လေငွေ့သွင်သွင်(၂၃)

Unicode
*********
တန်ဆောင်မုန်းလထဲရောက်နေပြီဖြစ်လို့ တောင်ပေါ်မြို့လေးမှာ ဆောင်းအငွေ့သက်တို့က စတင်နေပြီ။ မနက်မနက်ဆို မြူတွေဆိုင်းကာ နှင်းမှုန်တို့က တဖွဲဖွဲကျနေတတ်ပြီ။ မနက်ဆို ပယင်းတို့ဆိုင်လေးမှာ လမ်းလျှောက်ထွက်ရင်း မနက်စာ အဆာပြေ ကော်ဖီဝင်သောက်တတ်တဲ့သူတွေများတာကြောင့် အလုပ်အရှုပ်ဆုံးအချိန်။

နီယွန် ကော်ဖီနှပ်နေဆဲပင် သူ့ဖုန်းက အသံမြည်လာပြီး ကြည့်လိုက်တော့ နိုင်ငံခြားအဝင်ဖုန်း။ သူ့လူယုံဦးလေးကြီးဆီကပင်။ သူ ခွဲစိတ်ပြီး ပြန်လာထဲက အဆက်သွယ် မလုပ်ဖြစ်တာ အခုချိန်ထိ။ တစ်ခုခု မထူးခြားဘဲ အကြောင်းမဲ့ ဆက်လာလိမ့်မည်တော့မဟုတ်။ကော်ဖီခွက်ကို ပယင်းထံပေးခဲ့ကာ အိမ်ရှေ့ထွက် ဖုန်းဖြေဖြစ်သည်။

ပယင်း အားသွားပြီး ကောင်တာဝင်ထိုင်သည်ထိ နီယွန်ပြန်မလာသေး။ နာရီဝက်ခန့်ကြာမှ နီယွန်ဆိုင်ထဲဝင်လာကာ ပုံမှန်အတိုင်း ဆိုင်အလုပ်ဝင်ကူသည်။ တစ်ခုခုက မှားယွင်းနေမှန်းသိသော်လဲ ဘာရယ်လို့ လက်ဆုပ်လက်ကိုင်မပြနိုင်။ ဧည့်သည်တွေ ကုန်ကာမှ ပယင်း နီယွန်လက်ကိုဆွဲယူကာ သူ့ပါးပြင်ပေါ် အုပ်ကိုင်ခိုင်းလိုက်ပြီး နီယွန်လက်ဖဝါးကြီးထဲ သူ့ပါးပြင်နှင့် တိုးဝှေ့မိသည်။
"အဆင်ပြေလား နီယွန်"

ပယင်းပါးပြင်ကို လက်မနှင့်ပွတ်သပ်ချော့မြူလိုက်ကာ နီယွန်ပုံမှန်အတိုင်း ပြုံးလိုက်ပြီး
"ထွေထွေထူးထူးမရှိပါဘူး။ အမွေကိစ္စ ဖုန်းဆက်လာတာ။ အမွေတွေ လက်ခံဖို့ အိမ်ပြန်လာပြီး လက်မှတ်လာထိုးပါတဲ့"

ပယင်း နီယွန်ကို မော့ကြည့်မိသည်။
"ခင်ဗျား ပြန်သွားမလို့လား"
"ကိုယ့်အိမ်က ဒီမှာလေ ပျင်း။ ကိုယ် ဘယ်သွားရမှာလဲ"
"ဒါပေမယ့် ခင်ဗျားအမွေတွေက.."
"ကိုယ်စိတ်မဝင်စားဘူး ။ ကိုယ်အသက်ပြည့်ထဲက အခုချိန်ထိ ကိုယ့်အဖေရဲ့ ငွေတွေ တစ်ပြားတစ်ချပ်မှ မသုံးစွဲဖူးဘူး။ ကိုယ့်အမေချန်ထားပေးခဲ့တဲ့ငွေတွေကို သူငယ်ချင်းတချို့နဲ့ ရှယ်ယာကစားပြီး အောင်မြင်ခဲ့တဲ့ ကိုယ့်ငွေတွေနဲ့ပဲ ကိုယ်နေထိုင်လာတာ။ အရင်တုန်းကလဲ အဲငွေတွေ မလိုချင်သလို အခုလဲ မယူချင်ဘူး"
" ခင်ဗျားသဘောပါ။ ဒါပေမယ့် အရင်ထဲက အမွေက ခွဲပေးပြီးသားမဟုတ်လား ခင်ဗျားအဖေက"

