကိဳက္တဲ့ စ႐ိုက္ေတြ
အားလုံးမင္းနဲ႔ ေဝးေစဖို႔

ေက်းဇူးျပဳ၍ကြာ အိုး မင္းငါ့ထက္သူ႔ကို ျမတ္ႏိုးေပးပါ
ေက်းဇူးျပဳ၍ကြာ မင္းသူ႔ထက္ နားလည္မႈမ်ား ေပးပါ
ငါျမတ္ႏိုးပ်ိဳးခဲ့တဲ့ ဒီပန္းေလး ညိဳးသြားမွာ မလိုလားလို႔ပါ
ေက်းဇူးျပဳ၍ကြာ မင္းငါ့လို ခ်စ္သြားေပးပါ......။

အသံခ်ိဳေအးေအးေလးဟာ ဘုန္းႀကီးဝန္းတစ္ေလ်ာက္မွာ ပ်ံ႕လႊင့္ေနေလလ်က္။ ေနဝင္ဆည္းဆာ ေရာင္နီပ်ပ်မွာ ဂီတာပိုက္ထားၿပီး အသံခ်ိဳေလးနဲ႔ သီၾကဴးေနတဲ့ ေကာင္ငယ္ေလးဟာ အလင္းမလိုစြာ ကိုယ္တိုင္က ေတာက္‌ပေနလ်က္။

ထိုပုံရိပ္ေလးဟာ  ဖုန္းကင္မရာႏွင့္ video ႐ိုက္ကူးသြားကာ လိုင္းေပၚ၌ တင္သြားတာကိုေတာ့ ပယင္း မသိလိုက္။

ထိုvideoဟာ ၂ရက္အတြင္း နာမည္ႀကီးသြားၿပီး share သူေပါင္း Killo ခ်ီကာ like ႏွင့္ comment ေတြဟာလဲ Million ခ်ီသည္ထိ။
ထို video ႏွင့္အၿပိဳင္ နာမည္ႀကီးေနတာက နာမည္ႀကီး အဆိုေတာ္ ျမဴရိပ္တစ္ေယာက္ရဲ႕ ကလပ္တြင္းက မူးယစ္ေဆးသုံးစြဲေနသည့္ ဝိုးတစ္ဝါး ပုံရိပ္ပင္။ လူမသိ သူမသိ အဆိုရွင္ေလးရဲ႕ videoထက္ နာမည္ႀကီး အဆိုေတာ္ရဲ႕ သတင္းဟာ မီဒီယာတိုင္း သတင္းpagesတိုင္းမွာ ငွားငွားစြင့္စြင့္ ။

ျမဴရိပ္ သူ႔ဖုန္းကို ပစ္ေပါက္လိုက္ကာ
"ဓာတ္ပုံ႐ိုက္သြားတာ ဘယ္ေခြးမသားလဲ၊ သတ္ပစ္လိုက္။ အဲကလပ္က ငါတို႔ ပိုင္နက္ထဲက မဟုတ္လား၊ ဘယ္ေကာင္လဲ၊ ဘယ္ေကာင္ ငါ့ကို ထိရဲရတာလဲ၊ တျခားဂိုဏ္းကေကာင္ေတြလား"

"မျဖစ္ႏိုင္ဘူး။ မင္းရဲ႕ hater ေတြျဖစ္မယ္။ ဘယ္သူလဲ သိတာနဲ႔ ငါရွင္းလိုက္မယ္။ ရဲေတြက သတင္းခိုင္လုံမႈ မရွိေသးလို႔ ခ်က္ခ်င္းေတာ့ မလာႏိုင္ဘူး။ ဒီညမဟုတ္ေတာင္ မနက္ျဖန္က် ဖမ္းဝရမ္းထြက္ေလာက္ၿပီ။   ရဲေတြ လာစစ္ရင္ မင္းေဆးသုံးထားတာ ေပၚသြားမွာပဲ၊ အဲဒါ ဘယ္လိုရွင္းၾကမလဲ။ ပုံမွန္ဆို ရဲစခန္းနဲ႔ မီဒီယာေတြကို ေျဖရွင္းဖို႔ လြယ္ေပမယ့္ haterေတြနဲ႔ မင္းရဲ႕ fanေတြကိုေတာ့ ရွင္းဖို႔ မလြယ္ေလာက္ဘူး၊ ေနာက္ၿပီး..."

