အပိုင်း ( ၄ )

ဟန်ဟန်အတွက် ocean လေးသွားရမှာဆိုပေမယ့် တီချယ့်ရှေ့မှာတော့ လှချင်ပါသည်။ သို့သော် ဟန်ဟန်က လွတ်လွတ်လပ်လပ်
နေရတာကြိုက်တော့ အဝတ်အစားဆိုလည်း ပေါ့ပေါ့ပါးပါးဖြစ်မဲ့ ရှပ်အကျီ၊ တီရှပ်နဲ့ ဂျင်းဘောင်းဘီတွေသာ အဝတ်များသည်။ ဂါဝန်တွေ ၊ စကပ်တွေဆိုတာ ဟန်ဟန်မှာ တစ်ထည်မှမရှိ၊မြန်မာဝမ်းဆပ်ဆိုလျှင် ကျောင်းဝတ်စုံမှလွဲရင် တစ်ထည်သာရှိသည်။
ဒါတောင် မေမေက သူ့မွေးနေ့ ဘုရားသွားတုန်း ဝတ်ဖို့ဝယ်ပေးထားတာသာရှိသည်။ ဟန်ဟန်လဲ အဲ့တစ်ကြိမ်မှလွဲ၍ မဝတ်ဖြစ်ပေ။အဖြူရောင် တီရှပ်ပြောင်လေးနဲ့ မိုးပြာရောင် ဂျင်းဘောင်းဘီလေးကို တွဲဝတ်လိုက်သည်။ ပြီးနောက် အမဲရောင် ရှပ်အကျီအဆင်းလေးကို အပေါ်မှ ထပ်လိုက်သည်။ ဟန်ဟန် ဆံပင်တွေကိုချထားလိုက်ပြီး အပြာရောင် စပလိန်ခေါင်းစည်းကြိုးလေးကိုတော့ လိုလိုမယ်မယ် လက်တွင်ပတ်ထားလိုက်သည်။ ကိုယ်လုံးပေါ်မှန်လေးတွင် တစ်ပတ်လှည့် ကြည့်လိုက်သေးသည်။ဒီလောက်ဆို
ပြည့်စုံပြီမလား....

ဟန်ဟန်ဆင်းလာတော့ တီချယ်ကဟန်ဟန်ကို တစ်ချက်သာ
ကြည့်ပြီး အရှေ့ကနေသွားသည်၊

"ပြီးရင်လဲ သွားမယ် မင်းကိုစောင့်နေရတာ တော်တော်ကြာနေပြီ
ငါစိတ်မရှည်တတ်တာ မင်းမသိဘူးလား"

"ဟုတ်ကဲ့ တီချယ်စောင့်နေရလို့ အားနာပါတယ် ဟန်ဟန် ရေချိုးတာ နည်းနည်းကြာသွားလို့ပါ "
တီချယ့်ရှေ့မှာ လှချင်လို့ အလှပြင်နေတာတော့ မပြောဖြစ်တော့...

"အင်း..ဟေ့! မင်း ရှေ့ခန်းမှာထိုင်လေ ဒီမယ် ! ငါ မင်းရဲ့
ဒါရိုက်ဘာ မဟုတ်ဘူးနော် "

" ဟုတ်ကဲ့ တီချယ်..."

"ခါးပတ်ပတ်လေ ငါဒါတွေပါလိုက် ပြောရမှာလားပြော"

" ဟုတ်ကဲ့ တီချယ် ...."
တီချယ်ဟာလေ သူ့ကိုဆို စကားတွေရင့်ရင့်သီးသီးပြောရတာကြိုက်သည် ထင်သည်။ငိုချင်စိတ်တောင် ပေါက်လာပြီ
ဒီအမျိုးသမီး ဘုဂလန့်ပဲ ပြောတက်တာလား၊မစဥ်းစားတက်တော့တာ အမှန်ပင်...

