''ပြန်ချင်လှပြီလား...နိုနို"
ဖင်တကြွကြွဖြစ်နေတဲ့နိုနို့ကို နွေရတုကပြုံးကာ
မေးလာသည်။နာမကျန်းရာမှနေကောင်းစပြုလာတဲ့
နွေရတုမျက်နှာက နွမ်းလျလျ။
လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ပြူးကြောင်လေးနှင့်စုတ်ဖွားလေး
ဖြစ်တဲ့ကြောင်နှစ်ကောင်က ရှေ့ဆင့်နောက်ဆင့်
နှုတ်ဆက်ထွက်ခွာသွားသည်မဟုတ်လား။
ကြောင်နှစ်ကောင်ရဲ့စွန့်ခွာခြင်းက နွေရတုကို
အိပ်ယာထဲဘုန်းဘုန်းလဲကျစေသည်အထိ။
ကိုယ်တွေအမြင်မှာသာ ကြောင်နှစ်ကောင်ကို
ကလေးလို့မြင်နိုင်ပေမဲ့ ဆယ်နှစ်ကျော်သက်တမ်းဟာ
ကြောင်တွေအတွက်တော့ အသက်ကြီးပြီလို့ဆိုရမည်မဟုတ်လားလေ။
''ပြန်ချင်လွန်းလှပြီတော့ မဟုတ်ပေမဲ့..."
နွေရတုက နိုနို့ကိုကြည့်ပြီးခပ်ဖွဖွရယ်သည်။
တော်ဝင်ယောက်ျားက ကျူရှင်တက်နေတဲ့နွေဦးတော်ဝင်ကို
သွားကြိုတာမို့အိမ်မှာမရှိ။
''ခဏနေကျ သီဟလာတော့မယ်ထင်တယ်"
''ကိုမောင့်ချည်း ပြန်လိုက်ပို့နေရတာအားနာစရာ"
နှုတ်ကသာအားနာစရာလို့ဆိုလာပေမဲ့
မျက်နှာအမူအရာမှာတော့အားနာရိပ်တစွန်းတစမျှမရှိ။
ညစျေးမှာကုန်ထမ်းတဲ့ခေါင်က နေစောင်းမှသာ
အမြဲပြန်ရောက်လာတတ်သည်။
နိုနို့ဘာသာ ခေါင့်အိမ်ပြန်တတ်ပေမဲ့နွေရတုက
စိတ်မချဟုဆိုကာ ရဲသီဟမောင်ကိုပြန်လိုက်ပို့ခိုင်းတတ်သည်။
မောင်က ပြုံးရွှင်ကာဖြင့်သာနိုနို့အိမ်ပြန်လိုက်ပို့ခြင်းအမှုကို
ထမ်းဆောင်သည်။
''ဆယ်တန်းအောင်စာရင်းထွက်တော့မှာမလား"
''ဟုတ်တယ် ကိုကိုနွေ"
''ဘယ်လိုမှမနေဘူးလား နိုနို"
''ဘယ်လိုနေရမှာတုန်း ကိုကိုနွေရဲ့၊
ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်မယ်၊
ဆယ်တန်းကျရင် အထက်တန်းပြန်တက်ယုံပဲပေါ့"
နိုနို့အဖြေကြောင့် နွေရတုမျက်ခုံးနှစ်ဖက်ပင့်ခနဲ။
နိုနို့မှာ ရည်မှန်းချက်ကြီးကြီးမားမားမရှိဘူး။
အဖိုးရဲ့လမ်းညွှန်မှုကြောင့် အိမ်ရှိစီးပွားရေးလုပ်ငန်း
လည်ပတ်စဥ်ကို ငယ်ကတည်းကလေ့လာလိုက်စားခဲ့ပြီး
ဖြစ်သည်။နိုနို့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က
ခေါင့်အနားအမြဲကပ်တွယ်နေရဖို့ပဲ။
''နိုနို"
''ဟော...သီဟလာပြီထင်တယ်"
ပြုံးဖြဲဖြဲနှင့်ဝင်လာသော သီဟက
ခုံအများကြီးရှိပါလျက်နိုနို့ဘေးမှာ ကပ်လျက်ဝင်ထိုင်သည်။
''ကိုမောင် လိုက်ပို့မှာမလား"
''ပြန်တော့မလို့လား နိုနိုက"
''အွန်း"
''ပြန်ချင်နေတာကြာလှပေါ့ နိုနိုက"
ကြည်လင်အေးချမ်းနေတဲ့နွေရတုမျက်နှာလေးက
နုနယ်လွန်းလို့ အသက်လေးဆယ်ရှိပြီဆိုတာယုံနိုင်ဖွယ်မရှိ။
