အပိုင္း(၁၂)

[Zawgyi]


"သစ္....ညစာစားလိုက္ဦးေနာ္..ၿပီးရင္လည္းေဆးေသာက္ရဦးမယ္.."


ၾကက္ဆီထမင္းပန္းကန္ႏွင့္အတူေဆးဗူးေလးေတြေရခြက္ေလးေတြပါေသာဗန္းေလးကိုကိုင္ကာေမအခန္းထဲကိုဝင္လာခဲ့သည္..ေမ့ရဲ႕အသံခ်ဳိခ်ိဳေလးဟာသစ္အတြက္ေတာ့နားခါးစရာျဖစ္လို႔ေန႐ွာေပလိမ့္မည္..wheel chairေပၚထိုင္လ်ွက္ၿငိမ္ေနရာမွသစ္ရဲ႕လႈပ္႐ွားမႈေတြအားပါလို႔လာ၏..


"မစားဘူး...ေသပါေစ..ေသေအာင္သာသတ္လိုက္စမ္းပါ...အခုလိုခင္ဗ်ားဖမ္းထားတာခံရတာထက္ေသတာကကြၽန္ေတာ့္အတြက္ပိုေကာင္းတယ္..ေသပါေစ..မစားဘူး.."


"ဒီမွာၾကယ္စင္သစ္...ဒါ႐ုပ္႐ွင္႐ိုက္ေနတာမဟုတ္ဘူးေနာ္..ေသတယ္ဆိုတာမင္းအတြက္အဲ့ေလာက္လြယ္သလား..မင္းကေသဖို႔လြယ္တယ္ဆိုရင္ေတာင္ငါကေတာ့မင္းကိုငါ့ဘဝထဲကေနလြယ္လြယ္နဲ႔ထြက္သြားခြင့္မျပဳႏိုင္ဘူး.."


ေမကသစ္အနားကိုတိုးသြားကာၾကက္ဆီထမင္းကိုဇြန္းေလးနဲ႔ခပ္လိုက္ၿပီးသစ္အနားကိုတိုးေပး၏..


"စားလိုက္ပါ...နည္းနည္းပဲျဖစ္ျဖစ္ေလ..ေနာ္.."


"ဟား........."


သစ္ကေမ့လက္ထဲကဗန္းကိုလက္နဲ႔တြန္းပစ္လိုက္၏...ေဆးခြက္မ်ားႏွင့္ပန္းကန္ကြဲစတို႔ၾကမ္းျပင္ေပၚျပန္႔က်ဲလ်ွက္အေနအထားသို႔ေရာက္လို႔သြား႐ွာ၏...


"ေတာက္...."


သစ္ကေတာ့ေတာက္တစ္ခ်က္ကိုခပ္ျပတ္ျပတ္ေခါက္ကာwheel chairကိုခုတင္ဘက္႐ွိ႐ွာဆီသို႔မွန္း၍တြန္းလို႔သြား၏..ပန္းကန္ကြဲစေလးေတြ႐ွိရာၾကမ္းျပင္ေပၚသို႔ဒူးေထာက္ခ်ကာတိုးတိတ္စြာေကာက္သိမ္းလို႔ေန႐ွာသူကားေမအက္စစ္ဆိုေသာမိန္းကေလး..


လက္ထဲတြင္စုထားေသာပန္းကန္ကြဲစမ်ားထဲမွတစ္ခုကသူမလက္ႏုႏုေလးကိုထိခတ္ကာေသြးစက္ကေလးမ်ားၾကမ္းျပင္ေပၚသို႔အနည္းငယ္က်လို႔သြား၏..ထိုေသြးစက္မ်ားႏွင့္အတူသူမရဲ႕ပါးျပင္မွစီးဆင္းလာေသာမ်က္ရည္စတို႔လည္းေရာလို႔ေန႐ွာသည္...


ဤသည္ကိုသစ္ကေတာ့ျမင္ႏိုင္လိမ့္မည္မဟုတ္ေခ်..


▶▶▶▶▶▶▶▶▶▶▶


"ေမရယ္...နင္ဘာျဖစ္လို႔ဒီေကာင္မေလးနဲ႔မွဒီေလာက္ျဖစ္ေနရတာလဲ..နင့္ကိုသူကေကာင္းတာလည္းမဟုတ္ဘဲနဲ႔..အခုလည္းၾကည့္..နင္ပင္ပန္းေနရၿပီမဟုတ္လား.."


ေမ့လက္ကဒဏ္ရာကိုေဆးထည့္ေပးရင္းယြန္းကတစ္တြတ္တြတ္ဆူလို႔ေန၏..ေမကေတာ့ယြန္းစကားဆံုးတာကိုျပံဳးျပံဳးေလးနားေထာင္ေနရင္း..


"သူမ႐ွိရင္..သူငါ့အနားမ႐ွိရင္..ငါပိုပင္ပန္းတယ္ဟ..ဒီဒဏ္ေတြကိုငါအလူးအလဲခံၿပီးၿပီမို႔..ငါသူ႔ကိုငါ့အေဝးမွာဆက္မထားႏိုင္ေတာ့ဘူး...ငါသူ႔ကိုခ်စ္တယ္..သူနဲ႔ပက္သက္တဲ့အရာတိုင္းကိုခ်စ္တယ္..သူ႔ေၾကာင့္ရခဲ့တဲ့ဒီဒဏ္ရာေတြကိုလည္းငါကခ်စ္တာမို႔..ငါအဆင္ေျပပါတယ္ယြန္းရယ္.."


ယြန္းကေတာ့သက္ျပင္းခ်ကာေခါင္းကိုခါရမ္းလွ်က္..


"ဟူး...နင့္ကိုေတာ့ငါတကယ္မႏိုင္ေတာ့ဘူး..နင့္ေရာဂါကေတာ္ေတာ္ကြၽမ္းေနၿပီပဲ...ငါလည္းမကုႏိုင္ေတာ့ဘူး.."


ေမကေတာ့ယြန္းကိုျပံဳးလ်ွက္သာၾကည့္ရင္း..


"မကုေတာ့ဘူးဟ..ငါသူ႔ကိုခ်စ္တဲ့ေရာဂါကိုေသတဲ့အထိမကုေတာ့ဘူးယြန္းေရ.."


စကားတစ္ေျပာေျပာႏွင့္ေဆးေသတၱာကိုပိတ္ကာထထြက္သြားေလသည္..


"ေမ..နင္ကေတာ့ေလ..အခ်စ္႐ူး႐ူးေနၿပီ..ဒီဂရီအျမင့္ဆံုးပဲ.."


