အပိုင်း(၉)

[Zawgyi]


"ကြယ်စင်သစ်..."


"ဟုတ်ကဲ့မမ.."


















▶▶▶▶▶▶▶▶▶▶▶
















































"ဟုတ်ကဲ့.."






▶▶▶▶▶▶▶▶▶▶▶






















"ဘာ..ဘာဖြစ်လို့လဲမမ.."


















"မမအိပ်ငိုက်နေပြီလား.."








"..."








"မမ..."




"အင်း..ပြောလေသစ်.."








"အင်းအင်း.."




ခဏအကြာမှာတော့သစ်ကနောက်ခန်းကိုရောက်လို့လာ၏..နောက်ကျောမှီကိုသာမှီလျှက်ဆက်အိပ်နေသောမေ့ဘေးနားမှာညင်ညင်သာသာထိုင်လိုက်ကာမေ့ပခုံးလေးကိုညာဘက်လက်နှင့်အသာအယာကိုင်လိုက်၏..ထို့နောက်..မေ့ခေါင်းလေးကိုသူမရဲ့ပခုံးပေါ်သို့မှီပေးလိုက်၏..နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာသောမေကတော့ဘာမှမသိချေ...


📲တီ..တီ..တီ📲




"Hello..."






"ဟုတ်ကဲ့..ရောက်ပါပြီ.."




"ဟုတ်.."








▶▶▶▶▶▶▶▶▶▶▶










"ဟင်..မမနိုးနေပြီလား..."




"ဒါဆို..ဆက်သွားကြမလား.."


"အင်း..သွားကြမယ်.."




ကမ္ဘာကြီးထဲမှာကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ကိုယ်ခန္ဓာတစ်ခြမ်းကိုပြန်ရှာတွေ့တဲ့အခါနှလုံးသားကအချက်ပေးတယ်တဲ့..ညာရခက်လောက်အောင်ကိုမသိစိတ်ကအချက်ပေးနေတတ်တာမျိုး..မေရောကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခြမ်းကိုပြန်တွေ့နေလေပြီလား....


¿¿¿¿¿¿¿¿♥????????


Attention please🙏


ကျေးဇူးပါ..


🏃🏃🏃🏃🏃🏃🏃🏃


[Unicode]


"ကြယ်စင်သစ်..."


"ဟုတ်ကဲ့မမ.."


လှေကားအတိုင်းဆင်းလာရင်းသစ်ကိုတည့်တည့်စိုက်ကြည့်လိုက်တဲ့မေ..


"မနက်ဖြန်..ပုဂံကိုသွားမယ်..မင်းလိုက်ခဲ့ရမယ်..ဒါငါ့အမိန့်ပဲ.."


မေ့ရဲ့လေသံမာမာကိုကြားလိုက်ရချိန်မှာဒီတစ်ခါတော့သစ်အရမ်းကိုဝမ်းသာလို့သွား၏..မျက်လုံးလေးများဝိုင်းစက်သွားကာနှုတ်ခမ်းဖူးဖူးလေးကိုပြုံးထားလျှက်..


"ဟုတ်..ဟုတ်ကဲ့မမ..ကျွန်တော်ပြင်ဆင်ထားလိုက်ပါ့မယ်.."


ကလေးလေးတစ်ယောက်လိုပျော်ရွှင်စွာအိမ်ပေါ်ထပ်ကိုပြေးတက်သွားရှာ၏..သူမရဲ့နောက်ကျောပြင်လေးကိုကြည့်လျှက်မသိမသာပြုံးကျန်နေခဲ့သည်ကတော့မေသည်သာ..


မေအက်စစ်ဆိုတဲ့လူသားဟာရှေ့တင်မှာခက်ထန်ပေမယ့်အမြဲတမ်းသစ်ကိုအလေးအနက်ထားခဲ့တဲ့လူသားတစ်ယောက်ပါသစ်ရယ်...အခုလည်းမနက်ကသစ်အခန်းနံရံကပုဂံရှုခင်းပုံကိုတွေ့လို့ချက်ချင်းစီစဉ်လိုက်ရတာ..မ,ရဲ့အမိန့်ဆိုတာမှန်ပေမယ့်သစ်အတွက်ရည်ရွယ်ထားတဲ့အရာဆိုတာတော့သစ်သိမှာမဟုတ်ပါဘူး..နောက်ထပ်သစ်မသိသေးတဲ့အရာတွေအများကြီးရှိပါသေးတယ်ကလေးရယ်...


