*257* ချန်ထားရစ်ခဲ့ခြင်း(၅)


ပိုင်ယွမ်ချန်ရဲ့မျက်နှာထက် ဝမ်းသာပျော်ရွှင်နေသော ခံစားချက်တွေပေါ်လာ၏။
သိပ်မကြာခင်မှာ သူ့နှလုံးသားထဲကသူနဲ့ သူတွေ့ရတော့မည်။

ရုန်ယိ အေးစက်စွာ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"အပျော်စောမနေနဲ့ဦး.. လေထဲမှာ ကျင့်ကြံသူတွေအများကြီးရှိသေးတယ်.. ကျွန်တော်သာ ဒီနေရာမှာ မိုးကြိုးစမ်းသပ်မှုခံယူလိုက်ရင် သူတို့တွေကို ထိခိုက်မိသွားမှာ.. ပြီးတော့လည်း စစ်ကျဲ့တို့ ဒီနေရာမှာလုပ်ထားတဲ့အစီအရင်ကိုပါ ဖျက်ဆီးမိသွားနိုင်တယ်"

"အစီအရင်က အသက်ဝင်နေပြီ..အခုချိန်မှာ နတ်ဘုရားတွေတောင်မှ လာဖျက်ဆီးနိုင်စွမ်းမရှိတော့ဘူး.. တစ်ခြားကျင့်ကြံသူတွေကလည်း အရူးမဟုတ်ဘူး..မိုးကြိုးစမ်းသပ်မှုတိမ်တိုက်တွေ တွေ့နေရမှတော့ ဘာကိစ္စနဲ့ သူတို့သေတွင်းသူတို့တူးကြမလဲ.. မင်းသာ ဒီမှာ အဆင့်တက်နိုင်အောင် ကြိုးစား.. မင်းအဆင့်တက်သွားတာနဲ့ ငါချက်ချင်း မြေအောက်ကမ္ဘာရဲ့ဝင်ပေါက်ကို ဖွင့်လိုက်တော့မယ်"

ရုန်ယိစားလိုက်ရတဲ့ဆေးလုံးက အတော်လေးအလုပ်ဖြစ်လှ၏။ ဝိညာဥ်စွမ်းအားတွေက ရုန်ယိရဲ့တန်ထျန်းထဲ ဆက်တိုက်စီးဝင်နေကာ ရုန်ယိတောင်မှ ဖိနှိပ်ထားလို့မရနိုင်အောင်ဖြစ်လာရသည်။

ရုန်ယိနှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ကျွန်တော် မလုပ်ခင်.. ခင်ဗျားကို နောက်ဆုံးမေးခွန်းနှစ်ခု မေးချင်တယ်.. ခင်ဗျားရဲ့ကျောက်စိမ်းပြားက ဘာလို့ ကျွန်တော့်ကို အနာဂတ်ကမ္ဘာကို ပြန်ပို့ပေးနိုင်တာလဲ"

"အဲ့တာ ငါ့မိသားစုရဲ့အမွေအနှစ်ကျောက်စိမ်းပြား.. လူတစ်ယောက်ရဲ့ဝိညာဥ်နဲ့ခန္ဓာကိုယ် ထိခိုက်ပျက်စီးမှာကနေ ကာကွယ်ပေးနိုင်တယ်.. အန္တရာယ်ထဲကျနေတဲ့အချိန် ဘေးကင်းတဲ့နေရာကိုပို့ပေးတယ်.. အန္တရာယ်ကင်းသွားပြီဆိုမှ နဂိုနေရာကို ပြန်ပို့ပေးတာ.. မင်းနဲ့ရုန်ယိတို့ အန္တရာယ်နဲ့တွေ့တဲ့အချိန်မှာ ကျောက်စိမ်းပြားက သူ့ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ပေးပြီး မင်းရဲ့ဝိညာဥ်ကိုကျတော့ အန္တရာယ်အကင်းဆုံးနေရာကိုပို့ပေးလိုက်တာ.. ဒါပေမဲ့ မင်းကို အနာဂတ်ကမ္ဘာကို တစ်ကယ်ပြန်ပို့လိုက်တာမဟုတ်ဘူး.. နောက်ဆုံး မင်း ဒီဘက်ကို ပြန်ရောက်လာခဲ့တယ်မလား"

