လေငွေ့သွင်သွင်(၈)

Unicode
*********

"လူနာ စိတ်ချမ်းသာအောင်သာ ထားပါ မောင်ရင်။ ဆရာတို့ တတ်နိုင်တာ ဘာမှ မရှိတော့ဘူး"
"ကျေးဇူးပါ ဒေါက်တာ"

ပယင်း ဆေးစာရွက်ကိုင်ကာ ဆေးရုံကုတင်ထက် အိပ်ပျော်နေသော မေ့လက်ကို ဖွဖွကိုင်ပြီး ကိုယ့်ကိုကိုယ် အားတင်းလိုက်သည်။
"သား "
"ဗျာ မေ ၊ နိုးပြီလား"
"အင်း၊ မေ ဆေးရုံပေါ် မနေချင်ဘူး ငါ့သားရယ်၊ မေ အိမ်ပြန်ချင်တယ်"

အိမ်....။ သူ့အိမ်က ဘယ်မှာပါလိမ့် ..။ တစ်ချိန်က ညစ်နွမ်းနွမ်း တိုက်ခန်းငယ်လေးလား၊ တောင်ပေါ်က အိမ်သေးသေးလေးကိုလား...။
" မေ့သဘော။ သား ဆရာဝန်တွေကို သွားပြောလိုက်မယ်။ အိမ်မပြန်ခင် သားတို့ ဘုရားဖူးခရီးထွက်ကြရင် ဘယ်လိုလဲမေ။ မေ ကျိုက်ထီးရိုးသွားချင်တယ်ဆို"

"သားသဘော ၊ ဆေးရုံပေါ်မှာတော့ မေမနေချင်ဘူး"
"ဟုတ်"

ဆေးရုံဆင်း ကားစင်းလုံးပြတ်ငှားကာ ကျိုက်ထီးရိုးသို့။ လမ်းတစ်လျောက် ကားကိုဖြေးညင်းစွာမောင်းပြီး သဘာဝရဲ့ အလှပတွေကို မေ့ကို ဖြည်းဖြည်းလေး ခံစားခိုင်းသည်။ စိတ်ချမ်းသာမှုကြောင့်ရယ် မေ့မျက်နှာလေးက တဖြည်းဖြည်း လန်းပြီး ရယ်ရယ်ပြုံးပြုံးနှင့်။ မေက သူ့အခြေနေ သူသိသည့်ပုံပင်။ ဝမ်းနည်းစကားမဆို မျက်ရည်မကျ။ လောကဓံအရာရာတိုင်းကို လက်ခံနိုင်နေသည့်အလား။

တောင်ခြေမှာ ကားနားပြီး တစ်ညတည်းခိုကာ မနက်စောစောမှ ကားဖြင့်ဆက်တက်လာပြီး စခန်းငယ်လေးတွေမှာ ဝင်နားလိုက် ပတ်ဝန်းကျင်ကို ခေါ်ပြလိုက်နှင့် တောင်မကြီးပေါ်သို့ ရောက်လာသည်။ မေ့ရဲ့ wheelchair ကိုထုတ် မေ့ကိုနေရာချပေးပြီး ဆောင်းလေအေးအေးကြောင့် မာဖလာပေး ပတ်ပေးပြီး အနီးတစ်ဝှိုက်ကို လိုက်ပြဖြစ်သည်။

"မေ အေးလား"
"ဟင့်အင်း၊ သား ဘုရားတက်ဖူးချင်ဖူးလေ ၊မေ့ကိုထားခဲ့"
"ရပြီမေ ၊ သား ..."

