လေငွေ့သွင်သွင်(၂၄)- ဇာတ်သိမ်း

Unicode
*********

နီယွန်ရဲ့ ရင်ခုန်သံက အထိန်းကွပ်မဲ့စွာ တဒုန်းဒုန်း။ စိတ်လှုပ်ရှားမှုကြောင့် မျက်တောင်တွေက အနည်းငယ် တုန်ရင်လို့။ သူ့လက်ထဲက ဇီဇဝါပန်းလေးဟာ လေထဲ တန့်နေဆဲ ။
ခဏကြာတော့ ပယင်းက သူ့လက်ထဲကကော်ဖီခွက်ကို နီယွန့်ခွက်နှင့် လာတိုက်ကာ cheers ဆိုပြီး တစ်ဖက်သို့ လှည့်သွားတော့သည်။
"အာ...ပျင်း ဒါက .."

ပယင်းရှက်ရှက်နှင့် နီယွန်ကို ကျောခိုင်းလိုက်ပြီး
"အဲဒါ ကျွန်တော့်အဖြေပဲ"

နီယွန်မျက်တောင်တွေဟာ နားမလည်မှုကြောင့် တဖျပ်ဖျပ်ခပ်လျက်။
တိတ်ဆိတ်သွားတဲ့ လူကြီးလေးကိုကြည့်ပြီး ပယင်းမနေနိုင်ဘဲ ရီလိုက်မိကာ
"နိုင်ငံခြား ဇာတ်ကားတွေထဲဆို တစ်ယောက်နဲ့တစ်ယောက် သဘောတူညီမှုရတာတို့ အဆင်ပြေလက်ခံတာတို့ဆို အရက်ခွက်ချင်းတိုက်ပြီး cheers လို့ပြောကျတယ်မလား"

ပယင်းပါးပြင်မို့မို့တွေဟာ မီးဖိုအရှိန်ကြောင့် ခပ်ရဲရဲ။ နုထွေးထွေး နှုတ်ခမ်းနှစ်မွှာက တွန့်ကွေးကွေး။

"ဒါဆို ...ဒါဆို...ပျင်း ပြောချင်တာက.."

နီယွန်စကားတွေဟာ အထစ်ထစ်အငေါ့ငေါ့။
"အရူးလေး။ I do လို့ပြောတာ"
ပယင်းက သူ့လက်ချောင်းလေးတွေကို ရှက်ရှက်နှင့် ဆော့ကစားကာ ပြောလိုက်သည်။

ဇီဇဝါပန်းနံ့ဟာ ပယင်းနှာခေါင်းထဲ ပိုတိုးဝင်လာပြီး သူ့နားထက်မှာ အနည်းငယ် အေးစက်စက် အထိတွေ့တစ်ခု။နီယွန်လက်ထဲက ဇီဇဝါပန်းဟာ ပယင်းနားရွက်ကြားမှာ နူးနူးညံ့ညံ့။ ပယင်းနဖူးပြင်ဟာ နွေးခနဲဖြစ်သွားရပြီး ခန္ဓာကိုယ်လေးဟာ လေထဲ ဝှေ့ခနဲ။
"I love you Amber"
"အသက်ထက်ပို မြတ်နိုးရပါတယ် မောင်"

ပယင်းတို့လက်ထပ်ပွဲဟာ ရိုးရိုးရှင်းရှင်း လူ ၂ယောက်ထဲသာ။ သတို့သားဖြစ်တဲ့ နီယွန်နှင့် ပယင်းရောင် ၂ယောက်ထဲ။ တည်နေရာကတော့ သူတို့အိမ်နောက်က တောင်ကမူလေးမှာ။ တောင်ကုန်းမို့မို့အတန်းလိုက်ဟာ မြက်ခင်းစိမ်းစိမ်းနှင့် နှင်းငွေ့တွေကြား ဝိုးတဝါး။

ပယင်းဆံနွယ်တွေထက်မှာ တောပန်းဖြူဖြူတို့က ပန်းခွေလေးအဖြစ် ရစ်ခွေပန်ဆင်လို့။ ပယင်းလက်ချောင်းသွယ်သွယ်တွေကြားမှာ ဇီဇဝါပန်းခိုင်တစ်ခု။ နီယွန်အင်္ကျီအိပ်ကပ်ထဲမှာ တောပန်းလေးတစ်ပွင့်။ လက်ထဲမှာ လက်စွပ်တစ်စုံ။

