38

"ခင်ဗျား ဟာသတွေ မရယ်ရဘူး
ကျေးဇူးပြုပြီး ထွက်သွားတော့"

"ဟာသမှန်းသိရအောင် သူ့ကိုဖုန်းဆက်ကြည့်လိုက်လေ"

စိန်ခေါ်နေသော မျက်နှာ‌ဘေးဖြင့်
ကင်မ်ဂျီဝူကြောင့် ဂျောင်ဂု မျက်မှောင်ကို အဆုံးထိကျုံ့မိကာ..

"ကင်မ်ဆော့ဂျင်က သူ့အခန်းထဲမှာ !
ဘိုကီနဲ့အတူ ပြန်လာတာကြာပေါ့"

"အိုဟို..တွေးကြည့်တာထက် ပြေးကြည့်တာ ပိုမှန်လိမ့်မယ်နော် ။ တကယ်ပဲ အခန်းထဲမှာ ရှိနေသလားဆိုတာ.."

"ဟျောင်း ဂျင်ဟျောင်းက ကလေးနဲ့အတူ ပြန်လာတာမဟုတ်ဘူးလေ"

ဂျီမင်းအပြောကြောင့် သူ တွေးစစဖြစ်သွားရကာ ဦးနှောက်ကို ခပ်မြန်မြန်အလုပ်ပေးတော့မှ ..

ဘိုကီက သူ့ဆီလာတုန်းကတောင် "ဂျင်ဂျင်ရော"ဆိုပြီး အော်လာခဲ့တာ.. ။

"တောက်ခ် ! ဒေါ်ကြီးယွန်း !! "

နှုတ်ခမ်းကိုကိုက်ရင်း ဆိုဖာပေါ် စတိုင်ကျကျဝင်ထိုင်လိုက်တဲ့ ထိုမိန်းမ မျက်နှာဘေးက သူ့ကို လှောင်နေသယောင် ။

ဂျောင်ဂု စောင်းငဲ့ကြည့်ရင်းသာ တုံ့ပြန်လိုက်သည် ။

"ရှင်ရှင် ! "

သူ(မ) သခင်လေးအခေါ်ကြောင့် ခြံထဲက ပန်းအိုးလေးတွေကို နေရာရွှေ့နေရင်း အလန့်တကြားပြန်ဝင်လာမိသည် ။

"ကင်မ်ဆော့ဂျင်ရော !
အိမ်ပြန်မရောက်သေးဘူးလား"

"ဆ..ဆရာလေးက ပြန်ရောက်ပြီလေ သခင်လေးရဲ့ အစောကြီးကတည်းက-"

ဒေါ်ကြီးယွန်းအပြောကြောင့် ထိုင်နေသည့်ထိုသူ(မ)အား မျက်လုံးလှန်ပြန်ကြည့်လိုက်တော့လည်း သူ(မ)က မေးငေါ့ပြလာသည် ။

ကျစ် ..

"သူ့ကို သွားခေါ် !
အမြန် "

"အာ..ဟုတ်ဟုတ်"

တစ်ချက်လွတ်အမိန့်အား နာခံရင်း ဒေါ်ကြီးယွန်းအပေါ်ထပ်ကို မပြေးရုံတမယ်တက်လာခဲ့သည် ။ ဆရာလေးအခန်းရှေ့ရောက်တော့ တံခါးကို သုံးချက်ဆင့်ခေါက်ကာ အပြင်မှလှမ်းခေါ်လိုက်သည်။

"ဂျင်လေး .. ဂျင်လေး .. "

အခေါ်ပေါင်းများလာတဲ့အထိ ပြန်ဖြေသူမရှိ တိတ်ဆိတ်လျက်ရှိနေတဲ့ တံခါးအညိုရောင်လေးကြောင့် သူ(မ)ရင်ထဲ စိတ်ပူမှုတွေကြီးစိုးလာတော့သည်။ လက်ကိုင်ဘုကို ဆွဲလှည့်လိုက်တော့ အထဲကလော့ချထားခြင်းမရှိသည်မို့ ချက်ချင်းပွင့်သွားသည် ။ သူ(မ) အခန်းလေးထဲ ခေါင်းပြူဝင်ပြီး မျက်လုံးကစားကြည့်ပေမဲ့ အထဲမှာ ဆရာမရှိတာ အသေအချာပင် ။ တိတ်ဆိတ်ငြိမ်သက်လို့နေတဲ့ အခန်းက ပူလောင်ဆူပွက်နေသော အောက်က သခင်လေးတို့ကို ရွဲ့နေသယောင် ။