"ဒီကျောက်စိမ်းပြားရှိနေတဲ့ဟာ ခင်ဗျားက ဘာလို့ ဒဏ်ရာအပြင်းအထန်ရသွားပြီး ခင်ဗျားဝိညာဥ်ကပါ ကွဲထွက်သွားပြီး စုပ်ယူခံခဲ့ရတာလဲ"

"အဲ့အချိန်က ကျောက်စိမ်းပြားက ငါ့ဆီမှာရှိမနေခဲ့ဘူး.. ရုန်ဝေ့ယိရဲ့ အသက်ကိုကယ်နိုင်ဖို့အတွက် သူ့ကိုပေးထားခဲ့တာ"

"ကြည့်ရတာ ရုန်ဝေ့ယိ ခင်ဗျားအပေါ်ကောင်းပေးနေတဲ့ အကြောင်းအရင်းရဲ့အများစုက အပြစ်ရှိစိတ်ကြောင့်ထင်တယ်"

"ဖြစ်နိုင်ပါတယ်"

"ဒုတိယမေးခွန်းက ထျန်းရွှီတောင်ထိပ်က လှိုဏ်ဂူက ဘာလို့ အနာဂတ်ကမ္ဘာနဲ့ချိတ်ဆက်လို့ရနေပြီး အနာဂတ်ကလူတွေကိုပါ ဒီကိုခေါ်လာလို့ရနေတာလဲ"

"ငါ ဂူထဲမှာ အနာဂတ်ကမ္ဘာနဲ့ဆက်သွယ်ထားတဲ့ အစီအရင်ကြီးတစ်ခုချထားတယ်.. ငါ့ချစ်သူ ဘယ်နေရာမှာလဲဆိုတာ ရှာဖွေနိုင်ဖို့အတွက်လေ.. အနာဂတ်ကလူတွေ ဒီကိုဘယ်လိုလုပ်လာလို့ရလဲဆိုတာကတော့ မင်းနဲ့ခွဲထုတ်လို့မရတဲ့ ဆက်နွယ်မှုတစ်မျိုးမျိုးရှိနေလို့ ဖြစ်မှာပေါ့.. ဒါပေမဲ့ အဲ့လူက ဒီဘက်မှာ အချိန်အကြာကြီးရှိမနေနိုင်ဘူး.. အချိန်တစ်ခုကြာရင် ပြန်ပျောက်ကွယ်သွားမှာဘဲ"

"အဲ့တာ အခုထိ ရှိနေသေးလား"

ပိုင်ယွမ်ချန်က ခေါင်းခါလာ၏။
"ထျန်းရွှီတောင်ထိပ်က ကျိုရွှီဂိုဏ်း ဂိုဏ်းချုပ်ရဲ့နေရာဖြစ်လာတည်းက ငါဖျက်ဆီးပစ်လိုက်ပြီးပြီ"

ရုန်ယိ အလောတကြီးနဲ့ မေးကြည့်လိုက်သည်။
"ခင်ဗျား ပြန်တည်ဆောက်နိုင်လား"

"ငါအဲ့အစီအရင်တည်ဆောက်ဖို့ သုံးထားတဲ့ပစ္စည်းတွေက မသေမျိုးနတ်ဘုရားလောကကနေ ခိုးယူလာတဲ့ဟာတွေ..ပြီးတော့ အဲ့တာတွေက တစ်ကြိမ်ဘဲသုံးလို့ရတာ"

ရုန်ယိမှာ ယင်ကျင်းရဲ့နဲ့ကလေးတွေကို နောက်တစ်ကြိမ်ပြန်တွေ့နိုင်မယ်ဆိုတဲ့ အတွေးက ပျက်စီးသွားတာကြောင့် စိတ်ပျက်သွားရလေသည်။

ရုတ်တရက် ကောင်းကင်ထက်မှာ မိုးခြိမ်းသံတွေ ထွက်ပေါ်လာ၏။

"ကျွန်တော် မိုးကြိုးစမ်းသပ်မှုခံယူရတော့မယ်"
ရုန်ယိ ခပ်တိုးတိုးဆိုလိုက်သည်။

ထို့နောက် ကောင်းကင်ထက်မှာ တိမ်တွေတလိပ်လိပ်တက်လာပြီး ကြယ်တွေလတွေကို ဖုံးကွယ်သွားတော့သည်။

