*200* မယုံနိုင်စရာဘဲ

ရုန်ယိ ထိုင်ချကာ ယောင်အာရဲ့ ခေါင်းလေးကိုပွတ်ပေးလိုက်သည်။
"နောက်တစ်ခါ သူစိမ်းတစ်ယောက်ကို ဖေဖေလို့မထင်နဲ့တော့ ဟုတ်ပြီလား"

ယောင်အာက သူ့လက်ကို ဆွဲကိုင်ရင် တခစ်ခစ်ရယ်လာသည်။

အစ်ကိုနှစ်က ဂန္ဓမာပန်းပုံ မှော်လက်နက်ကို ရုန်ယိရှေ့ကို ထိုးပေးလာသည်။

ရုန်ယိမှာ အံ့သြသွား၏။
"ငါ့အတွက်လား"

အစ်ကိုနှစ်က ခေါင်းငြိမ့်ပြလာသည်။

"မင်းဖေဖေကို ဒီဂန္ဓမာပန်း ပေးမလို့ မဟုတ်ဘူးလား"

ကလေးတွေက ဘာမှပြန်မပြောဘဲ သူ့ကိုသာ ကြည့်နေကြသည်။

ရုန်ယိ ယောင်အာရဲ့ အစ်ကိုသုံးယောက်ကို ကြည့်လိုက်ပြီး သူ့လက်ထဲက ယောင်အာရယ်.. ဘာမှမပြောဘဲ အပြုံးတစ်ပွင့်နဲ့ကြည့်နေတဲ့ အကြီးအကဲလွီ့ရယ်ကိုကြည့်ပြီး နောက်ဆုံး သူ့အကြည့်တွေက သူ့ရှေ့က ဂန္ဓာမာပန်းဆီကို ကျရောက်သွား၏။

ရုတ်တရက် သူ့ကိုယ်သူ ကျိုရွှီဂိုဏ်းထဲမှာတုန်းက သူ ယင်ထောင်ကို သူဂန္ဓမာပန်းတွေကို သဘောအကျဆုံးလို့ပြောခဲ့တဲ့အခိုက်အတန့်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ထိုတုန်းက ယင်ထောင်က သူ့အတွက် ဂန္ဓမာပန်းတစ်ပွင့်ပြုလုပ်ပေးခဲ့ပြီး ထိုတစ်ခုက ယခုသူ့ရှေ့က တစ်ခုနဲ့ တစ်ပုံစံတည်းတူညီလေသည်။

ရုန်ယိ ကလေးတွေကို အမြန်ပြန်ကြည့်လိုက်တဲ့အခါ သူတို့ရဲ့မျက်ဝန်းရဲရဲလေးတွေကို တွေ့လိုက်ရတာကြောင့် ရင်ထဲ အောင့်ခနဲဖြစ်သွားရသည်။
ဒါ သူ့ကလေးတွေဘဲ.. လုံးဝကို သူ့ကလေးတွေဘဲ။

သူ အစ်ကိုနှစ်ရဲ့ မျက်နှာဖုံးကို အမြန်ဖယ်လိုက်တဲ့အခါ ရင်းနှီးနေပေမဲ့ အနည်းငယ် စိမ်းသက်နေတဲ့ မျက်နှာလေးက သူ့ရှေ့ပေါ်ထွက်လာ၏။

ရုန်ယိ အလွန်ဝမ်းသာသွားရသည်။
"ချယ်ရီသီးလေး"

ယင်ထောင်က ချက်ချင်းဘဲ အော်ငိုရင်း သူ့ရင်ခွင်ထဲ ပြေးဝင်လာတော့သည်။
"ဖေဖေ...ဖေဖေ..."

ရုန်ယိလည်း အရမ်းစိတ်လှုပ်ရှားနေကာ သူ့ကိုချီလိုက်သည်။
"မင်းအရွယ်ရောက်လာတာ အရမ်းမြန်တာဘဲ.. ဒီလောက်တောင် ကြီးနေပြီလား"

သူ့အတွက်တော့ တစ်ကယ့်ကို မျက်တောင်တစ်ခတ်စာသာ ကြာသေးလေသည်။ သူ ခေတ်သစ်ကို တစ်နာရီနီးပါးသာ ပြန်ရောက်သွားတာပေမယ့် ဒီကလေးက အခု ခုနှစ်နှစ်တောင်ပြည့်ပေတော့မည်။

ရုန်ယိ ကလေးကိုပွေ့ဖက်ကာ အကြိမ်အနည်းငယ်လောက် နမ်းလိုက်သည်။ ထို့နောက် အစ်ကိုသုံးဆီ လှမ်းကြည့်ကာ ပြောလိုက်၏။
"ယင်စန်စန်.. ငဆိုးကောင်လေး.. ငါလာဆွဲခေါ်မှဘဲ ငါ့နားလာတော့မှာလား ဟမ်"

ယင်စန်စန်ကလည်း သူ့မျက်နှာဖုံးလေးကို ချွတ်ကာ ယင်ထောင်နဲ့ဆင်တူတဲ့ မျက်နှာလေးထုတ်ပြလာပြီး အော်မငိုမိအောင် သူ့နှုတ်ခမ်းလေးသူ ဖိကိုက်ထား၏။
"ဖေဖေ.."

ရုန်ယိ ချက်ချင်းဘဲ သူနဲ့ကျန်းမုတို့ကို သူ့လက်တွေကြားဆွဲသွင်းကာ နီရဲနေတဲ့မျက်ဝန်းတွေနဲ့ ပြောလိုက်သည်။
"မင်းတို့က ဒီလောက်တောင် ကြီးလာကြပြီဘဲ"

သူ့ကလေးတွေကို နောက်တစ်ကြိမ် ပြန်တွေ့ရတာ အရမ်းကောင်းတာဘဲ။

"ဖေဖေ..."
ကလေးတွေကလည်း စွန့်ပစ်ခံလိုက်ကြရသလိုမျိုး အငိုမရပ်ကြတော့။

ရုန်ယိ ရင်ထဲ နာကျင်လာရကာ သူတို့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပေးလိုက်သည်။

ရှန်းလွီ့လည်း မျက်လုံးတွေရဲလာကာ ထိုနေရာမှာဘဲ  မျက်ရည်ဝဲလာမိသည်။

ပြိုင်ပွဲကွင်းပြင်ထဲက ကျင့်ကြံသူတွေမှာ ဘာတွေဖြစ်ပျက်နေမှန်း နားမလည်နိုင်တော့ဘဲ အချင်းချင်း ပြန်ကြည့်လိုက်မိကြသည်။
ဘယ်လိုလုပ် မိသားစုပြန်လည်တွေ့ဆုံပွဲ ဖြစ်သွားရတာပါလိမ့်။

ပန်းပဲဆရာကြီးတွေမှာလည်း ကလေးတွေ ဝမ်းပမ်းတနည်းငိုနေတာ တွေ့တဲ့အခါ ဒါ အသံထွက်နှောင့်ယှက်ရမဲ့ အချိန် မဟုတ်သေးတာကြောင့် တစ်ယောက်နဲ့တစ်ယောက်သာ ပြန်ကြည့်လိုက်ကြသည်။ အတန်ကြာတော့မှ တစ်ယောက်ကပြောလာသည်။
"သူတို့က ခင်ဗျားရဲ့ကြေငြာချက်ကို စောင့်နေကြသေးတယ်နော်.. ခင်ဗျား..."

ရှန်းလွီ့က သူ့ရဲ့စပ်နေတဲ့ မျက်ဝန်းထောင့်လေးကို ပွတ်သုတ်လိုက်ပြီး ရုန်ယိကို ပြောလိုက်၏။
"ဆရာ ကျုပ်အိမ်တော်ကို ပြန်ရောက်မှဘဲ ပြောကြရအောင်"

"အာ..."
တစ်ခြား ပန်းပဲပညာရှင်တွေမှာ မေးရိုးတွေအောက်ပြုတ်ကျသွားကြရသည်။
"ဆရာ.. အကြီးအကဲလွီ့..  သူက ခင်ဗျားရဲ့ ဆရာလား"

အကြီးအကဲလွီ့က ခေါင်းငြိမ့်ပြလိုက်သည်။

"...."
ပန်းပဲပညာရှင်တွေအကုန်လုံး အံ့အားသင့်ကုန်ကြ၏။

ရုန်ယိ ကျင့်ကြံသူ သောင်းချီကို တစ်ချက်ကြည့်ကာ ကလေးတွေကို ချီလိုက်သည်။
"ပြန်သွားပြီး ပြောကြတာပေါ့"

ကလေးတွေက ရုန်ယိကို ခပ်တင်းတင်းဖက်ထားကြကာ စိုးရိမ်စွာ မေးလာကြသည်။
"ဖေဖေ.. ထပ်ပြီး မပျောက်သွားတော့ဘူးမလား.. ဟုတ်တယ်မလား"

ရုန်ယိ သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။
"မပျောက်ပါဘူး.. ဖေဖေ ထပ်မပျောက်သွားတော့ဘူး"

ပန်းပဲပညာရှင်တွေက ရှန်းလွီ့ကို အမြန်ပြောလာကြသည်။
"အကြီးအကဲလွီ့ .. သူတို့ရဲ့ မှော်လက်နက်.."

