*229* ဖိတ်ကြားလွှာ

ခန်းမထဲမှာ မင်သခင်ကြီး ၊ မင်သခင်မကြီးနဲ့ ကျန်သူတွေ စကားစမြည်ပြောနေကြ၏။ သူတို့အကုန် ပြုံးရွှင်နေကာ ရာစုနှစ်အစည်းအဝေးပွဲကြီးကို မျှော်လင့်စောင့်စားနေကြသည်။

"သခင်လေးရုန်"
ပါဆီရိုက ရုန်ယိတို့ကိုတွေ့လိုက်တာကြောင့် မတ်တပ်ထရပ်ကာ သူတို့ဆီလျှောက်သွားလိုက်သည်။

ရုန်ယိ သူ့ကိုလှမ်းကြည့်ကာ နောက်တော့ သူ့နောက်မှာပါလာတဲ့ လိုဂတ်စ်ကိုပါ ကြည့်လိုက်၏။
"ခင်ဗျားတို့လည်း ရာစုနှစ်အစည်းအဝေးပွဲကို တက်ကြမှာလား"

"အဲ့တာက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ကြားလို့လေ.. ငါတို့လည်း လိုက်ကြည့်ချင်လို့.. ဒီလိုမှမဟုတ်ရင် နောက်ထပ် အခွင့်အရေးမရနိုင်လောက်တော့ဘူး"
လိုဂတ်စ်ကပြောလာသည်။

ပါဆီရိုက မေးလာ၏။
"ကျွန်တော်တို့ပါအတူလိုက်လို့ စိတ်မရှိဘူးမလား"

"သေချာပေါက်မရှိဘူးပေါ့"
ရုန်ယိ ပြန်ဖြေလိုက်၏။

အဓိကကတော့ ဒီရက်တွေမှာ လိုဂတ်စ်တစ်ယောက် အတော်လေး ငြိမ်ငြိမ်ဆိမ်ဆိမ်နေနေခဲ့တာ တွေ့နေရသည်။ အိမ်တော်ထဲမှာသာနေပြီး အပြင်လည်းထွက်ခဲလှ၏။ အကယ်၍ ထွက်ခဲ့ရင်တောင်မှ သူ့နားမှာ အမြဲ ပါဆီရို ပါနေလေသည်။

ရုန်ယိ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပေမဲ့ ယင်ကျင်းရဲ့ကို မတွေ့ရပေ။
"ကျင်းရဲ့ ဘယ်မှာလဲ"

ယင်သခင်မက သူ့ကိုပြောပြလာသည်။
"ပေပနယ်မြေရဲ့ မြို့သခင်တွေအကုန်လုံး ကွေးလင်မြို့မှာဆုံကြပြီး နန်ပိုင်နယ်မြေကိုသွားကြဖို့ အချိန်းအချက်လုပ်ထားကြတယ်လေ.. ရဲ့အာက အခု မြို့တံခါးမှာ သူတို့ကို သွားကြိုနေတယ်.. ငါတို့လည်း အခုစထွက်သင့်ပြီ"

"ကောင်းပြီ"

ရုန်ယိတို့တွေ ဓားအသီးသီးနဲ့ မြို့တံခါးဘက် ပျံသန်းသွားလိုက်ကြသည်။ ထို့နောက် ကြီးမားတဲ့အဖြူရောင်ဒေါင်းငှက်ပေါ်မှာရပ်နေတဲ့ ယင်ကျင်းရဲ့ကို ရုန်ယိချက်ချင်းကို လှမ်းမြင်လိုက်သည်။ တစ်ကိုယ်လုံးနက်ဆွေးနေတဲ့ဝတ်စုံနဲ့ ယင်ကျင်းရဲ့က ဖြူဖွေးနေတဲ့ဒေါင်းအပေါ်ရပ်နေတဲ့ပုံစံက ရင်သပ်ရှုမောလောက်စရာကောင်းလှပြီး လူအများအပြားရဲ့ အကြည့်တွေကို ဆွဲဆောင်ထားနိုင်လေသည်။

ယင်ကျင်းရဲ့လည်း ရုန်ယိကိုတွေ့သွားပြီး မျက်လုံးတွေတောက်ပသွားကာ ချက်ချင်း လက်တစ်ဖက်ဆန့်ထုတ်ပြီး သူ့ကိုဆွဲခေါ်လိုက်သည်။

ချောမောနေတဲ့ရုန်ယိကို တွေ့တဲ့အခါ ဒေါင်းဖြူက ရင်းနှီးကျွမ်းဝင်စွာနဲ့ ရုန်ယိ သူ့ပေါ်တက်လို့ရအောင် ကိုယ်ကိုနှိမ့်ပေးလိုက်သည်။ သူ့ကျောပေါ်တက်ဖို့ ကြိုးစားနေတဲ့ ကလေးလေး လေးယောက်အတွက်ကတော့ အတောင်ဆန့်ကာ တစ်ချက်ခတ်ထုတ်လိုက်တာကြောင့် ကလေးတွေမှာ ရှန်းလွီ့နဲ့ပုချီတို့ပေါ် ပြန်ရောက်သွားကြတော့သည်။

"ယင်ကျင်းရဲ့နဲ့ ရုန်ယိကလွဲပြီး ဘယ်သူမှငါ့ပေါ် စီးနင်းလို့မရဘူးကွ ဟမ့်!"
ဒေါင်းဖြူက သူ့ရဲ့ လှပလွန်းတဲ့အမြှီးကြီးကို ဖြန့်ထုတ်ကာ တရွှမ်းရွှမ်း ခတ်လိုက်သည်။

ယင်သခင်မက တအံ့တသြ ဆိုလာ၏။
"ဒေါင်းဖြူက ငါ့ကိုတောင် ထိခွင့်ပေးတာမဟုတ်ဘူး.. ဒါပေမဲ့ ရှောင်ယိကိုတော့ စီးခွင့်ပေးတယ်တဲ့လား"

ရှန်းလွီ့က ရယ်မောကာ
"သူက ကျွန်တော်တို့ဆရာ သန့်စင်ထားတဲ့ မှန်တစ်ချပ်ကြောင့် သူ့ကိုယ်သူရောင်းစားလိုက်တာလေ"

ဒေါင်းဖြူက ဂုဏ်ယူနေတဲ့မျက်နှာထားနဲ့ မော်ချီနေကာ
"ရုန်ယိ လုပ်ပေးတဲ့မှန်က တော်တော်လေးထူးခြားတယ်.. ငါ့အပေါင်းအဖော်တွေဆို ငါ့ကိုအားတွေကျနေပြီး သူတို့အတွက်ပါ ဒီလိုမှန်မျိုးလုပ်ပေးဖို့ တောင်းဆိုနေကြတာ.. ဒါပေမဲ့ ငါငြင်းလိုက်တယ်လေ.. ငါ့မှန်က တစ်ခုတည်းရှိတဲ့ရှားပါးပစ္စည်း.. ဒါကို ငါက တစ်ခြားသူတွေကိုပါ မျှဝေပေးစရာလား"

သူက ရုန်ယိနဲ့ယင်ကျင်းရဲ့တို့ကို သယ်ဆောင်ကာ လေပေါ်ပျံဝဲနေ၏။

ယင်ကျင်းရဲ့ အတော်ဝေးဝေးကနေ လူအုပ်ကြီးတစ်အုပ် သူတို့ဘက်ကို ပျံသန်းလာနေတာတွေ့လိုက်ရတာကြောင့် ဒေါင်းဖြူကို အောက်ပြန်ဆင်းဖို့ပြောလိုက်သည်။
"တစ်ခြားမြို့သခင်တွေ ရောက်လာကြပြီ"

မြို့သခင်လန်နဲ့ မြို့သခင်ယန်တို့ ယင်ကျင်းရဲ့ကို တွေ့လိုက်တဲ့အခါ သူ့ရဲ့အရှိန်အဝါက အရင်ထက် ပိုသန်မာလာတာ တွေ့လိုက်ရတာကြောင့် သူတို့ဘက်က အရင် အရိုအသေပေးနှုတ်ဆက်လိုက်ကြသည်။
"ကွေးလင်မြို့သခင်.. မတွေ့ရတာတောင်ကြာပြီ"

