လက်ကဆွဲလာတဲ့ လက်ဖက်ရည်နှင့်အီကြာကွေးပါဆယ်ထုပ်ကိုကြည့်ကာ
ခေါင့်မျက်နှာလေးက မနက်ခင်းမှာပြုံးပြုံးရွှင်ရွှင်။
ခုချိန်ထိ ကလေးလေးအိပ်ရာမနှိုးသေးဘူးဆိုတာ
ခေါင့်စိတ်ကအလိုလိုသိနေပြီးသား။
နွေရာသီ အဲကွန်းမရှိတဲ့ထရံကာအိမ်မှာ
ရွှေဘုံစံသူဌေးသားလေးအိပ်နိုင်တယ်ဆိုတာ
ခေါင်ဖြင့် မျက်မြင်ကိုယ်တွေ့မို့သာယုံလိုက်ရသည်။
ခေါင်ထင်ထားတဲ့အတိုင်း ကလေးလေးက
အိပ်ရာမနှိုးသေး။အရင်မနှိုးသေးဘဲ
လက်ဖက်ရည်နှင့်အီကြာကွေးကို မီးဖိုခန်းကျဥ်းလေးထဲမှ
ဖန်ခွက်ထဲပြောင်းထည့်ထားလိုက်သည်။
ပူပူနွေးနွေးဝယ်ခဲ့တာမို့ ကလေးလေးမျက်နှာသစ်ပြီးတဲ့အချိန်နှင့်အပူငွေ့
နည်းနည်းကျန်တော့မဲ့အချိန် ကွက်တိကျလောက်သည်။
ခေါင့်ကလေးလေးက အပူမကြိုက်ပေ။
ခြင်ထောင်ကြိုးဖြုတ်လိုက်တော့ ထရံပေါက်ကြားမှ
နေရောင်ထိုးလို့ထင်၊နိုနို့မျက်နှာလေးက
ရှုံ့မဲ့သွား၏။ဝတ်ထားသည့်အင်္ကျီအဖြူလေးက
အထက်သို့လှန်တက်နေတာမို့ ဗိုက်သားပြင်ဖွေးဖွေးလေးကခေါင့်မြင်ကွင်းထဲ
ထင်ထင်လင်းလင်း။ပြောမပြတတ်တဲ့ခံစားချက်တွေ
ဝင်ရောက်လာတာမို့ အမြန်ပင်အကြည့်လွှဲမိ၏။
''ကလေးလေး ထတော့လေ"
တစ်ဖက်သို့မျက်နှာလွှဲထားရင်း အင်္ကျီစနေရာကို
မှန်းဆကာအောက်သို့ပြန်ဆွဲချပေးရသည်။
ဗိုက်သားပြင်ဖွေးဖွေးလေးကိုဖုံးအုပ်သွားတာ
သေချာမှအကြည့်ပို့မိသည်။
''အိပ်ချင်သေးတယ် ခေါင်"
မျက်လုံးကိုခပ်ဖွဖွဖွင့်ကာ ဆိုလာပုံက
အမှန်တကယ်ဆက်အိပ်ချင်သေးပုံရကာ
အသည်းယားစရာကောင်းလှပေ၏။
ခေါင်က နိုနို့ရဲ့ပါးဖောင်းဖောင်းလေးကိုအသာညှစ်ကာ
မနှိုးနှိုးအောင်စတော့ နိုနို့မျက်နှာလေးကရှုံ့မဲ့လာ၏။
''ခေါင်..."
