*250* အထင်သေးတာလေ

"စတေးခံယဇ်ပူဇော်တာလား"
ရုန်ယိနဲ့ ယင်ကျင်းရဲ့တို့ အကြည့်ချင်းဆုံမိသွားသည်။
"ဘယ်လို စတေးခံရမှာလဲဆိုတာရော သူပြောသေးလား"

"သေချာပေါက်မပြောဘူးပေါ့..ပြီးတော့ ငါသိတာက သူတို့ ကွေးလင်မြို့တစ်ခုထဲမှာဘဲ အစီအရင်မလုပ်ရသေးတာ.. တစ်ခြား ယိုဖု ၊ မော့ကူ ၊ ယင်တု ၊ ချာဟိုင် ၊ ဖော့ကျန် ၊ ရှဲ့ယွီ နဲ့ ရွှယ်ရှန်းတို့မှာ အကုန်ပြီးနေပြီ.. အဲ့မြို့တွေမှာ သူတို့ချိပ်စည်းကိုဖွင့်ဖို့ကြိုးစားကြပေမဲ့ အကုန်ကျရှုံးခဲ့တယ်.. နောက်တစ်ခုက သူတို့ အစီအရင်တစ်ခုပြုလုပ်တိုင်း လူတွေပျောက်ဆုံးကုန်ကြတာ ငါရှာတွေ့ခဲ့သေးတယ်"

ရုန်ယိ မေးလိုက်သည်။
"ခင်ဗျားပြောချင်တာက စစ်ကျဲ့တို့တွေက သူတို့တွေကို ဖမ်းခေါ်သွားကြတာလား"

"မဟုတ်ဘူး"

"မင်းခန့်မှန်းချက်က မှန်လောက်တယ်"
ယင်ကျင်းရဲ့ ရုန်ယိကို ပြောလိုက်သည်။
"ပျောက်ဆုံးသွားတဲ့လူတွေက လိုဂတ်စ်နဲ့ပါဆီရိုတို့လိုမျိုး တစ်ခြားကမ္ဘာဆီ စုပ်ယူခံလိုက်ရတာဘဲ"

ရုန်ယိ ယင်ကျင်းရဲ့ကို အသံပို့ကာ ပြန်ပြောလိုက်၏။
"ဖုလုပြောပုံအရဆို.. စစ်ကျဲ့နဲ့ပိုင်ယွမ်ချန်တို့ရဲ့ ရည်ရွယ်ချက်က အတူတူဘဲဆိုတာ သိသာတယ်.. သူတို့နှစ်ယောက်လုံးက တစ်ခြားကမ္ဘာကိုပို့ဆောင်ပေးမဲ့ ချိပ်စည်းကို ဖွင့်ချင်နေကြတာဘဲ"

ယင်ကျင်းရဲ့ "..."

ရုန်ယိ ဖုလုကိုမေးလိုက်သည်။
"ခင်ဗျား ပြီးရင် ဘာဆက်လုပ်မှာလဲ... ယင်ဟော့ယောင်တို့အုပ်စုနောက်ကို ဆက်လိုက်မှာလား"

"ဟုတ်တယ်...ငါ ဒီမှာ အရိပ်မိစ္ဆာဆီက သတင်းကို ဆက်စောင့်နေလိုက်ဦးမယ်"

ရုန်ယိနဲ့ယင်ကျင်းရဲ့တို့လည်း ပြန်လာခဲ့လိုက်ကြသည်။
"နောက်ဆုံးမှာမှ စစ်ကျဲ့တို့ရဲ့ သဲလွန်စလေးနည်းနည်းရလာတဲ့ဟာ!... အခုတော့ ထပ်ပြီး လွတ်သွားကြပြန်ပြီ!"

ယင်ကျင်းရဲ့က နှာခေါင်းရှုံ့ကာ ပြောလာ၏။
"သူတို့ဘာသာ ဘယ်မှာပုန်းနေပါစေ.. ကိုယ်သူတို့ကို အမြဲရှာနိုင်တယ်"

"ခင်ဗျားမှာ နည်းလမ်းရှိလား"

ယင်ကျင်းရဲ့ သူ့ကို အဖြေပြန်ပေးမလာခဲ့။

နောက်တော့ လိုဂတ်စ်က တစ်ကယ်ဘဲ ချိပ်စည်းကိုဘယ်လိုဖွင့်ရမလဲဆိုတဲ့ နည်းလမ်းကိုရှာရန် ထွက်သွားတော့သည်။

ပါဆီရိုကလည်း သူ့အခန်းထဲမှာဘဲနေနေကာ လုံးဝထွက်မလာတော့။

ရုန်ယိ သူ့ကို အကြိမ်ပေါင်းများစွာ သွားခေါ်ခဲ့ဖူးပေမယ့် အကြိမ်တိုင်း သူ လိုဂတ်စ်ရဲ့အခန်းကို ငေးကြည့်နေတာသာ မြင်ခဲ့ရသည်။

ဒီတစ်ခေါက်လည်း ခြွင်းချက်မရှိပါပေ။

ရုန်ယိ သူ့ဘေးနားထိုင်ချကာ မေးလိုက်သည်။
"ခင်ဗျား သူ့ကိုချစ်တယ်ဆိုမှတော့ ဘာလို့ ဒီမှာ သူ့အတွက် မနေခဲ့နိုင်တာလဲ"

ပါဆီရိုက သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ကာ
"သခင်လေးရုန်.. ကျွန်တော် သူ့ကို မကြိုက်ပါဘူး"

ရုန်ယိ လှောင်ရယ်လိုက်၏။
"ကျွန်တော်သိသလောက်တော့ ခင်ဗျားတို့ကမ္ဘာကလူတွေက အချစ်ကိုဖော်ပြတဲ့နေရာမှာ အရမ်းသတ္တိရှိကြတာပါ..ခင်ဗျားကျမှ ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ကျင့်ကြံရေးလောကကလူတွေထက်တောင် ရှေးရိုးစွဲနေရတာလဲ..သူ့ကို ချစ်ပါတယ်ဆိုတာတောင်မှ ဝန်မခံရဲဘူး.. ခင်ဗျား လိုဂတ်စ်ကို သဘောကျမှန်း လူတိုင်းသိတယ်.. ခင်ဗျား ဘာလို့ ဝန်မခံနိုင်ရတာလဲ"

ပါဆီရိုက တစ်ခဏလောက် တိတ်ကျသွား၏။
"ကျွန်တော် သူ့ကိုသဘောကျပါတယ်ဆိုရင်တောင်မှ ဘာလုပ်နိုင်မှာလဲ.. တစ်ဖက်လူကို ဘယ်လောက်ကြာကြာသဘောကျပေးနိုင်မယ်လို့ ခင်ဗျားသေချာလဲ.. ခင်ဗျား သူ့ကို အခုတစ်ခဏလေးမှာ သဘောကျရင်ကျမယ်... ဒါပေမဲ့ နောက်တစ်ခဏမှာဘဲ သူ့ကို လုံးဝသဘောမကျတော့တာလည်း ဖြစ်နိုင်တာဘဲ.. ကျွန်တော် အရင်က သမန်းဝံပုလွေနဲ့ ဗန်ပိုင်းယား စုံတွဲကို တွေ့ဖူးတယ်.. သူတို့တွေက ရန်သူတွေအဖြစ် မွေးဖွားလာကြပေမယ့် အချင်းချင်း ချစ်မိသွားကြတယ်... ဘေးကလူတွေအကုန် သူတို့အချင်းချင်းချစ်ကြမှန်း ရှင်းရှင်းလင်းလင်းကို ခံစားနိုင်ကြတယ်.. ချစ်တာမှ ကမ္ဘာပေါ်သူတို့နှစ်ယောက်တည်း ကျန်တော့သလိုမျိုးဘဲ.. လူတိုင်း သူတို့ဆက်ဆံရေးက အချိန်အကြာကြီး တည်တံ့သွားမှာဘဲလို့ ထင်ခဲ့ကြတာ.. ဒါပေမဲ့ နှစ်နှစ်ကြာပြီး တစ်ရက်မှာ သမန်းဝံပုလွေက ဗန်ပိုင်းယားကို သတ်ပစ်လိုက်တာ ကျွန်တော် မျက်စိနဲ့တပ်အပ်မြင်လိုက်ရတယ်.. သူကျွန်တော့်ကိုပြောခဲ့တာက.. သူ ဗန်ပိုင်းယားကိုသဘောကျနေတုန်းမှာ ဗန်ပိုင်းယားက သူ့ချစ်သူ..  ဒါပေမဲ့ သူ သဘောမကျတော့တဲ့အချိန်မှာ ဗန်ပိုင်းယားက သူဖယ်ရှားပစ်ရမဲ့ အစွန်းအထင်းတစ်ခုဘဲတဲ့.. ဒါကြောင့်မလို့ အခုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် သဘောကျနေကြရုံနဲ့တော့ နောက်ပိုင်း ဒီလိုမျိုး အချင်းချင်းနာကျင်အောင်လုပ်ရင်း အဆုံးသတ်မသွားချင်ဘူး"

