လေငွေ့သွင်သွင်(၁၁)

Unicode
********
"အခြေနေ ဘယ်လိုရှိလဲ"
"မထူးဘူး အကိုလေး"

ချစ်ထူး လက်ထဲက ကော်ဖီခွက်ကို အကိုလေးလက်ထဲ ထည့်ပေးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ကျွန်တော် ညနေကြ ပြန်တော့မလို့၊ အကိုလေး လိုက်ခဲ့ပါလားဗျ"

နီယွန် ခေါင်းခါပြလိုက်မိသည်။ သူမသွားချင်။ သူမြန်မာကို ပြန်လာပြီး ပျင်းအမေရှိနိုင်မည့် ဆေးရုံတိုင်း ဆေးခန်းတိုင်းကို လိုက်ရှာပြီးပြီ။ ပျင်းရော သူ့အမေပါ မတွေ့ခဲ့။ သူလက်မလျော့နိုင်သေး။ ရန်ကုန်မှာ အိမ်ငှား‌ကာ ချစ်ထူးကို အဖော်ခေါ်ထားပြီး ရှာဖွေခဲ့သည်မှာ ၃ လ တင်းတင်းရှိပြီ။ အခုဆို မိုးဦးတောင် ကျရောပေါ့။

"ပြန်နှင့်လေ ချူး၊ ငါ..ငါ နောက်အပတ်မှ လိုက်ခဲ့မယ်၊ထပ်ရှာချင်သေးတယ်"
"‌သဘော၊ ‌ဒွေးကြည်အတွက် ငါးပိငါးခြောက်လေး သွားဝယ်မလို့ လိုက်ဦးမလား"

"အင်း "

နီယွန်နှင့် ချစ်ထူး ကားထုတ်ပြီး ‌ဈေး သို့ ထွက်ခဲ့သည်။ ချစ်ထူး ကားမောင်းရင်းတန်းလန်း လမ်းလည်ခေါင်မှာ ကားထိုးရပ်သွားကာ နောက်ကားဆီမှ ကားဖင်ဝင်ဆောင့်သံ ဟွန်းသံတွေက ပွက်ပွက်ဆူသွားလျက်။
"အကိုလေး အဆင်ပြေလားဗျ၊ ထိသွားသေးလား"
"I'm fine"

နောက်ကားတွေကို ဆင်းတောင်းပန်ပြီး လူထုအကူညီနဲ့ ကားရွေ့လိုက်ကာ ကံကောင်းစွာနှင့် ဘယ်သူမှ မထိခိုက်။ လမ်းအနည်းငယ် ရှင်းနေတာကြောင့်လဲ ပါမည်ထင်သည်။
"ကျွန်တော် ဝပ်ရှော့ဖုန်းဆက်ထားပြီးပြီ၊ တက္ကစီပဲ ငှားစီးသွားရအောင် "
"အင်း"

ပျင်းကို သတိရစိတ် ပြေလို့ပြေညား အပြင်ထွက်ခဲ့ပေမယ့် အခုလိုဖြစ်သွားတော့ နီယွန်စိတ်သိပ်မကြည်တော့ ။ ချစ်ထူးတားပေးတဲ့ တက္ကစီနောက်ခန်းထဲ ဝင်ထိုင်ပြီး မျက်ဝန်းတွေသာ စုံမိတ်ပြီး စိတ်လျော့လိုက်တော့သည်။

ကားရွေ့သွားသည်ကို ခံစားရပြီး နားထဲဝင်လာပါသော အသံလေး...။ တင်းမာနေသည့် စိတ်တွေ ပြေလျော့သွားပြီး စိတ်ထဲအေးချမ်းသွားစေကာ နှလုံးအိမ်ကို နွေးထွေးသွားရပါသော အသံလေး....။ Amber....

နီယွန်မျက်ဝန်းတွေ အမြန်ပွင့်လာပြီး အသံလားရာဆီသို့ အကြည့်ရောက်သွားမိသည်။ ကားထဲက ထွက်နေခြင်းပင်။ တိတိကျကျဆိုရသော် ကားဆရာဖွင့်ထားတဲ့ သီချင်းသံ။
"ချူး ချူး...ပျင်း ပျင်း အသံ ဒီmusic အသံက .."