ပါးကိုညှစ်ယုံနှင့်အားမရစွာ ခေါင်ကနှာခေါင်းလုံးလေးကိုပါ
ညှစ်ထားတာမို့ နိုနို့အသံလေးကနှာသံပေါက်နေ၏။
''ထပြီ...ထပြီလို့"
ဒီလောက်ထိလိုက်စနေမှတော့ ဘယ်သူကဆက်အိပ်နိုင်တော့မှာလဲ။
အိပ်ရာမှထထိုင်ကာ ကုန်းအော်လိုက်တော့
ပြုံးစစကြည့်နေတဲ့ခေါင်က အမြင်ကပ်ချင်စဖွယ်။
''ကိုကိုရေဆွဲပေးထားတယ်နော် ကလေးလေး"
''ပြီးတာပဲ"
ဆတ်ကနဲထထွက်သွားတော့မဲ့နိုနို့ကို
ခေါင်ကသွားတိုက်တံနဲ့တဘက်လှမ်းပေးရသည်။
''အောက်လည်းသေချာကြည့်အုံးနော် ကလေးလေး၊
မျက်လုံးမှိတ်ပြီးမသွားနဲ့"
''စိတ်မချရင် ကိုယ်တိုင်လိုက်ကြည့်လေ"
နိုနို့ရဲ့ပြန်ခံပက်ပြောပုံကို ခေါင့်မှာ
ရယ်လျက်သာတုံ့ပြန်၏။
''နိုနို...နိုနို"
အိမ်ရှေ့ကအော်သံကြောင့် ခေါင်အခန်းထဲမှထွက်ကာ
ကြည့်လိုက်တော့ စက်ဘီးပြိုင်ဘီးနဲ့သီဟက
အိမ်ဝင်းထဲဝေ့ဝဲကြည့်လျက်။
''နိုနိုရှိလား ထွဋ်ခေါင်"
ပြိုင်ဘီးဒေါက်ထောက်ကာ သီဟကအိမ်ထဲဝင်လာရင်းမေးသည်။
ခုမှသေချာကြည့်မိတော့ သီဟလက်ထဲမှာ
ချိုင့်တစ်လုံးနှင့်။
''ကလေးလေးမျက်နှာသစ်နေတယ် သီဟ"
နိုနို့ကျေးဇူးနဲ့ ထွဋ်ခေါင်တို့အိမ်ကို
အကြိမ်ပေါင်းများစွာ သီဟရောက်ဖူးသည်။
နို့နို့ကြောင့်ပဲ ထွဋ်ခေါင်နှင့်သီဟကရင်းနှီးလာခဲ့တာ။
ဆရာလေးနိုဘယ်တော်ဝင်ဆီမှာ ဝဠာထွဋ်ခေါင်နဲ့
ရဲသီဟမောင်တပည့်ခံခဲ့တာ မနေ့တနေ့ကလိုပဲ။
''ကိုမောင် ရောက်နေတာလား"
ရေစိုနေတဲ့မျက်နှာကိုတဘက်နဲ့သုတ်ရင်း
နိုနိုကအနားရောက်လာကာမေးသည်။
''နိုနို့အတွက် ကြေးအိုးလာပို့တာ"
ချိုင့်မြှောက်ပြရင်း မောင်စကားဆိုလိုက်တော့
''ကြေးအိုးစားချင်နေတာနဲ့အတော်ပဲ"
ခေါင့်မျက်နှာက မသိမသာပျက်ယွင်းသွား၏။
သို့သော်သိပ်မကြာ...ပျက်ကျသွားသည့်မျက်နှာကို
အမြန်ပြန်ထိန်းရသည်။
''ချိုင့်လဲပေးမယ် ခဏ"
မောင့်လက်ထဲကချိုင့်ကို နိုနိုကဆွဲယူကာ
မီးဖိုခန်းထဲဝင်သည်။
ပြောစရာစကားမရှိသည့်အလား ခေါင်နှင့်မောင့်ကြား
တိတ်ဆိတ်လျက်ပေ။
ခဏအကြာ နိုနိုပြန်ထွက်လာကာ
ဆေးကြောထားသည့်ချိုင့်ကို မောင့်လက်ထဲထည့်ပေးသည်။
