Part 34

''အဲ့တော့ ကိုကိုကအဲ့ဒီဟာလေးနဲ့
ရှေ့ဆက်သွားဖို့ အစီအစဥ်ရှိတယ်ပေါ့လေ"

ခပ်ကျဥ်းကျဥ်းမီးဖိုခန်းလေးထဲ တစ်ယောက်တည်း
အလုပ်ရှုပ်နေရှာတဲ့နိုနို့ကို စံပယ်အကြည့်ပို့ရင်းပြောတော့
သူမအစ်ကိုကလည်း အချစ်မှာနူးညံ့ပျော်ဝင်နေသည့်
အကြည့်တွေနှင့်တစ်ယောက်သောသူကို ကြည့်နေ၏။
ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်သည့်အပြင် သူမသည်လည်း
ကိုကို့ကိုလွမ်းနေတာနဲ့ အိမ်ပြန်လာဖြစ်ခြင်း။
ခုလိုနှစ်ယောက်သားချစ်ကြည်နူးနေတာကိုတွေ့ရမယ်လို့
လုံးဝမထင်ခဲ့ဘူး။

''ကိုကိုချစ်လည်းချစ်ချင်စရာလေးပဲ"

သူမအပြောကိုသဘောကျစွာ ကိုကိုက
ခေါင်းတဆတ်ဆတ်ငြိမ့်ကာထောက်ခံလာသည်။

''အဲ့ကလေးကြည့်ရတာလည်း ကိုကို့ကိုသိပ်ချစ်ပုံပဲ"

ရွှေဘုံစံသူဌေးသားလေးက တိုက်အိမ်ပင်မဟုတ်သည့်
ခပ်နွမ်းနွမ်းထရံကာအိမ်မှာလာနေသည်တဲ့လေ။
ထို့ပြင်အဆင်သင့်ခူးခတ်ပြီးသားစားနေကျကလေးက
ခုတော့ချစ်ရသူအတွက် ကိုယ်တိုင်ချက်ပြုတ်နေပါသတဲ့။
ကဲပြော...ဒါအချစ်မဟုတ်ဘူးလို့ ဘယ်သူငြင်းနိုင်မှာလဲ။

''ခေါင်...ဒီကိုခဏလာပါဦး"

မီးဖိုခန်းကျဥ်းလေးထဲမှ အသံစာစာလေးထွက်လာတော့
ထိုင်နေရာမှဆတ်ခနဲထထွက်သွားသော
အစ်ကိုဖြစ်သူကိုကြည့်ကာ စံပယ်နှုတ်ခမ်းရွဲ့မဲ့မိသည်။
ဟိုကတစ်ချက်ခေါ်လိုက်တာနဲ့ တို့အစ်ကိုများ
ကောက်ခါငင်ကာလိုက်သွားတာပဲ။

''ဘာဖြစ်လို့လဲ ကလေးလေး"

''ဘေဘီနို့ကို ဒီဟင်းလေးမြည်းပေးပါလားခေါင်၊
ခုနကသကြားလျက်ထားတာမို့ ချိုနေတယ်"

ဟင်းအိုးထဲမှအာလူးသီးတစ်ဖတ်ကို ဇွန်းနဲ့ဆယ်ကာ
တဖူးဖူးမှုတ်ပြီးမှခေါင့်နှုတ်ခမ်းရှေ့တိုးပေးလိုက်သည်။
ခေါင်ကအလိုက်သင့်လေး ပါးစပ်ဟပေးလာကာ
အရသာခံသည်။

''ဘယ်လိုနေလဲ ခေါင်"

ခေါင့်ဆီကအဖြေကိုငံ့လင့်နေပုံလေးက
အသည်းယားစဖွယ်မို့ ခပ်ဖွဖွပြုံးမိသည်။

''ဘာလဲ...စားမကောင်းဘူးလားဟင်"

''မဟုတ်ပါဘူး...ကောင်းပါတယ် နည်းနည်းတော့ငန်တယ်၊
ထမင်းနဲ့စားရင်တော့ကောင်းပါတယ်"