ရုန်ယိက
"ကျွန်တော့်လက်နက်ကို ခင်ဗျားတို့ကို ပေးမယ်.. ဒါပေမဲ့ ကျွန်တော့်သား သန့်စင်ထားတဲ့တစ်ခုကတော့ ကျွန်တော်ဘဲ သိမ်းထားမယ်"

ပန်းပဲပညာရှင်တွေကလည်း ရုန်ယိဟာကိုသာ ပြန်သိမ်းဖို့ စီစဥ်ထားတာကြောင့် သေချာပေါက် ဘာမှထပ်မပြောကြတော့။

ရုန်ယိက သူတို့ကို သူ့ဓားကိုပေးလိုက်ပြီး အကြီးအကဲလွီ့နဲ့အတူ ထွက်လာခဲ့လိုက်သည်။

ပန်းပဲပညာရှင်တွေမှာ ဓားလေးကို အမြန်စစ်ဆေးကြည့်လိုက်ကြပြီးနောက် အံ့အားတကြီးနဲ့ ေပြာဆိုကြတော့သည်။
"ဒါက တစ်ကယ်ကြီး အဆင့်၁ သာမန်အဆင့်ပစ္စည်းတွေနဲ့ လုပ်ထားပြီး အထဲမှာလည်း ဆေးပင်တွေတောင် ပါသေးတယ်.."

"ကြည့်ဦး.. ဒါဘာလဲဆိုတာ"
တစ်ယောက်က ဓားပေါ်က အင်းကွက်ကိုပြရင်း ပြောလိုက်သည်။

ကျန်သူတွေလည်း ထိုအင်းကွက်ကို ချက်ချင်းသတိထားမိသွားကြ၏။
"ဒါက ဘာအင်းကွက်အမျိုးအစားတုန်း"

"အင်း.. အဲ့တာ...."
ပန်းပဲဆရာတစ်ယောက်က စဥ်းစားနေရင်း
"ကျုပ်အထင် အဲ့တာက လွန်ခဲ့တဲ့သုံးနှစ်က နာမည်ကြီးသွားဖူးတဲ့ မွမ်းမံခြင်းအင်းကွက်နဲ့ တူနေသလားလို့"

စိတ်မကောင်းစရာကတော့ ဒီအင်းကွက်တွေက ဟိုအရင်ကတည်းက ပျောက်ကွယ်သွားခဲ့လေပြီ။ လူတိုင်း အတော်လေးနှမြောတသဖြစ်မိကြသည်။ ဘာလို့ဆို တုံထန်းနယ်မြေက တုံမိသားစုခေါင်းဆောင်ဆီမှာ ဒီလိုအင်းကွက်မျိုးတစ်ခုရှိပြီး အစွမ်းထက်လွန်းတာကြောင့် လူတိုင်းအလိုရှိနေကြပေမဲ့လည်း အင်းကွက်ကိုပြုလုပ်တဲ့သူကတော့ ပျောက်ကွယ်သွားခဲ့ပြီပင်။

"မွမ်းမံခြင်းအင်းကွက် "
လက်ရှိ ဒီနေရာကလူတိုင်း မွမ်းမံခြင်းအင်းကွက်အကြောင်း သိထားကြပြီး အကုန်အံ့အားသင့်ကုန်ကြ၏။
"မွမ်းမံခြင်းအင်းကွက် ထပ်ပေါ်လာတာလား"

ပြီးတော့ ဒါက အကြီးအကဲလွီ့ရဲ့ဆရာ ပြုလုပ်တာတဲ့လား။

အဝေးကြီးရောက်နေပြီဖြစ်တဲ့ ရှန်းလွီ့မှာ  ရုတ်တရက်နှာချေလိုက်ကာ ကလေးတစ်စုနဲ့ တို့လို့တွဲလောင်းဖြစ်နေတဲ့ ရုန်ယိကိုကြည့်ပြီး ရယ်လိုက်ကာ
"ဆရာ.. ဒီနှစ်တွေမှာ ဘယ်တွေရောက်နေခဲ့တာလဲ.. ကျုပ်တို့ ဆရာ့ကို တောက်လျှောက်ရှာနေခဲ့တာ.. နောက်ဆုံး.. တွေးမိလိုက်တာက....."

ထိုအခိုက်အတန့်က သူ့ဘဝရဲ့ ဝမ်းနည်းစရာအကောင်းဆုံးအချိန် ဖြစ်ခဲ့သည်။

ရုန်ယိက ယင်ထောင်ကျောလေးကို ဖွဖွလေးပုတ်ရင်း သက်ပြင်းချလိုက်သည်။
"ပြောရမှာ အရှည်ကြီးဘဲ.. ဒါနဲ့ ကျွန်တော်က ခင်ဗျားတို့ဆရာအစစ်ဆိုတာ သိပြီးသွားပြီပေါ့"

ရှန်းလွီ့က ခေါင်းငြိမ့်ကာ
"ဆရာတူအစ်ကိုပုက ကျုပ်ကို အကုန်ပြောပြပြီးပါပြီ"

"ကျွန်တော် ပျောက်သွားတဲ့နောက်ပိုင်း ဘာတွေဖြစ်သွားခဲ့တာလဲ"

"ပြန်ရောက်ရင် အကုန်ပြောပြပါ့မယ်.. ဒါပေမဲ့ ကျုပ်လည်း အများကြီးတော့မသိဘူး.. ဒီတော့ သခင်ယင် ဆရာ့ကို အကုန်ပြောပြတာကို စောင့်တာက ပိုကောင်းလိမ့်မယ်"

ယင်ကျင်းရဲ့နာမည်ကြားတဲ့အခါ ရုန်ယိမှာ စိတ်လှုပ်ရှားစွာ မေးလိုက်မိသည်။
"ကလေးတွေအဖေရော.. အဆင်ပြေရဲ့လား"

"ကောင်းလည်းမကောင်းဘူး.. ဆိုးလည်းမဆိုးဘူး"

ရုန်ယိ စိုးရိမ်စွာ ထပ်မေးလိုက်သည်။
"သူ ဒဏ်ရာရသွားတာလား"

"မဟုတ်ပါဘူး.. မဟုတ်ပါဘူး"
ရှန်းလွီ့အမြန်ရှင်းပြလိုက်သည်။
"ဆရာ ပျောက်သွားကတည်းက သူပိုပြီး သုန်မှုန်ခက်ထန်လာတာ.. သူရောက်လာရင် ဆရာသိပါလိမ့်မယ်.. သူ့ကိစ္စတွေကို သူ့ဘာသာပြောပြတာ ပိုသင့်တော်မယ်ဆိုတာ"

ရုန်ယိ စိတ်သက်သာရာရသွားမိသည်။ ဘာဖြစ်ဖြစ် သူမထိခိုက်သွားရင် တစ်ခုခုမဖြစ်သွားရင် ရပြီ။
"ဟုတ်ပြီလေ.. သူ့ကို ဘယ်လိုရှာရမလဲဆိုတာ ခင်ဗျားသိတယ်မလား"

"ပြန်ရောက်ရင် သူ့ဆီ စာလှမ်းပို့ခိုင်းလိုက်ပါ့မယ်"
ရှန်းလွီ့ အစောက ရုန်ယိပြုလုပ်ခဲ့တဲ့ မှော်လက်နက်ကို သတိရသွားကာ မေးလိုက်သည်။
"အာ ဟုတ်သားဘဲ.. ဆရာ..ခုနက ဆရာသန့်စင်ပြီးနောက်မှ မှော်လက်နက်ရဲ့စွမ်းအားက ရုတ်တရက်ကြီး မြင့်သွားရတာလဲ"

