လေငွေ့သွင်သွင်(၁၈)

Unicode
*********

နေ့လယ်က သည်းထန်စွာ ရွာသွန်းထားတဲ့မိုးဟာ ညနေတော့ လုံးလုံးတိတ်သွားကာ ကောင်းကင်က တစ်ဖန်ပြန်လည်ကြည်လင်လို့လာသည်။ ထူးထူးခြားခြားဆိုသလို မိုးတိမ်များပင် ကင်းကာ ကြယ်ရောင်စုံတွေက တလက်လက်။

နီယွန် ပယင်းရဲ့ အခန်းရှေ့မှာ အကြာကြီးရပ်ကာ ပယင်းကို ခေါ်သင့်မခေါ်သင့် စဉ်းစားနေမိသည်။ အကိုက်ခဲပျောက်ဆေးအရှိန်နဲ့ အိပိမောကျနေလျှင် သူ့ကြောင့် အနှောက်ယှက်ဖြစ်သွားမှာလဲစိုးရိမ်စွာ။ ဒါပေမယ့် နေ့လယ်ထဲက သူ့ကိုစိတ်ကောက်သွားတဲ့ပယင်းဟာ တစ်ညနေလုံး စကားမပြောဘဲနေတာကြောင့် သူ့မှာ မချင့်မရဲ။ သူရှင်းပြချင်သည်။ သူလိမ်ထားမိတာက မကောင်းတဲ့အကြံနှင့် မဟုတ်ကြောင်းကို။ တံခါးခေါက်သင့် မခေါက်သင့် ချီတုံချတုံနှင့် အချိန်က တရွေ့ရွေ့။
အခန်းထဲက ပယင်းမှာလဲ အိပ်မပျော်။ မျက်ဝန်းတွေ မှိတ်လိုက်တိုင်း နေ့လည်ကအနမ်းတို့က အတွေးထဲရောက်လာကာ လူကရှိန်းတိန်းတိန်း။ ဝမ်းနည်းတာရော ရှက်တာပါ ပေါင်းပြီး တစ်ညနေလုံး နီယွန်ကို သူစကားမပြောဖြစ်။ အခုချိန်လောက်ဆို သူ့အိပ်ခန်းရှေ့မှာ ရှိနေလောက်မှာမှန်း ပယင်းနှလုံးသားက အတပ်သိနေလျက်။ သို့ပေမယ့် သူ့ဖက်ကစပြီး တံခါးမဖွင့်ချင်။ ဝမ်းနည်းစိတ်က ရင်ထဲတလှိုက်လှိုက်။ သူ့အပေါ် ဘာလို့များ ဖုံးကွယ်ထားရက်တာလဲဆိုတဲ့အတွေးက ရင်ထဲအပြည့်။ သူငါ့ကိုလှောင်ရယ်နေမလားလို့ သိချင်စိတ်နဲ့ ဖုံးထားတာလား၊ ငါ့လုပ်ရပ်တွေကို ထိုင်ဟားဖို့ ဖုံးကွယ်ထားတာလား....။ အတွေးပေါင်းစုံက လူကိုနှိပ်စက်လျက်။

"ပျင်း..စကားပြောချင်လားဟင်"
အခန်းတံခါးရှေ့က တိုးဖွဖွ တောင်းဆိုသံ။

ပယင်းချက်ခြင်းမဖြေဖြစ်။ သူသာမဖြေလျှင် စိတ်ရှည်ရှည်နှင့် စောင့်လေမလား။ အရေးမစိုက်စွာ ထွက်ခွာသွားလေမလား..။ ငါးမိနစ်လောက်ကြာတော့ တံခါးခေါက်သံ ထပ်ထွက်လာကာ

"ပျင်း..ကြယ်လေးတွေက ပျင်းကိုတွေ့ချင်လို့တဲ့၊ ထွက်တွေ့မလားဟင်"
ပယင်း သူ့အိပ်ခန်းပြတင်းကနေ မြင်နေရသည့် ကြယ်ရောင်စုံကောင်းကင်ကိုလှမ်းကြည့်ကာ ထရီလိုက်မိပြီး ခုန်စွခုန်စွဖြင့် တံခါးသွားဖွင့်လိုက်သည်။ဒီကောင်လေးက သူ့စိတ်ကို ဘယ်လိုချော့ရမလဲ ကောင်းကောင်းသိနေနှင့်လေပြီပေါ့။

ပန်းနုရောင်ပါးဖောင်းဖောင်းလေး တံခါးကြားကထွက်လာကာ
"ကြယ်လေးကို ပြန်ပြောလိုက် ၊ ငါးမိနစ်ပဲတွေ့ခွင့်ပေးမယ်လို့"

