Part 6

1 2 3~~~~~~

နွေဦးတော်ဝင်လေးက ဦးငယ်ကိုနားမလည်နိုင်တော့ပါဘူးနော်။
စကားလည်းမပြောတတ်သေးတော့
ဦးငယ်ရဲ့အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ကိုသာ
ကားရုပ်ကြီးပါးစပ်မှာကိုက်ရင်း ကြောင်ငေးကြည့်နေလေသည်။
အနားမှာလည်း ဝဖြီးနေတဲ့ပြောင်ကြူးနဲ့စုတ်ဖွားက
အသာမှိန်းနေကြလေသည်။

4 5~~~

အမှန်တကယ်လည်း နိုနိုကအဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ကို
လုပ်နေခြင်းပင်။ရေခဲသေတ္တာထဲမှရေသန့်ဘူးတွေကို
အိမ်ပြင်သို့ထုတ်ကာ မြက်ခင်းပြင်ပေါ်သို့ရေတစ်ဘူးချင်း
ရေသွန်နေခြင်းပင်ဖြစ်လေသည်။နွေရတုက
ညနေစာချက်နေသဖြင့် ကလေးတွေကိုလွတ်ပေးထားသလိုဖြစ်နေလေသည်။Royalကလည်း ''တော်ဝင်စံအိမ်''သွားသည်ဖြစ်ရာ
နိုနို့အကြိုက်တွေ့သွားလေသည်။

ဝူးးးဝူးး

အနောက်မှနွေဦးလေးရဲ့ဝူးဝူးဝါးဝါးအသံကိုကြားတော့
နိုနိုကလုပ်လက်စရပ်ကာ လှည့်ကြည့်လေသည်။
နွေဦးလေးက တဝူးဝူးတဝါးဝါးပြောကာလှုပ်ယမ်းနေသဖြင့်
နိုနိုက ရေသွန်လက်စရပ်ကာပင်

''ကလေးလေးက ဆော့ချင်လို့လား၊
ဒါဆော့စရာမဟုတ်ဘူးလေနော်၊ကိုကိုက
ခေါင်ပိုက်ဆံများများရအောင်လုပ်ပေးနေတာမို့
ကလေးလေးက ငြိမ်ငြိမ်လေးနေပေး..."

နားလည်သည်ဖြစ်စေ၊နားမလည်သည်ဖြစ်စေ
နိုနိုကတော့ခေါင်းတခါခါ၊ဖင်တယမ်းယမ်းဖြင့်
နွေဦးလေးကို ချော့မြှူနေလေသည်။
နွေဦးလေးကနားလည်ဟန်ဖြင့်ငြိမ်သွားကာမှ
နိုနိုကရေသွန်တာကိုဆက်လုပ်နေလေသည်။

6 7 8

''ကလေးတွေ ဗိုက်ဆာ....အယ် နိုနိုဘာလုပ်နေတာလဲ"

ညစာချက်လို့အပြီး ကလေးတွေဗိုက်ဆာနေမည်စိုး၍
အပြင်ထွက်မေးခါမှ နွေရတုမျက်လုံးပြူးသွားရလေသည်။
သခင်အသံကြားတော့ မှိန်းနေတဲ့ကြောင်နှစ်ကောင်က
မျက်လုံးအသာဖွင့်ကြည့်လာလေသည်။နိုနိုကတော့
လူမိသွားသဖြင့် ခုနရေသွန်နေတာသူမဟုတ်သလိုပင်
လက်ထဲမှရေသန့်ဘူးခွံကို အဝေးသို့လွှင့်ပစ်လိုက်လေသည်။

နွေဦးလေးက နွေရတုဆီသို့ချီခေါ်ရန်တအဲ့အဲ့အသံပြုလာတော့
နွေရတုက မြက်ခင်းပေါ်ကကလေးကိုပွေ့ချီလိုက်ရသည်။
ဗန်ဒါပင်အောက်မှာမို့ နေပူမှာကိုမစိုးရပေ။
နိုနို့ကိုကြည့်လိုက်တော့လည်း သူအပြစ်လုပ်ထားသည်ကိုသိဟန် မျက်လုံးလေးက
တောင်ကြည့်မြောက်ကြည့်နေလေသည်။

''ကဲ နိုနို"

''ဗျ..ဗျာ ကိုကိုနွေ"