ရုန်ယိ "

ပါဆီရို ရုန်ယိကို လှမ်းကြည့်လာ၏။
"သခင်လေးရုန်.. ကျွန်တော်မေးခွန်းတစ်ခုလောက် မေးကြည့်ချင်တယ်.. သခင်ယင်က သခင်လေးကို ဘာ်လောက်ကြာကြာထိချစ်နေမယ်လို့ထင်လဲ"

ဒီမေးခွန်းက ရုန်ယိစိတ်ထဲ တစ်ကယ့်နက်ရှိုင်းစွာနေရာယူသွားသည်။ ဆက်ဆံရေးတစ်ခုက တစ်ကယ့်ကိုပြောရခက်လှသည်။ တစ်ဘဝလုံးစာလည်းကြာသွားနိုင်သလို ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်နဲ့လည်း ပျက်စီးသွားနိုင်၏။

"ကျွန်တော်မဖြေနိုင်ဘူး ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီသမန်းဝံပုလွေရဲ့လုပ်ရပ်က အတော်လေးလွန်တယ်လို့ထင်တယ်... အကယ်၍ သူတစ်ဖက်လူကို ထပ်ပြီးသဘောမကျတော့ဘူးဆိုရင်တောင်မှ အေးအေးချမ်းချမ်းလေး လမ်းခွဲလိုက်လို့ရပါတယ်.. တစ်ဖက်လူကို သတ်ပစ်စရာမှ မလိုအပ်ဘဲ.. ခင်ဗျားက သတ်ခံရမှာစိုးတယ်ဆိုရင်လည်း ဒီလမ်းကို ဘယ်တော့မှမလိုက်လို့ရတယ်... ခင်ဗျားချစ်မိသွားတဲ့သူက ဘုန်းတော်ကြီးဘဲ ဖြစ်နေရင်တောင်မှ တစ်ဖက်လူက ခင်ဗျားကို ထိခိုက်အောင် ဘာမှမလုပ်ပါဘူးလို့မှ အာမမှ မခံနိုင်တာ"

ရုန်ယိမှာ ထိုစကားပြောပြီးတာနဲ့ ထွက်လာကာ ယင်ကျင်းရဲ့ကို သွားရှာလိုက်သည်။
"ကလေးတွေအဖေ... ကျွန်တော် မေးခွန်းတစ်ခုကြောင့် ခေါင်းစားနေတယ်.. ကျွန်တော်တို့က စုံတွဲတွေဖြစ်နေပြီဆိုတော့ ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်နေရတာတွေကို ခင်ဗျားလည်းသိရမယ့် ဝတ္တရားရှိတယ်လို့ ကျွန်တော်ထင်တယ်"

ယင်ကျင်းရဲ့ သူ့လုပ်လက်စအလုပ်တွေ ရပ်လိုက်ကာ သိချင်စိတ်နဲ့ မေးလာသည်။
"ဘာကိစ္စမလို့လဲ"

ရုန်ယိ သူထိုင်နေတဲ့ခုံမှာဘဲ ကြပ်ညပ်စွာဝင်ထိုင်လိုက်ကာ သူ့ကိုမေးလိုက်လေသည်။
"သခင်ယင်..ကျေးဇူးပြုပြီး ကျွန်တော့်ကို လေးလေးနက်နက်နဲ့ဖြေပေးနော်.. ခင်ဗျား ကျွန်တော့်ကို ဘယ်အချိန်ထိ ချစ်နေမယ်လို့ ခင်ဗျားထင်လဲ"

ယင်ကျင်းရဲ့ "..."

ဒါက ဖြေဖို့ခက်လွန်းတဲ့မေးခွန်းဖြစ်၏။ သူ အထက်ဘုံတက်လှမ်းနိုင်မှာလားဆိုတဲ့ မေးခွန်းထက် ပိုခက်လေသည်။

"ဖြေဖို့ခက်လို့လား"

ယင်ကျင်းရဲ့ တစ်ခဏလောက် အလေးအနက်စဥ်းစားနေပြီးမှ မေးလာသည်။
"ကိုယ်ဖြေကိုဖြေရမှာလား"

"အင်း"
ရုန်ယိ သူ့ခံစားချက်တွေကိုမဖော်ပြတတ်တဲ့ ဒီလူက သူ့ကိုဘယ်လိုပြန်ဖြေလာမလဲဆိုတာ နားထောင်ကြည့်ချင်သည်။

"ကိုယ် ရက်တစ်ရက်ရောက်တဲ့ထိ မင်းကိုချစ်နေမှာပါ...."
ယင်ကျင်းရဲ့ တမင်သက်သက် သူ့ကို မချင့်မရဲဖြစ်အောင် ဆက်မပြောဘဲ စလိုက်သည်။

"ဆက်ပြောလေ...ဘယ်ရက်လဲ"

ယင်ကျင်းရဲ့ နှုတ်ခမ်းစွန်းတွေ အသာကွေးသွားကာ
"မနက်ဖြန်ထိ"

"အာ!"
ထိုစကားကြားတဲ့အခါ ရုန်ယိမှာ မသိစိတ်အရ သူစနောက်ခံနေရတယ်လို့ ခံစားလိုက်ရ၏။ ဘယ်လိုဘဲပြောပြော ပြီးခဲ့တဲ့ရက်ကမှ သူ့အပေါ် ခံစားချက်တွေဝန်ခံထားခဲ့တာကို ဘယ်လိုလုပ်ပြီး ဒီလောက်အမြန်ကြီး ခံစားချက်တွေပျောက်ပျက်သွားပါ့မလဲ။

ထို့နောက် ထပ်ခါထပ်ခါတွေးကြည့်နေရင်းနဲ့မှ ပြောပြောနေကြလေ့ရှိတဲ့ စကားတစ်ခွန်းကို သတိရသွားသည်။ မနက်ဖြန်ပြီးရင် မနက်ဖြန်ရှိတယ်ဆိုတဲ့စကားပင်။ ဒါဆို မနက်ဖြန်ပေါင်း ဘယ်လောက်တောင်ရှိလိမ့်နည်းလဲ..။ ပြောရမယ်ဆို မနက်ဖြန်ပြီးရင် မနက်ဖြန်ရှိပေသည်။

သူအဖြေကို ပုံမှန်အတိုင်းဖြေပေးလိုက်လို့မရဘူးလား...

"အဖြေကောင်းဘဲ.. မနက်ဖြန်မှာ အဆုံးသတ်သွားတာလည်းဖြစ်နိုင်သလို... နောက်ထပ် မနက်ဖြန် ၊ အဆုံးမရှိတဲ့မနက်ဖြန်တွေအထိလည်း ကြာရှည်သွားနိုင်တယ်"

ရုန်ယိ ယင်ကျင်းရဲ့ နှုတ်ခမ်းကို ပျော်မြူးစွာ လှမ်းနမ်းလိုက်သည်။

"အဟမ်း!"
ရုတ်တရက် တံခါးဝမှ ချောင်းဟန့်သံထွက်လာလေသည်။

ရုန်ယိနဲ့ယင်ကျင်းရဲ့တို့ လှည့်ကြည့်လိုက်တဲ့အခါ ယင်ယန်ကို တွေ့လိုက်ရသည်။

ယင်ကျင်းရဲ့မျက်နှာထက်က အပြုံးကိုမြင်လိုက်ရတဲ့အခါ ယင်ယန်မှာ စိတ်ထဲ သက်ပြင်းမချဘဲမနေနိုင်တော့။ ရုန်ယိတစ်ယောက်တည်းသာ သူတို့သခင်ကို ဒီလိုပျော်ရွှင်စွာပြုံးနိုင်အာင် လုပ်နိုင်လေသည်။ သူတို့ရှေ့ဆို သူတို့က သူ့ရဲ့ရန်သူတော်တွေအတိုင်း သူတို့သခင်ရဲ့မျက်နှာက အမြဲတမ်း အေးစက်ပြီး စကားတစ်ခွန်းမှမဆိုပေ။