မြူနှင်းတွေကြားမှာ နေမင်းကြီးက တဆဆမြင့်တက်လာကာ နေခြည်နွေးနွေးက တောင်ကမူလေးပေါ် ဖြန်းပက်လို့။

"ကျွန်တော် မောင်နီယွန်(မောင်ပယင်းရောင်)သည် နေမင်းကြီးကို သစ္စာပြုကာ တိုင်တည်အပ်ပါသည်။ ယနေ့မှစ ကျွန်ုပ်၏ အသက်ရှူခြင်း ရပ်တန့်သွားသည်အထိ ကျွန်ုသည် အကြင်သူကို ချစ်မြတ်နိုးပြီး လက်ထပ်ပေါင်းသင်းသွားပါမည်။ ဘေးအန္တရာယ်ကြုံတွေ့သည်ဖြစ်စေ ၊အနာရောဂါ ကပ်ဆွဲသည်ဖြစ်စေ တွဲလက်တို့ ကြံ့ကြံ့ခံကာ ထာဝရ ချစ်မြတ်နိုးသွားပါမည်"

၂ယောက်လုံးရဲ့ သစ္စာစကားသံအဆုံးမှာ နှုတ်ခမ်း‌တွေဟာ ထိကပ်သွားလျက်။ နေမင်းကြီးက လက်ခံလိုက်သည့်အလား ရောင်ခြည်နုနုက သူတို့၂ဦးကြား တိမ်စွန်းကနေ ကျော်ဖြတ်ပြီး ဖြာကျလျက်။
လေငွေ့က ခပ်အေးအေး ၊ပန်းရနံ့က ခပ်မွှေးမွှေး။ နေခြည်ကြောင့် အရည်ပျော်ဝင်ကုန်သည့် နှင်းစက်လေးတွေက သစ်ရွက်ထိပ်ဖျားတွေကနေ တစ်စက်စက် ကျဆင်းလို့။ အိပ်ရာထစ ငှက်ငယ်လေးတွေ အစာရှာသံက တကျစ်ကျစ်။

"မောင် ထာဝရအတွက် ငါ့ကို မြတ်နိုးပေးပါ"
" တစ်သက်စာရယ်လို့ ရည်ရွယ်ပြီး ဆွဲခဲ့တဲ့လက်မလို့ လွတ်လိုက်ဖို့ စိတ်ကူးမရှိဘူး ပျင်း"

ပယင်းရီသံက တောင်ကုန်းတွေဆီ ခပ်လွှင့်လွှင့်။
"ဘာလို့ရီတာလဲ မယုံလို့လား"
"မဟုတ်ပါဘူး။ မောင်က အတည်ကြီးတွေ ပြောနေပေမယ့် ပျင်းလို့ ထည့်ထည့်ခေါ်ရင် ရီချင်မိသွားလို့။ lazy ,lazy လို့ ခေါ်နေသလိုပဲ နားထဲ။ "
"မတတ်နိုင်ဘူးလေ။ ပျင်းဆိုတဲ့နာမ်စားလေးက နှုတ်ကျိုးနေပြီ။ တစ်သက်လုံး ပျင်းလို့ပဲ ဆက်ခေါ်သွားမှာ"

ပယင်းမျက်စောင်းတို့က ခပ်ဝဲဝဲ။
"ပြန်ရအောင်၊ ဆိုင်ဖွင့်ချိန်နီးပြီ"
"ထားလိုက်၊ ချူးနဲ့အိငယ်တို့လုပ်လိမ့်မယ်။သူတို့ကျွမ်းနေပါပြီအလုပ်ကို"
နီယွန်ပြောရင်း တောင်ကမူပေါ် ဖိနပ်ချွတ်ကာ ဖိနပ်ပေါ်ဖိထိုင်ပြီး ပယင်းကို သူ့ပေါင်ပေါ်ဆွဲချထိုင်ခိုင်းလိုက်သည်။