''ရေအကောင်းတွေကို ဘာလုပ်နေတာလဲဆိုတာ
ရှင်းပြပေးနိုင်မလားဗျ"

''သွန်...သွန်နေတာလေ ကိုကိုနွေရဲ့ ဟီးးးး"

ခါတိုင်းလိုကိုကိုနွေများစိတ်ပြေသွားမလားဆိုပြီး
သွားကျိုးလေးတွေပေါ်အောင်ပင်ရယ်ပြလိုက်သော်လည်း
ကိုကိုနွေကတော့ ရုပ်တည်နဲ့ပင်ဖြစ်တုန်း။

''ဘာလို့သွန်နေတာလဲ ရေအကောင်းတွေကို "

''ဟို ဟိုလေ"

''လိမ်မယ်တော့ မတွေးနဲ့နော်"

နွေရတုရင်ခွင်ထဲကနွေဦးလေးက ဦးလေးငယ်ကို
တိုင်တောချင်ဟန်ဖြင့် တဝူးဝူးတဝါးဝါးဆိုလာလေသည်။
နောက်ဆုံးတော့ နိုနိုအမှန်အတိုင်းပြောရန်သာ
ဆုံးဖြတ်လိုက်သည်။

''ခေါင့်အတွက်ပါ ကိုကိုနွေ"

''ခေါင့်အတွက်ဟုတ်လား၊ကိုကိုနွေ့ကို ရှင်းပြပါဦး"

''ခေါင်ပိုက်ဆံပိုရအောင်လို့ပါ၊
ပြီးတော့ ခေါင်ချွေးထွက်နေတာမမြင်ချင်ဘူး"

ခေါင်ချွေးထွက်နေတာ နိုနိုတကယ်မမြင်ချင်တာပါ။
ခေါင့်ကိုနိုနိုတွေ့လိုက်တဲ့အချိန်တိုင်း ခေါင့်မျက်နှာမှာချွေးတွေနဲ့။
ပြီးတော့ ခေါင်နဲ့နိုနိုတွေ့ရတဲ့အချိန်ကခဏလေးမို့
နိုနိုမကြိုက်ပါဘူး။ခေါင်ကနိုနိုနဲ့ခဏလေးကစားပေးပြီး
ပြန်ပြန်သွားတာ။ဖြစ်နိုင်ရင် နိုနိုကခေါင်နဲ့အချိန်အကြာကြီး
ကစားချင်တာကို။ဒါကြောင့် ခေါင့်အတွက်နိုနိုရေသန့်ဘူးရှာပေးမယ်။
ခေါင်ကနိုနိုနဲ့အချိန်အကြာကြီးကစားပေး။
နိုနိုတွေးတာ မှားလို့လားနော်~~~

''ခေါင်မကြိုက်ဘူးလေ ကလေးလေးရဲ့"

''ဗျာ"

နွေရတုက သံယောဇဥ်တွယ်လွယ်တတ်လွန်းတဲ့နိုနို့ကို
ကရုဏာသက်ဟန်ခေါင်းလုံးလုံးလေးကို ခပ်ဖွဖွပွတ်လေသည်။

''ကလေးလေးက ခေါင့်အတွက်ရယ်လို့လုပ်ပေးပေမယ့်
ခေါင်ကဒီလိုအဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ကိုသဘောကျမယ်ထင်နေတာလားကွယ်"

နွေရတုစကားကို ရှစ်နှစ်အရွယ်နိုနိုလေးကနားမလည်ပေ။
မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် သူ့ဦးနှောက်သေးသေးလေးနဲ့အတွေးများနေလေသည်။

''ရေကောင်းတွေသွန်ရင် ငရဲကြီးတတ်တယ် နိုနို"

''တကယ်ကြီးလား ကိုကိုနွေ"

''တကယ်ပေါ့၊ငရဲပြည်မှာ လွှကြီးနဲ့အဖြတ်ခံရမှာနိုနိုမကြောက်ဘူးလား"

''ကြောက်တယ် နိုနိုကြောက်တယ်"

''ဒါဆို နောက်ရေသွန်ဦးမှာလား"

''မသွန်တော့ပါဘူးဗျ"

နိုနိုလေးကအတည်ကြောက်သွားဟန် နွေရတုခြေထောက်ကို
တွယ်ဖက်လာသဖြင့် အားနေသည့်လက်တစ်ဖက်ဖြင့်
အသာပွေ့ချီလိုက်ရလေသည်။လက်နှစ်ဖက်လုံး
ကလေးနှစ်ယောက်ချီထားရသဖြင့် အိမ်ထဲသို့အမြန်ဝင်လာလိုက်သည်။

ရေကောင်းတွေနောက်ထပ်တစ်ခါသွန်မှာကိုတော့
မစိုးရိမ်ရတော့ပေ။ဘာလို့ဆို နိုဘယ်တော်ဝင်က
ငရဲပြည်ကိုကြောက်သွားပြီလေ~~~

..............................