ဒါပေမဲ့လည်း သူတို့သခင်သာ ရုန်ယိကိုကြည့်သလိုမျိုး သူတို့ကိုကြည့်လာခဲ့ရင်လည်း သူတို့ခံနိုင်ရည်ရှိမှာမဟုတ်လောက်ပေ။

ရုန်ယိ ယင်ကျင်းရဲ့ပုခုံးကိုအသာပုတ်ကာ ပြောလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက် စကားပြောကြလေ"

သူနှောင့်ယှက်လိုက်တာကို မကျေမနပ်ဖြစ်သွားပုံပေါ်တဲ့ ယင်ကျင်းရဲ့ကြောင့် ယင်ယန် အမြန်ပြောလိုက်ရသည်။
"သခင်လေးရုန်.. ကျွန်တော် စကားလေးနည်းနည်းဘဲလာပြောတာပါ.. ပြောပြီးတာနဲ့ ချက်ချင်းပြန်မှာပါ"

ယင်ကျင်းရဲ့ မေးလိုက်၏။
"ဘာကိစ္စလဲ"

"ဒီရက်ပိုင်း ကျင့်ကြံခြင်းလောကထဲ ကောလာဟလတစ်ခုပြန့်နေပါတယ်.. ပြောကြတာက ရတနာကြီးတစ်ခု ပေပနယ်မြေမှာ ပေါ်လာလိမ့်မယ်တဲ့.. ဒါကြောင့်မလို့ တစ်ခြားနယ်မြေကြီးငါးခုက ကျင့်ကြံသူအတော်များများ ရောက်လာကြတယ်.. အခု ကျွန်တော်တို့ကွေးလင်မြို့ရဲ့ လမ်းတွေမှာ ကျင့်ကြံသူတော်တော်များများ တွေ့နေရပြီး ရတနာအကြောင်း စုံစမ်းနေကြပါတယ်"

"ရတနာကြီး"
ရုန်ယိ သိချင်စိတ်နဲ့ မေးကြည့်လိုက်သည်။
"သတင်းကို ဘယ်သူဖြန့်လိုက်တာလဲရော သိလား... ဘယ်လိုရတနာလဲဆိုတာရော ပြောကြသေးလား"

"ကျွန်တော်တို့ စုံစမ်းခဲ့ကြည့်ကြသေးပေမယ့် မရခဲ့ပါဘူး..အခု လူတိုင်း ရတနာကြီးဆိုတာ နတ်ဘုရားတစ်ပါးချန်ခဲ့တဲ့ လျှို့ဝှက်နယ်မြေ ဟုတ်မဟုတ် စုံစမ်းနေကြပါတယ်"

"ဘာ!.. အကယ်၍ နတ်ဘုရားတစ်ပါးချန်ခဲ့တဲ့ လျှို့ဝှက်နယ်မြေသာဆိုရင်တော့ တစ်ကယ့်ရတနာကြီးဘဲပေါ့..ပြီးတော့ နတ်ဘုရားတစ်ပါးရဲ့ ဉာဏ်အလင်းပွင့်မှုကိုသာ ရနိုင်ခဲ့ရင် အထက်ဘုံကိုတက်လှမ်းနိုင်မဲ့ အခွင့်အရေးတောင်ရနိုင်တယ်"

ယင်ကျင်းရဲ့ အရေးမထားဟန်နဲ့ဆိုလာသည်။
"အကယ်၍ နတ်ဘုရားတစ်ပါးချန်ခဲ့တဲ့ လျှို့ဝှက်နယ်မြေသာဆိုရင် ကိုယ်တို့ လုံးဝခံစားသိရှိနိုင်ကြမှာမဟုတ်ဘူး"

"ဒီတော့ ခင်ဗျားဆိုလိုတာက တစ်ယောက်ယောက်က သတင်းအမှားကို တမင်သက်သက်ဖြန့်လိုက်တာပေါ့"

"အင်း"

"ရည်ရွယ်ချက်ရော"

"..."
ယင်ကျင်းရဲ့လည်းဘဲ မသိပေ။

ရုတ်တရက် အပြင်ဘက်မှ ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရသည်။

ယင်ကျင်းရဲ့ ချက်ချင်းဘဲ သူ့ဝိညာဥ်အာရုံကို အပြင်ဘက်ပို့ကာ စစ်ဆေးကြည့်လိုက်သည်။
"လမ်းမှန်ကျင့်ကြံသူတွေက တစ္ဆေကျင့်ကြံသူဆွေ မိစ္ဆာကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နေကြတာ"

လမ်းမှန်ကျင့်ကြံသူတွေ ပေပနယ်မြေကို လာတာက ရှားပါးလှကာ လာတယ်ဆိုရင်တောင်မှ တစ္ဆေကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေကို ရှောင်ဖို့ကြိုးစားလေ့ရှိသည်။

ရုန်ယိ မေးလိုက်သည်။
"ကျွန်တော်တို့ ဝင်ပါလိုက်သင့်လား"

"မလိုသေးဘူး"
ကွေးလင်မြို့ရဲ့သခင်ဆိုတာက ရာထူးသင်္ကေတတစ်ခုသာဖြစ်တာကြောင့် တစ်ခြားမြို့သခင်တွေလိုမျိုး မြို့တွင်းအေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန်မလိုပေ။
"ဒါပေမဲ့ အကယ်၍ သူတို့သာ တိုက်ခိုက်ချင်တယ်ဆိုရင် ကွေးလင်မြို့ပြင်မှာ သွားတိုက်ခိုက်ခိုင်းလိုက်"

ယင်ကျင်းရဲ့ သူ့မြို့ကိုတော့ အပျက်အစီးပုံကြီးဖြစ်သွားမှာမျိုး မမြင်ချင်ပါပေ။

သူ့အမိန့်ထုတ်ပြန်လိုက်တာနဲ့ ထို လမ်းမှန်ကျင့်ကြံသူတွေ ၊ တစ္ဆေကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေမှာ နောက်ထပ် မတိုက်ခိုက်ရဲကြတော့။ သို့သော်လည်း ပိုပိုပြီးများပြားတဲ့ ကျင့်ကြံသူတွေမှာ ဒီနေရာမှာ စုစည်းလာကြသည်။ ပြီးခဲ့တဲ့နှစ်တစ်သောင်းအတွင်း ပေပနယ်မြေမှာ ယခုလောက် ဘယ်တုန်းကမှ မစည်ကားခဲ့ဖူးပေ။ အခုတော့ အင်အားစုတွေအကုန်လုံး ဒီမှာ လာစုစည်းနေကြလေသည်။

ချီမိသားစုရဲ့အကြီးအကဲတွေတောင်မှဘဲ တပည့်ငယ်သားတွေခေါ်ကာ ရောက်လာကြသည်။

ချီလန်မှာလည်း သတင်းရလိုက်တာကြောင့် ခြံဝန်းထဲကနေထွက်လာတဲ့အခါ ကိုရင်လေးနဲ့အတူကစားပေးနေတဲ့ ရုန်ယိကိုတွေ့လိုက်ပြီး မျက်နှာမည်းမှောင်သွားသည်။ ရုန်ယိရဲ့ပြုံးနေတဲ့မျက်နှာပေါ် သူ့အကြည့်ကျရောက်သွားပြီးနောက် အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ထွက်သွားတော့သည်။

ရုန်ယိ သူ့ကျောပြင်ဘက်ကို လက်ခလယ်ထောင်ပြလိုက်သည်။

ကိုရင်လေးက မေးလာ၏။
"ဒကာလေးရုန်..လက်ခလယ်ထောင်ပြတာက ဘာကိုဆိုလိုတာလဲ"

"သူ့ကိုအထင်သေးတာလေ"

ကိုရင်လေး "..."

ရုန်ယိ သူ့ရဲ့တောက်ပနေတဲ့ခေါင်းလေးကို ပွတ်ပေးကာ ပြောလိုက်သည်။
"ထူးဆန်းလိုက်တာ.. မင်းက ဘာလို့ဆံပင်ပေါက်မလာတာလဲ.. မွေးတည်းက ဆံပင်မပေါက်တာလား.. ဒါမှမဟုတ် ဆံပင်ပေါက်လာတဲ့အချိန်တိုင်း တစ်ယောက်ယောက်ကို ရိတ်ခိုင်းတာလား"

ကိုရင်လေး "..."

