*239* မေ့ဖို့ခက်တယ်

'ထုန်မိသားစုခေါင်းဆောင်'က လျန်ချန်းမြို့မြောက်ပိုင်းက တည်းခိုဆောင်တွေဆီရောက်လာကာ အခန်းတစ်ခန်းရဲ့ပြတင်းပေါက်ကို တွန်းဖွင့်ကာခုန်ဝင်သွားလိုက်ပြီး မျက်နှာပေါ်က အရေပြားတစ်လွှာကိုဖယ်ရှားလိုက်တဲ့အခါ တုနှိုင်းမဲ့အောင်လှပလှတဲ့ မျက်နှာတစ်ခု ထွက်ပေါ်လာတော့၏။ ထိုသူကတော့ ချီမိသားစုသခင်ဖြစ်သူ ချီလန်ပင်။

သူထိုင်ချလိုက်ပြီး လက်ဖက်ရည်တစ်ခွက်သောက်ချိန်ခန့် စောင့်ဆိုင်းနေလိုက်ပြီးနောက် နောက်ထပ် အနက်ရောင်ဝတ်စုံနဲ့လူနှစ်ယောက်ပါ ပြတင်းပေါက်ကနေတဆင့် ဝင်ရောက်လာကြပြီး ဝတ်ရုံတွေ မျက်နှာဖုံးတွေ ချွတ်ပစ်လိုက်ကြသည်။

ရုန်ယိ ဒေါသတကြီး ပေါက်ကွဲတော့သည်။
"သေစမ်း!!.. သူ့ကို ထပ်လွတ်သွားပြန်ပြီ!"

ချီလန် ရေနွေးကရားကို အပူပေးအင်းကွက်နဲ့ပူအောင်လုပ်လိုက်ပြီး သူတို့အတွက် နှစ်ခွက်ငှဲ့ပေးလိုက်သည်။
"မင်းတို့ သူတို့ကို တားဖို့မလုပ်ကြဘူးလား"

"လုပ်တယ်.. ဒါပေမဲ့ သူတို့က တည်းခိုဆောင်ရဲ့လျှို့ဝှက်လမ်းကြောင်းကနေ ထွက်ပြေးသွားကြတာ"
ရုန်ယိ ဒေါသထွက်စွာနဲ့ လက်ဖက်ရည်ပူပူကြီးကို တစ်ငုံမော့ချလိုက်တာကြောင့် ချက်ချင်းဘဲ လျှာအပူလောင်သွားတော့သည်။

ယင်ကျင်းရဲ့ သူ့ပါးစပ်ကိုဟကာ အမြန်ကြည့်ပေးလိုက်၏။
"အဆင်ပြေရဲ့လား"

သူတို့နှစ်ယောက်ရဲ့ ဒီလိုတရင်းတနှီးအပြုအမူတွေကိုတွေ့ရတဲ့အခါ ချီလန်မှာ မျက်မှောင်တွေ ကြုတ်သွားတော့သည်။

"အဆင်ပြေတယ် အဆင်ပြေတယ်"
ရုန်ယိ မေးလိုက်သည်။
"အမေ့ကိုရော ဒီအကြောင်း ပြောပြလိုက်ရမလား"

ယင်ကျင်းရဲ့က ပြောလာသည်။
"မနက်ဖြန် မနက်အစောဆိုတာနဲ့ သူအကုန်သိသွားမှာဘဲ"

ချီလန် မေးလိုက်၏။
"ထုန်မိသားစုခေါင်းဆောင်က ယင်ဟော့ယောင်မှန်း မင်းတို့ဘယ်လိုလုပ်သိလဲ"

သူ ရုန်ယိနဲ့ကျန့်ခူးတို့ တိုက်ခိုက်နေတာကို ကြည့်နေတဲ့အချိန် ယင်ကျင်းရဲ့က သူတို့ ယင်ဟော့ယောင်ကိုရှာတွေ့ပြီဆိုတဲ့အကြောင်း အသံပို့လာကာ သူ့ကိုသတ်ဖို့အစီအစဥ်ကိုပါ ပြောပြလာသည်။ နောက်ဆုံး သူ့ကို မှော်လက်နက်အချို့ အရေပြားမျက်နှာဖုံးနဲ့ ရုပ်သွင်ပြောင်းဆေးရည်အနည်းငယ်ပေးလာခဲ့၏။

ထို့နောက် ရုန်ယိနဲ့ယင်ကျင်းရဲ့တို့က လူတွေခေါ်ကာ ယင်ဟော့ယောင်ကို သွားလုပ်ကြံကြသည်။ အကယ်၍ တစ်ယောက်ယောက်က ယင်ဟော့ယောင်ဘက်ကနေ လာကူညီခဲ့ရင် သူကလည်း သူ့လူတွေခေါ်ကာ သွားကူညီပေးရမည်ဖြစ်သည်။ ဒါကြောင့် အနီဝတ်တွေနဲ့လူတွေက သူလွှတ်လိုက်တဲ့သူတွေဖြစ်၏။ အကယ်၍ ယင်ဟော့ယောင် အကယ်ခံသွားခဲ့ရရင် သူက ထုန်မိသားစုခေါင်းဆောင်အယောင်ဆောင်ကာ သူ့မျက်နှာအစစ်ကို ဖော်ထုတ်ပစ်ရပေမည်။ ယင်ဟော့ယောင် ထုန်မိသားစုထဲမှာ ဆက်နေနေပြီး သူ့အင်အားတိုးတက်လာစေမှာမျိုး ဖြစ်ခွင့်ပေးလို့မရပေ။

ရုန်ယိ မေးလိုက်၏။
"ခင်ဗျား ယောင်အာ့အဖေကို မှတ်မိသေးလား"

"မေ့မရလောက်အောင်ထိ စိတ်ထဲစွဲနေတာလေ"
ချီလန် ရုန်ယိကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ဒီအကောင်စုတ်က သူများကလေးသွားခိုးပြီး သူ့ကိုကြားထဲက အချောင်ဒုက္ခရောက်အောင်လုပ်သွားတာ သူရှင်းရှင်းလင်းလင်းကြီးကို မှတ်မိနေသေးသည်။

"သူပြောပြတာ.. သူက သူ့သခင်ကိုရှာဖို့အတွက် ယင်ဟော့ယောင်နောက်ကို လိုက်နေတာ... ရလဒ်ကတော့ ဒီလို လျှို့ဝှက်ချက်ကြီးကို ရှာတွေ့လာတာဘဲ.. ကံမကောင်းချင်တော့.. ထပ်အကယ်ခံလိုက်ရပြန်ပြီ"

ယင်ကျင်းရဲ့ မျက်လုံးတွေမှေးစင်းလိုက်သည်။
"သူ့ကိုကယ်သွားတဲ့သူက စစ်ကျဲ့ဖြစ်လိမ့်မယ်"

ရုန်ယိ အံ့သြသွား၏။
"စစ်ကျဲ့က သူ့ကိုဘာလို့ကူညီရတာလဲ"

"သူတို့အချင်းချင်း အပြန်အလှန်အကျိုးရှိနေလို့ မဟုတ်ရင် ယင်ဟော့ယောင်လက်ထဲ စစ်ကျဲ့ရဲ့ အားနည်းချက်ရှိနေတာဘဲ"

"သူတို့ကို ဘယ်အချိန်ကျမှ နောက်တစ်ခေါက် ထပ်ရှာတွေ့တော့မလဲ မသိဘူး"

ချီလန် ထုန်မိသားစုခေါင်းဆောင်ရဲ့ဓားကို ထုတ်လိုက်ကာ
"မင်းမှာဘာလို့ တစ်ပုံစံတည်းတူတဲ့ ဓားရှိနေရတာလဲ"

ယင်ကျင်းရဲ့ သူ့ကိုရှင်းပြလိုက်သည်။
"အဲ့တာ ငါမနေ့ညကမှ သန့်စင်ထားတဲ့ဟာ.. တစ်ကယ်တော့ မင်းအနီးကပ် သေချာကြည့်ကြည့်ရင် မတူတာတွေ တွေ့လိမ့်မယ်"

ရုန်ယိ ပြောလိုက်သည်။
"ဆရာတူအစ်ကို.. နောက်ကျနေပြီ.. ခင်ဗျား ပြန်ပြီး စောစောသွားအိပ်လိုက်ပါလား.. ဒါ့အပြင် ခင်ဗျား တစ္ဆေကျင့်ကြံသူတွေနဲ့ရှိနေတာ အပြင်လူတွေမြင်သွားရင် ခင်ဗျားအတွက်လည်း မကောင်းဘူးလေ"

ချီလန် နှုတ်ခမ်းစွန်းတစ်ဖက်ပင့်လိုက်ကာ
"မင်း ငါ့ကိုစိတ်ပူနေတာလား"

