3

ဒီနေ့နဲ့ဆို ဘိုကီလေး မူကြိုတက်တာ 1လပြည့်တော့မည်။ ဆော့ဂျင်နှင့်လည်း အတော်ကို ရင်းနှီးနေပါပြီ။ ပြောရရင်
ကလေးက သူ့ကိုအရမ်းခင်တွယ်သည်။

အင်း...သူလည်းဒီကလေးလေးကို သူ့ရဲ့ အဖိုးမဖြတ်နိုင်တဲ့သူလေးအစား ပိုပြီးဂရုစိုက်ပေးသည်။ ဘိုကီလေးကို မြင်တိုင်းအရမ်းသတိရရပါရဲ့၊ လွမ်းရပါ့ရဲ့ ။ သူတကယ်တာဝန်မကျေခဲ့ဘူး..။

"ဂျင်ဂျင်...ဂျင်ဂျင့်"

"အော်အေး သားသားပြောလေ"

"ဘွားဘွားက လာသေးပူးလားဟင်"

ဟုတ်ပါရဲ့..။ အဒေါ်ကြီးက ဒီနေ့ နောက်ကျလိုက်တာ။
ပုံမှန်၃နာရီ ကျောင်းဆင်းချိန်တိုင်း အချိန်မှီရောက်နေကျ ။
အခု ၃နာရီခွဲပြီးလို့ ငါးမိနစ်တောင်ရှိနေပြီ။

"ဘွားဘွားကလာမှာပေါ့ သားသားရယ် ခဏပဲစောင့်ပါနော်"

"ဟုတ်"

'ဆရာကင်မ်!'

"အော် ပြောလေ..ချာဟွန်း"

'ဖုန်းလာနေတယ်ရှင့် အဲ့တာဆရာကင်မ်နဲ့ ပြောချင်လို့ပါတဲ့'

"အော်အင်း လာခဲ့မယ်နော်"

မူကြိုကွင်းကစားက ခုံတန်းလေးမှာ bokiနဲ့ထိုင်နေခြင်း ဖြစ်လို့ သူမူကြိုကျောင်းထဲကို သွားမှဖြစ်မည်။

"သားသား ဒီနားလေးမှာ ခဏထိုင်နေအုံးနော် ဂျင်ဂျင် သွားလိုက်အုံးမယ်"

"ဟင်….ဂျင်ဂျင်ကဘယ်တွားမို့ယဲ တားတားကိုထားခဲ့ပါနဲ့"

"ခဏပဲ...ဂျင်ဂျင်တန်းပြန်လာမှာ သားသားကို မထားခဲ့ဖူးသိလား နော်သားသား"

"ဟု...ဟုတ်"

ဆော့ဂျင်လည်း မူကြိုထဲသို့ ပြန်ဝင်လိုက်ပြီး တယ်လီဖုန်းလေးကိုကိုင်လိုက်သည်။

📞 ဟယ်လို

📞 အာ..ဆရာလေးလား?

📞 ဟင်...ဘိုကီလေးရဲ့ဘွားဘွား?

📞 ဟုတ်ပါတယ် ကျွန်မဒီနေ့ဒယ်ဂူကို အရေးတကြီးသွားစရာလေးရှိလို့ အဲ့တာ ဘိုကီကို ဆရာလေး အိမ်ပြန်လိုက်ပို့ပေးနိုင်မလား

📞 ဟင်...

📞 အော်အော် ဒီလိုပါ အိမ်က ကားလွှတ်ပေးမှာပါ
Driveနဲ့သားသား နှစ်ယောက်ထဲကျ အဆင်မပြေတာမို့
ဆရာ့ကို လိုက်စေချင်တာပါ ပြီးတော့ဆရာ့ရဲ့ အိမ်ကိုလည်း
ပြန်လိုက်ပို့ပေးပါ့မယ် ‌ကူညီပါဆရာရယ်

ကျွန်တော်တခါတလေကျတွေးမိတယ် ။ ဘိုကီလေးရဲ့ မိဘတွေကရော။

📞 ဟုတ်..ရပါတယ် ကျွန်တော်လိုက်သွားလိုက်ပါ့မယ်

📞 ဟုတ်ကဲ့...ကျေးဇူးပါပဲ ဆရာလေးရယ်

📞 ရပါတယ်ဗျ

ဆော့ဂျင်လည်း ဖုန်းပြောပြီးတော့ ဘိုကီရှိရာ တန်းသွားလိုက်၏။

"သားသား.."

"ဂျင်ဂျင်.. တားတားက ထားခဲ့ပြီ ထင်နေတာ"

"သားသားကလည်းကွာ.. ဂျင်ဂျင်က ဘာလို့ထားခဲ့မှာလဲ
ပြီးတော့ ဂျင်ဂျင်က သားသားရဲ့ အိမ်ကိုလိုက်ပို့ပေးမှာ"

"ဟင်..တကယ်ယား?"

"ဒါပေါ့ သားသားရယ်"

သူတို့ပြောနေတုန်းမူကြိုထဲသို့ဝင်လာတဲ့ ကားတစ်စီး ပြီးတော့ထိုကားထဲက all blackနဲ့ လူတစ်ယောက် ဆင်းလားပြီး။

"ဒီက...ဆရာကင်မ်ဆော့ဂျင်လား?"

"ဟုတ်ပါတယ်"

"အော်..ကျွန်တော်က သခင်လေးဂျွန်ဘိုကီကို လာကြိုတဲ့သူပါ ဒေါ်ကြီးယွန်းက မပြောရသေးဘူးလားဗျ"

"ပြောပြီးပါပြီ..ကလေးနဲ့အတူ လိုက်ခဲ့ပါ့မယ်"

"ဟုတ်ကဲ့...တက်ပါ"

ဆော့ဂျင် ကားပေါ်သို့တက်လိုက်ပြီး ဘိုကီလေးနဲ့အတူ
ဂျွန်အိမ်တော်သို့ ထွက်ခွာလာလိုက်သည်။

•••••

📱ဟုတ်ပီ..
ငါအခုလာနေပြီ..။

ဟိုဆရာကိစ္စကြောင့် သူကမ္ပဏီကနေ
ပြန်လာခဲ့ပေမဲ့ အခု နိုင်ငံခြားရှယ်ယာရှင်တွေ
ရောက်နေတာကြောင့် မသွား၍ မဖြစ်တော့ ။

ထားပါတော့ ။ ဒေါ်ကြီးယွန်း
ယုံကြည်တယ် အ‌ဆင်ပြေပါတယ် ။

လက်ခံလိုက်ရုံပဲ..။

ဂျောင်ကု ထိုင်ခုံနောက်မှီပေါ်က
ကုတ်အင်္ကျီအား ကောက်စွတ်ကာ
ကားသော့ဆွဲရင်း ကုမ္ပဏီသွားရန်
ကားဆီ ဦးတည်‌လိုက်တော့သည်။

_____________TBC 🧶

Thanks for Voting and Reading 🧡

Comment