နီယွန်ရီလိုက်ပြီး ခုန်စွခုန်စွယုန်ကလေးကို ကောက်ပွေ့လိုက်တော့ အလန့်တကြား သူ့လည်တိုင်ကို ဖက်တွယ်လာတဲ့ ယုန်လေး။
ပယင်းချပေးဖို့ ပြောရန်ကြံပေမယ့် နီယွန်နားထောင်မှာမဟုတ်မှန်းသိနေတော့ ပန်းနုရောင်မျက်နှာလေးနှင့် နီယွန့်ရင်ခွင်ထဲ ပါသွားတော့သည်။ နီယွန်ရဲ့ ခြံထဲတင် ဆင်းကြည့်မယ်ထင်နေပေမယ့် နီယွန်က ပယင်းအိမ်ဖက်ကူးလိုက်ပြီး ဆောင်းတွင်းဆို သူတို့ထိုင်နေကြ ထိုင်ခုံမှာ ပယင်းကို အသာချပေးလိုက်သည်။ထိုင်ခုံတွေက ကြိုသန့်ရှင်းထားပုံနှင့် ရေမစို။

ပယင်း‌ဘေး နီယွန် ပုခုံးခြင်း ယှဉ်ထိုင်လိုက်ကာ ကောင်းကင်ကိုမော့ကြည့်ပြီး
"ကြယ်လေးတွေက လှတယ်နော်"
"အင်း "
"ပျင်းသိလား ၊ ဒါ ကိုယ့်ဘဝမှာ ပထမဆုံးအကြိမ် ကြယ်တွေကို ထိုင်ကြည့်တာပဲ"
"ဟင် ၊ အရင်က တစ်ခါမှ မကြည့်ဖူးဘူးလား"
"အင်း။ ကိုယ်က နယူးယောက်မှာမွေး ၊အဲမှာကြီးတာလေ။ မိုးထိုးနေတဲ့တိုက်တွေ ၊ တိမ်ထဲဝင်နေတဲ့ တိုက်တွေကြားမှာ ၊ မော်တော်ယာဉ်တွေကြောင့် လေထုညစ်ညမ်းနေတဲ့ တိမ်ထုတွေကြားမှာ တစ်ခါမှ ကြယ်တွေကို မော့ကြည့်ဖို့ စိတ်ကူးမရှိသလို ကြည့်ရင်လဲ တွေ့ရမယ် မထင်ဘူး "

ပယင်း ငြိမ်ငြိမ်လေး နားထောင်မိကာ သူသည်လဲ ဒါဟာ ပထမဆုံးအဖြစ် ကြယ်တွေကို ထိုင်ကြည့်မိခြင်းဖြစ်ကြောင်း သတိထားမိသည်းသည်။

"ကိုယ့်အဖေက အရမ်းချမ်းသာတယ် ၊ဒါကြောင့် သူ့မှာ မိန်းမတွေ အရမ်းရှုပ်ပြီး အဆိုးဆုံးက ကိုယ့်အမေကို လုံးဝမချစ်တာပဲ။အခုတော့ သူ့လုပ်ရပ်နဲ့သူ ဂျောင်ပိတ်ပြီး ကိုယ့်မွေးစားညီမကို ပြန်ယူလိုက်ရတယ်။ Amelia, ကိုယ့်ထက် ၂နှစ်ငယ်တယ်၊ သူ့ကို မိဘမဲ့ကျောင်းမှာ donation လုပ်ရင်း သနားလို့ မွေးစားလိုက်ပေမယ့် သူက drug တွေ အရောင်းဝယ်လုပ်တဲ့လူရဲ့ daughter ဖြစ်နေတာ။ နောက်သူ့အဖေအတိုင်း အောက်လမ်းအလုပ်တွေ ပြန်လုပ်ပြီး ကိုယ့်အဖေရဲ့ စည်းစိမ်တွေကိုလဲ မျက်စိကျလာတယ်။ ကိုယ့်အမေဆုံးတော့ ချက်ခြင်း ကိုယ့်အဖေကို အပိုင်ဖမ်းပြီး အမွေတွေ ခွဲယူသွားသလို ကိုယ့်ဝေစုကိုပါ သူက လိုချင်နေတုန်းပဲ"

ပယင်းရင်ထဲ လေးလံသွားကာ နီယွန်လက်ကို အသာကိုင်လိုက်မိသည်။ နီယွန်လို သူဌေးတစ်ယောက်မှာလဲ ဒီလိုစိတ်မချမ်းသာစရာတွေ ရှိသေးပါလားဆိုတဲ့အတွေးက ပယင်းရင်ထဲ နေရာယူလို့။ အမြဲပြုံးပြီး သဘောကောင်းတဲ့ နီယွန်မှာ ဒီလောက်အရှုပ်ထွေးရှိမယ်လို့ သူမထင်ထားမိ။
နီယွန်လက်ချောင်းတွေက သူ့လက်ချောင်းကြား တိုးဝင်ဆုပ်ကိုင်လာကာ

"ကိုယ်မျက်လုံးကွယ်တာကလဲ သူ့ကြောင့်ပဲ။ ကိုယ်ပြန်မလုပ်ချင်ဘူး ပျင်း၊ တိုက်တာခိုက်တာ သွေးထွက်သံယိုတွေ .. I hate it. So ကိုယ့်ယုံကြည်ရသူ အကူညီနဲ့ သေသွားပြီလို့ ညာပြီး ဒီမှာလာနေတာ။ ကိုယ်ငွေတွေ မမက်မောဘူးပျင်း။ ကိုယ်လိုချင်တာ အေးချမ်းတဲ့ ဘဝလေးပဲ။ ကိုယ် အက်စီးဒန့်ကနေ သတိပြန်ရရလာခြင်း ကိုယ့်အမြင်အာရုံကို ဆုံးရှုံးသွားပြီတဲ့။ ကိုယ်ငိုချင်တယ် ၊ ဒါပေမယ့် မျက်ရည်မကျဘူး။ ငါတစ်နေ့တော့ အသားကျသွားမှာပါဆိုတဲ့စိတ်နဲ့ သည်းခံတယ် ။ အရမ်း ခက်ခဲတာပဲ။ အမှောင်ထုပဲရှိတဲ့ ကိုယ့်အတွက် အရာရာက ကြောက်ဖို့ကောင်းတယ်"

ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်သွားလျက်။ ပုရစ်သံ တစီစီကသာ တစ်ချက်တစ်ချက် ပေါ်ထွက်လို့။

"ကိုယ်နေဖို့ ထိုင်ဖို့ ထဖို့တောင် ဘေးလူအကူညီမပါဘဲ မလုပ်နိုင်ဘူး။ ယောကျာ်းတစ်ယောက်အနေနဲ့ ကိုယ့်ရှုံးနိမ့်မှုကို ဝန်ခံရမှာလဲ ရှက်တယ်။ ဘယ်ယောကျာ်းသားမဆို ငါကွဆိုတဲ့ဂုဏ်တော့ ရှိချင်ကြတာပဲလေ။ ကိုယ့်အားနည်းချက်ကို ဒါပထမဆုံးအကြိမ်အဖြစ် ဝန်ခံတာ Amber၊ ကိုယ်ကြောက်တယ် ၊ကိုယ် အထီးကျန်တယ်။ ချူးနဲ့ Aunt ရှိပေမယ့် သူတို့ကလဲ သူစိမ်း အလုပ်သမားလေ ။ ကိုယ်လိုတာလုပ်ပေးပြီးရင် သူတို့ဟာသူတို့နေတာ။ စစချင်းဆို သူပြောတာကိုယ်နားမလည် ၊ကိုယ်ပြောတာ သူနားမလည်နဲ့ ကိုယ့်မှာ ရေသောက်ရဖို့တောင် အနိုင်နိုင်။ မျက်လုံးမြင်ရင် လက်ဟန်နဲ့ ပြောပြလို့ ရပေမယ့် ကိုယ်မမြင်တော့ ဆက်သွယ်ဖို့ တော်တော်လေးကို ခက်ခဲခဲ့တာ ။ စားသောက်ချိန်ကလွဲရင် ကိုယ့်အနားမှာ သူတို့မရှိဘူး။ ကိုယ့်မှာ အမှောင်ထုပဲရှိတယ်။ အခန်းထဲ တံခါးပိတ် အမှောင်ထုကို အသားကျအောင်နေပြီး ငါအသက်ရှင်နေတာ ဘာကြောင့်လဲဆိုတဲ့ အတွေး မတွေးမိတဲ့ရက်မရှိဘူး။ ငါဒီလို blind ဖြစ်နေတာ ငါ့ဘဝအေးချမ်းပါဦးမလား။ ငါလိုချင်တဲ့ lifeက ဒီလိုပဲ အဆုံးသတ်သွားပြီလားပေါ့။

ကိုယ်သတ်သေဖို့ စဉ်းစားဖူးတယ်။ ရီချက်စရာကလေ သတ်သေဖို့ ဓါးရှာချင်ရင်တောင် မရှာနိုင်တာပဲ။ ကိုယ်မမြင်ရဘူးလေ။ ကိုယ့်မှာ တိတ်ဆိတ်ခြင်းအမှောင်ထုပဲရှိတာ"

ပယင်းမျက်ရည်စက်ဟာ ပေါက်ခနဲ။ နီယွန်ထိုမျက်ရည်စက်ကို လက်မနှင့် အသာသုတ်ပေးကာ

"ကိုယ် blind ဖြစ်နေစဉ်တစ်လျှောက်လုံး စိတ်ကျရောဂါ ခံစားနေရတာ။ ကိုယ့်ကိုကိုယ်သိတယ်။ ဆက်သွယ်စရာလူမရှိ ၊ အမြင်အာရုံမရှိတဲ့ ဘဝမှာ ငါသေချင်တယ်ပေါ့။ ဒါပေမယ့် သိလား ကိုယ့်ရဲ့ တိတ်ဆိတ်တဲ့ ကမ္ဘာထဲကို နိုက်တင်ဂေးလ်လေးတစ်ကောင်ဝင်လာတယ်။ ကိုယ်မမြင်နိုင်တာတောင် အသံထဲက နွေးထွေးအေးချမ်းမှုကို ခံစားနိုင်တယ်။ နေ့တိုင်း သေချင်စိတ်ပဲရှိတဲ့ကိုယ့်ဘဝမှာ ရည်မှန်းချက်အသစ်တစ်ခု ပေါ်လာတယ်။ ငါ ဒီအသံကို ဆက်နားထောင်ဖို့ အသက်ရှင်ချင်တယ်ဆိုတဲ့ အလင်းရောင်လေး။ အသံလေး ကြားရရင်ကို ကိုယ့်တစ်နေ့တာက နွေးထွေးသွားပြီ။ Amber မင်းက ကိုယ့်အတွက် အလင်းရောင်ပဲ "

