အပိုင္း(၃)

[Zawgyi]


"ၾကယ္စင္အျပင္ထြက္ရမွာေၾကာက္တယ္မမ..ၾကယ္စင္အျပင္မထြက္ရဲဘူး.."


ေနာက္တစ္ေန႔ထပ္ၿပီးအျပင္သြားဖို႔ကိုအေၾကာက္အကန္ျငင္းဆန္ေန႐ွာတဲ့ၾကယ္စင္ေလး..


"ၾကယ္စင္..မမေျပာျပမယ္..ေသခ်ာနားေထာင္ေနာ္ကေလး..အေၾကာက္တရားေတြမ်ားေနတဲ့ကေလးကိုမမအျမဲတမ္းေျပာေနတာေတြမွတ္မိတယ္ဟုတ္..ဒီတစ္ခါလည္းအတူတူပဲကေလး..ၾကယ္စင္ကေနာက္ထပ္အၾကာႀကီးဘဝကို႐ွင္သန္ရဦးမွာ..အခုလိုေၾကာက္ေနတဲ့အရာကိုႏွစ္ေပါင္းမ်ားစြာဆက္ၿပီးသိမ္းထားဦးမလို႔လား..ေဖ်ာက္ဖ်က္ပစ္ရမယ္ေလ..ဟုတ္တယ္ေနာ္.."


သူမလက္ကိုကိုင္လ်ွက္သူမကိုတည့္တည့္ၾကည့္ကာေျဖးေျဖးခ်င္းနားသြင္းေနေသာျခဴးကိုၾကယ္စင္ေသခ်ာၾကည့္လ်ွက္ေခါင္းကိုေျဖးညႇင္းစြာညိတ္ျပ၏..


"ဟုတ္ၿပီေနာ္..ဘာမွမေၾကာက္နဲ႔..ဒီလိုေဖ်ာက္ဖ်က္ပစ္ဖို႔ဆိုတာၾကယ္စင့္ဘက္ကစိတ္ပါပါနဲ႔စဖို႔ပဲလိုတာ..စတင္ဖို႔ကိုဘယ္ေတာ့မွမေၾကာက္နဲ႔ကေလး..okayေနာ္...ၾကယ္စင္အရမ္းႀကိဳက္တဲ့အန္တီတင္ဇာေမာ္ရဲ႕သီခ်င္းေလးကိုမွတ္မိမွာေပါ့..🎼ရည္ရြယ္တဲ့လမ္းဟာ..ဘယ္ေလာက္ေဝးေဝးေဝး..ဒီေျခတစ္လွမ္းတည္းစတင္ဖို႔သာလိုတယ္..ပထမဆံုးဒီေျခလွမ္းဟာ..ေနာက္ဆံုးေတာ့ပန္းတိုင္ေရာက္ႏိုင္မယ္🎼..ဟုတ္တယ္ဟုတ္..အခုနည္းနည္းေလးပဲစႀကိဳးစားဖို႔အားေမြးလိုက္ပါ..အားလံုးအဆင္ေျပသြားလိမ့္မယ္..ေနာ္.."


ကိုယ့္ရဲ႕စိတ္ကိုအရမ္းနားလည္တဲ့မိန္းကေလး..ကို္ယ့္ေ႐ွ႕မွာရပ္ေနတဲ့မိန္းကေလး..ကိုယ့္လက္ကိုဆုပ္ကိုင္ေပးထားတဲ့မိန္းကေလး..ဒီမိန္းကေလးေၾကာင့္သာကိုယ္ဆိုတာအခုလိုရပ္တည္ဖို႔ျဖစ္ႏိုင္ခဲ့တာ...


"ကဲလာ...သြားၾကစို႔.."


▶▶▶▶▶▶▶▶▶▶▶


"လာကေလး..လမ္းေလ်ွာက္ၿပီးဆက္သြားၾကရေအာင္.."


ေရေက်ာ္ပြဲေစ်းတန္းရဲ႕ထိပ္စကိုကိုယ္တို႔ရာက္လာခဲ့တယ္..လူေတြအျပည့္တိုးေဝ့ေနၾကေသာပြဲခင္းႀကီး..ဒါေပမယ့္ေပ်ာ္စရာေတာ့ေကာင္းလွ၏..လူေတြျပည့္ေန၍ကိုယ့္လက္အားေသခ်ာဆြဲထားေပးေသာမမ..သူမသာ႐ွိရင္အခက္အခဲတိုင္းကိုရင္ဆိုင္ႏိုင္မယ္လို႔ကိုယ္ယံုၾကည္တယ္..


ေ႐ွ႕နဲ႔ေနာက္ဒန္းစီးသလိုလႊဲလ်ွက္ေျမာက္တက္သြားတိုင္းအသဲေအးမႈကိုေပးစြမ္းေသာပင္လယ္ဓားျပေပၚ၌ကိုယ္တို႔၂ေယာက္အတူ႐ွိေနၾကသည္..ေျမာက္တက္သြားတိုင္းေအာ္သံျပဳေနၾကေသာေကာင္မေလးတစ္စုအားၾကည့္လ်ွက္ကိုယ္သေဘာက်စြာျပံဳးေနမိသည္..


"ေပ်ာ္လားကေလး.."


"ဟုတ္..အရမ္းေပ်ာ္တယ္မမ..ၾကယ္စင္အခုလိုသီတင္းကြၽတ္မွာအျပင္မထြက္ျဖစ္တာၾကာလွၿပီေလ.."


ကေလးရယ္..မင္းရဲ႕အနာဂတ္မွာရင္႔က်က္တဲ့မိန္းကေလးတစ္ေယာက္ျဖစ္လာဖို႔အတြက္အခုလိုအရာေလးေတြကအစေက်ာ္ျဖတ္ႏိုင္ဖို႔လိုတယ္ကေလး..မင္းကတစ္ခ်ိန္မွာလွပစြာဖူးပြင့္လာမယ့္ပန္းေလးတစ္ပြင့္..ဒီပန္းေလးလွလွပပဖူးပြင့္ဖို႔အေကာင္းမြန္ဆံုးျပဳစုပ်ိဳးေထာင္ရမွာကေတာ့မမရဲ႕တာဝန္ေပါ့..