"ခင်ဗျား မေ့သွားပြီလား.. မွမ်းမံခြင်းအင်းကွက်လေ"

ရှန်းလွီ့မှာ အမူအယာပြောင်းသွားရ၏။
"အာ.. ဆရာ.. ခုနက မွမ်းမံလိုက်တာလား"

သူ့မှာ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ရုန်ယိဘာလုပ်လိုက်မှန်း သတိမထားမိလိုက်။

ရုန်ယိ အံ့သြသွား၏။
"ပြဿနာရှိလို့လား"

"ဟို.. အဲ့တာ.. အားယား.. နောက်မှဘဲ ပြောကြရအောင်ပါ"
ရှန်းလွီ့က ရုန်ယိကို သူ့အိမ်ကိုခေါ်သွားလိုက်ပြီး အစေခံတွေကို အရင်ဆုံး သူတို့အတွက် အခန်းနဲ့ စားသောက်စရာတွေပြင်ဆင်စေပြီးမှ ယင်ကျင်းရဲ့ဆီ စာတစ်စောင်ပို့ခိုင်းလိုက်ပြီး ရုန်ယိနဲ့ ဒီနှစ်တွေအတွင်း ဖြစ်ပျက်သွားခဲ့တာတွေ ပြောဖို့ ထိုင်ချလိုက်သည်။

"ဆရာ. ဆရာပျောက်သွားတဲ့ညက သခင်ယင်နဲ့ သူ့အဖေတို့ တိုက်ခိုက်ခဲ့ကြတယ်။ အရင်က ဆရာပြောခဲ့တဲ့ အကြီးအကဲတွေရဲ့ခေါင်းကိုဝယ်မယ်ဆိုတဲ့ စကားကြောင့် တစ္ဆေကျင့်ကြံသူ ၊ မိစ္ဆာကျင့်ကြံသူ နဲ့ သားရဲကျင့်ကြံသူတွေပါ ပါလာပြီး သူတို့က အခွင့်ကောင်းယူပြီး အကြီးအကဲတွေရဲ့ခေါင်းတွေကို ဖြတ်ယူသွားကြတယ်လေ။ အဲ့တိုက်ပွဲက ရက်အနည်းငယ်လောက်ကြာခဲ့ပြီး ယင်မိသားစုက လူတွေအများကြီး ဆုံးရှုံးခဲ့ရသလို ယင်အိမ်တော်လည်း ဖျက်ဆီးခံလိုက်ရတယ်။ အဲ့အချိန်ကစပြီး တုံထန်းနယ်မြေရဲ့ နံပါတ်တစ်ကျင့်ကြံရေးမိသားစု ယင်မိသားစုဆိုတာက ပျောက်ကွယ်သွားတော့တာဘဲ"
ရှန်းလွီ့က သက်ပြင်းချကာ
"ကျုပ်လည်း အဲ့ရက်ရက်စက်စက်တိုက်ပွဲကြီး ပြီးပြီးနှစ်ရက်အကြာမှ သတင်းရခဲ့တာ.. ရရချင်း တုံထန်းကို အမြန်သွားခဲ့ပေမယ့် သခင်ယင်နဲ့ကလေးတွေကို မတွေ့တော့ဘူး"

ရုန်ယိ အမြန်ဖြတ်မေးလိုက်သည်။
"ဟိုင်ရှန်းမြို့က ရုန်အိမ်တော်ကရော ဘယ်လိုဖြစ်သွားတာလဲ.. အဝတ်အထည်ဆိုင်ရော.. သတင်းခန်းမဆောင်ရော.. ဘာလို့အကုန် မရှိကြတော့တာလဲ"

"ကျုပ် သခင်ယင်နဲ့ ကလေးတွေကို တုံထန်းမှာ ရှာမတွေ့တော့ ဟိုင်ရှန်းမြို့ကို အမြန်လိုက်သွားခဲ့တယ်။ အဲ့အချိန်မှာဘဲ လူတွေက အကြီးအကဲတွေရဲ့ခေါင်းတွေနဲ့ အဝတ်အထည်ဆိုင်ကိုလာပြီး ပြဿနာရှာကြတယ်.  သခင်လေးချီတို့ကို မွမ်းမံခြင်းအင်းကွက်တွေ ထုတ်ပေးဖို့ပြောကြတယ်လေ.. ဒါပေမဲ့ သခင်လေးချီမှာ တစ်ခုမှမရှိတော့ သူတို့က ဆိုင်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးပစ်ခဲ့ကြတာ"

"ယွဲ့ရှီနဲ့ ကျန်တဲ့သူတွေရော အဆင်ပြေကြရဲ့လား"

"အင်း သူတို့ပြေပါတယ်.. ကျုပ်က အချိန်ကိုက်ရောက်သွားပြီး အဲ့မှာ သခင်ယင်နဲ့ ဆရာတူအစ်ကိုပုတို့လည်း ရှိနေကြတယ်လေ.. ဟိုလူတွေက ပြဿနာဆက်ရှာလို့မရတော့ ပြန်ထွက်သွားကြတယ်။ ဒါပေမဲ့ အဲ့အချိန်ကစပြီး အဝတ်ထည်ဆိုင်နဲ့ သတင်းခန်းမဆောင်တို့ရဲ့ နာမည်ဂုဏ်သတင်းက လုံးဝပျက်စီးသွားခဲ့တာ.. ဒီလိုနဲ့ သခင်ယင်က သူတို့ကို ပိတ်ပစ်ဖို့ဆုံးဖြတ်ပြီး အိမ်တော်ကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။ တစ်နှစ်ကြာပြီးတော့ ရွှမ်းယိခန်းမကို ဖွင့်ခဲ့တယ်"

ရုန်ယိ အံ့သြသွား၏။
"ရွှမ်းယိခန်းမက ခင်ဗျားတို့ ဖွင့်ထားတာလား"

"ဟုတ်တယ်"
ရှန်းလွီ့က လှောင်ပြုံးတစ်ခုနဲ့
"အခု ရွှမ်းယိခန်းမရဲ့ ဂုဏ်သတင်းက ပိုပိုပြီးကျော်ကြားလာပြီး စီးပွားရေးကလည်း တုံထျန်းမျှော်စင်ကို ကျော်လုနီးနီးဖြစ်လာပြီလေ။ ဒါကြောင့် တုံထျန်းမျှော်စင်က မချင့်မရဲဖြစ် စိတ်မသက်မသာဖြစ်ပြီး ဒီနှစ်ပိုင်းတွေမှာ ကျုပ်တို့ကို တိတ်တဆိတ် ပြဿနာလိုက်ရှာနေကြတယ်လေ"

ရုန်ယိ အပြုံးတစ်ပွင့်နဲ့
"တစ်ကယ်တော့ ကျွန်တော်လည်း ယင်ကျင်းရဲ့သတင်းကိုသိချင်လို့ ရွှမ်းယိခန်းမမှာ လေလွင့်မသေမျိုးအဆင့်က ပါဝင်ပစ္စည်းတွေ အပေါင်ထားခဲ့သေးတယ်.  ခင်ဗျားတို့ ကျွန်တော့်ဆီက တော်တော်အကျိုးရသွားတာဘဲ"

"ဆရာ ဘယ်ဆိုင်မှာ အပေါင်ထားခဲ့တာလဲ.. ကျုပ် ပြန်ယူပေးမယ်"

"ဟိုင်ရှန်း"

ရှန်းလွီ့က ရယ်လိုက်ကာ
"အဲ့တာ ဆရာတူအစ်ကိုပု ဦးစီးနေတဲ့ ဆိုင်ခွဲလေ.  ပိုတောင်လွယ်သွားပြီ"

"ကျွန်တော် ပျောက်သွားတဲ့နောက် ဒီလောက်များတဲ့ကိစ္စတွေ ဖြစ်ပျက်သွားမယ်လို့ ထင်မထားခဲ့မိဘူး"
ရုန်ယိ သက်ပြင်းချကာ ယင်စန်စန်ကို ကောက်ချီလိုက်သည်။
"ကျွန်တော် ပျောက်သွားတုန်းက စန်စန်လေးက သေးခံလေးတွေဝတ်နေရတုန်းဆိုတာ မှတ်မိသေးတယ်။ အခုတော့ သူက လူကြီးလေးလို  ကျွန်တော်နဲ့တောင် လောင်းကြေးစားကြေးလုပ်နိုင်နေပြီ။ ကလေးဆိုးလေး.. ငါသာရှုံးခဲ့ရင် တစ်သက်လုံးအထင်သေးနေမှာ ဆိုတဲ့စကားကို ဘယ်လိုတောင် ပြောနိုင်ရတာလဲ..ဟမ်.. ဆိုးလိုက်တာ"