ပယင်းမျက်ရည်ကြားကပင် ခေါင်းအခါခါငြိမ့်ပြလိုက်မိသည်။
" ကိုယ်ကြာတော့ လောဘကြီးလာတယ် Amber , အသံတင်မကဘူး မြင်ပါမြင်ချင်လာတယ်၊ ကိုယ့်မျက်လုံးက အထဲကို သံစစိုက်သွားလို့ လုံးဝပျက်စီးသွားတာ ။ အဲသံစက ကိုယ့်ဦးနှောက်သွေးကြောကို ဖိမိထားလို့ ကိုယ်ခွဲစိတ်ရင် အသက်အန္တရာယ်များတယ်၊ အောင်မြင်ဖို့လဲ နည်းတယ် ။ ဒါပေမယ့် ကိုယ်ကြိုးစားကြည့်ချင်တယ်။ Do or Die မှာ ကိုယ်က ကြိုးစာကြည့်ဖို့ ရွေးချယ်လိုက်ပေမယ့် မအောင်မြင်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ ကိုယ်မင်းကို မျှော်လင့်ချက် မပေးချင်ဘူး။ ကိုယ်သေသွားနိုင်လို့ ကိုယ်ထွက်သွားချိန်မှာတောင် မင်းကို နှုတ်မဆက်ချင်ဘူး Amber. နှုတ်ဆက်တယ်ဆိုတာ ခွဲခွာဖို့အတွက်တဲ့။ ကိုယ်မင်းကို မခွဲနိုင်လို့ ကိုယ်နှုတ်မဆက်ခဲ့တာ"
ပယင်းခေါင်းငြိမ့်ပြကာ သူနားလည်ပြီဖြစ်ကြောင်း အသိပေးလိုက်သည်။ နီယွန်ဟာ သူ့ရင်ထဲက မေးခွန်းတိုင်းကို ကြိုသိနေခဲ့သည်ပဲ။
"ခွဲစိတ်မှု အောင်မြင်တော့ ကိုယ့်မှာ လောဘသေးသေးလေးတစ်ခု ရှိလာပြန်တယ်။ ကိုယ်ကြုံခဲ့ရသမျှကို ပြန်ခံစားကြည့်ချင်တယ်၊ ကိုယ့်လက်ကို ဆွဲထားမယ့်ပုံ၊ ကိုယ်အတွက် စိုးရိမ်ကာကွယ်ပေးမယ့်ပုံ၊ ကိုယ့်အတွက် သီချင်းဆိုပေးမယ့်ပုံ...အကုန်အကုန် ပြင်မြင်ချင်ခဲ့တဲ့ လိုအင်ဆန္ဒလေး။ ကိုယ် အဲဒါကြောင့် လိမ်ထားမိတာပါ ။ ပျင်း ကိုယ့်ကို စိတ်မဆိုးပါနဲ့။ I'm sorry "

ပယင်းခေါင်းခါလိုက်ကာ ရီလိုက်မိပြီး
"နီယွန် ၊ မင်းနဲ့ပတ်သတ်လာရင် စိတ်ဆိုးတယ်ဆိုတဲ့ စကားလုံးက ကိုယ့်မှာ မရှိဘူး "

နီယွန် မျက်လုံးရဲလာကာ ပယင်းကို ကျောပေးလိုက်မိသည်။ သူမငိုချင်။ ပယင်းရှေ့မှာ သူမပျော့ညံ့ချင်။
လက်တစ်ဖက်က သူ့မေးစေ့ကနေ ပြန်ဆွဲယူသွားပြီး မျက်ဝန်း၂စုံက အကြည့်ချင်းစုံကာ အပိုစကားလုံးတွေ မလိုအပ်တော့။
နှုတ်ခမ်း၂ခုက အသာထိစပ်သွားကာ ကြယ်ရောင်စုံကောင်းကင်ကြီးအောက် သိမ်သိမ်မွှေ့မွှေ့။ နူးညံ့တဲ့ နှုတ်ခမ်းတွေဟာ ထပ်ခါထပ်ခါ ထိကပ်သွားကာ မိုးဖွားသဲ့သဲ့ပါတဲ့ လေနုအေးက ဝှေ့ဝဲတိုက်ခတ်သွားလျက်။

To be continue ♥️

Zawgi
******
ေန႔လယ္က သည္းထန္စြာ ႐ြာသြန္းထားတဲ့မိုးဟာ ညေနေတာ့ လုံးလုံးတိတ္သြားကာ ေကာင္းကင္က တစ္ဖန္ျပန္လည္ၾကည္လင္လို႔လာသည္။ ထူးထူးျခားျခားဆိုသလို မိုးတိမ္မ်ားပင္ ကင္းကာ ၾကယ္ေရာင္စုံေတြက တလက္လက္။