သူတို့ တိတဆိတ်နဲ့ မြို့တံခါးက အစောင့်တွေဆီ တစ်ချက်လှမ်းကြည့်လိုက်တဲ့အခါ ထိုသူတွေရဲ့စွမ်းအားက ပိုလို့တောင်တိုးတက်လာတာတွေ့လိုက်ရသည်။ ဒီပေပနယ်မြေကြီးတစ်ခုလုံး ဒါမှမဟုတ် ဒီကျင့်ကြံရေးလောကတစ်ခုလုံးမှာတောင်မှ ဒီလောက်စွမ်းအားကြီးတဲ့ အဖွဲ့မျိုး ရှိမှာမဟုတ်တာ သူတို့သေချာပေါက်ပြောရဲသည်။

ယင်ကျင်းရဲ့ရဲ့ကျင့်ကြံဆင့်က သူတို့ထက်မြင့်မားတာကြောင့် မျက်နှာသာပေးတဲ့အနေနဲ့ ခေါင်းအသာပြန်ငြိမ့်ပြရုံဖြင့် လုံလောက်ပေပြီ။

သိပ်မကြာခင်ဘဲ ယိုဖူမြို့သခင် ၊ ယင်းတုမြို့သခင် ၊ ရှဲ့ယွီ ၊ မော့ကူ ၊ ချာဟိုင် ၊ ဖော့ကျန် ၊ တုံချန်း နဲ့ ရှဲ့ရှန်းမြို့သခင်တွေရောက်လာကြပြီး အချင်းချင်းနှုတ်ဆက်လိုက်ကြသည်။

ထို့နောက် ယိုဖု ၊ယင်တု နဲ့ မော့ကူ မြို့သခင်တို့က ယင်ကျင်းရဲ့ရှေ့ဘက်မှာ ထိုင်နေတဲ့ ရုန်ယိကို လှမ်းကြည့်လိုက်ကြကာ
"မြို့သခင်ယင်.. ကျုပ်တို့ကို ခင်ဗျား ကျင့်ကြံဖော်နဲ့ မိတ်ဆက်ပေးဖို့ အစီအစဥ်မရှိဘူးလား"

ယင်ကျင်းရဲ့ နှုတ်ခမ်းထောင့်လေး အသာကွေးသွားကာ ပြောလိုက်၏။
"ဒါကျုပ်ရဲ့ လက်တွဲဖော် ရုန်ယိ "

ထို့နောက် ရုန်ယိဆီ အသံပို့လွှတ်ကာ
"သူတို့က ယိုဖု ၊ ယင်တု နဲ့ မော့ကူ ​မြို့တွေရဲ့ မြို့သခင်တွေ"

"နှုတ်ဆက်ပါတယ်"
ရုန်ယိ သူတို့ကို နှုတ်ဆက်ကာ သေတ္တာအသေးလေးသုံးခု ထုတ်ယူကာ သူတို့ကို ပြောလိုက်၏။
"ဒါက လွန်ခဲ့တဲ့သုံးနှစ်က ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် တောင်းပန်လက်ဆောင်ပါ.. ခင်ဗျားတို့ လက်ခံပြီး အတိတ်ကကိစ္စတွေကို စိတ်ထဲမထားတော့ဖို့ မျှော်လင့်ပါတယ်"

အထဲမှာ ဘာပါမှန်း သုံးယောက်လုံးသိပြီး မျက်လုံးတွေအရောင်တောက်သွားကြသည်။ အမှန်တော့ ရုန်ယိက သူတို့ကို မွမ်းမံခြင်းအင်းကွက်တွေနဲ့ အလျော်ပြန်ပေးလိမ့်မယ်ဆိုတာ သူတို့ကြားထားပြီးသားပင်။ ဒီတိုင်း သူတို့က ရှဲ့ယွီမြို့သခင်လောက် မျက်နှာအရည်မထူနိုင်ဘဲ ဒီထိလာပြီး မတောင်းနိုင်ခဲ့ကြရုံသာ။ ရုန်ယိက ရှဲ့ယွီမြို့သခင်ကနေတဆင့် သူတို့ကွေးလင်မြို့ကိုလာတာနဲ့ မွမ်းမံခြင်းအင်းကွက်တွေ ပေးပါမည်ဟု သတင်းပေးခိုင်းခဲ့သော်ငြား ဒီအတွက်ကြောင့်ချည်းသက်သက်လာရန် အတော်လေးရှက်ရွံ့နေခဲ့ကြသည်။ ဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီး ဒီကိုတစ်ခါတည်းလာခဲ့ကြတာပင်။

သူတို့ ရုန်ယိကို ကျေးဇူးတင်စကားဆိုကာ သေတ္တာကိုယူလိုက်ကြသည်။ သုံးနှစ်နောက်ကျနေခဲ့ပြီ​ဖြစ်သော်လည်းဘဲ မွမ်းမံခြင်းအင်းကွက်တွေ ပိုရလိုက်တာကြောင့် တန်ပေသည်။

ကျန်မြို့သခင်တွေမှာ ရုန်ယိ သူတို့ကိုဘာပေးလိုက်လဲဆိုတာ အတော်လေးသိချင်နေကြ၏။

မြို့သခင်တစ်ယောက်က ရုန်ယိနဲ့ယင်ကျင်းရဲ့ကို တစ်လှည့်စီကြည့်လိုက်ပြီး ရုန်ယိက ဒီကိစ္စကို ဖုံးကွယ်ထားချင်ဟန်မပေါ်တာကြောင့် ပြောပြလိုက်သည်။
"ဒါ ကွေးလင်မြို့သခင်ရဲ့ ကျင့်ကြံဖော် သန့်စင်ထားတဲ့ မွမ်းမံခြင်းအင်းကွက်တွေလေ"

လူတိုင်း အံ့အားသင့်သွားကြ၏။
"မွမ်းမံခြင်းအင်းကွက်!.. ခင်ဗျားပြောတာ မှော်လက်နက်ရဲ့ စွမ်းအားကိုတိုးမြှင့်ပေးနိုင်တဲ့ မွမ်းမံခြင်းအင်းကွက်လား"

"ဟုတ်တယ်"
ထို့နောက် ရှဲ့ယွီမြို့သခင်က မွမ်းမံခြင်းအင်းကွက်ကပ်ထားတဲ့ သု့ရဲ့မှော်လက်နက်ကိုထုတ်ကာ သူ့လက်ထဲ လှည့်ကစားပြလိုက်သည်။

လူတိုင်း မနာလိုဖြစ်မိသွားကြပြီး ရုန်ယိဆီ လှည့်ကြည့်လိုက်ကြသည်။ နှမြောစရာကတော့ အခုက ရုန်ယိကို မွမ်းမံခြင်းအင်းကွက်တွေ သန့်စင်ပေးဖို့ တောင်းဆိုရန် အချိန်ကောင်း မဟုတ်သေးပေ။ ဒါကြောင့် သူတို့ရဲ့စိတ်ထဲက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ အစည်းအဝေးကြီးပြီးရန် စောင့်ရုံသာ တတ်နိုင်တော့သည်။

မြို့သခင်တွေအကုန်ရောက်တာနဲ့ ချက်ချင်းဘဲ ရွှေ့ပြောင်းအစီအရင်ကိုဖွင့်လှစ်ကာ နန်ပိုင်နယ်မြေက လျန်ချန်းမြို့ကို သွားလိုက်ကြသည်။

လျန်ချန်းမြို့လို့ ခေါ်ရတဲ့အကြောင်းအရင်းက မြို့ကြီးအနည်းငယ်ကိုချိတ်ဆက်ထားပြီး နန်ပိုင်နယ်မြေထဲက အကြီးဆုံးမြို့ကြီးတစ်မြို့ ဖြစ်နေတာကြောင့်ပင်။

"တစ္ဆေကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေ ရောက်လာကြပြီ"

ထိုကျင့်ကြံသူတွေ ပေါ်လာတာနဲ့ အနားဝန်းကျင်က ကျင့်ကြံသူတွေမှာ ကပ်ဘေးကိုရှောင်ရှားကြသလိုမျိုး အမြန်ထွက်ပြေး ပုန်းရှောင်ကြတော့သည်။

ပေပနယ်မြေရဲ့မြို့သခင်တွေက ထိုသူတွေရဲ့ ကြောက်လန့်နေတဲ့အကြည့်တွေကိုမြင်ရတာ နှစ်သက်ပျော်ရွှင်နေကြပြီး ထို့အတွက် သူတို့ကိုယ်သူတို့ ဂုဏ်ယူနေကြလေသည်။