"ဝှါး...ပျော်လိုက်တာ...ပုဂံ..ပုဂံကိုငါရောက်ဖူးတော့မယ်..ပျော်လိုက်တာ..ပုဂံရေ..ကျွန်တော်အရောက်လာခဲ့မယ်...ဟီး..."


သူမအခန်းနံရံကပုဂံရှုခင်းပန်းချီကားကိုကြည့်လျှက်တစ်ယောက်တည်းကြည်နူးနေရှာတဲ့ကြယ်စင်သစ်ပါပဲ...ငယ်စဉ်တည်းကခရီးမထွက်ဖူးတဲ့သူမအဖို့ပထမမြန်မာနိုင်ငံတည်ရာပုဂံမြေဆိုသည်မှာအိပ်မက်မြို့တော်တစ်ခုသာ..


▶▶▶▶▶▶▶▶▶▶▶


"သမီးတို့၂ယောက်တည်းသွားလို့အဆင်မပြေလောက်ဘူးလို့ဒယ်ဒီထင်တယ်..သမီးကမြန်မာနိုင်ငံပြန်လာတာမကြာသေးသလိုလမ်းလည်းကျွမ်းတာမဟုတ်ဘူး.."


ဦးဘုန်းမြတ်စကားကြောင့်မေခေါင်းရမ်းမိသည်..


"ရပါတယ်ဒယ်ဒီရာ..အခုခေတ်ကITခေတ်ပဲလေ..Google mapရှိနေတာပဲကို..ပြီးတော့မေတို့ကနေ့ဘက်သွားမှာပါ.."


ဦးဘုန်းမြတ်ကလည်းခေါင်းရမ်းငြင်းဆန်၏..


"ဒယ်ဒီကလည်းမအားလို့လိုက်မပို့နိုင်ဘူး..driverကလည်းအိမ်ပြန်နေတယ်ဆိုတော့..ခြူးလေးကိုအကူအညီတောင်းပြီးခေါ်သွားရင်ပိုအဆင်ပြေမယ်..ခြူးလေးကတော့ကားမောင်းလည်းကျွမ်းကျင်တယ်လေ..ပြီးတော့အဲ့ဒီလမ်းဘက်ကိုလည်းသူတို့မိသားစုခဏခဏရောက်တယ်.."


ခြူးလေးဆိုတဲ့စကားကြားတည်းကမေမျက်ခုံး၂ဖက်ထောင့်ချိုးမိသည်...သစ်ကတော့ပျော်သွားသောမျက်နှာဖြင့်..


"မမခြူးနဲ့လား..အဲ့ဒါဆိုပျော်စရာကြီးပေါ့.."


သစ်စကားကြောင့်ဦးဘုန်းမြတ်ကပြုံး၍ခေါင်းညိတ်ပြလိုက်၏..


မင်းအရမ်းပျော်နေတယ်ပေါ့..ငါစီစဉ်ထားတာမင်းတစ်ယောက်တည်းအတွက်..အဲ့ဒီမိန်းမအတွက်မပါဘူးသစ်..မင်းကသူ့နာမည်ကြားလိုက်တာနဲ့ဒီလောက်ပျော်သွားတယ်တဲ့လား..မင်းကသူ့အပေါ်အဲ့လောက်ထိတောင်လား...


မေကတော့မျက်လုံးစူးစူးတို့ဖြင့်သစ်ကိုလှည့်ကြည့်ကာ..


"ကြယ်စင်သစ်..မင်းပါးစပ်ပိတ်ထား..ဒါငါစီစဉ်ထားတာ..မင်းဘာမှဝင်စွက်ဖက်စရာမလိုဘူး.."


လေသံမာမာဖြင့်မေကဟောက်လိုက်၍ကြယ်စင်သစ်ငြိမ်ကျသွားရှာသည်..


"မေလေး..ဘာလို့ကလေးကိုအော်ရတာလဲ..ကြယ်စင်ကဘာမှပြောနေတာမှမဟုတ်တာ.."


