လေငွေ့သွင်သွင်-အချပ်ပို-(၂)

Unicode
********

ကားသမား သတိရသည်နှင့် မြို့ကို မေးမြန်းကာ နီယွန်ကိုယ်တိုင် ကလေးမိခင်ကို လိုက်စုံစမ်း မေးမြန်းသည်။ ဘာသတင်းမှမရ။ တစ်မြို့လုံးနီးပါး ချူးနှင့်အတူ လိုက်ပတ်မေးမြန်းပြီး နောက်ဆုံးမှ သိသည့်လူတစ်ယောက်ကို တွေ့တော့သည်။
"ကျွန်မသူငယ်ချင်းပါရှင်။ ကလေးအဖေက ဆုံးတာကြာပြီ။ သူ့မိဘတွေလဲ မရှိတော့ဘူး။ ကျွန်မဆီ ကလေးမွေးတုန်းခဏလာနေမယ်ပြောပြီး လာတာ။ ပျောက်နေလို့ ကျွန်မလဲ ကားသမားတွေဆီ လိုက်စုံစမ်းနေတာ"
"ဟုတ် ကျွန်တော်တို့မြို့မှာ အက်စီးဒန့်ဖြစ်ပြီး ဆုံးသွားပြိခင်ဗျ။ ရုပ်အလောင်းကိုတော့ ချက်ခြင်းမီးသင်္ဂြိုလ်လိုက်ပါပြီ။ သမီးလေးကျန်ခဲ့တယ်။ကားဆရာလဲ လောလောဆည် လူသေမှုနဲ့ ချုပ်ထားတုန်းပါ။ အဲဒါ အမတို့ ဘယ်လိုဆက်လုပ်ချင်လဲ မသိဘူး"
"သူမွေးတုန်းခဏပဲ ‌အဖော်လုပ်ပေးဖို့ ခေါ်တာရှင်။ ကလေးတစ်ယောက်လုံးတော့ မကျွေးနိုင်ဘူး။ ပြုစုစောင့်ရှောက်ဖို့ အချိန်လဲ မရှိဘူး။ လုပ်ကိုင်စားသောက်ရဦးမယ်။ မိဘမဲ့ဂေဟာဖြစ်ဖြစ် ပို့လိုက်ပေါ့ရှင်"

နီယွန်သေချာမေးမြန်းပြီးမှ သူ့မြို့သူပြန်လာလိုက်သည်။ ကလေးက အခုချိန်မှာ မိဘမဲ့။ တစ်ခုထဲသော အဆက်သွယ်ကလဲ မခေါ်ထားနိုင်။ ပယင်းသဘောအတိုင်း မွေးစားရတော့မည့်ပုံ။ သူမမွေးချင်တာတော့မဟုတ်။ နီတာရဲပေါက်စလေးကို သူလဲချစ်သည်။ သို့သော် ဘယ်လိုပြုစုစောင့်ရှောက်ရမယ် သူမသိ။ ဤမျှနူးညံ့သေးကွေးသည့် ပေါက်စလေးတွေကို သူမပြုစုဖူးဘူး။သူနှင့်ပယင်း မလုပ်နိုင်မှာကြောက်သည်။

အိမ်ပြန်ရောက်တော့ ပယင်းက အလောတကြီး ။ ကလေးဆွေမျိုးတွေကို ရှာတွေ့ခဲ့လား သိချင်နေသည်။ နီယွန်အကြောင်းစုံရှင်းပြလိုက်တော့ ပယင်းသက်ပြင်းချကာ
"ကျွန်တော်မွေးမှာနော်လ၊ပြောပြီးပြီ"
"ဟူး ကိုယ်မှ မမွေးဖူးတာ ပျင်းရယ်။ ကလေးက အရမ်းသေးလွန်းတယ်။ ကိုယ်တို့တစ်ခုခုမှားယွင်းပြီး ကလေးထိခိုက်သွားမှာကြောက်တယ်"

ထိုစဉ် အိငယ်က ကလေးပွေ့လာပြီး သေးပေါက်ချထားသည့် အနှီးကို ကျွမ်းကျင်စွာ လဲလှယ်သွားပြီး ကလေးကို ချော့မြူကာ
"သူဌေးလေးရယ် မပူနဲ့။ ညီမရဲ့ တူလေးမွေးပြီးတော့ ညီမပဲ ထိန်းလာတာ။ အားလုံးကျွမ်း။ ညီမတို့လဲ ကူထိန်းပေးပါ့မယ်။ အကိုပယင်းမွေးချင်တာကို ပေးမွေးလိုက်ပါ"
ဒွေးကြည်ကပါ ကလေးနို့ဘူးနှင့် မီးဖိုထဲကထွက်လာပြီး
"ဟုတ်ပါ နီယွန်ရယ်၊ ဒွေးတို့လဲ အိမ်ထောင်မရှိပေမယ့် တူလေးတူမလေးတွေကို ထိန်းဖူးပါတယ်၊ မပူနဲ့ မောင်ပျင်းမွေးစေချင်ရင် ခေါ်ထားလိုက်။ "

