အပိုင်း(၆)

[Zawgyi]


"မေလေး..."


မေ့မျက်လုံးတစ်စုံကိုအမှောင်ထုထဲမှရုန်းကန်တွန်းလှန်လိုက်စဉ်ပထမဆုံးကြားလိုက်ရတဲ့အသံကဩရှရှအသံတစ်ခု..ဒယ်ဒီ့အသံဆိုတာမေသိလိုက်သည်..မေ့ရဲ့ကမ္ဘာမှာအသံအကောင်းဆုံးလူသားဟာဒယ်ဒီပါပဲ..မေ့မျက်လုံးတွေကိုအားယူဖွင့်ကြည့်လိုက်တော့မေ့လက်တွေကိုဆုပ်ကိုင်လျှက်မေ့ကိုငုံ့ကြည့်နေသောလူသား..မေ့ရဲ့ကမ္ဘာပေါ်ကအခန့်ညားဆုံးလူသား..ဒယ်ဒီပဲပေါ့..


"ဒယ်ဒီ..."




ဒယ်ဒီ့ရဲ့မျက်မှန်အောက်ကမျက်ဝန်းတွေကမေ့ကိုစကားတွေအများကြီးပြောနေတယ်..မေ့ကိုဘယ်လောက်စိတ်ပူနေကြောင်းအဓိပ္ပါယ်တွေဖွင့်လို့နေတယ်..မေဆိုတဲ့ခပ်ဆိုးဆိုးကောင်မလေးကိုဒီကမ္ဘာမှာအချစ်ဆုံးလူသားဟာဒယ်ဒီပါပဲ..မေလည်းဒယ်ဒီ့ကိုသိပ်ချစ်ရပါသည်..








"မေ..မေသက်သာပါတယ်ဒယ်ဒီ.."




ထိုစဉ်..












မေမပြုံးပြမိပါ..သို့ပေမယ့်စိတ်ထဲမှာတော့ကမ္ဘာတစ်ခြမ်းကိုအပိုင်ရလိုက်သလိုခံစားချက်မျိုးသူမဖြစ်ပေါ်နေခဲ့သည်..
















▶▶▶▶▶▶▶▶▶▶▶




"ကလေး...အိမ်ပြန်မို့လား.."




"ဟုတ်ကဲ့.."




"ဟုတ်..ကျေးဇူးပါနော်.."




















"အော်..အင်းပါ.."








"ဟုတ်ပါပြီ..တာ့တာ.."


"ဟုတ်..တာ့တာမမခြူး.."






▶▶▶▶▶▶▶▶▶▶▶








"ဒါနဲ့ဒယ်ဒီ.."


"အင်းပြောလေသမီး.."




"ဘာမှမဟုတ်တော့ပါဘူး.."




"ဟုတ်.."






"ဟုတ်ကဲ့ဦးဦး.."




"ကြယ်စင်သစ်..."


"အင်း.."








































¿¿¿¿¿¿¿¿♥????????


Attention please🙏


ကျေးဇူးပါ


🏃🏃🏃🏃🏃🏃🏃🏃


[Unicode]


"မေလေး..."


မေ့မျက်လုံးတစ်စုံကိုအမှောင်ထုထဲမှရုန်းကန်တွန်းလှန်လိုက်စဉ်ပထမဆုံးကြားလိုက်ရတဲ့အသံကဩရှရှအသံတစ်ခု..ဒယ်ဒီ့အသံဆိုတာမေသိလိုက်သည်..မေ့ရဲ့ကမ်ဘာမှာအသံအကောင်းဆုံးလူသားဟာဒယ်ဒီပါပဲ..မေ့မျက်လုံးတွေကိုအားယူဖွင့်ကြည့်လိုက်တော့မေ့လက်တွေကိုဆုပ်ကိုင်လျှက်မေ့ကိုငုံ့ကြည့်နေသောလူသား..မေ့ရဲ့ကမ်ဘာပေါ်ကအခန့်ညားဆုံးလူသား..ဒယ်ဒီပဲပေါ့..


"ဒယ်ဒီ..."


"အင်း..သက်သာရဲ့လားသမီးလေး.."


