Part 28


ကလေးငယ်ရဲ့ငိုရှိုက်သံတွေကို လျစ်လျူရှုကာ
အခန်းတံခါးကိုညင်ညင်သာသာပြန်ပိတ်ရင်း
အားတင်းထားသမျှလွှတ်ချလိုက်သည့်အခါ
ခွေလှဲကျရင်း နံရံကိုအမှီသဟဲပြုရသူဟာ
မျိုသိပ်နိုင်လွန်းအားကြီးတဲ့ ဝဠာထွဋ်ခေါင်ရယ်ပါလေ။

ထိန်းချုပ်ထားသမျှစိတ်အစုံကို လွှတ်ချလိုက်သည့်အခါ
မျက်ရည်တွေဟာ မဖိတ်ခေါ်ပါဘဲ
အရှိန်ပြင်းစွာကျရောက်လာတော့သည်။
ရှိုက်ငိုသံထွက်လာမည်စိုး၍ လက်ခုံကိုသွားနှင့်
ဖိကြိတ်ကာ မည်သူမှမသိအောင်ခိုးငိုမိသည်။
အမေမရှိတော့တဲ့အချိန်ကနောက်ဆုံးအချိန်ခေါင်ငိုခဲ့တာ။
ဒီတစ်ကြိမ်ဟာ ဒီနှစ်တွေအတွင်းခေါင့်အနေနဲ့
ပထမဆုံးငိုရှိုက်မိခြင်း။

ခေါင်လည်း အသွေးအသားနဲ့လူတစ်ယောက်ပေမို့
ချစ်ရသူကိုပိုင်ဆိုင်ချင်သည်။မည်သူမှကြားဝင်လို့
မရအောင် ပွေ့ဖက်ထားချင်တယ်။
ကြည်နူးစဖွယ်ချစ်စကားတီတီတာတာလေးတွေဆိုချင်တယ်။
ဆိုပေမဲ့လည်း ချစ်ရသူကိုမပြည့်စုံတဲ့သူ့ဘဝထဲ
ဆွဲသွင်းမည့်အစား လက်လွှတ်ငေးကြည့်ဖို့သာ
ခေါင်ရွေးချယ်မည်။

တံခါးတစ်ချပ်သာခြားသည့် လူနှစ်ယောက်မှာ
ခံစားချက်တွေထိန်းမချုပ်နိုင်တော့ဟန်
အပြိုင်အဆိုင်ငိုရှိုက်လျက်။တစ်ယောက်ကတော့
အသံကျယ်အော်ငိုကာ ကျန်တစ်ယောက်မှာဖြင့်
ငိုသံမထွက်အောင် ကျိတ်မှိတ်ကာဖြင့်။

''ဘာထိုင်လုပ်နေတာလဲ ခေါင်"

ပတ်ဝန်းကျင်ကိုပင် သတိမထားမိသည်အထိငိုနေမိသည်မို့
အပေါ်ထပ်သို့လူတွေတက်လာတာကိုပင် ခေါင်မသိလိုက်။
ခေါင်မျက်ရည်ကျတာကိုမမြင်ဖူးတဲ့
Royalနဲ့နွေရတုရဲ့မျက်ဝန်းတွေထဲ အံ့သြရိပ်တွေအပြည့်။
နောက်မှာရပ်နေသည့် ကလေးငယ်ရဲ့အဖိုးဆိုသူက
စူးစမ်းနေဟန်အကြည့်တွေနှင့်။

မျက်ရည်တွေကိုဖိသုတ်ပစ်ရင်း ဆတ်ခနဲထရပ်တော့
ယိုင်လဲကျမလိုဖြစ်သွားသည့်အခါ Royalက
ခေါင့်လက်မောင်းကိုထိန်းကိုင်ပေးလာ၏။

''ရရဲ့လား"

''ကျွန်တော်အဆင်ပြေပါတယ် ကိုတော်ဝင်"