ရေချိုးပြီးတော့ မဖွင့်ရ‌တာ ကြာပြီဖြစ်သည့် သူနှင့် ထိတွေ့မှုကွာဝေးခဲ့သော ဗီရိုလေးကို ဆော့ဂျင် ဖြည်းညှင်းစွာလှပ်ကြည့်လိုက်သည်။ ဗီရိုထဲက အဝတ်လေးတွေက စီစီရီရီခေါက်ထားပြီး သူ့နေရာနှင့်သူ နေရာတကျရှိနေသည် ။ သူထားနေကျအတိုင်းလေး မဟုတ်တာကလွဲလို့ပေါ့ ။ သူမရှိတဲ့အတောအတွင်း မေမေက သူ့အခန်းကိုလည်း သန့်ရှင်းရေးလုပ်ပေးကာ အဝတ်တွေကိုလည်း သေသေချာချာ နေရာစီမံထားပေးပုံပေါ်ပါ၏.. ။

ဟုတ်သား.. ။ သူတောင် သားသားတို့အိမ်မှာ သွားနေခဲ့တာ ၁လကျော်ကျော်လောက်ရှိခဲ့ပြီ ။ အချိန်တွေက တကယ်ပဲ မြန်ဆန်လွန်းနေတာမဟုတ်လား ။ ဒီကြားတွေထဲ ဘယ်ကနေဘယ်လို အချိန်ကုန်ဆုံးသွားမှန်းကို သတိမထားမိလိုက်တာအမှန် ။

ဆော့ဂျင် ခပ်ပါးပါးညအိပ်ဝတ်စုံလေးကို ယူဝတ်ရင်း အောက်ထပ်က မေမေ့ဆီသို့သွားရန် ဟန်ပြင်လိုက်သည်။

သူလှေကားမှဆင်းလာမိရင်း စကားပြောသံခပ်တိုးတိုးကြားရသည်မို့ ဧည့်သည်ရောက်နေသလားထင်မိသည် ။

"အော်..ဆော့ရောက်-
ဘာဖွက်လိုက်တာလဲမေမေ"

သူ ဧည့်ခန်းထဲဝင်လာမိရင်း ဆော့နဲ့မေမေစကားပြောနေတာကို မြင်ရတာမို့ ဆော့ကိုနှုတ်ဆက်လိုက်ရန်အပြု သူ့အသံကြားသွားတဲ့မေမေက သူ့ဘက်ကို ခပ်ရှို့ရှို့ကြည့်ပြီး စားပွဲပေါ်က စာရွက်ကို ဗြန်းကနဲနေအောင်ဖွက်လိုက်တာမို့..

"ဒီမှာ အန်တီနဲ့မတွေ့တာကြာလို့
ဘာရယ်မဟုတ် ဟိုအကြောင်း၊ဒီအကြောင်း-"

"ဘာဖွက်လိုက်တာလဲလို့
သားကိုပြ .."

ဆော့ဂျင်က ဆော့အပြောအား အာရုံမထားကာ မေမေ့ဆီကိုသာ သွက်လက်သောခြေလှမ်းတွေဖြင့် ဦးတည်သွားလိုက်သည် ။

"မေမေ ! "

"ဘာလဲ သားရယ်"

"ဘာဖွက်လိုက်တာလဲလို့ !
သားကိုပြ"

"ဘာဖွက်လို့လဲ ဘာမှလည်းမဖွက်မိပါဘူး"

"မေမေ ! "

"ပြလိုက်ပါအန်တီ ပြလိုက်ပါ
ဂျေက မြင်သွားပြီးနေပြီပဲ..
သိရမှာက သိရမှာပဲလေ"

