အပိုင်း ( ၁၀ )

အချိန်စက်ဝန်းကြီးက တစ်ရွေ့ရွေ့နဲ့ကုန်ဆုံးခဲ့တာ... ကျောင်းသားတွေရဲ့ အပျာ်ဆုံးအချိန်ကို ရောက်ရှိလာခဲ့သည်..ဘယ်သူတွေ ဘယ်လောက်ပျော် ပျော် ၊ အဲ့ဒီလူတွေထဲ ဟန်ဟန်တော့မပါဝင်ခဲ့....ဒီနေ့ပြီးရင် အိမ်ပြန်ရတော့မည်၊ တီချယ်နဲ့နေခဲ့တဲ့ အချိန်တိုအတွင်း အရမ်းကြီးတီချယ့်ဘက်က မရင်းနှီးခဲ့ပေမယ့် ဟန်ဟန်ကတော့ ရင်းရင်းနှီးနှီးနဲ့ကို နှလုံးသားတစ်ခု ပုံအပ်ထားခဲ့သည် ၊ တီချယ်ကတော့ တပည့်တွေထဲက တစ်ယောက်မို့ တပည့်တွေ အပေါ်မှာထားတဲ့ တန်းတူညီတူဆက်ဆံရေးမျိုးသာ ရှိခဲ့လောက်မည် ၊ အဲ့ဒီထက်တော့ ပိုမည်မထင်...

" ဟန်ဟန်....”

" အေး တွယ်တာ ပြောလေ....”

" ငါတို့စာမေးပွဲပြီးပြီဆိုတော့ ခရီးထွက်ရအောင်ကွယ်....”

" တွယ်တာရယ် ငါတို့ကို အိမ်ကလွှတ်ပါ့မလားဟ မေမေက မလွှတ်လောက်ဘူးနော်....”

"ဟာ နင်ကလဲ အဲ့ဒါဆို သူတို့ပါခေါ်မယ်လေ....”
နေးပါရင် ကောင်းမည်..နေးကို ဒီရက်ပိုင်းမတွေ့ရတာကြာပြီမလား စာမေးပွဲနဲ့မို့ ခုံတန်းလေးမှာ သွားထိုင်ပြီးမကြည့်ဖြစ်တော့ ၊ အလွမ်းတွေကို ထုပ်ပိုးထားခဲ့ရတာ....ပင်ပန်းလိုက်တာ..ဒီခရီးမှာ နေးပါရင်သိပ်ကောင်းမှာပဲကွယ်...

" အေးပါ ပြောကြည့်မယ်..နင်လဲ နင့်ဒေါ်လေးကိုခေါ်ခဲ့ပေါ့ ...”
ဟန်ဟန် အညိုရောင်လေးနဲ့ ရသမျှအချိန်တိုင်းမှာ အတူရှိချင်ပါတယ်...အညိုရောင်လေးရယ်..လွမ်းနေတော့မှာပဲကွယ်....

" အင်းပါ ဒေါ်လေးမပါရင်လည်း ငါတို့ ခရီးသွားလို့မရလောက်ဘူး ပါအောင်ခေါ်ခဲ့မှာ စိတ်ချ ဟိုမှာမေမေလာကြိုနေပြီသွားတော့မယ်နော်တာ့တာ ဟန်ဟန်...”

" အေး...”
တွယ်တာ ပြေးသွားတဲ့နေရာကိုကြည့်မိတော့ အမျိုးသမီးတစ်ယောက်ကားနားမှာရပ်နေသည် ၊ ဟိုတစ်ခေါက်မွေးနေ့ပွဲတုန်းက သေချာမတွေ့လိုက်ရပေမယ့် ဒီတစ်ခါတော့ သေချာကြည့်မိသည်၊ ဒီအမျိုးသမီးလဲ တော်တော် လှသည်၊တွယ်တာက သူအမေတူတာဖြစ်မည်၊ အခွင့်ကြုံရင် ဟန်ဟန် လူမမြင်ဘူးဘဲ အခုချိန်ထိမေ့လို့မရသေးဘဲ ခေါင်းထဲအမြဲရှိနေတဲ့ နာမည်နာမ တစ်ခုအကြောင်းကို မေးရဦးမည် ၊ ဒီအမျိုးသမီးတော့ အသေအချာ သိလောက်မည်လေ....

