4

ဆော့ဂျင် စဉ်းစားမိပါရဲ့။
ကလေးကို အိမ်ပြန်လိုက်ပို့တော့ အလုပ်သမားတွေက လွဲ၍
သူ ဘယ်သူ့ကိုမှမတွေ့ ။ ဒါဆို ကလေးရဲ့ မိဘတွေကရော?။
မရှိကြတော့တာတော့ မဖြစ်နိုင် ။ တစ်ခါတစ်လေ ဘိုကီက
သူ့ဒယ်ဒယ်အကြောင်း ပြောတတ်သည်လေ။

သူ ကလေးအတွက် စိတ်ပူတာပဲသိသည် ။ ကလေးကိုအလုပ်သမားတွေနဲ့ပဲ ထားထားတာလား?။ သူမတွေး‌တတ်တော့ပါ။ အဲ့လို ချမ်းသာတဲ့လူတန်းစားတွေ အကြောင်းလည်းဂကနဃ မသိတဲ့အတွက် မတွေးတာပဲကောင်းပါ၏။ အခုလည်း သူ့တပည့်က အဆင်ပြေနေတာပဲလေ။

~~~~~~~~~~~~~~~~

"သခင်လေး ဘယ်လိုပါလဲ"

"ရပါတယ်...ဒေါ်ကြီးယွန်းတောင် အဲ့လောက် ယုံကြည်နေမှတော့ ကျွန်တော်လက်ခံပါတယ်"

"ဟင်..ဟုတ်ဟုတ် ။ ဒါဆိုမနက်ဖြန်ပဲ ဆရာလေးကို ပြောလိုက်ပါတော့မယ်နော်"

ဂျောင်ကုက ခေါင်းငြိမ့်ပြကာမှပဲ သူ(မ)လဲ ခေါင်းငုံ့ အရိုအသေပေးရင်း သခင်လေး၏ စာဖတ်ခန်းထဲမှ ထွက်လာမိသည်။

"တော်ပါသေးရဲ့.."

သူ(မ)မှာ အခုမှပဲ 'ဟင်း'ချနိုင်တော့၏။

တကယ်တော့ သူ(မ)က ဒယ်ဂူကို သွားခဲ့ခြင်းမဟုတ်ပါ။
ဆရာလေးကို အားနာနာနဲ့ပဲ လိမ်ခေါ်လိုက်ချင်းသာ။အကြောင်းအ‌ရင်းကတော့ ဘိုကီလေးက ကင်မ်ဆော့ဂျင်နဲ့
တွေ့မှ အစားပုံမှန်စား ၊ ပုံမှန်အိပ်လာပြီး စိတ်လည်းပျော်လာပုံရသည်။ အရင်ကဆို ဘာကျွေးကျွေးမစား၊ ညတွေဆိုလဲ
မအိပ်နဲ့ ဒီအဒေါ်ကြီး အတော်ပင်ပန်းခဲ့ရသည်။ ဒါတွေဟာ ကလေးကို အပြစ်တင်လို့လဲ မကောင်းပါ။ ကလေးက ငယ်ငယ်လေးနဲ့ စိတ်ဒဏ်ရာမျိုးစုံရထားရှာတာ။

အမေလုပ်သူကို မြင်တောင်မမြင်ဖူးတဲ့အပြင် ကျန်ရှိနေတဲ့ တစ်ဦးတည်းသောဖခင်ကပါ သူလေးကို မုန်းနေသည်လေ..။ ဒါတွေဟာ ကံစီမံရာပါပဲ။ ဘယ်သူ့ဘယ်သူမှာမှ အပြစ်မရှိပါဘူး။

သို့ပေသည် သခင်လေးဂျွန်ဂျောင်ကုက သဘောတရားကို
နားမလည် ။ သူ့ရဲ့မမ ၊ တစ်နည်းအားဖြင့် သခင်မလေး