ဟုတ္တယ္...မင္းကိုအရမ္းခ်စ္တယ္..မင္းနဲ႔ပက္သက္တဲ့အရာရာတိုင္းကိုခ်စ္တယ္..မင္းအတြက္က်ခဲ့ရတဲ့မ်က္ရည္ေတြကိုခ်စ္တယ္..မင္းေၾကာင့္ရခဲ့တဲ့နာက်င္မႈေတြကိုခ်စ္တယ္...မင္းေပးတဲ့ဒဏ္ရာေတြကိုလည္းခ်စ္တယ္..ဒီအ႐ူးမေလးကမင္းနဲ႔မွအရမ္းကိုခ်စ္တတ္ေနပါသတဲ့ေလ...


▶▶▶▶▶▶▶▶▶▶▶


"ေမအက္စစ္...ခင္ဗ်ားႀကီးကြၽန္ေတာ့္ကိုဘယ္အထိႏွိပ္စက္ေနဦးမွာလဲ..ကြ်န္ေတာ္ေတာင္းပန္ပါတယ္..ကြၽန္ေတာ့္ကိုျပန္ပို႔ေပးပါ..မပို႔ေပးရင္လည္းသတ္ပစ္လိုက္ပါ..ကြၽန္ေတာ္အခုလိုမ်ိဳးအသက္ဆက္မ႐ွင္ခ်င္ေတာ့ဘူး.."


"မင္းဘာလို႔ေခါင္းမာခ်င္ေနရတာလဲသစ္..အခုဆိုတစ္လေတာင္ျပည့္ေတာ့မယ္..အခုထိမင္းေခါင္းမာေနတုန္းပဲေနာ္.."


"အဟက္..ေခါင္းမာတယ္ဟုတ္လား..ေခါင္းမာတာကြၽန္ေတာ္မဟုတ္ဘူး..ခင္ဗ်ားႀကီး..ကြၽန္ေတာ္ဘယ္ေလာက္ေျပာေျပာနားမဝင္တာခင္ဗ်ားႀကီး...ကြၽန္ေတာ္ခင္ဗ်ားကိုမခ်စ္ဘူး..နားလည္လား..လံုးဝမခ်စ္ဘူး..အရမ္းမုန္းတယ္..ဒါေတာင္႐ူးေနတုန္းပဲလား.."


ေမ့ပါးေပၚသို႔ထိန္းမႏိုင္သိမ္းမႏိုင္မ်က္ရည္စတခ်ိဳ႕က်လာျပန္သည္..ပါးေပၚကမ်က္ရည္စတို႔ကိုတိတ္တဆိတ္သူမသုတ္ခ်လိုက္၏..ထို႔ေနာက္..


"ဟုတ္တယ္..ငါက႐ူးေနတာ..ဒါေပမယ့္..မင္းကိုငါ့အနားမွာအျမဲ႐ွိေစခ်င္တာကငါ့ရဲ႕တစ္ခုတည္းေသာ႐ူးသြပ္မႈပဲသစ္.."


လမ္းေလ်ွာက္စျပဳႏိုင္ေနၿပီျဖစ္ေသာသစ္ဟာတုတ္ေကာက္ကိုအားျပဳ၍စမ္းလ်ွက္စားပြဲခံု႐ွိရာဘက္သို႔သြားကာပန္းအိုးကိုလက္ျဖင့္လွမ္းစမ္းယူလ်ွက္ေမ့အသံလာရာဘက္ကိုပစ္ေပါက္လိုက္၏..


💥ခြမ္း..💥


"...."


ေမ့ကိုလြဲကာနံရံကိုသြားထိေသာပန္းအိုးကြဲစမ်ားကိုစိုက္ၾကည့္လ်ွက္..ေမပို၍နာက်င္ရျပန္သည္..


"သစ္ရယ္...အဲ့ေလာက္အပင္ပန္းခံၿပီးသြားယူေနစရာမလိုပါဘူး..မျမင္ရဘဲရမ္းၿပီးအားယူပစ္ေနစရာလည္းမလိုပါဘူး..မင္းသာအလို႐ွိရင္ေလ..ငါကိုယ္တိုင္အဲ့ဒီပန္းအိုးကိုမင္းလက္ထဲထည့္ေပးၿပီးေခါင္းထိုးခံေပးမယ့္သူပါ.."


ၾကယ္စင္သစ္ကေတာ့ေမ့ရင္ထဲကဒဏ္ရာကိုမသိဟန္ေဆာင္ကာသာအခန္းျပင္ဘက္ဆီသို႔တုတ္ေကာက္ႏွင့္ေလ်ွာက္လို႔ထြက္သြား၏..


"သတိထားသြားဦးေနာ္သစ္..ေခ်ာ္လဲေနဦးမယ္.."


ေလသံတိုးတိုးေလးနဲ႔သစ္ကိုလွမ္းသတိေပးလိုက္မိေသးသည္..ေမအက္စစ္ဆိုေသာလူသားမွာၾကယ္စင္သစ္ဆိုေသာမိန္းကေလးႏွင့္ပက္သက္လ်ွင္မာနတို႔အားလံုးခ်နင္းခံဖို႔ေမြးဖြားလာခဲ့ေလသလား..


မင္းအတြက္ဆို..ကိုယ့္ရဲ႕မာန..ကိုယ့္ရဲ႕သိကၡာ..ကိုယ့္ရဲ႕အရာအားလံုးကိုဥပကၡာျပဳႏိုင္ပါတယ္...မင္းသာအနားမွာ႐ွိေနဖို႔ဆိုရင္ေပါ့...ကိုယ္ကမင္းကိုအဲ့ေလာက္ထိခ်စ္တာ..


▶▶▶▶▶▶▶▶▶▶▶


"အျပင္မွာ...အခုခ်ိန္..လသာေနမွာေပါ့ေနာ္.."


"ဟုတ္တယ္..လမင္းႀကီးကအရမ္းကိုဝိုင္းစက္ၿပီးလွေနတာ.."


အခန္းရဲ႕ျပတင္းေပါက္႐ွိရာကိုမ်က္ႏွာမူလ်ွက္nurse​ေလးကိုေမး​ေနမိေသာၾကယ္စင္သစ္..


"ကြၽန္ေတာ္လည္းအစ္မလိုမ်ိဳးျမင္ရရင္အရမ္းေကာင္းမွာပဲေနာ္.."