တစ်ချို့မြို့သခင်တွေဆို တမင်သက်သက် သူတို့ရဲ့ဝိညာဥ်စွမ်းအားကို ထုတ်လွှတ်ကာ ကျင့်ကြံဆင့်နိမ့်သူတွေကို ဒူးထောက်ကျသည်အထိ ဖိအားပေးပြီး ထိုသူတွေပေါ်က ဖြတ်ကာ မြို့ထဲဝင်ကြ၏။

ထိုကျင့်ကြံသူတွေမှာ သည်းခံရုံသာရှိသည်။

ထိုမြင်ကွင်းကို မြင်တဲ့အခါ လိုဂတ်စ်က ပါဆီရိုနားကပ်ကာ အပြုံးနဲ့တိုးတိုးလေးပြောလာ၏။
"အဲ့မြို့သခင်တွေလုပ်တဲ့နည်းက လုံးဝကို ငါ့ပုံစံနဲ့ အကိုက်ပဲ"

ပါဆီရိုက သူ့ကိုတစ်ချက်ကြည့်ကာ အဝေးကိုပြန်အကြည့်လွှဲသွားသည်။

သူတို့နောက်မှာတော့ ပုချီက ရှန်းလွီ့ကို အသံတိုးတိုးနဲ့မေးလိုက်သည်။
"မင်းရဲ့ဆရာသာ မင်းက တစ္ဆေကျင့်ကြံသူတွေနဲ့အတူရှိနေတာ တွေ့သွားရင်လေ..သူ မင်းကို သူ့တပည့်အဖြစ်ကနေ စွန့်လွှတ်လိုက်မယ်လို့ထင်လား"

ရှန်းလွီ့ "....."

ပုချီ ပြုံးလိုက်ကာ
"မင်းရဲ့ အမူအယာအရ.. ငါတို့ဆရာရဲ့ ကျင့်ကြံဖော်က တစ္ဆေကျင့်ကြံသူဆိုတာ မင်းဆရာကို မပြောရသေးမှန်း ငါသိလိုက်ပြီ"

ရှန်းလွီ့ "...."

သူ့မှာ နောက်ဆရာတစ်ယောက်တင်လိုက်ရတဲ့အကြောင်းကို ရှင်းပြတဲ့ထဲအရမ်းနစ်မြုပ်သွားတာကြောင့် ယင်ကျင်းရဲ့က တစ္ဆေကျင့်ကြံသူဆိုတာ ပြောပြဖို့ မေ့သွားလေသည်။ အကယ်၍ သူ့ဆရာသာ ဒါကိုသိသွားခဲ့ရင်တော့ လုံးဝ သူ့ကိုခွင့်လွှတ်မှာမဟုတ်တော့ပေ။

ပုချီ မျက်နှာဖုံးတစ်ခုထုတ်ကာ သူ့ကိုပေးလိုက်၏။
"တပ်ထားလိုက်"

ရှန်းလွီ့မှာ တုံ့ဆိုင်းသွားပြီးနောက် မျက်နှာဖုံးကိုယူကာ ဝတ်ဆင်လိုက်သည်။
"ကျေးဇူးဘဲ"

ကလေးတွေမှာ မြို့ထဲဝင်လိုက်တာနဲ့ လမ်းတွေတောက်လျှောက် မီးပုံးတွေ မီးအိမ်တွေနဲ့အလှဆင်ထားတာကို တွေ့လိုက်တာကြောင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး လူအုပ်ထဲ ပြေးဝင်သွားကြတော့သည်။

အရိပ်ကိုယ်ရံတော်တွေမှာ ချက်ချင်း သူတို့နောက်လိုက်သွားလိုက်ရ၏။

ရုန်ယိနဲ့ယင်ကျင်းရဲ့တို့ ဒေါင်းဖြူပေါ်ကနေဆင်းကာ ပတ်ပတ်လည်ကိုလိုက်ကြည့်ကြပြီး ရုန်ယိမှာ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။
"ဘယ်လောက်တောင်စည်ကားလိုက်လဲ"

"မင်းတို့ကမ္ဘာမှာ ဒီလို ရာစုနှစ်အစည်းအဝေးပွဲမျိုး မရှိဘူးလား"

"ရှိတယ်.. ဒါပေမဲ့ ရာစုနှစ်အစည်းအဝေးပွဲလို့မခေါ်ဘူး.. တစ်ခါကျင်းပတိုင်း နာမည်တစ်မျိုးစီနဲ့ ပြီးတော့ များသောအားဖြင့် မိသားစုကြီးတွေက ဦးဆောင်ပြီးကျင်းပကြတာ.. ဒီတော့ ဒီလောက်ကြီးထိ မစည်ကားဘူး"
ဒီနေရာမှာ သူဝယ်ယူနိုင်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီးရှိနေတယ်ဆိုတာ တွေးလိုက်မိတာနဲ့ ရုန်ယိမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားသည်။
"ဘယ်အချိန် စမှာလဲ"

"ကိုယ်တို့မြို့ထဲဝင်တာနဲ့စပြီ"
ယင်ကျင်းရဲ့ သူ့ကို အစည်းအဝေးပွဲရဲ့စည်းမျဥ်းတွေကို ပြောပြလိုက်သည်။
"အကယ်၍ တစ်ယောက်ယောက်က မင်းနဲ့ယှဥ်ပြိုင်ဖို့ တောင်းဆိုလာခဲ့ရင် မင်းငြင်းပယ်လိုက်လို့ရတယ်.. ဒါပေမဲ့ တစ်ဖက်လူက ဖိတ်ကြားလွှာ အသုံးပြုလာခဲ့ရင်တော့ မင်း သေချာပေါက်လက်ခံမှရမယ်.. အနိုင်ရတဲ့သူက ရှုံးတဲ့သူကို ကိစ္စတစ်ခုလုပ်ခိုင်းလို့ရတယ် ဒါမှမဟုတ် သူတို့ ယှဥ်ပြိုင်ဖို့ သုံးခဲ့တဲ့ပစ္စည်းကို တောင်းလို့ရတယ်"

"ဖိတ်ကြားလွှာ.. လူတွေက အဲ့တာကို ဘယ်ကနေရကြလဲ"

"လျန်ချန်းမြို့သခင်က ဖိတ်ကြားလွှာတွေ ကြိုတင်ပြုလုပ်ပြီး မြို့ထဲက နေရာတိုင်းမှာ ဝှက်ထားတယ်... ဘယ်သူရှာတွေ့မလဲဆိုတာပေါ်ဘဲ မူတည်တယ်"

ရုန်ယိကတော့ ဒါက မမျှတဟုထင်သည်။
"အကယ်၍ ​လျန်ချန်းမြို့သခင်က သူ့မိတ်ဆွေတွေ ဆွေမျိုးတွေကို ဖိတ်ကြားလွှာတွေရဲ့နေရာကို ကြိုပြောပြထားခဲ့ရင်ရော ဒါဆို မမျှတတော့ဘူးမလား..ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ရဲ့စိတ်စွမ်းအားကိုသုံးပြီး ရှာခဲ့မယ်ဆိုရင်ရော"

"ဒီလိုဖြစ်မှာမဟုတ်ဘူး.. မြို့သခင်က အမြဲတမ်း ဖိတ်ကြားလွှာတွေပြုလုပ်ဖို့ ဝှက်ဖို့ ကွမ်ယင်ဘုံကျောင်းက ဘုန်းတော်ကြီးကိုပင့်လေ့ရှိတယ်.. မင်းလည်းသိပါတယ်.. ဗုဒ္ဓကျင့်ကြံသူတွေက လူတိုင်းကို တန်းတူဘဲဆက်ဆံကြတယ်ဆိုတာ သူသေချာပေါက် ဘယ်သူ့ကိုမှပြောမှာမဟုတ်ဘူး.. ပြီးတော့ ဖိတ်ကြားလွှာတွေက ဒီအတိုင်း စာရွက်လေးတစ်ရွက်လည်းဖြစ်နိုင်သလို သစ်ပင်တစ်ပင် ဒါမှမဟုတ် အသက်ရှိနေတဲ့သားရဲတစ်ကောင်လည်း ဖြစ်နေနိုင်တယ်.. ဒါကြောင့် ဘယ်လောက်ဘဲ ကျင့်ကြံဆင့်မြင့်နေပါစေ.. စိတ်စွမ်းအားသုံးပြီး ရှာလို့ လုံးဝတွေ့မှာမဟုတ်ဘူး"

"ဒါဆိုရင်တော့ အတော်လေးမျှတသားဘဲ.. ဒါပေမဲ့  ဖိတ်ကြားလွှာက ဘယ်လိုပုံစံမှန်းမှမသိတဲ့ဟာ ဘယ်လိုလုပ်ရှာကြမလဲ"