ဘာဖြစ်လို့ငိုနေသလဲသိချင်လှပေမဲ့ ခေါင့်အခြေအနေက
အဆင်ပြေပုံမရတာမို့ နွေရတုကအနည်းငယ်ပွနေတဲ့
ခေါင့်ဆံနွယ်တွေကို သပ်ချပေးလိုက်သည်။

''နိုနို့ကို ဝင်တွေ့လိုက်ကြဦးလေ''

ဦးမင်းတော်ဝင်က ဝင်ပြောလိုက်တော့
နွေရတုကခေါင့်ကိုစိတ်မချနေသည့်ပုံစံဖြင့်
ကြည့်လာသည်။

''ကျွန်တော် အောက်ထပ်မှာနွေဦးလေးနဲ့အတူ
စောင့်နေလိုက်မယ်ကိုနွေ"

အလိုက်တသိခေါင်ဝင်ပြောလိုက်တော့
နွေရတုနှင့်Royalက လှည့်တကြည့်ကြည့်နှင့်
အခန်းတံခါးတွန်းဖွင့်ကာ ဝင်သွားကြသည်။
အဖိုးနှင့်နှစ်ယောက်ထဲကျန်နေရစ်တော့
ကလေးငယ်၏အဖိုးမို့ ခေါင့်မှာရှိန်ရသည်။

''ကျွန်တော်''

''အဖိုးကိုအချိန်ခဏပေးလို့ရမလား...
ပြောစရာစကားနည်းနည်းရှိလို့"

''ဗျာ"

...........................

ရှေ့မှအကြည့်စူးစူးကိုမခံနိုင်စွာ မျက်လွှာချရင်း
လက်နှစ်ဖက်ကိုတစ်ဖက်စီဆုတ်နယ်နေမိသည်။
မည်သို့ပင်အပြုံးတွေဝေဝေဆာဆာစွန့်ကျဲနေပါစေအုံး
ကလေးငယ်ရဲ့အဖိုးဆိုသည့်အသိက နေရခက်စေ၏။

ရှေ့မှောက်မှကောင်ငယ်လေးကို စုန်ချည်ဆန်ချည်
လေ့လာအကဲခတ်ပြီးကာမှ ဦးမင်းတော်ဝင်ချောင်းတစ်ချက်
ဟန့်ကာဖြင့် စကားစရန်စတင်လိုက်သည်။

''မြေးနာမည်က ဝဠာထွဋ်ခေါင်နော်"

''ဟုတ်...ဟုတ်ပါတယ်ဗျ"

''နာမည်လေးလှသားပဲ...စိတ်ကိုတင်းမထားပါနဲ့၊
အဖိုးကို နိုနို့လိုဖိုးဖိုးလို့ခေါ်လို့ရတယ်"

''ဟုတ်ကဲ့"

နေရမခက်စေရန် စကားနည်းနည်းပြောပြီးမှ
အဓိကပြောချင်သည့်အ​ကြောင်းအရာကိုဆိုရတော့မည်။

''မြေးသိမယ်ထင်ပါတယ် အဖိုးရဲ့မြေးတွေထဲမှာ
နှစ်ယောက်ကလိင်တူလက်ထပ်ထားတယ်ဆိုတာ၊
မြေးရဲ့အစ်ကိုRoyalရယ် နိုနို့ရဲ့အစ်မနန်းထိုက်တော်ဝင်ရယ်၊
အဖိုးတို့က သူတို့ကိုကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့
ကိုယ်ပိုင်ရွေးချယ်ခွင့် အပြည့်အဝပေးထားတယ်၊
ထို့အတူပဲ နိုနို့ကိုလည်းအကြီးတွေနဲ့တန်းတူအခွင့်အရေးတွေ
ပေးထားပြီးသား"

စကားအရှည်ကြီးပြောလိုက်ရလို့မောသွားဟန်
ဦးမင်းတော်ဝင်က ရှေ့မှရေခွက်ကိုကောက်ကိုင်ကာ
တစ်ငုံမော့သောက်လိုက်သည်။

''ငယ်ငယ်ကတော့ ကလေးအတွေးလေးနဲ့
မျိုးဆက်အတွက်စိတ်မပူဘဲနဲ့၊သူ့တာဝန်ထားလိုက်ပါတဲ့လေ၊
ဟက်..."