"ညီမေလးလည္းျပန္ျမင္ရမွာေပါ့ညီမေလးရဲ႕...အခုညီမေလးမ်က္လံုးကခဏေလးပဲကြယ္သြားတာပါ..ညီမေလးျပန္ေကာင္းလာမွာ.."


"ကြၽန္ေတာ္အခုလိုျဖစ္မယ့္အစား..ေသသြားသင့္တာ...ဒါဆို..အခုလို​ေတြခံစားရမွာမဟုတ္ဘူးေလ.."


"ညီမေလးကမမေမအေပၚကိုမုန္းတဲ့စိတ္နဲ႔အျမဲၾကည့္​ေနတာကိုးညီမေလးရဲ႕..သူကညီမေလးကိုအရမ္းခ်စ္တာေလ..သူခ်စ္တဲ့အခ်စ္ကအရမ္းႀကီးေတာ့ညီမေလးအတြက္အခါးဓာတ္ေတြသက္ေရာက္ေစသလိုျဖစ္ေနတာ..ေခ်ာကလက္ေတြေတာင္အစစ္ဆိုရင္ခါးတတ္ေသးတာပဲ..သူ႔အခ်စ္ကလည္းအဲ့ဒီလိုျဖစ္တာေနမွာေပါ့.."


သူနာျပဳဆရာမေလးစကားကိုၾကယ္စင္ကနားေထာင္ရင္းဟက္ခနဲရယ္လိုက္၏..


"သူ႔အခ်စ္ကအခ်စ္မွမဟုတ္တာ..အတၱ..ခ်စ္တဲ့သူကိုပိုင္ဆိုင္ရမွအခ်စ္မဟုတ္ပါဘူး..မပိုင္ဆိုင္ရလည္းသူျပံဳးေနတာနဲ႔တင္အဲ့ဒါအခ်စ္ပဲ...ကြၽန္ေတာ္ကေတာ့ကိုယ္ခ်စ္တဲ့သူကိုျပံဳးေပ်ာ္ေစတဲ့လူတစ္ေယာက္စီတိုင္းကိုကြၽန္ေတာ္ေက်းဇူးတင္တယ္..ကြၽန္ေတာ္ေတာင္မလုပ္ေပးႏိုင္တဲ့အရာကိုသူ႔မ်က္ႏွာေပၚေဆာင္က်ဥ္းလာေပးလို႔ေလ.."


အခန္းေပါက္ဝကေနနားေထာင္ရင္းရပ္တန္႔ေနမိသူကားေမအက္စစ္သည္သာ..ေဒါက္တာယြန္း၏ညီမျဖစ္သူသူနာျပဳေလး၏အကူအညီျဖင့္ယခုဆိုသစ္ဟာအေတာ္ကိုက်န္းမာစျပဳလာေလၿပီ..ရင္းႏွီးစြာစကားေျပာဆိုေနေသာသူမတို႔၂ေယာက္ကိုၾကည့္ရင္းေမ့ရင္ထဲတစ္ဆစ္ဆစ္ကိုက္ေနမိသည္..


"ငါကေတာ့ငါခ်စ္တဲ့သူျပံဳးသည္ျဖစ္ေစငိုသည္ျဖစ္ေစသူနဲ႔ပက္သက္တဲ့အရာအားလံုးကငါ့ေၾကာင့္ပဲျဖစ္ေစခ်င္တာၾကယ္စင္သစ္ရဲ႕..ဟုတ္တယ္..မင္းေျပာသလိုငါကအတၱသမားပဲ..ဒီအတၱသမားရဲ႕တစ္ခုတည္းေသာအတၱကလည္းမင္းပဲ..နားလည္လား.."


ေနာက္ေက်ာဘက္ဆီကေမ့အသံေၾကာင့္သစ္ေအာက္ႏႈတ္ခမ္းေလးကိုကိုက္ရင္းအံႀကိတ္မိသည္..


"ကြၽန္ေတာ္ကလည္းခင္ဗ်ားေလွာင္အိမ္ထဲကသတၱဝါတစ္ေကာင္အျဖစ္နဲ႔ျဖစ္လာခဲ့ရတဲ့ဒီကံကိုအမုန္းဆံုးပဲ...ခင္ဗ်ားကိုလည္းကြၽန္ေတာ္အမုန္းဆံုးပဲ..ခင္ဗ်ားသိထားဖို႔ကကြၽန္ေတာ္ကခင္ဗ်ားေလွာင္အိမ္ထဲကငွက္မဟုတ္တဲ့အတြက္တစ္သက္လံုးဒီေလွာင္အိမ္ထဲမွာပိတ္မိေနမယ့္သူမဟုတ္ဘူး..တစ္ေန႔ေန႔ေတာ့ကြၽန္ေတာ္လြတ္ေအာင္ႀကိဳးစားေနဦးမွာ..."


သစ္ထြက္သြားမယ္ဟူေသာစကားတစ္ခြန္းသည္ပင္လ်ွင္ေမ့ႏွလံုးသားကိုအက္စစ္ႏွင့္ေလာင္းေနသလို..


"မင္းထြက္သြားႏိုင္ပါတယ္..ဒါေပမယ့္..ဘယ္ေတာ့မွမင္းမလြတ္ေျမာက္ေစရဘူး.."


"ေတာက္..."


ေဘးစားပြဲေပၚကပန္းအိုးကိုလက္ႏွင့္တိုက္ခ်ကာတုတ္ေကာက္ကိုတစ္ေထာက္ေထာက္ႏွင့္စမ္းလ်ွက္​ေဒါသတႀကီးႏွင့္အခန္းျပင္ဘက္ဆီသို႔သစ္ထြက္လို႔သြား၏..သူနာျပဳေလးကေတာ့မ်က္စိမကြယ္သူျဖစ္ေနေလရာေမ့ပါးျပင္ေပၚကမ်က္ရည္စတို႔ကိုအတိုင္းသားျမင္လို႔ေနသည္..


"ညီမေလးကငယ္ငယ္ရြယ္ရြယ္နဲ႔တက္တက္ႂကြႂကြစိတ္သြားတိုင္းကိုယ္ပါတဲ့အရြယ္မွာအခုလိုဒုကၡိတျဖစ္ရေတာ့သူ႔ကိုသူအလိုမက်ဘဲေဒါသႀကီးလြယ္ေနတာပါ..အရမ္းစိတ္ထဲမထားနဲ႔ေနာ္မမေမ.."