မိုးခြိမ်းသံတွေကြားတဲ့အခါ အနားကကျင့်ကြံသူတွေမှာ မျက်နှာအမူအယာတွေပြောင်းကုန်ကြတော့၏။ ဒါက တစ်ယောက်ယောက် မိုးကြိုးစမ်းသပ်မှုခံယူရတော့မှာရဲ့ရှေ့ပြေးဖြစ်တာ သူတို့သေချာသိထားကြပြီး မိုးကြိုးတိမ်တိုက်တွေရဲ့အရွယ်အစားအရ မိုးကြိုးစမ်းသပ်မှုခံယူမဲ့သူက ကျင့်ကြံဆင့်မြင့်မားသူပင်။

"ကျင့်ကြံဆင့်မြင့်တဲ့လူတစ်ယောက် မိုးကြိုးစမ်းသပ်မှုခံယူတော့မယ်!!.. အားလုံးဘဲ ဒီကနေ အမြန်ထွက်သွားကြတော့!"

ကျင့်ကြံသူတွေမှာ ထိုတိမ်မည်းတွေကြားမှ အမြန်ပျံသန်းထွက်သွားကြတော့သည်။

ပိုင်ယွမ်ချန်က ဒီနေရာမှာ အစီအရင်တစ်ခုပြုလုပ်ပြီးသွားပြီဖြစ်ကာ မိုးကြိုးစမ်းသပ်မှုရောက်လာမဲ့အချိန်ကိုသာ စောင့်ဆိုင်းနေလေသည်။
"ငါမင်းကိုပေးတဲ့ဝတ်စုံက မိုးကြိုးတွေကိုခံနိုင်ရည်ရှိတယ်..ပြီးတော့ ဝိညာဥ်တွေ မင်းကိုယ်ထဲဝင်အပိုင်စီးမှာကိုလည်း ကာကွယ်ပေးနိုင်တယ်"

"ဒီလောက်ကြီးထိ အရေးတယူဂရုစိုက်ပေးထားတာ ကျေးဇူးပါဗျာ"
ရုန်ယိက အရွှန်းဖောက်ကာ ပြောလိုက်၏။

"ရပါတယ်"

ရုန်ယိ လျှပ်စီးတွေကိုမော့ကြည့်လိုက်တဲ့အချိန်မှာ သူတို့ခေါင်းထက်မှ ကျင့်ကြံသူတစ်စုဖြတ်ပျံသန်းသွားတာ တွေ့လိုက်ရပြီး သူတို့ထဲကတစ်ယောက်က ရက်ပေါင်းများစွာလိုက်ရှာနေခဲ့ရတဲ့ စစ်ကျဲ့ပင်။

"အဲ့တာ စစ်ကျဲ့ဘဲ"

သူ မသိစိတ်အရ အပေါ်ကိုပျံသန်းသွားဖို့ လုပ်လိုက်မိပေမဲ့ ပိုင်ယွမ်ချန်ရဲ့ သူ့ပုခုံးပေါ်ဖိချတာကို ခံလိုက်ရသည်။
"သူတို့နဲ့ဖြေရှင်းဖို့ကို ချီလန်နဲ့လွှဲထားလိုက်"

ဒီတော့မှ ရုန်ယိမှာ သူတို့နောက်ကနေ ယင်ကျင်းရဲ့အိမ်တော်ကအစောင့်တွေနဲ့အတူ လိုက်ဖမ်းနေတဲ့ ချီလန်ကို တွေ့လိုက်ရသည်။

တစ်ခြားသူတွေ သူ့ကိုမမှတ်မိသွားစေရန်အတွက် ပိုင်ယွမ်ချန်က ငှက်ပုံစံပြောင်းကာ ရုန်ယိပုခုံးပေါ်မှာ နားနေလိုက်သည်။

ရုန်ယိ အသံပို့ကာ ရေရွတ်ပြောလိုက်သည်။
"ကျင်းရဲ့လည်း ဒီနားတစ်ဝိုက်မှာဘဲ ရှိနေလောက်တယ်"

ပိုင်ယွမ်ချန် "..."

