လေငွေ့သွင်သွင်(၁၂)

Unicode
********

နီယွန် မြို့အဝင်ဝက ဆိုင်းပုဒ်လေးကို မြင်တာနှင့် ပိီတိအဟုန်က တလှိမ့်လှိမ့်။

နားကြပ်လေးနှင့် သီချင်းနားထောင်ရင်း တပြုံးပြုံးရှိနေသော အကိုလေးကို ချစ်ထူးမနှောက်ယှက်ဝင့်။ မတော်လို့ အကိုပယင်း မရှိခဲ့ရင်.....

ကားလေးက ခြံရှေ့မှာ ရပ်သွားကာ ဒွေးကြည်က ခြံရှေ့မှာ စီးကြိုပြီး ချစ်ထူးနှင့် အထုတ်ပိုးတွေသယ်ကာ အိမ်ထဲဝင်သွားနှင့်သည်။ နီယွန် လိုက်မဝင်ဖြစ်။ ဘေးချင်းကပ် ခြံလေးစီ အကြည့်တို့ ဝှေ့ဝဲနေကာ တစ်စုံတစ်ဦးများ ထွက်လာလေမလားဟူသော မျှော်လင့်ချက်ဖြင့်။ ၅မိနစ်ခန့် အချိန်ကုန်သွားပေမယ့် တစ်ဖက်ခြံဝင်းလေးဟာ တိတ်ဆိတ်နေဆဲ။ တစ်ချိန်က စတွေ့ခဲ့တဲ့နေရာက ခွာညိုအုံလေးဟာလဲ  စိမ်းစိမ်းလန်းလန်း။ ပယင်းရဲ့ အိမ်လေး၊ သူတို့အတူ ညတိုင်း မီးလှုံခဲ့တဲ့ နေရာလေး...။သူ့မျက်စိရှေ့က မြင်မြင်သမျှကို ခန္ဓာကိုယ်ရဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ အခုချိန်မှာတော့ နီယွန်ရဲ့ မျက်ဝန်းကြည်ကြည်တွေကတဆင့် နှလုံးအိမ်ထဲသို့ တစ်သက်သာ စွဲထင်နေစေလျက်။
အိမ်... ဒါဟာ သူ့ရဲ့မြတ်နိုးရသူ နေထိုင်ရာအိမ်။ အိမ်ရှေ့ခြံထောင့်မှာ ခွာညိုပန်းခြုံလေးရှိသည်။အိမ်နံရံ ညိုညိုထက်မှာ သစ်သားစင် လှေကားထစ်ပုံစံလေး အပြည့်ဆောက်လုပ်ထားပြီး ပန်းရောင်စုံတို့က လှလှပပ။ မလှမ်းမကန်းမှာ သစ်မြစ်စုံကို သေချာပြုပြင်ပြီး ပန်းစိုက်ပျိုးထားတဲ့ သစ်သားပန်းခင်းလေးရှိသည်။ အိမ်တံဆက်မြိတ်မှာ သစ်ခွပန်းအိုးလေးတွေက အစီစိအရီရီ တွဲလောင်းခိုလို့။ အိမ်ရှေ့ ဝရံတာ ထက်မှာ ပန်းရောင်စုံအိုးတွေက လှလှပပ ပွင့်လန်းနေကာ ခြံရှေ့မှာတော့ မိုးဦးတို့ရဲ့သဘာဝ မြက်ခင်းစိမ်းစိမ်းတို့က ရေစက်တချို့ တွဲလွဲခိုလို့။  လှလိုက်တာ....