"မဟုတ္ဘူးညီမေလးရဲ႕..သစ္ကေမ့ကိုအရမ္းမုန္းတာေလ..ေမကသူ႔ဘဝတစ္ေလ်ွာက္လံုးကိုအျမဲတမ္းဒုကၡေပးေနတယ္လို႔ပဲသစ္ကျမင္ေနတာ..ဒါကလည္းေမ့ရဲ႕ဝဋ္ေႂကြးတစ္ခုေပါ့ညီမေလးရယ္.."


"မမေမအျဖစ္ကလည္းဆိုးလိုက္တာေနာ္..ကိုယ္ခ်စ္တဲ့သူကအရမ္းမုန္းတာကိုခံေနရတယ္..ဒါေပမယ့္စိတ္မညစ္ပါနဲ႔မမေမရယ္..တစ္ေန႔ေတာ့ညီမေလးကမမေမရဲ႕အခ်စ္ေတြကိုျမင္လာမွာပါ.."


ေမသက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း..


"အင္း..ညီမေလးေျပာတဲ့ေန႔ကိုပဲေစာင့္ေနရေတာ့မွာေပါ့ေလ..ဘယ္ေလာက္ပဲၾကာၾကာေမေစာင့္ႏိုင္ပါတယ္..သစ္သာေမ့ဆီကိုတည့္တည့္ေလ်ွာက္လာမယ္ဆိုရင္ေပါ့.."


တခ်ိဳ႕ေသာဆုေတာင္းေတြကဘယ္ေန႔မွျပည့္လာမယ္မွန္းမသိတဲ့​ေမ်ွာ္လင့္ခ်က္အပိုင္းအစေလးေတြေပါ့..


▶▶▶▶▶▶▶▶▶▶▶


"ေမ..."


ျခံထဲကဒန္းမွာထိုင္ရင္းေငးေနေသာေမတစ္ေယာက္ယြန္းအသံေၾကာင့္သတိဝင္လာသည္..


"အင္း..ေျပာေလယြန္း.."


"နင္အခုလိုပဲဆက္လုပ္ေနဦးမွာလား..ၾကာေလနင္လည္းပိုနာက်င္ရသလိုသူလည္းသနားစရာေကာင္းတယ္ေနာ္..နင့္ကိုနင္လည္းျပန္သနားဦး.."


"ငါသိတယ္ယြန္း..ငါအမ်ားႀကီးေတြးၾကည့္ဖူးပါတယ္..ဒါေပမယ့္..ဘယ္လိုပဲေတြးေတြးငါသူ႔ကိုအဆံုး႐ွံူးမခံႏိုင္ဘူးဆိုတဲ့အေျဖပဲထြက္တယ္..ငါ့မွာတျခားေရြးစရာနည္းလမ္းမ႐ွိဘူးယြန္း.."


ယြန္းတစ္ေယာက္ကေတာ့ေမ့ပခံုးကိုကိုကိုင္လ်ွက္..သက္ျပင္းဖြဖြခ်ကာ..


"ေမရယ္..နင့္ဝဋ္ေႂကြးကလည္းႀကီးလိုက္တာဟာ...ငါေတာ့နင္နဲ႔ဟိုကေလးၾကားဘယ္သူ႔ကိုသနားလို႔သနားရမွန္းေတာင္မသိေတာ့ပါဘူးဟာ.."


ယြန္းေခါင္းကိုအခါခါရမ္းလ်ွက္ေတြးေနမိေလသည္..


"ေအာ္..ေမ..မနက္ျဖန္သူ႔မ်က္လံုးေဆးခန္းျပန္ျပရမယ္ေနာ္..ငါအဲ့ဒါသတိလာေပးတာ.."


ေမကေခါင္းညိတ္လ်ွက္..


"ေအးပါ..ငါသိပါတယ္.."


မျမင္ရေသးတဲ့ထိုမနက္ျဖန္အတြက္ေမႀကိဳတင္၍ေတြးပူေနခဲ့သည္ကေန႔စဥ္ရက္ဆက္ပင္ျဖစ္ေလသည္..


▶▶▶▶▶▶▶▶▶▶▶


"သမီးမ်က္လံုးေတြဘယ္လိုေနေသးလဲ...နာတာကိုက္တာေရာ႐ွိလားသမီး.."


ဆရာဝန္ႀကီးကၾကယ္စင္သစ္ကိုစမ္းသပ္ေပးေနေလသည္..


"မနာဘူးေဒါက္တာ..ကြၽန္ေတာ္မျမင္ရတာပဲ႐ွိတယ္.."


"ဒါဆို..သမီးမ်က္လံုးအေျခအေနေကာင္းပါတယ္..မ်က္ၾကည္လႊာကိုထိခိုက္သြားတာမို႔အစားထိုးခြဲစိတ္မႈလုပ္ရင္ေတာ့ျပန္ျမင္ရႏိုင္ပါတယ္.."


"ဟုတ္က့ဲ.."


ငါခ်ဳပ္ေႏွာင္ခံထားရတဲ့အေၾကာင္းကိုဆရာဝန္ႀကီးကိုေျပာလိုက္ရင္ေကာင္းမလား..မျဖစ္ေသးပါဘူးေလ..ဒီလိုလုပ္လိုက္ရင္ေမအက္စစ္ဒုကၡေရာက္သြားမွာေပါ့..အခန္႔မသင့္ရင္အဖမ္းေတာင္ခံရႏိုင္တယ္..ငါဒီလိုလုပ္လို႔မျဖစ္ေသးဘူး..


"မ်က္ၾကည္လႊာအလႉ႐ွင္ရၿပီဆိုတာနဲ႔ဆရာတို႔ခြဲစိတ္လို႔ရၿပီေမအက္စစ္.."


"ဟုတ္ကဲ့ေဒါက္တာ..ေက်ဇူးတင္ပါတယ္ေနာ္.."


ေမအက္စစ္ကဆရာဝန္ႀကီးကိုလက္အုပ္ေလးခ်ီလ်ွက္ေက်းဇူးတင္စကားဆိုလို႔ေန၏..


ထိုစဥ္..


"ကေလးမ..ကေလးမ..မသြားနဲ႔ေလ..."


အေနာက္ဘက္ဆီကေအာ္သံၾကား၍ေမလွည့္ၾကည့္လိုက္မိေလေတာ့..တုတ္ေကာက္ကိုတစ္ေထာက္ေထာက္စမ္းကာကားလမ္း႐ွိရာဆီသို႔ထြက္သြားေသာၾကယ္စင္သစ္ျဖစ္လို႔ေန၏..


"သစ္........"


တီ..တီ..တီ....