ပြောနေရင်းမှသဘောကျသွားဟန် တစ်ချက်ရယ်တော့
ခေါင်ပါလိုက်ပြုံးမိသည်။ကလေးလေးရဲ့ငယ်ဘဝက
သိပ်ချစ်စရာကောင်းခဲ့သည်မဟုတ်လားလေ။

''မြေးနဲ့တွေ့ပြီးနောက်ပိုင်း နိုနိုပြောင်းလဲသွားတယ်၊
အရင်ကထက်ပိုပြီးပြုံးလာပြီး ပိုသွက်လာတယ်၊
အဖိုးမှတ်မိပါသေးတယ်၊ Royalတို့အိမ်က
ပြန်လာတော့ အဖိုးကိုပြောတယ်။
လက်ထပ်ချင်နေပြီမို့ အသက်မြန်မြန်ကြီးချင်နေပါပြီတဲ့လေ၊
ပြီးတော့ နိုနိုလက်ထပ်ချင်တဲ့သူက
သူနဲ့လိင်တူတဲ့အမျိုးသားတစ်ယောက်ဖြစ်နေတယ်၊
ဘယ်သူလဲဆိုတာတော့ မြေးသိမယ်ထင်ပါတယ်၊
နိုနိုက မြေးကိုဟိုးငယ်ကတည်းကခုချိန်ထိ
မပြောင်းလဲဘဲတိုးကာချစ်လာခဲ့တာ အဖိုးမျက်မြင်ပဲ"

ခေါင့်ကိုကြည့်ကာ မျက်ခုံးပင့်ပြလာတော့
ခေါင့်မှာမျက်လွှာချမိသည်။

''အခုချိန်မှာ ဒီအကြောင်းတွေဘာလို့ပြောနေသလဲဆိုတာ
မြေးသိချင်မှသိလိမ့်မယ်၊
အဖိုးမှာ ပြောစရာကုန်ပြီ"

''မေးခွန်းတစ်ခုလောက်တော့
ဆက်မေးလို့ရတယ်မလား ငါ့မြေး"

''ဟုတ်ကဲ့...မေးပါ အဖိုး"

''အဖိုးမြေးနိုဘယ်တော်ဝင်ကို ချစ်လား"

''ဗျာ"

ဦးမင်းတော်ဝင်ထံမှထွက်လာသည့်မေးခွန်းဟာ
ခေါင့်အတွက်တော့ အသွားထက်သည့်ဓားတစ်လက်လို။
ခေါင့်မှာအဖြေမရှိ...မဟုတ်ဘူး အဖြေကခေါင့်နှလုံးသားထဲမှာ ရှိပြီးသား။
မဖြေရဲတာပဲရှိသည်။

အင်းမလုပ်၊အဲမလုပ်ဘဲနဲ့ ငြိမ်သက်နေသူအား
ဦးမင်းတော်ဝင်ကခပ်ပြုံးပြုံးသာကြည့်နေ၏။
ကောင်လေးမဖြေတောင် အဖြေကိုသူသိနေပြီ။

''အမှန်အတိုင်းပြောရရင် အဖိုးက
အဖိုးရဲ့မိသားစုဝင်တိုင်းကို ပျော်ရွှင်စေချင်တယ်၊
မပျော်ပျော်အောင်လည်း အဖိုးကလုပ်ပေးမှာ"

ဦးမင်းတော်ဝင်ရဲ့နောက်ဆုံးစကားကို ခေါင်နားမလည်။
ကြောင်အအဖြင့်ကြည့်နေတော့ ခေါင့်ပုခုံးကိုပုတ်ကာဖြင့်
အားပေးနှစ်သိမ့်ဟန်ပြုမူလာသည်။

............................