***************

လမ်းလျှောက်ရင်း တီချယ်အကြောင်းတွေကို စဥ်းစားနေမိသည်...တီချယ်ဟာ ဟန်ဟန် ချစ်နေတာကို လက်ခံပါ့မလား ဟန်ဟန် အချစ်ကိုယုံပါ့မလား ဟန်ဟန်ကကော စိတ်ကစားနေတာများလား စိတ်ကစားတာတော့မဖြစ်နိုင်ပါ စာသင်တိုင်း မျက်လုံးချင်းစုံမိရင်တောင် ရင်ထဲတစ်သိမ့်သိမ့်နဲ့... မတော်တစ်ဆ လက်ချင်းထိမိပြီဆိုရင် တစ်ကိုယ်လုံးကို ကျင်တက်သွားကာ ဓာတ်လိုက်သလိုလို ၊ ရှိန်းတိန်းတိန်းနဲ့ရယ် ၊သူများတွေကို ဟန်ဟန် ထက်
ဦးစားပေးရင် လုံးဝမကြိုက်..၊ ဘာကို စိတ်တိုလို့တိုမှန်းမသိ ၊ တီချယ်ကို မတွေ့ရရင် ရင်ထဲမှာ ဝမ်းနည်းလာသလိုလို ၊ လွမ်းလာသလိုလို ၊ တစ်နေကုန် နေလိုထိုင်လို့မကောင်းတော့ ၊ ဒါတွေအားလုံးကို စဥ်းစားကြည့်ရင် ဟန်ဟန်ဟာ တီချယ့်ကို သိပ်ချစ်နေပြီဆိုတာ အသေအချာပါပဲ....

" နွေ....”
ခေါ်သံကြောင့် နောက်လှည့်ကြည့်မိတော့ ခပ်ချောချော ကောင်လေးတစ်ယောက် အနားရောက်လာသည်...

" ဟင် ဟန်ဟန့်ကို သိတာလား.....”

" ဗျာ.. ကျွန်တော် က နွေတို့နဲ့ တစ်ခန်းထဲလေ...ကျွန်တော့်နာမည်
သော်တာထက် ပါဗျ..”

" ဟုတ်လား ဟန်ဟန်က အမှတ်တမဲ့ပဲမို့....”

" အင်း နွေ့အတွက် အမှတ်တမဲ့ပေမယ့် ကျွန်တော့်အတွက်တော့ အမှတ်တရတွေပါပဲ ...ကျွန်တော်နွေ့ကို အချိန်တွေအကြာကြီး ငေးကြည့်ခွင့်ရခဲ့တယ်လေ..ကျွန်တော် ....ကျွန်တော် က နွေ့ကို ချစ်..ချစ်နေတာကြာပါပြီ ...”

" ဟမ်....”

" ဟို...ဟို..ကျွန်တော်ပြောတာ စောသွားတယ်ထင်တယ်.....ဟာ..ဒီ..ဒီတိုင်း.. ဒီ..စာလေးယူပေးလို့ရမလားဟင်...”

" ဟာ..”

" ဟင်...”
သော်တာထက် ရဲ့လက်ထဲက စာလေးဟာ တစ်စစီ ပြဲသွားရတော့သည်၊ တီချယ်ပါလေ...တီချယ်ဟာ တစ်စစီကို ဆုပ်ဖြဲပစ်လိုက်သည်..

" ဟေ့ ! ဒီမယ် ! မင်းဒီမှာ ဘာလုပ်နေတာလဲ ကားပေါ်တက် ...”

တီချယ်က ဟန်ဟန်ကို လက်ညွှန်းထိုးပြီး ကားပေါ်တက်ခိုင်းသည်၊ တီချယ်ရဲ့ခပ်စိမ်းစိမ်းအကြည့်တွေဟာ ကြောက်စရာကောင်းလှပါသည်၊ ဒီခေတ်မှာ ဒီအရွယ် ရည်းစားထားတာ မထူးဆန်းတဲ့ကိစ္စကိုကွယ်.....

"ဆ..ဆရာမ ...ကျွန်တော့်ကို ခွင့်..ခွင့်ပြုပါဦးခင်ဗျ....”
သော်တာထက် ခေါင်းကိုသာ ငုံထားရသည် ကိုယ့်အတန်းပိုင်နဲ့မှ လာတွေ့ရတယ်လို့ ပြဲသွားတဲ့စာအိတ်ကလေးကိုကြည့်ပြီး မျက်ရည်တောင် ကျချင်လာသည် ဒါလေးကိုရေးဖို့အတွက် သူဘယ်လောက်ကြိုးစားထားရလဲ သူသာအသိပင် နွေကို  သူတကယ်ချစ်သည်....