"မင်းစိတ်ထဲ ဖိတ်ကြားလွှာလို့ထင်တဲ့အရာမှန်သမျှကို သိမ်းထားပြီး နေ့မွန်းတည့်ချိန် မြို့သခင်ရဲ့ ကြေငြာချက်ကိုစောင့်ရမှာ"

"ဒါဆို ဖိတ်ကြားလွှာလို့ထင်လိုက်တာနဲ့ စျေးဆိုင်မှာ ရောင်းနေတဲ့ ဘယ်ဟာမဆိုလည်း ယူလိုက်လို့ရတာဘဲလား"

"ပိုက်ဆံပေးနိုင်ရင် ရတာပေါ့"

"....."
သူ့ကိုယ်သူ ခပ်တုံးတုံးမေးခွန်းမျိုး မေးလိုက်မိသည်ဟု ရုန်ယိခံစားလိုက်ရသည်။
"ဒါဆို အခု ကျွန်တော်တို့ ဘယ်သွားကြမလဲ"

ယင်ကျင်းရဲ့ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
"ဒီနားကလူတွေဆီမှာ မင်းယှဥ်ပြိုင်ချင်တဲ့ပစ္စည်းရှိမလား ကြည့်ကြည့်"

သူပြောတာကြားမှဘဲ အနားတစ်ဝိုက်က လူတွေအကုန် မှော်လက်နက်တွေ ဘာတွေ လက်ထဲ ကိုင်ဆောင်ထားကြတာ ရုန်ယိ သတိထားမိလိုက်သည်။

"ငါ နင့်ကို စိန်ခေါ်တယ်"
ရုတ်တရက် အမျိုးသမီးတစ်ယောက်အော်သံကို ကြားလိုက်ရ၏။

တစ်ယောက်ယောက်က စိန်ခေါ်တယ်ဆိုတာကြားလိုက်တာနဲ့ လူအုပ်က ချက်ချင်းစုသွားကြတော့သည်။

ရုန်ယိမှာ သိချင်စိတ်အပြည့်နဲ့ ယင်ကျင်းရဲ့လက်ကို ဆွဲခေါ်ကာ လူအုပ်ဆီလျှောက်သွားလိုက်ပြီး သူ့ရှေ့က ကျင့်ကြံသူတစ်ယောက်ကို မေးကြည့်လိုက်၏။
"သူတို့က ဘာအတွက် ယှဥ်ပြိုင်နေကြတာလဲ"

ထိုသူက ပြန်ဖြေလာသည်။
"သူတို့က အခုထိ ဘာမှမပြောကြသေးဘူးဗျ.. ကျုပ်လည်း မသိသေးဘူး"

ရုန်ယိ လူအုပ်ကြားထဲ တွန်းထိုးပြီးဝင်သွားလိုက်ပြီးနောက် အပြာရောင်ဝတ်စုံနဲ့အမျိုးသမီးက ပန်းရောင်ဝတ်စုံနဲ့အမျိုးသမီးကို လက်ညှိုးထိုးပြီး ပြောနေတာ တွေ့လိုက်ရ၏။
"ငါ နင့်ရဲ့ဝတ်စုံအတွက် ယှဥ်ပြိုင်ချင်တယ်"

ရုန်ယိ "!!!"

တစ်ကယ်ကြီးလား..

ပန်းရောင်ဝတ်စုံနဲ့အမျိုးသမီးက တစ်ဖက်သူကို မျက်မှောက်ကြုတ်လျက် ပြန်ကြည့်လိုက်သည်။

အပြာရောင်ဝတ်စုံနဲ့အမျိုးသမီးက ဂုဏ်ယူစွာနဲ့ခေါင်းကို မော်ချီထားကာ
"နင် ငါနဲ့ ပြိုင်ရဲလား"

ပန်းရောင်ဝတ်စုံနဲ့အမျိုးသမီးက လက်မခံချင်ပုံရပေမယ့် သူ့ဘေးက ကောင်မလေးက ပြောလာသည်။
"ဆရာတူအစ်မ.. မကြောက်နဲ့.. သူစိန်ခေါ်တာ လက်ခံလိုက်.. အစ်မရဲ့ ပန်းရောင်ဝတ်စုံက သေချာပေါက် သူ့ဝတ်စုံထက်မညံ့ဘူး"

ရုန်ယိ သူ့ဝတ်စုံသူ ငုံ့ကြည့်လိုက်မိကာ ယင်ကျင်းရဲ့ကို အသံပို့ပြီး မေးကြည့်လိုက်သည်။
"ကျွန်တော့်ဝတ်စုံက ဘယ်လောက်တန်ဖိုးရှိလဲ"

"နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး ငါးဆယ်"

"သောက်လခွီးတဲ့မှ!!.. ဒါဆို ကျွန်တော်က နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးငါးဆယ်ကြီးကို ကိုယ်ပေါ်တင်ပြီး နေရာတကာ လျှောက်ပြေးနေမိတာပေါ့!"
ရုန်ယိ သူ့ဝတ်စုံသူ ​စစ်ကြည့်လိုက်တဲ့အခါ သာမန်ဝတ်စုံမဟုတ်ဘဲ သူ့ရဲ့နည်းလမ်းကိုသုံးပြီး မှော်ပစ္စည်းတွေကို သန့်စင်အသုံးပြုထားတာဖြစ်ကြောင်း သတိပြုမိလိုက်သည်။
"ကလေးတွေအဖေ.. ကျွန်တော့်ဝတ်စုံကို ခင်ဗျား လုပ်ထားတာလား"

"အင်း"

"ဒါဆို တစ်ယောက်ယောက်က ကျွန်တော့်ဝတ်စုံအတွက် လာစိန်ခေါ်နိုင်တယ်လို့ရော ထင်လား"

"ထင်တာဘဲ"
ယင်ကျင်းရဲ့လည်း သိပ်မသေချာပေ။
"ဘယ်လိုဘဲဖြစ်ဖြစ် စိုးရိမ်စရာမလိုပါဘူး... အကယ်၍ ရှုံးသွားရင်တောင် ဒါက ဝတ်စုံတစ်ချို့လောက်ဘဲဟာ"

********

Zawgyi


ခန္းမထဲမွာ မင္သခင္ႀကီး ၊ မင္သခင္မႀကီးနဲ႕ က်န္သူေတြ စကားစျမည္ေျပာေနၾက၏။ သူတို႔အကုန္ ၿပဳံး႐ႊင္ေနကာ ရာစုႏွစ္အစည္းအေဝးပြဲႀကီးကို ေမွ်ာ္လင့္ေစာင့္စားေနၾကသည္။

"သခင္ေလး႐ုန္"
ပါဆီရိုက ႐ုန္ယိတို႔ကိုေတြ႕လိုက္တာေၾကာင့္ မတ္တပ္ထရပ္ကာ သူတို႔ဆီေလွ်ာက္သြားလိုက္သည္။

႐ုန္ယိ သူ႕ကိုလွမ္းၾကည့္ကာ ေနာက္ေတာ့ သူ႕ေနာက္မွာပါလာတဲ့ လိုဂတ္စ္ကိုပါ ၾကည့္လိုက္၏။
"ခင္ဗ်ားတို႔လည္း ရာစုႏွစ္အစည္းအေဝးပြဲကို တက္ၾကမွာလား"

"အဲ့တာက အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္ ၾကားလို႔ေလ.. ငါတို႔လည္း လိုက္ၾကည့္ခ်င္လို႔.. ဒီလိုမွမဟုတ္ရင္ ေနာက္ထပ္ အခြင့္အေရးမရနိုင္ေလာက္ေတာ့ဘူး"
လိုဂတ္စ္ကေျပာလာသည္။

ပါဆီရိုက ေမးလာ၏။
"ကြၽန္ေတာ္တို႔ပါအတူလိုက္လို႔ စိတ္မရွိဘူးမလား"

"ေသခ်ာေပါက္မရွိဘူးေပါ့"
႐ုန္ယိ ျပန္ေျဖလိုက္၏။

အဓိကကေတာ့ ဒီရက္ေတြမွာ လိုဂတ္စ္တစ္ေယာက္ အေတာ္ေလး ၿငိမ္ၿငိမ္ဆိမ္ဆိမ္ေနေနခဲ့တာ ေတြ႕ေနရသည္။ အိမ္ေတာ္ထဲမွာသာေနၿပီး အျပင္လည္းထြက္ခဲလွ၏။ အကယ္၍ ထြက္ခဲ့ရင္ေတာင္မွ သူ႕နားမွာ အၿမဲ ပါဆီရို ပါေနေလသည္။