နီယွန်သက်ပြင်းချလိုက်ကာ
"အခုက Amelia ရဲ့ အစုတွေ။ သူအဖမ်းခံလိုက်ရပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျသွားတယ်တဲ့။ သူ့အမွေတွေအားလုံး ကိုယ့်ဆီပြန်လွှဲခဲ့တယ်တဲ့ ။ သူ ဘာအတွေးနဲ့ ပြန်လွှဲခဲ့လံမသိပေမယ့် ကိုယ်မယူဘူး ၊ လိုအပ်တဲ့နေရာတွေ ဝေပေးလိုက်ဖို့ ပြောလိုက်တယ်"

"ဪ သူထောင်ကျသွားပြီလား"
"အင်း သူလုပ်တဲ့အရာ သူပြန်ခံစားရတာပါပဲ။ လူကုန်ကူးတယ် မူးယစ်ဆေးရောင်းဝယ်တယ်။ အခု လက်နက်ပါ မှောင်ခိုသွင်းတယ်တဲ့လေ။ ပျင်း စဉ်းစားကြည့် သူ့အသက် အခုမှ ၂၄နှစ်ပဲရှိသေးတယ်၊ သူ့အမှုက ကမ္ဘာပျက်လုနီးပါး အန္တရာယ်များတဲ့အရာတွေ"

"စိတ်လျော့ပါ။ ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပြီလေ"
"အင်းပါ။ ကိုယ်ဒီတိုင်းပြောလိုက်တာ"

"ခင်ဗျား အမွေဆိုလို့လေ ကျွန်တော့်အိမ်နဲ့ခြံကို တခြားလူဆီ လွှဲပေးလိုက်မလို့။"
"ဟမ် ဘယ်လို"
"ကျွန်တော့်မှာ ဆွေမျိုးလဲမရှိဘူး။ နောက်ထပ် သားသမီးလဲ ရှိလာမှာ မဟုတ်ဘူးလေ။ မတော်လို့ သေသွားခဲ့ရင် ဒီအိမ်ခြံနဲ့ ဆိုင်ကို စိတ်ဆွဲပြီး သရဲဖြစ်မှာဆိုးလို့ "
"ကိုယ်တို့ သားသမီးမရှိလာနိုင်ဘူးလို့ ဘယ်သူပြောလဲ။ ကိုယ်တို့တွေ အငှားကိုယ်ဝန်ဆောင်လို့ရတယ်၊ ဖန်ပြွန်သန္ဓေယူလဲရတာပဲကိုကွာ"

နီယွန်စကားကို ပယင်းမျက်စောင်းထိုးကာ
"ဘယ်နားက ကိုယ်တို့သားသမီးတုန်း။ ခင်ဗျားနဲ့ အခုထိ lover အဆင့်ပဲ ရှိသေးတယ်နော် husband မဟုတ်သေးဘူး "
နီယွန်ခေါင်းကုတ်လိုက်ကာ
"အဲဒါထားဦး။ ပျင်း ခြံကို ဘယ်သူ့ဆီ လွှဲလိုက်တာလဲ"

ပယင်းမျက်ဝန်းအကြည့်တွေက ကိတ်မုန့်စင်မှာ မုန့်စီနေသော နန်းအိငယ်ဘေးက ကောင်လေးဆီသို့။ ချစ်ထူး..၊ ပြီးတော့ အိမ်ဖက်အကြည့်ရောက်သွားကာ အိမ်ရှေ့မှာ ဘုရားပန်းခူးနေသော ဒွေးကြည်ဆီသို့။

"၂ယောက်လုံးနာမည်နဲ့ လွှဲခဲ့တယ်။ မိသားစုမရှိတဲ့ ကျွန်တော့်အတွက် ချစ်ထူးနဲ့ဒွေးကြည်က မိဘလို၊ အကိုမောင်တစ်ယောက်လို ဆက်ဆံပေး ၊စေတနာအပြည့်နဲ့ နွေးထွေးပေးခဲ့တဲ့လူတွေပဲ။ သူတို့ကို ပြောပြရင် လက်မခံမှာဆိုးလို့ တိတ်တိတ်လေး လုပ်ထားတာ။ ခင်ဗျားလဲ မပြောပြလိုက်နဲ့ဦး"
"သူတို့က မိသားစုလိုဆို ကိုယ်ကျတော့ရော"
နီယွန်ရဲ့ ချဉ်စူးစူးအသံလေး။