"ဆိုင်စဖွင့်ထဲက ဆိုင်အလုပ်ပဲလုပ်နေတာ။ ကိုယ့်အတွက် အချိန်ပေးပါဦး"

နီယွန်ရင်ဘတ်ပေါ် ခေါင်းမှီကာ နေရောင်နွေးနွေးကို ခံစားရင်း ပယင်းငြိမ်နေလိုက်သည်။ တစ်စစမြင့်တက်လာတဲ့ နေရောင်အောက်မှာ ကောင်လေး၂ယောက်ဟာ တိတ်တိတ်ဆိတ်ဆိတ်။ စကားတွေအများကြီးမလို ။ အတူရှိရုံနဲ့တင် ပြည့်စုံနေသော စွယ်တော်တစ်ရွက်လို။

တချပ်ချပ်မြည်နေသော ကင်မရာအသံလေးဟာ ခပ်လှမ်းလှမ်း သစ်ပင်နောက်ဆီမှ။ ချစ်ထူးရဲ့ ရီကျဲကျဲမျက်နှာဟာ ပင်စည်နောက်မှာ အထင်းသား။ တဖျပ်ဖျပ်နှိပ်နေတဲ့ကင်မရာ‌ေပါ်က လက်ညှိုးလေးက အဆက်မပြတ်။ ပုံရိပ်တိုင်း ဖြစ်တည်မှုတိုင်းဟာ အမှတ်တမဲ့မှ အမှတ်တရတွေအဖြစ် နောင်တစ်ချိန် ဖြစ်တည်လာမှာပဲလေ။

ပယင်းတို့ တောင်ကုန်းပေါ်က ပြန်ဆင်းလာတော့ ညနေရောက်နေပြီ။‌တော်သေးတာက ချသ်ထူးက အလိုက်တသိနှင့် အစားသောက်တွေ လာပို့သွားတာပင်။  တစ်နေကုန် ၂ဦးထဲ ကုန်ဆုံးခဲ့ကာ ၂ယောက်ကြားမှာ ချစ်ငွေ့တွေက တစိမ့်စိမ့်။

ညနေ အိမ်ပြန်ရောက်တော့ ချူးအကြည့်က ရီချင်ချင်ဖြစ်နေကာ ဒွေးကြည်ကလဲ ခပ်ပြုံးပြုံး။ နီယွန်ဖက်ကနေ လျှို့ဝှက်ထားမယ့် အစီစဉ်မရှိ။
"ချူး ငါ လက်ထပ်ပြီးပြီ။ ပျင်းနဲ့"

ပယင်းရဲ့ လက်သီးက သူ့လက်မောင်းထက် အားမပါစွာ ထုရိုက်သွားသည်။
"ဂုဏ်ပြုပါတယ် သူဌေးလေးတို့ရေ"
နန်းအိငယ်ရဲ့ ရီသံစွက်စွက် ဂုဏ်ပြုစကား။ လက်ထဲမှာ အသံပုံကိတ်မုန့်လေးတစ်လုံး။ အပေါ်မှာ ဖယောင်းတိုင်တစ်တိုင်။
"လပ်ထပ်ပွဲအတွက် လက်ဖွဲ့ကိတ်မုန့်လေးပါ"
"ကျေးဇူးပါ အိငယ်"

နီယွန်နှင့် ပယင်း ဖယောင်းတိုင်အတူမှုတ်ကာ ကိတ်မုန့်ခွဲစားလိုက်သည်။ ကိတ်မုန့်အပိုင်းလေးကို ချူးက ဇွန်းနှင့် သေသေသပ်သပ်ခပ်ယူပြီး နန်းအိငယ်ကို ခွံ့လိုက်သည်။ အိငယ်ရဲ့ ရှက်ရှက်နှင့် ရိုက်ပစ်သံဟာ ချစ်ထူးပုခုံးစောင်းအား ပူထူသွားစေလျက်။
"ဟီး ကျွန်တော်လဲ ချစ်သူရပြီဗျ "

နီယွန်ရဲ့ လက်ခုပ်သံဟာ တဖြောင်းဖြောင်း။ ပယင်းခါးကိုဖက်ပြီး ပါးပြင်ထက်အနမ်းခြွေတော့ ပယင်းမျက်စောင်းက ဒိုင်းခနဲ။
"ဒီနေ့ကစပြီး မောင်တို့အိမ်လေးက မေတ္တာတွေ ပြည့်နေတော့မှာပဲနော် ပျင်း"