နီယြန္ ပယင္းရဲ႕ အခန္းေရွ႕မွာ အၾကာႀကီးရပ္ကာ ပယင္းကို ေခၚသင့္မေခၚသင့္ စဥ္းစားေနမိသည္။ အကိုက္ခဲေပ်ာက္ေဆးအရွိန္နဲ႔ အိပိေမာက်ေနလွ်င္ သူ႔ေၾကာင့္ အေႏွာက္ယွက္ျဖစ္သြားမွာလဲစိုးရိမ္စြာ။ ဒါေပမယ့္ ေန႔လယ္ထဲက သူ႔ကိုစိတ္ေကာက္သြားတဲ့ပယင္းဟာ တစ္ညေနလုံး စကားမေျပာဘဲေနတာေၾကာင့္ သူ႔မွာ မခ်င့္မရဲ။ သူရွင္းျပခ်င္သည္။ သူလိမ္ထားမိတာက မေကာင္းတဲ့အႀကံႏွင့္ မဟုတ္ေၾကာင္းကို။ တံခါးေခါက္သင့္ မေခါက္သင့္ ခ်ီတုံခ်တုံႏွင့္ အခ်ိန္က တေ႐ြ႕ေ႐ြ႕။
အခန္းထဲက ပယင္းမွာလဲ အိပ္မေပ်ာ္။ မ်က္ဝန္းေတြ မွိတ္လိုက္တိုင္း ေန႔လည္ကအနမ္းတို႔က အေတြးထဲေရာက္လာကာ လူကရွိန္းတိန္းတိန္း။ ဝမ္းနည္းတာေရာ ရွက္တာပါ ေပါင္းၿပီး တစ္ညေနလုံး နီယြန္ကို သူစကားမေျပာျဖစ္။ အခုခ်ိန္ေလာက္ဆို သူ႔အိပ္ခန္းေရွ႕မွာ ရွိေနေလာက္မွာမွန္း ပယင္းႏွလုံးသားက အတပ္သိေနလ်က္။ သို႔ေပမယ့္ သူ႔ဖက္ကစၿပီး တံခါးမဖြင့္ခ်င္။ ဝမ္းနည္းစိတ္က ရင္ထဲတလႈိက္လႈိက္။ သူ႔အေပၚ ဘာလို႔မ်ား ဖုံးကြယ္ထားရက္တာလဲဆိုတဲ့အေတြးက ရင္ထဲအျပည့္။ သူငါ့ကိုေလွာင္ရယ္ေနမလားလို႔ သိခ်င္စိတ္နဲ႔ ဖုံးထားတာလား၊ ငါ့လုပ္ရပ္ေတြကို ထိုင္ဟားဖို႔ ဖုံးကြယ္ထားတာလား....။ အေတြးေပါင္းစုံက လူကိုႏွိပ္စက္လ်က္။

"ပ်င္း..စကားေျပာခ်င္လားဟင္"
အခန္းတံခါးေရွ႕က တိုးဖြဖြ ေတာင္းဆိုသံ။

ပယင္းခ်က္ျခင္းမေျဖျဖစ္။ သူသာမေျဖလွ်င္ စိတ္ရွည္ရွည္ႏွင့္ ေစာင့္ေလမလား။ အေရးမစိုက္စြာ ထြက္ခြာသြားေလမလား..။ ငါးမိနစ္ေလာက္ၾကာေတာ့ တံခါးေခါက္သံ ထပ္ထြက္လာကာ

"ပ်င္း..ၾကယ္ေလးေတြက ပ်င္းကိုေတြ႕ခ်င္လို႔တဲ့၊ ထြက္ေတြ႕မလားဟင္"
ပယင္း သူ႔အိပ္ခန္းျပတင္းကေန ျမင္ေနရသည့္ ၾကယ္ေရာင္စုံေကာင္းကင္ကိုလွမ္းၾကည့္ကာ ထရီလိုက္မိၿပီး ခုန္စြခုန္စြျဖင့္ တံခါးသြားဖြင့္လိုက္သည္။ဒီေကာင္ေလးက သူ႔စိတ္ကို ဘယ္လိုေခ်ာ့ရမလဲ ေကာင္းေကာင္းသိေနႏွင့္ေလၿပီေပါ့။

ပန္းႏုေရာင္ပါးေဖာင္းေဖာင္းေလး တံခါးၾကားကထြက္လာကာ
"ၾကယ္ေလးကို ျပန္ေျပာလိုက္ ၊ ငါးမိနစ္ပဲေတြ႕ခြင့္ေပးမယ္လို႔"

နီယြန္ရီလိုက္ၿပီး ခုန္စြခုန္စြယုန္ကေလးကို ေကာက္ေပြ႕လိုက္ေတာ့ အလန႔္တၾကား သူ႔လည္တိုင္ကို ဖက္တြယ္လာတဲ့ ယုန္ေလး။
ပယင္းခ်ေပးဖို႔ ေျပာရန္ႀကံေပမယ့္ နီယြန္နားေထာင္မွာမဟုတ္မွန္းသိေနေတာ့ ပန္းႏုေရာင္မ်က္ႏွာေလးႏွင့္ နီယြန႔္ရင္ခြင္ထဲ ပါသြားေတာ့သည္။ နီယြန္ရဲ႕ ၿခံထဲတင္ ဆင္းၾကည့္မယ္ထင္ေနေပမယ့္ နီယြန္က ပယင္းအိမ္ဖက္ကူးလိုက္ၿပီး ေဆာင္းတြင္းဆို သူတို႔ထိုင္ေနၾက ထိုင္ခုံမွာ ပယင္းကို အသာခ်ေပးလိုက္သည္။ထိုင္ခုံေတြက ႀကိဳသန႔္ရွင္းထားပုံႏွင့္ ေရမစို။