ကုတင်ပေါ်ကိုယ်လုံးမှောက်ချကာ
တသိမ့်သိမ့်ငိုရှိုက်နေတဲ့နိုနို့ကို ဦးမင်းတော်ဝင်ပွေ့ဖက်ရင်း
ရင်ခွင်ထဲသို့ဆွဲသွင်းသည်။
ထို့နောက်မြေးငယ်ရဲ့မျက်ရည်စတွေကို
ခပ်ဖွဖွသုတ်ပေးရင်း

''ငိုမနေနဲ့တော့လေ နိုနိုလေး"

''အချစ်ဆိုတာ အနုနည်းနဲ့ပြန်မရရင်
အကြမ်းနည်းနဲ့အပိုင်သိမ်းရတယ်ကွဲ့"

နားမလည်သည့်ဟန် နိုနိုမော့ကြည့်မိတော့
အဖိုးဖြစ်သူကခပ်ပြုံးပြုံးသာငုံ့ကြည့်လာလေသည်။

............................

(Grandfather is the best.)

Zawgyi

ကေလးငယ္ရဲ႕ငိုရွိုက္သံေတြကို လ်စ္လ်ဴရႈကာ
အခန္းတံခါးကိုညင္ညင္သာသာျပန္ပိတ္ရင္း
အားတင္းထားသမွ်လႊတ္ခ်လိဳက္သည့္အခါ
ေခြလွဲက်ရင္း နံရံကိုအမွီသဟဲျပဳရသူဟာ
မ်ိဳသိပ္နိုင္လြန္းအားႀကီးတဲ့ ဝဠာထြဋ္ေခါင္ရယ္ပါေလ။

ထိန္းခ်ဳပ္ထားသမွ်စိတ္အစုံကို လႊတ္ခ်လိဳက္သည့္အခါ
မ်က္ရည္ေတြဟာ မဖတ္ေခၚပါဘဲ
အရွိန္ျပင္းစြာက်ေရာက္လာေတာ့သည္။
ရွိုက္ငိုသံထြက္လာမည္စိုး၍ လက္ခုံကိုသြားႏွင့္
ဖိႀကိတ္ကာ မည္သူမွမသိေအာင္ခိုးငိုမိသည္။
အေမမရွိေတာ့တဲ့အခ်ိန္ကေနာက္ဆုံးအခ်ိန္ေခါင္ငိုခဲ့တာ။
ဒီတစ္ႀကိမ္ဟာ ဒီႏွစ္ေတြအတြင္းေခါင့္အေနနဲ႕
ပထမဆုံးငိုရွိုက္မိျခင္း။

ေခါင္လည္း အေသြးအသားနဲ႕လူတစ္ေယာက္ေပမို႔
ခ်စ္ရသူကိုပိုင္ဆိုင္ခ်င္သည္။မည္သူမွၾကားဝင္လို႔
မရေအာင္ ေပြ႕ဖက္ထားခ်င္တယ္။
ၾကည္ႏူးစဖြယ္ခ်စ္စကားတီတီတာတာေလးေတြဆိုခ်င္တယ္။
ဆိုေပမဲ့လည္း ခ်စ္ရသူကိုမျပည့္စုံတဲ့သူ႕ဘဝထဲ
ဆြဲသြင္းမည့္အစား လက္လႊတ္ေငးၾကည့္ဖို႔သာ
ေခါင္ေ႐ြးခ်ယ္မည္။