႐ုန္ယိ ပတ္ပတ္လည္ကို လိုက္ၾကည့္လိုက္ေပမဲ့ ယင္က်င္းရဲ႕ကို မေတြ႕ရေပ။
"က်င္းရဲ႕ ဘယ္မွာလဲ"

ယင္သခင္မက သူ႕ကိုေျပာျပလာသည္။
"ေပပနယ္ေျမရဲ႕ ၿမိဳ႕သခင္ေတြအကုန္လုံး ေကြးလင္ၿမိဳ႕မွာဆုံၾကၿပီး နန္ပိုင္နယ္ေျမကိုသြားၾကဖို႔ အခ်ိန္းအခ်က္လုပ္ထားၾကတယ္ေလ.. ရဲ႕အာက အခု ၿမိဳ႕တံခါးမွာ သူတို႔ကို သြားႀကိဳေနတယ္.. ငါတို႔လည္း အခုစထြက္သင့္ၿပီ"

"ေကာင္းၿပီ"

႐ုန္ယိတို႔ေတြ ဓားအသီးသီးနဲ႕ ၿမိဳ႕တံခါးဘက္ ပ်ံသန္းသြားလိုက္ၾကသည္။ ထို႔ေနာက္ ႀကီးမားတဲ့အျဖဴေရာင္ေဒါင္းငွက္ေပၚမွာရပ္ေနတဲ့ ယင္က်င္းရဲ႕ကို ႐ုန္ယိခ်က္ခ်င္းကို လွမ္းျမင္လိုက္သည္။ တစ္ကိုယ္လုံးနက္ေဆြးေနတဲ့ဝတ္စုံနဲ႕ ယင္က်င္းရဲ႕က ျဖဴေဖြးေနတဲ့ေဒါင္းအေပၚရပ္ေနတဲ့ပုံစံက ရင္သပ္ရႈေမာေလာက္စရာေကာင္းလွၿပီး လူအမ်ားအျပားရဲ႕ အၾကည့္ေတြကို ဆြဲေဆာင္ထားနိုင္ေလသည္။

ယင္က်င္းရဲ႕လည္း ႐ုန္ယိကိုေတြ႕သြားၿပီး မ်က္လုံးေတြေတာက္ပသြားကာ ခ်က္ခ်င္း လက္တစ္ဖက္ဆန့္ထုတ္ၿပီး သူ႕ကိုဆြဲေခၚလိုက္သည္။

ေခ်ာေမာေနတဲ့႐ုန္ယိကို ေတြ႕တဲ့အခါ ေဒါင္းျဖဴက ရင္းႏွီးကြၽမ္းဝင္စြာနဲ႕ ႐ုန္ယိ သူ႕ေပၚတက္လို႔ရေအာင္ ကိုယ္ကိုႏွိမ့္ေပးလိုက္သည္။ သူ႕ေက်ာေပၚတက္ဖို႔ ႀကိဳးစားေနတဲ့ ကေလးေလး ေလးေယာက္အတြက္ကေတာ့ အေတာင္ဆန့္ကာ တစ္ခ်က္ခတ္ထုတ္လိုက္တာေၾကာင့္ ကေလးေတြမွာ ရွန္းလြီ့နဲ႕ပုခ်ီတို႔ေပၚ ျပန္ေရာက္သြားၾကေတာ့သည္။

"ယင္က်င္းရဲ႕နဲ႕ ႐ုန္ယိကလြဲၿပီး ဘယ္သူမွငါ့ေပၚ စီးနင္းလို႔မရဘူးကြ ဟမ့္!"
ေဒါင္းျဖဴက သူ႕ရဲ႕ လွပလြန္းတဲ့အျမႇီးႀကီးကို ျဖန့္ထုတ္ကာ တ႐ႊမ္း႐ႊမ္း ခတ္လိုက္သည္။

ယင္သခင္မက တအံ့တၾသ ဆိုလာ၏။
"ေဒါင္းျဖဴက ငါ့ကိုေတာင္ ထိခြင့္ေပးတာမဟုတ္ဘူး.. ဒါေပမဲ့ ေရွာင္ယိကိုေတာ့ စီးခြင့္ေပးတယ္တဲ့လား"

ရွန္းလြီ့က ရယ္ေမာကာ
"သူက ကြၽန္ေတာ္တို႔ဆရာ သန့္စင္ထားတဲ့ မွန္တစ္ခ်ပ္ေၾကာင့္ သူ႕ကိုယ္သူေရာင္းစားလိုက္တာေလ"

ေဒါင္းျဖဴက ဂုဏ္ယူေနတဲ့မ်က္ႏွာထားနဲ႕ ေမာ္ခ်ီေနကာ
"႐ုန္ယိ လုပ္ေပးတဲ့မွန္က ေတာ္ေတာ္ေလးထူးျခားတယ္.. ငါ့အေပါင္းအေဖာ္ေတြဆို ငါ့ကိုအားေတြက်ေနၿပီး သူတို႔အတြက္ပါ ဒီလိုမွန္မ်ိဳးလုပ္ေပးဖို႔ ေတာင္းဆိုေနၾကတာ.. ဒါေပမဲ့ ငါျငင္းလိုက္တယ္ေလ.. ငါ့မွန္က တစ္ခုတည္းရွိတဲ့ရွားပါးပစၥည္း.. ဒါကို ငါက တစ္ျခားသူေတြကိုပါ မွ်ေဝေပးစရာလား"

သူက ႐ုန္ယိနဲ႕ယင္က်င္းရဲ႕တို႔ကို သယ္ေဆာင္ကာ ေလေပၚပ်ံဝဲေန၏။

ယင္က်င္းရဲ႕ အေတာ္ေဝးေဝးကေန လူအုပ္ႀကီးတစ္အုပ္ သူတို႔ဘက္ကို ပ်ံသန္းလာေနတာေတြ႕လိုက္ရတာေၾကာင့္ ေဒါင္းျဖဴကို ေအာက္ျပန္ဆင္းဖို႔ေျပာလိုက္သည္။
"တစ္ျခားၿမိဳ႕သခင္ေတြ ေရာက္လာၾကၿပီ"

ၿမိဳ႕သခင္လန္နဲ႕ ၿမိဳ႕သခင္ယန္တို႔ ယင္က်င္းရဲ႕ကို ေတြ႕လိုက္တဲ့အခါ သူ႕ရဲ႕အရွိန္အဝါက အရင္ထက္ ပိုသန္မာလာတာ ေတြ႕လိုက္ရတာေၾကာင့္ သူတို႔ဘက္က အရင္ အရိုအေသေပးႏႈတ္ဆက္လိုက္ၾကသည္။
"ေကြးလင္ၿမိဳ႕သခင္.. မေတြ႕ရတာေတာင္ၾကာၿပီ"

သူတို႔ တိတဆိတ္နဲ႕ ၿမိဳ႕တံခါးက အေစာင့္ေတြဆီ တစ္ခ်က္လွမ္းၾကည့္လိုက္တဲ့အခါ ထိုသူေတြရဲ႕စြမ္းအားက ပိုလို႔ေတာင္တိုးတက္လာတာေတြ႕လိုက္ရသည္။ ဒီေပပနယ္ေျမႀကီးတစ္ခုလုံး ဒါမွမဟုတ္ ဒီက်င့္ႀကံေရးေလာကတစ္ခုလုံးမွာေတာင္မွ ဒီေလာက္စြမ္းအားႀကီးတဲ့ အဖြဲ႕မ်ိဳး ရွိမွာမဟုတ္တာ သူတို႔ေသခ်ာေပါက္ေျပာရဲသည္။

ယင္က်င္းရဲ႕ရဲ႕က်င့္ႀကံဆင့္က သူတို႔ထက္ျမင့္မားတာေၾကာင့္ မ်က္ႏွာသာေပးတဲ့အေနနဲ႕ ေခါင္းအသာျပန္ၿငိမ့္ျပ႐ုံျဖင့္ လုံေလာက္ေပၿပီ။

သိပ္မၾကာခင္ဘဲ ယိုဖူၿမိဳ႕သခင္ ၊ ယင္းတုၿမိဳ႕သခင္ ၊ ရွဲ႕ယြီ ၊ ေမာ့ကူ ၊ ခ်ာဟိုင္ ၊ ေဖာ့က်န္ ၊ တုံခ်န္း နဲ႕ ရွဲ႕ရွန္းၿမိဳ႕သခင္ေတြေရာက္လာၾကၿပီး အခ်င္းခ်င္းႏႈတ္ဆက္လိုက္ၾကသည္။