ရုန်ယိ ဝတ်ကျေတမ်းကျေနဲ့ အင်းဟုသာ ပြန်ဖြေလိုက်၏။

"ကောင်းပြီလေ.. ဒါဆိုလည်း ငါပြန်တော့မယ်"
ချီလန် ပျော်မြူးစွာ ထရပ်လိုက်သည်။

ရုန်ယိ မျက်ခုံးတွေပင့်သွားရသည်။
ဒီတစ်ခေါက်ကျတော့ ဘာလို့ ဒီလောက်တောင် ပြောရဆိုရလွယ်နေရတာလဲ။

ချီလန် ပြတင်းပေါက်ဘက်လျှောက်သွားနေရင်း ရုတ်တရက် ရပ်သွားကာ လိုက်ကာနောက်က ကုတင်ကိုလှမ်းကြည့်လိုက်ပြီး နောက်လှည့်ကာ မေးလိုက်သည်။
"မင်းတို့ တစ်ခန်းတည်းအတူနေကြတာလား"

"ဟုတ်တယ်လေ ပြဿနာရှိလို့လား"
ရုန်ယိက ကွေးလင်မြို့ကိုရောက်တည်းက ယင်ကျင်းရဲ့နဲ့ တစ်ခန်းတည်းအတူနေခဲ့တာပင်။ သူတို့က ကျင့်ကြံဖက်တွေဆိုတာ မသိတဲ့လူမှမရှိတာ ဒီလိုဆိုမှတော့ သူတို့လည်း သေချာပေါက် အတူတူအိပ်ကြတာပေါ့။

ရုတ်တရက် ချီလန်မှာ မျက်နှာမည်းမှောင်သွားကာ ထုန်မိသားစုခေါင်းဆောင်ရဲ့ မှော်လက်နက်ကိုကောက်ယူလိုက်ပြီး ကုတင်ဆီလှမ်းပစ်လိုက်သည်။

ဝုန်းခနဲ အသံနဲ့အတူ ကုတင်က အပိုင်းပိုင်းအစစဖြစ်သွားတော့လေသည်။

ချီလန်က အေးစက်နေတဲ့မျက်နှာထားနဲ့ ​ပြတင်းပေါက်နေခုန်ထွက်သွားတော့သည်။

ရုန်ယိ "..."

ယင်ကျင်းရဲ့ "..."

ရုန်ယိမှာ စိတ်ထဲနော​က်ကျိသွားတော့သည်။
"သူဘာဖြစ်နေပြန်ပြီလဲ...ခုနကလေးတင် ပြုံးရယ်နေပြီး ချက်ချင်းဘဲ ဒေါသချောင်းချောင်းထွက်နေတဲ့ရုပ် ဖြစ်သွားပြန်ရော... ဘာလဲ သူ့ဆရာတူညီကို ကျွန်တော် လုသွားလို့လား.. ဒါကြောင့် ကျွန်တော့်ကိုတွေ့တိုင်း အဲ့မျက်နှာ ဖြစ်ဖြစ်သွားတာလား"

"..."
ယင်ကျင်းရဲ့ကတော့ ထိုသို့မထင်ပေ။

"သခင်.. သခင်လေး.. အဆင်ပြေကြရဲ့လား"
အပြင်ဘက်က ကိုယ်ရံတော်တွေက အသံတွေကြားလိုက်ပြီး ရောက်လာကာ အော်မေးလာကြ၏။

ယင်ကျင်းရဲ့ ပြန်ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး.. ပြန်သွားကြတော့"

ညလေးက ငြိမ်းချမ်းနေခဲ့၏။ နောက်တစ်နေ့မနက်အစောမှာတော့ ကြီးမားတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို ကြားသိလိုက်ရတာကြောင့် လူတိုင်း အံ့အားသင့်သွားကြတော့သည်။ ထုန်မိသားစုခေါင်းဆောင်ဆိုတာ တစ်ကယ်တော့ ယင်မိသားစုခေါင်းဆောင် ယင်ဟော့ယောင်က အယောင်ဆောင်ထားခြင်းဖြစ်ပြီး နှစ်ရာချီနေပြီဖြစ်ကြောင်းနဲ့ တစ်ကယ့် ထုန်မိသားစုခေါင်းဆောင်အစစ်ကတော့ သေဆုံးသွားပြီးသားဖြစ်နေခဲ့လေသည်။

ပထမတော့ ဘယ်သူကမှ မယုံကြည်ခဲ့ကြ.. ဒါပေမယ့် သတင်းက ရွှမ်းယိခန်းမက ထွက်လာခြင်းဖြစ်ကာ သူတို့က ဘယ်သောအခါမှ သတင်းမှားမဖြန့်ခဲ့ဖူးပေ။

ချက်ချင်းဘဲ ကျင့်ကြံရေးလောကကြီးတစ်ခုလုံး ထိတ်လန့်သွားခဲ့ကြရ၏။ ယင်ဟော့ယောင်က နှစ်ရာနဲ့ချီအောင် မိသားစုကြီးနှစ်ခုလုံးကို ထိန်းချုပ်နေခဲ့သည်။ ထိုကိစ္စက တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလွန်းလှ၏။

သတင်းထွက်လာတာနဲ့တစ်ပြိုင်နက် ထုန်မိသားစုကလူတွေမှာ ဒီမှာဆက်နေဖို့ မျက်နှာမရှိကြတော့။ ဒီလိုမိသားစုကြီးဖြစ်နေပြီး သူတို့မိသားစုခေါင်းဆောင်က အယောင်ဆောင်မှန်း ဘယ်သူမှသတိမထားမိခဲ့ကြပေ။ ပြီးတော့ အယောင်ဆောင်တဲ့သူကလည်း သူတို့ကိုနင်းတက်ဖို့လုပ်ခဲ့တဲ့ ယင်မိသားစုခေါင်းဆောင်ဖြစ်နေ၏။ ဒါကြောင့် မနက်အစောပိုင်းမှာတင် သူတို့ထွက်ခွာသွားကြပြီး ကျင့်ကြံရေးလောကကြီးတစ်ခုလုံးကို ယင်ဟော့ယောင်ကို အလိုရှိကြောင်း ကြေငြာလိုက်သည်။ သူ့ခေါင်းနဲ့ဘဲ သူတို့ဒေါသတွေကိုဖြေသိမ့်နိုင်ပေလိမ့်မည်။

သတင်းတွေကြားပြီးတဲ့နောက် ယင်သခင်မမှာ အချိန်အတော်ကြာတဲ့အထိ စိတ်နဲ့လူနဲ့ပြန်မကပ်တော့။

"ရဲ့အာ.. အဲ့တာအမှန်ဘဲလား..မင်းရဲ့... ယင်ဟော့ယောင်က တစ်ကယ်ဘဲ နှစ်ရာနဲ့ချီအောင် ထုန်မိသားစုခေါင်းဆောင်အဖြစ် အယောင်ဆောင်နေခဲ့တာလား"

ယင်ကျင်းရဲ့ ခေါင်းငြိမ့်လိုက်၏။
"ဟုတ်တယ် အမေ... အဲ့တာအမှန်ပါ"

"မထူးဆန်းတော့ဘူး... မထူးဆန်းတော့ပါဘူး..."
ယင်သခင်မမှာ မယုံကြည်နိုင်ဖြစ်နေ၏။
"မထူးဆန်းတော့ဘူး.. သူဘာတွေလုပ်နေလဲဆိုတာ ငါ့ကိုမပြောတော့တာ..  သူ အပြင်ဘက်မှာ နှစ်တွေအများကြီး ကြာနေတိုင်း သူသခင်ရှန်ကျဲ့ကိုသွားရှာတယ်လို့ဘဲ ငါထင်နေခဲ့တာ.. ဒါပေမဲ့ သူက ထုန်မိသားစုခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့တော့ လုံးဝမမျှော်လင့်ထားခဲ့မိဘူး"

ယင်ကျင်းရဲ့ မျက်လုံးတွေအနည်းငယ် မှေးစင်းလိုက်ကာ
"ကျွန်တော့်အထင်တော့ ပထမက သူ့ရည်ရွယ်ချက်က သခင်ရှန်ကျဲ့ကိုရှာဖို့ဘဲ.. နောက်ကျတော့ ကျွန်တော်တို့က ယင်မိသားစုကို ထိန်းချုပ်ဖို့လုပ်နေတာ သူသိသွားပြီး ကျွန်တော်တို့ကိုသတိပေးလိုက်သလို ဖြစ်သွားမှာမျိုးလည်း သူမလုပ်နိုင်ဘူး..  ဒီတော့ ထုန်မိသားစုခေါင်းဆောင်နေရာကို သူမျက်စိကျသွားတာ.. သူသာ ယင်မိသားစုကိုပြန်ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့.. မိသားစုကြီးနှစ်ခုလုံးက သူ့ထိန်းချုပ်မှုအောက်ရောက်သွားမယ်.. အဆိုးဆုံးအခြေအနေဖြစ်သွားရင်တောင် သူ့မှာ ထုန်မိသားစုရှိနေသေးတယ်.. ဘယ်ရလဒ်မဆို သူ့အတွက် လက်ခံနိုင်လောက်တဲ့အတိုင်းအတာအတွင်း ရှိနေဦးမှာဘဲ"