ပင္လယ္ဓားျပအဆင္း၌မထင္မွတ္ထားေသာေနရာမွမီး႐ွဴးတစ္ခုမိုးေပၚသို႔ပ်ံတက္သြား၏...ျခဴးတစ္ေယာက္စိုးရိမ္တႀကီးႏွင့္ၾကယ္စင့္ကိုၾကည့္မိေတာ့ၾကယ္စင္ကဒူးေလးေကြးကာထိုင္ခ်လ်ွက္မ်က္စိစံုမွိတ္လို႔တုန္ရီေန႐ွာ၏..ျခဴးကၾကယ္စင့္ရဲ႕လက္ကေလးကိုျမဲျမံစြာဆုပ္ကိုင္လိုက္ကာ..ရင္ခြင္ထဲထည့္ျပီးဖက္ထားေပးလိုက္၏..ၾကယ္စင္ၿငိမ္က်သြားေသာအခါမွ..


"ၾကယ္စင္...ၾကယ္စင္..ကေလး..အခုမ်က္လံုးမွိတ္လိုက္ေတာ့ဘာျမင္ရလဲ.."


"ဘာမွမျမင္ရဘူး..အမဲေရာင္ႀကီး.."


အသံတိုးတိုးေလးႏွင့္ျပန္လို႔ေျဖ၏..သူမေခါင္းေလးကိုပြတ္ေပးကာ..


"ဟုတ္တယ္..အဲ့လိုအမဲေရာင္ေလဟာနယ္ႀကီးျဖစ္ေနလို႔ကေလးေၾကာက္ေနတာ..ကေလးနားမွာမမ႐ွိတယ္..အလန္႔တၾကားျဖစ္ရပ္ေတြၾကံဳလို႔အခုလိုမ်က္လံုးစံုမွိတ္လိုက္တဲ့အခါအမဲေရာင္ႀကီးလို႔စိတ္ထဲမမွတ္ပဲေနရမယ္..ဘယ္ေနရာမဆိုကေလးတစ္ေယာက္တည္းလို႔ဘယ္ေတာ့မွမေတြးနဲ႔ေနာ္..ဟုတ္ၿပီလား..မမ႐ွိတယ္..ဘယ္အခ်ိန္မဆိုဘယ္ေနရာမဆိုကေလးနားမွာမမ႐ွိတယ္..ဟုတ္ၿပီေနာ္...ဟုတ္ၿပီ.."


ေအးေဆးစြာေျဖာင္းျဖရင္းေျပာေနေသာျခဴးရဲ႕စကားသံအဆံုးမွာေတာ့ဒူးနဲ႔အုပ္ထားတဲ့ကေလးမေလးရဲ႕မ်က္ႏွာကေလးတျဖည္းျဖည္းေထာင္မတ္လို႔လာ၏..ထို႔ေနာက္ေကာင္းကင္ကၾကယ္ကေလးတစ္လံုးလိုျဖဴစင္တဲ့ကေလးမေလးရဲ႕မ်က္ႏွာျဖဴျဖဴကေလး၌ခ်ိဳျမေသာပန္းႏုေရာင္အျပံဳးေလးတစ္ခုေပၚထြက္လာ၏..


"ဟုတ္ၿပီ..ကေလးလုပ္ႏိုင္သြားၿပီ.."


ဒီမိန္းကေလးသာမ႐ွိခဲ့ရင္ကြၽန္ေတာ္ဆိုတဲ့လူသားဟာအေၾကာက္တရားေတြေအာက္က႐ုန္းထြက္ႏိုင္မွာမဟုတ္ဘူး..သူမ႐ွိရင္ကြၽန္ေတာ္အရာအားလံုးကိုရင္ဆိုင္ဖို႔အသင့္ပါပဲ..


▶▶▶▶▶▶▶▶▶▶▶


"စိတ္ညစ္လိုက္တာမမရယ္..အမွတ္ေတြလည္းထင္သေလာက္မရဘူး..ၾကယ္စင္စာလုပ္ရဲ႕သားနဲ႔..ဟူး.."


ေက်ာင္းကအမွတ္စာရင္းကိုၾကည့္ရင္းတစ္တြတ္တြတ္ေရရြတ္ကာစိတ္ဓာတ္က်ေန႐ွာေသာကေလးမေလး..


"ၾကယ္စင္..စိတ္ဓာတ္က်ေနျပန္ၿပီလားကေလးရဲ႕...စိတ္မညစ္ပါနဲ႔ကြာ..မမေျပာျပမယ္..ေလာကမွာေအာင္ျမင္မႈေတြခ်ည္း ေကာင္းတဲ့အရာေတြခ်ည္း လူေတြကလိုခ်င္ၾကတယ္..ဒါေပမယ့္အေကာင္းဆံုးေတြခ်ည္းေတာ့လူတိုင္းမရႏိုင္ၾကဘူးကေလးရဲ႕..ေအာင္ျမင္ေနတဲ့လူေတြကိုကေလးျမင္မွာေပါ့..အားက်မွာေပါ့..အဲ့ဒီကေလးအားက်ေနရတဲ့လူေတြကလည္းအေကာင္းဆံုးေတြခ်ည္းပဲပိုင္ဆိုင္ခဲ့ၾကသူေတြမဟုတ္ပါဘူး..သူတို႔လည္းအႀကိမ္ႀကိမ္အဆိုးေတြအ႐ွံုးေတြကိုပိုင္ဆိုင္ခဲ့ၾကရတာ..ေလာကမွာအေကာင္းဆံုးေတြကိုလိုခ်င္သူတိုင္းကေတာ့မေအာင္ျမင္ႏိုင္ေပမယ့္အေကာင္းဆံုးႀကိဳးစားေနတဲ့သူေတြကေတာ့တစ္ေန႔မဟုတ္တစ္ေန႔ေအာင္ျမင္ၾကတာေျမႀကီးလက္ခတ္မလြဲပဲကေလးရဲ႕..အေရးႀကီးတာကအေကာင္းဆံုးႀကိဳးစားေနဖို႔ပဲ..ဒါဆိုအေကာင္းဆံုးေတြကၾကယ္စင့္ဆီကိုေရာက္လာလိမ့္မယ္..ေနာ္ကေလး..ဘာမွစိတ္မညစ္နဲ႔.."