"ကျွန်တော် မိုးကြိုးစမ်းသပ်မှုခံယူပြိးတဲ့အထိစောင့်ပြီးတာနဲ့ ခင်ဗျားချက်ချင်း မြေအောက်ကမ္ဘာဝင်ပေါက်ကိုဖွင့်ပြီး ခင်ဗျားဝိညာဥ်ကိုပြန်သွားရှာ.. ပြီးရင် ကျွန်တော် ဒီကမ္ဘာကနေ ထွက်သွားတော့မယ်"

"အင်း"
ပိုင်ယွမ်ချန် သူ့ကိုလက်စွပ်တစ်ကွင်းပေးလာသည်။ အထဲမှာက မဟာယာနအဆင့်ကျင့်ကြံသူတစ်ယောက်လိုအပ်တဲ့ မှော်လက်နက်တွေ ၊ ဆေးလုံးတွေနဲ့ အင်းကွက်တွေအကုန်ပါလေသည်။

ရုန်ယိ သူ့လက်စွပ်ကိုချွတ်လိုက်ပြီး ပိုင်ယွမ်ချန်ပေးတဲ့လက်စွပ်ထဲထည့်ကာ ဝတ်ဆင်လိုက်သည်။ အခုဆို သေချာပေါက် သူ့ကို ဘယ်သူမှ မှတ်မိကြမှာမဟုတ်တော့။

မိုးခြိမ်းသံတွေက ခေါင်းထက်၌ ကျယ်သထက်ကျယ်လောင်လာကာ လျှပ်စီးတွေကလည်း ထူပြောလာ၏။

"ပထမဆုံးမိုးကြိုးစမ်းသပ်ချက်ရောက်လာပြီ"
ပိုင်ယွမ်ချန်ရဲ့ စကားဆုံးတာနှင့် ပင့်ကူအိမ်လို လျှပ်စီးကြောင်းတွေက မြေပြင်ပေါ်ကျဆင်းလာကာ မိုးကြိုးစမ်းသပ်မှုခံယူနေတဲ့သူကို ပုန်းစရာမရှိဖြစ်သွားစေတော့သည်။

"ဘုန်း!!!"
အသံကျယ်ကြီးကြောင့် ချီလန်နဲ့တစ်ခြားသူတွေမှာ တိုက်ခိုက်တာတွေ ရပ်တန့်သွားကြပြီး ထိုတိမ်မည်းတွေကြားကနေ အမြန်ဆုံး ပြေးထွက်လိုက်ကြရသည်။

ယင်ဟော့ယောင်လည်း ဒီဘက်ကိုပျံသန်းလာရင်းနဲ့ စစ်ကျဲ့နဲ့သူ့လူတွေကို ချက်ချင်းလှမ်းမေးလာ၏။
"ဘာတွေဖြစ်နေတာလဲ.. ဘာလို့ မိုးကြိုးတိမ်တိုက်တွေရှိနေရတာလဲ"

စစ်ကျဲ့က သုန်မှုန်စွာ ပြန်ဖြေလာသည်။
"တစ်ယောက်ယောက်က ဒီမှာ မိုးကြိုးစမ်းသပ်မှုခံယူနေတာ"

*******

Zawgyi

ပိုင္ယြမ္ခ်န္ရဲ႕မ်က္ႏွာထက္ ဝမ္းသာေပ်ာ္႐ႊင္ေနေသာ ခံစားခ်က္ေတြေပၚလာ၏။
သိပ္မၾကာခင္မွာ သူ႕ႏွလုံးသားထဲကသူနဲ႕ သူေတြ႕ရေတာ့မည္။

