Part 22

''ဘာစားချင်လဲ ကလေးလေး"

စျေးထဲရောက်နေ၍ လူအုံကျပ်ကာအသံဗလံတွေ
ဆူညံလှသော်လည်းခေါင့်စကားသံကိုသာ
နားစွင့်နေသူနိုနို့အဖို့ ရှင်းရှင်းလင်းလင်းကြားရ၏။

''ခေါင်ချက်တာမှန်သမျှအကုန်ကြိုက်တယ်၊
ခေါင့်လက်နဲ့ထိထားရင်ပြီးရော"

မျက်နှာပြုံးချိုချိုနဲ့ပြောလိုက်တော့ ခေါင်ကအူယားသွားကာ
နိုနို့နှာခေါင်းလေးကို ညှစ်ဟန်ပြုလာပေမဲ့
ပတ်ဝန်းကျင်ကြောင့်လက်ပြန်ရုတ်သွားလေသည်။
အလိုမကျမှုကြောင့် နိုနို့နှုတ်ခမ်းပါးလေးက
ရှေ့သို့မသိမသာစူထွက်လာသည်။

ခေါင်ကလေ သိပ်ကိုစည်းစောင့်တာပဲ~~~

''ကြက်၊ဝက်၊အမဲ ဘာစားမလဲ"

အသားစျေးတန်းထဲမဝင်ခင်မေးတော့
နိုနိုကမျက်လုံးလှန်ကြည့်လာကာ

''ခေါင်ကြိုက်တာဝယ်၊ ခေါင်စားချင်တာဝယ်၊
ခေါင်ချက်ချင်တာဝယ်ပါဆို"

''ဟုတ်ပြီ...ဟုတ်ပြီ"

ကိုယ်တစ်ယောက်တည်းရှိတုန်းက
ဖြစ်သလိုစားခဲ့ပေမဲ့ ကလေးလေးကိုတော့
တော်ဝင်စံအိမ်လောက်မဟုတ်တောင် ပြည့်ပြည့်စုံစုံ
ချက်ကျွေးချင်တာကတော့ ခေါင့်စိတ်ရင်းအမှန်ပင်ဖြစ်သည်။

နောက်ဆုံးတော့ ဝက်အာလူးချက်ရန်
ဝက်သားအစိတ်သားဝယ်ကာ အသားစျေးတန်းမှ
နိုနို့လက်ဆွဲပြီးအမြန်ထွက်ရသည်။
အသားစိမ်းနံ့တွေ ရနံ့သင်းတဲ့ကလေးလေးကိုယ်ပေါ်
စွဲကပ်သွားမှာကို ခေါင်မလိုလား။
ကုန်စိမ်းတန်းမှ အာလူးအစိတ်သားနှင့်
ဟင်းသီးဟင်းရွက်တစ်မျိုးစီထပ်ဝယ်ပြီးချိန်မှာတော့
မနက်စာချက်ပြုတ်ဖို့ရန် အလုံအလောက်ရှိသွားပေပြီ။

''ဗိုက်ဆာနေပြီလား"

''နည်းနည်း"

ဗိုက်လေးကိုပွတ်သပ်ကာ နိုနိုခပ်တိုးတိုးပြန်ဖြေတော့
ခေါင်ကသဘောတကျရယ်ကာ စျေးဝင်းထဲမှရှမ်းဆိုင်ဆီ
နိုနို့လက်ဆွဲကာခေါ်သွားလေသည်။
လူကြားထဲကွဲသွားမှာစိုးလို့ ထပ်လျက်ရှိတဲ့
လက်နှစ်ဖက်ကိုကြည့်ကာ နိုဘယ်တော်ဝင်ရဲ့
မျက်ဝန်းလေးတွေက လင်းလင်းလက်လက်။

''အဒေါ်ရေ ရှမ်းနှစ်ပွဲ"

ခုံကတစ်ခုံပဲလွတ်တော့တာမို့ နိုနို့ကိုပဲထိုင်စေကာ
ခေါင်ကတော့နိုနို့နံဘေးမတ်တပ်ရပ်လျက် လှမ်းမှာသည်။