''နိုနို ကိုကိုနွေ့ခါးကိုကျစ်ကျစ်ဖက်ထားနော်၊
ခြေထောက်ကိုလည်း ကျယ်ကျယ်ကားထား"

''ဟုတ်ကဲ့ ကိုကိုနွေ"

မစီးတာကြာပြီဖြစ်သော စက်ဘီးအနက်လေးကို
ထုတ်ကာနှစ်ယောက်သားခေါင့်အိမ်သို့ချီတက်နေကြခြင်းပင်
ဖြစ်လေသည်။ခေါင်အိမ်လာမည်ထင်၍ ဟင်းပိုချက်ထားသော်လည်း
ရောက်မလာသဖြင့် ကိုယ်တိုင်ကိုယ်ကျသွားပို့နေခြင်း။
Royalကလည်းအိမ်ပြန်လာပြီဖြစ်၍ နွေဦးလေးကို
Royalနဲ့ထားခဲ့ကာ နွေရတုနဲ့နိုနိုထွက်လာကြတာပင်။
ဟင်းချိုင့်ကိုတော့ စက်ဘီးရှေ့ခြင်းထဲထည့်လိုက်သည်။

ဟိုဘက်ရပ်ကွက်နဲ့လမ်းပဲခြားတာမို့
စက်ဘီးနဲ့သာသွားဖြစ်ကြသည်။
ခေါင့်ကိုတွေ့ချင်နေတဲ့နိုနိုကတော့ မကြာခင်တွေ့ရတော့မည်ဖြစ်၍ ပြုံးပျော်နေလေသည်။

ခေါင်တို့ရပ်ကွက်ရောက်တော့ ပတ်ဝန်းကျင်ကသိသိသာ
သာပြောင်းသွားလေသည်။သုံးထပ်တိုက်၊နှစ်ထပ်တိုက်မြင်ကွင်းတွေကနေ ပျဥ်ထောင်အိမ်နဲ့ထရံကာ
အိမ်အချို့ကိုမြင်ရလေသည်။
ရေမြောင်းတွေမှဆိုးရွှားတဲ့ရေပုပ်နံ့ကြောင့်
နိုနိုနှာခေါင်းရှုံ့မိတော့ အနားမှာဆော့နေတဲ့ကလေးတစ်စုက
အလိုမကျဟန်ကြည့်လာလေသည်။

''ကိုကိုနွေ ခေါင့်အိမ်ကမရောက်သေးဘူးလား"

''ရောက်တော့မယ် နိုနိုရေ၊
ခြေထောက်ကိုအပေါ်မြှင့်မြှင့်မြှောက်ထားနော်၊
အရှေ့မှာ ရေတွေနဲ့မို့စင်ကုန်မယ်"

''ဟုတ်"

ရေမြောင်းပိတ်နေသဖြင့်မကောင်းတဲ့ရေတွေက
လမ်းပေါ်သို့လျှံတက်နေကြခြင်းပင်။
အနံ့အသက်ကလည်း ဆိုးရွှားလွန်းလှပေသည်။
နိုနိုကတော့ ခေါင့်အိမ်ကိုအမြန်ရောက်ချင်လှပါပြီ။

''ကဲ ရောက်ပါပြီဗျာ"

ယိုင်နဲ့နေသောထရံကာအိမ်ရှေ့နွေရတုရပ်လိုက်တော့
နိုနိုကမျက်စိရှေ့မှအိမ်ကိုအတန်ကြာငေးကြည့်နေမိလေသည်။
နွေရတုက နောက်ခုံမှနိုနို့ကိုအသာပွေ့ချီကာ
အောက်ချပေးလိုက်လေသည်။ထို့နောက် စက်ဘီးခြင်းထဲကချိုင့်ယူကာ

''လာ ခေါင့်ဆီသွားရအောင်"

နိုနို့ရဲ့လက်သေးသေးလေးကိုဆုပ်ကိုင်ကာ
အိမ်ထဲဝင်လိုက်လေသည်။အိမ်ပေါ်ကို မျက်လုံးဝင့်ကြည့်
လိုက်တော့ ဘာလှုပ်ရှားမှုမှမမြင်ရပေ။

''ခေါင် ခေါင်!!"