ထို႔ေနာက္ ယိုဖု ၊ယင္တု နဲ႕ ေမာ့ကူ ၿမိဳ႕သခင္တို႔က ယင္က်င္းရဲ႕ေရွ႕ဘက္မွာ ထိုင္ေနတဲ့ ႐ုန္ယိကို လွမ္းၾကည့္လိုက္ၾကကာ
"ၿမိဳ႕သခင္ယင္.. က်ဳပ္တို႔ကို ခင္ဗ်ား က်င့္ႀကံေဖာ္နဲ႕ မိတ္ဆက္ေပးဖို႔ အစီအစဥ္မရွိဘူးလား"

ယင္က်င္းရဲ႕ ႏႈတ္ခမ္းေထာင့္ေလး အသာေကြးသြားကာ ေျပာလိုက္၏။
"ဒါက်ဳပ္ရဲ႕ လက္တြဲေဖာ္ ႐ုန္ယိ "

ထို႔ေနာက္ ႐ုန္ယိဆီ အသံပို႔လႊတ္ကာ
"သူတို႔က ယိုဖု ၊ ယင္တု နဲ႕ ေမာ့ကူ ၿမိဳ႕ေတြရဲ႕ ၿမိဳ႕သခင္ေတြ"

"ႏႈတ္ဆက္ပါတယ္"
႐ုန္ယိ သူတို႔ကို ႏႈတ္ဆက္ကာ ေသတၱာအေသးေလးသုံးခု ထုတ္ယူကာ သူတို႔ကို ေျပာလိုက္၏။
"ဒါက လြန္ခဲ့တဲ့သုံးႏွစ္က ျဖစ္ခဲ့တဲ့ကိစၥေတြအတြက္ ေတာင္းပန္လက္ေဆာင္ပါ.. ခင္ဗ်ားတို႔ လက္ခံၿပီး အတိတ္ကကိစၥေတြကို စိတ္ထဲမထားေတာ့ဖို႔ ေမွ်ာ္လင့္ပါတယ္"

အထဲမွာ ဘာပါမွန္း သုံးေယာက္လုံးသိၿပီး မ်က္လုံးေတြအေရာင္ေတာက္သြားၾကသည္။ အမွန္ေတာ့ ႐ုန္ယိက သူတို႔ကို မြမ္းမံျခင္းအင္းကြက္ေတြနဲ႕ အေလ်ာ္ျပန္ေပးလိမ့္မယ္ဆိုတာ သူတို႔ၾကားထားၿပီးသားပင္။ ဒီတိုင္း သူတို႔က ရွဲ႕ယြီၿမိဳ႕သခင္ေလာက္ မ်က္ႏွာအရည္မထူနိုင္ဘဲ ဒီထိလာၿပီး မေတာင္းနိုင္ခဲ့ၾက႐ုံသာ။ ႐ုန္ယိက ရွဲ႕ယြီၿမိဳ႕သခင္ကေနတဆင့္ သူတို႔ေကြးလင္ၿမိဳ႕ကိုလာတာနဲ႕ မြမ္းမံျခင္းအင္းကြက္ေတြ ေပးပါမည္ဟု သတင္းေပးခိုင္းခဲ့ေသာ္ျငား ဒီအတြက္ေၾကာင့္ခ်ည္းသက္သက္လာရန္ အေတာ္ေလးရွက္႐ြံ႕ေနခဲ့ၾကသည္။ ဒါေၾကာင့္ ဒီအခြင့္အေရးကိုသုံးၿပီး ဒီကိုတစ္ခါတည္းလာခဲ့ၾကတာပင္။

သူတို႔ ႐ုန္ယိကို ေက်းဇူးတင္စကားဆိုကာ ေသတၱာကိုယူလိုက္ၾကသည္။ သုံးႏွစ္ေနာက္က်ေနခဲ့ၿပီျဖစ္ေသာ္လည္းဘဲ မြမ္းမံျခင္းအင္းကြက္ေတြ ပိုရလိုက္တာေၾကာင့္ တန္ေပသည္။

က်န္ၿမိဳ႕သခင္ေတြမွာ ႐ုန္ယိ သူတို႔ကိုဘာေပးလိုက္လဲဆိုတာ အေတာ္ေလးသိခ်င္ေနၾက၏။

ၿမိဳ႕သခင္တစ္ေယာက္က ႐ုန္ယိနဲ႕ယင္က်င္းရဲ႕ကို တစ္လွည့္စီၾကည့္လိုက္ၿပီး ႐ုန္ယိက ဒီကိစၥကို ဖုံးကြယ္ထားခ်င္ဟန္မေပၚတာေၾကာင့္ ေျပာျပလိုက္သည္။
"ဒါ ေကြးလင္ၿမိဳ႕သခင္ရဲ႕ က်င့္ႀကံေဖာ္ သန့္စင္ထားတဲ့ မြမ္းမံျခင္းအင္းကြက္ေတြေလ"

လူတိုင္း အံ့အားသင့္သြားၾက၏။
"မြမ္းမံျခင္းအင္းကြက္!.. ခင္ဗ်ားေျပာတာ ေမွာ္လက္နက္ရဲ႕ စြမ္းအားကိုတိုးျမႇင့္ေပးနိုင္တဲ့ မြမ္းမံျခင္းအင္းကြက္လား"

"ဟုတ္တယ္"
ထို႔ေနာက္ ရွဲ႕ယြီၿမိဳ႕သခင္က မြမ္းမံျခင္းအင္းကြက္ကပ္ထားတဲ့ သု႔ရဲ႕ေမွာ္လက္နက္ကိုထုတ္ကာ သူ႕လက္ထဲ လွည့္ကစားျပလိုက္သည္။

လူတိုင္း မနာလိုျဖစ္မိသြားၾကၿပီး ႐ုန္ယိဆီ လွည့္ၾကည့္လိုက္ၾကသည္။ ႏွေျမာစရာကေတာ့ အခုက ႐ုန္ယိကို မြမ္းမံျခင္းအင္းကြက္ေတြ သန့္စင္ေပးဖို႔ ေတာင္းဆိုရန္ အခ်ိန္ေကာင္း မဟုတ္ေသးေပ။ ဒါေၾကာင့္ သူတို႔ရဲ႕စိတ္ထဲက စိတ္လႈပ္ရွားမႈကို ဖိႏွိပ္ကာ အစည္းအေဝးႀကီးၿပီးရန္ ေစာင့္႐ုံသာ တတ္နိုင္ေတာ့သည္။

ၿမိဳ႕သခင္ေတြအကုန္ေရာက္တာနဲ႕ ခ်က္ခ်င္းဘဲ ေ႐ႊ႕ေျပာင္းအစီအရင္ကိုဖြင့္လွစ္ကာ နန္ပိုင္နယ္ေျမက လ်န္ခ်န္းၿမိဳ႕ကို သြားလိုက္ၾကသည္။

လ်န္ခ်န္းၿမိဳ႕လို႔ ေခၚရတဲ့အေၾကာင္းအရင္းက ၿမိဳ႕ႀကီးအနည္းငယ္ကိုခ်ိတ္ဆက္ထားၿပီး နန္ပိုင္နယ္ေျမထဲက အႀကီးဆုံးၿမိဳ႕ႀကီးတစ္ၿမိဳ႕ ျဖစ္ေနတာေၾကာင့္ပင္။

"တစ္ေဆက်င့္ႀကံသူေတြနဲ႕ မိစ္ဆာက်င့္ႀကံသူေတြ ေရာက္လာၾကၿပီ"

ထိုက်င့္ႀကံသူေတြ ေပၚလာတာနဲ႕ အနားဝန္းက်င္က က်င့္ႀကံသူေတြမွာ ကပ္ေဘးကိုေရွာင္ရွားၾကသလိုမ်ိဳး အျမန္ထြက္ေျပး ပုန္းေရွာင္ၾကေတာ့သည္။

ေပပနယ္ေျမရဲ႕ၿမိဳ႕သခင္ေတြက ထိုသူေတြရဲ႕ ေၾကာက္လန့္ေနတဲ့အၾကည့္ေတြကိုျမင္ရတာ ႏွစ္သက္ေပ်ာ္႐ႊင္ေနၾကၿပီး ထို႔အတြက္ သူတို႔ကိုယ္သူတို႔ ဂုဏ္ယူေနၾကေလသည္။