တိတ္ဆိတ္စြာစဥ္းစားၿပီးေနာက္သူမကေရေလာင္းလိုက္တဲ့ပန္းေလးတစ္ပြင့္ပမာရႊင္လန္းစြာျပန္ျပံဳးျပ၏..ရယ္လိုက္ရင္မ်က္လံုးမွိတ္သြားတတ္တဲ့ကေလးမေလး..ေတာက္ပတဲ့ၾကယ္ေလးတစ္ပြင့္နဲ႔တူတဲ့ျဖဴျဖဴစင္စင္ကေလးမေလး..ဒီကေလးမေလးရဲ႕အနာဂတ္ကေလးေတာက္ပသြားတယ္ဆိုရင္ပဲကိုယ္ေက်နပ္လွပါၿပီကြယ္..


▶▶▶▶▶▶▶▶▶▶▶


"သူ႔နာမည္ကေမအက္စစ္တဲ့..နာမည္တင္မဟုတ္ဘူးေနာ္လူကလည္းအရမ္းမာနႀကီးတာကြ..သူ႔နားကိုလာကပ္တဲ့ေယာက်္ားမွန္သမ်ွသူ႔ဘက္ကအျပင္းစားlessonေတြေပးခဲ့တာခ်ည္းပဲ..အေျပာတင္မဟုတ္ဘူးေနာ္..သူကလွသေလာက္မာနကလည္းအထြတ္အထိပ္ပဲဆရာေရ..သူ႔အလွမွာေမ်ာမိလို႔ကေတာ့ခင္ဗ်ားႏွလံုးသားမီးေလာင္ၿပီသာမွတ္ေတာ့.."


Cafeေသးေသးေလးတစ္ခုရဲ႕ဝိုင္းတစ္ဝိုင္း၌ထိုင္ေနၾကေသာျမန္မာလူငယ္ေလး၂ေယာက္စကားေျပာေနၾကျခင္းသာ..


သူတို႔နဲ႔ခပ္လွမ္းလွမ္းမွာထိုင္ေနသူကား...အသက္၂၂ခန္႔မိန္းကေလးတစ္ဦး..သူတို႔ေျပာရေလာက္ေအာင္ကိုထိုမိန္းကေလးကလွ၏...long coatၾကက္ေသြးေရာင္ရဲရဲကုိဝတ္ဆင္ထားကာ ေပါင္ေလာက္႐ွိေသာskirtတိုတိုတစ္ထည္ႏွင့္ေခတ္ဆန္ဆန္လွပေနေသာသူမ..ျဖဴေဖြးလွေသာအသားအရည္ႏွင့္နီရဲျပတ္သားေသာႏႈတ္ခမ္းပါး..တစ္ခ်က္တစ္ခ်က္လႈပ္ခတ္သြားတိုင္းအသက္႐ွဴမွားေလာက္ေအာင္လွပေသာ႐ွည္လ်ွားသည့္မ်က္ေတာင္တစ္စံုေအာက္ကစူး႐ွ႐ွမ်က္ဝန္း..ေျဖာင့္စင္းလွေသာႏွာတံႏွင့္ႏႈတ္ခမ္းလႈပ္လိုက္တိုင္းေပၚလာတတ္ေသာပါးခ်ိဳင့္ကေလး..အရာအားလံုးကတကယ့္ကိုperfect girlတစ္ေယာက္မွန္းသိသာေစသည္..နီညိဳေရာင္႐ွိေသာအဖ်ားကိုလိပ္၍ေကာက္ထားသည့္ဆံႏြယ္စတို႔ကားေက်ာထက္သို႔ခိုဆင္းလ်ွက္..ထိုမိန္းကေလးသည္ပုရိသေယာက်္ားတိုင္းျမင္ယံုႏွင့္စြဲမက္ေလာက္ေစေသာအလွပိုင္႐ွင္မ်ိဳး..သို႔ေသာ္သူမအနားကပ္၍ရခဲ့ေသာေယာက်္ားဟူ၍မ႐ွိခဲ့..


သူတို႔မ်က္စိေရွ႕တြင္ပင္အနက္ေရာင္အေနာက္တိုင္းဝတ္စံုကိုသပ္သပ္ရပ္ရပ္ဝတ္ထားေသာလူငယ္တစ္ေယာက္သူမထိုင္ေနေသာစားပြဲဝိုင္းဆီသို႔ခ်ဥ္းကပ္လို႔သြား၏..


"ေမ..ကို႔,ကိုထိုင္ခြင့္ျပဳပါလား..စားပြဲဝိုင္းေတြလည္းျပည့္ေနၿပီမို႔ေလ.."


ေမအက္စစ္ကထိုအမ်ိဳးသားအားေမာ့ၾကည့္ကာ ျပံဳးတယ္ဆိုရံုမ်ွျပံဳးလ်ွက္..


"လူမျပည့္လည္းျပည့္တဲ့ထိေစာင့္ေနဦးမွာပဲမဟုတ္လား...အဟက္..ဒီစားပြဲကကြၽန္မဝယ္ထားတာမွမဟုတ္ပဲ..႐ွင္ထိုင္ခ်င္ရင္ထိုင္လို႔ရပါတယ္..ကို..ေန..ေရာင္..လႊမ္း.."


ထိုလူငယ္ကမ်က္လံုးအဝိုင္သားျဖစ္လို႔သြား၏..


"အိုး..ေမကကို႔,နာမည္ေတာင္သိေနတာကိုး.."