''ကိုမောင် ပြန်တော့လေ"
ဒဲ့ဒိုးနှင်လာတာမို့ မောင့်အပြင်ခေါင်ပါ
အံ့သြသွားရသည်။
''နှင်တော့တာလား"
''နေ့လည်ကျမှ ကိုကိုနွေတို့ဆီအလည်လာရင်း
ကိုမောင့်ကိုဝင်တွေ့မယ်လေ၊ခုတော့ မနက်စာစားလိုက်ဦးမယ်"
''ဟုတ်ပါပြီဗျာ"
''လာ...ခြံဝထိလိုက်ပို့မယ်"
နိုနိုနှင့်မောင် အိမ်အောက်ဆင်းသွားတာနှင့်
ခေါင်ကမီးဖိုခန်းထဲအမြန်ဝင်သည်။
မနက်ကဝယ်ထားသည့်လက်ဖက်ရည်နှင့်အီကြာကွေးက
ထောင့်စွန်းကပ်ထားတာမို့ ကလေးလေးမမြင်ဖူးထင်။
''ဘာလုပ်နေတာလဲ ခေါင်"
ဖွက်ဖို့ပြင်နေတဲ့ခေါင့်လက်တွေက လေထဲတန့်သွားသည်။
''ဘာ...ဘာမှမလုပ်ပါဘူး"
''မနက်စာစားရအောင်"
ခေါင့်ကိုတွန်းဖယ်ကာ နိုနိုကလက်ဖက်ရည်နှင့်
အီကြာကွေးကိုယူပြီးစားပွဲထက်သို့တင်သည်။
နိုနို့အပြုအမူကြောင့် ခေါင့်မျက်လုံးတွေကပြူးကျယ်သွားသည်။
''ကလေးလေး"
''ကြေးအိုးကိုခေါင်စားလိုက်တော့"
''ခုနကပဲ ကလေးလေးကကြေးအိုးစားချင်တာဆို"
''ခေါင်ဝယ်ပေးထားတဲ့ လက်ဖက်ရည်နဲ့အီကြာကွေး
မြင်တော့ ဘေဘီနိုကြေးအိုးမစားချင်တော့ဘူး"
အီကြာကွေးကိုက်ဆွဲရင်းပြောနေတဲ့နိုနိုက
မျက်စိရှေ့မှကြေးအိုးပန်းကန်ကိုတစ်ချက်မှလှည့်မကြည့်။
''ခေါင် မနက်စာမစားတော့ဘူးလား"
ကြောင်ငေးကြည့်နေတဲ့ခေါင့်ကို
နိုနိုလှမ်းအော်လိုက်မှ ခေါင်ကသွားသုံးဆယ့်နှစ်ချောင်းလုံး
ပေါ်အောင်ပြုံးရယ်ကာ အနားလာထိုင်သည်။
ကြေးအိုးတကူးတကလာပို့သွားတဲ့
ကိုမောင့်ကိုအားနာပေမဲ့ ဘယ်သူနဲ့ယှဥ်ယှဥ်
နိုဘယ်တော်ဝင်က ဝဠာထွဋ်ခေါင်ကိုသာရွေးချယ်မည်။
..............................
''မိုးဇော် လာပြီဟေ့"
ရပ်ကွက်ထဲမှကလေးတွေက တစ်ယောက်နဲ့တစ်ယောက်
အသံပေးရင်းရပ်ကွက်ထိပ်ပြေးကြတော့
နိုနိုကနားမလည်သလို အခန်းထဲမှခေါင်းထွက်ရင်း
ချောင်းကြည့်သည်။
''မိုးဇော်ကဘာကြီးလဲ ခေါင်"
အနီးနားရှိတဲ့ခေါင့်ကို လက်တို့ကာလှမ်းမေးတော့
ခေါင်ကနိုနို့ဆံပင်တွေကိုခပ်ဖွဖွပွတ်သပ်ရင်း
''မိုးဇော်က ဆင်လေ၊ဆင်အစစ်တော့မဟုတ်ဘူးပေါ့"
''သြော်"
''ကလေးလေး ကြည့်ချင်လို့လား"
''မကြည့်ချင်...."