ဒယ်ဒီ့ရဲ့မျက်မှန်အောက်ကမျက်ဝန်းတွေကမေ့ကိုစကားတွေအများကြီးပြောနေတယ်..မေ့ကိုဘယ်လောက်စိတ်ပူနေကြောင်းအဓိပ္ပါယ်တွေဖွင့်လို့နေတယ်..မေဆိုတဲ့ခပ်ဆိုးဆိုးကောင်မလေးကိုဒီကမ်ဘာမှာအချစ်ဆုံးလူသားဟာဒယ်ဒီပါပဲ..မေလည်းဒယ်ဒီ့ကိုသိပ်ချစ်ရပါသည်..


မေကခေါင်းသာညိတ်ပြရင်းဦးဘုန်းမြတ်ကိုကြည့်လို့နေ၏..


မေပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိတော့လိုက်ကာဖြူဖြူများကာထားသောအခန်းတစ်ခုထဲတွင်မေရောက်နေတာဖြစ်ပြီးဒယ်ဒီ့ရဲ့Nightingale Hospitalဖြစ်မည်ဟုယူဆမိသည်..ထိုအခန်းထဲတွင်မေ့လက်တစ်စုံကိုဆုပ်ကိုင်ပေးထားတဲ့ဒယ်ဒီရယ် မေ့ဘေးနားမှာထိုင်နေတဲ့ကြီးကြီးမြရယ်..ဒီ၂ယောက်သာရှိလို့နေ၏..မေ့ရဲ့မိသားစုဝင်တွေမေနဲ့အတူရှိနေသည်မို့မေဝမ်းသာပေမယ့်ထိုဝမ်းသာမှုထက်ဟိုကလေးကိုမတွေ့ရသည်မို့ဝမ်းနည်းမှုကပိုလို့ကြီးစိုးသွား၏..


"မေလေး..ဘာဖြစ်လို့လဲသမီး..မျက်နှာလည်းမကောင်းပါလား..နေလို့မသက်သာသေးဘူးလားသမီး.."


"မေ..မေသက်သာပါတယ်ဒယ်ဒီ.."


ဆေးရုံကိုမင်းပါတောင်မလာဘူးလားကလေး..မင်းပါတောင်မလာခဲ့တာလား..


ထိုစဉ်..


"ဦးဦး...မမသတိမရသေးဘူးလားဟင်.."


စကားတစ်ပြောပြောနှင့်တံခါးကိုတွန်းဖွင့်ကာဝင်လာသောကြယ်စင်သစ်..လက်ထဲမှာကြေးအိုးထုပ်ကိုကိုင်လျှက်လောလောလောလောနှင့်ပြန်လာသောသူမ..


"သမီးမမကအခုလေးတင်သတိရလာပြီကြယ်စင်ရဲ့.."


မေ့ရင်ထဲနွေးခနဲဖြစ်သွားကာအမည်မသိသောလှိုင်းတချို့လှုပ်ခတ်သွား၏..ကြယ်စင်ကတော့မေ့ကိုမြင်တာနဲ့ပြုံးနေရင်းရုတ်တရက်မျက်နှာတည်သွားကာဝယ်လာသောကြေးအိုးကိုဘေးစားပွဲပေါ်ကအသင့်ပြင်ထားသောပန်းကန်ထဲသို့ထည့်လိုက်၏..


"ကြယ်စင်လေးကသမီးသတိရလာရင်စားဖို့သမီးကြိုက်တဲ့YKKOကကြေးအိုးသွားဝယ်လာတာ..သမီးသက်သာရင်နည်းနည်းစားလိုက်ဦးနော်..ဒယ်ဒီတို့doctorကိုသွားပြောလိုက်ဦးမယ်.."


မေမပြုံးပြမိပါ..သို့ပေမယ့်စိတ်ထဲမှာတော့ကမ်ဘာတစ်ခြမ်းကိုအပိုင်ရလိုက်သလိုခံစားချက်မျိုးသူမဖြစ်ပေါ်နေခဲ့သည်..


ကြယ်စင်ကတော့ဘာစကားတစ်ခွန်းမှမပြောဘဲကြေးအိုးပန်းကန်ကိုယူကာဘေးကခုံမှာဝင်ထိုင်လိုက်၏..ကြေးအိုးပန်းကန်ထဲကပုစွန်တွေကိုမြင်ကတည်းကမေ့အကြိုက်ကိုသေချာဝယ်လာခဲ့မှန်းမေသိလိုက်သည်..ကြယ်စင်ကတော့အရယ်အပြုံးလည်းမရှိဘဲမေ့ဘေးမှာထိုင်ရင်းသူမရဲ့ညာဘက်လက်ဖြင့်ကြေးအိုးတစ်ဇွန်းခပ်လိုက်ကာမေ့ပါးစပ်နားသို့ကမ်းပေးလိုက်၏..ရုတ်တရက်မို့မေ့မျက်လုံးလေးများအနည်းငယ်ဝိုင်းစက်သွားကာအူကြောင်ကြောင်မျက်လုံးလေးများဖြင့်ကြယ်စင့်ကိုပြန်လို့ကြည့်၏..