"ဒယ်ဒီ..မေ့အသက်က၂၀ကျော်နေပြီ..မေကိုယ့်ကိုကိုယ်ထိန်းကျောင်းနိုင်သလို မေဘယ်သူ့အကူအညီမှမလိုပဲလည်းသွားတတ်လာတတ်တယ်..ဒါကြောင့်ဒယ်ဒီမေ့ကိုလွှတ်ထားပေးပါ.."


မေ့စကားကြောင့်ဦးဘုန်းမြတ်မျက်ခုံးထောင့်ချိုးကာ..


"မေအက်စစ်..မင်းကိုဒယ်ဒီကအလိုလိုက်ထားလို့ဒီလိုတွေရောင့်တက်နေတာလားကွ..ဟမ်.."


"ကဲပါ မောင်ဘုန်းရယ်..စိတ်ကိုလျှော့..မေလေးလည်းစိတ်ကိုလျှော့..သမီးဒယ်ဒီကလည်းဖြစ်သင့်တာကိုပြောတာလေ..သမီးကလည်းဖြစ်ချင်တာကိုပြောတာ..ကြီးကြီးနားလည်တယ်..ဒါပေမယ့်..စိတ်ကိုနည်းနည်းလျှော့ကြပါကွယ်.."


ကြီးကြီးမြဝင်တားလိုက်မှရပ်သွားကြသောသားအဖ၂ယောက်ရဲ့ကတောက်ကဆ..


မေဒယ်ဒီ့ကိုပြန်ပြောမိသလိုဖြစ်သွားသည်..ထိုမိန်းကလေးနာမည်ကိုသစ်ပါးစပ်ကထွက်လာတိုင်းမေ့စိတ်တွေကအလိုလိုဒေါသကြီးလာတာထိန်းချုပ်မရ..


"ကောင်းပြီ..ဒယ်ဒီသမီးစိတ်တိုင်းကျလုပ်ခွင့်ပေးမယ်..ဒါပေမယ့် ဒယ်ဒီ့ယုံကြည်မှုနောင်တမရရပါစေနဲ့လို့ပဲဒယ်ဒီမှာချင်တယ်.."


မေကခေါင်းတစ်ဆတ်ဆတ်ညိတ်ပြကာ..


"ဟုတ်ကဲ့ဒယ်ဒီ..မေ့ကိုစိတ်ချပါ.."


"ကောင်းပြီ..မနက်သွားမှာမလား..ပြင်တော့.."


"ဟုတ်ကဲ့.."


သစ်..မင်းကဘာလို့သူ့ကိုပါစေချင်နေရတာလဲ..မင်းသူ့ကိုအဲ့လောက်ထိအလေးပေးလို့မရဘူး..မင်းက,မ,အပိုင်ဆိုတာမမေ့နဲ့..အတ္တကြီးတယ်ပဲပြောပြော မင်းကိုတော့အပိုင်လိုချင်တယ်သစ်..မင်းက,မ,အတွက်အဲ့ဒီလိုလူမို့..


ဘာလို့အဲ့လောက်ထိအတ္တကြီးရတာလဲမေအက်စစ်..ခင်ဗျားကတော်တော်ကြောက်ဖို့ကောင်းတာပဲ..ကိုယ်ဖြစ်ချင်တာကိုပဲဦးစားပေးတယ်..ဘေးလူတွေကိုဘယ်တော့မှထည့်မတွက်တတ်တာခင်ဗျားရဲ့အကျင့်ပဲ..ခင်ဗျားကအတ္တသမားပဲ...


▶▶▶▶▶▶▶▶▶▶▶


"ကောင်းကောင်းသွားကြနော်သမီးတို့..."


"ဟုတ်ကဲ့..မေတို့သွားပြီနော်ဒယ်ဒီ.."


"တာ့တာဦးဦး..တာ့တာကြီးကြီးမြ..."


ဦးဦးနဲ့ကြီးကြီးမြကိုလက်ပြနှုတ်ဆက်ပြီးနောက်ကိုယ်တို့ကားလေးခြံထဲကထွက်ခွာလာခဲ့လေသည်...