''တို့ဟူးနွေးနဲ့နော် အဒေါ်၊အသားရောထည့်မှာ"

''ရမယ် သားရေ၊မစားတာ ဘာရှောင်ဦးမလဲ"

အဒေါ်ကြီးက အလုပ်နှင့်လက်မပြတ်စေဘဲ
လှမ်းမေးလာတော့ခေါင်ကနိုနို့ပုခုံးကိုအသာပုတ်ကာ

''အကုန်စားတယ်မလား ကလေးလေး"

''ဟုတ်၊စားလို့ရတာမှန်သမျှ အကုန်ထည့်"

''ဘာမှမရှောင်ဘူးအဒေါ်....အကုန်ထည့်မယ်၊
ပွဲကြီးပဲပေးနော် အဒေါ်"

''ခဏစောင့်နော် သားလေး"

လူကျတာမို့ ကိုယ့်အလှည့်ရောက်ရန်
မိနစ်အနည်းငယ်လောက်စောင့်ရ၏။
သို့ပေသည့်စောင့်ရတာနှင့်တန်အောင် လက်ရာရှယ်ကောင်းလှပေရာ နိုနိုဆိုနောက်တစ်ပွဲထပ်စားလေသည်။

''ကလေးလေး ဒီမှာခဏနေခဲ့နော်၊ကိုကိုဝယ်စရာတစ်ခု
ကျန်သေးလို့"

''ဟုတ်"

စားနေရင်းတန်းလန်းဗလုံးဗထွေးဖြေလိုက်တာမို့
အသံဟာခပ်ဝါးဝါး။လူကြားထဲ တိုးထွက်သွားတဲ့ခေါင့်ကို
ငေးမောကြည့်ပြီးမှ ရှမ်းခေါက်ဆွဲဆက်စားခြင်းအမှုပြုရသည်။

''စားလို့ပြီးရင်ပြန်ကျမယ်လေ ကလေးလေး"

''ဟုတ်ကဲ့"

ခုံမှထရင်း နိုနို့အကြည့်တွေကခေါင့်လက်ထဲမှအထုပ်ဆီ
အကြည့်ရောက်သွားသည်။အထုပ်များများစားစား
မရှိလှပေမဲ့ နိုနိုကူသယ်ပေးချင်တယ်။

''ဒါကို ဘေဘီနိုသယ်ခဲ့မယ်"

ခေါင့်လက်ထဲကအသီးအရွက်ထုပ်ကို ဆွဲယူလိုက်ကာ
နိုနိုယူလိုက်တော့ ခေါင့်လက်ထဲကအထုပ်တွေက
ရှင်းလင်းသွားသည်။ရပ်ကွက်စျေးမို့
အိမ်နဲ့သိပ်မဝေးသော်လည်း နီးသလားဆိုတော့လည်း
မဟုတ်ပေ။

''အယ် ကိုထွဋ်ခေါင်"

နောက်ပါးမှအသံကြောင့် ခေါင်ရောနိုနိုပါလှည့်ကြည့်တော့
ဟင်းသီးဟင်းရွက်ထည့်ထားတဲ့ခြင်းနှစ်ခြင်းနဲ့
ကိုးယို့ကားယားဖြစ်နေတဲ့ ဟင်းဆိုင်မှကောင်မလေး။

''တစ်ယောက်တည်းလား ကေသီ"

''ဟုတ်တယ်၊တစ်ယောက်တည်းရယ်၊
အမေမအားလို့လေ ဒီနေ့၊အဲ့ဒါနဲ့ တစ်ယောက်တည်း
စျေးလာရတာ"

အပေးအယူစကားလမ်းကြောင်းတည့်နေတဲ့နှစ်ယောက်ကို
နိုနိုကမမှိတ်မသုန်အကဲခတ်ကြည့်နေ၏။

''ကူသယ်ပေးမယ်လေ ကေသီ"

''အားနာစရာ ကိုထွဋ်ခေါင်"