။ အေးချမ်းလှပါပေ့။  အမြင်အေးပြီး စိတ်ကို ကြည်လင်သွားစေနိုင်ပါသော ခံစားချက်သည် ပယင်းရဲ့ အသံတွင်သာမက ပယင်းရဲ့ ဘေးပတ်ဝန်းကျင်မှာပါ တည်ရှိနေသည့် ပုံ။ မဟုတ်သေး....ပယင်းဆိုတဲ့ ဖြစ်တည်မှုကိုက အေးချမ်းခြင်းမေတ္တာဖြစ်နေခဲ့တာပင်။ သူ တည်ရှိရာ အရပ်တိုင်းမှာ အေးချမ်းခြင်း သဘောတရားက တည်ရှိနေကာ အေးချမ်းမှုတိုင်းဟာ ပယင်းကြောင့် ဖြစ်တည်လာခဲ့ရခြင်း......။
နီယွန် ကြည့်ရင်း ကြည့်ရင်း အိမ်ရှေ့က ဖိနပ်တစ်စုံပေါ် အကြည့်တို့ တန့်သွားကာ ရင်က လှိုက်ခနဲ။ လူရှိသည်။ ဒီမှာ လူရှိနေသည်။  ထိုစဉ်မှာပင် မျက်ဝန်းထောင့်ကနေ တရွေ့ရွေ့ လှုပ်ရှားနေပါသော ဖြစ်တည်မှုလေး။ လမ်းထိပ်ထောင့်ချိုးကနေ တရွေ့ရွေ့နီးကပ်လာပါသော ပုံရိပ်လေး။
ရှပ်အင်္ကျီ ကြက်ဥနှစ်ရောင်ကို လက်ဖျံထိ ညီညီညာညာခေါက်တင်ထားပြီး ပုဆိုးကွက်နက်ပြာရောင်ကို ဒူးထိတိုတိုဝတ်ကာ လက်ထဲမှာ နှီးဖျာနှင့် ယှက်လုပ်ထားပါသည့် ဇကာကိုင်ကာ နီးကပ်လာသော သူလေး။ မေးရိုးသွယ်သွယ် မျက်ဝန်းညိုညိုတို့က နူးညံ့နေကာ မျက်တောင်ဖျားတွေကို ထိစပ်နေသည့် ဆံနွယ်အုပ်အုပ်က နက်မှောင်လို့။ နီစွေးစွေး နှုတ်ခမ်းလေးတွေက ဝိုင်းစပ်လို့သွားကာ သူ့ကို ပြုံးပြနေပြီး ညာဖက်မှာ သွားတက်လေးတစ်ခု...။ အာ....သူ့ကို ပြုံးပြနေတဲ့ သွားတက်လေး.....။
နီယွန်ရဲ့ နှလုံးခုန်သံဟာ တဒိန်းဒိန်းမြည်ဟီးပြီး ဒီသွားတက်လေးဟာ သူ့ရဲ့မြတ်နိုးသူပါလားဆိုတဲ့ အသိက ဦးစွာ ဖြစ်ပေါ်လာ၏။ သွားတက်လေးက လက်ထဲက အရာကို ပစ်ချပြီး သူ့ထံ ပြေးလာကာ သူဘာမှ မလုပ်ရသေးခင်ပင် သူ့ရင်ခွင်က တင်းခနဲ ဖြစ်သွားပြီး နှာဝမှာ အုန်းဆီနံ့သင်းသင်းက လာရောက် ကျီဆယ်သည်။ သူ့ မြတ်နိုးရသူက အခု သူ့ရင်ခွင်ထဲမှာ ရှိနေပေပြီ။