ခေါင့်ဆီမှအဖြေကိုကြားမှ သက်သာရာရသွားဟန်
နိုဘယ်တော်ဝင်ကသက်ပြင်းမျှင်းမျှင်းချသည်။
ဒီရက်တွေအတွင်း နိုနို့ဟင်းချက်လက်ရာကတိုးတက်လာ၏။
မတိုးတက်သေးရင်လည်းမဖြစ်ဘူးလေ...စံအိမ်က
အဒေါ်ကြီးဆီမှာရော လိုင်းပေါ်ကနေပါသင်နေတာမို့။
ဖြစ်နိုင်ရင် သင်တန်းပါတက်ချင်ပေမဲ့
အချိန်မပေးနိုင်ဖြစ်နေရသည်။

''ကိုကို့ကို လက်လေးတွေပြပါဦး"

နိုနို့လက်ထဲမှဇွန်းကြီးကို ဘေးမှဟင်းပန်းကန်ထဲထည့်ပြီး
လက်နှစ်ဖက်ကိုအသာအယာထွေးပွေ့ရင်း
အနာအဆာရှိလားစစ်ဆေးမိသည်။

''ဘာမှမဖြစ်ပါဘူးခေါင်ကလည်း"

လက်ညိုးထိပ်မှဓားရှရာသေးသေးလေးကို
ပြူးပြဲကြည့်နေသည့်ခေါင့်ကြောင့် နိုနိုကသွားလေးဖြဲကာ
ဆိုလာသည်။

''ထမင်းစားကြမယ်လေ ခေါင်၊ဘေဘီနိုဗိုက်ဆာနေပြီ"

''ဗိုက်ဆာနေပြီလား"

''ဟုတ်...ဟိုအစ်မကြီးကိုရောခေါ်လိုက်လေ"

ဟိုအစ်မကြီးဆိုတာစံပယ့်ကိုပြောမှန်းသိတော့
ခေါင်ကခပ်ဟဟရယ်သည်။ငယ်ကတည်းကမတည့်တဲ့
နှစ်ယောက်ကခုချိန်ထိ အစေးမကပ်ချင်ကြသေးပေ။

''ဒီကောင်မလေးကို သတိမှရသေးကြပါ့မလားလို့''

အခန်းပြင်ဘက်မှ စံပယ်ရဲ့ထေ့မော့တဲ့စကားကြောင့်
ခေါင်နှင့်အတူနိုနိုပါ ပြုံးရယ်မိသည်။

ချစ်ရသူတွေနဲ့အတူတူရှိနေနိုင်ပြီပဲ...သူ့အတွက်
တစ်ခြားမည်သည့်အရာမှမလိုအပ်တော့~~

............................

''ဖေဖေ ဘာတွေကြည့်နေတာလဲ"

ဧည့်ခန်းနံရံထက်မှဘောင်ခတ်ထားသည့်ဓာတ်ပုံတွေထံ
ခပ်ပြုံးပြုံးမော့ကြည့်နေသည့်ဖခင်ဖြစ်သူအနား
ဒေါ်မြတ်ပန်းလာရပ်ကာမေးလိုက်သည်။
ဦးမင်းတော်ဝင်က လှည့်မကြည့်လာပါဘဲ
Royalတို့မိသားစုသုံးယောက်အတူရိုက်ထားသည့်
ဓာတ်ပုံအောက်မှနေရာလွတ်သို့ လက်ထောက်ပြလာသည်။

''နောက်နှစ်နှစ်ဆို ဒီနေရာမှာတစ်ပုံ
ထပ်တိုးလာတော့မှာ"

နံရံထက်မှဓာတ်ပုံတွေမှာ ဦးမင်းတော်ဝင်တို့ဇနီးမောင်နှံမှ
အစပြု၍ မိသားစုဝင်တိုင်း၏သက်ဆိုင်သူတွေအထိ
လိုက်ပြီးမှတ်တမ်းတင်ထားသည်များဖြစ်သည်။

''ဒီအဖေက နောက်ထပ်နှစ်အငယ်လောက်ပဲနေရတော့မှာ"

''ဖေဖေ"

''နွေဦးလေးမှာသက်ဆိုင်သူရှိလာရင်လည်း
နိုနိုတို့ရဲ့ဘေးမှာမှတ်တမ်းတင်ပေးစေချင်တယ်"

''ဖေဖေပြောတဲ့စကားကို သမီးမှတ်ထားပါ့မယ်"

ဦးမင်းတော်ဝင်က ခပ်ဖွဖွပြုံးရင်းဒေါ်မြတ်ပန်းပုခုံးထက်သို့
ခပ်ဖွဖွညှစ်လာ၏။ထို့နောက် သားအဖနှစ်ယောက်
အကြည့်ချင်းဆုံကာ ပြုံးမိကြသည်။

ရှင်သန်လာတဲ့နေ့ရက်တွေက မနေ့တနေ့ကလိုအသက်ဝင်နေတုန်းပဲ...