ဘတ်ယောင်းအွန်ကိစ္စနဲ့ ပတ်သက်ပြီး ကလေးကိုအပြစ်တွေတင်နေခဲ့တာ။  ခုချိန်ထိပဲ ဆိုပါတော့။ ဒီအကြောင်းတွေ ပြောရရင်တော့ တစ်မိုးသာဆောင်းသွားလိမ့်မည်။ ပြီးမှာမဟုတ်။

ခုကိစ္စကတော့ ဆရာလေးက ကလေးအတွက် တကယ်အထောက်အကူ ဖြစ်တဲ့သူမို့ အိမ်ကိုခေါ်ထားလိုခြင်းသာ။ သို့သော် ဤဂျွန်အိမ်တော်ကြီးမှာ အပြင်လူ လက်လွတ်စပယ်ဝင်ထွက်၍ မရ။ ထို့ကြောင့် သခင်လေးကို ခွင့်တောင်းကြည့်၍ အစကတော့ လက်မခံပေမဲ့ တောင်းပန်သည်အထိပါ
လုပ်ခဲ့တော့ သူကြည့်,ကြည့်မယ် ဆိုပြီး ဆရာလေးကို ခေါ်ခိုင်းလို့ ခေါ်ပေးခြင်း။

လူတွေကတော့ ထင်ကြလောက်မည်။ ဒီအဒေါ်ကြီးနဲ့ ဂျွန်ဘိုကီနဲ့က ဘာမှမတော်ဘဲ အဲ့သလောက်ကြီး လုပ်ပေးစရာ မလိုပါဘူးဆိုပြီးပေါ့..။ ကိုယ်ကတော့ မွေးကတည်းက ကိုယ့်လက်အောက်မှာပဲ ကြီးပြင်းခဲ့တဲ့ကလေးက ကိုယ့်ကလေးပါပဲ။ ဂျွန်ဘိုကီမပြောပါနဲ့ ။ ဂျွန်ဘိုကီရဲ့ မိခင်ဆိုသူက ကိုယ့်သား၊သမီးလို ကိုယ့်တူမတစ်ယောက်လို သဘောထားပြုစုပေးခဲ့ရတာ..။ သူ(မ)လေးကလဲ ငယ်ငယ်ကတည်းက မိဘကံဆိုးရှာတော့ သူတို့အိမ်မှာနေတဲ့ ဒီအဒေါ်ကြီးကိုပဲ တသက်လုံး အမေလို၊အဒေါ်လို အားကိုးပြီးနေရှာတာ။ သူ(မ) ဂျွန်အိမ်တော်ကို ရောက်လာခဲ့ရခြင်းဟာလဲ ထိုသူ(မ)ကြောင့်ပါပဲ။ ဘတ်ယောင်းအွန်က သူ(မ)နဲ့အတူ လိုက်နေစေဖို့ ဘတ်အိမ်တော်ကနေ ခေါ်လာခဲ့ခြင်းပင်။ သူ(မ) ဂျွန်အိမ်တော်ကို ရောက်‌တာ ဟော့ဒီ ဂျွန်ဘိုကီအသက်နဲ့ အမျှပဲလေ..။ သူ(မ)မှာကလဲ သား၊သမီးမရှိတော့ ဒီကလေးလေးကိုပဲ စုချစ်နေရတယ်လေ။ လူဆိုတာ‌သေမျိုးမလား?။ သူ(မ)မသေခင်လေးတော့ အတတ်နိုင်ဆုံး ကလေးအတွက် လုပ်ပေးခဲ့ရမည်။ သခင်လေးဂျွန်ဂျောင်ကု ဆိုတာကလဲ ယောင်းအွန်နဲ့အတူ သူ(မ)ရှေ့တင် ကြီးပြင်းလာတဲ့ကလေးပါပဲ။ ထို့ကြောင့် ကိုယ့်စကားဆို နားထောင်ပေးတာများ၏။ သခင်‌လေးကိလည်း ဒီလိုပုံစံနဲ့ပဲ မ‌နေသွား‌စေလို ။ ဤအချိန်မှာတော့ သခင်လေးဂျွန်ဂျောင်ကုတို့ သားအဖပြေလည်ရေး တို့အရေးဆိုတဲ့ ဆောင်ပုဒ်ကို အလွတ်ကျက်ထားရမည်။