႐ုတ္တရက္ကားႀကီးႀကီးတစ္စီးကသစ္ဆီသို႔တည့္တည့္ေမာင္းလို႔လာေသာျမင္ကြင္းကိုေမျမင္လိုက္ရ၏..


"သစ္.........."


¿¿¿¿¿¿¿¿♥????????


ကဲ..ဘာေတြဆက္ျဖစ္မလဲေစာင့္ၾကည့္ေပးၾကပါဦးေနာ္..
ေနာက္တစ္ပိုင္းမၾကာခင္ျပန္လာခဲ့ပါမယ္..အရင္တစ္ပတ္ကသာသာ့ရဲ႕ဖုန္းsystem updateလုပ္ရင္းကuniလံုးဝျဖစ္သြားလို႔ဘယ္လိုျပန္change changeဖတ္မရျဖစ္ေနလို႔ပါ..အာ့တာေၾကာင့္errorနည္းနည္း႐ွိသြားတာေတာင္းပန္ပါတယ္ေနာ္..
အခုလိုေစာင့္ဖတ္ေပးၾကတာတကယ္ေက်းဇူးပါ..


🏃🏃🏃🏃🏃🏃🏃🏃


[Zawgyi]


"သစ်....ညစာစားလိုက်ဦးနော်..ပြီးရင်လည်းဆေးသောက်ရဦးမယ်.."


ကြက်ဆီထမင်းပန်းကန်နှင့်အတူဆေးဗူးလေးတွေရေခွက်လေးတွေပါသောဗန်းလေးကိုကိုင်ကာမေအခန်းထဲကိုဝင်လာခဲ့သည်..မေ့ရဲ့အသံချိုချိုလေးဟာသစ်အတွက်တော့နားခါးစရာဖြစ်လို့နေရှာပေလိမ့်မည်..wheel chairပေါ်ထိုင်လျှက်ငြိမ်နေရာမှသစ်ရဲ့လှုပ်ရှားမှုတွေအားပါလို့လာ၏..


"မစားဘူး...သေပါစေ..သေအောင်သာသတ်လိုက်စမ်းပါ...အခုလိုခင်ဗျားဖမ်းထားတာခံရတာထက်သေတာကကျွန်တော့်အတွက်ပိုကောင်းတယ်..သေပါစေ..မစားဘူး.."


"ဒီမှာကြယ်စင်သစ်...ဒါရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးနော်..သေတယ်ဆိုတာမင်းအတွက်အဲ့လောက်လွယ်သလား..မင်းကသေဖို့လွယ်တယ်ဆိုရင်တောင်ငါကတော့မင်းကိုငါ့ဘဝထဲကနေလွယ်လွယ်နဲ့ထွက်သွားခွင့်မပြုနိုင်ဘူး.."


မေကသစ်အနားကိုတိုးသွားကာကြက်ဆီထမင်းကိုဇွန်းလေးနဲ့ခပ်လိုက်ပြီးသစ်အနားကိုတိုးပေး၏..


"စားလိုက်ပါ...နည်းနည်းပဲဖြစ်ဖြစ်လေ..နော်.."


"ဟား........."


သစ်ကမေ့လက်ထဲကဗန်းကိုလက်နဲ့တွန်းပစ်လိုက်၏...ဆေးခွက်များနှင့်ပန်းကန်ကွဲစတို့ကြမ်းပြင်ပေါ်ပြန့်ကျဲလျှက်အနေအထားသို့ရောက်လို့သွားရှာ၏...


"တောက်...."


သစ်ကတော့တောက်တစ်ချက်ကိုခပ်ပြတ်ပြတ်ခေါက်ကာwheel chairကိုခုတင်ဘက်ရှိရှာဆီသို့မှန်း၍တွန်းလို့သွား၏..ပန်းကန်ကွဲစလေးတွေရှိရာကြမ်းပြင်ပေါ်သို့ဒူးထောက်ချကာတိုးတိတ်စွာကောက်သိမ်းလို့နေရှာသူကားမေအက်စစ်ဆိုသောမိန်းကလေး..


လက်ထဲတွင်စုထားသောပန်းကန်ကွဲစများထဲမှတစ်ခုကသူမလက်နုနုလေးကိုထိခတ်ကာသွေးစက်ကလေးများကြမ်းပြင်ပေါ်သို့အနည်းငယ်ကျလို့သွား၏..ထိုသွေးစက်များနှင့်အတူသူမရဲ့ပါးပြင်မှစီးဆင်းလာသောမျက်ရည်စတို့လည်းရောလို့နေရှာသည်...


ဤသည်ကိုသစ်ကတော့မြင်နိုင်လိမ့်မည်မဟုတ်ချေ..


▶▶▶▶▶▶▶▶▶▶▶


"မေရယ်...နင်ဘာဖြစ်လို့ဒီကောင်မလေးနဲ့မှဒီလောက်ဖြစ်နေရတာလဲ..နင့်ကိုသူကကောင်းတာလည်းမဟုတ်ဘဲနဲ့..အခုလည်းကြည့်..နင်ပင်ပန်းနေရပြီမဟုတ်လား.."


မေ့လက်ကဒဏ်ရာကိုဆေးထည့်ပေးရင်းယွန်းကတစ်တွတ်တွတ်ဆူလို့နေ၏..မေကတော့ယွန်းစကားဆုံးတာကိုပြုံးပြုံးလေးနားထောင်နေရင်း..


"သူမရှိရင်..သူငါ့အနားမရှိရင်..ငါပိုပင်ပန်းတယ်ဟ..ဒီဒဏ်တွေကိုငါအလူးအလဲခံပြီးပြီမို့..ငါသူ့ကိုငါ့အဝေးမှာဆက်မထားနိုင်တော့ဘူး...ငါသူ့ကိုချစ်တယ်..သူနဲ့ပက်သက်တဲ့အရာတိုင်းကိုချစ်တယ်..သူ့ကြောင့်ရခဲ့တဲ့ဒီဒဏ်ရာတွေကိုလည်းငါကချစ်တာမို့..ငါအဆင်ပြေပါတယ်ယွန်းရယ်.."


ယွန်းကတော့သက်ပြင်းချကာခေါင်းကိုခါရမ်းလျှက်..


"ဟူး...နင့်ကိုတော့ငါတကယ်မနိုင်တော့ဘူး..နင့်ရောဂါကတော်တော်ကျွမ်းနေပြီပဲ...ငါလည်းမကုနိုင်တော့ဘူး.."


မေကတော့ယွန်းကိုပြုံးလျှက်သာကြည့်ရင်း..