ဘေးက ကလေးအနှီး မီးပူတိုက်နေသည့် ချစ်ထူးကပါ ခေါင်းတငြိမ့်ငြိမ်။ အားလုံးက ကျွမ်းကျွမ်းကျင်ကျင် သူ့အလုပ်သူလုပ်သွားကာ ပယင်းက သူ့ကို ရီပြလို့။ ဪ ချစ်ရသူဆန္ဒကိုလဲ မလွန်ဆန်ရက်ပါလားနော်။
"ကောင်းပြီ။ ကိုယ်မွေးစားဖို့ လိုအပ်တာတွေ ပြင်လိုက်မယ်"

ပယင်း နီယွန်ကို ပြေးဖက်လိုက်ကာ
"ကျေးဇူးပါမောင်။ ဪ ဒီမနက်တင် ချက်ကြွေသွားပြီရယ်၊ကြည့်မလား "
"ဟင်"
"ချက်လေ။ ချက်ကြိုး။ ဒီမနက်တင် ခြောက်ပြီးကြွေသွားတာ ။ ခဏနေ မြေမြှပ်တော့မလို့။ ကြည့်ဦးမလား"
"ရပြီ ၊ ကိုယ်မကြည့်ရဲဘူး"
"ဟင် ဘာလို့"
"သိဘူး ၊ဒီသေးသေးလေးကိုတောင် မထိရဲဘူး။ ကိုယ်ထိလိုက်ရင် နာသွားမှာဆိုးလို့"

ပယင်းရီလိုက်ကာ ဘာမှမပြောတော့။
"ကလေးနာမည် ဘာပေးကြမလဲ အကိုပျင်း"

ချစ်ထူးရဲ့ အမေး။ ပယင်း နီယွန်ကို ကြည့်လိုက်သည်။ နီယွန်လဲမသိ။
နို့ဘူးစို့ရင်း သူ့ကိုစိုက်ကြည့်နေသည့် သမီးလေးကို ပယင်းကြည့်လိုက်ကာ
"ကျွန်တော်လဲ မသိသေးဘူး။ အခု ကျွန်တော့်မှာ သမီးလေးတစ်ယောက် ရှိနေပြီဆိုတာ မယုံနိုင်သေးဘူး။ အိမ်မက်လိုပဲ"
"Dream .. dream လို့ ပေးကြရင်ရော ပျင်း"

"English လိုဆို ခေါ်လို့ကောင်းပေမယ့် ကျောင်းထားရင်
မဒရင်းလို့ ခေါ်လို့မှမကောင်းဘဲ မောင်ရယ်"

ပယင်းရီရင်း ဖြေမိသည်။
"Nickname ခေါ်လို့ရတာပဲ"
"ဟုတ်ပြီ၊ လောလောဆယ် အိမ်နာမည် မအိမ်မက်လေးပေါ့ ။ dream လေးရေ။ ဖေဖေ့သမီးလေး"
"ခစ်ခစ်"

သမီးလေးက နို့ဘူးကိုင်ထားသော လက်ချောင်းလေးတွေ စုပ်ချည်ဖြန့်ချည်ဖြင့် သူ့ကိုကြည့်ပြီး ရီပြလာသည်။
"သူကြိုက်တဲ့ပုံပဲ မောင်ပေးတဲ့ နာမည်ကို"

နီတာရဲပိစိလေးကို နီယွန်မဝံ့မရဲကိုင်ကြည့်မိသည်။ အိစက်စက် အသားရည်လေးက သူ့နှလုံးသားကို အရည်ပျော်စေလို့။
"Hello my little girl "
နီယွန် ကလေးကို ချီတော့ ကလေးက ချက်ခြင်းအော်ငိုတော့သည်။ နီယွန်မှာ ပြာပြာသလဲ။ ချလဲမချရဲသလို ဆက်လဲမချီထားရဲပြန်။ ပယင်းထို၂ယောက်ကိုကြည့်ပြီး ရီကာ
"မောင်ချီတာ သူ့နို့ဘူးမှ မကိုင်ထားပေးဘဲ။ နို့ဘူးလွတ်သွားလို့ငိုတာ "
ဟုတ်တာပေါ့။ အိငယ်ချီထားတုန်းက နို့ဘူးလေး ထိန်းကိုင်ပေးထားတာ ၊နီယွန်လက်ပြောင်းချီတော့ နို့စို့နေတာ ပျက်သွားလို့ ကလေးက အော်ငိုတော့တာ။

နီယွန်နဖူးမှာ ချွေးပေါက်တွေပင် ထွက်သွားတာအမှန်။
နို့ဘူးပြန်တပ်ပေးထားတာတောင် သမီးလေးက လက်ကလေး ယက်ကန်ယက်ကန်ဖြင့် နီယွန်လက်ထဲကနေ လူးလွန့်လို့။ ငြိမ်ငြိမ်မနေ။