ယင်စန်စန်က တစ်ချက်ရှိုက်လိုက်ပြီး
"ဖေဖေက သားတို့ကို နှစ်တွေအကြာကြီး ထားသွားပြီး လုံးဝပြန်လာမတွေ့ခဲ့ဖူးလေ"

"ဖေဖေက ပြန်မလာချင်ဘူးများ မင်းတို့ထင်နေကြလား.. ဒါပေမဲ့ ပြန်လာလို့မှမရခဲ့တာ"
ရုန်ယိက သူ့နှာခေါင်းလေးကိုဆွဲကာ
"ပြန်လာလို့ရတာနဲ့ ချက်ချင်း မင်းတို့ကိုလာရှာတာလေကွာ"

ရှန်းလွီ့ ဝင်မေးလိုက်သည်။
"ဆရာ ပြီးခဲ့တဲ့နှစ်တွေက ဘယ်ရောက်နေခဲ့တာလဲ.. ကျုပ်တို့ ဆရာ့ကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး.. ဆရာ ဘာလို့ပြန်မလာခဲ့ရတာလဲ"

ရုန်ယိ အတိုချုပ်ပြောပြလိုက်သည်။
"ခင်ဗျားကြားရင် အံ့သြသွားလိမ့်မယ်.. အနီရောင်အလင်းတွေက ကျွန်တော့်ကို နေရာတစ်ခုကိုပို့လိုက်ပြီး ကျွန်တော်အဲ့မှာ နာရီဝက်ကျော်လောက်ဘဲ နေခဲ့တာ..ကျွန်တော် ပြန်ရောက်လာတော့ သုံးနှစ်တောင်ရှိသွားပြီတဲ့လေ"

ရှန်းလွီ့ သူ့ကိုအံ့အားသင့်စွာ ကြည့်လိုက်၏။
"ဆရာပြောတာက ဆရာဒီကထွက်သွားတာ နာရီဝက်ကျော်ဘဲ ရှိသေးတယ်ပေါ့"

"အဟုတ်ဘဲ။ ကျွန်တော် ပြန်ရောက်လာပြီး သုံးနှစ်ကြာသွားပြီမှန်း သိလိုက်ရတုန်းကဆို အခု ခင်ဗျားထက်တောင် ပိုပြီးထိတ်လန့်သွားခဲ့တာ.. အထူးသဖြင့် ကျွန်တော့်ကျင့်ကြံဖော်ရဲ့အိမ်က အမှိုက်တွေအဖြစ် ပျက်စီးနေတာ တွေ့လိုက်ရတဲ့အချိန်ဘဲ.. သူတစ်ခုခု ဖြစ်များသွားပြီလားလို့ ကြောက်ရွံ့နေခဲ့တာ"

"မယုံနိုင်စရာဘဲ"

"ဒါဆို ဖေဖေက သားတို့ကို စွန့်ပစ်သွားတာ မဟုတ်ဘူးပေါ့"
ယင်စန်စန်က မေးလာသည်။

"သေချာပေါက်မဟုတ်ဘူးပေါ့.. ငါသာ မင်းတို့ကို ထားခဲ့ချင်ရင် ဘာလို့ပြန်လာနေဦးမှာလဲ"
ရုန်ယိ အပြုံးတစ်ပွင့်နဲ့ သူ့ရဲ့မျက်နှာသေးသေးလေးကို ကြည့်ရင်း
"မင်းကိုကြည့်ရတာ အဲ့ရက်တွေတုန်းက ချယ်ရီသီးလေးကို မြင်နေရသလိုဘဲ။ ဒါပေမယ့် မင်းကတော့ မင်းအဖေအတိုင်းဘဲ အပြုံးအရယ်သိပ်မရှိဘူး"

ယင်စန်စန်က သူ့ရင်ခွင်ထဲ တိုးဝင်လာ၏။
"သားတို့ ဖေဖေ့ကို အရမ်းသတိရနေတာ"

"အင်းပါ..အင်းပါ.. ဖေဖေ အခုပြန်လာပြီဘဲမလား.. ထပ်မထွက်သွားတော့ဘူး.. ဟုတ်ပြီလား..အကယ်၍ ထွက်သွားမယ်ဆိုရင်တောင်မှ မင်းတို့လေးတွေကိုပါ ငါနဲ့အတူခေါ်သွားမှာ"
ရုန်ယိ သူ့ကိုပွေ့ဖက်ကာ ကလေးတွေရဲ့ခေါင်းလေးတွေကို ပွတ်ပေးလိုက်သည်။
"မငိုကြနဲ့တော့.. ဒါနဲ့ မင်းတို့အတွက် ကစားစရာတွေအများကြီး ပါလာတယ်"

သူ ကလေးတွေဆော့ဖို့ ကစားစရာတွေအများကြီး ထုတ်ပေးလိုက်သည်။

"ဝိုး..."
ကလေးတွေမှာ ချက်ချင်းဘဲ ကစားစရာတွေဆွဲဆောင်တာ ခံလိုက်ရပြီး သိချင်စိတ်က ကစားစရာတွေအပေါ် ရောက်သွားတော့သည်။

"ဒါလေးက ဘယ်သူ့ကလေးလဲ.. သူကပါ ဘာလို့ ကျွန်တော့်ကို ဖေဖေလို့ခေါ်နေတာလဲ"
ရုန်ယိ ယောင်အာကိုကြည့်ကာ မေးရင်း သူ့မျက်နှာဖုံးလေးကို ချွတ်ပေးလိုက်သည်။ ရင်းနှီးနေသလို အနည်းငယ်လည်း စိမ်းသက်နေတဲ့ မျက်နှာလေးပင်။

သူ အံ့အားတကြီး ပြောလိုက်မိ၏။
"ဒါ မိစ္ဆာကလေးလေး မဟုတ်ဘူးလား.. သူကဘာလို့ အခုထိ ကျွန်တော်တို့နဲ့ ရှိနေရသေးတာလဲ"




##
chapter တောင် ထိပ်စီးပြောင်းသွားပြီး
ဇာတ်လမ်းလည်း သုံးပုံနှစ်ပုံနီးပါး​တောင် ရောက်နေပြီရှင်

နောက်အပိုင်း ယင်ကျင်းရဲ့နဲ့တွေ့ပြီး ရှင်လေးတို့မျှော်နေတဲ့အခန်း လာပါပြီ 🖤🖤🖤


*******





Zawgyi







႐ုန္ယိ ထိုင္ခ်ကာ ေယာင္အာရဲ႕ ေခါင္းေလးကိုပြတ္ေပးလိုက္သည္။
"ေနာက္တစ္ခါ သူစိမ္းတစ္ေယာက္ကို ေဖေဖလို႔မထင္နဲ႕ေတာ့ ဟုတ္ၿပီလား"

ေယာင္အာက သူ႕လက္ကို ဆြဲကိုင္ရင္ တခစ္ခစ္ရယ္လာသည္။

အစ္ကိုႏွစ္က ဂႏၶမာပန္းပုံ ေမွာ္လက္နက္ကို ႐ုန္ယိေရွ႕ကို ထိုးေပးလာသည္။

႐ုန္ယိမွာ အံ့ၾသသြား၏။
"ငါ့အတြက္လား"

အစ္ကိုႏွစ္က ေခါင္းၿငိမ့္ျပလာသည္။

"မင္းေဖေဖကို ဒီဂႏၶမာပန္း ေပးမလို႔ မဟုတ္ဘူးလား"

ကေလးေတြက ဘာမွျပန္မေျပာဘဲ သူ႕ကိုသာ ၾကည့္ေနၾကသည္။

႐ုန္ယိ ေယာင္အာရဲ႕ အစ္ကိုသုံးေယာက္ကို ၾကည့္လိုက္ၿပီး သူ႕လက္ထဲက ေယာင္အာရယ္.. ဘာမွမေျပာဘဲ အၿပဳံးတစ္ပြင့္နဲ႕ၾကည့္ေနတဲ့ အႀကီးအကဲလြီ့ရယ္ကိုၾကည့္ၿပီး ေနာက္ဆုံး သူ႕အၾကည့္ေတြက သူ႕ေရွ႕က ဂႏၶာမာပန္းဆီကို က်ေရာက္သြား၏။