ဘုရားက ဘယ်ချိန်ပြန်လာလာရသည်။ မေနှင့်က အချိန်တွေ သိပ်မကျန်။ ပယင်း ဆက်မပြော ။ ရီလိုက်ကာ

"မေ့ကို မထားခဲ့ချင်ဘူး၊ လာ အနီးနား လိုက်ပတ်ကြည့်ရအောင်"

တစ်နေ့ခင်းလုံး မေ့ကို ပျော်အောင်ထားပြီး ညနားကာမှ ပယင်း တိတ်တစိတ် မျက်ရည်ကျသည်။
"မေရယ် ၊အေးချမ်းမယ် ပြင်ခါမှ "

နောက်နေ့မှာတော့ ပယင်းတို့ တောင်အောက်ပြန်ဆင်းခဲ့ကာ ဆေးရုံသို့ တိုက်ရိုက်ဆက်သွယ်လိုက်သည်။

မြို့အဝင်လမ်းကထက်က သစ်ပင်အုပ်ဆိုင်းဆိုင်းတွေကြားမှာ ကားရပ်ကာ မေ့ကို ထိုသစ်ပင်တွေအောက်မှာ အနားယူခိုင်းလိုက်သည်။

"သား "
"ဗျာ မေ့"
"မြူရိပ်လေးနဲ့ ကိုဦးကို လွမ်းတာကွယ် "

ပယင်း ပြုံးလိုက်ပြီး
"သား ဖုန်းဆက်ပေးမယ်"
"အေး ဆက်ချေဦး"

ပယင်း ကိုဦးထံ ဆက်သွယ်လိုက်ပေမယ့် တော်တော်နှင့် ဖုန်းမကိုင်။ လာကိုင်တော့လဲ အလောတကြီး။
"ပယင်း စပြီး မဆက်သွယ်နဲ့ ပြောထားတယ်လေ "
"ကိုဦး..အမေက ဖုန်းပြောချင်လို့တဲ့။ မြူရိပ်ကိုရောပဲ"

"မြူမရှိဘူး ။ အမေ့ကို ဖုန်းပေးလိုက်"

အမေနှင့် ကိုဦး အတန်ကြာ ဖုန်းပြောပြီးမှ သူဖုန်းပြန်ယူလိုက်ပြီး
"အဆင်ပြေရဲ့လား ကိုဦး"
"အမေ့ရောဂါအကြောင်း ဘာလို့ အသိမပေးရတာလဲ"

ပယင်း ရင်ထဲ နင့်ခနဲ။ သူ့ရဲ့ အသုံးမကျမှုတွေ ဂရုမစိုက်မှုတွေကြောင့် သူဟာ အသိနောက်ကျသွားပါတယ်လို့ ဘယ်သတ္တိနဲ့ ကိုဦးထံ ဝန်ခံရပါမည်နည်း။

"ဘယ်မှာလဲ အခု "
"မြို့ပြင်မှာ "
"ငါ နိုင်ငံခြားရောက်နေတာ။ အခုချက်ခြင်း ပြန်လာခဲ့မယ်။ ဆေးရုံလိပ်စာပြော"

ကိုဦးနှင့် ဖုန်းချလိုက်ပြီး ဒီဖက်လှည့်လိုက်တော့ မေက ပြုံးပြုံးလေး မျက်ဝန်းတွေ ပိတ်ဆက်အနားယူလို့။ ပယင်းလက်ထဲက ဖုန်းလွတ်ကျသွားကာ မျက်ရည်တွေက တားဆီးမရ။ လမ်းမဘေးမှာ ချုံးပွဲချထိုင်ငိုမိသည်မှာ ရှိုက်ကြီးတငင်။
မေ သူ့ကို ထားခဲ့ပြီ။ ဒီလောကကြီးထဲကနေ မေထွက်ခွာလို့သွားပြီ။

ဆေးရုံကားသံနီးလာမှ ပယင်းအငိုရပ်ကာ မေ့ခန္ဓာကိုယ်ကို လက်မှတ်ထိုးပြီး ဆေးရုံသို့ လွှဲပြောင်းပေးလိုက်သည်။ မေ မဆုံးခင်က သူ့ခန္ဓာကိုယ်ကို ဆေးရုံမှာ လှူဒါန်းခဲ့သည်လေ။
ငိုမည့်သူမရှိ။ နာရေးမရှိ။ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက် အေးချမ်းလို့။