႐ုန္ယိ ေအးစက္စြာ ႏွာေခါင္းရႈံ႕ကာ ေျပာလိုက္သည္။
"အေပ်ာ္ေစာမေနနဲ႕ဦး.. ေလထဲမွာ က်င့္ႀကံသူေတြအမ်ားႀကီးရွိေသးတယ္.. ကြၽန္ေတာ္သာ ဒီေနရာမွာ မိုးႀကိဳးစမ္းသပ္မႈခံယူလိုက္ရင္ သူတို႔ေတြကို ထိခိုက္မိသြားမွာ.. ၿပီးေတာ့လည္း စစ္က်ဲ့တို႔ ဒီေနရာမွာလုပ္ထားတဲ့အစီအရင္ကိုပါ ဖ်က္ဆီးမိသြားနိုင္တယ္"

"အစီအရင္က အသက္ဝင္ေနၿပီ..အခုခ်ိန္မွာ နတ္ဘုရားေတြေတာင္မွ လာဖ်က္ဆီးနိုင္စြမ္းမရွိေတာ့ဘူး.. တစ္ျခားက်င့္ႀကံသူေတြကလည္း အ႐ူးမဟုတ္ဘူး..မိုးႀကိဳးစမ္းသပ္မႈတိမ္တိုက္ေတြ ေတြ႕ေနရမွေတာ့ ဘာကိစၥနဲ႕ သူတို႔ေသတြင္းသူတို႔တူးၾကမလဲ.. မင္းသာ ဒီမွာ အဆင့္တက္နိုင္ေအာင္ ႀကိဳးစား.. မင္းအဆင့္တက္သြားတာနဲ႕ ငါခ်က္ခ်င္း ေျမေအာက္ကမၻာရဲ႕ဝင္ေပါက္ကို ဖြင့္လိုက္ေတာ့မယ္"

႐ုန္ယိစားလိုက္ရတဲ့ေဆးလုံးက အေတာ္ေလးအလုပ္ျဖစ္လွ၏။ ဝိညာဥ္စြမ္းအားေတြက ႐ုန္ယိရဲ႕တန္ထ်န္းထဲ ဆက္တိုက္စီးဝင္ေနကာ ႐ုန္ယိေတာင္မွ ဖိႏွိပ္ထားလို႔မရနိုင္ေအာင္ျဖစ္လာရသည္။

႐ုန္ယိႏွာေခါင္းရႈံ႕ကာ ေျပာလိုက္သည္။
"ကြၽန္ေတာ္ မလုပ္ခင္.. ခင္ဗ်ားကို ေနာက္ဆုံးေမးခြန္းႏွစ္ခု ေမးခ်င္တယ္.. ခင္ဗ်ားရဲ႕ေက်ာက္စိမ္းျပားက ဘာလို႔ ကြၽန္ေတာ့္ကို အနာဂတ္ကမၻာကို ျပန္ပို႔ေပးနိုင္တာလဲ"

"အဲ့တာ ငါ့မိသားစုရဲ႕အေမြအႏွစ္ေက်ာက္စိမ္းျပား.. လူတစ္ေယာက္ရဲ႕ဝိညာဥ္နဲ႕ခႏၶာကိုယ္ ထိခိုက္ပ်က္စီးမွာကေန ကာကြယ္ေပးနိုင္တယ္.. အႏၱရာယ္ထဲက်ေနတဲ့အခ်ိန္ ေဘးကင္းတဲ့ေနရာကိုပို႔ေပးတယ္.. အႏၱရာယ္ကင္းသြားၿပီဆိုမွ နဂိုေနရာကို ျပန္ပို႔ေပးတာ.. မင္းနဲ႕႐ုန္ယိတို႔ အႏၱရာယ္နဲ႕ေတြ႕တဲ့အခ်ိန္မွာ ေက်ာက္စိမ္းျပားက သူ႕ရဲ႕ခႏၶာကိုယ္ကိုကာကြယ္ေပးၿပီး မင္းရဲ႕ဝိညာဥ္ကိုက်ေတာ့ အႏၱရာယ္အကင္းဆုံးေနရာကိုပို႔ေပးလိုက္တာ.. ဒါေပမဲ့ မင္းကို အနာဂတ္ကမၻာကို တစ္ကယ္ျပန္ပို႔လိုက္တာမဟုတ္ဘူး.. ေနာက္ဆုံး မင္း ဒီဘက္ကို ျပန္ေရာက္လာခဲ့တယ္မလား"