"နီယွန်၊ တကယ် ခင်ဗျားပါနော် ၊ ခင်ဗျား ပြန်လာတယ်"

သူ့ရင်အုံနားက စကားသံတိုးတိုး။
"အင်း ကိုယ်ပါ Amber ၊ လွမ်းနေတာ"

ပယင်း ရှက်ကိုးရှက်ကန်းဖြင့် နီယွန်ကို ‌ဖက်ထားရာမှ လွတ်လိုက်ပြီး ပါးနှစ်ဖက်မှာ နီစွေးစွေး။
ထို ပါးပြင်ဖောင်းဖောင်းလေးကို နီယွန် ဖျစ်ညစ်လိုက်ချင်မိပါရဲ့။
"ခင်ဗျား ဘယ်တွေ သွားနေတာလဲ၊ အကြာကြီးပဲ"
ပယင်းအသံက အတန်ကြာ အိမ်ပြန်မလာတဲ့ ကောင်လေးကို ဆူလဲဆူချင် ဆူလဲမဆူရက်တဲ့ ခပ်ထွေထွေ ရစ်သံလေး။
"ကိုယ် မျက်လုံး operation သွားလုပ်တာ"

ပယင်းမျက်ဝန်းတွေက စိုးရိမ်မှုတွေ ပြည့်သွားကာ
"အဆင်ပြေခဲ့လား"
နီယွန် ခေါင်းအသာ ရမ်းပြလိုက်ပြီး
"No "
"အာ..."

ပယင်းမျက်ဝန်းတွေမှာ ဝမ်းနည်းရိပ်လေး ဖြတ်သန်းသွားပေမယ့် နီယွန်လက်ကို တင်းတင်းဆွဲကိုင်ကာ
"မပူနဲ့၊ နီယွန်လက်ကို ကျွန်တော်အမြဲဆွဲကိုင်ထားမယ် ၊ လမ်းပျောက်တဲ့အခါတိုင်း ကျွန်တော် နီယွန့်ရှေ့မှာ ရှိနေပေးမယ်"

နီယွန် သူ့လက်ထဲက လက်ဖဝါးကို တင်းတင်းပြန်ဆုပ်ကိုင်ကာ
"အင်း ကိုယ့်လက်ကို အမြဲကိုင်ထားပေး"
"ဒါနဲ့ မျက်မှန်ဝတ်ဖို့ မလိုတော့ဘူးလား ၊ မျက်လုံးဖွင့်လို့ရတယ်မလား"
"အင်း မျက်လုံးဖွင့်လို့ရတယ် ၊ဒါပေမယ့် မြင်တော့မမြင်ရဘူး၊ မျက်မှန်မတပ်‌ေတာ့ဘူး၊ ပျင်း ပေးထားတဲ့ အဝတ်နဲ့ စည်းထားမလို့"
"Okပါဗျာ"
"Aunt ရော ပျင်း"

ပယင်းမျက်နှာလေး ညှိုးသွားပေမယ့် ပြုံးလိုက်ကာ
"She rest in peace in heaven"
"Sorry ..R U ok? "
"ရတယ် လူပဲလေ တစ်နေ့သေမှာပဲကို ၊ သွားလေသူက သွားပြီ၊ ကျန်ရစ်တဲ့လူကလဲ ရှေ့ဆက်လျောက်စရာရှိတာ လျှောက်ရမှာပေါ့၊ don't be mind , I'm fine"

"ဘယ်သွားမလို့လဲ "

ပယင်း သူပစ်ချထားတဲ့ နှီးဇကာကို ပြန်ကောက်လိုက်ပြီး
" To angling ၊ ငါးပက်ဖို့ ဇကာသွားငှားလာတာ ခု‌တင်၊  လိုက်မလား"

ပယင်းစကားကို နီယွန်ဘယ်နှခါများ ငြင်းဖူးပါသနည်း။ ခေါင်းကိုသွင်သွင်ငြိမ့်ကာ
"အင်း လိုက်မယ်"

"အဝတ်စားလဲဦးလေ"

နီယွန်ဝတ်ထားတာ ရှပ်အနက်၊ အနောက်တိုင်းဘောင်းဘီ၊ သားရေ ရှူးဖိနပ်ပြောင်ပြောင်တို့နှင့် ။ ပယင်းကတော့ ပုဆိုးတိုတိုနှင့် တောင်သူလယ်သမားဟန်။
"မလဲတော့ဘူး ၊ဒီတိုင်းလိုက်ခဲ့မယ်"
"ရွှံ့တွေ ပေကုန်မှာနော်၊ u know ? mud တွေ အများကြီးရယ်"
" It ok, I don't mind "