ေမအက္စစ္ကခပ္ေျခာက္ေျခာက္ရယ္၏..


"အလိုေလ်ွာက္သိရေအာင္ကြၽန္မကအၾကားအျမင္ရေနတာမွမဟုတ္တာ..အရင္တစ္ေခါက္partyမွာေတြ႔တုန္းက႐ွင္ကိုယ္တိုင္မိတ္ဆက္ခဲ့တာေလ.."


ခပ္လွမ္းလွမ္းကၾကည့္ေနတဲ့လူငယ္၂ေယာက္ထိုဝိုင္းကိုစိတ္ဝင္စားစြာၾကည့္လို႔ေနၾက၏..


"ပြဲကေတာ့လွၿပီကိုယ့္လူေရ..အဲ့ဒါSKBလို႔နာမည္ႀကီးေနတဲ့ ျမန္မာႏိုင္ငံကေနSingaporeမွာလာအေျခခ်ေနတဲ့သူေဌးႀကီးရဲ႕သားေနေရာင္လြမ္းေလ..သူကလည္းမိန္းကေလးေတြကိုေႁခြတဲ့ေနရာ ေပြတဲ့ေနရာမွာဆရာႀကီးကြ..ပြဲကေတာ့ၾကည့္လို႔ေကာင္းၿပီကြာ.."


ဒီတစ္ခါေတာ့ေနေရာင္လႊမ္းကသေဘာက်စြာျပံဳး၏..


"ဟုတ္ပါၿပီဗ်ာ. ထားပါေတာ့..ဒါနဲ႔..ေမ့ကို.ကို,စကားနည္းနည္းေလာက္ေျပာလို႔ရမလား..."


ေမအက္စစ္ကႏႈတ္ခမ္းကိုတစ္ျခမ္းေျမႇာက္ျပံဳးရင္းမ်က္ခံုး၂ဖက္ကိုပင့္လ်ွက္ထိုလူငယ္ကိုၾကည့္ကာ..


"အင္း..စကားေျပာလို႔ရတာေပါ့..႐ွင့္မွာလည္းပါးစပ္ပါတာပဲ..ဒါေပမယ့္..၁၅၀၀ဆိုတဲ့ဘူတာကိုဦးတည္မယ္ဆိုရင္ေတာ့႐ွင့္ရဲ႕ရထားကိုဒီမွာတင္ပဲလမ္းပိတ္ရလိမ့္မယ္ကိုေနေရာင္လႊမ္း..ကြၽန္မက႐ွင့္လိုလူမ်ိဳးကိုစိတ္မဝင္စားဘူး.."


သူ႔ကိုဝိုင္းၾကည့္ေနၾကေသာမိန္းကေလးေတြေ႐ွ႕ဒီလိုအေျပာခံလိုက္ရသည္မို႔ေနေရာင္လႊမ္းဆိုေသာလူငယ္အနည္းငယ္အထိနာသြား၏..သို္႔ေပမယ့္ျပံဳးလ်ွက္သာ..


"ေမက,ကို,ၾကားထားတာထပ္ေတာင္စကားေျပာတာပိုၿပီးထက္ျမတ္ေနပါလားကြ..ကို,ဘာမွေတာင္မေျပာရေသးဘဲသိေနတယ္ေပါ့..ဒါဆို..ကို႔,ရဲ႕အခ်စ္ရထားေလးကေမလက္မခံမခ်င္းအဲ့ဒီပိတ္ထားတဲ့ေနရာမွာေစာင့္ေနမယ္ဆိုရင္ေရာ.."


ေပြတဲ့ေနရာမွာဆရာတစ္ပါးလို႔ေျပာလို႔ရတဲ့ေနေရာင္လႊမ္းဟာလက္ရဲစြာပဲေမအက္စစ္ရဲ႕လက္ႏုႏုေလးကိုလွမ္းလို႔ကိုင္လိုက္၏..သို႔ေပမယ့္ထိုလူငယ္မထင္မွတ္ထားသလိုမ်ိဳးကစားပြဲကျပင္းထန္လို႔သြား၏..ေ႐ွ႕မွာ႐ွိေနတဲ့Blue berryေဖ်ာ္ရည္ခြက္ကိုကိုင္ကာေနေရာင္လႊမ္းမ်က္ႏွာကိုခ်က္ခ်င္းပက္လိုက္၏..


"အိုး..."


တစ္ဆိုင္လံုးမွာ႐ွိေနတဲ့သူေတြအားလံုးအံ့အားသင့္ကုန္ၾက၏..ေနေရာင္လႊမ္းတစ္ေယာက္လည္းအေတာ္ကိုအ႐ွက္ရသြား၏..


"ဒီမွာ...႐ွင္လုပ္ခ်င္တိုင္းလုပ္ရေအာင္ကြၽန္မကိုဘယ္သူလို႔ထင္ေနတာလဲ..ကြၽန္မက႐ွင္ကစားတိုင္း ေမ်ာမယ့္သူငယ္ႏွပ္စားမိန္းကေလးမဟုတ္ဘူး..ေအး..အဲ့ဒီလိုမိန္းကေလးေတြကိုကစားခဲ့တဲ့႐ွင့္အတြက္ဒါကကြၽန္မေပးတဲ့လက္ေဆာင္ပဲ..Good Byeပါ..ကို.ေန.ေရာင္.လြမ္း.."


ေမအက္စစ္ကေတာ့ေဖ်ာ္ရည္ဖိုးကိုစားပြဲေပၚတင္ကာထိုေနရာမွထလို႔ထြက္သြား၏..


"ဘယ္လိုလဲကိုယ့္လူ..ေမအက္စစ္ဆိုတာကိုျမင္ၿပီမဟုတ္လား.."


"ေအးကြာ..ေတာ္ေတာ္မာနႀကီးတာပဲ.."


ဆိုင္ထဲကလူငယ္၂ေယာက္ကေတာ့သူမအေၾကာင္းေျပာရင္းက်န္ရစ္လို႔ေနခဲ့ေတာ့၏...