သူ(မ) ဟိုဆော့ဆိုတဲ့ကလေးကို ခေါင်းခါယမ်းပြနေပေမဲ့ အချိန်မမှီတော့ ။ ဘာလို့ပြောလိုက်ရတာလဲ ဒီကလေး..။ သူ(မ)ကတော့ မသိစေချင်တာအမှန်ပဲ ။ ဒီလိုပြဿနာတွေရှိနေမှန်း သူ(မ)မသိခဲ့လို့သာ သားကိုပဲရစ်မသွားဖို့ တားခဲ့မိတာ ။ အခုတော့ မသွားဘူးဆိုရင်တောင် အတင်းနားချရတော့မှာ ။

"သား..ဆော့ဂျင်"

"သားကိုပြ မေမေ"

နောက်ဆုံးတော့ မေမေက လက်လျှော့ကာ သူ့အား စာရွက်ကို အသက်မပါသလိုပေးသည် ။

သူ သေချာကြည့်မိမှ ဒါဟာ စာရွက်တစ်ရွက်ဟုတ်မနေဘဲ လက်ထပ်ပွဲဖိတ်စာတစ်ခုဖြစ်လို့နေသည် ။ သူ ဆိုဖာထိုင်ခုံပေါ် ဖြေးဖြေးချင်းထိုင်ချကာ ကင်မ်ဆော့ဂျင်ထံသို့ ဟု ရေးသားထားသော ဖိတ်စာမျက်နှာဖုံးကို ဖြည်းဖြည်းချင်း လှန်လိုက်သည် ။

ဦးစွာတွေ့ရတာကတော့ romanceဆန်စွာဖန်တီးထားသော “Jeon Jungkook & Kim Jiwoo”ဆိုသည့် သေသပ်စွာ ရေးဆွဲထားသော ခပ်မဲမဲအမည်လေးနှစ်ခု ။ သူ ခဏမျှကြောင်,အစွာ ကြည့်နေပြီးသည့်နောက် ထိုဖိတ်စာအား ပြန်ပိတ်ကာ စားပွဲပေါ်ပြန်တင်လိုက်သည် ။

"ဘာလို့ ဖွက်နေတာလဲ မေမေရဲ့
ဒါက သားအလုပ်ရှင်-  သားအလုပ်ရှင်ရဲ့
မင်္ဂလာဖိတ်စာပဲဟာ"

သူ ခေါင်းကိုငုံ့ထားရင်း လက်ချောင်းတွေကို ဆော့ကစားကာ မေမေ့ကိုခပ်တိုးတိုးအသံဖြင့်ပြန်ပြောလိုက်သည် ။ မေမေက သူ့အပြောကြောင့် သူ့ကိုသေချာပြန်ကြည့်နေသည်ကို ဆော့ဂျင်သတိထားမိပါသည် ။

"သားအလုပ်ရှင်ဆိုတာ သေချာရဲ့လား ? "

မေမေ့ရဲ့ ပြတ်သားစွာထွက်လာသည့်
အမေးစကားသံကြောင့် ဆော့ဂျင်
အနည်းငယ်အံ့ဩမိကာ မေမေ့ကို
မော့ကြည့်မိသည် ။ မေမေ့မျက်နှာက
သူအကဲခတ်၍မရအောင် ပကတိ
ငြိမ်သက်နေပြီး မေမေလည်း သူ့မျက်နှာကို
သေချာပြန်အကဲခတ်နေသလိုခံစားနေရ၏။
သူ မေမေ့ကိုအကြည့်လွှဲကာ ဆော့ကို
တချက်ပြန်ကြည့်လိုက်တော့ ဆော့ကလည်း
သူ့မျက်နှာကိုသာ ပြန်စိုက်ကြည့်ကာ ဘာဖြေရှင်းချက်မှ ထွက်မလာ ။ ဆော့ဂျင် မေမေ့အမေးကိုလည်း မဖြေရဲသလို မေမေ့မျက်နှာကိုလည်း ပြန်မကြည့်ရဲတော့ ။ သူ ခဏလေးအတွင်း တရားရုံးက တရားခံတစ်ဦးလို ခံစားနေရသည် ။

"မေမေ‌ မေးတာကိုဖြေလေသား"

"......"

"သူက မင်းအလုပ်ရှင်လား ?
မင်းချစ်ရတဲ့သူလား ?
မင်း ဗိုက်ထဲက ကလေးအဖေလား ? "

"မေမေ.."