တံခါးတစ္ခ်ပ္သာျခားသည့္ လူႏွစ္ေယာက္မွာ
ခံစားခ်က္ေတြထိန္းမခ်ဳပ္နိုင္ေတာ့ဟန္
အၿပိဳင္အဆိုင္ငိုရွိုက္လ်က္။တစ္ေယာက္ကေတာ့
အသံက်ယ္ေအာ္ငိုကာ က်န္တစ္ေယာက္မွာျဖင့္
ငိုသံမထြက္ေအာင္ က်ိတ္မွိတ္ကာျဖင့္။

''ဘာထိုင္လုပ္ေနတာလဲ ေခါင္"

ပတ္ဝန္းက်င္ကိုပင္ သတိမထားမိသည္အထိငိုေနမိသည္မို႔
အေပၚထပ္သို႔လူေတြတက္လာတာကိုပင္ ေခါင္မသိလိုက္။
ေခါင္မ်က္ရည္က်တာကိုမျမင္ဖူးတဲ့
Royalနဲ႕ႏြေရတုရဲ႕မ်က္ဝန္းေတြထဲ အံ့ၾသရိပ္ေတြအျပည့္။
ေနာက္မွာရပ္ေနသည့္ ကေလးငယ္ရဲ႕အဖိုးဆိုသူက
စူးစမ္းေနဟန္အၾကည့္ေတြႏွင့္။

မ်က္ရည္ေတြကိုဖိသုတ္ပစ္ရင္း ဆတ္ခနဲထရပ္ေတာ့
ယိုင္လဲက်မလိုျဖစ္သြားသည့္အခါ Royalက
ေခါင့္လက္ေမာင္းကိုထိန္းကိုင္ေပးလာ၏။

''ရရဲ႕လား"

''ကြၽန္ေတာ္အဆင္ေျပပါတယ္ ကိုေတာ္ဝင္"

ဘာျဖစ္လို႔ငိုေနသလဲသိခ်င္လွေပမဲ့ ေခါင့္အေျခအေနက
အဆင္ေျပပုံမရတာမို႔ ႏြေရတုကအနည္းငယ္ပြေနတဲ့
ေခါင့္ဆံႏြယ္ေတြကို သပ္ခ်ေပးလိုက္သည္။

''နိုနို႔ကို ဝင္ေတြ႕လိုက္ၾကဦးေလ''

ဦးမင္းေတာ္ဝင္က ဝင္ေျပာလိုက္ေတာ့
ႏြေရတုကေခါင့္ကိုစိတ္မခ်ေနသည့္ပုံစံျဖင့္
ၾကည့္လာသည္။

''ကြၽန္ေတာ္ ေအာက္ထပ္မွာႏြေဦးေလးနဲ႕အတူ
ေစာင့္ေနလိုက္မယ္ကိုႏြေ"

အလိုက္တသိေခါင္ဝင္ေျပာလိုက္ေတာ့
ႏြေရတုႏွင့္Royalက လွည့္တၾကည့္ၾကည့္ႏွင့္
အခန္းတံခါးတြန္းဖြင့္ကာ ဝင္သြားၾကသည္။
အဖိုးႏွင့္ႏွစ္ေယာက္ထဲက်န္ေနရစ္ေတာ့
ကေလးငယ္၏အဖိုးမို႔ ေခါင့္မွာရွိန္ရသည္။

''ကြၽန္ေတာ္''

''အဖိုးကိုအခ်ိန္ခဏေပးလို႔ရမလား...
ေျပာစရာစကားနည္းနည္းရွိလို႔"

''ဗ်ာ"

...........................