မောင်တို့အိမ်..။ ဒါက သူ့ရဲ့အိမ်။ သူ့မြတ်နိုးရာ တည်ရှိတဲ့အိမ်။ အိမ်ဆိုတဲ့ ဝေါဟာရနောက် နွေးထွေးမှု ကပ်ပါလာစေသော နေရာ။ သူ ...သူ့အိမ်ကို ရှာတွေ့ခဲ့ပြီ။

ညနေ နေဝင်စ လေပြည်အေးက ဝှေ့ကာဝှေ့ကာ တိုက်ခတ်လို့။ လေထုထဲ မေတ္တာသံစဉ်တို့ သီကျူးကခုန်လို့။

လေငွေ့တသွင်သွင် ၊ချစ်တေးသံစဉ်တို့ ပျံ့လွှင့်နေလေပြီ။

ပြီးပါပြီ။
နှင်းဖြူ❄️❤️
လေငွေ့အေးအေးလေး တိုက်ခတ်လို့ ပြီးပါပြီ။ ဖတ်ရှုပေးသူတိုင်းကို luv u ။
Extra 2ပိုင်း ကျန်သေးတယ် ၊ဆက်ဖတ်ဦး👀။

Zawgi
******

နီယြန္ရဲ႕ ရင္ခုန္သံက အထိန္းကြပ္မဲ့စြာ တဒုန္းဒုန္း။ စိတ္လႈပ္ရွားမႈေၾကာင့္ မ်က္ေတာင္ေတြက အနည္းငယ္ တုန္ရင္လို႔။ သူ႔လက္ထဲက ဇီဇဝါပန္းေလးဟာ ေလထဲ တန႔္ေနဆဲ ။
ခဏၾကာေတာ့ ပယင္းက သူ႔လက္ထဲကေကာ္ဖီခြက္ကို နီယြန႔္ခြက္ႏွင့္ လာတိုက္ကာ cheers ဆိုၿပီး တစ္ဖက္သို႔ လွည့္သြားေတာ့သည္။
"အာ...ပ်င္း ဒါက .."

ပယင္းရွက္ရွက္ႏွင့္ နီယြန္ကို ေက်ာခိုင္းလိုက္ၿပီး
"အဲဒါ ကြၽန္ေတာ့္အေျဖပဲ"

နီယြန္မ်က္ေတာင္ေတြဟာ နားမလည္မႈေၾကာင့္ တဖ်ပ္ဖ်ပ္ခပ္လ်က္။
တိတ္ဆိတ္သြားတဲ့ လူႀကီးေလးကိုၾကည့္ၿပီး ပယင္းမေနႏိုင္ဘဲ ရီလိုက္မိကာ
"ႏိုင္ငံျခား ဇာတ္ကားေတြထဲဆို တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာတူညီမႈရတာတို႔ အဆင္ေျပလက္ခံတာတို႔ဆို အရက္ခြက္ခ်င္းတိုက္ၿပီး cheers လို႔ေျပာက်တယ္မလား"

ပယင္းပါးျပင္မို႔မို႔ေတြဟာ မီးဖိုအရွိန္ေၾကာင့္ ခပ္ရဲရဲ။ ႏုေထြးေထြး ႏႈတ္ခမ္းႏွစ္မႊာက တြန႔္ေကြးေကြး။

"ဒါဆို ...ဒါဆို...ပ်င္း ေျပာခ်င္တာက.."