ပယင်းနီယွန် နှာခေါင်းထိပ်ကို ညစ်ပြီး ဘယ်ညာဝှေ့ရမ်းလိုက်ကာ
"ခင်ဗျားက ကျွန်တော့်အတွက် ကလေးဆိုးလေး"
"အာ...နာကျင်သွားပြီ၊ နှလုံးသားလေး နာကျင်သွားပြီ"

နီယွန် နာကျင်သွားဟန်ဖြင့် သူ့နှလုံးသားလေးကို ဖိပြီး လဲကျချင် ဟန်ဆောင်လိုက်တော့သည်။ ပယင်းရဲ့ ခိုးခိုးခစ်ခစ်ရီသံက ဆိုင်ထဲ ပျံ့လွှင့်လာလေလျက်။

ညရောက်တော့ သူတို့ရဲ့ အကျင့်ဟောင်းလေးက ပြန်ပေါ်လာရပြန်သည်။ အိမ်ရှေ့မီးဖိုဖိုကာ ဂီတာတီး သီချင်းဆိုတဲ့ အကျင့်လေး။ ပယင်းကျောင်းသားလေးတွေ တောင်းဆိုသမျှ စိတ်ကြိုက်သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုကာ အားလုံးက ရိီရီမောမော။ ထုံးစံအတိုင်း ကလေးတွေပြန်ကုန်လျှင် ကျန်ရစ်ခဲ့တာက ပယင်းနှင့် နီယွန်။
"ဒွေးကြည်၊ ကော်ဖီ ၂ခွက်လောက် ဖျော်ခဲ့ပေးပါဦး"
"အေးအေး"
ချစ်ထူးက နန်းအိငယ်ကို အိမ်ပြန်ပို့နေကာ ခြံထဲဝယ် နီယွန်နှင့်ပယင်းသာ သီးသန့်။ ဒွေးကြည်က ကော်ဖီလာပို့ပြီး အိမ်ထဲပြန်ဝင်သွာကာ မကြာလိုက် ဘုရားရှိခိုးသံသဲ့သဲ့က ထွက်ပေါ်လာသည်။
"ပျင်း"
"ခဏလေး နီယွန်၊ ခင်ဗျား မြန်မာစကားတတ်နေပြီကို ဘာလို့ ပျင်းလို့ပဲ ဆက်ခေါ်နေတာတုန်း"
"ပျင်းကိုပျင်းလို့ခေါ်တာ ဘာမှားလို့လဲ"

ပယင်းမျက်စောင်းကြီးကြီးထိုးလိုက်ကာ ကော်ဖီငုံ့သောက်လိုက်သည်။
"ပျင်း ကိုယ့်ကို လက်ထပ်ပါ "
*အဟွတ်*

ပယင်း ကော်ဖီနင်သွားကာ နီယွန်ကို မော့ကြည့်လိုက်မိသည်။ နီယွန်လက်ထဲ ဘယ်ချိန်ထဲက ဖွက်ထားမှန်းမသိတဲ့  ဇီဇဝါပန်းတစ်ပွင့်။ သင်းပျံ့ပျံ့ပန်းနံ့က ပတ်ဝန်းကျင်တစ်ခုလုံး မွှေးကြိုင်နေကာ ဖြူလွှလွှပွင့်ဖတ်လေးတွေက ငှားငှားစွင့်စွင့်။
"နီယွန်.."
"ကိုယ့်ကို လက်ထပ်နိုင်မလား ပျင်း"

To be continue ♥️


Zawgi
******

တန္ေဆာင္မုန္းလထဲေရာက္ေနၿပီျဖစ္လို႔ ေတာင္ေပၚၿမိဳ႕ေလးမွာ ေဆာင္းအေငြ႕သက္တို႔က စတင္ေနၿပီ။ မနက္မနက္ဆို ျမဴေတြဆိုင္းကာ ႏွင္းမႈန္တို႔က တဖြဲဖြဲက်ေနတတ္ၿပီ။ မနက္ဆို ပယင္းတို႔ဆိုင္ေလးမွာ လမ္းေလွ်ာက္ထြက္ရင္း မနက္စာ အဆာေျပ ေကာ္ဖီဝင္ေသာက္တတ္တဲ့သူေတြမ်ားတာေၾကာင့္ အလုပ္အရႈပ္ဆုံးအခ်ိန္။