ပယင်းလဲ ဆက်မပြောတော့ဘဲ နီယွန်ကိုဆွဲကာ လယ်ကွက်တွေဖက် ထွက်ခဲ့တော့သည်။ ခုလိုမိုးတွင်းဆို တောင်ကျချောင်းရည်တွေ စီးဆင်းနေပြီဖြစ်ကာ လယ်ထဲ ရေပြည့်နေပြီ။ လက် ၄ဆစ်ခန့် စပါးပင်နုနုတို့ကလဲ တောင်ကျရေ အကူညီနှင့် စိမ်းစိမ်းစိုစို။ တောင်ကျချောင်းငယ်တစ်လျှောက်မှာ ဖားတို့ ငါးတို့ ခရုတို့တွေဟာ အခုလိုကာလမှာ ပေါချင်းသောချင်း။

ရေစိုစို တောင်ယာကန်ဘောင်ပေါ်မှာ ပယင်း နီယွန်လက်ကို သေချာကိုင်ကာ တစ်လှမ်းခြင်းဆီ ဖြေးဖြေးလေး ရှေ့ဆက်လို့နေသည်။ သူ့လိုလူတောင် တစ်ချက်တစ်ချက် ခြေချော်ချင်နေတာ ရွှံ့အထပ်ထပ်နှင့်။ နီယွန်အတွက်ဆို ပိုခက်ခဲလိမ့်မှာပေါ့။ ထိုအတွေးနှင့် ပယင်းခြေလှမ်းတွေဟာ ပိုပြီးဂရုတစိုက်..။

သူ့ရှေ့က ဦးဆောင်နေတဲ့ ကျောပြင်ငယ်လေးကို နီယွန် မြတ်နိုးစွာကြည့်ပြီး သူလိမ်လိုက်မိတဲ့အပေါ် အပြစ်မကင်း။ ဒါပေမယ့် အခုလို လိမ်လိုက်လို့ ဒီကျောပြင်ငယ်လေးကို မြင်ခွင့်ရခဲ့တာမလား။ သူဘယ်နှကြိမ် ဘယ်နှခါတောင် ဒီကျောပြင်ငယ် ဦးဆောင်ရာနောက် လိုက်ခဲ့ဖူးမှန်း မသိတာတောင် အခုမှ မျက်ဝါးထင်ထင် ပြန်မြင်ရတော့ ကြည်နူးရိပ်က တသိမ့်သိမ့်။ သူလုပ်ဖူးခဲ့သမျှ အရာရာတိုင်းကို ပြန်မြင်ချင်သည်။ သူ့အတွက် ဆွဲကိုင်ထားပေးတဲ့လက် ၊ သူ့အတွက် ရှေ့က ဦးဆောင်ပေးတဲ့ ကျောပြင်။ သူ့အတွက် ညတိုင်း သီချင်းဆိုပေးတဲ့ အမူရာတွေ..။ သူခံစားရုံသာ ခံစားဖူးတဲ့ အရာမှန်သမျှကို သူပြန်မြင်ချင်မိသည်။

"ရောက်ပြီ"

To be continue ♥️

Zawgi
*******
နီယြန္ ၿမိဳ႕အဝင္ဝက ဆိုင္းပုဒ္ေလးကို ျမင္တာႏွင့္ ပိီတိအဟုန္က တလွိမ့္လွိမ့္။

နားၾကပ္ေလးႏွင့္ သီခ်င္းနားေထာင္ရင္း တၿပဳံးၿပဳံးရွိေနေသာ အကိုေလးကို ခ်စ္ထူးမေႏွာက္ယွက္ဝင့္။ မေတာ္လို႔ အကိုပယင္း မရွိခဲ့ရင္.....