ချစ်ထူးလဲ ထိုတော့မှ သတိထားမိသွားကာ ဝမ်းသာအားရဖြင့်
" အား! ဟုတ်ပါ့ အကိုပယင်းအသံစစ်စစ်ကြီးဗျ ၊ ဆရာ ဆရာ ဒီသီချင်းက အကိုပယင်းဆိုထားတာလား"

တက္ကဆီဆရာက ကွမ်းသွေးတွေ ရဲရဲစွေးနေသော သွားနိနီများ ဖြဲကာရီပြီး
"ငါ့တူတို့လဲ ဒီကောင်လေးသီချင်းကြိုက်တာလား၊ အသံလေးက အေးပြီး လူကိုအမောပြေသွားစေတဲ့ အသံပိုင်ရှင်လေးဗျာ၊ ဦးလေးကားထဲ ကြုံဖူးသမျှလူ‌ေတာ်‌ေတာ်များများက ဒီကောင်လေးရဲ့ ပရိတ်သတ်ကြီးပဲ၊ အံမယ် ဒီက နိုင်ငံခြားသားကြီးပါ သူ့အသံကြိုက်ပုံပဲကွ"

နီယွန်ကို ကြည့်ပြီး ကားဆရာက ရီကာ ပြောလာသည်။

"အကိုပယင်းက အဆိုတော် လုပ်နေတယ်ထင်တယ်ဗျ"

ချစ်ထူး နီယွန်ကို ပြောတော့ နီယွန်ခေါင်းအခါခါငြိမ့်ကာ ဆက်မေးဖို့ အချက်ပြလိုက်သည်။

"သူ့အချက်လက် သိလားဦးလေး။ ဥပမာ ဘယ်မှာနေတယ် ဘာညာ"

"သူဘယ်မှာနေမှန်းတော့ မသိပါဘူးကွာ၊ သိရင်တောင် ဘာမှ မထူးတော့ဘူး။ ကြားတာတော့ ဆုံးသွားပြီဆိုပဲ၊ နှမျောစရာလေးကွာ ၊ အသက်ကငယ်ငယ် အနာဂတ်က အညွှန့်တလုလုတက်နေတာကို မူးယစ်ဆေးစွဲနေတယ်ဆိုလားပဲကွာ ၊ ရဲတွေမိသွားလို့ ကိုယ့်ကိုကိုယ် သတ်သေသွားတယ်ဆိုပဲ၊ ဦးလေးလဲ အတိကျတော့ မသိပါဘူး ၊ အသံကြိုက်လို့သာ နား‌ေထာင်‌ေနတာ ဘယ်သူဘယ်ဝါရယ်လို့ လိုက်‌ေမးစမ်းဖို့ အချိန်လဲ မရှိပါဘူးငါ့တူရယ်။ဟိုသလောကတင် ကလေးမလေးတစ်စုနဲ့ ကြုံတုန်း သီချင်းသံကြားတော့ ငိုပြီး ပြောပြမှ သိတာ"

နီယွန် ကားဆရာရဲ့စကား လေယူလေသိမ်းနှင့် အသံဝါဝါကြီးကို လိုက်မမှီ။ ဒါကြောင့် ချစ်ထူးကို ဘာသာပြန်ပြရန် မေးဖို့ပြင်တော့ ချစ်ထူးမျက်နှာဟာ အပျက်ပျက် အယွင်းယွင်း။ နီယွန်ရဲ့ နှလုံးအိမ်ဟာ ပုံမှန်မဟုတ်တော့။

"What? What he say ,ချူး? Why your face like that..., translate to me ."

ချစ်ထူး အသံတုန်ယင်နေကာ
"အကို ပယင်း suicide လုပ်သွားပြီတဲ့"
"suicide ? No...no way , may be he ..."