အားနာဟန်ပေါက်ပေမဲ့ သူမပုံစံကအကူအညီလိုနေပေရာ
ခေါင့်မှာကြည့်မနေနိုင်။ခြင်းနှစ်ခြင်းနှင့်သူမက
အတော်လေးကြည့်ရတာ အဆင်မပြေပေ။
ထို့ကြောင့်ပဲ ခြင်းကူသယ်ရန်သွားရန်အလို့ငှာ
ခြေလှမ်းရန်ရှိသေး သူ့ထက်အရင်ကေသီ့ဆီလှမ်းသွားတဲ့
ကျောပြင်ငယ်။

''ပေး"

''ဟမ်"

ကေသီ့မှာ ကြောင်အအ။

''မနိုင်တဲ့ခြင်းပေး...နှစ်ခြင်းလုံးမနိုင်ရင်နှစ်ခြင်းလုံးပေး၊
ကျွန်တော်ကူသယ်ပေးမယ်"

ထိုအထိတောင် ကေသီရောခေါင်ပါကြောင်အမ်းအမ်း။
စိတ်မရှည်တော့တဲ့နိုနိုကပဲ ကေသီ့လက်ထဲကနှစ်ခြင်းလုံးကို
ဆွဲယူကာရှေ့မှထွက်လေသည်။

''ဘယ်အိမ်လဲ"

''ကလေးလေး....ကိုကိုသယ်"

''ခေါင်တိတ်တိတ်နေ"

မျက်နှာမသာတဲ့နိုနိုက စိတ်မကြည်နေတာအမှန်။
ခြင်းကူသယ်ရာကနေအစပြုလာမဲ့နီးစပ်မှုကို
နိုနိုခွင့်ပြုလိုက်စရာလား....ဝေးသေးတယ်။

ဟွန့်...နိုနို့ကိုကျော်ပြီးခေါင်နဲ့နီးစပ်ချင်ရင်
ဘုရားမှာသွားဆုတောင်းနေလိုက်။

............................

''အယ်...ကိုကြီးတို့ရောက်နေတာလား"

အပြင်မှပြန်လာတဲ့ဒေါ်မြတ်ပန်းတော်ဝင်က
ဧည့်ခန်းထဲစကားလက်ဆုံကျနေတဲ့သူတွေကိုမြင်တော့
အံ့သြတကြီးစကားဆိုလာသည်။
သူမအမျိုးသားဘေးဝင်ထိုင်ပြီးသည်အထိ
အံ့သြတကြီးဖြစ်နေပေ၏။

''ပန်းမျိုးစိတ်တွေလာရောင်းရင်းနဲ့ လမ်းသင့်လို့လေ"

''လမ်းမသင့်ရင် မလာတော့ဘူးများစိတ်ကူးထားတာလား"

ဒေါ်မြတ်ပန်းရဲ့အရွှန်းဖောက်သည့်စကားကို
စကားဝိုင်းအတွင်းမှလူတွေက သဘောတကျရယ်လာကြသည်။

စိတ်ချမ်းသာနေသည်မှန်းသိသာစွာ
ဦးဇာနည်တော်ဝင်နဲ့ဒေါ်မိုးကလျာမျက်နှာက
ဝင်းဝင်းပပ။ထိုသို့နှစ်ယောက်သားကို အတူတွဲမြင်ရဖို့
အချိန်အတော်ကြာအောင် ဦးဇာနည်တော်ဝင်မှာ
ကြိုးစားယူခဲ့ရသည်။
နောက်ဆုံးတော့ တော်ဝင်စံအိမ်မှစည်းစိမ်ဥစ္စာတွေကို
မျက်ကွယ်ပြုကာနယ်မှာအခြေချနေပြီဖြစ်တဲ့
ဒေါ်မိုးကလျာနောက် တကောက်ကောက်လိုက်သွားတာသာ
ကြည့်တော့။

တော်ဝင်ယောက်ျားကတော့ ဖခင်ဖြစ်သူနှင့်မိထွေးအပေါ်
ခွင့်လွှတ်သည်လည်းမဟုတ်၊ခွင့်မလွှတ်ဘူးဟုလည်း
စကားမဆိုဘဲ နေမြဲအတိုင်းသာ။ဆိုပေသည့်
လက်ရှိမှာတော့ အရင်ကထက်အခြေအနေကောင်းလာပြီ
ဖြစ်ပေသည်။