နီယြန္ ေကာ္ဖီႏွပ္ေနဆဲပင္ သူ႔ဖုန္းက အသံျမည္လာၿပီး ၾကည့္လိုက္ေတာ့ ႏိုင္ငံျခားအဝင္ဖုန္း။ သူ႔လူယုံဦးေလးႀကီးဆီကပင္။ သူ ခြဲစိတ္ၿပီး ျပန္လာထဲက အဆက္သြယ္ မလုပ္ျဖစ္တာ အခုခ်ိန္ထိ။ တစ္ခုခု မထူးျခားဘဲ အေၾကာင္းမဲ့ ဆက္လာလိမ့္မည္ေတာ့မဟုတ္။ေကာ္ဖီခြက္ကို ပယင္းထံေပးခဲ့ကာ အိမ္ေရွ႕ထြက္ ဖုန္းေျဖျဖစ္သည္။

ပယင္း အားသြားၿပီး ေကာင္တာဝင္ထိုင္သည္ထိ နီယြန္ျပန္မလာေသး။ နာရီဝက္ခန႔္ၾကာမွ နီယြန္ဆိုင္ထဲဝင္လာကာ ပုံမွန္အတိုင္း ဆိုင္အလုပ္ဝင္ကူသည္။ တစ္ခုခုက မွားယြင္းေနမွန္းသိေသာ္လဲ ဘာရယ္လို႔ လက္ဆုပ္လက္ကိုင္မျပႏိုင္။ ဧည့္သည္ေတြ ကုန္ကာမွ ပယင္း နီယြန္လက္ကိုဆြဲယူကာ သူ႔ပါးျပင္ေပၚ အုပ္ကိုင္ခိုင္းလိုက္ၿပီး နီယြန္လက္ဖဝါးႀကီးထဲ သူ႔ပါးျပင္ႏွင့္ တိုးေဝွ႔မိသည္။
"အဆင္ေျပလား နီယြန္"

ပယင္းပါးျပင္ကို လက္မႏွင့္ပြတ္သပ္ေခ်ာ့ျမဴလိုက္ကာ နီယြန္ပုံမွန္အတိုင္း ၿပဳံးလိုက္ၿပီး
"ေထြေထြထူးထူးမရွိပါဘူး။ အေမြကိစၥ ဖုန္းဆက္လာတာ။ အေမြေတြ လက္ခံဖို႔ အိမ္ျပန္လာၿပီး လက္မွတ္လာထိုးပါတဲ့"

ပယင္း နီယြန္ကို ေမာ့ၾကည့္မိသည္။
"ခင္ဗ်ား ျပန္သြားမလို႔လား"
"ကိုယ့္အိမ္က ဒီမွာေလ ပ်င္း။ ကိုယ္ ဘယ္သြားရမွာလဲ"
"ဒါေပမယ့္ ခင္ဗ်ားအေမြေတြက.."
"ကိုယ္စိတ္မဝင္စားဘူး ။ ကိုယ္အသက္ျပည့္ထဲက အခုခ်ိန္ထိ ကိုယ့္အေဖရဲ႕ ေငြေတြ တစ္ျပားတစ္ခ်ပ္မွ မသုံးစြဲဖူးဘူး။ ကိုယ့္အေမခ်န္ထားေပးခဲ့တဲ့ေငြေတြကို သူငယ္ခ်င္းတခ်ိဳ႕နဲ႔ ရွယ္ယာကစားၿပီး ေအာင္ျမင္ခဲ့တဲ့ ကိုယ့္ေငြေတြနဲ႔ပဲ ကိုယ္ေနထိုင္လာတာ။ အရင္တုန္းကလဲ အဲေငြေတြ မလိုခ်င္သလို အခုလဲ မယူခ်င္ဘူး"
" ခင္ဗ်ားသေဘာပါ။ ဒါေပမယ့္ အရင္ထဲက အေမြက ခြဲေပးၿပီးသားမဟုတ္လား ခင္ဗ်ားအေဖက"