¿¿¿¿¿¿¿¿♥????????


Attention please🙏


ကဲ..ပြဲကေတာ့မၾကာခင္စေတာ့မယ္ဗ်ာ..
မာနခဲေလးေမအက္စစ္နဲ႔အမုန္းႀကီးမုန္းေနတဲ့ၾကယ္စင္သစ္တို႔ဘာေတြဆက္ျဖစ္မလဲသိခ်င္ေနၾကၿပီဆိုရင္ေတာ့ေနာက္တစ္ပိုင္းေမွ်ာ္ေပးပါၾကပါဗ်..
အခုလိုဒီficေလးကိုလည္းအားေပးၾကတဲ့အတြက္တကယ္ေက်းဇူးအထူးတင္ပါတယ္ဗ်..
Zawgyiနဲ႔Uniအေျပာင္းအလဲမွာစာလံုးေပါင္းအမွားေလးေတြအနည္းငယ္႐ွိခဲ့ရင္နားလည္ေပးၾကပါေနာ္..သာသာလည္းလိုက္ေတာ့ျပင္ေနပါတယ္ဗ်..


🏃🏃🏃🏃🏃🏃🏃🏃


[Unicode]


"ကြယ်စင်အပြင်ထွက်ရမှာကြောက်တယ်မမ..ကြယ်စင်အပြင်မထွက်ရဲဘူး.."


နောက်တစ်နေ့ထပ်ပြီးအပြင်သွားဖို့ကိုအကြောက်အကန်ငြင်းဆန်နေရှာတဲ့ကြယ်စင်လေး..


"ကြယ်စင်..မမပြောပြမယ်..သေချာနားထောင်နော်ကလေး..အကြောက်တရားတွေများနေတဲ့ကလေးကိုမမအမြဲတမ်းပြောနေတာတွေမှတ်မိတယ်ဟုတ်..ဒီတစ်ခါလည်းအတူတူပဲကလေး..ကြယ်စင်ကနောက်ထပ်အကြာကြီးဘဝကိုရှင်သန်ရဦးမှာ..အခုလိုကြောက်နေတဲ့အရာကိုနှစ်ပေါင်းများစွာဆက်ပြီးသိမ်းထားဦးမလို့လား..ဖျောက်ဖျက်ပစ်ရမယ်လေ..ဟုတ်တယ်နော်.."


သူမလက်ကိုကိုင်လျှက်သူမကိုတည့်တည့်ကြည့်ကာဖြေးဖြေးချင်းနားသွင်းနေသောခြူးကိုကြယ်စင်သေချာကြည့်လျှက်ခေါင်းကိုဖြေးညှင်းစွာညိတ်ပြ၏..


"ဟုတ်ပြီနော်..ဘာမှမကြောက်နဲ့..ဒီလိုဖျောက်ဖျက်ပစ်ဖို့ဆိုတာကြယ်စင့်ဘက်ကစိတ်ပါပါနဲ့စဖို့ပဲလိုတာ..စတင်ဖို့ကိုဘယ်တော့မှမကြောက်နဲ့ကလေး..okayနော်...ကြယ်စင်အရမ်းကြိုက်တဲ့အန်တီတင်ဇာမော်ရဲ့သီချင်းလေးကိုမှတ်မိမှာပေါ့..🎼ရည်ရွယ်တဲ့လမ်းဟာ..ဘယ်လောက်ဝေးဝေးဝေး..ဒီခြေတစ်လှမ်းတည်းစတင်ဖို့သာလိုတယ်..ပထမဆုံးဒီခြေလှမ်းဟာ..နောက်ဆုံးတော့ပန်းတိုင်ရောက်နိုင်မယ်🎼..ဟုတ်တယ်ဟုတ်..အခုနည်းနည်းလေးပဲစကြိုးစားဖို့အားမွေးလိုက်ပါ..အားလုံးအဆင်ပြေသွားလိမ့်မယ်..နော်.."


ကိုယ့်ရဲ့စိတ်ကိုအရမ်းနားလည်တဲ့မိန်းကလေး..ကို်ယ့်ရှေ့မှာရပ်နေတဲ့မိန်းကလေး..ကိုယ့်လက်ကိုဆုပ်ကိုင်ပေးထားတဲ့မိန်းကလေး..ဒီမိန်းကလေးကြောင့်သာကိုယ်ဆိုတာအခုလိုရပ်တည်ဖို့ဖြစ်နိုင်ခဲ့တာ...


"ကဲလာ...သွားကြစို့.."


▶▶▶▶▶▶▶▶▶▶▶


"လာကလေး..လမ်းလျှောက်ပြီးဆက်သွားကြရအောင်.."


ရေကျော်ပွဲဈေးတန်းရဲ့ထိပ်စကိုကိုယ်တို့ရာက်လာခဲ့တယ်..လူတွေအပြည့်တိုးဝေ့နေကြသောပွဲခင်းကြီး..ဒါပေမယ့်ပျော်စရာတော့ကောင်းလှ၏..လူတွေပြည့်နေ၍ကိုယ့်လက်အားသေချာဆွဲထားပေးသောမမ..သူမသာရှိရင်အခက်အခဲတိုင်းကိုရင်ဆိုင်နိုင်မယ်လို့ကိုယ်ယုံကြည်တယ်..


ရှေ့နဲ့နောက်ဒန်းစီးသလိုလွှဲလျှက်မြောက်တက်သွားတိုင်းအသဲအေးမှုကိုပေးစွမ်းသောပင်လယ်ဓားပြပေါ်၌ကိုယ်တို့၂ယောက်အတူရှိနေကြသည်..မြောက်တက်သွားတိုင်းအော်သံပြုနေကြသောကောင်မလေးတစ်စုအားကြည့်လျှက်ကိုယ်သဘောကျစွာပြုံးနေမိသည်..


"ပျော်လားကလေး.."


"ဟုတ်..အရမ်းပျော်တယ်မမ..ကြယ်စင်အခုလိုသီတင်းကျွတ်မှာအပြင်မထွက်ဖြစ်တာကြာလှပြီလေ.."