"ဒီေက်ာက္စိမ္းျပားရွိေနတဲ့ဟာ ခင္ဗ်ားက ဘာလို႔ ဒဏ္ရာအျပင္းအထန္ရသြားၿပီး ခင္ဗ်ားဝိညာဥ္ကပါ ကြဲထြက္သြားၿပီး စုပ္ယူခံခဲ့ရတာလဲ"

"အဲ့အခ်ိန္က ေက်ာက္စိမ္းျပားက ငါ့ဆီမွာရွိမေနခဲ့ဘူး.. ႐ုန္ေဝ့ယိရဲ႕ အသက္ကိုကယ္နိုင္ဖို႔အတြက္ သူ႕ကိုေပးထားခဲ့တာ"

"ၾကည့္ရတာ ႐ုန္ေဝ့ယိ ခင္ဗ်ားအေပၚေကာင္းေပးေနတဲ့ အေၾကာင္းအရင္းရဲ႕အမ်ားစုက အျပစ္ရွိစိတ္ေၾကာင့္ထင္တယ္"

"ျဖစ္နိုင္ပါတယ္"

"ဒုတိယေမးခြန္းက ထ်န္း႐ႊီေတာင္ထိပ္က လွိုဏ္ဂူက ဘာလို႔ အနာဂတ္ကမၻာနဲ႕ခ်ိတ္ဆက္လို႔ရေနၿပီး အနာဂတ္ကလူေတြကိုပါ ဒီကိုေခၚလာလို႔ရေနတာလဲ"

"ငါ ဂူထဲမွာ အနာဂတ္ကမၻာနဲ႕ဆက္သြယ္ထားတဲ့ အစီအရင္ႀကီးတစ္ခုခ်ထားတယ္.. ငါ့ခ်စ္သူ ဘယ္ေနရာမွာလဲဆိုတာ ရွာေဖြနိုင္ဖို႔အတြက္ေလ.. အနာဂတ္ကလူေတြ ဒီကိုဘယ္လိုလုပ္လာလို႔ရလဲဆိုတာကေတာ့ မင္းနဲ႕ခြဲထုတ္လို႔မရတဲ့ ဆက္ႏြယ္မႈတစ္မ်ိဳးမ်ိဳးရွိေနလို႔ ျဖစ္မွာေပါ့.. ဒါေပမဲ့ အဲ့လူက ဒီဘက္မွာ အခ်ိန္အၾကာႀကီးရွိမေနနိုင္ဘူး.. အခ်ိန္တစ္ခုၾကာရင္ ျပန္ေပ်ာက္ကြယ္သြားမွာဘဲ"

"အဲ့တာ အခုထိ ရွိေနေသးလား"

ပိုင္ယြမ္ခ်န္က ေခါင္းခါလာ၏။
"ထ်န္း႐ႊီေတာင္ထိပ္က က်ိဳ႐ႊီဂိုဏ္း ဂိုဏ္းခ်ဳပ္ရဲ႕ေနရာျဖစ္လာတည္းက ငါဖ်က္ဆီးပစ္လိုက္ၿပီးၿပီ"

႐ုန္ယိ အေလာတႀကီးနဲ႕ ေမးၾကည့္လိုက္သည္။
"ခင္ဗ်ား ျပန္တည္ေဆာက္နိုင္လား"

"ငါအဲ့အစီအရင္တည္ေဆာက္ဖို႔ သုံးထားတဲ့ပစၥည္းေတြက မေသမ်ိဳးနတ္ဘုရားေလာကကေန ခိုးယူလာတဲ့ဟာေတြ..ၿပီးေတာ့ အဲ့တာေတြက တစ္ႀကိမ္ဘဲသုံးလို႔ရတာ"

႐ုန္ယိမွာ ယင္က်င္းရဲ႕နဲ႕ကေလးေတြကို ေနာက္တစ္ႀကိမ္ျပန္ေတြ႕နိုင္မယ္ဆိုတဲ့ အေတြးက ပ်က္စီးသြားတာေၾကာင့္ စိတ္ပ်က္သြားရေလသည္။