နွယ်ကားမောင်းနေရင်း က ကလေးမဘက် လှည့်ကြည့်မိတော့ မျက်လုံးလေးမှာ မျက်ရည်ကြည်လေးတွေ စို့နေပြီ. ၊ ဟင်း..ဒီကလေးမဟာ နည်းနည်းလေးပြောလိုက်ရင်ကို မျက်ရည်လေးဝဲချင်လာပြီ။ နွယ်ဟာ ပျော့ပျော့ညံညံတွေဆို ဝေးဝေးရှောင်ချင်သည်။ဒီကောင်မလေးကတော့ နွယ့်အတွက် ချွင်းချက်ဖြစ်နိုင်လိမ့်မည်။ ဒီကလေးမလေးက အရပ်ရှည်ရှည်လေးနဲ့ ဝတ်ထားတဲ့စတိုင်လေးဟာ လိုက်ဖတ်ညီစွာ ၊ ပါးဖောငိးဖောင်းလေးကို ညစ်လိုက်ရင် ဖြူဖြူဖွေးဖွေးပါးလေးက ရဲသွားမလားပင်... နွယ်မျက်လုံးထဲတွင်တော့ တကယ့်ချစ်မွှေးလေးပင်။သို့သော် နွယ်ကို
ကလေးက ရှိန်နေရမည်မလား၊ နွယ်နဲ့ အတူနေတယ်ဆိုပြီး နွယ့်ကို ကလေးက မလေးစား မှာနွယ် မလိုလားသည်ပင်၊ ကလေးတွေက ရောရင် ပေါတတ်သည်မလား.....

******************************

စျေးတွေ အကုန်ဝယ်ပြီးသွားတော့ ဟန်ဟန် တော်တော်ညောင်း
လာသည်မလား ...ဗိုက်လဲတော်တော်ဆာလာသည်ပင် ဗိုက်ထဲမှာစစ်တိုက်နေသလားပင် အောင်းမေ့ရပါသည်။တွန်းလှည်းနဲ့မို့ ဟန်ဟန်အထုပ်တွေမဆွဲရပေမယ့် oceanတစ်ခုလုံးပတ်နေတာဟာ ဟန်ဟန်မမှားဘူးဆိုရင် ၃ခေါက်၄ခေါက်လောက် ရှိမည်ထင်သည်။တီချယ်ပြောတော့ ခဏလေးဆို...

" ဂွီ.. "

" ဟားဟား မင်းဗိုက်ဆာနေပြီလား တို့ပတ်တာများသွားတယ် sorry တို့ဒါတွေသွားရှင်းလိုက်ဦးမယ် မင်းဟိုနားမှာ
သွားထိုင်စောင့်နေ..."
ပြုံးပြီးရယ်နေတာက ကလေးလေးလိုပင်....တီချယ်လက်ညိုး ညွှန်တဲ့နေရာကိုကြည့်လိုက်တော့ ထိုင်လို့ရတဲ့ ခုံသေးသေးလေး ၊ လူနှစ်ယောက်တော့ ကောင်းကောင်းထိုင်လို့ရသည်။

****************
အပြင်ရောက်တော့...

" ဟေ့ ဒီမယ်! မင်းဘာစားမှာလဲ.."

" နွေ ဘာဖြစ်ဖြစ် စားတက်ပါတယ် တီချယ်...."

" အင်း..ငါကတော့ ဟိုနားကဆိုင်မှာစားချင်တာ..."
တီချယ်ကြည့်တဲ့နေရာကို ကြည့်လိုက်တော့ အထမ်းသည်လေးပင်..ဦးလေးကြီးက အသုတ်တွေထိုင်သုတ်နေတာ တွေ့ရသည်။ ဟန်ဟန်တော့ တစ်ခါမှ မစားဖူးပါ၊ မေမေက အဲ့လိုဆိုင်တွေမစားဖို့ ခဏခဏပြောသည်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်တက်သည်တဲ့လေ..."

" လာ သွားစားရအောင်... ငါလဲဗိုက်ဆာနေပြီ "
တီချယ်ဟာ ထူးဆန်းလွန်းသည်မလား၊ တီချယ်လိုလူတစ်ယောက်က ဒီလိုဆိုင်တွေမှာ စားတက်တာ တကယ့်ကို အံသြရပါသည်။ လက်ကိုဆွဲပြီး ခေါ်သွားလိုက်တာ မသိရင် တရားခံကိုခေါ်သွား
ရဲတစ်ယောက်လိုလိုပင်....

*****************
ဆိုင်ရောက်တော့....

" ဟေ့ ဒီမယ်! မင်းဘာစားမှာလဲ ငါဘာမှာပေးရမလဲ"

" တီချယ် မှာတာကိုပဲ နွေကို မှာပေးပါ "

"အင်း.. ဦးလေး ကျွန်မကို ကြာဇံသုတ်နှစ်ပွဲပေးပါ၊ ပြီးတော့
တို့ဖူးသုတ်တစ်ပွဲပါ သုတ်ပေးပါ"

" တီချယ်..." တီချယ်ကိုတိုးတိုးလေးကပ်ပြောရသည်

" အင်း "

" နွေကို အစပ်နဲ့အငံမထည့်ဖို့ ပြောပေးပါလားဟင် "

" အာ့ဆို ဘယ်လိုလုပ်ချဥ်ငံစပ်ဖြစ်တော့မလဲ စားမကောင်းလောက်ဘူးနော်"

"လုပ်ပါ တီချယ်ရယ်..နွေအစပ်မစားနိုင်လောက်ဘူးရယ်..."