နီယြန္သက္ျပင္းခ်လိုက္ကာ
"အခုက Amelia ရဲ႕ အစုေတြ။ သူအဖမ္းခံလိုက္ရၿပီး ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းက်သြားတယ္တဲ့။ သူ႔အေမြေတြအားလုံး ကိုယ့္ဆီျပန္လႊဲခဲ့တယ္တဲ့ ။ သူ ဘာအေတြးနဲ႔ ျပန္လႊဲခဲ့လံမသိေပမယ့္ ကိုယ္မယူဘူး ၊ လိုအပ္တဲ့ေနရာေတြ ေဝေပးလိုက္ဖို႔ ေျပာလိုက္တယ္"

"ဪ သူေထာင္က်သြားၿပီလား"
"အင္း သူလုပ္တဲ့အရာ သူျပန္ခံစားရတာပါပဲ။ လူကုန္ကူးတယ္ မူးယစ္ေဆးေရာင္းဝယ္တယ္။ အခု လက္နက္ပါ ေမွာင္ခိုသြင္းတယ္တဲ့ေလ။ ပ်င္း စဥ္းစားၾကည့္ သူ႔အသက္ အခုမွ ၂၄ႏွစ္ပဲရွိေသးတယ္၊ သူ႔အမႈက ကမာၻပ်က္လုနီးပါး အႏၲရာယ္မ်ားတဲ့အရာေတြ"

"စိတ္ေလ်ာ့ပါ။ ျဖစ္ၿပီးတာေတြက ျဖစ္ၿပီးသြားၿပီေလ"
"အင္းပါ။ ကိုယ္ဒီတိုင္းေျပာလိုက္တာ"

"ခင္ဗ်ား အေမြဆိုလို႔ေလ ကြၽန္ေတာ့္အိမ္နဲ႔ၿခံကို တျခားလူဆီ လႊဲေပးလိုက္မလို႔။"
"ဟမ္ ဘယ္လို"
"ကြၽန္ေတာ့္မွာ ေဆြမ်ိဳးလဲမရွိဘူး။ ေနာက္ထပ္ သားသမီးလဲ ရွိလာမွာ မဟုတ္ဘူးေလ။ မေတာ္လို႔ ေသသြားခဲ့ရင္ ဒီအိမ္ၿခံနဲ႔ ဆိုင္ကို စိတ္ဆြဲၿပီး သရဲျဖစ္မွာဆိုးလို႔ "
"ကိုယ္တို႔ သားသမီးမရွိလာႏိုင္ဘူးလို႔ ဘယ္သူေျပာလဲ။ ကိုယ္တို႔ေတြ အငွားကိုယ္ဝန္ေဆာင္လို႔ရတယ္၊ ဖန္ႁပြန္သေႏၶယူလဲရတာပဲကိုကြာ"

နီယြန္စကားကို ပယင္းမ်က္ေစာင္းထိုးကာ
"ဘယ္နားက ကိုယ္တို႔သားသမီးတုန္း။ ခင္ဗ်ားနဲ႔ အခုထိ lover အဆင့္ပဲ ရွိေသးတယ္ေနာ္ husband မဟုတ္ေသးဘူး "
နီယြန္ေခါင္းကုတ္လိုက္ကာ
"အဲဒါထားဦး။ ပ်င္း ၿခံကို ဘယ္သူ႔ဆီ လႊဲလိုက္တာလဲ"

ပယင္းမ်က္ဝန္းအၾကည့္ေတြက ကိတ္မုန႔္စင္မွာ မုန႔္စီေနေသာ နန္းအိငယ္ေဘးက ေကာင္ေလးဆီသို႔။ ခ်စ္ထူး..၊ ၿပီးေတာ့ အိမ္ဖက္အၾကည့္ေရာက္သြားကာ အိမ္ေရွ႕မွာ ဘုရားပန္းခူးေနေသာ ေဒြးၾကည္ဆီသို႔။

"၂ေယာက္လုံးနာမည္နဲ႔ လႊဲခဲ့တယ္။ မိသားစုမရွိတဲ့ ကြၽန္ေတာ့္အတြက္ ခ်စ္ထူးနဲ႔ေဒြးၾကည္က မိဘလို၊ အကိုေမာင္တစ္ေယာက္လို ဆက္ဆံေပး ၊ေစတနာအျပည့္နဲ႔ ေႏြးေထြးေပးခဲ့တဲ့လူေတြပဲ။ သူတို႔ကို ေျပာျပရင္ လက္မခံမွာဆိုးလို႔ တိတ္တိတ္ေလး လုပ္ထားတာ။ ခင္ဗ်ားလဲ မေျပာျပလိုက္နဲ႔ဦး"
"သူတို႔က မိသားစုလိုဆို ကိုယ္က်ေတာ့ေရာ"
နီယြန္ရဲ႕ ခ်ဥ္စူးစူးအသံေလး။