''တူလေးတို့ဆီရော ဝင်ခဲ့ပြီးပြီလား"

''ဒီကအပြန်မှဝင်မလားလို့လေ...ဒါနဲ့ထိုက်ရော"

''အလုပ်ကိစ္စနဲ့ခရီးထွက်သွားတယ်လေ၊
မနက်ဖြန်လောက် ပြန်လာမယ်​ပြောတာပဲ"

''သြော်...နိုနိုလေးရော"

''နိုနိုအိမ်မှာမရှိဘူး"

''ဘယ်သွားလို့လဲ...ဆယ်တန်းအောင်စာရင်းတွေ
ထွက်တော့မှာမဟုတ်လား"

''သူအချစ်နောက်လိုက်နေတယ်"

ထိပ်ဆုံးမှာမိန့်မိန့်ကြီးထိုင်နေတဲ့ဦးမင်းတော်ဝင်က
ရယ်ကျဲကျဲဝင်ပြောလာတော့ ဦးဇာနည်နဲ့ဒေါ်မိုးကလျာမှာ
နားမလည်နိုင်စွာကြောင်အမ်းအမ်း။

''မင်းတို့တူက မကြာခင်မှာသူ့ချစ်သူလက်ဆွဲပြီး
မိတ်ဆက်ပေးလာတော့မှာကွ"

''ဗျာ"

''ရှင်"

.................................

''ဘာစားခ်င္လဲ ကေလးေလး"

ေစ်းထဲေရာက္ေန၍ လူအုံက်ပ္ကာအသံဗလံေတြ
ဆူညံလွေသာ္လည္းေခါင့္စကားသံကိုသာ
နားစြင့္ေနသူနိုနို႔အဖို႔ ရွင္းရွင္းလင္းလင္းၾကားရ၏။

''ေခါင္ခ်က္တာမွန္သမွ်အကုန္ႀကိဳက္တယ္၊
ေခါင့္လက္နဲ႕ထိထားရင္ၿပီးေရာ"

မ်က္ႏွာၿပဳံးခ်ိဳခ်ိဳနဲ႕ေျပာလိုက္ေတာ့ ေခါင္ကအူယားသြားကာ
နိုနို႔ႏွာေခါင္းေလးကို ညွစ္ဟန္ျပဳလာေပမဲ့
ပတ္ဝန္းက်င္ေၾကာင့္လက္ျပန္႐ုတ္သြားေလသည္။
အလိုမက်မႈေၾကာင့္ နိုနို႔ႏႈတ္ခမ္းပါးေလးက
ေရွ႕သို႔မသိမသာစူထြက္လာသည္။

ေခါင္ကေလ သိပ္ကိုစည္းေစာင့္တာပဲ~~~

''ၾကက္၊ဝက္၊အမဲ ဘာစားမလဲ"

အသားေစ်းတန္းထဲမဝင္ခင္ေမးေတာ့
နိုနိုကမ်က္လုံးလွန္ၾကည့္လာကာ

''ေခါင္ႀကိဳက္တာဝယ္၊ ေခါင္စားခ်င္တာဝယ္၊
ေခါင္ခ်က္ခ်င္တာဝယ္ပါဆို"

''ဟုတ္ၿပီ...ဟုတ္ၿပီ"

ကိုယ္တစ္ေယာက္တည္းရွိတုန္းက
ျဖစ္သလိုစားခဲ့ေပမဲ့ ကေလးေလးကိုေတာ့
ေတာ္ဝင္စံအိမ္ေလာက္မဟုတ္ေတာင္ ျပည့္ျပည့္စုံစုံ
ခ်က္ေကြၽးခ်င္တာကေတာ့ ေခါင့္စိတ္ရင္းအမွန္ပင္ျဖစ္သည္။