အော်သံပေးလိုက်ပြီး အိမ်လေးထံမှလှုပ်ရှားသံကြားလိုက်ရပြီး မကြာခင် ခေါင်ကအိမ်တံခါးပေါက်မှခေါင်းပြူကြည့်လာလေသည်။
နွေရတုကိုမြင်တော့ပြုံးရယ်ပြလာပြီးမှ
နိုနိုကိုမြင်တော့ အနည်းငယ်တည်သွားလေသည်။

''ခေါင် နိုနိုလာတယ်"

နိုနိုကသူ့ကိုခေါင်မမြင်ဘူးထင်၍လက်သေးသေးလေးပါယမ်းပြလာလေသည်။ခေါင်ကအိမ်ပုတိုလေးပေါ်မှဆင်းလာတော့
နိုနိုကပိုပြီးပြုံးလာလေသည်။

''ခေါင့်အတွက်ဟင်းပိုချက်ထားတာကို
ခေါင်မလာလို့ ကိုယ်တိုင်လာပို့တာ၊
နိုနိုကလည်းလိုက်ချင်နေတာနဲ့ ခေါ်လာလိုက်တာရယ်၊
ထမင်းမစားရသေးဘူးမို့လား"

''အားနာစရာကြီး ကိုနွေကလည်း"

''ခေါင် ချီ"

နိုနို့စကားကြောင့် ခေါင်ငုံ့ကြည့်လိုက်တော့
နိုနိုကသူ့ကိုချီစေဟန်လက်နှစ်ဖက်မြှောက်ပေးလာလေသည်။
ခါတိုင်းဆိုသူတွန့်ဆုတ်နေမိမှာအမှန်ဆိုပေမယ့်
ခုကသူရေချိုးထားပြီးဖြစ်သည့်အပြင် ကလေးလေးကိုလည်း
အရမ်းလွမ်းနေတာကြောင့် ခပ်မြန်မြန်ပင်ပွေ့ချီလိုက်သည်။

''ခေါင့်ကိုယ်က မွှေးတယ်"

နိုနိုက ခေါင့်ရဲ့လည်ပင်းကိုအသာတိုးဝှေ့ကာစကားဆိုတော့
ခေါင်ကသဘောကျဟန်ဖြင့် နိုနို့ရဲ့ခေါင်းလုံးလုံးလေးကိုပွတ်သပ်ပေးလေသည်။

''ခေါင့်ကို အရမ်းလွမ်းနေတာ"

''ကိုကိုကလည်း ကလေးလေးကိုလွမ်းနေတာ"

''ခေါင်က ညာတယ်"

နိုနိုကနှုတ်ခမ်းစူကာစကားဆိုတော့
ခေါင်ကအသည်းယားဟန်ဖြင့် ရင်ခွင်ထဲကနိုနို့ကိုဖျစ်ညှစ်လိုက်လေသည်။
နွေရတုကတော့ အလွမ်းသယ်နေကြတဲ့ကလေးနှစ်ယောက်ကို
ခပ်ပြုံးပြုံးပင်ကြည့်နေလေသည်။

သြော်...သံယောဇဥ်တွေဖြတ်ဖို့ရန် ခက်လွန်းပါဘိနဲ့ကွယ်။

...............................

Zawgyi

1 2 3~~~~~~

ႏြေဦးေတာ္ဝင္ေလးက ဦးငယ္ကိုနားမလည္နိုင္ေတာ့ပါဘူးေနာ္။
စကားလည္းမေျပာတတ္ေသးေတာ့
ဦးငယ်ရဲ့အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ကိုသာ
ကား႐ုပ္ႀကီးပါးစပ္မွာကိုက္ရင္း ေၾကာင္ေငးၾကည့္ေနေလသည္။
အနားမွာလည္း ဝၿဖီးေနတဲ့ေျပာင္ၾကဴးနဲ႕စုတ္ဖြားက
အသာမွိန္းေနၾကေလသည္။