"အတည်ပြောတာ.. မင်းက ဘယ်ဗုဒ္ဓဘုရားကျောင်းကလဲ..ငါတို့ လူတွေလွှတ်ပြီး ဖောရှင်းဆိုတဲ့သူ အကြောင်းရှာကြည့်ပေမဲ့ ဘာမှရှာမတွေ့ခဲ့ဘူး.. အကယ်၍များ မင်းဘယ်ကဆိုတာ ငါတို့ရှာမတွေ့သေးဘူးဆိုရင်...."
ရုန်ယိ တွေးတောနေဟန်ပြုကာ သူ့ကို စလိုက်သည်။
"ဒါဆို မင်းဒီမှာဘဲနေပြီး ငါ့ရဲ့ အနာဂတ်အမျိုးသားချွေးမလေးလုပ်တော့...ဟားဟား.."

ကိုရင်လေးမှာ တောင့်တင်းသွားလေသည်။

သိချင်စိတ်နဲ့အတူ ယင်ထောင်က ရုန်ယိလက်မောင်းတွေကြားပြေးဝင်လာကာ မေးလာလေသည်။
"ဖေဖေ... အမျိုးသားချွေးမဆိုတာ ဘာကြီးလဲဟင်"

"ငါပေါက်ကရတွေလျှောက်ပြောနေတာ... အတည်ကြီးတွေမှတ်မနေကြနဲ့"
ရုန်ယိ သူ့ကို တွန်းထုတ်လိုက်ပြီး
"သွား..သွား..သွား..သွားပြီး မင်းညီအစ်ကိုတွေနဲ့သွားကစားတော့"

ရှောင်ယင်ထောင်က ခေါ်လိုက်သည်။
"ကတုံးညီလေး... သွားကစားကြမယ်လေ"

ဒါပေမဲ့ ကိုရင်လေးက နေရာမှာတင်ရပ်နေဆဲဖြစ်ကာ ရုန်ယိကို ကြည့်လိုက်သည်။
"ဒကာလေးရုန်"

"ဘာလို့လဲ.. မင်း ဘယ်ဘုံကျောင်းကလဲဆိုတာ သတိရသွားပြီလား"

"ဒကာလေးရုန်...ဒီရက်ပိုင်း.. တစ်ကယ်ဘဲ ငြိမ်းချမ်းမှာမဟုတ်ဘူး"

ကိုရင်လေး ထိုသို့ပြောလိုက်တဲ့အခိုက် ရုန်ယိမှာ တစ်ကယ့်အရွယ်ရောက်ပြီးသား ဘုန်းကြီးတစ်ပါး သူ့ရှေ့ရပ်နေတာကို မြင်တွေ့လိုက်ရသလိုခံစားလိုက်ရ၏။ အလေးအနက်ရှိပြီး တည်ငြိမ်ကာ အနာဂတ်မှာဖြစ်လာမဲ့အရာအားလုံးကို ခန့်မှန်းသိရှိနေပုံပင်။

ရုန်ယိ နေရာမှာတင် အနည်းငယ်အေးခဲသွားရ၏။
"ဟုတ်တယ်.. ရတနာအတွက် တစ်ခြားနယ်မြေငါးခုလုံးက ကျင့်ကြံသူတွေ ဒီကိုရောက်လာကြတယ်.. ပြီးတော့ အဲ့ကျင့်ကြံသူတွေက အမြဲတမ်း အဲ့ရတနာအတွက် တိုက်ခိုက်နေကြတာ.. သူတို့အကုန်လုံးက ရတနာက သူတို့နဲ့ဘဲဆိုင်တယ်လို့ တွေးနေကြတယ်လေ"

"ဘာရတနာမှမရှိဘူး"
ကိုရင်လေးက တိကိသေချာတဲ့လေသံနဲ့ ပြန်ပြောလာသည်။

"ကျင်းရဲ့လည်း အဲ့လိုဘဲပြောတယ်.. ဒါပေမဲ့ ဒီသတင်းအမှားတွေကို ဘယ်သူဖြန့်လိုက်လဲဆိုတာ ငါတို့ အခုထိမသိသေးဘူး... ပြီးတော့ သူ့ရည်ရွယ်ချက်ရောဘဲ"

ကိုရင်လေးက ဘာမှဆက်မပြောလာတော့ဘဲ မျက်နှာလေးက အုံ့မှိုင်းသွားသည်။

ရုန်ယိ သူ့ရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်ကာ
"မင်းကလေ တစ်ကယ့်ကိုလူကြီးလေးကျနေတာဘဲ"

ကိုရင်လေးက သူ့ကို တိတ်တဆိတ်သာကြည့်နေပြီး ဘာမှပြန်ပြောမလာပေ။

ရုန်ယိ သူ့ရဲ့ တည်ငြိမ်ပြီး ပညာဉာဏ်ပြည့်ဝသူတစ်ယောက်ရဲ့ ခိုင်ကြည်မှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေအတွင်းကို ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း သူ့အပြုံးကိုရုတ်သိမ်းလိုက်ကာ ကိုရင်လေးကို ပေါင်ပေါ်တင်ပြီး မျက်စိမှေးစင်းကာ ကြည့်လိုက်သည်။ အရူးတောင်မှ ဒီကိုရင်လေးက သာမန်ကလေးမဟုတ်မှန်း မြင်တွေ့နိုင်လေသည်။

သူ လေးလေးနက်နက်နဲ့ ပြောလိုက်၏။
"ဖောရှင်း... မင်းရဲ့ စကားတွေ အပြုအမူတွေကို ကြည့်မယ်ဆိုရင် ကလေးတစ်ယောက်က ဘယ်လောက်ဘဲ ရင့်ကျက်နေပါစေ.. သူ့အတွက် ဒီလို တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးတစ်ယောက်လိုပြုမူဖို့ဆိုတာက မဖြစ်နိုင်ဘူး.. ရိုးရိုးသားသားပြော မင်းကဘယ်သူလဲ.. ဘာလို့ ငါတို့နဲ့ အတူရှိနေရတာလဲ.. မင်းက တစ်ကယ့်ကို ဘာလေးလဲ"

*******



Zawgyi


"စေတးခံယဇ္ပူေဇာ္တာလား"
႐ုန္ယိနဲ႕ ယင္က်င္းရဲ႕တို႔ အၾကည့္ခ်င္းဆုံမိသြားသည္။
"ဘယ္လို စေတးခံရမွာလဲဆိုတာေရာ သူေျပာေသးလား"

"ေသခ်ာေပါက္မေျပာဘူးေပါ့..ၿပီးေတာ့ ငါသိတာက သူတို႔ ေကြးလင္ၿမိဳ႕တစ္ခုထဲမွာဘဲ အစီအရင္မလုပ္ရေသးတာ.. တစ္ျခား ယိုဖု ၊ ေမာ့ကူ ၊ ယင္တု ၊ ခ်ာဟိုင္ ၊ ေဖာ့က်န္ ၊ ရွဲ႕ယြီ နဲ႕ ႐ႊယ္ရွန္းတို႔မွာ အကုန္ၿပီးေနၿပီ.. အဲ့ၿမိဳ႕ေတြမွာ သူတို႔ခ်ိပ္စည္းကိုဖြင့္ဖို႔ႀကိဳးစားၾကေပမဲ့ အကုန္က်ရႈံးခဲ့တယ္.. ေနာက္တစ္ခုက သူတို႔ အစီအရင္တစ္ခုျပဳလုပ္တိုင္း လူေတြေပ်ာက္ဆုံးကုန္ၾကတာ ငါရွာေတြ႕ခဲ့ေသးတယ္"

႐ုန္ယိ ေမးလိုက္သည္။
"ခင္ဗ်ားေျပာခ်င္တာက စစ္က်ဲ့တို႔ေတြက သူတို႔ေတြကို ဖမ္းေခၚသြားၾကတာလား"

"မဟုတ္ဘူး"

"မင္းခန့္မွန္းခ်က္က မွန္ေလာက္တယ္"
ယင္က်င္းရဲ႕ ႐ုန္ယိကို ေျပာလိုက္သည္။
"ေပ်ာက္ဆုံးသြားတဲ့လူေတြက လိုဂတ္စ္နဲ႕ပါဆီရိုတို႔လိုမ်ိဳး တစ္ျခားကမၻာဆီ စုပ္ယူခံလိုက္ရတာဘဲ"

႐ုန္ယိ ယင္က်င္းရဲ႕ကို အသံပို႔ကာ ျပန္ေျပာလိုက္၏။
"ဖုလုေျပာပုံအရဆို.. စစ္က်ဲ့နဲ႕ပိုင္ယြမ္ခ်န္တို႔ရဲ႕ ရည္႐ြယ္ခ်က္က အတူတူဘဲဆိုတာ သိသာတယ္.. သူတို႔ႏွစ္ေယာက္လုံးက တစ္ျခားကမၻာကိုပို႔ေဆာင္ေပးမဲ့ ခ်ိပ္စည္းကို ဖြင့္ခ်င္ေနၾကတာဘဲ"

ယင္က်င္းရဲ႕ "..."