ေနာက္ဆုံးေတာ့ ဝက္အာလူးခ်က္ရန္
ဝက္သားအစိတ္သားဝယ္ကာ အသားေစ်းတန္းမွ
နိုနို႔လက္ဆြဲၿပီးအျမန္ထြက္ရသည္။
အသားစိမ္းနံ႕ေတြ ရနံ႕သင္းတဲ့ကေလးေလးကိုယ္ေပၚ
စြဲကပ္သြားမွာကို ေခါင္မလိုလား။
ကုန္စိမ္းတန္းမွ အာလူးအစိတ္သားႏွင့္
ဟင္းသီးဟင္း႐ြက္တစ္မ်ိဳးစီထပ္ဝယ္ၿပီးခ်ိန္မွာေတာ့
မနက္စာခ်က္ျပဳတ္ဖို႔ရန္ အလုံအေလာက္ရွိသြားေပၿပီ။

''ဗိုက္ဆာေနၿပီလား"

''နည္းနည္း"

ဗိုက္ေလးကိုပြတ္သပ္ကာ နိုနိုခပ္တိုးတိုးျပန္ေျဖေတာ့
ေခါင္ကသေဘာတက်ရယ္ကာ ေစ်းဝင္းထဲမွရွမ္းဆိုင္ဆီ
နိုနို႔လက္ဆြဲကာေခၚသြားေလသည္။
လူၾကားထဲကြဲသြားမွာစိုးလို႔ ထပ္လ်က္ရွိတဲ့
လက္ႏွစ္ဖက္ကိုၾကည့္ကာ နိုဘယ္ေတာ္ဝင္ရဲ႕
မ်က္ဝန္းေလးေတြက လင္းလင္းလက္လက္။

''အေဒၚေရ ရွမ္းႏွစ္ပြဲ"

ခုံကတစ္ခုံပဲလြတ္ေတာ့တာမို႔ နိုနို႔ကိုပဲထိုင္ေစကာ
ေခါင္ကေတာ့နိုနို႔နံေဘးမတ္တပ္ရပ္လ်က္ လွမ္းမွာသည္။

''တို႔ဟူးႏြေးနဲ႕ေနာ္ အေဒၚ၊အသားေရာထည့္မွာ"

''ရမယ္ သားေရ၊မစားတာ ဘာေရွာင္ဦးမလဲ"

အေဒၚႀကီးက အလုပ္ႏွင့္လက္မျပတ္ေစဘဲ
လွမ္းေမးလာေတာ့ေခါင္ကနိုနို႔ပုခုံးကိုအသာပုတ္ကာ

''အကုန္စားတယ္မလား ကေလးေလး"

''ဟုတ္၊စားလို႔ရတာမွန္သမွ် အကုန္ထည့္"

''ဘာမွမေရွာင္ဘူးအေဒၚ....အကုန္ထည့္မယ္၊
ပြဲႀကီးပဲေပးေနာ္ အေဒၚ"

''ခဏေစာင့္ေနာ္ သားေလး"

လူက်တာမို႔ ကိုယ့္အလွည့္ေရာက္ရန္
မိနစ္အနည္းငယ္ေလာက္ေစာင့္ရ၏။
သို႔ေပသည့္ေစာင့္ရတာႏွင့္တန္ေအာင္ လက္ရာရွယ္ေကာင္းလွေပရာ နိုနိုဆိုေနာက္တစ္ပြဲထပ္စားေလသည္။

''ကေလးေလး ဒီမွာခဏေနခဲ့ေနာ္၊ကိုကိုဝယ္စရာတစ္ခု
က်န္ေသးလို႔"

''ဟုတ္"

စားေနရင္းတန္းလန္းဗလုံးဗေထြးေျဖလိုက္တာမို႔
အသံဟာခပ္ဝါးဝါး။လူၾကားထဲ တိုးထြက္သြားတဲ့ေခါင့္ကို
ေငးေမာၾကည့္ၿပီးမွ ရွမ္းေခါက္ဆြဲဆက္စားျခင္းအမႈျပဳရသည္။

''စားလို႔ၿပီးရင္ျပန္က်မယ္ေလ ကေလးေလး"

''ဟုတ္ကဲ့"

ခုံမွထရင္း နိုနို႔အၾကည့္ေတြကေခါင့္လက္ထဲမွအထုပ္ဆီ
အၾကည့္ေရာက္သြားသည္။အထုပ္မ်ားမ်ားစားစား
မရွိလွေပမဲ့ နိုနိုကူသယ္ေပးခ်င္တယ္။