နီယွန် စကားဆက်မပြောတော့ဘဲ သူ့နှလုံးသားရှိရာနေရာကို လက်တင်လိုက်ပြီး
"ချူး အိမ် ပြန်ရအောင်၊ btw music nameလေး မေးပေးဦး"

အိမ်ရောက်တော့ သီချင်းနာမည်ရိုက်ရှာလိုက်သည်နှင့် တန်းစီထွက်လာကာ fan pages တွေကအစ ပေါ်လာပြီး သီဆိုသူအမည်က မြူရိပ်တဲ့။  နီယွန် သီချင်းအပုဒ်တိုင်းကို Mp3 downကာ လိုက်နားထောင်ပြီး နီယွန် တပြုံးပြုံးဖြင့်။ Music video‌ တော့ သူမကြိုက်။မြူရိပ်ဆိုသူ၏ ပုံတွေဖြစ်နေသောကြောင့်ပင်။
"ဒါ သေချာပေါက် ပျင်းရဲ့ အသံကို ဘာလို့ singerက သူဖြစ်နေတာလဲ ချူး"
"သိဘူးလေဗျာ၊ အကိုပျင်း ...အဲလေ ယောင်လို့ အကိုပယင်းရဲ့ အသံမှန်း သေချာလို့လားဗျာ၊ အသံတူတာ ဖြစ်ချင်ဖြစ်မှာပေါ့ ၊ ဒီမှာ singerက မြူရိပ်ဆိုပြီး နိုင်ငံကျော် အဆိုတော်ကြီးကို ၊ အကိုလေး မှားတာရော မဖြစ်နိုင်ဘူးလား"

နီယွန် ခေါင်းကို မြန်မြန်ခါလိုက်ကာ
"ဟင့်အင်း ဒီမှာကြည့် ၊ဒီ singerက October လကုန်ခါနီးမှာ suicide သွားတယ်တဲ့၊ ပျင်းအိမ်ပြောင်းလာတာက November မှလေ ၊ ‌သေချာတာက ဒီ suicide သွားတဲ့သူက ပျင်းမဟုတ်ဘူး။ ပြီးတော့ အသံက ပျင်းအသံစစ်စစ်။ I swear , that exactly Amber voice ! "

"အကိုလေး ကားပေါ်ထဲက သေချာပေါက်သိတဲ့ပုံစံကြီးနဲ့ ဆင်းလာတာလေ ၊ ကျွန်တော်ဖြင့် ကြားကြားတုန်းက တကယ်အကိုပယင်းထင်ပြီး ရင်တုန်ပန်းတုန် ဖြစ်သွားတာကို"

နီယွန် မျက်တောင်ရှည်ရှည်တွေ မှေးစင်းသွားတဲ့ထိ ပြုံးလိုက်ပြီး ချူးလက်ကို ချူးနှလုံးရှိရာ တင်ပေးလိုက်ပြီး
"Follow your heart, it never lie to you , the heartbeat will guide you"

ချစ်ထူး ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဖြစ်သွားကာ
"ဘာဆက်လုပ်မှာလဲဗျ အခု"
"I will go home , where my heartbeat lead me to go "

နီယွန်အချိန်မဆွဲဘဲ ကားကို ဝပ်ရှော့မှာတင် ရောင်းပေးဖို့ ထားပစ်ခဲ့ကာ အိမ်ငှားပြန်အပ်လိုက်ပြီး ချက်ချင်း တောင်ပေါ်မြို့လေးကို ပြန်လာလိုက်သည်။ သူဘာလို့များ စောစောမတွေးမိခဲ့ပါလိမ့် ၊ ပျင်းဟာလဲ သူ့လိုပဲ အိမ်ပြန်ရောက်နေမလားလို့ ဆိုတာ...။
အိမ်... မိသားစု ရှိရာအရပ်လား။ မင်းပျော်ရာ အရပ်လား။ မြတ်နိုးရသူ ရှိရာအရပ်လား။
သေချာတာကတော့ မင်းနှလုံးသားရဲ့ အတွင်းတစ်နေရာမှာ အဖြေရှိနေပြီးသားပါ။

To be continue ♥️

Zawgi
******
"အေျခေန ဘယ္လိုရွိလဲ"
"မထူးဘူး အကိုေလး"

ခ်စ္ထူး လက္ထဲက ေကာ္ဖီခြက္ကို အကိုေလးလက္ထဲ ထည့္ေပးလိုက္ၿပီး ျပန္ေျဖလိုက္သည္။
"ကြၽန္ေတာ္ ညေနၾက ျပန္ေတာ့မလို႔၊ အကိုေလး လိုက္ခဲ့ပါလားဗ်"