"ယင်ဟော့ယောင်က တွက်ချက်တဲ့နေရာမှာတော့ တစ်ကယ်တော်လွန်းတာဘဲ"
ယင်သခင်မမှာ သူမဘဝတစ်လျှောက် ပြုလုပ်ခဲ့မိတဲ့ အကြီးမားဆုံးအမှားက ယင်ဟော့ယောင်ကို လက်ထပ်မိခဲ့ခြင်းဟု ခံစားလိုက်ရ၏။ ထိုအချိန်က သူမမှာ အရမ်းငယ်ရွယ်လွန်းသေးကာ သူ့ရဲ့ရုပ်ရည်သွင်ပြင်နဲ့လှည့်စားခံခဲ့ရသည်။ ဒါ့အပြင် ယင်ဟော့ယောင်က သူမအပေါ်အရမ်းကောင်းပေးခဲ့တာကြောင့် သိပ်မကြာခင်ဘဲ သူတို့လက်ထပ်လိုက်ကြသည်။ ဒါပေမဲ့ အချိန်တစ်ခုထိအတူဖြတ်သန်းခဲ့ပြီး အချင်းချင်း နားလည်သဘောပေါက်သွားတဲ့အချိန်မှာတော့ ထိုယောက်ျားက တွက်ချက်တဲ့နေရာမှာ အရမ်းတော်လွန်းတာ သူမသိခဲ့ရသည်။ ဘယ်အရာမဆို မပြုလုပ်ခင် အရင်တွက်ချက်လေ့ရှိ၏။ တဖြေးဖြေးနဲ့ သူမမှာ သူမရဲ့ခင်ပွန်းအပေါ် စိတ်ပျက်လာခဲ့ရလေသည်။

အခုပြန်တွေးကြည့်လိုက်တဲ့အခါ ယင်ဟော့ယောင် သူမအပေါ်အရမ်းကောင်းပေးခဲ့တာကလည်း သူမရဲ့ ဆေးလုံးဖော်စပ်တဲ့နေရာမှာ ပါရမီပါလွန်းတာကြောင့်ဘဲ ဖြစ်၏။

မင်သခင်ကြီးမှာတော့ ဒေါသတွေပေါက်ကွဲတော့သည်။
"ဒီတော့ လွန်ခဲ့တဲ့နှစ်တစ်ရာက ငါ့ဆီက ယန်၉မျိုးဝိညာဥ်မွမ်းမံဆေးလုံးကို အနိုင်ယူသွားတဲ့လူက သူပေါ့.. ဒီခွေးမသားကတော့!!.. ငါ့ကို သူ့ယောက္ခမလို့ရော သတ်မှတ်သေးရဲ့လား"

ကံကောင်းထောက်မစွာနဲ့ဘဲ သူ့သမီးက ယင်ဟော့ယောင်ရဲ့ပုံစံအစစ်ကို အစောကြီးကတည်းက မြင်တွေ့သွားခဲ့သည်။ မဟုတ်ရင် ယင်ဟော့ယောင်က သူ့သမီးကိုအသုံးချပြီး ဘာတွေလုပ်မလဲ ဘယ်သူသိပါ့မလဲ။

ယွမ်ယင်းယင်း "..."

မင်လျန်ယင် "..."

ယင်ဟော့ယောင်က တစ်ကယ့်ကို ကြောက်စရာကောင်းလွန်းတဲ့လူပင်။

လွန်ခဲ့တဲ့နှစ်တစ်ရာ.. ယင်သခင်မနဲ့ သူနဲ့ သဘောထားမကွဲလွဲခင်ကတည်းက သူ့ယောက္ခမဖြစ်သူကို ဒီလိုဆက်ဆံနေလေပြီ။ ထိုကိစ္စကြောင့် မင်သခင်ကြီးမှာ နှစ်တစ်ရာလောက် စိတ်ဓာတ်တွေကျကာ ကျင့်ကြံခြင်းဘက်ကို အာရုံမစိုက်နိုင်ခဲ့။ မဟုတ်ရင် သူ့သက်တမ်းနောက်ဆုံးရက်တွေဆီ ဒီလောက်အမြန် ရောက်သွားခဲ့မှာမဟုတ်ပေ။

မင်သခင်မကြီးက သက်ပြင်းချလိုက်ကာ
"သူ့ကို ဖော်ထုတ်နိုင်လိုက်တာ တော်သေးတယ်.. မဟုတ်ရင် သူနောက်ကွယ်ကနေ ဘာတွေထပ်လုပ်မလဲ ဘယ်သူသိပါ့မလဲ"

လေထုအခြေအနေက အနည်းငယ် မှုန်မှိုင်းမှိုင်းဖြစ်နေ၏။

မင်ဖင်းကျယ် ခေါင်းစဥ်ပြောင်းဖို့လုပ်ကာ ရုန်ယိကို သိချင်စိတ်နဲ့ မေးကြည့်လိုက်သည်။
"ဝမ်းကွဲမောင်လေးရှောင်ယိ.. မင်း ဒီကိုရင်လေးကို ဘယ်နေရာကနေ ကောက်ရလာတာလဲ"

ရုန်ယိ ကလေးတွေနဲ့အတူ ဆော့ကစားနေတဲ့ ကိုရင်လေးကိုကြည့်လိုက်ပြီး အံ့သြသွား၏။
"မနေ့က သူ့ဘာသာသူဘဲ ချယ်ရီသီးလေးတို့နဲ့ ပြန်လိုက်လာတာလေ.. ဘာလို့ ဒီကိုရင်လေးကို တစ်ယောက်မှ လာမခေါ်ကြသေးတာလဲမသိဘူး.. မင်းတို့ သူ့ဆရာတူအစ်ကိုတွေကို ရှာမတွေ့ခဲ့ဘူးလား"

မနေ့က အပြင်ထွက်သွားရှာတဲ့ ကိုယ်ရံတော်က ပြန်ဖြေလာသည်။
"ကျွန်တော်တို့ လူလွှတ်ပြီး လိုက်စုံစမ်းပြီးပါပြီ.. ဗုဒ္ဓကျင့်ကြံသူ ဘုန်းကြီးတွေအကုန်ပြောကြတာ ဖောရှင်းလို့ခေါ်တဲ့ကလေး မရှိပါဘူးတဲ့.. ပြီးတော့  သူတို့က ဒီလောက်ငယ်တဲ့ကလေးကို ဘယ်တော့မှ ရာစုနှစ်အစည်းအဝေးပွဲကို ခေါ်လာမှာမဟုတ်ဘူးလို့ပြောပါတယ်"

ရုန်ယိ ထူးဆန်းတယ်လို့ခံစားလိုက်ရသည်။
"ဒါဆို ဘယ်မိသားစုက ကလေးပျောက်သေးလဲဆိုတာရော ရှာကြည့်ခဲ့သေးလား"

"မရှိပါဘူး.. ဘယ်မိသားစုကမှ ကလေးပျောက်သွားတာ မကြားခဲ့ရပါဘူး"

ရုန်ယိ "..."