ထိုသို့အရွယ်တင်နေလို့လည်း တော်ဝင်ယောက်ျားက
နွေရတုကိုခုချိန်ထိ သဝန်တိုမြဲ၊တိုဆဲ။
အင်း...အချစ်ကအသက်အရွယ်မခွဲဘူးဆိုတာ
အမှန်ပဲပေါ့လေ။
''ပြန်မယ်ဆိုသွားရအောင်လေ မိုးမချုပ်ခင်"
''သွားကြတာပေါ့...ဒါဆို ကိုကိုနွေ
နိုနိုတို့သွားတော့မယ်နော်၊နောက်နေ့မှ ထပ်လာခဲ့မယ်"
''အင်းပါ...အင်းပါ"
နှစ်ယောက်သားနွေရတုကိုနှုတ်ဆက်ကာ
ရဲသီဟမောင်ဆိုင်ကယ်နှင့်ပဲ ပြန်လာလိုက်ကြသည်။
နိုနို့ဘက်ကတိတ်ဆိတ်နေတော့
မောင်လည်းပဲ ဆိတ်ဆိတ်တိတ်နေမိသည်။
ညနေစောင်းချိန်ဖြစ်နေသေးပေမဲ့
လမ်းမီးတွေက လမ်းတစ်လျှောက်ထိန်ထိန်လင်းလျက်။
ခေါင့်အိမ်ရှေ့ရောက်တော့ မှောင်နေတဲ့အိမ်လေးက
လူမရှိကြောင်းသက်သေထူနေသလို။
မောင်က ဆိုင်ကယ်ရပ်ပေးလိုက်တော့
နိုနိုကလွှားခနဲခုန်ဆင်း၏။
''ကျေးဇူးပဲ ကိုမောင်"
''လုပ်ပြီ နိုနိုက"
မောင့်ရဲ့မလိုလားဟန်စကားသံကို
နိုနိုက တဟဲဟဲရယ်ပြရင်းအသည်းခြွေသည်။
''တစ်လမ်းလုံးငြိမ်လိုက်လာတာ
ဘာတွေများအတွေးလွန်နေတာလဲ"
လေတိုးထားလို့ခပ်ဖွဖွဖြစ်နေတဲ့ နိုနို့ဆံပင်ကို
အသာဖိချပေးကာဆိုတော့ နိုနိုကမောင့်ဆိုင်ကယ်ကို
လက်နှင့်ခပ်သာသာပုတ်ပြရင်း
''ခေါင့်ကို ဆိုင်ကယ်ဝယ်ပေးရင်ကောင်းမလား
တွေးနေတာ"
''သြော်"
မောင့်မျက်နှာက သိသိသာသာပျက်ကျသွားသည်။
ဆိုင်ကယ်ဆီအာရုံရောက်နေတဲ့နိုနိုကတော့
မောင့်မျက်နှာပျက်သွားတာ မသိလိုက်။
''ညစျေးကသိပ်မဝေးပါဘူး နိုနိုရယ်"
''မဝေးလည်း နေ့စဥ်နဲ့အမျှလမ်းလျှောက်သွားရတာလေ
ကိုမောင်ရဲ့၊ခေါင့်ခြေထောက် အသားမာတွေတက်နေတာ
နိုနိုမကြည့်ရက်ဘူး"
ပြောနေရင်းပင် နိုနို့မျက်နှာလေးက
ငိုမဲ့မဲ့ဖြစ်လာ၏။မောင်က နိုနို့ရဲ့ခပ်ဖွဖွညှစ်ကာ
ချော့မြှူလေသည်။
''မိုးချုပ်နေပြီလေ ကိုမောင်"
''တစ်ယောက်တည်းနေရဲလို့လား"
''နိုနိုက ယောက်ျားလေးပါ"
''ဟုတ်ပါပြီ ကလေးလေးရယ်"
''အဲ့လိုမခေါ်ပါနဲ့ဆို"
ခေါင်နဲ့ပတ်သက်လျှင် အခေါ်အဝေါ်ကအစ
နိုနိုကတွန့်တိုတတ်သည်။
''နောက်မခေါ်တော့ဘူးကွာ ရပြီလား"
ဆိုင်ကယ်ပေါ်တက်ခွကာ ဘက်ပြန်လှည့်ပြီး
''သွားတော့မယ်နော် နိုနို"
''တာ့တာ"
''တစ်ခုခုဆို ဖုန်းလှမ်းဆက်လိုက်"
စိတ်မချဖြစ်နေတဲ့မောင့်ကို နိုနိုကအတင်းနှင်ထုတ်မှသာ
ခေါင်တို့အိမ်ရှေ့ကမောင့်ဆိုင်ကယ်
မောင်းထွက်သွားလေသည်။
မောင့်ဆိုင်ကယ်ပျောက်ကွယ်သွားသည်အထိကြည့်ပြီးမှ
နိုနိုလည်းခြံတံခါးတွန်းဖွင့်ပြီး မှောင်နေသည့်
အိမ်လေးထဲသို့ဝင်လာခဲ့လိုက်သည်။
.................................