...........................

''ကလေးလေး"

မျက်စိရှေ့မှစက်ဘီးအဝါလေးကိုကြည့်ကာ
အံ့သြမှုကြောင့် ခေါင့်နှုတ်ခမ်းကခပ်ဟဟ။
စက်ဘီးဝါလေးထံမှအကြည့်လွှဲကာ ကလေးငယ်ထံ
အကြည့်ပို့မိတော့ သူ့ကိုပြုံးရယ်ကာကြည့်နေသည်။

''ခေါင့်အတွက် ဘေဘီနို့ရဲ့ချစ်သက်လက်ဆောင်"

''မဟုတ်သေးဘူးလေ"

''လာ...ပတ်စီးကြည့်ရအောင်လေ ခေါင်"

''ကလေးလေး"

''လာပါဆိုခေါင်ကလည်း...ခေါင်နင်းနော်
ဘေဘီနိုကနောက်ကနေ ခေါင့်ခါးဖက်ပြီးလိုက်မှာ"

ပုခုံးစွန်းကိုခေါင်းမှီချလာကာ ချွဲနွဲ့လာတော့လည်း
မနေနိုင်မထိုင်နိုင်အလိုလိုက်ရသူဟာ ခေါင်ပါပဲ။
ရှေ့မှတက်ခွကာနေရာယူလေတော့
ကလေးငယ်က နောက်ကခုံမှာတက်ထိုင်ရင်း
လက်နှစ်ဖက်ကခေါင့်ခါးထက်သို့နေရာယူလာသည်။

''ခေါင်"

''ပြောလေ ကလေးလေး"

ရှေ့ကလမ်းရှင်းတာမြင်မှ နောက်မှကလေးငယ်ဆီ
အသာစောင်းငဲ့ကြည့်ရင်းခေါင်စကားထောက်လိုက်တော့
ကလေးငယ်က ခေါင့်ကျောပြင်ထက်သို့
ခေါင်းမှီချလာသည်။

''ခေါင်ဝယ်ပေးထားတဲ့ ဦးထုပ်ဝိုင်းလေးဘေဘီနိုခေါင်းနဲ့
မတော်တော့ဘူးသိလား၊ခေါင်သိအောင်ပြောပြတာ"

ဒါခေါင့်ဆီကလက်ဆောင်လိုချင်လို့ စကားဦးသမ်းလာတာပေါ့လေ။

''ကိုကိုကအသစ်ဝယ်ပေးမှာပေါ့"

''ဟီး....ဟီး အဲ့ဒါကြောင့်ခေါင့်ကိုချစ်တာ"

အသည်းယားဖွယ်အသံစာစာလေးနှင့်အတူ
ကျောပြင်ထက်သို့ကျရောက်လာသည့်အနမ်းရဲ့အထိအတွေ့ကြောင့် သဘောကျစွာခေါင့်နှုတ်ခမ်းက
အထက်သို့ကွေးတက်သွားသည်။

တွန့်ဆုတ်နေတဲ့စိတ် ခေါင့်ဆီမှာမရှိတော့ဘူး။
ကလေးငယ်လက်ကိုဆွဲပြီး ဘဝခရီးလမ်းလျှောက်ဖို့
လုံလောက်တဲ့သတ္တိတွေခွန်အားတွေ ခေါင့်မှာရှိနေခဲ့ပြီ။

..............................

Next part will be final.