တစ္ခ်ိဳ႕ၿမိဳ႕သခင္ေတြဆို တမင္သက္သက္ သူတို႔ရဲ႕ဝိညာဥ္စြမ္းအားကို ထုတ္လႊတ္ကာ က်င့္ႀကံဆင့္နိမ့္သူေတြကို ဒူးေထာက္က်သည္အထိ ဖိအားေပးၿပီး ထိုသူေတြေပၚက ျဖတ္ကာ ၿမိဳ႕ထဲဝင္ၾက၏။

ထိုက်င့္ႀကံသူေတြမွာ သည္းခံ႐ုံသာရွိသည္။

ထိုျမင္ကြင္းကို ျမင္တဲ့အခါ လိုဂတ္စ္က ပါဆီရိုနားကပ္ကာ အၿပဳံးနဲ႕တိုးတိုးေလးေျပာလာ၏။
"အဲ့ၿမိဳ႕သခင္ေတြလုပ္တဲ့နည္းက လုံးဝကို ငါ့ပုံစံနဲ႕ အကိုက္ပဲ"

ပါဆီရိုက သူ႕ကိုတစ္ခ်က္ၾကည့္ကာ အေဝးကိုျပန္အၾကည့္လႊဲသြားသည္။

သူတို႔ေနာက္မွာေတာ့ ပုခ်ီက ရွန္းလြီ့ကို အသံတိုးတိုးနဲ႕ေမးလိုက္သည္။
"မင္းရဲ႕ဆရာသာ မင္းက တစ္ေဆက်င့္ႀကံသူေတြနဲ႕အတူရွိေနတာ ေတြ႕သြားရင္ေလ..သူ မင္းကို သူ႕တပည့္အျဖစ္ကေန စြန့္လႊတ္လိုက္မယ္လို႔ထင္လား"

ရွန္းလြီ့ "....."

ပုခ်ီ ၿပဳံးလိုက္ကာ
"မင္းရဲ႕ အမူအယာအရ.. ငါတို႔ဆရာရဲ႕ က်င့္ႀကံေဖာ္က တစ္ေဆက်င့္ႀကံသူဆိုတာ မင္းဆရာကို မေျပာရေသးမွန္း ငါသိလိုက္ၿပီ"

ရွန္းလြီ့ "...."

သူ႕မွာ ေနာက္ဆရာတစ္ေယာက္တင္လိုက္ရတဲ့အေၾကာင္းကို ရွင္းျပတဲ့ထဲအရမ္းနစ္ျမဳပ္သြားတာေၾကာင့္ ယင္က်င္းရဲ႕က တစ္ေဆက်င့္ႀကံသူဆိုတာ ေျပာျပဖို႔ ေမ့သြားေလသည္။ အကယ္၍ သူ႕ဆရာသာ ဒါကိုသိသြားခဲ့ရင္ေတာ့ လုံးဝ သူ႕ကိုခြင့္လႊတ္မွာမဟုတ္ေတာ့ေပ။

ပုခ်ီ မ်က္ႏွာဖုံးတစ္ခုထုတ္ကာ သူ႕ကိုေပးလိုက္၏။
"တပ္ထားလိုက္"

ရွန္းလြီ့မွာ တုံ႕ဆိုင္းသြားၿပီးေနာက္ မ်က္ႏွာဖုံးကိုယူကာ ဝတ္ဆင္လိုက္သည္။
"ေက်းဇူးဘဲ"

ကေလးေတြမွာ ၿမိဳ႕ထဲဝင္လိုက္တာနဲ႕ လမ္းေတြေတာက္ေလွ်ာက္ မီးပုံးေတြ မီးအိမ္ေတြနဲ႕အလွဆင္ထားတာကို ေတြ႕လိုက္တာေၾကာင့္ စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လိုက္ၾကၿပီး လူအုပ္ထဲ ေျပးဝင္သြားၾကေတာ့သည္။

အရိပ္ကိုယ္ရံေတာ္ေတြမွာ ခ်က္ခ်င္း သူတို႔ေနာက္လိုက္သြားလိုက္ရ၏။

႐ုန္ယိနဲ႕ယင္က်င္းရဲ႕တို႔ ေဒါင္းျဖဴေပၚကေနဆင္းကာ ပတ္ပတ္လည္ကိုလိုက္ၾကည့္ၾကၿပီး ႐ုန္ယိမွာ မေနနိုင္ဘဲ ေရ႐ြတ္လိုက္မိသည္။
"ဘယ္ေလာက္ေတာင္စည္ကားလိုက္လဲ"

"မင္းတို႔ကမၻာမွာ ဒီလို ရာစုႏွစ္အစည္းအေဝးပြဲမ်ိဳး မရွိဘူးလား"

"ရွိတယ္.. ဒါေပမဲ့ ရာစုႏွစ္အစည္းအေဝးပြဲလို႔မေခၚဘူး.. တစ္ခါက်င္းပတိုင္း နာမည္တစ္မ်ိဳးစီနဲ႕ ၿပီးေတာ့ မ်ားေသာအားျဖင့္ မိသားစုႀကီးေတြက ဦးေဆာင္ၿပီးက်င္းပၾကတာ.. ဒီေတာ့ ဒီေလာက္ႀကီးထိ မစည္ကားဘူး"
ဒီေနရာမွာ သူဝယ္ယူနိုင္တဲ့ ပါဝင္ပစၥည္းေတြ အမ်ားႀကီးရွိေနတယ္ဆိုတာ ေတြးလိုက္မိတာနဲ႕ ႐ုန္ယိမွာ အတိုင္းထက္အလြန္ စိတ္လႈပ္ရွားသြားသည္။
"ဘယ္အခ်ိန္ စမွာလဲ"

"ကိုယ္တို႔ၿမိဳ႕ထဲဝင္တာနဲ႕စၿပီ"
ယင္က်င္းရဲ႕ သူ႕ကို အစည္းအေဝးပြဲရဲ႕စည္းမ်ဥ္းေတြကို ေျပာျပလိုက္သည္။
"အကယ္၍ တစ္ေယာက္ေယာက္က မင္းနဲ႕ယွဥ္ၿပိဳင္ဖို႔ ေတာင္းဆိုလာခဲ့ရင္ မင္းျငင္းပယ္လိုက္လို႔ရတယ္.. ဒါေပမဲ့ တစ္ဖက္လူက ဖိတ္ၾကားလႊာ အသုံးျပဳလာခဲ့ရင္ေတာ့ မင္း ေသခ်ာေပါက္လက္ခံမွရမယ္.. အနိုင္ရတဲ့သူက ရႈံးတဲ့သူကို ကိစၥတစ္ခုလုပ္ခိုင္းလို႔ရတယ္ ဒါမွမဟုတ္ သူတို႔ ယွဥ္ၿပိဳင္ဖို႔ သုံးခဲ့တဲ့ပစၥည္းကို ေတာင္းလို႔ရတယ္"

"ဖိတ္ၾကားလႊာ.. လူေတြက အဲ့တာကို ဘယ္ကေနရၾကလဲ"

"လ်န္ခ်န္းၿမိဳ႕သခင္က ဖိတ္ၾကားလႊာေတြ ႀကိဳတင္ျပဳလုပ္ၿပီး ၿမိဳ႕ထဲက ေနရာတိုင္းမွာ ဝွက္ထားတယ္... ဘယ္သူရွာေတြ႕မလဲဆိုတာေပၚဘဲ မူတည္တယ္"

႐ုန္ယိကေတာ့ ဒါက မမွ်တဟုထင္သည္။
"အကယ္၍ လ်န္ခ်န္းၿမိဳ႕သခင္က သူ႕မိတ္ေဆြေတြ ေဆြမ်ိဳးေတြကို ဖိတ္ၾကားလႊာေတြရဲ႕ေနရာကို ႀကိဳေျပာျပထားခဲ့ရင္ေရာ ဒါဆို မမွ်တေတာ့ဘူးမလား..ဒါမွမဟုတ္ တစ္ေယာက္ေယာက္က သူ႕ရဲ႕စိတ္စြမ္းအားကိုသုံးၿပီး ရွာခဲ့မယ္ဆိုရင္ေရာ"