ဪ ကလေးထိန်းရတာလဲ မလွယ်ပါလားနော်။

"လာ ကလေးနို့ဝသွားရင် ပုခက်ထဲသိပ်တော့။ လက်ပေါ်ချီထားပါများရင် ကလေက လက်ကြိုက်သွားလိမ့်မယ် ။ နောက် လူပေါ်မနေရ မနေနိုင်ဖြစ်မယ်"

နို့ဝလို့ အိပ်မောကျသွားမှ နီယွန်ကလေးကို ပုခက်ထဲ ဖွဖွလေးထည့်ကာ သက်ပြင်းချလိုက်မိသည်။
"အဆင်ပြေလား မောင်"

ပယင်းက သူ့နှဖူးက ချွေးတွေအသာသုတ်ပေးကာ မေးလာသည်။ နီယွန် ပယင်းလည်တိုင်မှာ မျက်နှာအပ်ပြီး
"ကိုယ်တော့ နှလုံးရောဂါရတော့မယ်ထင်တယ် သမီးလေးနဲ့။ မထိရက် မကိုက်ရက်စရာသေးသေးလေး"
"စိတ်ထင်လို့ပါ။ နောက်အကျင့်ဖြစ်သွားမယ်"

နီယွန်ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ဘောင်းဘီစကို ကိုက်ဆော့နေသည့် summer လေးကို ပွေ့ချီလိုက်သည်။ ခွေးလေး၃ကောင်ကို ပယင်းက summer, winter,နဲ့ rainလို့ အမည်ပေးထားတာပင်။ အစက ဘယ်သူမှ မရှိခဲ့သော သူတို့ဘဝထဲကို အခုတော့ သံယောဇဉ်တွယ်စရာတွေ တစ်ခုပြီးတစ်ခု တိုးဝင်လို့လာပြီ။ summer လေးက သွားပိစိဖြင့် နီယွန်လက်ဖမိုးကို တတိတိကိုက်ပြီးဆော့နေတာ တစ်ကိုယ်လုံး လှုပ်စိလှုပ်စိ။ ဘယ်လိုမှ ငြိမ်ငြိမ်ချီမရ။
"ခင်ဗျားတော့ ကလေး ၄ယောက် အဖေဖြစ်ပြီ နီယွန်၊ ထိန်းပေတော့"

နီယွန် အိမ်ထဲက ပိစိလေးကိုတစ်လှည့် ၊သူ့လက်ထဲက မျောက်လောင်းလေးကိုတစ်လှည့်၊ အိမ်ရှေ့မှာ ချွတ်ထားတဲ့ ပယင်းဖိနပ်ကို ရစရာမရှိအောင် ကိုက်ဆော့နေတဲ့ winter နဲ့ rain ကိုတစ်လှည့်ကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် ဇက်ကြောတက်လာရတော့သည်။
အာ..သူတကယ်ကြီးကို ကလေး၄ယောက် ထိန်းရတော့မှာပဲလို့။
သူ့ယောကျာ်းအတွေးကို နားလည်နေတဲ့ ပယင်းက တခစ်ခစ်ရီလို့။
နီယွန် ပယင်းလက်ကို ဆွဲယူနမ်းလိုက်မိတော့သည်။ ကိစ္စမရှိ။ ပယင်းအပြုံးနဲ့တင် မျောက်ကလေး ၄ကောင်မက အကောင်၁၀၀ထိန်းရမည်ဆိုတောင် သူရအောင်ထိန်းမည်။

"မောင် ကျွန်တော်အရမ်းဆိုးလားဟင်။ ကလးတစ်ယောက် ကောက်မွေးစားဖို့ လုပ်ပစ်တာ ၊ အရမ်း မဆင်မခြင် ဖြစ်သွားတယ်မလား"

"အင်း အရမ်းမဆင်မခြင် လုပ်တယ် ပျင်းက"

ပယင်းမျက်နှာလေး ညိုးသွားတော့သည်။နီယွန် ပယင်းမျက်နှာကို ပြန်မော့စေကာ
"ပျင်း မဆင်မခြင်လုပ်တော့လဲ ဘာဖြစ်လဲ။ နောက်မှာ ကိုယ်တစ်ယောက်လုံးရှိတယ်။ ပျင်းတာဝန်က ပျင်းလုပ်ချင်တာ လုပ်ဖို့။ ကိုယ့်တာဝန်က ပျင်းလုပ်ချင်တာ လုပ်ပေးဖို့။ ခေါင်းမော့ထား ပျင်း။ ပျင်းဖြစ်ချင်တာမှန်သမျှ ကိုယ်ဖြည့်ဆည်းပေးမှာ "
ပယင်း မျက်ဝန်းထောင့်မှ မျက်ရည်က နီယွန်လက်ပေါ် စီးကျလို့သွားသည်။