႐ုတ္တရက္ သူ႕ကိုယ္သူ က်ိဳ႐ႊီဂိုဏ္းထဲမွာတုန္းက သူ ယင္ေထာင္ကို သူဂႏၶမာပန္းေတြကို သေဘာအက်ဆဳံးလို႔ေျပာခဲ့တဲ့အခိုက္အတန့္ကို ျပန္ေရာက္သြားသလို ခံစားလိုက္ရသည္။ ထိုတုန္းက ယင္ေထာင္က သူ႕အတြက္ ဂႏၶမာပန္းတစ္ပြင့္ျပဳလုပ္ေပးခဲ့ၿပီး ထိုတစ္ခုက ယခုသူ႕ေရွ႕က တစ္ခုနဲ႕ တစ္ပုံစံတည္းတူညီေလသည္။

႐ုန္ယိ ကေလးေတြကို အျမန္ျပန္ၾကည့္လိုက္တဲ့အခါ သူတို႔ရဲ႕မ်က္ဝန္းရဲရဲေလးေတြကို ေတြ႕လိုက္ရတာေၾကာင့္ ရင္ထဲ ေအာင့္ခနဲျဖစ္သြားရသည္။
ဒါ သူ႕ကေလးေတြဘဲ.. လုံးဝကို သူ႕ကေလးေတြဘဲ။

သူ အစ္ကိုႏွစ္ရဲ႕ မ်က္ႏွာဖုံးကို အျမန္ဖယ္လိုက္တဲ့အခါ ရင္းႏွီးေနေပမဲ့ အနည္းငယ္ စိမ္းသက္ေနတဲ့ မ်က္ႏွာေလးက သူ႕ေရွ႕ေပၚထြက္လာ၏။

႐ုန္ယိ အလြန္ဝမ္းသာသြားရသည္။
"ခ်ယ္ရီသီးေလး"

ယင္ေထာင္က ခ်က္ခ်င္းဘဲ ေအာ္ငိုရင္း သူ႕ရင္ခြင္ထဲ ေျပးဝင္လာေတာ့သည္။
"ေဖေဖ...ေဖေဖ..."

႐ုန္ယိလည္း အရမ္းစိတ္လႈပ္ရွားေနကာ သူ႕ကိုခ်ီလိုက္သည္။
"မင္းအ႐ြယ္ေရာက္လာတာ အရမ္းျမန္တာဘဲ.. ဒီေလာက္ေတာင္ ႀကီးေနၿပီလား"

သူ႕အတြက္ေတာ့ တစ္ကယ့္ကို မ်က္ေတာင္တစ္ခတ္စာသာ ၾကာေသးေလသည္။ သူ ေခတ္သစ္ကို တစ္နာရီနီးပါးသာ ျပန္ေရာက္သြားတာေပမယ့္ ဒီကေလးက အခု ခုႏွစ္ႏွစ္ေတာင္ျပည့္ေပေတာ့မည္။

႐ုန္ယိ ကေလးကိုေပြ႕ဖက္ကာ အႀကိမ္အနည္းငယ္ေလာက္ နမ္းလိုက္သည္။ ထို႔ေနာက္ အစ္ကိုသုံးဆီ လွမ္းၾကည့္ကာ ေျပာလိုက္၏။
"ယင္စန္စန္.. ငဆိုးေကာင္ေလး.. ငါလာဆြဲေခၚမွဘဲ ငါ့နားလာေတာ့မွာလား ဟမ္"

ယင္စန္စန္ကလည္း သူ႕မ်က္ႏွာဖုံးေလးကို ခြၽတ္ကာ ယင္ေထာင္နဲ႕ဆင္တူတဲ့ မ်က္ႏွာေလးထုတ္ျပလာၿပီး ေအာ္မငိုမိေအာင္ သူ႕ႏႈတ္ခမ္းေလးသူ ဖိကိုက္ထား၏။
"ေဖေဖ.."

႐ုန္ယိ ခ်က္ခ်င္းဘဲ သူနဲ႕က်န္းမုတို႔ကို သူ႕လက္ေတြၾကားဆြဲသြင္းကာ နီရဲေနတဲ့မ်က္ဝန္းေတြနဲ႕ ေျပာလိုက္သည္။
"မင္းတို႔က ဒီေလာက္ေတာင္ ႀကီးလာၾကၿပီဘဲ"

သူ႕ကေလးေတြကို ေနာက္တစ္ႀကိမ္ ျပန္ေတြ႕ရတာ အရမ္းေကာင္းတာဘဲ။

"ေဖေဖ..."
ကေလးေတြကလည္း စြန့္ပစ္ခံလိုက္ၾကရသလိုမ်ိဳး အငိုမရပ္ၾကေတာ့။

႐ုန္ယိ ရင္ထဲ နာက်င္လာရကာ သူတို႔ကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားေပးလိုက္သည္။

ရွန္းလြီ့လည္း မ်က္လုံးေတြရဲလာကာ ထိုေနရာမွာဘဲ  မ်က္ရည္ဝဲလာမိသည္။

ၿပိဳင္ပြဲကြင္းျပင္ထဲက က်င့္ႀကံသူေတြမွာ ဘာေတြျဖစ္ပ်က္ေနမွန္း နားမလည္နိုင္ေတာ့ဘဲ အခ်င္းခ်င္း ျပန္ၾကည့္လိုက္မိၾကသည္။
ဘယ္လိုလုပ္ မိသားစုျပန္လည္ေတြ႕ဆုံပြဲ ျဖစ္သြားရတာပါလိမ့္။

ပန္းပဲဆရာႀကီးေတြမွာလည္း ကေလးေတြ ဝမ္းပမ္းတနည္းငိုေနတာ ေတြ႕တဲ့အခါ ဒါ အသံထြက္ႏွောင့္ယွက္ရမဲ့ အခ်ိန္ မဟုတ္ေသးတာေၾကာင့္ တစ္ေယာက္နဲ႕တစ္ေယာက္သာ ျပန္ၾကည့္လိုက္ၾကသည္။ အတန္ၾကာေတာ့မွ တစ္ေယာက္ကေျပာလာသည္။
"သူတို႔က ခင္ဗ်ားရဲ႕ေၾကျငာခ်က္ကို ေစာင့္ေနၾကေသးတယ္ေနာ္.. ခင္ဗ်ား..."

ရွန္းလြီ့က သူ႕ရဲ႕စပ္ေနတဲ့ မ်က္ဝန္းေထာင့္ေလးကို ပြတ္သုတ္လိုက္ၿပီး ႐ုန္ယိကို ေျပာလိုက္၏။
"ဆရာ က်ဳပ္အိမ္ေတာ္ကို ျပန္ေရာက္မွဘဲ ေျပာၾကရေအာင္"

"အာ..."
တစ္ျခား ပန္းပဲပညာရွင္ေတြမွာ ေမးရိုးေတြေအာက္ျပဳတ္က်သြားၾကရသည္။
"ဆရာ.. အႀကီးအကဲလြီ့..  သူက ခင္ဗ်ားရဲ႕ ဆရာလား"

အႀကီးအကဲလြီ့က ေခါင္းၿငိမ့္ျပလိုက္သည္။

"...."
ပန္းပဲပညာရွင္ေတြအကုန္လုံး အံ့အားသင့္ကုန္ၾက၏။

႐ုန္ယိ က်င့္ႀကံသူ ေသာင္းခ်ီကို တစ္ခ်က္ၾကည့္ကာ ကေလးေတြကို ခ်ီလိုက္သည္။
"ျပန္သြားၿပီး ေျပာၾကတာေပါ့"

ကေလးေတြက ႐ုန္ယိကို ခပ္တင္းတင္းဖက္ထားၾကကာ စိုးရိမ္စြာ ေမးလာၾကသည္။
"ေဖေဖ.. ထပ္ၿပီး မေပ်ာက္သြားေတာ့ဘူးမလား.. ဟုတ္တယ္မလား"

႐ုန္ယိ သူတို႔ကို ႏွစ္သိမ့္ေပးလိုက္သည္။
"မေပ်ာက္ပါဘူး.. ေဖေဖ ထပ္မေပ်ာက္သြားေတာ့ဘူး"

ပန္းပဲပညာရွင္ေတြက ရွန္းလြီ့ကို အျမန္ေျပာလာၾကသည္။
"အႀကီးအကဲလြီ့ .. သူတို႔ရဲ႕ ေမွာ္လက္နက္.."