ေရွ႕မွအၾကည့္စူးစူးကိုမခံနိုင္စြာ မ်က္လႊာခ်ရင္း
လက္ႏွစ္ဖက္ကိုတစ္ဖက္စီဆုတ္နယ္ေနမိသည္။
မည္သို႔ပင္အၿပဳံးေတြေဝေဝဆာဆာစြန့္က်ဲေနပါေစအုံး
ကေလးငယ္ရဲ႕အဖိုးဆိုသည့္အသိက ေနရခက္ေစ၏။

ေရွ႕ေမွာက္မွေကာင္ငယ္ေလးကို စုန္ခ်ည္ဆန္ခ်ည္
ေလ့လာအကဲခတ္ၿပီးကာမွ ဦးမင္းေတာ္ဝင္ေခ်ာင္းတစ္ခ်က္
ဟန့္ကာျဖင့္ စကားစရန္စတင္လိုက္သည္။

''ေျမးနာမည္က ဝဠာထြဋ္ေခါင္ေနာ္"

''ဟုတ္...ဟုတ္ပါတယ္ဗ်"

''နာမည္ေလးလွသားပဲ...စိတ္ကိုတင္းမထားပါနဲ႕၊
အဖိုးကို နိုနို႔လိုဖိုးဖိုးလို႔ေခၚလို႔ရတယ္"

''ဟုတ္ကဲ့"

ေနရမခက္ေစရန္ စကားနည္းနည္းေျပာၿပီးမွ
အဓိကေျပာခ်င္သည့္အေၾကာင္းအရာကိုဆိုရေတာ့မည္။

''ေျမးသိမယ္ထင္ပါတယ္ အဖိုးရဲ႕ေျမးေတြထဲမွာ
ႏွစ္ေယာက္ကလိင္တူလက္ထပ္ထားတယ္ဆိုတာ၊
ေျမးရဲ႕အစ္ကိုRoyalရယ္ နိုနို႔ရဲ႕အစ္မနန္းထိုက္ေတာ္ဝင္ရယ္၊
အဖိုးတို႔က သူတို႔ကိုကိုယ္ပိုင္လြတ္လပ္ခြင့္နဲ႕
ကိုယ္ပိုင္ေ႐ြးခ်ယ္ခြင့္ အျပည့္အဝေပးထားတယ္၊
ထို႔အတူပဲ နိုနို႔ကိုလည္းအႀကီးေတြနဲ႕တန္းတူအခြင့္အေရးေတြ
ေပးထားၿပီးသား"

စကားအရွည္ႀကီးေျပာလိုက္ရလို႔ေမာသြားဟန္
ဦးမင္းေတာ္ဝင္က ေရွ႕မွေရခြက္ကိုေကာက္ကိုင္ကာ
တစ္ငုံေမာ့ေသာက္လိုက္သည္။

''ငယ္ငယ္ကေတာ့ ကေလးအေတြးေလးနဲ႕
မ်ိဳးဆက္အတြက္စိတ္မပူဘဲနဲ႕၊သူ႕တာဝန္ထားလိုက္ပါတဲ့ေလ၊
ဟက္..."

ေျပာေနရင္းမွသေဘာက်သြားဟန္ တစ္ခ်က္ရယ္ေတာ့
ေခါင္ပါလိုက္ၿပဳံးမိသည္။ကေလးေလးရဲ႕ငယ္ဘဝက
သိပ္ခ်စ္စရာေကာင္းခဲ့သည္မဟုတ္လားေလ။

''ေျမးနဲ႕ေတြ႕ၿပီးေနာက္ပိုင္း နိုနိုေျပာင္းလဲသြားတယ္၊
အရင္ကထက္ပိုၿပီးၿပဳံးလာၿပီး ပိုသြက္လာတယ္၊
အဖိုးမွတ္မိပါေသးတယ္၊ Royalတို႔အိမ္က
ျပန္လာေတာ့ အဖိုးကိုေျပာတယ္။
လက္ထပ္ခ်င္ေနၿပီမို႔ အသက္ျမန္ျမန္ႀကီးခ်င္ေနပါၿပီတဲ့ေလ၊
ၿပီးေတာ့ နိုနိုလက္ထပ္ခ်င္တဲ့သူက
သူနဲ႕လိင္တူတဲ့အမ်ိဳးသားတစ္ေယာက္ျဖစ္ေနတယ္၊
ဘယ္သူလဲဆိုတာေတာ့ ေျမးသိမယ္ထင္ပါတယ္၊
နိုနိုက ေျမးကိုဟိုးငယ္ကတည္းကခုခ်ိန္ထိ
မေျပာင္းလဲဘဲတိုးကာခ်စ္လာခဲ့တာ အဖိုးမ်က္ျမင္ပဲ"