ရပ်ကွက်ထိပ်မှသီချင်းသံထွက်လာတော့
နိုနို့အသံလေးက တိမ်ဝင်သွား၏။
''ကြည့်ချင်တယ်မလား...လာသွားကြည့်ကြရအောင်''
အိမ်တံခါးသော့ခတ်ပြီး နိုနို့လက်ဆွဲကာ
ရပ်ကွက်ထိပ်သို့ထွက်လာတော့ ဆင်ကကြည့်နေတဲ့သူတွေမှာ
စုစုရုံးရုံး။ကလေးတွေအပြင် လူကြီးတွေပါတိုးကြည့်နေကြတာမို့
ကပြနေတဲ့လူလုပ်ဆင်ကို သိပ်မမြင်ရ။
အရပ်ရှည်ထွက်လာပေမဲ့ နိုနိုက၁၆နှစ်ပဲရှိသေးတယ်။
ဒါကြောင့်ရှေ့မှကွယ်နေတဲ့လူတွေကို ကျော်ပြီးကြည့်လို့မရ။
အလိုမကျမှုကြောင့် နိုနို့မျက်နှာလေးကစူပုတ်လာ၏။
''ကလေးလေး မမြင်ရဘူးလား"
သီချင်းသံကြောင့် အသံမြှင့်ကာပြောရသည်။
''လာ ကိုကိုပွေ့မယ်"
အလုပ်ကြမ်းလုပ်ရသူမို့ ပုံမှန်လူတွေထက်
အားပိုသန်၏။နိုနို့ကိုလက်မောင်းမှစွေ့ခနဲပွေ့လိုက်တာကိုပဲကြည့်။
''မြင်ရပြီလား"
''မြင်ရပြီ ခေါင်"
အားဘယ်လောက်သန်သန် နောက်မှပွေ့ချီထားရတာမို့
အဆင်တော့မပြေလှ။ဆိုပေသည့်
ပြုံးပျော်နေသည့်ကလေးလေးမြင်တော့
ခေါင့်မှာကျိတ်မှိတ်ကာ လက်မောင်းအားတင်းရသည်။
တော်သေးတာတစ်ခုက ခေါင့်ကလေးလေးက
အစားဘယ်လောက်စားစား ဝမလာလို့ပဲ။
မဟုတ်ပါက ခေါင်သက်သာမည်မထင်။
သို့သော်...ဆင်ကပြီးသည်အထိပွေ့ချီပြလိုက်ရသည်မို့
ထိုနေ့ကခေါင့်မှာထွန်းရွှေဝါကိုအားကိုးလိုက်ရသည်။
.............................
လက္ကဆြဲလာတဲ့ လက္ဖက္ရည္ႏွင့္အီၾကာေကြးပါဆယ္ထုပ္ကိုၾကည့္ကာ
ေခါင့္မ်က္ႏွာေလးက မနက္ခင္းမွာၿပဳံးၿပဳံး႐ႊင္႐ႊင္။
ခုခ်ိန္ထိ ကေလးေလးအိပ္ရာမႏွိုးေသးဘူးဆိုတာ
ေခါင့္စိတ္ကအလိုလိုသိေနၿပီးသား။
ႏြေရာသီ အဲကြန္းမရွိတဲ့ထရံကာအိမ္မွာ
ေ႐ႊဘုံစံသူေဌးသားေလးအိပ္နိုင္တယ္ဆိုတာ
ေခါင္ျဖင့္ မ်က္ျမင္ကိုယ္ေတြ႕မို႔သာယုံလိုက္ရသည္။
ေခါင္ထင္ထားတဲ့အတိုင္း ကေလးေလးက
အိပ္ရာမႏွိုးေသး။အရင္မႏွိုးေသးဘဲ
လက္ဖက္ရည္ႏွင့္အီၾကာေကြးကို မီးဖိုခန္းက်ဥ္းေလးထဲမွ
ဖန္ခြက္ထဲေျပာင္းထည့္ထားလိုက္သည္။
ပူပူႏြေးႏြေးဝယ္ခဲ့တာမို႔ ကေလးေလးမ်က္ႏွာသစ္ၿပီးတဲ့အခ်ိန္ႏွင့္အပူေငြ႕
နည္းနည္းက်န္ေတာ့မဲ့အခ်ိန္ ကြက္တိက်ေလာက္သည္။
ေခါင့္ကေလးေလးက အပူမႀကိဳက္ေပ။
ျခင္ေထာင္ႀကိဳးျဖဳတ္လိုက္ေတာ့ ထရံေပါက္ၾကားမွ
ေနေရာင္ထိုးလို႔ထင္၊နိုနို႔မ်က္ႏွာေလးက
ရႈံ႕မဲ့သြား၏။ဝတ္ထားသည့္အကၤ်ီအျဖဴေလးက
အထက္သို႔လွန္တက္ေနတာမို႔ ဗိုက္သားျပင္ေဖြးေဖြးေလးကေခါင့္ျမင္ကြင္းထဲ
ထင္ထင္လင္းလင္း။ေျပာမျပတတ္တဲ့ခံစားခ်က္ေတြ
ဝင္ေရာက္လာတာမို႔ အျမန္ပင္အၾကည့္လႊဲမိ၏။
''ကေလးေလး ထေတာ့ေလ"
တစ္ဖက္သို႔မ်က္ႏွာလႊဲထားရင္း အကၤ်ီစေနရာကို
မွန္းဆကာေအာက္သို႔ျပန္ဆြဲခ်ေပးရသည္။
ဗိုက္သားျပင္ေဖြးေဖြးေလးကိုဖုံးအုပ္သြားတာ
ေသခ်ာမွအၾကည့္ပို႔မိသည္။
''အိပ္ခ်င္ေသးတယ္ ေခါင္"
မ်က္လုံးကိုခပ္ဖြဖြဖြင့္ကာ ဆိုလာပုံက
အမွန္တကယ္ဆက္အိပ္ခ်င္ေသးပုံရကာ
အသည္းယားစရာေကာင္းလွေပ၏။
ေခါင္က နိုနို႔ရဲ႕ပါးေဖာင္းေဖာင္းေလးကိုအသာညွစ္ကာ
မႏွိုးႏွိုးေအာင္စေတာ့ နိုနို႔မ်က္ႏွာေလးကရႈံ႕မဲ့လာ၏။
''ေခါင္..."