''ကလေးလေး!!''
ခေါင့်အသံကြောင့် ထမင်းစားပွဲဝိုင်းကို
တစိမ့်စိမ့်ထိုင်ငေးကြည့်နေတဲ့နိုနိုက
အမြန်ထကာကြိုလေသည်။
''ခေါင် ပြန်လာပြီလား"
''ကလေးလေး အနားမလာနဲ့"
အနားရောက်လာတဲ့နိုနို့ကို လက်ကာတားတော့
နိုနိုကနားမလည်သလိုလေးကြည့်လာသည်။
''ကိုကို့ကိုယ်က ချွေးစော်နံတယ်"
လေးလံလှတဲ့ကုန်တွေထမ်းကာ တစ်ဆိုင်ဝင်၊
တစ်ဆိုင်ထွက်ပို့ရသည်မို့မသက်သာလှပေ။
လူကြားထဲတိုးကာလုပ်ရသည်မို့ ပူအိုက်ကာ
ချွေးထွက်၍ ခေါင့်ကိုယ်ကအနံ့ထွက်၏။
''ခေါင့်ချွေးနံ့ကို သဘောကျတယ်"
စကားနားမထောင်တဲ့နိုနိုက
ခေါင့်ကိုယ်လုံးကြီးကို သူ့လက်နှင့်ဆန့်သလောက်
ပွေ့ဖက်ကာ ရင်အုပ်ကျယ်ကြီးကို
တရှုံ့ရှုံ့လိုက်နမ်းသည်။
''က...ကလေးလေး"
ထူးဆန်းလှသောခံစားချက်ကြီးကြောင့်
ခေါင်စကားတွေပင်ထစ်သွား၏။
အခုန်မြန်လာတဲ့နှလုံးခုန်သံကို ကလေးလေးကြားသွားမှာ
ခေါင်စိုးထိတ်လှ၍ လူချင်းခွာလိုက်တော့
နိုနိုကနားမလည်သလိုလေးမော့ကြည့်လာသည်။
''ကိုကို ရေသွားချိုးတော့မယ်"
လွယ်အိတ်ကိုပစ်ချကာ အိမ်အောက်အမြန်ပြန်ဆင်းသွားတဲ့
ခေါင့်ကို အတန်ကြာကြောင်ငေးကြည့်ရင်းမှ
သတိတရလှမ်းအော်ပြောရသေးသည်။
''ရေဝအောင်ချိုးနော် ခေါင်"
ထို့နောက် ခေါင်ရေချိုးရင်ထမင်းတစ်ခါတည်း
စားလို့ရအောင် နိုနိုမီးဖိုခန်းထဲဝင်ကာခူးခပ်ထားလိုက်သည်။
ထမင်းကတော့ မနက်ကတည်းကခေါင်ချက်ထားတာမို့
ထပ်ချက်စရာမလို။ဟင်းကတော့ အိမ်ကဒေါ်ကြီးဆီက
သင်ခဲ့တာကို နိုနိုလက်စွမ်းပြထားတာ။
ခေါင့်ကိုကိုယ်တိုင်ကိုယ်ကျ ချက်ကျွေးချင်လို့ကို
သေချာဂရုတစိုက်သင်ခဲ့ရတာ။
တော်သေးသည်က ခေါင်ကလျှပ်စစ်အိုးဝယ်ထားလို့သာ
တော်ပေရော့မည်။မဟုတ်ပါက နိုနို
မီးမွှေးပြီးမချက်တတ်။
''ခေါင်ပြီးတော့တာလား"
စွပ်ကျယ်ကောက်ဝတ်နေတဲ့ခေါင့်နားသွားကာ
မေးလိုက်တော့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်။
''ထမင်းစားရအောင်...ဘေဘီနိုကိုယ်တိုင်ချက်ထားတာ"