မင်ဖင်းကျယ် ကိုရင်လေးကို ချီကာ သူ့ရဲ့ပန်းရောင်သမ်းနေတဲ့ မျက်နှာသေးသေးလေးကို နမ်းလိုက်၏။
"ဒီကလေးက တစ်ကယ်ချစ်စရာလေး"

ကိုရင်လေးမှာ ချက်ချင်းဘဲ မျက်နှာတွေရဲသွားကာ လက်အုပ်လေးချီလိုက်ပြီး ရိုးသားစွာပြောလာ၏။
"အော်မီတော်ဖော်... ဒကာမလေး.. ဒီလို ကျင့်ဝတ်နဲ့မညီတာမျိုး မလုပ်ပါနဲ့"

သူ့ရဲ့ ကလေးသံပျော့ပျော့လေးနဲ့ အတည်ပေါက်ပြောနေသံလေး ကြားလိုက်ရတဲ့အခါ လူတိုင်း အတော်လေးရယ်ချင်သွားကြ၏။

"ငါက မင်းကို နမ်းရုံလေးနမ်းချင်တဲ့ဟာ.. ဘာများမှားနေလို့လဲ"
မင်ဖင်းကျယ်က တမင်သက်သက် စနေကာ နှုတ်ခမ်းလေးစူပြီး သူ့ကိုနမ်းဖို့လုပ်လိုက်သည်။ ကိုရင်လေးမှာ သူမလက်ထဲက ရုန်းကန်ကာ ပြေးဆင်းသွားပြီး ကျန်းမုနောက်သွားပုန်းနေတော့သည်။

မင်ဖင်းကျယ် ရယ်လိုက်မိတော့သည်။
"ဒီကိုရင်လေးက တစ်ကယ်ရယ်ရတယ်.. သူစိမ်းယောက်ျားလေးနဲ့ မိန်းကလေး ဒီလိုအပြုအမူတွေ မလုပ်သင့်ဘူးဆိုတာလည်း သိတဲ့အပြင် ငါ့ကိုပါ ဒကာမလေးလို့ ဆက်တိုက်ခေါ်နေတာ"

ရုန်ယိလည်း ရယ်ပြီး ပြောလိုက်သည်။
"သူက ဗုဒ္ဓကျင့်ကြံသူဆိုတာတော့ ကျိန်းသေတယ်.. သူ့နောက်ကြောင်းသေချာစုံစမ်းပြီး ပြန်ပို့ပေးမှရမယ်.. မဟုတ်ရင် သူ့ဆရာတော့ တော်တော်စိုးရိမ်နေတော့မှာ...အာ ဟုတ်သားဘဲ.. မင်းတို့ မြို့သခင်လုဆီ လူလွှတ်ပြီး သူ့ပိုင်နက်ထဲ ကလေးတစ်ယောက်ပျောက်သွားတာရှိမရှိ မေးကြည့်လိုက်"

"ဟုတ်ကဲ့ သခင်လေး"
ကိုယ်ရံတော်က လှည့်ထွက်သွားလိုက်သည်။

ယင်သခင်မက ဆိုလာသည်။
"ယင်ဟော့ယောင်ရဲ့ကိစ္စတွေဖြစ်သွားတော့ ငါလည်း အပြင်မထွက်သင့်တော့ဘူး.. အဲ့တာက အတင်းအဖျင်းတွေဘဲ ပိုထွက်လာစေလိမ့်မယ်...မင်းတို့ဘာသာ အပြင်ထွက်ပြီး သဘောကျတာရှိမရှိ ဝယ်ချင်တာရှိမရှိ သွားကြည့်ကြည့်ကြပေါ့"

မင်သခင်မကြီးကပါ ပြောလာ၏။
"ယင်မိသားစုနဲ့ပတ်သက်မှုအရဆို ငါတို့လည်း အပြင်ထွက်လို့ ဘာမှကောင်းတာမရှိဘူး..ဆွေမျိုးတွေ အသိအကျွမ်းတွေနဲ့တွေ့နေရင် ဟိုဟိုဒီဒီလျှောက်မေးနေကြလိမ့်မယ်.. ဒီတော့ အစည်းအဝေးပွဲမပြီးခင်ထိ ငါတို့တည်းခိုဆောင်မှာဘဲ နေတော့မယ်"

မင်သခင်ကြီးနဲ့ မင်လျန်ယင်တို့ကလည်း သဘောတူစွာ ခေါင်းငြိမ့်လာကြသည်။

"လူငယ်တွေ သူတို့ဘာသာ လျှောက်ကြည့်ကြပါစေ"
ယွမ်ယင်းယင်းကလည်း ထောက်ခံလာသည်။

သူလိုချင်တာမှန်သမျှ ဝယ်ပြီးသားဖြစ်တာကြောင့် အပြင်သွားပြီး စျေးဝယ်ထွက်ဖို့ စိတ်မဝင်စားတော့။ အစည်းအဝေးပွဲကျင်းပစဥ်အတောအတွင်း အကြီးမားဆုံးအကျိုးအမြတ်က ယင်ဟော့ယောင်ကို ဖော်ထုတ်လိုက်နိုင်တာဘဲ ဖြစ်၏။ သူတို့ သူ့ကိုဖမ်းနိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။

ကံဆိုးစွာနဲ့ဘဲ စစ်ကျဲ့က ရှေ့ဖြစ်ဟောဆရာဖြစ်နေပြီး အန္တရာယ်ရှိနိုင်တဲ့နေရာမှန်သမျှ ရှောင်သွားကြပေလိမ့်မည်။

ယင်ကျင်းရဲ့ လွှတ်လိုက်တဲ့လူတွေလည်း ဘာသဲလွန်စမှ မရဘဲ ပြန်လာကြကာ ရွှမ်းယိခန်းမမှာလည်း စစ်ကျဲ့တို့နဲ့ပတ်သက်ပြီး ဘာသတင်းအသစ်မှမရကြ။

"သခင်လေးရုန်"

မနက်ပိုင်းတုန်းက လိုဂတ်စ်နဲ့အပြင်ထွက်သွားတဲ့ ပါဆီရိုက ပြန်ရောက်လာကာ ပျော်လည်းပျော်နေသလို စိတ်ရှုပ်ထွေးနေပုံလည်း ပေါ်နေ၏။

ရုန်ယိ မရေမရာနဲ့ မေးကြည့်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ"

ပါဆီရိုက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး အပြင်ဘက်မှာ ပြောလို့အဆင်မပြေကြောင်း အချက်ပြလာသည်။

ဒါကြောင့် ရုန်ယိနဲ့သူ ဘယ်သူမှရှိမနေတဲ့ နေရာကိုသွားလိုက်ကြ၏။

"ကျွန်တော်တို့ရဲ့ကမ္ဘာကလူတွေနဲ့ တွေ့ခဲ့တယ်"
သူ အသံတိုးတိိုးနဲ့ ပြောလာသည်။

ရုန်ယိ အနည်းငယ်တောင့်တင်းသွားရသည်။
"ခင်ဗျားက သူတို့မှန်း ဘယ်လိုလုပ်သိလဲ"

"သူတို့မှာ ကျွန်တော်တို့နဲ့တူတဲ့ ဆံပင်အရောင် မျက်လုံးအရောင် ရှိပြီး မျက်နှာသွင်ပြင်အချိုးအစားတွေကလည်း ကျွန်တော်တို့နဲ့ဆင်တယ်.. ပြီးတော့လည်း ကျွန်တော်တို့ကမ္ဘာက မှော်ဆရာမတွေ စုန်းတွေ ဝတ်သလိုမျိုး ဝတ်ထားကြသေးတယ်.. သူက ကျွန်တော်တို့နဲ့ အချိန်တစ်ခုတည်းကလာတာ ကျိန်းသေတယ်.. အခု လိုဂတ်စ်က သူတို့နောက်ကို ခြေရာခံပြီးလိုက်သွားတယ်"

ရုန်ယိ "..."


*******


Zawgyi


'ထုန္မိသားစုေခါင္းေဆာင္'က လ်န္ခ်န္းၿမိဳ႕ေျမာက္ပိုင္းက တည္းခိုေဆာင္ေတြဆီေရာက္လာကာ အခန္းတစ္ခန္းရဲ႕ျပတင္းေပါက္ကို တြန္းဖြင့္ကာခုန္ဝင္သြားလိုက္ၿပီး မ်က္ႏွာေပၚက အေရျပားတစ္လႊာကိုဖယ္ရွားလိုက္တဲ့အခါ တုႏွိုင္းမဲ့ေအာင္လွပလွတဲ့ မ်က္ႏွာတစ္ခု ထြက္ေပၚလာေတာ့၏။ ထိုသူကေတာ့ ခ်ီမိသားစုသခင္ျဖစ္သူ ခ်ီလန္ပင္။

သူထိုင္ခ်လိဳက္ၿပီး လက္ဖက္ရည္တစ္ခြက္ေသာက္ခ်ိန္ခန့္ ေစာင့္ဆိုင္းေနလိုက္ၿပီးေနာက္ ေနာက္ထပ္ အနက္ေရာင္ဝတ္စုံနဲ႕လူႏွစ္ေယာက္ပါ ျပတင္းေပါက္ကေနတဆင့္ ဝင္ေရာက္လာၾကၿပီး ဝတ္႐ုံေတြ မ်က္ႏွာဖုံးေတြ ခြၽတ္ပစ္လိုက္ၾကသည္။

႐ုန္ယိ ေဒါသတႀကီး ေပါက္ကြဲေတာ့သည္။
"ေသစမ္း!!.. သူ႕ကို ထပ္လြတ္သြားျပန္ၿပီ!"