ပါးကိုညွစ္ယုံႏွင့္အားမရစြာ ေခါင္ကႏွာေခါင္းလုံးေလးကိုပါ
ညွစ္ထားတာမို႔ နိုနို႔အသံေလးကႏွာသံေပါက္ေန၏။
''ထၿပီ...ထၿပီလို႔"
ဒီေလာက္ထိလိုက္စေနမွေတာ့ ဘယ္သူကဆက္အိပ္နိုင္ေတာ့မွာလဲ။
အိပ္ရာမွထထိုင္ကာ ကုန္းေအာ္လိုက္ေတာ့
ၿပဳံးစစၾကည့္ေနတဲ့ေခါင္က အျမင္ကပ္ခ်င္စဖြယ္။
''ကိုကိုေရဆြဲေပးထားတယ္ေနာ္ ကေလးေလး"
''ၿပီးတာပဲ"
ဆတ္ကနဲထထြက္သြားေတာ့မဲ့နိုနို႔ကို
ေခါင္ကသြားတိုက္တံနဲ႕တဘက္လွမ္းေပးရသည္။
''ေအာက္လည္းေသခ်ာၾကည့္အုံးေနာ္ ကေလးေလး၊
မ်က္လုံးမွိတ္ၿပီးမသြားနဲ႕"
''စိတ္မခ်ရင္ ကိုယ္တိုင္လိုက္ၾကည့္ေလ"
နိုနို႔ရဲ႕ျပန္ခံပက္ေျပာပုံကို ေခါင့္မွာ
ရယ္လ်က္သာတုံ႕ျပန္၏။
''နိုနို...နိုနို"
အိမ္ေရွ႕ကေအာ္သံေၾကာင့္ ေခါင္အခန္းထဲမွထြက္ကာ
ၾကည့္လိုက္ေတာ့ စက္ဘီးၿပိဳင္ဘီးနဲ႕သီဟက
အိမ္ဝင္းထဲေဝ့ဝဲၾကည့္လ်က္။
''နိုနိုရွိလား ထြဋ္ေခါင္"
ၿပိဳင္ဘီးေဒါက္ေထာက္ကာ သီဟကအိမ္ထဲဝင္လာရင္းေမးသည္။
ခုမွေသခ်ာၾကည့္မိေတာ့ သီဟလက္ထဲမွာ
ခ်ိဳင့္တစ္လုံးႏွင့္။
''ကေလးေလးမ်က္ႏွာသစ္ေနတယ္ သီဟ"
နိုနို႔ေက်းဇူးနဲ႕ ထြဋ္ေခါင္တို႔အိမ္ကို
အႀကိမ္ေပါင္းမ်ားစြာ သီဟေရာက္ဖူးသည္။
နို႔နို႔ေၾကာင့္ပဲ ထြဍ္ေခါင္ႏွင့္သီဟကရင္းႏွီးလာခဲ့တာ။
ဆရာေလးနိုဘယ္ေတာ္ဝင္ဆီမွာ ဝဠာထြဋ္ေခါင္နဲ
ရဲသီဟေမာင္တပည့္ခံခဲ့တာ မေန႕တေန႕ကလိုပဲ။
''ကိုေမာင္ ေရာက္ေနတာလား"
ေရစိုေနတဲ့မ်က္ႏွာကိုတဘက္နဲ႕သုတ္ရင္း
နိုနိုကအနားေရာက္လာကာေမးသည္။
''နိုနို႔အတြက္ ေၾကးအိုးလာပို႔တာ"
ခ်ိဳင့္ျမႇောက္ျပရင္း ေမာင္စကားဆိုလိုက္ေတာ့
''ေၾကးအိုးစားခ်င္ေနတာနဲ႕အေတာ္ပဲ"
ေခါင့္မ်က္ႏွာက မသိမသာပ်က္ယြင္းသြား၏။
သို႔ေသာ္သိပ္မၾကာ...ပ်က္က်သြားသည့္မ်က္ႏွာကို
အျမန္ျပန္ထိန္းရသည္။
''ခ်ိဳင့္လဲေပးမယ္ ခဏ"