နီယြန္ ေခါင္းခါျပလိုက္မိသည္။ သူမသြားခ်င္။ သူျမန္မာကို ျပန္လာၿပီး ပ်င္းအေမရွိႏိုင္မည့္ ေဆး႐ုံတိုင္း ေဆးခန္းတိုင္းကို လိုက္ရွာၿပီးၿပီ။ ပ်င္းေရာ သူ႔အေမပါ မေတြ႕ခဲ့။ သူလက္မေလ်ာ့ႏိုင္ေသး။ ရန္ကုန္မွာ အိမ္ငွား‌ကာ ခ်စ္ထူးကို အေဖာ္ေခၚထားၿပီး ရွာေဖြခဲ့သည္မွာ ၃ လ တင္းတင္းရွိၿပီ။ အခုဆို မိုးဦးေတာင္ က်ေရာေပါ့။

"ျပန္ႏွင့္ေလ ခ်ဴး၊ ငါ..ငါ ေနာက္အပတ္မွ လိုက္ခဲ့မယ္၊ထပ္ရွာခ်င္ေသးတယ္"
"‌သေဘာ၊ ‌ေဒြးၾကည္အတြက္ ငါးပိငါးေျခာက္ေလး သြားဝယ္မလို႔ လိုက္ဦးမလား"

"အင္း "

နီယြန္ႏွင့္ ခ်စ္ထူး ကားထုတ္ၿပီး ‌ေဈး သို႔ ထြက္ခဲ့သည္။ ခ်စ္ထူး ကားေမာင္းရင္းတန္းလန္း လမ္းလည္ေခါင္မွာ ကားထိုးရပ္သြားကာ ေနာက္ကားဆီမွ ကားဖင္ဝင္ေဆာင့္သံ ဟြန္းသံေတြက ပြက္ပြက္ဆူသြားလ်က္။
"အကိုေလး အဆင္ေျပလားဗ်၊ ထိသြားေသးလား"
"I'm fine"

ေနာက္ကားေတြကို ဆင္းေတာင္းပန္ၿပီး လူထုအကူညီနဲ႔ ကားေ႐ြ႕လိုက္ကာ ကံေကာင္းစြာႏွင့္ ဘယ္သူမွ မထိခိုက္။ လမ္းအနည္းငယ္ ရွင္းေနတာေၾကာင့္လဲ ပါမည္ထင္သည္။
"ကြၽန္ေတာ္ ဝပ္ေရွာ့ဖုန္းဆက္ထားၿပီးၿပီ၊ တကၠစီပဲ ငွားစီးသြားရေအာင္ "
"အင္း"

ပ်င္းကို သတိရစိတ္ ေျပလို႔ေျပညား အျပင္ထြက္ခဲ့ေပမယ့္ အခုလိုျဖစ္သြားေတာ့ နီယြန္စိတ္သိပ္မၾကည္ေတာ့ ။ ခ်စ္ထူးတားေပးတဲ့ တကၠစီေနာက္ခန္းထဲ ဝင္ထိုင္ၿပီး မ်က္ဝန္းေတြသာ စုံမိတ္ၿပီး စိတ္ေလ်ာ့လိုက္ေတာ့သည္။

ကားေ႐ြ႕သြားသည္ကို ခံစားရၿပီး နားထဲဝင္လာပါေသာ အသံေလး...။ တင္းမာေနသည့္ စိတ္ေတြ ေျပေလ်ာ့သြားၿပီး စိတ္ထဲေအးခ်မ္းသြားေစကာ ႏွလုံးအိမ္ကို ေႏြးေထြးသြားရပါေသာ အသံေလး....။ Amber....

နီယြန္မ်က္ဝန္းေတြ အျမန္ပြင့္လာၿပီး အသံလားရာဆီသို႔ အၾကည့္ေရာက္သြားမိသည္။ ကားထဲက ထြက္ေနျခင္းပင္။ တိတိက်က်ဆိုရေသာ္ ကားဆရာဖြင့္ထားတဲ့ သီခ်င္းသံ။
"ခ်ဴး ခ်ဴး...ပ်င္း ပ်င္း အသံ ဒီmusic အသံက .."