ခ်ီလန္ ေရႏြေးကရားကို အပူေပးအင္းကြက္နဲ႕ပူေအာင္လုပ္လိုက္ၿပီး သူတို႔အတြက္ ႏွစ္ခြက္ငွဲ႕ေပးလိုက္သည္။
"မင္းတို႔ သူတို႔ကို တားဖို႔မလုပ္ၾကဘူးလား"

"လုပ္တယ္.. ဒါေပမဲ့ သူတို႔က တည္းခိုေဆာင္ရဲ႕လွ်ို႔ဝွက္လမ္းေၾကာင္းကေန ထြက္ေျပးသြားၾကတာ"
႐ုန္ယိ ေဒါသထြက္စြာနဲ႕ လက္ဖက္ရည္ပူပူႀကီးကို တစ္ငုံေမာ့ခ်လိဳက္တာေၾကာင့္ ခ်က္ခ်င္းဘဲ လွ်ာအပူေလာင္သြားေတာ့သည္။

ယင္က်င္းရဲ႕ သူ႕ပါးစပ္ကိုဟကာ အျမန္ၾကည့္ေပးလိုက္၏။
"အဆင္ေျပရဲ႕လား"

သူတို႔ႏွစ္ေယာက္ရဲ႕ ဒီလိုတရင္းတႏွီးအျပဳအမူေတြကိုေတြ႕ရတဲ့အခါ ခ်ီလန္မွာ မ်က္ေမွာင္ေတြ ၾကဳတ္သြားေတာ့သည္။

"အဆင္ေျပတယ္ အဆင္ေျပတယ္"
႐ုန္ယိ ေမးလိုက္သည္။
"အေမ့ကိုေရာ ဒီအေၾကာင္း ေျပာျပလိုက္ရမလား"

ယင္က်င္းရဲ႕က ေျပာလာသည္။
"မနက္ျဖန္ မနက္အေစာဆိုတာနဲ႕ သူအကုန္သိသြားမွာဘဲ"

ခ်ီလန္ ေမးလိုက္၏။
"ထုန္မိသားစုေခါင္းေဆာင္က ယင္ေဟာ့ေယာင္မွန္း မင္းတို႔ဘယ္လိုလုပ္သိလဲ"

သူ ႐ုန္ယိနဲ႕က်န့္ခူးတို႔ တိုက္ခိုက္ေနတာကို ၾကည့္ေနတဲ့အခ်ိန္ ယင္က်င္းရဲ႕က သူတို႔ ယင္ေဟာ့ေယာင္ကိုရွာေတြ႕ၿပီဆိုတဲ့အေၾကာင္း အသံပို႔လာကာ သူ႕ကိုသတ္ဖို႔အစီအစဥ္ကိုပါ ေျပာျပလာသည္။ ေနာက္ဆုံး သူ႕ကို ေမွာ္လက္နက္အခ်ိဳ႕ အေရျပားမ်က္ႏွာဖုံးနဲ႕ ႐ုပ္သြင္ေျပာင္းေဆးရည္အနည္းငယ္ေပးလာခဲ့၏။

ထို႔ေနာက္ ႐ုန္ယိနဲ႕ယင္က်င္းရဲ႕တို႔က လူေတြေခၚကာ ယင္ေဟာ့ေယာင္ကို သြားလုပ္ႀကံၾကသည္။ အကယ္၍ တစ္ေယာက္ေယာက္က ယင္ေဟာ့ေယာင္ဘက္ကေန လာကူညီခဲ့ရင္ သူကလည္း သူ႕လူေတြေခၚကာ သြားကူညီေပးရမည္ျဖစ္သည္။ ဒါေၾကာင့္ အနီဝတ္ေတြနဲ႕လူေတြက သူလႊတ္လိုက္တဲ့သူေတြျဖစ္၏။ အကယ္၍ ယင္ေဟာ့ေယာင္ အကယ္ခံသြားခဲ့ရရင္ သူက ထုန္မိသားစုေခါင္းေဆာင္အေယာင္ေဆာင္ကာ သူ႕မ်က္ႏွာအစစ္ကို ေဖာ္ထုတ္ပစ္ရေပမည္။ ယင္ေဟာ့ေယာင္ ထုန္မိသားစုထဲမွာ ဆက္ေနေနၿပီး သူ႕အင္အားတိုးတက္လာေစမွာမ်ိဳး ျဖစ္ခြင့္ေပးလို႔မရေပ။

႐ုန္ယိ ေမးလိုက္၏။
"ခင္ဗ်ား ေယာင္အာ့အေဖကို မွတ္မိေသးလား"

"ေမ့မရေလာက္ေအာင္ထိ စိတ္ထဲစြဲေနတာေလ"
ခ်ီလန္ ႐ုန္ယိကို တစ္ခ်က္စိုက္ၾကည့္လိုက္သည္။ ဒီအေကာင္စုတ္က သူမ်ားကေလးသြားခိုးၿပီး သူ႕ကိုၾကားထဲက အေခ်ာင္ဒုကၡေရာက္ေအာင္လုပ္သြားတာ သူရွင္းရွင္းလင္းလင္းႀကီးကို မွတ္မိေနေသးသည္။

"သူေျပာျပတာ.. သူက သူ႕သခင္ကိုရွာဖို႔အတြက္ ယင္ေဟာ့ေယာင္ေနာက္ကို လိုက္ေနတာ... ရလဒ္ကေတာ့ ဒီလို လွ်ို႔ဝွက္ခ်က္ႀကီးကို ရွာေတြ႕လာတာဘဲ.. ကံမေကာင္းခ်င္ေတာ့.. ထပ္အကယ္ခံလိုက္ရျပန္ၿပီ"

ယင္က်င္းရဲ႕ မ်က္လုံးေတြေမွးစင္းလိုက္သည္။
"သူ႕ကိုကယ္သြားတဲ့သူက စစ္က်ဲ့ျဖစ္လိမ့္မယ္"

႐ုန္ယိ အံ့ၾသသြား၏။
"စစ္က်ဲ့က သူ႕ကိုဘာလို႔ကူညီရတာလဲ"

"သူတို႔အခ်င္းခ်င္း အျပန္အလွန္အက်ိဳးရွိေနလို႔ မဟုတ္ရင္ ယင္ေဟာ့ေယာင္လက္ထဲ စစ္က်ဲ့ရဲ႕ အားနည္းခ်က္ရွိေနတာဘဲ"

"သူတို႔ကို ဘယ္အခ်ိန္က်မွ ေနာက္တစ္ေခါက္ ထပ္ရွာေတြ႕ေတာ့မလဲ မသိဘူး"

ခ်ီလန္ ထုန္မိသားစုေခါင္းေဆာင္ရဲ႕ဓားကို ထုတ္လိုက္ကာ
"မင္းမွာဘာလို႔ တစ္ပုံစံတည္းတူတဲ့ ဓားရွိေနရတာလဲ"

ယင္က်င္းရဲ႕ သူ႕ကိုရွင္းျပလိုက္သည္။
"အဲ့တာ ငါမေန႕ညကမွ သန့္စင္ထားတဲ့ဟာ.. တစ္ကယ္ေတာ့ မင္းအနီးကပ္ ေသခ်ာၾကည့္ၾကည့္ရင္ မတူတာေတြ ေတြ႕လိမ့္မယ္"

႐ုန္ယိ ေျပာလိုက္သည္။
"ဆရာတူအစ္ကို.. ေနာက္က်ေနၿပီ.. ခင္ဗ်ား ျပန္ၿပီး ေစာေစာသြားအိပ္လိုက္ပါလား.. ဒါ့အျပင္ ခင္ဗ်ား တစ္ေဆက်င့္ႀကံသူေတြနဲ႕ရွိေနတာ အျပင္လူေတြျမင္သြားရင္ ခင္ဗ်ားအတြက္လည္း မေကာင္းဘူးေလ"

ခ်ီလန္ ႏႈတ္ခမ္းစြန္းတစ္ဖက္ပင့္လိုက္ကာ
"မင္း ငါ့ကိုစိတ္ပူေနတာလား"

႐ုန္ယိ ဝတ္ေက်တမ္းေက်နဲ႕ အင္းဟုသာ ျပန္ေျဖလိုက္၏။

"ေကာင္းၿပီေလ.. ဒါဆိုလည္း ငါျပန္ေတာ့မယ္"
ခ်ီလန္ ေပ်ာ္ျမဴးစြာ ထရပ္လိုက္သည္။

႐ုန္ယိ မ်က္ခုံးေတြပင့္သြားရသည္။
ဒီတစ္ေခါက္က်ေတာ့ ဘာလို႔ ဒီေလာက္ေတာင္ ေျပာရဆိုရလြယ္ေနရတာလဲ။

ခ်ီလန္ ျပတင္းေပါက္ဘက္ေလွ်ာက္သြားေနရင္း ႐ုတ္တရက္ ရပ္သြားကာ လိုက္ကာေနာက္က ကုတင္ကိုလွမ္းၾကည့္လိုက္ၿပီး ေနာက္လွည့္ကာ ေမးလိုက္သည္။
"မင္းတို႔ တစ္ခန္းတည္းအတူေနၾကတာလား"