ကားေလးက ၿခံေရွ႕မွာ ရပ္သြားကာ ေဒြးၾကည္က ၿခံေရွ႕မွာ စီးႀကိဳၿပီး ခ်စ္ထူးႏွင့္ အထုတ္ပိုးေတြသယ္ကာ အိမ္ထဲဝင္သြားႏွင့္သည္။ နီယြန္ လိုက္မဝင္ျဖစ္။ ေဘးခ်င္းကပ္ ၿခံေလးစီ အၾကည့္တို႔ ေဝွ႔ဝဲေနကာ တစ္စုံတစ္ဦးမ်ား ထြက္လာေလမလားဟူေသာ ေမွ်ာ္လင့္ခ်က္ျဖင့္။ ၅မိနစ္ခန႔္ အခ်ိန္ကုန္သြားေပမယ့္ တစ္ဖက္ၿခံဝင္းေလးဟာ တိတ္ဆိတ္ေနဆဲ။ တစ္ခ်ိန္က စေတြ႕ခဲ့တဲ့ေနရာက ခြာညိဳအုံေလးဟာလဲ  စိမ္းစိမ္းလန္းလန္း။ ပယင္းရဲ႕ အိမ္ေလး၊ သူတို႔အတူ ညတိုင္း မီးလႈံခဲ့တဲ့ ေနရာေလး...။သူ႔မ်က္စိေရွ႕က ျမင္ျမင္သမွ်ကို ခႏၶာကိုယ္ရဲ႕ ရင္းႏွီးကြၽမ္းဝင္မႈဟာ အခုခ်ိန္မွာေတာ့ နီယြန္ရဲ႕ မ်က္ဝန္းၾကည္ၾကည္ေတြကတဆင့္ ႏွလုံးအိမ္ထဲသို႔ တစ္သက္သာ စြဲထင္ေနေစလ်က္။
အိမ္... ဒါဟာ သူ႔ရဲ႕ျမတ္ႏိုးရသူ ေနထိုင္ရာအိမ္။ အိမ္ေရွ႕ၿခံေထာင့္မွာ ခြာညိဳပန္းၿခဳံေလးရွိသည္။အိမ္နံရံ ညိဳညိဳထက္မွာ သစ္သားစင္ ေလွကားထစ္ပုံစံေလး အျပည့္ေဆာက္လုပ္ထားၿပီး ပန္းေရာင္စုံတို႔က လွလွပပ။ မလွမ္းမကန္းမွာ သစ္ျမစ္စုံကို ေသခ်ာျပဳျပင္ၿပီး ပန္းစိုက္ပ်ိဳးထားတဲ့ သစ္သားပန္းခင္းေလးရွိသည္။ အိမ္တံဆက္ၿမိတ္မွာ သစ္ခြပန္းအိုးေလးေတြက အစီစိအရီရီ တြဲေလာင္းခိုလို႔။ အိမ္ေရွ႕ ဝရံတာ ထက္မွာ ပန္းေရာင္စုံအိုးေတြက လွလွပပ ပြင့္လန္းေနကာ ၿခံေရွ႕မွာေတာ့ မိုးဦးတို႔ရဲ႕သဘာဝ ျမက္ခင္းစိမ္းစိမ္းတို႔က ေရစက္တခ်ိဳ႕ တြဲလြဲခိုလို႔။  လွလိုက္တာ....။ ေအးခ်မ္းလွပါေပ့။  အျမင္ေအးၿပီး စိတ္ကို ၾကည္လင္သြားေစႏိုင္ပါေသာ ခံစားခ်က္သည္ ပယင္းရဲ႕ အသံတြင္သာမက ပယင္းရဲ႕ ေဘးပတ္ဝန္းက်င္မွာပါ တည္ရွိေနသည့္ ပုံ။ မဟုတ္ေသး....