"မောင် "
"ဟွန်"
"ကျွန်တော့်ကို အရမ်းအလိုမလိုက်နဲ့၊ ပျက်စီးသွားလိမ့်မယ်"
"မဖြစ်ပါဘူး။ ပျင်းဘေးမှာ လိုက်ထိန်းပေးမယ့် ကိုယ်တစ်ယောက်လုံးရှိတယ် ။ အဲလိုပြောမှ ကိုယ် ကလေး ၅ယောက် ထိန်းနေရတာပဲနော်"
ပယင်း နီယွန်ရင်ဘတ်ကို ထုလိုက်တော့သည်။
"ကျွန်တော်က မောင့်ထက် ကြီးတယ်နော်၊ ဘာကလေးတုန်း"
"ပျင်းကလား ၊ကိုယ့်အတွက် မျှော်လင့်ချက်လေး၊မီးအိမ်ရှင်လေး။ ဘဝအလင်းရောင်လေး ၊ ပြီးတော့...."
"ဘာလဲပြီးတော့ "
"ကိုယ့်ဘဝရဲ့ လေပြည်အေးလေး ။ ငြိမ်းချမ်းတဲ့ လေပြည်နုနုအေးလေး"

ပယင်းမျက်စောင်းနုနုထိုးလိုက်မိသည်။

"အူဝဲ....အူဝဲ"

သမီးလေးရဲ့ ငိုသံစူးစူးက ကျယ်လောင်စွာ ပေါ်ထွက်လို့လာသည်။ နီယွန်ချက်ခြင်းထကာ ကလေးပြေးပွေ့လိုက်တော့ အနှီးအောက်ပိုင်းက စိုရွှဲနေပြီ။
"နို့စို့လိုက် သေးပေါက်လိုက်နဲ့ ဟုတ်နေတာပဲ မင်းသမီးလေးရာ"

နီယွန်အစောလေးက အိငယ်လုပ်သွားပုံကို ပြန်စဉ်းစားရင်း အနှီးအသစ်လဲပေးလိုက်သည်။ အိငယ်လောက် မသပ်ရပ်သော်လည်း အဆင်တော့ပြေသည်။ ပယင်းသူ့ဘေးလာရပ်ကာ သူ့ပုခုံးကိုတိုက်လိုက်ပြီး
"Congratulationပါ ဖေဖေရေ။ ဖေဖေ အနှီးလဲတတ်သွားပြီ"

ဖေဖေ...။ အဓိပ္ပာယ်တွေ အများကြီး ပါဝင်သော စကား၂ခွန်း။
နီယွန် ကလေးကို ပြန်ချော့သိပ်လိုက်ကာ ပယင်းကို ကြည့်မိသည်။
"ပျင်း "
"ဟင်"
"Thank U"
"ဟင် ဘာအတွက်လဲ"

"ကိုယ့်ကို အသက်ဆက်ရှင်စေခဲ့တဲ့ အလင်းရောင်လေး ဖြစ်ပေးခဲ့လို့။ ကိုယ်သာ ပျင်းနဲ့မတွေ့ခဲ့ရင်...."

ပယင်း ချက်ခြင်း နီယွန်နှုတ်ခမ်းကို ပိတ်လိုက်သည်။
"ခဲ့ရင်ဆိုတာ မရှိဘူး။ ဒီဘဝတင်မဟုတ်ဘူး၊ ဘဝဆက်တိုင်း ကျွန်တော် နီယွန့်ဘေးမှာ ရှိသွားမှာ နီယွန်နဲ့ကျွန်တော် အတူတည်ရှိဖို့ ကံကြမ္မာက သတ်မှတ်ပေးပြီးသား "

နီယွန် ပယင်းကို တင်းတင်းကြပ်အောင် ဖက်ထားမိတော့သည်။
"Love you my little nightingale"
"Love you နီယွန်"