"ဟုတ္တယ္ေလ ျပႆနာရွိလို႔လား"
႐ုန္ယိက ေကြးလင္ၿမိဳ႕ကိုေရာက္တည္းက ယင္က်င္းရဲ႕နဲ႕ တစ္ခန္းတည္းအတူေနခဲ့တာပင္။ သူတို႔က က်င့္ႀကံဖက္ေတြဆိုတာ မသိတဲ့လူမွမရွိတာ ဒီလိုဆိုမွေတာ့ သူတို႔လည္း ေသခ်ာေပါက္ အတူတူအိပ္ၾကတာေပါ့။

႐ုတ္တရက္ ခ်ီလန္မွာ မ်က္ႏွာမည္းေမွာင္သြားကာ ထုန္မိသားစုေခါင္းေဆာင္ရဲ႕ ေမွာ္လက္နက္ကိုေကာက္ယူလိုက္ၿပီး ကုတင္ဆီလွမ္းပစ္လိုက္သည္။

ဝုန္းခနဲ အသံနဲ႕အတူ ကုတင္က အပိုင္းပိုင္းအစစျဖစ္သြားေတာ့ေလသည္။

ခ်ီလန္က ေအးစက္ေနတဲ့မ်က္ႏွာထားနဲ႕ ျပတင္းေပါက္ေနခုန္ထြက္သြားေတာ့သည္။

႐ုန္ယိ "..."

ယင္က်င္းရဲ႕ "..."

႐ုန္ယိမွာ စိတ္ထဲေနာက္က်ိသြားေတာ့သည္။
"သူဘာျဖစ္ေနျပန္ၿပီလဲ...ခုနကေလးတင္ ၿပဳံးရယ္ေနၿပီး ခ်က္ခ်င္းဘဲ ေဒါသေခ်ာင္းေခ်ာင္းထြက္ေနတဲ့႐ုပ္ ျဖစ္သြားျပန္ေရာ... ဘာလဲ သူ႕ဆရာတူညီကို ကြၽန္ေတာ္ လုသြားလို႔လား.. ဒါေၾကာင့္ ကြၽန္ေတာ့္ကိုေတြ႕တိုင္း အဲ့မ်က္ႏွာ ျဖစ္ျဖစ္သြားတာလား"

"..."
ယင္က်င္းရဲ႕ကေတာ့ ထိုသို႔မထင္ေပ။

"သခင္.. သခင္ေလး.. အဆင္ေျပၾကရဲ႕လား"
အျပင္ဘက္က ကိုယ္ရံေတာ္ေတြက အသံေတြၾကားလိုက္ၿပီး ေရာက္လာကာ ေအာ္ေမးလာၾက၏။

ယင္က်င္းရဲ႕ ျပန္ေျပာလိုက္သည္။
"ဘာမွမျဖစ္ဘူး.. ျပန္သြားၾကေတာ့"

ညေလးက ၿငိမ္းခ်မ္းေနခဲ့၏။ ေနာက္တစ္ေန႕မနက္အေစာမွာေတာ့ ႀကီးမားတဲ့လွ်ို႔ဝွက္ခ်က္ႀကီးတစ္ခုကို ၾကားသိလိုက္ရတာေၾကာင့္ လူတိုင္း အံ့အားသင့္သြားၾကေတာ့သည္။ ထုန္မိသားစုေခါင္းေဆာင္ဆိုတာ တစ္ကယ္ေတာ့ ယင္မိသားစုေခါင္းေဆာင္ ယင္ေဟာ့ေယာင္က အေယာင္ေဆာင္ထားျခင္းျဖစ္ၿပီး ႏွစ္ရာခ်ီေနၿပီျဖစ္ေၾကာင္းနဲ႕ တစ္ကယ့္ ထုန္မိသားစုေခါင္းေဆာင္အစစ္ကေတာ့ ေသဆုံးသြားၿပီးသားျဖစ္ေနခဲ့ေလသည္။

ပထမေတာ့ ဘယ္သူကမွ မယုံၾကည္ခဲ့ၾက.. ဒါေပမယ့္ သတင္းက ႐ႊမ္းယိခန္းမက ထြက္လာျခင္းျဖစ္ကာ သူတို႔က ဘယ္ေသာအခါမွ သတင္းမွားမျဖန့္ခဲ့ဖူးေပ။

ခ်က္ခ်င္းဘဲ က်င့္ႀကံေရးေလာကႀကီးတစ္ခုလုံး ထိတ္လန့္သြားခဲ့ၾကရ၏။ ယင္ေဟာ့ေယာင္က ႏွစ္ရာနဲ႕ခ်ီေအာင္ မိသားစုႀကီးႏွစ္ခုလုံးကို ထိန္းခ်ဳပ္ေနခဲ့သည္။ ထိုကိစၥက ေတြးၾကည့္႐ုံနဲ႕တင္ ေၾကာက္စရာေကာင္းလြန္းလွ၏။

သတင္းထြက္လာတာနဲ႕တစ္ၿပိဳင္နက္ ထုန္မိသားစုကလူေတြမွာ ဒီမွာဆက္ေနဖို႔ မ်က္ႏွာမရွိၾကေတာ့။ ဒီလိုမိသားစုႀကီးျဖစ္ေနၿပီး သူတို႔မိသားစုေခါင္းေဆာင္က အေယာင္ေဆာင္မွန္း ဘယ္သူမွသတိမထားမိခဲ့ၾကေပ။ ၿပီးေတာ့ အေယာင္ေဆာင္တဲ့သူကလည္း သူတို႔ကိုနင္းတက္ဖို႔လုပ္ခဲ့တဲ့ ယင္မိသားစုေခါင္းေဆာင္ျဖစ္ေန၏။ ဒါေၾကာင့္ မနက္အေစာပိုင္းမွာတင္ သူတို႔ထြက္ခြာသြားၾကၿပီး က်င့္ႀကံေရးေလာကႀကီးတစ္ခုလုံးကို ယင္ေဟာ့ေယာင္ကို အလိုရွိေၾကာင္း ေၾကျငာလိုက္သည္။ သူ႕ေခါင္းနဲ႕ဘဲ သူတို႔ေဒါသေတြကိုေျဖသိမ့္နိုင္ေပလိမ့္မည္။

သတင္းေတြၾကားၿပီးတဲ့ေနာက္ ယင္သခင္မမွာ အခ်ိန္အေတာ္ၾကာတဲ့အထိ စိတ္နဲ႕လူနဲ႕ျပန္မကပ္ေတာ့။

"ရဲ႕အာ.. အဲ့တာအမွန္ဘဲလား..မင္းရဲ႕... ယင္ေဟာ့ေယာင္က တစ္ကယ္ဘဲ ႏွစ္ရာနဲ႕ခ်ီေအာင္ ထုန္မိသားစုေခါင္းေဆာင္အျဖစ္ အေယာင္ေဆာင္ေနခဲ့တာလား"

ယင္က်င္းရဲ႕ ေခါင္းၿငိမ့္လိုက္၏။
"ဟုတ္တယ္ အေမ... အဲ့တာအမွန္ပါ"

"မထူးဆန္းေတာ့ဘူး... မထူးဆန္းေတာ့ပါဘူး..."
ယင္သခင္မမွာ မယုံၾကည္နိုင္ျဖစ္ေန၏။
"မထူးဆန္းေတာ့ဘူး.. သူဘာေတြလုပ္ေနလဲဆိုတာ ငါ့ကိုမေျပာေတာ့တာ..  သူ အျပင္ဘက္မွာ ႏွစ္ေတြအမ်ားႀကီး ၾကာေနတိုင္း သူသခင္ရွန္က်ဲ့ကိုသြားရွာတယ္လို႔ဘဲ ငါထင္ေနခဲ့တာ.. ဒါေပမဲ့ သူက ထုန္မိသားစုေခါင္းေဆာင္ ျဖစ္လာလိမ့္မယ္လို႔ေတာ့ လုံးဝမေမွ်ာ္လင့္ထားခဲ့မိဘူး"