ကလေးရယ်..မင်းရဲ့အနာဂတ်မှာရင့်ကျက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လာဖို့အတွက်အခုလိုအရာလေးတွေကအစကျော်ဖြတ်နိုင်ဖို့လိုတယ်ကလေး..မင်းကတစ်ချိန်မှာလှပစွာဖူးပွင့်လာမယ့်ပန်းလေးတစ်ပွင့်..ဒီပန်းလေးလှလှပပဖူးပွင့်ဖို့အကောင်းမွန်ဆုံးပြုစုပျိုးထောင်ရမှာကတော့မမရဲ့တာဝန်ပေါ့..


ပင်လယ်ဓားပြအဆင်း၌မထင်မှတ်ထားသောနေရာမှမီးရှူးတစ်ခုမိုးပေါ်သို့ပျံတက်သွား၏...ခြူးတစ်ယောက်စိုးရိမ်တကြီးနှင့်ကြယ်စင့်ကိုကြည့်မိတော့ကြယ်စင်ကဒူးလေးကွေးကာထိုင်ချလျှက်မျက်စိစုံမှိတ်လို့တုန်ရီနေရှာ၏..ခြူးကကြယ်စင့်ရဲ့လက်ကလေးကိုမြဲမြံစွာဆုပ်ကိုင်လိုက်ကာ..ရင်ခွင်ထဲထည့်ပြီးဖက်ထားပေးလိုက်၏..ကြယ်စင်ငြိမ်ကျသွားသောအခါမှ..


"ကြယ်စင်...ကြယ်စင်..ကလေး..အခုမျက်လုံးမှိတ်လိုက်တော့ဘာမြင်ရလဲ.."


"ဘာမှမမြင်ရဘူး..အမဲရောင်ကြီး.."


အသံတိုးတိုးလေးနှင့်ပြန်လို့ဖြေ၏..သူမခေါင်းလေးကိုပွတ်ပေးကာ..


"ဟုတ်တယ်..အဲ့လိုအမဲရောင်လေဟာနယ်ကြီးဖြစ်နေလို့ကလေးကြောက်နေတာ..ကလေးနားမှာမမရှိတယ်..အလန့်တကြားဖြစ်ရပ်တွေကြုံလို့အခုလိုမျက်လုံးစုံမှိတ်လိုက်တဲ့အခါအမဲရောင်ကြီးလို့စိတ်ထဲမမှတ်ပဲနေရမယ်..ဘယ်နေရာမဆိုကလေးတစ်ယောက်တည်းလို့ဘယ်တော့မှမတွေးနဲ့နော်..ဟုတ်ပြီလား..မမရှိတယ်..ဘယ်အချိန်မဆိုဘယ်နေရာမဆိုကလေးနားမှာမမရှိတယ်..ဟုတ်ပြီနော်...ဟုတ်ပြီ.."


အေးဆေးစွာဖြောင်းဖြရင်းပြောနေသောခြူးရဲ့စကားသံအဆုံးမှာတော့ဒူးနဲ့အုပ်ထားတဲ့ကလေးမလေးရဲ့မျက်နှာကလေးတဖြည်းဖြည်းထောင်မတ်လို့လာ၏..ထို့နောက်ကောင်းကင်ကကြယ်ကလေးတစ်လုံးလိုဖြူစင်တဲ့ကလေးမလေးရဲ့မျက်နှာဖြူဖြူကလေး၌ချိုမြသောပန်းနုရောင်အပြုံးလေးတစ်ခုပေါ်ထွက်လာ၏..


"ဟုတ်ပြီ..ကလေးလုပ်နိုင်သွားပြီ.."


ဒီမိန်းကလေးသာမရှိခဲ့ရင်ကျွန်တော်ဆိုတဲ့လူသားဟာအကြောက်တရားတွေအောက်ကရုန်းထွက်နိုင်မှာမဟုတ်ဘူး..သူမရှိရင်ကျွန်တော်အရာအားလုံးကိုရင်ဆိုင်ဖို့အသင့်ပါပဲ..


▶▶▶▶▶▶▶▶▶▶▶


"စိတ်ညစ်လိုက်တာမမရယ်..အမှတ်တွေလည်းထင်သလောက်မရဘူး..ကြယ်စင်စာလုပ်ရဲ့သားနဲ့..ဟူး.."


ကျောင်းကအမှတ်စာရင်းကိုကြည့်ရင်းတစ်တွတ်တွတ်ရေရွတ်ကာစိတ်ဓာတ်ကျနေရှာသောကလေးမလေး..


"ကြယ်စင်..စိတ်ဓာတ်ကျနေပြန်ပြီလားကလေးရဲ့...စိတ်မညစ်ပါနဲ့ကွာ..မမပြောပြမယ်..လောကမှာအောင်မြင်မှုတွေချည်း ကောင်းတဲ့အရာတွေချည်း လူတွေကလိုချင်ကြတယ်..ဒါပေမယ့်အကောင်းဆုံးတွေချည်းတော့လူတိုင်းမရနိုင်ကြဘူးကလေးရဲ့..အောင်မြင်နေတဲ့လူတွေကိုကလေးမြင်မှာပေါ့..အားကျမှာပေါ့..အဲ့ဒီကလေးအားကျနေရတဲ့လူတွေကလည်းအကောင်းဆုံးတွေချည်းပဲပိုင်ဆိုင်ခဲ့ကြသူတွေမဟုတ်ပါဘူး..သူတို့လည်းအကြိမ်ကြိမ်အဆိုးတွေအရှုံးတွေကိုပိုင်ဆိုင်ခဲ့ကြရတာ..လောကမှာအကောင်းဆုံးတွေကိုလိုချင်သူတိုင်းကတော့မအောင်မြင်နိုင်ပေမယ့်အကောင်းဆုံးကြိုးစားနေတဲ့သူတွေကတော့တစ်နေ့မဟုတ်တစ်နေ့အောင်မြင်ကြတာမြေကြီးလက်ခတ်မလွဲပဲကလေးရဲ့..အရေးကြီးတာကအကောင်းဆုံးကြိုးစားနေဖို့ပဲ..ဒါဆိုအကောင်းဆုံးတွေကကြယ်စင့်ဆီကိုရောက်လာလိမ့်မယ်..နော်ကလေး..ဘာမှစိတ်မညစ်နဲ့.."