''ဟင်"
ခေါင်မျက်လုံးပြူးသွားပြီး နိုနို့လက်ကိုဆွဲယူကာ
နေရာအနှံ့စေ့စေ့စပ်စပ်ကြည့်၏။
''ဘေဘီနိုဘာမှမဖြစ်ပါဘူး ခေါင်ရဲ့"
''နောက်ဘယ်တော့မှ မီးဖိုခန်းမဝင်နဲ့တော့နော်
ကလေးလေး"
''ဘေဘီနိုက ခေါင့်ကိုချက်ကျွေးချင်လို့ကို"
နိုနိုကမျက်နှာငယ်လေးနှင့်ဆိုလာတော့လည်း
ခေါင့်မှာတားမြစ်နိုင်စွမ်းမရှိတော့။
''လာပါ...ထမင်းသွားစားရအောင်"
ခေါင့်လက်ဆွဲကာ မီးဖိုခန်းထဲသို့ဝင်သည်။
ထမင်းစားပွဲဝိုင်းပေါ်မှဟင်းတွေကိုမြင်တော့
ခေါင့်မှာမျက်လုံးပြူးလျက်။
ကြက်ဥကြော်၊ကြက်ဥချက်၊ကြက်ဥသုပ်၊
ကြက်ဥနဲ့ခရမ်းချဥ်သီးမွှေကြော်.....
''ဟဲဟဲ...အိမ်မှာကြက်ဥပဲတွေ့လို့"
''ကြိုက်တယ်...ကြိုက်တယ်၊ကိုကိုကြိုက်တယ်"
''ဒါဆို ကုန်အောင်စားနော် ခေါင်"
ခေါင်ကခေါင်းတဆတ်ဆတ်ငြိမ့်ကာ
စားပွဲဝိုင်းမှာဝင်ထိုင်သည်။
ကလေးလေးလက်ရာ တကယ်ကောင်းတာကိုတော့
ခေါင်ထောက်ခံမိသည်။
ရွှေဘုံစံသူဌေးသားလေးက ကိုယ့်လိုလူကို
ချက်ကျွေးဖို့အတွက်ဟင်းချက်သင်ခဲ့တယ်ဆိုတော့
ကြည်နူးရသည်။
ဝဠာထွဋ်ခေါင်အတွက်တော့ နိုဘယ်တော်ဝင်က
ပင်မြင့်ထက်မှအဖိုးတန်သည့် တော်ဝင်ပန်းတစ်ပွင့်လို~~
............................
Zawgyi
''ျပန္ခ်င္လွၿပီလား...နိုနို"
ဖင္တႂကြႂကြျဖစ္ေနတဲ့နိုနို႔ကို ႏြေရတုကၿပဳံးကာ
ေမးလာသည္။နာမက်န္းရာမွေနေကာင္းစျပဳလာတဲ့
ႏြေရတုမ်က္ႏွာက ႏြမ္းလ်လ်။
လြန္ခဲ့တဲ့ရက္ပိုင္းကပဲ ျပဴးေၾကာင္ေလးႏွင့္စုတ္ဖြားေလး
ျဖစ္တဲ့ေၾကာင္ႏွစ္ေကာင္က ေရွ႕ဆင့္ေနာက္ဆင့္
ႏႈတ္ဆက္ထြက္ခြာသြားသည္မဟုတ္လား။
ေၾကာင္ႏွစ္ေကာင္ရဲ႕စြန့္ခြာျခင္းက ႏြေရတုကို
အိပ္ယာထဲဘုန္းဘုန္းလဲက်ေစသည္အထိ။
ကိုယ္ေတြအျမင္မွာသာ ေၾကာင္ႏွစ္ေကာင္ကို
ကေလးလို႔ျမင္နိုင္ေပမဲ့ ဆယ္ႏွစ္ေက်ာ္သက္တမ္းဟာ
ေၾကာင္ေတြအတြက္ေတာ့ အသက္ႀကီးၿပီလို႔ဆိုရမည္မဟုတ္လားေလ။
''ျပန္ခ်င္လြန္းလွၿပီေတာ့ မဟုတ္ေပမဲ့..."