"ဒီလိုျဖစ္မွာမဟုတ္ဘူး.. ၿမိဳ႕သခင္က အၿမဲတမ္း ဖိတ္ၾကားလႊာေတြျပဳလုပ္ဖို႔ ဝွက္ဖို႔ ကြမ္ယင္ဘုံေက်ာင္းက ဘုန္းေတာ္ႀကီးကိုပင့္ေလ့ရွိတယ္.. မင္းလည္းသိပါတယ္.. ဗုဒၶက်င့္ႀကံသူေတြက လူတိုင္းကို တန္းတူဘဲဆက္ဆံၾကတယ္ဆိုတာ သူေသခ်ာေပါက္ ဘယ္သူ႕ကိုမွေျပာမွာမဟုတ္ဘူး.. ၿပီးေတာ့ ဖိတ္ၾကားလႊာေတြက ဒီအတိုင္း စာ႐ြက္ေလးတစ္႐ြက္လည္းျဖစ္နိုင္သလို သစ္ပင္တစ္ပင္ ဒါမွမဟုတ္ အသက္ရွိေနတဲ့သားရဲတစ္ေကာင္လည္း ျဖစ္ေနနိုင္တယ္.. ဒါေၾကာင့္ ဘယ္ေလာက္ဘဲ က်င့္ႀကံဆင့္ျမင့္ေနပါေစ.. စိတ္စြမ္းအားသုံးၿပီး ရွာလို႔ လုံးဝေတြ႕မွာမဟုတ္ဘူး"

"ဒါဆိုရင္ေတာ့ အေတာ္ေလးမွ်တသားဘဲ.. ဒါေပမဲ့  ဖိတ္ၾကားလႊာက ဘယ္လိုပုံစံမွန္းမွမသိတဲ့ဟာ ဘယ္လိုလုပ္ရွာၾကမလဲ"

"မင္းစိတ္ထဲ ဖိတ္ၾကားလႊာလို႔ထင္တဲ့အရာမွန္သမွ်ကို သိမ္းထားၿပီး ေန႕မြန္းတည့္ခ်ိန္ ၿမိဳ႕သခင္ရဲ႕ ေၾကျငာခ်က္ကိုေစာင့္ရမွာ"

"ဒါဆို ဖိတ္ၾကားလႊာလို႔ထင္လိုက္တာနဲ႕ ေစ်းဆိုင္မွာ ေရာင္းေနတဲ့ ဘယ္ဟာမဆိုလည္း ယူလိုက္လို႔ရတာဘဲလား"

"ပိုက္ဆံေပးနိုင္ရင္ ရတာေပါ့"

"....."
သူ႕ကိုယ္သူ ခပ္တုံးတုံးေမးခြန္းမ်ိဳး ေမးလိုက္မိသည္ဟု ႐ုန္ယိခံစားလိုက္ရသည္။
"ဒါဆို အခု ကြၽန္ေတာ္တို႔ ဘယ္သြားၾကမလဲ"

ယင္က်င္းရဲ႕ ပတ္ဝန္းက်င္ကို တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး
"ဒီနားကလူေတြဆီမွာ မင္းယွဥ္ၿပိဳင္ခ်င္တဲ့ပစၥည္းရွိမလား ၾကည့္ၾကည့္"

သူေျပာတာၾကားမွဘဲ အနားတစ္ဝိုက္က လူေတြအကုန္ ေမွာ္လက္နက္ေတြ ဘာေတြ လက္ထဲ ကိုင္ေဆာင္ထားၾကတာ ႐ုန္ယိ သတိထားမိလိုက္သည္။

"ငါ နင့္ကို စိန္ေခၚတယ္"
႐ုတ္တရက္ အမ်ိဳးသမီးတစ္ေယာက္ေအာ္သံကို ၾကားလိုက္ရ၏။

တစ္ေယာက္ေယာက္က စိန္ေခၚတယ္ဆိုတာၾကားလိုက္တာနဲ႕ လူအုပ္က ခ်က္ခ်င္းစုသြားၾကေတာ့သည္။

႐ုန္ယိမွာ သိခ်င္စိတ္အျပည့္နဲ႕ ယင္က်င္းရဲ႕လက္ကို ဆြဲေခၚကာ လူအုပ္ဆီေလွ်ာက္သြားလိုက္ၿပီး သူ႕ေရွ႕က က်င့္ႀကံသူတစ္ေယာက္ကို ေမးၾကည့္လိုက္၏။
"သူတို႔က ဘာအတြက္ ယွဥ္ၿပိဳင္ေနၾကတာလဲ"

ထိုသူက ျပန္ေျဖလာသည္။
"သူတို႔က အခုထိ ဘာမွမေျပာၾကေသးဘူးဗ်.. က်ဳပ္လည္း မသိေသးဘူး"

႐ုန္ယိ လူအုပ္ၾကားထဲ တြန္းထိုးၿပီးဝင္သြားလိုက္ၿပီးေနာက္ အျပာေရာင္ဝတ္စုံနဲ႕အမ်ိဳးသမီးက ပန္းေရာင္ဝတ္စုံနဲ႕အမ်ိဳးသမီးကို လက္ညွိုးထိုးၿပီး ေျပာေနတာ ေတြ႕လိုက္ရ၏။
"ငါ နင့္ရဲ႕ဝတ္စုံအတြက္ ယွဥ္ၿပိဳင္ခ်င္တယ္"

႐ုန္ယိ "!!!"

တစ္ကယ္ႀကီးလား..

ပန္းေရာင္ဝတ္စုံနဲ႕အမ်ိဳးသမီးက တစ္ဖက္သူကို မ်က္ေမွာက္ၾကဳတ္လ်က္ ျပန္ၾကည့္လိုက္သည္။

အျပာေရာင္ဝတ္စုံနဲ႕အမ်ိဳးသမီးက ဂုဏ္ယူစြာနဲ႕ေခါင္းကို ေမာ္ခ်ီထားကာ
"နင္ ငါနဲ႕ ၿပိဳင္ရဲလား"

ပန္းေရာင္ဝတ္စုံနဲ႕အမ်ိဳးသမီးက လက္မခံခ်င္ပုံရေပမယ့္ သူ႕ေဘးက ေကာင္မေလးက ေျပာလာသည္။
"ဆရာတူအစ္မ.. မေၾကာက္နဲ႕.. သူစိန္ေခၚတာ လက္ခံလိုက္.. အစ္မရဲ႕ ပန္းေရာင္ဝတ္စုံက ေသခ်ာေပါက္ သူ႕ဝတ္စုံထက္မညံ့ဘူး"

႐ုန္ယိ သူ႕ဝတ္စုံသူ ငုံ႕ၾကည့္လိုက္မိကာ ယင္က်င္းရဲ႕ကို အသံပို႔ၿပီး ေမးၾကည့္လိုက္သည္။
"ကြၽန္ေတာ့္ဝတ္စုံက ဘယ္ေလာက္တန္ဖိုးရွိလဲ"

"နတ္ဘုရားအဆင့္ စိတ္ဝိညာဥ္ေက်ာက္တုံး ငါးဆယ္"

"ေသာက္လခြီးတဲ့မွ!!.. ဒါဆို ကြၽန္ေတာ္က နတ္ဘုရားအဆင့္ စိတ္ဝိညာဥ္ေက်ာက္တုံးငါးဆယ္ႀကီးကို ကိုယ္ေပၚတင္ၿပီး ေနရာတကာ ေလွ်ာက္ေျပးေနမိတာေပါ့!"
႐ုန္ယိ သူ႕ဝတ္စုံသူ စစ္ၾကည့္လိုက္တဲ့အခါ သာမန္ဝတ္စုံမဟုတ္ဘဲ သူ႕ရဲ႕နည္းလမ္းကိုသုံးၿပီး ေမွာ္ပစၥည္းေတြကို သန့္စင္အသုံးျပဳထားတာျဖစ္ေၾကာင္း သတိျပဳမိလိုက္သည္။
"ကေလးေတြအေဖ.. ကြၽန္ေတာ့္ဝတ္စုံကို ခင္ဗ်ား လုပ္ထားတာလား"

"အင္း"

"ဒါဆို တစ္ေယာက္ေယာက္က ကြၽန္ေတာ့္ဝတ္စုံအတြက္ လာစိန္ေခၚနိုင္တယ္လို႔ေရာ ထင္လား"

"ထင္တာဘဲ"
ယင္က်င္းရဲ႕လည္း သိပ္မေသခ်ာေပ။
"ဘယ္လိုဘဲျဖစ္ျဖစ္ စိုးရိမ္စရာမလိုပါဘူး... အကယ္၍ ရႈံးသြားရင္ေတာင္ ဒါက ဝတ္စုံတစ္ခ်ိဳ႕ေလာက္ဘဲဟာ"

********
9.12.2023

Comment