ပယင္းဆိုတဲ့ ျဖစ္တည္မႈကိုက ေအးခ်မ္းျခင္းေမတၱာျဖစ္ေနခဲ့တာပင္။ သူ တည္ရွိရာ အရပ္တိုင္းမွာ ေအးခ်မ္းျခင္း သေဘာတရားက တည္ရွိေနကာ ေအးခ်မ္းမႈတိုင္းဟာ ပယင္းေၾကာင့္ ျဖစ္တည္လာခဲ့ရျခင္း......။
နီယြန္ ၾကည့္ရင္း ၾကည့္ရင္း အိမ္ေရွ႕က ဖိနပ္တစ္စုံေပၚ အၾကည့္တို႔ တန႔္သြားကာ ရင္က လႈိက္ခနဲ။ လူရွိသည္။ ဒီမွာ လူရွိေနသည္။  ထိုစဥ္မွာပင္ မ်က္ဝန္းေထာင့္ကေန တေ႐ြ႕ေ႐ြ႕ လႈပ္ရွားေနပါေသာ ျဖစ္တည္မႈေလး။ လမ္းထိပ္ေထာင့္ခ်ိဳးကေန တေ႐ြ႕ေ႐ြ႕နီးကပ္လာပါေသာ ပုံရိပ္ေလး။
ရွပ္အက်ႌ ၾကက္ဥႏွစ္ေရာင္ကို လက္ဖ်ံထိ ညီညီညာညာေခါက္တင္ထားၿပီး ပုဆိုးကြက္နက္ျပာေရာင္ကို ဒူးထိတိုတိုဝတ္ကာ လက္ထဲမွာ ႏွီးဖ်ာႏွင့္ ယွက္လုပ္ထားပါသည့္ ဇကာကိုင္ကာ နီးကပ္လာေသာ သူေလး။ ေမး႐ိုးသြယ္သြယ္ မ်က္ဝန္းညိဳညိဳတို႔က ႏူးညံ့ေနကာ မ်က္ေတာင္ဖ်ားေတြကို ထိစပ္ေနသည့္ ဆံႏြယ္အုပ္အုပ္က နက္ေမွာင္လို႔။ နီေစြးေစြး ႏႈတ္ခမ္းေလးေတြက ဝိုင္းစပ္လို႔သြားကာ သူ႔ကို ၿပဳံးျပေနၿပီး ညာဖက္မွာ သြားတက္ေလးတစ္ခု...။ အာ....သူ႔ကို ၿပဳံးျပေနတဲ့ သြားတက္ေလး.....။
နီယြန္ရဲ႕ ႏွလုံးခုန္သံဟာ တဒိန္းဒိန္းျမည္ဟီးၿပီး ဒီသြားတက္ေလးဟာ သူ႔ရဲ႕ျမတ္ႏိုးသူပါလားဆိုတဲ့ အသိက ဦးစြာ ျဖစ္ေပၚလာ၏။ သြားတက္ေလးက လက္ထဲက အရာကို ပစ္ခ်ၿပီး သူ႔ထံ ေျပးလာကာ သူဘာမွ မလုပ္ရေသးခင္ပင္ သူ႔ရင္ခြင္က တင္းခနဲ ျဖစ္သြားၿပီး ႏွာဝမွာ အုန္းဆီနံ႔သင္းသင္းက လာေရာက္ က်ီဆယ္သည္။ သူ႔ ျမတ္ႏိုးရသူက အခု သူ႔ရင္ခြင္ထဲမွာ ရွိေနေပၿပီ။