The End.
Bye bye ပါရှင်။ အချပ်ပိုလဲ ပြီးပါပြီ။




zawgi
*******
ကားသမား သတိရသည္ႏွင့္ ၿမိဳ႕ကို ေမးျမန္းကာ နီယြန္ကိုယ္တိုင္ ကေလးမိခင္ကို လိုက္စုံစမ္း ေမးျမန္းသည္။ ဘာသတင္းမွမရ။ တစ္ၿမိဳ႕လုံးနီးပါး ခ်ဴးႏွင့္အတူ လိုက္ပတ္ေမးျမန္းၿပီး ေနာက္ဆုံးမွ သိသည့္လူတစ္ေယာက္ကို ေတြ႕ေတာ့သည္။
"ကြၽန္မသူငယ္ခ်င္းပါရွင္။ ကေလးအေဖက ဆုံးတာၾကာၿပီ။ သူ႔မိဘေတြလဲ မရွိေတာ့ဘူး။ ကြၽန္မဆီ ကေလးေမြးတုန္းခဏလာေနမယ္ေျပာၿပီး လာတာ။ ေပ်ာက္ေနလို႔ ကြၽန္မလဲ ကားသမားေတြဆီ လိုက္စုံစမ္းေနတာ"
"ဟုတ္ ကြၽန္ေတာ္တို႔ၿမိဳ႕မွာ အက္စီးဒန႔္ျဖစ္ၿပီး ဆုံးသြားၿပိခင္ဗ်။ ႐ုပ္အေလာင္းကိုေတာ့ ခ်က္ျခင္းမီးသၿဂႋဳလ္လိုက္ပါၿပီ။ သမီးေလးက်န္ခဲ့တယ္။ကားဆရာလဲ ေလာေလာဆည္ လူေသမႈနဲ႔ ခ်ဳပ္ထားတုန္းပါ။ အဲဒါ အမတို႔ ဘယ္လိုဆက္လုပ္ခ်င္လဲ မသိဘူး"
"သူေမြးတုန္းခဏပဲ ‌အေဖာ္လုပ္ေပးဖို႔ ေခၚတာရွင္။ ကေလးတစ္ေယာက္လုံးေတာ့ မေကြၽးႏိုင္ဘူး။ ျပဳစုေစာင့္ေရွာက္ဖို႔ အခ်ိန္လဲ မရွိဘူး။ လုပ္ကိုင္စားေသာက္ရဦးမယ္။ မိဘမဲ့ေဂဟာျဖစ္ျဖစ္ ပို႔လိုက္ေပါ့ရွင္"

နီယြန္ေသခ်ာေမးျမန္းၿပီးမွ သူ႔ၿမိဳ႕သူျပန္လာလိုက္သည္။ ကေလးက အခုခ်ိန္မွာ မိဘမဲ့။ တစ္ခုထဲေသာ အဆက္သြယ္ကလဲ မေခၚထားႏိုင္။ ပယင္းသေဘာအတိုင္း ေမြးစားရေတာ့မည့္ပုံ။ သူမေမြးခ်င္တာေတာ့မဟုတ္။ နီတာရဲေပါက္စေလးကို သူလဲခ်စ္သည္။ သို႔ေသာ္ ဘယ္လိုျပဳစုေစာင့္ေရွာက္ရမယ္ သူမသိ။ ဤမွ်ႏူးညံ့ေသးေကြးသည့္ ေပါက္စေလးေတြကို သူမျပဳစုဖူးဘူး။သူႏွင့္ပယင္း မလုပ္ႏိုင္မွာေၾကာက္သည္။

အိမ္ျပန္ေရာက္ေတာ့ ပယင္းက အေလာတႀကီး ။ ကေလးေဆြမ်ိဳးေတြကို ရွာေတြ႕ခဲ့လား သိခ်င္ေနသည္။ နီယြန္အေၾကာင္းစုံရွင္းျပလိုက္ေတာ့ ပယင္းသက္ျပင္းခ်ကာ
"ကြၽန္ေတာ္ေမြးမွာေနာ္လ၊ေျပာၿပီးၿပီ"
"ဟူး ကိုယ္မွ မေမြးဖူးတာ ပ်င္းရယ္။ ကေလးက အရမ္းေသးလြန္းတယ္။ ကိုယ္တို႔တစ္ခုခုမွားယြင္းၿပီး ကေလးထိခိုက္သြားမွာေၾကာက္တယ္"

ထိုစဥ္ အိငယ္က ကေလးေပြ႕လာၿပီး ေသးေပါက္ခ်ထားသည့္ အႏွီးကို ကြၽမ္းက်င္စြာ လဲလွယ္သြားၿပီး ကေလးကို ေခ်ာ့ျမဴကာ
"သူေဌးေလးရယ္ မပူနဲ႔။ ညီမရဲ႕ တူေလးေမြးၿပီးေတာ့ ညီမပဲ ထိန္းလာတာ။ အားလုံးကြၽမ္း။ ညီမတို႔လဲ ကူထိန္းေပးပါ့မယ္။ အကိုပယင္းေမြးခ်င္တာကို ေပးေမြးလိုက္ပါ"
ေဒြးၾကည္ကပါ ကေလးႏို႔ဘူးႏွင့္ မီးဖိုထဲကထြက္လာၿပီး
"ဟုတ္ပါ နီယြန္ရယ္၊ ေဒြးတို႔လဲ အိမ္ေထာင္မရွိေပမယ့္ တူေလးတူမေလးေတြကို ထိန္းဖူးပါတယ္၊ မပူနဲ႔ ေမာင္ပ်င္းေမြးေစခ်င္ရင္ ေခၚထားလိုက္။ "

ေဘးက ကေလးအႏွီး မီးပူတိုက္ေနသည့္ ခ်စ္ထူးကပါ ေခါင္းတၿငိမ့္ၿငိမ္။ အားလုံးက ကြၽမ္းကြၽမ္းက်င္က်င္ သူ႔အလုပ္သူလုပ္သြားကာ ပယင္းက သူ႔ကို ရီျပလို႔။ ဪ ခ်စ္ရသူဆႏၵကိုလဲ မလြန္ဆန္ရက္ပါလားေနာ္။
"ေကာင္းၿပီ။ ကိုယ္ေမြးစားဖို႔ လိုအပ္တာေတြ ျပင္လိုက္မယ္"