''ဒါကို ေဘဘီနိုသယ္ခဲ့မယ္"

ေခါင့္လက္ထဲကအသီးအ႐ြက္ထုပ္ကို ဆြဲယူလိုက္ကာ
နိုနိုယူလိုက္ေတာ့ ေခါင့္လက္ထဲကအထုပ္ေတြက
ရွင္းလင္းသြားသည္။ရပ္ကြက္ေစ်းမို႔
အိမ္နဲ႕သိပ္မေဝးေသာ္လည္း နီးသလားဆိုေတာ့လည္း
မဟုတ္ေပ။

''အယ္ ကိုထြဋ္ေခါင္"

ေနာက္ပါးမွအသံေၾကာင့္ ေခါင္ေရာနိုနိုပါလွည့္ၾကည့္ေတာ့
ဟင္းသီးဟင္း႐ြက္ထည့္ထားတဲ့ျခင္းႏွစ္ျခင္းနဲ႕
ကိုးယို႔ကားယားျဖစ္ေနတဲ့ ဟင္းဆိုင္မွေကာင္မေလး။

''တစ္ေယာက္တည္းလား ေကသီ"

''ဟုတ္တယ္၊တစ္ေယာက္တည္းရယ္၊
အေမမအားလို႔ေလ ဒီေန႕၊အဲ့ဒါနဲ႕ တစ္ေယာက္တည္း
ေစ်းလာရတာ"

အေပးအယူစကားလမ္းေၾကာင္းတည့္ေနတဲ့ႏွစ္ေယာက္ကို
နိုနိုကမမွိတ္မသုန္အကဲခတ္ၾကည့္ေန၏။

''ကူသယ္ေပးမယ္ေလ ေကသီ"

''အားနာစရာ ကိုထြဋ္ေခါင္"

အားနာဟန္ေပါက္ေပမဲ့ သူမပုံစံကအကူအညီလိုေနေပရာ
ေခါင့္မွာၾကည့္မေနနိုင္။ျခင္းႏွစ္ျခင္းႏွင့္သူမက
အေတာ္ေလးၾကည့္ရတာ အဆင္မေျပေပ။
ထို႔ေၾကာင့္ပဲ ျခင္းကူသယ္ရန္သြားရန္အလို႔ငွာ
ေျခလွမ္းရန္ရွိေသး သူ႕ထက္အရင္ေကသီ့ဆီလွမ္းသြားတဲ့
ေက်ာျပင္ငယ္။

''ေပး"

''ဟမ္"

ေကသီ့မွာ ေၾကာင္အအ။

''မနိုင္တဲ့ျခင္းေပး...ႏွစ္ျခင္းလုံးမနိုင္ရင္ႏွစ္ျခင္းလုံးေပး၊
ကြၽန္ေတာ္ကူသယ္ေပးမယ္"

ထိုအထိေတာင္ ေကသီေရာေခါင္ပါေၾကာင္အမ္းအမ္း။
စိတ္မရွည္ေတာ့တဲ့နိုနိုကပဲ ေကသီ့လက္ထဲကႏွစ္ျခင္းလုံးကို
ဆြဲယူကာေရွ႕မွထြက္ေလသည္။

''ဘယ္အိမ္လဲ"

''ကေလးေလး....ကိုကိုသယ္"

''ေခါင္တိတ္တိတ္ေန"

မ်က္ႏွာမသာတဲ့နိုနိုက စိတ္မၾကည္ေနတာအမွန္။
ျခင္းကူသယ္ရာကေနအစျပဳလာမဲ့နီးစပ္မႈကို
နိုနိုခြင့္ျပဳလိုက္စရာလား....ေဝးေသးတယ္။

ဟြန့္...နိုနို႔ကိုေက်ာ္ၿပီးေခါင္နဲ႕နီးစပ္ခ်င္ရင္
ဘုရားမွာသြားဆုေတာင္းေနလိုက္။

............................