ႏြေရတုက နိုနို႔ကိုၾကည့္ၿပီးခပ္ဖြဖြရယ္သည္။
ေတာ္ဝင္ေယာက္်ားက က်ဴရွင္တက္ေနတဲ့ႏြေဦးေတာ္ဝင္ကို
သြားႀကိဳတာမို႔အိမ္မွာမရွိ။
''ခဏေနက် သီဟလာေတာ့မယ္ထင္တယ္"
''ကိုေမာင့္ခ်ည္း ျပန္လိုက္ပို႔ေနရတာအားနာစရာ"
ႏႈတ္ကသာအားနာစရာလို႔ဆိုလာေပမဲ့
မ်က္ႏွာအမူအရာမွာေတာ့အားနာရိပ္တစြန္းတစမွ်မရွိ။
ညေစ်းမွာကုန္ထမ္းတဲ့ေခါင္က ေနေစာင္းမွသာ
အၿမဲျပန္ေရာက္လာတတ္သည္။
နိုနို႔ဘာသာ ေခါင့္အိမ္ျပန္တတ္ေပမဲ့ႏြေရတုက
စိတ္မခ်ဟဳဆိုကာ ရဲသီဟေမာင္ကိုျပန္လိုက္ပို႔ခိုင္းတတ္သည္။
ေမာင္က ၿပဳံး႐ႊင္ကာျဖင့္သာနိုနို႔အိမ္ျပန္လိုက္ပို႔ျခင္းအမႈကို
ထမ္းေဆာင္သည္။
''ဆယ္တန္းေအာင္စာရင္းထြက္ေတာ့မွာမလား"
''ဟုတ္တယ္ ကိုကိုႏြေ"
''ဘယ္လိုမွမေနဘူးလား နိုနို"
''ဘယ္လိုေနရမွာတုန္း ကိုကိုႏြေရဲ႕၊
ဆယ္တန္းေအာင္ရင္ တကၠသိုလ္တက္မယ္၊
ဆယ္တန္းက်ရင္ အထက္တန္းျပန္တက္ယုံပဲေပါ့"
နိုနို႔အေျဖေၾကာင့္ ႏြေရတုမ်က္ခုံးႏွစ္ဖက္ပင့္ခနဲ။
နိုနို႔မွာ ရည္မွန္းခ်က္ႀကီးႀကီးမားမားမရွိဘူး။
အဖိုးရဲ႕လမ္းၫႊန္မႈေၾကာင့္ အိမ္ရွိစီးပြားေရးလုပ္ငန္း
လည္ပတ္စဥ္ကို ငယ္ကတည္းကေလ့လာလိုက္စားခဲ့ၿပီး
ျဖစ္သည္။နိုနို႔ရဲ႕တစ္ခုတည္းေသာရည္မွန္းခ်က္က
ေခါင့္အနားအၿမဲကပ္တြယ္ေနရဖို႔ပဲ။
''နိုနို"
''ေဟာ...သီဟလာၿပီထင္တယ္"
ၿပဳံးၿဖဲၿဖဲႏွင့္ဝင္လာေသာ သီဟက
ခုံအမ်ားႀကီးရွိပါလ်က္နိုနို႔ေဘးမွာ ကပ္လ်က္ဝင္ထိုင္သည္။
''ကိုေမာင္ လိုက္ပို႔မွာမလား"
''ျပန္ေတာ့မလို႔လား နိုနိုက"
''အြန္း"
''ျပန္ခ်င္ေနတာၾကာလွေပါ့ နိုနိုက"
ၾကည္လင္ေအးခ်မ္းေနတဲ့ႏြေရတုမ်က္ႏွာေလးက
ႏုနယ္လြန္းလို႔ အသက္ေလးဆယ္ရွိၿပီဆိုတာယုံနိုင္ဖြယ္မရွိ။
ထိုသို႔အ႐ြယ္တင္ေနလို႔လည္း ေတာ္ဝင္ေယာက္်ားက
ႏြေရတုကိုခုခ်ိန္ထိ သဝန္တိုၿမဲ၊တိုဆဲ။
အင္း...အခ်စ္ကအသက္အ႐ြယ္မခြဲဘူးဆိုတာ