႐ုတ္တရက္ ေကာင္းကင္ထက္မွာ မိုးၿခိမ္းသံေတြ ထြက္ေပၚလာ၏။

"ကြၽန္ေတာ္ မိုးႀကိဳးစမ္းသပ္မႈခံယူရေတာ့မယ္"
႐ုန္ယိ ခပ္တိုးတိုးဆိုလိုက္သည္။

ထို႔ေနာက္ ေကာင္းကင္ထက္မွာ တိမ္ေတြတလိပ္လိပ္တက္လာၿပီး ၾကယ္ေတြလေတြကို ဖုံးကြယ္သြားေတာ့သည္။

မိုးၿခိမ္းသံေတြၾကားတဲ့အခါ အနားကက်င့္ႀကံသူေတြမွာ မ်က္ႏွာအမူအယာေတြေျပာင္းကုန္ၾကေတာ့၏။ ဒါက တစ္ေယာက္ေယာက္ မိုးႀကိဳးစမ္းသပ္မႈခံယူရေတာ့မွာရဲ႕ေရွ႕ေျပးျဖစ္တာ သူတို႔ေသခ်ာသိထားၾကၿပီး မိုးႀကိဳးတိမ္တိုက္ေတြရဲ႕အ႐ြယ္အစားအရ မိုးႀကိဳးစမ္းသပ္မႈခံယူမဲ့သူက က်င့္ႀကံဆင့္ျမင့္မားသူပင္။

"က်င့္ႀကံဆင့္ျမင့္တဲ့လူတစ္ေယာက္ မိုးႀကိဳးစမ္းသပ္မႈခံယူေတာ့မယ္!!.. အားလုံးဘဲ ဒီကေန အျမန္ထြက္သြားၾကေတာ့!"

က်င့္ႀကံသူေတြမွာ ထိုတိမ္မည္းေတြၾကားမွ အျမန္ပ်ံသန္းထြက္သြားၾကေတာ့သည္။

ပိုင္ယြမ္ခ်န္က ဒီေနရာမွာ အစီအရင္တစ္ခုျပဳလုပ္ၿပီးသြားၿပီျဖစ္ကာ မိုးႀကိဳးစမ္းသပ္မႈေရာက္လာမဲ့အခ်ိန္ကိုသာ ေစာင့္ဆိုင္းေနေလသည္။
"ငါမင္းကိုေပးတဲ့ဝတ္စုံက မိုးႀကိဳးေတြကိုခံနိုင္ရည္ရွိတယ္..ၿပီးေတာ့ ဝိညာဥ္ေတြ မင္းကိုယ္ထဲဝင္အပိုင္စီးမွာကိုလည္း ကာကြယ္ေပးနိုင္တယ္"

"ဒီေလာက္ႀကီးထိ အေရးတယူဂ႐ုစိုက္ေပးထားတာ ေက်းဇူးပါဗ်ာ"
႐ုန္ယိက အ႐ႊန္းေဖာက္ကာ ေျပာလိုက္၏။

"ရပါတယ္"

႐ုန္ယိ လွ်ပ္စီးေတြကိုေမာ့ၾကည့္လိုက္တဲ့အခ်ိန္မွာ သူတို႔ေခါင္းထက္မွ က်င့္ႀကံသူတစ္စုျဖတ္ပ်ံသန္းသြားတာ ေတြ႕လိုက္ရၿပီး သူတို႔ထဲကတစ္ေယာက္က ရက္ေပါင္းမ်ားစြာလိုက္ရွာေနခဲ့ရတဲ့ စစ္က်ဲ့ပင္။

"အဲ့တာ စစ္က်ဲ့ဘဲ"

သူ မသိစိတ္အရ အေပၚကိုပ်ံသန္းသြားဖို႔ လုပ္လိုက္မိေပမဲ့ ပိုင္ယြမ္ခ်န္ရဲ႕ သူ႕ပုခုံးေပၚဖိခ်တာကို ခံလိုက္ရသည္။
"သူတို႔နဲ႕ေျဖရွင္းဖို႔ကို ခ်ီလန္နဲ႕လႊဲထားလိုက္"

ဒီေတာ့မွ ႐ုန္ယိမွာ သူတို႔ေနာက္ကေန ယင္က်င္းရဲ႕အိမ္ေတာ္ကအေစာင့္ေတြနဲ႕အတူ လိုက္ဖမ္းေနတဲ့ ခ်ီလန္ကို ေတြ႕လိုက္ရသည္။