''အယ္...ကိုႀကီးတို႔ေရာက္ေနတာလား"

အျပင္မွျပန္လာတဲ့ေဒၚျမတ္ပန္းေတာ္ဝင္က
ဧည့္ခန္းထဲစကားလက္ဆုံက်ေနတဲ့သူေတြကိုျမင္ေတာ့
အံ့ၾသတႀကီးစကားဆိုလာသည္။
သူမအမ်ိဳးသားေဘးဝင္ထိုင္ၿပီးသည္အထိ
အံ့ၾသတႀကီးျဖစ္ေနေပ၏။

''ပန္းမ်ိဳးစိတ္ေတြလာေရာင္းရင္းနဲ႕ လမ္းသင့္လို႔ေလ"

''လမ္းမသင့္ရင္ မလာေတာ့ဘူးမ်ားစိတ္ကူးထားတာလား"

ေဒၚျမတ္ပန္းရဲ႕အ႐ႊန္းေဖာက္သည့္စကားကို
စကားဝိုင္းအတြင္းမွလူေတြက သေဘာတက်ရယ္လာၾကသည္။

စိတ္ခ်မ္းသာေနသည္မွန္းသိသာစြာ
ဦးဇာနည္ေတာ္ဝင္နဲ႕ေဒၚမိုးကလ်ာမ်က္ႏွာက
ဝင္းဝင္းပပ။ထိုသို႔ႏွစ္ေယာက္သားကို အတူတြဲျမင္ရဖို႔
အခ်ိန္အေတာ္ၾကာေအာင္ ဦးဇာနည္ေတာ္ဝင္မွာ
ႀကိဳးစားယူခဲ့ရသည္။
ေနာက္ဆုံးေတာ့ ေတာ္ဝင္စံအိမ္မွစည္းစိမ္ဥစၥာေတြကို
မ်က္ကြယ္ျပဳကာနယ္မွာအေျခခ်ေနၿပီျဖစ္တဲ့
ေဒၚမိုးကလ်ာေနာက္ တေကာက္ေကာက္လိုက္သြားတာသာ
ၾကည့္ေတာ့။

ေတာ္ဝင္ေယာက္်ားကေတာ့ ဖခင္ျဖစ္သူႏွင့္မိေထြးအေပၚ
ခြင့္လႊတ္သည္လည္းမဟုတ္၊ခြင့္မလႊတ္ဘူးဟုလည္း
စကားမဆိုဘဲ ေနၿမဲအတိုင္းသာ။ဆိုေပသည့္
လက္ရွိမွာေတာ့ အရင္ကထက္အေျခအေနေကာင္းလာၿပီ
ျဖစ္ေပသည္။

''တူေလးတို႔ဆီေရာ ဝင္ခဲ့ၿပီးၿပီလား"

''ဒီကအျပန္မွဝင္မလားလို႔ေလ...ဒါနဲ႕ထိုက္ေရာ"

''အလုပ္ကိစၥနဲ႕ခရီးထြက္သြားတယ္ေလ၊
မနက္ျဖန္ေလာက္ ျပန္လာမယ္ေျပာတာပဲ"

''ေၾသာ္...နိုနိုေလးေရာ"

''နိုနိုအိမ္မွာမရွိဘူး"

''ဘယ္သြားလို႔လဲ...ဆယ္တန္းေအာင္စာရင္းေတြ
ထြက္ေတာ့မွာမဟုတ္လား"

''သူအခ်စ္ေနာက္လိုက္ေနတယ္"

ထိပ္ဆုံးမွာမိန့္မိန့္ႀကီးထိုင္ေနတဲ့ဦးမင္းေတာ္ဝင္က
ရယ္က်ဲက်ဲဝင္ေျပာလာေတာ့ ဦးဇာနည္နဲ႕ေဒၚမိုးကလ်ာမွာ
နားမလည္နိုင္စြာေၾကာင္အမ္းအမ္း။

''မင္းတို႔တူက မၾကာခင္မွာသူ႕ခ်စ္သူလက္ဆြဲၿပီး
မိတ္ဆက္ေပးလာေတာ့မွာကြ"

''ဗ်ာ"

''ရွင္"

.................................

Comment