႐ုန္ယိ ဖုလုကိုေမးလိုက္သည္။
"ခင္ဗ်ား ၿပီးရင္ ဘာဆက္လုပ္မွာလဲ... ယင္ေဟာ့ေယာင္တို႔အုပ္စုေနာက္ကို ဆက္လိုက္မွာလား"

"ဟုတ္တယ္...ငါ ဒီမွာ အရိပ္မိစ္ဆာဆီက သတင္းကို ဆက္ေစာင့္ေနလိုက္ဦးမယ္"

႐ုန္ယိနဲ႕ယင္က်င္းရဲ႕တို႔လည္း ျပန္လာခဲ့လိုက္ၾကသည္။
"ေနာက္ဆုံးမွာမွ စစ္က်ဲ့တို႔ရဲ႕ သဲလြန္စေလးနည္းနည္းရလာတဲ့ဟာ!... အခုေတာ့ ထပ္ၿပီး လြတ္သြားၾကျပန္ၿပီ!"

ယင္က်င္းရဲ႕က ႏွာေခါင္းရႈံ႕ကာ ေျပာလာ၏။
"သူတို႔ဘာသာ ဘယ္မွာပုန္းေနပါေစ.. ကိုယ္သူတို႔ကို အၿမဲရွာနိုင္တယ္"

"ခင္ဗ်ားမွာ နည္းလမ္းရွိလား"

ယင္က်င္းရဲ႕ သူ႕ကို အေျဖျပန္ေပးမလာခဲ့။

ေနာက္ေတာ့ လိုဂတ္စ္က တစ္ကယ္ဘဲ ခ်ိပ္စည္းကိုဘယ္လိုဖြင့္ရမလဲဆိုတဲ့ နည္းလမ္းကိုရွာရန္ ထြက္သြားေတာ့သည္။

ပါဆီရိုကလည္း သူ႕အခန္းထဲမွာဘဲေနေနကာ လုံးဝထြက္မလာေတာ့။

႐ုန္ယိ သူ႕ကို အႀကိမ္ေပါင္းမ်ားစြာ သြားေခၚခဲ့ဖူးေပမယ့္ အႀကိမ္တိုင္း သူ လိုဂတ္စ္ရဲ႕အခန္းကို ေငးၾကည့္ေနတာသာ ျမင္ခဲ့ရသည္။

ဒီတစ္ေခါက္လည္း ႁခြင္းခ်က္မရွိပါေပ။

႐ုန္ယိ သူ႕ေဘးနားထိုင္ခ်ကာ ေမးလိုက္သည္။
"ခင္ဗ်ား သူ႕ကိုခ်စ္တယ္ဆိုမွေတာ့ ဘာလို႔ ဒီမွာ သူ႕အတြက္ မေနခဲ့နိုင္တာလဲ"

ပါဆီရိုက သူ႕အၾကည့္ေတြကို ျပန္႐ုတ္သိမ္းလိုက္ကာ
"သခင္ေလး႐ုန္.. ကြၽန္ေတာ္ သူ႕ကို မႀကိဳက္ပါဘူး"

႐ုန္ယိ ေလွာင္ရယ္လိုက္၏။
"ကြၽန္ေတာ္သိသေလာက္ေတာ့ ခင္ဗ်ားတို႔ကမၻာကလူေတြက အခ်စ္ကိုေဖာ္ျပတဲ့ေနရာမွာ အရမ္းသတၱိရွိၾကတာပါ..ခင္ဗ်ားက်မွ ဘယ္လိုလုပ္ၿပီး ကြၽန္ေတာ္တို႔က်င့္ႀကံေရးေလာကကလူေတြထက္ေတာင္ ေရွးရိုးစြဲေနရတာလဲ..သူ႕ကို ခ်စ္ပါတယ္ဆိုတာေတာင္မွ ဝန္မခံရဲဘူး.. ခင္ဗ်ား လိုဂတ္စ္ကို သေဘာက်မွန္း လူတိုင္းသိတယ္.. ခင္ဗ်ား ဘာလို႔ ဝန္မခံနိုင္ရတာလဲ"

ပါဆီရိုက တစ္ခဏေလာက္ တိတ္က်သြား၏။
"ကြၽန္ေတာ္ သူ႕ကိုသေဘာက်ပါတယ္ဆိုရင္ေတာင္မွ ဘာလုပ္နိုင္မွာလဲ.. တစ္ဖက္လူကို ဘယ္ေလာက္ၾကာၾကာသေဘာက်ေပးနိုင္မယ္လို႔ ခင္ဗ်ားေသခ်ာလဲ.. ခင္ဗ်ား သူ႕ကို အခုတစ္ခဏေလးမွာ သေဘာက်ရင္က်မယ္... ဒါေပမဲ့ ေနာက္တစ္ခဏမွာဘဲ သူ႕ကို လုံးဝသေဘာမက်ေတာ့တာလည္း ျဖစ္နိုင္တာဘဲ.. ကြၽန္ေတာ္ အရင္က သမန္းဝံပုေလြနဲ႕ ဗန္ပိုင္းယား စုံတြဲကို ေတြ႕ဖူးတယ္.. သူတို႔ေတြက ရန္သူေတြအျဖစ္ ေမြးဖြားလာၾကေပမယ့္ အခ်င္းခ်င္း ခ်စ္မိသြားၾကတယ္... ေဘးကလူေတြအကုန္ သူတို႔အခ်င္းခ်င္းခ်စ္ၾကမွန္း ရွင္းရွင္းလင္းလင္းကို ခံစားနိုင္ၾကတယ္.. ခ်စ္တာမွ ကမၻာေပၚသူတို႔ႏွစ္ေယာက္တည္း က်န္ေတာ့သလိုမ်ိဳးဘဲ.. လူတိုင္း သူတို႔ဆက္ဆံေရးက အခ်ိန္အၾကာႀကီး တည္တံ့သြားမွာဘဲလို႔ ထင္ခဲ့ၾကတာ.. ဒါေပမဲ့ ႏွစ္ႏွစ္ၾကာၿပီး တစ္ရက္မွာ သမန္းဝံပုေလြက ဗန္ပိုင္းယားကို သတ္ပစ္လိုက္တာ ကြၽန္ေတာ္ မ်က္စိနဲ႕တပ္အပ္ျမင္လိုက္ရတယ္.. သူကြၽန္ေတာ့္ကိုေျပာခဲ့တာက.. သူ ဗန္ပိုင္းယားကိုသေဘာက်ေနတုန္းမွာ ဗန္ပိုင္းယားက သူ႕ခ်စ္သူ..  ဒါေပမဲ့ သူ သေဘာမက်ေတာ့တဲ့အခ်ိန္မွာ ဗန္ပိုင္းယားက သူဖယ္ရွားပစ္ရမဲ့ အစြန္းအထင္းတစ္ခုဘဲတဲ့.. ဒါေၾကာင့္မလို႔ အခုအခ်ိန္မွာ တစ္ေယာက္နဲ႕တစ္ေယာက္ သေဘာက်ေနၾက႐ုံနဲ႕ေတာ့ ေနာက္ပိုင္း ဒီလိုမ်ိဳး အခ်င္းခ်င္းနာက်င္ေအာင္လုပ္ရင္း အဆုံးသတ္မသြားခ်င္ဘူး"

႐ုန္ယိ "

ပါဆီရို ႐ုန္ယိကို လွမ္းၾကည့္လာ၏။
"သခင္ေလး႐ုန္.. ကြၽန္ေတာ္ေမးခြန္းတစ္ခုေလာက္ ေမးၾကည့္ခ်င္တယ္.. သခင္ယင္က သခင္ေလးကို ဘာ္ေလာက္ၾကာၾကာထိခ်စ္ေနမယ္လို႔ထင္လဲ"