ေမာင့္လက္ထဲကခ်ိဳင့္ကို နိုနိုကဆြဲယူကာ
မီးဖိုခန္းထဲဝင္သည္။
ေျပာစရာစကားမရွိသည့္အလား ေခါင္ႏွင့္ေမာင့္ၾကား
တိတ္ဆိတ္လ်က္ေပ။
ခဏအၾကာ နိုနိုျပန္ထြက္လာကာ
ေဆးေၾကာထားသည့္ခ်ိဳင့္ကို ေမာင့္လက္ထဲထည့္ေပးသည္။
''ကိုေမာင္ ျပန္ေတာ့ေလ"
ဒဲ့ဒိုးႏွင္လာတာမို႔ ေမာင့္အျပင္ေခါင္ပါ
အံ့ၾသသြားရသည္။
''ႏွင္ေတာ့တာလား"
''ေန႕လည္က်မွ ကိုကိုႏြေတို႔ဆီအလည္လာရင္း
ကိုေမာင့္ကိုဝင္ေတြ႕မယ္ေလ၊ခုေတာ့ မနက္စာစားလိုက္ဦးမယ္"
''ဟုတ္ပါၿပီဗ်ာ"
''လာ...ၿခံဝထိလိုက္ပို႔မယ္"
နိုနိုႏွင့္ေမာင္ အိမ္ေအာက္ဆင္းသြားတာႏွင့္
ေခါင္ကမီးဖိုခန္းထဲအျမန္ဝင္သည္။
မနက္ကဝယ္ထားသည့္လက္ဖက္ရည္ႏွင့္အီၾကာေကြးက
ေထာင့္စြန္းကပ္ထားတာမို႔ ကေလးေလးမျမင္ဖူးထင္။
''ဘာလုပ္ေနတာလဲ ေခါင္"
ဖြက္ဖို႔ျပင္ေနတဲ့ေခါင့္လက္ေတြက ေလထဲတန့္သြားသည္။
''ဘာ...ဘာမွမလုပ္ပါဘူး"
''မနက္စာစားရေအာင္"
ေခါင့္ကိုတြန္းဖယ္ကာ နိုနိုကလက္ဖက္ရည္ႏွင့္
အီၾကာေကြးကိုယူၿပီးစားပြဲထက္သို႔တင္သည္။
နိုနို႔အျပဳအမူေၾကာင့္ ေခါင့္မ်က္လုံးေတြကျပဴးက်ယ္သြားသည္။
''ကေလးေလး"
''ေၾကးအိုးကိုေခါင္စားလိုက္ေတာ့"
''ခုနကပဲ ကေလးေလးကေၾကးအိုးစားခ်င္တာဆို"
''ေခါင္ဝယ္ေပးထားတဲ့ လက္ဖက္ရည္နဲ႕အီၾကာေကြး
ျမင္ေတာ့ ေဘဘီနိုေၾကးအိုးမစားခ်င္ေတာ့ဘူး"
အီၾကာေကြးကိုက္ဆြဲရင္းေျပာေနတဲ့နိုနိုက
မ်က္စိေရွ႕မွေၾကးအိုးပန္းကန္ကိုတစ္ခ်က္မွလွည့္မၾကည့္။
''ေခါင္ မနက္စာမစားေတာ့ဘူးလား"
ေၾကာင္ေငးၾကည့္ေနတဲ့ေခါင့္ကို
နိုနိုလွမ္းေအာ္လိုက္မွ ေခါင္ကသြားသုံးဆယ့္ႏွစ္ေခ်ာင္းလုံး
ေပၚေအာင္ၿပဳံးရယ္ကာ အနားလာထိုင္သည္။
ေၾကးအိုးတကူးတကလာပို႔သြားတဲ့
ကိုေမာင့္ကိုအားနာေပမဲ့ ဘယ္သူနဲ႕ယွဥ္ယွဥ္
နိုဘယ္ေတာ္ဝင္က ဝဠာထြဋ္ေခါင္ကို
သာေ႐ြးခ်ယ္မည္။
..............................