နီယြန္စကားေတြဟာ အထစ္ထစ္အေငါ့ေငါ့။
"အ႐ူးေလး။ I do လို႔ေျပာတာ"
ပယင္းက သူ႔လက္ေခ်ာင္းေလးေတြကို ရွက္ရွက္ႏွင့္ ေဆာ့ကစားကာ ေျပာလိုက္သည္။

ဇီဇဝါပန္းနံ႔ဟာ ပယင္းႏွာေခါင္းထဲ ပိုတိုးဝင္လာၿပီး သူ႔နားထက္မွာ အနည္းငယ္ ေအးစက္စက္ အထိေတြ႕တစ္ခု။နီယြန္လက္ထဲက ဇီဇဝါပန္းဟာ ပယင္းနား႐ြက္ၾကားမွာ ႏူးႏူးညံ့ညံ့။ ပယင္းနဖူးျပင္ဟာ ေႏြးခနဲျဖစ္သြားရၿပီး ခႏၶာကိုယ္ေလးဟာ ေလထဲ ေဝွ႔ခနဲ။
"I love you Amber"
"အသက္ထက္ပို ျမတ္ႏိုးရပါတယ္ ေမာင္"

ပယင္းတို႔လက္ထပ္ပြဲဟာ ႐ိုး႐ိုးရွင္းရွင္း လူ ၂ေယာက္ထဲသာ။ သတို႔သားျဖစ္တဲ့ နီယြန္ႏွင့္ ပယင္းေရာင္ ၂ေယာက္ထဲ။ တည္ေနရာကေတာ့ သူတို႔အိမ္ေနာက္က ေတာင္ကမူေလးမွာ။ ေတာင္ကုန္းမို႔မို႔အတန္းလိုက္ဟာ ျမက္ခင္းစိမ္းစိမ္းႏွင့္ ႏွင္းေငြ႕ေတြၾကား ဝိုးတဝါး။

ပယင္းဆံႏြယ္ေတြထက္မွာ ေတာပန္းျဖဴျဖဴတို႔က ပန္းေခြေလးအျဖစ္ ရစ္ေခြပန္ဆင္လို႔။ ပယင္းလက္ေခ်ာင္းသြယ္သြယ္ေတြၾကားမွာ ဇီဇဝါပန္းခိုင္တစ္ခု။ နီယြန္အက်ႌအိပ္ကပ္ထဲမွာ ေတာပန္းေလးတစ္ပြင့္။ လက္ထဲမွာ လက္စြပ္တစ္စုံ။

ျမဴႏွင္းေတြၾကားမွာ ေနမင္းႀကီးက တဆဆျမင့္တက္လာကာ ေနျခည္ေႏြးေႏြးက ေတာင္ကမူေလးေပၚ ျဖန္းပက္လို႔။

"ကြၽန္ေတာ္ ေမာင္နီယြန္(ေမာင္ပယင္းေရာင္)သည္ ေနမင္းႀကီးကို သစၥာျပဳကာ တိုင္တည္အပ္ပါသည္။ ယေန႔မွစ ကြၽႏ္ုပ္၏ အသက္ရႉျခင္း ရပ္တန႔္သြားသည္အထိ ကြၽႏ္ုသည္ အၾကင္သူကို ခ်စ္ျမတ္ႏိုးၿပီး လက္ထပ္ေပါင္းသင္းသြားပါမည္။ ေဘးအႏၲရာယ္ႀကဳံေတြ႕သည္ျဖစ္ေစ ၊အနာေရာဂါ ကပ္ဆြဲသည္ျဖစ္ေစ တြဲလက္တို႔ ႀကံ့ႀကံ့ခံကာ ထာဝရ ခ်စ္ျမတ္ႏိုးသြားပါမည္"

၂ေယာက္လုံးရဲ႕ သစၥာစကားသံအဆုံးမွာ ႏႈတ္ခမ္း‌ေတြဟာ ထိကပ္သြားလ်က္။ ေနမင္းႀကီးက လက္ခံလိုက္သည့္အလား ေရာင္ျခည္ႏုႏုက သူတို႔၂ဦးၾကား တိမ္စြန္းကေန ေက်ာ္ျဖတ္ၿပီး ျဖာက်လ်က္။
ေလေငြ႕က ခပ္ေအးေအး ၊ပန္းရနံ႔က ခပ္ေမႊးေမႊး။ ေနျခည္ေၾကာင့္ အရည္ေပ်ာ္ဝင္ကုန္သည့္ ႏွင္းစက္ေလးေတြက သစ္႐ြက္ထိပ္ဖ်ားေတြကေန တစ္စက္စက္ က်ဆင္းလို႔။ အိပ္ရာထစ ငွက္ငယ္ေလးေတြ အစာရွာသံက တက်စ္က်စ္။