ကြယ်စင်ကတော့ရုပ်တည်တည်ဖြင့်သာကမ်းပေးနေဆဲ..မေတစ်ယောက်မိမိညာဘက်လက်ကိုကြည့်လိုက်မိတော့မှဆေးထိုးအပ်တန်းလန်းရှိမှန်းသတိထားမိ၏..ကိုယ့်လက်နဲ့ကိုယ်စားဖို့အဆင်မပြေနိုင်သည်ကိုကလေးမကစဉ်းစားပေးသည်ဟူသောအတွေးကမေ့ရင်ဘတ်ထဲကိုနွေးထွေးသွားစေပြန်သည်...


ငယ်ငယ်တည်းကချူချာတဲ့မေ့ကိုနေမကောင်းတိုင်းဒီကလေးမကသာအနားမှာရှိနေပေးခဲ့တာ..အလုပ်မအားလို့အချိန်ပြည့်အနားမရှိပေးနိုင်တဲ့ဒယ်ဒီနဲ့ကြီးကြီးမြတို့အစားဒီကလေးမကပဲကိုယ့်ကိုခပ်ခွာခွာကနေအရိပ်တကြည့်ကြည့်ရှိနေခဲ့တာ..စဉ်းစားမိတိုင်းသူမကိုအပိုင်လိုချင်မိတဲ့ကိုယ့်ရဲ့စိတ်ကိုနောင်တမရအောင်တွန်းပို့နေသလိုပါပဲ..


အညိုရောင်သန်းတဲ့သူမရဲ့မျက်ဝန်းလေးတွေကကြည်ကြည်လင်လင်နဲ့အပြစ်ကင်းကင်းလှနေပေမယ့်သူ့မျက်ဝန်းတွေကိုမေရင်မဆိုင်ရဲသည်မို့အကြည့်အနည်းငယ်လွှဲကာကြယ်စင်ကမ်းပေးသောကြေးအိုးကိုလှမ်း၍စားလိုက်မိသည်..


ငယ်ငယ်ကတော့ကိုယ်နေမကောင်းဖြစ်ပြီဆိုရင်အစာစားချိန်ဆေးသောက်ချိန်တိုင်းကြီးကြီးမြကလာခွံ့ကျွေးပြီးသည်နှင့်မေ့အနားရှိမနေတော့ပါ..အလုပ်တွေကိုဖိကြိုးစားနေရသောဒယ်ဒီဆိုလျှင်မေ့အနားရှိချိန်ဆိုတာသိပ်ကိုရှားပါးခဲ့သည်..မေ့အခန်းပေါက်ဝမှာမသိမသာဟိုလျှောက်ဒီလျှောက်လုပ်ရင်းမေ့အရိပ်အခြေကိုစောင့်ကြည့်ကာမေတစ်ခုခုလိုအပ်တိုင်းအပြေးလာပေးတတ်တဲ့သူမ..သူ့အပေါ်တစ်စက်ကလေးမှနူးညံ့မှုမရှိတဲ့ကိုယ့်အပေါ်ကောင်းပေးတဲ့သူမ..သူမကိုအပိုင်လိုချင်မိတာကိုယ်မမှားဘူး..


ကြေးအိုးပန်းကန်တစ်ဝက်ခန့်ကိုကုန်သွားတဲ့အခါမှာမေကလက်ကာပြလိုက်၏..ထို့ကြောင့်ကြယ်စင်ကပန်းကန်ကိုစားပွဲပေါ်ပြန်ချလိုက်ကာဖန်ခွက်ထဲကိုရေထည့်၍ကမ်းပေး၏..မေကဘယ်ဘက်လက်နှင့်ယူလိုက်ကာမော့သောက်ရင်းပြန်ပေးလိုက်၏..ကြယ်စင်ကတော့လုပ်စရာရှိတာလုပ်ပေးပြီးနောက်အခန်းပြင်သို့ပြန်ထွက်သွားတော့သည်..မေကတော့သူမကိုကြည့်လျှက်ကျန်နေရင်းသာ..
အချိန်တော်တော်ကြာတဲ့အထိဆံပင်ဂုတ်ဝဲလေးနဲ့ပိန်ပိန်ရှည်ရှည်အရိပ်လေးကတော့တံခါးဝအပြင်ဘက်မှာရှိနေဆဲ..