"မကုတော့ဘူးဟ..ငါသူ့ကိုချစ်တဲ့ရောဂါကိုသေတဲ့အထိမကုတော့ဘူးယွန်းရေ.."


စကားတစ်ပြောပြောနှင့်ဆေးသေတ္တာကိုပိတ်ကာထထွက်သွားလေသည်..


"မေ..နင်ကတော့လေ..အချစ်ရူးရူးနေပြီ..ဒီဂရီအမြင့်ဆုံးပဲ.."


ဟုတ်တယ်...မင်းကိုအရမ်းချစ်တယ်..မင်းနဲ့ပက်သက်တဲ့အရာရာတိုင်းကိုချစ်တယ်..မင်းအတွက်ကျခဲ့ရတဲ့မျက်ရည်တွေကိုချစ်တယ်..မင်းကြောင့်ရခဲ့တဲ့နာကျင်မှုတွေကိုချစ်တယ်...မင်းပေးတဲ့ဒဏ်ရာတွေကိုလည်းချစ်တယ်..ဒီအရူးမလေးကမင်းနဲ့မှအရမ်းကိုချစ်တတ်နေပါသတဲ့လေ...


▶▶▶▶▶▶▶▶▶▶▶


[Unicode]


"မေအက်စစ်...ခင်ဗျားကြီးကျွန်တော့်ကိုဘယ်အထိနှိပ်စက်နေဦးမှာလဲ..ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော့်ကိုပြန်ပို့ပေးပါ..မပို့ပေးရင်လည်းသတ်ပစ်လိုက်ပါ..ကျွန်တော်အခုလိုမျိုးအသက်ဆက်မရှင်ချင်တော့ဘူး.."


"မင်းဘာလို့ခေါင်းမာချင်နေရတာလဲသစ်..အခုဆိုတစ်လတောင်ပြည့်တော့မယ်..အခုထိမင်းခေါင်းမာနေတုန်းပဲနော်.."


"အဟက်..ခေါင်းမာတယ်ဟုတ်လား..ခေါင်းမာတာကျွန်တော်မဟုတ်ဘူး..ခင်ဗျားကြီး..ကျွန်တော်ဘယ်လောက်ပြောပြောနားမဝင်တာခင်ဗျားကြီး...ကျွန်တော်ခင်ဗျားကိုမချစ်ဘူး..နားလည်လား..လုံးဝမချစ်ဘူး..အရမ်းမုန်းတယ်..ဒါတောင်ရူးနေတုန်းပဲလား.."


မေ့ပါးပေါ်သို့ထိန်းမနိုင်သိမ်းမနိုင်မျက်ရည်စတချို့ကျလာပြန်သည်..ပါးပေါ်ကမျက်ရည်စတို့ကိုတိတ်တဆိတ်သူမသုတ်ချလိုက်၏..ထို့နောက်..


"ဟုတ်တယ်..ငါကရူးနေတာ..ဒါပေမယ့်..မင်းကိုငါ့အနားမှာအမြဲရှိစေချင်တာကငါ့ရဲ့တစ်ခုတည်းသောရူးသွပ်မှုပဲသစ်.."


လမ်းလျှောက်စပြုနိုင်နေပြီဖြစ်သောသစ်ဟာတုတ်ကောက်ကိုအားပြု၍စမ်းလျှက်စားပွဲခုံရှိရာဘက်သို့သွားကာပန်းအိုးကိုလက်ဖြင့်လှမ်းစမ်းယူလျှက်မေ့အသံလာရာဘက်ကိုပစ်ပေါက်လိုက်၏..


💥ခွမ်း..💥


"...."


မေ့ကိုလွဲကာနံရံကိုသွားထိသောပန်းအိုးကွဲစများကိုစိုက်ကြည့်လျှက်..မေပို၍နာကျင်ရပြန်သည်..


"သစ်ရယ်...အဲ့လောက်အပင်ပန်းခံပြီးသွားယူနေစရာမလိုပါဘူး..မမြင်ရဘဲရမ်းပြီးအားယူပစ်နေစရာလည်းမလိုပါဘူး..မင်းသာအလိုရှိရင်လေ..ငါကိုယ်တိုင်အဲ့ဒီပန်းအိုးကိုမင်းလက်ထဲထည့်ပေးပြီးခေါင်းထိုးခံပေးမယ့်သူပါ.."


ကြယ်စင်သစ်ကတော့မေ့ရင်ထဲကဒဏ်ရာကိုမသိဟန်ဆောင်ကာသာအခန်းပြင်ဘက်ဆီသို့တုတ်ကောက်နှင့်လျှောက်လို့ထွက်သွား၏..


"သတိထားသွားဦးနော်သစ်..ချော်လဲနေဦးမယ်.."


လေသံတိုးတိုးလေးနဲ့သစ်ကိုလှမ်းသတိပေးလိုက်မိသေးသည်..မေအက်စစ်ဆိုသောလူသားမှာကြယ်စင်သစ်ဆိုသောမိန်းကလေးနှင့်ပက်သက်လျှင်မာနတို့အားလုံးချနင်းခံဖို့မွေးဖွားလာခဲ့လေသလား..


မင်းအတွက်ဆို..ကိုယ့်ရဲ့မာန..ကိုယ့်ရဲ့သိက္ခာ..ကိုယ့်ရဲ့အရာအားလုံးကိုဥပက္ခာပြုနိုင်ပါတယ်...မင်းသာအနားမှာရှိနေဖို့ဆိုရင်ပေါ့...ကိုယ်ကမင်းကိုအဲ့လောက်ထိချစ်တာ..


▶▶▶▶▶▶▶▶▶▶▶


"အပြင်မှာ...အခုချိန်..လသာနေမှာပေါ့နော်.."


"ဟုတ်တယ်..လမင်းကြီးကအရမ်းကိုဝိုင်းစက်ပြီးလှနေတာ.."


အခန်းရဲ့ပြတင်းပေါက်ရှိရာကိုမျက်နှာမူလျှက်nurse​လေးကိုမေး​နေမိသောကြယ်စင်သစ်..


"ကျွန်တော်လည်းအစ်မလိုမျိုးမြင်ရရင်အရမ်းကောင်းမှာပဲနော်.."


"ညီမလေးလည်းပြန်မြင်ရမှာပေါ့ညီမလေးရဲ့...အခုညီမလေးမျက်လုံးကခဏလေးပဲကွယ်သွားတာပါ..ညီမလေးပြန်ကောင်းလာမှာ.."