" ....., "

" ဦးလေး တစ်ပွဲကို အစပ်နဲ့အငံ ထည့်မသုတ်နဲ့ နောက်တစ်ပွဲကတော့ ပုံမှန်ပဲပေးပါ တို့ဖူးသုတ်ကိုလဲ အစပ်မထည့်နဲ့တော့..."

" အေးပါကွယ်..."

*************
မှာထားတာတွေရလာတော့ ဟန်ဟန် လက်တွန့်မိသည်မှာ အမှန်....

"ဟေ့ မင်းမစားသေးဘူးလား အဆင်မပြေလို့လား မင်းကြာဇံသုတ်ပန်းကန်ကို ငူငူကြီးကမဌာန်း ရှုမလို့လား တို့ဖူးသုတ်တောင်မင်းစားလို့ရအောင်အစပ်မထည့်ထားဘူး စားကြည့်....တို့ ရေနွေးငှဲ့ပေးထားတယ်"

" ဟုတ်ကဲ့တီချယ် "
စားကြည့်တော့လဲ မဆိုးသလိုလိုပင်...စားကောင်းသည်ပြောရမလား တစ်လုပ်ပြီးတစ်လုပ် ဆက်ခါဆက်ခါစားမိနေသည်အထိပင်....

" ကောင်းတယ်မလား ဟင်းခါးးလေးသောက် ..ပူတယ်ဖြေးဖြေးတော့သောက်ပေါ့.... "

" ဟုတ်ကဲ့ တီချယ်"
ဟင်းခါးလေးကို နှုတ်ခမ်းဖျားလေးနဲ့ ဖြေးဖြေးချင်းမှုတ်ပြီးသောက်နေပုံ၊ နားထင်စပ်ကချွေးစို့စို့လေးကို တစ်ရှုးလေးနဲ့ သုပ်နေပုံတို့က အရမ်းကို ဂန္တဝင် ဆန်လှသည်ပြောရမလား ဟန်ဟန်ကမ္ဘာကြီးကို ရပ်ထားချင်သည်အထိပင်...."

"ဝေ့ မင်းကုန်ရင်လည်း သွားမယ်ကွယ်...ထတော့ တကယ်တည်းငေးငေးငိုင်ငိုင်နဲ့...."

" ဟုတ်ကဲ့ တီချယ် "
ဟန်ဟန်ထရင်းကားလမ်းဘက်ကိုအကြည့်.....

" ဟင်..ဖေ..ဖေဖေ. "

ဟုတ်ပါသည် ဖေဖေ ဟန်ဟန်ဖေဖေပင်၊ ကောင်မလေးတစ်ယောက်က ဖေဖေလက်ကိုချိတ်ထားသေးသည်။ ထိုကောင်မလေးမှာ ဟန်ဟန်အထင် အလွန်ဆုံးရှိ ဟန်ဟန်ထက် ၆နှစ်လောက်သာကြီးမည် ထင်တယ်။ ဝဲတက်လာတဲ့ မျက်ရည်တွေကို ခက်ချိန်ပင်မရလိုက် ပါးပြင်တစ်ခုလုံးမှာ စိုစွတ်လာတော့သည်။ ဖေဖေဟာ
မေမေ့နောက်ကွယ်တွင် ဖောက်ပြန်နေသည်လား၊ မေမေကော ဒီကိစ္စကိုသိရဲ့လား...၊ ဟန်ဟန်တို့သားအမိကို ထားခဲ့တော့မည်လား၊ အတွေးပေါင်းစုံက ဟန်ဟန်ကိုခြောက်ခြားစေသည်ပင်...
ခုဏက ကြည်နူးနေတဲ့အပျော်လေးတွေပင် ပျောက်ရှသွားတော့သည်။

" ဟေ့ ကလေး မင်းဘာလို့ဖြစ်လို့တုန်း.. ဘာလို့မျက်ရည်တွေကျနေတာတုန်းကွယ်.."