တစ်ခါတစ်ရံမှာတချို့ကိစ္စတွေကနှုတ်ကအသံမထွက်ဘဲအသံတိတ်စကားတွေပြောနေတတ်တာမျိုး..


▶▶▶▶▶▶▶▶▶▶▶


ကြယ်စင်တစ်ယောက်ဆေးရုံကနေအိမ်ကိုတစ်ယောက်တည်းပြန်လာခဲ့သည်..ကြီးကြီးမြသွားရလာရလွယ်ကူအောင်driverကိုထားခဲ့ကာလမ်းလျှောက်လို့သူမပြန်လာခဲ့သည်..YBSစီးလည်းဒီချိန်လူပြည့်သည်မို့ကြယ်စင်platformအတိုင်းသာလမ်းလျှောက်လာခဲ့သည်..


"ကလေး...အိမ်ပြန်မို့လား.."


ကြယ်စင်ဘေးကခေါ်သံကြား၍လှည့်ကြည့်မိလေတော့ခြူးကသူမဘေးကနေကားကိုယှဉ်မောင်းလျှက်လှမ်းခေါ်နေခြင်းဖြစ်သည်..


"ဟုတ်ကဲ့.."


"တက်လေ..မမလိုက်ပို့ပေးမယ်.."


"ဟုတ်..ကျေးဇူးပါနော်.."


နောက်ခန်းကားတံခါးကိုဖွင့်ကာသူမဝင်ထိုင်လိုက်၏..


"ရှေ့လာထိုင်ပါလားကလေးရဲ့.."


ခြူးကနောက်ခုံဘက်ကိုလှည့်ကာခေါ်သဖြင့်ကြယ်စင်ခေါင်းသာဆတ်ခနဲညိတ်ပြလျှက်..


"ဟုတ်..ရပါတယ်..ကြယ်စင်ဒီမှာပဲထိုင်တော့မယ်.."


"အင်းပါအင်းပါ..သဘောပါရှင်.."


ခြူးကကားကိုဆက်မောင်းရန်သာဟန်ပြင်လိုက်၏..ထို့နောက်သူမတို့ကားလေးကထိုနေရာမှစတင်ထွက်ခွာလာတော့သည်..


"အော်..ဒါနဲ့..မေအက်စစ်ရောသက်သာရဲ့လား.."


ကြယ်စင်ကပြတင်းပေါက်ကိုငေးနေရာမှခြူးဘက်ကိုပြန်လှည့်လိုက်ကာ..


"ဟုတ်..သက်သာနေပါပြီ..မမကဒီလိုဖြစ်နေကြပဲလေ.."


"အော်..အင်းပါ.."


ခြူးတစ်ယောက်ပြန်တိတ်ဆိတ်သွားပြန်သည်..ဒီလိုနဲ့ကြယ်စင်အိမ်ပြန်ရောက်သွားသည့်အထိပေါ့..


"ညနေကျရင်လည်းတစ်ယောက်တည်းပြန်မသွားနဲ့ဦးနော်..မမလာခေါ်ပေးရမလား.."


"အာ..ရပါတယ်..ကြယ်စင်အဆင်ပြေသလိုသွားလိုက်ပါ့မယ်.."


"ဟုတ်ပါပြီ..တာ့တာ.."


"ဟုတ်..တာ့တာမမခြူး.."


ညာဘက်လက်လေးကိုဝေ့ရမ်းပြရင်းအိမ်ထဲကိုပြေးဝင်သွား၏..ခြူးကတော့ကြယ်စင့်ကိုကြည့်ရင်းပြုံးနေပေမယ့်မသိစိတ်ကဝမ်းနည်းလို့နေ၏..


တစ်ခါတစ်ရံမှာဟုတ်ကဲ့ပါလို့မပြောပဲမသိစိတ်ကအလိုလိုလိုက်နာနေတတ်တာမျိုး...


▶▶▶▶▶▶▶▶▶▶▶


"မေလေး..သက်သာရဲ့လားသမီး..."


