8

ဆော့ဂျင်လည်းဂျောင်ဂုရဲ့ကားနားကိုသွား
လိုက်တယ်..

Jk : အသိတရားတော့ရှိသေးသားပဲ

Jin : ခဗျားဘာပြောတာ

Jk : ဘာမှမဟုတ်ဖူးတက်

ဆော့ဂျင်လည်းကားပေါ်တက်ဖို့
ကားတံခါးအားဖွင့်ကာဝင်ထိုင်လိုက်သည်။

Jk : ဟေ့! အရှေ့ကတက် ငါမင်းရဲ့ဒရိုင်ဘာမဟုတ်ဘူး

ဆော့ဂျင် ချဉ်နေတဲ့အကြည့်တွေနဲ့
အဲ့လူ့ဂွစာအားကြည့်လိုက်သည်။

ဟုတ်တယ်လေ...နောက်ကလိုက်တော့
သူလူညွန့်တုံးသွားမှာစိုးလို့လား?
အမြဲတမ်းမူကြိုမှာနောက်ကပဲ
လိုက်နေကျမလို့...အကျင့်ပါပြီး
နောက်ကတက်လိုက်တဲ့ဟာကို
ပြီးတော့ထိုင်ပြီးသွားကာမှ...

ဆော့ဂျင် အပြင်မှာတော့ဘာမှမပြောပါ။
ဆူပုတ်ပုတ်နဲ့ပဲ
ကားထဲဝင်ထိုင်မလို့လုပ်စဉ်

Jk : မင်း.....

Jin : ရား....ဘာဖြစ်ပြန်တာလဲ!!!

ဂျောင်ဂု နှုတ်ခမ်းပါးတွေကွေးညွန့်သွားအောင်ထိ
ပြုံးလိုက်သည်။

ဒါဟာ ကောက်ရိုးပုံထဲအပ်ပျောက်သလိုကို
ပျောက်ဆုံးသွားခဲ့တဲ့သူ့ရဲ့စိတ်ပါလက်ပါအပြုံး။
မမ တစ်နည်းအားဖြင့် ဘတ်ယောင်းအွန်ဆုံးပြီး
သွားတည်းကသူဒီလိုမပြုံးခဲ့တော့တာ။
ခုတော့ တစ်ယောက်သောသူ‌ကြောင့် ထိုအပြုံးက
ပြန်ပေါ်စပြုလာခဲ့ပြီ ဒါကိုသူကိုယ်တိုင်တောင်
သတိထားမိပါ့မလား။

Jk : ဘာမှမဟုတ်တော့ပါဘူး...တက်တက်

ဆော့ဂျင် သူ့ရှေ့ကထိုသူအား
တကယ်ကို ကြည့်မရ မဟုတ်ဘူး တော်တော်လေး$မြင်ကတ်နေပါပြီ။

Jin : *ခုလည်း ကြည့်လေ မျက်နှာကပြုံးစိစိနဲ့ လေဖြတ်နေတာလား??
နောက်ပြီးတော့လည်း သူ့ပါးစပ်နဲ့ မျက်ခုံးပေါ်မှာ
ဘာတွေလဲ...ဂေါက်နေတာလား? သူ့ကိုယ်သူမော်ဒယ်မင်းသားများ
ထင်နေသလားပဲ ကလေးတစ်ယောက်အဖေလို့ ဘယ်လိုပဲ
မထင်ရဘူး ပြောပြောလေ ကလေးတစ်ယောက်အဖေပဲဥစ္စာ
အဲ့လောက်တောင်လှချင်နေရလား ကားမောင်းတာကလည်း
စတိုင်မလှိုင် အပြည့်နဲ့ တချက်ချက်လည်း နှုတ်ခမ်းက
ပျားတုပ်ထားတလား အောင့်မေ့ရတယ် လှုပ်လှုပ်"နဲ့
ဟူး~တကယ်ကို ကြည့်မရပါဘူး*

ဆော့ဂျင် ဂျောင်ဂုအား ကျေကျေနပ်နပ်
စိတ်ထဲက အတင်းတုပ်ပြီးကာမှ
သက်ပြင်းချကာ ကားမှန်ဘက်သို့လှည့်လိုက်သည်။

ဂျောင်ဂုသူ့ကို သေချာကြည့်ပြီးစိတ်ထဲက
ကျိန်ဆဲနေတဲ့ ဟာလေးအားလွှတ်ထားလိုက်သည်။

သူ့လည်း သူ့ကိုယ်သူနားမလည်တော့ပါ။
အဲ့ဟာလေးကို မြင်တိုင်းစချင်နေမိသည်။
စချင်တာထက် စလိုက်လို့ဖြစ်သွားတဲ့
ရုပ်လေးကို ကြည့်ချင်တာဆို ပိုမှန်မည်။
အဟင်း~အဲ့ဟာလေးကြောင့်သူဒီနေ့
ဘယ်နှခါပြုံးမိနေမှန်းတောင်မသိတော့ပါ။

Time Skip

အိမ်ရောက်တော့ဆော့ဂျင်အရင်လိုက်ရှာမိသည်က
ဒေါ်ကြီးယွန်း...