"နီယြန္၊ တကယ္ ခင္ဗ်ားပါေနာ္ ၊ ခင္ဗ်ား ျပန္လာတယ္"

သူ႔ရင္အုံနားက စကားသံတိုးတိုး။
"အင္း ကိုယ္ပါ Amber ၊ လြမ္းေနတာ"

ပယင္း ရွက္ကိုးရွက္ကန္းျဖင့္ နီယြန္ကို ‌ဖက္ထားရာမွ လြတ္လိုက္ၿပီး ပါးႏွစ္ဖက္မွာ နီေစြးေစြး။
ထို ပါးျပင္ေဖာင္းေဖာင္းေလးကို နီယြန္ ဖ်စ္ညစ္လိုက္ခ်င္မိပါရဲ႕။
"ခင္ဗ်ား ဘယ္ေတြ သြားေနတာလဲ၊ အၾကာႀကီးပဲ"
ပယင္းအသံက အတန္ၾကာ အိမ္ျပန္မလာတဲ့ ေကာင္ေလးကို ဆူလဲဆူခ်င္ ဆူလဲမဆူရက္တဲ့ ခပ္ေထြေထြ ရစ္သံေလး။
"ကိုယ္ မ်က္လုံး operation သြားလုပ္တာ"

ပယင္းမ်က္ဝန္းေတြက စိုးရိမ္မႈေတြ ျပည့္သြားကာ
"အဆင္ေျပခဲ့လား"
နီယြန္ ေခါင္းအသာ ရမ္းျပလိုက္ၿပီး
"No "
"အာ..."

ပယင္းမ်က္ဝန္းေတြမွာ ဝမ္းနည္းရိပ္ေလး ျဖတ္သန္းသြားေပမယ့္ နီယြန္လက္ကို တင္းတင္းဆြဲကိုင္ကာ
"မပူနဲ႔၊ နီယြန္လက္ကို ကြၽန္ေတာ္အၿမဲဆြဲကိုင္ထားမယ္ ၊ လမ္းေပ်ာက္တဲ့အခါတိုင္း ကြၽန္ေတာ္ နီယြန႔္ေရွ႕မွာ ရွိေနေပးမယ္"

နီယြန္ သူ႔လက္ထဲက လက္ဖဝါးကို တင္းတင္းျပန္ဆုပ္ကိုင္ကာ
"အင္း ကိုယ့္လက္ကို အၿမဲကိုင္ထားေပး"
"ဒါနဲ႔ မ်က္မွန္ဝတ္ဖို႔ မလိုေတာ့ဘူးလား ၊ မ်က္လုံးဖြင့္လို႔ရတယ္မလား"
"အင္း မ်က္လုံးဖြင့္လို႔ရတယ္ ၊ဒါေပမယ့္ ျမင္ေတာ့မျမင္ရဘူး၊ မ်က္မွန္မတပ္‌ေတာ့ဘူး၊ ပ်င္း ေပးထားတဲ့ အဝတ္နဲ႔ စည္းထားမလို႔"
"Okပါဗ်ာ"
"Aunt ေရာ ပ်င္း"

ပယင္းမ်က္ႏွာေလး ညႇိဳးသြားေပမယ့္ ၿပဳံးလိုက္ကာ
"She rest in peace in heaven"
"Sorry ..R U ok? "
"ရတယ္ လူပဲေလ တစ္ေန႔ေသမွာပဲကို ၊ သြားေလသူက သြားၿပီ၊ က်န္ရစ္တဲ့လူကလဲ ေရွ႕ဆက္ေလ်ာက္စရာရွိတာ ေလွ်ာက္ရမွာေပါ့၊ don't be mind , I'm fine"

"ဘယ္သြားမလို႔လဲ "

ပယင္း သူပစ္ခ်ထားတဲ့ ႏွီးဇကာကို ျပန္ေကာက္လိုက္ၿပီး
" To angling ၊ ငါးပက္ဖို႔ ဇကာသြားငွားလာတာ ခု‌တင္၊  လိုက္မလား"

ပယင္းစကားကို နီယြန္ဘယ္ႏွခါမ်ား ျငင္းဖူးပါသနည္း။ ေခါင္းကိုသြင္သြင္ၿငိမ့္ကာ
"အင္း လိုက္မယ္"

"အဝတ္စားလဲဦးေလ"