ဆေးရုံကား ထွက်သွားတော့ ပယင်း ဘုန်းကြီးကျောင်းသွားကာ ညနေစောင်းပြီဖြစ်တာကြောင့် ဝတ္ထုငွေသာ လှူဒါန်းပြီး သက်ပျောက်စွမ်းကပ်လိုက်သည်။

"မေ အေးချမ်းပါစေ "

နောက်တော့ ပယင်းဆိုတဲ့ ကောင်လေးဟာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားလျက်။
တောင်ပေါ်မြို့လေးမှာတော့ တစ်ချိန်ထဲ ပျောက်ကွယ်သွားတဲ့ ကောင်လေး ၂ယောက်ဟာ မြို့ခံလူတွေအတွက် အတင်းပြောစရာ၊ လွမ်းစွတ်စရာ၊ သတိရဖွယ်ရာ ပုံရိပ်လေးများသို့။
ဆောင်းလေအေးအေးဟာ ဝှေ့ကာဝှိုက်ကာ တိုက်ခတ်နေလျက် ။ အရင်လို သူ့အအေးဓာတ်ကို အံတုနေကျ လူလေး၂ယောက်ကို တမ်းတနေသည့်အလား ပို၍ ပို၍ အအေးပိုလာလေလျက် နှင်းထုတွေကြားမှာ လေငွေ့ဟာ တသွင်သွင် တိုက်ခတ်ဆဲ။



"Neon ၊ welcome back "

နီယွန် မျက်လုံးခွဲစိတ်မည့် နေ့မှာ သူ့ထံရောက်လာသော မိထွေးဖြစ်သူ Amelia ။ သူ အက်စီးဒန့်ဖြစ်တဲ့ညက စကားတွေက သူ့နားထဲ ခုထိမထွက်သေး။ တရားခံက သူ့မိထွေးဖြစ်ဖို့ သေချာပေါက်ပင်။

"Amelia , long time no see"
"Talking to your step-mom with by name is so rude .my son"
"You R younger than me , Amelia. How is my father?"
"He is well"
သူတို့ကြားက စကားဝိုင်းက ပြန်တိတ်သွားလျက် ။ သူနာပြုကနေ ခွဲခန်းဝင်လို့ရပြီဖြစ်ကြောင်း လာပြောသံက သူတို့ကြားက လေထုကို ဖြိုခွဲသွားစေကာ Amelia က ထရပ်လိုက်ပြီး
"Good luck "

နီယွန်ပြုံးလိုက်သည်။ သူ့အတွက် ဆုတောင်းမလို။ ပျင်းကသာ သူ့ရဲ့ ကံကောင်းမှုလေး။ သူယုံကြည်သည် ၊သေချာပေါက် အောင်မြင်မည်လို့။ မေ့ဆေးနှင့် ထုံဆေးကြောင့် နီယွန် အသိစိတ်ပျောက်သွားချိန်မှာတော့ ရင်းနှီးနေသည့် မျက်ဝန်းညိုညိုတွေဟာ ဆရာဝန်တွေလက်ထဲ ရောက်လို့လာသည်။

မြန်မာပြည်က ခန္ဓာလှူဒါန်းထားတဲ့ dead body က မျက်ဝန်းတစ်စုံ။ ကြည်လင်အေးချမ်းပြီး ပြုံးယောင်သမ်းနေသည့် မျက်ဝန်းလေး ။ ကံကြမ္မာက တိုက်ဆိုင်မှုတွေ သိပ်များလှလေသည်။

To be continue ♥️

Zawgi
******

"လူနာ စိတ္ခ်မ္းသာေအာင္သာ ထားပါ ေမာင္ရင္။ ဆရာတို႔ တတ္ႏိုင္တာ ဘာမွ မရွိေတာ့ဘူး"
"ေက်းဇူးပါ ေဒါက္တာ"

ပယင္း ေဆးစာ႐ြက္ကိုင္ကာ ေဆး႐ုံကုတင္ထက္ အိပ္ေပ်ာ္ေနေသာ ေမ့လက္ကို ဖြဖြကိုင္ၿပီး ကိုယ့္ကိုကိုယ္ အားတင္းလိုက္သည္။
"သား "
"ဗ်ာ ေမ ၊ ႏိုးၿပီလား"
"အင္း၊ ေမ ေဆး႐ုံေပၚ မေနခ်င္ဘူး ငါ့သားရယ္၊ ေမ အိမ္ျပန္ခ်င္တယ္"

