17_1

Jungkook jiwoo noonaကိုပြန်ပို့ပေးပြီး
အိမ်ကိုပဲပြန်လာခဲ့လိုက်သည်။

***

အိမ်ထဲဝင်လာတော့sofaမှာထိုင်ပြီး
စကားစမြည် ပြောနေကြတဲ့ပေါက်စတို့အုပ်စု။

အဟင်း..ဟိုတစ်ယောက်က
လူကြီးလူကောင်းလိုလိုဘာလိုလိုနဲ့ ဂျွန်ဘိုကီတို့ကို
ဝင်ထိန်းနေသေးတာ..။

အပေါ်တက်မဲ့ခြေလှမ်းတွေက နှောင့်နှေးသွားပြီး
ဧည့်ခန်းမရောက်ခင် အကွယ်နားလေးကနေ ရပ်ကာ
စကားဝိုင်းလေးအားနားထောင်နေမိသည်။

Park Jiminကသူ့ဘဲအကြောင်းကြွားနေတာပေ့ါလေ။
ကလေးကိုမဟုတ်တာတွေကွာ...။

Jungkookလည်း ပတ်ဂျီမင်းစကားအား
ဆက်စပ်နားထောင်နေမိတုန်း မဟုတ်တရုတ်
အခြေအနေတွေရောက်လာသည်။

"ဘိုကီကလဲကွာ..ငါ့တူဖြစ်ပြီးညံ့တာ..
ချစ်ချစ်မရှိတဲ့သူနှစ်ယောက်ကို ချစ်အောင်လုပ်လိုက်ရင်
ချစ်ချစ်ဖြစ်......"

အားနာစရာ..ဘာတွေပြောနေတာလဲ။

Jk : Park Jimin!!

Jm : ဟော..jk hyungရောက်လာပီလား..Jin hyungကိုနှုတ်ဆက်လိုက်ပါအုံး...မျှော်နေရှာတာ..။

ကျစ်..ပြောလေဆိုးလေပါလား..?

Jin : ဟာ..ဂျီမင်းနော်ဘယ်မှာမျှော်နေလို့လဲ?

Jm : မလိမ်တတ်ဘဲမလိမ်ချင်စမ်းပါနဲ့jin hyungရာ..

Jk : ပတ်ဂျီမင်း!မင်း..ပြောလေကဲလေနော်..

Jm : ဟာ..ကျွန်တော်ဘယ်မှာကဲနေလို့လဲ?
Jin hyungကသာhyungပြန်မလာသေးလို့
စိတ်အပူတွေလွန်ကဲနေတာပါနော်...

JiminကSeokjinအားမျက်စာပစ်ကာပြောလာသည်။

Jin : မ..မဟုတ်ပါဘူးနော်...

SeokJinကပြောပြီးတာနဲ့
နားရွက်တွေကော၊ပါးပြင်ပါ နီရဲလာသည်။

Jk : sorry...သူကအဲ့လိုပဲစိတ်မရှိပါနဲ့..။

Jm : အယ်..အယ်ကျွန်တော်တို့ရှိသေးတယ်နော်။

Jk : jiminရာ..မဟုတ်တာတွေတော်တော့
ဘယ်သူ့အတွက်မှမကောင်းဘူး...

Jm : အံမယ်...

Jungkookကထိုသို့ပြောပြီးတာနဲ့အိမ်ပေါ်ထပ်ကို
တက်သွားသည်။

ဘာလဲ?အခုသူကစိတ်ဆိုးသွားတယ်ဆိုတဲ့သဘောလား??။
အေးလေ သူကလူပျိုငါကကလေးအဖေဆိုတော့
ဘယ်အစခံချင်မလဲနှော...။

သက်သက်ဘဝင်လေဟပ်နေတာ!။တောင်းပန်ချင်တဲ့
စိတ်တွေတောင်ပျောက်တယ်..။အရူး!။

မကျေနပ်ဘူး!!!။ကြည့်နေ..ကင်မ်ဆော့ဂျင်အကြောင်း
ကောင်းကောင်းသိစေရမယ်။

Jm : Jin hyungကလေးက...ဟာ..