" အေး သွားတော့....”
နွယ် ဘာကိုစိတ်တိုလို့တိုမှန်းမသိ သူသာ ရောက်မလာရင် ဟိုကလေးမက ထိုစာအိတ်ကို ယူတော့မည် ကားထဲကနေ ဒီနားဘယ်လိုရောက်လာလဲ သူကိုယ်တိုင်လဲမသိ ထိုစာအိတ်ကို ဟိုကလေးမ ယူမှာဆိုးလို့ ဆွဲယူပြီး ဖြဲပစ်လိုက်သည်.....

************
" ဟေ့ ! ဒီမယ် ! .. အခုမှ ခေါင်းငုံထားမနေနဲ့ မင်းက ရည်းစားထားရမဲ့အရွယ်လားပြော...”

" မ..မဟုတ်ပါဘူး ယောင်ပြီး ယူ...ယူမိ သွား..သွားတာပါ တီ..တီချယ်..”

" အခုမှ ကြောက်ပြမနေနဲ့...မင်းအပြစ်ကို မင်းသိတယ်နော်...”

" သိ..သိပါတယ် တီချယ်..နောက်..နောက်တစ်ခါ မယူတော့ပါဘူး ...”
အပြစ်တဲ့လား သူလဲဘာအပြစ်မှမလုပ် ခက်ချေပြီ..ဒီအမျိုးသမီးက ဟိုကောင်လေးကျ မဆူဘူး သူပဲလာဆူနေသည်...

" အပြစ်သိရင် မင်းကိုအပြစ်ပေးရမယ်.....”

" အ ....”

" ဟင် !..”
ကိုက်ပြန်ပြီ ဒီအမျိုးသမီး...တစ်စိတ်ရှိဒီပါးပဲ ရန်လာလာရှာနေတာ..ဟင်း....

" အဲ့ဒါမင်းကို အပြစ်ပေးတာ ၊ ကိုက်လို့တော့ ကောင်းသား မင်းရဲ့ပါးဖောင်းဖောင်းလေးက....”

" ဂွီ....”

" မင်းဗိုက်ဆာနေပြီလား..အပြင်မှာစားမလား အိမ်မှာပဲ စား
မလား..”

" ဟို ....အိမ်မှာပဲစားပါ့မယ်..တီချယ်...”

" ဒါဆိုလဲ အိမ်ဘဲမောင်းမယ်...”

" ဟုတ်....”

********************

ဟန်ဟန်မနက်ဖြန်ဆို အိမ်ပြန်ရတော့မှာမို့ အခန်းထဲမှာ အဝတ်တွေထည့်နေမိသည်၊ ဒီညပြီးရင် တီချယ့်အငွေ့အသက်တွေရှိတဲ့ ဒီအိမ်လေးရဲ့အဝေးမှာနေရတော့မည်...အညိုရောင်လေးကို လွမ်းနေရတော့မည်ပင်....

ဟူး...ဟူး....ငါ့ရင်ထဲဝင်ရောက်လာခဲ့.....
မင်းအကြည့်များ ငါလေမတားဆီးနိုင်ခဲ့.....
မာနတွေလည်း ဘယ်ရောက်ကုန်ပြီလဲ.....
မင်းအတွက်ဆို..... အချစ်တစ်ခုတည်း....
အကြိမ်ကြိမ်ရင်မှာငိုနေတယ်.....
ဒါတွေနင်လေဘယ်မြင်မလဲ.....
မင်းအတွက်ပဲငါ အမြဲတမ်းပြုံးထားတယ်...

ဘယ်သူတွေဘယ်လို ရှောင်ကာဖယ်....
ငါ့ရဲ့အချစ်တွေအဆင်သင့်ပဲ...
တစ်ဖက်သက်ငါ့မှာ အရူးတစ်ပိုင်းဖြစ်ခဲ့တယ်......

အမက်မောဆုံးပဲ.... နင့်အပြုံးလေးများနဲ့.....
ဘာတွေကများငါ့အား ဒူးထောက်စေခဲ့သလဲ....
ငါအမုန်းဆုံးပဲ ....နင့်ဘေးနားရှိတဲ့...
ဟိုကောင်မလေးတွေနဲ့ နင်ချစ်သွားမှာစိုးတယ်...,
အရမ်းပဲကြောက်မိတယ်.....
..............
........

အရမ်းပဲကြောက်မိတယ်....
ဟူး...
အရမ်းပဲကြောက်နေမိတယ်...
အရမ်းပဲကြောက်မိတယ်.....