4 5~~~

အမွန္တကယ္လည္း နိုနိုကအဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ကို
လုပ္ေနျခင္းပင္။ေရခဲေသတၱာထဲမွေရသန့္ဘူးေတြကို
အိမ္ျပင္သို႔ထုတ္ကာ ျမက္ခင္းျပင္ေပၚသို႔ေရတစ္ဘူးခ်င္း
ေရသြန္ေနျခင္းပင္ျဖစ္ေလသည္။ႏြေရတုက
ညေနစာခ်က္ေနသျဖင့္ ကေလးေတြကိုလြတ္ေပးထားသလိုျဖစ္ေနေလသည္။Royalကလည္း ''ေတာ္ဝင္စံအိမ္''သြားသည္ျဖစ္ရာ
နိုနို႔အႀကိဳက္ေတြ႕သြားေလသည္။

ဝူးးးဝူးး

အေနာက္မွႏြေဦးေလးရဲ႕ဝူးဝူးဝါးဝါးအသံကိုၾကားေတာ့
နိုနိုကလုပ္လက္စရပ္ကာ လွည့္ၾကည့္ေလသည္။
ႏြေဦးေလးက တဝူးဝူးတဝါးဝါးေျပာကာလႈပ္ယမ္းေနသျဖင့္
နိုနိုက ေရသြန္လက္စရပ္ကာပင္

''ကေလးေလးက ေဆာ့ခ်င္လို႔လား၊
ဒါေဆာ့စရာမဟုတ္ဘူးေလေနာ္၊ကိုကိုက
ေခါင္ပိုက္ဆံမ်ားမ်ားရေအာင္လုပ္ေပးေနတာမို႔
ကေလးေလးက ၿငိမ္ၿငိမ္ေလးေနေပး..."

နားလည္သည္ျဖစ္ေစ၊နားမလည္သည္ျဖစ္ေစ
နိုနိုကေတာ့ေခါင္းတခါခါ၊ဖင္တယမ္းယမ္းျဖင့္
ႏြေဦးေလးကို ေခ်ာ့ျမႇူေနေလသည္။
ႏြေဦးေလးကနားလည္ဟန္ျဖင့္ၿငိမ္သြားကာမွ
နိုနိုကေရသြန္တာကိုဆက္လုပ္ေနေလသည္။

6 7 8

''ကေလးေတြ ဗိုက္ဆာ....အယ္ နိုနိုဘာလုပ္ေနတာလဲ"

ညစာခ်က္လို႔အၿပီး ကေလးေတြဗိုက္ဆာေနမည္စိုး၍
အျပင္ထြက္ေမးခါမွ ႏြေရတုမ်က္လုံးျပဴးသြားရေလသည္။
သခင္အသံၾကားေတာ့ မွိန္းေနတဲ့ေၾကာင္ႏွစ္ေကာင္က
မ်က္လုံးအသာဖြင့္ၾကည့္လာေလသည္။နိုနိုကေတာ့
လူမိသြားသျဖင့္ ခုနေရသြန္ေနတာသူမဟုတ္သလိုပင္
လက္ထဲမွေရသန့္ဘူးခြံကို အေဝးသို႔လႊင့္ပစ္လိုက္ေလသည္။

ႏြေဦးေလးက ႏြေရတုဆီသို႔ခ်ီေခၚရန္တအဲ့အဲ့အသံျပဳလာေတာ့
ႏြေရတုက ျမက္ခင္းေပၚကကေလးကိုေပြ႕ခ်ီလိုက္ရသည္။
ဗန္ဒါပင္ေအာက္မွာမို႔ ေနပူမွာကိုမစိုးရေပ။
နိုနို႔ကိုၾကည့္လိုက္ေတာ့လည္း သူအျပစ္လုပ္ထားသည္ကိုသိဟန္ မ်က္လုံးေလးက
ေတာင္ၾကည့္ေျမာက္ၾကည့္ေနေလသည္။

''ကဲ နိုနို"

''ဗ်..ဗ်ာ ကိုကိုႏြေ"

''ေရအေကာင္းေတြကို ဘာလုပ္ေနတာလဲဆိုတာ
ရွင္းျပေပးနိုင္မလားဗ်"

''သြန္...သြန္ေနတာေလ ကိုကိုႏြေရဲ႕ ဟီးးးး"

ခါတိုင္းလိုကိုကိုႏြေမ်ားစိတ္ေျပသြားမလားဆိုၿပီး
သြားက်ိဳးေလးေတြေပၚေအာင္ပင္ရယ္ျပလိုက္ေသာ္လည္း
ကိုကိုႏြေကေတာ့ ႐ုပ္တည္နဲ႕ပင္ျဖစ္တုန္း။