ထိုကလေးမကြည့်နေတဲ့နေရာကို အကြည့်..ဟမ် စည်သူ...
စည်သူမင်း ကို ကောင်မလေးတစ်ယောက်က လက်ချိတ်ထားပြီး စည်သူမင်းရဲ့မျက်နှာကလဲ ပြုံးရွှင်နေသည်။ဟမ်.. ဘာ..ဘာတွေ...ဘာလို...ဖြစ်သွားမှန်းမသိတော့..တစ်ချိန်ကချစ်လှပါသည်ဆိုတဲ့ စည်သူမင်းရဲ့ပုံစံတွေဟာ အနှေးပြကွက်တစ်ခုလိုမျက်လုံးထဲဝင်လာတော့သည်.....ကလေးမလေးကတော့ မမြင်သင့်တာတွေ မြင်သွားချေပြီ ၊ ဒီကလေးမလေးကို ocean သွားဖို့ခေါ်လာမိတဲ့
နွယ့်အပြစ်လား ဒါမှဟုတ် တိုက်ဆိုင်လွန်းအောင် ဖန်တီးတဲ့
ကံကြမ္ပာရဲ့အပြစ် လား မသိတော့ပေ..
**************
ကားပေါ်ရောက်တော့

" နွေ! "
ဟန်ဟန် လက်ကာပြီးတီချယ်ကိုတားလိုက်မိသည်။ဟန်ဟန်
အိမ်ပြန်ချင်တာပဲ သိတော့သည်။တစ်ယောက်ယောက်က နင့်အဖေက ဖောက်ပြန်နေတာလို့ လာပြောရင်ကော ဟန်ဟန်ဘယ်လိုလုပ်ရမလဲ...တီချယ်ကတော့ စိုးရိမ်နေတဲ့ မျက်ဝန်း​တွေနဲ့ နူးနူးညံညံလေးကြည့်လာသည်။ တီချယ့်ရဲ့မျက်ဝန်းတွေမှာ သနားနေတဲ့
အနွေးဓာတ်ကလေးတွေ တွေ့ရသည်။သို့သော်ဟန်ဟန် ကိုယ်တိုင်အချိန်ယူရဦးမည်မလား၊ ဟန်ဟန် ဆက်ဖြစ်လာတဲ့ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားရမည်လေ...မေမေမသိပါစေနဲ့လို့သာ ဆုတောင်းရတော့မည်၊ မဟုတ်ရင် ဟန်ဟန်တို့မိသားစုပြိုကွဲသွားမလားမပြောတတ်....

"တီချယ်နွေ့ကို အိမ်အရင်ပို့ပေးနိုင်မလား၊ ပြီးတော့ တီချယ်ကို
တောင်းဆိုပါရစေ ဒီကိစ္စမေမေကို လုံးဝပြန်မပြောပါနဲ့နော်၊ အနှေးနဲ့အမြန်သိလာနိုင်တယ်ဆိုပေမယ့် ဟန်ဟန်သိနေတာကို မေမေမသိပါစေနဲ့ နော် အခု​နွေနဲ့တီချယ် ဒီကိစ္စကိုမတွေ့ခဲ့မမြင်ခဲ့သလိုပဲ သဘောထားကြရအောင်လေနော်..."

" အင်းပါ ကလေးရယ် မင်းငိုချင်ရင်ငိုချလိုက်ပါ တို့မင်းဘေးမှာရှိနေပါ့မယ်ကွယ်...တို့ပုခုံးကိုမင်းအတွက် တို့ဌားပေးပါ့မယ် ကလေးလေးရယ်....."

"တီ..တီချယ် ဖေ..ဖေဖေက နွေတို့ကို ထား...ထားခဲ့တော့မယ်.ထင်..တယ် ဟင့်!..ဟင့်!..."

"တို့ မင်းအတွက်..စိတ်မကောင်းလိုက်တာ..ကလေးလေးရယ်...."

" ဟင့်..ဟင့်..."

တီချယ်ပခုံးသေးသေးလေးထဲခိုဝင်ပြီး ဟန်ဟန်ငိုနေသည်မှာ အချိန်တော်ကြာသည်အထိ မတိတ်နိုင်သေးပင်...ချော့တဲ့ကလေးက ပိုငိုတက်တယ်ဆိုရမလားလေ၊ ဟန်ဟန်ရဲ့မျက်ရည်စက်များကြောင့် တီချယ်ရဲ့အစိမ်းရင့်ရောင် ချင်းဝမ်းဆပ်ကလေးဟာ မျက်ရည်ကွက်များ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ပင်...ပြည့်နှပ်နေပေသည်....