႐ုန္ယိက
"ကြၽန္ေတာ့္လက္နက္ကို ခင္ဗ်ားတို႔ကို ေပးမယ္.. ဒါေပမဲ့ ကြၽန္ေတာ့္သား သန့္စင္ထားတဲ့တစ္ခုကေတာ့ ကြၽန္ေတာ္ဘဲ သိမ္းထားမယ္"

ပန္းပဲပညာရွင္ေတြကလည္း ႐ုန္ယိဟာကိုသာ ျပန္သိမ္းဖို႔ စီစဥ္ထားတာေၾကာင့္ ေသခ်ာေပါက္ ဘာမွထပ္မေျပာၾကေတာ့။

႐ုန္ယိက သူတို႔ကို သူ႕ဓားကိုေပးလိုက္ၿပီး အႀကီးအကဲလြီ့နဲ႕အတူ ထြက္လာခဲ့လိုက္သည္။

ပန္းပဲပညာရွင္ေတြမွာ ဓားေလးကို အျမန္စစ္ေဆးၾကည့္လိုက္ၾကၿပီးေနာက္ အံ့အားတႀကီးနဲ႕ ေပြာဆိုကြတော့သည်။
"ဒါက တစ္ကယ္ႀကီး အဆင့္၁ သာမန္အဆင့္ပစၥည္းေတြနဲ႕ လုပ္ထားၿပီး အထဲမွာလည္း ေဆးပင္ေတြေတာင္ ပါေသးတယ္.."

"ၾကည့္ဦး.. ဒါဘာလဲဆိုတာ"
တစ္ေယာက္က ဓားေပၚက အင္းကြက္ကိုျပရင္း ေျပာလိုက္သည္။

က်န္သူေတြလည္း ထိုအင္းကြက္ကို ခ်က္ခ်င္းသတိထားမိသြားၾက၏။
"ဒါက ဘာအင္းကြက္အမ်ိဳးအစားတုန္း"

"အင္း.. အဲ့တာ...."
ပန္းပဲဆရာတစ္ေယာက္က စဥ္းစားေနရင္း
"က်ဳပ္အထင္ အဲ့တာက လြန္ခဲ့တဲ့သုံးႏွစ္က နာမည္ႀကီးသြားဖူးတဲ့ မြမ္းမံျခင္းအင္းကြက္နဲ႕ တူေနသလားလို႔"

စိတ္မေကာင္းစရာကေတာ့ ဒီအင္းကြက္ေတြက ဟိုအရင္ကတည္းက ေပ်ာက္ကြယ္သြားခဲ့ေလၿပီ။ လူတိုင္း အေတာ္ေလးႏွေျမာတသျဖစ္မိၾကသည္။ ဘာလို႔ဆို တုံထန္းနယ္ေျမက တုံမိသားစုေခါင္းေဆာင္ဆီမွာ ဒီလိုအင္းကြက္မ်ိဳးတစ္ခုရွိၿပီး အစြမ္းထက္လြန္းတာေၾကာင့္ လူတိုင္းအလိုရွိေနၾကေပမဲ့လည္း အင္းကြက္ကိုျပဳလုပ္တဲ့သူကေတာ့ ေပ်ာက္ကြယ္သြားခဲ့ၿပီပင္။

"မြမ္းမံျခင္းအင္းကြက္ "
လက္ရွိ ဒီေနရာကလူတိုင္း မြမ္းမံျခင္းအင္းကြက္အေၾကာင္း သိထားၾကၿပီး အကုန္အံ့အားသင့္ကုန္ၾက၏။
"မြမ္းမံျခင္းအင္းကြက္ ထပ္ေပၚလာတာလား"

ၿပီးေတာ့ ဒါက အႀကီးအကဲလြီ့ရဲ႕ဆရာ ျပဳလုပ္တာတဲ့လား။

အေဝးႀကီးေရာက္ေနၿပီျဖစ္တဲ့ ရွန္းလြီ့မွာ  ႐ုတ္တရက္ႏွာေခ်လိဳက္ကာ ကေလးတစ္စုနဲ႕ တို႔လို႔တြဲေလာင္းျဖစ္ေနတဲ့ ႐ုန္ယိကိုၾကည့္ၿပီး ရယ္လိုက္ကာ
"ဆရာ.. ဒီႏွစ္ေတြမွာ ဘယ္ေတြေရာက္ေနခဲ့တာလဲ.. က်ဳပ္တို႔ ဆရာ့ကို ေတာက္ေလွ်ာက္ရွာေနခဲ့တာ.. ေနာက္ဆုံး.. ေတြးမိလိုက္တာက....."

ထိုအခိုက္အတန့္က သူ႕ဘဝရဲ႕ ဝမ္းနည္းစရာအေကာင္းဆုံးအခ်ိန္ ျဖစ္ခဲ့သည္။

႐ုန္ယိက ယင္ေထာင္ေက်ာေလးကို ဖြဖြေလးပုတ္ရင္း သက္ျပင္းခ်လိဳက္သည္။
"ေျပာရမွာ အရွည္ႀကီးဘဲ.. ဒါနဲ႕ ကြၽန္ေတာ္က ခင္ဗ်ားတို႔ဆရာအစစ္ဆိုတာ သိၿပီးသြားၿပီေပါ့"

ရွန္းလြီ့က ေခါင္းၿငိမ့္ကာ
"ဆရာတူအစ္ကိုပုက က်ဳပ္ကို အကုန္ေျပာျပၿပီးပါၿပီ"

"ကြၽန္ေတာ္ ေပ်ာက္သြားတဲ့ေနာက္ပိုင္း ဘာေတြျဖစ္သြားခဲ့တာလဲ"

"ျပန္ေရာက္ရင္ အကုန္ေျပာျပပါ့မယ္.. ဒါေပမဲ့ က်ဳပ္လည္း အမ်ားႀကီးေတာ့မသိဘူး.. ဒီေတာ့ သခင္ယင္ ဆရာ့ကို အကုန္ေျပာျပတာကို ေစာင့္တာက ပိုေကာင္းလိမ့္မယ္"

ယင္က်င္းရဲ႕နာမည္ၾကားတဲ့အခါ ႐ုန္ယိမွာ စိတ္လႈပ္ရွားစြာ ေမးလိုက္မိသည္။
"ကေလးေတြအေဖေရာ.. အဆင္ေျပရဲ႕လား"

"ေကာင္းလည္းမေကာင္းဘူး.. ဆိုးလည္းမဆိုးဘူး"

႐ုန္ယိ စိုးရိမ္စြာ ထပ္ေမးလိုက္သည္။
"သူ ဒဏ္ရာရသြားတာလား"

"မဟုတ္ပါဘူး.. မဟုတ္ပါဘူး"
ရွန္းလြီ့အျမန္ရွင္းျပလိုက္သည္။
"ဆရာ ေပ်ာက္သြားကတည္းက သူပိုၿပီး သုန္မႈန္ခက္ထန္လာတာ.. သူေရာက္လာရင္ ဆရာသိပါလိမ့္မယ္.. သူ႕ကိစၥေတြကို သူ႕ဘာသာေျပာျပတာ ပိုသင့္ေတာ္မယ္ဆိုတာ"

႐ုန္ယိ စိတ္သက္သာရာရသြားမိသည္။ ဘာျဖစ္ျဖစ္ သူမထိခိုက္သြားရင္ တစ္ခုခုမျဖစ္သြားရင္ ရၿပီ။
"ဟုတ္ၿပီေလ.. သူ႕ကို ဘယ္လိုရွာရမလဲဆိုတာ ခင္ဗ်ားသိတယ္မလား"

"ျပန္ေရာက္ရင္ သူ႕ဆီ စာလွမ္းပို႔ခိုင္းလိုက္ပါ့မယ္"
ရွန္းလြီ့ အေစာက ႐ုန္ယိျပဳလုပ္ခဲ့တဲ့ ေမွာ္လက္နက္ကို သတိရသြားကာ ေမးလိုက္သည္။
"အာ ဟုတ္သားဘဲ.. ဆရာ..ခုနက ဆရာသန့္စင္ၿပီးေနာက္မွ ေမွာ္လက္နက္ရဲ႕စြမ္းအားက ႐ုတ္တရက္ႀကီး ျမင့္သြားရတာလဲ"

"ခင္ဗ်ား ေမ့သြားၿပီလား.. မြမ္းမံျခင္းအင္းကြက္ေလ"