Jimin Jin hyungကို ကလေးသွားသိပ်ရမလားပြော‌ချင်ပေမဲ့ ဟိုကစိတ်အားမာန်ပါနဲ့အပေါ်ကို
တက်သွားသည်။ ခေါ်မကြားအော်မကြားနဲ့..။

Bokiအားသူကိုယ်တိုင်ပဲသိပ်တော့ဖို့စဉ်းစားလိုက်သည်။

~~~~

SeokJinစိတ်ထဲလွန်ဆွဲပွဲကျင်းပပြီး
အပေါ်ထပ်အား တက်လာလိုက်သည်။

တွေ့ပါပြီ ဝရန်တာမှာ လက်ရန်းကိုမှီပြီးမတ်သပ်ကြီး။
ခြံပြင်ကို သူ့အချစ်များထင်နေလားမသိ။လေတွေ
ဒီလောက်တိုက်နေတာတောင် ငေးနေလိုက်တာ....။
ဖြစ်နိုင်ရင်လေ နောက်စိကိုနှစ်ချက်သုံးချက်
‌လောက်ဖြတ်အုပ်လိုက်ချင်တယ်။အမြင်ကပ်လွန်းလို့..။

Jin : Jeon jungkook shi!

Jungkookနောက်ကခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ ဟိုဟာလေးပင်။သူတစ်ယောက်ထဲကိုပဲ
ကွက်စွာနေတဲ့ စွာတေးလေး..။ဒါနဲ့မျက်နှာက
ဘယ်လိုဖြစ်တာလဲ?ရှုံ့နေသလိုပဲ..။
ဘာတွေစိတ်အလိုမကျနေတာလဲ..။

Jk : ဘာလဲ?ဂျီမင်းထပ်စနေလို့လား..

Jin : မဟုတ်ဘူး ခဗျားစိတ်ဆိုးနေမလားလို့
လာတောင်းပန်တာ...

ခနဲ့တဲ့တဲ့မျက်နှာဘေးနဲ့ပြောနေပုံက မသိရင်
အပြစ်သားကိုစစ်နေတဲ့ တရားသူကြီးလိုလို..။

Jk : ဘာကိုလဲ?

Jin : အော်..ခဗျားကကျွန်တော်နဲ့စတာကို
စိတ်ပျက်သွားတာမဟုတ်လား?ကျွန်တော့လိုလူပျိုနဲ့
ခဗျားလိုနုနုထွတ်ထွတ်ကလေးအဖေလေးဆိုတော့လေ
အဲ့တာကြောင့် လာတောင်းပန်တာပါ..

အော်ဟော်...လက်စသတ်တော့
အရွဲ့တိုက်နေတာပါလား?။
ကျွန်တော်ကတော့ ကျွန်တော့လိုကလေးအဖေနဲ့အစခံရတော့
သူသဘောမကျမှာကြောက်လို့..jiminကိုပြောခဲ့ရတာ..။
အဲ့ဟာလေးကို အားနာလို့ပါ။ဒါကို နားလည်မှုလွဲနေတယ်..။

Jin : စကားတောင်ပြန်မပြောနိုင်တော့ဘူးပဲ..အနူးညွတ်တောင်းပန်ပါတယ်နော်..ကျွန်တော့ကိုသွားခွင့်ပြုပါအုံး...

SeokJinကထိုသို့ပြောပြီးတာနှင့် လှည့်ထွက်ဖို့ပြင်သည်။
သူမသိရှာတာက နောက်မှာ သံပရာရေအိုင်ကြီးရှိနေတယ်ဆိုတာပဲ...။

Jk : ဟေ့မင်း...နောက်မှာ!

Jungkookကသတိပေးရင်းအမြန်ပြေးလာကာ
ဆော့ဂျင်ကိုလှမ်းဆွဲလိုက်သည်။

ဟူး~တော်သေးတာ..သူမှီလို့ပေါ့..
မဟုတ်ရင် ဟိုစွာတေးလန် ခါးကျိုးနေပြီ။

Jungkookကလှန်းဆွဲလိုက်တာကြောင့်
ဆော့ဂျင်ခမျာ ပိုးသားစလေးလိုဂျောင်ကုရင်ခွင်ထဲ