"ဆော့..
မင်း..မင်း ကတိမတည်ဘူး"

"ဟုတ်တယ် ကိုယ်ကတိကို ဖြတ်မိတယ်။
ကိုယ်အဲ့လိုမှ မလုပ်ရင်လည်း မင်းက အမှားတွေကိုထပ်ပြီးလုပ်နေဦးမှာလေ ။ မင်းရဲ့လုပ်ရပ်တွေက မင်းအတွက်မှန်နေတယ်ရော ထင်နေလား ? "

"ငါ့အတွက်မမှန်ရင်တောင် ဂျွန့်အတွက် မှန်တယ်လေ.."

အော်.. ဂျေရယ် ။
ကိုယ်နားလည်ခဲ့ပါပြီ .. ။ နောက်ဆုံးအချိန်ထိ မင်းက ဂျွန်ဂျောင်ဂုတစ်ယောက်ထဲကိုပဲ တွေးပေးနေတုန်းပါလား ။ မင်းလည်း သူ့ကိုအရမ်းချစ်တာပဲထင်တယ် ။ ကိုယ်မင်းကို ချစ်သလိုမျိုးလေ ။

ရပါပြီ ။ ဒီလောက်ဆို လုံလုံလောက်လောက်ကို နားလည်သွားပါပြီ ။ ကိုယ်ချစ်တဲ့သူကို သူများလက်ထဲ ပျော်ပျော်ကြီးထည့်ပေးဖို့ သန္ဓဌာန်ချလိုက်ပါပြီ ။ ကိုယ်ဝင်ပါမှ ဇာတ်သိမ်းလှတော့မယ့် မင်းတို့ ဇာတ်လမ်းကို ကိုယ်ကပဲ အဆုံးသတ်ပေးပါ့မယ် ။ အမြတ်တစ်ခုအနေနဲ့ ကင်မ်ဆော့ဂျင်က ပျော်နေမယ်လေ.. ။

ရပါပြီ.. ။ ဘယ်လိုမှမဖြစ်နိုင်တဲ့ စိတ်ကူးယဉ်အိမ်မက်တွေကိုလည်း ကိုယ်ထပ်မက်မနေတော့ပါဘူး ။

"ဟိုဆော့ကို သွားမပြောနဲ့
မေမေက အစကတည်းက
ဘိုကီက သားရဲ့ကလေးဆိုတာ
သိပြီးသားပါ ။ မင်းကို သူများအိမ်မှာ
စိတ်ချလက်ချထည့်ပေးလိုက်တာကလည်း မင်းသားလေးရှိနေတဲ့ အိမ်မှန်းသိ‌နေလို့ ။ ဒါပေမဲ့ မေမေ စိတ်ကူးထားခဲ့တာက ဒီလိုမဟုတ်ဘူး ။ သားသာအဆင်ပြေမယ်ဆိုရင် မင်းသားရဲ့အဖေနဲ့လက်ထပ်စေချင်ခဲ့တာ ။ နေတာကြာလာတဲ့အခါ သားတို့အချင်းချင်း ဘယ်လိုမျိူးပတ်သတ်မှုတွေရှိတယ်ဆိုတာကို သိလာပြီး ပေါင်းစည်းကြမယ်ထင်ခဲ့တာ ။ ယောင်္ကျားလေးတွေဖြစ်နေပေမဲ့ ကိုယ့်သွေးသားကိုငဲ့ပြီး လက်ထပ်ကြလိမ့်မယ်လို့လေ ။ အခုတော့ မေမေ အထင်နဲ့အမြင်တွေ လွဲမှားခဲ့တယ် ။ ‌ဒီလိုတွေဖြစ်လာမယ်မှန်းသာ မေမေသိခဲ့ရင် သားကို သူတို့အိမ်ဆီပို့ခဲ့မှာမဟုတ်ပါဘူး ။ နေသားကျနေပြီဖြစ်တဲ့သားဘဝလေးကို သူတို့နဲ့ပေးမတွေ့ခဲ့သင့်ဘူး ။ အခုတော့ မင်းရဲ့သားမှန်းလည်းသိပြီး ဟိုကောင်လေးကိုလည်း ခံစားချက်တွေရှိပြီးကာမှ အခုလိုကြီး ပြန်ထွက်လာခဲ့ရတာက သားဘယ်လောက်တောင် ခံစားနေရမလဲ မေမေတွေးမိပါတယ် ။ သားကို တောင်းပန်ပါတယ်.."