အသံသြသြရှရှလေးက ဟန်ဟန့်နားထဲ နွေးခနဲဖြစ်သွားသည်။အရမ်းကိုနားထောင်ကောင်းသည်၊ဝရံတာထွက်ကာ အသံပိုင်ရှင်လေးကိုရှာမိသည်၊အယ်..တီချယ်က သူကိုယ်တိုင်ဂီတာတီးပြီး သီချင်းဆိုနေတာပင်..ဘေးနားတွင်တော့ ဝိုင်ပုလင်းတစ်လုံးနဲ့ ဝိုင်ခွက်တစ်ခွက်ကိုတွေ့ရသည်။ ဟန်ဟန်ကို ကျောပေးထားသည်မို့ တီချယ် ဟန်ဟန်ကိုတော့ မမြင်လောက်.. ဆိုနေတဲ့သီချင်းက နီနီခင်ဇော်ရဲ့စိုးရိမ်ချစ်တဲ့..နားထောင်လို့တော်တော်လေးကောင်းသည် နားထောင်ရင်းနဲ့ကို ထပ်ထပ်ပြီးနားထောင်လာချင်သလိုပင် ၊ အဲ့ဒီလောက်တောင် တီချယ့်အသံလေးက ဆွဲဆောင်မှုအပြည့်ရှိသည် ၊တီချယ် ဒီလိုဂီတာတီးတက်တာကို ဟန်ဟန်မှာ အံသြလို့မဆုံးပင်..သီချင်းဆုံးသည်အထိ တိတ်တိတ်ကလေးနားထောင်မည် ပြီးမှ အခန်းပြန်မည်လို့စဥ်းစားပြီး နားထောင်နေလိုက်သည်။ သီချင်းဆုံးတော့ ဟန်ဟန်လဲပြန်အလှည့် တီချယ်က

" တို့သီချင်းဆိုတာ ကောင်းရဲ့လားကလေး မင်းနားထောင်ပြီးရင်တော့ တို့ကိုကောင်း ၊ မကောင်းတော့ပြောခဲ့သင့်တယ်မလား ဘယ်လိုလဲကောင်းရဲ့လားကွယ်...”

" ဟုတ် ကောင်းပါတယ်တီချယ် ....”
သိချင်တာကို မေးလိုက်ရင်ကောင်းမလား ၊ မကောင်းဘူးလား
စဥ်းစားနေခဲ့သည်....

" မင်းမေးမှာ တို့သိတယ် ကလေး တို့ပညာရေးကောလိတ်တက်တုန်းက အဆောင်အတူနေတဲ့ စီနီယာအစ်မတွေဆီက ဂီတာတီးသင်ထားတာ....အသံကတော့ တို့ရဲ့ပါရမီပေါ့ကွယ် ဘယ်လိုလဲ..”

" ဟုတ်ကဲ့ တီချယ်အသံက နားထောင်လို့အရမ်းကောင်းတာပဲ..၊နွေအရမ်းကြိုက်တယ်တီချယ်....”

"အင်း မင်း တို့ကို အခန်းထဲလိုက်ပို့ပေးမလား တို့ နည်းနည်းမူးနေပြီကလေး...”
ရီဝေဝေနဲ့ ကြည့်လာတဲ့တီချယ်အကြည့်တို့က လူကိုရှိန်းတိန်းတိန်းဖြစ်စေတာအမှန် ထင်တာမမှားရင် ဟန်ဟန်နားရွတ်တွေနီရဲနေမည်သာ တီချယ်က ဝိုင်ပုလင်းကို မော့ငေါ့ပြပြီးပြောလာသည်..

" ဟု..ဟုတ်ကဲ့တီချယ် နွေ လိုက်ပို့ပါ့မယ်...”

**********************

ဟန်ဟန် ဘယ်တစ်ဖက်က ဂီတာကိုကိုင်ထားပြီး ညာတစ်ဖတ်ကတီချယ်ကို တွဲရသေးသည်။ တီချယ်မှုတ်ထုပ်လိုက်တဲ့ လေနွေးနွေးလေး၊ ရေမွှေးနံသင်းသင်းရောနေတဲ့ ဝိုင်းနံ့ခပ်ရှရှလေးက ဟန်ဟန်ကို ကျီစယ်နေသလိုပင် တစ်ခါရှုထုပ်လိုက်တိုင်း ဟန်ဟန်ပါးပြင်ကို လာလာရိုက်နေတာက ဟန်ဟန်ကို အနေခတ်စေသည်မလား.....မကြိုက်ဘူးပြောရင်တော့ ဟန်ဟန် လိမ်ရာကျလိမ့်မယ်ထင်.....