ယင္က်င္းရဲ႕ မ်က္လုံးေတြအနည္းငယ္ ေမွးစင္းလိုက္ကာ
"ကြၽန္ေတာ့္အထင္ေတာ့ ပထမက သူ႕ရည္႐ြယ္ခ်က္က သခင္ရွန္က်ဲ့ကိုရွာဖို႔ဘဲ.. ေနာက္က်ေတာ့ ကြၽန္ေတာ္တို႔က ယင္မိသားစုကို ထိန္းခ်ဳပ္ဖို႔လုပ္ေနတာ သူသိသြားၿပီး ကြၽန္ေတာ္တို႔ကိုသတိေပးလိုက္သလို ျဖစ္သြားမွာမ်ိဳးလည္း သူမလုပ္နိုင္ဘူး..  ဒီေတာ့ ထုန္မိသားစုေခါင္းေဆာင္ေနရာကို သူမ်က္စိက်သြားတာ.. သူသာ ယင္မိသားစုကိုျပန္ထိန္းခ်ဳပ္နိုင္မယ္ဆိုရင္ေတာ့ အေကာင္းဆုံးေပါ့.. မိသားစုႀကီးႏွစ္ခုလုံးက သူ႕ထိန္းခ်ဳပ္မႈေအာက္ေရာက္သြားမယ္.. အဆိုးဆုံးအေျခအေနျဖစ္သြားရင္ေတာင္ သူ႕မွာ ထုန္မိသားစုရွိေနေသးတယ္.. ဘယ္ရလဒ္မဆို သူ႕အတြက္ လက္ခံနိုင္ေလာက္တဲ့အတိုင္းအတာအတြင္း ရွိေနဦးမွာဘဲ"

"ယင္ေဟာ့ေယာင္က တြက္ခ်က္တဲ့ေနရာမွာေတာ့ တစ္ကယ္ေတာ္လြန္းတာဘဲ"
ယင္သခင္မမွာ သူမဘဝတစ္ေလွ်ာက္ ျပဳလုပ္ခဲ့မိတဲ့ အႀကီးမားဆုံးအမွားက ယင္ေဟာ့ေယာင္ကို လက္ထပ္မိခဲ့ျခင္းဟု ခံစားလိုက္ရ၏။ ထိုအခ်ိန္က သူမမွာ အရမ္းငယ္႐ြယ္လြန္းေသးကာ သူ႕ရဲ႕႐ုပ္ရည္သြင္ျပင္နဲ႕လွည့္စားခံခဲ့ရသည္။ ဒါ့အျပင္ ယင္ေဟာ့ေယာင္က သူမအေပၚအရမ္းေကာင္းေပးခဲ့တာေၾကာင့္ သိပ္မၾကာခင္ဘဲ သူတို႔လက္ထပ္လိုက္ၾကသည္။ ဒါေပမဲ့ အခ်ိန္တစ္ခုထိအတူျဖတ္သန္းခဲ့ၿပီး အခ်င္းခ်င္း နားလည္သေဘာေပါက္သြားတဲ့အခ်ိန္မွာေတာ့ ထိုေယာက္်ားက တြက္ခ်က္တဲ့ေနရာမွာ အရမ္းေတာ္လြန္းတာ သူမသိခဲ့ရသည္။ ဘယ္အရာမဆို မျပဳလုပ္ခင္ အရင္တြက္ခ်က္ေလ့ရွိ၏။ တေျဖးေျဖးနဲ႕ သူမမွာ သူမရဲ႕ခင္ပြန္းအေပၚ စိတ္ပ်က္လာခဲ့ရေလသည္။

အခုျပန္ေတြးၾကည့္လိုက္တဲ့အခါ ယင္ေဟာ့ေယာင္ သူမအေပၚအရမ္းေကာင္းေပးခဲ့တာကလည္း သူမရဲ႕ ေဆးလုံးေဖာ္စပ္တဲ့ေနရာမွာ ပါရမီပါလြန္းတာေၾကာင့္ဘဲ ျဖစ္၏။

မင္သခင္ႀကီးမွာေတာ့ ေဒါသေတြေပါက္ကြဲေတာ့သည္။
"ဒီေတာ့ လြန္ခဲ့တဲ့ႏွစ္တစ္ရာက ငါ့ဆီက ယန္၉မ်ိဳးဝိညာဥ္မြမ္းမံေဆးလုံးကို အနိုင္ယူသြားတဲ့လူက သူေပါ့.. ဒီေခြးမသားကေတာ့!!.. ငါ့ကို သူ႕ေယာကၡမလို႔ေရာ သတ္မွတ္ေသးရဲ႕လား"

ကံေကာင္းေထာက္မစြာနဲ႕ဘဲ သူ႕သမီးက ယင္ေဟာ့ေယာင္ရဲ႕ပုံစံအစစ္ကို အေစာႀကီးကတည္းက ျမင္ေတြ႕သြားခဲ့သည္။ မဟုတ္ရင္ ယင္ေဟာ့ေယာင္က သူ႕သမီးကိုအသုံးခ်ၿပီး ဘာေတြလုပ္မလဲ ဘယ္သူသိပါ့မလဲ။

ယြမ္ယင္းယင္း "..."

မင္လ်န္ယင္ "..."

ယင္ေဟာ့ေယာင္က တစ္ကယ့္ကို ေၾကာက္စရာေကာင္းလြန္းတဲ့လူပင္။

လြန္ခဲ့တဲ့ႏွစ္တစ္ရာ.. ယင္သခင္မနဲ႕ သူနဲ႕ သေဘာထားမကြဲလြဲခင္ကတည္းက သူ႕ေယာကၡမျဖစ္သူကို ဒီလိုဆက္ဆံေနေလၿပီ။ ထိုကိစၥေၾကာင့္ မင္သခင္ႀကီးမွာ ႏွစ္တစ္ရာေလာက္ စိတ္ဓာတ္ေတြက်ကာ က်င့္ႀကံျခင္းဘက္ကို အာ႐ုံမစိုက္နိုင္ခဲ့။ မဟုတ္ရင္ သူ႕သက္တမ္းေနာက္ဆုံးရက္ေတြဆီ ဒီေလာက္အျမန္ ေရာက္သြားခဲ့မွာမဟုတ္ေပ။

မင္သခင္မႀကီးက သက္ျပင္းခ်လိဳက္ကာ
"သူ႕ကို ေဖာ္ထုတ္နိုင္လိုက္တာ ေတာ္ေသးတယ္.. မဟုတ္ရင္ သူေနာက္ကြယ္ကေန ဘာေတြထပ္လုပ္မလဲ ဘယ္သူသိပါ့မလဲ"

ေလထုအေျခအေနက အနည္းငယ္ မႈန္မွိုင္းမွိုင္းျဖစ္ေန၏။

မင္ဖင္းက်ယ္ ေခါင္းစဥ္ေျပာင္းဖို႔လုပ္ကာ ႐ုန္ယိကို သိခ်င္စိတ္နဲ႕ ေမးၾကည့္လိုက္သည္။
"ဝမ္းကြဲေမာင္ေလးေရွာင္ယိ.. မင္း ဒီကိုရင္ေလးကို ဘယ္ေနရာကေန ေကာက္ရလာတာလဲ"

႐ုန္ယိ ကေလးေတြနဲ႕အတူ ေဆာ့ကစားေနတဲ့ ကိုရင္ေလးကိုၾကည့္လိုက္ၿပီး အံ့ၾသသြား၏။
"မေန႕က သူ႕ဘာသာသူဘဲ ခ်ယ္ရီသီးေလးတို႔နဲ႕ ျပန္လိုက္လာတာေလ.. ဘာလို႔ ဒီကိုရင္ေလးကို တစ္ေယာက္မွ လာမေခၚၾကေသးတာလဲမသိဘူး.. မင္းတို႔ သူ႕ဆရာတူအစ္ကိုေတြကို ရွာမေတြ႕ခဲ့ဘူးလား"

မေန႕က အျပင္ထြက္သြားရွာတဲ့ ကိုယ္ရံေတာ္က ျပန္ေျဖလာသည္။
"ကြၽန္ေတာ္တို႔ လူလႊတ္ၿပီး လိုက္စုံစမ္းၿပီးပါၿပီ.. ဗုဒၶက်င့္ႀကံသူ ဘုန္းႀကီးေတြအကုန္ေျပာၾကတာ ေဖာရွင္းလို႔ေခၚတဲ့ကေလး မရွိပါဘူးတဲ့.. ၿပီးေတာ့  သူတို႔က ဒီေလာက္ငယ္တဲ့ကေလးကို ဘယ္ေတာ့မွ ရာစုႏွစ္အစည္းအေဝးပြဲကို ေခၚလာမွာမဟုတ္ဘူးလို႔ေျပာပါတယ္"

႐ုန္ယိ ထူးဆန္းတယ္လို႔ခံစားလိုက္ရသည္။
"ဒါဆို ဘယ္မိသားစုက ကေလးေပ်ာက္ေသးလဲဆိုတာေရာ ရွာၾကည့္ခဲ့ေသးလား"

"မရွိပါဘူး.. ဘယ္မိသားစုကမွ ကေလးေပ်ာက္သြားတာ မၾကားခဲ့ရပါဘူး"

႐ုန္ယိ "..."