"ေမာင္ ထာဝရအတြက္ ငါ့ကို ျမတ္ႏိုးေပးပါ"
" တစ္သက္စာရယ္လို႔ ရည္႐ြယ္ၿပီး ဆြဲခဲ့တဲ့လက္မလို႔ လြတ္လိုက္ဖို႔ စိတ္ကူးမရွိဘူး ပ်င္း"

ပယင္းရီသံက ေတာင္ကုန္းေတြဆီ ခပ္လႊင့္လႊင့္။
"ဘာလို႔ရီတာလဲ မယုံလို႔လား"
"မဟုတ္ပါဘူး။ ေမာင္က အတည္ႀကီးေတြ ေျပာေနေပမယ့္ ပ်င္းလို႔ ထည့္ထည့္ေခၚရင္ ရီခ်င္မိသြားလို႔။ lazy ,lazy လို႔ ေခၚေနသလိုပဲ နားထဲ။ "
"မတတ္ႏိုင္ဘူးေလ။ ပ်င္းဆိုတဲ့နာမ္စားေလးက ႏႈတ္က်ိဳးေနၿပီ။ တစ္သက္လုံး ပ်င္းလို႔ပဲ ဆက္ေခၚသြားမွာ"

ပယင္းမ်က္ေစာင္းတို႔က ခပ္ဝဲဝဲ။
"ျပန္ရေအာင္၊ ဆိုင္ဖြင့္ခ်ိန္နီးၿပီ"
"ထားလိုက္၊ ခ်ဴးနဲ႔အိငယ္တို႔လုပ္လိမ့္မယ္။သူတို႔ကြၽမ္းေနပါၿပီအလုပ္ကို"
နီယြန္ေျပာရင္း ေတာင္ကမူေပၚ ဖိနပ္ခြၽတ္ကာ ဖိနပ္ေပၚဖိထိုင္ၿပီး ပယင္းကို သူ႔ေပါင္ေပၚဆြဲခ်ထိုင္ခိုင္းလိုက္သည္။

"ဆိုင္စဖြင့္ထဲက ဆိုင္အလုပ္ပဲလုပ္ေနတာ။ ကိုယ့္အတြက္ အခ်ိန္ေပးပါဦး"

နီယြန္ရင္ဘတ္ေပၚ ေခါင္းမွီကာ ေနေရာင္ေႏြးေႏြးကို ခံစားရင္း ပယင္းၿငိမ္ေနလိုက္သည္။ တစ္စစျမင့္တက္လာတဲ့ ေနေရာင္ေအာက္မွာ ေကာင္ေလး၂ေယာက္ဟာ တိတ္တိတ္ဆိတ္ဆိတ္။ စကားေတြအမ်ားႀကီးမလို ။ အတူရွိ႐ုံနဲ႔တင္ ျပည့္စုံေနေသာ စြယ္ေတာ္တစ္႐ြက္လို။

တခ်ပ္ခ်ပ္ျမည္ေနေသာ ကင္မရာအသံေလးဟာ ခပ္လွမ္းလွမ္း သစ္ပင္ေနာက္ဆီမွ။ ခ်စ္ထူးရဲ႕ ရီက်ဲက်ဲမ်က္ႏွာဟာ ပင္စည္ေနာက္မွာ အထင္းသား။ တဖ်ပ္ဖ်ပ္ႏွိပ္ေနတဲ့ကင္မရာ‌ေပၚက လက္ညႇိဳးေလးက အဆက္မျပတ္။ ပုံရိပ္တိုင္း ျဖစ္တည္မႈတိုင္းဟာ အမွတ္တမဲ့မွ အမွတ္တရေတြအျဖစ္ ေနာင္တစ္ခ်ိန္ ျဖစ္တည္လာမွာပဲေလ။

ပယင္းတို႔ ေတာင္ကုန္းေပၚက ျပန္ဆင္းလာေတာ့ ညေနေရာက္ေနၿပီ။‌ေတာ္ေသးတာက ခ်သ္ထူးက အလိုက္တသိႏွင့္ အစားေသာက္ေတြ လာပို႔သြားတာပင္။  တစ္ေနကုန္ ၂ဦးထဲ ကုန္ဆုံးခဲ့ကာ ၂ေယာက္ၾကားမွာ ခ်စ္ေငြ႕ေတြက တစိမ့္စိမ့္။