ဆော့ဂျင် မေမေပြောသမျှစကားတွေအား ငိုင်ပြီးသာ နားထောင်နေမိသည် ။

"ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ အန်တီ
ကျွန်တော့မှာ ဖြေရှင်းဖို့နည်းလမ်းရှိပါတယ်
သူတို့နှစ်ယောက် လက်ထပ်ပွဲက ဘယ်လိုမှ ရှိလာစရာအကြောင်းမရှိပါဘူး"

"ဆော့ ! မဟုတ်ဘူးနော်
ငါ့အတွက်နဲ့တော့ တစ်ခုခုမဖြစ်စေချင်ဘူး !! "

"‌ဂျွန်ဂျောင်ဂု ခံစားရမှာကို မစိုးရိမ်ပါနဲ့
မင်းအခုလိုတွေ လုပ်နေတာကသာ သူ့အတွက် အများကြီး ခံစားရစေတာ .."

"မင်းတို့ စကားပြောကြ
မေမေ လုပ်စရာလေးတွေ သွားလုပ်လိုက်မယ်"

မေမေက လူကြီးတစ်ယောက်အနေနဲ့ အလိုက်တသိဖြင့် ထသွားပေးသည် ။ ဆော့ဂျင် ဟိုဆော့ပြောတာတွေကိုသာ နားမလည်သလို ထိုင်နားထောင်နေမိသည် ။

"ငါ...
နားမလည်ဘူး"

"မင်းတို့မှားခဲ့ကြပါတယ်ဆိုတဲ့ညကို ကောင်းကောင်းကြီးမှတ်မိနေမှာပါ"

"......"

"အဲ့နေ့ညက မင်းကိုယ့်ကိုပြန်ပြောပြတဲ့အချိန် ကိုယ် ဘယ်သူဘယ်ဝါမှန်းလည်းမသိသလို မင်းပြောတဲ့ကောင်ကိုသာ ကိုယ်သွားသတ်ချင်စိတ်ပေါက်ခဲ့မိတာ..
မိုးလင်းတော့ ကိုယ်မင်းအတွက် receptionမှာ breakfastသွားမှာဖို့ထွက်လာတော့ ကိုယ်အခန်းရဲ့နှစ်ခန်းကျော်က‌အခန်းကနေ သီသီလေးဟနေတဲ့တံခါးကြောင့် အခန်းထဲက အသံတွေက ခြေစခေါင်းဆုံးကြားနေရတယ် ။ ကိုယ်အစက အာရုံမထားမိပေမဲ့ ကင်မ်ဂျီဝူရှီဆိုတဲ့ ယောင်္ကျားတစ်ယောက်အသံကြောင့် ခဏရပ်ပြီး နားထောင်နေမိခဲ့တယ် ။ ရှင်းရှင်းလင်းလင်းကြားနေရတဲ့အသံတွေက မိန်းမတစ်ယောက်က သူနဲ့အတူနေခဲ့ပြီး တာဝန်ယူခဲ့ဖို့ပြောနေတာရယ် ၊ ဘာမှမှတ်မိပုံမရတဲ့ အဲ့ဒီယောင်္ကျားက ပြန်ငြင်းနေတာကို ။ အထဲကလူနှစ်ယောက်က မင်းပြောတဲ့ စေ့စပ်ပြီးပါပြီဆိုတဲ့ ဂျွန်ဂျောင်ဂုနဲ့ကင်မ်ဂျီဝူတို့ဖြစ်နေမှန်း ကိုယ်အသေအချာသိခဲ့ရတယ် ။ ပြီးတော့ အခန်းထဲက စကားသံတွေအရ ကင်မ်ဂျီဝူကဂျွန်ဂျောင်ဂုကို ပွဲလန့်တုန်းဖြာဝင်ခင်းလိုက်တာပဲ ။ နောက်ပြီး သူက ၄နာရီကျော်ကာမှ ကိုယ်နဲ့မိုတယ်ပေါ်တက်လာတယ်ဆိုတာ ကိုယ်တစ်ယောက်လုံး သက်သေရှိတာမို့ ဂျွန်ဂျောင်ဂုအတွက် ဘာမှစိတ်ပူစရာမလိုဘူး ။ ဒါပေမဲ့ အဲ့ဒိအချိန်မှာ ကိုယ့်ဆီ လောဘသေးသေးလေးတစ်ခုဝင်လာခဲ့တာက မင်းသာ ကင်မ်ဂျီဝူပြောတဲ့အတိုင်းလေးသာ သိနေခဲ့မယ်ဆိုရင် ဂျွန်ဂျောင်ဂုကို လက်လျှော့ပြီး ကိုယ့်ဆီများစိတ်လည်လာမလားဆိုတဲ့စိတ်နဲ့ ။ နောက်ဆုံး ကလေးရှိနေခဲ့တာကို သိတဲ့အထိ ကိုယ်သာမင်းကိုတာဝန်ယူလိုက်ရင် မင်းနဲ့တသက်လုံးအတူတူရှိနေနိုင်မှာပဲ ။ မင်းသာ ပဲရစ်ကိုလိုက်ခဲ့လိုက်ရင် အရာအားလုံးပြီးဆုံးပါပြီဆိုပြီး မျှော်လင့်ချက်သေးသေးလေးနဲ့ ကိုယ်စိတ်တင်းခဲ့တာ ။ နောက်ဆုံး..နောက်ဆုံးအထိ ကိုယ်ဖွင့်မပြောခဲ့ပါဘူး ။ ဒါပေမဲ့ မင်းက ကိုယ်နဲ့ဆိုရင် မပျော်ရွှင်နိုင်မှာ- မဟုတ်ဘူး ဂျွန်ဂျောင်ဂုတစ်ယောက်ထဲနဲ့သာ ပျော်ရွှင်နေနိုင်မှာမို့ ကိုယ်ဒီကိစ္စတွေအားလုံးကို ဖြေရှင်းပေးဖို့ဆုံးဖြတ်လိုက်တာပါ"