ပယင္း နီယြန္ကို ေျပးဖက္လိုက္ကာ
"ေက်းဇူးပါေမာင္။ ဪ ဒီမနက္တင္ ခ်က္ေႂကြသြားၿပီရယ္၊ၾကည့္မလား "
"ဟင္"
"ခ်က္ေလ။ ခ်က္ႀကိဳး။ ဒီမနက္တင္ ေျခာက္ၿပီးေႂကြသြားတာ ။ ခဏေန ေျမျမႇပ္ေတာ့မလို႔။ ၾကည့္ဦးမလား"
"ရၿပီ ၊ ကိုယ္မၾကည့္ရဲဘူး"
"ဟင္ ဘာလို႔"
"သိဘူး ၊ဒီေသးေသးေလးကိုေတာင္ မထိရဲဘူး။ ကိုယ္ထိလိုက္ရင္ နာသြားမွာဆိုးလို႔"

ပယင္းရီလိုက္ကာ ဘာမွမေျပာေတာ့။
"ကေလးနာမည္ ဘာေပးၾကမလဲ အကိုပ်င္း"

ခ်စ္ထူးရဲ႕ အေမး။ ပယင္း နီယြန္ကို ၾကည့္လိုက္သည္။ နီယြန္လဲမသိ။
ႏို႔ဘူးစို႔ရင္း သူ႔ကိုစိုက္ၾကည့္ေနသည့္ သမီးေလးကို ပယင္းၾကည့္လိုက္ကာ
"ကြၽန္ေတာ္လဲ မသိေသးဘူး။ အခု ကြၽန္ေတာ့္မွာ သမီးေလးတစ္ေယာက္ ရွိေနၿပီဆိုတာ မယုံႏိုင္ေသးဘူး။ အိမ္မက္လိုပဲ"
"Dream .. dream လို႔ ေပးၾကရင္ေရာ ပ်င္း"

"English လိုဆို ေခၚလို႔ေကာင္းေပမယ့္ ေက်ာင္းထားရင္
မဒရင္းလို႔ ေခၚလို႔မွမေကာင္းဘဲ ေမာင္ရယ္"

ပယင္းရီရင္း ေျဖမိသည္။
"Nickname ေခၚလို႔ရတာပဲ"
"ဟုတ္ၿပီ၊ ေလာေလာဆယ္ အိမ္နာမည္ မအိမ္မက္ေလးေပါ့ ။ dream ေလးေရ။ ေဖေဖ့သမီးေလး"
"ခစ္ခစ္"

သမီးေလးက ႏို႔ဘူးကိုင္ထားေသာ လက္ေခ်ာင္းေလးေတြ စုပ္ခ်ည္ျဖန႔္ခ်ည္ျဖင့္ သူ႔ကိုၾကည့္ၿပီး ရီျပလာသည္။
"သူႀကိဳက္တဲ့ပုံပဲ ေမာင္ေပးတဲ့ နာမည္ကို"

နီတာရဲပိစိေလးကို နီယြန္မဝံ့မရဲကိုင္ၾကည့္မိသည္။ အိစက္စက္ အသားရည္ေလးက သူ႔ႏွလုံးသားကို အရည္ေပ်ာ္ေစလို႔။
"Hello my little girl "
နီယြန္ ကေလးကို ခ်ီေတာ့ ကေလးက ခ်က္ျခင္းေအာ္ငိုေတာ့သည္။ နီယြန္မွာ ျပာျပာသလဲ။ ခ်လဲမခ်ရဲသလို ဆက္လဲမခ်ီထားရဲျပန္။ ပယင္းထို၂ေယာက္ကိုၾကည့္ၿပီး ရီကာ
"ေမာင္ခ်ီတာ သူ႔ႏို႔ဘူးမွ မကိုင္ထားေပးဘဲ။ ႏို႔ဘူးလြတ္သြားလို႔ငိုတာ "
ဟုတ္တာေပါ့။ အိငယ္ခ်ီထားတုန္းက ႏို႔ဘူးေလး ထိန္းကိုင္ေပးထားတာ ၊နီယြန္လက္ေျပာင္းခ်ီေတာ့ ႏို႔စို႔ေနတာ ပ်က္သြားလို႔ ကေလးက ေအာ္ငိုေတာ့တာ။

နီယြန္နဖူးမွာ ေခြၽးေပါက္ေတြပင္ ထြက္သြားတာအမွန္။
ႏို႔ဘူးျပန္တပ္ေပးထားတာေတာင္ သမီးေလးက လက္ကေလး ယက္ကန္ယက္ကန္ျဖင့္ နီယြန္လက္ထဲကေန လူးလြန႔္လို႔။ ၿငိမ္ၿငိမ္မေန။