ညေန အိမ္ျပန္ေရာက္ေတာ့ ခ်ဴးအၾကည့္က ရီခ်င္ခ်င္ျဖစ္ေနကာ ေဒြးၾကည္ကလဲ ခပ္ၿပဳံးၿပဳံး။ နီယြန္ဖက္ကေန လွ်ိဳ႕ဝွက္ထားမယ့္ အစီစဥ္မရွိ။
"ခ်ဴး ငါ လက္ထပ္ၿပီးၿပီ။ ပ်င္းနဲ႔"

ပယင္းရဲ႕ လက္သီးက သူ႔လက္ေမာင္းထက္ အားမပါစြာ ထု႐ိုက္သြားသည္။
"ဂုဏ္ျပဳပါတယ္ သူေဌးေလးတို႔ေရ"
နန္းအိငယ္ရဲ႕ ရီသံစြက္စြက္ ဂုဏ္ျပဳစကား။ လက္ထဲမွာ အသံပုံကိတ္မုန႔္ေလးတစ္လုံး။ အေပၚမွာ ဖေယာင္းတိုင္တစ္တိုင္။
"လပ္ထပ္ပြဲအတြက္ လက္ဖြဲ႕ကိတ္မုန႔္ေလးပါ"
"ေက်းဇူးပါ အိငယ္"

နီယြန္ႏွင့္ ပယင္း ဖေယာင္းတိုင္အတူမႈတ္ကာ ကိတ္မုန႔္ခြဲစားလိုက္သည္။ ကိတ္မုန႔္အပိုင္းေလးကို ခ်ဴးက ဇြန္းႏွင့္ ေသေသသပ္သပ္ခပ္ယူၿပီး နန္းအိငယ္ကို ခြံ႕လိုက္သည္။ အိငယ္ရဲ႕ ရွက္ရွက္ႏွင့္ ႐ိုက္ပစ္သံဟာ ခ်စ္ထူးပုခုံးေစာင္းအား ပူထူသြားေစလ်က္။
"ဟီး ကြၽန္ေတာ္လဲ ခ်စ္သူရၿပီဗ် "

နီယြန္ရဲ႕ လက္ခုပ္သံဟာ တေျဖာင္းေျဖာင္း။ ပယင္းခါးကိုဖက္ၿပီး ပါးျပင္ထက္အနမ္းေႁခြေတာ့ ပယင္းမ်က္ေစာင္းက ဒိုင္းခနဲ။
"ဒီေန႔ကစၿပီး ေမာင္တို႔အိမ္ေလးက ေမတၱာေတြ ျပည့္ေနေတာ့မွာပဲေနာ္ ပ်င္း"

ေမာင္တို႔အိမ္..။ ဒါက သူ႔ရဲ႕အိမ္။ သူ႔ျမတ္ႏိုးရာ တည္ရွိတဲ့အိမ္။ အိမ္ဆိုတဲ့ ေဝါဟာရေနာက္ ေႏြးေထြးမႈ ကပ္ပါလာေစေသာ ေနရာ။ သူ ...သူ႔အိမ္ကို ရွာေတြ႕ခဲ့ၿပီ။

ညေန ေနဝင္စ ေလျပည္ေအးက ေဝွ႔ကာေဝွ႔ကာ တိုက္ခတ္လို႔။ ေလထုထဲ ေမတၱာသံစဥ္တို႔ သီက်ဴးကခုန္လို႔။

ေလေငြ႕တသြင္သြင္ ၊ခ်စ္ေတးသံစဥ္တို႔ ပ်ံ႕လႊင့္ေနေလၿပီ။

ၿပီးပါၿပီ။
ႏွင္းျဖဴ❄️❤️
ေလေငြ႕ေအးေအးေလး တိုက္ခတ္လို႔ ၿပီးပါၿပီ။ ဖတ္ရႈေပးသူတိုင္းကို luv u ။
Extra 2ပိုင္း က်န္ေသးတယ္ ၊ဆက္ဖတ္ဦး👀။

Comment