Zawgyi

''အဲ့ေတာ့ ကိုကိုကအဲ့ဒီဟာေလးနဲ႕
ေရွ႕ဆက္သြားဖို႔ အစီအစဥ္ရွိတယ္ေပါ့ေလ"

ခပ္က်ဥ္းက်ဥ္းမီးဖိုခန္းေလးထဲ တစ္ေယာက္တည္း
အလုပ္ရႈပ္ေနရွာတဲ့နိုနို႔ကို စံပယ္အၾကည့္ပို႔ရင္းေျပာေတာ့
သူမအစ္ကိုကလည္း အခ်စ္မွာႏူးညံ့ေပ်ာ္ဝင္ေနသည့္
အၾကည့္ေတြႏွင့္တစ္ေယာက္ေသာသူကို ၾကည့္ေန၏။
ဒီေန႕ကေက်ာင္းပိတ္ရက္ျဖစ္သည့္အျပင္ သူမသည္လည္း
ကိုကို႔ကိုလြမ္းေနတာနဲ႕ အိမ္ျပန္လာျဖစ္ျခင္း။
ခုလိုႏွစ္ေယာက္သားခ်စ္ၾကည္ႏူးေနတာကိုေတြ႕ရမယ္လို႔
လုံးဝမထင္ခဲ့ဘူး။

''ကိုကိုခ်စ္လည္းခ်စ္ခ်င္စရာေလးပဲ"

သူမအေျပာကိုသေဘာက်စြာ ကိုကိုက
ေခါင္းတဆတ္ဆတ္ၿငိမ့္ကာေထာက္ခံလာသည္။

''အဲ့ကေလးၾကည့္ရတာလည္း ကိုကို႔ကိုသိပ္ခ်စ္ပုံပဲ"

ေ႐ႊဘုံစံသူေဌးသားေလးက တိုက္အိမ္ပင္မဟုတ္သည့္
ခပ္ႏြမ္းႏြမ္းထရံကာအိမ္မွာလာေနသည္တဲ့ေလ။
ထို႔ျပင္အဆင္သင့္ခူးခတ္ၿပီးသားစားေနက်ကေလးက
ခုေတာ့ခ်စ္ရသူအတြက္ ကိုယ္တိုင္ခ်က္ျပဳတ္ေနပါသတဲ့။
ကဲေျပာ...ဒါအခ်စ္မဟုတ္ဘူးလို႔ ဘယ္သူျငင္းနိုင္မွာလဲ။

''ေခါင္...ဒီကိုခဏလာပါဦး"

မီးဖိုခန္းက်ဥ္းေလးထဲမွ အသံစာစာေလးထြက္လာေတာ့
ထိုင္ေနရာမွဆတ္ခနဲထထြက္သြားေသာ
အစ္ကိုျဖစ္သူကိုၾကည့္ကာ စံပယ္ႏႈတ္ခမ္း႐ြဲ႕မဲ့မိသည္။
ဟိုကတစ္ခ်က္ေခၚလိုက္တာနဲ႕ တို႔အစ္ကိုမ်ား
ေကာက္ခါငင္ကာလိုက္သြားတာပဲ။

''ဘာျဖစ္လို႔လဲ ကေလးေလး"

''ေဘဘီနို႔ကို ဒီဟင္းေလးျမည္းေပးပါလားေခါင္၊
ခုနကသၾကားလ်က္ထားတာမို႔ ခ်ိဳေနတယ္"

ဟင္းအိုးထဲမွအာလူးသီးတစ္ဖတ္ကို ဇြန္းနဲ႕ဆယ္ကာ
တဖူးဖူးမႈတ္ၿပီးမွေခါင့္ႏႈတ္ခမ္းေရွ႕တိုးေပးလိုက္သည္။
ေခါင္ကအလိုက္သင့္ေလး ပါးစပ္ဟေပးလာကာ
အရသာခံသည္။

''ဘယ္လိုေနလဲ ေခါင္"

ေခါင့္ဆီကအေျဖကိုငံ့လင့္ေနပုံေလးက
အသည္းယားစဖြယ္မို႔ ခပ္ဖြဖြၿပဳံးမိသည္။

''ဘာလဲ...စားမေကာင္းဘူးလားဟင္"

''မဟုတ္ပါဘူး...ေကာင္းပါတယ္ နည္းနည္းေတာ့ငန္တယ္၊
ထမင္းနဲ႕စားရင္ေတာ့ေကာင္းပါတယ္"