ပယင္းနီယြန္ ႏွာေခါင္းထိပ္ကို ညစ္ၿပီး ဘယ္ညာေဝွ႔ရမ္းလိုက္ကာ
"ခင္ဗ်ားက ကြၽန္ေတာ့္အတြက္ ကေလးဆိုးေလး"
"အာ...နာက်င္သြားၿပီ၊ ႏွလုံးသားေလး နာက်င္သြားၿပီ"

နီယြန္ နာက်င္သြားဟန္ျဖင့္ သူ႔ႏွလုံးသားေလးကို ဖိၿပီး လဲက်ခ်င္ ဟန္ေဆာင္လိုက္ေတာ့သည္။ ပယင္းရဲ႕ ခိုးခိုးခစ္ခစ္ရီသံက ဆိုင္ထဲ ပ်ံ႕လႊင့္လာေလလ်က္။

ညေရာက္ေတာ့ သူတို႔ရဲ႕ အက်င့္ေဟာင္းေလးက ျပန္ေပၚလာရျပန္သည္။ အိမ္ေရွ႕မီးဖိုဖိုကာ ဂီတာတီး သီခ်င္းဆိုတဲ့ အက်င့္ေလး။ ပယင္းေက်ာင္းသားေလးေတြ ေတာင္းဆိုသမွ် စိတ္ႀကိဳက္သီခ်င္းေတြ တစ္ပုဒ္ၿပီးတစ္ပုဒ္ဆိုကာ အားလုံးက ရိီရီေမာေမာ။ ထုံးစံအတိုင္း ကေလးေတြျပန္ကုန္လွ်င္ က်န္ရစ္ခဲ့တာက ပယင္းႏွင့္ နီယြန္။
"ေဒြးၾကည္၊ ေကာ္ဖီ ၂ခြက္ေလာက္ ေဖ်ာ္ခဲ့ေပးပါဦး"
"ေအးေအး"
ခ်စ္ထူးက နန္းအိငယ္ကို အိမ္ျပန္ပို႔ေနကာ ၿခံထဲဝယ္ နီယြန္ႏွင့္ပယင္းသာ သီးသန႔္။ ေဒြးၾကည္က ေကာ္ဖီလာပို႔ၿပီး အိမ္ထဲျပန္ဝင္သြာကာ မၾကာလိုက္ ဘုရားရွိခိုးသံသဲ့သဲ့က ထြက္ေပၚလာသည္။
"ပ်င္း"
"ခဏေလး နီယြန္၊ ခင္ဗ်ား ျမန္မာစကားတတ္ေနၿပီကို ဘာလို႔ ပ်င္းလို႔ပဲ ဆက္ေခၚေနတာတုန္း"
"ပ်င္းကိုပ်င္းလို႔ေခၚတာ ဘာမွားလို႔လဲ"

ပယင္းမ်က္ေစာင္းႀကီးႀကီးထိုးလိုက္ကာ ေကာ္ဖီငုံ႔ေသာက္လိုက္သည္။
"ပ်င္း ကိုယ့္ကို လက္ထပ္ပါ "
*အဟြတ္*

ပယင္း ေကာ္ဖီနင္သြားကာ နီယြန္ကို ေမာ့ၾကည့္လိုက္မိသည္။ နီယြန္လက္ထဲ ဘယ္ခ်ိန္ထဲက ဖြက္ထားမွန္းမသိတဲ့  ဇီဇဝါပန္းတစ္ပြင့္။ သင္းပ်ံ႕ပ်ံ႕ပန္းနံ႔က ပတ္ဝန္းက်င္တစ္ခုလုံး ေမႊးႀကိဳင္ေနကာ ျဖဴလႊလႊပြင့္ဖတ္ေလးေတြက ငွားငွားစြင့္စြင့္။
"နီယြန္.."
"ကိုယ့္ကို လက္ထပ္ႏိုင္မလား ပ်င္း"

To be continue ♥️

Comment