"ဟုတ်..မေသက်သာနေပါပြီဒယ်ဒီရဲ့.."


ခုတင်ပေါ်မှာထိုင်လျှက်စာအုပ်ဖတ်နေသောမေ့ကိုအခန်းထဲဝင်လာသောဦးဘုန်းမြတ်ကလှမ်းမေးလိုက်၏..


"ဒါနဲ့ဒယ်ဒီ.."


"အင်းပြောလေသမီး.."


မေ့နှုတ်တစ်စုံရုတ်တရက်ရပ်တန့်လို့သွား၏..


"ဘာမှမဟုတ်တော့ပါဘူး.."


"အော်..အေးပါအေးပါ..သမီးနေသာသလိုနေနော်..ဒယ်ဒီဆေးရုံအုပ်ကြီးနဲ့သွားတွေ့လိုက်ဦးမယ်.."


"ဟုတ်.."


ဦးဘုန်းမြတ်အခန်းတံခါးဖွင့်လိုက်ချိန်မှာပဲအပေါက်ဝမှာရှိနေတဲ့ကြယ်စင့်ကိုရုတ်တရက်တွေ့လိုက်၏..


"ကြယ်စင်တောင်ရောက်လာပြီကိုး..သမီးမမအနားနေပေးလိုက်ပါဦးကွယ်..ဦးဆေးရုံအုပ်ကြီးနဲ့သွားတွေ့လိုက်ဦးမယ်.."


"ဟုတ်ကဲ့ဦးဦး.."


ကြယ်စင်ကတော့မေ့ရှေ့မှာမရီမပြုံးဘဲမေ့ဘေးမှာဝင်လို့ထိုင်လိုက်၏..


"ကြယ်စင်သစ်..."


"အင်း.."


"ဘာအင်းလဲ..မင်းကဒီနှစ်ပိုင်းအတွင်းငါသွင်းထားတဲ့ပုံစံတွေအတော်ပျောက်နေပြီပဲ.."


ခပ်ပြတ်ပြတ်အော်လိုက်တဲ့မေ့အသံကြောင့်ကြယ်စင်ကမေ့ကိုတည့်တည့်စိုက်ကြည့်ရင်း..


"ဟုတ်တယ်..ကျွန်တော်ဒီနှစ်တွေမှာမမကိုပိုမုန်းလာတယ်..သိရဲ့လား.."


ကြယ်စင့်စကားတစ်ခွန်းကမေ့ကိုရိုက်ခတ်လျှက်အကြိမ်ကြိမ်ပဲ့တင်ထပ်လို့နေ၏..


"ဘာ..မုန်းတယ်..ဟုတ်လား..မုန်း..မုန်းလေ..ကြိုက်သလောက်မုန်း..ဒါပေမယ့်..မင်းသိထားဖို့က..မင်းကငါ့အလိုကျရှင်သန်ရမယ့်သူပဲ..ငါ့ရဲ့အပိုင်ပဲ.."


ကြယ်စင်သစ်တစ်ယောက်မျက်စိကိုစုံမှိတ်ကာမတ်တပ်ထရပ်လိုက်၏..ထို့နောက်အခန်းတံခါးကိုဆွဲကာအပြင်ကိုပြေးထွက်သွားတော့၏..


မုန်းတယ်..ဟုတ်လား..မင်းဆီကအဲ့ဒီစကားမကြားချင်ဆုံးပဲ..ဒါပေမယ့်မင်းမုန်းချင်တယ်ဆိုလည်းသဘောပါ..ဒါပေမယ့်ချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေမင်းကိုယ့်အနားရှိနေရင်ရပြီ..မင်းကိုကိုယ်ပဲပိုင်နေရင်ရပြီ..


ကိုယ်ချင်းစာစိတ်မရှိလိုက်တာ..ကျွန်တော်ဘယ်လိုခံစားရမလဲ..ကျွန်တော်ဘယ်လောက်နာကျင်ရမလဲဆိုတာကိုရောမမကြည့်ခဲ့ဖူးလား..မမစာနာပေးခဲ့ဖူးလား..တကယ်တော့မမကကိုယ်ဖြစ်ချင်တာပဲကိုယ်ကြည့်တတ်တဲ့အတ္တသမားပဲ..


ကြယ်စင်သစ်ဆေးရုံခေါင်မိုးထပ်သို့ပြေးတက်ကာတစ်ယောက်တည်းစိတ်ဖြေနေမိသည်..အံကိုတင်းတင်းကြိတ်လို့ထား၏..သို့ပေမယ့်ရင်ဘတ်ထဲကနှလုံးသားကတော့ငိုလို့နေလေရဲ့..