တိတ်ဆိတ်စွာစဉ်းစားပြီးနောက်သူမကရေလောင်းလိုက်တဲ့ပန်းလေးတစ်ပွင့်ပမာရွှင်လန်းစွာပြန်ပြုံးပြ၏..ရယ်လိုက်ရင်မျက်လုံးမှိတ်သွားတတ်တဲ့ကလေးမလေး..တောက်ပတဲ့ကြယ်လေးတစ်ပွင့်နဲ့တူတဲ့ဖြူဖြူစင်စင်ကလေးမလေး..ဒီကလေးမလေးရဲ့အနာဂတ်ကလေးတောက်ပသွားတယ်ဆိုရင်ပဲကိုယ်ကျေနပ်လှပါပြီကွယ်..


▶▶▶▶▶▶▶▶▶▶▶


"သူ့နာမည်ကမေအက်စစ်တဲ့..နာမည်တင်မဟုတ်ဘူးနော်လူကလည်းအရမ်းမာနကြီးတာကွ..သူ့နားကိုလာကပ်တဲ့ယောကျ်ားမှန်သမျှသူ့ဘက်ကအပြင်းစားlessonတွေပေးခဲ့တာချည်းပဲ..အပြောတင်မဟုတ်ဘူးနော်..သူကလှသလောက်မာနကလည်းအထွတ်အထိပ်ပဲဆရာရေ..သူ့အလှမှာမျောမိလို့ကတော့ခင်ဗျားနှလုံးသားမီးလောင်ပြီသာမှတ်တော့.."


Cafeသေးသေးလေးတစ်ခုရဲ့ဝိုင်းတစ်ဝိုင်း၌ထိုင်နေကြသောမြန်မာလူငယ်လေး၂ယောက်စကားပြောနေကြခြင်းသာ..


သူတို့နဲ့ခပ်လှမ်းလှမ်းမှာထိုင်နေသူကား...အသက်၂၂ခန့်မိန်းကလေးတစ်ဦး..သူတို့ပြောရလောက်အောင်ကိုထိုမိန်းကလေးကလှ၏...long coatကြက်သွေးရောင်ရဲရဲကိုဝတ်ဆင်ထားကာ ပေါင်လောက်ရှိသောskirtတိုတိုတစ်ထည်နှင့်ခေတ်ဆန်ဆန်လှပနေသောသူမ..ဖြူဖွေးလှသောအသားအရည်နှင့်နီရဲပြတ်သားသောနှုတ်ခမ်းပါး..တစ်ချက်တစ်ချက်လှုပ်ခတ်သွားတိုင်းအသက်ရှူမှားလောက်အောင်လှပသောရှည်လျှားသည့်မျက်တောင်တစ်စုံအောက်ကစူးရှရှမျက်ဝန်း..ဖြောင့်စင်းလှသောနှာတံနှင့်နှုတ်ခမ်းလှုပ်လိုက်တိုင်းပေါ်လာတတ်သောပါးချိုင့်ကလေး..အရာအားလုံးကတကယ့်ကိုperfect girlတစ်ယောက်မှန်းသိသာစေသည်..နီညိုရောင်ရှိသောအဖျားကိုလိပ်၍ကောက်ထားသည့်ဆံနွယ်စတို့ကားကျောထက်သို့ခိုဆင်းလျှက်..ထိုမိန်းကလေးသည်ပုရိသယောကျ်ားတိုင်းမြင်ယုံနှင့်စွဲမက်လောက်စေသောအလှပိုင်ရှင်မျိုး..သို့သော်သူမအနားကပ်၍ရခဲ့သောယောကျ်ားဟူ၍မရှိခဲ့..


သူတို့မျက်စိရှေ့တွင်ပင်အနက်ရောင်အနောက်တိုင်းဝတ်စုံကိုသပ်သပ်ရပ်ရပ်ဝတ်ထားသောလူငယ်တစ်ယောက်သူမထိုင်နေသောစားပွဲဝိုင်းဆီသို့ချဉ်းကပ်လို့သွား၏..


"မေ..ကို့,ကိုထိုင်ခွင့်ပြုပါလား..စားပွဲဝိုင်းတွေလည်းပြည့်နေပြီမို့လေ.."


မေအက်စစ်ကထိုအမျိုးသားအားမော့ကြည့်ကာ ပြုံးတယ်ဆိုရုံမျှပြုံးလျှက်..


"လူမပြည့်လည်းပြည့်တဲ့ထိစောင့်နေဦးမှာပဲမဟုတ်လား...အဟက်..ဒီစားပွဲကကျွန်မဝယ်ထားတာမှမဟုတ်ပဲ..ရှင်ထိုင်ချင်ရင်ထိုင်လို့ရပါတယ်..ကို..နေ..ရောင်..လွှမ်း.."


ထိုလူငယ်ကမျက်လုံးအဝိုင်သားဖြစ်လို့သွား၏..


"အိုး..မေကကို့,နာမည်တောင်သိနေတာကိုး.."


မေအက်စစ်ကခပ်ခြောက်ခြောက်ရယ်၏..


"အလိုလျှောက်သိရအောင်ကျွန်မကအကြားအမြင်ရနေတာမှမဟုတ်တာ..အရင်တစ်ခေါက်partyမှာတွေ့တုန်းကရှင်ကိုယ်တိုင်မိတ်ဆက်ခဲ့တာလေ.."


ခပ်လှမ်းလှမ်းကကြည့်နေတဲ့လူငယ်၂ယောက်ထိုဝိုင်းကိုစိတ်ဝင်စားစွာကြည့်လို့နေကြ၏..