အခန်းထဲရောက်တော့ တီချယ်ကိုအသာအယာချပြီး စောင်လေးခြုံပေးလိုက်သည်။တီချယ်ကတော့ အိပ်ပျော်နေပြီထင်...နှစ်နှစ်ချိုက်ချိုက်ကလေး အိပ်ပျော်နေတဲ့တီချယ်ဟာ တကယ့်ကို ကလေးလေးနဲ့တူသည် ၊တီချယ့်မျက်နှာလေးကို အသေးစိတ်ကလေး လိုက်ကြည့်နေမိသည်။ မျက်နှာလှလှလေးကို တို့ထိချင်စိတ်တို့ကို ချိုးနှိမ်ထားပေမယ့် လက်တွေ့မှာတော့ ဟန်ဟန်လက်တွေက တီချယ်မျက်နှာလေးပေါ်မှာရွေ့လျားနေတော့သည်။နှုတ်ခမ်းနားအရောက်တွင်တော့ ဖွဖွလေးပွတ်ကြည့်မိတယ်၊ နူးညံလိုက်တဲ့ဖြစ်ခြင်း၊ ဒီနှုတ်ခမ်းလေးကို ဟန်ဟန်နမ်းကြည့်မယ်ဆိုရင် ဘယ်လိုအရသာရှိမည်နည်း ၊ဟန်ဟန်သိပ်ကြိုက်တဲ့ ချောကလတ် အရသာလားဒါမှမဟုတ် စတော်ဘယ်ရီ အရသာများလား၊ မလုပ်သင့်တာ သိပေမယ့် တီချယ်က အိပ်ပျော်နေတာမလား၊ မူးလဲမူးနေသေးသည်မလား၊ မနက်ရောက်ရင်တောင် မှတ်မိချင်မှ မှတ်မိမှာ....နမ်းကြည့်လိုက်ရမလား ဟန်ဟန်ခြေတုန်ချတုန် ဖြစ်နေမိသည်။ နမ်းကြည့်ချင်ပေမယ့် မဝံရဲပါ ဟန်ဟန် ချည်တုန်ချတုန် တွေဝေမိနေတာ အချိန်တော်တော်ကြာနေပြီ ၊ တီချယ်နားမှာ ဒီလိုလေးရှိခွင့်ရတာကိုပင် ဟန်ဟန် ကျေနပ်ပါသည်။ နောက်ဆုံးတွင် ဟန်ဟန် ဟာ တီချယ်အခန်းလေးကို မီးပိတ်ပြီးနောက် ထိုအခန်းထဲမှ ထွက်ခဲ့တော့သည်။ ဟန်ဟန်ဆန္ဒကို ထိန်းချုပ်နိုင်ရမည်မလား.....တီချယ်ဘက်က လိုလားတဲ့တစ်နေတော့ အညိုရောင်လေးရဲ့နှုတ်ခမ်းပါးလှလှဆီက အရသာချိုချိုလေးကို မည်းစမ်းကြည့်ရမည်.....

********************

နွေရာသီပူပူမှာ သူတို့ရွေးဖြစ်တဲ့ခရီးက ချောင်းသာတဲ့လေ....ဟန်ဟန်က တောင်ပေါ်ဒေသတွေကို နှစ်သက်တဲ့သူတစ်ယောက်မို့ ပင်လယ်ကို သဘောမကျပေ...သို့သော် အများနဲ့နှစ်ယောက်မို့ ဟန်ဟန်တို့မဲကရှုံးသွားခဲ့သည်၊ ပင်လယ်မကြိုက်တဲ့နောက်တစ်ယောက်ကတော့ တီချယ်ပါလေ...တီချယ်လဲ တောင်ပေါ်ဒေသကိုပဲ နှစ်သက်သည်တဲ့.....ဟန်ဟန်တို့အိမ်က ကားနဲ့သာ သွားခဲ့ရသည်၊ ဖေဖေကတော့  မလိုက်ပါ၊ လူကြီးဆိုလို့ မေမေရယ် တီချယ်ရယ် ပြီးတော့ဟိုလူရယ် ၊ တီချယ်မောင်လေးလဲပါသည်၊စိတ်တိုစရာကောင်းပေမယ့် ဟန်ဟန်မှမတက်နိုင်ပဲလေ...ကားပေါ်ရောက်ထဲက နောက်ဆုံးမှာ ဝင်ထိုင်လိုက်သည်၊ ကျန်တာတော့ သူတို့အဆင်ပြေသလိုထိုင်ကြပေါ့ .....