မင္ဖင္းက်ယ္ ကိုရင္ေလးကို ခ်ီကာ သူ႕ရဲ႕ပန္းေရာင္သမ္းေနတဲ့ မ်က္ႏွာေသးေသးေလးကို နမ္းလိုက္၏။
"ဒီကေလးက တစ္ကယ္ခ်စ္စရာေလး"

ကိုရင္ေလးမွာ ခ်က္ခ်င္းဘဲ မ်က္ႏွာေတြရဲသြားကာ လက္အုပ္ေလးခ်ီလိုက္ၿပီး ရိုးသားစြာေျပာလာ၏။
"ေအာ္မီေတာ္ေဖာ္... ဒကာမေလး.. ဒီလို က်င့္ဝတ္နဲ႕မညီတာမ်ိဳး မလုပ္ပါနဲ႕"

သူ႕ရဲ႕ ကေလးသံေပ်ာ့ေပ်ာ့ေလးနဲ႕ အတည္ေပါက္ေျပာေနသံေလး ၾကားလိုက္ရတဲ့အခါ လူတိုင္း အေတာ္ေလးရယ္ခ်င္သြားၾက၏။

"ငါက မင္းကို နမ္း႐ုံေလးနမ္းခ်င္တဲ့ဟာ.. ဘာမ်ားမွားေနလို႔လဲ"
မင္ဖင္းက်ယ္က တမင္သက္သက္ စေနကာ ႏႈတ္ခမ္းေလးစူၿပီး သူ႕ကိုနမ္းဖို႔လုပ္လိုက္သည္။ ကိုရင္ေလးမွာ သူမလက္ထဲက ႐ုန္းကန္ကာ ေျပးဆင္းသြားၿပီး က်န္းမုေနာက္သြားပုန္းေနေတာ့သည္။

မင္ဖင္းက်ယ္ ရယ္လိုက္မိေတာ့သည္။
"ဒီကိုရင္ေလးက တစ္ကယ္ရယ္ရတယ္.. သူစိမ္းေယာက္်ားေလးနဲ႕ မိန္းကေလး ဒီလိုအျပဳအမူေတြ မလုပ္သင့္ဘူးဆိုတာလည္း သိတဲ့အျပင္ ငါ့ကိုပါ ဒကာမေလးလို႔ ဆက္တိုက္ေခၚေနတာ"

႐ုန္ယိလည္း ရယ္ၿပီး ေျပာလိုက္သည္။
"သူက ဗုဒၶက်င့္ႀကံသူဆိုတာေတာ့ က်ိန္းေသတယ္.. သူ႕ေနာက္ေၾကာင္းေသခ်ာစုံစမ္းၿပီး ျပန္ပို႔ေပးမွရမယ္.. မဟုတ္ရင္ သူ႕ဆရာေတာ့ ေတာ္ေတာ္စိုးရိမ္ေနေတာ့မွာ...အာ ဟုတ္သားဘဲ.. မင္းတို႔ ၿမိဳ႕သခင္လုဆီ လူလႊတ္ၿပီး သူ႕ပိုင္နက္ထဲ ကေလးတစ္ေယာက္ေပ်ာက္သြားတာရွိမရွိ ေမးၾကည့္လိုက္"

"ဟုတ္ကဲ့ သခင္ေလး"
ကိုယ္ရံေတာ္က လွည့္ထြက္သြားလိုက္သည္။

ယင္သခင္မက ဆိုလာသည္။
"ယင္ေဟာ့ေယာင္ရဲ႕ကိစၥေတြျဖစ္သြားေတာ့ ငါလည္း အျပင္မထြက္သင့္ေတာ့ဘူး.. အဲ့တာက အတင္းအဖ်င္းေတြဘဲ ပိုထြက္လာေစလိမ့္မယ္...မင္းတို႔ဘာသာ အျပင္ထြက္ၿပီး သေဘာက်တာရွိမရွိ ဝယ္ခ်င္တာရွိမရွိ သြားၾကည့္ၾကည့္ၾကေပါ့"

မင္သခင္မႀကီးကပါ ေျပာလာ၏။
"ယင္မိသားစုနဲ႕ပတ္သက္မႈအရဆို ငါတို႔လည္း အျပင္ထြက္လို႔ ဘာမွေကာင္းတာမရွိဘူး..ေဆြမ်ိဳးေတြ အသိအကြၽမ္းေတြနဲ႕ေတြ႕ေနရင္ ဟိုဟိုဒီဒီေလွ်ာက္ေမးေနၾကလိမ့္မယ္.. ဒီေတာ့ အစည္းအေဝးပြဲမၿပီးခင္ထိ ငါတို႔တည္းခိုေဆာင္မွာဘဲ ေနေတာ့မယ္"

မင္သခင္ႀကီးနဲ႕ မင္လ်န္ယင္တို႔ကလည္း သေဘာတူစြာ ေခါင္းၿငိမ့္လာၾကသည္။

"လူငယ္ေတြ သူတို႔ဘာသာ ေလွ်ာက္ၾကည့္ၾကပါေစ"
ယြမ္ယင္းယင္းကလည္း ေထာက္ခံလာသည္။

သူလိုခ်င္တာမွန္သမွ် ဝယ္ၿပီးသားျဖစ္တာေၾကာင့္ အျပင္သြားၿပီး ေစ်းဝယ္ထြက္ဖို႔ စိတ္မဝင္စားေတာ့။ အစည္းအေဝးပြဲက်င္းပစဥ္အေတာအတြင္း အႀကီးမားဆုံးအက်ိဳးအျမတ္က ယင္ေဟာ့ေယာင္ကို ေဖာ္ထုတ္လိုက္နိုင္တာဘဲ ျဖစ္၏။ သူတို႔ သူ႕ကိုဖမ္းနိုင္ခဲ့ရင္ေတာ့ အေကာင္းဆုံးေပါ့။

ကံဆိုးစြာနဲ႕ဘဲ စစ္က်ဲ့က ေရွ႕ျဖစ္ေဟာဆရာျဖစ္ေနၿပီး အႏၱရာယ္ရွိနိုင္တဲ့ေနရာမွန္သမွ် ေရွာင္သြားၾကေပလိမ့္မည္။

ယင္က်င္းရဲ႕ လႊတ္လိုက္တဲ့လူေတြလည္း ဘာသဲလြန္စမွ မရဘဲ ျပန္လာၾကကာ ႐ႊမ္းယိခန္းမမွာလည္း စစ္က်ဲ့တို႔နဲ႕ပတ္သက္ၿပီး ဘာသတင္းအသစ္မွမရၾက။

"သခင္ေလး႐ုန္"

မနက္ပိုင္းတုန္းက လိုဂတ္စ္နဲ႕အျပင္ထြက္သြားတဲ့ ပါဆီရိုက ျပန္ေရာက္လာကာ ေပ်ာ္လည္းေပ်ာ္ေနသလို စိတ္ရႈပ္ေထြးေနပုံလည္း ေပၚေန၏။

႐ုန္ယိ မေရမရာနဲ႕ ေမးၾကည့္လိုက္သည္။
"ဘာကိစၥရွိလို႔လဲ"

ပါဆီရိုက ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္ၿပီး အျပင္ဘက္မွာ ေျပာလို႔အဆင္မေျပေၾကာင္း အခ်က္ျပလာသည္။

ဒါေၾကာင့္ ႐ုန္ယိနဲ႕သူ ဘယ္သူမွရွိမေနတဲ့ ေနရာကိုသြားလိုက္ၾက၏။

"ကြၽန္ေတာ္တို႔ရဲ႕ကမၻာကလူေတြနဲ႕ ေတြ႕ခဲ့တယ္"
သူ အသံတိုးတိိုးနဲ႕ ေျပာလာသည္။

႐ုန္ယိ အနည္းငယ္ေတာင့္တင္းသြားရသည္။
"ခင္ဗ်ားက သူတို႔မွန္း ဘယ္လိုလုပ္သိလဲ"

"သူတို႔မွာ ကြၽန္ေတာ္တို႔နဲ႕တူတဲ့ ဆံပင္အေရာင္ မ်က္လုံးအေရာင္ ရွိၿပီး မ်က္ႏွာသြင္ျပင္အခ်ိဳးအစားေတြကလည္း ကြၽန္ေတာ္တို႔နဲ႕ဆင္တယ္.. ၿပီးေတာ့လည္း ကြၽန္ေတာ္တို႔ကမၻာက ေမွာ္ဆရာမေတြ စုန္းေတြ ဝတ္သလိုမ်ိဳး ဝတ္ထားၾကေသးတယ္.. သူက ကြၽန္ေတာ္တို႔နဲ႕ အခ်ိန္တစ္ခုတည္းကလာတာ က်ိန္းေသတယ္.. အခု လိုဂတ္စ္က သူတို႔ေနာက္ကို ေျခရာခံၿပီးလိုက္သြားတယ္"

႐ုန္ယိ "..."


*******
7.2.2024

Comment