ခ်စ္ထူးလဲ ထိုေတာ့မွ သတိထားမိသြားကာ ဝမ္းသာအားရျဖင့္
" အား! ဟုတ္ပါ့ အကိုပယင္းအသံစစ္စစ္ႀကီးဗ် ၊ ဆရာ ဆရာ ဒီသီခ်င္းက အကိုပယင္းဆိုထားတာလား"

တကၠဆီဆရာက ကြမ္းေသြးေတြ ရဲရဲေစြးေနေသာ သြားနိနီမ်ား ၿဖဲကာရီၿပီး
"ငါ့တူတို႔လဲ ဒီေကာင္ေလးသီခ်င္းႀကိဳက္တာလား၊ အသံေလးက ေအးၿပီး လူကိုအေမာေျပသြားေစတဲ့ အသံပိုင္ရွင္ေလးဗ်ာ၊ ဦးေလးကားထဲ ႀကဳံဖူးသမွ်လူ‌ေတာ္‌ေတာ္မ်ားမ်ားက ဒီေကာင္ေလးရဲ႕ ပရိတ္သတ္ႀကီးပဲ၊ အံမယ္ ဒီက ႏိုင္ငံျခားသားႀကီးပါ သူ႔အသံႀကိဳက္ပုံပဲကြ"

နီယြန္ကို ၾကည့္ၿပီး ကားဆရာက ရီကာ ေျပာလာသည္။

"အကိုပယင္းက အဆိုေတာ္ လုပ္ေနတယ္ထင္တယ္ဗ်"

ခ်စ္ထူး နီယြန္ကို ေျပာေတာ့ နီယြန္ေခါင္းအခါခါၿငိမ့္ကာ ဆက္ေမးဖို႔ အခ်က္ျပလိုက္သည္။

"သူ႔အခ်က္လက္ သိလားဦးေလး။ ဥပမာ ဘယ္မွာေနတယ္ ဘာညာ"

"သူဘယ္မွာေနမွန္းေတာ့ မသိပါဘူးကြာ၊ သိရင္ေတာင္ ဘာမွ မထူးေတာ့ဘူး။ ၾကားတာေတာ့ ဆုံးသြားၿပီဆိုပဲ၊ ႏွေမ်ာစရာေလးကြာ ၊ အသက္ကငယ္ငယ္ အနာဂတ္က အၫႊန႔္တလုလုတက္ေနတာကို မူးယစ္ေဆးစြဲေနတယ္ဆိုလားပဲကြာ ၊ ရဲေတြမိသြားလို႔ ကိုယ့္ကိုကိုယ္ သတ္ေသသြားတယ္ဆိုပဲ၊ ဦးေလးလဲ အတိက်ေတာ့ မသိပါဘူး ၊ အသံႀကိဳက္လို႔သာ နား‌ေထာင္‌ေနတာ ဘယ္သူဘယ္ဝါရယ္လို႔ လိုက္‌ေမးစမ္းဖို႔ အခ်ိန္လဲ မရွိပါဘူးငါ့တူရယ္။ဟိုသေလာကတင္ ကေလးမေလးတစ္စုနဲ႔ ႀကဳံတုန္း သီခ်င္းသံၾကားေတာ့ ငိုၿပီး ေျပာျပမွ သိတာ"

နီယြန္ ကားဆရာရဲ႕စကား ေလယူေလသိမ္းႏွင့္ အသံဝါဝါႀကီးကို လိုက္မမွီ။ ဒါေၾကာင့္ ခ်စ္ထူးကို ဘာသာျပန္ျပရန္ ေမးဖို႔ျပင္ေတာ့ ခ်စ္ထူးမ်က္ႏွာဟာ အပ်က္ပ်က္ အယြင္းယြင္း။ နီယြန္ရဲ႕ ႏွလုံးအိမ္ဟာ ပုံမွန္မဟုတ္ေတာ့။

"What? What he say ,ခ်ဴး? Why your face like that..., translate to me ."

ခ်စ္ထူး အသံတုန္ယင္ေနကာ
"အကို ပယင္း suicide လုပ္သြားၿပီတဲ့"
"suicide ? No...no way , may be he ..."