နီယြန္ဝတ္ထားတာ ရွပ္အနက္၊ အေနာက္တိုင္းေဘာင္းဘီ၊ သားေရ ရႉးဖိနပ္ေျပာင္ေျပာင္တို႔ႏွင့္ ။ ပယင္းကေတာ့ ပုဆိုးတိုတိုႏွင့္ ေတာင္သူလယ္သမားဟန္။
"မလဲေတာ့ဘူး ၊ဒီတိုင္းလိုက္ခဲ့မယ္"
"႐ႊံ႕ေတြ ေပကုန္မွာေနာ္၊ u know ? mud ေတြ အမ်ားႀကီးရယ္"
" It ok, I don't mind "

ပယင္းလဲ ဆက္မေျပာေတာ့ဘဲ နီယြန္ကိုဆြဲကာ လယ္ကြက္ေတြဖက္ ထြက္ခဲ့ေတာ့သည္။ ခုလိုမိုးတြင္းဆို ေတာင္က်ေခ်ာင္းရည္ေတြ စီးဆင္းေနၿပီျဖစ္ကာ လယ္ထဲ ေရျပည့္ေနၿပီ။ လက္ ၄ဆစ္ခန႔္ စပါးပင္ႏုႏုတို႔ကလဲ ေတာင္က်ေရ အကူညီႏွင့္ စိမ္းစိမ္းစိုစို။ ေတာင္က်ေခ်ာင္းငယ္တစ္ေလွ်ာက္မွာ ဖားတို႔ ငါးတို႔ ခ႐ုတို႔ေတြဟာ အခုလိုကာလမွာ ေပါခ်င္းေသာခ်င္း။

ေရစိုစို ေတာင္ယာကန္ေဘာင္ေပၚမွာ ပယင္း နီယြန္လက္ကို ေသခ်ာကိုင္ကာ တစ္လွမ္းျခင္းဆီ ေျဖးေျဖးေလး ေရွ႕ဆက္လို႔ေနသည္။ သူ႔လိုလူေတာင္ တစ္ခ်က္တစ္ခ်က္ ေျခေခ်ာ္ခ်င္ေနတာ ႐ႊံ႕အထပ္ထပ္ႏွင့္။ နီယြန္အတြက္ဆို ပိုခက္ခဲလိမ့္မွာေပါ့။ ထိုအေတြးႏွင့္ ပယင္းေျခလွမ္းေတြဟာ ပိုၿပီးဂ႐ုတစိုက္..။

သူ႔ေရွ႕က ဦးေဆာင္ေနတဲ့ ေက်ာျပင္ငယ္ေလးကို နီယြန္ ျမတ္ႏိုးစြာၾကည့္ၿပီး သူလိမ္လိုက္မိတဲ့အေပၚ အျပစ္မကင္း။ ဒါေပမယ့္ အခုလို လိမ္လိုက္လို႔ ဒီေက်ာျပင္ငယ္ေလးကို ျမင္ခြင့္ရခဲ့တာမလား။ သူဘယ္ႏွႀကိမ္ ဘယ္ႏွခါေတာင္ ဒီေက်ာျပင္ငယ္ ဦးေဆာင္ရာေနာက္ လိုက္ခဲ့ဖူးမွန္း မသိတာေတာင္ အခုမွ မ်က္ဝါးထင္ထင္ ျပန္ျမင္ရေတာ့ ၾကည္ႏူးရိပ္က တသိမ့္သိမ့္။ သူလုပ္ဖူးခဲ့သမွ် အရာရာတိုင္းကို ျပန္ျမင္ခ်င္သည္။ သူ႔အတြက္ ဆြဲကိုင္ထားေပးတဲ့လက္ ၊ သူ႔အတြက္ ေရွ႕က ဦးေဆာင္ေပးတဲ့ ေက်ာျပင္။ သူ႔အတြက္ ညတိုင္း သီခ်င္းဆိုေပးတဲ့ အမူရာေတြ..။ သူခံစား႐ုံသာ ခံစားဖူးတဲ့ အရာမွန္သမွ်ကို သူျပန္ျမင္ခ်င္မိသည္။

"ေရာက္ၿပီ"

To be continue ♥️

Comment