ဒီေမးခြန္းက ႐ုန္ယိစိတ္ထဲ တစ္ကယ့္နက္ရွိုင္းစြာေနရာယူသြားသည္။ ဆက္ဆံေရးတစ္ခုက တစ္ကယ့္ကိုေျပာရခက္လွသည္။ တစ္ဘဝလုံးစာလည္းၾကာသြားနိုင္သလို ဘာမဟုတ္တဲ့ကိစၥေလးတစ္ခုေၾကာင့္နဲ႕လည္း ပ်က္စီးသြားနိုင္၏။

"ကြၽန္ေတာ္မေျဖနိုင္ဘူး ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ အဲ့ဒီသမန္းဝံပုေလြရဲ႕လုပ္ရပ္က အေတာ္ေလးလြန္တယ္လို႔ထင္တယ္... အကယ္၍ သူတစ္ဖက္လူကို ထပ္ၿပီးသေဘာမက်ေတာ့ဘူးဆိုရင္ေတာင္မွ ေအးေအးခ်မ္းခ်မ္းေလး လမ္းခြဲလိုက္လို႔ရပါတယ္.. တစ္ဖက္လူကို သတ္ပစ္စရာမွ မလိုအပ္ဘဲ.. ခင္ဗ်ားက သတ္ခံရမွာစိုးတယ္ဆိုရင္လည္း ဒီလမ္းကို ဘယ္ေတာ့မွမလိုက္လို႔ရတယ္... ခင္ဗ်ားခ်စ္မိသြားတဲ့သူက ဘုန္းေတာ္ႀကီးဘဲ ျဖစ္ေနရင္ေတာင္မွ တစ္ဖက္လူက ခင္ဗ်ားကို ထိခိုက္ေအာင္ ဘာမွမလုပ္ပါဘူးလို႔မွ အာမမွ မခံနိုင္တာ"

႐ုန္ယိမွာ ထိုစကားေျပာၿပီးတာနဲ႕ ထြက္လာကာ ယင္က်င္းရဲ႕ကို သြားရွာလိုက္သည္။
"ကေလးေတြအေဖ... ကြၽန္ေတာ္ ေမးခြန္းတစ္ခုေၾကာင့္ ေခါင္းစားေနတယ္.. ကြၽန္ေတာ္တို႔က စုံတြဲေတြျဖစ္ေနၿပီဆိုေတာ့ ကြၽန္ေတာ္စိတ္အႏွောင့္အယွက္ျဖစ္ေနရတာေတြကို ခင္ဗ်ားလည္းသိရမယ့္ ဝတၱရားရွိတယ္လို႔ ကြၽန္ေတာ္ထင္တယ္"

ယင္က်င္းရဲ႕ သူ႕လုပ္လက္စအလုပ္ေတြ ရပ္လိုက္ကာ သိခ်င္စိတ္နဲ႕ ေမးလာသည္။
"ဘာကိစၥမလို႔လဲ"

႐ုန္ယိ သူထိုင္ေနတဲ့ခုံမွာဘဲ ၾကပ္ညပ္စြာဝင္ထိုင္လိုက္ကာ သူ႕ကိုေမးလိုက္ေလသည္။
"သခင္ယင္..ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ေလးေလးနက္နက္နဲ႕ေျဖေပးေနာ္.. ခင္ဗ်ား ကြၽန္ေတာ့္ကို ဘယ္အခ်ိန္ထိ ခ်စ္ေနမယ္လို႔ ခင္ဗ်ားထင္လဲ"

ယင္က်င္းရဲ႕ "..."

ဒါက ေျဖဖို႔ခက္လြန္းတဲ့ေမးခြန္းျဖစ္၏။ သူ အထက္ဘုံတက္လွမ္းနိုင္မွာလားဆိုတဲ့ ေမးခြန္းထက္ ပိုခက္ေလသည္။

"ေျဖဖို႔ခက္လို႔လား"

ယင္က်င္းရဲ႕ တစ္ခဏေလာက္ အေလးအနက္စဥ္းစားေနၿပီးမွ ေမးလာသည္။
"ကိုယ္ေျဖကိုေျဖရမွာလား"

"အင္း"
႐ုန္ယိ သူ႕ခံစားခ်က္ေတြကိုမေဖာ္ျပတတ္တဲ့ ဒီလူက သူ႕ကိုဘယ္လိုျပန္ေျဖလာမလဲဆိုတာ နားေထာင္ၾကည့္ခ်င္သည္။

"ကိုယ္ ရက္တစ္ရက္ေရာက္တဲ့ထိ မင္းကိုခ်စ္ေနမွာပါ...."
ယင္က်င္းရဲ႕ တမင္သက္သက္ သူ႕ကို မခ်င့္မရဲျဖစ္ေအာင္ ဆက္မေျပာဘဲ စလိုက္သည္။

"ဆက္ေျပာေလ...ဘယ္ရက္လဲ"

ယင္က်င္းရဲ႕ ႏႈတ္ခမ္းစြန္းေတြ အသာေကြးသြားကာ
"မနက္ျဖန္ထိ"

"အာ!"
ထိုစကားၾကားတဲ့အခါ ႐ုန္ယိမွာ မသိစိတ္အရ သူစေနာက္ခံေနရတယ္လို႔ ခံစားလိုက္ရ၏။ ဘယ္လိုဘဲေျပာေျပာ ၿပီးခဲ့တဲ့ရက္ကမွ သူ႕အေပၚ ခံစားခ်က္ေတြဝန္ခံထားခဲ့တာကို ဘယ္လိုလုပ္ၿပီး ဒီေလာက္အျမန္ႀကီး ခံစားခ်က္ေတြေပ်ာက္ပ်က္သြားပါ့မလဲ။

ထို႔ေနာက္ ထပ္ခါထပ္ခါေတြးၾကည့္ေနရင္းနဲ႕မွ ေျပာေျပာေနၾကေလ့ရွိတဲ့ စကားတစ္ခြန္းကို သတိရသြားသည္။ မနက္ျဖန္ၿပီးရင္ မနက္ျဖန္ရွိတယ္ဆိုတဲ့စကားပင္။ ဒါဆို မနက္ျဖန္ေပါင္း ဘယ္ေလာက္ေတာင္ရွိလိမ့္နည္းလဲ..။ ေျပာရမယ္ဆို မနက္ျဖန္ၿပီးရင္ မနက္ျဖန္ရွိေပသည္။

သူအေျဖကို ပုံမွန္အတိုင္းေျဖေပးလိုက္လို႔မရဘူးလား...

"အေျဖေကာင္းဘဲ.. မနက္ျဖန္မွာ အဆုံးသတ္သြားတာလည္းျဖစ္နိုင္သလို... ေနာက္ထပ္ မနက္ျဖန္ ၊ အဆုံးမရွိတဲ့မနက္ျဖန္ေတြအထိလည္း ၾကာရွည္သြားနိုင္တယ္"

႐ုန္ယိ ယင္က်င္းရဲ႕ ႏႈတ္ခမ္းကို ေပ်ာ္ျမဴးစြာ လွမ္းနမ္းလိုက္သည္။

"အဟမ္း!"
႐ုတ္တရက္ တံခါးဝမွ ေခ်ာင္းဟန့္သံထြက္လာေလသည္။

႐ုန္ယိနဲ႕ယင္က်င္းရဲ႕တို႔ လွည့္ၾကည့္လိုက္တဲ့အခါ ယင္ယန္ကို ေတြ႕လိုက္ရသည္။

ယင္က်င္းရဲ႕မ်က္ႏွာထက္က အၿပဳံးကိုျမင္လိုက္ရတဲ့အခါ ယင္ယန္မွာ စိတ္ထဲ သက္ျပင္းမခ်ဘဲမေနနိုင္ေတာ့။ ႐ုန္ယိတစ္ေယာက္တည္းသာ သူတို႔သခင္ကို ဒီလိုေပ်ာ္႐ႊင္စြာၿပဳံးနိုင္အာင္ လုပ္နိုင္ေလသည္။ သူတို႔ေရွ႕ဆို သူတို႔က သူ႕ရဲ႕ရန္သူေတာ္ေတြအတိုင္း သူတို႔သခင္ရဲ႕မ်က္ႏွာက အၿမဲတမ္း ေအးစက္ၿပီး စကားတစ္ခြန္းမွမဆိုေပ။