"ပွဲကတော့လှပြီကိုယ့်လူရေ..အဲ့ဒါSKBလို့နာမည်ကြီးနေတဲ့ မြန်မာနိုင်ငံကနေSingaporeမှာလာအခြေချနေတဲ့သူဌေးကြီးရဲ့သားနေရောင်လွမ်းလေ..သူကလည်းမိန်းကလေးတွေကိုခြွေတဲ့နေရာ ပွေတဲ့နေရာမှာဆရာကြီးကွ..ပွဲကတော့ကြည့်လို့ကောင်းပြီကွာ.."


ဒီတစ်ခါတော့နေရောင်လွှမ်းကသဘောကျစွာပြုံး၏..


"ဟုတ်ပါပြီဗျာ. ထားပါတော့..ဒါနဲ့..မေ့ကို.ကို,စကားနည်းနည်းလောက်ပြောလို့ရမလား..."


မေအက်စစ်ကနှုတ်ခမ်းကိုတစ်ခြမ်းမြှောက်ပြုံးရင်းမျက်ခုံး၂ဖက်ကိုပင့်လျှက်ထိုလူငယ်ကိုကြည့်ကာ..


"အင်း..စကားပြောလို့ရတာပေါ့..ရှင့်မှာလည်းပါးစပ်ပါတာပဲ..ဒါပေမယ့်..၁၅၀၀ဆိုတဲ့ဘူတာကိုဦးတည်မယ်ဆိုရင်တော့ရှင့်ရဲ့ရထားကိုဒီမှာတင်ပဲလမ်းပိတ်ရလိမ့်မယ်ကိုနေရောင်လွှမ်း..ကျွန်မကရှင့်လိုလူမျိုးကိုစိတ်မဝင်စားဘူး.."


သူ့ကိုဝိုင်းကြည့်နေကြသောမိန်းကလေးတွေရှေ့ဒီလိုအပြောခံလိုက်ရသည်မို့နေရောင်လွှမ်းဆိုသောလူငယ်အနည်းငယ်အထိနာသွား၏..သို့်ပေမယ့်ပြုံးလျှက်သာ..


"မေက,ကို,ကြားထားတာထပ်တောင်စကားပြောတာပိုပြီးထက်မြတ်နေပါလားကွ..ကို,ဘာမှတောင်မပြောရသေးဘဲသိနေတယ်ပေါ့..ဒါဆို..ကို့,ရဲ့အချစ်ရထားလေးကမေလက်မခံမချင်းအဲ့ဒီပိတ်ထားတဲ့နေရာမှာစောင့်နေမယ်ဆိုရင်ရော.."


ပွေတဲ့နေရာမှာဆရာတစ်ပါးလို့ပြောလို့ရတဲ့နေရောင်လွှမ်းဟာလက်ရဲစွာပဲမေအက်စစ်ရဲ့လက်နုနုလေးကိုလှမ်းလို့ကိုင်လိုက်၏..သို့ပေမယ့်ထိုလူငယ်မထင်မှတ်ထားသလိုမျိုးကစားပွဲကပြင်းထန်လို့သွား၏..ရှေ့မှာရှိနေတဲ့Blue berryဖျော်ရည်ခွက်ကိုကိုင်ကာနေရောင်လွှမ်းမျက်နှာကိုချက်ချင်းပက်လိုက်၏..


"အိုး..."


တစ်ဆိုင်လုံးမှာရှိနေတဲ့သူတွေအားလုံးအံ့အားသင့်ကုန်ကြ၏..နေရောင်လွှမ်းတစ်ယောက်လည်းအတော်ကိုအရှက်ရသွား၏..


"ဒီမှာ...ရှင်လုပ်ချင်တိုင်းလုပ်ရအောင်ကျွန်မကိုဘယ်သူလို့ထင်နေတာလဲ..ကျွန်မကရှင်ကစားတိုင်း မျောမယ့်သူငယ်နှပ်စားမိန်းကလေးမဟုတ်ဘူး..အေး..အဲ့ဒီလိုမိန်းကလေးတွေကိုကစားခဲ့တဲ့ရှင့်အတွက်ဒါကကျွန်မပေးတဲ့လက်ဆောင်ပဲ..Good Byeပါ..ကို.နေ.ရောင်.လွမ်း.."


မေအက်စစ်ကတော့ဖျော်ရည်ဖိုးကိုစားပွဲပေါ်တင်ကာထိုနေရာမှထလို့ထွက်သွား၏..


"ဘယ်လိုလဲကိုယ့်လူ..မေအက်စစ်ဆိုတာကိုမြင်ပြီမဟုတ်လား.."


"အေးကွာ..တော်တော်မာနကြီးတာပဲ.."


ဆိုင်ထဲကလူငယ်၂ယောက်ကတော့သူမအကြောင်းပြောရင်းကျန်ရစ်လို့နေခဲ့တော့၏...


¿¿¿¿¿¿¿¿♥????????


Attention please🙏


ကဲ..ပွဲကတော့မကြာခင်စတော့မယ်ဗျာ..
မာနခဲလေးမေအက်စစ်နဲ့အမုန်းကြီးမုန်းနေတဲ့ကြယ်စင်သစ်တို့ဘာတွေဆက်ဖြစ်မလဲသိချင်နေကြပြီဆိုရင်တော့နောက်တစ်ပိုင်းမျှော်ပေးပါကြပါဗျ..
အခုလိုဒီficလေးကိုလည်းအားပေးကြတဲ့အတွက်တကယ်ကျေးဇူးအထူးတင်ပါတယ်ဗျ..
Zawgyiနဲ့Uniအပြောင်းအလဲမှာစာလုံးပေါင်းအမှားလေးတွေအနည်းငယ်ရှိခဲ့ရင်နားလည်ပေးကြပါနော်..သာသာလည်းလိုက်တော့ပြင်နေပါတယ်ဗျ..


🚶🚶🚶🚶🚶🚶🚶🚶


Thank you for your reading😘
#Puzzle Linn

Comment