ရွန္းလြီ့မွာ အမူအယာေျပာင္းသြားရ၏။
"အာ.. ဆရာ.. ခုနက မြမ္းမံလိုက္တာလား"

သူ႕မွာ အရမ္းစိတ္လႈပ္ရွားေနတာေၾကာင့္ ႐ုန္ယိဘာလုပ္လိုက္မွန္း သတိမထားမိလိုက္။

႐ုန္ယိ အံ့ၾသသြား၏။
"ျပႆနာရွိလို႔လား"

"ဟို.. အဲ့တာ.. အားယား.. ေနာက္မွဘဲ ေျပာၾကရေအာင္ပါ"
ရွန္းလြီ့က ႐ုန္ယိကို သူ႕အိမ္ကိုေခၚသြားလိုက္ၿပီး အေစခံေတြကို အရင္ဆုံး သူတို႔အတြက္ အခန္းနဲ႕ စားေသာက္စရာေတြျပင္ဆင္ေစၿပီးမွ ယင္က်င္းရဲ႕ဆီ စာတစ္ေစာင္ပို႔ခိုင္းလိုက္ၿပီး ႐ုန္ယိနဲ႕ ဒီႏွစ္ေတြအတြင္း ျဖစ္ပ်က္သြားခဲ့တာေတြ ေျပာဖို႔ ထိုင္ခ်လိဳက္သည္။

"ဆရာ. ဆရာေပ်ာက္သြားတဲ့ညက သခင္ယင္နဲ႕ သူ႕အေဖတို႔ တိုက္ခိုက္ခဲ့ၾကတယ္။ အရင္က ဆရာေျပာခဲ့တဲ့ အႀကီးအကဲေတြရဲ႕ေခါင္းကိုဝယ္မယ္ဆိုတဲ့ စကားေၾကာင့္ တစ္ေဆက်င့္ႀကံသူ ၊ မိစ္ဆာက်င့္ႀကံသူ နဲ႕ သားရဲက်င့္ႀကံသူေတြပါ ပါလာၿပီး သူတို႔က အခြင့္ေကာင္းယူၿပီး အႀကီးအကဲေတြရဲ႕ေခါင္းေတြကို ျဖတ္ယူသြားၾကတယ္ေလ။ အဲ့တိုက္ပြဲက ရက္အနည္းငယ္ေလာက္ၾကာခဲ့ၿပီး ယင္မိသားစုက လူေတြအမ်ားႀကီး ဆုံးရႈံးခဲ့ရသလို ယင္အိမ္ေတာ္လည္း ဖ်က္ဆီးခံလိုက္ရတယ္။ အဲ့အခ်ိန္ကစၿပီး တုံထန္းနယ္ေျမရဲ႕ နံပါတ္တစ္က်င့္ႀကံေရးမိသားစု ယင္မိသားစုဆိုတာက ေပ်ာက္ကြယ္သြားေတာ့တာဘဲ"
ရွန္းလြီ့က သက္ျပင္းခ်ကာ
"က်ဳပ္လည္း အဲ့ရက္ရက္စက္စက္တိုက္ပြဲႀကီး ၿပီးၿပီးႏွစ္ရက္အၾကာမွ သတင္းရခဲ့တာ.. ရရခ်င္း တုံထန္းကို အျမန္သြားခဲ့ေပမယ့္ သခင္ယင္နဲ႕ကေလးေတြကို မေတြ႕ေတာ့ဘူး"

႐ုန္ယိ အျမန္ျဖတ္ေမးလိုက္သည္။
"ဟိုင္ရွန္းၿမိဳ႕က ႐ုန္အိမ္ေတာ္ကေရာ ဘယ္လိုျဖစ္သြားတာလဲ.. အဝတ္အထည္ဆိုင္ေရာ.. သတင္းခန္းမေဆာင္ေရာ.. ဘာလို႔အကုန္ မရွိၾကေတာ့တာလဲ"

"က်ဳပ္ သခင္ယင္နဲ႕ ကေလးေတြကို တုံထန္းမွာ ရွာမေတြ႕ေတာ့ ဟိုင္ရွန္းၿမိဳ႕ကို အျမန္လိုက္သြားခဲ့တယ္။ အဲ့အခ်ိန္မွာဘဲ လူေတြက အႀကီးအကဲေတြရဲ႕ေခါင္းေတြနဲ႕ အဝတ္အထည္ဆိုင္ကိုလာၿပီး ျပႆနာရွာၾကတယ္.  သခင္ေလးခ်ီတို႔ကို မြမ္းမံျခင္းအင္းကြက္ေတြ ထုတ္ေပးဖို႔ေျပာၾကတယ္ေလ.. ဒါေပမဲ့ သခင္ေလးခ်ီမွာ တစ္ခုမွမရွိေတာ့ သူတို႔က ဆိုင္ကို အစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ ဖ်က္ဆီးပစ္ခဲ့ၾကတာ"

"ယြဲ႕ရွီနဲ႕ က်န္တဲ့သူေတြေရာ အဆင္ေျပၾကရဲ႕လား"

"အင္း သူတို႔ေျပပါတယ္.. က်ဳပ္က အခ်ိန္ကိုက္ေရာက္သြားၿပီး အဲ့မွာ သခင္ယင္နဲ႕ ဆရာတူအစ္ကိုပုတို႔လည္း ရွိေနၾကတယ္ေလ.. ဟိုလူေတြက ျပႆနာဆက္ရွာလို႔မရေတာ့ ျပန္ထြက္သြားၾကတယ္။ ဒါေပမဲ့ အဲ့အခ်ိန္ကစၿပီး အဝတ္ထည္ဆိုင္နဲ႕ သတင္းခန္းမေဆာင္တို႔ရဲ႕ နာမည္ဂုဏ္သတင္းက လုံးဝပ်က္စီးသြားခဲ့တာ.. ဒီလိုနဲ႕ သခင္ယင္က သူတို႔ကို ပိတ္ပစ္ဖို႔ဆုံးျဖတ္ၿပီး အိမ္ေတာ္ကိုလည္း ဖ်က္ဆီးပစ္ခဲ့တယ္။ တစ္ႏွစ္ၾကာၿပီးေတာ့ ႐ႊမ္းယိခန္းမကို ဖြင့္ခဲ့တယ္"

႐ုန္ယိ အံ့ၾသသြား၏။
"႐ႊမ္းယိခန္းမက ခင္ဗ်ားတို႔ ဖြင့္ထားတာလား"

"ဟုတ္တယ္"
ရွန္းလြီ့က ေလွာင္ၿပဳံးတစ္ခုနဲ႕
"အခု ႐ႊမ္းယိခန္းမရဲ႕ ဂုဏ္သတင္းက ပိုပိုၿပီးေက်ာ္ၾကားလာၿပီး စီးပြားေရးကလည္း တုံထ်န္းေမွ်ာ္စင္ကို ေက်ာ္လုနီးနီးျဖစ္လာၿပီေလ။ ဒါေၾကာင့္ တုံထ်န္းေမွ်ာ္စင္က မခ်င့္မရဲျဖစ္ စိတ္မသက္မသာျဖစ္ၿပီး ဒီႏွစ္ပိုင္းေတြမွာ က်ဳပ္တို႔ကို တိတ္တဆိတ္ ျပႆနာလိုက္ရွာေနၾကတယ္ေလ"

႐ုန္ယိ အၿပဳံးတစ္ပြင့္နဲ႕
"တစ္ကယ္ေတာ့ ကြၽန္ေတာ္လည္း ယင္က်င္းရဲ႕သတင္းကိုသိခ်င္လို႔ ႐ႊမ္းယိခန္းမမွာ ေလလြင့္မေသမ်ိဳးအဆင့္က ပါဝင္ပစၥည္းေတြ အေပါင္ထားခဲ့ေသးတယ္.  ခင္ဗ်ားတို႔ ကြၽန္ေတာ့္ဆီက ေတာ္ေတာ္အက်ိဳးရသြားတာဘဲ"

"ဆရာ ဘယ္ဆိုင္မွာ အေပါင္ထားခဲ့တာလဲ.. က်ဳပ္ ျပန္ယူေပးမယ္"

"ဟိုင္ရွန္း"

ရွန္းလြီ့က ရယ္လိုက္ကာ
"အဲ့တာ ဆရာတူအစ္ကိုပု ဦးစီးေနတဲ့ ဆိုင္ခြဲေလ.  ပိုေတာင္လြယ္သြားၿပီ"