ဒါေပမဲ့လည္း သူတို႔သခင္သာ ႐ုန္ယိကိုၾကည့္သလိုမ်ိဳး သူတို႔ကိုၾကည့္လာခဲ့ရင္လည္း သူတို႔ခံနိုင္ရည္ရွိမွာမဟုတ္ေလာက္ေပ။

႐ုန္ယိ ယင္က်င္းရဲ႕ပုခုံးကိုအသာပုတ္ကာ ေျပာလိုက္သည္။
"ခင္ဗ်ားတို႔ႏွစ္ေယာက္ စကားေျပာၾကေလ"

သူႏွောင့္ယွက္လိုက္တာကို မေက်မနပ္ျဖစ္သြားပုံေပၚတဲ့ ယင္က်င္းရဲ႕ေၾကာင့္ ယင္ယန္ အျမန္ေျပာလိုက္ရသည္။
"သခင္ေလး႐ုန္.. ကြၽန္ေတာ္ စကားေလးနည္းနည္းဘဲလာေျပာတာပါ.. ေျပာၿပီးတာနဲ႕ ခ်က္ခ်င္းျပန္မွာပါ"

ယင္က်င္းရဲ႕ ေမးလိုက္၏။
"ဘာကိစၥလဲ"

"ဒီရက္ပိုင္း က်င့္ႀကံျခင္းေလာကထဲ ေကာလာဟလတစ္ခုျပန့္ေနပါတယ္.. ေျပာၾကတာက ရတနာႀကီးတစ္ခု ေပပနယ္ေျမမွာ ေပၚလာလိမ့္မယ္တဲ့.. ဒါေၾကာင့္မလို႔ တစ္ျခားနယ္ေျမႀကီးငါးခုက က်င့္ႀကံသူအေတာ္မ်ားမ်ား ေရာက္လာၾကတယ္.. အခု ကြၽန္ေတာ္တို႔ေကြးလင္ၿမိဳ႕ရဲ႕ လမ္းေတြမွာ က်င့္ႀကံသူေတာ္ေတာ္မ်ားမ်ား ေတြ႕ေနရၿပီး ရတနာအေၾကာင္း စုံစမ္းေနၾကပါတယ္"

"ရတနာႀကီး"
႐ုန္ယိ သိခ်င္စိတ္နဲ႕ ေမးၾကည့္လိုက္သည္။
"သတင္းကို ဘယ္သူျဖန့္လိုက္တာလဲေရာ သိလား... ဘယ္လိုရတနာလဲဆိုတာေရာ ေျပာၾကေသးလား"

"ကြၽန္ေတာ္တို႔ စုံစမ္းခဲ့ၾကည့္ၾကေသးေပမယ့္ မရခဲ့ပါဘူး..အခု လူတိုင္း ရတနာႀကီးဆိုတာ နတ္ဘုရားတစ္ပါးခ်န္ခဲ့တဲ့ လွ်ို႔ဝွက္နယ္ေျမ ဟုတ္မဟုတ္ စုံစမ္းေနၾကပါတယ္"

"ဘာ!.. အကယ္၍ နတ္ဘုရားတစ္ပါးခ်န္ခဲ့တဲ့ လွ်ို႔ဝွက္နယ္ေျမသာဆိုရင္ေတာ့ တစ္ကယ့္ရတနာႀကီးဘဲေပါ့..ၿပီးေတာ့ နတ္ဘုရားတစ္ပါးရဲ႕ ဉာဏ္အလင္းပြင့္မႈကိုသာ ရနိုင္ခဲ့ရင္ အထက္ဘုံကိုတက္လွမ္းနိုင္မဲ့ အခြင့္အေရးေတာင္ရနိုင္တယ္"

ယင္က်င္းရဲ႕ အေရးမထားဟန္နဲ႕ဆိုလာသည္။
"အကယ္၍ နတ္ဘုရားတစ္ပါးခ်န္ခဲ့တဲ့ လွ်ို႔ဝွက္နယ္ေျမသာဆိုရင္ ကိုယ္တို႔ လုံးဝခံစားသိရွိနိုင္ၾကမွာမဟုတ္ဘူး"

"ဒီေတာ့ ခင္ဗ်ားဆိုလိုတာက တစ္ေယာက္ေယာက္က သတင္းအမွားကို တမင္သက္သက္ျဖန့္လိုက္တာေပါ့"

"အင္း"

"ရည္႐ြယ္ခ်က္ေရာ"

"..."
ယင္က်င္းရဲ႕လည္းဘဲ မသိေပ။

႐ုတ္တရက္ အျပင္ဘက္မွ ေပါက္ကြဲသံအက်ယ္ႀကီး ၾကားလိုက္ရသည္။

ယင္က်င္းရဲ႕ ခ်က္ခ်င္းဘဲ သူ႕ဝိညာဥ္အာ႐ုံကို အျပင္ဘက္ပို႔ကာ စစ္ေဆးၾကည့္လိုက္သည္။
"လမ္းမွန္က်င့္ႀကံသူေတြက တစ္ေဆက်င့္ႀကံသူေဆြ မိစ္ဆာက်င့္ႀကံသူေတြနဲ႕ တိုက္ခိုက္ေနၾကတာ"

လမ္းမွန္က်င့္ႀကံသူေတြ ေပပနယ္ေျမကို လာတာက ရွားပါးလွကာ လာတယ္ဆိုရင္ေတာင္မွ တစ္ေဆက်င့္ႀကံသူေတြနဲ႕ မိစ္ဆာက်င့္ႀကံသူေတြကို ေရွာင္ဖို႔ႀကိဳးစားေလ့ရွိသည္။

႐ုန္ယိ ေမးလိုက္သည္။
"ကြၽန္ေတာ္တို႔ ဝင္ပါလိုက္သင့္လား"

"မလိုေသးဘူး"
ေကြးလင္ၿမိဳ႕ရဲ႕သခင္ဆိုတာက ရာထူးသေကၤတတစ္ခုသာျဖစ္တာေၾကာင့္ တစ္ျခားၿမိဳ႕သခင္ေတြလိုမ်ိဳး ၿမိဳ႕တြင္းေအးခ်မ္းတည္ၿငိမ္ေရးကို ထိန္းသိမ္းရန္မလိုေပ။
"ဒါေပမဲ့ အကယ္၍ သူတို႔သာ တိုက္ခိုက္ခ်င္တယ္ဆိုရင္ ေကြးလင္ၿမိဳ႕ျပင္မွာ သြားတိုက္ခိုက္ခိုင္းလိုက္"

ယင္က်င္းရဲ႕ သူ႕ၿမိဳ႕ကိုေတာ့ အပ်က္အစီးပုံႀကီးျဖစ္သြားမွာမ်ိဳး မျမင္ခ်င္ပါေပ။

သူ႕အမိန့္ထုတ္ျပန္လိုက္တာနဲ႕ ထို လမ္းမွန္က်င့္ႀကံသူေတြ ၊ တစ္ေဆက်င့္ႀကံသူေတြနဲ႕ မိစ္ဆာက်င့္ႀကံသူေတြမွာ ေနာက္ထပ္ မတိုက္ခိုက္ရဲၾကေတာ့။ သို႔ေသာ္လည္း ပိုပိုၿပီးမ်ားျပားတဲ့ က်င့္ႀကံသူေတြမွာ ဒီေနရာမွာ စုစည္းလာၾကသည္။ ၿပီးခဲ့တဲ့ႏွစ္တစ္ေသာင္းအတြင္း ေပပနယ္ေျမမွာ ယခုေလာက္ ဘယ္တုန္းကမွ မစည္ကားခဲ့ဖူးေပ။ အခုေတာ့ အင္အားစုေတြအကုန္လုံး ဒီမွာ လာစုစည္းေနၾကေလသည္။

ခ်ီမိသားစုရဲ႕အႀကီးအကဲေတြေတာင္မွဘဲ တပည့္ငယ္သားေတြေခၚကာ ေရာက္လာၾကသည္။

ခ်ီလန္မွာလည္း သတင္းရလိုက္တာေၾကာင့္ ၿခံဝန္းထဲကေနထြက္လာတဲ့အခါ ကိုရင္ေလးနဲ႕အတူကစားေပးေနတဲ့ ႐ုန္ယိကိုေတြ႕လိုက္ၿပီး မ်က္ႏွာမည္းေမွာင္သြားသည္။ ႐ုန္ယိရဲ႕ၿပဳံးေနတဲ့မ်က္ႏွာေပၚ သူ႕အၾကည့္က်ေရာက္သြားၿပီးေနာက္ ေအးစက္စြာႏွာေခါင္းရႈံ႕လိုက္ၿပီး ထြက္သြားေတာ့သည္။

႐ုန္ယိ သူ႕ေက်ာျပင္ဘက္ကို လက္ခလယ္ေထာင္ျပလိုက္သည္။

ကိုရင္ေလးက ေမးလာ၏။
"ဒကာေလး႐ုန္..လက္ခလယ္ေထာင္ျပတာက ဘာကိုဆိုလိုတာလဲ"

"သူ႕ကိုအထင္ေသးတာေလ"

ကိုရင္ေလး "..."