"စကားကို ဆုံးေအာင္ေျပာ ၊ ေနာက္ၿပီး ဘာလဲ"

ကိုဦး သူ႔ဖုန္းထဲကေန ပယင္းရဲ႕ နာမည္ႀကီးေနတဲ့ video ကို ျပလိုက္ေတာ့သည္။
"ေတာက္! လူျမင္ကြင္းမွာ သီခ်င္းမဆိုပါဘူးလို႔ အဲေခြးေကာင္ ကတိေပးထားတယ္ မဟုတ္လား။ ဘာလဲ ငါ့မူးယစ္ေဆးသတင္းနဲ႔ ငါနာမည္ပ်က္စီးၿပီဆို‌ၿပီး ငါ့ကို အာခံခ်င္တဲ့ သေဘာလား၊ ရွင္းပစ္လိုက္ေတာ့ အဲေကာင္လဲ"

"ရွင္းပစ္ဖို႔ေလာက္ထိ မလိုပါဘူး။ မင္း album ထပ္ထုတ္ဦးမွာ မလား။ သူ႔ကို လိုအပ္ေသးတယ္။ ငါၾကည့္ရွင္းလိုက္မယ္"

"ဘာလဲ သူ႔ကို သနားျပန္ၿပီလား၊ ခင္ဗ်ားတို႔ေတြ အတူတူႀကီးပ်င္းလာတာနဲ႔ သူ႔ကို သနားေနတာလား။ မလိုဘူး။ ဌာနခ်ဳပ္ကေန က်ဳပ္ကို ျပန္ေခၚေနၿပီ။ ေတးသံရွင္ ျမဴရိပ္ အသတ္ခံရတယ္ဆိုၿပီး ဒီည လုပ္ထား။ ညတြင္းခ်င္း ထြက္မယ္၊ ျပင္ထား။"

ျမဴရိပ္ေျပာၿပီး သူ႔အဝတ္ျပင္ဖို႔ အခန္းထဲ သြားေနရာမွ
" ပယင္းကို သတ္ဖို႔ မေမ့နဲ႔။ သူဆိုတာ က်ဳပ္ေျခဖဝါးေအာက္ကေကာင္။ က်ဳပ္က ေျပးေနရခ်ိန္မွာ သူ႔ကိုေတာ့ ေအးေဆးေနခြင့္ ေပးလို႔ ျဖစ္မလား။"
"အင္းပါ"

ျမဴရိပ္ အခန္းထဲ ဝင္သြားေတာ့ ကိုဦး ဖုန္းထုတ္လိုက္ကာ လူတစ္ေယာက္ထံ ေခၚဆိုလိုက္ၿပီး

"အင္း ပယင္းနဲ႔ သူ႔အေမကို ..။အင္း ခဏေန ေငြလႊဲလိုက္မယ္၊ ဘယ္သူမွ မသိေစနဲ႔ "


ေနာက္ေန႔ ရဲေတြ ေရာက္လာခ်ိန္မွာေတာ့ ႐ုပ္ပ်က္ဆင္းပ်က္ ေသဆုံးေနတဲ့ အေလာင္းကသာ ေစာင့္ႀကိဳလ်က္။ ရဲေတြဟာလဲ ေသဆုံးသူက ျမဴရိပ္ျဖစ္ေၾကာင္း မီဒီယာထံ အတည္ျပဳေပးလိုက္ကာ  social media မွာေတာ့ ပြက္ေလာ႐ိုက္လို႔။ idol အတြက္ ငိုက်သူေတြ ၊ haterေတြရဲ႕ ဝမ္းျမာက္ဝမ္းသာ ေလွာင္ေျပာင္ေထ့ေငါ့မႈေတြ ၊ ရဲေတြရဲ႕ လာဘ္စားမႈေတြနဲ႔အတူ ေတးသံရွင္ ျမဴရိပ္ဟာ သတ္ေသမႈႏွင့္ အမႈပိတ္သြားေလလ်က္။

To be continue ♥️
Love you 🤟

Comment