အိမ္....။ သူ႔အိမ္က ဘယ္မွာပါလိမ့္ ..။ တစ္ခ်ိန္က ညစ္ႏြမ္းႏြမ္း တိုက္ခန္းငယ္ေလးလား၊ ေတာင္ေပၚက အိမ္ေသးေသးေလးကိုလား...။
" ေမ့သေဘာ။ သား ဆရာဝန္ေတြကို သြားေျပာလိုက္မယ္။ အိမ္မျပန္ခင္ သားတို႔ ဘုရားဖူးခရီးထြက္ၾကရင္ ဘယ္လိုလဲေမ။ ေမ က်ိဳက္ထီး႐ိုးသြားခ်င္တယ္ဆို"

"သားသေဘာ ၊ ေဆး႐ုံေပၚမွာေတာ့ ေမမေနခ်င္ဘူး"
"ဟုတ္"

ေဆး႐ုံဆင္း ကားစင္းလုံးျပတ္ငွားကာ က်ိဳက္ထီး႐ိုးသို႔။ လမ္းတစ္ေလ်ာက္ ကားကိုေျဖးညင္းစြာေမာင္းၿပီး သဘာဝရဲ႕ အလွပေတြကို ေမ့ကို ျဖည္းျဖည္းေလး ခံစားခိုင္းသည္။ စိတ္ခ်မ္းသာမႈေၾကာင့္ရယ္ ေမ့မ်က္ႏွာေလးက တျဖည္းျဖည္း လန္းၿပီး ရယ္ရယ္ၿပဳံးၿပဳံးႏွင့္။ ေမက သူ႔အေျခေန သူသိသည့္ပုံပင္။ ဝမ္းနည္းစကားမဆို မ်က္ရည္မက်။ ေလာကဓံအရာရာတိုင္းကို လက္ခံႏိုင္ေနသည့္အလား။

ေတာင္ေျခမွာ ကားနားၿပီး တစ္ညတည္းခိုကာ မနက္ေစာေစာမွ ကားျဖင့္ဆက္တက္လာၿပီး စခန္းငယ္ေလးေတြမွာ ဝင္နားလိုက္ ပတ္ဝန္းက်င္ကို ေခၚျပလိုက္ႏွင့္ ေတာင္မႀကီးေပၚသို႔ ေရာက္လာသည္။ ေမ့ရဲ႕ wheelchair ကိုထုတ္ ေမ့ကိုေနရာခ်ေပးၿပီး ေဆာင္းေလေအးေအးေၾကာင့္ မာဖလာေပး ပတ္ေပးၿပီး အနီးတစ္ဝႈိက္ကို လိုက္ျပျဖစ္သည္။

"ေမ ေအးလား"
"ဟင့္အင္း၊ သား ဘုရားတက္ဖူးခ်င္ဖူးေလ ၊ေမ့ကိုထားခဲ့"
"ရၿပီေမ ၊ သား ..."

ဘုရားက ဘယ္ခ်ိန္ျပန္လာလာရသည္။ ေမႏွင့္က အခ်ိန္ေတြ သိပ္မက်န္။ ပယင္း ဆက္မေျပာ ။ ရီလိုက္ကာ

"ေမ့ကို မထားခဲ့ခ်င္ဘူး၊ လာ အနီးနား လိုက္ပတ္ၾကည့္ရေအာင္"

တစ္ေန႔ခင္းလုံး ေမ့ကို ေပ်ာ္ေအာင္ထားၿပီး ညနားကာမွ ပယင္း တိတ္တစိတ္ မ်က္ရည္က်သည္။
"ေမရယ္ ၊ေအးခ်မ္းမယ္ ျပင္ခါမွ "