ေခါင့္ဆီမွအေျဖကိုၾကားမွ သက္သာရာရသြားဟန္
နိုဘယ္ေတာ္ဝင္ကသက္ျပင္းမွ်င္းမွ်င္းခ်သည္။
ဒီရက္ေတြအတြင္း နိုနို႔ဟင္းခ်က္လက္ရာကတိုးတက္လာ၏။
မတိုးတက္ေသးရင္လည္းမျဖစ္ဘူးေလ...စံအိမ္က
အေဒၚႀကီးဆီမွာေရာ လိုင္းေပၚကေနပါသင္ေနတာမို႔။
ျဖစ္နိုင္ရင္ သင္တန္းပါတက္ခ်င္ေပမဲ့
အခ်ိန္မေပးနိုင္ျဖစ္ေနရသည္။

''ကိုကို႔ကို လက္ေလးေတြျပပါဦး"

နိုနို႔လက္ထဲမွဇြန္းႀကီးကို ေဘးမွဟင္းပန္းကန္ထဲထည့္ၿပီး
လက္ႏွစ္ဖက္ကိုအသာအယာေထြးေပြ႕ရင္း
အနာအဆာရွိလားစစ္ေဆးမိသည္။

''ဘာမွမျဖစ္ပါဘူးေခါင္ကလည္း"

လက္ညိုးထိပ္မွဓားရွရာေသးေသးေလးကို
ျပဴးၿပဲၾကည့္ေနသည့္ေခါင့္ေၾကာင့္ နိုနိုကသြားေလးၿဖဲကာ
ဆိုလာသည္။

''ထမင္းစားၾကမယ္ေလ ေခါင္၊ေဘဘီနိုဗိုက္ဆာေနၿပီ"

''ဗိုက္ဆာေနၿပီလား"

''ဟုတ္...ဟိုအစ္မႀကီးကိုေရာေခၚလိုက္ေလ"

ဟိုအစ္မႀကီးဆိုတာစံပယ့္ကိုေျပာမွန္းသိေတာ့
ေခါင္ကခပ္ဟဟရယ္သည္။ငယ္ကတည္းကမတည့္တဲ့
ႏွစ္ေယာက္ကခုခ်ိန္ထိ အေစးမကပ္ခ်င္ၾကေသးေပ။

''ဒီေကာင္မေလးကို သတိမွရေသးၾကပါ့မလားလို႔''

အခန္းျပင္ဘက္မွ စံပယ္ရဲ႕ေထ့ေမာ့တဲ့စကားေၾကာင့္
ေခါင္ႏွင့္အတူနိုနိုပါ ၿပဳံးရယ္မိသည္။

ခ်စ္ရသူေတြနဲ႕အတူတူရွိေနနိုင္ၿပီပဲ...သူ႕အတြက္
တစ္ျခားမည္သည့္အရာမွမလိုအပ္ေတာ့~~

............................

''ေဖေဖ ဘာေတြၾကည့္ေနတာလဲ"

ဧည့္ခန္းနံရံထက္မွေဘာင္ခတ္ထားသည့္ဓာတ္ပုံေတြထံ
ခပ္ၿပဳံးၿပဳံးေမာ့ၾကည့္ေနသည့္ဖခင္ျဖစ္သူအနား
ေဒၚျမတ္ပန္းလာရပ္ကာေမးလိုက္သည္။
ဦးမင္းေတာ္ဝင္က လွည့္မၾကည့္လာပါဘဲ
Royalတို႔မိသားစုသုံးေယာက္အတူရိုက္ထားသည့္
ဓာတ္ပုံေအာက္မွေနရာလြတ္သို႔ လက္ေထာက္ျပလာသည္။

''ေနာက္ႏွစ္ႏွစ္ဆို ဒီေနရာမွာတစ္ပုံ
ထပ္တိုးလာေတာ့မွာ"

နံရံထက္မွဓာတ္ပုံေတြမွာ ဦးမင္းေတာ္ဝင္တို႔ဇနီးေမာင္ႏွံမွ
အစျပဳ၍ မိသားစုဝင္တိုင္း၏သက္ဆိုင္သူေတြအထိ
လိုက္ၿပီးမွတ္တမ္းတင္ထားသည္မ်ားျဖစ္သည္။

''ဒီအေဖက ေနာက္ထပ္ႏွစ္အငယ္ေလာက္ပဲေနရေတာ့မွာ"

''ေဖေဖ"

''ႏြေဦးေလးမွာသက္ဆိုင္သူရွိလာရင္လည္း
နိုနိုတို႔ရဲ႕ေဘးမွာမွတ္တမ္းတင္ေပးေစခ်င္တယ္"