" ကြောင်ချီးရုပ်လေး တိတ်တော့ကွယ် မျက်လုံးတွေနာနေပါ့မယ်
ကလေးရယ်...."

"ဟာ..တီချယ်နော်..ဘာ..ဘာကို..ကြောင်ချီးရုပ်လေးလဲ...သူများကိုနော်"

"ဟား ဟား မင်းမျက်နှာကို မှန်ထဲပြန်ကြည့်ပါဦး ကြောင်ချီးရုပ်ကလေးဖြစ်နေပြီကွ "

ဟာ.. ကားနောက်ကြည့်မှန်ကို ဟန်ဟန်ဘက်ယူကြည့်မိတော့
တီချယ်ပြောတာ မမှားပင် တကယ် ကြောင်ချီးရုပ်ပေါက်နေသည်မလား ၊ ကျစ်! တီချယ်ရှေ့မှာလှချင်ပါသည်ဆိုမှ..၊တီချယ်ကို
ကြည့်လိုက်တော့လဲ ဟန်ဟန်မျက်ရည်ကွက်တွေဟာ ဟိုတစ်ကွက်ဒီတစ်ကွက် ပေပွနေသည်ပင် အားနာလိုက်တာ...

ဟန်ဟန်ကို တီချယ်လက်ညိုးလေးထိုးပြပြီး..

" နွေ အားနာပါတယ် တီချယ်"

"အင်း မင်းအားနာသင့်တယ် တို့အကျီတွေ မင်းကြောင့် ပေပွသွားပြီ မင်း ဘာပြန်လုပ်ပေးမှာလဲ..ပြော.."

" ရှင်! တီချယ်ကို ဘာပြန်လုပ်ပေးရမှာလဲဟင်...အကျီပြန်လျှော်ပေးရမလားဟင်"

" No no! ပြန်လျှော်ပေးစရာတော့မလိုပါဘူး ဒါပေမဲ့ အလျောအနေနဲ့ မင်းရဲ့ဖောင်းနေတဲ့ပါးလေးကို ကိုက်ကြည့်ချင်သား..."

" ရှင်.."
တီချယ်ရဲ့ခပ်စူးစူးအကြည့်တို့က လူကို ရေနွေးနဲ့ပတ်ဖျန်းလိုက်သလို​ပင် နွေးခနဲ...."

" အ! "
ခွင့်တောင်းခြင်းလား အသိပေးခြင်းမလား မပြောတတ်၊သေချာတာတော့ အသိပေးခြင်းသာဖြစ်လိမ့်မည်.....

" မင်းပါးလေးက ကိုက်လို့ကောင်းသားပဲ ၊ အင်း မင်းရဲ့စားသမျှအစားတွေက ပါးထဲမှာ လာစုထားသလားပဲနော်.......

"........"

ဟန်ဟန် ကိုယ့်ပါးလေးကိုကိုင်ပြီး ရင်ခုန်နေမိသည်။ ဒီအရွယ်တွေက သစ်ရွက်ကလေးလှုပ်တာကိုပင် ရင်ခုန်နေကြတာမလား
ဟန်ဟန်လဲ အဲ့ဒီအထဲက တစ်ယောက်ဖြစ်မည်။ ဟန်ဟန် ကိုယ့်ရင်ခုန်သံကိုပင် ​ပြန်ကြားနေရသလိုလို..တီချယ်ကြားသွားမလားတောင် စိုးရွံနေမိတာအမှန်ပင်...

" ကဲ ဒါဆို ကားထွက်လို့ရပြီးလား ၊ ဒေါ်ကြောင်ချီးရုပ်လေးရှင့် "
တီချယ်က ဒီလိုတွေလဲနောက်တက်သေးသည်လား

" ဟာ! တီချယ်နော်...."

" ဟာဟား "
တီချယ်ရဲ့ရယ်သံတို့က တစ်ကားလုံးကို ဖုံးလွှမ်းသွားတော့သည်။
ခုဏကဘာမှမဖြစ်ခဲ့ကြသလိုပင်....

ဆက်ရန်
Fri, Jan 12

**************************

(မှတ်ချက်။ ။ အရေးအသားတစ်စုံတစ်ရာမကောင်းခဲ့ပါလျှင် ဝါသနာရှင်ရဲ့ညံဖျင်းမှုကြောင့်သာ၊ မည်သူမှ ထိခိုက်နစ်နာလိုခြင်း
မရှိပါ)















Comment