ေနာက္ေန႔မွာေတာ့ ပယင္းတို႔ ေတာင္ေအာက္ျပန္ဆင္းခဲ့ကာ ေဆး႐ုံသို႔ တိုက္႐ိုက္ဆက္သြယ္လိုက္သည္။

ၿမိဳ႕အဝင္လမ္းကထက္က သစ္ပင္အုပ္ဆိုင္းဆိုင္းေတြၾကားမွာ ကားရပ္ကာ ေမ့ကို ထိုသစ္ပင္ေတြေအာက္မွာ အနားယူခိုင္းလိုက္သည္။

"သား "
"ဗ်ာ ေမ့"
"ျမဴရိပ္ေလးနဲ႔ ကိုဦးကို လြမ္းတာကြယ္ "

ပယင္း ၿပဳံးလိုက္ၿပီး
"သား ဖုန္းဆက္ေပးမယ္"
"ေအး ဆက္ေခ်ဦး"

ပယင္း ကိုဦးထံ ဆက္သြယ္လိုက္ေပမယ့္ ေတာ္ေတာ္ႏွင့္ ဖုန္းမကိုင္။ လာကိုင္ေတာ့လဲ အေလာတႀကီး။
"ပယင္း စၿပီး မဆက္သြယ္နဲ႔ ေျပာထားတယ္ေလ "
"ကိုဦး..အေမက ဖုန္းေျပာခ်င္လို႔တဲ့။ ျမဴရိပ္ကိုေရာပဲ"

"ျမဴမရွိဘူး ။ အေမ့ကို ဖုန္းေပးလိုက္"

အေမႏွင့္ ကိုဦး အတန္ၾကာ ဖုန္းေျပာၿပီးမွ သူဖုန္းျပန္ယူလိုက္ၿပီး
"အဆင္ေျပရဲ႕လား ကိုဦး"
"အေမ့ေရာဂါအေၾကာင္း ဘာလို႔ အသိမေပးရတာလဲ"

ပယင္း ရင္ထဲ နင့္ခနဲ။ သူ႔ရဲ႕ အသုံးမက်မႈေတြ ဂ႐ုမစိုက္မႈေတြေၾကာင့္ သူဟာ အသိေနာက္က်သြားပါတယ္လို႔ ဘယ္သတၱိနဲ႔ ကိုဦးထံ ဝန္ခံရပါမည္နည္း။

"ဘယ္မွာလဲ အခု "
"ၿမိဳ႕ျပင္မွာ "
"ငါ ႏိုင္ငံျခားေရာက္ေနတာ။ အခုခ်က္ျခင္း ျပန္လာခဲ့မယ္။ ေဆး႐ုံလိပ္စာေျပာ"

ကိုဦးႏွင့္ ဖုန္းခ်လိုက္ၿပီး ဒီဖက္လွည့္လိုက္ေတာ့ ေမက ၿပဳံးၿပဳံးေလး မ်က္ဝန္းေတြ ပိတ္ဆက္အနားယူလို႔။ ပယင္းလက္ထဲက ဖုန္းလြတ္က်သြားကာ မ်က္ရည္ေတြက တားဆီးမရ။ လမ္းမေဘးမွာ ခ်ဳံးပြဲခ်ထိုင္ငိုမိသည္မွာ ရႈိက္ႀကီးတငင္။
ေမ သူ႔ကို ထားခဲ့ၿပီ။ ဒီေလာကႀကီးထဲကေန ေမထြက္ခြာလို႔သြားၿပီ။

ေဆး႐ုံကားသံနီးလာမွ ပယင္းအငိုရပ္ကာ ေမ့ခႏၶာကိုယ္ကို လက္မွတ္ထိုးၿပီး ေဆး႐ုံသို႔ လႊဲေျပာင္းေပးလိုက္သည္။ ေမ မဆုံးခင္က သူ႔ခႏၶာကိုယ္ကို ေဆး႐ုံမွာ လႉဒါန္းခဲ့သည္ေလ။
ငိုမည့္သူမရွိ။ နာေရးမရွိ။ အရာအားလုံးက တိတ္ဆိတ္ၿငိမ္သက္ ေအးခ်မ္းလို႔။