ပယင္း‌ေဘး နီယြန္ ပုခုံးျခင္း ယွဥ္ထိုင္လိုက္ကာ ေကာင္းကင္ကိုေမာ့ၾကည့္ၿပီး
"ၾကယ္ေလးေတြက လွတယ္ေနာ္"
"အင္း "
"ပ်င္းသိလား ၊ ဒါ ကိုယ့္ဘဝမွာ ပထမဆုံးအႀကိမ္ ၾကယ္ေတြကို ထိုင္ၾကည့္တာပဲ"
"ဟင္ ၊ အရင္က တစ္ခါမွ မၾကည့္ဖူးဘူးလား"
"အင္း။ ကိုယ္က နယူးေယာက္မွာေမြး ၊အဲမွာႀကီးတာေလ။ မိုးထိုးေနတဲ့တိုက္ေတြ ၊ တိမ္ထဲဝင္ေနတဲ့ တိုက္ေတြၾကားမွာ ၊ ေမာ္ေတာ္ယာဥ္ေတြေၾကာင့္ ေလထုညစ္ညမ္းေနတဲ့ တိမ္ထုေတြၾကားမွာ တစ္ခါမွ ၾကယ္ေတြကို ေမာ့ၾကည့္ဖို႔ စိတ္ကူးမရွိသလို ၾကည့္ရင္လဲ ေတြ႕ရမယ္ မထင္ဘူး "

ပယင္း ၿငိမ္ၿငိမ္ေလး နားေထာင္မိကာ သူသည္လဲ ဒါဟာ ပထမဆုံးအျဖစ္ ၾကယ္ေတြကို ထိုင္ၾကည့္မိျခင္းျဖစ္ေၾကာင္း သတိထားမိသည္းသည္။

"ကိုယ့္အေဖက အရမ္းခ်မ္းသာတယ္ ၊ဒါေၾကာင့္ သူ႔မွာ မိန္းမေတြ အရမ္းရႈပ္ၿပီး အဆိုးဆုံးက ကိုယ့္အေမကို လုံးဝမခ်စ္တာပဲ။အခုေတာ့ သူ႔လုပ္ရပ္နဲ႔သူ ေဂ်ာင္ပိတ္ၿပီး ကိုယ့္ေမြးစားညီမကို ျပန္ယူလိုက္ရတယ္။ Amelia, ကိုယ့္ထက္ ၂ႏွစ္ငယ္တယ္၊ သူ႔ကို မိဘမဲ့ေက်ာင္းမွာ donation လုပ္ရင္း သနားလို႔ ေမြးစားလိုက္ေပမယ့္ သူက drug ေတြ အေရာင္းဝယ္လုပ္တဲ့လူရဲ႕ daughter ျဖစ္ေနတာ။ ေနာက္သူ႔အေဖအတိုင္း ေအာက္လမ္းအလုပ္ေတြ ျပန္လုပ္ၿပီး ကိုယ့္အေဖရဲ႕ စည္းစိမ္ေတြကိုလဲ မ်က္စိက်လာတယ္။ ကိုယ့္အေမဆုံးေတာ့ ခ်က္ျခင္း ကိုယ့္အေဖကို အပိုင္ဖမ္းၿပီး အေမြေတြ ခြဲယူသြားသလို ကိုယ့္ေဝစုကိုပါ သူက လိုခ်င္ေနတုန္းပဲ"

ပယင္းရင္ထဲ ေလးလံသြားကာ နီယြန္လက္ကို အသာကိုင္လိုက္မိသည္။ နီယြန္လို သူေဌးတစ္ေယာက္မွာလဲ ဒီလိုစိတ္မခ်မ္းသာစရာေတြ ရွိေသးပါလားဆိုတဲ့အေတြးက ပယင္းရင္ထဲ ေနရာယူလို႔။ အၿမဲၿပဳံးၿပီး သေဘာေကာင္းတဲ့ နီယြန္မွာ ဒီေလာက္အရႈပ္ေထြးရွိမယ္လို႔ သူမထင္ထားမိ။
နီယြန္လက္ေခ်ာင္းေတြက သူ႔လက္ေခ်ာင္းၾကား တိုးဝင္ဆုပ္ကိုင္လာကာ

"ကိုယ္မ်က္လုံးကြယ္တာကလဲ သူ႔ေၾကာင့္ပဲ။ ကိုယ္ျပန္မလုပ္ခ်င္ဘူး ပ်င္း၊ တိုက္တာခိုက္တာ ေသြးထြက္သံယိုေတြ .. I hate it. So ကိုယ့္ယုံၾကည္ရသူ အကူညီနဲ႔ ေသသြားၿပီလို႔ ညာၿပီး ဒီမွာလာေနတာ။ ကိုယ္ေငြေတြ မမက္ေမာဘူးပ်င္း။ ကိုယ္လိုခ်င္တာ ေအးခ်မ္းတဲ့ ဘဝေလးပဲ။ ကိုယ္ အက္စီးဒန႔္ကေန သတိျပန္ရရလာျခင္း ကိုယ့္အျမင္အာ႐ုံကို ဆုံးရႈံးသြားၿပီတဲ့။ ကိုယ္ငိုခ်င္တယ္ ၊ ဒါေပမယ့္ မ်က္ရည္မက်ဘူး။ ငါတစ္ေန႔ေတာ့ အသားက်သြားမွာပါဆိုတဲ့စိတ္နဲ႔ သည္းခံတယ္ ။ အရမ္း ခက္ခဲတာပဲ။ အေမွာင္ထုပဲရွိတဲ့ ကိုယ့္အတြက္ အရာရာက ေၾကာက္ဖို႔ေကာင္းတယ္"