''မိုးေဇာ္ လာၿပီေဟ့"
ရပ္ကြက္ထဲမွကေလးေတြက တစ္ေယာက္နဲ႕တစ္ေယာက္
အသံေပးရင္းရပ္ကြက္ထိပ္ေျပးၾကေတာ့
နိုနိုကနားမလည္သလို အခန္းထဲမွေခါင္းထြက္ရင္း
ေခ်ာင္းၾကည့္သည္။
''မိုးေဇာ္ကဘာႀကီးလဲ ေခါင္"
အနီးနားရွိတဲ့ေခါင့္ကို လက္တို႔ကာလွမ္းေမးေတာ့
ေခါင္ကနိုနို႔ဆံပင္ေတြကိုခပ္ဖြဖြပြတ္သပ္ရင္း
''မိုးေဇာ္က ဆင္ေလ၊ဆင္အစစ္ေတာ့မဟုတ္ဘူးေပါ့"
''ေၾသာ္"
''ကေလးေလး ၾကည့္ခ်င္လို႔လား"
''မၾကည့္ခ်င္...."
ရပ္ကြက္ထိပ္မွသီခ်င္းသံထြက္လာေတာ့
နိုနို႔အသံေလးက တိမ္ဝင္သြား၏။
''ၾကည့္ခ်င္တယ္မလား...လာသြားၾကည့္ၾကရေအာင္''
အိမ္တံခါးေသာ့ခတ္ၿပီး နိုနို႔လက္ဆြဲကာ
ရပ္ကြက္ထိပ္သို႔ထြက္လာေတာ့ ဆင္ကၾကည့္ေနတဲ့သူေတြမွာ
စုစု႐ုံး႐ုံး။ကေလးေတြအျပင္ လူႀကီးေတြပါတိုးၾကည့္ေနၾကတာမို႔
ကျပေနတဲ့လူလုပ္ဆင္ကို သိပ္မျမင္ရ။
အရပ္ရွည္ထြက္လာေပမဲ့ နိုနိုက၁၆ႏွစ္ပဲရွိေသးတယ္။
ဒါေၾကာင့္ေရွ႕မွကြယ္ေနတဲ့လူေတြကို ေက်ာ္ၿပီးၾကည့္လို႔မရ။
အလိုမက်မႈေၾကာင့္ နိုနို႔မ်က္ႏွာေလးကစူပုတ္လာ၏။
''ကေလးေလး မျမင္ရဘူးလား"
သီခ်င္းသံေၾကာင့္ အသံျမႇင့္ကာေျပာရသည္။
''လာ ကိုကိုေပြ႕မယ္"
အလုပ္ၾကမ္းလုပ္ရသူမို႔ ပုံမွန္လူေတြထက္
အားပိုသန္၏။နိုနို႔ကိုလက္ေမာင္းမွေစြ႕ခနဲေပြ႕လိုက္တာကိုပဲၾကည့္။
''ျမင္ရၿပီလား"
''ျမင္ရၿပီ ေခါင္"
အားဘယ္ေလာက္သန္သန္ ေနာက္မွေပြ႕ခ်ီထားရတာမို႔
အဆင္ေတာ့မေျပလွ။ဆိုေပသည့္
ၿပဳံးေပ်ာ္ေနသည့္ကေလးေလးျမင္ေတာ့
ေခါင့္မွာက်ိတ္မွိတ္ကာ လက္ေမာင္းအားတင္းရသည္။
ေတာ္ေသးတာတစ္ခုက ေခါင့္ကေလးေလးက
အစားဘယ္ေလာက္စားစား ဝမလာလို႔ပဲ။
မဟုတ္ပါက ေခါင္သက္သာမည္မထင္။
သို႔ေသာ္...ဆင္ကၿပီးသည္အထိေပြ႕ခ်ီျပလိုက္ရသည္မို႔
ထိုေန႕ကေခါင့္မွာထြန္းေ႐ႊဝါကိုအားကိုးလိုက္ရသည္။
.............................