႐ုန္ယိ သူ႕ရဲ႕ေတာက္ပေနတဲ့ေခါင္းေလးကို ပြတ္ေပးကာ ေျပာလိုက္သည္။
"ထူးဆန္းလိုက္တာ.. မင္းက ဘာလို႔ဆံပင္ေပါက္မလာတာလဲ.. ေမြးတည္းက ဆံပင္မေပါက္တာလား.. ဒါမွမဟုတ္ ဆံပင္ေပါက္လာတဲ့အခ်ိန္တိုင္း တစ္ေယာက္ေယာက္ကို ရိတ္ခိုင္းတာလား"

ကိုရင္ေလး "..."

"အတည္ေျပာတာ.. မင္းက ဘယ္ဗုဒၶဘုရားေက်ာင္းကလဲ..ငါတို႔ လူေတြလႊတ္ၿပီး ေဖာရွင္းဆိုတဲ့သူ အေၾကာင္းရွာၾကည့္ေပမဲ့ ဘာမွရွာမေတြ႕ခဲ့ဘူး.. အကယ္၍မ်ား မင္းဘယ္ကဆိုတာ ငါတို႔ရွာမေတြ႕ေသးဘူးဆိုရင္...."
႐ုန္ယိ ေတြးေတာေနဟန္ျပဳကာ သူ႕ကို စလိုက္သည္။
"ဒါဆို မင္းဒီမွာဘဲေနၿပီး ငါ့ရဲ႕ အနာဂတ္အမ်ိဳးသားေခြၽးမေလးလုပ္ေတာ့...ဟားဟား.."

ကိုရင္ေလးမွာ ေတာင့္တင္းသြားေလသည္။

သိခ်င္စိတ္နဲ႕အတူ ယင္ေထာင္က ႐ုန္ယိလက္ေမာင္းေတြၾကားေျပးဝင္လာကာ ေမးလာေလသည္။
"ေဖေဖ... အမ်ိဳးသားေခြၽးမဆိုတာ ဘာႀကီးလဲဟင္"

"ငါေပါက္ကရေတြေလွ်ာက္ေျပာေနတာ... အတည္ႀကီးေတြမွတ္မေနၾကနဲ႕"
႐ုန္ယိ သူ႕ကို တြန္းထုတ္လိုက္ၿပီး
"သြား..သြား..သြား..သြားၿပီး မင္းညီအစ္ကိုေတြနဲ႕သြားကစားေတာ့"

ေရွာင္ယင္ေထာင္က ေခၚလိုက္သည္။
"ကတုံးညီေလး... သြားကစားၾကမယ္ေလ"

ဒါေပမဲ့ ကိုရင္ေလးက ေနရာမွာတင္ရပ္ေနဆဲျဖစ္ကာ ႐ုန္ယိကို ၾကည့္လိုက္သည္။
"ဒကာေလး႐ုန္"

"ဘာလို႔လဲ.. မင္း ဘယ္ဘုံေက်ာင္းကလဲဆိုတာ သတိရသြားၿပီလား"

"ဒကာေလး႐ုန္...ဒီရက္ပိုင္း.. တစ္ကယ္ဘဲ ၿငိမ္းခ်မ္းမွာမဟုတ္ဘူး"

ကိုရင္ေလး ထိုသို႔ေျပာလိုက္တဲ့အခိုက္ ႐ုန္ယိမွာ တစ္ကယ့္အ႐ြယ္ေရာက္ၿပီးသား ဘုန္းႀကီးတစ္ပါး သူ႕ေရွ႕ရပ္ေနတာကို ျမင္ေတြ႕လိုက္ရသလိုခံစားလိုက္ရ၏။ အေလးအနက္ရွိၿပီး တည္ၿငိမ္ကာ အနာဂတ္မွာျဖစ္လာမဲ့အရာအားလုံးကို ခန့္မွန္းသိရွိေနပုံပင္။

႐ုန္ယိ ေနရာမွာတင္ အနည္းငယ္ေအးခဲသြားရ၏။
"ဟုတ္တယ္.. ရတနာအတြက္ တစ္ျခားနယ္ေျမငါးခုလုံးက က်င့္ႀကံသူေတြ ဒီကိုေရာက္လာၾကတယ္.. ၿပီးေတာ့ အဲ့က်င့္ႀကံသူေတြက အၿမဲတမ္း အဲ့ရတနာအတြက္ တိုက္ခိုက္ေနၾကတာ.. သူတို႔အကုန္လုံးက ရတနာက သူတို႔နဲ႕ဘဲဆိုင္တယ္လို႔ ေတြးေနၾကတယ္ေလ"

"ဘာရတနာမွမရွိဘူး"
ကိုရင္ေလးက တိကိေသခ်ာတဲ့ေလသံနဲ႕ ျပန္ေျပာလာသည္။

"က်င္းရဲ႕လည္း အဲ့လိုဘဲေျပာတယ္.. ဒါေပမဲ့ ဒီသတင္းအမွားေတြကို ဘယ္သူျဖန့္လိုက္လဲဆိုတာ ငါတို႔ အခုထိမသိေသးဘူး... ၿပီးေတာ့ သူ႕ရည္႐ြယ္ခ်က္ေရာဘဲ"

ကိုရင္ေလးက ဘာမွဆက္မေျပာလာေတာ့ဘဲ မ်က္ႏွာေလးက အုံ႕မွိုင္းသြားသည္။

႐ုန္ယိ သူ႕ရဲ႕ ေခါင္းေလးကို ပြတ္ေပးလိုက္ကာ
"မင္းကေလ တစ္ကယ့္ကိုလူႀကီးေလးက်ေနတာဘဲ"

ကိုရင္ေလးက သူ႕ကို တိတ္တဆိတ္သာၾကည့္ေနၿပီး ဘာမွျပန္ေျပာမလာေပ။

႐ုန္ယိ သူ႕ရဲ႕ တည္ၿငိမ္ၿပီး ပညာဉာဏ္ျပည့္ဝသူတစ္ေယာက္ရဲ႕ ခိုင္ၾကည္မႈေတြ ျပည့္ႏွက္ေနတဲ့ မ်က္လုံးေတြအတြင္းကို ၾကည့္လိုက္ၿပီးေနာက္ ျဖည္းျဖည္းခ်င္း သူ႕အၿပဳံးကို႐ုတ္သိမ္းလိုက္ကာ ကိုရင္ေလးကို ေပါင္ေပၚတင္ၿပီး မ်က္စိေမွးစင္းကာ ၾကည့္လိုက္သည္။ အ႐ူးေတာင္မွ ဒီကိုရင္ေလးက သာမန္ကေလးမဟုတ္မွန္း ျမင္ေတြ႕နိုင္ေလသည္။

သူ ေလးေလးနက္နက္နဲ႕ ေျပာလိုက္၏။
"ေဖာရွင္း... မင္းရဲ႕ စကားေတြ အျပဳအမူေတြကို ၾကည့္မယ္ဆိုရင္ ကေလးတစ္ေယာက္က ဘယ္ေလာက္ဘဲ ရင့္က်က္ေနပါေစ.. သူ႕အတြက္ ဒီလို တည္တည္ၿငိမ္ၿငိမ္နဲ႕ လူႀကီးတစ္ေယာက္လိုျပဳမူဖို႔ဆိုတာက မျဖစ္နိုင္ဘူး.. ရိုးရိုးသားသားေျပာ မင္းကဘယ္သူလဲ.. ဘာလို႔ ငါတို႔နဲ႕ အတူရွိေနရတာလဲ.. မင္းက တစ္ကယ့္ကို ဘာေလးလဲ"

*******
12.4.2024

Comment