''ဘာလို႔သြန္ေနတာလဲ ေရအေကာင္းေတြကို "

''ဟို ဟိုေလ"

''လိမ္မယ္ေတာ့ မေတြးနဲ႕ေနာ္"

ႏြေရတုရင္ခြင္ထဲကႏြေဦးေလးက ဦးေလးငယ္ကို
တိုင္ေတာခ်င္ဟန္ျဖင့္ တဝူးဝူးတဝါးဝါးဆိုလာေလသည္။
ေနာက္ဆုံးေတာ့ နိုနိုအမွန္အတိုင္းေျပာရန္သာ
ဆုံးျဖတ္လိုက္သည္။

''ေခါင့္အတြက္ပါ ကိုကိုႏြေ"

''ေခါင့္အတြက္ဟုတ္လား၊ကိုကိုႏြေ့ကို ရွင္းျပပါဦး"

''ေခါင္ပိုက္ဆံပိုရေအာင္လို႔ပါ၊
ၿပီးေတာ့ ေခါင္ေခြၽးထြက္ေနတာမျမင္ခ်င္ဘူး"

ေခါင္ေခြၽးထြက္ေနတာ နိုနိုတကယ္မျမင္ခ်င္တာပါ။
ေခါင့္ကိုနိုနိုေတြ႕လိုက္တဲ့အခ်ိန္တိုင္း ေခါင့္မ်က္ႏွာမွာေခြၽးေတြနဲ႕။
ၿပီးေတာ့ ေခါင္နဲ႕နိုနိုေတြ႕ရတဲ့အခ်ိန္ကခဏေလးမို႔
နိုနိုမႀကိဳက္ပါဘူး။ေခါင္ကနိုနိုနဲ႕ခဏေလးကစားေပးၿပီး
ျပန္ျပန္သြားတာ။ျဖစ္နိုင္ရင္ နိုနိုကေခါင္နဲ႕အခ်ိန္အၾကာႀကီး
ကစားခ်င္တာကို။ဒါေၾကာင့္ ေခါင့္အတြက္နိုနိုေရသန့္ဘူးရွာေပးမယ္။
ေခါင္ကနိုနိုနဲ႕အခ်ိန္အၾကာႀကီးကစားေပး။
နိုနိုေတြးတာ မွားလို႔လားေနာ္~~~

''ေခါင္မႀကိဳက္ဘူးေလ ကေလးေလးရဲ႕"

''ဗ်ာ"

ႏြေရတုက သံေယာဇဥ္တြယ္လြယ္တတ္လြန္းတဲ့နိုနို႔ကို
က႐ုဏာသက္ဟန္ေခါင္းလုံးလုံးေလးကို ခပ္ဖြဖြပြတ္ေလသည္။

''ကေလးေလးက ေခါင့္အတြက္ရယ္လို႔လုပ္ေပးေပမယ့္
ခေါင်ကဒီလိုအဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ကိုသဘောကျမယ်ထင်နေတာလားကွယ်"

ႏြေရတုစကားကို  ရွစ္ႏွစ္အ႐ြယ္နိုနို ကနားမလည္ေပ။
မ်က္လုံးေလးေပကလပ္ေပကလပ္ျဖင့္ သူ႕ဦးႏွောက္ေသးေသးေလးနဲ႕အေတြးမ်ားေနေလသည္။

''ေရေကာင္းေတြသြန္ရင္ ငရဲႀကီးတတ္တယ္ နိုနို"

''တကယ္ႀကီးလား ကိုကိုႏြေ"

''တကယ္ေပါ့၊ငရဲျပည္မွာ လႊႀကီးနဲ႕အျဖတ္ခံရမွာနိုနိုမေၾကာက္ဘူးလား"

''ေၾကာက္တယ္ နိုနိုေၾကာက္တယ္"

''ဒါဆို ေနာက္ေရသြန္ဦးမွာလား"

''မသြန္ေတာ့ပါဘူးဗ်"

နိုနိုေလးကအတည္ေၾကာက္သြားဟန္ ႏြေရတုေျခေထာက္ကို
တြယ္ဖက္လာသျဖင့္ အားေနသည့္လက္တစ္ဖက္ျဖင့္
အသာေပြ႕ခ်ီလိုက္ရေလသည္။လက္ႏွစ္ဖက္လုံး
ကေလးႏွစ္ေယာက္ခ်ီထားရသျဖင့္ အိမ္ထဲသို႔အျမန္ဝင္လာလိုက္သည္။

ေရေကာင္းေတြေနာက္ထပ္တစ္ခါသြန္မွာကိုေတာ့
မစိုးရိမ္ရေတာ့ေပ။ဘာလို႔ဆို နိုဘယ္ေတာ္ဝင္က
ငရဲျပည္ကိုေၾကာက္သြားၿပီေလ~~~

..............................