🎼🎼အတားဆီးတွေများတဲ့..ငါ့ဘဝထဲ..ဝင်လာပြီးတော့ငါ့ကိုချစ်ခဲ့တဲ့သူဘေးဘေ...အမြဲတမ်းလိုငါငိုကြွေး..ဝမ်းနည်းနေလည်း..ရှင်သန်ဖို့အတွက်မင်းတကယ်ပေးတဲ့အားတွေနဲ့..🎼🎼


သီချင်းလေးတစ်ငြိမ့်ငြိမ့်နှင့်သူမတို့ဖြေးဖြေးချင်းထွက်ခွာလာခဲ့ကြလေသည်..


သီချင်းလိုက်ညည်းရင်းပတ်ဝန်းကျင်ကိုငေးမောနေတဲ့ကလေးလေးကိုဘေးကနေမသိမသာခိုးကြည့်ရတာကိုယ့်အတွက်တော့စိတ်ချမ်းသာစရာတစ်ခု..သူမလေးကတော့ဘယ်သိပါလိမ့်မလဲ..


ဒီလိုနဲ့ညမှောင်ချိန်ကိုရောက်လို့လာခဲ့လေသည်...


"ဟင်..ဒီလမ်းကဘယ်ကိုဆက်သွားတာလဲ.."


မေ့စကားကြောင့်ခုံကိုမှီရင်းမှေးခနဲအိပ်ပျော်နေသောသစ်တစ်ယောက်နိုးလာသည်..


"ဘာ..ဘာဖြစ်လို့လဲမမ.."


မျက်လုံးလေးကိုလက်နဲ့ပွတ်လျှက်အိပ်ချင်မူးတူးနဲ့မေးနေရှာသောကလေးပေါက်စကိုမေစိုက်ကြည့်နေမိသည်..ထို့နောက်မှအသိပြန်ဝင်ကာ..


"ဟို..ဆက်မသွားတတ်တော့ဘူး..လမ်းပျောက်နေပြီ.."


"ဟင်..mapကြည့်နေတယ်မဟုတ်ဘူးလား.."


မေကသူမလက်ကလေးနဲ့ခေါင်းကိုကုတ်ကာ..နှုတ်ခမ်းပါးနီနီလေးကချွန်လျှက်..


"ကြည့်နေတာပဲ..ဒါမဲ့..ခုနကနည်းနည်းငိုက်သွားတော့လမ်းလွဲကွေ့လာမိတယ်ထင်တယ်.."


ဒီလိုမျိုးလည်းချစ်စရာကောင်းတဲ့ပုံစံမျိုးမေအက်စစ်မှာရှိနေသေးတယ်တဲ့လား...အာ..ငါဘာလို့ကြောင်ငေးနေမိတာပါလိမ့်..


"အနောက်ပြန်ကွေ့ရမယ်ထင်တယ်.."


သစ်ကကိုယ့်စကားဆုံးသွားတာတောင်ငေးကြည့်နေတုန်း..ငြိမ်နေတုန်း..


"မမအိပ်ငိုက်နေပြီလား.."


သူမရဲ့အသံချိုချိုလေးကြောင့်ရုတ်တရက်ကိုယ့်ရင်ဘတ်ထဲနွေးထွေးသွားစေ၏..စိတ်ပူနေရှာသောအသံလေးကဘယ်လောက်တောင်ဆွဲဆောင်မှုရှိလိုက်လဲ..


"အင်း..နည်းနည်းပါ..ရောက်ခါနီးပီပဲ.."


"မနက်မှလမ်းဆက်ရှာရအောင်..ဒီညတော့ဒီမှာပဲအိပ်ရအောင်.."


"..."


တစ်ခါမှသူ့ရဲ့အကြံဉာဏ်ကိုထုတ်ပြောလေ့မရှိတဲ့သစ်ကြောင့်ကိုယ်အနည်းငယ်ရပ်တန့်သွားမိသည်..


"အင်း...ဒါဆိုလည်း..မနက်မှခရီးဆက်ကြတာပေါ့.."


ဒီတစ်ကြိမ်တော့သစ်ရဲ့အကြံကိုမေလက်ခံလိုက်မိသည်..သူမအတော်လည်းအိပ်ငိုက်နေလေပြီ..ထို့ကြောင့်ကားကိုလမ်းဘေးချရပ်ပြီးရပ်နားလိုက်ကြသည်..


"မမ..."