အမွန္ပဲေပါ့ေလ။
''ျပန္မယ္ဆိုသြားရေအာင္ေလ မိုးမခ်ဳပ္ခင္"
''သြားၾကတာေပါ့...ဒါဆို ကိုကိုႏြေ
နိုနိုတို႔သြားေတာ့မယ္ေနာ္၊ေနာက္ေန႕မွ ထပ္လာခဲ့မယ္"
''အင္းပါ...အင္းပါ"
ႏွစ္ေယာက္သားႏြေရတုကိုႏႈတ္ဆက္ကာ
ရဲသီဟေမာင္ဆိုင္ကယ္ႏွင့္ပဲ ျပန္လာလိုက္ၾကသည္။
နိုနို႔ဘက္ကတိတ္ဆိတ္ေနေတာ့
ေမာင္လည္းပဲ ဆိတ္ဆိတ္တိတ္ေနမိသည္။
ညေနေစာင္းခ်ိန္ျဖစ္ေနေသးေပမဲ့
လမ္းမီးေတြက လမ္းတစ္ေလွ်ာက္ထိန္ထိန္လင္းလ်က္။
ေခါင့္အိမ္ေရွ႕ေရာက္ေတာ့ ေမွာင္ေနတဲ့အိမ္ေလးက
လူမရွိေၾကာင္းသက္ေသထူေနသလို။
ေမာင္က ဆိုင္ကယ္ရပ္ေပးလိုက္ေတာ့
နိုနိုကလႊားခနဲခုန္ဆင္း၏။
''ေက်းဇူးပဲ ကိုေမာင္"
''လုပ္ၿပီ နိုနိုက"
ေမာင့္ရဲ႕မလိုလားဟန္စကားသံကို
နိုနိုက တဟဲဟဲရယ္ျပရင္းအသည္းေႁခြသည္။
''တစ္လမ္းလုံးၿငိမ္လိုက္လာတာ
ဘာေတြမ်ားအေတြးလြန္ေနတာလဲ"
ေလတိုးထားလို႔ခပ္ဖြဖြျဖစ္ေနတဲ့ နိုနို႔ဆံပင္ကို
အသာဖိခ်ေပးကာဆိုေတာ့ နိုနိုကေမာင့္ဆိုင္ကယ္ကို
လက္ႏွင့္ခပ္သာသာပုတ္ျပရင္း
''ေခါင့္ကို ဆိုင္ကယ္ဝယ္ေပးရင္ေကာင္းမလား
ေတြးေနတာ"
''ေၾသာ္"
ေမာင့္မ်က္ႏွာက သိသိသာသာပ်က္က်သြားသည္။
ဆိုင္ကယ္ဆီအာ႐ုံေရာက္ေနတဲ့နိုနိုကေတာ့
ေမာင့္မ်က္ႏွာပ်က္သြားတာ မသိလိုက္။
''ညေစ်းကသိပ္မေဝးပါဘူး နိုနိုရယ္"
''မေဝးလည္း ေန႕စဥ္နဲ႕အမွ်လမ္းေလွ်ာက္သြားရတာေလ
ကိုေမာင္ရဲ႕၊ေခါင့္ေျခေထာက္ အသားမာေတြတက္ေနတာ
နိုနိုမၾကည့္ရက္ဘူး"
ေျပာေနရင္းပင္ နိုနို႔မ်က္ႏွာေလးက
ငိုမဲ့မဲ့ျဖစ္လာ၏။ေမာင္က နိုနို႔ရဲ႕ခပ္ဖြဖြညွစ္ကာ
ေခ်ာ့ျမႇူေလသည္။
''မိုးခ်ဳပ္ေနၿပီေလ ကိုေမာင္"
''တစ္ေယာက္တည္းေနရဲလို႔လား"
''နိုနိုက ေယာက္်ားေလးပါ"
''ဟုတ္ပါၿပီ ကေလးေလးရယ္"
''အဲ့လိုမေခၚပါနဲ႕ဆို"
ေခါင္နဲ႕ပတ္သက္လွ်င္ အေခၚအေဝၚကအစ
နိုနိုကတြန့္တိုတတ္သည္။