''နိုနို ကိုကိုႏြေ့ခါးကိုက်စ္က်စ္ဖက္ထားေနာ္၊
ေျခေထာက္ကိုလည္း က်ယ္က်ယ္ကားထား"

''ဟုတ္ကဲ့ ကိုကိုႏြေ"

မစီးတာၾကာၿပီျဖစ္ေသာ စက္ဘီးအနက္ေလးကို
ထုတ္ကာႏွစ္ေယာက္သားေခါင့္အိမ္သို႔ခ်ီတက္ေနၾကျခင္းပင္
ျဖစ္ေလသည္။
ေခါင္အိမ္လာမည္ထင္၍ ဟင္းပိုခ်က္ထားေသာ္လည္း
ေရာက္မလာသျဖင့္ ကိုယ္တိုင္ကိုယ္က်သြားပို႔ေနျခင္း။
Royalကလည္းအိမ္ျပန္လာၿပီျဖစ္၍ ႏြေဦးေလးကို
Royalနဲ႕ထားခဲ့ကာ ႏြေရတုနဲ႕နိုနိုထြက္လာၾကတာပင္။
ဟင္းခ်ိဳင့္ကိုေတာ့ စက္ဘီးေရွ႕ျခင္းထဲထည့္လိုက္သည္။

ဟိုဘက္ရပ္ကြက္နဲ႕လမ္းပဲျခားတာမို႔
စက္ဘီးနဲ႕သာသြားျဖစ္ၾကသည္။
ေခါင့္ကိုေတြ႕ခ်င္ေနတဲ့နိုနိုကေတာ့ မၾကာခင္ေတြ႕ရေတာ့မည္ျဖစ္၍ ၿပဳံးေပ်ာ္ေနေလသည္။

ေခါင္တို႔ရပ္ကြက္ေရာက္ေတာ့ ပတ္ဝန္းက်င္ကသိသိသာ
သာေျပာင္းသြားေလသည္။သုံးထပ္တိုက္၊ႏွစ္ထပ္တိုက္ျမင္ကြင္းေတြကေန ပ်ဥ္ေထာင္အိမ္နဲ႕ထရံကာ
အိမ္အခ်ိဳ႕ကိုျမင္ရေလသည္။
ေရေျမာင္းေတြမွဆိုး႐ႊားတဲ့ေရပုပ္နံ႕ေၾကာင့္
နိုနိုႏွာေခါင္းရႈံ႕မိေတာ့ အနားမွာေဆာ့ေနတဲ့ကေလးတစ္စုက
အလိုမက်ဟန္ၾကည့္လာေလသည္။

''ကိုကိုႏြေ ေခါင့္အိမ္ကမေရာက္ေသးဘူးလား"

''ေရာက္ေတာ့မယ္ နိုနိုေရ၊
ေျခေထာက္ကိုအေပၚျမႇင့္ျမႇင့္ျမႇောက္ထားေနာ္၊
အေရွ႕မွာ ေရေတြနဲ႕မို႔စင္ကုန္မယ္"

''ဟုတ္"

ေရေျမာင္းပိတ္ေနသျဖင့္မေကာင္းတဲ့ေရေတြက
လမ္းေပၚသို႔လွ်ံတက္ေနၾကျခင္းပင္။
အနံ႕အသက္ကလည္း ဆိုး႐ႊားလြန္းလွေပသည္။
နိုနိုကေတာ့ ေခါင့္အိမ္ကိုအျမန္ေရာက္ခ်င္လွပါၿပီ။

''ကဲ ေရာက္ပါၿပီဗ်ာ"