"ကျွန်တော်အခုလိုဖြစ်မယ့်အစား..သေသွားသင့်တာ...ဒါဆို..အခုလို​တွေခံစားရမှာမဟုတ်ဘူးလေ.."


"ညီမလေးကမမမေအပေါ်ကိုမုန်းတဲ့စိတ်နဲ့အမြဲကြည့်​နေတာကိုးညီမလေးရဲ့..သူကညီမလေးကိုအရမ်းချစ်တာလေ..သူချစ်တဲ့အချစ်ကအရမ်းကြီးတော့ညီမလေးအတွက်အခါးဓာတ်တွေသက်ရောက်စေသလိုဖြစ်နေတာ..ချောကလက်တွေတောင်အစစ်ဆိုရင်ခါးတတ်သေးတာပဲ..သူ့အချစ်ကလည်းအဲ့ဒီလိုဖြစ်တာနေမှာပေါ့.."


သူနာပြုဆရာမလေးစကားကိုကြယ်စင်ကနားထောင်ရင်းဟက်ခနဲရယ်လိုက်၏..


"သူ့အချစ်ကအချစ်မှမဟုတ်တာ..အတ္တ..ချစ်တဲ့သူကိုပိုင်ဆိုင်ရမှအချစ်မဟုတ်ပါဘူး..မပိုင်ဆိုင်ရလည်းသူပြုံးနေတာနဲ့တင်အဲ့ဒါအချစ်ပဲ...ကျွန်တော်ကတော့ကိုယ်ချစ်တဲ့သူကိုပြုံးပျော်စေတဲ့လူတစ်ယောက်စီတိုင်းကိုကျွန်တော်ကျေးဇူးတင်တယ်..ကျွန်တော်တောင်မလုပ်ပေးနိုင်တဲ့အရာကိုသူ့မျက်နှာပေါ်ဆောင်ကျဉ်းလာပေးလို့လေ.."


အခန်းပေါက်ဝကနေနားထောင်ရင်းရပ်တန့်နေမိသူကားမေအက်စစ်သည်သာ..ဒေါက်တာယွန်း၏ညီမဖြစ်သူသူနာပြုလေး၏အကူအညီဖြင့်ယခုဆိုသစ်ဟာအတော်ကိုကျန်းမာစပြုလာလေပြီ..ရင်းနှီးစွာစကားပြောဆိုနေသောသူမတို့၂ယောက်ကိုကြည့်ရင်းမေ့ရင်ထဲတစ်ဆစ်ဆစ်ကိုက်နေမိသည်..


"ငါကတော့ငါချစ်တဲ့သူပြုံးသည်ဖြစ်စေငိုသည်ဖြစ်စေသူနဲ့ပက်သက်တဲ့အရာအားလုံးကငါ့ကြောင့်ပဲဖြစ်စေချင်တာကြယ်စင်သစ်ရဲ့..ဟုတ်တယ်..မင်းပြောသလိုငါကအတ္တသမားပဲ..ဒီအတ္တသမားရဲ့တစ်ခုတည်းသောအတ္တကလည်းမင်းပဲ..နားလည်လား.."


နောက်ကျောဘက်ဆီကမေ့အသံကြောင့်သစ်အောက်နှုတ်ခမ်းလေးကိုကိုက်ရင်းအံကြိတ်မိသည်..


"ကျွန်တော်ကလည်းခင်ဗျားလှောင်အိမ်ထဲကသတ္တဝါတစ်ကောင်အဖြစ်နဲ့ဖြစ်လာခဲ့ရတဲ့ဒီကံကိုအမုန်းဆုံးပဲ...ခင်ဗျားကိုလည်းကျွန်တော်အမုန်းဆုံးပဲ..ခင်ဗျားသိထားဖို့ကကျွန်တော်ကခင်ဗျားလှောင်အိမ်ထဲကငှက်မဟုတ်တဲ့အတွက်တစ်သက်လုံးဒီလှောင်အိမ်ထဲမှာပိတ်မိနေမယ့်သူမဟုတ်ဘူး..တစ်နေ့နေ့တော့ကျွန်တော်လွတ်အောင်ကြိုးစားနေဦးမှာ..."


သစ်ထွက်သွားမယ်ဟူသောစကားတစ်ခွန်းသည်ပင်လျှင်မေ့နှလုံးသားကိုအက်စစ်နှင့်လောင်းနေသလို..


"မင်းထွက်သွားနိုင်ပါတယ်..ဒါပေမယ့်..ဘယ်တော့မှမင်းမလွတ်မြောက်စေရဘူး.."


"တောက်..."


ဘေးစားပွဲပေါ်ကပန်းအိုးကိုလက်နှင့်တိုက်ချကာတုတ်ကောက်ကိုတစ်ထောက်ထောက်နှင့်စမ်းလျှက်​ဒေါသတကြီးနှင့်အခန်းပြင်ဘက်ဆီသို့သစ်ထွက်လို့သွား၏..သူနာပြုလေးကတော့မျက်စိမကွယ်သူဖြစ်နေလေရာမေ့ပါးပြင်ပေါ်ကမျက်ရည်စတို့ကိုအတိုင်းသားမြင်လို့နေသည်..


"ညီမလေးကငယ်ငယ်ရွယ်ရွယ်နဲ့တက်တက်ကြွကြွစိတ်သွားတိုင်းကိုယ်ပါတဲ့အရွယ်မှာအခုလိုဒုက္ခိတဖြစ်ရတော့သူ့ကိုသူအလိုမကျဘဲဒေါသကြီးလွယ်နေတာပါ..အရမ်းစိတ်ထဲမထားနဲ့နော်မမမေ.."


"မဟုတ်ဘူးညီမလေးရဲ့..သစ်ကမေ့ကိုအရမ်းမုန်းတာလေ..မေကသူ့ဘဝတစ်လျှောက်လုံးကိုအမြဲတမ်းဒုက္ခပေးနေတယ်လို့ပဲသစ်ကမြင်နေတာ..ဒါကလည်းမေ့ရဲ့ဝဋ်ကြွေးတစ်ခုပေါ့ညီမလေးရယ်.."


"မမမေအဖြစ်ကလည်းဆိုးလိုက်တာနော်..ကိုယ်ချစ်တဲ့သူကအရမ်းမုန်းတာကိုခံနေရတယ်..ဒါပေမယ့်စိတ်မညစ်ပါနဲ့မမမေရယ်..တစ်နေ့တော့ညီမလေးကမမမေရဲ့အချစ်တွေကိုမြင်လာမှာပါ.."