"......."

ဆော့ဂျင် အသံတိတ်သာနေနေမိသည် ။ သူအခုဘာပြောလို့ ပြောရမှန်းလဲ မသိပါ ။ ဘာလုပ်လို့ဘာကိုင်ရမှန်းလည်း သူတကယ်မစဉ်းစားတတ်တော့ ။

"ဂျွန်အိမ်တော်ကို သွားကြရအောင်"

"ဟမ်.."

ဆော့က ချက်ချင်းမတ်သပ်ထရပ်လာကာ သူ့လက်မောင်းရင်းကိုလာဆွဲသည် ။

"သွားမယ် ။ ဖြေရှင်းရမှာတွေကို အခုတစ်ခါတည်းဖြေရှင်းလိုက်တာကောင်းတယ်"

"အဲ့လိုလည်း မဟုတ်သေးဘူးလေ..
အ..အခုက သူတို့က ဖိတ်စာတွေတောင်နှိပ်ပြီးကြပြီ ။
ပြီးတော့ ကင်မ်ဂျီဝူကလည်း မိန်းကလေးလေ.."

"ကျစ် ! မင်းပူရမှာသူ့ကိုမဟုတ်ဘူး ။ မင်းဗိုက်ထဲကကလေးကို !! သူ့ကို အဖေခေါ်စရာမရှိဘဲ ကြီးပြင်းလာစေချင်တာလား ? ဟမ်.."

"ဟုတ်တယ် ဟိုဆော့ပြောတာမှန်တယ်
ခေါင်းမာမနေဘဲ ပြဿနာကို အဆုံးသတ်လိုက်ပါတော့
မေမေလည်း စိတ်မဆင်းရဲချင်တော့ဘူး "

မေမေကပါ ဝင်ပြောလာနေပြီမို့ ဆော့ဂျင် သက်ပြင်းသာချမိသည် ။

"သွားမယ် ဂျေ.."

ဆော့က သူ့ကို တင်းတင်းကျပ်ကျပ်ဆွဲခေါ်နေတာမို့ ဆော့ဂျင်လည်း လေးလေးလံလံသာ ပါသွားမိသည် ။ တကယ်တမ်း ဂျွန်ဂျောင်ဂုအရှေ့မှာ ဖွင့်ပြောရတော့မယ်ဆိုတော့ သူမျက်နှာချင်းမဆိုင်ရဲတာပင်.. ။

ဘုတ် !