အလျင်အမြန်ရောက်လာရသည်။

အခုလောလောဆယ်မှာသူတို့နှစ်ယောက်ရဲ့
အခြေအနေကြီးက နီးကပ်သည်ထက်ပိုနေသည်။
တစ်ယောက်ရင်ဘက်ထဲတစ်ယောက်ဝင်နေသလားအောက်မေ့ရအောင် ရင်ခုန်သံတွေဟာလည်းတညံညံ။
ဘယ်သူ့ရင်ခုန်သံလည်း မခွဲတတ်။

ဒုတ်..‌ဒုတ်..ဒုတ်..ဒုတ်..

အခုကျွန်တော့ရှေ့က ကောင်လေးကအရမ်းဆွဲဆောင်မှု
ရှိနေတယ်...။အဓိက,က အဲ့ဒီနှင်းဆီဖူးနှုတ်ခမ်း..။
အောက်ဆီဂျင်ထွက်ပြေးမှာ ကြောက်လို့လားမသိ။
နှုတ်ခမ်းလေးဟစိဟစိနဲ့~။
မောနေတာလားကွာ..။မင်းတော့မသိဘူး..
အဲ့ဒီနှုတ်ခမ်းကြောင့် ကိုယ်ပိုမောတယ်။

မသိတော့ဘူး..။ခုချိန်မှာအဲ့ဒီနှုတ်ခမ်းသည်သာ
ဂျွန်ဂျောင်ကုကမ္ဘာပဲ...။

ဂျောင်ကုလည်း စိတ်အလုံးစုံချကာ ဆော့ဂျင်ရဲ့
နှုတ်ခမ်းဖူးလေးအား ထိကပ်လိုက်သည်။

အွင့်....။

Jungkookရဲ့လက်တွေက ဆော့ဂျင်နောက်ကြောကို
‌ဖက်ထားရာမှ လက်တဖက်အားခါးဆီကိုပြောင်းလိုက်သည်။
ပြီးတော့ ကျန်တဖက်ကိုမျက်နှာသေးသေးလေးအား
ဆုတ်ကိုင်လိုက်သည်။

အ့...

နှုတ်ခမ်းလေးကိုမဖွင့်ပဲ အသေပိတ်ထားတဲ့အဆိုးလေးကို
မဆိုရုံလောက်လေး ကိုက်လိုက်တော့ ညည်းသံသေးသေးလေးထွက်ကာ ဟလာသည်။

ပြွတ်စ်....

ခ..အွတ်..‌ခဗျားးး...

ဂျောင်ကု ဆော့ဂျင်ရဲ့အသံကိုကြားမှ
အသိဝင်လာတော့သည်။ဒါပေမဲ့ ထိကပ်ထားဆဲ
နှုတ်ခမ်းလေးကို မလွှတ်ပေးချင်..။ဘယ်လိုလုပ်ရပါ့..။
မတတ်နိုင်ဘူးလေ..ဂျွန်ဂျောင်ကုကလွှတ်ချင်ပေမဲ့..
ဂျွန်ဂျောင်ကုနှုတ်ခမ်းကမှမလွှတ်ချင်တာ..။
နှုတ်ခမ်းလေးဆန္ဒအရ ဆက်နမ်းနေမိသည်။

အွန့်..ပြွတ်စ်..

တကယ်ပါ..။ကျွန်တော်ကလွှတ်ပေးချင်ပါတယ်..။
ဒါပေမဲ့ နှုတ်ခမ်းကတအားဖြစ်နေလို့..။
ဟိုဟာ..အရမ်းနမ်းချင်လို့မဟုတ်ဘူးနော်...။

______________To Be Come🧶

တိုလို့စိတ်ချိုးနဲ့‌နော်..👀။ဒါကတစ်ပိုင်းလုံးဟုတ်ဘူး17_2ကျန်သေးလို့။‌နောက်ကျနေပီမို့ခွဲ‌ရေးလိုက်တာ။
မနက်ဖြန်အဆက်လာမှာသဲတို့😚။

ခဗျားလေးတို့ရဲ့ စာတိုလေးတစ်ကြောင်းစီတိုင်းက
သာသာ့တွက် အဖိုးတန်အားဆေးလေးတွေပါနော်🤎
Upဖို့တွက် အားတွေအများကြီးရစေတာ...🥺
အဲ့တာကြောင့်ဖိဘက်လေးတွေများများရေးပေးကြပါ🤍















Comment