''ေဖေဖေျပာတဲ့စကားကို သမီးမွတ္ထားပါ့မယ္"

ဦးမင္းေတာ္ဝင္က ခပ္ဖြဖြၿပဳံးရင္းေဒၚျမတ္ပန္းပုခုံးထက္သို႔
ခပ္ဖြဖြညွစ္လာ၏။ထို႔ေနာက္ သားအဖႏွစ္ေယာက္
အၾကည့္ခ်င္းဆုံကာ ၿပဳံးမိၾကသည္။

ရွင္သန္လာတဲ့ေန႕ရက္ေတြက မေန႕တေန႕ကလိုအသက္ဝင္ေနတုန္းပဲ...

...........................

''ကေလးေလး"

မ်က္စိေရွ႕မွစက္ဘီးအဝါေလးကိုၾကည့္ကာ
အံ့ၾသမႈေၾကာင့္ ေခါင့္ႏႈတ္ခမ္းကခပ္ဟဟ။
စက္ဘီးဝါေလးထံမွအၾကည့္လႊဲကာ ကေလးငယ္ထံ
အၾကည့္ပို႔မိေတာ့ သူ႕ကိုၿပဳံးရယ္ကာၾကည့္ေနသည္။

''ေခါင့္အတြက္ ေဘဘီနို႔ရဲ႕ခ်စ္သက္လက္ေဆာင္"

''မဟုတ္ေသးဘူးေလ"

''လာ...ပတ္စီးၾကည့္ရေအာင္ေလ ေခါင္"

''ကေလးေလး"

''လာပါဆိုေခါင္ကလည္း...ေခါင္နင္းေနာ္
ေဘဘီနိုကေနာက္ကေန ေခါင့္ခါးဖက္ၿပီးလိုက္မွာ"

ပုခုံးစြန္းကိုေခါင္းမွီခ်လာကာ ခြၽဲႏြဲ႕လာေတာ့လည္း
မေနနိုင္မထိုင္နိုင္အလိုလိုက္ရသူဟာ ေခါင္ပါပဲ။
ေရွ႕မွတက္ခြကာေနရာယူေလေတာ့
ကေလးငယ္က ေနာက္ကခုံမွာတက္ထိုင္ရင္း
လက္ႏွစ္ဖက္ကေခါင့္ခါးထက္သို႔ေနရာယူလာသည္။

''ေခါင္"

''ေျပာေလ ကေလးေလး"

ေရွ႕ကလမ္းရွင္းတာျမင္မွ ေနာက္မွကေလးငယ္ဆီ
အသာေစာင္းငဲ့ၾကည့္ရင္းေခါင္စကားေထာက္လိုက္ေတာ့
ကေလးငယ္က ေခါင့္ေက်ာျပင္ထက္သို႔
ေခါင္းမွီခ်လာသည္။

''ေခါင္ဝယ္ေပးထားတဲ့ ဦးထုပ္ဝိုင္းေလးေဘဘီနိုေခါင္းနဲ႕
မေတာ္ေတာ့ဘူးသိလား၊ေခါင္သိေအာင္ေျပာျပတာ"

ဒါေခါင့္ဆီကလက္ေဆာင္လိုခ်င္လို႔ စကားဦးသမ္းလာတာေပါ့ေလ။

''ကိုကိုကအသစ္ဝယ္ေပးမွာေပါ့"

''ဟီး....ဟီး အဲ့ဒါေၾကာင့္ေခါင့္ကိုခ်စ္တာ"

အသည္းယားဖြယ္အသံစာစာေလးႏွင့္အတူ
ေက်ာျပင္ထက္သို႔က်ေရာက္လာသည့္အနမ္းရဲ႕အထိအေတြ႕ေၾကာင့္ သေဘာက်စြာေခါင့္ႏႈတ္ခမ္းက
အထက္သို႔ေကြးတက္သြားသည္။

တြန့္ဆုတ္ေနတဲ့စိတ္ ေခါင့္ဆီမွာမရွိေတာ့ဘူး။
ကေလးငယ္လက္ကိုဆြဲၿပီး ဘဝခရီးလမ္းေလွ်ာက္ဖို႔
လုံေလာက္တဲ့သတၱိေတြခြန္အားေတြ ေခါင့္မွာရွိေနခဲ့ၿပီ။

..............................

Next part will be final.

Comment