ပတ္ဝန္းက်င္ဟာ တိတ္ဆိတ္သြားလ်က္။ ပုရစ္သံ တစီစီကသာ တစ္ခ်က္တစ္ခ်က္ ေပၚထြက္လို႔။

"ကိုယ္ေနဖို႔ ထိုင္ဖို႔ ထဖို႔ေတာင္ ေဘးလူအကူညီမပါဘဲ မလုပ္ႏိုင္ဘူး။ ေယာက်ာ္းတစ္ေယာက္အေနနဲ႔ ကိုယ့္ရႈံးနိမ့္မႈကို ဝန္ခံရမွာလဲ ရွက္တယ္။ ဘယ္ေယာက်ာ္းသားမဆို ငါကြဆိုတဲ့ဂုဏ္ေတာ့ ရွိခ်င္ၾကတာပဲေလ။ ကိုယ့္အားနည္းခ်က္ကို ဒါပထမဆုံးအႀကိမ္အျဖစ္ ဝန္ခံတာ Amber၊ ကိုယ္ေၾကာက္တယ္ ၊ကိုယ္ အထီးက်န္တယ္။ ခ်ဴးနဲ႔ Aunt ရွိေပမယ့္ သူတို႔ကလဲ သူစိမ္း အလုပ္သမားေလ ။ ကိုယ္လိုတာလုပ္ေပးၿပီးရင္ သူတို႔ဟာသူတို႔ေနတာ။ စစခ်င္းဆို သူေျပာတာကိုယ္နားမလည္ ၊ကိုယ္ေျပာတာ သူနားမလည္နဲ႔ ကိုယ့္မွာ ေရေသာက္ရဖို႔ေတာင္ အႏိုင္ႏိုင္။ မ်က္လုံးျမင္ရင္ လက္ဟန္နဲ႔ ေျပာျပလို႔ ရေပမယ့္ ကိုယ္မျမင္ေတာ့ ဆက္သြယ္ဖို႔ ေတာ္ေတာ္ေလးကို ခက္ခဲခဲ့တာ ။ စားေသာက္ခ်ိန္ကလြဲရင္ ကိုယ့္အနားမွာ သူတို႔မရွိဘူး။ ကိုယ့္မွာ အေမွာင္ထုပဲရွိတယ္။ အခန္းထဲ တံခါးပိတ္ အေမွာင္ထုကို အသားက်ေအာင္ေနၿပီး ငါအသက္ရွင္ေနတာ ဘာေၾကာင့္လဲဆိုတဲ့ အေတြး မေတြးမိတဲ့ရက္မရွိဘူး။ ငါဒီလို blind ျဖစ္ေနတာ ငါ့ဘဝေအးခ်မ္းပါဦးမလား။ ငါလိုခ်င္တဲ့ lifeက ဒီလိုပဲ အဆုံးသတ္သြားၿပီလားေပါ့။

ကိုယ္သတ္ေသဖို႔ စဥ္းစားဖူးတယ္။ ရီခ်က္စရာကေလ သတ္ေသဖို႔ ဓါးရွာခ်င္ရင္ေတာင္ မရွာႏိုင္တာပဲ။ ကိုယ္မျမင္ရဘူးေလ။ ကိုယ့္မွာ တိတ္ဆိတ္ျခင္းအေမွာင္ထုပဲရွိတာ"

ပယင္းမ်က္ရည္စက္ဟာ ေပါက္ခနဲ။ နီယြန္ထိုမ်က္ရည္စက္ကို လက္မႏွင့္ အသာသုတ္ေပးကာ

"ကိုယ္ blind ျဖစ္ေနစဥ္တစ္ေလွ်ာက္လုံး စိတ္က်ေရာဂါ ခံစားေနရတာ။ ကိုယ့္ကိုကိုယ္သိတယ္။ ဆက္သြယ္စရာလူမရွိ ၊ အျမင္အာ႐ုံမရွိတဲ့ ဘဝမွာ ငါေသခ်င္တယ္ေပါ့။ ဒါေပမယ့္ သိလား ကိုယ့္ရဲ႕ တိတ္ဆိတ္တဲ့ ကမာၻထဲကို ႏိုက္တင္ေဂးလ္ေလးတစ္ေကာင္ဝင္လာတယ္။ ကိုယ္မျမင္ႏိုင္တာေတာင္ အသံထဲက ေႏြးေထြးေအးခ်မ္းမႈကို ခံစားႏိုင္တယ္။ ေန႔တိုင္း ေသခ်င္စိတ္ပဲရွိတဲ့ကိုယ့္ဘဝမွာ ရည္မွန္းခ်က္အသစ္တစ္ခု ေပၚလာတယ္။ ငါ ဒီအသံကို ဆက္နားေထာင္ဖို႔ အသက္ရွင္ခ်င္တယ္ဆိုတဲ့ အလင္းေရာင္ေလး။ အသံေလး ၾကားရရင္ကို ကိုယ့္တစ္ေန႔တာက ေႏြးေထြးသြားၿပီ။ Amber မင္းက ကိုယ့္အတြက္ အလင္းေရာင္ပဲ "