"ကြၽန္ေတာ္ ေပ်ာက္သြားတဲ့ေနာက္ ဒီေလာက္မ်ားတဲ့ကိစၥေတြ ျဖစ္ပ်က္သြားမယ္လို႔ ထင္မထားခဲ့မိဘူး"
႐ုန္ယိ သက္ျပင္းခ်ကာ ယင္စန္စန္ကို ေကာက္ခ်ီလိုက္သည္။
"ကြၽန္ေတာ္ ေပ်ာက္သြားတုန္းက စန္စန္ေလးက ေသးခံေလးေတြဝတ္ေနရတုန္းဆိုတာ မွတ္မိေသးတယ္။ အခုေတာ့ သူက လူႀကီးေလးလို  ကြၽန္ေတာ္နဲ႕ေတာင္ ေလာင္းေၾကးစားေၾကးလုပ္နိုင္ေနၿပီ။ ကေလးဆိုးေလး.. ငါသာရႈံးခဲ့ရင္ တစ္သက္လုံးအထင္ေသးေနမွာ ဆိုတဲ့စကားကို ဘယ္လိုေတာင္ ေျပာနိုင္ရတာလဲ..ဟမ္.. ဆိုးလိုက္တာ"

ယင္စန္စန္က တစ္ခ်က္ရွိုက္လိုက္ၿပီး
"ေဖေဖက သားတို႔ကို ႏွစ္ေတြအၾကာႀကီး ထားသြားၿပီး လုံးဝျပန္လာမေတြ႕ခဲ့ဖူးေလ"

"ေဖေဖက ျပန္မလာခ်င္ဘူးမ်ား မင္းတို႔ထင္ေနၾကလား.. ဒါေပမဲ့ ျပန္လာလို႔မွမရခဲ့တာ"
႐ုန္ယိက သူ႕ႏွာေခါင္းေလးကိုဆြဲကာ
"ျပန္လာလို႔ရတာနဲ႕ ခ်က္ခ်င္း မင္းတို႔ကိုလာရွာတာေလကြာ"

ရွန္းလြီ့ ဝင္ေမးလိုက္သည္။
"ဆရာ ၿပီးခဲ့တဲ့ႏွစ္ေတြက ဘယ္ေရာက္ေနခဲ့တာလဲ.. က်ဳပ္တို႔ ဆရာ့ကို ဘယ္ေနရာမွာမွ ရွာမေတြ႕ခဲ့ဘူး.. ဆရာ ဘာလို႔ျပန္မလာခဲ့ရတာလဲ"

႐ုန္ယိ အတိုခ်ဳပ္ေျပာျပလိုက္သည္။
"ခင္ဗ်ားၾကားရင္ အံ့ၾသသြားလိမ့္မယ္.. အနီေရာင္အလင္းေတြက ကြၽန္ေတာ့္ကို ေနရာတစ္ခုကိုပို႔လိုက္ၿပီး ကြၽန္ေတာ္အဲ့မွာ နာရီဝက္ေက်ာ္ေလာက္ဘဲ ေနခဲ့တာ..ကြၽန္ေတာ္ ျပန္ေရာက္လာေတာ့ သုံးႏွစ္ေတာင္ရွိသြားၿပီတဲ့ေလ"

ရွန္းလြီ့ သူ႕ကိုအံ့အားသင့္စြာ ၾကည့္လိုက္၏။
"ဆရာေျပာတာက ဆရာဒီကထြက္သြားတာ နာရီဝက္ေက်ာ္ဘဲ ရွိေသးတယ္ေပါ့"

"အဟုတ္ဘဲ။ ကြၽန္ေတာ္ ျပန္ေရာက္လာၿပီး သုံးႏွစ္ၾကာသြားၿပီမွန္း သိလိုက္ရတုန္းကဆို အခု ခင္ဗ်ားထက္ေတာင္ ပိုၿပီးထိတ္လန့္သြားခဲ့တာ.. အထူးသျဖင့္ ကြၽန္ေတာ့္က်င့္ႀကံေဖာ္ရဲ႕အိမ္က အမွိုက္ေတြအျဖစ္ ပ်က္စီးေနတာ ေတြ႕လိုက္ရတဲ့အခ်ိန္ဘဲ.. သူတစ္ခုခု ျဖစ္မ်ားသြားၿပီလားလို႔ ေၾကာက္႐ြံ႕ေနခဲ့တာ"

"မယုံနိုင္စရာဘဲ"

"ဒါဆို ေဖေဖက သားတို႔ကို စြန့္ပစ္သြားတာ မဟုတ္ဘူးေပါ့"
ယင္စန္စန္က ေမးလာသည္။

"ေသခ်ာေပါက္မဟုတ္ဘူးေပါ့.. ငါသာ မင္းတို႔ကို ထားခဲ့ခ်င္ရင္ ဘာလို႔ျပန္လာေနဦးမွာလဲ"
႐ုန္ယိ အၿပဳံးတစ္ပြင့္နဲ႕ သူ႕ရဲ႕မ်က္ႏွာေသးေသးေလးကို ၾကည့္ရင္း
"မင္းကိုၾကည့္ရတာ အဲ့ရက္ေတြတုန္းက ခ်ယ္ရီသီးေလးကို ျမင္ေနရသလိုဘဲ။ ဒါေပမယ့္ မင္းကေတာ့ မင္းအေဖအတိုင္းဘဲ အၿပဳံးအရယ္သိပ္မရွိဘူး"

ယင္စန္စန္က သူ႕ရင္ခြင္ထဲ တိုးဝင္လာ၏။
"သားတို႔ ေဖေဖ့ကို အရမ္းသတိရေနတာ"

"အင္းပါ..အင္းပါ.. ေဖေဖ အခုျပန္လာၿပီဘဲမလား.. ထပ္မထြက္သြားေတာ့ဘူး.. ဟုတ္ၿပီလား..အကယ္၍ ထြက္သြားမယ္ဆိုရင္ေတာင္မွ မင္းတို႔ေလးေတြကိုပါ ငါနဲ႕အတူေခၚသြားမွာ"
႐ုန္ယိ သူ႕ကိုေပြ႕ဖက္ကာ ကေလးေတြရဲ႕ေခါင္းေလးေတြကို ပြတ္ေပးလိုက္သည္။
"မငိုၾကနဲ႕ေတာ့.. ဒါနဲ႕ မင္းတို႔အတြက္ ကစားစရာေတြအမ်ားႀကီး ပါလာတယ္"

သူ ကေလးေတြေဆာ့ဖို႔ ကစားစရာေတြအမ်ားႀကီး ထုတ္ေပးလိုက္သည္။

"ဝိုး..."
ကေလးေတြမွာ ခ်က္ခ်င္းဘဲ ကစားစရာေတြဆြဲေဆာင္တာ ခံလိုက္ရၿပီး သိခ်င္စိတ္က ကစားစရာေတြအေပၚ ေရာက္သြားေတာ့သည္။

"ဒါေလးက ဘယ္သူ႕ကေလးလဲ.. သူကပါ ဘာလို႔ ကြၽန္ေတာ့္ကို ေဖေဖလို႔ေခၚေနတာလဲ"
႐ုန္ယိ ေယာင္အာကိုၾကည့္ကာ ေမးရင္း သူ႕မ်က္ႏွာဖုံးေလးကို ခြၽတ္ေပးလိုက္သည္။ ရင္းႏွီးေနသလို အနည္းငယ္လည္း စိမ္းသက္ေနတဲ့ မ်က္ႏွာေလးပင္။

သူ အံ့အားတႀကီး ေျပာလိုက္မိ၏။
"ဒါ မိစ္ဆာကေလးေလး မဟုတ္ဘူးလား.. သူကဘာလို႔ အခုထိ ကြၽန္ေတာ္တို႔နဲ႕ ရွိေနရေသးတာလဲ"




##
chapter ေတာင္ ထိပ္စီးေျပာင္းသြားၿပီး
ဇာတ္လမ္းလည္း သုံးပုံႏွစ္ပုံနီးပါးေတာင္ ေရာက္ေနၿပီရွင္

ေနာက္အပိုင္း ယင္က်င္းရဲ႕နဲ႕ေတြ႕ၿပီး ရွင္ေလးတို႔ေမွ်ာ္ေနတဲ့အခန္း လာပါၿပီ 🖤🖤🖤


*******
14.11.2022

Comment