တစ္ျခားသူေတြ သူ႕ကိုမမွတ္မိသြားေစရန္အတြက္ ပိုင္ယြမ္ခ်န္က ငွက္ပုံစံေျပာင္းကာ ႐ုန္ယိပုခုံးေပၚမွာ နားေနလိုက္သည္။

႐ုန္ယိ အသံပို႔ကာ ေရ႐ြတ္ေျပာလိုက္သည္။
"က်င္းရဲ႕လည္း ဒီနားတစ္ဝိုက္မွာဘဲ ရွိေနေလာက္တယ္"

ပိုင္ယြမ္ခ်န္ "..."

"ကြၽန္ေတာ္ မိုးႀကိဳးစမ္းသပ္မႈခံယူၿပိးတဲ့အထိေစာင့္ၿပီးတာနဲ႕ ခင္ဗ်ားခ်က္ခ်င္း ေျမေအာက္ကမၻာဝင္ေပါက္ကိုဖြင့္ၿပီး ခင္ဗ်ားဝိညာဥ္ကိုျပန္သြားရွာ.. ၿပီးရင္ ကြၽန္ေတာ္ ဒီကမၻာကေန ထြက္သြားေတာ့မယ္"

"အင္း"
ပိုင္ယြမ္ခ်န္ သူ႕ကိုလက္စြပ္တစ္ကြင္းေပးလာသည္။ အထဲမွာက မဟာယာနအဆင့္က်င့္ႀကံသူတစ္ေယာက္လိုအပ္တဲ့ ေမွာ္လက္နက္ေတြ ၊ ေဆးလုံးေတြနဲ႕ အင္းကြက္ေတြအကုန္ပါေလသည္။

႐ုန္ယိ သူ႕လက္စြပ္ကိုခြၽတ္လိုက္ၿပီး ပိုင္ယြမ္ခ်န္ေပးတဲ့လက္စြပ္ထဲထည့္ကာ ဝတ္ဆင္လိုက္သည္။ အခုဆို ေသခ်ာေပါက္ သူ႕ကို ဘယ္သူမွ မွတ္မိၾကမွာမဟုတ္ေတာ့။

မိုးၿခိမ္းသံေတြက ေခါင္းထက္၌ က်ယ္သထက္က်ယ္ေလာင္လာကာ လွ်ပ္စီးေတြကလည္း ထူေျပာလာ၏။

"ပထမဆုံးမိုးႀကိဳးစမ္းသပ္ခ်က္ေရာက္လာၿပီ"
ပိုင္ယြမ္ခ်န္ရဲ႕ စကားဆုံးတာႏွင့္ ပင့္ကူအိမ္လို လွ်ပ္စီးေၾကာင္းေတြက ေျမျပင္ေပၚက်ဆင္းလာကာ မိုးႀကိဳးစမ္းသပ္မႈခံယူေနတဲ့သူကို ပုန္းစရာမရွိျဖစ္သြားေစေတာ့သည္။

"ဘုန္း!!!"
အသံက်ယ္ႀကီးေၾကာင့္ ခ်ီလန္နဲ႕တစ္ျခားသူေတြမွာ တိုက္ခိုက္တာေတြ ရပ္တန့္သြားၾကၿပီး ထိုတိမ္မည္းေတြၾကားကေန အျမန္ဆုံး ေျပးထြက္လိုက္ၾကရသည္။

ယင္ေဟာ့ေယာင္လည္း ဒီဘက္ကိုပ်ံသန္းလာရင္းနဲ႕ စစ္က်ဲ့နဲ႕သူ႕လူေတြကို ခ်က္ခ်င္းလွမ္းေမးလာ၏။
"ဘာေတြျဖစ္ေနတာလဲ.. ဘာလို႔ မိုးႀကိဳးတိမ္တိုက္ေတြရွိေနရတာလဲ"

စစ္က်ဲ့က သုန္မႈန္စြာ ျပန္ေျဖလာသည္။
"တစ္ေယာက္ေယာက္က ဒီမွာ မိုးႀကိဳးစမ္းသပ္မႈခံယူေနတာ"

*******
14.5.2024

Comment