ဪ ကေလးထိန္းရတာလဲ မလြယ္ပါလားေနာ္။

"လာ ကေလးႏို႔ဝသြားရင္ ပုခက္ထဲသိပ္ေတာ့။ လက္ေပၚခ်ီထားပါမ်ားရင္ ကေလက လက္ႀကိဳက္သြားလိမ့္မယ္ ။ ေနာက္ လူေပၚမေနရ မေနႏိုင္ျဖစ္မယ္"

ႏို႔ဝလို႔ အိပ္ေမာက်သြားမွ နီယြန္ကေလးကို ပုခက္ထဲ ဖြဖြေလးထည့္ကာ သက္ျပင္းခ်လိုက္မိသည္။
"အဆင္ေျပလား ေမာင္"

ပယင္းက သူ႔ႏွဖူးက ေခြၽးေတြအသာသုတ္ေပးကာ ေမးလာသည္။ နီယြန္ ပယင္းလည္တိုင္မွာ မ်က္ႏွာအပ္ၿပီး
"ကိုယ္ေတာ့ ႏွလုံးေရာဂါရေတာ့မယ္ထင္တယ္ သမီးေလးနဲ႔။ မထိရက္ မကိုက္ရက္စရာေသးေသးေလး"
"စိတ္ထင္လို႔ပါ။ ေနာက္အက်င့္ျဖစ္သြားမယ္"

နီယြန္ေခါင္းၿငိမ့္ျပလိုက္ၿပီး သူ႔ေဘာင္းဘီစကို ကိုက္ေဆာ့ေနသည့္ summer ေလးကို ေပြ႕ခ်ီလိုက္သည္။ ေခြးေလး၃ေကာင္ကို ပယင္းက summer, winter,နဲ႔ rainလို႔ အမည္ေပးထားတာပင္။ အစက ဘယ္သူမွ မရွိခဲ့ေသာ သူတို႔ဘဝထဲကို အခုေတာ့ သံေယာဇဥ္တြယ္စရာေတြ တစ္ခုၿပီးတစ္ခု တိုးဝင္လို႔လာၿပီ။ summer ေလးက သြားပိစိျဖင့္ နီယြန္လက္ဖမိုးကို တတိတိကိုက္ၿပီးေဆာ့ေနတာ တစ္ကိုယ္လုံး လႈပ္စိလႈပ္စိ။ ဘယ္လိုမွ ၿငိမ္ၿငိမ္ခ်ီမရ။
"ခင္ဗ်ားေတာ့ ကေလး ၄ေယာက္ အေဖျဖစ္ၿပီ နီယြန္၊ ထိန္းေပေတာ့"

နီယြန္ အိမ္ထဲက ပိစိေလးကိုတစ္လွည့္ ၊သူ႔လက္ထဲက ေမ်ာက္ေလာင္းေလးကိုတစ္လွည့္၊ အိမ္ေရွ႕မွာ ခြၽတ္ထားတဲ့ ပယင္းဖိနပ္ကို ရစရာမရွိေအာင္ ကိုက္ေဆာ့ေနတဲ့ winter နဲ႔ rain ကိုတစ္လွည့္ၾကည့္ကာ ပထမဆုံးအႀကိမ္အျဖစ္ ဇက္ေၾကာတက္လာရေတာ့သည္။
အာ..သူတကယ္ႀကီးကို ကေလး၄ေယာက္ ထိန္းရေတာ့မွာပဲလို႔။
သူ႔ေယာက်ာ္းအေတြးကို နားလည္ေနတဲ့ ပယင္းက တခစ္ခစ္ရီလို႔။
နီယြန္ ပယင္းလက္ကို ဆြဲယူနမ္းလိုက္မိေတာ့သည္။ ကိစၥမရွိ။ ပယင္းအၿပဳံးနဲ႔တင္ ေမ်ာက္ကေလး ၄ေကာင္မက အေကာင္၁၀၀ထိန္းရမည္ဆိုေတာင္ သူရေအာင္ထိန္းမည္။

"ေမာင္ ကြၽန္ေတာ္အရမ္းဆိုးလားဟင္။ ကလးတစ္ေယာက္ ေကာက္ေမြးစားဖို႔ လုပ္ပစ္တာ ၊ အရမ္း မဆင္မျခင္ ျဖစ္သြားတယ္မလား"

"အင္း အရမ္းမဆင္မျခင္ လုပ္တယ္ ပ်င္းက"