''ေနာက္မေခၚေတာ့ဘူးကြာ ရၿပီလား"
ဆိုင္ကယ္ေပၚတက္ခြကာ ဘက္ျပန္လွည့္ၿပီး
''သြားေတာ့မယ္ေနာ္ နိုနို"
''တာ့တာ"
''တစ္ခုခုဆို ဖုန္းလွမ္းဆက္လိုက္"
စိတ္မခ်ျဖစ္ေနတဲ့ေမာင့္ကို နိုနိုကအတင္းႏွင္ထုတ္မွသာ
ေခါင္တို႔အိမ္ေရွ႕ကေမာင့္ဆိုင္ကယ္
ေမာင္းထြက္သြားေလသည္။
ေမာင့္ဆိုင္ကယ္ေပ်ာက္ကြယ္သြားသည္အထိၾကည့္ၿပီးမွ
နိုနိုလည္းၿခံတံခါးတြန္းဖြင့္ၿပီး ေမွာင္ေနသည့္
အိမ္ေလးထဲသို႔ဝင္လာခဲ့လိုက္သည္။
.................................
''ကေလးေလး!!''
ေခါင့္အသံေၾကာင့္ ထမင္းစားပြဲဝိုင္းကို
တစိမ့္စိမ့္ထိုင္ေငးၾကည့္ေနတဲ့နိုနိုက
အျမန္ထကာႀကိဳေလသည္။
''ေခါင္ ျပန္လာၿပီလား"
''ကေလးေလး အနားမလာနဲ႕"
အနားေရာက္လာတဲ့နိုနို႔ကို လက္ကာတားေတာ့
နိုနိုကနားမလည္သလိုေလးၾကည့္လာသည္။
''ကိုကို႔ကိုယ္က ေခြၽးေစာ္နံတယ္"
ေလးလံလွတဲ့ကုန္ေတြထမ္းကာ တစ္ဆိုင္ဝင္၊
တစ္ဆိုင္ထြက္ပို႔ရသည္မို႔မသက္သာလွေပ။
လူၾကားထဲတိုးကာလုပ္ရသည္မို႔ ပူအိုက္ကာ
ေခြၽးထြက္၍ ေခါင့္ကိုယ္ကအနံ႕ထြက္၏။
''ေခါင့္ေခြၽးနံ႕ကို သေဘာက်တယ္"
စကားနားမေထာင္တဲ့နိုနိုက
ေခါင့္ကိုယ္လုံးႀကီးကို သူ႕လက္ႏွင့္ဆန့္သေလာက္
ေပြ႕ဖက္ကာ ရင္အုပ္က်ယ္ႀကီးကို
တရႈံ႕ရႈံ႕လိုက္နမ္းသည္။
''က...ကေလးေလး"
ထူးဆန္းလွေသာခံစားခ်က္ႀကီးေၾကာင့္
ေခါင္စကားေတြပင္ထစ္သြား၏။
အခုန္ျမန္လာတဲ့ႏွလုံးခုန္သံကို ကေလးေလးၾကားသြားမွာ
ေခါင္စိုးထိတ္လွ၍ လူခ်င္းခြာလိုက္ေတာ့
နိုနိုကနားမလည္သလိုေလးေမာ့ၾကည့္လာသည္။
''ကိုကို ေရသြားခ်ိဳးေတာ့မယ္"
လြယ္အိတ္ကိုပစ္ခ်ကာ အိမ္ေအာက္အျမန္ျပန္ဆင္းသြားတဲ့
ေခါင့္ကို အတန္ၾကာေၾကာင္ေငးၾကည့္ရင္းမွ
သတိတရလွမ္းေအာ္ေျပာရေသးသည္။
''ေရဝေအာင္ခ်ိဳးေနာ္ ေခါင္"
ထို႔ေနာက္ ေခါင္ေရခ်ိဳးရင္ထမင္းတစ္ခါတည္း