Jin : ဒေါ်ကြီးယွန်းရေ....သားသားကိုပို့လိုက်ပြီလားဟင်

D'Y : အေး...ဂျင်လေးရယ်..ဘိုကီကသူ့ဂျင်ဂျင်မပါရင်
ကျောင်းမသွားပါဘူးဆိုပြီး လုပ်နေတာ..

Jin : ဟင်...ခုရော ပို့လိုက်ပြီလား?

D'Y : ဟင့်အင်း....သူ့အခန်းဘေးကဝရန်တာမှာထိုင်ပြီး
ကောက်နေလေရဲ့...ဂျွန်ဂျောင်ဂုရဲ့သားပီတပါပေတယ်
ခေါင်းမာချက်ကတော့....

Jin : ဟုတ်"...ဂျင်သွားကြည့်လိုက်မယ်...

ဆော့ဂျင်လည်းဘိုကီလေးအခန်းနားသွားကာ
တံခါးကိုခေါက်လိုက်ပြီး

Jin : သားသား.....
သားသားရေ
သားသားဘိုကီလေး ဂျင်ဂျင်ဝင်လာပီနော်

‌ဆော့ဂျင်အခန်းထဲရောက်တော့
မျက်စိကစားပြီးရှာကြည့်လိုက်ပေမဲ့ကလေးကို
မတွေ့..ဪဟုတ်သားဝရန်တာမှာပါဆိုမှ
ဆော့ဂျင်ဝရန်တာဘက်ကိုသွားလိုက်တော့
တွေ့ပါပြီ မျက်နှာထားစူပုတ်"လေးနဲ့
ထိုင်ခုံပေါ်တွင်ထိုင်နေသော ဘိုကီ,ဂျွန်

Jin : သားသားရေ....

Boki : ဟွင်..ဂျင်ဂျင်...တားတားကိုထားပီးဘယ်တွားတာရဲ?

Jin : ဂျင်ဂျင်ရဲ့ညီလေးကိုသွားကြိုတာပါ
ဂျင်ဂျင်ကခနပဲသွားတဲ့ဟာ ဘာလို့ဘိုကီက
ကျောင်းမသွားရတာလဲပြော?

Boki : ဟုတ်တဲယေ..ဂျင်ဂျင်မပါဘဲကျောင်းတွားချင်ပါဝူး

Jin : ဂျင်ဂျင်သွားရင်လည်း ခနပဲသွားမှာ
သားသားဆီကို ခနဆိုရင်ပြန်လာပြီ
နောက်တခါအဲ့လိုမလုပ်နဲ့တော့နော်

Boki : ..........

Jin : အဲ့လိုလုပ်တာ ဆိုးသွမ်းတဲ့ကလေးတွေရဲ့အလုပ်
ဂျင်ဂျင်ကလိမ္မာတဲ့ကလေးတွေပဲချစ်တာ
သားသားအဲ့လိုထပ်လုပ်ရင် သားသားကိုလည်း
ဂျင်ဂျင်ကမချစ်တော့ဘူး

Boki : ဟင့်အင်း"တားတားနောက်ခါ လုပ်တော့ပါဝူး
တားတားကို ချစ်ပါညော်

Jin : အင်း..လိမ္မာရင် ချစ်မယ်

Boki : ဟုတ် လိမ္မာပါ့မယ်

Jin : ဟုတ်ပါပီဗျာလာပါအုံး....

ရင်ခွင်ထဲတိုးဝင်လာတဲ့ခေါင်းလုံးလုံးလေးအား
မြတ်နိုးစွာမွေးကြူလိုက်တဲ့ဆော့ဂျင်....

ဒါကိုတံခါးဝကနေရပ်ကြည့်နေတဲ့
သူတစ်ယောက်လည်းရှိခဲ့ပြီး

D'Y : *ဂျင်လေးနဲ့သားသားကသိပ်...ရင်းနှီးတာပါလား
ငါထင်တာများဖြစ်နေမလား...မမလေးကင်မ်ဂျီဝူ
ကိုလှမ်းပြောကြည့်ရမလား..အာမသေချာသေးပါဘူး
စောင့်ကြည့်အုံးမှပါလေ*

________________To Be Come 🧶

တို့ကတိတည်တယ်နော်😗

Thanks for Voting and Reading 🧡

Comment