မေသက်ပြင်းတစ်ချက်ချလိုက်ရင်း..


"အင်း..ညီမလေးပြောတဲ့နေ့ကိုပဲစောင့်နေရတော့မှာပေါ့လေ..ဘယ်လောက်ပဲကြာကြာမေစောင့်နိုင်ပါတယ်..သစ်သာမေ့ဆီကိုတည့်တည့်လျှောက်လာမယ်ဆိုရင်ပေါ့.."


တချို့သောဆုတောင်းတွေကဘယ်နေ့မှပြည့်လာမယ်မှန်းမသိတဲ့​မျှော်လင့်ချက်အပိုင်းအစလေးတွေပေါ့..


▶▶▶▶▶▶▶▶▶▶▶


"မေ..."


ခြံထဲကဒန်းမှာထိုင်ရင်းငေးနေသောမေတစ်ယောက်ယွန်းအသံကြောင့်သတိဝင်လာသည်..


"အင်း..ပြောလေယွန်း.."


"နင်အခုလိုပဲဆက်လုပ်နေဦးမှာလား..ကြာလေနင်လည်းပိုနာကျင်ရသလိုသူလည်းသနားစရာကောင်းတယ်နော်..နင့်ကိုနင်လည်းပြန်သနားဦး.."


"ငါသိတယ်ယွန်း..ငါအများကြီးတွေးကြည့်ဖူးပါတယ်..ဒါပေမယ့်..ဘယ်လိုပဲတွေးတွေးငါသူ့ကိုအဆုံးရှူံးမခံနိုင်ဘူးဆိုတဲ့အဖြေပဲထွက်တယ်..ငါ့မှာတခြားရွေးစရာနည်းလမ်းမရှိဘူးယွန်း.."


ယွန်းတစ်ယောက်ကတော့မေ့ပခုံးကိုကိုကိုင်လျှက်..သက်ပြင်းဖွဖွချကာ..


"မေရယ်..နင့်ဝဋ်ကြွေးကလည်းကြီးလိုက်တာဟာ...ငါတော့နင်နဲ့ဟိုကလေးကြားဘယ်သူ့ကိုသနားလို့သနားရမှန်းတောင်မသိတော့ပါဘူးဟာ.."


ယွန်းခေါင်းကိုအခါခါရမ်းလျှက်တွေးနေမိလေသည်..


"အော်..မေ..မနက်ဖြန်သူ့မျက်လုံးဆေးခန်းပြန်ပြရမယ်နော်..ငါအဲ့ဒါသတိလာပေးတာ.."


မေကခေါင်းညိတ်လျှက်..


"အေးပါ..ငါသိပါတယ်.."


မမြင်ရသေးတဲ့ထိုမနက်ဖြန်အတွက်မေကြိုတင်၍တွေးပူနေခဲ့သည်ကနေ့စဉ်ရက်ဆက်ပင်ဖြစ်လေသည်..


▶▶▶▶▶▶▶▶▶▶▶


"သမီးမျက်လုံးတွေဘယ်လိုနေသေးလဲ...နာတာကိုက်တာရောရှိလားသမီး.."


ဆရာဝန်ကြီးကကြယ်စင်သစ်ကိုစမ်းသပ်ပေးနေလေသည်..


"မနာဘူးဒေါက်တာ..ကျွန်တော်မမြင်ရတာပဲရှိတယ်.."


"ဒါဆို..သမီးမျက်လုံးအခြေအနေကောင်းပါတယ်..မျက်ကြည်လွှာကိုထိခိုက်သွားတာမို့အစားထိုးခွဲစိတ်မှုလုပ်ရင်တော့ပြန်မြင်ရနိုင်ပါတယ်.."


"ဟုတ်က့ဲ.."


ငါချုပ်နှောင်ခံထားရတဲ့အကြောင်းကိုဆရာဝန်ကြီးကိုပြောလိုက်ရင်ကောင်းမလား..မဖြစ်သေးပါဘူးလေ..ဒီလိုလုပ်လိုက်ရင်မေအက်စစ်ဒုက္ခရောက်သွားမှာပေါ့..အခန့်မသင့်ရင်အဖမ်းတောင်ခံရနိုင်တယ်..ငါဒီလိုလုပ်လို့မဖြစ်သေးဘူး..


"မျက်ကြည်လွှာအလှူရှင်ရပြီဆိုတာနဲ့ဆရာတို့ခွဲစိတ်လို့ရပြီမေအက်စစ်.."


"ဟုတ်ကဲ့ဒေါက်တာ..ကျေဇူးတင်ပါတယ်နော်.."


မေအက်စစ်ကဆရာဝန်ကြီးကိုလက်အုပ်လေးချီလျှက်ကျေးဇူးတင်စကားဆိုလို့နေ၏..


ထိုစဉ်..


"ကလေးမ..ကလေးမ..မသွားနဲ့လေ..."


အနောက်ဘက်ဆီကအော်သံကြား၍မေလှည့်ကြည့်လိုက်မိလေတော့..တုတ်ကောက်ကိုတစ်ထောက်ထောက်စမ်းကာကားလမ်းရှိရာဆီသို့ထွက်သွားသောကြယ်စင်သစ်ဖြစ်လို့နေ၏..


"သစ်........"


တီ..တီ..တီ....


ရုတ်တရက်ကားကြီးကြီးတစ်စီးကသစ်ဆီသို့တည့်တည့်မောင်းလို့လာသောမြင်ကွင်းကိုမေမြင်လိုက်ရ၏..


"သစ်.........."


¿¿¿¿¿¿¿¿♥????????


ကဲ..ဘာတွေဆက်ဖြစ်မလဲစောင့်ကြည့်ပေးကြပါဦးနော်..
နောက်တစ်ပိုင်းမကြာခင်ပြန်လာခဲ့ပါမယ်..အရင်တစ်ပတ်ကသာသာ့ရဲ့ဖုန်းsystem updateလုပ်ရင်းကuniလုံးဝဖြစ်သွားလို့ဘယ်လိုပြန်change changeဖတ်မရဖြစ်နေလို့ပါ..အာ့တာကြောင့်errorနည်းနည်းရှိသွားတာတောင်းပန်ပါတယ်နော်..
အခုလိုစောင့်ဖတ်ပေးကြတာတကယ်ကျေးဇူးပါ..


🚶🚶🚶🚶🚶🚶🚶🚶


Thank you for your reading😘
Love you all my readers🙆‍♂️🙆‍♂️
#PuzzleLinn




Comment