စားလို႔ရေအာင္ နိုနိုမီးဖိုခန္းထဲဝင္ကာခူးခပ္ထားလိုက္သည္။
ထမင္းကေတာ့ မနက္ကတည္းကေခါင္ခ်က္ထားတာမို႔
ထပ္ခ်က္စရာမလို။ဟင္းကေတာ့ အိမ္ကေဒၚႀကီးဆီက
သင္ခဲ့တာကို နိုနိုလက္စြမ္းျပထားတာ။
ေခါင့္ကိုကိုယ္တိုင္ကိုယ္က် ခ်က္ေကြၽးခ်င္လို႔ကို
ေသခ်ာဂ႐ုတစိုက္သင္ခဲ့ရတာ။
ေတာ္ေသးသည္က ေခါင္ကလွ်ပ္စစ္အိုးဝယ္ထားလို႔သာ
ေတာ္ေပေရာ့မည္။မဟုတ္ပါက နိုနို
မီးေမႊးၿပီးမခ်က္တတ္။
''ေခါင္ၿပီးေတာ့တာလား"
စြပ္က်ယ္ေကာက္ဝတ္ေနတဲ့ေခါင့္နားသြားကာ
ေမးလိုက္ေတာ့ ေခါင္းတဆတ္ဆတ္ၿငိမ့္ျပလာသည္။
''ထမင္းစားရေအာင္...ေဘဘီနိုကိုယ္တိုင္ခ်က္ထားတာ"
''ဟင္"
ေခါင္မ်က္လုံးျပဴးသြားၿပီး နိုနို႔လက္ကိုဆြဲယူကာ
ေနရာအႏွံ႕ေစ့ေစ့စပ္စပ္ၾကည့္၏။
''ေဘဘီနိုဘာမွမျဖစ္ပါဘူး ေခါင္ရဲ႕"
''ေနာက္ဘယ္ေတာ့မွ မီးဖိုခန္းမဝင္နဲ႕ေတာ့ေနာ္
ကေလးေလး"
''ေဘဘီနိုက ေခါင့္ကိုခ်က္ေကြၽးခ်င္လို႔ကို"
နိုနိုကမ်က္ႏွာငယ္ေလးႏွင့္ဆိုလာေတာ့လည္း
ေခါင့္မွာတားျမစ္နိုင္စြမ္းမရွိေတာ့။
''လာပါ...ထမင္းသြားစားရေအာင္"
ေခါင့္လက္ဆြဲကာ မီးဖိုခန္းထဲသို႔ဝင္သည္။
ထမင္းစားပြဲဝိုင္းေပၚမွဟင္းေတြကိုျမင္ေတာ့
ေခါင့္မွာမ်က္လုံးျပဴးလ်က္။
ၾကက္ဥေမႊေၾကာ္၊ၾကက္ဥခ်က္၊ၾကက္ဥသုပ္၊
ၾကက္ဥနဲ႕ခရမ္းခ်ဥ္သီးေမႊေၾကာ္.....
''ဟဲဟဲ...အိမ္မွာၾကက္ဥပဲေတြ႕လို႔"
''ႀကိဳက္တယ္...ႀကိဳက္တယ္၊ကိုကိုႀကိဳက္တယ္"
''ဒါဆို ကုန္ေအာင္စားေနာ္ ေခါင္"
ေခါင္ကေခါင္းတဆတ္ဆတ္ၿငိမ့္ကာ
စားပြဲဝိုင္းမွာဝင္ထိုင္သည္။
ကေလးေလးလက္ရာ တကယ္ေကာင္းတာကိုေတာ့
ေခါင္ေထာက္ခံမိသည္။
ေ႐ႊဘုံစံသူေဌးသားေလးက ကိုယ့္လိုလူကို
ခ်က္ေကြၽးဖို႔အတြက္ဟင္းခ်က္သင္ခဲ့တယ္ဆိုေတာ့
ၾကည္ႏူးရသည္။
ဝဠာထြဋ္ေခါင္အတြက္ေတာ့ နိုဘယ္ေတာ္ဝင္က
ပင္ျမင့္ထက္မွအဖိုးတန္သည့္ ေတာ္ဝင္ပန္းတစ္ပြင့္လို~~
............................