ေဆး႐ုံကား ထြက္သြားေတာ့ ပယင္း ဘုန္းႀကီးေက်ာင္းသြားကာ ညေနေစာင္းၿပီျဖစ္တာေၾကာင့္ ဝတၳဳေငြသာ လႉဒါန္းၿပီး သက္ေပ်ာက္စြမ္းကပ္လိုက္သည္။

"ေမ ေအးခ်မ္းပါေစ "

ေနာက္ေတာ့ ပယင္းဆိုတဲ့ ေကာင္ေလးဟာ ေပ်ာက္ခ်င္းမလွ ေပ်ာက္ကြယ္သြားလ်က္။
ေတာင္ေပၚၿမိဳ႕ေလးမွာေတာ့ တစ္ခ်ိန္ထဲ ေပ်ာက္ကြယ္သြားတဲ့ ေကာင္ေလး ၂ေယာက္ဟာ ၿမိဳ႕ခံလူေတြအတြက္ အတင္းေျပာစရာ၊ လြမ္းစြတ္စရာ၊ သတိရဖြယ္ရာ ပုံရိပ္ေလးမ်ားသို႔။
ေဆာင္းေလေအးေအးဟာ ေဝွ႔ကာဝႈိက္ကာ တိုက္ခတ္ေနလ်က္ ။ အရင္လို သူ႔အေအးဓာတ္ကို အံတုေနက် လူေလး၂ေယာက္ကို တမ္းတေနသည့္အလား ပို၍ ပို၍ အေအးပိုလာေလလ်က္ ႏွင္းထုေတြၾကားမွာ ေလေငြ႕ဟာ တသြင္သြင္ တိုက္ခတ္ဆဲ။



"Neon ၊ welcome back "

နီယြန္ မ်က္လုံးခြဲစိတ္မည့္ ေန႔မွာ သူ႔ထံေရာက္လာေသာ မိေထြးျဖစ္သူ Amelia ။ သူ အက္စီးဒန႔္ျဖစ္တဲ့ညက စကားေတြက သူ႔နားထဲ ခုထိမထြက္ေသး။ တရားခံက သူ႔မိေထြးျဖစ္ဖို႔ ေသခ်ာေပါက္ပင္။

"Amelia , long time no see"
"Talking to your step-mom with by name is so rude .my son"
"You R younger than me , Amelia. How is my father?"
"He is well"
သူတို႔ၾကားက စကားဝိုင္းက ျပန္တိတ္သြားလ်က္ ။ သူနာျပဳကေန ခြဲခန္းဝင္လို႔ရၿပီျဖစ္ေၾကာင္း လာေျပာသံက သူတို႔ၾကားက ေလထုကို ၿဖိဳခြဲသြားေစကာ Amelia က ထရပ္လိုက္ၿပီး
"Good luck "

နီယြန္ၿပဳံးလိုက္သည္။ သူ႔အတြက္ ဆုေတာင္းမလို။ ပ်င္းကသာ သူ႔ရဲ႕ ကံေကာင္းမႈေလး။ သူယုံၾကည္သည္ ၊ေသခ်ာေပါက္ ေအာင္ျမင္မည္လို႔။ ေမ့ေဆးႏွင့္ ထုံေဆးေၾကာင့္ နီယြန္ အသိစိတ္ေပ်ာက္သြားခ်ိန္မွာေတာ့ ရင္းႏွီးေနသည့္ မ်က္ဝန္းညိဳညိဳေတြဟာ ဆရာဝန္ေတြလက္ထဲ ေရာက္လို႔လာသည္။

ျမန္မာျပည္က ခႏၶာလႉဒါန္းထားတဲ့ dead body က မ်က္ဝန္းတစ္စုံ။ ၾကည္လင္ေအးခ်မ္းၿပီး ၿပဳံးေယာင္သမ္းေနသည့္ မ်က္ဝန္းေလး ။ ကံၾကမၼာက တိုက္ဆိုင္မႈေတြ သိပ္မ်ားလွေလသည္။

To be continue ♥️

Comment