မှန်တံခါးကိုမှီကာအိပ်ပျော်လုဆဲဆဲကိုယ့်ကိုအသိဝင်လာစေသောသူမရဲ့အသံချိုချိုလေး..


"အင်း..ပြောလေသစ်.."


မေအိပ်ချင်မူးတူးနဲ့သစ်နာမည်ကိုထပ်ခေါ်မိပြန်သည်..သို့သော်သူမသတိမထားမိ..


"အနောက်ခန်းကခုံမှာသွားအိပ်ပါလား..လည်ပင်းနာနေဦးမယ်.."


ဂရုစိုက်မှုဟူသောအသိကမေ့ကိုနွေးထွေးစေပြန်သည်..


"အင်းအင်း.."


ကားတံခါးကိုဆွဲဖွင့်လိုက်ကာအနောက်ခန်းကိုသူမပြောင်းထိုင်လိုက်သည်..


ခဏအကြာမှာတော့သစ်ကနောက်ခန်းကိုရောက်လို့လာ၏..နောက်ကျောမှိီကိုသာမှီလျှက်ဆက်အိပ်နေသောမေ့ဘေးနားမှာညင်ညင်သာသာထိုင်လိုက်ကာမေ့ပခုံးလေးကိုညာဘက်လက်နှင့်အသာအယာကိုင်လိုက်၏..ထို့နောက်..မေ့ခေါင်းလေးကိုသူမရဲ့ပခုံးပေါ်သို့မှီပေးလိုက်၏..နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာသောမေကတော့ဘာမှမသိချေ...


📲တီ..တီ..တီ📲


အိတ်ကပ်ထဲကဖုန်းမြည်လာ၍သစ်ဖုန်းကိုထုတ်ကြည့်လိုက်မိတော့.."ဦးဦး"ဆိုတဲ့contactကလေးဆီကဖြစ်သည်..


"Hello..."


/ရောက်ကြပြီလားကြယ်စင်../


ဦးဦးစကားကြောင့်ကြယ်စင်ခဏရပ်တန့်သွားပြီးနောက်..


"ဟုတ်ကဲ့..ရောက်ပါပြီ.."


/အော်..အေးပါအေးပါ..ခရီးပန်းလာရောပေါ့..နားလိုက်ကြဦး../


"ဟုတ်.."


ဖုန်းကလေးကိုendနှိပ်လိုက်ပြီးသူမအိတ်ကပ်ထဲပြန်ထည့်ထားလိုက်၏..မေကတော့သူမပခုံးကိုမှီလျှက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာသည်..


အခုချိန်မှာမရောက်သေးဘူးလို့ပြောလိုက်ရင်..ဦးဦးလည်းစိတ်ပူနိုင်သလို မမကယုံကြည်လို့မရနိုင်သေးဘူးလို့လည်းထင်သွားလိမ့်မယ်..မမဆုံးဖြတ်ချက်မှားခဲ့တာမှန်ပေမယ့်ဦးဦးအထင်မမှားဖို့တော့အရေးကြီးတယ်မဟုတ်လား...


တစ်ခါတစ်ရံကိုယ်မုန်းလှပါချည်ရဲ့လို့ခဏခဏရေရွတ်နေခဲ့တဲ့လူအတွက်မသိစိတ်က လေးလေးနက်နက်စဉ်းစားပေးနေတတ်တာမျိုး...


▶▶▶▶▶▶▶▶▶▶▶


မိုးကောင်းကင်မှာအလင်းရောင်သဲ့သဲ့ကိုမြင်လာရလေပြီ..ကိုယ့်မျက်လုံးတွေပွင့်လာပြီးအသိပြန်ဝင်လာချိန်မှာကိုယ်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သောနေရာကားကားနောက်ခန်းကခုံပေါ်မှာဖြစ်၏..ကိုယ်ကလှဲလျှက်အနေအထားရှိလို့နေ၏..ကိုယ်မျက်နှာအပ်ထားရင်းအိပ်ပျော်နေခဲ့သောနေရာကားဂျင်းဘောင်းဘီဝတ်ထားတဲ့ပေါင်တံသွယ်သွယ်လေးတစ်စုံ..ပိုင်ရှင်ကတော့ကိုယ်မော့မကြည့်လည်းသိလိုက်သည်..ထိုသူကားသစ်..