"သားတို့ ! ခဏ"

ကားအနားရောက်နေပြီဖြစ်သော သူနှင့်ဆော့ကို မေမေကလှမ်းအော်တာမို့ နှစ်ယောက်စလုံးမေမေ့ဘက်ကို လှည့်ကြည့်မိလိုက်သည် ။ မေမေက စားပွဲခြေရင်းနားက စာရွက်တစ်ခုကို ကောက်ကိုင်ကာ သူတို့အား ဝင်လာခဲ့ဖို့အချက်ပြသည် ။ ထိုစာရွက် ။ အဖျားမှာတင်ထားတဲ့ ဖိတ်စာထဲက သူထလိုက်ချိန် ခြေထောက်နဲ့တိုက်မိပြီး ထွက်လာတဲ့အခေါက်ကလေးမဟုတ်လား ။ တစ်ခုခုပြုတ်ကျတာကို သူသတိထားမိလိုက်ပေမဲ့ အရေးကြီးတာတစ်ခုခုလို့မတွေးမိဘဲ အမှုမဲ့အမှတ်မဲ့ နေနေမိလိုက်တာ ။

"အန်တီ ဘာဖြစ်လို့လဲ"

ဆော့က မေမေ့အနားရောက်တာနှင့် ချက်ချင်းမေးတော့..

"မသွားကြနဲ့ ! လုံးဝမသွားလိုက်ကြနဲ့ !!
ငါ့..ငါ့မြေးလေး .. ! "

မေမေက စာရွက်ကို စူးစူးစိုင်စိုက်ကြည့်ရင်း စိုးထိတ်နေသောအသံနှင့်ပြောတာမို့ ဆော့ရောသူပါပြာသွားရသည်။

"ဘာဖြစ်တာလဲ သားသားဘာဖြစ်လို့လဲမေမေ !!
မေမေ သားကိုပြ"

ဆော့ဂျင် စိုးရိမ်ကြီးစွာဖြင့် မေမေ့လက်ထဲက စာရွက်ကို လှမ်းယူလိုက်ကာ.. ဖတ်ကြည့်မိတော့

ဂျွန်အိမ်တော်ကနေ ထွက်သွားလက်စနဲ့ ဘယ်တော့မှ ပြန်မလာနဲ့တော့ ။ မဟုတ်ဘူး ။ အိမ်အရိပ်ကိုတောင် နင်းဖို့မစဉ်းစားနဲ့တော့ ။ ဖြစ်နိုင်ရင် လောကကြီးထဲကပါ ထွက်သွားလိုက်ပါလား ။ အဲ့တာက မင်းအတွက် အကောင်းဆုံးဖြစ်လိမ့်မယ် ။ ငါနဲ့ဂျွန်ဂျောင်ဂုကြားကို ထပ်ပြီးနှောက်ယှက်ဖို့ကြိုးစားရင်တော့ ဂျွန်ဘိုကီဆိုတဲ့ မင်း သားလေးကို လက်စဖျောက်ပစ်မယ် ။ အော် မင်းမသိသေးဘူးထင်တယ် ။ ဂျွန်ဘိုကီဆိုတာက ဘတ်ယောင်းအွန်က မွေးခိုင်းခဲ့တဲ့ မင်းရဲ့သွေးသားလေ ။ တစ်အိမ်ထဲအတူနေပြီး ကိုယ့်ကလေးမှန်းမသိခဲ့ရတဲ့ မင်းအဖြစ်က သိပ်..သနားဖို့ကောင်းတာပဲ ။ သနားလွန်းလို့ နောက်ဆုံး အခွင့်အရေးပေးတဲ့အနေနဲ့ မင်းကို ထွက်သွားခွင့်ပြုလိုက်မယ် ။ ငါတို့နဲ့အဝေးတစ်နေရာမှာ မင်း ကောင်းကောင်းကြီး နေထိုင်နေနိုင်ပါသေးတယ် ။ ဒီကလေးနဲ့ ခွဲလိုက်ရလို့လည်းစိတ်မညစ်ပါနဲ့ ။ မင်းက ယောင်္ကျားပေါတယ်မလား ။ ကြိုက်တဲ့လူနဲ့ယူပြီး ကြိုက်သလောက်ထပ်မွေးလိုက် ။ ok ? အဆင်ပြေတယ်ဟုတ် ။ အဆင်မပြေရင်တော့ ဂျွန်ဘိုကီဆိုတာ ဖုန်မှူန့်လေးတစ်ခုလို ပျောက်ကွယ်သွားမှာ.. ။ နားလည်မယ်လို့ မျှော်လင့်ပါတယ်"