ေခါင့္ကိုၾကည့္ကာ မ်က္ခုံးပင့္ျပလာေတာ့
ေခါင့္မွာမ်က္လႊာခ်မိသည္။

''အခုခ်ိန္မွာ ဒီအေၾကာင္းေတြဘာလို႔ေျပာေနသလဲဆိုတာ
ေျမးသိခ်င္မွသိလိမ့္မယ္၊
အဖိုးမွာ ေျပာစရာကုန္ၿပီ"

''ေမးခြန္းတစ္ခုေလာက္ေတာ့
ဆက္ေမးလို႔ရတယ္မလား ငါ့ေျမး"

''ဟုတ္ကဲ့...ေမးပါ အဖိုး"

''အဖိုးေျမးနိုဘယ္ေတာ္ဝင္ကို ခ်စ္လား"

''ဗ်ာ"

ဦးမင္းေတာ္ဝင္ထံမွထြက္လာသည့္ေမးခြန္းဟာ
ေခါင့္အတြက္ေတာ့ အသြားထက္သည့္ဓားတစ္လက္လို။
ေခါင့္မွာအေျဖမရွိ...မဟုတ္ဘူး အေျဖကေခါင့္ႏွလုံးသားထဲမွာ ရွိၿပီးသား။
မေျဖရဲတာပဲရွိသည္။

အင္းမလုပ္၊အဲမလုပ္ဘဲနဲ႕ ၿငိမ္သက္ေနသူအား
ဦးမင္းေတာ္ဝင္ကခပ္ၿပဳံးၿပဳံးသာၾကည့္ေန၏။
ေကာင္ေလးမေျဖေတာင္ အေျဖကိုသူသိေနၿပီ။

''အမွန္အတိုင္းေျပာရရင္ အဖိုးက
အဖိုးရဲ႕မိသားစုဝင္တိုင္းကို ေပ်ာ္႐ႊင္ေစခ်င္တယ္၊
မေပ်ာ္ေပ်ာ္ေအာင္လည္း အဖိုးကလုပ္ေပးမွာ"

ဦးမင္းေတာ္ဝင္ရဲ႕ေနာက္ဆုံးစကားကို ေခါင္နားမလည္။
ေၾကာင္အအျဖင့္ၾကည့္ေနေတာ့ ေခါင့္ပုခုံးကိုပုတ္ကာျဖင့္
အားေပးႏွစ္သိမ့္ဟန္ျပဳမူလာသည္။

............................

ကုတင္ေပၚကိုယ္လုံးေမွာက္ခ်ကာ
တသိမ့္သိမ့္ငိုရွိုက္ေနတဲ့နိုနို႔ကို ဦးမင္းေတာ္ဝင္ေပြ႕ဖက္ရင္း
ရင္ခြင္ထဲသို႔ဆြဲသြင္းသည္။
ထို႔ေနာက္ေျမးငယ္ရဲ႕မ်က္ရည္စေတြကို
ခပ္ဖြဖြသုတ္ေပးရင္း

''ငိုမေနနဲ႕ေတာ့ေလ နိုနိုေလး"

''အခ်စ္ဆိုတာ အႏုနည္းနဲ႕ျပန္မရရင္
အၾကမ္းနည္းနဲ႕အပိုင္သိမ္းရတယ္ကြဲ႕"

နားမလည္သည့္ဟန္ နိုနိုေမာ့ၾကည့္မိေတာ့
အဖိုးျဖစ္သူကခပ္ၿပဳံးၿပဳံးသာငုံ႕ၾကည့္လာေလသည္။

............................

(Grandfather is the best.)



Comment