နီယြန္ စကားဆက္မေျပာေတာ့ဘဲ သူ႔ႏွလုံးသားရွိရာေနရာကို လက္တင္လိုက္ၿပီး
"ခ်ဴး အိမ္ ျပန္ရေအာင္၊ btw music nameေလး ေမးေပးဦး"

အိမ္ေရာက္ေတာ့ သီခ်င္းနာမည္႐ိုက္ရွာလိုက္သည္ႏွင့္ တန္းစီထြက္လာကာ fan pages ေတြကအစ ေပၚလာၿပီး သီဆိုသူအမည္က ျမဴရိပ္တဲ့။  နီယြန္ သီခ်င္းအပုဒ္တိုင္းကို Mp3 downကာ လိုက္နားေထာင္ၿပီး နီယြန္ တၿပဳံးၿပဳံးျဖင့္။ Music video‌ ေတာ့ သူမႀကိဳက္။ျမဴရိပ္ဆိုသူ၏ ပုံေတြျဖစ္ေနေသာေၾကာင့္ပင္။
"ဒါ ေသခ်ာေပါက္ ပ်င္းရဲ႕ အသံကို ဘာလို႔ singerက သူျဖစ္ေနတာလဲ ခ်ဴး"
"သိဘူးေလဗ်ာ၊ အကိုပ်င္း ...အဲေလ ေယာင္လို႔ အကိုပယင္းရဲ႕ အသံမွန္း ေသခ်ာလို႔လားဗ်ာ၊ အသံတူတာ ျဖစ္ခ်င္ျဖစ္မွာေပါ့ ၊ ဒီမွာ singerက ျမဴရိပ္ဆိုၿပီး ႏိုင္ငံေက်ာ္ အဆိုေတာ္ႀကီးကို ၊ အကိုေလး မွားတာေရာ မျဖစ္ႏိုင္ဘူးလား"

နီယြန္ ေခါင္းကို ျမန္ျမန္ခါလိုက္ကာ
"ဟင့္အင္း ဒီမွာၾကည့္ ၊ဒီ singerက October လကုန္ခါနီးမွာ suicide သြားတယ္တဲ့၊ ပ်င္းအိမ္ေျပာင္းလာတာက November မွေလ ၊ ‌ေသခ်ာတာက ဒီ suicide သြားတဲ့သူက ပ်င္းမဟုတ္ဘူး။ ၿပီးေတာ့ အသံက ပ်င္းအသံစစ္စစ္။ I swear , that exactly Amber voice ! "

"အကိုေလး ကားေပၚထဲက ေသခ်ာေပါက္သိတဲ့ပုံစံႀကီးနဲ႔ ဆင္းလာတာေလ ၊ ကြၽန္ေတာ္ျဖင့္ ၾကားၾကားတုန္းက တကယ္အကိုပယင္းထင္ၿပီး ရင္တုန္ပန္းတုန္ ျဖစ္သြားတာကို"

နီယြန္ မ်က္ေတာင္ရွည္ရွည္ေတြ ေမွးစင္းသြားတဲ့ထိ ၿပဳံးလိုက္ၿပီး ခ်ဴးလက္ကို ခ်ဴးႏွလုံးရွိရာ တင္ေပးလိုက္ၿပီး
"Follow your heart, it never lie to you , the heartbeat will guide you"

ခ်စ္ထူး ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ျဖစ္သြားကာ
"ဘာဆက္လုပ္မွာလဲဗ် အခု"
"I will go home , where my heartbeat lead me to go "

နီယြန္အခ်ိန္မဆြဲဘဲ ကားကို ဝပ္ေရွာ့မွာတင္ ေရာင္းေပးဖို႔ ထားပစ္ခဲ့ကာ အိမ္ငွားျပန္အပ္လိုက္ၿပီး ခ်က္ခ်င္း ေတာင္ေပၚၿမိဳ႕ေလးကို ျပန္လာလိုက္သည္။ သူဘာလို႔မ်ား ေစာေစာမေတြးမိခဲ့ပါလိမ့္ ၊ ပ်င္းဟာလဲ သူ႔လိုပဲ အိမ္ျပန္ေရာက္ေနမလားလို႔ ဆိုတာ...။
အိမ္... မိသားစု ရွိရာအရပ္လား။ မင္းေပ်ာ္ရာ အရပ္လား။ ျမတ္ႏိုးရသူ ရွိရာအရပ္လား။
ေသခ်ာတာကေတာ့ မင္းႏွလုံးသားရဲ႕ အတြင္းတစ္ေနရာမွာ အေျဖရွိေနၿပီးသားပါ။

To be continue ♥️

Comment