ပယင္းမ်က္ႏွာေလး ညိဳးသြားေတာ့သည္။နီယြန္ ပယင္းမ်က္ႏွာကို ျပန္ေမာ့ေစကာ
"ပ်င္း မဆင္မျခင္လုပ္ေတာ့လဲ ဘာျဖစ္လဲ။ ေနာက္မွာ ကိုယ္တစ္ေယာက္လုံးရွိတယ္။ ပ်င္းတာဝန္က ပ်င္းလုပ္ခ်င္တာ လုပ္ဖို႔။ ကိုယ့္တာဝန္က ပ်င္းလုပ္ခ်င္တာ လုပ္ေပးဖို႔။ ေခါင္းေမာ့ထား ပ်င္း။ ပ်င္းျဖစ္ခ်င္တာမွန္သမွ် ကိုယ္ျဖည့္ဆည္းေပးမွာ "
ပယင္း မ်က္ဝန္းေထာင့္မွ မ်က္ရည္က နီယြန္လက္ေပၚ စီးက်လို႔သြားသည္။

"ေမာင္ "
"ဟြန္"
"ကြၽန္ေတာ့္ကို အရမ္းအလိုမလိုက္နဲ႔၊ ပ်က္စီးသြားလိမ့္မယ္"
"မျဖစ္ပါဘူး။ ပ်င္းေဘးမွာ လိုက္ထိန္းေပးမယ့္ ကိုယ္တစ္ေယာက္လုံးရွိတယ္ ။ အဲလိုေျပာမွ ကိုယ္ ကေလး ၅ေယာက္ ထိန္းေနရတာပဲေနာ္"
ပယင္း နီယြန္ရင္ဘတ္ကို ထုလိုက္ေတာ့သည္။
"ကြၽန္ေတာ္က ေမာင့္ထက္ ႀကီးတယ္ေနာ္၊ ဘာကေလးတုန္း"
"ပ်င္းကလား ၊ကိုယ့္အတြက္ ေမွ်ာ္လင့္ခ်က္ေလး၊မီးအိမ္ရွင္ေလး။ ဘဝအလင္းေရာင္ေလး ၊ ၿပီးေတာ့...."
"ဘာလဲၿပီးေတာ့ "
"ကိုယ့္ဘဝရဲ႕ ေလျပည္ေအးေလး ။ ၿငိမ္းခ်မ္းတဲ့ ေလျပည္ႏုႏုေအးေလး"

ပယင္းမ်က္ေစာင္းႏုႏုထိုးလိုက္မိသည္။

"အူဝဲ....အူဝဲ"

သမီးေလးရဲ႕ ငိုသံစူးစူးက က်ယ္ေလာင္စြာ ေပၚထြက္လို႔လာသည္။ နီယြန္ခ်က္ျခင္းထကာ ကေလးေျပးေပြ႕လိုက္ေတာ့ အႏွီးေအာက္ပိုင္းက စို႐ႊဲေနၿပီ။
"ႏို႔စို႔လိုက္ ေသးေပါက္လိုက္နဲ႔ ဟုတ္ေနတာပဲ မင္းသမီးေလးရာ"

နီယြန္အေစာေလးက အိငယ္လုပ္သြားပုံကို ျပန္စဥ္းစားရင္း အႏွီးအသစ္လဲေပးလိုက္သည္။ အိငယ္ေလာက္ မသပ္ရပ္ေသာ္လည္း အဆင္ေတာ့ေျပသည္။ ပယင္းသူ႔ေဘးလာရပ္ကာ သူ႔ပုခုံးကိုတိုက္လိုက္ၿပီး
"Congratulationပါ ေဖေဖေရ။ ေဖေဖ အႏွီးလဲတတ္သြားၿပီ"

ေဖေဖ...။ အဓိပၸာယ္ေတြ အမ်ားႀကီး ပါဝင္ေသာ စကား၂ခြန္း။
နီယြန္ ကေလးကို ျပန္ေခ်ာ့သိပ္လိုက္ကာ ပယင္းကို ၾကည့္မိသည္။
"ပ်င္း "
"ဟင္"
"Thank U"
"ဟင္ ဘာအတြက္လဲ"

"ကိုယ့္ကို အသက္ဆက္ရွင္ေစခဲ့တဲ့ အလင္းေရာင္ေလး ျဖစ္ေပးခဲ့လို႔။ ကိုယ္သာ ပ်င္းနဲ႔မေတြ႕ခဲ့ရင္...."

ပယင္း ခ်က္ျခင္း နီယြန္ႏႈတ္ခမ္းကို ပိတ္လိုက္သည္။
"ခဲ့ရင္ဆိုတာ မရွိဘူး။ ဒီဘဝတင္မဟုတ္ဘူး၊ ဘဝဆက္တိုင္း ကြၽန္ေတာ္ နီယြန႔္ေဘးမွာ ရွိသြားမွာ နီယြန္နဲ႔ကြၽန္ေတာ္ အတူတည္ရွိဖို႔ ကံၾကမၼာက သတ္မွတ္ေပးၿပီးသား "

နီယြန္ ပယင္းကို တင္းတင္းၾကပ္ေအာင္ ဖက္ထားမိေတာ့သည္။
"Love you my little nightingale"
"Love you နီယြန္"

The End.
Bye bye ပါရွင္။ အခ်ပ္ပိုလဲ ၿပီးပါၿပီ။




Comment