ပယင္းမ်က္ရည္ၾကားကပင္ ေခါင္းအခါခါၿငိမ့္ျပလိုက္မိသည္။
" ကိုယ္ၾကာေတာ့ ေလာဘႀကီးလာတယ္ Amber , အသံတင္မကဘူး ျမင္ပါျမင္ခ်င္လာတယ္၊ ကိုယ့္မ်က္လုံးက အထဲကို သံစစိုက္သြားလို႔ လုံးဝပ်က္စီးသြားတာ ။ အဲသံစက ကိုယ့္ဦးေႏွာက္ေသြးေၾကာကို ဖိမိထားလို႔ ကိုယ္ခြဲစိတ္ရင္ အသက္အႏၲရာယ္မ်ားတယ္၊ ေအာင္ျမင္ဖို႔လဲ နည္းတယ္ ။ ဒါေပမယ့္ ကိုယ္ႀကိဳးစားၾကည့္ခ်င္တယ္။ Do or Die မွာ ကိုယ္က ႀကိဳးစာၾကည့္ဖို႔ ေ႐ြးခ်ယ္လိုက္ေပမယ့္ မေအာင္ျမင္ခဲ့ရင္ဆိုတဲ့အေတြးနဲ႔ ကိုယ္မင္းကို ေမွ်ာ္လင့္ခ်က္ မေပးခ်င္ဘူး။ ကိုယ္ေသသြားႏိုင္လို႔ ကိုယ္ထြက္သြားခ်ိန္မွာေတာင္ မင္းကို ႏႈတ္မဆက္ခ်င္ဘူး Amber. ႏႈတ္ဆက္တယ္ဆိုတာ ခြဲခြာဖို႔အတြက္တဲ့။ ကိုယ္မင္းကို မခြဲႏိုင္လို႔ ကိုယ္ႏႈတ္မဆက္ခဲ့တာ"
ပယင္းေခါင္းၿငိမ့္ျပကာ သူနားလည္ၿပီျဖစ္ေၾကာင္း အသိေပးလိုက္သည္။ နီယြန္ဟာ သူ႔ရင္ထဲက ေမးခြန္းတိုင္းကို ႀကိဳသိေနခဲ့သည္ပဲ။
"ခြဲစိတ္မႈ ေအာင္ျမင္ေတာ့ ကိုယ့္မွာ ေလာဘေသးေသးေလးတစ္ခု ရွိလာျပန္တယ္။ ကိုယ္ႀကဳံခဲ့ရသမွ်ကို ျပန္ခံစားၾကည့္ခ်င္တယ္၊ ကိုယ့္လက္ကို ဆြဲထားမယ့္ပုံ၊ ကိုယ္အတြက္ စိုးရိမ္ကာကြယ္ေပးမယ့္ပုံ၊ ကိုယ့္အတြက္ သီခ်င္းဆိုေပးမယ့္ပုံ...အကုန္အကုန္ ျပင္ျမင္ခ်င္ခဲ့တဲ့ လိုအင္ဆႏၵေလး။ ကိုယ္ အဲဒါေၾကာင့္ လိမ္ထားမိတာပါ ။ ပ်င္း ကိုယ့္ကို စိတ္မဆိုးပါနဲ႔။ I'm sorry "

ပယင္းေခါင္းခါလိုက္ကာ ရီလိုက္မိၿပီး
"နီယြန္ ၊ မင္းနဲ႔ပတ္သတ္လာရင္ စိတ္ဆိုးတယ္ဆိုတဲ့ စကားလုံးက ကိုယ့္မွာ မရွိဘူး "

နီယြန္ မ်က္လုံးရဲလာကာ ပယင္းကို ေက်ာေပးလိုက္မိသည္။ သူမငိုခ်င္။ ပယင္းေရွ႕မွာ သူမေပ်ာ့ညံ့ခ်င္။
လက္တစ္ဖက္က သူ႔ေမးေစ့ကေန ျပန္ဆြဲယူသြားၿပီး မ်က္ဝန္း၂စုံက အၾကည့္ခ်င္းစုံကာ အပိုစကားလုံးေတြ မလိုအပ္ေတာ့။
ႏႈတ္ခမ္း၂ခုက အသာထိစပ္သြားကာ ၾကယ္ေရာင္စုံေကာင္းကင္ႀကီးေအာက္ သိမ္သိမ္ေမႊ႕ေမႊ႕။ ႏူးညံ့တဲ့ ႏႈတ္ခမ္းေတြဟာ ထပ္ခါထပ္ခါ ထိကပ္သြားကာ မိုးဖြားသဲ့သဲ့ပါတဲ့ ေလႏုေအးက ေဝွ႔ဝဲတိုက္ခတ္သြားလ်က္။

To be continue ♥️

Comment