ဟိုးမိုးကောင်ကင်ကတိမ်တိုက်တွေကလည်းသူမနှင့်အတူလိုက်လို့ငိုရှာသည်..သူမဆီသို့တစ်စက်ပြီးတစ်စက်မိုးစက်တွေကျလို့လာ၏..တိမ်စိုင်တို့အုံ့မှိုင်းလျှက်မိုးတို့ရွာချစပြုလာ၏..


ကြယ်စင်ခေါင်းကိုမော့လို့မျက်နှာပေါ်ကျလာတဲ့မိုးရေစက်တွေကိုခံယူနေသည်..ထိုစဉ်..သူမ၏မျက်နှာပေါ်မိုးရေစက်တို့ရပ်တန့်လို့သွားသည်ကိုသူမသတိထားမိ၍မျက်စိတို့အားဖွင့်ကြည့်လိုက်မိလေတော့အပြာရောင်အမိုးလေးတစ်ခု..ထီးဆိုတာကိုသူမသိလိုက်၍နောက်ကိုလှည့်ကြည့်လိုက်မိလေတော့..


"ဒီအသက်ဒီအရွယ်ရောက်နေပြီဘာလို့ရူးကြောင်ကြောင်လုပ်နေရတာလဲ..အအေးမိပြီးဖျားရင်ဒီဆေးရုံမှာတစ်ခါတည်းတက်နေရမယ်..လာအထဲဝင်.."


မျက်ဝန်းတို့ကခပ်ဖျော့ဖျော့..သူမနေမကောင်းသေးပါ..သို့ပေမယ့်ခေါင်းမိုးထပ်အထိသူမတက်လာခဲ့သည်..ထီးတစ်ချောင်းကိုလည်းဘယ်ဘက်လက်ကကိုင်ထားသေးသည်..ကျန်တစ်ဖက်ကတော့ဆေးထိုးအပ်ကိုဆွဲဖြုတ်ထားသောပုံစံရှိလို့နေ၏..ကြယ်စင်သစ်ကမေ့ပုံစံကိုကြည့်ကာခေါင်းညိတ်ပြလျှက်လိုက်ပါလာခဲ့သည်..


"အမလေးမမမေရယ်..ဆေးပုလင်းလဲခါနီးပျောက်သွားလို့လိုက်ရှာလိုက်ရတာ..ဘယ်လိုဖြစ်လို့ခေါင်မိုးထပ်ထိရောက်သွားရတာတုန်း.."


Nurseလေးကမေ့ကိုလိုက်ရှာလျှက်တစ်တွတ်တွတ်ပြောလို့နေ၏..မေကတော့လက်ထဲကထီးကိုပိတ်ကာnurseလေးအားပေးလိုက်၏..


"ရော့..အခန်းထောင့်မှာမင်းမနက်ကကျန်ခဲ့တဲ့ထီးကိုကိုယ်ခဏယူလာတာ.."


"ထီးကကိစ္စမရှိပါဘုးမမမေရယ်..လာလာ..ဦးဘုန်းမြတ်ပြန်မလာခင်ဆေးပုလင်းပြန်ချိတ်ရအောင်.."


Nurseလေးကမေ့ကိုအခန်းထဲပြန်ခေါ်လို့သွား၏..ကြယ်စင်ကတော့ဒီအတိုင်းကျန်ခဲ့လျှက်သာ..


တစ်ခါတစ်ခါကြင်နာမှုဆိုတာနှုတ်ကပြောစရာမလိုဘဲရနိုင်တာမျိုး....


¿¿¿¿¿¿¿¿♥????????


Attention please🙏


သာသာ့ရဲ့ficလေးကိုအခုလိုစိတ်ဝင်တစားဖတ်ရှုပေးကြတဲ့readerလေးတွေတစ်ယောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ..
နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့စောင့်ကြည့်ပေးကြပါဦးနော်..
Zawgyiနဲ့Uniအပြောင်းမှာစာလုံးပေါင်းအမှားလေးတွေပါရင်ခွင့်လွှတ်ပေးကြပါဗျ..
ကျေးဇူးပါ


🚶🚶🚶🚶🚶🚶🚶🚶


Thank you for your reading😘
#PuzzleLinn

Comment