အပေါ်ကိုမော့ကြည့်လိုက်မိတော့ပြတင်းပေါက်မှန်တံခါးလေးကိုမှီလျှက်အိပ်ပျော်နေရှာသောမေ့ရဲ့ကလေးပေါက်စလေး..


မေအက်စစ်တစ်ယောက်လှဲနေရာမှထလိုက်၏..ထို့နောက်အိပ်ပျော်နေရှာသောသစ်ရဲ့မျက်နှာဖြူဖြူစင်စင်လေးကိုငေးကြည့်နေမိသည်..လည်ပင်းနားလောက်ထိရှိသောဆံပင်ကုတ်ကုတ်လေးကိုတစ်ဖက်နားကြားညှပ်လျှက်ပန်းနုရောင်ပါးရဲရဲလေးကိုပေါ်နေစေသည်..စတော်ဘယ်ရီသီးလေးလိုရဲတွတ်နေသောနှုတ်ခမ်းဖူးဖူးလေးကလည်းအရမ်းကိုဆွဲဆောင်မှုရှိနေလျှက်အပြစ်ကင်းသောကလေးလေးတစ်ယောက်လိုပင်..


ကိုယ့်ကိုကိုယ်ထိန်းချုပ်ရခက်စွာပင်သစ်ရဲ့ပါးမို့မို့လေးဆီကိုကိုယ့်ရဲ့နှုတ်ခမ်းပါးလေးရောက်ရှိသွားမိသည်..အနည်းငယ်လှုပ်ရှားလာသောသစ်ကြောင့်ကိုယ်နောက်ကိုအမြန်ပြန်ဆုတ်လိုက်မိသည်...


"ဟင်..မမနိုးနေပြီလား..."


သစ်ကတော့အခုမှနိုးလာသောအိပ်ချင်မူးတူးရုပ်လေးနှင့်နှုတ်ခမ်းလေးတစ်ထော်ထော်ပြောလို့နေ၏..ကိုယ့်မှာတော့သူ့ကိုကြည့်ရင်းအူယားလွန်းလို့ရင်ဘတ်ထဲကတစ်ဒုတ်ဒုတ်ခုန်လျှက်သာ...


"ဒါဆို..ဆက်သွားကြမလား.."


"အင်း..သွားကြမယ်.."


ဒီလိုနဲ့သူမတို့၂ယောက်ရဲ့ကားလေးကတစ်ရွေ့ရွေ့ပြန်ထွက်ခွာလာခဲ့သည်..


ကမ်ဘာကြီးထဲမှာကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ကိုယ်ခန္ဓာတစ်ခြမ်းကိုပြန်ရှာတွေ့တဲ့အခါနှလုံးသားကအချက်ပေးတယ်တဲ့..ညာရခက်လောက်အောင်ကိုမသိစိတ်ကအချက်ပေးနေတတ်တာမျိုး..မေရောကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခြမ်းကိုပြန်တွေ့နေလေပြီလား....


¿¿¿¿¿¿¿¿♥????????


Attention please🙏


အခုလိုviewerတွေတိုးလာတဲ့ကျနော့်ficလေးတွေနဲ့followerလေးတွေကိုမြင်ရတာတကယ်ဝမ်းသာပါတယ်ဗျ..
အခုလိုအားပေးကြတာကိုလည်းတကယ်ကျေးဇူးတင်ပါတယ်..
ကျနော်လည်းအကောင်းဆုံးဆက်ကြိုးစားသွားပါ့မယ်..
အခုရက်ပိုင်းကျနော်လည်းနေသိပ်မကောင်းတာရယ်..personal caseအရfic typeလို့အဆင်မပြေသေးတာရယ်နဲ့ပစ်ထားမိသလိုဖြစ်သွားတာတောင်းပန်ပါတယ်ဗျ..
နောက်အပိုင်းတွေupdateအရင်လိုပြန်မှန်နိုင်အောင်ကြိုးစားသွားမှာပါ..
Uniနဲ့Zawgyiအပြောင်းမှာအမှားပါရင်ခွင့်လွှတ်ပေးကြပါဗျ..
ကျေးဇူးပါ..


🚶🚶🚶🚶🚶🚶🚶🚶


Thank you for your reading😘😘
#PuzzleLinn





Comment