ယိုင္နဲ႕ေနေသာထရံကာအိမ္ေရွ႕ႏြေရတုရပ္လိုက္ေတာ့
နိုနိုကမ်က္စိေရွ႕မွအိမ္ကိုအတန္ၾကာေငးၾကည့္ေနမိေလသည္။
ႏြေရတုက ေနာက္ခုံမွနိုနို႔ကိုအသာေပြ႕ခ်ီကာ
ေအာက္ခ်ေပးလိုက္ေလသည္။ထို႔ေနာက္ စက္ဘီးျခင္းထဲကခ်ိဳင့္ယူကာ

''လာ ေခါင့္ဆီသြားရေအာင္"

နိုနို႔ရဲ႕လက္ေသးေသးေလးကိုဆုပ္ကိုင္ကာ
အိမ္ထဲဝင္လိုက္ေလသည္။အိမ္ေပၚကို မ်က္လုံးဝင့္ၾကည့္
လိုက္ေတာ့ ဘာလႈပ္ရွားမႈမွမျမင္ရေပ။

''ေခါင္ ေခါင္!!"

ေအာ္သံေပးလိုက္ၿပီး အိမ္ေလးထံမွလႈပ္ရွားသံၾကားလိုက္ရၿပီး
မၾကာခင္ ေခါင္ကအိမ္တံခါးေပါက္မွေခါင္းျပဴၾကည့္လာေလသည္။
ႏြေရတုကိုျမင္ေတာ့ၿပဳံးရယ္ျပလာၿပီးမွ
နိုနိုကိုျမင္ေတာ့ အနည္းငယ္တည္သြားေလသည္။

''ေခါင္ နိုနိုလာတယ္"

နိုနိုကသူ႕ကိုေခါင္မျမင္ဘူးထင္၍လက္ေသးေသးေလးပါယမ္းျပလာေလသည္။ေခါင္ကအိမ္ပုတိုေလးေပၚမွဆင္းလာေတာ့
နိုနိုကပိုၿပီးၿပဳံးလာေလသည္။

''ေခါင့္အတြက္ဟင္းပိုခ်က္ထားတာကို
ေခါင္မလာလို႔ ကိုယ္တိုင္လာပို႔တာ၊
နိုနိုကလည္းလိုက္ခ်င္ေနတာနဲ႕ ေခၚလာလိုက္တာရယ္၊
ထမင္းမစားရေသးဘူးမို႔လား"

''အားနာစရာႀကီး ကိုႏြေကလည္း"

''ေခါင္ ခ်ီ"

နိုနို႔စကားေၾကာင့္ ေခါင္ငုံ႕ၾကည့္လိုက္ေတာ့
နိုနိုကသူ႕ကိုခ်ီေစဟန္လက္ႏွစ္ဖက္ျမႇောက္ေပးလာေလသည္။
ခါတိုင္းဆိုသူတြန့္ဆုတ္ေနမိမွာအမွန္ဆိုေပမယ့္
ခုကသူေရခ်ိဳးထားၿပီးျဖစ္သည့္အျပင္ ကေလးေလးကိုလည္း
အရမ္းလြမ္းေနတာေၾကာင့္ ခပ္ျမန္ျမန္ပင္ေပြ႕ခ်ီလိုက္သည္။

''ေခါင့္ကိုယ္က ေမႊးတယ္"

နိုနိုက ေခါင့္ရဲ႕လည္ပင္းကိုအသာတိုးေဝွ႕ကာစကားဆိုေတာ့
ေခါင္ကသေဘာက်ဟန္ျဖင့္ နိုနို႔ရဲ႕ေခါင္းလုံးလုံးေလးကိုပြတ္သပ္ေပးေလသည္။

''ေခါင့္ကို အရမ္းလြမ္းေနတာ"

''ကိုကိုကလည္း ကေလးေလးကိုလြမ္းေနတာ"

''ေခါင္က ညာတယ္"

နိုနိုကႏႈတ္ခမ္းစူကာစကားဆိုေတာ့
ေခါင္ကအသည္းယားဟန္ျဖင့္ ရင္ခြင္ထဲကနိုနို႔ကိုဖ်စ္ညွစ္လိုက္ေလသည္။
ႏြေရတုကေတာ့ အလြမ္းသယ္ေနၾကတဲ့ကေလးႏွစ္ေယာက္ကို
ခပ္ၿပဳံးၿပဳံးပင္ၾကည့္ေနေလသည္။

ေၾသာ္...သံေယာဇဥ္ေတြျဖတ္ဖို႔ရန္ ခက္လြန္းပါဘိနဲ႕ကြယ္...

...............................

Comment