ဆော့ဂျင် ဒီနေ့ အိပ်ယာထ နဲနဲနောက်ကျနေသည်။ မျက်နှာသစ်၊ သွားတိုက်ကာ အဝတ်အစားလဲပြီး အောက်ထပ်သို့ ဆင်းလာတော့ စကားပြောသံတိုးတိုး ကြားရ၏။

ဧည့်သည် ရောက်နေတယ် ထင်ပါသည်။

"ဟော..သားနိုးပီလား"

သူထင်ထားသည့် အတိုင်း ဧည့်သည်ရောက်လို့ နေ၏။ မေမေ့အရွယ် အန်တီကြီးတစ်‌ယောက်က မေမေနှင့်အတူ ဧည့်ခန်းထဲ ထိုင်နေသည်။ မေမေက ပြုံးရင်း နှုတ်ဆက်ရှာတော့ သူလဲ 'ဟုတ်'ဟု ခပ်တိုးတိုးပြုကာ ခေါင်းငြိမ့်ပြလိုက်ပြီး မေမေ့ဘေး ဝင်ထိုင်ဟန် ပြင်၏။

"ဟင်! ဒေါ်ကြီးယွန်း"

မေမေ့ဘေးဝင်ထိုင်မှ ခုနက ကျောပေးထားတဲ့ အဒေါ်ကြီးကို မြင်ရလေတော့ သားသားရဲ့ဘွားဘွား ။

"ဒါ မေမေ့ သူငယ်ချင်းလေသား..မေမေတို့က ငယ်ငယ်လေးထဲကသိကြတာ..ဒါမဲ့ ကြီးလာတော့ ကွဲသွားကြတယ်လေ"

"အော်..ကမ္ဘာကြီးက ကျင်းကျင်းလေးပဲနော်"

"ဟုတ်ပါ့ဟုတ်ပါ့"

"ဆရာလေး ဒီကိုလေ သူငယ်ချင်းဆီလာလည်ရင်း ဆရာလေးကိုလဲ ပြောစရာ.ပြောစရာဆိုတာထက် အကူညီတောင်းစရာလေး ရှိလို့ပါ။"

ဒေါ်ကြီးယွန်းစကားကြောင့် ဆော့ဂျင် မျက်အိမ်တို့ အနည်းငယ် ကျယ်သွား၏။ သူ့ကို ဘာများ အကူအညီတောင်းမို့ပါလိမ့်။

"အော်ဟုတ်..ဘာများလဲဟင်"

"ဆရာ့ကို ဘိုကီလေးနဲ့ အတူလာနေစေချင်တာပါ"

"ဗျာ!"

ဒီတစ်ခါမှ သူတကယ် အံ့ဩရတာပင်။

"ဟုတ်ပါတယ် ကျွန်မတို့ဘိုကီက တကယ်သနားစရာလေးပါဆရာရယ်..သူ့မှာအမေမရှိရှာတော့ဘူး။ အဖေကလည်း.."

အဒေါ်ကြီးလည်း ဆော့ဂျင်ကို အကူညီတောင်းဖို့ရာ
ဆော့ဂျင်ကူညီချင်အောင် အကြောင်းစုံအား ပြောပြပေး
လိုက်သည်။ပြီးတော့ ကင်မ်ဆူဂျင်းက ဆော့ဂျင်အမေဆိုရင် မမလေးတို့နဲ့က တော်ရုံပတ်သက်မှုမျိုးမဖြစ်နိုင်။ အဲ..မဟုတ်မှ...

______________TBC 🧶

Thanks for Voting and Reading 🧡

Comment