" တွယ်တာ နင်အန်တီနားမှာ ထိုင်လိုက်ပါလား ငါက ဟန်ဟန်နဲ့ နောက်မှာထိုင်လိုက်မယ် တီချယ်ကအလယ်မှာ ထိုင်မလားမသိဘူး...”

" အင်း ရတယ်လေ...ငါတီတီနဲ့ ရှေ့ခုံမှာပဲ ထိုင်လိုက်မယ်..”
နေးနဲ့ ထိုင်ရမှာဆိုတော့ တွယ်တာတို့ နှစ်ခါမငြင်းမိ ....ငြင်းရင်မှားမှာပေါ့...ဟားဟား

" တီချယ် အလယ်ခုံမှာ ထိုင်လိုက်လေ..သမီးဟန်ဟန်နဲ့ ထိုင်လိုက်ပါ့မယ်...”

" သမီးအလယ်မှာ ထိုင်လိုက်ပါ တီချယ်နောက်မှာထိုင်မယ်...”

" ဟုတ်ကဲ့...”

တီချယ်ဟာ သစ္စာပြောတာလက်မခံဘဲ နောက်ဆုံးမှာဟန်ဟန်နဲ့အတူထိုင်သည်၊ တကယ်ဆို ကားကအချောင်ကြီးပင် အနည်းဆုံး လူဆယ်ယောက်လောက် ဆံ့သည့်ကားပင် အဲ့ဒါကိုသစ္စာတစ်ယောက်ထဲ အဝေမတည့်တာပင်..နောက်ဆုံးတော့ ရှေ့ခုံတွင် တီတီနဲ့နေး ၊ အလယ်ခုံမှာ သစ္စာတစ်ယောက်တည်းပေါ့ ၊ နောက်ဆုံးခုံတွင်တော့ ဟန်ဟန်နဲ့တီချယ်ပါလေ......ရှေ့ခန်းတွင် ဦးမဟာနဲ့ ဦးထင်လင်းတို့က တစ်ယောက်တစ်လှည့်မောင်းမည်သာ....

****************
ဟော်တယ်အခန်းကိုတော့ ဟန်ဟန်တို့သုံးယောက်က တစ်ခန်း၊ မေမေနဲ့ တီချယ်က တစ်ယောက်တစ်ခန်းစီ ၊ ယောကျာ်းလေးနှစ်ယောက်ကလည်းတစ်ခန်းစီ ယူကြသည်....

" ကြည်သာ...”

" ပြောလေ ကိုထင်လင်းနောင်...”

"ဟို...ညနေကျရင် ထွက်ခဲ့ပါလား လမ်းလျှောက်ရအောင်လေ...”

" နားချင်တယ် ကိုထင်လင်းနောင်...နောက်နေ့မှ လျှောက်ရအောင်လေ...နွယ် ပင်ပန်းနေလို့ သွားနားဦးမယ်ကွယ်...”
နွယ်နဲ့သူ့ကို မိသားစုတွေက သဘောတူထားတာကြာပြီ နွယ်တော့
လက်မခံချင်...မေမေ့ဆန္ဒတွေကို မဆန့်ကျင်ချင်လို့သာ နွယ်ငြိမ်နေရတာ .....ဒါတောင် နွယ်ရှောင်ပြေးနေခဲ့တာ ကြာပြီလေ...

" ဟုတ်ပါပြီဗျာ ဒီနေ့တော့ နားလိုက်ပါဦးဗျာ....”
ကြည်သာမျိုးနွယ်ဆိုတဲ့အမျိုးသမီးကို အရင်တုန်းကလဲချစ်ခဲ့သည်၊ အခုထိလည်း ချစ်ပါသည်၊ နောက်လည်းချစ်ပါဦးမည်၊ ချစ်လွန်းလို့ အခုချိန်ထိသူ လက်မလျော့သေး ၊ သို့သော် ကြည်သာကတော့ သူနဲ့ဝေးရာတွေကိုသာ ရှောင်ပြေးနေခဲ့သည်....

******************
Fri , Jan 26

(အမှားပါရင် ခွင့်လွှတ်ပါ ၊ ဖတ်ရှု့ပေးတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ် )

Comment