"တောက်ခ် အောက်တန်းစားစိတ်ဓာတ်နဲ့ မိန်းမ !
ဒီကိစ္စကို သွားရှင်းမယ်"

"မသွားနဲ့ !!!
ငါ့ကလေးကို ဘာမှအဖြစ်မခံနိုင်ဘူး !!"

"ဂျောင်ဟိုဆော့ !!!
ငါ့ကိုငဲ့ကြည့်ပြီး မသွားပါနဲ့ !!! "

သူ့လက်ကိုဖြုတ်ချပြီး ထွက်သွားရန်ပြင်နေတဲ့ ဆော့ကို သူနောက်ဆုံးစကားပြော၍ တားလိုက်တော့သည် ။

သူ့ကိုယ်သူသာ သူအထိခိုက်ခံလိမ့်မယ် ။
သူ့ကလေးကိုတော့ ဘယ်နည်းနဲ့မှ တစ်ခုခုအဖြစ်မခံနိုင်ဘူး ။

ကလင် ! ကလင် ! ကလင် !

တိတ်ဆိတ်နေချိန်အချိန်ကိုက်ရောက်လာတဲ့ တယ်လီဖုန်းအသံကြောင့် ဆော့ဂျင် မျက်ခုံးပင့်မိသွားသည် ။









"ရှိတယ်မလား အခန်းထဲမှာ"

သခင်လေးက သူ(မ)လှေကားပေါ်က ဆင်းလာတာမြင်တာနှင့် အလောတကြီးမေးလာတော့သည် ။

"ဟို..ဟို သခင်လေး
ဟိုလေ"

"ဘာဖြစ်နေတာလဲ တဟိုဟိုနဲ့ !!
ပြောမှာဖြင့်ပြော"

"ဆ..ဆရာမရှိဘူး"

"ဟက် ! ယုံပြီမလား ဂျွန်ဂျောင်ဂုရှီ "

"တောက်ခ် ! ပတ်ခ်ဂျီမင်း ကင်မ်ဆော့ဂျင်ကို ချက်ချင်းဖုန်းဆက်"

ဂျီမင်းက သူ့အပြောကြောင့် သတိဝင်သွားသည့်လူလို အပေါ်ကိုချက်ချင်း ပြေးတက်သွားသည် ။

"ဒယ်ဒယ် တား-"

"ဒေါ်ကြီးယွန်း သားကိုခေါ်ပြီး အပြင်သွားလိုက်"

ကလေးအသံကြားကာမှ ဂျောင်ဂု သားရှိနေတာ သတိရမိသွားပြီး ကလေးစိတ်ပင်းပန်းနေမည်ဆိုးတာမို့ ဒေါ်ကြီးယွန်းကို ခေါ်သွားခိုင်းလိုက်သည် ။

"ဟင့်..မသွားချင်ပူး ! ‌ဒယ်ဒယ်"

ငိုချလာသည့်ကလေးကြောင့် ဒေါ်ကြီးယွန်းက သူ့ကိုပြန်ကြည့်နေသည် ။ ဂျောင်ဂု ဒေါ်ကြီးယွန်းကို အပြင်သို့ခေါင်းညွှန်ပြရင်း မရရအောင် ခေါ်သွားဖို့ အချက်ပြလိုက်သည် ။

ကလေးအပြင်ရောက်သွားကာမှ ဂျောင်ဂု ကင်မ်ဂျီဝူ့အား စူးရဲစွာကြည့်ကာ

"ကင်မ်ဆော့ဂျင်တစ်ခုခုဖြစ်လို့ကတော့ ခင်ဗျား
အသေပဲ"

"အိုဟို..ကြောက်စရာပါလား"

_____________TBC 🧶

Thanks for Voting and Reading 🧡

Comment